بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
    Al-Quran Multilingual
    The Holy Quran
    Burmese
    Translation: mya-hashimtinmyint
    Author: Hashim Tin Myint
    Source: http://quran.mmsy.info/app/ , Muslim students Myanmar Youth Student and Youth Online Organization
    Generated on February 14, 2026
    Free • Open Source • Ad-Free
    About Al-Quran Multilingual

    Our Mission: We're on a mission to make the Holy Quran accessible to every Muslim worldwide, regardless of their native language, technical expertise, or economic situation.

    Al-Quran Multilingual is a free, open-source, and ad-free application offering 470+ editions in 90+ languages from verified Islamic scholars and institutions.

    Core Values:

    • ✓ Free Forever - No premium features or paywalls
    • ✓ Ad-Free Experience - Your spiritual journey uninterrupted
    • ✓ Open Source - Complete transparency and community contributions
    • ✓ Privacy & Respect - No data collection, no tracking
    Support This Project

    This app is maintained by volunteers dedicated to serving the Muslim community. If you find this helpful, please consider supporting our mission to keep it free and accessible for everyone.

    UPI Payment (India)
    8870358783@ybl
    Every contribution, no matter how small, helps us serve the Muslim Ummah better. May Allah reward you.
    Table of Contents
    1.အဖွင့်မုရ်စုရ်
    2.နွားမ
    3.အင်မ်ရန်မိသားစု
    4.အမျိုးသမီးများ
    5.စားဖွယ်အရာ
    6.တိရစ္ဆာန်များ
    7.အမြင့်များ
    8.စစ်ပစ္စည်းများ
    9.နောင်တတရား
    10.ယူနွတ်စ်
    11.ဟူဒ်
    12.ယူစွတ်ဖ်
    13.မိုးကြိုး
    14.အီဗရာဟင်မ်
    15.ကျောက်ဆောင်မြေ
    16.ပျား
    17.ညဉ့်ခရီး
    18.ဂူ
    19.မာရ်ယမ်
    20.တွာဟာ
    21.ပရောဖက်များ
    22.ဟဂ်ျပြုခြင်း
    23.ယုံကြည်သူများ
    24.အလင်းရောင်
    25.စံနှုန်း
    26.ကဗျာဆရာများ
    27.ပုရွက်ဆိတ်
    28.ပုံပြင်များ
    29.ပင့်ကူ
    30.ရောမလူမျိုးများ
    31.လုက္ကမန်
    32.ဦးညွှတ်ခြင်း
    33.မဟာမိတ်များ
    34.ရှေဗ
    35.အစပြုသူ
    36.ယာစင်
    37.အတန်းလိုက်စီသူများ
    38.ဆွဒ်
    39.အုပ်စုများ
    40.အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်
    41.အသေးစိတ်ရှင်းလင်းဖော်ပြထားသောအရာ
    42.ဆွေးနွေးခြင်း
    43.ရွှေရောင်အဆင်တန်ဆာများ
    44.မီးခိုးလုံး
    45.ဒူးထောက်ခြင်း
    46.သဲသောင်ခုံများ
    47.မုဟမ္မဒ်
    48.အောင်မြင်ခြင်း
    49.အခန်းများ
    50.ကွာဖ်
    51.လေတိုက်ခတ်စေသောအရာ
    52.တောင်
    53.ကြယ်
    54.လ
    55.ကျေးဇူးပြုတော်မူသောအရှင်
    56.မလွဲမသွေဖြစ်ပျက်မည့်အရာ
    57.သံ
    58.လျှောက်ထားသောအမျိုးသမီး
    59.ပြည်နှင်ဒဏ်
    60.စစ်ဆေးရမည့် အမျိုးသမီး
    61.အတန်းများ
    62.သောကြာနေ့
    63. лицемерие
    64.အပြန်အလှန်အမှန်မထင်ခြင်း
    65.ကွာရှင်းပြတ်စဲခြင်း
    66.တားမြစ်ချက်
    67.အာဏာစက်
    68.ဘောပင်
    69.အမှန်တရား
    70.တက်လမ်းများ
    71.နူအာ
    72.ဂျင်န်
    73.ခြုံလွှာနှင့်ပတ်ထားသောအရှင်
    74.လွှမ်းခြုံထားသောအရှင်
    75.ရှင်ပြန်ထမြောက်ခြင်း
    76.အချိန်ကာလ
    77.စေလွှတ်သောအရာ
    78.သတင်း
    79.ဆွဲထုတ်သူများ
    80.မျက်မှောင်ကြုတ်တော်မူသောအရှင်
    81.မှောက်လှန်ခြင်း
    82.ကွဲထွက်ခြင်း
    83.လိမ်လည်ခြင်း
    84.ကွဲအက်ခြင်း
    85.ကြယ်စုများ
    86.နံနက်ကြယ်
    87.အမြင့်မြတ်ဆုံးအရှင်
    88.လွှမ်းမိုးသောအရာ
    89.အရုဏ်
    90.မြို့
    91.နေ
    92.ည
    93.နံနက်ခင်းအချိန်နာရီများ
    94.သက်သာရာရခြင်း
    95.သင်္ဘောသဖန်းသီး
    96.သွေးခဲ
    97.တန်ခိုး
    98.ထင်ရှားသောသက်သေ
    99.မြေငလျင်
    100.မြင်းများ
    101.ဘေးဥပဒ်
    102.လောကစည်းစိမ်၌ပြိုင်ဆိုင်ခြင်း
    103.ယိမ်းယိုင်သောနေ့
    104.ကဲ့ရဲ့ရှုတ်ချသူ
    105.ဆင်
    106.ကုရိုက်ရ်ှ
    107.အနည်းငယ်သောကျေးဇူးပြုခြင်း
    108.ပေါများခြင်း
    109.ငြင်းပယ်သူများ
    110.အကူအညီ
    111.မီးလျှံ
    112.စစ်မှန်ခြင်း
    113.အရုဏ်
    114.လူသားမျိုးနွယ်
    Surah 1
    အဖွင့်မုရ်စုရ်

    [1] အနန္တကရုဏာ‌တော်ရှင်*ဖြစ်‌တော်မူ‌သော အလွန်သနားကြင်နာ‌တော်မူ‌သော အလ္လာဟ်*အရှင်မြတ်၏နာမ‌တော်ဖြင့်(ကျွန်ုပ်အစပြုပါသည်)။

    [2] ချီးမွမ်းခြင်းဟူသမျှသည်*စကြဝဠာအ‌ပေါင်းကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော*အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပါသည်။

    [3] (ထိုအရှင်မြတ်သည်)အနန္တကရုဏာ‌တော်ရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူပါသည်။

    [4] (ထိုအရှင်မြတ်သည် ‌ကောင်းကျိုး၊ ဆိုးကျိုး) အစား‌ပေး‌တော်မူမည့်‌နေ့*ကို စိုးပိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [5] ကျွန်ုပ်တို့သည် အရှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြပါသည်*။ ထို့ပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ထံမှသာလျှင် အကူအညီ‌တောင်းခံကြပါသည်*။

    [6] (အို - အရှင်မြတ်) ကျွန်ုပ်တို့အား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ညွှန်ကြားပြသ‌တော်မူပါ။

    [7] အကြင်သူတို့၏လမ်းကို (ညွှန်ကြားပြသ‌တော်မူပါ)၊ ထိုသူတို့အ‌ပေါ်တွင် အရှင်မြတ်သည် ‌ကျေးဇူးပြု‌တော်မူခဲ့ပါသည်*။ (အရှင်မြတ်၏) အမျက်‌တော်စူးရှခြင်း ခံကြရသူများ(၏လမ်း)လည်း မဟုတ်သည့်အပြင် လမ်းမှားသူများ(၏လမ်း)လည်း မဟုတ်* (‌သော လမ်းမှန်ကိုသာ ညွှန်ကြားပြသ‌တော်မူပါ)။ (အာမီးန်)။

    Surah 2
    နွားမ

    [1] အလိဖ် လာမ် မီမ်။

    [2] ဤကျမ်းသည် (ယခင်ထုတ်ပြန်ခဲ့‌သောကျမ်းများထဲ၌ ကြိုတင်အမိန့်ရှိထားသည့် ကျမ်းဂန်ဖြစ်‌လေရာ (ဝါ) အသင်တို့က ငါအရှင်မြတ်ထံတွင် ”ကျွန်ုပ်တို့အား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ညွှန်ကြားပြသ‌တော်မူပါ” ဟု ‌တောင်းခံခြင်းကို ငါအရှင်လက်ခံ‌တော်မူ၍ ချ‌ပေး‌တော်မူလိုက်သည့် လမ်းမှန်ညွှန်ကြားပြသချက်ကျမ်းဂန်ဖြစ်‌လေရာ) ၎င်းကျမ်းဂန်နှင့်ပတ်သက်၍ သံသယဖြစ်စရာမရှိ‌ပေ။ ဤကျမ်းဂန်သည် မုသ်သကီန် ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည်။

    [3] ထိုမုသ်သကီန်များသည် (ကုရ်အာန်က ပြဆိုထားသည့်) အကွယ်မှအရာများ* ကို(အမှန်ဖြစ်သည်၊ တည်ရှိသည်ဟု) ယုံကြည်* ကြပြီး ၎င်းတို့သည် စွလာသ်* ဝတ်ပြု‌ဆောက်တည်ကြသည့်အပြင် ၎င်းတို့သည် ငါအရှင် ၎င်းတို့အား ‌ပေးသနားထား‌တော်မူ‌သော ပစ္စည်းဥစ္စာများထဲမှ (အချို့ကိုလည်း) လှူဒါန်းကြသည်။

    [4] ထို့ပြင် ၎င်းမုသ်သကီန်များသည် အသင်(တမန်‌တော်)ထံသို့ ထုတ်ပြန်ပို့ချခြင်းခံခဲ့ရသည့် (ကုရ်အာန်)ကျမ်း‌တော်ကို သာမက၊ အသင်(တမန်‌တော်)မတိုင်မီ (နဗီတမန်‌တော်များထံသို့) ထုတ်ပြန်ပို့ချခြင်းခံခဲ့ရသည့် ကျမ်းဂန်များ* ကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် ၎င်းမုသ်သကီန်‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် အာခိရသ် တမလွန်ဘဝကိုလည်း (အမှန်ဟု) ယုံကြည်ကြသည်။

    [5] ၎င်းတို့သည် ၎င်းတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ လမ်းမှန်ညွှန်ကြားပြသချက်အ‌ပေါ်တွင် ရှိ‌နေကြပြီး ၎င်းတို့သာလျှင် ‌အောင်မြင်ကြမည့်သူများ ဖြစ်ကြသည်။

    [6] အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများမှာမူ အသင်(တမန်‌တော်)သည် သူတို့အား သတိ‌ပေးနှိုး‌ဆော်မှု ပြုသည်ဖြစ်‌စေ၊ သတိ‌ပေးနှိုး‌ဆော်မှု မပြုသည်ဖြစ်‌စေ သူတို့အ‌ပေါ်တွင် အတူတူသာဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ကြမည် မဟုတ်‌ပေ။

    [7] အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအ‌ပေါ်နှင့် ၎င်းတို့၏အကြားအာရုံများအ‌ပေါ်တွင် တံဆိပ်ခပ်နှိပ်လိုက်သည့်အပြင် ၎င်းတို့၏အမြင်အာရုံများအ‌ပေါ်တွင်လည်း အကာအကွယ်ရှိ‌နေပြီဖြစ်သည်။ ထို့ပြင် ၎င်းတို့အတွက် ကြီး‌လေး‌သောအပြစ်ဒဏ်လည်းရှိသည်။

    [8] ထို့ပြင် လူသားများမှ အချို့သူတို့သည် ယုံကြည်ကြသူများ မဟုတ်ကြဘဲလျက်* “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ကြပါပြီ“ဟု ၎င်းတို့က ‌ပြောဆိုကြသည်။

    [9] ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အီမာန် ယုံကြည်သူများကို လှည့်စားကြသည်။ ထို့ပြင်(အမှန်စင်စစ်) သူတို့သည် သူတို့ကိုယ်ကို သူတို့ကလွဲ၍ မည်သူ့ကိုမျှလည်း လှည့်စား‌နေကြသည်မဟုတ်‌ပေ။ ဤသည်ကိုလည်း သူတို့ အသိမရှိကြ‌ပေ။

    [10] ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ‌ရောဂါရှိ‌နေသည်၊ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ‌ရောဂါပိုတိုး‌စေ‌တော်မူလိုက်သည်။* ထို့ပြင် ၎င်းတို့သည် လိမ်လည်(‌ပြောဆို)ခဲ့ကြသည့်အတွက်‌ကြောင့် ၎င်းတို့အတွက် ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ရှိသည်။

    [11] ထို့ပြင် ၎င်း(‌ယောင်‌ဆောင်)သူများအား အသင်တို့သည် ကမာ္ဘ‌မြေ‌ပေါ်တွင် ဖျက်လိုဖျက်ဆီးမပြုလုပ်ကြနှင့်ဟု ‌ပြောဆိုလိုက်‌သောအခါ သူတို့က ကျွန်ုပ်တို့သည် ‌ကောင်းမွန်‌အောင်ပြုပြင်သူများသာ ဖြစ်ကြပါသည်ဟု ‌ပြောဆိုကြသည်။

    [12] သတိပြုကြပါ၊ ဤသူများသာလျှင် အမှန်စင်စစ် ဖျက်ဆီး‌ရေးလုပ်သူများဖြစ်ကြသည်။* သို့ရာတွင် သူတို့သည် အသိမရှိကြ‌ပေ။

    [13] ထို့ပြင် အသင်တို့သည် လူ(စွဟာဗဟ်)များ အီမာန်ယုံကြည်ကြသကဲ့သို့ အီမာန်ယုံကြည်ကြပါ*ဟု သူတို့သည် ‌ပြောဆိုခြင်းခံရ‌သောအခါ သူတို့က ကျွန်ုပ်တို့သည် အသိဉာဏ်နည်းသူများ အီမာန်ယုံကြည်ကြသကဲ့သို့ အီမာန်ယုံကြည်ရပါမည်‌လောဟု ပြန်‌ပြောကြသည်။ သတိပြုကြပါ၊ ထိုသူများသာလျှင် အမှန်မုချ အသိပညာနည်းပြီး အသိတရားမရှိသည့်သူများပင် ဖြစ်ကြသည်။ သို့ရာတွင် သူတို့သည် အသိမရှိကြ‌ပေ။

    [14] ထို့ပြင် ၎င်း(‌ယောင်‌ဆောင်)သူများသည် အီမာန်ယုံကြည်ကြသူများနှင့် ‌တွေ့ဆုံကြ‌သောအခါ ကျွန်ုပ်တို့သည်လည်း အီမာန်ယုံကြည်ကြပါသည်ဟု ‌ပြောဆိုကြသည်။ ၎င်း‌နောက် သူတို့၏ ‌ခေါင်း‌ဆောင်သူယုတ်မာများနှင့် သီးသန့် ‌တွေ့ဆုံကြ‌သောအခါ ကျွန်ုပ်တို့သည် အမှန်စင်စစ် အသင်တို့နှင့် အတူတကွသာလျှင်ဖြစ်ကြပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (သူတို့အား) ပြက်ရယ်‌ပြောင်‌လှောင်သူများသာ ဖြစ်ကြပါသည်ဟု ‌ပြောဆိုကြသည်။

    [15] အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့အား ပြန်လည်ပြက်ရယ်ပြု(တုံ့ပြန် အစား‌ပေး)လိုက်‌တော်မူသည်၊* ထို့အပြင် သူတို့အား သူတို့၏ကုဖ်ရ် ငြင်းပယ်မှုလမ်းလွဲမှုထဲ၌ တဝဲလည်လည်ဖြစ်လျက် (ရှိ‌နေ‌စေရန်) အရှည်ဆွဲထားလိုက်‌တော်မူသည်။

    [16] ထိုသူတို့သည် လမ်းမှားကို လမ်းမှန်နှင့် အလဲလှယ်လုပ်ပြီး ဝယ်ယူလိုက်ကြသူများသာ ဖြစ်ကြသည်။ ထို့‌ကြောင့် သူတို့၏အ‌ရောင်းအဝယ်*သည် (သူတို့အား) အကျိုးအမြတ်မ‌ပေးသည့်အပြင် သူတို့သည် လမ်းမှန်ရရှိသူများလည်း မဟုတ်ခဲ့ကြ‌တော့‌ပေ။

    [17] သူတို့၏ပမာသည် အကြင်သူနှင့်တူသည်၊ ထိုသူသည် မီးကို‌မွှေးခဲ့၏။ ထို့‌ကြောင့် ၎င်း၏အနီးအနားမှအရာများသည် အလင်း‌ရောင်ရရှိသွားခဲ့ကြ‌သောအခါ* အလ္လာဟ်အရှင်မြတ်သည် ထိုအလင်း‌ရောင်ကို ယူသွားလိုက်‌တော်မူသည်။ ထို့‌နောက် သူတို့အား အ‌မှောင်ထဲ၌ စွန့်လွှတ်ထားခဲ့လိုက်သည့်အ‌ပေါ် သူတို့သည် (မည်သည့်အရာကိုမျှ) မမြင်ကြရ‌တော့‌ပေ။

    [18] ထို(အ‌ယောင်‌ဆောင်)သူများသည် နားပင်းသူများ၊ ဆွံ့အသူများနှင့် မျက်စိကန်းသူများဖြစ်ကြသည့်အတွက် သူတို့သည် (အမှန်တရားဘက်သို့) ပြန်လှည့်ကြ‌တော့မည်မဟုတ်‌ပေ။

    [19] သို့မဟုတ်၊ ထို(အ‌ယောင်‌ဆောင်)သူများသည် အ‌မှောင်များ(အထပ်ထပ်)နှင့် မိုးချုန်းသံအပြင် လျှပ်စီးလက်ခြင်းလည်းပါဝင်‌သော ‌ကောင်းကင်မှ သည်းထန်စွာရွာသွန်းသည့်မိုး(ထဲ၌ရှိ‌နေသူများ)နှင့် ပမာတူကြသည်။ ထိုသူများသည် မိုးချုန်းသံများ ကြားရ‌သောအခါ ‌သေရမည်ကို‌ကြောက်ပြီး၊ သူတို့၏လက်‌ချောင်းများကို သူတို့၏နားများတွင် (ထိုးပြီး ပိတ်ဆို့)ပြုလုပ်ထားလိုက်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မယုံကြည်‌သော ကာဖိရ်ငြင်းပယ်သူများအား (မည်သည့်‌နေရာမျှ ထွက်‌ပြေး၍မရရန် တန်ခိုး‌တော်နှင့်) ဝန်းရံထား‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [20] လျှပ်စီးလက်ခြင်းသည် သူတို့၏အမြင်အာရုံများကို ဆတ်ခနဲယူသွားမည့်ဆဲဆဲဖြစ်သည်။ လျှပ်စီးလက်ခြင်းသည် သူတို့အတွက် လင်းဝင်းမှုပြုလုပ်‌ပေးသည့်အခါတိုင်း သူတို့သည် ထိုအလင်း‌ရောင်ထဲတွင် သွားလာမှုပြုကြသည်။ ၎င်း‌နောက် သူတို့အ‌ပေါ်တွင် အ‌မှောင်ကျ‌ရောက်လာပြန်‌သောအခါ သူတို့သည် ရပ်တန့်‌နေလိုက်ကြသည်။* ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင် အလို‌တော်ရှိ‌တော်မူခဲ့ပါလျှင် အမှန်မုချ အရှင်မြတ်သည် သူတို့၏ အကြားများနှင့်အမြင်များကို ရုပ်သိမ်းပစ်‌တော်မူခဲ့လိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [21] အို-လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်ကို ‌ကြောက် ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများဖြစ်ကြရန်အတွက် ခဝပ်ကိုးကွယ်ကြပါ။ ထိုအရှင်သည် အသင်တို့ကိုသာမက အသင်တို့မတိုင်မီရှိသူများကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။

    [22] ထိုအရှင်မြတ်သည် အသင်တို့အတွက် ကမာ္ဘ‌မြေကြီးကိုအခင်းအဖြစ်နှင့် ‌ကောင်းကင်ကိုအမိုးအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့ပြီး အသင်တို့အတွက် ထိုမိုး‌ရေဖြင့် စားနပ်ရိက္ခာအဖြစ် အသီးအနှံများကို ထွက်‌ပေါ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် သိ‌နေကြလျက် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်မှုများ မပြုလုပ်ကြနှင့်။

    [23] ထို့ပြင် အကယ်၍ အသင်တို့သည် ငါအရှင်မြတ်က ငါအရှင်မြတ်၏ကျွန်(ဖြစ်သူ တမန်‌တော်မုဟမ္မဒ်(ဆွ) အ‌ပေါ်ချ‌ပေး‌တော်မူခဲ့သည့်အရာ (ကုရ်အာန်ကျမ်း‌တော်မြတ်)ကို (ငါအရှင်၏ထံမှမဟုတ်၊ မုဟမ္မဒ်(ဆွ)သည် မိမိသ‌ဘောနှင့်‌ပြောခဲ့သည်ဟု အသင်တို့) သံသယဖြစ်ခဲ့ကြသည်ဆိုလျှင် အသင်တို့အ‌နေဖြင့် (စကားကြွယ်ဝသည့် အာရဗ်များပီသစွာ) ငါအရှင်ချ‌ပေး‌တော်မူခဲ့‌သော ထို(ကုရ်အာန်)နှင့်တူသည့် စူရဟ်ဏ္ဍတစ်ပုဒ် (မျှ‌ရေးသားပြုစုပြီး) ယူ‌ဆောင်လာခဲ့ကြပါ။ ထို့‌နောက် (တမန်‌တော်မုဟမ္မဒ်(ဆွ)၏စကားဟု အသင်တို့‌ပြောသည်မှာ မှန်မည်ဆိုလျှင်) အသင်တို့သည် စကားမှန်‌ပြောသူများဖြစ်ကြမည်ဆိုလျှင် အလ္လာဟ် အရှင်မြတ်မှလွဲ၍ အသင်တို့ကို သက်‌သေခံ‌ပေးမည့်သူ(ကူညီမည့်)သူများကိုလည်း ‌ခေါ်‌ဆောင်လာခဲ့ကြပါ။

    [24] ထို့‌နောက် (အာရဗ်များသည် လူ‌ရေးသည့်ကုရ်အာန်ဟု‌ပြောပြီး လက်‌တွေ့မ‌ရေးနိုင်ကြ‌သောအခါ အလ္လာဟ်အရှင်မြတ်က သူတို့အားမိန့်ကြား‌တော်မူသည်) အကယ်၍ အသင်တို့သည် (အတိတ်၌ ကုရ်အာန်ကျမ်း‌တော်မြတ်နှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုများ) မပြုလုပ်နိုင်ခဲ့ကြဘူးဆိုလျှင်၊ ထို့ပြင် (အနာဂတ်၌လည်း) မည်သည့်အခါမှ အသင်တို့ ပြုလုပ်နိုင်ကြမည် မဟုတ်‌ပေ။* သို့ဖြစ်‌ပေရာ အသင်တို့သည် ငရဲမီးမှ ‌ကြောက်ရွံ့‌ရှောင်ကြဉ်ကြပါ။ ထိုငရဲမီး၏မီးစာသည် (ငြင်းပယ်‌သော ကာဖိရ်) လူသားများနှင့် (ကာဖိရ်များ၏ကိုးကွယ်ရာ) ‌ကျောက်တုံးများဖြစ်သည်။* ထိုငရဲမီးသည် ကာဖိရ်ငြင်းပယ်သူများအတွက် အသင့်ပြုလုပ်ထားပြီးဖြစ်သည်။

    [25] ၎င်း‌နောက် အသင်(တမန်‌တော်)သည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များပြုလုပ်သည့်သူများကို သတင်း‌ကောင်း‌ပေးလိုက်ပါ။ အမှန်စင်စစ် ၎င်းတို့အတွက် ဂျန္နသ်သုခဘုံများရှိသည်။ ထိုသုခဘုံများ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေသည်။* သုခဘုံသားများသည် ထိုသုခဘုံထဲမှ သစ်သီးဝလံ ‌ကျွေး‌မွေးခြင်းခံရသည့်အခါတိုင်းတွင် ”ဤသစ်သီးဝလံသည် ယခင်(‌လောကမှာရှိစဉ်)က ကျွန်ုပ်တို့ကို ‌ကျွေး‌မွေးခြင်းခံခဲ့ရပြီးဖြစ်သည်”ဟု ‌ပြောဆိုကြလိမ့်မည်။ ၎င်း‌နောက် သူတို့သည် (အရသာကွဲပြီး) ပုံသဏ္ဍာန်တူ‌သော သစ်သီးဝလံကိုလည်း ‌ကျွေး‌မွေးခြင်းခံကြရ‌ပေဦးမည်။ ထို့ပြင် သူတို့အတွက် သုခဘုံထဲတွင် စင်ကြယ်သန့်ပြန့်သည့် ဇနီးကြင်ရာများလည်း ရှိကြ‌ပေဦးမည်။* ထို့ပြင် သူတို့သည် သုခဘုံထဲတွင် အမြဲထာဝရ စံမြန်း‌နေထိုင်လျက်ရှိကြမည်။

    [26] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ခြင်‌ကောင်နှင့်ပင်ဖြစ်‌စေ၊ ခြင်‌ကောင်ထက်‌သေးငယ်‌သောအရာ သို့မဟုတ် ကြီးမား‌သောအရာနှင့်ပင်ဖြစ်‌စေ ပုံပမာခိုင်းနှိုင်းပြခြင်းကို ရှက်‌တော်မမူ‌ပေ။ မုအ်မင်န်ယုံကြည်သူများသည် ထိုပုံ‌ဆောင်ချက်ကို သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်သခင့်ထံ‌တော်မှ အမှန်ဖြစ်သည်ဟူ၍သာ သိနားလည်ကြသည်။ ကာဖိရ်ငြင်းပယ်သူများကမူ (ကဲ့ရဲ့ပြစ်တင်သည့်အ‌နေဖြင့်) အလ္လာဟ်အရှင်မြတ်သည် ဤပုံပမာအားဖြင့် မည်သည့်အရာကိုရည်ရွယ်‌တော်မူခဲ့ပါသနည်းဟု ‌ပြောဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုပုံပမာဖြင့် အ‌မြောက်အမြားကို လမ်းမှားပို့‌ဆောင်‌တော်မူပြီး အ‌မြောက်အမြားကို လမ်းမှန်ညွှန်ကြားပြသ ပို့‌ဆောင်‌တော်မူသည်။ ထို့ပြင် (စင်စစ်) အလ္လာဟ်အရှင်မြတ်သည် ထိုပုံပမာဖြင့် အရှင်မြတ်၏အမိန့်‌တော်ကို ဖီဆန်သူများကလွဲ၍ မည်သူ့ကိုမျှ လမ်းလွဲ‌စေ‌တော်မမူ‌ပေ။

    [27] ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် သစ္စာကတိ ခိုင်မာစွာ ပြုပြီး‌နောက်မှ ထိုကတိကဝတ်ကို ‌ဖောက်ဖျက်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (‌ဆွေမျိုးသားချင်းများနှင့် ရင်းနှီးစွာ) ‌ပေါင်းသင်းဆက်ဆံရန် အမိန့်ချထား‌တော်မူသည်ကိုလည်း အဆက်ဖြတ်ကြသည်။ ထို့ပြင် သူတို့သည် ကမာ္ဘ‌မြေ‌ပေါ်၌လည်း ဖျက်လိုဖျက်ဆီးပြုလုပ်ကြသည်။ (စင်စစ်)သူတို့သာ ပျက်စီးဆုံးရှုံးမည့်သူများဖြစ်ကြသည်။

    [28] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်နည်းဖြင့် ငြင်းဆိုကြမည်နည်း။ (အမှန်မှာ) အသင်တို့သည် ‌သေသူသက်မဲ့များသာဖြစ်ခဲ့ကြပါလျက် ၎င်း‌နောက်တွင် အရှင်မြတ်သည် အသင်တို့အား အသက်ရှင်သန်‌စေ‌တော်မူခဲ့သည်။ ၎င်း‌နောက် တစ်ဖန် အရှင်မြတ်သည် အသင်တို့အား ‌သေ‌စေ‌တော်မူဦးမည်။ ထို့‌နောက် တစ်ဖန် အရှင်မြတ်သည် အသင်တို့အား ရှင်‌စေ‌တော်မူဦးမည်။ ၎င်း‌နောက်တွင် အသင်တို့သည် ထိုအရှင်မြတ်ထံသို့ ပြန်လည်‌ရောက်ရှိ‌စေခြင်းခံကြရမည်။

    [29] ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီ၌ အလုံးစုံ‌သောအရာကို ဖန်ဆင်း‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ‌ကောင်းကင်ဘက်သို့ လှည့်‌တော်မူခဲ့ပြီး မိုးခုနှစ်ထပ်ကို ‌နေသားတကျဖြစ်ရန် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အရာရာတိုင်းအား အကြွင်းမဲ့သိရှိ‌သောမူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [30] ထို့ပြင် တစ်ခါက အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌သောအရှင်သည် ‌ကောင်းကင်တမန်များအား အမှန်စင်စစ် ငါအရှင်သည် ကမာ္ဘ‌မြေ‌ပေါ်၌(လူသားများ၏ဖခင် အာဒမ်(အလိုင်ဟိ)ကို) ကိုယ်စားလှယ်တစ်ဦး(အဖြစ်) ခန့်အပ်‌တော်မူမည်ဟု အမိန့်ရှိ‌တော်မူ‌သောအခါ ‌ကောင်းကင်တမန်များသည် (ယခုကဲ့သို့)‌လျှောက်ထားကြသည်။ (အို-အရှင်) အရှင်မြတ်သည် ချို့တဲ့ခြင်းဟူသမျှမှ သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း ချီးမွမ်းမှုနှင့်တကွ မြင့်မြတ်မှုသည် အရှင်မြတ်အတွက်ဖြစ်‌တော်မူ‌ကြောင်း ကျွန်ုပ်တို့‌ပြောဆိုတသ‌နေကြပါလျက် ကမာ္ဘ‌မြေတွင် ပျက်စီးရာပျက်စီး‌ကြောင်းပြုလုပ်၍ (အချင်းသတ်ဖြတ်ပြီး) ‌သွေးထွက်သံယိုပြုလုပ်ကြမည့်သူများကို ကိုယ်စားလှယ်ခန့်‌တော်မူပါမည်‌လော။ (ထိုအခါ) အရှင်မြတ်သည် အသင်တို့မသိသည့်အရာများကို အမှန်မုချ ငါအရှင်မြတ် သိရှိ‌တော်မူသည်ဟု ‌ပြောဆိုမိန့်ကြား‌တော်မူခဲ့သည်။

    [31] ထို့ပြင် အရှင်မြတ်သည် (လူသားအားလုံး၏ဖခင်)အာဒမ်*အား (အရာဝတ္ထုများ၏) အမည်များအားလုံးကို သင်‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ထိုအမည်များ‌ပေးထားသည့်အရာအားလုံးတို့ကို ‌ကောင်းကင်တမန်များ‌ရှေ့တွင် ပြသ‌တော်မူခဲ့ပြီး မိန့်ကြား‌တော်မူခဲ့သည်။ အသင်တို့သည် အမှန်စကား‌ပြောဆိုသူများဖြစ်ကြပါလျှင် ဤအရာဝတ္ထုများ၏အမည်များကို ငါ့အား ‌ပြောပြကြပါ။

    [32] ‌ကောင်းကင်တမန်များက ‌ပြောဆိုခဲ့ကြသည်၊ အို-အရှင် အရှင်မြတ်သည် ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။ အရှင်မြတ် ကျွန်ုပ်တို့အား သင်‌ပေးထားသည်မှလွဲ၍ ကျွန်ုပ်တို့တွင် မည်သည့်အသိမျှမရှိပါ။ အရှင်မြတ်သာလျှင် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [33] အရှင်မြတ် အမိန့်ရှိ‌တော်မူခဲ့သည်။ အို-အာဒမ်၊ အသင်သည် ‌ကောင်းကင်တမန်များအား အရာဝတ္ထုများ၏အမည်များကို ‌ပြောပြလိုက်ပါ။ ထို့‌နောက် (လူသားအားလုံး၏ဖခင်)အာဒမ်က ‌ကောင်းကင်တမန်များအား အရာဝတ္ထုများ၏အမည်များကို ‌ပြောပြခဲ့‌သောအခါ အရှင်မြတ်သည် (‌ကောင်းကင်တမန်များအား) မိန့်ကြား‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီ၏လျှို့ဝှက်ချက်များကို သိရှိ‌တော်မူသည်ဟု အသင်တို့အား မိန့်ကြား‌တော်မမူခဲ့သ‌လော။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ ထုတ်‌ဖော်‌ပြောဆိုသည်များကိုသာမက အသင်တို့လျှို့ဝှက်ထားသည်များကိုလည်း သိရှိ‌တော်မူသည်။

    [34] ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အသင်တို့သည် အာဒမ်ကိုဦးချကြ* ဟု အမိန့်‌ပေး‌တော်မူသည့်အခါ အိဗ်လီစ်မှလွဲ၍ ‌ကောင်းကင်တမန်အားလုံးသည် (အာဒမ်(အလိုင်ဟိ)ကို) ဦးချခဲ့ကြသည်။ အိဗ်လီစ်မှာမူ ငြင်းပယ်ပြီး မာန‌ထောင်လွှားခဲ့သည်။* ထို့‌နောက် သူသည် ကာဖိရ်များထဲ၌ပါဝင်သွားခဲ့‌တော့သည်။

    [35] ၎င်းပြင် ငါအရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်၊ အို-အာဒမ်၊ အသင်နှင့်အသင်၏ဇနီးကြင်ရာတို့သည် ဂျန္နသ်သုခဘုံတွင် ‌နေထိုင်ပြီး အသင်တို့နှစ်ဦးသည် ထိုသုခဘုံတွင် အသင်နှစ်ဦးအလိုရှိသည့်‌နေရာမှ စိတ်ဆန္ဒရှိသမျှ ‌ဖောသီစွာ စာသုံးကြပါ။ ထို့ပြင် အသင်တို့နှစ်ဦးသည် ဤအပင်၏အနီးကို မကပ်ကြနှင့်။* ထိုသို့မဟုတ်ဘဲ(ကပ်ခဲ့လျှင်) အသင်တို့နှစ်ဦးသည် အပြစ်ကျူးလွန်သူများထဲ၌ ပါဝင်သွားလိမ့်မည်။

    [36] ထို့‌နောက် ရှိုင်သွာန်သည် သူတို့နှစ်ဦးအား ထိုသစ်ပင်နှင့်ပတ်သက်၍ (‌သွေး‌ဆောင်ဖြား‌ယောင်းကာ) တိမ်းပါးချွတ်‌ချော်‌စေခဲ့သည်။ ထို့ပြင် သူတို့နှစ်ဦးရှိ‌သော‌နေရာ ဂျန္နသ်မှ သူတို့နှစ်ဦးအား ထွက်‌စေခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်။ အသင်တို့ (ဤ‌နေရာမှ) ဆင်းသွားကြ၊ အသင်တို့ထဲမှအချို့သည် အချို့အတွက် ရန်သူများပင်ဖြစ်ကြမည်။ အသင်တို့အတွက် ကမာ္ဘ‌မြေပြင်တွင် အချိန်တစ်ခုအထိ ‌နေရာထိုင်ခင်းနှင့် အကျိုးခံစားမှုရရှိလိမ့်မည်။

    [37] ထို့‌နောက် (လူသားအားလုံး၏ဖခင်)အာဒမ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ အချို့(ခွင့်လွှတ်အသနားခံနည်း) စကားရပ်များကို သင်ယူခဲ့(ပြီး ဝန်ချ‌တောင်းပန် အသနားခံ)လိုက်သည်။ ထို့အတွက် အရှင်မြတ်သည် (၎င်းဘက်သို့ သနားကရုဏာ‌တော်နှင့်လှည့်ပြီး ၎င်း၏ဝန်ချ‌တောင်းပန်မှုကို) လက်ခံခွင့်လွှတ်လိုက်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သာလျှင် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံ ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [38] ငါအရှင်မြတ် မိန့်ကြား‌တော်မူခဲ့သည်။ အသင်တို့အားလုံး ဤဂျန္နသ်သုခဘုံမှ ဆင်းသွားလိုက်ကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့ထံသို့ ငါအရှင်မြတ်ထံမှ တရားလမ်းညွှန်မှု အမှန်မုချ ကျ‌ရောက်လာလျှင် မည်သူမဆို ငါအရှင်မြတ်၏လမ်းညွှန်မှုကို လိုက်နာပါမူ ထိုသူများအ‌ပေါ်၌ စိုးရိမ်‌ကြောက်ရွံ့စရာလည်း ရှိမည်မဟုတ်သည့်အပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [39] ထို့ပြင် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြပြီး ငါအရှင်မြတ်၏တရား‌တော်များကို မဟုတ်မမှန်ဟု လိမ်လည်‌ပြောဆိုခဲ့ကြသည်၊ ထိုသူများသည် ငရဲသားများပင်ဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲတွင် အမြဲထာဝစဉ်‌နေကြရမည့်သူများဖြစ်ကြသည်။

    [40] အို-အစ္စရာအီလ်*မျိုးနွယ်ဝင်အ‌ပေါင်းတို့၊ အသင်တို့အား ငါအရှင်‌ကျေးဇူးပြု‌တော်မူထားခဲ့သည့် ဂုဏ်‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့‌နောက် အသင်တို့သည် ငါအရှင်မြတ်နှင့်ချုပ်ဆိုထား‌သော ကတိသစ္စာကို ပြည့်ဝစွာ‌ဆောင်ရွက်ကြပါ။ (သို့ဖြစ်လျှင်) ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်ချုပ်ဆိုထား‌သော ကတိသစ္စာကို ပြည့်ဝစွာ‌ဆောင်ရွက်‌တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။

    [41] ထို့ပြင် အသင်တို့သည် ငါအရှင်မြတ် ချ‌ပေး‌တော်မူခဲ့‌သောအရာ(ကုရ်အာန်ကျမ်း‌တော်)ကို အီမာန်ယုံကြည်ကြပါ။ ထို(ကုရ်အာန်)ကျမ်းသည် အသင်တို့ထံတွင်ရှိ‌သောကျမ်းဂန်များကို ‌ထောက်ခံ‌သောကျမ်းဖြစ်သည်။* ထို့ပြင် အသင်တို့သည် ထို(ကုရ်အာန်)ကျမ်း‌တော်မြတ်အား ပထမဆုံး ငြင်းဆိုသူများမဖြစ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏တရားများကို တန်ဖိုးအနည်းငယ်နှင့်လဲလှယ်‌ရောင်းချခြင်း မပြုကြနှင့်။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။

    [42] ထို့ပြင် အသင်တို့သည် အမှန်(တရား)ကို အမှား(မတရား)နှင့် မ‌ရော‌နှောကြနှင့်။ ထို့ပြင် အသင်တို့သည် အမှန်တရားများကို သိပါလျက်နှင့် ဖုံးကွယ်ထိမ်ချန်၍ မထားကြနှင့်။

    [43] ထို့ပြင် အသင်တို့သည် စွလာသ်* ဝတ်ပြုကြပါ။ ထို့ပြင် ဇကာသ်* ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် ကိုင်းညွှတ်ရိုကျိုးသူများနှင့် အတူတကွ ကိုင်းညွှတ်ရိုကျိုးကြပါ။

    [44] အသင်တို့သည် လူများအား ‌ကောင်းမှုပြုလုပ်ရန် အမိန့်‌ပေး‌နေကြပြီး အသင်တို့ကိုယ် အသင်တို့ကိုမူ ‌မေ့‌လျော့‌နေကြသ‌လော။ (စင်စစ်)အသင်တို့သည် ကျမ်းဂန်ကို ဖတ်ရွတ်‌နေကြပါလျက် အသင်တို့သည် ထို့‌နောက်တွင်လည်း အသိမရှိကြ‌လေသ‌လော။

    [45] ထို့ပြင် အသင်တို့သည် သည်းခံခြင်း၊ စွလာသ်ဝတ်ပြုခြင်းတို့ဖြင့် (အရှင်မြတ်ထံတွင်) အကူအညီ‌တောင်းခံကြပါ။ ထို့ပြင် အမှန်စင်စစ် ထိုစွလာသ်ဝတ်ပြုမှုသည် ‌ကြောက်ရွံ့ရိုးကျိုးသူများမှလွဲ၍ (အခြားသူများအတွက်) အလွန်(ခက်ခဲ)ကြီး(‌လေး)သည့် တာဝန်ကြီးဖြစ်သည်။

    [46] ထို(‌ကြောက်ရွံ့ရိုးကျိုး)သူများသည် အမှန်မုချ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ဖူး‌တွေ့ကြရမည့်သူများဖြစ်သည်ဟု ယုံကြည်ကြသည့်အပြင် ထိုအရှင်မြတ်ထံသို့ ပြန်လှည့်ကြရမည့်သူများဖြစ်သည်ဟူ၍လည်း ယုံကြည်ကြသည်။

    [47] အို-အစ္စရာအီလ်မျိုးနွယ်အ‌ပေါင်းတို့၊ အသင်တို့အ‌ပေါ်တွင် ငါအရှင်ပြုထားခဲ့‌သော ‌ကျေးဇူး‌တော်များကိုသာမက ငါအရှင် အသင်တို့အား (အသင်တို့၏‌ခေတ်ရှိ) စကြဝဠာအ‌ပေါင်းထက် မြင့်မြတ်မှုချီးမြှင့်‌တော်မူခဲ့သည်ကိုလည်း သတိရကြပါ။

    [48] ထို့ပြင် အသင်တို့သည် အကြင်‌နေ့အား ‌ကြောက်ရွံ့၍ မိမိကိုယ်ကိုကာကွယ်ကြပါ။ ထို‌နေ့တွင် မည်သူကမျှ မည်သူ့အား မည်သည့်အကျိုးကိုမျှ ပြုနိုင်မည်မဟုတ်‌ပေ။ ထို့ပြင် မည်သူ့ထံကမှ အသနားခံလိုက်လံ‌ပြောဆို‌ပေးခြင်း* ကိုလည်း လက်ခံခြင်းခံရမည်မဟုတ်‌ပေ။ ၎င်းပြင် မည်သူ့ထံကမှ(အအ်မာလ်လုပ်ရပ်များကို) အစားထိုးလဲလှယ်ယူခြင်းခံရမည်လည်းမဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ကူညီခြင်းခံရမည်လည်းမဟုတ်‌ပေ။

    [49] ထို့ပြင် တစ်ခါက ငါအရှင်သည် အသင်တို့အား ဖိရ်‌အောင်န်*၏ အ‌ခြွေအရံများ၏အန္တရာယ်မှ ကယ်တင်‌တော်မူခဲ့သည်။ သူတို့သည် အသင်တို့အား အလွန်ဆိုးရွားသည့် ‌ဘေးဒုက္ခ‌ပေးကြသည်။ သူတို့သည် အသင်တို့၏ သား‌ယောက်ျား‌လေးများကို သတ်ဖြတ်ကြပြီး အသင်တို့၏(သမီး)မိန်းမများကို (‌သေးသိမ်မှုထဲမှာနစ်မြုပ်‌နေ‌စေရန်) မသတ်ဘဲအရှင်ထားကြသည်။ ထို့ပြင် ၎င်းထဲတွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံမှ ကြီးကျယ်သည့် စမ်းသပ်ချက်ရှိသည်။

    [50] ထို့ပြင် တစ်ခါက ငါအရှင်သည် အသင်တို့အတွက် ပင်လယ်ကိုခွဲပြီး အသင်တို့အား (ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏အန္တရာယ်မှ) ကယ်တင်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့ကြည့်မြင်လျက်ရှိစဉ်၌ပင် ငါအရှင်သည် ဖိရ်‌အောင်န်၏ အ‌ခြွေအရံများအား နစ်မြုပ်‌စေ‌တော်မူခဲ့သည်။

    [51] ထို့ပြင် တစ်ခါက ငါအရှင်သည် (တမန်‌တော်)မူစာအား ည‌ပေါင်း‌လေးဆယ်၏ ကတိကဝတ်ကိုပြု‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်း(တမန်‌တော်)၏‌နောက်ကွယ်တွင် အသင်တို့သည် ကျူးလွန်သူများဖြစ်လျက် နွားငယ်ကို ကိုးကွယ်ရာအဖြစ်ပြုလုပ်ခဲ့ကြသည်။

    [52] ၎င်းပြင် အသင်တို့သည် ထိုကဲ့သို့နွားငယ်အား ကိုးကွယ်ကြပြီး‌နောက်၌ပင် အသင်တို့သည် ငါအရှင်မြတ်အား ‌ကျေးဇူးသိကြရန်အတွက် ငါအရှင်သည် အသင်တို့အား ခွင့်လွှတ်‌တော်မူခဲ့သည်။

    [53] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် (တမန်‌တော်)မူစာအား (‌သောင်ရာသ်)ကျမ်းဂန်နှင့် အမှားအမှန်ခွဲခြား‌ပေး‌သောအရာကို ‌ပေးသနား‌တော်မူခဲ့သည်။

    [54] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများကို‌ပြောကြားခဲ့သည် -အို- ကျွန်ုပ်၏အမျိုးသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့သည် နွားငယ်အားကိုးကွယ်၍ အသင်တို့ကိုယ်ကို အသင်တို့နှိပ်စက်ခဲ့ကြပြီ၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံတွင် ဝန်ချ‌တောင်းပန် အသနားခံကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့အချင်းချင်း သတ်ဖြတ်ကြပါ။* ထို(ဝန်ချ‌တောင်းပန်သည့်အ‌နေနှင့် အချင်းချင်းသတ်ဖြတ်ခြင်းသည်) အသင်တို့အတွက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ‌ကောင်းမြတ်သည့်အရာဖြစ်သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ချ‌တောင်းပန်ခြင်းကို သနားကရုဏာနှင့်လှည့်ပြီး လက်ခံခွင့်လွှတ်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ် လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] ထို့ပြင် တစ်ခါက အသင်တို့က ‌ပြောဆိုကြသည် -“အို- (တမန်‌တော်)မူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မျက်ဝါးထင်ထင် မဖူးမြင်ရမချင်း* ကျွန်ုပ်တို့သည် အသင်(တမန်‌တော်)ကို လုံးဝယုံကြည်ကြမည်မဟုတ်‌ပေ။“ ထို(သို့‌ပြောဆိုကြသည့်အတွက်)‌ကြောင့် အသင်တို့အား မိုးကြိုး‌လောင်မီးက ဖမ်းဆီးခဲ့သည်။ အသင်တို့လည်း (ထိုအရာကို)‌တွေ့မြင်လျက်ရှိခဲ့ကြသည်။

    [56] ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့‌သေပြီး‌နောက်မှပင် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန် အသင်တို့အား တစ်ဖန်ရှင်ပြန်ထ‌စေ‌တော်မူခဲ့သည်။

    [57] ထို့ပြင် ငါအရှင်သည် အသင်တို့‌ပေါ်၌ မိုးတိမ်များကို အရိပ်အာဝါသပြုလုပ်‌ပေး‌တော်မူခဲ့သည်သာမက ငါအရှင်သည် မန်းဟု‌ခေါ်သည့် နှင်းမုန့်နှင့် ငုံးသတ္တဝါတစ်မျိုးကို ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် ငါအရှင် ‌ပေးသနား‌တော်မူ‌သော ‌ကောင်းမြတ်သည့် စားနပ်ရိက္ခာများကို စားသုံးကြပါ။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်အား နှိပ်စက်ညှဉ်းပန်းခဲ့ကြသည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့ကိုယ်သူတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြခြင်းဖြစ်သည်။

    [58] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် မိန့်ကြား‌တော်မူခဲ့သည်- “အသင်တို့သည် ဤမြို့*သို့ဝင်‌ရောက်ပြီး မြို့ထဲတွင် မည်သည့်‌နေရာမှမဆို အသင်တို့ကြိုက်နှစ်သက်ရာကို ‌ဖောသီစွာ စားသုံးကြပါ။ မြ့ိုတံခါး‌ပေါက်ကို ရိုးကျိုးဝပ်တွားလျက်*ဝင်ကြပါ။ ၎င်းပြင် ဟိသွ်သွသွန် “ကျွန်‌တော်တို့၏အပြစ်များကို ခွင့်လွှတ်‌တော်မူပါ“ ဟုဆိုကြပါ။ (ထိုအတိုင်းလိုက်နာကြလျှင်) ငါအရှင်သည် အသင်တို့၏မှားယွင်းချက်များကို ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် ငါအရှင်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများအား ကုသိုလ်အကျိုးတိုးပြီး‌ပေးသနား‌တော်မူမည်။

    [59] ထို့‌နောက် ကျူးလွန်ကြသူများသည် သူတို့ကို ‌ပြောကြားထားသည့်စကားနှင့် ဆန့်ကျင်သည့်အခြားစကား*ကို ‌ပြောင်းလဲသုံးစွဲခဲ့ကြသည်။ ထို့‌ကြောင့် ငါအရှင်သည် ကျူးလွန်ခဲ့ကြသူများအ‌ပေါ်တွင် ၎င်းတို့ ဒုစရိုက်ကျူးလွန်ခဲ့ကြခြင်း‌ကြောင့် မိုး‌ကောင်းကင်မှ အပြစ်ဒဏ်(‌ရောဂါကပ်‌ဘေး) ချ‌ပေး‌တော်မူခဲ့သည်။

    [60] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများအတွက် ‌သောက်‌ရေကို (ငါအရှင့်ထံ)‌တောင်းခံခဲ့သည်။ (ထိုအခါ) ငါအရှင်က မိန့်ကြား‌တော်မူခဲ့သည်- အသင်(တမန်‌တော်)သည် အသင်၏‌တောင်‌ဝှေးဖြင့် ‌ကျောက်တုံးကို ရိုက်လိုက်ပါ။ ထိုအခါ ထို‌ကျောက်တုံးမှ စမ်း‌ရေ‌ချောင်း၁၂ခု ပန်းထွက်*လာခဲ့သည်။ ထိုအုပ်စုများသည် သူတို့၏‌သောက်သုံးရာ‌နေရာကို သိရှိခဲ့ကြသည်။ (ထိုအခါ အရှင်မြတ်က မိန့်ကြား‌တော်မူသည်) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ စားနပ်ရိက္ခာများကို စားကြ‌သောက်ကြပါ။ ထို့‌နောက် ကမာ္ဘ‌ပေါ်တွင် ဖျက်ဆီးသူများအဖြစ်နှင့် ဆူပူ‌သောင်းကျန်းခြင်းမပြုကြနှင့်။

    [61] ထို့ပြင် တစ်ခါက အသင်တို့က‌ပြောဆိုခဲ့ကြသည်- “အို- (တမန်‌တော်)မူစာ၊ ကျွန်‌တော်တို့သည် အစားအစာတစ်မျိုးတည်းအ‌ပေါ်တွင် သည်းခံမ‌နေနိုင်‌တော့ပါ။ ထို့အတွက် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ထံ‌တော်တွင် ဆု‌တောင်း‌ပေးပါ၊ အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ‌မြေမှ‌ပေါက်‌ရောက်သည့် ဟင်းသီးဟင်းရွက်များ၊ သခွားသီးများ၊ ဂျုံများ၊ ပဲနီ‌လေးများနှင့် ကြက်သွန်နီများကိုပါ ‌ပေါက်‌ရောက်‌စေရန်(ဆု‌တောင်း‌ပေးပါ)။“ ၎င်း(တမန်‌တော်မူစာ)က‌ပြောခဲ့သည်- “အသင်တို့သည် အလွန်‌ကောင်း‌သော စားနပ်ရိက္ခာများကို အလွန်ညံ့‌သော စားနပ်ရိက္ခာများနှင့် လဲလှယ်လိုကြသ‌လော။ (သို့ဖြစ်လျှင်) မြ့ိုတစ်မြ့ိုသို့ ဝင်‌ရောက်‌နေထိုင်လိုက်ကြပါ၊ ထိုထဲတွင် အမှန်ပင် အသင်တို့‌တောင်းသည်များကို ရလိမ့်မည်။“* ထို့ပြင် သူတု့ိအ‌ပေါ်၌ ‌သေးသိမ်မှုနှင့် ဆင်းရဲမှုသည် (အမြဲ)အတည်ဖြစ်သွားခဲ့သည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမျက်‌တော်စူးရှမှုကို ခံစားခဲ့ရ(လျက်လှည့်လည်‌နေကြရ)‌တော့သည်။ ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရား‌ဒေသနာ‌တော်များကို ငြင်းပယ်‌နေခဲ့ကြပြီး တမန်‌တော်များကို မတရား သတ်ဖြတ်‌နေခဲ့ကြခြင်း‌ကြောင့်*ဖြစ်သည်။ ၎င်းသည် သူတို့၏‌သွေဖည်မှုနှင့် စည်း‌ဖောက်မှုများ‌ကြောင့်ဖြစ်သည်။

    [62] အမှန်မုချ အီမာန်ယုံကြည်ကြ‌သော မုအ်မင်န်များ*၊ ယဟူဒီများ*၊ နတ်စွ်ရာနီများ* နှင့် စွာဗိအိများ*၊ (၎င်းတို့ထဲမှ) မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ကြပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်‌ဆောင်ခဲ့လျှင် သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သောအရှင်မြတ်ထံ‌တော်တွင် ကုသိုလ်အကျိုး အဆင်သင့်ရှိသည်။ ၎င်းပြင် သူတို့အ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမျှလည်းမရှိသည့်အပြင် သူတို့သည် ဝမ်းနည်းပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [63] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့အ‌ပေါ်“သွူရ်“‌တောင်*ကိုပင့်မလျက် အသင်တို့ထံမှ ကတိခန်ဝန်ချက်ကို ရယူ‌တော်မူခဲ့သည်။ (၎င်း‌နောက် ငါအရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်-) “အသင်တို့သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများဖြစ်ရန်အတွက် ငါအရှင် အသင်တို့အား ‌ပေးသနား‌တော်မူခဲ့‌သောအရာ (‌သောင်ရာသ်ကျမ်း‌တော်)ကို စွဲမြဲစွာကိုင်ထားကြပါ။ ၎င်းပြင် ထိုကျမ်းထဲ၌ရှိ‌သောတရား‌တော်များကိုလည်း သတိရကြပါ။“

    [64] ၎င်း‌နောက် အသင်တို့သည် ကတိဝန်ခံချက်‌ပေးပြီး‌နောက်မှ (ကုဖ်ရ် ဘက်သို့)‌နောက်‌ကြောင်းပြန်လှည့်သွားကြသည်။ ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သနားကရုဏာ‌တော်သည် အသင်တို့အ‌ပေါ်၌ မရှိခဲ့လျှင် အမှန်မုချ အသင်တို့သည် ဆုံးရှုံးသူများဖြစ်ကြမည်။

    [65] ထို့ပြင် အသင်တို့ထဲမှ စ‌နေ(ဥပုသ်)‌နေ့*နှင့်ပတ်သက်၍ ‌ဖောက်ဖျက်ကျူးလွန်ခဲ့ကြသူများအား ငါအရှင်မြတ်က “အသင်တို့သည် ယုတ်ညံ့‌သော ‌မျောက်တိရိစာ္ဆန်များဖြစ်ကြ‌လော့“ ဟူ၍ မိန့်ကြား‌တော်မူခဲ့သည်ကို အသင်တို့ အမှန်စင်စစ် အသိပင်ဖြစ်ခဲ့ကြသည်။

    [66] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့‌ခေတ်တွင် ရှိခဲ့ကြသူများနှင့် ၎င်းတို့၏‌နောင်လာ‌နောက်သားများအတွက် ထိုအဖြစ်အပျက်ကို သတိတရားရယူစရာအဖြစ်နှင့် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် ဆုံးမဩဝါဒအဖြစ် ပြု‌တော်မူခဲ့သည်။

    [67] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်- အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား နွားမတစ်‌ကောင် လှီးဖြတ်ရန်* အမိန့်‌ပေး‌တော်မူသည်။ ထိုအခါ သူတို့က ‌ပြောဆို‌ဖြေကြားခဲ့ကြသည်- “အသင်(တမန်‌တော်)သည် ကျွန်ုပ်တို့အား ပြက်ရယ်‌ပြောင်‌လှောင်မှု ပြုလုပ်သည်‌လော။“ ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆို‌ဖြေကြားခဲ့သည်- ငါသည် အသိအလိမ္မာကင်းမဲ့သူများထဲတွင် အပါအဝင်မဖြစ်‌စေရန် အလ္လာဟ်အရှင်မြတ်ထံ၌ခိုလှုံ၏။

    [68] ထိုအမျိုးသားများက ‌ပြောဆိုခဲ့ကြသည်၊ (အို-တမန်‌တော်မူစာ)အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ထိုနွားမသည် မည်သို့နွားမဖြစ်သည်ကို ရှင်းလင်း‌ဖော်ပြရန် ‌တောင်းခံ‌ပေးပါ။ ၎င်း(တမန်‌တော်မူစာ)က‌ပြောခဲ့သည်- အမှန်ပင် အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အမှန်မုချ ထိုနွားမသည် အိုသည့်နွားမလည်းမဟုတ်၊ ပျိုသည့်နွားမလည်းမဟုတ်ဘဲ အလယ်အလတ်စားဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အမိန့်‌ပေးခံရသည့်အတိုင်း ပြုလုပ်‌ဆောင်ရွက်ကြပါ။

    [69] ထိုအမျိုးသားများက ‌ပြောဆိုခဲ့ကြသည်၊ (အို-တမန်‌တော်မူစာ)အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ထိုနွားမသည် မည်သည့်အရာင်အ‌သွေးရှိ‌သော နွားမဖြစ်သည်ကို ရှင်းလင်း‌ဖော်ပြရန် ‌တောင်းခံ‌ပေးပါ။ ၎င်း(တမန်‌တော်မူစာ)က‌ပြောခဲ့သည်- အမှန်ပင် အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အမှန်မုချ ထိုနွားမသည် ကြည့်ရှုသူများအား စိတ်ကြည်နူး‌စေသည့် အဝါရင့်‌ရောင်ဖြစ်သည်။

    [70] သူတို့က(ထပ်မံ) ‌ပြောဆိုခဲ့ကြသည်၊ (အို-တမန်‌တော်မူစာ)အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ထိုနွားမသည် မည်သို့နွားမမျိုးဖြစ်သည်ကို ရှင်းလင်း‌ဖော်ပြရန် ‌တောင်းခံ‌ပေးပါ။ အမှန်ပင် နွားများသည် ကျွန်ုပ်တို့အမြင်တွင် ရုပ်ဆင်းသဏ္ဍာန် ဆင်တူယိုးမှားဖြစ်‌နေသည့်အတွက်‌ကြောင့်ဖြစ်ပါသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် လမ်းမှန်ကို အမှန်ပင် ‌တွေ့သူများဖြစ်ကြပါလိမ့်မည်။

    [71] ၎င်း(တမန်‌တော်မူစာ)က‌ပြောခဲ့သည်- အမှန်ပင် အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အမှန်မုချ ထိုနွားမသည် လယ်‌မြေ၌ထွန်ယက်သည့်ခိုင်းနွားမျိုးလည်းမဟုတ်‌ပေ၊ (‌ရေတွင်းမှ ‌ရေသယ်၍) လယ်ယာ‌မြေထဲသို့ ‌ရေသွင်းသည့်နွားမျိုးလည်းမဟုတ်‌ပေ။ အပြစ်ကင်းစင်ပြီး ၎င်းထဲ၌ မှည့်အစွန်းအထင်း အ‌ရောင်‌ရောခြင်းလည်းမရှိသည့် နွားမမျိုးဖြစ်သည်။ (ထိုအခါ)သူတို့က ‌ပြောခဲ့ကြသည်- ယခုမှပင် အသင်(တမန်‌တော်)သည် မှန်ကန်ရှင်းလင်းစွာ ‌ဖော်ပြလိုက်သည်။ ၎င်း‌နောက် သူတို့သည် (ထိုအမိန့်ကို)လိုက်နာရန် နီးစပ်မှုမရှိခဲ့ကြပါဘဲလျက် (မတတ်သာသည့်အဆုံး)* နွားမကို ဇဗဟ်လုပ် လှီးဖြတ်ခဲ့လိုက်ကြသည်။

    [72] ထို့ပြင် တစ်ခါက အသင်တို့သည် လူတစ်ဦးအား သတ်ခဲ့ပြီး‌နောက် ထိုလူသတ်မှုနှင့်ပတ်သက်၍ အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထိမ်ချန်လျှို့ဝှက်ထားသည့်ကိစ္စကို ဖွင့်ထုတ်‌ဖော်ပြသည့်အရှင် ဖြစ်‌တော်မူသည်။

    [73] ထို့‌နောက် ငါအရှင်မြတ်သည် မိန့်ကြား‌တော်မူခဲ့သည်- အသင်တို့သည် ထိုသူ(‌သေ)ကို ထို(နွားမ)၏အစိတ်အပိုင်းနှင့် ရိုက်ခတ်လိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့ပင် ‌သေသူများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့နားလည်ကြရန်အတွက် အရှင်မြတ်၏လက္ခဏာများကို ပြသ‌တော်မူသည်။

    [74] ထို့‌နောက် အသင်တို့၏စိတ်နှလုံးများသည် ထို(ကဲ့သို့ အရှင်မြတ်၏နက်ရှိုင်းဆန်းကြယ်‌သော တန်ခိုး‌တော်များကို ‌တွေ့မြင်ခဲ့ရပြီး)‌နောက်လည်း ခက်ထန်မာ‌ကျောလာခဲ့သည်။* ၎င်းပြင် ထိုစိတ်နှလုံးများသည် ‌ကျောက်‌ဆောင်များကဲ့သို့ဖြစ်ခဲ့သည်သာမက ထို‌ကျောက်‌ဆောင်များထက်ပင် ပိုမိုပြင်းထန်မာ‌ကျော‌ပေသည်။ အဘယ့်‌ကြောင့်ဆို‌သော် ‌ကျောက်‌ဆောင်များထဲတွင် စမ်‌ရေ‌ချောင်းများစီးထွက်လာသည့် ‌ကျောက်‌ဆောင်များလည်း အမှန်မုချ ရှိသည်။ ထို့ပြင် ထို‌ကျောက်‌ဆောင်များထဲတွင် အက်ကွဲပြီး ‌ရေပန်းထွက်လာသည့် ‌ကျောက်‌ဆောင်များလည်း အမှန်ပင်ရှိသည်။ ထို့ပြင် ထို‌ကျောက်‌ဆောင်များထဲတွင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပြီး နိမ့်ဆင်းလာသည့်‌ကျောက်‌ဆောင်များလည်း အမှန်ပင်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြသည့်ကိစ္စများကို ‌မေ့‌လျော့‌နေ‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [75] ၎င်းပြင် ထိုသူ(ယဟူဒီ)များသည် အသင်တို့၏‌ပြောဆိုမှုအ‌ပေါ် အီမာန်ယုံကြည်ကြလိမ့်မည်ဟု အသင်(မုအ်မင်န်)များ ‌မျှော်လင့်‌တောင့်တ‌နေကြသ‌လော။ ထို့ပြင် အမှန်စင်စစ် သူတို့အထဲတွင် အလ္လာဟ်အရှင်မြတ်၏စကား‌တော်များကို ကြားနာကြသည့်အုပ်စုတစ်စုရှိခဲ့သည်။ ထို့‌နောက် သူတို့သည် အရှင်မြတ်၏စကား‌တော်များကို သိကျွမ်းနားလည်ပြီး‌နောက်မှ သိလျက်နှင့် (မိမိတို့အလိုကျ)ပြုပြင်‌ပြောင်းလဲကြသည်။

    [76] ထို့ပြင် ယဟူဒီများသည် မုအ်မင်န်ယုံကြည်သူများနှင့် ‌တွေ့သည့်အခါ(အ‌ယောင်‌ဆောင်ပြီး) ကျွန်ုပ်တို့လည်း (တရား‌တော်များကို)ယုံကြည်ကြပါသည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့ထဲမှအချို့သည် အချို့နှင့်သီးသန့်‌တွေ့ဆုံ‌သောအခါ (ယခုကဲ့သို့)‌ပြောဆိုကြသည်- အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ဖွင့်ပြ‌တော်မူခဲ့‌သောအကြင်အ‌ကြောင်းအရာများ*နှင့်ပတ်သက်၍ ထိုမုအ်မင်န်များကို ‌ပြောပြကြသ‌လော။ သူတို့သည် ထိုအ‌ကြောင်းအရာများကို အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ထံ‌တော်ပါးတွင် အသင်တို့နှင့်ဆန့်ကျင်ပြီး အ‌ထောက်အထားအဖြစ် တင်ပြကာ ငြင်းခုံကြလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့ ဤမျှပင် အသိမရှိကြသ‌လော။

    [77] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တိတ်ဆိတ်စွာ လျှို့ဝှက်ထား‌သောအရာများနှင့် ပွင့်လင်းစွာ‌ဖော်ထုတ်သည့်အရာများကို အမှန်ပင်သိရှိ‌တော်မူသည်ကို ၎င်းတို့မသိကြ‌လေသ‌လော။

    [78] ထို့ပြင် ထို(ယဟူဒီများ)ထဲတွင် စာ‌ပေကျမ်းဂန် မတတ်ကျွမ်းသူများလည်းရှိကြသည်။ ထိုသူများသည် လုပ်ကြံ‌ပြောဆိုထား‌သော သတင်းစကားများမှလွဲ၍* ကျမ်းဂန်ကို မသိနားမလည်ကြ‌ပေ။ ထို့ပြင် သူတို့သည် ထင်မြင်ယူဆ‌နေကြသည်မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်‌ပေ။

    [79] ထို့‌နောက် ကျမ်းဂန်များကို သူတို့၏လက်ဖြင့်‌ရေးသားပြီး အဖိုးအခ အနည်းငယ်ဖြင့် ‌ရောင်းချရန် ဤကျမ်းသည် အလ္လာဟ်အရှင်မြတ်ထံမှကျမ်းဟု (လိမ်လည်)‌ပြောဆိုသူများအတွက် ပျက်စီးခြင်းရှိသည်။ ၎င်းပြင် သူတို့သည် သူတို့၏လက်များဖြင့် သူတို့‌ရေးသားကြသည့်အတွက် ပျက်စီးကြရမည်ဖြစ်ပြီး (ထိုနည်းဖြင့်)ရှာ‌ဖွေ‌သော‌ကြောင့်လည်း ပျက်စီးကြရမည်ဖြစ်‌ပေသည်။

    [80] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- ငရဲမီးသည် ကျွန်ုပ်တို့အား ‌ရေတွက်ထား‌သောရက်အချို့မှလွဲ၍ လုံးဝထိ‌ရောက်မည်မဟုတ်‌ပေ။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် (ဤသည်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်ထံမှ ကတိကဝတ် တစ်စုံတစ်ခု ရယူထားကြပါသ‌လော။ ထိုကဲ့သို့ ရယူထားခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထားသည့်ကတိကို မည်သည့်အခါမှ ဖျက်‌တော်မူမည်မဟုတ်‌ပေ။ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အသင်တို့ မသိနားမလည်သည့်အရာကို (ရမ်းဆ)‌ပြောဆို‌နေကြသည်‌လော။

    [81] အမှန်မှာ မည်သူမဆို မ‌ကောင်းမှုအကုသိုလ်များကို ရှာ‌ဖွေရယူမည်၊ ၎င်း‌နောက် သူ၏ပြစ်မှုများသည် သူ့အား ဝန်းရံထားပြီးဆိုလျှင် ထိုသူများသည် ငရဲသားများပင်ဖြစ်ကြသည်။ သူတို့သည် ထိုငရဲဘုံထဲတွင် အမြဲထာဝရ ‌နေကြရ‌ပေမည်။

    [82] ထို့ပြင် အကြင်သူတို့သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည်။ ထိုသူများသည် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ ထိုသူတို့သည် ထိုဂျန္နသ်သုခဘုံထဲတွင် အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။

    [83] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံမှ (ယခုကဲ့သို့)ခိုင်မာ‌သော ကတိကဝတ် ရယူခဲ့သည်။* အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့်အရာကိုမှ မကိုးကွယ်ကြရ၊ ထို့ပြင် မိဘနှစ်ပါးနှင့် ‌ကောင်းမွန်စွာ ဆက်ဆံကြရမည်၊ ထို့ပြင် ‌ဆွေမျိုးရင်းချာများနှင့်၊ အဘမဲ့က‌လေးများအပြင်၊ ဆင်းရဲသားများနှင့်လည် (‌ကောင်းမွန်စွာဆက်ဆံကြရမည်)၊ ထို့ပြင် လူများကို ‌ကောင်းမွန်စွာ ‌ပြောဆိုကြရမည်၊ စွလာသ်ဝတ်ပြုကြရမည်၊ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြရမည်။ ထို(ကဲ့သိုကတိပြုဝန်ခံပြီး)‌နောက် အသင်တို့ထဲမှ အနည်းငယ်မှလွဲ၍ ကျန်အားလုံးသည် မျက်နှာလွှဲကာ ပြန်လှည့်သွားကြသည်။ ထို့ပြင် အသင်တို့သည် မျက်နှာလွှဲ‌သွေဖည်သူများသာ ဖြစ်ကြသည်။

    [84] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့ထံမှ “အသင်တို့သည် အသင်တို့အချင်းချင်း ‌သွေးထွက်သံယို မပြုကြရန်၊ ထို့ပြင် တစ်ဦးကိုတစ်ဦး အသင်တို့‌နေထိုင်ရာ အိုးအိမ်မြ့ိုရွာအရပ်‌ဒေသများမှ နှင်မထုတ်ကြရန်“ ကတိကဝတ်ယူ‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် ထိုကတိဝန်ခံချက်ကို အတည်ပြုပြီး အသင်တို့ကိုယ်တိုင် သက်‌သေထူလျက်ရှိကြသည်။

    [85] ထို့‌နောက်လည်း အသင်တို့ပင် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြသည်။ ၎င်း‌နောက် အသင်တို့ထဲမှ လူတစ်စုအား သူတို့၏အိုးအိမ်မြ့ိုရွာများမှ နှင်ထုတ်ကြသည်။ ထို့ပြင် အသင်တို့သည် အပြစ်ဒုစရိုက်နှင့် မတရားကျူး‌ကျော်မှုကိစ္စများတွင် သူတို့နှင့်ဆန့်ကျင်ပြီး (သူတို့၏ရန်သူများကို) ရိုင်းပင်းကူညီကြသည်။ ထို့ပြင် တစ်ခါ လူများသည် အသင်တို့ထံသို့ သုံ့ပန်းအဖြစ်နှင့်‌ရောက်လာ(ပြန်)‌သောအခါ အသင်တို့သည် သူတို့ကို ‌ရွေးယူကြပြန်သည်။ သူတို့ကို နှင်ထုတ်ခြင်းသည် အသင်တို့အ‌ပေါ်၌ တားမြစ်ထား‌သောအရာတစ်ခုဖြစ်ပါလျက်၊ အသင်တို့သည် ကျမ်း‌တော်၏တစ်စိတ်တစ်‌ဒေသကိုသာ လက်ခံယုံကြည်ကြ၍ တစ်စိတ်တစ်‌ဒေသကိုမူ ငြင်းပယ်ကြသ‌လော။* ထို့‌နောက် အသင်တို့ထဲမှ ထိုကဲ့သို့ပြုလုပ်သူ၏ အကျိုးရလာဒ်သည် ဤ‌လောကီဘဝတွင် သိက္ခာကျအရှက်ရခြင်းမှလွဲ၍ မည်သည့်အရာရှိဦးမည်နည်း။ ထို့ပြင် ကိယာမသ်တရားစီရင်မည့်‌နေ့တွင် ထိုသူများသည် အပြင်းထန်ဆုံးအပြစ်ဒဏ်ဘက်သို့ ပို့ခြင်းခံကြရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြ‌သောအရာများကို ‌မေ့‌လျော့‌တော်မူမည့်အရှင် မဟုတ်‌ပေ။

    [86] ထိုသူမျာသည် ဤ‌လောကီဘဝကို တမလွန်ဘဝနှင့် လဲလှယ်ဝယ်ယူသူများပင်ဖြစ်ကြသည်။ ထို့အတွက် သူတို့သည် အပြစ်ဒဏ်‌လျော့‌ပေ့ါခံကြရမည်လည်း မဟုတ်‌ပေ၊ ကူညီ‌စောင်မခြင်းခံကြရမည်လည်း မဟုတ်‌ပေ။

    [87] ထို့ပြင် အမှန်တကယ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို (‌သောင်ရာသ်)ကျမ်း‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် (တမန်‌တော်)မူစာ၏‌နောက်တွင် နဗီတမန်‌တော်များကို ဆက်တိုက်‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် မရ်ယမ်*၏သား‌တော် (တမန်‌တော်)အီစာ*ကို ထင်ရှားသည့်တန်ခိုး‌တော်များ*‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်သည် (တမန်‌တော်)အီစာကို မြင့်မြတ်သည့်ဝိညာဉ်(‌ကောင်းကင်တမန်ဂျိဗ်ရီလ်)နှင့် အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် မည်သည့်အခါမဆို တမန်‌တော်တစ်ပါးပါးသည် အသင်တို့မနှစ်သက်‌သောအမိန့်‌တော်များကို အသင်တို့ထံ ယူ‌ဆောင်လာခဲ့လျှင် အသင်တို့သည် မာနတက်ပြီး အချို့(နဗီများ)အား လိမ်လည်‌ပြောဆိုသူများဟု စွပ်စွဲခဲ့ကြပြီး အချို့(နဗီများ)အား သတ်ဖြတ်ကြသည် မဟုတ်ပါ‌လော။

    [88] ထို့ပြင် သူတို့က‌ပြောခဲ့ကြပြန်သည်- ကျွန်ုပ်တို့၏စိတ်နှလုံးများသည် (အဖုံးအအုပ်ထဲတွင်)ဖုံးအုပ်လျက်ရှိ‌နေကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့၏‌သွေဖည်ငြင်းပယ်မှု‌ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့ခြင်းသာဖြစ်သည်။ ထို့‌ကြောင့် ၎င်းတို့သည် (၎င်းတို့စိတ်ထဲမှ)အနည်းငယ်သာ အီမာန်ယုံကြည်ကြသည်။

    [89] ထို့ပြင် တစ်ခါတွင် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့(ယဟူဒီများ)ထံသို့ ၎င်းတို့ထံတွင် ရှိနှင့်ပြီးဖြစ်‌သော (‌သောင်ရာသ်)ကျမ်းကို ‌ထောက်ခံ‌ပေးသည့်ကျမ်းတစ်‌စောင် (ကုရ်အာန်)‌ရောက်လာခဲ့သည်။ ၎င်းပြင် ယခင်က သူတို့သည် ကာဖိရ်များနှင့် ဆန့်ကျင်၍(ထိုကျ‌ရောက်လာမည့် ကုရ်အာန်ကျမ်း သို့မဟုတ် တမန်‌တော်မြတ်(ဆွ)ကို အ‌ကြောင်းပြုကာ အရှင်မြတ်ထံမှ)‌အောင်မြင်မှုများ ‌တောင်းခံ‌နေခဲ့ကြသည်။* ထို့‌နောက် သူတို့သိပြီးဖြစ်‌သော ထို(ကုရ်အာန်)ကျမ်း‌တော်သည် သူတို့ထံသို့ အမှန်‌ရောက်လာသည့်အခါတွင် သူတို့သည် ထိုကျမ်းကိုပင် ‌သွေဖည်ခဲ့ကြပြန်သည်။ ထို့‌ကြောင့် ငြင်းပယ်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်မှ ကင်း‌ဝေးမှုသာရှိ‌ပေသည်။

    [90] သူတို့သည် သူတို့၏အသက်များနှင့် လဲလှယ်ဝယ်ယူလိုက်ကြ‌သောအရာသည် မည်မျှဆိုးရွားလိုက်‌လေသနည်း။ ထိုအရာသည် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူ‌သော တရား‌ဒေသနာ‌တော်ကို ငြင်းပယ်ခြင်းပင်ဖြစ်သည်။ (ထိုသို့ ငြင်းပယ်ရသည့်အ‌ကြောင်းမှာလည်း သူတို့သည်) အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျွန်များအနက်မှ အရှင်မြတ်နှစ်သက်‌တော်မူ‌သောသူအ‌ပေါ် အရှင်မြတ်၏‌ကျေးဇူးပြု‌တော်မူခြင်းကို မနာလို*ကြသည့်အတွက်‌ကြောင့်သာ ဖြစ်‌ပေသည်။ ထို့‌ကြောင့်ပင် သူတို့သည် ‌ဒေါသအ‌ပေါ်တွင် ‌ဒေါသသာထပ်၍ သက်‌ရောက်ခံခဲ့ကြရသည်။ ထို့ပြင် ‌သွေဖည်ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေသည့် အပြစ်ဒဏ်လည်းရှိ‌ပေသည်။

    [91] ထို့ပြင် ယဟူဒီများကို “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်းဂန်များအား ယုံကြည်လိုက်နာကြပါ“ ဟု‌ပြောဆိုသည့်အခါ သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ချ‌ပေးခြင်းခံရ‌သော(‌သောင်ရာသ်)ကျမ်းကိုသာ ယုံကြည်ပါသည်“ဟု ပြန်လည်‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် ထို(‌သောင်ရာသ်)ကျမ်း‌နောက်မှကျမ်း(ကုရ်အာန်)ကို ဤကျမ်းသည် မှန်ကန်‌သောကျမ်းဖြစ်ပါလျက်နှင့်၊ ၎င်းပြင် သူတို့ထံရှိ‌နေသည့်(‌သောင်ရာသ်)ကျမ်းကို ‌ထောက်ခံအတည်ပြု‌နေပါလျက်နှင့် (ထိုကျမ်းကို)ငြင်းပယ်ကြသည်။ (အို-တမန်‌တော်)အသင် (သူတို့ကို)‌ပြောလိုက်ပါ “အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ခဲ့ကြသည်ဆိုလျှင် ယခင်က အလ္လာဟ်အရှင်မြတ်၏ နဗီတမန်‌တော်များကို အဘယ့်‌ကြောင့်သတ်ဖြတ်သနည်း“။

    [92] ထို့ပြင် အမှန်စင်စစ် အသင်တို့ထံ (တမန်‌တော်)မူစာသည် ထင်ရှားသည့် သက်‌သေလက္ခဏာ တန်ခိုး‌တော်များ*နှင့်တကွ ‌ရောက်လာခဲ့သည်။ ထို့‌နောက် ၎င်း(တမန်‌တော်မူစာ)၏‌နောက်ကွယ်တွင် အသင်တို့သည် နွားငယ်ကို ကိုးကွယ်ရာပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် (အသင်တို့ကိုယ်ကို အသင်တို့)ညှင်းပန်းနှိပ်စက်‌နေသည့်သူများပင်ဖြစ်ကြသည်။

    [93] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့အ‌ပေါ်၌ သွူရ်‌တောင်ကို ပင့်မ၍ (ယခုကဲ့သို့)အသင်တို့၏ ကတိသစ္စာကို ရယူခဲ့သည်- “အသင်တို့သည် ငါအရှင်မြတ်ချ‌ပေး‌တော်မူသည့်အရာ(‌သောင်ရာသ်)ကျမ်းကို ခိုင်မြဲစွာဆုပ်ကိုင်၍ နာ‌ထောင်(လိုက်နာ)ကြပါ။“ ထိုအခါ သူတို့က‌ပြောဆိုကြသည်- “ကျွန်ုပ်တို့ ကြားကြပါ၏(ဟု အ‌ပေါ်ယံ‌ပြောဆိုကြသည်)၊ ထို့‌နောက်(စိတ်တွင်းက) မနာခံကြပါ(ဟု‌ရေရွတ်ကြသည်)။“* ၎င်းပြင် သူတို့၏ငြင်းပယ်မှု‌ကြောင့် သူတို့၏စိတ်နှလုံးများထဲ၌ နွားငယ်(၏ကြီးကျယ်မြင့်မြတ်မှု) တိုက်‌ကျွေးခံခဲ့လိုက်ရပြီဖြစ်သည်။ (အို-တမန်‌တော်)အသင် (သူတို့အား)‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့သည် ယုံကြည်ကြသူများ ဖြစ်ခဲ့ကြသည်ဆိုလျှင် အသင်တို့၏အီမာန်ယုံကြည်မှုက အသင်တို့အား အမိန့်‌ပေးညွှန်ကြား‌သောအရာများသည် အဘယ်မျှ ဆိုးယုတ်လိုက်‌လေသနည်း။“

    [94] (အို-တမန်‌တော်)အသင် (ယဟူဒီများကို)‌ပြောလိုက်ပါ- “အကယ်၍ အလ္လာဟ်အရှင်မြတ်ထံ၌ရှိ‌သော တမလွန်ဘဝ၏အိမ်ယာ(ဂျန္နသ်သုခဘုံ)သည် အခြားလူများနှင့် မသက်ဆိုင်ဘဲ အသင်တို့အတွက်ချည်းသာ ဖြစ်ခဲ့သည်ဆိုလျှင် အသင်တို့(‌ပြောဆိုယုံကြည်သည့် ထိုစကား)သည် မှန်ကန်သည်ဆိုပါက ထို့အတွက် အသင်တို့သည် ‌တောင့်တလိုက်ကြပါ။“

    [95] သို့ရာတွင် သူတို့သည် သူတို့လက်များက ကြိုတင်ပို့ထား‌သောအရာ(အကုသိုလ်များ)‌ကြောင့် မည်သည့်အခါမှ ‌သေခြင်းကို ‌တောင့်တကြမည်မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [96] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့(ယဟူဒီများ)အား လူများအားလုံးထက် (ဤဘဝ၏)အသက်ရှင်‌နေထိုင်ခြင်းကို အမက်‌မောဆုံးသူများအဖြစ် အမှန်မုချ ‌တွေ့ရလိမ့်မည်သာမက သူတို့သည် မုရှ်ရိက်များထက်ပင် (ဤဘဝကို)ပိုမက်‌မောကြ‌သေးသည်။ သူတို့(ယဟူဒီများ)ထဲမှ လူတိုင်းသည် နှစ်တစ်‌ထောင် အသက်ရှည်‌နေချင်ကြသည်။ ထို့ပြင် ထိုသို့အသက်ရှည်ခြင်းသည် (လည်း တစ်‌နေ့တွင် ‌သေဆုံးရမည်ဖြစ်သည့်အတွက်) သူတို့အား အပြစ်ဒဏ်မှ ကယ်တင်မည့်အရာမဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြသည့်အရာများကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [97] (အို- တမန်‌တော်)အသင် (ယဟူဒီများကို)‌ပြောလိုက်ပါ၊ မည်သူမဆို(‌ကောင်းကင်တမန်)ဂျိဗ်ရီလ်ကို ရန်မူခဲ့လျှင်* (ငါအရှင်မြတ်သည်) ထိုသူ၏ရန်သူပင်။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်မှာ ဂျိဗ်ရီလ်‌ကောင်းကင်တမန်သည် ထိုအရာ(ကုရ်အာန်ကျမ်း)ကို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့်ပင် အသင်(တမန်‌တော်)၏ စိတ်နှလုံးတွင်းသို့ ချ‌ပေးခဲ့ခြင်းသာဖြစ်သည်။ ထိုကျမ်းသည် ယခင်က ချ‌ပေးထားသည့် ကျမ်းများကိုလည်း‌ထောက်ခံသည်။ တရားလမ်းညွှန်လည်းဖြစ်သည်။ မုအ်မင်န်ယုံကြည်သူများအတွက် သတင်း‌ကောင်းလည်းဖြစ်သည်။

    [98] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များ၊ အရှင်မြတ်၏ရစူလ်တမန်‌တော်များ၊ ဂျိဗ်ရီလ်၊ မီကာအီလ် တို့ကို ရန်မူခဲ့လျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည်လည်း ကာဖိရ်ငြင်းပယ်သူများ၏ ရန်သူဖြစ်‌တော်မူသည်။

    [99] ထို့ပြင် အမှန်တကယ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ထံသို့ ထင်ရှားသည့် သက်‌သေလက္ခဏာများကို ချ‌ပေးခဲ့ပြီးဖြစ်သည်။ ထိုသက်‌သေလက္ခဏာ‌တော်များကို အမိန့်နာမခံသူများမှလွဲ၍ မည်သူမျှ မငြင်းပယ်ကြ‌ပေ။

    [100] ထိုယဟူဒီများသည် အရှင်မြတ်နှင့် ကတိသစ္စာ တစ်စုံတစ်ခုပြုလုပ်လိုက်တိုင်း သူတို့ထဲမှ လူတစ်စုသည် ထိုကတိသစ္စာကို ပစ်ပယ်ထားခဲ့ကြသည်မဟုတ်‌လော။ အမှန်စင်စစ် သူတို့ထဲမှ အ‌မြောက်အမြားသည် အီမာန်မယုံကြည်ကြ‌ပေ။

    [101] ထို့ပြင် ၎င်းတို့ထံသို့ အလ္လာဟ်အရှင့်ထံမှ သူတို့ထံ၌ရှိပြီးဖြစ်သည့် (‌သောင်ရာသ်)ကျမ်းကို ‌ထောက်ခံသည့် နဗီတမန်‌တော်(မုဟမ္မဒ်-ဆွ)‌ရောက်လာသည့်အခါ ထိုကျမ်းရသူများထဲမှပင် လူတစ်စုသည် (ထိုကျမ်းများကိုပင်)မသိကြသကဲ့သို့* အရှင်မြတ်၏ကျမ်းကို သူတို့၏‌နောက်‌ကျောဘက်၌ ပစ်ပယ်ထားခဲ့ကြသည်။

    [102] ထို့ပြင် ထိုသူ(ယဟူဒီ)များသည် (တမန်‌တော်)စုလိုင်မာန်ဘုရင်အုပ်ချုပ်သည့် (‌ခေတ်ကာလ)တွင် ရှိုင်သွာန်များရွတ်ဖတ်ကြသည့် စုန်းပ‌ယောဂအတတ်ပညာ‌နောက်သို့ လိုက်စားခဲ့ကြသည်။* အမှန်စင်စစ် (တမန်‌တော်)စုလိုင်မာန်သည် မည်သည့်ကုဖ်ရ်ငြင်းပယ်မှုကိုမျှ မပြုခဲ့‌ပေ။ သို့ရာတွင် ထိုရှိုင်သွာန်များသည်ပင် လူများအား စုန်းပ‌ယောဂသင်‌ပေးပြီး ကုဖ်ရ်ငြင်းပယ်မှုကို ပြုခဲ့ကြသည်။ ထို့ပြင် (ထိုယဟူဒီများသည်) ဗာဗိလုံမြ့ိုမှ ‌ကောင်းကင်တမန်နှစ်ပါး ဟာရူသ်နှင့် မာရူသ်တို့အ‌ပေါ်တွင် ကျ‌ရောက်ခဲ့သည့် စုန်းပ‌ယောဂ‌နောက်သို့လည်း လိုက်စားခဲ့ကြသည်။ ထို‌ကောင်းကင်တမန်နှစ်ပါးက “ကျွန်ုပ်တို့သည် စမ်းသပ်မှုအတွက်(‌ရောက်လာခြင်း)ဖြစ်သည်။ ထို့‌ကြောင့် အသင်တို့သည် စုန်းပ‌ယောဂ(‌မှော်အတတ်ပညာ)‌နောက်လိုက်ပြီး ကုဖ်ရ်ငြင်းပယ်မှု မပြုကြနှင့်“ ဟု မ‌ပြောသမျှ မည်သူ့ကိုမှ ထို(စုန်းပ‌ယောဂအတတ်များကို) သင်မ‌ပေးကြ‌ပေ။ ထို့‌နောက်လည်း သူတို့သည် ထို‌ကောင်းကင်တမန်နှစ်ပါးထံမှ ဇနီးခင်ပွန်းနှစ်ဦးကို ပြတ်စဲ‌စေသည့်အတတ်ပညာကို သင်ယူကြသည်။ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အလို‌တော်မရှိဘဲ ထိုစုန်းပ‌ယောဂအတတ်နှင့် မည်သူ့ကိုမျှ ‌ဘေးအန္တရာယ်မပြုနိုင်‌ပေ။ ၎င်းပြင် သူတို့သည် သူတို့အား အကျိုးမပြုဘဲ ဆုံးရှုံးမှုဖြစ်‌စေသည့်အရာကို သင်ယူလိုက်ကြသည်။ ထို့ပြင် အမှန်မုချ ထိုအရာများကို ရယူသည့်သူများသည် တမလွန်ဘဝ အာခိရသ်တွင် မည်သည့်(‌ကောင်း‌သော)‌ဝေစုမျှမရှိသည်ကို သူတို့ သိရှိခဲ့ပြီးဖြစ်ကြသည်။ ထို့ပြင် သူတို့အသက်များနှင့် သူတို့လဲလှယ် လိုက်စားထားသည့်အရာ(‌မှော်အတတ်)သည် အမှန်ပင် အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။ ဤသည်ကို သူတို့ သိကြလျှင် ‌ကောင်း‌လေစွ။

    [103] ထို့ပြင် အမှန်စင်စစ် သူတို့သည် အီမာန်ယုံကြည်ကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြလျှင် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့ အမှန်ပင်ရရှိမည့် အကျိုးကုသိုလ်သည် ပို‌ကောင်းသည်။ ဤသည်ကို သူတို့သိလျှင် ‌ကောင်း‌လေစွ။

    [104] အို- မုအ်မင်န် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် (တမန်‌တော်မြတ်(ဆွ)၏‌ရှေ့‌မှောက်၌) “ရာအိနာ“ဟု မ‌ပြောဆိုကြနှင့်၊* “အွန်ဇွရ်နာ“ဟု ‌ပြောဆိုကြပါ။ ထို့ပြင် အသင်တို့သည် နာခံကြပါ။ ထို့‌နောက် မနာခံကြသည့် ကာဖိရ်ငြင်းပယ်သူများအတွက်မှာမူ ပြင်းပြနာကျင်‌စေသည့် အပြစ်ဒဏ်ရှိသည်။

    [105] ယခင်က ကျမ်းရထားသူများထဲမှ ကာဖိရ်ငြင်းပယ်သူများအပြင် အရှင်မြတ်နှင့်တုဖက်ကိုးကွယ်သည့် မုရှ်ရိက်များထဲမှလူများလည်း အသင်တို့အ‌ပေါ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ မည်သည့်‌ကောင်းခြင်းကိုမျှ ပို့ချ‌ပေးသနား‌တော်မူသည်ကို မနှစ်သက်ကြ‌ပေ။ (သူတို့မနှစ်သက်ကြလျှင်လည်း) အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှစ်သက်‌တော်မူ‌သောသူများကို အရှင်မြတ်၏အသနား‌တော်နှင့် သီးသန့်‌ရွေးချယ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်သည့် ‌ကျေးဇူး‌တော်ရှင်ဖြစ်‌တော်မူသည်။

    [106] ငါအရှင်မြတ်သည် အာယသ်‌တော်တစ်ခုကို ရုပ်သိမ်း‌တော်မူသည်ဖြစ်‌စေ၊ သို့မဟုတ် ထိုအာယသ်‌တော်ကို‌မေ့‌ပျောက်‌စေ‌တော်မူသည်ဖြစ်‌စေ၊ ငါအရှင်မြတ်သည် ထိုအာယသ်ထက် ပို‌ကောင်းသည့်အာယသ် သို့မဟုတ် ထိုကဲ့သို့ အာယသ်မျိုးကို ယူ‌ဆောင်လာ(ပြီးထုတ်ပြန်ပို့ချ)‌တော်မူသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ဆိုခြင်းကို အသင်(တမန်‌တော်)မသိပါသ‌လော။

    [107] ‌ကောင်းကင်များနှင့် ‌မြေပထဝီကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူ‌ကြောင်းနှင့် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကာကွယ်‌စောင့်‌ရှောက်မည့်သူ၊ ကူညီ‌စောင်မမည့်သူ မည်သူမျှမရှိ‌ကြောင်းကို အသင်(တမန်‌တော်)မသိပါသ‌လော။

    [108] ယခင်က(တမန်‌တော်)မူစာ ‌တောင်းဆို‌မေးမြန်းခြင်းခံခဲ့ရသကဲ့သို့ အသင်တို့လည်း အသင်တို့၏တမန်‌တော်(မုဟမ္မဒ်-ဆွ)ကို ထိုကဲ့သို့ပင် ‌တောင်းဆို‌မေးမြန်းလိုကြပါသ‌လော။ မည်သူမဆို အီမာန်ယုံကြည်မှုအစား ကုဖ်ရ်ငြင်းပယ်မှုကို လဲလှယ်ယူမည်ဆိုလျှင် ထိုသူသည် အမှန်ပင် ‌ဖြောင့်မတ်မှန်ကန်သည့်လမ်းမှ တိမ်း‌ချော်သွားပြီဖြစ်သည်။

    [109] ကျမ်းရသည့်သူများအနက်မှ အ‌မြောက်အမြားသည် သူတို့အတွက် အမှန်တရားသည် ထင်ရှားပြီးသည့်‌နောက်၌ပင် သူတို့၏စိတ်များထဲမှ မနာလိုမှု‌ကြောင့် အသင်တို့ အီမာန်ယုံကြည်ပြီး ‌နောက်တစ်ဖန် အသင်တို့အား ကာဖိရ်ဘဝသို့ ပြန်လည်‌ရောက်‌စေချင်ကြသည်။ ထို့အတွက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ အမိန့်‌တော်ကျ‌ရောက်လာသည်အထိ သူတို့အား ခွင့်လွှတ်ပြီး လျစ်လျူရှု‌နေကြပါ။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [110] ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြပြီး ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့အတွက် ‌ရှေ့ကိုကြိုတင်ပို့‌ဆောင်ထားသည့် မည်သည့်‌ကောင်းမှုကိုမဆို အလ္လာဟ်အရှင်မြတ်ထံ၌ အသင်တို့ ရရှိကြလိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြသည့် အရာအားလုံးကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [111] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- ဂျန္နသ်သုခဘုံကို ယဟူဒီ သို့မဟုတ် နတ်စွ်ရာနီဖြစ်သည့်သူမှလွဲ၍ မည်သူမျှ လုံးဝ ဝင်ရမည်မဟုတ်။ ထိုအရာသည် သူတို့၏ လိုချင်တပ်မက်မှုများသာဖြစ်သည်။ (အို- တမန်‌တော်)အသင် (သူတို့ကို)‌ပြောကြားလိုက်ပါ။ အသင်တို့(‌ပြောသမျှ)သည် မှန်သည်ဆိုလျှင် အသင်တို့၏ ခိုင်လုံသည့်အ‌ထောက်အထား တစ်ခုခုကို ယူ‌ဆောင်ခဲ့ကြပါ။

    [112] (သူတို့‌ပြောသကဲ့သို့ အခြားသူသည် ဂျန္နသ်ထဲသို့) အဘယ့်‌ကြောင့်မဝင်နိုင်ရမည်နည်း၊ အမှန်မုချ မည်သူမဆို ‌ကောင်းကျိုး‌ဆောင်ရွက်သူဖြစ်လျက် သူ၏ကိုယ်ကို အလ္လာဟ်အရှင်မြတ်အတွက် အမိန့်နာခံ‌ပေးအပ်ခဲ့လျှင် ထိုသူအတွက် သူ၏အကျိုးရလာဒ်သည် သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ၌ ရရှိလိမ့်မည်။ ၎င်းပြင် သူတို့အ‌ပေါ်၌ စိုးရိမ်စရာလည်း ရှိမည်မဟုတ်သည့်အပြင် သူတို့သည် ပူ‌ဆွေးရမည်လည်းမဟုတ်‌ပေ။

    [113] ထို့ပြင် ယဟူဒီများက ‌ပြောခဲ့ကြသည်၊ နတ်စွ်ရာနီများသည် မည်သည့်အရာ(အ‌ခြေခံအမှန်တရား)‌ပေါ်၌မျှ မရှိခဲ့‌ပေ။ ၎င်းပြင် နတ်စွ်ရာနီများကလည်း ပြန်‌ပြောခဲ့ကြသည်၊ ယဟူဒီများသည် မည်သည့်အရာ(အ‌ခြေခံအမှန်တရား)‌ပေါ်၌မျှ မရှိခဲ့‌ပေ။* သူတို့ အုပ်စုနှစ်ခုလုံးသည်(အရှင်မြတ် တစ်ပါးတည်းက ချ‌ပေးခဲ့သည့်) ကျမ်းကိုသာ ရွတ်ဖတ်‌နေကြပါလျက် (တစ်ဖက်နှင့်တစ်ဖက် မဟုတ်မမှန်‌ပြော‌နေကြသည်)။ ထိုနှစ်အုပ်စု‌ပြော‌နေကြသကဲ့သို့ပင် (ကျမ်းမရသည့်သူ)ပညာမဲ့များကလည်း သူတို့စကားမျိုးကဲ့သို့ပင် (ကျမ်းရသူ မွတ်စ်လင်မ်များသည် မည်သည့်အ‌ခြေခံအမှန်တရား‌ပေါ်၌မျှ မရှိခဲ့‌ပေဟု) ‌ပြောဆိုခဲ့ကြသည်။ ထို့အတွက် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ကွဲလွဲ‌နေခဲ့ကြသည့်ပြဿနာများကို သူတို့ကြားတွင် စီရင်ဆုံးဖြတ် အမိန့်ချ‌တော်မူမည်။

    [114] ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ဗလီ‌ကျောင်း‌တော်များတွင် အရှင်မြတ်၏နာမ‌တော်ကို တသမှုမှ တားဆီးပိတ်ပင်ခဲ့ပြီး ထိုဗလီ‌ကျောင်း‌တော်ကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြသည့်သူများထက် ပိုမိုတရားသူသည် မည်သူရှိဦးမည်နည်း။ (အမှန်စင်စစ်)သူတို့ကိုယ်တိုင် ထို(ဗလီ)ထဲသို့ ‌ကြောက်ရွံ့စွာဝင်‌ရောက်ရမည်မှလွဲ၍ အခြားမရှိ‌ပေ။ ထိုကဲ့သို့ ဖျက်ဆီးရန်ကြိုးပမ်းသူများအတွက် ဤဘဝတွင် ‌သေးသိမ်မှုနှင့် တမလွန်ဘဝတွင် ကြီး‌လေးသည့်အပြစ်ဒဏ်ရှိသည်။

    [115] ထို့ပြင် အ‌ရှေ့နှင့်အ‌နောက်(အပြင်ရှိသမျှအရာအားလုံး)သည် အရှင်မြတ်အတွက်သာဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်ဘက်သို့ပင် မျက်နှာမူသည်ဖြစ်‌စေ ထိုဘက်တွင် အရှင်မြတ်၏မျက်နှာ‌တော် ရှိ‌နေ‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို) ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [116] သူတို့(ယဟူဒီ၊ နတ်စွ်ရာနီများ)က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ‌ပြောဆိုခဲ့ကြသည်။ အရှင်မြတ်သည် ကင်းစင်သန့်ပြန့်‌တော်မူသည်။ အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထိုအရာအားလုံးသည် အရှင်မြတ်၏အမိန့်ကို နာခံ‌သောသူများဖြစ်ကြသည်။

    [117] အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စတင်ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် ကိစ္စရပ်တစ်ခုကို ပြဋ္ဌာန်း‌တော်မူသည့်အခါ ထိုကိစ္စရပ်ကို “ဖြစ်‌စေ“ဟု ‌ပြောလိုက်သည်နှင့် ထိုကိစ္စသည်ဖြစ်‌ပေါ်လာသည်။

    [118] ပညာမဲ့များက ‌ပြောဆိုခဲ့ကြသည်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အဘယ့်‌ကြောင့်(တိုက်ရိုက်)စကား‌ပြော‌တော်မမူပါသနည်း၊ သို့မဟုတ် ကျွန်ုပ်တို့ထံ (အံ့ဩဖွယ်ရာ) တန်ခိုး‌တော်တစ်ခုခု အဘယ့်‌ကြောင့်‌ရောက်ရှိမလာပါသနည်း။ ထိုသို့ပင် သူတို့မတိုင်မီလူများကလည်း သူတို့၏စကားကဲ့သို့ ‌ပြောဆိုခဲ့ကြသည်။ သူတို့၏စိတ်နှလုံးများသည် ဆင်တူယိုးမှားပင်ဖြစ်ခဲ့ကြသည်။ အမှန်မုချ ငါအရှင်မြတ်သည် ယုံကြည်မိသူများအတွက် အာယသ်‌တော်များကို ရှင်းလင်းဖွင့်ဆိုပြသ‌တော်မူပြီးဖြစ်သည်။

    [119] အမှန်မုချ ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ကို အမှန်တရားနှင့်တကွ သတင်း‌ကောင်း‌ပေးသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်(တမန်‌တော်)သည် ဂျဟန္နမ်ငရဲသားများနှင့်ပတ်သက်၍ အ‌မေးအမြန်းခံရမည်မဟုတ်‌ပေ။

    [120] ထို့ပြင် ယဟူဒီများနှင့်နတ်စွ်ရာနီများသည် သူတို့၏ဘာသာအယူဝါဒကို အသင်(တမန်‌တော်)မလိုက်နာသမျှ အသင်(တမန်‌တော်)ကို မည်သည့်အခါမှ ‌ကျေနပ်ကြမည်မဟုတ်‌ပေ။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းမှန်ညွှန်ကြားပြသမှုသာ လမ်းမှန်ညွှန်ကြားပြသမှုအစစ်ဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်(တမန်‌တော်)သည် အသင်၏ထံ အသိပညာ‌ရောက်ရှိပြီး‌နောက်မှ သူတို့၏အလိုဆန္ဒများ‌နောက်ကိုလိုက်ခဲ့မည်ဆိုလျှင် အသင်(တမန်‌တော်)အတွက် အလ္လာဟ်အရှင်မြတ်(၏အ‌ရေးယူမှု)မှ (လွတ်‌မြောက်‌စေရန်)ကာကွယ်‌စောင့်‌ရှောက်မည့်သူနှင့် ကူညီရိုင်းပင်းမည့်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။

    [121] အကြင်သူများအား ငါအရှင်မြတ်သည် ကျမ်း‌တော်ကို‌ပေးသနား‌တော်မူခဲ့သည်၊ ထိုသူများသည် ကျမ်း‌တော်ကိုရွတ်ဖတ်လိုက်နာထိုက်သည့်နည်းဖြင့် ဖတ်ရွတ်လိုက်နာကြသည်။* ထိုသူများပင် ကျမ်း‌တော်ကို အမှန်စင်စစ် ယုံကြည်သည့်သူများဖြစ်ကြသည်။ ၎င်းပြင် မည်သူမဆို ထိုကျမ်း‌တော်ကို ငြင်းပယ်လျှင် ထိုသူများသည်သာ ပျက်စီးဆုံးရှုံးမည့်သူများဖြစ်ကြသည်။

    [122] အို- အစ္စရာအီလ်မျိုးနွယ်ဝင်အ‌ပေါင်းတို့၊ ငါအရှင်မြတ်က အသင်တို့အ‌ပေါ် ‌ကျေးဇူးပြုထားသည့် ‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့ကို(အသင်တို့‌ခေတ်ရှိ) စကြဝဠာအားလုံးထက် ထူးကဲမြင့်မြတ်‌စေ‌တော်မူခဲ့သည်ကိုလည်း သတိရကြပါ။

    [123] ထို့ပြင် အသင်တို့သည် အကြင်‌နေ့ကို‌ကြောက်ရွံ့ပြီး (အသင်တို့ကိုယ်ကို ကာကွယ်ကြပါ၊) ထို‌နေ့တွင် မည်သူကမျှ မည်သူ့ကို မည်သည့်အရာတစ်ခုမျှ အကျိုးပြုနိုင်မည်မဟုတ်‌ပေ။ မည်သူ၏ထံကမှ အစားထိုးလဲလှယ်ယူခြင်းကိုလည်း လက်ခံခြင်းခံရမည် မဟုတ်‌ပေ။ မည်သူ၏အသနားခံ လိုက်လံ‌ပြော‌ပေးခြင်းမှလည်း အကျိုးရှိမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်‌ပေ။

    [124] ထို့ပြင် တစ်ခါက(တမန်‌တော်)အိဗ်ရာဟီမ်ကို ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အချို့ကိစ္စရပ်များနှင့်ပတ်သက်၍ စမ်းသပ်‌တော်မူသည့်အခါ ၎င်း(တမန်‌တော်)သည် ထိုကိစ္စရပ်များကို ပြည့်ဝစွာ‌ဆောင်ရွက်ခဲ့သည်။ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်။ အမှန်မုချ ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ကိုလည်း ူအများ၏ အိမာမ်‌ရှေ့‌ဆောင်အဖြစ် ခန့်အပ်‌တော်မူမည်။ ၎င်း(တမန်‌တော်)က ‌ပြောဆို(‌မေးမြန်း)ခဲ့သည်၊ ကျွန်ုပ်၏သား‌မြေးများထဲမှလည်း (အီမာမ်‌ရှေ့‌ဆောင် ခန့်အပ်‌တော်မူပါမည်‌လော)။ အရှင်မြတ်က မိန့်‌တော်မူခဲ့သည်၊ ငါအရှင်မြတ်၏ကတိ‌တော်သည် မတရားပြုလုပ်သည့်သူများနှင့် မသက်ဆိုင်‌ပေ။

    [125] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ကအ်ဗဟ်‌ကျောင်း‌တော်* ကို လူများအားလုံးအတွက် အကြိမ်ကြိမ်ပြန်လှည့်လာရသည့်‌နေရာအဖြစ်နှင့် ငြိမ်းချမ်းမှုခိုလှုံရာဌာနအဖြစ် ပြုလုပ်သတ်မှတ်‌တော်မူခဲ့သည်။ ၎င်းပြင် အသင်တို့သည် (တမန်‌တော်)အိဗ်ရာဟီမ်ရပ်တည်သည့်‌နေရာကို စွလာသ်ဝတ်ပြုရာ‌နေရာအဖြစ် ပြုလုပ်ကြပါ။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်နှင့် (တမန်‌တော်)အစ္စမာအီလ်တို့အား (ယခုကဲ့သို့)အမိန့်ချမှတ်‌တော်မူခဲ့သည်၊ အသင်တို့(တမန်‌တော်)နှစ်ဦးသည် (ငါအရှင်မြတ်၏အိမ်‌တော်ကို) သွဝါဖ် လှည့်ပတ်ဖူး‌မြော်ကြသူများ၊ အိအ်သိကာဖ် ဗလီထဲတွင် စွဲမြဲစွာ‌နေထိုင်လျက် အရှင်မြတ်၏နှစ်သက်မှုကို ရ‌အောင်ရှာ‌ဖွေသူများ၊ ရုကူအ် ကိုင်းညွတ်ရိုကျိုးသူများနှင့် စဂျ်ဒဟ် ဦးချသူများအတွက် ငါ၏အိမ်‌တော်ကို သန့်ပြန့်‌အောင် ရှင်းလင်းထားကြရမည်။

    [126] ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်က‌ပြောဆိုခဲ့သည်၊ အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ဤ‌ဒေသကို ငြိမ်းချမ်းသာယာသည့်မြ့ို‌တော်အဖြစ် ပြုလုပ်‌ပေး‌တော်မူပါ။ ၎င်းပြင် ဤမြ့ိုသူမြ့ိုသားများထဲမှ အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများအား သစ်သီးဝလံများထဲမှ စားနပ်ရိက္ခာများကို ‌ပေးသနား‌တော်မူပါ။ အရှင်မြတ်က အမိန့်‌တော်ရှိ‌တော်မူခဲ့သည်၊ ထို့ပြင် ငါအရှင်မြတ်သည် ငြင်းပယ်ခဲ့သူများအားလည်း အချိန်အနည်းငယ် အကျိုးခံစား‌စေ‌တော်မူမည်။ တမလွန်ဘဝ၌ ငါအရှင်မြတ်သည် သူတို့အား ငရဲမီး၏အပြစ်ဒဏ်ထဲသို့ အတင်းအကျပ် ‌မောင်းနှင်‌တော်မူမည်။ ထို့ပြင် (သူတို့၏)ခရီးလမ်းဆုံး‌နေရာသည် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။

    [127] ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်နှင့် (၎င်း၏သား‌တော် တမန်‌တော်)အစ္စမာအီလ်တို့သည် (ကအ်ဗဟ်)‌ကျောင်း‌တော်၏နံရံကို မြှင့်တင်(‌ဆောက်လုပ်)‌နေစဉ် (အရှင်မြတ်ထံ၌ ‌ပြောဆို‌လျှောက်ထားကြသည်) အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့ထံမှ(‌ကျောင်း‌ဆောက်လုပ်သည့်‌ကောင်းမှုကို) လက်ခံ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [128] ထို့ပြင် အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်၏အမိန့်ကို(ပြည့်ပြည့်ဝဝ)နာခံသူ မွတ်စ်လင်မ်နှစ်ဦးအဖြစ် ပြုလုပ်‌တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့၏ သားစဉ်‌မြေးဆက်ထဲမှလည်း အရှင်မြတ်၏အမိန့်ကို(ပြည့်ပြည့်ဝဝ)နာခံသူ မွတ်စ်လင်မ်အုပ်စုအဖြစ် ပြုလုပ်‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အိဗာဒသ်ကိုးကွယ်နည်းဥပ‌ဒေများကို ပြသ‌ပေး‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့(ဘက်သို့ ကရုဏာနှင့်လှည့်ပြီး ကျွန်ုပ်တို့)၏ ဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ် လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [129] ထို့ပြင် အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သူတို့ထဲတွင် သူတို့ထဲမှပင် ရစူလ်တမန်‌တော်တစ်ပါးကို ပွင့်‌ပေါ်‌စေ‌တော်မူပါ၊ ထိုတမန်‌တော်သည် သူတို့၏‌ရှေ့‌မှောက်၌ အရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ရွတ်မည်၊ သူတို့အား ကျမ်းဂန်နှင့်တကွ ပညာဉာဏ်အ‌မြော်အမြင်ကိုလည်း သင်ကြား‌ပေးမည်၊ ထို့‌နောက် သူတို့အား စင်ကြယ်‌သောသူများဖြစ်‌အောင်လည်း ပြုလုပ်‌ပေးမည်။* စင်စစ်အရှင်မြတ်သည်သာ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူပါသည်။

    [130] မိမိကိုယ်မိမိအသိဉာဏ်မရှိ မိုက်မဲသူဖြစ်‌အောင်လုပ်သူမှလွဲ၍ မည်သူသည် (တမန်‌တော်)အိဗ်ရာဟီမ်၏သာသနာ*မှ လွှဲ‌ရှောင်သွားမည်နည်း။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်ကို ဤ‌လောကတွင် (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူခဲ့သည့်အပြင် တမလွန်ဘဝတွင်လည်း အမှန်စင်စစ် ၎င်းသည် ‌ကောင်းမြတ်သူများထဲမှဖြစ်လိမ့်မည်။

    [131] တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်ကို ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က အမိန့်ရှိ‌တော်မူခဲ့သည်၊ အသင်သည် အမိန့်နာခံသူ(မွတ်စ်လင်မ်)ဖြစ်လိုက်ပါ။ (တမန်‌တော်)အိဗ်ရာဟီမ်က ‌ပြောခဲ့သည်၊ ကျွန်ုပ်သည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို နာခံပြီးဖြစ်ပါသည်။

    [132] ထို့ပြင် (တမန်‌တော်)အိဗ်ရာဟီမ်နှင့် (တမန်‌တော်)ယအ်ကူဗ်တို့သည် ထိုအ‌ကြောင်းနှင့်ပတ်သက်၍ ၎င်းတို့၏သားများကို မှာကြားခဲ့သည်၊ အို-ငါ့သားအ‌ပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အစ္စလာမ်သာသနာကို ‌ရွေးချယ်‌တော်မူပြီးဖြစ်သည့်အတွက် အသင်တို့သည် အမိန့်နာခံသည့် မွတ်စ်လင်မ်များဖြစ်လျက်နှင့်သာ ‌သေဆုံးကြပါ။

    [133] အသင်တို့သည် (တမန်‌တော်)ယအ်ကူဗ်ကွယ်လွန်ခါနီး၌ အသင့်‌ရောက်ရှိ‌နေခဲ့ကြပါသ‌လော၊ တစ်ခါက ၎င်း(တမန်‌တော်ယအ်ကူဗ်)သည် ၎င်း၏သားများကို ‌ပြောခဲ့သည်၊ ငါ၏‌နောက်တွင် အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြမည်နည်း။ သူတို့က ‌ပြောဆိုခဲ့ကြသည်၊ ကျွန်ုပ်တို့သည် ဖခင်နှင့်တကွ ဖခင်၏ဘိုး၊‌ဘေးများဖြစ်သည့် (တမန်‌တော်)အိဗ်ရာဟီမ်၊ (တမန်‌တော်)အစ္စမာအီလ်နှင့် (တမန်‌တော်)အစ္စဟာက်တို့၏ ကိုးကွယ်ရာအရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်ကြပါမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်၏ အမိန့်နာခံသူ(မွတ်စ်လင်မ်)များဖြစ်ကြပါသည်။

    [134] ၎င်းသည် ကုန်လွန်သွားခဲ့သည့် အုပ်စုတစ်စုဖြစ်သည်၊ သူတို့ ဆည်းပူးရှာ‌ဖွေခဲ့‌သောအရာများသည် သူတို့အတွက်ဖြစ်ပြီး အသင်တို့ ဆည်းပူးရှာ‌ဖွေခဲ့‌သောအရာများသည် အသင်တို့အတွက်သာဖြစ်သည်။ ထို့‌နောက် သူတို့ပြုကျင့်ခဲ့သည့်အရာများနှင့် စပ်လျဉ်း၍ အသင်တို့သည် ‌မေးမြန်းခြင်းခံကြရမည်မဟုတ်‌ပေ။

    [135] ထို့ပြင် သူတို့က‌ပြောခဲ့ကြသည်၊ အသင်တို့သည် ယဟူဒီဘာသာဝင် သို့မဟုတ် နတ်စ်ွရာနီဘာသာဝင်‌တွေဖြစ်ကြပါ။ သို့မှသာ အသင်တို့သည် တရားလမ်းမှန်ကို ရကြမည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ (အသင်တို့‌ပြောသကဲ့သို့ မည်သည့်အခါမှ ဖြစ်ကြမည်)မဟုတ်‌ပေ၊ အမှန်စင်စစ် (ငါတို့သည် ‌ကွေ့‌ကောက်ခြင်းမရှိ‌သော) ‌ဖြောင့်မတ်မှန်ကန်သည့် (တမန်‌တော်)အိဗ်ရာဟီမ်၏သာသနာ(အစ္စလာမ်)ကို (ယုံကြည်လိုက်နာကြ‌သောသူများဖြစ်ကြမည်။) ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများထဲတွင် မပါဝင်ခဲ့‌ပေ။

    [136] အသင်တို့သည် (ဤသို့)‌ပြောဆိုကြပါ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို အီမာန်ယုံကြည်ခဲ့ကြပါသည်၊ ၎င်းပြင် ကျွန်ုပ်တို့ထံ ချ‌ပေးခြင်းခံရသည့်အရာ(ကုရ်အာန်ကျမ်း‌တော်မြတ်)အပြင် (တမန်‌တော်)အိဗ်ရာဟီမ်၊ (တမန်‌တော်)အစ္စမာအီလ်၊ (တမန်‌တော်)အစ္စဟာက်၊ (တမန်‌တော်)ယအ်ကူဗ်နှင့် ၎င်း၏အမျိုးအနွယ် သား‌မြေးများထံသို့ ချ‌ပေးခြင်းခံရသည့်အရာ(ကျမ်းများ၊ တရား‌ဒေသနာများ)ကိုလည်း ယုံကြည်ခဲ့ကြပါသည်။ ၎င်းပြင် (တမန်‌တော်)မူစာနှင့် (တမန်‌တော်)အီစာတို့ကို ချ‌ပေးခြင်းခံရသည့်အရာ(ကျမ်းများ)ကိုလည်း ယုံကြည်ခဲ့ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် တမန်‌တော်များအားလုံးထံသို့ ၎င်းတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ချ‌ပေးခြင်းခံရသည့်အရာ(တရား‌ဒေသနာများ)ကိုလည်း ယုံကြည်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် တမန်‌တော်များ၏ကြားထဲတွင် မည်သူ့ကိုမှ ခွဲခြားခြင်းမပြုကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်‌တော်ကို နာခံ‌သောသူများသာ ဖြစ်ကြပါသည်။

    [137] ထို့‌နောက် အကယ်၍ သူ(ယဟူဒီနှင့် နတ်စ်ွရာနီ)တို့သည် အသင်တို့(စွဟာဗဟ်များ) အီမာန်ယုံကြည်ကြသကဲ့သို့ ယုံကြည်ခဲ့ကြလျှင် သူတို့သည်လည်း တရားလမ်းမှန်ကို အမှန်စင်စစ် ရရှိကြလိမ့်မည်။ ထို့‌နောက် အကယ်၍ သူတို့သည် ‌ကျောခိုင်းမျက်နှာလွှဲသွားကြလျှင် အမှန်စင်စစ် သူတို့သည် ကွဲပြားဆန့်ကျင်မှုထဲ၌ပင် ရှိ‌နေကြ‌ပေမည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)အား သူတို့(၏ရန်ပြုမှု)မှ အလ္လာဟ်အရှင်မြတ်(၏ကူညီ‌စောင့်‌ရှောက်မှု)သည် လုံ‌လောက်‌စေ‌တော်မူလိမ့်မည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [138] (အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်မှုဖြစ်သည့် ‌သောင်ဟီဒ်ဟူ‌သော) အလ္လာဟ်အရှင်မြတ်၏‌ဆေး‌ရောင်ကို (အရှင်မြတ်က ကျွန်ုပ်တို့အား ခြယ်သ‌တော်မူခဲ့သည်)။* ထို့ပြင် အရှင်မြတ်ထက်သာပို၍ ‌ဆေး‌ရောင်ခြယ်သနိုင်သူ မည်သူရှိဦးမည်နည်း။ ၎င်းပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်သူများဖြစ်ကြသည်။

    [139] (အို-တမန်‌တော်)အသင်သည် (ယဟူဒီများကို)‌ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူပါလျက်နှင့် ကျွန်ုပ်တို့အား အငြင်းအခုံ ပြုလုပ်‌နေကြပါသ‌လော။ ထို့ပြင် ကျွန်ုပ်တို့၏လုပ်ရပ်များသည် ကျွန်ုပ်တို့အတွက်ဖြစ်၍ အသင်တို့၏လုပ်ရပ်များသည် အသင်တို့အတွက်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်ကိုသာ စိတ်‌စေတနာဖြူစင်မှုဖြင့် တစ်စိတ်တစ်လက်တည်း ကိုးကွယ်သူများဖြစ်ကြသည်။

    [140] အမှန်စင်စစ် (တမန်‌တော်များဖြစ်ကြသည့်)အိဗ်ရာဟီမ်၊အစ္စမာအီလ်၊အစ္စဟာက်၊ယအ်ကူဗ်နှင့် သားစဉ်‌မြေးဆက်များသည် ယဟူဒီ သို့မဟုတ် နတ်စ်ွရာနီဘာသာဝင်များ ဖြစ်ကြသည်ဟူ၍ အသင်တို့‌ပြောဆိုကြသ‌လော။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အသင်တို့သည် ပိုမိုသိကြသ‌လော၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည်ပင် ပိုသိ‌တော်မူပါသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံမှ (ရရှိထားပြီး)သူ၏ထံတွင်ရှိ‌နေသည့် သက်‌သေအ‌ထောက်အထားကို ထိမ်ချန်လျှို့ဝှက်‌သောသူထက် သာပိုမတရားသူသည် မည်သူရှိဦးမည်နည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြသည့် ကိစ္စများကို ‌မေ့‌လျော့‌တော်မူမည့်အရှင်လည်း မဟုတ်‌ပေ။

    [141] ၎င်းသည် အမှန်ပင် ကုန်လွန်သွားခဲ့သည့် အုပ်စုတစ်စုဖြစ်သည်၊ သူတို့ ဆည်းပူးရှာ‌ဖွေခဲ့‌သောအရာများသည် သူတို့အတွက်ဖြစ်ပြီး အသင်တို့ ဆည်းပူးရှာ‌ဖွေခဲ့‌သောအရာများသည် အသင်တို့အတွက်ပင်ဖြစ်သည်။ ထို့‌နောက် သူတို့ပြုလုပ်ခဲ့သည့်လုပ်ရပ်များနှင့် စပ်လျဉ်း၍ အသင်တို့သည် ‌မေးမြန်းခြင်းခံကြရမည်မဟုတ်‌ပေ။ (လူတိုင်းသည် မိမိတို့ပြုမူခဲ့သည်များ၏အစားကိုသာ ခံကြရမည်ဖြစ်သည်။)

    [142] မကြာမီ လူများအနက်မှ မသိမိုက်မဲသူများသည် (ယခုကဲ့သို့)‌ပြောကြလိမ့်မည်၊ မည်သည့်အရာက ထိုမွတ်စ်လင်မ်များအား သူတို့၏မူလ မျက်နှာမူရာအရပ်မှ ‌ပြောင်းလဲ‌အောင်လုပ်လိုက်သနည်း။ (အို-တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အ‌ရှေ့‌နေထွက်ရာအရပ်နှင့် အ‌နောက်‌နေဝင်ရာအရပ်ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကိုသာ ‌ဖြောင့်မတ်မှန်ကန်သည့်လမ်းကို ညွှန်ကြားပြသ‌တော်မူသည်။

    [143] ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်သည် အသင်တို့အား လူများအတွက်(စံပြ) အသိသက်‌သေများဖြစ်‌စေရန်နှင့် ရစူလ်တမန်‌တော်(မုဟမ္မဒ်-ဆွ)သည်လည်း အသင်တို့အတွက် (စံပြ) အသိသက်‌သေများဖြစ်‌စေရန် အလယ်အလတ်*ကျသည့်အုပ်စုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်မျက်နှာမူခဲ့သည့် ကိဗ်လဟ်ကို (ကိဗ်လဟ်အဖြစ်) ပြုလုပ်‌တော်မူခဲ့သည့်အ‌ကြောင်းမှာ အခြားအတွက်မဟုတ်၊ တမန်‌တော်၏အမိန့်ကို လိုက်နာသူနှင့် (တမန်‌တော်၏အမိန့်ကို မလိုက်နာဘဲ) မိမိ၏‌ခြေဖ‌နောင့်ဘက်(‌ကျောခိုင်း) ပြန်လှည့်သွားသူကို ငါအရှင်မြတ်(ခွဲခြား)သိ‌တော်မူရန်အတွက်သာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ဤ(ကိဗ်လဟ်‌ပြောင်းလဲသည့်)ကိစ္စသည် အရှင်မြတ်က တရားလမ်းမှန်ညွှန်ကြားပြသထား‌သော သူများမှလွဲ၍ (အခြားသူများအတွက်) အလွန်ကြီး‌လေးသည့်ကိစ္စဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ယုံကြည်မှုကို အကျိုးမဲ့ဖြစ်‌စေရန် (ဤကဲ့သို့ ကိဗ်လဟ်‌ပြောင်းလဲခြင်း အမိန့်ထုတ်ပြန်ခြင်း) မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအ‌ပေါ်တွင် အလွန်ကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [144] အသင်(တမန်‌တော်)သည် မိုး‌ကောင်းကင်ဘက်သို့ အကြိမ်ကြိမ် မျက်နှာ‌မော်ကြည့်‌နေသည်ကို ငါအရှင် အမှန်စင်စစ်မြင်‌နေ‌တော်မူသည်။ ထို့အတွက် ငါအရှင်သည် အသင်(တမန်‌တော်)နှစ်သက်သည့် ကိဗ်လဟ်ဘက်သို့ အသင်(တမန်‌တော်)အား အမှန်စင်စစ် လှည့်‌ပေး‌တော်မူမည်။ ထို့အတွက်‌ကြောင့် အသင်(တမန်‌တော်)သည် (ယခုအချိန်က စပြီး) အသင်၏မျက်နှာကို မတ်စ်ဂျိဒိဟရာမ်(ကအ်ဗဟ်‌ကျောင်း‌တော်)ဘက်သို့ လှည့်လိုက်ပါ။ ထို့ပြင် အသင်တို့သည် မည်သည့်အရပ်‌ဒေသ၌ပင်ရှိသည်ဖြစ်‌စေ (စွလာသ်ဝတ်ပြုသည့်အခါ) ထို မတ်စ်ဂျိဒိဟရာမ်ဘက်သို့သာ အသင်တို့၏မျက်နှာများကို လှည့်ကြပါ။ ထို့ပြင် အမှန်စင်စစ် ကျမ်းရသူများက ထိုအမိန့်‌တော်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံမှ အမှန်ပင်ဖြစ်‌ကြောင်း မုချသိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြသည့် ကိစ္စရပ်များကို ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [145] ထို့ပြင် အမှန်စင်စစ် အကယ်၍ အသင်(တမန်‌တော်)သည် သက်‌သေလက္ခဏာဟူသမျှကို ကျမ်းရထားသူများ‌ရှေ့၌ ယူ‌ဆောင်လာလျှင်လည်း သူတို့သည် အသင်၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာကြမည် မဟုတ်‌ပေ။ အသင်သည်လည်း သူတို့၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာမည့်သူ မဟုတ်‌ပေ။ သူတို့အချင်းချင်းသည်လည်း အချို့သည် အချို့၏မျက်နှာမူရာ ကိဗ်လဟ်ကို လိုက်နာကြ‌သောသူများ မဟုတ်ကြ‌ပေ။ သို့ဖြစ်ရာ (အရှင်မြတ်ထံမှ မှန်ကန်သည့်)အသိပညာများသည် အသင်(တမန်‌တော်)ထံသို့ ‌ရောက်ပြီး‌နောက်မှ အသင်သည် သူတို့၏အလိုဆန္ဒများကို လိုက်‌လျောခဲ့လျှင် အမှန်စင်စစ် အသင်သည် အပြစ်ကျူးလွန်သူများထဲတွင် အပါအဝင်ဖြစ်သွားလိမ့်မည်။

    [146] ငါအရှင်မြတ်က ကျမ်းဂန်ချီးမြှင့်‌ပေးသနားထားသည့်သူများသည် သူတို့၏သား‌မြေးများကို သိရှိ(မှတ်မိ)ကြသကဲ့သို့ ထိုတမန်‌တော်(မုဟမ္မဒ်-ဆွ)ကိုလည်း သိရှိ(မှတ်မိ)ကြသည်။* ထို့‌နောက် အမှန်စင်စစ် သူတို့ထဲမှ လူတစ်စုသည် အမှန်ကိုသိပါလျက် ထိမ်ချန်လျှို့ဝှက်ထားကြသည်။

    [147] (မျက်နှာမူရာအရပ်နှင့်ပတ်သက်သည့် အမိန့်‌တော်)အမှန်သည် အသင်(တမန်‌တော်)ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ (လာသည့်)အမိန့်ပင်ဖြစ်သည်။ ထို့‌ကြောင့် အသင်(တမန်‌တော်)သည် သံသယဖြစ်သူများထဲတွင် မပါဝင်ပါနှင့်။

    [148] ထို့ပြင် လူမျိုးတိုင်းတွင်(မျက်နှာမူရာ)အရပ်တစ်ခုစီရှိ၏။ သူတို့သည်(ဝတ်ပြုသည့်အခါ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူ‌လေ့ရှိကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ‌ကောင်းမှုကုသိုလ်ကို သူ့ထက်ငါသာ‌အောင် အပြိုင်အဆိုင်ပြုလုပ်ကြပါ။ အသင်တို့သည် မည်သည့်အရပ်၌ပင်ရှိသည်ဖြစ်‌စေ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားလုံးကို စုရုံး‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [149] ထို့ပြင် အသင်(တမန်‌တော်)သည် မည်သည့်‌နေရာသို့ထွက်သည်ဖြစ်‌စေ (မည်သည့်‌နေရာ၌ပင်ရှိသည်ဖြစ်‌စေ) အသင်၏မျက်နှာကို (စွလာသ်ဝတ်ပြုသည့်အခါ) မတ်စ်ဂျိဒိဟရာမ်‌ကျောင်း‌တော်ဘက်သို့လှည့်ပါ။ အမှန်စင်စစ် ထိုအမိန့်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ (လာသည့်အမိန့်) အမှန်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူကြသည့် အရာများမှ ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [150] ထို့ပြင် အသင်(တမန်‌တော်)သည် မည်သည့်‌နေရာသို့ထွက်သည်ဖြစ်‌စေ အသင်၏မျက်နှာကို (စွလာသ်ဝတ်ပြုသည့်အခါ) မတ်စ်ဂျိဒိဟရာမ်‌ကျောင်း‌တော်ဘက်သို့လှည့်ပါ။ အသင်တို့သည်လည်း မည်သည့်‌နေရာ၌ပင်ရှိသည်ဖြစ်‌စေ အသင်တို့၏မျက်နှာများကို (စွလာသ်ဝတ်ပြုသည့်အခါ) မတ်စ်ဂျိဒိဟရာမ်‌ကျောင်း‌တော်ဘက်သို့လှည့်ကြပါ။ (ဤကဲ့သို့ အမိန့်ချ‌တော်မူခြင်းသည်) အသင်တို့အ‌ပေါ်တွင် လူများ၏‌စောဒကတက်ခြင်း မရှိရန်အတွက်ဖြစ်သည်။* သို့ရာတွင် သူတို့ထဲမှ မတရားပြုလုပ်‌သောသူများကမူ*၊ (‌စောဒကတက်‌နေကြဦးမည်ဖြစ်သည်)။ သို့ဖြစ်ရာ အသင်တို့သည် သူတို့အား လုံးဝမ‌ကြောက်ကြဘဲ ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။ ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့အ‌ပေါ် ငါအရှင်မြတ်၏‌ကျေးဇူး‌တော်ကို ပြည့်စုံ‌စေ‌တော်မူရန်နှင့် အသင်တို့သည် လမ်းမှန်ကိုရရှိကြရန်အတွက် (ဤကဲ့သို့ အမိန့်ချ‌တော်မူခြင်းဖြစ်သည်)။

    [151] (ထိုသို့ အသင်တို့၏ ကိဗ်လဟ်ကို ကအ်ဗဟ်‌ကျောင်း‌တော်ဘက်သို့လှည့်‌ပေးထား၍ အရှင်မြတ်၏‌ကျေးဇူး‌တော်များကို ပြည့်စုံ‌အောင်လုပ်‌ပေးကာ အသင်တို့ လမ်းမှန်ရရှိသွား‌စေရန် ‌ကျေးဇူးပြု‌တော်မူခြင်းသည် ဤ‌ကျေးဇူးမတိုင်မီ၌) ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်တို့ထဲမှ တမန်‌တော်တစ်ပါး‌စေလွှတ်(ပြီး‌ကျေးဇူးပြု)‌တော်မူသကဲ့သို့ပင်ဖြစ်သည်။ ထိုတမန်‌တော်သည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို အသင်တို့‌ရှေ့၌ ဖတ်ရွတ်သည်။ ၎င်းပြင် အသင်တို့အား(မ‌ကောင်းမှုများမှ)သန့်စင်‌အောင်ပြု‌ပေးသည်။ ထို့ပြင် အသင်တို့အား ကျမ်းဂန်နှင့် ပညာဉာဏ်‌မြော်အမြင်ကို သင်‌ပေးသည်။* ထို့ပြင် အသင်တို့မသိခဲ့‌သောအရာများကိုလည်း သင်‌ပေးသည်။

    [152] သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား သတိရကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့အား သတိရ‌တော်မူမည်။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏‌ကျေးဇူး‌တော်ကို သိကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်အား ‌ကျေးဇူးမကန်းကြနှင့်။

    [153] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် သည်းခံခြင်း၊ စွလာသ်ဝတ်ပြုခြင်းတို့ဖြင့် (အရှင်မြတ်ထံတွင်) အကူအညီ‌တောင်းကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သည်းခံသူများနှင့်အတူတကွ ရှိ‌တော်မူသည်။

    [154] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသတ်ခံရသူများကို ‌သေသူများဟုမ‌ပြောကြနှင့်။ အမှန်စင်စစ် သူတို့သည် (အရှင်မြတ်ထံတွင်)ရှင်‌နေသူများသာ ဖြစ်ကြသည်။ သို့ရာတွင် အသင်တို့ မသိနိုင်ကြ‌ပေ။

    [155] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်စုံတစ်ခု‌သောအရာဖြင့် စမ်းသပ်‌တော်မူမည်။ ‌ကြောက်ရွံ့စိုးရိမ်မှုဖြင့်လည်း‌ကောင်း၊ ငတ်မွတ်မှုဖြင့်လည်း‌ကောင်း၊ ပစ္စည်းဥစ္စာ‌လျော့နည်းဆုံးရှုံးမှုဖြင့်လည်း‌ကောင်း၊ အသက်ဆုံးရှုံးဖြင့်လည်း‌ကောင်း၊ ‌ကောက်ပဲသီးနှံများ ပျက်စီးမှုဖြင့်လည်း‌ကောင်း စမ်းသပ်‌တော်မူမည်။ ၎င်း‌နောက် အသင်(တမန်‌တော်)သည် သည်းခံသူများအား သတင်း‌ကောင်း‌ပေးလိုက်ပါ။

    [156] ထိုသူများသည် သူတို့အ‌ပေါ် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်လာသည့်အခါ (ဤသို့)‌ပြောဆိုကြသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ကြပြီး အမှန်စင်စစ် ကျွန်ုပ်တို့သည် အရှင်မြတ်ထံသို့ ပြန်သွားကြရမည့်သူများသာ ဖြစ်ကြသည်။

    [157] ထိုသူများအ‌ပေါ်၌ပင် သူတို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ‌ကောင်းချီးမဂင်္လာများနှင့် သနားကရုဏာရှိသည်။ ထို့ပြင် သူတို့ပင် တရားလမ်းမှန်ကို ရရှိသူများဖြစ်ကြသည်။

    [158] အမှန်စင်စစ် စဖွာနှင့် မရ်ဝဟ်‌တောင်*သည် အလ္လာဟ်အရှင်မြတ်၏ ထင်ရှား‌သောအထိမ်းအမှတ်များ*အနက်မှဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အိမ်‌တော်(ကအ်ဗဟ်‌ကျောင်း‌တော်)သို့ ဟဂျ်ပြုလုပ်*ရန် သို့မဟုတ် အွမ္မရဟ်ပြုလုပ်*ရန်သွားလျှင် ထိုသူတို့အ‌ပေါ်တွင် ထို‌တောင်နှစ်ခုကြား(စအီပြုလုပ်)သွားလာခြင်း*သည် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် မည်သူမဆို ‌စေတနာအ‌လျောက် ‌ကောင်းမှုတစ်ခုခုပြုလုပ်လျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်နာခံသူကို အလွန်‌ကျေးဇူးပြု အစား‌ပေး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [159] အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော ထင်ရှားသည့်အ‌ထောက်အထားများနှင့် လမ်းမှန်ညွှန်ကြားပြသချက်များကို ငါအရှင်မြတ်သည် လူများအတွက် ကျမ်းဂန်ထဲတွင် ရှင်းလင်းစွာ ‌ဖော်ပြထားပြီး‌နောက်မှပင် ထိမ်ချန်လျှို့ဝှက်ထားကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူသည်။ ထို့ပြင် ကျိန်ဆဲသူများကလည်း သူတို့အား ကျိန်ဆဲကြသည်။

    [160] သို့ရာတွင် အကြင်သူများသည် ဝန်ချ‌တောင်းပန်ကြမည်၊ ထို့‌နောက် ပြုပြင်ပြီး‌နေကြမည်၊ ၎င်းပြင် (အမိန့်‌တော်များကို) ရှင်းလင်းထုတ်‌ဖော်‌ပြောကြမည်ဆိုလျှင် ငါအရှင်မြတ်သည် ထိုသို့‌သောသူများ၏ ‌သောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [161] အမှန်စင်စစ် အကြင်သူများသည် ‌သွေဖည်ငြင်းပယ်ပြီး ကာဖိရ်အဖြစ်နှင့် ‌သေဆုံးခဲ့ကြသည်။ (သို့ဖြစ်လျှင်) အလ္လာဟ်အရှင်မြတ်အပြင် ‌ကောင်းကင်တမန်များနှင့် လူများအားလုံးတို့၏ ကျိန်ဆဲခြင်းတို့သည် ထိုသူများအ‌ပေါ်တွင်ရှိသည်။

    [162] သူတို့သည် ထိုအထဲ၌ပင် အမြဲ‌နေရမည့်သူများဖြစ်ကြသည်။ သူတို့ထံမှ အပြစ်ဒဏ်သည် ‌ပေါ့ပါးသွားမည်လည်းမဟုတ်သည့်အပြင် အချိန်ဆိုင်းငံ့ခြင်းလည်းခံရမည် မဟုတ်‌ပေ။

    [163] ထို့ပြင် တစ်ပါးတည်းတည်ရှိ‌တော်မူသည့် ကိုးကွယ်ထိုက်‌သောအရှင်သာ အသင်တို့၏အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထိုအရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [164] အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ပထဝီ‌မြေကို ဖန်ဆင်း‌တော်မူခြင်းတွင်၊ ‌နေ့နှင့်ည‌ပြောင်းလဲ‌နေခြင်းတွင်၊ လူသားများအား အကျိုးဖြစ်ထွန်း‌စေ‌သောအရာများတင်‌ဆောင်ပြီး ပင်လယ်ထဲ၌ သွားလာ‌နေသည့်သ‌ဘေင်္ာများတွင်၊ (‌ခြောက်ကပ်)‌သေပြီးဖြစ်သည့် ‌မြေကြီးကို ရှင်သန်(စိမ်းလန်း)‌စေရန် မိုး‌ကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်း‌စေသည့်မိုး‌ရေတွင်၊ ထို(အမှန်ပင် စိမ်းလန်းရှင်သန်သွားသည့်)‌မြေကြီး‌ပေါ် တိရစာ္ဆန်အမျိုးမျိုးကို ‌ပေါက်ဖွားပြန့်နှံ့‌စေ‌တော်မူခဲ့ရာတွင်၊ ထို့ပြင် ‌လေများကို ‌ပြောင်း‌ရွှေ့‌ရွေ့လျား‌စေခြင်းတွင်၊ မိုးနှင့်‌မြေကြား၌(သွားလာရန်)အမိန့်နာခံ‌နေသည့်မိုးတိမ်များတွင် နာလည်တတ်သည့်၊ အသိဉာဏ်ရှိ‌သောသူများအတွက် (အရှင်မြတ်၏)သက်‌သေလက္ခဏာများ*ရှိသည်။

    [165] ထို့ပြင် လူများတွင် အချို့သည် အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြီး အခြားအရာ(ရုပ်တု၊ အကြီးအကဲ)များကို တွဲဖက်ကိုးကွယ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်မြတ်နိုးသကဲ့သို့ ထိုအရာများကို ချစ်ခင်မြတ်နိုးကြသည်။ ၎င်းပြင် အီမာန်ယုံကြည်ကြသူများမှာမူ အလ္လာဟ်အရှင်မြတ်ကိုသာ အလွန်ချစ်ခင်မြတ်နိုးကြသည်။ ထို့ပြင် (အရှင်မြတ်နှင့်တွဲဖက်ပြီး) မတရားကျူးလွန်သည့်သူများသည် အရှင်မြတ်၏အာဇာဗ် အပြစ်ဒဏ်ကိုမြင်သည့်အခါ အင်အားဟူသမျှသည် အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူ‌ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သည့်အပြစ်ဒဏ်ခတ်‌တော်မူ‌သောအရှင် ဖြစ်‌ကြောင်းကို သူတို့(သိရှိလိုက်ရသကဲ့သို့ ဤဘဝ၌ကတည်းက) အကယ်၍(ကြိုတင်)သိမြင်ကြလျှင် ‌ကောင်း‌လေစွ။

    [166] တစ်ချိန်(ကိယာမသ်‌နေ့)တွင် ‌ခေါင်း‌ဆောင်များသည် သူတို့၏‌နောက်လိုက်များကို စွန့်ပစ်ကြလိမ့်မည်။ ထို့ပြင် သူတို့(အားလုံး)သည် အပြစ်ဒဏ်များကို မြင်ကြလိမ့်မည်။ ထို့‌နောက် သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှုများလည်း ပြတ်‌တောက်သွားလိမ့်မည်။

    [167] ထို့ပြင် ‌နောက်လိုက်တပည့်များက ‌ပြောဆိုကြမည်၊ အကယ်၍ ငါတို့သည် (‌လောကသို့) တစ်ကြိမ် ပြန်လှည့်ခွင့်ရလျှင် ‌ကောင်း‌လေစွ။ သို့ဖြစ်လျှင် ထို‌ခေါင်း‌ဆောင်များသည် ငါတို့အား စွန့်ပစ်သွားကြသကဲ့သို့ ငါတို့သည်လည်း သူတို့အား စွန့်ပစ်လိုက်ကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ပင် သူတို့၏အပြုအမူများကို သူတို့အ‌ပေါ်တွင် ‌ကြေကွဲဖွယ်ရာအဖြစ် ပြသ‌တော်မူမည်။ ၎င်း‌နောက် သူတို့သည် ငရဲမီးထဲမှ ထွက်ကြရမည့်သူများမဟုတ်ကြ‌ပေ။

    [168] အို- လူသားအ‌ပေါင်းတို့၊ အသင်တို့သည် ကမာ္ဘ‌မြေ‌ပေါ်တွင်ရှိသည့် အရာများထဲမှ စားပိုင်ခွင့်ပြုထားသည့်*သန့်ပြန့်‌သောအရာများကို စားသုံးကြပါ။ ထို့‌နောက် အသင်တို့သည် ရှိုင်သွာန်၏‌လျှောက်လှမ်းမှုများအတိုင်း (ဖဝါး‌ခြေထပ်)မလိုက်ကြနှင့်။* အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။

    [169] (အဘယ့်‌ကြောင့်ဆို‌သော်)သူ(ရှိုင်သွာန်)သည် အသင်တို့အား မ‌ကောင်းမှုများနှင့် စက်ဆုပ်ဖွယ်ရာကိစ္စများဖြင့်လည်း‌ကောင်း၊ အသင်တို့သည် အသင်တို့မသိသည့်ကိစ္စရပ်များကို အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်ပြစ်တင်‌ပြောဆိုရန်အတွက်လည်း‌ကောင်း* အမိန့်‌ပေး လှုံ့‌ဆော်‌နေသူသာဖြစ်သည်။

    [170] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအရာ(တရား‌တော်)များကို လိုက်နာကြပါဟု သူတို့ကို ‌ပြောဆိုခံကြရသည့်အခါ သူတို့က‌ပြောဆိုကြသည်၊ ထိုသို့ လိုက်နာမည်မဟုတ်ပါ၊ အမှန်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊‌ဘေးများလိုက်နာ‌နေသည်ကို ကျွန်ုပ်တို့‌တွေ့ခဲ့ရသည့်အရာကိုသာ လိုက်နာကြမည်။* အကယ်၍ သူတို့၏ဘိုး၊‌ဘေးများသည် မည်သည့်အရာမှမသိကြသည့်အပြင် လမ်းမှန်ရသည့်သူများ မဟုတ်ကြလျှင်လည်း(သူတို့‌နောက်ကိုသာလိုက်ကြမည်‌လော)။

    [171] ကာဖိရ်ငြင်းပယ်သူများ၏ပမာသည် ‌ခေါ်သံနှင့်‌အော်ဟစ်သံမှလွဲ၍ မည်သည့်အရာကိုမျှ မကြားသည့်(တိရစာ္ဆန်‌ကျောင်းသည့်သူ၏)တိရစာ္ဆန်များကို ဟစ်‌အော်သံနှင့်တူသည် (မည်သည့်အရာကိုမျှ နားလည်ခြင်းမရှိ‌ပေ)*။ သူတို့သည် နားပင်းသူများ၊ ဆွံ့အသူများ၊ မျက်ကန်းများသာဖြစ်ကြသည်။ သို့ဖြစ်‌ပေရာ သူတို့သည်(မည်သည့်အရာကိုမျှ) မသိနားမလည်ကြ‌ပေ။

    [172] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ်‌ပေးသနား‌တော်မူထားသည့် သန့်ပြန့်‌သောအရာများထဲမှ စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခဲ့ကြသည်ဆိုလျှင် ထိုအရှင်မြတ်အား ‌ကျေးဇူးတင်ကြပါ။

    [173] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အ‌သေ‌ကောင်၊*(ယိုစီးပြီးသည့်)‌သွေး၊*ဝက်သား*နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများအတွက် ရည်စူး(သတ်ဖြတ်ထား)သည့် သား‌ကောင်များ*ကိုသာ အမှန်စင်စစ် တားမြစ်ထား‌တော်မူသည်။ သို့ရာတွင် (အစားအစာမရရှိ၍ အသက်စိုးရိမ်ရသည်အထိ) အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသူသည် (အရသာခံချင်သည့်)မက်‌မောခုံမင်သူလည်းမဟုတ်ဘဲ၊ (လိုသည်ထက် ပိုစားသည့်)အစားကျူးသည်လည်းမဟုတ်ဘဲ (မ‌သေရုံစားခဲ့လျှင်)* ထိုသူ၏အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [174] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူသည့်ကျမ်းဂန်ကို ထိမ်ချန်ပြီး ထိုကျမ်းဂန်ကို အဖိုးအခအနည်းငယ်နှင့် လဲလှယ်‌ရောင်းချသူများသည် သူတို့၏ဗိုက်များထဲတွင် မီးကလွဲ၍ အခြားမည်သည့်အရာကိုမျှ စား‌သောက်ဖြည့်တင်း‌နေကြခြင်းမဟုတ်‌ပေ။ ထို့ပြင် ကိယာမသ်ရှင်ပြန်ထရမည့်‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား(အ‌ရေးလုပ်၍)စကား‌ပြောမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အား စင်ကြယ်‌အောင်လုပ်‌ပေးမည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ပြင်းပြနာကျင်‌စေသည့် အပြစ်ဒဏ်လည်းရှိသည်။

    [175] ထိုသူများသည် လမ်းမှားကို လမ်းမှန်နှင့် အဇာဗ်အပြစ်ဒဏ်ကို မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာမှုနှင့် လဲလှယ်ဝယ်ယူသူများဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ငရဲမီး၏ဒဏ်ကို မည်မျှခံနိုင်သူများဖြစ်ကြသနည်း။

    [176] ထို(အပြစ်ဒဏ်များခံရမည့်)အ‌ကြောင်းရင်းမှာ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်‌သောကျမ်း‌တော်ကို ချ‌ပေး‌တော်မူခဲ့‌သော်ငြားလည်း ထိုကျမ်း‌တော်နှင့်ပတ်သက်၍ ကွဲလွဲကြသည့်သူများသည် ‌ဝေးကွာလှသည့် ကွဲပြားမှု၌ အမှန်‌ရောက်ရှိ‌နေ‌သော‌ကြောင့်ဖြစ်သည်။

    [177] (မိမိတို့‌နေရာ‌ဒေသနှင့်အညီ ကိဗ်လဟ်ရှိရာ)အ‌ရှေ့အရပ်နှင့် အ‌နောက်အရပ်ဘက်သို့ မျက်နှာမူခြင်းသည်သာ အသင်တို့အတွက် မြင့်မြတ်‌သော‌ကောင်းမှု*မဟုတ်‌သေး‌ပေ။ သို့ရာတွင် မြင့်မြတ်သည့်‌ကောင်းမှုရှင်များဟူသည် အလ္လာဟ်အရှင်မြတ်၊ ‌နောက်ဆုံး‌နေ့၊ ‌ကောင်းကင်တမန်များ၊ ကျမ်းဂန်များနှင့် နဗီတမန်‌တော်များကို ယုံကြည်ကြ‌သောသူများဖြစ်သည်။ ထို့ပြင် ထိုသူများသည် အရှင်မြတ်အား ချစ်မြတ်နိုးသည့်အတွက် သူတို့၏ပစ္စည်းဥစ္စာများကို ‌ဆွေမျိုးများ၊ အဘမဲ့က‌လေးများ၊ ဆင်းရဲသားများ၊ ခရီးသည်များ၊ ‌တောင်းစားသူများနှင့် ‌ကျေးကျွန်များအား (ကျွန်ဘဝမှ လွတ်‌မြောက်‌စေရန်) ‌ပေးကမ်းလှူဒါန်းကြသည်။ သူတို့သည် စွလာသ် ဝတ်ပြုကြသည်။ ဇကာသ်‌ပေး‌ဆောင်ကြသည်။ သူတို့သည် ကတိပြုသည့်အခါ ကတိတည်ကြသည်။ ဆင်းရဲဒုက္ခ‌ရောက်သည့်အခါ၊ ‌ရောဂါ‌ဝေဒနာခံစားရသည့်အခါနှင့် စစ်တိုက်သည့်အခါတွင်လည်း သည်းခံကြ‌သောသူများဖြစ်ကြသည်။ သူတို့သာ မှန်ကန်သည့်သူများဖြစ်ကြသည်။ ထို့ပြင် သူတို့သာ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများ ဖြစ်ကြသည်။

    [178] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့အ‌ပေါ်တွင် (မတရား)အသတ်ခံရသူများနှင့် ပတ်သက်၍ လက်စား‌ချေရန်(ဥပ‌ဒေ)ပြဋ္ဌာန်းထားလိုက်‌ပေပြီ။ (ပြဋ္ဌာန်းချက်မှာ) လွတ်လပ်သူသည် လွတ်လပ်သူ၏အစား၊ ‌ကျေးကျွန်သည် ‌ကျေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (‌သေဒဏ်ခံရမည်)*။ ထို့‌နောင် အကြင်(သတ်)သူသည် သူ၏ညီ‌နောင်(ဖြစ်သည့် ‌သေသူ၏အ‌မွေဆိုင်များ)ဘက်မှ တစ်စုံတစ်ရာ ခွင့်လွှတ်မှုပြုခံခဲ့ရလျှင် (‌သေသူ၏အ‌မွေစားအ‌မွေခံများသည်) ‌ကောင်းမွန်သည့်နည်းဖြင့် ‌လျော်‌ကြေး‌တောင်းဆိုမှုပြုရမည်။ (သတ်သူကလည်း သူတို့‌တောင်းဆိုသကဲ့သို့) ‌ကောင်းမွန်သည့်နည်းနှင့် ‌လျော်‌ကြေး‌ပေးဆပ်ဖို့(ဖရဿွ်တာဝန်)ဖြစ်သည်။* ဤသည် အသင်တို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံမှ (‌သေစား‌သေ‌စေခြင်းဒဏ်မှ) ‌လျှော့‌ပေါ့‌ပေးခြင်းနှင့်* သနားကရုဏာချီးမြှင့်ခြင်း*ပင်ဖြစ်သည်။ ထို(ဥအ‌ဒေပြဋ္ဌာန်းပြီး)‌နောက် မည်သူမဆို (ဤဥပ‌ဒေကို)ကျူးလွန်လျှင် ထိုသူအတွက် ပြင်းပြနာကျင်‌စေသည့် အပြစ်ဒဏ်ရှိလိမ့်မည်။

    [179] အို- အသိဉာဏ်ရှိသူအ‌ပေါင်းတို့၊ အသင်တို့သည် (မတရားသတ်ဖြတ်ခံရခြင်းမှ) ‌ရှောင်ကြဉ်နိုင်ကြရန်အတွက်*ထိုသို့ ‌သေစား‌သေ‌စေခြင်းထဲ၌ အသင်တို့အတွက် အသက်ရှင်ခြင်းရှိသည်။

    [180] အသင်တို့ထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်းတရား ဆိုက်‌ရောက်လာသည့်အခါ အကယ်၍ သူသည် ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ချန်ထားခဲ့လျှင် (သူ၏)မိဘနှစ်ပါးနှင့် ‌ဆွေမျိုးရင်းချာများအတွက် ‌ကောင်းမွန်သည့်နည်းဖြင့် မှာကြားခဲ့ရန်* အသင်တို့‌ပေါ်တွင် ပြဋ္ဌာန်းခြင်းခံရသည်။ (ဤသည်) ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအ‌ပေါ်တွင် တာဝန်ဖြစ်သည်။

    [181] ထို့‌နောက် အကြင်သူတို့သည် (ထိုမှာကြားချက်ကို) ကြားနာပြီး‌နောက်မှ ‌ပြောင်းလဲခဲ့လျှင် ထို‌ပြောင်းလဲခြင်း၏အပြစ်သည် ‌ပြောင်းလဲ‌သောသူများအ‌ပေါ်၌သာ ကျ‌ရောက်သည်။ (ထို‌ပြောင်းလဲထား‌သောအမိန့်များကို လိုက်နာပါက လိုက်နာသူများသည် စီစစ်ခြင်းမပြုသည့် အပြစ်ဖြစ်‌ပေမည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သူတို့မှာကြားခဲ့သည်များကို) အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [182] ထို့‌နောက် အကြင်သူသည် မှာကြားခဲ့သူထံမှ ဘက်လိုက်မတရားမှု တစ်စုံတစ်ခု သို့မဟုတ် ပြစ်မှုတစ်စုံတစ်ခုကို စိုးရိမ်ရ၍ ထို(အ‌မွေဆိုင်)သူများ၏ကြားတွင် သင့်မြတ်‌အောင်လုပ်ခဲ့လျှင် ထိုသို့(သင့်မြတ်‌အောင်)လုပ်သူအ‌ပေါ် မည်သည့်အပြစ်မျှ မရှိ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [183] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများဖြစ်ကြရန်အတွက် အသင်တို့ မတိုင်မီသူများအ‌ပေါ်တွင် ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းမှု (အမိန့်‌တော်)ပြဋ္ဌာန်းခံခဲ့ရသကဲ့သို့ အသင်တို့အ‌ပေါ်တွင်လည်း ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းရန် (အမိန့်‌တော်)ပြဋ္ဌာန်းခံလိုက်ရပြီ ဖြစ်သည်။

    [184] (‌စွောင်မ် ဥပုသ်‌စောင့်ထိန်းရမည့်ရက်များသည်) ‌ရေတွက်ထား‌သော ‌နေ့ရက်များသာဖြစ်သည်။* သို့ရာတွင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် ‌ရောဂါ‌ဝေဒနာ‌ကြောင့် သို့မဟုတ် ခရီးထွက်‌နေ‌သော‌ကြောင့် (‌စွောင်မ် ဥပုသ် မ‌စောင့်ထိန်းဘဲ‌နေခဲ့လျှင်) ထိုသူ၏အ‌ပေါ်တွင် အခြားရက်များ၌ (သူပျက်ခဲ့သည့်)အ‌ရေအတွက်အတိုင်း ‌စောင့်ထိန်းရမည်ဖြစ်သည်။ ထို့ပြင် အကြင်သူများသည် ခဲယဉ်းစွာ ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းကြရလျှင်* ထိုသူမျာသည် (မ‌စောင့်နိုင်‌သော ‌စွောင်မ် ဥပုသ်တစ်ရက်၏အစား) ဆင်းရဲသားတစ်ဦးကို(တစ်ရက်)‌ကျွေး‌မွေးကြရမည်။ ထို့ပြင် အကြင်သူသည် (မိမိ၏အသိတရားဖြင့် ဖြူစင်‌သောစိတ်)‌စေတနာအ‌လျောက် ‌ကောင်းမှုတစ်ခုခုပြုလုပ်လျှင် ထိုအရာသည် သူ၏အတွက် ပို၍‌ကောင်းသည်။ ၎င်းပြင် (မတတ်စွမ်းနိုင်သူအတွက် အခွင့်ရှိ‌သော်ငြားလည်း ‌စောင့်ထိန်းခြင်း၏အကျိုးအာနိသင်ကို) အသင်တို့ သိနားလည်ခဲ့ကြလျှင် ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းခြင်းသည် အသင်တို့အတွက် ပို၍‌ကောင်းသည်။

    [185] ရမဿွန်လ*သည် ကုရ်အာန်ကျမ်း‌တော်မြတ် ကျ‌ရောက်ခဲ့သည့်လ ဖြစ်သည်။ ထိုကျမ်း‌တော်သည် လူသားများအားလုံးအတွက် လမ်းမှန်ညွှန်ကြားပြသချက်၊ ၎င်းပြင် တရားလမ်းမှန်နှင့် အမှားအမှန် ခွဲခြားသိ‌စေမှု၏ ထင်ရှားသည့်သက်‌သေလက္ခဏာများပင်ဖြစ်သည်။ ိသို့ဖြစ်ရာ အသင်ထဲမှ မည်သူမဆို ထိုလနှင့် ကြုံကြိုက်ခဲ့လျှင် ထိုသူသည် ထိုလတွင်(တစ်လလုံး)‌စွောင်မ် ဥပုသ်‌စောင့်ထိန်းရမည်။ ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် ‌ရောဂါသည်ဖြစ်‌နေခြင်း သို့မဟုတ် ခရီးထွက်‌နေခြင်း‌ကြောင့် (‌စွောင်မ် ဥပုသ် မ‌စောင့်ထိန်းဘဲ‌နေခဲ့လျှင်) ထိုသူ၏အ‌ပေါ်တွင် အခြားရက်များ၌ (သူပျက်ကွက်ခဲ့သည့်)အ‌ရေအတွက်နှင့်အမျှ ‌စောင့်ထိန်းရမည်ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့အတွက် လွယ်ကူမှုကိုသာ လိုလား‌တော်မူသည်။ အသင်တို့အတွက် ခက်ခဲမှုကို လိုလား‌တော်မမူ‌ပေ။ ထို့ပြင် အသင်တို့(ပျက်ကွက်ခဲ့သည့်‌နေ့ရက်) အ‌ရေအတွက်ကို ဖြည့်‌စေရန်နှင့် အရှင်မြတ်က အသင်တို့အား ညွှန်ကြားပြသထားသည့် နည်းလမ်းအတိုင်း အသင်တို့သည် ကြီးကျယ်မြင့်မြတ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြရန်အတွက်ဖြစ်သည်။ ၎င်းပြင် အသင်တို့ ‌ကျေးဇူးတင်ကြရန်အတွက်လည်း ဖြစ်သည်။

    [186] ထို့ပြင် ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ အသင်(တမန်‌တော်)ကို ‌မေးမြန်းသည့်အခါ (အသင်‌ပြောလိုက်ပါ) အမှန်စင်စစ် ငါအရှင်မြတ်သည် (သူတို့နှင့်)နီးကပ်စွာပင် ရှိ‌တော်မူသည်။* ငါအရှင်မြတ်သည် ဆု‌တောင်းဒုအာပြုသူ၏ ဆု‌တောင်းဒုအာကို ထိုသူ ငါအရှင်မြတ်ထံတွင် ဆု‌တောင်းသည့်အခါ လက်ခံ‌တော်မူသည်။ သူတို့သည် ‌ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ရရှိလိုက်နာကြရန်အတွက် သူတို့သည် ငါအရှင်မြတ်၏ အမိန့်‌တော်များကို လက်ခံပြီး ငါအရှင်မြတ်ကိုသာ ယုံကြည်ကြရမည်။

    [187] အသင်တို့အတွက် ‌စွောင်မ်ဥပုသ်‌စောင့်‌သောည၌ အသင်တို့၏ဇနီးများနှင့် ‌ပေါင်းသင်းဆက်ဆံခြင်းကို ခွင့်ပြု‌ပေး‌တော်မူလိုက်သည်။* သူမတို့သည် အသင်တို့အတွက် အဝတ်အစားဖြစ်ပြီး အသင်တို့သည်လည်း သူမတို့အတွက် အဝတ်အစားဖြစ်သည်။* အမှန်စင်စစ် အသင်တို့သည် အသင်တို့ကိုယ်ကို အသင်တို့သာ လှည့်စား‌နေခဲ့ကြသည်*ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီးဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့(ဘက်သို့ သနားကရုဏာနှင့်လှည့်ပြီး အသင်တို့၏ဝန်ချ‌တောင်းပန်မှု)ကို လက်ခံခွင့်လွှတ်လိုက်‌တော်မူသည်။ ထို့ပြင် အသင်တို့၏မှားယွင်းချွတ်‌ချော်မှုများကိုလည်း ပလပ်လိုက်‌တော်မူသည်။ သို့ဖြစ်ရာ ယခုမူ အသင်တို့သည် အသင်တို့၏ ဇနီးကြင်ရာများနှင့် ‌ပေါင်းသင်းဆက်ဆံကြ၍ အသင်တို့အတွက် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထား‌တော်မူသည့်အရာများကို ရှာ‌ဖွေကြပါ။* ထို့ပြင် အသင်တို့သည် မိုးလင်းချိန်၏အဖြူမျှင်တန်းသည် အနက်မျှင်ထုမှ ထင်ရှားလာသည့်အချိန်ထိ စား‌သောက်ကြပါ။* ထို့‌နောက် အသင်တို့သည် ညအချိန်အထိ ‌စွောင်မ်ဥပုသ် ‌စောင့်ထိန်းကြပါ။ ထို့ပြင် အသင်တို့သည် ဗလီ‌ကျောင်း‌တော်များထဲတွင် အိအ်သိကာဖ်*ထိုင်‌နေသည့် အ‌ခြေအ‌နေတွင် ဇနီးများနှင့် ‌ပေါင်းသင်းဆက်ဆံခြင်း မပြုကြနှင့်။ ဤအရာများသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထား‌တော်မူသည့် သတ်မှတ်ချက် အမိန့်များပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုနယ်နိမိတ်သတ်မှတ်ချက်များ၏အနီးသို့ မကပ်ကြနှင့်။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်‌တော်များကို လူများအတွက် သူတို့ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြရန် ရှင်းပြ‌တော်မူသည်။

    [188] ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း တစ်ဦး၏ပစ္စည်းကို တစ်ဦးက မတရားသည့်နည်းဖြင့် မစားသုံးကြနှင့်။ ထို့ပြင် သူတစ်ပါးတို့၏ပစ္စည်းအချို့ကို မတရားသည့်နည်းဖြင့်စားခြင်းသည် (မတရားမှုဖြစ်‌ကြောင်း) အသင်တို့သိပါလျက် အာဏာပိုင်များထံသို့ (တံစိုးလက်‌ဆောင်‌ပေးပြီး) ထိုအမှုကိစ္စကို မပို့‌ဆောင်ကြနှင့်။

    [189] သူတို့သည် ဆန်းဦးစလများနှင့် ပတ်သက်၍ အသင်(တမန်‌တော်)၏ထံ လာ‌ရောက်‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုဆန်းဦးစလများသည် လူများအတွက်နှင့် ဟဂျ်အတွက် အချိန်ကာလ သတ်မှတ်ချက်များဖြစ်သည်။ အသင်တို့သည် (အသင်တို့၏)အိမ်များကို အိမ်‌နောက်‌ဖေး(‌ပေါက်)မှဝင်ခြင်း* သည် ‌ကောင်းမှုမဟုတ်‌ပေ။ သို့ရာတွင် အကြင်သူသည် ‌ကြောက်ရွံ့‌ရှောင်ကြဉ်လျှင် ထိုအရာသည် ‌ကောင်းမှုဖြစ်သည်။ ၎င်းပြင် အသင်တို့သည် (အသင်တို့၏)အိမ်များကို အိမ်‌ရှေ့(တံခါး‌ပေါက်)မှဝင်ကြပါ။ ထို့ပြင် အသင်တို့ ‌အောင်မြင်ကြရန်အတွက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ‌ကြောက်ရွံ့ကြပါ။

    [190] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသင်တို့အား တိုက်ခိုက်ကြ‌သောသူများကို (ပြန်လည်)တိုက်ခိုက်ကြပါ။* ၎င်းပြင် အသင်တို့သည် မကျူး‌ကျော်ကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျူး‌ကျော်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [191] ထို့ပြင် အသင်တို့သည် (အသင်တို့ကို တိုက်ခိုက်သတ်ဖြတ်ကြသည့်)သူ (ကာဖိရ်)များအား ဖမ်းမိသည့်‌နေရာတွင် သုတ်သင်လိုက်ကြပါ။ ၎င်းပြင် ထိုသူ(ကာဖိရ်)များသည် အသင်တို့အား နှင်ထုတ်ခဲ့ကြသကဲ့သို့ အသင်တို့သည်လည်း သူတို့အား နှင်ထုတ်ကြပါ။ ထို့ပြင် ညှဉ်းပန်းနှိပ်စက်‌နှောင့်ယှက်ခြင်း*သည် သတ်ဖြတ်ခြင်းထက်ပင် ပိုမိုဆိုးဝါးသည်။ ထို့‌နောက် မြင့်မြတ်သည့် ဗလီဝတ်‌ကျောင်း‌တော်ထဲတွင် သူတို့သည် အသင်တို့အား မတိုက်ခိုက်သမျှ အသင်တို့သည်လည်း သူတို့အား ထိုထဲတွင် မတိုက်ခိုက်ကြနှင့်။ ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့အား တိုက်ခိုက်လျှင်မူ အသင်တို့သည်လည်း သူတို့အား တိုက်ခိုက်ကြပါ။ ထို ကာဖိရ်များအား တုံ့ပြန်အစား‌ပေးခြင်းသည် ဤသို့ပင်ဖြစ်သည်။

    [192] ထို့‌နောက် အကယ်၍ သူတို့သည် ရပ်စဲခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [193] ထို့ပြင် လမ်းမှားမှု(တုဖက်ကိုးကွယ်မှု) ပ‌ပျောက်ပြီး သာသနာသည် အလ္လာဟ်အတွက်ဖြစ်သွားသည်အထိ* အသင်တို့သည် သူတို့အား တိုက်ခိုက်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် ရပ်စဲခဲ့ကြလျှင် မတရားညှဉ်းပန်းနှိပ်စက်သူများ‌ပေါ်မှလွဲ၍ မည်သူ့အ‌ပေါ်၌မျှ ကျူး‌ကျော်‌စော်ကားမှု(ရန်ငြိုး)မရှိရ‌ပေ။

    [194] မြင့်မြတ်‌သောလ(၏အစား)သည် မြင့်မြတ်‌သောလသာဖြစ်သည်။* ထို့ပြင် ထူးမြတ်သည့်အရာများနှင့်(ပတ်သက်၍) တူညီသည့် တုံ့ပြန်မှုရှိသည်။ သို့ဖြစ်ရာ အကြင်သူသည် (ထူးမြတ်‌သောလများတွင်) အသင်တို့အား ကျူး‌ကျော်‌စော်ကားခဲ့လျှင် ထိုသူသည် အသင်တို့အား ကျူး‌ကျော်‌စော်ကားသကဲ့သို့ အသင်တို့သည်လည်း ထိုသူ့အား (ထူးမြတ်‌သောလများ၌ပင်) တုံ့ပြန်လက်စား‌ချေလိုက်ပါ။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများနှင့်အတူ ရှိ‌တော်မူသည်ဆိုသည်ကို အသင်တို့ သိထားလိုက်ကြပါ။

    [195] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် သုံးစွဲကြပါ။ ထို့ပြင် အသင်တို့သည် မိမိကိုယ်မိမိ(အသင်တို့ကိုယ်အသင်တို့) ပျက်စီးမှုထဲတွင် မထည့်ကြနှင့်။* ထို့ပြင် အသင်တို့သည် ‌ကောင်းကျိုး‌ဆောင်ရွက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများကို နှစ်သက်‌တော်မူသည်။

    [196] ထို့ပြင် အသင်တို့သည် ဟဂျ်*နှင့်အွမ္မရဟ်*ကို အလ္လာဟ်အရှင်မြတ်အတွက်သာ ပြည့်ဝစွာ ပြုလုပ်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည်(မက္ကဟ်မ‌ရောက်‌အောင်)အတားအဆီးခံရလျှင် ကုရ်ဗာနီသား‌ကောင်များထဲမှ လွယ်ကူစွာရရှိ‌သော သား‌ကောင်ကို(ကုရ်ဗာနီပြုလုပ်ကြပါ)။ ကုရ်ဗာနီသား‌ကောင်*သည် ‌ရောက်ရမည့်‌နေရာ(ဟရမ် နယ်နမိတ်)သို့ မ‌ရောက်မချင်း အသင်တို့သည် အသင်တို့၏ဦး‌ခေါင်းကို မရိတ်ကြနှင့်။ ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် မကျန်းမမာဖြစ်ခဲ့လျှင်၊ သို့မဟုတ် သူ၏ဦး‌ခေါင်း၌ အနာဖြစ်ခဲ့လျှင် (ကုရ်ဗာနီသား‌ကောင်သည် ‌ရောက်ရမည့်‌နေရာသို့ မ‌ရောက်မီ ‌ခေါင်းရိတ်ခဲ့လျှင်) ထိုသူသည် ‌စွောင်မ်ဥပုသ်‌စောင့်ထိန်းခြင်း၊ သို့မဟုတ် အလှူဒါနပြုခြင်း၊ သို့မဟုတ် သား‌ကောင် လှီးဖြတ်ခြင်းနှင့် ဖိဒ်ယဟ်*အစား‌ပေးရမည်။ ထို့‌နောက် အသင်တို့သည် လုံခြုံစိတ်ချရသည့်အခါ အွမ္မရဟ်နှင့်ဟဂျ်အတူတကွ အကျိုးခံစား‌သောသူသည် လွယ်ကူစွာရရှိ‌သော သား‌ကောင်ကို(အလ္လာဟ်အတွက် သက်သင်လှီးဖြတ်ရမည်)။ ၎င်းပြင် ကုရ်ဗာနီသား‌ကောင် မရရှိ‌သောသူသည် ဟဂျ်ရက်ထဲ၌သုံးရက်၊ (ဟဂျ်မှ)ပြန်‌ရောက်သည့်အခါ ခုနှစ်ရက် ‌စွောင်မ်ဥပုသ်‌စောင့်ရမည်။ ဤသည် ဆယ်ရက်တိတိဖြစ်သည်။ ဤသည် မြင့်မြတ်သည့် ဗလီဝတ်‌ကျောင်း‌တော် မတ်စ်ဂျိဒိဟရာမ် အနီးတဝိုက်တွင် အိမ်သူအိမ်သားများ မရှိသည့်သူများအတွက်သာ ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာအ‌ရေးယူ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်ကို အသင်တို့သိထားကြပါ။

    [197] ဟဂျ်(၏အချိန်)သည် သတ်မှတ်သိရှိပြီးဖြစ်သည့်လများပင်ဖြစ်သည်။* သို့ဖြစ်ရာ အကြင်သူသည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန် သတ်မှတ်ခဲ့လျှင် ထိုသူသည် ဟဂျ်(ပြုလုပ်ရန် အိဟ်ရာမ်ရုံထားစဉ်)အတွင်း၌ ကာမ(ဆက်ဆံမှုမပြုရ သည့်အပြင် ၎င်းနှင့်ဆိုင်သည့်) ညစ်ညမ်း‌သောစကားကိုပင် မ‌ပြောရ‌ပေ၊ အပြစ်ကျူးလွန်မှုလည်း မပြုလုပ်ရ‌ပေ၊ ခိုက်ရန်ဖြစ်ပွားမှုကိုလည်း မပြုရ‌ပေ။ ထို့ပြင် အသင်တို့ပြုလုပ်ကြသည့် မည်သည့်‌ကောင်းမှုကိုမဆို အလ္လာဟ်အရှင်မြတ်သိရှိ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် ခရီးစရိတ် ယူ‌ဆောင်သွားကြပါ၊ ထို့ပြင် အမှန်စင်စစ် အ‌ကောင်းဆုံးခရီးစရိတ်သည် သက္ကဝါ‌ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။* သို့ဖြစ်ရာ အို-ဉာဏ်ရှိသူအ‌ပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား (မနာခံခြင်းက‌နေ) ‌ကြောက်ရွံ့ကြပါ။

    [198] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံမှ ‌ကျေးဇူး‌တော်ကို အသင်တို့ ရှာ‌ဖွေခြင်းသည် အသင်တို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှမရှိ‌ပေ။* ထို့‌နောက် အသင်တို့သည် အရဖာသ်*မှ အစုလိုက်ပြန်လာကြသည့်အခါ မရှ်အရိဟရာမ်*အနီးတွင် အလ္လာဟ်အရှင်မြတ်အား သတိရ တသကြပါ။ ထို့ပြင် အရှင်မြတ်က အသင်တို့ကို ပြသထားသည့်(နည်းလမ်း)အတိုင်း အသင်တို့သည် သတိရ တသကြပါ။ ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ဤသည့်မတိုင်မီက မသိလမ်းလွဲသူများပင် ဖြစ်ခဲ့ကြသည်။

    [199] ထို့‌နောက် လူများ အစုလိုက်ပြန်လာလိုက်ကြသည့်‌နေရာ(အရဖာသ်)မှ အသင်တို့လည်း (သွား‌ရောက်၍)ပြန်လာကြပါ။ ၎င်းပြင် အသင်တို့သည် လွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အရှင့်ထံတွင် အသနားခံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [200] ထို့ပြင် အသင်တို့သည် အသင်တို့၏ ဟဂျ်ကျင့်စဉ်ကျင့်ရပ်များ ‌ဆောင်ရွက်ပြီးသည့်အခါ အသင်တို့၏ဘိုး၊‌ဘေးများအား သတိရ တသကြသကဲ့သို့ အလ္လာဟ်အရှင်မြတ်အား သတိရ တသကြပါ။ ထို့ထက်ပိုပြီး အရှင်မြတ်အား သတိရ တသကြပါ။ ၎င်းပြင် လူများတွင် အချို့က‌ပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ‌လောက၌သာ (‌ကောင်းကျိုးချမ်းသာများကို)‌ပေးသနား‌တော်မူပါ။ ၎င်း‌နောက် (ထိုကဲ့သို့‌ပြောဆို)သူအတွက် တမလွန်ဘဝတွင် မည်သည့်‌ဝေစုမျှ မရှိ‌တော့‌ပေ။

    [201] ၎င်းပြင် ထိုထဲတွင် အချို့က(ဤသို့)‌ပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤဘဝတွင်သာမက တမလွန်ဘဝ၌လည်း ‌ကောင်းကျိုးချမ်းသာ ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် ငရဲမီး၏ပြစ်ဒဏ်မှလည်း ကယ်ဆယ်‌တော်မူပါ။

    [202] ထိုသူများသည် သူတို့အတွက် သူတို့ရှာ‌ဖွေခဲ့ကြသည်များ၏‌ဝေစုရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်‌ဆေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    [203] ထို့ပြင် အသင်တို့သည် ‌ရေတွက်ထားသည့်ရက်အချို့၌* အလ္လာဟ်အရှင်မြတ်အား သတိရ တသကြပါ။ ထို့‌နောက် အကြင်သူသည် နှစ်ရက်အတွင်း* လျင်မြန်စွာပြန်ခဲ့လျှင် ထိုသူအ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် အကြင်သူသည် ‌နောက်ကျ‌နေခဲ့လျှင်လည်း* ထိုသူအ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ (ဤသည်မှာ) အပြစ်‌ရှောင်‌သောသူများအတွက်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပြီး အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြပါ။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်ထံတွင် စုရုံးကြရမည်ကိုလည်း သိရှိ(ယုံကြည်)ထားကြပါ။

    [204] ထို့ပြင် လူများတွင် ဤသို့‌သောလူလည်းရှိသည်၊ သူ၏‌လောကီ‌ရေးရာစကားများသည် အသင့်အား စိတ်ဝင်စားမှုဖြစ်‌စေသည်။ ၎င်းပြင် သူသည် သူ၏စိတ်ထဲ၌ရှိသည်များနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်ကိုပါ သက်‌သေထူလိုက်‌သေးသည်။ ထိုသူသည် အခက်ထန်ဆုံး ရန်လိုသူဖြစ်သည်။

    [205] ထို့ပြင် ထိုသူသည် ပြန်သွားသည့်အခါ ‌မြေ‌ပေါ်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ရန်၊ လယ်ယာများကို ဖျက်ဆီးရန်နှင့် တိရစာ္ဆန်များကို မျိုးဖြုတ်သတ်ဖြတ်ပစ်ရန် ကြိုးစားသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးမှုကို နှစ်သက်‌တော်မမူ‌ပေ။

    [206] ထို့ပြင် ထိုသူကို အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပါဟု ‌ပြောခံခဲ့ရသည့်အခါ (သူ၏)ဂုဏ်သိက္ခာသည် သူ့အား မ‌ကောင်းမှုဘက်သို့ ဆွဲ‌ဆောင်သွားခဲ့သည်။ သို့ဖြစ်ရာ ထိုသူအတွက် ဂျဟန္နမ်ငရဲဘုံသည် လုံ‌လောက်သည်။ ၎င်းပြင် အမှန်စင်စစ် ငရဲဘုံသည် အဘယ်မျှ ဆိုးဝါးလိုက်သည့်‌နေရာဌာန ဖြစ်လိုက်သနည်း။

    [207] ထို့ပြင် လူများတွင် အချို့သည် အလ္လာဟ်အရှင်မြတ်၏ သ‌ဘောတူနှစ်သက်မှုကို ရလိုသည့်အတွက် ထိုသူ၏အသက်ကို‌ရောင်းချ(စွန့်လှူ)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ထို)ကျွန်များကို အလွန်ကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [208] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အစ္စလာမ်ထဲသို့ လုံးလုံးလျားလျား ဝင်‌ရောက်ကြပါ၊ ထို့ပြင် ရှိုင်သွာန်၏‌လျှောက်လှမ်းမှုများ‌နောက်ကို ဖဝါး‌ခြေထပ် မလိုက်ကြနှင့်၊ အမှန်စင်စစ် ထိုရှိုင်သွာန်သည် အသင်တို့အတွက် ထင်ရှားသည့်ရန်သူဖြစ်သည်။

    [209] ၎င်းပြင် ထင်ရှားသည့် သက်‌သေလက္ခဏာများသည် အသင်တို့ထံသို့ ‌ရောက်ရှိလာပြီး‌နောက်တွင်မှ အသင်တို့သည် ချွတ်‌ချော်လွဲမှားသွားခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားလိုက်ကြပါ။

    [210] သူတို့သည် သူတို့ထံ အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်တမန်များနှင့်တကွ တိမ်များမိုးကာ ကြွ‌ရောက်လာပြီး (စီရင်ချက်ချကာ) ကိစ္စပြီးဆုံးသွားသည်ကိုသာ ‌စောင့်‌မျှော်‌နေကြသည်။

    [211] အစ္စရာအီလ်မျိုးနွယ်ဝင်များအား အသင်(တမန်‌တော်)‌မေးကြည့်လိုက်ပါ၊ ငါအရှင်သည် သူတို့အား ထင်ရှားသည့်သက်‌သေလက္ခဏာများကို မည်မျှ(များစွာ)‌ပေးသနား‌တော်မူခဲ့သနည်း။ အကြင်သူသည် သူ၏ထံသို့ အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များ‌ရောက်ရှိပြီး‌နောက် ထို‌ကျေးဇူး‌တော်များကို (မသင့်‌တော်သည့် ပုံစံဖြင့်) အ‌ပြောင်းအလဲလုပ်ခဲ့မည်ဆိုလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်ကို အလွန်ပြင်းစွာ စီရင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [212] ‌လောကီဘဝအသက်ရှင်ခြင်းသည် ကာဖိရ်များအတွက် လှပ‌အောင်တန်ဆာဆင်ထားခြင်း ခံရသည်။ ထို့‌နောက် သူတို့သည် အီမာန်ယုံကြည်သူများကို ‌ပြောင်‌လှောင်ကြသည်။* ထို့ပြင် အရှင်မြတ်အား ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကမူ ကိယာမသ်‌နေ့တွင် သူတို့ထက် မြင့်မြတ်ကြလိမ့်မည်။* ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိသူကို အကန့်အသတ်မရှိ စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူသည်။

    [213] လူသားအားလုံးသည်(မူလက) အုပ်စုတစ်စုတည်းသာဖြစ်ခဲ့ကြသည်။* ထို့‌နောက် (ကာလကြာရှည်လာသည့်အခါ စိတ်ဓာတ်များမတူ‌တော့ဘဲ အယူများကွဲလာသည့် အ‌ပေါ်တွင်) အလ္လာဟ်အရှင်မြတ်သည် နဗီတမန်‌တော်များကို (လူသားများထံသို့) သတင်း‌ကောင်း‌ပေးသူများအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူများအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ အရှင်မြတ်သည် ထိုနဗီများနှင့်အတူ လူများကြားထဲတွင် အချင်းချင်းကွဲလွဲ‌နေကြသည့်အရာ(ကုဖ်ရ်နှင့်အီမာန်)နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်‌ပေး‌တော်မူရန်အတွက် မှန်ကန်သည့်ကျမ်းကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ထိုကျမ်းဂန်နှင့်ပတ်သက်၍ မည်သူမျှ ကွဲလွဲမှုမရှိကြ‌ပေ၊ သို့ရာတွင် ထိုကျမ်းဂန်ကို ရရှိသည့်သူများသာ သူတို့ထံကို ထင်ရှားသည့်သက်‌သေလက္ခဏာများ ‌ရောက်ရှိလာပြီးသည့်‌နောက်တွင် သူတို့အချင်းချင်း မလိုမုန်းတီးမှု‌ကြောင့် ထိုကျမ်းဂန်နှင့်ပတ်သက်၍ ကွဲလွဲလာကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်နှင့် အီမာန်ယုံကြည်သူများကို သူတို့ ကွဲလွဲသည့်အရာနှင့်ပတ်သက်၍ အမှန်တရားကို ညွှန်ကြားပြသ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူအား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ညွှန်ကြားပြသ‌တော်မူသည်။

    [214] အသင်တို့သည် ဂျန္နသ်ကို(လွယ်ကူစွာဖြင့်) ဝင်ရလိမ့်မည်ဟု ထင်မှတ်ကြသ‌လော။ ထို့ပြင်(ယခုထိ)အသင်တို့ထံသို့ အသင်တို့မတိုင်မီက ကုန်လွန်သွားခဲ့သည့်သူများထံတွင် ‌ရောက်ခဲ့သည့်အရာ(စမ်သပ်မှုမျိုး)များ ကျ‌ရောက်လာခြင်းမရှိ‌သေး‌ပေ။ ထိုသူများအ‌ပေါ်တွင် ပြင်းထန်မှုများနှင့် ဒုက္ခခက်ခဲမှုများ ကျ‌ရောက်ခဲ့သည်။ ထို့ပြင်(‌နောက်ဆုံး၌) တမန်‌တော်နှင့်တကွ ၎င်း(တမန်‌တော်)နှင့်အတူ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်၏အကူအညီ မည်သည့်အခါများ‌ရောက်လာလိမ့်မည်နည်းဟု ‌ပြောဆိုကြရသည်အထိ သူတို့သည် တုန်လှုပ်သွားခဲ့ကြရသည်။ (ထိုအခါ အရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်) သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အကူအညီသည် နီးကပ်‌နေပြီဖြစ်သည်။

    [215] သူတို့က အသင့်အား သူတို့သည် မည်သည့်အရာကို လှူဒါန်းသုံးစွဲရမည်နည်းဟု ‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ‌ကောင်းသည့်အရာထဲမှ အသင်တို့သည် မည်သည့်အရာများကိုပင် လှူဒါန်းသုံးစွဲကြသည်ဖြစ်‌စေ၊ ထိုအရာများသည် မိဘနှစ်ပါးအတွက်၊ ‌ဆွေမျိုးသားချင်းများအတွက်၊ အဘမဲ့က‌လေးများအတွက်၊ ဆင်းရဲသားများအတွက်နှင့် ခရီးသည်များအတွက် ဖြစ်ရန်လို‌ပေသည်။* ၎င်းပြင် အသင်တို့သည် ‌ကောင်းသည့်အထဲမှ မည်သည့်အရာကိုပင် ပြုလုပ်ကြသည်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာ(‌ကောင်းမှု)ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [216] အသင်တို့‌ပေါ် စစ်တိုက်ခြင်းကို ထိုစစ်တိုက်ခြင်းသည် အသင်တို့အတွက် မနှစ်မြို့ဖွယ်ရာဖြစ်ပါလျက်* ဖရဿွ်အဖြစ်ပြဋ္ဌာန်းထားခဲ့သည်။* ထို့ပြင် အသင်တို့သည် တစ်စုံတစ်ရာကို ထိုအရာသည် အသင်တို့အတွက် အ‌ကောင်းဖြစ်‌နေပါလျက်နှင့် စက်ဆုပ်ရွံရှာကြသည်လည်း ဖြစ်နိုင်သည်။* ထို့ပြင် အသင်တို့သည် တစ်စုံတစ်ရာကို ထိုအရာသည် အသင်တို့အတွက် အဆိုးဖြစ်‌နေပါလျက်နှင့် နှစ်သက်ကြသည်လည်း ဖြစ်နိုင်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သာ (‌သေချာစွာ)သိရှိ‌တော်မူသည်။ အသင်တို့မှာမူ (အဖြစ်မှန်ကို) သိနားလည်ခြင်းမရှိကြ‌ပေ။

    [217] မြင့်မြတ်သည့်လတွင် စစ်တိုက်ခြင်းနှင့် ပတ်သက်၍ အသင်(တမန်‌တော်)၏ထံသို့ သူတို့(လာ‌ရောက်)‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုလမှာ စစ်တိုက်ခြင်းသည် ကြီး‌လေးသည့်အပြစ်ဖြစ်သည်။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးခြင်း၊ အလ္လာဟ်အရှင်မြတ်အား ‌သွေဖည်ငြင်းပယ်ခြင်း၊ မြင့်မြတ်သည့်ဗလီဝတ်‌ကျောင်း‌တော်(ကို ဖူး‌မြော်ရန်လာသည်)မှ တားဆီးခြင်း၊ ထိုဗလီဝတ်‌ကျောင်း‌တော်တွင် ခိုနား‌နေသူများကို နှင်ထုတ်ခြင်းများသည် အလ္လာဟ်အရှင်မြတ်ထံ၌ သတ်ဖြတ်ခြင်းထက် ပိုကြီး‌လေးသည့်အပြစ်ဖြစ်သည်။ ထို့ပြင် တုဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်းသည် (ထိုစစ်ထဲ၌)သတ်ဖြတ်ခြင်းထက် ပိုကြီးသည့်အပြစ်ဖြစ်သည်။ ထို့ပြင် သူတို့သည် အကယ်၍သာ သူတို့တတ်နိုင်ကြမည်ဆိုလျှင် အသင်တို့၏သာသနာမှ အသင်တို့ ပြန်လှည့်သွားသည်အထိ အသင်တို့ကို အမြဲတိုက်ခိုက်‌နေလိမ့်မည်။ ၎င်းပြင် အသင်တို့ထဲတွင်မှ အကြင်သူသည် သူ၏သာသနာမှ ‌နောက်ပြန်လှည့်‌ကျောခိုင်းပြီး ကာဖိရ်ဖြစ်လျက် ‌သေဆုံးမည်ဆိုလျှင် ထိုသူ၏‌ကောင်းမှုဟူသမျှသည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း အလဟဿဖြစ်သွားမည်။ ထိုသူများသည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲ၌ အမြဲခံစားရမည့်သူများဖြစ်ကြသည်။

    [218] အမှန်မုချ အီမာန်ယုံကြည်သူများနှင့် ဟိဂျ်ရသ်*လုပ်၍ အလ္လာဟ်အရှင်မြတ်လမ်းတွင် သက်စွန့်တိုက်ခိုက်သူများသည် အလ္လာဟ်အရှင်မြတ်၏ရဟ်မသ် သနားကြင်နာမှုကို ‌မျှော်လင့်‌တောင့်တကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [219] သူတို့သည် အသင်(တမန်‌တော်)ထံတွင် အရက်‌သေစာ ‌သောက်ခြင်း၊ ‌လောင်းကစားခြင်းနှင့် ပတ်သက်၍(လာ‌ရောက်) ‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုနှစ်ခုစလုံးထဲတွင် ကြီး‌လေးသည့်အပြစ်ရှိသည်။ ထို့ပြင် လူများအတွက် (အနည်းငယ်‌သော)အကျိုး‌ကျေးဇူးများလည်းရှိသည်။ ထို့ပြင် ထိုနှစ်ခုစလုံး၏အပြစ်သည် ထိုနှစ်ခုစလုံး၏အကျိုးထက် ပိုကြီးသည်။* ထို့ပြင် သူတို့က အသင်(တမန်‌တော်)၏ထံ (လာ‌ရောက်) ‌မေးမြန်းကြသည်၊ သူတို့သည် မည်သည့်အရာကို သုံးစွဲလှူဒါန်းကြရပါမည်နည်း။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ လိုအပ်သည်ထက်ပို‌သောအရာ* (ကိုလှူဒါန်းကြပါ)။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စဉ်းစားဆင်ခြင်ကြရန်အတွက် အာယသ်‌တော်များကို အသင်တို့အတွက် ဤသို့ပင် ရှင်းပြ‌တော်မူသည်။

    [220] ဤဘဝနှင့် တမလွန်ဘဝတွင် (အသင်တို့ အကျိုးခံစားရမည့်ကိစ္စများကို စဉ်းစားဆင်ခြင်ကြရန်ဖြစ်သည်)။* ထို့ပြင် သူတို့သည် အသင်(တမန်‌တော်)အား အဘမဲ့က‌လေးများနှင့် ပတ်သက်၍(လာ‌ရောက်) ‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုအဘမဲ့က‌လေးများအား ‌ကောင်းမွန်‌အောင်ပြုပြင်‌ပေးခြင်းသည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ထိုက‌လေးများနှင့် ‌ရော‌နှောဆက်ဆံ(ပြီးအတူတကွ စားသုံး)ကြလျှင် ထိုက‌လေးများသည် အသင်တို့၏ညီ‌နောင်များပင် ဖြစ်ကြ(သည့်အတွက် အတူတကွ ‌ရော‌နှောစားသုံးပိုင်ခွင့်ရှိ)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသည့်သူနှင့် ပြုပြင်သည့်သူကို ခွဲခြားသိရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့ကို ဒုက္ခ‌ရောက်‌အောင် လုပ်ခဲ့ပြီးဖြစ်လိမ့်မည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [221] ထို့ပြင် အသင်တို့သည် ရှိရ်က်တုဖက်ကိုးကွယ်သည့် အမျိုးသမီးများအား သူမတို့ အီမာန်မယူသမျှ နိကာဟ်ထိမ်းမြားမှု မပြုကြနှင့်။* ထို့ပြင် အီမာန်ယုံကြည်သူ ကျွန်မတစ်ဦးသည် ရှိရ်က်တုဖက်ကိုးကွယ်သည့် အမျိုးသမီးတစ်ဦးထက် အမှန်ပင် ပို‌ကောင်းသည်၊ အကယ်၍ ထိုအမျိုးသမီးသည် အသင်တို့အား စိတ်ဝင်စား(စရာ ဖြစ်)‌စေခဲ့လျှင်လည်း (မုအ်မိနဟ် ကျွန်မသည်ပင် ပို‌ကောင်းသည်)။ ထို့ပြင် ရှိရ်က်တုဖက်ကိုးကွယ်သည့် အမျိုးသားများအား သူတို့ အီမာန်မယုံကြည်သမျှ (သူတို့နှင့် အသင်တို့၏သမီးများကို)လက်ထပ် မ‌ပေးကြနှင့်။ ထို့ပြင် အီမာန်ယုံကြည်သူ ကျွန်တစ်ဦးသည် ရှိရ်က်တုဖက်ကိုးကွယ်သည့် အမျိုးသားတစ်ဦးထက် အမှန်ပင် ပို‌ကောင်းသည်၊ အကယ်၍ ထိုအမျိုးသားသည် အသင်တို့အား စိတ်ဝင်စား(စရာ ဖြစ်)‌စေခဲ့လျှင်လည်း (မုအ်မင်န် ကျွန်ကပင် ပို‌ကောင်းသည်)။ ထိုသူများသည် ငရဲမီးဘက်သို့ ‌ခေါ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ ဂျန္နသ်ဘက်နှင့် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာမှုဘက်သို့ အရှင်မြတ်၏အမိန့်‌တော်ဖြင့် ဖိတ်‌ခေါ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏အာယသ်များကို လူအများအတွက် သူတို့ သတိတရားရကြရန် ရှင်းပြ‌တော်မူသည်။

    [222] ထို့ပြင် သူတို့က အသင်(တမန်‌တော်)အား ဓမ္မတာရာသီလာခြင်းနှင့် ပတ်သက်၍(လာ‌ရောက်) ‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုအရာသည် (ရွံရှာဖွယ်ရာ) အညစ်အ‌ကြေးတစ်မျိုးဖြစ်သည်။ သို့ဖြစ်ရာ ဓမ္မတာရာသီလာသည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများနှင့် (ကာမ ဆက်ဆံမှုမပြုဘဲ) ခွဲခွာ၍‌နေကြပါ။* ထို့ပြင် အသင်တို့သည် ထိုဇနီးမိန်းမများ သန့်စင်မှုမဖြစ်သမျှ သူတို့အနီးသို့(ကာမ ဆက်ဆံရန်)မချဉ်းကပ်ကြနှင့်။ ထို့‌နောက် သူတို့သည် သန့်စင်လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အမိန့်‌ပေးထားသည့်‌နေရာမှ သူတို့ထံသို့ အသင်တို့ (ကာမ ဆက်ဆံရန်) ချဉ်းကပ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဝန်ချ‌တောင်းပန် (ပြီး အရှင်မြတ်ဘက် အလွန်လှည့်‌သော)သူများအား နှစ်သက်‌တော်မူသည်။ ၎င်းပြင် သန့်ပြန့်စင်ကြယ်‌သောသူများအားလည်း နှစ်သက်‌တော်မူသည်။

    [223] အသင်တို့၏ဇနီးမိန်းမများသည် အသင်တို့အတွက် လယ်ယာ‌မြေဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏လယ်ယာများကို အသင်တို့ကြိုက်သည့်နည်း*ဖြင့် (ထွန်ယက်စိုက်ပျိုး) သွားလာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အတွက် (‌ကောင်းမှု)ကြိုတင်ပို့‌ဆောင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်နှင့် ‌တွေ့ဆုံရမည်ဆိုသည်ကိုလည်း သိရှိ(ယုံကြည်)ထားကြပါ။ ထို့‌နောက် အသင်သည် အီမာန်ယုံကြည်သူများအား သတင်း‌ကောင်း‌ပေးလိုက်ပါ။

    [224] ထို့ပြင် အသင်တို့သည် ‌ကောင်းမှုမပြုရန်၊ အပြစ်မ‌ရှောင်ကြရန်၊ လူများကြားတွင် ခိုက်ရန်ဖြစ်မှုကို ဖြန်‌ဖြေမ‌ပေးကြရန် အသင်တို့၏ကျိန်ဆိုမှုများအတွက် အလ္လာဟ်အရှင်မြတ်အား (ဒိုင်းသဖွယ်)အကာအကွယ် မပြုလုပ်ကြနှင့်။ (အလ္လာဟ်နှင့်ကျိန်ဆိုထားသည့်အတွက် ထိုအလုပ်များကို မလုပ်ခြင်းဖြစ်သည်ဟု အရှင်မြတ်ကို ခုတုံးမလုပ်ကြနှင့်။)* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [225] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အလဟဿကျိန်ဆိုမှုများ*နှင့်ပတ်သက်၍ အသင်တို့အား အ‌ရေးယူ‌တော်မူမည်မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့ စိတ်‌ရောကိုယ်ပါ ကျိန်ဆိုခဲ့သည်များ*နှင့်စပ်လျဉ်း၍မူ အရှင်မြတ်သည် အသင်တို့အား အ‌ရေးယူ‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [226] မိမိတို့၏ဇနီးကြင်ရာများနှင့် (ကာမ ဆက်ဆံမှု ပြုမည်မဟုတ်‌တော့ဟု)ကျိန်ဆိုသူများ*အတွက် အချိန်‌လေးလ ‌စောင့်ဆိုင်းခွင့်ရှိသည်။ ထို့‌နောက် အကယ်၍(‌လေးလအတွင်း) သူတို့၏ကျိန်ဆိုချက်ကို ပြန်လည်ရုပ်သိမ်းကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [227] ထို့ပြင် အကယ်၍ သူတို့သည် ကွာရှင်းပြတ်စဲရန်သာ ဆုံးဖြတ်ကြသည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [228] ထို့ပြင် ကွာရှင်းပြတ်စဲခြင်းခံရသည့် ဇနီးမိန်းမများသည် အချိန်ကာလသုံးခုအထိ* အိဒ်ဒသ်‌စောင့်ဆိုင်းမှု ပြုကြရမည်။ ထို့ပြင် ထိုဇနီးမိန်းမများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို အမှန်စင်စစ် ယုံကြည်ကြလျှင် ထိုဇနီးမိန်းမများအ‌နေနှင့် သူမတို့၏သားအိမ်ထဲတွင် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထား‌တော်မူ‌သောအရာ (ကိုယ်ဝန် သို့မဟုတ် ဓမ္မတာလာခြင်း)ကို ထိမ်ချန်လျှို့ဝှက်ထားပိုင်ခွင့်မရှိ‌ပေ။* ထို့ပြင် ထိုဇနီးမိန်းမများ၏ခင်ပွန်း‌ယောက်ျားများသည် သင့်မြတ်မှုကို ရည်ရွယ်ကြသည်ဆိုလျှင် ထိုဇနီးမိန်းမများအား (ဇနီးအဖြစ်) ပြန်ယူရန် ပိုထိုက်သည်။* ၎င်းပြင် ထိုဇနီးမိန်းမများသည် ‌ယောက်ျားများ အခွင့်အ‌ရေးရသကဲ့သို့ သူမတို့သည်လည်း ‌ကောင်းသည့်နည်းလမ်းနှင့်အညီရကြသည်။ ထို့ပြင် ‌ယောက်ျားများအတွက် မိန်းမများထက် အဆင့်တစ်ဆင့်ပိုသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [229] ကွာရှင်းမှုသည် နှစ်ကြိမ်သာလျှင်ဖြစ်၏* ထို့‌နောက် (ခင်ပွန်း‌ယောက်ျားများသည် သူတို့၏ဇနီးများကို) ‌ကောင်းမွန်သည့်နည်းနှင့် ပြန်‌ပေါင်းရန်သာရှိသည်။ သို့မဟုတ်(တတိယအကြိမ်တွင်) ‌ကောင်းမွန်စွာ (ကြည်ကြည်ဖြူဖြူ)စွန့်လွှတ်လိုက်ရန်သာရှိသည်။ ထို့ပြင် အသင်တို့အတွက် ထိုဇနီးမိန်းမများအား ‌ပေးခဲ့သည့် (ထိမ်းမြားရန်သ‌ဘောတူထား‌သော မဟရ်ပစ္စည်း)ထဲမှ မည်သည့်အရာမျှ ပြန်ယူပိုင်ခွင့် မရှိ‌ပေ။ သို့ရာတွင် ထိုဇနီး‌မောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပ‌ဒေများကို ‌စောင့်စည်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသည့်အခါမျိုး၌သာ (‌လျော်‌ကြေးအဖြစ်ဖြင့်ယူနိုင်သည်)။ ထို့အတွက် အကယ်၍ ထိုဇနီး‌မောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပ‌ဒေများကို မ‌စောင့်စည်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြလျှင် ထိုဇနီးမိန်းမက ‌လျော်‌ကြေး‌ပေးသည့် ပစ္စည်းနှင့်ပတ်သက်၍ ထိုဇနီး‌မောင်နှံနှစ်ဦးအ‌ပေါ်တွင် မည်သည့်အပြစ်မျှ မထိုက်‌ပေ။ ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏စည်းကမ်းများဖြစ်သည်။ အသင်တို့သည် ထိုစည်းကမ်းများကို မကျူး‌ကျော်ကြနှင့်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းကမ်းများကို ကျူး‌ကျော်လျှင် ထိုသူများပင် ပြစ်မှုကျူးလွန်သည့်သူများဖြစ်ကြသည်။

    [230] ထို့‌နောက် အကယ်၍ (‌ယောက်ျားက ဇနီးသည်ကို ထပ်ပြီး‌နောက်တစ်ကြိမ်) သွလာက်‌ပေးခဲ့လျှင် ထို(ကဲ့သို့ သုံးသွလာက်‌ပေးပြီး)‌နောက် ဤ‌ယောက်ျားအတွက် ထိုသူမ(ဇနီးမိန်းမ)သည် အခြား‌ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား‌ပေါင်းသင်းမှု မပြုသမျှ ဟလာလ် တရားဝင်ဇနီးဖြစ်မည် မဟုတ်‌တော့‌ပေ။* အကယ်၍ ထို(ဒုတိယ)‌ယောက်ျားသည်လည်း ထိုဇနီးမိန်းမကို ကွာရှင်းပြန်လျှင် ထိုဇနီးမိန်းမနှင့် (ပထမ)‌ယောက်ျားတို့သည် သူတို့နှစ်ဦးအ‌နေနှင့် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပ‌ဒေများကို ‌စောင့်ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး ‌နောက်တစ်ကြိမ်ပြန်လည် (နိကာဟ်ပြု လက်ထပ်၍) ‌ပေါင်းသင်းဆက်ဆံကြလျှင် ထိုဇနီး‌မောင်နှံနှစ်ဦးအ‌ပေါ်တွင် မည်သည့်အပြစ်မျှမရှိ‌ပေ။ ၎င်းပြင် ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပ‌ဒေများဖြစ်သည်၊ အရှင်မြတ်သည် ထိုအရာများကို အသိရှိသည့်သူများအတွက် ရှင်းပြ‌တော်မူသည်။

    [231] အသင်တို့သည် ဇနီးမိန်းများအား သွလာက်(ရဂျ်အီ)‌ပေးပြီး‌နောက် သူမတို့သည် အိဒ်ဒသ် (ကုန်ဆုံး‌တော့မည့်)ရက်ကို ‌ရောက်သွား‌သောအခါ အသင်တို့သည် ထိုဇနီးမိန်းမများအား ‌ကောင်းမွန်သည့်နည်းဖြင့် ပြန်ယူလိုက်ကြရမည်၊ သို့မဟုတ် ‌ကောင်းမွန်သည့်နည်းဖြင့် စွန့်လွှတ်လိုက်ကြရမည်။ ထို့‌နောက် အသင်တို့သည် ထိုဇနီးမိန်းမများအား နစ်နာ‌စေလိုသည့်အ‌နေဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ပြန်ယူထားခြင်းမပြုကြနှင့်။ ထို့ပြင် မည်သူမဆို ထိုကဲ့သို့ပြုလုပ်လျှင် ထိုသူသည် မိမိကိုယ်မိမိ နှိပ်စက်ခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ‌ပြောင်‌လှောင်မှု* မပြုလုပ်ကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့ပြင် အရှင်မြတ်က အသင်တို့အ‌ပေါ်ချ‌ပေးခဲ့သည့် ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင် (စွန္နသ်‌တော်)များကိုလည်း သတိရကြပါ။ ထိုအရာများနှင့်ပင် အရှင်မြတ်သည် အသင်တို့အား ဆုံးမ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားကြပါ။

    [232] ထို့ပြင် အသင်တို့သည် ဇနီးမိန်းမများအား သွလာက်(ရဂျ်အီ)‌ပေးပြီး‌နောက် သူမတို့သည် အိဒ်ဒသ်ရက်ကို‌ရောက်သွားသည့်အခါ သူမတို့၏(‌နောက်အိမ်‌ထောင်ပြုမည့်)ခင်ပွန်းများနှင့် လက်ထပ်ထိမ်းမြားမှုမှ ဖိနှိပ်ချုပ်ချယ်တားမြစ်မှု* မပြုကြနှင့်(မတားမြစ်ကြနှင့်)။ ၎င်းသည် အသင်တို့ထဲမှ အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်‌သောသူများအား (အရှင်မြတ်က) ဆုံးမသည့် ပညတ်‌တော်ဖြစ်သည်။ ၎င်းသည် အသင်တို့အတွက် ပိုပြီး အကျိုးဖြစ်ထွန်း‌စေ‌သော ပိုပြီးစင်ကြယ်‌စေ‌သောအရာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သိ‌တော်မူ၍ အသင်တို့သည် မသိကြ‌ပေ။

    [233] ထို့ပြင် မိခင်များသည် သူတို့၏သားသမီးများအား ၂နှစ်အပြည့် နို့တိုက်ကြရမည်။ ဤသည် ရက်ပြည့်‌အောင်နို့တိုက်‌ကျွေးလိုသူအတွက်ဖြစ်သည်။ ထို့ပြင် (က‌လေး၏)ဖခင်အ‌ပေါ်တွင် နို့တိုက်ရက်ပြည့်သည်အထိ ထိုမိခင်၏စားနပ်ရိက္ခာနှင့် အဝတ်အစားကို ‌ကောင်းမွန်သည့်နည်းဖြင့် (စီစဉ်‌ပေးရန်)တာဝန်ရှိသည်။ မည်သူမျှ သူတတ်စွမ်းနိုင်သည်ထက်ပိုပြီး တာဝန်‌ပေးခြင်း မခံရ‌ပေ။* မည်သည့်မိခင်မျှ သူ၏သားသမီးအတွက်ဖြင့် မနစ်နာ‌စေရ‌ပေ၊ မည်သည့်ဖခင်မျှလည်း သူ၏သားသမီးအတွက်ဖြင့် မနစ်နာ‌စေရ‌ပေ။ (ဖခင်‌သေဆုံးသွားလျှင်) အ‌မွေစားအ‌မွေခံများအ‌ပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် အဝတ်အစားကို စီစဉ်‌ပေးရန်)တာဝန်ရှိသည်။* ထို့‌နောက် မိဘနှစ်ပါးသည် သူတို့အချင်းချင်း သ‌ဘောတူတိုင်ပင်ပြီး နို့ဖြတ်လိုက်မည်ဆိုလျှင် သူတို့နှစ်ဦးအ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် အသင်တို့၏သားသမီးများကို (နို့ထိန်းသည်အား) သင့်‌တော်သည့်ငှားရမ်းခ‌ပေးပြီး နို့တိုက်‌ကျွေးခိုင်းမည်ဆိုလျှင်လည်း အသင်တို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ (ဝါ) အသင်တို့သည် က‌လေးမိခင်ကို ‌ပေးရန်တာဝန်ရှိသည်(များ စားစရာနှင့် အဝတ်အစား)ကို ‌ပေးပြီး‌နောက် နို့ထိန်းသည် ငှားရမ်းကာ အသင်တို့၏သားသမီးများကို နို့တိုက်‌ကျွေးခိုင်းမည်ဆိုလျှင်လည်း အသင်တို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားကြပါ။

    [234] ထို့ပြင် အသင်တို့အနက်မှ တစ်ဦးဦးသည် ‌သေဆုံးပြီး ဇနီးမိန်းမများချန်ခဲ့သည်။ ထိုဇနီးမိန်းမများသည် ၄လနှင့်၁ဝရက် အိဒ်ဒသ်‌စောင့်ဆိုင်း‌နေကြရမည်။* ထို့ပြင် ထိုဇနီးမိန်းမများသည် အိဒ်ဒသ်ရက်အဆုံးကို‌ရောက်သည့်အခါ သူမတို့ကိုယ်သူမတို့ ‌ကောင်းမွန်သည့်နည်းဖြင့် ပြုလုပ်သည့်ကိစ္စ(‌နောက်အိမ်‌ထောင်ပြုခြင်း စသည်)များသည် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [235] ထို့ပြင် အသင်တို့သည် (အိဒ်ဒသ်‌စောင့်ဆိုင်း‌နေသည့်) မုဆိုးမများကို ‌စေ့စပ်စကားအရိပ်အ‌ခြေ‌ပြောဆိုခြင်း၊ သို့မဟုတ် (အရိပ်အ‌ခြေမ‌ပြောဘဲ) အသင်တို့ စိတ်ထဲ၌ပင် (လက်ထပ်မည့်ကိစ္စ) သိုဝှက်ထားခြင်းတွင် အသင်တို့အ‌ပေါ်၌ မည်သည့်အပြစ်မျှ မရှိ‌ပေ။ အသင်တို့သည် ထိုမုဆိုးမများအ‌ကြောင်းကို ‌ပြောဖြစ်ကြလိမ့်မည်ဆိုသည်ကို* အလ္လာဟ်အရှင်မြတ် သိပြီးဖြစ်‌တော်မူသည်။ သို့ရာတွင် အသင်တို့သည် ‌ကောင်းမွန်သည့် စကား‌ပြောဆိုခြင်းမှလွဲ၍ အပြန်အလှန် လျှို့ဝှက်စွာ ကတိပြုမထားကြနှင့်။ ထို့ပြင် ပြဋ္ဌာန်းထားသည့် အိဒ်ဒသ်ကုန်ဆုံးရက် မ‌ရောက်မချင်း အသင်တို့သည် နိကာဟ်ပြုခြင်း အထုံးအဖွဲ့ကို မချည်‌နှောင်ကြနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်များထဲတွင် ရှိသည့်အရာများကို အမှန်စင်စစ် သိ‌တော်မူသည့်အတွက်‌ကြောင့် အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ဆိုသည်ကို အသင်တို့ သိထားကြပါ။

    [236] အကယ်၍ အသင်တို့သည် ဇနီးမိန်းမများကို မထိ‌တွေ့ကြ‌သေးမီ* သို့မဟုတ် (ထိမ်းမြားရန် သ‌ဘောတူထား‌သော) မဟရ်ပစ္စည်း(မည်၍မည်မျှ)ဟု မသတ်မှတ်ရ‌သေးမီပင် ကွာရှင်းခဲ့ကြလျှင် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့‌နောက် ထိုမိန်းမများအား အသင်တို့သည် ချမ်းသာ‌သောသူသည် ချမ်းသာသည့်အ‌လျောက်၊ ဆင်းရဲ‌သောသူသည် ဆင်းရဲသည့်အ‌လျောက် သူတို့ တတ်စွမ်းနိုင်သည်ခန့် ‌ကောင်းမွန်သည့်နည်းဖြင့် အကျိုးခံစားခွင့် (လက်‌ဆောင်)‌ပေးရန် တာဝန်ရှိသည်။* ဤသည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများအ‌ပေါ်တွင် တာဝန်တစ်ခုဖြစ်သည်။

    [237] ထို့‌နောက် အကယ်၍ အသင်တို့သည် (ထိမ်းမြားရန် သ‌ဘောတူထား‌သော) မဟရ်ပစ္စည်းသတ်မှတ်ပြီး‌နောက် သူမတို့ကို မထိ‌တွေ့ရ‌သေးမီတွင် ကွာရှင်းခဲ့ကြလျှင် အသင်တို့ သတ်မှတ်ခဲ့ကြသည့် မဟရ်ပစ္စည်း၏တစ်ဝက်ကို သူမတို့အား ‌ပေးရမည်။ သို့ရာတွင် သူမတို့က ခွင့်လွှတ်ကြလျှင် (‌ပေးရန် မလို‌တော့‌ပေ)။ သို့မဟုတ် နိကာဟ်ပြုလုပ်သည့်သူက သူရမည့်ကျန်တစ်ဝက်ကို ခွင့်လွှတ်လိုက်လျှင်လည်း (ထို မိန်းမသည် တစ်ဝက်ပြန်‌ပေးရန်မလို‌တော့‌ပေ)။ ၎င်းပြင် အသင်တို့ ခွင့်လွှတ်လိုက်ခြင်းသည် သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအတွက် ပိုနီးစပ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ အချင်းချင်း အပြန်အလှန် ‌ကျေးဇူးပြုကြသည်ကို မ‌မေ့‌လျော့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [238] အသင်တို့သည် စွလာသ်ဝတ်ပြုမှုများကို ဂရုစိုက်(ဝတ်ပြု)ကြပါ၊ (အထူးသဖြင့်)အလယ် စွလာသ်ဝတ်ပြုမှု*ကို ဂရုစိုက်(ဝတ်ပြု)ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ရိုကျိုးသူများအဖြစ်နှင့်ရပ်ကြပါ။

    [239] ထို့‌နောက် အသင်တို့သည် (အန္တရာယ်များမှ)စိုးရိမ်ကြလျှင် ‌ခြေလျင်ဖြစ်‌စေ၊ အစီးအနင်းစီး‌နေစဉ်ဖြစ်‌စေ (ရသည့်နည်းဖြင့် စွလာသ်ဝတ်ပြုကြပါ)။ ထို့ပြင် အသင်တို့သည် လုံခြုံစိတ်ချရသည့်အခါ အသင်တို့ မသိနားမလည်စဉ်၌ အရှင်မြတ်သင်ကြားပြသထား‌တော်မူသည့်အတိုင်း အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသကြပါ။

    [240] ထို့ပြင် အသင်တို့ထဲမှ ဇနီးမိန်းမများကို ချန်ထားခဲ့ပြီး ‌သေဆုံးသွားကြ‌သောသူများသည် သူတို့၏ဇနီးမိန်းမများအတွက် (‌နေအိမ်မှ)နှင်ထုတ်ခြင်းမပြု‌စေဘဲ တစ်နှစ်အကျိုးခံစားခွင့် ရရှိ‌စေရန်(‌သေတမ်းစာ‌ရေးပြီး) မှာထားခဲ့ရမည်။* ထို့‌နောက် သူမတို့က ထွက်သွားပြီး သူမတို့ကိုယ်သူမတို့ သင့်‌တော်သည့်နည်းနှင့် အစီအစဉ်ပြုလုပ်ကြလျှင် အသင်တို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [241] ထို့ပြင် ကွာရှင်းပြီးဖြစ်သည့် ဇနီးမိန်းမများကိုလည်း ‌ကောင်းမွန်သည့်နည်းဖြင့် အကျိုးခံစားခွင့် ရှိရမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ရွက်သူများအတွက် တာဝန်တစ်ခုဖြစ်သည်။

    [242] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်‌တော်များကို အသင်တို့အတွက် သိနားလည်ကြရန် ဤသို့ပင် ရှင်းပြ‌တော်မူသည်။

    [243] အသင်(တမန်‌တော်)သည် ‌ထောင်‌ပေါင်းများစွာရှိလျက်နှင့် ‌သေရမည်ကို‌ကြောက်၍ သူတို့အိမ်များမှ ထွက်သွားခဲ့ကြသည့်သူများကို မသိမြင်ခဲ့ပါသ‌လော။ ထို့အတွက်‌ကြောင့် အရှင်မြတ်သည် သူတို့အား“အသင်တို့‌သေကြ‌ပေ‌တော့“ဟု မိန့်ကြား‌တော်မူလိုက်သည်။ (ထိုအခါ သူတို့သည် ‌သေသွားကြသည်။) ထို့‌နောက် အရှင်မြတ်သည် သူတို့အား ရှင်ပြန်ထ‌စေ‌တော်မူခဲ့သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများ‌ပေါ်၌ ‌ကျေးဇူးပြု‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ သို့ရာတွင် လူများတွင် အများစုသည် ‌ကျေးဇူးမသိတတ်ကြ‌ပေ။

    [244] ထို့‌နောက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ကြပါ။* ထို့ပြင်အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ဆိုသည်ကို အသင်တို့ သိထားလိုက်ကြပါ။

    [245] အလ္လာဟ်အရှင်မြတ်အား ‌ကောင်းမွန်သည့်အ‌ကြွေး*မည်သူ‌ချေးမည်နည်း။ ထို(ကဲ့သို့‌ချေးငှားသည့်)အတွက် အရှင်မြတ်သည် ထိုသူ့အား အဆ‌ပေါင်းများစွာ တိုးပွား‌စေ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ကျပ်တည်း‌စေ‌တော်မူသည်။ ထို့ပြင် ‌ချောင်လည်‌စေ‌တော်မူသည်။ ထို့‌နောက် အသင်တို့သည် အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရမည်။

    [246] အသင်(တမန်‌တော်)သည် တမန်‌တော်မူစာ(၏‌ခေတ်ကာလ)ပြီး‌နောက် အစ္စရာအီလ်မျိုးနွယ်များထဲမှ အကြီးအကဲများ(၏အဖြစ်)ကို မသိမြင်ပါသ‌လော။ တစ်ခါက သူတို့သည် သူတို့၏နဗီတမန်‌တော်ကို (ဤသို့)‌တောင်းဆိုခဲ့ကြသည်၊ “ကျွန်ုပ်တို့အတွက် ဘုရင်တစ်ပါး ခန့်‌ပေးပါ၊ ကျွန်ုပ်တို့သည် အရှင်မြတ်၏လမ်းတွင် တိုက်ခိုက်ကြပါမည်။“ ထို့‌နောက် နဗီတမန်‌တော်က ‌ပြောဆိုသည်၊ အကယ်၍ အသင်တို့အ‌ပေါ်တွင် စစ်တိုက်ရန်အမိန့် ပြဋ္ဌာန်းခြင်းခံရလျှင် အသင်တို့သည် စစ်မတိုက်ဘဲ ‌နေ‌ကောင်း‌နေကြလိမ့်မည် မဟုတ်‌လော။ သူတို့က ‌ပြောဆိုကြသည်၊ ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မတိုက်ရန် မည်သည့်အ‌ကြောင်းရှိ‌တော့မည်နည်း၊ အမှန်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိုးအိမ်စည်းစိမ်နှင့် သားသမီးများမှ ခွဲခွာနှင်ထုတ်ခြင်းခံခဲ့ရပြီဖြစ်သည်။ ထို့‌နောက် သူတို့အ‌ပေါ်တွင် စစ်တိုက်မိန့် ပြဋ္ဌာန်းခြင်းခံရသည့်အခါ သူတို့ထဲမှ အနည်းငယ်မှလွဲ၍(ကျန်အားလုံးသည်) ‌ကျောခိုင်းသွားကြ‌တော့သည်။ ထို့ပြင် အရှင်မြတ်သည် မတရားကျူးလွန်သူများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [247] ထို့‌နောက် နဗီတမန်‌တော်က သူတို့အား ‌ပြောကြားသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် သွာလူသ်ကို ဘုရင်အဖြစ် ခန့်အပ်‌စေလွှတ်‌တော်မူလိုက်ပြီဖြစ်သည်။ သူတို့က ‌ပြောဆိုကြသည်၊ မည်သည့်နည်းဖြင့် ကျွန်ုပ်တို့အ‌ပေါ်တွင် သူ့အား အုပ်ချုပ်မှုအာဏာ‌ပေး၍ ဖြစ်နိုင်ပါမည်နည်း။* ၎င်းပြင် ကျွန်‌တော်တို့သည် သူ့ထက်ပိုပြီး အုပ်ချုပ်မှုအာဏာနှင့် ထိုက်တန်ကြသည်။ ထို့ပြင် သူသည် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုလည်း ‌ပေးခြင်းခံရသည် မဟုတ်‌ပေ။ နဗီတမန်‌တော်က ‌ပြောဆိုသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် သူ့အား ‌ရွေးချယ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူ့အား ပညာ‌ရေးနှင့် ကိုယ်ကာယတွင် ကျယ်ဝန်းစွာ သာပို‌သောအရည်အချင်းများ ‌ပေး‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်သူအား အရှင်မြတ်၏ အုပ်ချုပ်မှုအာဏာကို ချီးမြှင့်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [248] ထို့ပြင် သူတို့၏ နဗီတမန်‌တော်က သူတို့ကို ‌ပြောကြားသည်၊ အမှန်စင်စစ် ထိုသွာလူသ်၏ ဘုရင်ဖြစ်ခြင်းလက္ခဏာသည် အသင်တို့ထံသို့ ‌သေတ္တာတစ်လုံး‌ရောက်လာလိမ့်မည်၊ ထို‌သေတ္တာထဲတွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ တည်ငြိမ်‌အေးချမ်းသာယာမှုပစ္စည်းများပါရှိလိမ့်မည်။ ထို့ပြင်(တမန်‌တော်)မူစာ၏အမျိုးအနွယ်နှင့် (တမန်‌တော်)ဟာရူန်၏အမျိုးနွယ်တို့က ချန်လှပ်ခဲ့‌သော ပစ္စည်းများထဲမှ (ဗရကသ်မဂင်္လာရှိ‌သော)ပစ္စည်း အကြွင်းအကျန်အချို့ပါရှိလိမ့်မည်။ ထို‌သေတ္တာကို ‌ကောင်းကင်တမန်များက သယ်‌ဆောင်လာလိမ့်မည်။ အမှန်စင်စစ် အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ထိုအထဲ၌ အသင်တို့အတွက် (ကြီးကျယ်‌သော) သက်‌သေလက္ခဏာရှိသည်။

    [249] ထို့‌နောက် သွာလူသ်ဘုရင်သည် စစ်တပ်နှင့်ထွက်ခွာချီတက်သွားသည့်အခါ ‌ပြောဆိုသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မြစ်တစ်ခုနှင့် စမ်းသပ်‌တော်မူမည်။ ထို့အတွက် အကြင်သူသည် ထိုမြစ်ထဲမှ(‌ရေများစွာ)‌သောက်ခဲ့လျှင် ထိုသူသည် ငါ၏(အုပ်စု)ထဲမှ မဟုတ်‌ပေ။ ၎င်းပြင် အကြင်သူသည် ‌ရေလက်တစ်ခုပ်ခန့်မှလွဲ၍ ထိုမြစ်ထဲမှ မ‌သောက်ခဲ့လျှင် ထိုသူသည် ငါ၏(အုပ်စု)ထဲမှဖြစ်သည်။ ထို့‌နောက် သူတို့ထဲမှ အနည်းငယ်မှလွဲ၍(ကျန်အားလုံးသည်) ထိုမြစ်ထဲမှ(‌ရေကိုများစွာ)‌သောက်လိုက်ကြသည်။ ထို့‌နောက် သွာလူသ်ဘုရင်နှင့် အီမာန်ယုံကြည်သူများသည် ထိုမြစ်ကို‌ကျော်လွန်သွားသည့်အခါ (‌ရေများစွာ‌သောက်သူ)အချို့က ‌ပြောဆိုကြသည်၊ ယ‌နေ့ ဂျာလူသ်နှင့် သူ၏စစ်တပ်အား(တိုက်ရန်) ကျွန်ုပ်တို့တွင် အင်အားမရှိ‌တော့‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် ဖူး‌တွေ့ရမည့်သူများဟု ယုံကြည်ထားသူများကမူ (ဤသို့)‌ပြောဆိုကြသည်၊ (စစ်သား)အနည်းငယ်သာရှိသည့်အုပ်စု(‌လေး)များသည် (စစ်သား)များစွာရှိသည့်အုပ်စု(ကြီး)များအား အရှင်မြတ်၏အမိန့်‌တော်ဖြင့် အကြိမ်ကြိမ်‌အောင်မြင်ခဲ့ကြပြီး ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သည်းခံသူများနှင့် အတူတကွရှိ‌တော်မူသည်။

    [250] ထို့‌နောက် သူတို့သည် ဂျာလူသ်ဘုရင်နှင့် သူ၏စစ်သားများအား ရင်ဆိုင်ကြသည့်အခါ (အရှင်မြတ်ထံတွင် ဤသို့ ဒိုအာ‌တောင်းခံကြသည်) အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် သည်းခံနိုင်သည့်အင်အား သွန်း‌လောင်း‌ပေး‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့၏‌ခြေများကို မြဲမြံ‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်၌ ‌အောင်မြင်မှုရရန် ကူညီ‌တော်မူပါ။

    [251] ထို့‌နောက် သူတို့(သွာလူသ်၏စစ်သားများ)သည် အရှင်မြတ်၏အမိန့်‌တော်ဖြင့် သူတို့(ဂျာလူသ်၏စစ်သားများ)အား ရှုံနိမ့်‌အောင် ပြုလုပ်ခဲ့ကြသည်။ ဒါဝူသ်သည် ဂျာလူသ်ကို သတ်ဖြတ်ခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူသ်*ကို ဩဇာအာဏာနှင့် ဉာဏ်အ‌မြော်အမြင်(ဝါ)နဗီဖြစ်ခြင်းကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်ဒါဝူသ်)အား အရှင်မြတ် အလိုရှိ‌တော်မူသည့် ပညာရပ်များကိုလည်း သင်ကြား‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားများအား သူတို့အနက်မှ အချို့ကိုအချို့နှင့် တွန်းလှန်ကာကွယ်မှုမပြုခဲ့လျှင် ဤကမာ္ဘကြီးသည် အမှန်ပင် ပျက်စီးခဲ့ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးအ‌ပေါ်၌ ‌ကျေးဇူးရှင် ဖြစ်‌တော်မူသည်။

    [252] ဤသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအာယသ်‌တော်များကို အသင်၏အ‌ပေါ်၌ မှန်ကန်စွာ ဖတ်ရွတ်ပြ‌တော်မူသည်၊* ထို့ပြင် အသင်သည် ‌စေလွှတ်‌တော်မူခြင်းခံရသည့် ရစူလ်တမန်‌တော်များထဲတွင် အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်သည်။

    [253] ငါ အရှင်မြတ်သည် အချို့တမန်‌တော်များကို အချို့တမန်‌တော်များထက် မြင့်မြတ်မှုပိုပြီး ချီးမြှင့်‌တော်မူခဲ့သည်။ (ဤသို့ အချို့ကို မြင့်မြတ်မှု ပိုချီးမြှင့်သည့်အတွက် ကျန်ရှိ‌သော တမန်‌တော်များသည် နိမ့်ကျသွားသည် မဟုတ်‌ပေ။) ထိုတမန်‌တော်များထဲတွင် အလ္လာဟ်အရှင်မြတ်က စကား‌ပြော‌တော်မူခဲ့သည့် တမန်‌တော်များလည်းရှိသည်။* ထို့ပြင် အရှင်မြတ်သည် ထိုတမန်‌တော်များထဲမှ အချို့ကို အဆင့်များ မြှင့်တင်‌ပေး‌တော်မူခဲ့သည်။* ၎င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား(တမန်‌တော်)အီစာကို ထင်ရှားသည့် သက်‌သေလက္ခဏာများ ‌ပေး‌တော်မူခဲ့သည့်အပြင် ‌ကောင်းကင်တမန် ဂျိဗ်ရီလ်နှင့်လည်း ကူညီအား‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် ထိုတမန်‌တော်များ၏ ‌နောက်တွင်ရှိခဲ့ကြသည်များကို သူတို့ထံ ထင်ရှားသည့်သက်‌သေလက္ခဏာများ ‌ရောက်ရှိခဲ့ပြီး‌နောက် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်‌ပေ။ သို့ရာတွင် သူတို့အချင်းချင်း ကွဲလွဲခဲ့ကြသည့်အတွက် သူတို့ထဲမှ အချို့သည် အီမာန်ယုံကြည်ခဲ့ကြပြီး‌နောက် အချို့သည် ကုဖ်ရ်ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင်* သူတို့ အချင်းချင်း သတ်ဖြတ်ခဲ့ကြမည်မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို ပြုလုပ်‌တော်မူသည်။

    [254] အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ ငါအရှင်မြတ်က အသင်တို့အား ‌ပေးသနား‌တော်မူခဲ့သည့် ပစ္စည်းဥစ္စာများထဲမှ အသင်တို့သည် ထို(ကိယာမသ်)‌နေ့မ‌ရောက်မီ ‌ပေးကမ်းလှူဒါန်းကြပါ။ ထို‌နေ့၌ မည်သည့်အ‌ရောင်းအဝယ်မျှ ရှိမည်မဟုတ်‌ပေ၊ မိတ်‌ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်‌ပေ၊ ကြားဝင်အသနားခံ‌ပြော‌ပေးမှုလည်း ရှိမည်မဟုတ်‌ပေ။ ၎င်းပြင် ကုဖ်ရ်ငြင်းပယ်သူများပင် မတရားကျူးလွန်သူများဖြစ်ကြသည်။

    [255] အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ (ထိုအရှင်သည်) အမြဲထာဝရရှင်‌နေ‌တော်မူ‌သောအရှင်၊ အမြဲတည်ရှိလျက် ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်အား ငိုက်မြည်းခြင်းနှင့် အိပ်စက်ခြင်းက မဖိစီးနိုင်‌ပေ။ ‌ကောင်းကင်များနှင့် ‌မြေ‌ပေါ်တွင်ရှိသမျှအရာများကို အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ အရှင်မြတ်ထံတွင် သူတစ်ပါးအတွက် ကြားဝင်သနားခံ လိုက်‌ပြော‌ပေးမည့်သူသည် မည်သူရှိသနည်း။ အရှင်မြတ်သည် သူတို့၏‌ရှေ့‌နောက် အဖြစ်အပျက် အ‌ကြောင်းစုံကို သိ‌တော်မူသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်၏အသိ‌တော်ထဲမှ အရှင်မြတ်အလိုရှိသည်မှလွဲ၍ မည်သည့်အရာကိုမျှ လွှမ်းခြုံမသိနိုင်ကြ‌ပေ။ အရှင်မြတ်၏ ကုရ်စီ*သည် ‌ကောင်းကင်များနှင့် ကမာ္ဘ‌မြေအားလုံးကို ဝန်းခြုံထားသည်။ ထို့ပြင် ‌ကောင်းကင်များနှင် ကမာ္ဘ‌မြေကို ‌စောင့်‌ရှောက်ရခြင်းသည် အရှင်မြတ်အား ပင်ပန်းငြီး‌ငွေ့‌စေခြင်း မရှိ‌ပေ။ ၎င်းပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [256] သာသနာတွင် အတင်းအကျပ်မရှိ‌ပေ။ လမ်းမှန်သည် လမ်းမှားမှ ထင်ရှားသွားခဲ့ပြီးဖြစ်သည်။ ထို့အတွက်‌ကြောင့် အကြင်သူသည် (အလ္လာဟ်အရှင်မြတ်မှလွဲ၍ လူသားများကိုးကွယ်‌သောအရာ) သွာဂူသ်ကို ဆန့်ကျင်ငြင်းပယ်ပြီး အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်း)ကို လက်ခံယုံကြည်ကြလျှင် မည်သည့်အခါမျှ ကျိုးပျက်ခြင်းမရှိ‌သော ခိုင်မာသည့်ကြိုးကွင်းကို ဆုပ်ကိုင်ထားလိုက်ပြီဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [257] အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို ကာကွယ်‌စောင့်‌ရှောက် ‌စောင်မ‌တော်မူသည့် အ‌ဆွေ‌တော်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် ထိုအီမာန်ယုံကြည်သူများကို အမိုက်အ‌မှောင်များ(ကုဖ်ရ်)မှ အလင်း‌ရောင်(အစ္စလာမ်)ထံသို့ ထုတ်ယူပို့‌ဆောင်‌တော်မူသည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများ၏ အ‌ဆွေခင်ပွန်းများသည် ရှိုင်သွာန်များပင်ဖြစ်ကြသည်။ ထိုရှိုင်သွာန်များသည် သူတို့အား (အစ္စလာမ်)အလင်း‌ရောင်မှ အမိုက်အ‌မှောင်(ကုဖ်ရ်)များထဲသို့ ပို့‌ဆောင်ကြသည်။ သူတို့သည်ငရဲသားများဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲ၌ပင် အမြဲ‌နေထိုင်ကြရမည့်သူများဖြစ်ကြသည်။

    [258] အသင်(တမန်‌တော်)သည် အကြင်သူ(ဘုရင်)ကို မသိမြင်ခဲ့ပါသ‌လော။ ထိုသူ့အား အလ္လာဟ်အရှင်မြတ်က အုပ်ချုပ်မှုအာဏာ ‌ပေး‌တော်မူခဲ့သည့်အ‌ပေါ်(မာနတက်ကာ) သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့်ပတ်သက်၍ (တမန်‌တော်)အိဗ်ရာဟီမ်နှင့် အငြင်းအခုံပြုခဲ့သည်။ တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်က ‌ပြောခဲ့သည်၊ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ရှင်‌စေ‌တော်မူ‌သောအရှင်၊ ‌သေ‌စေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ သူ(ဘုရင်)က‌ပြောသည်၊ ငါသည်လည်း ‌သေ‌စေနိုင်သည်၊ ရှင်‌စေနိုင်သည်။* ၎င်း(တမန်‌တော်)အိဗ်ရာဟီမ်က ‌ပြောသည်၊ ထို့ပြင် အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် ‌နေကို အ‌ရှေ့ဘက်မှ ထွက်‌စေ‌တော်မူသည်။ အသင်သည် ထို(‌နေ)ကို အ‌နောက်ဘက်မှထွက်‌အောင် ပြုလုပ်ပါ။* ထို့‌နောက် ကာဖိရ်ငြင်းပယ်သူ(ဘုရင်)သည် ‌တွေ‌ဝေအံ့ဩသွားခဲ့ (ပြီး လက်မှိုင်ချလိုက်ရ‌တော့)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။

    [259] သို့မဟုတ် အသင်(တမန်‌တော်)သည် အကြင်သူကို မသိမြင်ခဲ့ပါသ‌လော၊ ထိုသူသည် မြ့ိုရွာတစ်ရွာကို ဖြတ်သန်းသွားခဲ့သည်။ ထိုရွာရှိ အိမ်များသည်(‌ခေါင်မိုးများပြိုကျပြီး နံရံများသည်လည်း)ပြိုကျပျက်စီးလျက်ရှိသည်။ (ထိုအချင်းအရာကို‌တွေ့ပြီး)၎င်းက ‌ပြောသည်၊ အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာအား ပျက်စီးပြီး‌နောက် မည်သည့်နည်းဖြင့် ပြန်လည်ရှင်‌စေ(ထူ‌ထောင်)‌တော်မူပါမည်နည်း။ ထို(ကဲ့သို့ ‌ပြောသည့်အတွက်)‌ကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား နှစ်‌ပေါင်းတစ်ရာ ‌သေ‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ၎င်းအား ပြန်ရှင်‌စေ‌တော်မူ၍ ‌မေးမြန်း‌တော်မူသည်၊ “အသင်သည် မည်မျှကြာ‌ညောင်းစွာ(ဤ‌နေရာ၌)‌နေခဲ့သနည်း။“ ၎င်းက ပြန်‌ဖြေသည်၊ “ကျွန်ုပ်သည် တစ်‌နေ့ သို့မဟုတ် ‌နေ့၏တစ်စိတ်တစ်ပိုင်း ‌နေခဲ့ပါသည်။“ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်၊ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်သည် နှစ်‌ပေါင်းတစ်ရာ‌နေခဲ့ခြင်းဖြစ်သည်။ အသင်သည် အသင်၏စား‌သောက်ဖွယ်ရာများကို ကြည့်ပါ။ ထိုစားဖွယ်များသည် (ဤမျှ နှစ်ကြာသည့်တိုင်)ပုပ်သိုးနံ‌စော်ခြင်းမရှိ‌ပေ။ ထို့‌နောက် (အသင်စီးနင်းလာသည့်) မြည်းတိစာ္ဆန်ကို(လည်း)ကြည့်ပါ။ ထို့‌နောက် ငါအရှင်မြတ်သည် အသင့်အား လူများအတွက် သက်‌သေလက္ခဏာတစ်ခုအဖြစ် ပြုလုပ်‌တော်မူရန် ဖြစ်သည်။ ထို့‌နောက် (အသင်စီးလာသည့် မြည်း၏)အရိုးများကို ငါအရှင်မြတ်သည် မည်ကဲ့သို့ ဆက်စပ်‌တော်မူပြီး အသားနှင့် ဖုံးအုပ်‌တော်မူသည်ဆိုသည်ကို အသင်ကြည့်ပါ။ ထို့‌နောက် ၎င်းအတွက် ထိုအရာများသည် ထင်ရှားလာသည့်အခါ ၎င်းက ”အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်ကို ကျွန်ုပ်သိရှိ(ယုံကြည်)ပါပြီ“ ဟု‌ပြောဆိုသည်။

    [260] ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်သည် ‌ပြောဆိုခဲ့သည်၊ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ‌သေသူများကို မည်သည့်နည်းဖြင့် ရှင်‌အောင်ပြုလုပ်‌တော်မူသည်ကို ကျွန်ုပ်အား ပြသ‌တော်မူပါ။* အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်၊ အသင်(တမန်‌တော်)သည် (ထိုအရာကို) မယုံကြည်ပါသ‌လော။ ၎င်း(တမန်‌တော်)က ‌ပြောဆိုသည်၊ အဘယ့်‌ကြောင့်မယုံရပါမည်နည်း၊ အမှန်ယုံကြည်ပါသည်။ သို့ရာတွင် ကျွန်ုပ်စိတ်‌ကျေနပ်(တင်းတိမ်)ရန်အတွက်ပင် (‌မေးရခြင်း)ဖြစ်ပါသည်။ (အရှင်မြတ် ဖန်ဆင်းနိုင်‌ကြောင်းကို မမြင်ရဘဲနှင့် မှန်ကန်သည်ဟု သိရှိယုံကြည်လိုက်ခြင်းဖြင့်လည်း အီမာန်အတွက် လုံ‌လောက်ပြီးဖြစ်သည်။) (ထိုအခါ)အရှင်မြတ်က မိန့်‌တော်မူသည်၊ သို့ဖြစ်လျှင် အသင်သည် ငှက်‌လေး‌ကောင်ကို ယူပြီး‌နောက် အသင့်ထံတွင် သူတို့အား(ဇဗဟ် လုပ်ပြီး) အပိုင်းပိုင်းဖြတ်‌တောက်လိုက်ပါ။* ထို့‌နောက် ထိုထဲမှ တစ်ပိုင်းစီကို ‌တောင်တစ်ခုစီ အ‌ပေါ်တင်ထားလိုက်ပါ။ ထို့‌နောက် အသင်သည် ထိုငှက်များကို ဟစ်‌ခေါ်လိုက်ပါ။ ထိုငှက်များသည် (ပြန်ရှင်ပြီး) အသင့်ထံသို့ ‌ပြေးလာကြလိမ့်မည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်သိလိုက်ပါ။

    [261] မိမိတို့၏ ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတွင်* သုံးစွဲလှူဒါန်းသူတို့၏ပမာသည် ‌ကောက်နှံခုနှံ‌ပေါက်‌စေသည့် မျိုး‌စေ့နှင့်တူသည်။ ထို‌ကောက်နှံတစ်နှံစီတွင် အ‌စေ့‌ပေါင်း တစ်ရာစီပါရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအတွက် ဆထက်ထမ်းပိုး တိုးပွား‌စေ‌တော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [262] အကြင်သူများသည် သူတို့၏ ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်၌ သုံးစွဲလှူဒါန်းကြသည်။ ထို့‌နောက် သူတို့သည် သူတို့သုံးစွဲလှူဒါန်းသည့်အရာများကို ‌ကျေးဇူးဂုဏ်‌ဖော်ခြင်းလည်းမပြုကြ‌ပေ၊ ထို့‌နောက် ဒုက္ခလည်းမ‌ပေးကြ‌ပေ။ ထိုသူများအတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံတွင် အကျိုးကုသိုလ်များရှိသည်။ သူတို့အ‌ပေါ်တွင် မည်သည့်အရာမျှ စိုးရိမ်စရာမရှိ‌ပေ၊ ထို့ပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [263] ‌ကောင်းမြတ်သည့် စကားတစ်ခွန်း‌ပြောဆိုခြင်းနှင့် ခွင့်လွှတ်ခြင်းသည် ပစ္စည်းဥစ္စာ‌ပေးကမ်းပြီး စိတ်ဒုက္ခ‌ရောက်‌အောင်လုပ်ခြင်းထက် ပို‌ကောင်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာသည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [264] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏အလှူဒါနများကို ဂုဏ်‌ဖော်မှု၊ စိတ်ဒုက္ခ‌ပေးမှုတို့ဖြင့် အကြင်သူကဲ့သို့ အချည်းအနှီးဖြစ်‌အောင် မပြုလုပ်ကြနှင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ဘဲ လူများကို ပြစားရန်အတွက်သာ သူ၏ပစ္စည်းဥစ္စာအား လှူဒါန်းသည်။ သို့ဖြစ်ရာ သူ၏ပမာသည် ‌ပြောင်လက်‌ချော‌မွေ့သည့် ‌ကျောက်တုံးကဲ့သို့ပင်ဖြစ်သည်၊ ထို‌ကျောက်တုံး‌ပေါ်တွင် ‌မြေကြီး(မှုန့်) အနည်းငယ်တင်‌နေသည်၊ ၎င်း‌နောက် ထို‌ကျောက်တုံး‌ပေါ်တွင် သည်းထန်သည့်မိုးရွာချလိုက်‌သော‌ကြောင့် ‌ကျောက်တုံးသည် မူလအတိုင်း ‌ပြောင်‌ချောပြီးကျန်ခဲ့သည်။ ထို(ပြစား)သူများသည် သူတို့ရှာ‌ဖွေ ဆည်းပူးခဲ့သည့်အရာများထဲမှ မည်သည့်အရာ တစ်ခုမျှ(အကျိုးဆဝါဗ်)ရရှိမည် မဟုတ်‌ပေ။* အလ္လာဟ်အရှင်မြတ်သည် ထိုကာဖိရ်များအား လမ်းမှန်ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။

    [265] ထို့ပြင် အကြင်သူများသည် သူတို့၏ ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်၏ ‌ကျေနပ်နှစ်သက်မှုရှာ‌ဖွေရန်အတွက် သူတို့၏စိတ်နှလုံးထဲမှ (ယုံကြည်မှု)တည်တံ့စွာထားပြီး* သုံးစွဲကြသူများ၏ပမာသည် ‌တောင်ကုန်း‌ပေါ်၌ရှိသည့် ဥယျာဉ်နှင့် အလားတူသည်။ ထိုဥယျာဉ်‌ပေါ်တွင် သည်းထန်သည့်မိုး ရွာဖြိုးသည့်အတွက် ဥယျာဉ်သည် ၎င်း၏အသီးအနှံများကို နှစ်ဆတိုးထွက်‌စေသည်။ အကယ်၍ ထို(ဥယျာဉ်)အ‌ပေါ် သည်းထန်သည့်မိုး မရွာလျှင်လည်း မိုးဖွဲနှင့်ပင် (သီးနှံထွက်ရန်လုံ‌လောက်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [266] အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် (ဤကဲ့သို့ဖြစ်ခြင်းကို) နှစ်သက်ပါသ‌လော၊ ထိုသူ့တွင် စွန်ပလွန်နှင့် စပျစ်ဥယျာဉ်တစ်ခုရှိသည်၊ ထိုဥယျာဉ်‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေသည်။ ထိုဥယျာဉ်ထဲတွင် ထိုသူ့အတွက် သစ်သီးဝလံမျိုးစုံရှိသည်။ ၎င်း‌နောက် ထိုသူသည် အသက်အရွယ်ကြီးရင့်မှု ဆိုက်‌ရောက်လာ၍ အင်အားချည့်နဲ့သည့် သားသမီးများကလည်းရှိသည်။ ထို့‌နောက် ‌လောင်မီးပါသည့်မုန်တိုင်းသည် ထိုဥယျာဉ်‌ပေါ်တွင်ကျ‌ရောက်ပြီး ထိုဥယျာဉ်သည် ‌လောင်ကျွမ်းသွား‌တော့သည်။ (ဤသည်မှာ အလှူဒါနကို ဂုဏ်‌ဖော်ခြင်း၊ ပြစားခြင်း၊ စိတ်ဒုက္ခ‌ပေးများဖြင့် ဖျက်ဆီးသူ၏ပမာပင်ဖြစ်သည်။) ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့စဉ်းစားကြရန် အသင်တို့အတွက် အာယသ်‌တော်များကို ရှင်းပြ‌တော်မူသည်။

    [267] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ရှာ‌ဖွေရရှိသည့် သန့်ပြန့်(‌ကောင်းမွန်)သည့် ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြပါ၊ ၎င်းပြင် အသင်တို့အတွက် ငါအရှင်မြတ်က ‌မြေမှထွက်‌စေသည့် (သတ္ထု၊ သစ်သီးဝလံ စသည့်)အရာများထဲမှလည်း (သုံးစွဲလှူဒါန်းကြပါ)။ ထို့ပြင် အသင်တို့သည် မသန့်ပြန့်(ညံ့ဖျင်း)သည့် ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်း စိတ်ပင်မကူးကြနှင့်။ အသင်တို့ကိုယ်တိုင်လည်း ထို(ညံ့ဖျင်းသည့်)အရာများကို ယူကြမည့်သူများ မဟုတ်ကြ‌ပေ၊ သို့ရာတွင် (မလွှဲမ‌ရှောင်သာ) မျက်စိမှိတ်ပြီးမှသာ ယူကြမည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားကြပါ။

    [268] ရှိုင်သွာန်သည် အသင်တို့အား ဆင်းရဲမှုနှင့် ခြိမ်း‌ခြောက်သည်၊* ၎င်းပြင် အရှက်မရှိသည့်အရာများ (‌စေးနှဲမှု)ကိုပြုလုပ်ရန် အသင်တို့အားညွှန်ကြားသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ အသင်တို့အား မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်အပြင် အကျိုး‌ကျေးဇူးများကိုပါ အသင်တို့အား(‌ပေးသနားရန်) ကတိပြု‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [269] အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို ပညာဉာဏ်အ‌မြော်အမြင်* ‌ပေးသနား‌တော်မူသည်။ ထို့ပြင် မည်သူမဆို ပညာဉာဏ်အ‌မြော်အမြင် ‌ပေးသနား‌တော်မူခြင်းခံရလျှင် ထိုသူသည် ‌ကောင်းခြင်းများစွာကို ‌ပေးသနား‌တော်မူခြင်းခံလိုက်ရပြီ ဖြစ်သည်။ ထို့ပြင် ဉာဏ်ရှင်များမှလွဲ၍ မည်သူမျှ သတိတရားမရကြ‌ပေ။

    [270] ထို့ပြင် အသင်တို့သည် မည်သည့်အလှူကို လှူသည်ဖြစ်‌စေ၊ သို့မဟုတ် မည်သည့်အဓိဋ္ဌာန်ကိုပြုသည်ဖြစ်‌စေ* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို သိ‌တော်မူသည်။ ထို့ပြင် မတရားကျူးလွန်သူများအတွက် ကူညီမည့်သူ တစ်ဦးတစ်‌ယောက်မျှရှိမည် မဟုတ်‌ပေ။

    [271] အကယ်၍ အသင်တို့သည် အလှူဒါနများကို ထင်ရှားစွာလှူမည်ဆိုလျှင်လည်း ‌ကောင်းမြတ်သည်။* ထို့ပြင် အကယ်၍ အသင်တို့သည် ဆင်းရဲသားများအား လျှို့ဝှက်ပြီး ‌ပေးကမ်းကြမည်ဆိုလျှင် အသင်တို့အတွက် ပို‌ကောင်းသည်။ ထို့ပြင် အသင်တို့၏ ပြစ်မှုဒုစရိုက်များထဲမှ အချို့ကို အရှင်မြတ်သည် ဖယ်ရှား‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [272] ထိုသူ(ကာဖိရ်)များ လမ်းမှန်ရရန် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် တာဝန်မရှိ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူသူများကို လမ်းမှန်ရ‌စေ‌တော်မူသည်။* ထို့ပြင် အသင်တို့သည် ‌ကောင်းသည့်အရာထဲမှ မည်သည့်အရာပင် လှူသည်ဖြစ်‌စေ၊ ၎င်းသည် အသင်တို့အတွက်သာ ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရရှိရန်အတွက်သာ သုံးစွဲလှူဒါန်းကြသည်။ ထို့ပြင် အသင်တို့သည် ‌ကောင်းသည့်အရာထဲမှ မည်သည့်အရာကို လှူသည်ဖြစ်‌စေ အသင်တို့သည် မတရားပြုလုပ်ခြင်း မခံရဘဲလျှက် အသင်တို့သည် (၎င်း၏အကျိုးကို) ပြည့်ဝစွာ ‌ပေးဆပ်ခြင်းခံရမည်။

    [273] (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ဝိုင်းဝန်းပိတ်ဆို့ခြင်းခံ‌နေကြရသည့်* ဆင်းရဲသားများအတွက်ဖြစ်သည်။ သူတို့သည် (သူတို့ဝမ်းစာရှာရန်) ကမာ္ဘ‌မြေတွင် သွားလာနိုင်ခြင်းမရှိကြ‌ပေ။ သိက္ခာ‌စောင့်စည်း (ပြီး သူတို့လိုအပ်ချက်ကို ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိ‌သော)‌ကြောင့် မသိနားမလည်သူများက သူတို့ကို ချမ်းသာကြွယ်ဝသူများဟု ထင်မှတ်ကြသည်။ အသင်(တမန်‌တော်)သည် သူတို့အား သူတို့၏ အသွင်အပြင် လက္ခာနှင့်ပင် (ဆင်းရဲသည်ကို) သိနိုင်သည်။သူတို့သည် လူများထံတွင် ဇွတ်အတင်း တွယ်ကပ်လျှက် မ‌တောင်းကြ‌ပေ။ ထို့ပြင် အသင်တို့သည် ‌ကောင်းသည့်အရာထဲမှ မည်သည့်အရာကို လှူသည်ဖြစ်‌စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [274] အကြင်သူများသည် သူတို့၏ ပစ္စည်းဥစ္စာများကို ‌နေ့၌ဖြစ်‌စေ၊ ည၌ဖြစ်‌စေ သိုသိပ်စွာနှင့် ထင်ရှားစွာ သုံးစွဲလှူဒါန်းကြသည်။ ထိုအတွက်‌ကြောင့် သူတို့၏အကျိုးရလဒ်သည် သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံတွင် ရှိသည်။ ထို့ပြင် သူတို့အ‌ပေါ်တွင် မည်သည့်အရာမျှ စိုးရိမ်စရာမျှလည်းမရှိ‌ပေ၊ ထို့ပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [275] အတိုးစားသူများသည်* (ကိယာမသ်‌နေ့ပြန်ထသည့်အခါ) ‌ကောင်း‌ကောင်း မရပ်နိုင်ကြဘဲ ရှိုင်သွာန်ပူးကပ်၍ ရူး‌နေသူများကဲ့သို့ ရပ်ကြလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ရသည်မှာ သူတို့က “ကူးသန်း‌ရောင်းဝယ်ခြင်းသည်လည်း အတိုးစားခြင်းနှင့်အတူတူပင်ဖြစ်သည်“ ဟု ‌ပြောဆိုခြင်း‌ကြောင့်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကူးသန်း‌ရောင်ဝယ်ခြင်းကို ခွင့်ပြုထား‌တော်မူပြီး အတိုးစားခြင်းကို တားမြစ်‌တော်မူခဲ့သည်။ ထို့‌ကြောင့် အကြင်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ဆုံးမဩဝါဒ ‌ရောက်ရှိလာခဲ့ပြီး‌နောက် (အတိုးစားခြင်းကို ဟလာလ်ဟု မ‌ပြောဆို‌တော့ဘဲ အတိုးစားခြင်းကို ဟရာမ်ဟု ယုံကြည်ကာ) ရပ်ဆိုင်းလိုက်လျှင် (ဤအမိန့်)မတိုင်မီက ယူပြီးဖြစ်သည့်အရာ (အတိုး)များသည် ၎င်း၏ပစ္စည်းများပင်ဖြစ်သည်။ (ဤအမိန့်သည် ကုရ်အာန်ကျ‌ရောက်ခဲ့စဉ်ကာလအတွက်သာ ဖြစ်ခဲ့၏။ ယခု‌ခေတ်အတွက် မဟုတ်‌ပေ။ ယခု‌ခေတ်မှာမူ ယူထားပြီး‌သောအတိုးဟူသမျှသည် အတိုးသာလျှင်ဖြစ်ပြီး အတိုးမယူ‌တော့ဘူးဟု ‌သောင်ဗဟ်လုပ်လိုက်‌သော‌ကြောင့် ယူထားပြီးဖြစ်‌သော အတိုးများသည် ဟလာလ်ဖြစ်မသွား‌ပေ။ ဟရာမ်သာလျှင်ဖြစ်သည်။) ထို့ပြင် ၎င်း၏ကိစ္စများသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ (အပ်နှံလိုက်ပြီး)ဖြစ်သည်။ (၎င်းသည် စိတ်ထဲမှ အမှန် ‌သောင်ဗဟ်လုပ်၍ ရပ်ဆိုင်းခြင်းဖြစ်၏၊ မဖြစ်၏ဆိုသည်ကို အသင်တို့အ‌နေနှင့် မ‌ကောင်းထင်မြင်ရန် မခွင့်မရှိ‌ပေ။) ထို့ပြင် အကြင်သူများသည် ထပ်မံပြီး(အတိုးစားခြင်းကို) ပြုလုပ်ကြလျှင် သူတို့သည် ငရဲသားများပင်ဖြစ်ကြသည်။ သူတို့သည် ငရဲမီးထဲတွင် အမြဲ‌နေကြရမည့်သူများဖြစ်သည်။

    [276] အလ္လာဟ်အရှင်မြတ်သည် အတိုးကို ဆုတ်ယုတ်‌လျော့နည်း ပျက်စီး‌စေ‌တော်မူပြီး အလှူဒါနကို တိုးပွား‌စေ‌တော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်‌ကျေးဇူးကန်း ငြင်းပယ်သည့် ပြစ်မှု ကျူးလွန်သူတိုင်းကို နှစ်သက်‌တော်မမူ‌ပေ။

    [277] အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်၊ ထို့ပြင် စွလာသ်ဝတ်ပြုမှုုကို တည်‌ဆောက်ခဲ့ကြသည်၊ ထို့ပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ခဲ့ကြသည်၊ ထိုသူများအတွက် သူတို့၏အကျိုးရလဒ်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံတွင် ရှိသည်။ ထို့ပြင် သူတို့အ‌ပေါ်တွင် မည်သည့်အရာမျှ စိုးရိမ်စရာမျှလည်း မရှိ‌ပေ၊ ထို့ပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [278] အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ခဲ့ကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် ရယူရန်ကျန်‌နေသည့် အတိုးများကိုလည်း စွန့်လွှတ်လိုက်ကြပါ။

    [279] ထို့‌နောက် အကယ်၍ အသင်တို့သည် (ထို အမိန့်‌တော်အတိုင်း)မပြုလုပ်ခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ ရစူလ်တမန်‌တော်နှင့် စစ်တိုက်ရန် အဆင်သင့် ပြင်ဆင်လိုက်ပါ။* ထို့ပြင် အကယ်၍ အသင်တို့သည် (အတိုးစားခြင်းကိုရပ်ကာ) အရှင်မြတ်ဘက်သို့ လှည့်ပြီး အမှားဝန်ခံခဲ့ကြလျှင် အသင်တို့၏ အရင်း‌ငွေများသည် အသင်တို့အတွက်ဖြစ်သည်။ အသင်တို့သည် (‌ငွေရင်းထက်ပိုပြီး အတိုးယူကာ သူတစ်ပါးအား) မတရားပြုလုပ် နစ်နာ‌စေကြမည်လည်း မဟုတ်‌ပေ၊ ၎င်းပြင် အသင်တို့သည် (‌ငွေရင်း ပြန်ရသည့်အတွက် သူတစ်ပါး၏) မတရား နစ်နာမှုပြုခြင်းကိုလည်း ခံကြရမည် မဟုတ်‌ပေ။

    [280] အကယ်၍ (အသင်တို့ထံမှ ‌ချေးငှားထားသည့်)သူသည် ဆင်းရဲကျပ်တည်းသူဖြစ်လျှင် ‌ချောင်လည်သည်အထိ (အ‌ကြွေးဆပ်ရမည့်) အချိန်ကို ‌စောင့်ဆိုင်း‌ပေးရမည်။ ထို့‌နောက် (မဆပ်နိုင်သူထံမှ အ‌ကြွေးကို မယူ‌တော့ဘဲ) အလှူဒါနအဖြစ် စွန့်လှူလိုက်ခြင်းသည် အကယ်၍ (၎င်းစွန့်လှူခြင်း၏ အကျိုးဆဝါဗ်ကို) အသင်တို့ သိကြမည်ဆိုလျှင် ၎င်းသည် အသင်တို့အတွက် ပို‌ကောင်းသည်။

    [281] ထို့ပြင် အသင်တို့သည် အကြင်‌နေ့ကို ‌ကြောက်ကြပါ၊ ထို‌နေ့၌ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်ပို့ခံကြရမည်။ ထို့‌နောက် လူတိုင်းသည် သူတို့ ရှာ‌ဖွေပြုကျင့်ခဲ့ကြသည့်အရာများကို သူတို့သည် မတရားပြုခြင်း မခံကြရဘဲလျက်နှင့် အပြည့်အဝ ‌ပေးဆပ်ခြင်းခံကြရမည်။

    [282] အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အချင်းချင်း အချိန်ကာလတစ်ခုအထိ သတ်မှတ်ပြီး* အ‌ကြွေးနှင့်‌ရောင်းဝယ်ကြသည့်အခါ ိုကိစ္စကို(စာရွက်စာတမ်းနှင့်) ‌ရေးမှတ်ထားကြပါ။ ထို့‌နောက် စာ‌ရေးတစ်ဦးသည် အသင်တို့ကြား၌ မျှတစွာ ‌ရေးသား‌ပေးရမည်။ ထို့ပြင် စာ‌ရေးတစ်ဦးသည် သူ့အား အရှင်မြတ် သင်‌ပေးထားသည့်အတိုင်း ‌ရေးသား‌ပေးခြင်းကို မငြင်းပယ်ရ‌ပေ။ ထို့‌ကြောင့် စာ‌ရေးသည် ‌ရေးသား‌ပေးရမည်။ ထို့ပြင် (‌ကြွေးဆပ်ရန်)တာဝန်ရှိသူကလည်း ‌ပြောပြ ‌ရေးသား‌စေရမည်။ ထို့‌နောက် (‌ရေးသားခိုင်းသည့်အခါတွင်) သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူသည့် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပြီး တာဝန်ရှိသည့် (အ‌ကြွေးပမာဏ)ထဲမှ မည်သည့်အရာမျှ ‌လျှော့‌ပေါ့(‌ရေးခိုင်းခြင်း) မပြုရ‌ပေ။ ထို့ပြင် အကယ်၍ (‌ကြွေးဆပ်ရန်)တာဝန်ရှိသူသည် အသိဉာဏ်နည်းသူဖြစ်လျှင် သို့မဟုတ် ‌ရေးခိုင်းရန် မစွမ်း‌ဆောင်နိုင်လျှင် သူ၏အုပ်ထိန်းသူက မျှတစွာ ‌ရေးခိုင်း‌စေရမည်။ ထို့ပြင် အသင်တို့သည် အသင်တို့ ‌ယောက်ျားများထဲမှ သက်‌သေနှစ်ဦးကို ထားကြပါ။ ထို့ပြင် အကယ်၍ ထိုသက်‌သေနှစ်ဦးသည် ‌ယောက်ျားနှစ်ဦးမဖြစ်ကြလျှင် အသင်တို့ နှစ်သက်သည့်သက်‌သေများထဲမှ ‌ယောက်ျားတစ်ဦးနှင့် မိန်းမနှစ်ဦးဖြစ်ရမည်။* အ‌ကြောင်းမှာမူ ထိုမိန်းမနှစ်ဦးထဲမှ တစ်‌ယောက်‌မေ့‌လျော့လျှင် ကျန်တစ်‌ယောက်က ထိုတစ်‌ယောက်ကို သတိ‌ပေးနိုင်ရန်အတွက်ဖြစ်သည်။ ၎င်းပြင် သက်‌သေများသည်လည်း သူတို့အား ဖိတ်‌ခေါ်ခြင်းခံရသည့်အခါ မငြင်းပယ်ရ‌ပေ။* ထို့ပြင် အသင်တို့သည် အ‌ကြွေးကိစ္စကို ‌သေးသည်ဖြစ်‌စေ၊ ကြီးသည်ဖြစ်‌စေ သတ်မှတ်ကာလအထိ အသင်တို့‌ရေးရန် မပျင်းရိကြနှင့်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံမှ အသင်တို့အတွက် ပိုမိုမျှတသည့်နည်းလမ်းဖြစ်ပြီး သက်‌သေခံရန် ပိုမိုခိုင်လုံသည့်နည်းဖြစ်သည်။ ထို့ပြင် အသင်တို့အတွက် သံသယကင်းရန် အနီးစပ်ဆုံးနည်းလမ်းလည်းဖြစ်သည်။ သို့ရာတွင် အ‌ရောင်းအဝယ်သည် အသင်တို့၏ကြားတွင် လက်ငင်း အလဲအလှယ်ပြုလုပ်ကြသည့် အ‌ရောင်းအဝယ်ဖြစ်လျှင် ‌ရေးသားခြင်းမပြုလျှင်လည်း အသင်တို့‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။* ထို့ပြင် လက်ငင်းအ‌ရောင်းအဝယ်လုပ်သည့်အခါတွင်လည်း သက်‌သေများထားကြပါ။ ထို့ပြင် မည်သည့်စာ‌ရေးနှင့် မည်သည့်သက်‌သေကိုမျှ နစ်နာ‌အောင် မလုပ်ရ‌ပေ။* ထို့ပြင် အကယ်၍ အသင်တို့သည် ထို(နစ်နာ‌စေခြင်း)အရာကို ပြုလုပ်ကြလျှင် ထိုအရာသည် အသင်တို့အတွက် အပြစ်တစ်ခုဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ကို သင်ကြားပြသ‌ပေး‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [283] ထို့ပြင် အကယ်၍ အသင်တို့သည် ခရီးသွား‌နေစဉ် (အ‌ကြွေး‌ရောင်းဝယ်မှုအတွက်) စာ‌ရေးတစ်ဦးမျှ မရှိလျှင် (စိတ်ချရရန်) အာမခံပစ္စည်း တစ်စုံတစ်ခုထားခဲ့ရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး စိတ်ချခဲ့ကြလျှင် ယုံကြည်စိတ်ချခြင်းခံရသည့် (အ‌ကြွေးယူ)သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူသည့် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ပြီး (အ‌ကြွေး‌ပေး)သူ၏အ‌ကြွေးကို ‌ပေးဆပ်ရမည်။ ၎င်းပြင် အသင်တို့သည် သိမြင်သမျှကို မထိမ်ချန်ကြနှင့်။ ထို့ပြင် အကြင်သူသည် ‌တွေ့မြင်သမျှကို ထိမ်ချန်မည်ဆိုလျှင် ထိုသူ၏စိတ်နှလုံးသည်* ပြစ်မှုကျူးလွန်သူ၏ စိတ်နှလုံးဖြစ်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [284] မိုး‌ကောင်းကင်များနှင့် ‌မြေ‌ပေါ်တွင်ရှိသမျှအရာများအားလုံးသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်သည့်အရာများဖြစ်သည်။ အသင်တို့သည် အသင်တို့စိတ်များထဲတွင် ရှိသည်များကို ထုတ်‌ဖော်၍‌ပြောသည်ဖြစ်‌စေ၊ လျှို့ဝှက်၍ထားသည်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍ အသင်တို့အား စစ်‌ဆေး‌မေးမြန်း‌တော်မူမည်။*ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသည်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပြီး မိမိအလိုရှိ‌တော်မူ‌သောသူကို အပြစ်ဒဏ်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [285] တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ၎င်းထံသို့ချ‌ပေးသည့်အရာ (ကုရ်အာန်ကျမ်း‌တော်)ကို ယုံကြည်ခဲ့‌ပေပြီ။*ထို့ပြင် အီမာန်ယုံကြည်သူများအားလုံးသည်လည်း ယုံကြည်ခဲ့ကြ‌ပေပြီ။ သူတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏‌ကောင်းကင်တမန်‌တော်များ၊ အရှင်မြတ်၏ကျမ်းဂန်များနှင့် အရှင်မြတ်၏ ရစူလ်တမန်‌တော်များအားလုံးကို ယုံကြည်ခဲ့ကြသည်။ (သူတို့က ‌ပြောဆိုကြသည်) ကျွန်ုပ်တို့သည် အရှင်မြတ်၏ရစူလ်တမန်‌တော်များထဲမှ မည်သည့်ရစူလ်တမန်‌တော်တစ်ပါးကိုမျှ ခွဲခြားခြင်းမပြုကြ‌ပေ။ (အားလုံးကို ယုံကြည်ကြပါသည်။) ထို့ပြင် သူတို့သည် (အရှင်မြတ်ထံ) ‌ပြောဆို‌လျှောက်ထားကြသည်၊ “ကျွန်ုပ်တို့သည် (အမိန့်‌တော်များကို) ကြားကြပြီး လိုက်နာခဲ့ကြပါသည်။ အို- ကျွန်ုတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူခြင်းကို (ကျွန်ုပ်တို့ လိုလား‌တောင့်တကြပါသည်)။ ၎င်းပြင် ‌နောက်ဆုံးပြန်လှည့်ရာစခန်းသည်လည်း အရှင်မြတ်ထံ၌သာ ဖြစ်ပါသည်။“

    [286] အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက်ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။ သူကိုယ်တိုင် ရှာ‌ဖွေဆည်းပူးခဲ့သည့် (‌ကောင်းသည့်)အရာများသည် သူ့အတွက်ပင်ဖြစ်ပြီး သူကိုယ်တိုင် ရှာ‌ဖွေဆည်းပူးခဲ့သည့် (မ‌ကောင်းသည့်)အရာများသည်လည်း သူ၏အ‌ပေါ်၌ပင်တင်ရှိမည်ဖြစ်သည်။ (အသင်တို့သည် အရှင်မြတ်ထံတွင် ဤကဲ့သို့ ဆု‌တောင်းကြပါ။) “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် ‌မေ့‌လျော့ပြီး သို့မဟုတ် မှားယွင်းချွတ်‌ချော်ပြီး (ပြုမိခဲ့သည့် မ‌ကောင်းမှုများနှင့် ပတ်သက်၍) အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖမ်းဆီးအ‌ရေးယူ‌တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့မတိုင်မီ ယခင်က သူများအ‌ပေါ်တွင် ‌လေးလံသည့်ဝန်ကို တင်ထားသကဲ့သို့ ကျွန်ုပ်တို့အ‌ပေါ်တွင် တင်‌တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ မတတ်စွမ်းနိုင်သည့်တာဝန်များကိုလည်း ကျွန်ုပ်တို့အား ထမ်း‌ဆောင်‌စေ‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်‌တော်မူပါ။ ထို့‌နောက် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနား‌တော်မူပါ။ အရှင်မြတ်သာ ကျွန်‌တော်တို့၏ အ‌ရေးကိစ္စများကို စီမံခန့်ခွဲ‌ပေးသည့်အရှင်သခင် ဖြစ်‌တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်တွင် (‌အောင်နိုင်ရန်) ကူညီ‌တော်မူပါ။

    Surah 3
    အင်မ်ရန်မိသားစု

    [1] အလိဖ်လာမ်မီမ်။

    [2] အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်မှလွဲ၍ ခဝပ်ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်မြတ်သည် အမြဲထာဝရရှင်‌နေ‌တော်မူ‌သောအရှင်၊ အမြဲတည်ရှိလျက် (အရာအားလုံးကို) ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] အရှင်မြတ်သည် အသင်(တမန်‌တော်)၏အ‌ပေါ် ကျမ်း‌တော်(မြတ်ကုရ်အာန်)ကို မှန်ကန်စွာ ပို့ချ‌တော်မူခဲ့သည်။ (ဤကျမ်းသည်) ၎င်းမတိုင်မီကျ‌ရောက်ခဲ့‌သောကျမ်းများကို ‌ထောက်ခံလျက်ရှိသည်။ ၎င်းပြင် အရှင်မြတ်သည် ‌သောင်ရသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။

    [4] (ထိုကျမ်းများကို) လူသားများ လမ်းမှန်ရရန် (ကုရ်အာန်မချ‌ပေးမီ) ယခင်က ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အမှားအမှန် ခွဲခြား‌ပေး‌သောအရာကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ကြသူများအတွက် ပြင်းထန်‌သော အပြစ်ဒဏ်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [5] အမှန်စင်စစ် ‌မြေပထဝီနှင့် ‌ကောင်းကင်အာကသထဲတွင် ရှိသမျှအရာများထဲမှ မည်သည့်မရာတစ်ခုမျှ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်‌နေသည်ဟူ၍ မရှိ‌ပေ။

    [6] အရှင်မြတ်သည် မိမိအလိုရှိ‌တော်မူသည့်အတိုင်း (မိခင်များ၏)သားအိမ်များထဲတွင် အသင်တို့၏ ရုပ်ဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်း‌တော်မူသည့်အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ခဝပ်ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [7] အရှင်မြတ်သည် အသင်(တမန်‌တော်)၏အ‌ပေါ် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ပို့ချ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုကျမ်း‌တော်မြတ်၏ အချို့အာယသ်‌တော်များသည် ထင်ရှားပြတ်သားစွာ အဓိပ္ပာယ်ထွက်‌သော အာယသ်‌တော်များ*ဖြစ်သည်။ ထိုအာယသ်‌တော်များသည် ကုရ်အာန်ကျမ်း‌တော်မြတ်၏ အဓိကအရင်းအမြစ် ဖြစ်သည်။ ၎င်းပြင် အခြားအာယသ်‌တော်များသည် အဓိပ္ပာယ်တိကျ‌ပေါ်လွင်ထင်ရှားခြင်းမရှိ‌သော အာယသ်‌တော်များဖြစ်သည်။* ထို့‌နောက် မည်သို့ပင်ဖြစ်‌စေ စိတ်နှလုံးများထဲတွင် အ‌ကောက်ရှိ‌သောသူများသည် (လူများအား) လမ်းမှား‌စေလိုသည့်အတွက်နှင့် အာယသ်‌တော်များ၏ အဓိပ္ပာယ်ကို အမှား‌ကောက်လိုသည့်အတွက် ၎င်းအဓိပ္ပာယ်တိကျ‌ပေါ်လွင်ထင်ရှားခြင်းမရှိ‌သော အာယသ်‌တော်များကိုသာ လိုက်စားကြသည်။* ထို့ပြင် ၎င်းအာယသ်‌တော်များ၏ မူရင်းဇာစ်မြစ်အဖြစ်မှန်ကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမှ မသိ‌ပေ။* ထို့ပြင် ပညာရှင်ပါရဂူများကမူ (ဤသို့)‌ပြောဆိုကြသည်၊ “၎င်းအဓိပ္ပာယ်တိကျ‌ပေါ်လွင်ထင်ရှားခြင်းမရှိ‌သော အာယသ်‌တော်များအား ကျွန်ုပ်တို့ ယုံကြည်ကြပါသည်၊ ထိုအာယသ်‌တော်များအားလုံးသည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှသာ ဖြစ်ပါသည်။“ ထို့ပြင် ဉာဏ်ပညာရှင်များမှလွဲ၍ အခြားသူများသည် တရားမရကြ‌ပေ။

    [8] (ထို ဉာဏ်ပညာရှင်များသည် ဤသို့ ဆု‌တောင်းကြသည်၊) အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အားလမ်းမှန်‌ပေါ်ပို့ပြီး‌နောက် ကျွန်ုပ်တို့၏စိတ်နှလုံးများကို တိမ်း‌စောင်းလွဲ‌ချော်‌အောင် ပြု‌တော်မမူပါနှင့်။ ကျွန်ုပ်တို့အား အရှင်မြတ်ထံ‌တော်မှ သနားကြင်နာမှုကို ‌ပေးသနား‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာ အလွန်‌ပေးကမ်းရက်‌ရော‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [9] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ‌နေ့တစ်‌နေ့တွင် လူသားများအားလုံးကို စုရုံး‌တော်မူမည့်အရှင် ဖြစ်‌တော်မူပါသည်။ ထို‌နေ့နှင့်ပတ်သက်ပြီး လုံးဝသံသယ မရှိပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြုထား‌တော်မူ‌သော ကတိသစ္စာ‌တော်ကို ‌ဖောက်ဖျက်‌တော်မူမည် မဟုတ်ပါ။

    [10] အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် သူတို့အတွက် (ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင်) အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)မှ (ကာကွယ်ရန်) မည်သည့်အရာမျှ အသုံးဝင်မည် မဟုတ်‌ပေ။* ထို့ပြင် သူတို့သည် ငရဲမီး၏‌လောင်စာများပင် ဖြစ်ကြလိမ့်မည်။

    [11] (သူတို့၏ အ‌လေ့အကျင့်များသည်) ဖိရ်‌အောင်န်၏‌နောက်လိုက် အ‌ခြွေအရံများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြ‌သောသူများ၏ အ‌လေ့အကျင့်များကဲ့သို့ဖြစ်သည်။* သူတို့သည် ငါအရှင်မြတ်၏ အာယသ်သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏အပြစ်များ‌ကြောင့် အပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အလွန်ပြင်းထန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [12] (အို- တမန်‌တော်)အသင်သည် ကာဖိရ်ငြင်းပယ်သူများကို‌ပြောပါ၊ အသင်တို့သည် မကြာခင် (မွတ်စ်လင်မ် များ၏)လွှမ်းမိုးမှုကို ခံကြရမည်။* ထို့ပြင် အသင်တို့သည် မကြာခင် ဂျဟန္နမ်ငရဲဘုံတွင် စုရုံး‌စေခြင်းကိုလည်း ခံကြရမည်။ အမှန်ပင် ထို‌နေရာထိုင်ခင်းသည် အဘယ်မျှ‌လောက် ယုတ်ညံ့ သိမ်ဖျင်းလိုက်သနည်း။

    [13] အမှန်စင်စစ် (ဗဒရ်စစ်ပွဲတွင်) ‌တွေ့ဆုံရင်ဆိုင်ခဲ့ကြ‌သောအုပ်စုနှစ်စုထဲတွင် အသင်တို့အတွက် သက်‌သေလက္ခဏာတစ်ခုရှိခဲ့သည်။ အုပ်စုတစ်စုသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် တိုက်ခိုက်‌နေခဲ့ကြသည်။ ၎င်းပြင် အခြားအုပ်စုတစ်စုကမူ ကာဖိရ်များဖြစ်ခဲ့သည်၊ သူတို့သည် သူတို့ကိုယ်ကို မွတ်စ်လင်မ်မျာထက်နှစ်ဆဖြစ်‌နေသည်ကို မျက်ဝါးထင်ထင်မြင်ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူများကို အရှင်မြတ်၏အကူအညီဖြင့် အား‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုထဲတွင် စဉ်းစားသိမြင်နိုင်စွမ်းရှိသူများအတွက် ‌လေးနက်‌သော သင်ခန်းစာရှိသည်။

    [14] လူများအတွက် မိန်းမများ၊ သားများ၊ စုထား‌သော ‌ရွှေ‌ငွေရတနာများ၊ ‌လေ့ကျင့်‌ပေးထား‌သော မျိုး‌ကောင်းမြင်းများ၊ တိရိစာ္ဆန်များနှင့် လယ်ယာများ၏(အ‌ပေါ်) ချစ်ခင်မက်‌မောမှုသည် လှပ‌အောင် တန်ဆာဆင်မြန်းခြင်းခံရသည်။ ဤအရာများသည် ‌လောကီဘဝ၏ အကျိုးခံစားစရာများပင်ဖြစ်သည်။ ထို့‌နောက် အ‌ကောင်းဆုံးပြန်လည်ရာဌာနမှာမူ အလ္လာဟ်အရှင်မြတ်ထံ၌သာ ရှိသည်။

    [15] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ကျွန်ုပ်သည် အသင်တို့အား ထိုအရာများထက် ပို‌ကောင်း‌သောအရာများကို အသိ‌ပေးရမည်‌လော။ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် ထိုသူတို့အား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သော အရှင်မြတ်ထံတွင် ဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများစီးဆင်းလျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များထဲတွင် အမြဲ‌နေကြမည့်သူများဖြစ်သည်။ ထို့ပြင် (သူတို့အတွက်) စင်ကြယ်‌သော ဇနီးကြင်ရာများလည်း ရှိသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ ‌ကျေနပ်နှစ်သက်မှုလည်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား အကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [16] ထို(မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်)သူများက ‌ပြောဆိုကြသည်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် အမှန်စင်စစ် ယုံကြည်ကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ပြစ်ဒဏ်မှ လွတ်ကင်း‌စေ‌တော်မူပါ။

    [17] (ထိုသူများသည်) သည်းခံ‌သောသူများ၊ မှန်ကန်‌သောသူများ၊ ရိုကျိုး‌သောသူများ၊ ‌ပေးကမ်းစွန့်ကြဲ‌သောသူများ၊ ည၏‌နောက်ဆုံး(စဲဟ်ရီ)အချိန်များတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံ‌သောသူများဖြစ်ကြသည်။

    [18] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ကြောင်း (အရှင်မြတ်ကိုယ်‌တော်တိုင်) သက်‌သေခံ‌တော်မူခဲ့သည်။* ၎င်းပြင် ‌ကောင်းကင်တမန်များနှင့် ပညာရှင်အားလုံးသည်လည်း (သက်‌သေခံခဲ့ကြသည်)။ အရှင်မြတ်သည် မျှတမှုကို အ‌ကောင်အထည်‌ဖော်‌ဆောင်လျက်ရှိ‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [19] အမှန်စင်စစ် သာသနာသည် အလ္လာဟ်အရှင်မြတ်ထံတွင် အစ္စလာမ်သာသနာ‌တော်ပင်ဖြစ်သည်။* ထိုပြင် ကျမ်းဂန်‌ပေးခြင်းခံကြရ‌သောသူများသည် သူတို့ထံကို အသိပညာ‌ရောက်ရှိခဲ့ပြီး‌နောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှု‌ကြောင့်သာ (ကွဲလွဲခဲ့ကြခြင်းဖြစ်သည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (အမှန်နှင့် အမှား၏ရလဒ်သည် အမြန်ရရှိလိမ့်မည်။)

    [20] ထို့‌နောက်လည်း သူတို့သည် အသင်(တမန်‌တော်)နှင့် ‌စောဒကတက်ငြင်းခုံကြ‌သေးသည်ဆိုလျှင် အသင်‌ပြောလိုက်ပါ၊ ကျွန်ုပ်သည် ကျွန်ုပ်၏မျက်နှာကို (အရှင်၏အမိန့်နာခံခြင်းနှင့်တကွ) အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်လိုက်ပြီ (အမိန့်နာခံလိုက်ပြီ)ဖြစ်သည်။ ၎င်းပြင် ကျွန်ုပ်၏‌နောက်လိုက်များသည်လည်း (သူတို့၏မျက်နှာများကို အရှင်မြတ်ဘက်သို့ လှည့်လိုက်ကြပြီဖြစ်သည်)။ ထို့ပြင် အသင်ကျမ်းဂန်‌ပေးခြင်းခံရ‌သောသူများနှင့် စာမတတ်သူများကို ‌ပြောဆို‌မေးမြန်းလိုက်ပါ၊ အသင်တို့သည် အမိန့်နာခံ‌သော မွတ်စ်လင်မ်များ ဖြစ်ကြ‌လေပြီ‌လော။ ထို့‌နောက် သူတို့သည် နာခံ‌သော မွတ်စ်လင်မ်များ ဖြစ်ကြလျှင် သူတို့လည်း လမ်းမှန်ရရှိကြမည်။ ၎င်းပြင် အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ‌ကျောခိုင်းသွားကြလျှင် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် အမိန့်‌တော်များကို ပို့ချရုံသာ တာဝန်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို အကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [21] အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် နဗီတမန်‌တော်များအား မတရားသတ်ဖြတ်ကြသည်။ ၎င်းပြင် လူများထဲမှ တရားမျှတမှုပြုလုပ်ရန် ညွှန်ကြား‌သောသူများကိုလည်း သတ်ဖြတ်ကြသည်။ သို့ဖြစ်ရာ အသင်သည် ထိုသူများအား အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ဖြင့် သတင်း‌ပေးလိုက်ပါ။

    [22] ထိုသူတို့သည် အကြင်သူများပင်၊ ထိုသူများ ရှာ‌ဖွေဆည်းပူးခဲ့သမျှ(‌ကောင်းမှုများ)သည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် သူတို့အတွက် ကူညီမည့်သူလည်း တစ်‌ယောက်မှရှိမည်မဟုတ်‌ပေ။

    [23] ကျမ်းဂန်များထဲမှ တစ်စိတ်တစ်‌ဒေသ ‌ပေးအပ်ခြင်းခံရ‌သောသူများအား အသင်(တမန်‌တော်)မမြင်ပါသ‌လော၊ ထိုသူများသည် သူတို့၏ကြားတွင် (ဖြစ်‌ပေါ်‌သောအငြင်းပွားမှုကို) ဆုံးဖြတ်‌ပေးရန် အလ္လာဟ်အရှင်မြတ်၏ကျမ်း‌တော်ဘက်သို့ ဖိတ်‌ခေါ်ခြင်းခံကြရသည်။* ထို့‌နောက် သူတို့ထဲမှ အုပ်စုတစ်စုသည် မျက်နှာလွှဲ‌သောသူများဖြစ်ကြလျက် ‌သွေဖည်‌ကျောခိုင်းသွားကြသည်။

    [24] ထိုကဲ့သို့ ဖြစ်ရသည်မှာ သူတို့က ငရဲမီးသည် ကျွန်ုပ်တို့ကို ရက်အနည်းငယ်ထက်ပို၍ ထိ‌တွေ့ခံစားရမည်မဟုတ်ဟု ‌ပြောဆို‌သော‌ကြောင့်ဖြစ်သည်။ သူတို့၏သာသနာထဲတွင် သူတို့ လုပ်ကြံဖန်တီးထား‌သောအရာများကပင် သူတို့အား လှည့်စားထားလိုက်ပြီဖြစ်သည်။

    [25] ထို့‌နောက် ရှင်ပြန်ထမည့် ကိယာမသ်‌နေ့တွင် ငါအရှင်မြတ်သည် သူတို့အား စုရုံး‌စေ‌တော်မူ‌သောအခါ (သူတို့)မည်သို့ဖြစ်ကြမည်နည်း။ ထိုကိယာမသ်‌နေ့နှင့် ပတ်သက်၍ သံသယဖြစ်စရာမရှိ‌ပေ။ ထို့‌နောက်(ထို‌နေ့တွင်)လူတိုင်းသည် သူတို့ရှာ‌ဖွေဆည်းပူးခဲ့‌သောအရာများ (၏အကျိုး၊အပြစ်များ)ကို သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် အပြည့်အဝ‌ပေးခြင်း ခံကြရမည်။

    [26] (အို-တမန်‌တော်)အသင်‌ပြောဆိုပါ၊ အုပ်ချုပ်မှုအာဏာအမျိုးမျိုးကို စိုးပိုင်‌တော်မူ‌သော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အုပ်ချုပ်မှုအာဏာ ‌ပေးသနား‌တော်မူပါသည်။ ၎င်းပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူထံမှ အုပ်ချုပ်မှုအာဏာကို ပြန်လည်ရုပ်သိမ်း‌တော်မူပါသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ဂုဏ်သိက္ခာ ‌ပေးသနား‌တော်မူပါသည်။ ၎င်းပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ‌သေးသိမ်‌စေ‌တော်မူပါသည်။ ‌ကောင်းခြင်းဟူသမျှသည် အရှင်မြတ်၏လက်‌တော်ထဲ၌သာ ရှိပါသည်။ အမှန်တကယ် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [27] အရှင်မြတ်သည် ညကို‌နေ့ထဲတွင် ထည့်‌တော်မူပါသည်၊ ၎င်းပြင် ‌နေ့ကိုညထဲတွင် ထည့်‌တော်မူပါသည်။* ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကိုထုတ်ယူ‌တော်မူပါသည်။ ၎င်းပြင် သက်ရှိမှ သက်မဲ့ကို ထုတ်ယူ‌တော်မူပါသည်။* ၎င်းပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အကန့်အသတ်မရှိ ရိက္ခာ‌ပေးသနား‌တော်မူပါသည်။

    [28] မုအ်မင်န် ယုံကြည်သူများသည် မုအ်မင်န် ယုံကြည်သူများမှလွဲ၍ ကာဖိရ်ငြင်းပယ်သူများကို မိတ်‌ဆွေမပြုလုပ်သင့်‌ပေ။* အကြင်မည်သူပင်ဖြစ်‌စေ ထိုသို့ပြုလုပ်လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် မည်သို့မျှ မသက်ဆိုင်‌တော့‌ပေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)များ၏ ‌ဘေးရန်မှ ကာကွယ်ရန်အတွက်သာ (သူတို့နှင့် အဆင်‌ပြေ‌စေရန် ပြုလုပ်ခွင့်ရှိသည်။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကို‌ကြောက်ရန် အသင်တို့အား သတိ‌ပေး‌တော်မူသည်။ ၎င်းပြင် ‌နောက်ဆုံး ပြန်လည်ရာစခန်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့သာ ဖြစ်သည်။

    [29] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အသင်တို့စိတ်နှလုံးများထဲ၌ ရှိ‌သောများကို ထုတ်‌ဖော်၍‌ပြောသည်ဖြစ်‌စေ၊ လျှို့ဝှက်၍ထားသည်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌ကောင်းကင်များရှိသည်များကိုသာမက ‌မြေပထဝီ၌ရှိသည်များကိုလည်း သိ‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [30] ထို‌နေ့တွင် လူတိုင်းသည် သူတို့ပြုလုပ်ခဲ့မျှ ‌ကောင်းသည်များကိုသာမက သူတို့ပြုလုပ်ခဲ့မျှ မ‌ကောင်းသည်များကို ‌ရှေ့တင်မျက်‌မှောက် အသင့်‌တွေ့ရှိကြလိမ့်မည်။ (ထိုအခါ)သူတို့သည် “အကယ်၍ သူတို့နှင့် ထိုမ‌ကောင်းမှုများကြားတွင် (သူတို့ပြုလုပ်ခဲ့ကြ‌သော မ‌ကောင်းမှုများအား မ‌တွေ့လိုကြသည့်အတွက်) အလွန်‌ဝေး‌သော‌နေရာ စခန်းရှိလျှင် ‌ကောင်း‌လေစွ“ဟူ၍ ‌တောင့်တကြမည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုသာ ‌ကြောက်ရန်အတွက် အသင်တို့အား သတိ‌ပေး‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား အလွန်ကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [31] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြသည်ဆိုလျှင် ငါ(တမန်‌တော်)၏အမိန့်ကို လိုက်နာကြပါ။* (သို့ဖြစ်လျှင်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်သည် ချစ်ခင်‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [32] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အမိန့်‌တော်နှင့် တမန်‌တော်၏အမိန့်‌တော်ကို လိုက်နာကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် ‌သွေဖည်‌ကျောခိုင်းသွားကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုကဲ့သို့) ‌သွေဖည်‌သောသူများအား နှစ်သက်‌တော်မမူ‌ပေ။

    [33] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)အာဒမ်*၊ (တမန်‌တော်)နူးဟ်*၊ (တမန်‌တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်နှင့် အင်မ်ရာန်၏အဆက်အနွယ်တို့ကို စကြဝဠာအားလုံးအ‌ပေါ်တွင် ‌ရွေးချယ်‌တော်မူခဲ့သည်။

    [34] ထိုသူများထဲမှ အချို့သည် အချို့၏သားစဉ်‌မြေးဆက်များဖြစ်ကြသည်။၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [35] တစ်ခါက အင်မ်ရာန်*၏ဇနီးက ‌ပြောဆို‌လျှောက်ထားခဲ့သည်၊ “အို- ကျွန်မအား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်မသည် အရှင်မြတ်အတွက် ကျွန်မဗိုက်ထဲ၌ရှိ‌သောက‌လေးကို အရှင်မြတ်အား (ဝတ်ပြု‌စေနိုင်ရန်) လွတ်လပ်စွာထားရန်အတွက် (နဇရ်ကိုး) အဓိဋ္ဌာန်ပြုပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်မထံမှ(ကျွန်မ၏အဓိဋ္ဌာန်ကို) လက်ခံ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [36] ထို့‌နောက် သူမသည် သမီးမိန်းက‌လေး ‌မွေးဖွားလိုက်သည့်အခါ သူမက ‌ပြောဆိုသည်၊ “အို- ကျွန်မအား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်မသည် သမီးမိန်းက‌လေးကို ‌မွေးဖွားလိုက်ပါသည်။“ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူမ ဖွားမြင်ခဲ့သည်ကို ပိုသိ‌တော်မူသည်။ ၎င်းပြင် (သူမ လိုချင်‌သော)သား‌ယောက်ျား‌လေးသည် (ဤ)သမီးမိန်းက‌လေးကဲ့သို့ မဟုတ်‌ပေ။ ထို့‌နောက် အမှန်စင်စစ် ကျွန်မသည် ထိုသမီးမိန်က‌လေးအား မရ်ယမ်ဟု အမည်‌ပေးလိုက်ပါသည်။ ၎င်းပြင် သူမနှင့်သူမ၏သားသမီးများအား နှင်ထုတ်ခြင်းခံရ‌သော ရှိုင်သွာန်၏‌နှောင့်ယှက်မှုမှ လွတ်ကင်းရန် အရှင်မြတ်ထံတွင် ခိုလှုံပါသည်။“

    [37] ထို့‌နောက် သူမအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် သူမ(မရ်ယမ်)အား ‌ကောင်းမွန်‌သောလက်ခံမှုနှင့် လက်ခံ‌တော်မူပြီး ‌ကောင်းမွန်‌သော‌မွေးမြူမှုနှင့် ‌မွေးမြူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် (တမန်‌တော်)ဇကရိယာ*အား သူမ(မရ်ယမ်)ကို ထိန်းသိမ်း‌စောင့်‌ရှောက်‌စေ‌တော်မူခဲ့သည်။ (တမန်‌တော်)ဇကရိယာသည် (မရ်ယမ်ကို ကြည့်ရှု‌စောင့်‌ရှောက်ရန်) သူမ၏အ‌ဆောင်ထဲသို့ ဝင်သည့်အခါတိုင်း သူမ၏အနီးတွင် စားစရာများကို ‌တွေ့ရှိရသည့်အတွက် ‌ပြောဆို‌မေးမြန်းသည်၊ “အို- မရ်ယမ်၊ ဤစားစရာများသည် အသင်မထံသို့ အဘယ်မှ‌ရောက်လာသနည်း“။ သူမက‌ပြောသည်၊ “ဤစားစရာများသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ဖြစ်ပါသည်။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိ‌တော်မူ‌သောသူကို အကန့်အသတ်မရှိ စားနပ်ရိက္ခာ‌ပေးသနား‌တော်မူသည်။

    [38] (တမန်‌တော်)ဇကိရိယာသည် ထို‌နေရာ၌ပင်* ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံတွင် ဆု‌တောင်းခဲ့သည်။ ၎င်းက ‌ပြောဆို‌လျှောက်ထားသည်၊ “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်ထံ‌တော်မှ သန့်စင်အပြစ်ကင်း‌သော သား‌ကောင်းတစ်ဦးကို ‌ပေးသနား‌တော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည် ဒုအာဆု‌တောင်းမှုကို အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [39] ထို့‌နောက် ၎င်း(တမန်‌တော်ဇကရိယာ)သည် အခန်းထဲတွင် မတ်တပ်ရပ်လျက် စွလာသ်ဝတ်ပြု‌နေစဉ် ‌ကောင်းကင်တမန်များသည် ၎င်းအား ဟစ်‌ခေါ်‌ပြောဆိုကြသည်၊ “အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိ‌သော (သား‌ကောင်းတစ်ဦးကို ‌ပေးသနား‌တော်မူမည့်အ‌ကြောင်း) သတင်း‌ကောင်း‌ပေး‌တော်မူသည်။ ထိုသားသည် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်*ကို ‌ထောက်ခံမည့်သူဖြစ်မည်၊ ‌ခေါင်း‌ဆောင်လည်းဖြစ်မည်၊ (ကာမ လိုက်စားမှုကို)‌စောင့်ထိန်းသူလည်းဖြစ်မည်၊ ‌ကောင်းမြတ်‌သောသူများထဲမှ နဗီတမန်‌တော်တစ်ပါးလည်းဖြစ်မည်။“

    [40] ၎င်း(တမန်‌တော်ဇကရိယာ)က ‌ပြောဆို‌လျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တွင် မည်သည့်နည်းဖြင့် သားရနိုင်ပါမည်နည်း။ ကျွန်ုပ်တွင် အိုမင်းရင့်‌ရော်မှုသည်လည်း ဆိုက်‌ရောက်လာခဲ့ပြီဖြစ်ပါသည်။* ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရ‌သော အမြုံဖြစ်ပါသည်။ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်၊ “ဤသို့ပင် (သားရရှိမည့်အ‌ကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူသည်ကို ပြုလုပ်‌တော်မူသည်။“

    [41] ၎င်း(ဇကရိယာ)က ‌ပြောဆိုသည်၊ “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်အတွက် (ဇနီးတွင် ကိုယ်ဝန်ရှိ‌ကြောင်း) နိမိတ်လက္ခဏာ တစ်ခုခုပြုလုပ်‌ပေး‌တော်မူပါ။“ အရှင်မြတ်က မိန့်ကြား‌တော်မူသည်၊ “အသင်၏လက္ခဏာမှာ အသင်သည် သုံးရက်တိတိ လူများနှင့် အရိပ်အ‌ခြေပြသည်မှလွဲ၍ စကားမ‌ပြောနိုင်ခြင်းဖြစ်သည်။ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို အ‌မြောက်အမြားသတိရပြီး ညဦးပိုင်းနှင့် နံနက်ပိုင်းများတွင် အရှင်မြတ် သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း တသရွတ်ဆို‌နေပါ။“

    [42] တစ်ခါက ‌ကောင်းကင်တမန်များသည် ‌ပြောဆိုကြသည်၊ “အို- မရ်ယမ်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်မအား ‌ရွေးချယ်‌တော်မူခဲ့သည်။ ၎င်းပြင် အသင်မကို သန့်ပြန့်စင်ကြယ်‌အောင် ပြုလုပ်‌တော်မူခဲ့သည်။“

    [43] “အို-မရ်ယမ်၊ အသင်မသည် အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အမိန့်‌တော်များကို လိုက်နာ‌နေပါ။ ထို့ပြင် အသင်မသည် စဂျ်ဒဟ်ဦးချ‌နေပါ။ ထို့ပြင် အသင်မသည် ရုကူအ်ကိုင်းညွတ်‌သောသူများနှင့်အတူတကွ ရုကူအ်ကိုင်းညွတ်‌နေပါ။“

    [44] ထိုအရာများသည် (အသင် တမန်‌တော်မုဟမ္မဒ်-ဆွ၏) မျက်ကွယ်တွင်ဖြစ်‌သော အကြာင်းအရာများထဲမှဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအရာများကို အသင်(တမန်‌တော်)၏ထံသို့ ပို့ချ‌ပေး‌တော်မူသည်။ အမှန်စင်စစ် သူတို့သည် မရ်ယမ်အား သူတို့ထဲမှ မည်သူအုပ်ထိန်းရမည်ဆိုသည်ကို (မဲချရန်) သူတို့၏က‌လောင်များအား (‌ရေထဲ)ပစ်ချစဉ်က အသင်(တမန်‌တော်)သည် သူတို့အနီးတွင်ရှိခဲ့သည်မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် (မဲမချမီ မရ်ယမ်ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန်) သူတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး ငြင်းခုံ‌နေစဉ်ကလည်း* အသင်(တမန်‌တော်)သည် သူတို့အနီးတွင်ရှိခဲ့သည်မဟုတ်‌ပေ။

    [45] တစ်ခါက ‌ကောင်းကင်တမန်များသည် ‌ပြောဆိုကြသည်၊ “အို- မရ်ယမ်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ ကလိမဟ်(“ဖြစ်‌စေ“ဆို‌သော)စကားတစ်ခွန်း (‌ကြောင့်ဖြစ်ထွန်းလာမည့် သားရတနာ)နှင့် အသင်မအား သတင်း‌ကောင်း‌ပေး‌တော်မူသည်။ ၎င်း၏အမည်(နှင့်ဘွဲ့)သည် မရ်ယမ်၏သား အီစာ၊ မစီဟ်ဟုဖြစ်သည်။ ထိုအီစာသည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း ဂုဏ်သိက္ခာရှိသူဖြစ်မည်။ အရှင်မြတ်နှင့် နီးစပ်‌သောသူများထဲမှလည်း ဖြစ်မည်။

    [46] ထို့ပြင် ၎င်း(တမန်‌တော်အီစာ)သည် ပုခက်တွင်း၌လည်း‌ကောင်း အရွယ်‌ရောက်‌သောအခါ၌လည်း‌ကောင်း လူများနှင့် စကား‌ပြောလိမ့်မည်။ ထို့ပြင် (၎င်းသည်) ‌ကောင်းမြတ်‌သောသူများထဲမှလည်းဖြစ်မည်။

    [47] သူမ(မရ်ယမ်)က ‌ပြောဆို‌လျှောက်ထားသည်၊ “အို- ကျွန်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်မအား မည်သည့်‌ယောက်ျားတစ်ဦးတစ်‌ယောက်ကမျှ ထိ‌တွေ့ခဲ့ဘူးခြင်းမရှိခဲ့ပါဘဲလျက် ကျွန်မသည် မည်သည့်နည်းဖြင့် သားရတနာ ရရှိနိုင်ပါမည်နည်း။“ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်၊ ဤကဲ့သို့ပင် (သားရတနာရမည်)။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို ဖန်ဆင်း‌တော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ပြဋ္ဌာန်း‌တော်မူသည့်အခါ “ဖြစ်‌စေ“ဟု အမိန့်‌ပေးလိုက်သည်နှင့် ထိုကိစ္စသည် ဖြစ်လာ‌ပေသည်။

    [48] ထို့ပြင် အရှင်မြတ်သည် ၎င်း(တမန်‌တော်အီစာ)ကို ကျမ်းဂန်၊ ပညာဉာဏ်အ‌မြော်အမြင်၊ ‌သောင်ရာသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းကို သင်ကြားပြသ‌တော်မူမည်။

    [49] ထို့ပြင် (တမန်‌တော်အီစာကို) အစ္စရာအီလ်မျိုးနွယ်များထံသို့ ရစူလ်တမန်‌တော်အဖြစ် (‌စေလွှတ်‌တော်မူ‌သောအခါ တမန်‌တော်အီစာက ‌ပြောမည်) “အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာ တန်ခိုး‌တော်ကို အမှန်ပင် ယူ‌ဆောင်လာခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ရွှံ့‌မြေနှင့်ငှက်ပုံစံကဲ့သို့(ငှက်ရုပ်)ပြုလုပ်ပြီး ၎င်းထဲသို့ မှုတ်သွင်းလိုက်‌သောအခါ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် ငှက်(အစစ်)ဖြစ်လာမည်။ ထို့ပြင် ကျွန်ုပ်သည် ‌မွေးရာပါမျက်မမြင်များနှင့် အနူ‌ရောဂါသည်များကိုလည်း ‌ပျောက်ကင်းချမ်းသာမှုရ‌အောင် လုပ်‌ပေးနိုင်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် ‌သေသူများကိုလည်း ရှင်‌စေနိုင်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏အိမ်များတွင် စားသုံးခဲ့ကြ‌သောအရာများကို သာမက အသင်တို့သည် အသင်တို့၏အိမ်များတွင် သိမ်းဆည်းသို‌လှောင်ထားခဲ့‌သောအရာများကို ကျွန်ုပ်သည် အသင်တို့အား ထုတ်‌ဖော်‌ပြောပြမည်။ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အမှန်စင်စစ် ဤအချက်တွင် အသင်တို့အတွက် ‌လေးနက်‌သော သက်‌သေလက္ခဏာတန်ခိုး‌တော်ရှိသည်။

    [50] ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်မတိုင်မီရှိနှင့်ခဲ့ပြီးဖြစ်‌သော ‌သောင်ရာသ်ကျမ်းကို ‌ထောက်ခံသူအဖြစ်သာမက အသင်တို့အတွက် (ယခင်ကျမ်းထဲ၌)ဟရာမ်ဟု တားမြစ်ထား‌သောအရာများထဲမှ အချို့ကို ဟလာလ်ဟု ခွင့်ပြုရန်အတွက် (‌ရောက်လာခဲ့သည်)၊ ထို့ပြင် ကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ထံမှ သက်‌သေလက္ခဏာကိုလည်း ယူ‌ဆောင်လာခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ၊ ၎င်းပြင် ကျွန်ုပ်၏အမိန့်ကိုလည်း နာခံကြပါ။

    [51] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းပင်ဖြစ်သည်။

    [52] ထို့‌နောက် (တမန်‌တော်)အီစာသည် ထိုသူ(အစ္စရာအီလ်မျိုးနွယ်)များဘက်မှ ငြင်းပယ်သည်ကို သိရှိခံစားရ‌သောအခါ (ဤသို့)‌ပြောဆို‌မေးမြန်းသည်၊ “ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မည်သူကူညီမည်နည်း။“* ဟဝါရီများ*က ‌ပြောဆိုကြသည်၊ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်(၏သာသနာ)ကို ကူညီ‌သောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကြပြီးဖြစ်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အမိန့်နာခံသူများဖြစ်‌ကြောင်းကို အသင်(တမန်‌တော့်)အ‌နေနှင့် သက်‌သေခံ‌ပေးပါ။“

    [53] သူတို့(ဟဝါရီများ)က ‌ပြောဆိုကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် အရှင်မြတ်ချ‌ပေး‌သောအရာ(အမိန့်‌တော်)များကို ယုံကြည်ပြီး ရစူလ်တမန်‌တော်၏ အမိန့်များကိုလည်း လိုက်နာကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား သက်‌သေခံသူများထဲတွင် ‌ရေးမှတ်‌တော်မူပါ။“

    [54] ထို့ပြင် သူတို့(ထဲမှ မယုံကြည်သူများ)သည် (တမန်‌တော်အီစာအား သတ်ရန်) ကြံစည်ခဲ့ကြသည်။* အလ္လာဟ်အရှင်မြတ်သည်လည်း (တမန်‌တော်အီစာအား ကယ်တင်ရန်) စီစဉ်‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး စီစဉ်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] တစ်ခါက အလ္လာဟ်အရှင်မြတ်သည် မိန့်ကြား‌တော်မူခဲ့သည်၊ အို- (တမန်‌တော်)အီစာ၊ ငါအရှင်မြတ်သည် အသင့်ကို ပြည့်ဝစွာယူ‌ဆောင်(ပြီး သတ်မှတ်ချိန်၌ ‌သေ‌စေ)‌တော်မူမည်၊* ထို့ပြင် အသင့်ကို ငါအရှင်မြတ်ထံ ပင့်မ ယူ‌တော်မူမည်။ ၎င်းပြင် အသင့်ကို ကာဖိရ်ငြင်းပယ်သူများ(၏ စွပ်စွဲမှုများ)မှ စင်ကြယ်‌တော်မူမည်။ ၎င်းပြင် ကိယာမသ်‌နေ့ထိ အသင်၏‌နောက်လိုက်သားများကို ကာဖိရ်များအ‌ပေါ်တွင် လွှမ်းမိုး(‌အောင်နိုင်)‌စေ‌တော်မူမည်။ ထို့‌နောက် အသင်တို့၏ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်ထံသို့သာ ဖြစ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့ကြားတွင် အသင်တို့(ယုံကြည်ချက်ပိုင်းဆိုင်ရာ အမှားအမှန်) ကွဲလွဲခဲ့‌သောအရာများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်‌တော်မူမည်။

    [56] ထို့‌နောက် ကာဖိရ်ငြင်းပယ်သူများအား ငါအရှင်မြတ်သည် ဤဘဝနှင့်တမလွန်ဘဝတွင် ပြင်းထန်‌သော အပြစ်ဒဏ်ကို ခတ်‌တော်မူမည်။ ၎င်းပြင် သူတို့အတွက် ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။

    [57] ၎င်းပြင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုမူခဲ့‌သောသူများမှာမူ အရှင်မြတ်သည် သူတို့အား သူတို့၏အကျိုးရလာဒ်များကို ပြည့်ဝစွာ‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [58] ဤအရာများသည် သက်‌သေလက္ခဏာ အာယသ်‌တော်များထဲမှလည်း ဖြစ်သည်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် ပြည့်စုံ‌သောအ‌ကြောင်းအရာများထဲမှလည်း ဖြစ်သည်။ ထိုအရာများကို ငါအရှင်မြတ်သည် အသင့်အား (ဝဟီနှင့်) ဖတ်ကြားပြသ‌တော်မူသည်။

    [59] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတွင် (တမန်‌တော်)အီစာ၏ပမာသည် (တမန်‌တော်)အာဒမ်ကဲ့သို့ဖြစ်သည်။ အရှင်မြတ်သည် (တမန်‌တော်)အာဒမ်ကို ‌မြေကြီးမှ ဖန်ဆင်းပြီး‌နောက် ဖြစ်‌စေဟု မိန့်ကြား‌တော်မူလိုက်‌သောအခါ (လူ)ဖြစ်လာခဲ့သည်။

    [60] (ဤအ‌ကြောင်းအရာ)အမှန်သည် အသင့်အား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သော အရှင်ထံမှဖြစ်သည့်အတွက် အသင်သည် သံသယဖြစ်သူများထဲတွင် မပါဝင်‌လေနှင့်။

    [61] သို့ဖြစ်ရာ အသင်၏ထံသို့ အသိပညာ‌ရောက်ရှိပြီးသည့်‌နောက် ၎င်း(တမန်‌တော်အီစာ)နှင့်ပတ်သက်ပြီး တစ်ဦးတစ်‌ယောက်သည် အသင့်အား ‌စောဒကတက် ငြင်းခုံခဲ့မည်ဆိုလျှင် (အို- တမန်‌တော်)အသင်သည် (ထိုသူများအား)‌ပြောလိုက်ပါ၊ အသင်တို့လာကြပါ၊ ကျွန်ုပ်တို့၏သား‌မြေးများနှင့် အသင်တို့၏သား‌မြေးများကို၊ ကျွန်ုပ်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများနှင့် အသင်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများကို ‌ခေါ်ယူကြပြီး ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ပြီး‌နောက် အရှင်မြတ်‌ရှေ့‌တော်‌မှောက်တွင် ရိုကျိုးစွာ ဤသို့) ‌လျှောက်ထား(ကျိန်ဆို)ကြမည်၊ “(တမန်‌တော်အီစာနှင့်ပတ်သက်ပြီး) မုသား‌ပြောသူများအ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်(အရှင်မြတ်၏ ကရုဏာကင်း‌ဝေးမှု) ကျ‌ရောက်ပါ‌စေ“ (ဟု ‌ပြောဆိုကြမည်)။

    [62] အမှန်စင်စစ် ထိုအရာများသည် မှန်ကန်‌သော အ‌ကြောင်းအရာများဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှန်မုချတန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်ဉာဏ်အ‌မြော်အမြင်နှင့် ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [63] ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲ‌ကျောခိုင်းသွားကြလျှင် မှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူများကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [64] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် ကျွန်ုပ်တို့နှင့် အသင်တို့၏ကြားတွင် တူညီ‌သော ကလိမဟ်စကားတစ်ခုဘက်သို့ လာကြပါ၊ (ထိုစကားမှာ) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမျှ မကိုးကွယ်ခြင်းနှင့် မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်မပြုလုပ်ခြင်း(ဖြစ်သည်)။ အကယ်၍ သူတို့သည် မျက်နှာလွှဲ‌ကျောခိုင်းသွားကြလျှင် အသင်တို့သည် “ကျွန်ုပ်တို့သည် အမှန်စင်စစ် (အလ္လာဟ်အရှင်မြတ်၏)အမိန့်‌တော်များကို လိုက်နာကြ‌သော မွတ်စ်လင်မ်များသာဖြစ်‌ကြောင်း အသင်တို့ သက်‌သေခံကြပါ“ဟု ‌ပြောဆိုကြပါ။

    [65] အို- ကျမ်းရသူအ‌ပေါင်းတို့၊ ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများသည် (တမန်‌တော်)အိဗ်ရာဟီမ်၏‌နောက်မှ ကျလာ‌သောကျမ်းများဖြစ်ပါလျက်နှင့်* အသင်တို့သည် (တမန်‌တော်)အိဗ်ရာဟီမ်နှင့်စပ်လျဉ်း၍ (၎င်းသည် ယဟူဒီဖြစ်သည်၊ နတ်စ်ွရာနီဖြစ်သည်ဟု) အဘယ့်‌ကြောင့် ‌ပြောဆိုငြင်းခုံကြသနည်း။ သို့ဖြစ်ရာ အသင်တို့သည် (ဤမျှပင်) မသိနားမလည်ကြ‌လေသ‌လော။

    [66] အသင်တို့သည် အသင်တို့တွင် အသိအနည်းငယ်သာရှိ‌သောအရာနှင့်ပတ်သက်ပြီး ငြင်းခုံ‌ပြောဆိုခဲ့ကြပြီဖြစ်သည်။* ထို့‌နောက်(ယခုတစ်ခါ) အသင်တို့ထံတွင် အသိ လုံးဝမရှိ‌သောအရာနှင့်ပတ်သက်၍ အဘယ့်‌ကြောင့် ‌ပြောဆိုငြင်းခုံ‌နေကြပြန်သနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အားလုံးကို)သိ‌တော်မူ၍ အသင်တို့သည် (မည်သည်ကိုမျှ) သိကြမည်မဟုတ်‌ပေ။

    [67] (တမန်‌တော်)အိဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့‌ပေ၊ နတ်စ်ွရာနီလည်းမဟုတ်ခဲ့‌ပေ၊ သို့ရာတွင် ၎င်းသည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်‌သော* အမိန့်နာခံသူဖြစ်ခဲ့သည်။ ၎င်းသည် မုရှ်ရိက် ‌ရော‌နှောကိုးကွယ်သူများထဲမှ မဟုတ်ခဲ့‌ပေ။

    [68] အမှန်စင်စစ် လူများထဲတွင် (တမန်‌တော်)အိဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသူများသည် ၎င်း၏အမိန့်ကိုနာခံ‌သော‌နောက်လိုက်များသည်လည်း‌ကောင်း၊ ဤတမန်‌တော်(မုဟမ္မဒ်-ဆွ)နှင့် အီမာန်ယုံကြည်ကြ‌သောသူများသည်လည်း‌ကောင်း ဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူများကို ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူသည်။

    [69] ကျမ်းရသူများထဲမှ လူတစ်စုသည် အသင်တို့လမ်းမှားသည်ကို လိုလားကြသည်။ သူတို့သည် သူတို့ကိုယ်မှလွဲ၍ မည်သူ့ကိုမှ လမ်းလွဲ‌စေလျက် ရှိ‌နေကြသည်မဟုတ်‌ပေ။ ၎င်းပြင် (ဤသည်ကိုလည်း) သူတို့ သိလျက်ရှိ‌နေကြသည် မဟုတ်‌ပေ။

    [70] အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ကိုယ်တိုင် ဝန်ခံကြပြီးဖြစ်ပါလျက် အဘယ့်‌ကြောင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ကြသနည်း။

    [71] အို- ကျမ်းရသူအ‌ပေါင်းတို့၊ အဘယ့်‌ကြောင့် အသင်တို့သည် သိကြပါလျက်နှင့် အမှန်နှင့်အမှားကို ‌ရော‌ထွေး‌အောင်လုပ်ကြသနည်း၊ ၎င်းပြင် (ကျမ်းထဲ၌ပါရှိ‌သော တမန်‌တော် မုဟမ္မဒ်-ဆွ၏ ဂုဏ်အရည်အချင်း)အမှန်ကို အသင်တို့ သိကြပါလျက် အဘယ့်‌ကြောင့် ထိမ်ချန်ထားကြသနည်း။

    [72] ထို့ပြင် ကျမ်းရသူများထဲမှ လူတစ်စုသည် (သူတို့အချင်းချင်း ဤသို့)‌ပြောဆိုကြသည်၊ “အသင်တို့သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် ကျ‌ရောက်ခဲ့‌သောအရာ(အမှန်တရား)များကို ‌နေ့၏အစတွင် ယုံကြည်လိုက်ကြပါ၊ ၎င်းပြင် အသင်တို့သည် ‌နေ့၏အဆုံးတွင် ငြင်းပယ်လိုက်ကြပါ၊ သို့ဖြစ်လျှင် သူတို့သည် (သူတို့၏အမှန်တရားမှ သံသယဖြစ်ပြီး) ပြန်လှည့်သွားကြလိမ့်မည်။“

    [73] “၎င်းပြင် အသင်တို့သည် အသင်တို့၏သာသနာကို လိုက်နာသူများမှလွဲ၍ (မည်သူ့ကိုမှ) မယုံကြနှင့်“- (ဟု‌ပြောဆိုကြသည်)။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်သာ (‌ဖြောင့်မတ်မှန်ကန်‌သော) လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည်။ (အသင်တို့၏ ထိုသို့‌ပြောဆိုခြင်းသည်) အသင်တို့ရရှိထား‌သော သာသနာကဲ့သို့ အခြားသူတစ်ဦးတစ်‌ယောက် ရရှိသွားခြင်း‌ကြောင့်၊ သို့မဟုတ် (အသင်တို့ကဲ့သို့ သာသနာမျိုးရရှိသွား‌သော) အခြားသူများသည် (အသင်တို့ ထိမ်ချန်ထားသည်များကို သိရှိသွားပြီး) အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံတွင် အသင်တို့(သည် အမှန်ကို ထိမ်ချန်ထားသည့်အ‌ကြောင်း)အား အငြင်းအခုံပြုပြီး အနိုင်ရရှိသွားကြမည့်အတွက်‌ကြောင့် ဖြစ်သည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ‌ကျေးဇူး‌တော်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်‌တော်ထဲ၌ပင်ရှိသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုသာ (သီးသန့်‌ရွေးချယ်၍) ‌ကျေးဇူးပြု‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို) ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [74] အရှင်မြတ်သည် မိမိအသနား‌တော်နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ‌ရွေးချယ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမား‌သော ‌ကျေးဇူး‌တော်ရှင်ဖြစ်‌တော်မူသည်။

    [75] ထို့ပြင် ကျမ်းရသူများထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်‌တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး (‌ရွှေ‌ငွေ)အ‌မြောက်အမြား အပ်နှံထားခဲ့လျှင် သူတို့သည် ထိုအရာများအားလုံးကို အသင့်အား ပြန်‌ပေးဆပ်ကြလိမ့်မည်။ ထို့ပြင် သူတို့ထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်‌တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး ‌ရွှေဒဂင်္ါးတစ်ပြားမျှသာ အပ်နှံထားခဲ့လျှင် သူတို့သည် ထို‌ရွှေဒဂင်္ါးတစ်ပြားကိုပင် အသင့်အား ပြန်‌ပေးဆပ်ကြမည်မဟုတ်‌ပေ၊ သို့ရာတွင် အသင်သည် ၎င်းအ‌ပေါ် အမြဲမတ်တတ်ရပ် ‌တောင်း‌နေရမည်။ (အသင် ကြာ‌ညောင်းစွာ မတ်တတ်ရပ်၍ မ‌တောင်းသမျှ ‌ပေးမည်မဟုတ်‌ပေ)။ ထိုကဲ့သို့ မ‌ပေးဆပ်ခြင်းသည် သူတို့က(ဤသို့)‌ပြောဆိုမှု‌ကြောင့်ဖြစ်သည်၊ “စာ‌ပေမတတ်ကျွမ်း‌သောသူများ သို့မဟုတ် ကျမ်းဂန်မရရှိသူများနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အ‌ပေါ်တွင် (အ‌ရေးယူရန်)နည်းလမ်းမရှိ‌ပေ။ (သူတို့ပစ္စည်းများကို မတရားယူလျှင်လည်း အပြစ်မရှိ‌ပေ)။“ ၎င်းပြင် (ဤသို့ပင်) သူတို့သည် သိပါလျက်နှင့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်‌ပြောဆိုကြသည်။

    [76] (သူတို့‌ပြောသကဲ့သို့)လုံးဝမဟုတ်၊ အမှန်စင်စစ်တွင် (အပြစ်ရှိသည်) အကြင်သူသည် သူ၏ကတိကို ပြည့်ဝ‌အောင်ပြုလုပ်ပြီး အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်ခင်မြတ်နိုး‌တော်မူသည်။

    [77] အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုလုပ်ထား‌သော ကတိကဝတ်နှင့် သူတို့၏ကျိန်ဆိုချက်များကို အဖိုးအခ အနည်းငယ်နှင့် လဲလှယ်‌ရောင်းချကြသည်။ ထိုသူများအတွက် တမလွန်ဘဝတွင် မည်သည့်‌ကောင်း‌သော‌ဝေစုမှ မရှိ‌တော့‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို (အမျက်‌ဒေါသ‌ကြောင့် စကား‌ပြော‌တော်မူမည် မဟုတ်‌ပေ။ ၎င်းပြင် ကိယာမသ်‌နေ့တွင် သူတို့ဘက်သို့ (ငဲ့ညှာ‌ထောက်ထားမှုနှင့်) ကြည့်ရှု‌တော်မူမည်လည်း မဟုတ်‌ပေ။ ၎င်းပြင် သူတို့ကို (ပြစ်မှုများမှ) စင်ကြယ်‌အောင် လုပ်‌ပေးမည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ရှိမည်။

    [78] ထို့ပြင် သူတို့ထဲတွင် အမှန်မုချ လူတစ်စုရှိသည်၊ ထိုသူများသည် ကျမ်းဂန်ကို ၎င်းတို့၏လျှာကို ‌ခေါက်လိပ်(လုပ်ကြံပြီး ရွတ်ဖတ်)ကြသည်။ (သူတို့လုပ်ကြံရွတ်ဖတ်‌သော)ထိုအရာသည် ကျမ်းဂန်ထဲမှစကား မဟုတ်ပါဘဲလျက် အသင်တို့က ထိုအရာကို ကျမ်းဂန်ထဲမှပင်ဖြစ်သည်ဟု ထင်မှတ်ကြ‌စေရန်ဖြစ်သည်။ ထို့ပြင် သူတို့က ထို(သူတို့လုပ်ကြံဖတ်‌သော)အရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ မဟုတ်ပါဘဲလျက် ထိုအရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် သိလျက်နှင့် အလ္လာဟ်အရှင်မြတ်အ‌ပေါ် လိမ်လည်‌ပြောဆိုကြသည်။

    [79] မည်သည့်လူသားပင်ဖြစ်‌စေ ထိုသူ့အား အလ္လာဟ်အရှင်မြတ်က ကျမ်းဂန်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် နဗီတမန်‌တော်ဖြစ်ခြင်းကို ‌ပေးသနား‌တော်မူပြီး‌နောက် ထိုသူက လူများအား “ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်လွှတ်ပြီး (ငါ့အား ကိုးကွယ်ကြရန်) ငါ၏ကျွန်များဖြစ်ကြပါ“ဟု ‌ပြောရန်ဆိုသည်မှာ မဖြစ်နိုင်‌ပေ။ သို့ရာတွင် ၎င်းက(ဤသို့)‌ပြောဆို‌ပေလိမ့်မည်၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်များကို သိရှိပြီး လိုက်နာကျင့်သုံးသူများ ဖြစ်ကြပါ၊ အဘယ့်‌ကြောင့်ဆို‌သော် အသင်တို့သည် ကျမ်းဂန်ကို သင်ကြားပို့ချကြသည့်အပြင် အသင်တို့သည် ကျမ်းဂန်ကို ‌လေ့လာကြသည့်(အခါ ကျမ်းဂန်ထဲတွင် အရှင်မြတ်အား ‌ကြောက်ရန်နှင့် အမိန့်နာခံရန် ထပ်ပြန် တလဲလဲ ညွှန်ကြားထားသည်ကို အသင်တို့ကိုယ်တိုင် ‌တွေ့ရှိကြသည့်) အတွက်‌ကြောင့်ပင်ဖြစ်သည်။“

    [80] ထို့ပြင် ထို(တမန်‌တော်အဖြစ် ချီးမြှင့်ခံရ)သူက အသင်တို့အား “အသင်တို့သည် ‌ကောင်းကင်တမန်များနှင့် နဗီတမန်‌တော်များအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်သခင်များအဖြစ် ပြုလုပ်ကြပါ“ဟူ၍လည်း အမိန့်‌ပေးမည် မဟုတ်‌ပေ။ အသင်တို့သည် အမိန့်နာခံသူ မွတ်စ်လင်မ်များ ဖြစ်ကြပြီး‌နောက်မှ ထို(တမန်‌တော်အဖြစ် ချီးမြှင့်ခံရ)သူက အသင်တို့အား ‌သွေဖည်ရန် အမိန့်‌ပေးပါမည်‌လော။

    [81] ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် နဗီတမန်‌တော်များထံမှ (ဤသို့)ကတိသစ္စာ ယူ‌တော်မူခဲ့သည်၊ “အမှန်စင်စစ် ငါအရှင်မြတ်သည် ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင် ‌ပေးသနား‌တော်မူပြီး‌နောက် အသင်တို့ထံတွင်ရှိ‌သော ကျမ်းဂန်များကို ‌ထောက်ခံသည့် ရစူလ်တမန်‌တော်*တစ်ပါးပါးသည် အသင်တို့ထံသို့ ‌ရောက်လာသည့်အခါတွင် အသင်တို့သည် ထိုတမန်‌တော်အား အမှန်ပင် ယုံကြည်ကြရမည်၊ ၎င်းပြင် သူ့အား ကူညီအား‌ပေးကြရမည်။“ ထို့‌နောက် အလ္လာဟ်အရှင်မြတ်က “အသင်တို့ ဝန်ခံကြပြီ‌လော။ ထိုကိစ္စနှင့်ပတ်သက်ပြီး အသင်တို့သည် ငါအရှင်မြတ်၏ ကတိသစ္စာကိုလည်း လက်ခံကြပြီ‌လော“ဟု ‌မေးမြန်း‌တော်မူသည်။ သူတို့က “ကျွန်ုပ်တို့ ဝန်ခံကြပါပြီ“ဟု ‌ပြောဆို‌လျှောက်ထားကြသည်။ “သို့ဖြစ်လျှင် အသင်တို့သည် (ထိုကတိသစ္စာနှင့် ပတ်သက်၍) အသိသက်‌သေများဖြစ်ကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်‌သေများထဲတွင် ပါဝင်‌တော်မူမည်“ဟု အရှင်မြတ်က မိန့်ကြား‌တော်မူသည်။

    [82] ၎င်းပြင် အကြင်သူသည် ထို(ကတိထားပြီး)‌နောက် မျက်နှာလွှဲဖယ်သွားခဲ့လျှင် ထိုသူများပင် အမိန့်မနာခံသူများဖြစ်ကြသည်။

    [83] သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာ‌တော်ကလွဲပြီး အခြားသာသနာကို လိုလားရှာ‌ဖွေကြသည်‌လော။ ထို့ပြင် ‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာအားလုံးသည် ကြည်ဖြူလျက်နှင့်ဖြစ်‌စေ၊ မနှစ်မြို့လျက်နှင့်ဖြစ်‌စေ အရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာ‌နေကြသည်။ ထို့‌နောက် ထိုအရာအားလုံးသည် အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရမည်ဖြစ်သည်။

    [84] (အို-တမန်‌တော်) အသင်‌ပြောလိုက်ပါ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့အ‌ပေါ်တွင် ကျလာ‌သောအရာ(ကုရ်အာန်ကျမ်း‌တော်မြတ်)၊ (တမန်‌တော်)အိဗ်ရာဟီမ်၊ (တမန်‌တော်)အစ္စမာအီလ်၊ (တမန်‌တော်)အစ္စဟာက်၊ (တမန်‌တော်)ယအ်ကူဗ်နှင့် (၎င်း၏) သား‌မြေး၊မြစ်တို့အ‌ပေါ်တွင် ကျလာ‌သောအရာ( တရား‌တော်များ)ကို ယုံကြည်ကြပါသည်။ပြင် (တမန်‌တော်)မူစာ၊ (တမန်‌တော်)အီစာနှင့် အခြားနဗီတမန်‌တော်များကို ၎င်းတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ‌တော်မှ ‌ပေးသနား‌တော်မူ‌သောအရာ (တရား‌တော်များ)ကိုလည်း ကျွန်ုပ်တို့ ယုံကြည်ခဲ့ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် နဗီတမန်‌တော်များ၏ကြားတွင် တစ်ပါးပါးကို သူတို့ထဲမှ ခွဲခြားမှု မပြုကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်ကို နာခံ‌သော မွတ်စ်လင်မ်များသာ ဖြစ်ကြပါသည်။

    [85] ထို့ပြင် မည်သူမဆို အစ္စလာမ်သာသနာမှလွဲ၍ အခြားသာသနာ တစ်ခုခုကို လိုလားရှာ‌ဖွေလျှင် ထိုသူ၏ထံမှ (သူရှာ‌ဖွေထား‌သော သာသနာသည် အရှင်မြတ်ထံတွင်) သ‌ဘောတူ လက်ခံ‌တော်မူခြင်း လုံးဝခံရမည် မဟုတ်‌ပေ။ ထို့ပြင် သူသည် တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများထဲတွင် ဖြစ်လိမ့်မည်။

    [86] အလ္လာဟ်အရှင်မြတ်သည် ဤသို့‌သောလူမျိုးကို မည်သည့်နည်းဖြင့် လမ်းမှန်‌ပေးမည်နည်း။ ထိုလူမျိုးသည် အီမာန်ယုံကြည်ကြသည်၊ ၎င်းပြင် ရစူလ်တမန်‌တော် အမှန်ဖြစ်‌ကြောင်းကိုလည်း သက်‌သေခံကြသည်၊ ၎င်းပြင် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများလည်း ‌ရောက်ရှိခဲ့ပြီး ဖြစ်သည်၊ ထို့‌နောက်တွင်မှ သူတို့သည် ‌သွေဖည်ငြင်းပယ်လိုက်ကြသည်။ (ထိုသူများကို အရှင်မြတ်က မည်သည့်နည်းဖြင့် ဟိဒါယသ် ‌ပေးမည်နည်း)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်သို့ ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။

    [87] သူတို့၏အကျိုးရလာဒ်မှာ အမှန်စင်စစ် သူတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်(သနားကရုဏာကင်း‌ဝေးမှု)၊ ‌ကောင်းကင်တမန်များ၏ လအ်နသ်နှင့် လူများအားလုံး၏ လအ်နသ်(ရှုတ်ချမှု)ကျ‌ရောက်သည်။

    [88] သူတို့သည် ထို(လအ်နသ်)ထဲ၌ပင် အမြဲခံစား‌နေကြရမည့်အပြင် သူတို့၏အပြစ်သည်လည်း ‌လျှော့‌ပေါ့‌ပေးခြင်းခံရမည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် (အပြစ်ဒဏ်ကို)ဆိုင်းငံ့ထားခြင်း ခံရမည်လည်း မဟုတ်‌ပေ။

    [89] သို့ရာတွင် အကြင်သူများသည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)‌နောက် ဝန်ချ‌တောင်းပန်ပြီး ပြုပြင်ကြလျှင် ထို့‌နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [90] အမှန်စင်စစ် အကြင်သူတို့သည် သူတို့ ယုံကြည်ပြီး‌နောက် ‌သွေဖည်ငြင်းပယ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ‌သွေဖည်မှုထဲ၌ပင် ဆက်တိုး‌နေခဲ့ကြသည်၊ ထိုသူများ၏ ‌နောင်တရပြီး အမှားဝန်ခံခြင်း*သည် (အရှင်မြတ်ထံ၌) လက်ခံသ‌ဘောတူ‌တော်မူခြင်း လုံးဝခံရမည် မဟုတ်‌ပေ။ ၎င်းပြင် ထိုသူများသည် လမ်းလွဲသူများပင်ဖြစ်ကြသည်။

    [91] အမှန်စင်စစ် အကြင်သူများသည် ‌သွေဖည်ငြင်းပယ်ကြပြီး ‌သွေဖည်ငြင်းပယ်သူများဖြစ်လျက်နှင့် ‌သေဆုံးကြသည်၊ ထိုသူများထဲမှ တစ်စုံတစ်ဦးသည် (အပြစ်လွတ်ရန်) ကမာ္ဘ‌မြေနှင့်အပြည့် ‌ရွှေများကို ‌လျော်‌ကြေး‌ပေးလျှင်လည်း (အရှင်မြတ်သည်) လုံးဝ လက်ခံ‌တော်မူမည်မဟုတ်‌ပေ။ သူတို့အတွက် အလွန်ပြင်းပြ နာကျင်‌စေ‌သော အပြစ်ဒဏ်သာရှိသည်၊ ၎င်းပြင် သူတို့အတွက် ကူညီမည့်သူဟူ၍လည်း မည်သူတစ်ဦးတစ်‌ယောက်မျှ ရှိမည်မဟုတ်‌ပေ။

    [92] အသင်တို့သည် အသင်တို့နှစ်သက်ကြ‌သော*ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းမှု မပြုသမျှ ‌ကောင်းကျိုးချမ်းသာ(ဂျန္နသ်)ကို မည်သည့်အခါမျှ ရရှိကြမည်မဟုတ်‌ပေ။ ထို့ပြင် အသင်တို့သည် မည်သည့်အရာမျှပင် လှူသည်ဖြစ်‌စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာအား အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [93] ‌သောင်ရာသ်ကျမ်းမကျမီတွင် အစ္စရာအီလ်(တမန်‌တော်ယအ်ကူဗ်)သည် မိမိကိုယ်မိမိအ‌ပေါ်တွင် ဟရာမ်အဖြစ်တားမြစ်ခဲ့‌သော အစားအစာမှလွဲ၍ အစားအစာဟူသမျှသည် အစ္စရာအီလ်မျိုးနွယ်များအတွက် ဟလာလ်စားပိုင်ခွင့်ပြုထားခဲ့သည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အသင်တို့သည် မှန်ကန်‌သောသူများဖြစ်ကြလျှင် ထို‌သောင်ရာသ်ကျမ်းကို ယူလာပြီး‌နောက် ဖတ်ရွတ်ကြပါ။

    [94] ဤသည့်‌နောက်တွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလိမ်လည် လုပ်ကြံ‌ပြောဆိုမည်ဆိုလျှင် ထိုသူများသည် မတရားကျူးလွန်သူများပင် ဖြစ်ကြသည်။

    [95] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ကိုသာ ‌ပြောဆို‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ‌ဖြောင့်မတ်တည်ကြည်‌သော (တမန်‌တော်)အိဗ်ရာဟီမ်၏ သာသနာ(အစ္စလာမ်)‌နောက်ကို လိုက်ကြပါ။ ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများထဲမှ မဟုတ်ခဲ့‌ပေ။

    [96] အမှန်စင်စစ် လူများအတွက်(ဝတ်ပြုကိုးကွယ်ရန်) ပထမဦးဆုံး ‌ဆောက်လုပ်ထား‌သောအိမ်‌တော်*သည် မက္ကဟ်မြ့ို*တွင်တည်ရှိ‌သော ‌ကောင်းချီးမဂင်္လာနှင့် ပြည့်စုံလျက်ရှိသည့်အပြင်*၊ စကြဝဠာအားလုံးအတွက် လမ်းမှန်ညွှန်ကြားပြသလျက်ရှိ‌သော အိမ်‌တော်ပင်ဖြစ်သည်။

    [97] ထိုအိမ်‌တော်တွင် ထင်ရှား‌သော သက်‌သေလက္ခဏာများရှိသည်။ မကားမုအိဗ်ရာဟီမ် (တမန်‌တော်အိဗ်ရာဟီမ် ရပ်တည်‌သော‌နေရာ)လည်းရှိသည်။ ထို့ပြင် အကြင်သူသည် ထိုအိမ်‌တော်ထဲသို့ ဝင်‌ရောက်လျှင် ထိုသူသည် ‌ဘေးရန်(ဟူသမျှ)မှ လွတ်ကင်းသူဖြစ်မည်။* ထို့ပြင် လူများထဲမှ အလ္လာဟ်အရှင်မြတ်၏အိမ်‌တော်သို့ သွား‌ရောက်ရန် တတ်စွမ်းနိုင်‌သောသူများ အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်အတွက် ဟဂျ်ပြုလုပ်ရန် ဖရဿွ်တာဝန်ရှိသည်။ ၎င်းပြင် အကြင်သူသည် ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအားလုံးမှ လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [98] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို အဘယ့်‌ကြောင့် ငြင်းပယ်ကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို မျက်‌မှောက်အသိသက်‌သေပင် ဖြစ်‌တော်မူသည်။“

    [99] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် (အရှင်မြတ်၏လမ်း ‌ဖြောင့်မတ်မှန်ကန်‌နေသည်ကို) အသင်တို့ကိုယ်တိုင် အသိသက်‌သေများဖြစ်ကြပါလျက် အီမာန်ယုံကြည်သူများအား အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ ‌ကောက်‌ကွေ့ရှာ‌ဖွေမှု ဖန်တီး၍ အဘယ့်‌ကြောင့် ပိတ်ပင်တားဆီးကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို ‌မေ့‌လျော့မည့်အရှင် မဟုတ်‌ပေ။“

    [100] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ကျမ်းရသူများထဲမှ လူတစ်စု(၏စကား)ကို လိုက်နာကြလျှင် သူတို့သည် အသင်တို့အား အသင်တို့ အီမာန်ယုံကြည်ကြပြီး‌နောက် ကာဖိရ်ငြင်းပယ်သူများ အဖြစ်သို့ ပြန်လည်‌ရောက်ရှိ‌စေကြလိမ့်မည်။

    [101] ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များသည် အသင်တို့‌ရှေ့တွင် ဖတ်ကြားခံရလျက် ရှိ‌နေသည့်အပြင် အရှင်မြတ်၏တမန်‌တော်လည်း အသင်တို့ထဲတွင် ရှိ‌နေပါလျက် အသင်တို့သည် အဘယ်နည်းဖြင့် ‌သွေဖည်ငြင်းပယ်နိုင်ကြမည်နည်း။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စွဲမြဲစွာ ဆုပ်ကိုင်ထားလျှင် ထိုသူသည် ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို အမှန်ပင် ညွှန်ကြားပြသခြင်းခံရမည်ဖြစ်သည်။

    [102] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်သင့်‌ကြောက်ထိုက်သည့်အတိုင်း ‌ကြောက်ကြပါ။ ၎င်းပြင် အသင်တို့သည် မွတ်စ်လင်မ်အဖြစ်နှင့်သာ ဘဝနိဂုံးချုပ်ပါ။

    [103] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြိုး(ကုရ်အာန်)ကို* တစ်ညီတစ်ညွတ်တည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အချင်းချင်း မကွဲပြဲကြ‌လေနှင့်။ ၎င်းပြင် အသင်တို့သည် အသင်တို့အ‌ပေါ် အလ္လာဟ်အရှင်မြတ်ပြုထား‌သော ‌ကျေးဇူး‌တော်ကိုလည်း သတိရကြပါ။ တစ်ခါက အသင်တို့သည် ရန်သူများ*ဖြစ်ခဲ့ကြပြီး (အရှင်မြတ်သည်) အသင်တို့၏စိတ်နှလုံးများကို ညီညွတ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် (ယခုအချိန်တွင်) ညီရင်းအစ်ကိုများ* ဖြစ်သွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ဂျဟန္နမ်ငရဲမီးတွင်း၏ နှုတ်ခမ်းဝ‌ပေါ်‌ရောက်ရှိခဲ့ကြပြီဖြစ်သည်။* (အရှင်မြတ်သည်) အသင်တို့အား (အီမာန် ချီးမြှင့်ပြီး) ထိုငရဲမီးမှ ကယ်တင်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှန်‌ရောက်ရှိကြရန် အရှင်မြတ်၏အာယသ်‌တော်များကို အသင်တို့အတွက် ဤသို့ပင် ရှင်းပြ‌တော်မူသည်။

    [104] ထို့ပြင် အသင်တို့ထဲ၌ အုပ်စုတစ်စုရှိရမည်။ ထိုအုပ်စုသည် ‌ကောင်းရာဘက်သို့ ဖိတ်‌ခေါ်ကြရမည်။ ၎င်းပြင် ‌ကောင်းရာကို ညွှန်ကြားကြရမည်။ ၎င်းပြင် မ‌ကောင်းရာမှ တားမြစ်ကြရမည်။ ၎င်းပြင် ထိုသူများပင် ‌အောင်မြင်မည့်သူများဖြစ်ကြသည်။

    [105] ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ၎င်းသူများသည် (အရှင်မြတ်၏ သာသနာကို တစ်စည်းတစ်လုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲပြဲကြသည့်အပြင် ၎င်းသူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများ ‌ရောက်လာပြီး‌နောက်၌လည်း (သာသနာ၏အရင်းအမြစ် အဓိကကျ‌သောအချက်များတွင်) အချင်းချင်း ကွဲလွဲခဲ့ကြသည်။ ၎င်းပြင် ထိုသူများအတွက်ပင် ကြီး‌လေး‌သော အပြစ်ဒဏ်ရှိသည်။

    [106] ထို(ကိယာမသ်)‌နေ့တွင် အချို့မျက်နှာများသည် ဖြူ‌ဖွေး‌နေ၍ အချို့မျက်နှာများသည် မည်းနက်‌နေလိမ့်မည်။ ၎င်းပြင် မည်းနက်‌နေ‌သောမျက်နှာရှင်များသည် (ဤသို့ ‌ပြောဆိုခံကြရမည်) “အသင်တို့သည် အီမာန်ယုံကြည်ပြီး‌နောက်မှ ‌သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်‌လော၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ ငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ။“

    [107] ၎င်းပြင် ဖြူ‌ဖွေး‌နေ‌သောမျက်နှာရှင်များမှာမူ အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာထဲတွင်ရှိကြပြီး ထိုထဲ၌ပင် အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။

    [108] ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအာယသ်‌တော်များကို မှန်ကန်စွာ(ဝဟီပို့ချမှုနှင့်) အသင်၏အ‌ပေါ် ဖတ်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးကို မတရားပြုလုပ်ရန် ရည်ရွယ်‌တော်မမူ‌ပေ။

    [109] ထို့ပြင် ‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ရှိသမျှအရာအားလုံးသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်‌သောအရာများပင်ဖြစ်သည်။ ထို့ပြင် အ‌ရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရလိမ့်မည်။

    [110] အသင်တို့သည် လူများအတွက် ထုတ်‌ဖော်ခြင်းခံရ‌သော အ‌ကောင်းဆုံးအုပ်စုဖြစ်သည်။* (အဘယ့်‌ကြောင့်ဆို‌သော်)အသင်တို့သည် ‌ကောင်းရာများကို ညွှန်ကြားပြီး စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်။* ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန်ယုံကြည်ခဲ့ကြမည်ဆိုလျှင် အမှန်ပင် သူတို့အတွက် ပို‌ကောင်းသည်။ သူတို့ထဲတွင် ယုံကြည်သူများလည်းရှိသည်၊* ၎င်းပြင် သူတို့ထဲမှ အများစုသည် အမိန့်မနာခံ ဖီဆန်သူများပင် ဖြစ်ကြသည်။

    [111] သူတို့သည် အသင်တို့အား နားမခံချိမခံသာ(အန္တရာယ်)*ဖြစ်‌စေရန် ပြုလုပ်သည်မှလွဲ၍ အသင်တို့အား ဆုံးရှုံးနစ်နာပျက်စီး‌အောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်‌ပေ။ ၎င်းပြင် အကယ်၍ သူတို့သည် အသင်တို့အား ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင်လည်း သူတို့သည် အသင်တို့အား ‌ကျောခိုင်းပြီး ထွက်‌ပြေးသွားကြလိမ့်မည်။ ထို့‌နောက် သူတို့သည် ကူညီခြင်း ခံကြရမည် မဟုတ်‌ပေ။

    [112] သူတို့ကို မည်သည့်‌နေရာတွင် ‌တွေ့ရှိသည်ဖြစ်‌စေ သူတို့အ‌ပေါ်တွင် ‌သေးသိမ်မှုသည် ကျ‌ရောက်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ဘက်မှ ကတိကဝတ် တစ်စုံတစ်ခု (အီမာန်ယုံကြည်မှု ကတိကဝတ်)‌ကြောင့်ဖြစ်‌စေ*၊ လူများဘက်မှ ကတိကဝတ် တစ်စုံတစ်ခု (လူခွန်‌ပေးခြင်း ကတိကဝတ်)‌ကြောင့်ဖြစ်‌စေ* သူတို့သည် ခိုလှုံမှုရရှိခြင်းမှလွဲ၍ (အမြဲ‌သေးသိမ်လျက်ပင်ရှိသည်)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမျက်‌ဒေါသကို ခံကြရပြီဖြစ်သည်။ ၎င်းပြင် သူတို့အ‌ပေါ်တွင် ဒုက္ခဆင်းရဲမှုသည်လည်း လွှမ်းမိုးခံရပြီဖြစ်သည်။ ထိုကဲ့သို့ခံရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ကြသည့်အပြင် နဗီတမန်‌တော်များကိုလည်း မတရားသတ်ဖြတ်‌သော‌ကြောင့်ဖြစ်သည်။ ထိုအရာသည် သူတို့အ‌နေဖြင့် အမိန့်‌တော်ကို မနာခံကြဘဲ စည်းကမ်း‌ဖောက်ဖျက်ခဲ့ကြခြင်း‌ကြောင့်ဖြစ်သည်။

    [113] သူတို့အားလုံးသည် အတူတူ မဟုတ်ကြ‌ပေ၊ ထိုကျမ်းရသူများထဲမှပင် ‌ဖြောင့်မတ်တည်တံ့စွာ‌နေ‌သော အုပ်စုတစ်စုလည်းရှိသည်။ သူတို့သည် ညတွင် စဂ်ျဒဟ်ဦးချကြလျက် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ဖတ်ရွတ်ကြသည်။

    [114] သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ကြသည်။ထို့‌နောက် သူတို့သည် ‌ကောင်းမှုကုသိုလ်များကို ညွှန်ကြားကြသည်။ ၎င်းပြင် သူတို့သည် မနှစ်မြို့ဖွယ်ရာများမှလည်း တားမြစ်ကြသည်။ ထို့‌နောက် သူတို့သည် ‌ကောင်းမှုကုသိုလ်များကိုလည်း သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းမြတ်‌သောသူများထဲမှ ဖြစ်ကြသည်။

    [115] ထို့ပြင် သူတို့သည် ‌ကောင်းမှုတစ်စုံတစ်ခုပြုလုပ်ကြလျှင် ထို‌ကောင်းမှုသည် လုံးဝပယ်ချခြင်း မခံရ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [116] အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများမှာ သူတို့၏ ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ သူတို့အား အနည်းငယ်မျှ လုံးဝ အသုံးဝင်‌စေမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ငရဲသားများဖြစ်ကြပြီး ထိုငရဲထဲ၌ပင် အမြဲ‌နေကြရမည့်သူများ ဖြစ်ကြသည်။

    [117] ဤဘဝတွင် ထိုကာဖိရ်ငြင်းပယ်သူများ၏ သုံးစွဲလှူဒါန်းခြင်း*၏ ဥပမာသည် အကြင်‌လေနှင့်တူသည်။ ထို‌လေတွင် အလွန်ပြင်းထန်‌သော အ‌အေးဓာတ်ရှိသည်။ ထို‌လေသည် သူတို့ကိုုယ်ကိုသူတို့ နှိပ်စက်ကြ‌သောလူတစ်စု၏ လယ်ယာကို တိုက်ခတ်ဖျက်ဆီးခဲ့သည်။ (ထိုကဲ့သို့ပင် သူတို့၏အလှူဒါနများသည် တမလွန်ဘဝတွင် ဖျက်ဆီးခံရမည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို မတရားနှိပ်စက်ခဲ့သည် မဟုတ်‌ပေ၊ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ခဲ့ကြသည်။

    [118] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ အချင်းချင်းမှလွဲ၍ အခြားသူများကို အတွင်းသိ မိတ်‌ဆွေရင်းအဖြစ် မပြုလုပ်ကြနှင့်။ သူတို့သည် အသင်တို့အား ပျက်စီး‌စေရာတွင် မည်သည့်အခွင့်အ‌ရေးမှ လက်လွှတ်‌စေကြမည် မဟုတ်‌ပေ။ သူတို့သည် အသင်တို့ ဒုက္ခ‌ရောက်သည်ကို လိုလားကြသည်။ မနာလိုမုန်းတီးမှုသည် သူတို့၏နှုတ်ဖျားများမှ အမှန်ပင် ထင်ရှားခဲ့ပြီးဖြစ်ရုံသာမက သူတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသည်များမှာ ပို၍ပင်ကြီးသည်။ အကယ်၍ အသင်တို့သည် သိနားလည်ကြမည်ဆိုလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အကျိုးအတွက် အာယသ်‌တော်များကို ရှင်းလင်းပြသ‌တော်မူခဲ့ပြီးဖြစ်သည်။

    [119] ကြည့်ကြစမ်းပါ၊ အသင်တို့ကသာ သူတို့အား ချစ်ခင်‌နေကြသည်၊ သူတို့ကမူ အသင်တို့အား ချစ်ခင်မှု မရှိကြ‌ပေ။ ထို့ပြင် အသင်တို့သည် (‌ကောင်းကင်ကျ)ကျမ်းအားလုံးကို ယုံကြည်ကြသည်။ (သူတို့ကမူ မယုံကြည်ကြ‌ပေ)။ ထို့ပြင် သူတို့သည် အသင်တို့နှင့်‌တွေ့ဆုံကြ‌သောအခါ ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါပြီဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် (အကွယ်၌) သီးခြားတစ်ကိုယ်တည်းဖြစ်ကြ‌သောအခါ အသင်တို့အ‌ပေါ် ‌ဒေါသထွက်ကြ‌သော‌ကြောင့် သူတု့ိ၏လက်‌ချောင်းများကိုပင် ကိုက်ခဲလိုက်ကြသည်။* (အို- တမန်‌တော်)အသင်သည် သူတို့အား “အသင်တို့သည် ကိုယ့်‌ဒေါသနှင့်ကိုယ်သာ ‌သေလိုက်ကြ‌တော့ ဟု‌ပြောလိုက်ပါ။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [120] အကယ်၍ အသင်တို့တွင် ‌ကောင်းသည့်အရာဖြစ်‌ပေါ်လာခဲ့လျှင် ထိုအရာသည် သူတို့အား စိတ်ဒုက္ခ‌ရောက်‌စေသည်။ ၎င်းပြင် အသင်တို့တွင် မ‌ကောင်းသည့်အရာ ဆိုက်‌ရောက်လာခဲ့လျှင်မူ ထိုအရာဖြင့် သူတို့သည် ဝမ်းသာ‌ပျော်ရွှင်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် သည်းခံကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြမည်ဆိုလျှင် သူတို့၏ကြံစည်မှုသည် အသင်တိုု့ကို အနည်းငယ်မျှ ဆုံးရှုံးနစ်နာ‌စေမည် မဟုတ်‌ပေ*။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို ခြုံငုံ(၍သိ)ထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [121] တစ်ခါက အသင်(တမန်‌တော်)သည် အသင့်အိမ်သူအိမ်သားများထံမှ ‌စောစီးစွာထွက်ပြီး အီမာန်ယုံကြည်သူများကို တပ်စွဲရန်‌နေရာချ‌ပေးလျက်ရှိခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [122] တစ်ခါက အသင်တို့ထဲမှ အုပ်စုနှစ်စုသည် လက်‌လျှော့လိုက်ရန်အတွက် ရည်ရွယ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအုပ်စုနှစ်စုလုံးအား ‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။

    [123] ၎င်းပြင် အသင်တို့သည် ဗဒရ်(စစ်ပွဲ)တွင်* အင်အားချည့်နဲ့လျက်ရှိ‌နေ‌သောအခါတွင်* အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို အမှန်စင်စစ် ကူညီ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သိတတ်ကြရန် အရှင်မြတ်အား ‌ကြောက်ကြပါ။

    [124] တစ်ခါက အသင်(တမန်‌တော်)သည် (စစ်‌မြေပြင်၌) အီမာန်ယုံကြည်သူများအား (ဤသို့)‌ပြောကြား‌နေခဲ့သည်၊ “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ‌ကောင်းကင်တမန်သုံး‌ထောင်*ကို ဆင်းသက်‌စေ‌တော်မူပြီး အသင်တို့အား ကူညီ‌တော်မူခြင်းသည် အသင်တို့အတွက် လုံးဝ မလုံ‌လောက်‌လေသ‌လော။

    [125] အဘယ့်‌ကြောင့် မလုံ‌လောက်ရမည်နည်း။ အကယ်၍ အသင်တို့သည် သည်းခံပြီး အပြစ်‌ရှောင်ကြဉ်ကြမည်ဆိုလျှင် ၎င်းပြင် ရန်သူများသည် အသင်တို့ထံသို့ ရုတ်တရက် လာ‌ရောက်(တိုက်ခိုက်)ကြလျှင်၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က အမှတ်အသားပြုလုပ်ထား‌သော* ‌ကောင်းကင်တမန်ငါး‌ထောင်နှင့် အသင်တို့အား ကူညီ‌တော်မူမည်။

    [126] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အသင်တို့အတွက် သတင်း‌ကောင်းဖြစ်‌စေရန်နှင့် ထိုသတင်း‌ကောင်းဖြင့် အသင်တို့၏စိတ်နှလုံးများ တည်ငြိမ်‌အေး‌ဆေးသွားရန်အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ ပြုလုပ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် အကူအညီဆိုသည်မှာ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှလွဲ၍ မည်သူ၏ထံကမှ မဖြစ်‌ပေ။

    [127] (ထိုကဲ့သို့ကူညီခြင်းသည်) ကာဖိရ်ငြင်းပယ်သူများထဲမှ အုပ်စုတစ်စုကို ဖျက်ဆီးရန်အတွက်*ဖြစ်သည်။ သို့မဟုတ် ထိုသူများကို သိက္ခာချရန်အတွက်*ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အလိုမပြည့်ဘဲ ပြန်သွားလိုက်ကြရသည်။

    [128] အရှင်မြတ်သည် သူတို့၏အမှားဝန်ခံမှုကို လက်ခံ‌တော်မူသည်ပင်ဖြစ်‌စေ၊ သို့မဟုတ် သူတို့ကို အပြစ်ဒဏ်‌ပေး‌တော်မူသည်ပင်ဖြစ်‌စေ အသင်(တမန်‌တော်)သည် ဤကိစ္စနှင့်စပ်လျဉ်း၍ အနည်းငယ်မျှ ဝင်‌ရောက်စွက်ဖက်ခွင့် မရှိ‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် ထိုသူများသည် မတရားကျူးလွန်‌သောသူများပင် ဖြစ်ကြသည်။

    [129] ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှအရာများနှင့် ကမာ္ဘ‌မြေတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်‌တော်မူ‌သော အရာများချည်းဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူသည်။ ၎င်းပြင် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို အပြစ်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [130] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အဆများစွားတိုးထား‌သော အတိုး(ဖြစ်‌စေ၊ အနည်းငယ်တိုးထား‌သော အတိုးဖြစ်‌စေ ၎င်းတို့)ကို* မစားကြနှင့်။ ထို့ပြင် အသင်တို့သည် ‌အောင်မြင်မှုရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။

    [131] ထို့ပြင် အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများအတွက် အသင့်ပြင်ဆင်ထား‌သော(ငရဲ)မီးမှ ‌ရှောင်ကြဉ်ကြပါ။

    [132] ထို့ပြင် အသင်တို့သည် သနားကြင်နာမှုခံကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် ရစူလ်တမန်‌တော်၏ဩဝါဒများကို လိုက်နာကြပါ။

    [133] ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ဘက်နှင် ဂျန္နသ်သုခဘုံဘက်သို့ သူ့ထက်ငါသာ‌အောင် လျင်မြန်စွာ ‌ပြေးသွားကြပါ။ ထိုဂျန္နသ်သုခဘုံ၏အကျယ်အဝန်းသည်* မိုး‌ကောင်းကင်များနှင့် ‌မြေကမာ္ဘတစ်မျှဖြစ်သည်။ (အနိမ့်ဆုံးသည် ‌လောကထက်ဆယ်ဆကြီးသည်။) ထိုဂျန္နသ်သုခဘုံသည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် အသင့်ပြင်ထားပြီးဖြစ်သည်။

    [134] ထို မုသ်သကီများသည် စီးပွား‌ရေး‌ချောင်လည်‌သောအခါ၌လည်း‌ကောင်း၊ ဆင်းရဲကျပ်တည်း‌သောအခါ၍လည်း‌ကောင်း ‌ပေးကမ်းစွန့်ကြဲလှူဒါန်းကြသည်။* သူတို့သည် ‌ဒေါသကို မျိုသိပ်‌သောသူများလည်း*ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် လူများ(၏အပြစ်)ကို ခွင့်လွှတ်‌သောသူများ*လည်းဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းမှုပြုလုပ်‌သောသူများကို*နှစ်သက်‌တော်မူသည်။

    [135] ထို့ပြင် သူတို့သည် ညစ်ညမ်း‌သောကိစ္စတစ်စုံတစ်ခု ကျူးလွန်မိကြ‌သောအခါ သို့မဟုတ် သူတို့ကိုယ်သူတို့ နှိပ်စက်မိ‌သောအခါ အလ္လာဟ်အရှင်မြတ်အား သတိရ တသကြသည်။ ၎င်းပြင် သူတို့၏အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အသနားခံကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးမည့်သူ မည်သူမှ မရှိ‌ပေ။ ၎င်းပြင် သူတို့သည် သူတို့ပြုလုပ်မိကြ‌သောအရာ(ပြစ်မှု)များကို သူတို့ကိုယ်တိုင်သိကြပါလျက်နှင့် လက်မ‌လျှော့ဘဲ ဇွတ်တိုးပြီး ပြုလုပ်မ‌နေခဲ့ကြ‌တော့‌ပေ။

    [136] ထိုသူများ၏အကျိုးသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဥယျာဉ်များဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်းလျက်ရှိသည်။ ထို(ဥယျာဉ်)များထဲတွင် သူတို့သည် အမြဲ‌နေထိုင်ကြရမည်။ ထို့ပြင် ‌ကောင်းမှုုပြုလုပ်သူများ၏အကျိုးသည် အဘယ်မျှ ‌ကောင်းလိုက်သနည်း။

    [137] အမှန်စင်စစ် အသင်တို့မတိုင်မီ ထုံးတမ်းစဉ်လာများသည်* လွန်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘ‌မြေတွင် သွားလာလှည့်လည်ပြီး လိမ်လည်ငြင်းပယ်‌သော သူများ၏နိဂုံးသည် မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှု့ကြပါ။

    [138] ဤ(ကုရ်အာန်)ကျမ်းသည် လူများအတွက် ရှင်းလင်း‌ဖော်ပြချက်ဖြစ်သည်။ မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ဆုံးမဩဝါဒဖြစ်သည်။

    [139] ထို့ပြင် အသင်တို့သည် အားလည်းမ‌လျှော့ကြနှင့်၊ ပူပင်‌သောကလည်း မဖြစ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အီမာန်ယုံကြည်သူများ ဖြစ်ကြလျှင် အသင်တို့ပင် ‌အောင်နိုင်လျက်ရှိ‌နေကြလိမ့်မည်။

    [140] အကယ်၍ အသင်တို့သည် (အုဟုဒ်စစ်ပွဲ၌)ဒဏ်ရာ တစ်စုံတစ်ခုရရှိခဲ့လျှင် ထိုကဲ့သို့ ဒဏ်ရာပင် (ဗဒရ်စစ်ပွဲ၌) ရန်သူများအားလည်း ထိ‌ရောက်ခဲ့ပြီးဖြစ်သည်။ ငါအရှင်မြတ်သည် လူများစပ်ကြားတွင် ထိုကဲ့သို့ရက်များကို တစ်လှည့်စီ လှည့်ပတ်‌ရောက်‌စေ‌တော်မူသည်။* (ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် မည်သူယုံကြည်သနည်းဆိုသည်ကို သိရှိ‌တော်မူရန်နှင့် အသင်တို့ထဲမှ အချို့ကို အသက်စ‌တေးထား‌သော အာဇာနည်များအဖြစ် ပြုလုပ်‌တော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [141] ထို့ပြင် (ထိုကဲ့သို့ စစ်ရှုံးနိမ့်မှု ပြုလုပ်‌တော်မူခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား(စမ်းသပ်ပြီး အပြစ်များမှ) သန့်ရှင်းစင်ကြယ်‌စေ‌တော်မူရန်နှင့် ငြင်းပယ်သူများအား သုတ်သင်ရှင်းလင်း‌တော်မူရန်ဖြစ်သည်။

    [142] အသင်တို့သည် ဂျန္နသ်သုခဘုံကို (လွယ်ကူစွာ) ဝင်‌ရောက်နိုင်ကြလိမ့်မည်ဟု ထင်ကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ယခုထိ) အသင်တို့ထဲမှ စစ်တိုက်‌သောသူများကိုလည်း မ‌တွေ့ရ‌သေး‌ပေ။ ၎င်းပြင် သည်းခံ‌သောသူများကိုလည်း (‌ပေါ်လွင်ထင်ရှားစွာ) မ‌တွေ့ရ‌သေး‌ပေ။

    [143] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ‌သေခြင်းကို မ‌တွေ့ရ‌သေးမီကမူ ‌သေခြင်းကို ‌တောင့်တခဲ့ကြသည်။ (ယခု‌သော်) အသင်တို့သည် မျက်ဝါးထင်ထင်ဖြစ်လျက် ‌သေခြင်းကို အမှန်ပင် ‌တွေ့လိုက်ကြရပြီဖြစ်သည်။

    [144] ထို့ပြင် (တမန်‌တော်)မုဟမ္မဒ်(-ဆွ)သည်* တမန်‌တော်တစ်ပါးသာ ဖြစ်သည်။ ၎င်း၏မတိုင်မီ ရစူလ်တမန်‌တော်များသည် အမှန်ပင် ကုန်လွန်သွားခဲ့ကြပြီဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် ကွယ်လွန်‌သေဆုံးခဲ့လျှင်* သို့မဟုတ် သတ်ဖြတ်ခံခဲ့ရလျှင် အသင်တို့သည် (စစ်‌မြေပြင်မှ၊ အစ္စလာမ်မှ) ‌ကျောခိုင်းသွားကြမည်‌လော။ ထို့ပြင် မည်သူမဆို ‌ကျောခိုင်းသွားလျှင်မူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှ လုံးဝ ဆုံးရှုံးနစ်နာ‌စေနိုင်မည် မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကျေးဇူးသိတတ်သူများအား မကြာမီ အစား‌ပေး‌တော်မူမည်။

    [145] ထို့ပြင် မည်သူမျှ အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်မရှိဘဲ မ‌သေဆုံးနိုင်‌ပေ။* (လူတိုင်းအတွက် ‌သေဆုံးရန်) သတ်မှတ်ချိန်‌ရေးသားပြီးဖြစ်သည်။ ၎င်းပြင် မည်သူမဆို ‌လောကီအကျိုးကို အလိုရှိလျှင် ငါအရှင်မြတ်သည်(အလိုရှိ‌တော်မူလျှင်) ထိုသူ့အား ‌လောကီ၏အကျိုးကို ‌ပေး‌တော်မူမည်။ ၎င်းပြင် မည်သူမဆို တမလွန်ဘဝ၏အကျိုး‌ကျေးဇူးကို အလိုရှိလျှင် ငါအရှင်မြတ်သည် ထိုသူ့အား တမလွန်၏အကျိုးကို ‌ပေး‌တော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ‌ကျေးဇူးသိတတ်သူများအား မကြာမီ အစား‌ပေး‌တော်မူမည်။

    [146] ထို့ပြင် နဗီတမန်‌တော် အ‌မြောက်အမြားနှင့် အလ္လာဟ်အရှင်မြတ်အား မြတ်နိုး‌သောသူများသည် အတူတကွ စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့အ‌ပေါ် ဆိုက်‌ရောက်လာ‌သော ‌ဘေးဒုက္ခများ‌ကြောင့် စိတ်ဓာတ်ကျခြင်း၊ အင်အား‌လျော့နည်းခြင်း၊ ‌သေးသိမ်နိမ့်ကျခြင်းများ မရှိခဲ့ကြ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သည်းခံ‌သောသူများကို ချစ်မြတ်နိုး‌တော်မူသည်။

    [147] ထို့ပြင် သူတို့သည် ဤသို့‌ပြောဆိုသည်မှလွဲ၍ အခြားစကား‌ပြောဆိုခြင်း မရှိခဲ့‌ပေ၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့၏အပြစ်များနှင့် ကျွန်ုပ်တို့၏ အ‌ရေးကိစ္စ၌ ကျွန်ုပ်တို့၏ လွန်ကျွံမှုများအား ခွင့်လွှတ်‌တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့၏ ‌ခြေများကိုလည်း တည်တံ့ခိုင်မြဲ‌စေ‌တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်တွင် ‌အောင်နိုင်မှုကို ‌ပေးသနား‌တော်မူပါ။“

    [148] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ‌လောကီ၏အကျိုးနှင့် တမလွန်ဘဝ၏ ‌ကောင်းမြတ်‌သောအကျိုးကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုးပြုသူများကို ချစ်ခင်‌တော်မူသည်။

    [149] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများ(၏စကား)ကို လိုက်နာကြမည်ဆိုလျှင် သူတို့သည် အသင်တို့အား (အစ္စလာမ်မှ ကုဖ်ရ်ဘက်သို့) ပြန်လှည့်‌စေကြလိမ့်မည်။ ထိုသို့ ပြန်လှည့်သွားကြလျှင် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်သွားကြလိမ့်မည်။

    [150] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာ အသင်တို့အား ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ကူညီသူများထဲတွင် အ‌ကောင်းဆုံးကူညီ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [151] ငါအရှင်မြတ်သည် မကြာမီ ကာဖိရ်ငြင်းပယ်သူများ၏ စိတ်နှလုံးများထဲတွင် ‌ကြောက်လန့်‌သောစိတ်ကို ထည့်သွင်း‌တော်မူမည်။* အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် တစ်စုံတစ်ရာအ‌ထောက်အထား ချ‌ပေးထားခြင်းမရှိ‌သောအရာများနှင့် အလ္လာဟ်အရှင်မြတ်အား တွဲဖက်ကိုးကွယ်မှုပြုလုပ်ကြသည်။ ထို့ပြင် သူတို့၏‌နေထိုင်ရာဌာနသည် ငရဲဘုံပင်ဖြစ်သည်။ ၎င်းပြင် မတရားကျူးလွန်သူများ၏ ‌နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။

    [152] ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်ပြည့်ဝ‌အောင်ပြုလုပ်‌တော်မူခဲ့သည်။* တစ်ခါက အသင်တို့သည် အရှင်မြတ်၏အမိန့်‌တော်နှင့် (အသင်တို့ကို တိုက်ခိုက်‌ချေမှုန်းရန်လာ‌သော) ကာဖိရ်များအား သတ်ဖြတ် ‌ချေမှုန်း‌နေခဲ့ကြသည်။ ‌နောက်ဆုံးတွင် အသင်တို့အား အရှင်မြတ်က အသင်တို့နှစ်သက်ကြ‌သောအရာ (‌အောင်မြင်မှု)ကို ပြသ‌တော်မူပြီး‌နောက် အသင်တို့သည် စိတ်အား‌လျှော့လိုက်ကြ‌တော့သည်။* ထို့ပြင် အသင်တို့သည် (တမန်‌တော်၏) အမိန့်‌တော်နှင့်ပတ်သက်၍ အချင်းချင်းအငြင်းပွားခဲ့ကြသည်။ အမိန့်‌တော်ကိုလည်း ‌သွေဖည်ခဲ့ကြသည်။* (ထိုအခါ အရှင်မြတ်က အကူအညီကို ရုပ်သိမ်း‌တော်မူလိုက်သည်) အသင်တို့ထဲတွင် အချို့သည် ‌လောကီ(အကျိုး)ကို အလိုရှိကြသည်။ အချို့ကမူ တမလွန်ဘဝ၏(အကျိုး)ကို အလိုရှိကြသည်။* ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား စမ်းသပ်‌တော်မူရန် ရန်သူများထံမှ အသင်တို့ကို ပြန်လှည့်‌စေ‌တော်မူခဲ့သည်။* ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား အမှန်စင်စစ် ခွင့်လွှတ်‌တော်မူလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [153] တစ်ခါက အသင်တို့သည် (အုဟုဒ် စစ်‌မြေပြင်တွင်) မည်သူ့ကိုမျှ လှည့်မကြည့်ကြ‌တော့ဘဲ ထွက်‌ပြေး‌နေခဲ့ကြသည်။* ၎င်းပြင် ရစူလ်တမန်‌တော်သည် အသင်တို့‌နောက်မှ အသင်တို့ကို ဟစ်‌ခေါ်‌နေခဲ့သည်။ (သို့ရာတွင် အသင်တို့သည် မနာခံခဲ့ကြ‌ပေ။) ထို(တမန်‌တော်၏အမိန့် မနာခံမှု)အတွက်‌ကြောင့် အရှင်မြတ်က အသင်တို့အား စိတ်ဆင်းရဲမှုအစား စိတ်ဆင်းရဲမှုကိုပင် ‌ပေး‌တော်မူခဲ့သည်။* အသင်တို့သည် အသင်တို့ လက်လွတ်ဆုံးရှုံးသွား‌သောကိစ္စများနှင့် အသင်တို့တွင် ဆိုက်‌ရောက်လာ‌သော ‌ဘေးဒုက္ခများအ‌ပေါ် ပူ‌ဆွေးမှုမဖြစ်ရ‌လေ‌အောင်* (စိတ်ဆင်းရဲမှု နှစ်ခုဆင့်‌ပေးလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [154] ထို့‌နောက် ထိုစိတ်ဆင်းရဲမှု ဖြစ်ကြပြီး‌သောအခါ အရှင်မြတ်က အသင်တို့အ‌ပေါ် ငြိမ်းချမ်းမှုဟု‌ခေါ်‌သော ငိုက်မျဉ်းခြင်းကို ချ‌ပေး‌တော်မူခဲ့သည်။ ၎င်းငိုက်မျဉ်းခြင်း*သည် အသင်တို့ထဲမှ လူတစ်စုကို လွှမ်းမိုးခဲ့သည်။ ၎င်းပြင် (မုနာဖိက်)လူတစ်စုကမူ သူတို့၏အသက်များကိုပင် စိုးရိမ်‌နေခဲ့ကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်‌သော အမိုက်‌ခေတ်မှ ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြသည်။* သူတို့က ‌ပြောဆိုကြသည်၊ “ကျွန်ုပ်တို့တွင် (ယခု‌တွေ့ကြုံရ‌သောကိစ္စများနှင့် ပတ်သက်၍) တစ်စုံတစ်ရာ ‌ရွေးချယ်ခွင့် အမိန့်အာဏာရှိပါသ‌လော“*၊ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “အမှန်စင်စစ် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်“။ သူတို့သည် သူတို့၏စိတ်များထဲတွင် ထိမ်ချန်ထားသည်များကို အသင့်အား ထုတ်‌ဖော်(‌ပြော)ကြသည် မဟုတ်‌ပေ။ သူတို့က ‌ပြောကြသည်၊ “အကယ်၍ ကျွန်ုပ်တို့တွင် တစ်စုံတစ်ရာ ‌ရွေးချယ်ခွင့် အမိန့်အာဏာသာရှိခဲ့လျှင် ကျွန်ုပ်တို့သည် ဤ‌နေရာ(စစ်‌မြေပြင်)တွင် အသတ်ခံကြရမည် မဟုတ်‌ပေ။“ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အသင်တို့၏အိမ်များ၌ပင်ရှိ‌နေလျှင်လည်း အသတ်ခံရရန် သတ်မှတ်ပြီးဖြစ်‌သောသူများသည် အသတ်ခံရမည့်‌နေရာများသို့ အမှန်ပင် ထွက်လာကြရမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရင်များထဲ၌ရှိ‌သောအရာ(ယုံကြည်မှု)ကို စမ်းသပ်‌တော်မူရန်နှင့် အသင်တို့၏စိတ်နှလုံးများထဲ၌ရှိ‌သောအရာ(အညစ်အ‌ကြေး)များကို သန့်ရှင်း စင်ကြယ်‌စေ‌တော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူသားများ၏) ရင်များထဲ၌ရှိ‌သောအရာကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [155] အသင်တို့ထဲမှ အကြင်သူတို့သည် အုပ်စုနှစ်စု ရင်ဆိုင်တိုက်ခိုက်ကြ‌သော‌နေ့တွင် အမှန်စင်စစ် ‌ကျောခိုင်းသွားကြသည်။ ထိုသူများပြုကျင့်ခဲ့‌သော အချို့ပြစ်မှုများ‌ကြောင့် ရှိုင်သွာန်သည် သူတို့အား ‌ခြေ‌ချော်‌အောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်‌တော်မူလိုက်သည်။ (အရှင်မြတ်က ခွင့်လွှတ်‌တော်မူလိုက်ပြီဖြစ်ရာ ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ‌ဝေဖန်ပြစ်တင် ‌ပြောဆိုခွင့် မရှိ‌တော့‌ပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [156] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အကြင်‌သွေဖည်ငြင်းပယ်သူ (မုနာဖိက် အ‌ယောင်‌ဆောင်)များကဲ့သို့ မဖြစ်ကြနှင့်။ ထို့ပြင် သူတို့၏ညီ‌နောင်များသည် ‌မြေ‌ပေါ်တွင် ခရီးသွားလာ‌သောအခါ (‌သေဆုံးသွားခဲ့သည်) သို့မဟုတ် စစ်သည်‌တော်ဖြစ်(ပြီး ကျဆုံးသွား)ခဲ့သည်။ (ထိုငြင်းပယ်)သူတို့က ‌ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ငါတို့နှင့်အတူရှိ‌နေခဲ့ကြလျှင် (ထိုသို့)‌သေ‌ကြေပျက်စီးကြမည်လည်းမဟုတ်‌ပေ၊ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်‌ပေ။“ (အသင်တို့သည် သူတို့‌ပြောသကဲ့သို့ မ‌ပြောကြ‌လေနှင့်။) ၎င်းကို အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများထဲတွင် ဝမ်းနည်းပူ‌ဆွေးမှု(၏ အ‌ကြောင်းခံအဖြစ်) ပြုလုပ်‌တော်မူရန်အတွက်သာ ဖြစ်သည်။ (အမှန်မှာ)အလ္လာဟ်အရှင်မြတ်သည်သာ ရှင်‌စေ၊ ‌သေ‌စေ‌တော်မူသည်။ (အိမ်မှာထိုင်‌နေခြင်းက ‌သေခြင်း‌ရောက်လာမှုကို တားဆီးနိုင်သည် မဟုတ်‌ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [157] ထို့ပြင် အသင်တို့သည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသတ်ခံရလျှင် သို့မဟုတ် ‌သေဆုံးသွားလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ရဟ်မသ် သနားကြင်နာမှုသည် သူတို့စု‌ဆောင်းကြ‌သောအရာများထက် အမှန်ပင် ပို၍‌ကောင်းမြတ်‌ပေသည်။

    [158] ထို့ပြင် အကယ်၍ အသင်တို့သည် အမှန်စင်စစ် အသတ်ခံခဲ့ကြရလျှင် သို့မဟုတ် ‌သေဆုံးသွားခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံသို့ပင် အမှန်စင်စစ် စုရုံးခြင်းခံကြရမည်ဖြစ်သည်။

    [159] ၎င်းပြင် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာအသနား‌တော်နှင့်ပင် သူတို့အား နူးညံ့စွာ(ဆက်ဆံမှု)ပြုလုပ်ခဲ့ခြင်းဖြစ်သည်။* အကယ်၍ အသင်သည် ကြမ်းတမ်းပြီး စိတ်သ‌ဘောထားခက်ထန်ကြမ်းကြုတ်သူဖြစ်ခဲ့လျှင် သူတို့သည် အသင်၏အနီးမှ ဖရိုဖရဲဖြစ်ပြီး ထွက်ခွာသွားကြပြီ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်ပါ။ အလ္လာဟ်အရှင်မြတ်ထံ၌လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါ။ ထို့ပြင် အသင်သည် အ‌ရေးကိစ္စများနှင့်စပ်လျဉ်း၍ သူတို့နှင့် တိုင်ပင်‌ဆွေး‌နွေးပါ။ ၎င်းပြင် အသင်သည် ပြုလုပ်ရန် စိတ်ဆုံးဖြတ်လိုက်‌သောအခါ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်လိုက်ပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်အ‌ပေါ်) ယုံပုံလွှဲအပ်သူများကို နှစ်သက်မြတ်နိုး‌တော်မူသည်။

    [160] အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီ‌တော်မူမည်ဆိုလျှင် အသင်တို့အ‌ပေါ်တွင် ‌အောင်နိုင်လွှမ်းမိုးမည့်သူဟူ၍ မည်သူမျှ ရှိ‌တော့မည် မဟုတ်‌ပေ။* ၎င်းပြင် အကယ်၍ အရှင်မြတ်သည် အသင်တို့ကို စွန့်ပစ်ထား‌တော်မူမည်ဆိုလျှင် ထိုကဲ့သို့ စွန့်ပစ်ထား‌တော်မူပြီးသည့်‌နောက် အသင်တို့ကို ကူညီမည်သူ မည်သူရှိနိုင်ဦးမည်နည်း။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။

    [161] ထို့ပြင် ထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခြင်းသည် နဗီတမန်‌တော်၏အလုပ်မဟုတ်‌ပေ။ ထို့ပြင် မည်သူမဆို ထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခဲ့လျှင် ထိုသူသည် ရှင်ပြန်ထမည့်‌နေ့တွင် သူထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခဲ့‌သောအရာများကို (အရှင်မြတ်၏‌ရှေ့‌မှောက်၌) ယူ‌ဆောင်လာမည်။ ထို့‌နောက် လူတိုင်းသည် သူရှာ‌ဖွေဆည်းပူးခဲ့သည်များကို သူတို့သည် မတရားပြုခြင်းမခံကြရဘဲလျှက် ပြည့်ဝစွာရရှိကြလိမ့်မည်။

    [162] ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်‌သောသူသည် အကြင်သူ(ယုတ်မာ)ကဲ့သို့ မည်သည့်နည်းနှင့် တူညီနိုင်မည်နည်း။ ထိုသူ(ယုတ်မာ)သည် အလ္လာဟ်အရှင်မြတ်၏အမျက်‌တော်ကို ခံစားခဲ့ရသည်။ သူ၏ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်သည်။ ထိုငရဲဘုံသည် အဘယ်မျှ ယုတ်ညံ့ဆိုးရွား‌သော ပြန်လှည့်ရာဌာနဖြစ်လိုက်သနည်း။

    [163] ထိုသူများအတွက် အလ္လာဟ်အရှင်မြတ်ထံတွင် အဆင့်အတန်း အမျိုးမျိုးရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [164] အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် ၎င်းတို့ထဲမှ တမန်‌တော်တစ်ဦးကို ‌စေလွှတ်‌တော်မူခြင်းအားဖြင့် အမှန်စင်စစ် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ ထိုတမန်‌တော်သည် သူတို့‌ရှေ့တွင် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြားသည်။ ၎င်းပြင် သူတို့အား သန့်စင်ရန် လုပ်‌ပေးသည်။ ၎င်းပြင် သူတို့အား ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင်ကိုလည်း သင်ကြားပို့ချသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်က ထင်ရှား‌သော လမ်းမှားမှုထဲတွင် ရှိ‌နေခဲ့ကြသည်။

    [165] ထို့ပြင်(အုဟုဒ် စစ်‌မြေပြင်တွင်) အသင်တို့၌ ဒုက္ခဆိုက်‌ရောက်ခဲ့သည့်အခါတွင်၊ ထိုဒုက္ခထက်နှစ်ဆရှိ‌သောဒုက္ခအား အသင်တို့သည် (ရန်သူများအ‌ပေါ်တွင်) အမှန်စင်စစ် ဆိုက်‌ရောက်‌စေခဲ့ကြပြီ မဟုတ်‌လော။* (သို့ပါလျက် ထိုအခါတွင်) အသင်တို့က (ဤသို့ ညည်းညူ)‌ပြောဆိုခဲ့ကြ‌သေးသည် “ဤ(ဒုက္ခ)သည် အဘယ်မှ ဆိုက်‌ရောက်လာသနည်း။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုဒုက္ခသည် အသင်တို့ထံမှပင် (တမန်‌တော်၏အမိန့်ကို မနာခံဘဲ ကာကွယ်ရန် ‌နေရာချထား‌သောစခန်းကို အသင်တို့ စွန့်ခွာခဲ့သည့်အတွက်‌ကြောင့်)ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [166] ထို့ပြင်(အုဟုဒ် စစ်‌မြေပြင်တွင်) အုပ်စုနှစ်စု ရင်ဆိုင်ကြ‌သော‌နေ့၌ အသင်တို့အ‌ပေါ် ဆိုက်‌ရောက်ခဲ့သည့် ဆင်းရဲဒုက္ခသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ပင်ဖြစ်ပြီး အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား (စမ်းသပ်)သိရှိ‌တော်မူရန်ဖြစ်သည်။

    [167] ၎င်းပြင် မွတ်စ်လင်မ် အ‌ယောင်‌ဆောင်သူများအား သိရှိ(ထုတ်‌ဖော်)‌တော်မူရန်လည်း ဖြစ်သည်။ ထို့ပြင် ထိုသူများအား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် လာ‌ရောက်တိုက်ခိုက်ကြပါ၊ သို့မဟုတ် ခုခံကြပါ“ဟူ၍ ‌ပြောဆိုခြင်းခံရ‌သောအခါတွင် ထိုသူများက “အကယ်၍သာ (စနစ်ကျ‌သော)စစ်ပွဲဖြစ်မည်ဟု ကျွန်ုပ်တို့ သိရှိ(ယူဆ)ခဲ့မည်ဆိုလျှင် အသင်တို့နှင့်အတူ လိုက်ခဲ့ကြမည် အမှန်ပင်“ဟု ‌ပြောဆိုကြသည်။ သူတို့သည် ထို(သို့ ‌ပြောဆို‌သော)‌နေ့တွင် အီမာန်ယုံကြည်မှုဘက်ထက် ကုဖ်ရ်ငြင်းပယ်မှုဘက်ကို ပိုနီးကပ်‌သောသူများ ဖြစ်ကြသည်။* သူတို့သည် သူတို့၏စိတ်များထဲ၌ မရှိသည်များကို သူတို့၏နှုတ်များဖြင့် ‌ပြောဆိုကြသည်။ (အကယ်၍ ထိုသို့‌သော စစ်ပွဲမျိုးဖြစ်မည်ဟု ၎င်းတို့ သိရှိကြလျှင်လည်း စစ်တိုက်ရန် အသင်တို့နှင့် လိုက်ကြမည် မဟုတ်‌ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ထိမ်ချန်‌သောအရာများကို အသိဆုံးအရှင် ဖြစ်‌တော်မူသည်။

    [168] သူတို့သည် (သူတို့အိမ်များ၌)ထိုင်‌နေခဲ့ပြီး (အုဟုဒ် စစ်ပွဲတွင်ကျဆုံးခဲ့‌သော) သူတို့၏ညီ‌နောင်များနှင့်ပတ်သက်၍ ‌ဝေဖန်‌ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ကျွန်ုပ်တို့(၏စကား)ကို နား‌ထောင်ခဲ့လျှင် သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်‌ပေ“။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ “သို့ဖြစ်ပါက အသင်တို့သည် အမှန်‌ပြောဆို‌သောသူများဖြစ်ကြလျှင် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်လာမည့် ‌သေခြင်းတရားကို ဖယ်ရှားလိုက်ကြပါ။“

    [169] ထို့ပြင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသတ်ခံရ‌သောသူများအား သူ‌သေများဟု လုံးဝ မထင်မှတ်‌လေနှင့်။* အမှန်မှာ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံတွင် အမှန်ပင် ရှင်‌နေသူများဖြစ်သည့်အပြင် (အရှင်မြတ်၏) ‌ကျွေး‌မွေး‌တော်မူခြင်းကိုလည်း ခံကြရသည်။

    [170] သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲမှ သူတို့အား ‌ပေးသနား‌တော်မူ‌သောအရာများနှင့် ‌ပျော်ရွှင်လျက်ရှိကြသည်။ ၎င်းပြင် သူတို့သည် သူတို့နှင့် မပူး‌ပေါင်း‌သေးဘဲ သူတို့‌နောက်တွင် ကျန်ရစ်ခဲ့‌သောသူများနှင့် ပတ်သက်၍လည်း ‌ပျော်ရွှင်မြူးတူးလျက်ရှိကြသည်။ အဘယ့်‌ကြောင့်ဆို‌သော် ထို(ကျန်ရစ်ခဲ့‌သော)သူများအ‌ပေါ်၌လည်း စိုးရိမ်စရာမရှိ‌ပေ၊ သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်ကြ‌ပေ။

    [171] သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ စည်းစိမ်ချမ်းသာနှင့် အကျိုး‌ကျေးဇူးများ‌ကြောင့် ဝမ်း‌မြောက်ဝမ်းသာ ဖြစ်ကြသည်။ ၎င်းပြင် စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများ၏အကျိုးကို အချည်းနှီးပြုလုပ်‌တော်မူမည် မဟုတ်‌သော‌ကြောင့်လည်းဖြစ်သည်။

    [172] အကြင်သူများသည် (အုဟုဒ်စစ်ပွဲ၌) ဒဏ်ရာများရပြီး‌နောက် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်‌တော်၏ ဖိတ်‌ခေါ်ချက်ကို လက်ခံခဲ့ကြသည်။ သူတို့ထဲမှ ‌ကောင်း‌သောလုပ်ရပ်များကို ပြုလုပ်ပြီး အပြစ်‌ရှောင်ကြဉ်ကြ‌သောသူများအတွက် အရှင်မြတ်ထံတွင် ကြီးမား‌သော အကျိုးရလာဒ်ရှိမည်ဖြစ်သည်။

    [173] ထိုသူများသည် သူတို့အား လူများက ‌ပြောဆိုကြသည်၊ “ရန်သူများသည် အမှန်ပင် အသင်တို့နှင့် တိုက်ခိုက်ရန်အတွက် (စစ်လက်နက်များ) မုချ စု‌ဆောင်းကြပြီးဖြစ်သည်။ ထို့အတွက် အသင်တို့သည် သူတို့အား ‌ကြောက်ကြပါ။“ သို့ဖြစ်ရာ သူတို့(လူများ)၏‌ပြောဆိုမှုသည် သူတို့(မွတ်စ်လင်မ်)များအား အီမာန်ယုံကြည်မှု ပိုမိုတိုးပွား‌စေခဲ့သည်။ ထို့ပြင် သူတို့က (‌ခြောက်သည်ကို မ‌ကြောက်ကြသည့်အပြင် ဤသို့)‌ပြောဆိုကြသည်၊ “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် လုံ‌လောက်‌တော်မူပါသည်၊ ၎င်းပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး အလွန်ယုံပုံ လွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [174] ထို့‌နောက် သူတို့သည်(စစ်တိုက်ရန်ထွက်ခဲ့ပြီး‌နောက်) မည်သည့်အန္တရာယ်မှ မထိ‌ရောက်ဘဲ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ စည်းစိမ်ချမ်းသာအပြင် အပိုချီးမြှင့်‌သော ‌ကျေးဇူး‌တော်နှင့်တကွ (သူတို့၏အိမ်များသို့) ပြန်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှု‌နောက်ကိုလိုက်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ရှင်ဖြစ်‌တော်မူသည်။

    [175] ဤသည် ရှိုင်သွာန်ပင်ဖြစ်သည်။ ထိုရှိုင်သွာန်သည် သူ၏မိတ်‌ဆွေများအား ‌ခြောက်လှန့်သည်။ သို့ဖြစ်ရာ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် သူတို့အား မ‌ကြောက်ဘဲ၊ ငါအရှင်မြတ်ကိုသာ ‌ကြောက်ကြပါ။

    [176] ထို့ပြင် ကုဖ်ရ်(ငြင်းပယ်မှု)ထဲသို့ အမြန်‌ပြေးကြသူများက အသင်(တမန်‌တော်)အား စိတ်ဒုက္ခ မ‌ပေး‌စေရ‌ပေ။ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာ နစ်နာ‌အောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်‌ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် တမလွန်ဘဝတွင် မည်သည့်‌ဝေစု တစ်ခုမျှ‌ပေးရန် ရည်ရွယ်‌တော်မမူ‌ပေ။ ထို့ပြင် သူတို့အတွက် အလွန်ကြီး‌လေး‌သော အပြစ်ဒဏ်လည်းရှိသည်။

    [177] အမှန်စင်စစ် အီမာန်ယုံကြည်မှုကို‌ပေး၍ ကုဖ်ရ်ငြင်းပယ်မှုအား ဝယ်ယူလိုက်‌သောသူများသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှ နစ်နာ‌အောင် အလျဉ်းမပြုလုပ်နိုင်ကြ‌ပေ။ ထို့ပြင် သူတို့အတွက် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ရှိသည်။

    [178] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ငါအရှင်မြတ်က (အပြစ်ဒဏ်)ဆိုင်းငံ့ထား‌တော်မူသည်ကို သူတို့အတွက် ‌ကောင်းမြတ်လှသည်ဟု လုံးဝ မထင်လိုက်ကြနှင့်။ ငါအရှင်မြတ်သည် သူတို့အား ဆိုင်းငံ့ထား‌တော်မူသည်မှာ သူတို့(၏ ‌သွေဖည်မှု များပြားခြင်း‌ကြောင့်)အပြစ်များ ပိုတိုးပွား‌စေရန်အတွက် ဖြစ်သည်။ ထို့‌နောက် သူတို့အတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်ရှိသည်။

    [179] အလ္လာဟ်အရှင်မြတ်သည် မသန့်စင်‌သောသူကို သန့်စင်‌သောသူနှင့် ခွဲခြား‌တော်မမူဘဲ အီမာန်ယုံကြည်သူများအား အသင်တို့ လက်ရှိအ‌ခြေအ‌နေမျိုးတွင် လွှတ်ထား‌တော်မူမည် မဟုတ်‌ပေ။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို အကွယ်မှအရာများနှင့်စပ်လျဉ်း၍ အသိ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော်များထဲမှ အလိုရှိ‌တော်မူ‌သော တမန်‌တော်ကို ‌ရွေးချယ်(၍ လိုအပ်သည်ကို ထုတ်‌ဖော်ပြသ)‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်‌တော်များကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြမည်ဆိုလျှင် အသင်တို့အတွက် ကြီးမား‌သော အကျိုးရလာဒ်ရှိသည်။

    [180] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ‌ပေးသနားထား‌သောအရာ(ပစ္စည်းဥစ္စာ)များနှင့် ပတ်သက်၍ ‌စေးနှဲတွန့်တို‌သောသူများသည် ထိုကဲ့သို့(‌စေးနှဲတွန့်တိုခြင်း)သည် သူတို့အတွက်‌ကောင်းသည်ဟု လုံးဝ မထင်မှတ်ကြနှင့်၊ အမှန်မှာ ထိုအရာများသည် သူတို့အတွက် ဆိုးရွားလှသည်။ မကြာမီ သူတို့သည် ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ ‌စေးနှဲတွန့်တို(၍ စု‌ဆောင်း)ခဲ့‌သော ပစ္စည်းများနှင့် လည်ပင်းတွင် ကွင်းစွပ်ခြင်းခံကြရမည်ဖြစ်သည်။* ထို့ပြင် ‌ကောင်းကင်များနှင့် ကမာ္ဘ‌မြေတွင် ရှိသမျှအ‌မွေများသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [181] အလ္လာဟ်အရှင်မြတ်သည် အကြင်သူများ၏ ‌ပြောစကားကို အမှန်ပင် ကြား‌တော်မူခဲ့သည်။ (အလ္လာဟ်အရှင်မြတ်အား မည်သူသည် ‌ကောင်းမြတ်‌သော‌ကြွေး‌ချေးမည်နည်းဟု အရှင်မြတ်က မိန့်‌တော်မူသည့်အခါ) ထိုသူ(ယဟူဒီ)များက ‌ပြောကြသည်၊ “အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် ဆင်းရဲ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ၍ ကျွန်ုပ်တို့သည် ချမ်းသာသူများဖြစ်ကြပါသည်။“ ငါအရှင်မြတ်သည် သူတို့‌ပြောဆို‌သောအရာနှင့် တမန်‌တော်များအား သူတို့၏ မတရားသတ်ဖြတ်မှုကို ‌ရေးမှတ်‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် မိန့်ကြား‌တော်မူမည်၊ “အသင်တို့သည် ဟုန်းဟုန်း‌တောက်‌သော ငရဲမီးအပြစ်ဒဏ်၏အရသာကို မြည်းစမ်းလိုက်ကြ‌ပေ‌တော့“။

    [182] ဤသည် အသင်တို့လက်များက ကြိုတင်ပို့ထား‌သောအရာ (မ‌ကောင်းမှု)များ‌ကြောင့်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် ဖန်ဆင်းထား‌သော)ကျွန်များအ‌ပေါ် အမှန်စင်စစ် မတရားနှိပ်စက်‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [183] (ထို ယဟူဒီများသည် အကြင်သူများဖြစ်ကြသည်။) ၎င်းတို့က ‌ပြောကြသည်၊ မီး(က ဖမ်းယူ)စားလိုက်‌သော လှူဖွယ်ပစ္စည်း တစ်စုံတစ်ခုကို* ကျွန်ုပ်တို့ထံ မယူလာသမျှ မည်သည့်တမန်‌တော်ကိုမှ မယုံကြည်ကြရဟု အမှန်ပင် အလ္လာဟ်အရှင်မြတ်သည်က ကျွန်ုပ်တို့အား အမိန့်‌ပေးထား‌တော်မူသည်။“ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ “အသင်တို့သည် အမှန်‌ပြောသူများဖြစ်ကြပါလျှင် ကျွန်ုပ်၏မတိုင်မီ တမန်‌တော်အ‌မြောက်မြားသည် တန်ခိုး‌တော်များနှင့်တကွ အသင်တို့‌ပြော‌သောအချက်ပါ ယူ‌ဆောင်လာခဲ့ကြသည်။ သို့ပါလျက်နှင့် အဘယ့်‌ကြောင့် အသင်တို့သည် ထိုတမန်‌တော်များကို သတ်ဖြတ်ခဲ့ကြသနည်း။“

    [184] ၎င်းပြင် အကယ်၍ သူတို့က အသင်(တမန်‌တော့်)အား လိမ်လည်‌ပြောဆိုသူဟု စွပ်စွဲကြလျှင် အသင်၏မတိုင်မီ တမန်‌တော်များသည်လည်း လိမ်လည်‌ပြောဆိုသူများဟု စွပ်စွဲ‌ပြောဆိုခြင်းခံခဲ့ကြရသည်ပင်။ ထိုတမန်‌တော်များသည် ထင်ရှား‌သော သက်‌သေသာဓကများ၊ ကျမ်းငယ်များနှင့် (အမှန်တရားကို) လင်းဝင်း(ထင်ရှား)‌စေ‌သောကျမ်းကြီးကိုပင် ယူ‌ဆောင်လာခဲ့ကြသည်။

    [185] သက်ရှိသတ္တဝါတိုင်းသည် ‌သေခြင်း၏အရသာကို မြည်းစမ်းကြရမည်။ ၎င်းပြင် အသင်တို့သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အသင်တို့၏အကျိုးရလာဒ်များကို ပြည့်ဝစွာ ‌ပေးဆပ်ခြင်းခံကြရမည်။ ထို့‌နောက် အကြင်သူသည် ငရဲမီး‌ဘေးမှ ဖယ်ရှားခံရပြီး ဂျန္နသ်သုခဘုံကို ဝင်‌ရောက်‌စေခြင်းခံရလျှင် ထိုသူပင် အမှန်စင်စစ် ‌အောင်မြင်‌သောသူဖြစ်သည်။ ထို့ပြင် ‌လောကီသက်တမ်းသည် ထင်‌ယောင်ထင်မှားဖြစ်‌စေ‌သော ပစ္စည်းများသာဖြစ်သည်။

    [186] အမှန်စင်စစ် အသင်တို့သည် အသင်တို့၏ပစ္စည်းဥစ္စာများနှင့် အသင်တို့၏အသက် ဝိညာဉ်များတွင် စမ်းသပ်ခံကြရမည်။ ထို့ပြင် အမှန်စင်စစ် အသင်တို့သည် အသင်တို့မီ ကျမ်းရသူများနှင့် တွဲဖက်ကိုးကွယ်သူများထံမှ ‌မြောက်မြားစွာ‌သော စိတ်ထိခိုက်စရာများကို ကြားကြရမည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သည်းခံပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြမည်ဆိုလျှင် အမှန်စင်စစ် ထိုအရာသည် အလွန်ဇွဲသတ္တိရှိ‌သောကိစ္စများထဲမှ ဖြစ်သည်။

    [187] ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် ကျမ်းဂန်ချီးမြှင့်ခြင်းခံခဲ့ရ‌သောသူများထံမှ (ဤသို့)ကတိသစ္စာရယူ‌တော်မူခဲ့သည်၊ “အမှန်စင်စစ် အသင်တို့သည် ထိုကျမ်းဂန်ထဲမှအရာများကို မထိမ်ချန်ဘဲ လူသားများအတွက် ရှင်းလင်း‌ပြောပြကြရမည်။“ (သို့ပါလျက်)ထို့‌နောက်လည်း သူတို့သည် ထိုကျမ်းဂန်ကို သူတို့၏‌နောက်၌ပင် ပစ်ထားခဲ့ကြသည်။ ထို့ပြင် ထိုကျမ်းဂန်ထဲရှိသည်များကို အဖိုးအခ အနည်းငယ်နှင့် ‌ရောင်းစားခဲ့ကြသည်။ (‌လောကီအကျိုးရယူ၍ အရှင်မြတ်၏အမိန့်‌တော်များကို ထိမ်ချန်ထားခြင်းဖြစ်သည်။) သိုု့ဖြစ်ရာ သူတို့လဲလှယ်ဝယ်ယူလိုက်ကြ‌သော အဖိုးအခသည် အဘယ်မျှ ယုတ်ညံ့သိမ်ဖျင်းလိုက်‌လေသနည်း။

    [188] အသင်(တမန်‌တော်)လုံးဝ မထင်မှတ်‌လေနှင့်၊ အကြင်သူများသည် သူတို့ပြုလုပ်‌သောအရာများနှင့် ‌ပျော်‌မွေ့‌နေကြသည်။ ၎င်းပြင် သူတို့သည် သူတို့မပြုခဲ့ကြ‌သော (‌ကောင်း‌သော)ကိစ္စများနှင့်ပတ်သက်၍ ချီးမွမ်းခံလိုကြသည်။ သို့ဖြစ်ရာ အသင်သည် သူတို့ကို (ဤဘဝ၏)အပြစ်ဒဏ်မှ လွတ်‌မြောက်ကြလိမ့်မည်ဟု လုံးဝ မထင်နှင့်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ရှိသည်။

    [189] ထို့ပြင် ‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်တတ်စွမ်းနိုင်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [190] အမှန်စင်စစ် ‌ကောင်းကင်များနှင့် ပထဝီ‌မြေများ၏ ဖန်ဆင်းခြင်းတွင်လည်း‌ကောင်း၊ ညနှင့်‌နေ့၏ အ‌ပြောင်းအလဲများတွင်လည်း‌ကောင်း၊ ဉာဏ်ရှင်များအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [191] ထိုဉာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား ရပ်လျက်ဖြစ်‌စေ၊ ထိုင်လျက်ဖြစ်‌စေ၊ လဲ‌လျောင်းလျက်ဖြစ်‌စေ သတိရ တသကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းကင်များနှင့် ကမာ္ဘ‌မြေကို ဖန်ဆင်းခြင်းတွင် စဉ်းစားဆင်ခြင်ကြပြီး* (ဤသို့) ‌ပြောဆို‌တောင်းခံကြသည်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ဤသည်များကို အချည်းအနှီးဖန်ဆင်း‌တော်မူသည် မဟုတ်ပါ။ အရှင်မြတ်သည် ချို့တဲ့မှုဟူသမျှမှ ကင်းစင်‌တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား ငရဲမီး၏ပြစ်ဒဏ်မှ ဖယ်ရှား‌တော်မူပါ။

    [192] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် မည်သူ့ကိုမဆို ငရဲမီးထဲ ထည့်သွင်း‌တော်မူလိုက်လျှင် အရှင်မြတ်သည် ထိုသူ့အား အမှန်စင်စစ် ‌သေးသိမ်‌အောင်လုပ်လိုက်သည်ပင် ဖြစ်ပါသည်။ ထို့ပြင် မတရားကျူးလွန်သူများအတွက် ကူညီမည့်သူဟူ၍လည်း မည်သူမှမရှိပါ။

    [193] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဟစ်‌ခေါ်သူတစ်ဦး* (၏ဟစ်‌ခေါ်သံ)ကိုကြားကြပါသည်။ ထိုသူသည် (လူများအား) အီမာန်ယုံကြည်ကြရန် ဖိတ်‌ခေါ်‌နေပါသည်၊ “အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ယုံကြည်ကြပါ။“ ထို့‌ကြောင့် ကျွန်ုပ်တို့သည် အရှင်မြတ်ကို ယုံကြည်ကြပြီးဖြစ်ပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့၏ မ‌ကောင်းမှုများကိုလည်း ကျွန်ုပ်တို့ထံမှ ပ‌ပျောက်‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သူမွန်သူမြတ်တို့နှင့်အတူတကွ ‌သေဆုံး‌စေ‌တော်မူပါ။

    [194] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်များမှတဆင့် ကျွန်ုပ်တို့အား ကတိပြု‌တော်မူခဲ့‌သောအရာများကိုလည်း ကျွန်ုပ်တို့အား ‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် ‌သေးသိမ်‌အောင်ပြု‌တော်မမူပါနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ကတိဖျက်‌တော်မမူပါ။

    [195] သို့ဖြစ်ရာ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် သူတို့၏ဒိုအာ‌တောင်းခံမှုကို လက်ခံ‌တော်မူလိုက်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူပြု‌သော ‌ကောင်မှုကိုမှ အချည်းအနှီးဖြစ်‌စေ‌တော်မမူ‌ပေ။ ထို‌ကောင်းမှုပြုသူသည် ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ၊ အသင်တို့၏အချို့သည် ချို့ထဲမှ (ဖြစ်သည့်အတွက် ‌ကောင်းကျိုး၊ ဆိုးကျိုး‌ပေးရာတွင်လည်း တန်းတူပင်)ဖြစ်သည်။*၎င်းပြင် အကြင်သူများသည် (သာသနာအတွက် သူတို့၏အိုးအိမ်များမှ) ဟိဂျ်ရသ်ပြုလုပ်စွန့်ခွာခဲ့ကြသည်။ ထို့ပြင် သူတို့၏‌နေအိမ်များမှ နှင်ထုတ်ခြင်းလည်း ခံခဲ့ကြရသည်။ ထို့ပြင် ငါအရှင်၏လမ်း‌တော်တွင် ဒုုက္ခ‌ပေးခြင်းကိုလည်း ခံခဲ့ကြရသည်။ ထို့ပြင် (အရှင်မြတ်၏လမ်းတွင်) စစ်တိုက်ခဲ့ကြပြီး သတ်ဖြတ်ခြင်းလည်းခံခဲ့ကြရသည်။ ငါအရှင်မြတ်သည် ထိုသူများ၏ မ‌ကောင်းမှုများကို သူတို့ထံမှ အမှန်ပင် ဖယ်ရှား‌ပေး‌တော်မူမည်။ ၎င်းပြင် ငါအရှင်သည် သူတို့အား အကြင်ဥယျာဉ်များထဲသို့ အမှန်ပင် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ရရှိမည့် အကျိုးရလာဒ်ဖြစ်သည်။ ထို့ပြင် ‌ကောင်းမြတ်‌သောအကျိုးရလာဒ်သည် အလ္လာဟ်အရှင်မြတ်ထံ၌ပင်ရှိသည်။

    [196] မြို့ရွာများတွင် ကာဖိရ်များ၏ (လွတ်လပ်စွာ စိတ်ကြိုက်)သွားလာ(နိုင်)ခြင်းသည် အသင်(တမန်‌တော့်)အား အထင်အမြင် မမှား‌စေနှင့်။

    [197] (ထိုအရာများသည်) ‌ခေတ္တအနည်းငယ် အကျိုးခံစားမှုသာဖြစ်သည်။ ထို့‌နောက် သူတို့၏(ပြန်လှည့်ရာ)စခန်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ၎င်းပြင် ထိုငရဲဘုံသည် အဘယ်မျှ ဆိုးဝါး‌သော‌နေရာဖြစ်လိုက်သနည်း။

    [198] သို့ရာတွင် အကြင်သူများသည် သူတို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြသည်၊ ထိုသူများအတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များ‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ဧည့်ခံခြင်းဖြစ်သည်။

    [199] ထို့ပြင် အမှန်စင်စစ် ကျမ်းရသူများထဲတွင် အလ္လာဟ်အရှင်မြတ်အား အမှန်ပင် ယုံကြည်သူများလည်းရှိသည်။ ၎င်းပြင် သူတို့သည် အသင်တို့အ‌ပေါ်၌ ချ‌ပေးခြင်းခံရ‌သောအရာ(ကျမ်းဂန်)နှင့်၊ သူတို့အ‌ပေါ် ချ‌ပေးခြင်းခံရ‌သောအရာ(ကျမ်းဂန်)ကို ယုံကြည်ကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့တွင် ‌ကြောက်ရွံ့ရိုးကျိုးလျက်ရှိကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏(‌နောက်ဆုံး တမန်‌တော်ပွင့်‌ပေါ်မည့်အ‌ကြောင်းပါရှိ‌သော) အာယသ်‌တော်များကို အဖိုးအခ အနည်းငယ်ဖြင့် (‌ခေါင်း‌ဆောင်မှု ကျဆုံးသွားမည်ကို စိုးရိမ်မှုဖြင့်)‌ရောင်းဝယ်ခြင်း (ထိမ်ချန်ထားခြင်း) မပြုကြ‌ပေ။ (ထိုသူများပင်၊ သူတို့အတွက် သူတို့၏အကျိုးရလာဒ်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံတွင်ရှိသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။)

    [200] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် သည်းခံကြပါ။ ၎င်းပြင် အသင်တို့သည် ခိုင်မြဲစွာရပ်တည်ကြပါ။ ၎င်းပြင် အသင်တို့သည် (ရန်သူမှ ကာကွယ်ရန်) အသင့်ပြင်ဆင်ထားကြပါ။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြပါ။

    Surah 4
    အမျိုးသမီးများ

    [1] အို- လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ‌ကြောက်ကြပါ။ ထိုအရှင်မြတ်သည် အသင်တို့ကို အသက်တစ်‌ချောင်းတည်းမှ ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် ထိုအသက်တစ်‌ချောင်းတည်းမှပင် သူ၏ဇနီးကြင်ရာကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် ထိုနှစ်ဦးမှ များစွာ‌သော ‌ယောက်ျားများနှင့် မိန်းမများကို ပြန့်ပွား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ထိုအရှင်ကိုအ‌ကြောင်းပြုပြီး အသင်တို့သည် အသင်တို့အချင်းချင်း(၏ အခွင့်အ‌ရေးများကို) ‌တောင်းဆိုကြသည်။ ၎င်းပြင် အသင်တို့သည် ‌ဆွေမျိုးသားချင်းများ(၏ အခွင့်အ‌ရေးများကို မ‌ပေးဘဲ‌နေခြင်း)မှလည်း ‌ရှောင်ကြဉ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အလွန်‌စောင့်ကြပ်အုပ်ထိန်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [2] ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများအား သူတို့၏ပစ္စည်းများကို ‌ပေးကြပါ။* ထို့ပြင် အသင်တို့သည် (အသင်တို့၏ပစ္စည်း)အညံ့ကို (အဘမဲ့က‌လေးများ၏ပစ္စည်း)အ‌ကောင်းနှင့် မလဲလှယ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အဘမဲ့က‌လေးများ၏ပစ္စည်းဥစ္စာများကို အသင်တို့၏ပစ္စည်းဥစ္စာများနှင့် ‌ရော‌နှောမစားသုံးကြနှင့်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် ကြီးမား‌သောအပြစ်ဖြစ်သည်။

    [3] ထို့ပြင် အကယ်၍ အသင်တို့သည် အဘမဲ့မိန်းက‌လေးများနှင့် (ထိမ်းမြားရာတွင် ထိုမိန်းက‌လေးများ၏ အခွင့်အ‌ရေးများနှင့်)ပတ်သက်၍ တရားမျှတ‌အောင်ပြုလုပ်နိုင်မည် မဟုတ်ဟု စိုးရိမ်ရလျှင် (ထိုမိန်းက‌လေးများနှင့် မထိမ်းမြားကြနှင့်) အသင်တို့ကြိုက်နှစ်သက်‌သော (အခြား)အမျိုးသမီးများထဲမှ (‌ယောက်ျားတစ်ဦးကို) မိန်းမနှစ်‌ယောက်ဖြစ်‌စေ၊ သုံး‌ယောက်ဖြစ်‌စေ၊ ‌လေး‌ယောက်ဖြစ်‌စေ (၎င်းတို့)နှင့် ထိမ်းမြားကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် (မိန်းမတစ်ဦးထက်ပို၍ ထိမ်းမြားရာ၌) တရားမမျှတနိုင်မည်ကို စိုးရိမ်ရလျှင် (ဇနီးမိန်းမ)တစ်ဦးတည်းနှင့်သာ(‌နေရမည်)။ သို့မဟုတ်(တရား‌တော်နှင့်အညီ) အသင်တို့ လက်‌အောက်၌ပိုင်ဆိုင်‌သော ကျွန်မများနှင့်သာ ‌နေကြရမည်။ ဤသည် အသင်တို့ စည်းကမ်းမကျူးလွန်ကြရန် အနီးစပ်ဆုံး(အသင့်‌တော်ဆုံး)ဖြစ်သည်။

    [4] ထို့ပြင် အသင်တို့သည် (အသင်တို့၏)ဇနီးမိန်းမများအား သူတို့၏(ထိမ်းမြားရန် သ‌ဘောတူထား‌သော)မဟရ်ပစ္စည်းကို ကြည်ဖြူစွာ‌ပေးကြပါ။* ၎င်းပြင် အကယ်၍ ထိုဇနီးမိန်းမများသည် ထိုမဟရ်ထဲမှ အချို့(သို့မဟုတ် အားလုံး)ကို အသင်တို့အတွက် ကြည်ဖြူစွာ စွန့်လွှတ်လိုက်လျှင် အသင်တို့သည် ထိုမဟရ်ကို မြိန်ရှက်စွာ စာသုံးကြပါ။

    [5] ထို့ပြင် အသင်တို့သည် အသင်တို့(ထံတွင် ထိန်းသိမ်းထား‌သော)ပစ္စည်းဥစ္စာများကို အသိဉာဏ်နည်းသူများအား မ‌ပေးကြနှင့်။*အလ္လာဟ်အရှင်မြတ်သည် ထိုပစ္စည်းများကို အသင်တို့အတွက် အသက်‌မွေးဝမ်း‌ကျောင်းပြုလုပ်ရန် အရင်းအနှီးအဖြစ် ပြုလုပ်ထား‌တော်မူသည်။* ထို့ပြင် အသင်တို့သည် ထိုပစ္စည်းဥစ္စာများထဲမှ သူတို့အား ‌ကျွေး‌မွေးကြပါ။ ၎င်းပြင် သူတို့အား အဝတ်အစား ဆင်‌ပေးကြပါ။ ထို့ပြင် သူတို့အား ‌ကောင်းမွန်‌သောစကား‌ပြောဆိုကြပါ။

    [6] ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများ(၏ အသိဉာဏ်)ကို ထိမ်းမြားမည့်အရွယ် ‌ရောက်လာသည်အထိ စမ်သပ်စစ်‌ဆေးကြည့်ပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် ထိုအဘမဲ့က‌လေးများတွင် သိတတ်‌သောဉာဏ်ကို‌တွေ့ရလျှင် သူတို့အား သူတို့၏ပစ္စည်းများကို ‌ပေးအပ်လိုက်ပါ။ ထို့ပြင် အသင်တို့သည် ထိုအဘမဲ့က‌လေးများ၏ပစ္စည်းများကို သူတို့ကြီးပြင်းလာမည်ကို စိုးရိမ်၍ အကျိုးမဲ့သုံးဖြုန်းခြင်းနှင့် အမြန်သုံးစွဲခြင်းတို့ကို မပြုလုပ်ကြနှင့်။ ထို့ပြင် (အုပ်ထိန်းသူသည်)ချမ်းသာသူဖြစ်လျှင် (အဘမဲ့က‌လေးများ၏ပစ္စည်းများကို စားသုံးခြင်းမှ) ‌ရှောင်ကြဉ်ရမည် ထို့ပြင် (အုပ်ထိန်းသူသည်)ဆင်းရဲသူဖြစ်လျှင် (အဘမဲ့က‌လေးများ၏ပစ္စည်းများထဲမှ) ‌ကောင်းမွန်‌သောနည်းနှင့် (အသင့်အတင့်) စားသုံးနိုင်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများအား သူတို့၏ပစ္စည်းများကို ပြန်‌ပေး‌သောအခါ ထိုကိစ္စအ‌ပေါ် အသိသက်‌သေများ ထားကြပါ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် စစ်‌ဆေး‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [7] ‌ယောက်ျားများအတွက် မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲတွင် ‌ဝေစုရှိသည်။ ၎င်းပြင် မိန်းမများအတွက်လည်း မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲတွင် ‌ဝေစုရှိသည်။ ထို(အ‌မွေ)ပစ္စည်းသည် နည်းသည်ဖြစ်‌စေ၊ များသည်ဖြစ်‌စေ (အရှင်မြတ်ထံ‌တော်မှ) သတ်မှတ်ပြဋ္ဌာန်းထား‌သော ‌ဝေစုတစ်ခုဖြစ်သည်။

    [8] ထို့ပြင်(အ‌မွေ)ခွဲရာတွင် (အ‌မွေမရထိုက်‌သော)‌ဆွေမျိုးများ၊ အဘမဲ့က‌လေးများနှင့် ဆင်းရဲသားများသည် ‌ရှေ့တွင် အသင့်‌ရောက်လာသည်ဆိုလျှင် အသင်တို့သည် သူတို့အား ထို(အ‌မွေ)ထဲမှ ‌ကျွေး‌မွေး‌ပေးကမ်းကြပါ။* ထို့ပြင် အသင်တို့သည် သူတို့အား ‌ကောင်းမွန်စွာ ‌ပြောဆိုကြပါ။

    [9] ထို့ပြင် အကြင်သူများသည် (သူများ၏က‌လေးများနှင့်ပတ်သက်ပြီး မိမိ၏က‌လေးကို စိုးရိမ်ပူပန်သကဲ့သို့) စိုးရိမ်ပူပန်ရမည်ဖြစ်သည်၊ ထိုသူများသည် သူတို့‌နောက်ကွယ်တွင် ချည့်နဲ့‌သောက‌လေးများကို စွန့်ထာ(ခဲ့ပြီး‌သေဆုံး)ကြရလျှင် ထိုက‌လေးများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြမည်။ သို့ဖြစ်ရာ ထိုသူများသည် (အဘမဲ့က‌လေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ(လျက် သူတို့နှင့် သူတို့၏ပစ္စည်းများကို ‌စောင့်‌ရှောက်)ကြရမည်။ ထို့ပြင်(မှန်ကန်မျှတ‌သော) ‌ဖြောင့်မတ်သည့်စကားကို ‌ပြောဆိုကြရမည်။

    [10] အမှန်စင်စစ် အကြင်သူများသည် အဘမဲ့က‌လေးများ၏ပစ္စည်းများကို မတရားစားသုံးကြသည်။ အမှန်စင်စစ် ထိုသူများသည် သူတို့၏ဗိုက်များထဲတွင် မီးကိုသာ(ထည့်သွင်း)စားသုံးကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် မကြာမီ ဟုန်းဟုန်း‌တောက်‌နေ‌သော ငရဲမီးထဲသို့ ဝင်‌ရောက်ကြရမည်။

    [11] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏ သားသမီးများနှင့်ပတ်သက်၍ (ဤသို့)အမိန့်‌ပေး‌တော်မူသည်။* ‌ယောက်ျား‌လေး၏‌ဝေစုသည် မိန်းက‌လေး‌ဝေစု၏ နှစ်ဆဖြစ်သည်။* ၎င်းပြင် အကယ်၍ (သမီး)မိန်းမများ(ချည်း နှစ်ဦး သို့မဟုတ်) နှစ်ဦးထက် ပိုမိုရှိခဲ့လျှင် သူတို့အတွက် (ကွယ်လွန်သူ)ထားရှိခဲ့‌သော (အ‌မွေ)ပစ္စည်း၏သုံးပုံနှစ်ပုံဖြစ်သည်။* ၎င်းပြင် အကယ်၍ ထို(သမီး)မိန်းမသည် တစ်ဦးတည်းသာဖြစ်ခဲ့လျှင် ၎င်းအတွက်(အ‌မွေ)တစ်ဝက်ဖြစ်သည်။ ထို့ပြင် အကယ်၍ (‌သေဆုံး)သူတွင် သားသမီးရှိလျှင် (‌သေဆုံး)သူ၏မိဘတစ်ဦးစီအတွက် (‌သေဆုံး)သူချန်ခဲ့‌သောအ‌မွေထဲမှ ‌ခြောက်ပုံတစ်ပုံစီဖြစ်သည်။ ထို့‌နောက် အကယ်၍ (‌သေဆုံး)သူတွင် သားသမီးမရှိခဲ့လျှင် သူ၏အ‌မွေကို သူ၏မိဘနှစ်ပါးသည် ဆက်ခံမည်ဖြစ်ပြီး သူ၏မိခင်အတွက် သုံးပုံတစ်ပုံဖြစ်သည်။ ၎င်းပြင် အကယ်၍ (‌သေဆုံး)သူတွင် ညီအစ်ကို‌မောင်နှမများရှိခဲ့လျှင် သူ၏မိခင်အတွက် ‌ခြောက်ပုံတစ်ပုံဖြစ်သည်။ (ဤသို့ အ‌မွေခွဲခြင်းသည်) ထို(‌သေဆုံး)သူ မှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (‌သေသူ၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။ အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးများနှင့် အသင်တို့၏သား(‌မြေး၊ မြစ်)များထဲမှ မည်သူသည် အကျိုးဖြစ်ထွန်း‌စေခြင်းတွင် အသင်တို့နှင့် အနီးစပ်ဆုံးဖြစ်သည်ကို အသင်တို့ မသိနိုင်ကြ‌ပေ။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ပြဋ္ဌာန်းထား‌သောတာဝန်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူပါသည်။

    [12] ထို့ပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့၏ဇနီးမိန်းမများထားခဲ့‌သော(အ‌မွေ)ပစ္စည်း၏တစ်ဝက်သည် အသင်တို့အတွက်ဖြစ်သည်။* ၎င်းပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများထားခဲ့‌သော(အ‌မွေ)ပစ္စည်းထဲမှ အသင်တို့အတွက် ‌လေးပုံတစ်ပုံဖြစ်သည်။ (ဤသို့ အ‌မွေခွဲခြင်းသည်) ထိုဇနီးမိန်းမများကမှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (ထိုဇနီးမိန်းမများ၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။(အ‌ကြွေးကို ဦးစွာမ‌ဖော်ပြထား‌သော်လည်း ဦးစွာဆပ်ပြီးမှသာ ဝစွီယသ်ကို ‌ဆောင်ရွက်ရမည်ဖြစ်သည်။) ထိုပြင် အသင်တို့တွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲမှ ဇနီးမိန်းမများအတွက် ‌လေးပုံတစ်ပုံဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့တွင်သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများအတွက် အသင်တို့ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲမှ ရှစ်ပုံတစ်ပုံသာဖြစ်သည်။* (ဤသို့ အ‌မွေခွဲခြင်းသည်) အသင်တို့ကမှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (အသင်တို့၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။ ထို့ပြင် အကယ်၍ အ‌မွေထားခဲ့‌သော အကြင်‌ယောက်ျားတစ်ဦး သို့မဟုတ် အကြင်မိန်းမတစ်ဦးတွင် (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ သို့မဟုတ် သူမတွင် (မိတူဘကွဲ) အစ်ကိုသို့မဟုတ်ညီတစ်ဦး သို့မဟုတ် အစ်မသို့မဟုတ်ညီမတစ်ဦးရှိခဲ့လျှင် ထို(အစ်ကိုသို့မဟုတ်အစ်မ)နှစ်ဦးထဲမှ တစ်ဦးစီအတွက် ‌ခြောက်ပုံတစ်ပုံဖြစ်သည်။* ၎င်းပြင် အကယ်၍ ထိုသူများသည် တစ်ဦးထက်ပိုခဲ့လျှင် သူတို့သည် သုံးပုံတစ်ပုံတွင် ညီတူညီမျှ‌ဝေစု ရရှိမည်ဖြစ်သည်။ (ထိုသို့ ခွဲ‌ဝေခြင်းသည်) မှာကြားထား‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး၊ ‌ကြွေးဆပ်ပြီး‌နောက်တွင် မည်သူ့ကိုမှ မနစ်နာ‌စေဘဲ ပြုလုပ်ရမည်ဖြစ်သည်။ (ဤအရာများသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [13] ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ (အ‌မွေဆက်ခံမှုဆိုင်ရာ)စည်းမျဉ်း ဥပ‌ဒေပညတ်ချက်များဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်၏ အမိန့်‌တော်များကို လိုက်နာမည်ဆိုလျှင် အရှင်မြတ်သည် ထိုသူကို အကြင်ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီး‌တွေလျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်။ ၎င်းပြင် ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [14] ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်၏ အမိန့်‌တော်များကို ‌သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်၏စည်းမျဉ်းဥပ‌ဒေများကို ကျူး‌ကျော်‌ဖောက်ဖျက်လျှင် အရှင်မြတ်သည် ထိုသူ့ကို (ငရဲ)မီးထဲသို့ သွတ်သွင်း‌တော်မူမည်။ ထိုထဲတွင် အမြဲ‌နေထိုင်ကြရမည်ဖြစ်သည်။ ၎င်းပြင် ထိုသူ့အတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်လည်းရှိမည်။

    [15] ထို့ပြင် အသင်တို့၏ဇနီးမိန်းမများထဲမှ အကြင်မိန်းမတို့သည် ကာမ*‌ဖောက်ပြန်ကြလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများအ‌ပေါ်တွင် အသင်တို့ထဲမှ (‌ယောက်ျား) ‌လေးဦးအား သက်‌သေထားကြပါ။ အကယ်၍ ထို‌လေးဦးအ‌နေနှင့် သက်‌သေခံခဲ့ကြလျှင် အသင်တို့သည် ထိုမိန်းမများအား အိမ်များထဲ၌ သူမတို့‌သေဆုံးသည်အထိ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် သူမတို့အတွက် နည်းလမ်းတစ်စုံတစ်ခုပြုလုပ်‌ပေး‌တော်မူသည်အထိ အကျဉ်းချထားကြပါ။

    [16] ထို့ပြင် အသင်တို့ထဲမှ အကြင်သူနှစ်ဦးတို့သည်* ထိုကာမကျူးလွန်ကြလျှင် အသင်တို့သည် ထိုနှစ်ဦးကို အပြစ်ဒဏ်ခတ်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့နှစ်ဦးသည် ဝန်ချ‌တောင်းပန်ပြီး ပြုပြင်သွားခဲ့ကြလျှင် ထိုနှစ်ဦး(ကို အပြစ်ဒဏ်‌ပေးခြင်း)မှ ‌ရှောင်ရှားလိုက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] အလ္လာဟ်အရှင်မြတ်၏အ‌ပေါ်တွင် ဝန်ချ‌တောင်းပန်မှုကိုသာ လက်ခံ‌တော်မူရန် တာဝန်ရှိသည်။* ထိုသူများသည် မသိမိုက်မဲမှုဖြင့် မ‌ကောင်းမှုများကို ပြုလုပ်မိကြသည်။ ထို့‌နောက် မကြာမီပင်* သူတို့သည် ဝန်ချ‌တောင်းပန်လိုက်ကြသည်။ သို့ဖြစ်ရာ ထိုသူများပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူ‌ပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [18] ထို့ပြင် အကြင်သူများ၏ဝန်ချ‌တောင်းပန်ခြင်းသည် (လက်ခံခြင်းခံရ‌သော ‌သောင်ဗဟ်) မဟုတ်‌ပေ။ ထိုသူများသည် မ‌ကောင်းမှုများကို ပြုကျင့်လျက်ရှိကြသည်။ ‌နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးတစ်‌ယောက်ထံသို့ ‌သေခြင်းတရား‌ရောက်လာ‌သောအခါ ထိုသူက အမှန်စင်စစ် ယခု ကျွန်ုပ်သည် ဝန်ချ‌တောင်းပန်ပါပြီဟု ‌ပြောဆိုသည်။ ထို့ပြင် ကာဖိရ်ဖြစ်လျက် ‌သေဆုံးသွား‌သောသူများအတွက်လည်း (လက်ခံခြင်းခံရ‌သော) ဝန်ချ‌တောင်းပန်မှု မရှိ‌ပေ။ ထိုသူများအတွက်ပင် ငါအရှင်မြတ်သည် ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ကို အသင့်ပြုလုပ်ထား‌တော်မူသည်။

    [19] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့အတွက် မိန်းမများအား အတင်းအကျပ် အ‌မွေအဖြစ် သိမ်းပိုက်ခြင်းသည် တရားမဝင်‌ပေ။* ထို့ပြင် အသင်တို့သည် သူမတို့အား‌ပေးခဲ့ဖူး‌သော ပစ္စည်းတစ်ချို့တစ်ဝကိုပြန်ယူရန်အတွက် ထိုမိန်းမများကို(ထိမ်းမြားခြင်းမှ) တားဆီးခြင်းမပြုကြနှင့်။* သို့ရာတွင် ထိုမိန်းမများသည် ထင်ရှား‌သောစက်ဆုပ်ဖွယ်ရာအမှုကိစ္စကို ပြုကျင့်လျှင် (သူမတို့အား ထိမ်းမြားခြင်းမှ တားဆီးနိုင်သည်)။ ထို့ပြင် အသင်တို့သည် ထိုမိန်းမများနှင့် ‌ကောင်းမွန်စွာ ဆက်ဆံကြပါ။* ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုမိန်းမများကို မနှစ်မြို့ကြလျှင်လည်း (သည်းခံကြပါ)။ အဘယ့်‌ကြောင့်ဆို‌သော် အသင်တို့သည် တစ်စုံတစ်ရာ မနှစ်မြို့ကြ‌သော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုအရာများထဲ၌ များစွာ‌သော ‌ကောင်းမြတ်ခြင်းများကို ပြုလုပ်‌ပေးနိုင်‌တော်မူသည်။

    [20] ထို့ပြင် အကယ်၍ အသင်တို့သည် ဇနီးမိန်းမတစ်ဦး(ကို ကွာရှင်းပြီး သူမ)၏‌နေရာတွင် အခြားမိန်းမတစ်ဦးအား အစားထိုး(ထိမ်းမြား)ရန် ရည်ရွယ်လျှင်၊ အသင်တို့သည် ထို(ပထမ)ဇနီးကို ပစ္စည်းအများအပြား‌ပေးထားခဲ့လျှင်လည်း ထိုပစ္စည်းများထဲမှ အနည်းငယ်မျှပင် ပြန်မယူကြနှင့်။* အသင်တို့သည် (အသင်တို့‌ပေးထားခဲ့‌သော) ပစ္စည်းများကို မဟုတ်မမှန် စွပ်စွဲပြီး ထင်ရှား‌သောပြစ်မှု (ကျူးလွန်ကာ)ပြန်ယူချင်ကြသ‌လော။

    [21] ၎င်းပြင် အသင်တို့သည် ပစ္စည်းများကို မည်ကဲ့သို့ပြန်ယူကြမည်နည်း။ အမှန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ‌ပေါင်းသင်းဆက်ဆံခဲ့ကြပြီးဖြစ်သည်။ ၎င်းပြင် ထိုဇနီးမိန်းမများသည် အသင်တို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်သည်။

    [22] ထို့ပြင် အသင်တို့သည် အသင်တို့၏ဖခင်များ ထိမ်းမြားခဲ့ကြ‌သောမိန်းမများနှင့် ထိမ်းမြားခြင်း မပြုကြနှင့်။* သို့ရာတွင် (ဤအမိန့်မကျမီ) လွန်ခဲ့‌သောကိစ္စများမှာမူ (ပြီးဆုံးခဲ့ပြီဖြစ်သည်)။ (အဘယ့်‌ကြောင့်ဆို‌သော်) ထိုအမှုကိစ္စသည် အမှန်ပင် ယုတ်မာမှုဖြစ်သည့်အပြင် စက်ဆုပ်ဖွယ်ရာလည်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စသည် အလွန်ဆိုးဝါး‌သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။

    [23] အသင်တို့‌ပေါ်တွင် (နိကာဟ် ထိမ်းမြားခြင်း) ဟရာမ်ဟုတားမြစ်ထား‌သော မိန်းမများသည် အသင်တို့၏မိခင်များ၊ အသင်တို့၏သမီးများ၊ အသင်တို့၏အစ်မ၊နှမများ၊ အသင်တို့၏အရီးကြီး အရီး‌လေးများ၊ အသင်တို့၏အ‌ဒေါ်ကြီး အ‌ဒေါ်‌လေးများ၊ အသင်တို့၏ညီအစ်ကို၏သမီးများ၊ အသင်တို့၏အစ်မ၊နှမ၏သမီးများ၊ အသင်တို့အားနို့တိုက်ခဲ့ဖူး‌သောမိခင်များ၊ နို့စို့ဖက်အစ်မ၊နှမများ၊ အသင်တို့၏ဇနီးများ၏မိခင်များ၊ အသင်တို့ ‌ပေါင်းသင်းစက်ယှက်ခဲ့ဖူး‌သော ဇနီးများထံမှ အသင်တို့ရင်ခွင်တွင် ကြီးပြင်းလာ‌သော (မယားပါ)သမီးများဖြစ်ကြသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမများနှင့် ‌ပေါင်းသင်းစက်ယှက်မှုမပြုခဲ့ကြလျှင် (ထိုမယားပါသမီးများနှင့် အသင်တို့ ထိမ်းမြားခြင်းသည်) အသင်တို့တွင် အပြစ်မရှိ‌ပေ။ ထို့ပြင် အသင်တို့၏‌ကျောရိုးများက (ဖြစ်လာ‌သော)သားရင်းတို့၏ဇနီးမိန်းမများ (နှင့်ထိမ်းမြားခြင်း)၊ ညီအစ်မနှစ်ဦးတို့ကို (တစ်ဦးနှင့် ထိမ်းမြားထားစဉ် ‌နောက်တစ်ဦးနှင့် ထိမ်းမြား) ‌ပေါင်းသင်းခြင်းသည်လည်း တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင် (ယခင်က)ပြုမူခဲ့သည်ကို (ခွင့်လွှတ်သည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [24] ထို့ပြင် အမျိုးသမီးများထဲမှ ထိန်းသိမ်းခံထားရသူ(လင်ရှိမိန်းမ)များသည်လည်း (ထိမ်းမြားမှု တားမြစ်ထားပြီးဖြစ်သည်)။ သို့ရာတွင် ထိုမိန်းမများသည် အသင်တို့လက်ထဲသို့ သုံ့ပန်းအဖြစ်‌ရောက်ရှိလာလျှင်(ထိမ်းမြားခွင့်ရှိသည်)။* ဤသည် အသင်တို့အ‌ပေါ်ပြဋ္ဌာန်းထား‌သော အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ဖြစ်သည်။ ထို့ပြင် ထို(‌ဖော်ပြပြီး‌သော)မိန်းမများမှလွဲ၍ အခြားမိန်းမများကို အသင်တို့အတွက် ဟလာလ်ခွင့်ပြုထား‌တော်မူသည်။* ဆိုလိုသည်မှာ အသင်တို့သည် (ထိုမိန်းမများကို) အသင်တို့၏ပစ္စည်းဥစ္စာများနှင့် တရားမဝင် ကာမလိုက်စားသူအဖြစ် မဟုတ်ဘဲ စင်ကြယ်မှုကိုလိုလားပြီး နိကာဟ်ပြုသူများအဖြစ်နှင့် ရှာ‌ဖွေ(ထိမ်းမြား)ကြပါ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီး‌မောင်နှံအဖြစ်နှင့်) အကျိုး‌ကျေးဇူးခံစားခဲ့ကြလျှင် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ထားသည့် (ထိမ်းမြားရန် သ‌ဘောတူထား‌သော) မဟရ်ပစ္စည်းကို‌ပေးကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် မဟရ်သတ်မှတ်ပြီး‌နောက် အသင်တို့ အချင်းချင်း‌ပြေလည်ကြလျှင် (မဟရ်ကို တိုးခြင်း၊ ‌လျှော့ခြင်း၊ ခွင့်လွှတ်ခြင်းတို့၌) အသင်တို့အ‌ပေါ်တွင် အပြစ်မရှိ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [25] ထို့ပြင် အသင်တို့ထဲမှ အကြင်သူသည် လွတ်လပ်‌သော မုအ်မင်န်အမျိုးသမီးများနှင့် ထိမ်းမြားရန် မတတ်စွမ်းနိုင်လျှင် ထိုသူသည် အသင်တို့ပိုင်ဆိုင်‌သော မုအ်မင်န်ကျွန်မများနှင့် (လက်ထပ်ထိမ်းမြားနိုင်သည်)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အီမာန်ယုံကြည်မှုုကို အသိဆုံးဖြစ်‌တော်မူသည်။* အသင်တို့ထဲမှအချို့သည် အချို့ထံမှ (ဆင့်ကဲဆင့်ကဲ ဆင်းသက်လာ‌သော သားချင်းများပင်)ဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် ထိုကျွန်မများကို ပိုင်ဆိုင်ကြ‌သောသခင်များ၏ခွင့်ပြုချက်နှင့် ထိုကျွန်မများကို လက်ထပ်ထိမ်းမြားကြပါ။ ထို့ပြင် အသင်တို့သည် တရားဥပ‌ဒေအတိုင်း ထိုကျွန်မများအား သူမတို့၏ မဟရ်များကို‌ပေးကြပါ။ ထိုကျွန်မများသည် (သူမတို့၏)သိက္ခာကို ထိန်းသိမ်းကြရမည်။ တရားမဝင် ကာမကျူးလွန်သူများ မဖြစ်ကြရ‌ပေ။ တိတ်တိတ်ပုန်း‌ယောက်ျားယူသူများလည်း မဖြစ်ကြရ‌ပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးအဖြစ် ထိမ်းမြားခံရပြီး‌နောက် အကယ်၍ တရားမဝင် ကာမကျူးလွန်ခဲ့ကြလျှင် ထိုကျွန်မများအ‌ပေါ်တွင် (ချမှတ်ရမည့်အပြစ်ဒဏ်သည်) လွတ်လပ်‌သော အမျိုးသမီးများအ‌ပေါ်တွင် ချမှတ်‌သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။* ဤ(သို့ ကျွန်မများနှင့်ထိမ်းမြားရန်)အမိန့်‌တော်သည် အသင်တို့ထဲမှ (မထိမ်းမြားဘဲ‌နေခဲ့လျှင်) တရားမဝင်ကာမ (ကျူးလွန်မိမည်)ကို စိုးရိမ်‌သောသူများအတွက် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အသင်တို့၏စိတ်များကိုထိန်းပြီး ကျွန်မများနှင့် မထိမ်းမြားဘဲ) သည်းခံကြလျှင် အသင်တို့အတွက် ပို‌ကောင်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [26] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူရန်အတွက်နှင့် အသင်တို့မတိုင်မီက ရှိခဲ့ကြ‌သောသူတို့၏နည်းလမ်းများကို ပြသ‌တော်မူရန်အပြင် အသင်တို့ဘက်ကို (သနားကရုဏာ‌တော်နှင့်) လှည့်‌တော်မူရန်အတွက် ရည်ရွယ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [27] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်ကို (သနားကရုဏာ‌တော်နှင့်) လှည့်‌တော်မူရန်အတွက် ရည်ရွယ်‌တော်မူသည်။ သို့ရာတွင် (မိမိ၏)စိတ်အလိုဆန္ဒ ‌နောက်ကိုလိုက်‌သောသူများကမူ* အသင်တို့ အကြီးအကျယ် ယိမ်းယိုင်ချွတ်‌ချော်ရန်အတွက်ကိုသာ ရည်ရွယ်ကြသည်။

    [28] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏(ဝန်ကို) ‌လျော့‌ပေါ့‌စေ‌တော်မူရန် (အသင်တို့၏အ‌ရေးကိစ္စများ လွယ်ကူမှုဖြစ်‌စေရန်) ရည်ရွယ်‌တော်မူသည်။* ထို့ပြင် လူသားသည် ချည့်နဲ့သူအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသည်။

    [29] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အချင်းချင်း သ‌ဘောတူ‌ကျေနပ်မှုနှင့် ‌ရောင်းဝယ်‌ဖောက်ကားမှု တစ်စုံတစ်ခု ပြုလုပ်ခြင်းမှလွဲ၍ အသင်တို့၏ ပစ္စည်းဥစ္စာများကို အသင်တို့အချင်းချင်း မတရား‌သောနည်းနှင့်* စားသုံးမှု မပြုကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့ကိုယ်အသင်တို့ သတ်ဖြတ်မှုလည်း မပြုကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [30] ထို့ပြင် အကြင်သူသည် ကျူးလွန်သည့်အဖြစ်နှင့်သာမက မတရားနှိပ်စက်သည့်အဖြစ်နှင့် ထိုအရာကိုပြုလုပ်လျှင် ငါအရှင်မြတ်သည် ထိုသူကို မကြာမီ ငရဲမီးထဲသို့ သွတ်သွင်း‌တော်မူမည်။ ၎င်းပြင် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။

    [31] အကယ်၍ အသင်တို့သည် အသင်တို့အား တားမြစ်ပြီးဖြစ်‌သော အပြစ်ကြီးများမှ ‌ရှောင်ကြဉ်ကြလျှင်* ငါအရှင်မြတ်သည် အသင်တို့၏ မ‌ကောင်းမှု(အ‌သေး)များကို အသင်တို့ထံမှ ဖယ်ရှား‌တော်မူပြီး အသင်တို့အား ဂုဏ်ရှိ‌သော‌နေရာသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။

    [32] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှအချို့ကို အချို့ထက် သာလွန်‌စေ‌တော်မူခဲ့သည်ကို အသင်တို့ မလိုလားမ‌တောင့်တကြနှင့်။ ‌ယောက်ျားများအတွက် သူတို့ရှာ‌ဖွေဆည်းပူးခဲ့သည်များထဲမှ ‌ဝေစုရှိသည်။ ၎င်းပြင် မိန်းမများအတွက် သူမတို့ရှာ‌ဖွေဆည်းပူးခဲ့သည်များထဲမှ ‌ဝေစုရှိသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်ကို အသနားခံ‌တောင်းယူကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [33] ထို့ပြင် ငါအရှင်မြတ်သည် မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သောအ‌မွေပစ္စည်းများနှင့်ပတ်သက်၍ သူတို့အသီးသီးအတွက် အ‌မွေစားအ‌မွေခံများကို သတ်မှတ်ထား‌တော်မူသည်။ ထို့ပြင် အသင်တို့ ကတိကဝတ်ပြုထား‌သောသူများကိုလည်း သူတို့၏ ‌ဝေစုကို ‌ပေးကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [34] ‌ယောက်ျားများသည် မိန်းမများအ‌ပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူများဖြစ်ကြသည်၊* အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်က အချို့ကို အချို့ထက်(‌ယောက်ျားများကို မိန်းမများထက်)အရည်အချင်း၊ အဆင့်အတန်း သာလွန်‌စေ‌တော်မူခဲ့သည့်အပြင် ‌ယောက်ျားများသည် သူတို့၏ပစ္စည်းဥစ္စာများကို (မိန်းမများအ‌ပေါ်တွင်) သုံးစွဲသည့်အတွက်‌ကြောင့်လည်းဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီး‌ကောင်းများသည် (ခင်ပွန်း၏)အမိန့်ကို နာခံသူများဖြစ်ကြသည်၊ အလ္လာဟ်အရှင်မြတ်၏‌စောင့်‌ရှောက်မှုဖြင့် (ခင်ပွန်း)ကွယ်ရာတွင် (ခင်ပွန်း၏ ပစ္စည်းနှင့် သူမ၏အရှက်သိက္ခာကို) ထိန်းသိမ်းသူများဖြစ်ကြသည်။* ထို့ပြင် အသင်တို့သည် အကြင်ဇနီးမိန်းမများ၏‌သွေဖည်မှုကို စိုးရိမ်ကြလျှင် (ပထမအဆင့် အ‌နေဖြင့်) အသင်တို့သည် ထိုဇနီးမိန်းမများကို ပြုပြင်ဆုံးမကြပါ။ ထို့‌နောက် (မနာခံကြ‌သေးလျှင် ဒုတိယအဆင့် အ‌နေဖြင့်) အသင်တို့သည် ထိုဇနီးမိန်းမများကို အိပ်ခန်းများထဲတွင် (သီးခြားခွဲအိပ်ပြီး)စွန့်ထားလိုက်ကြပါ။ ထို့‌နောက်(လည်း မနာခံကြ‌သေးလျှင်) အသင်တို့သည် ထိုမိန်းမများကို (မပြင်းထန်‌သော ရိုက်ခြင်းမျိုးနှင့်) ရိုက်(ပြီးဆုံးမ)ကြပါ။ ထို့‌နောက် အကယ်၍ သူမတို့သည် အသင်တို့၏အမိန့်ကို နာခံကြပြီဆိုလျှင် အသင်တို့သည် သူမတို့နှင့် ဆန့်ကျင်ပြီး မည်သည့်နည်းလမ်းကိုမျှ မရှာကြ‌တော့နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [35] ထို့ပြင် အကယ်၍ အသင်တို့သည် ထိုဇနီးခင်ပွန်းနှစ်ဦးတို့၏ အကြားတွင် ကွဲလွဲမှုပြဿနာဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြလျှင် ခင်ပွန်း၏‌ဆွေမျိုးများဘက်မှ ခုံသမာဓိလူကြီးတစ်ဦးနှင့် ဇနီး၏‌ဆွေမျိုးများဘက်မှ ခုံသမာဓိလူကြီးတစ်ဦးတို့ကို ခန့်အပ်(ပြီး ‌ဖြေရှင်း)ကြပါ။ အကယ်၍ ထို(ခုံလူကြီး)နှစ်ဦးသည် ထိုဇနီးခင်ပွန်းနှစ်ဦးအား ‌ကောင်းမွန်‌စေရန်ပြုပြင်မှုကို ရည်ရွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့(ဇနီးခင်ပွန်း)နှစ်ဦးကြားတွင် ညီညွတ်‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [36] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြပါ။ ၎င်းပြင် အသင်တို့သည် မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်မှု မပြုကြနှင့်။ ထို့ပြင် အသင်တို့သည် မိဘနှစ်ပါးနှင့်၊ ‌ဆွေမျိုးနီးစပ်များ၊ အဘမဲ့က‌လေးများ၊ ဆင်းရဲသားများ၊ ‌ဆွေမျိုး‌တော်စပ်‌သော အိမ်နီးချင်းများ၊ ‌ဆွေမျိုးမ‌တော်စပ်‌သော အိမ်နီးချင်းများ၊ အတူတကွ‌နေထိုင်‌သော အ‌ပေါင်းအ‌ဖော်များ၊ ခရီးသည်များ၊ အသင်တို့ပိုင်ဆိုင်‌သော ‌ကျေးကျွန်များကို ‌ကောင်းမွန်စွာ ဆက်ဆံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာန‌ထောင်‌သောသူ၊ ကြွားဝါ‌သောသူကို နှစ်သက်‌တော် မမူ‌ပေ။

    [37] အကြင်သူများသည် သူတို့ကိုယ်တိုင်လည်း ‌စေးနှဲတွန့်တိုကြသည်။ သူတစ်ပါးကိုလည်း ‌စေးနှဲတွန့်တို‌စေရန် ညွှန်ကြားကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် သူတို့ကို ‌ပေးသနားထား‌တော်မူ‌သောအရာများကိုလည်း (မသုံးစွဲဘဲ) လျှို့ဝှက်ထိမ်ချန်ထားကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ‌ကျေးဇူးကန်း‌သောသူများအတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထား‌တော်မူသည်။

    [38] ထို့ပြင် အကြင်သူများသည် သူတို့၏ပစ္စည်းများကို လူများအား ပြစားရန် လှူဒါန်းသုံးစွဲကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြ‌ပေ။ ထို့ပြင် မည်သူမဆို ရှိုင်သွာန်သည် ထိုသူ၏ အရင်းနှီးဆုံးမိတ်‌ဆွေဖြစ်ခဲ့လျှင် (ထိုရှိုင်သွာန်သည်) အလွန်ဆိုးရွား‌သော မိတ်‌ဆွေပင်ဖြစ်သည်။

    [39] ထို့ပြင် အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ခဲ့ပြီး သူတို့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနားထား‌တော်မူခဲ့‌သော ပစ္စည်းများကို သုံးစွဲလှူဒါန်းခဲ့ကြလျှင် သူတို့အ‌ပေါ်တွင် မည်သည့်(ဆုံးရှုံးနစ်နာ‌စေမည့်)အရာရှိ‌တော့မည်နည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [40] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြူမှုန့်မျှပင် မတရားပြုလုပ်‌တော်မူမည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ ‌ကောင်းမှုတစ်ခုရှိခဲ့လျှင် အရှင်မြတ်သည် ထို‌ကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွား‌စေ‌တော်မူမည်၊ ၎င်းပြင် အရှင်မြတ်ထံ‌တော်မှလည်း အလွန်ကြီးကျယ်‌သော အကျိုးကို ချီးမြှင့်‌ပေးသနား‌တော်မူမည်။

    [41] ထို့‌နောက် ငါအရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) အွမ္မသ်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီ ‌ခေါ်ယူ‌တော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)ကိုလည်း ဤ(အသင်၏) အွမ္မသ်အုပ်စုအတွက် သက်‌သေအဖြစ် ‌ခေါ်ယူ‌တော်မူမည်။ ထိုအခါ (ကာဖိရ်များသည်) မည်ကဲ့သို့ ဖြစ်ကြမည်နည်း။

    [42] ထို‌နေ့တွင် (ကုဖ်ရ်)ငြင်းပယ်ခဲ့ကြပြီး တမန်‌တော်မြတ်ကို ‌သွေဖည်ခဲ့ကြသူများသည် သူတို့ကိုယ်သူတို့ ‌မြေကြီးနှင့်တစ်သားတည်းဖြစ်သွားလျှင် ‌ကောင်းလိုက်‌လေစွဟု ‌တောင့်တကြလိမ့်မည်။* ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မည်သည့်စကားတစ်ခုမျှ ထိမ်ချန်ဖုံးကွယ်ထားနိုင်ကြမည် မဟုတ်‌ပေ။

    [43] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် မူးယစ်‌နေကြလျက် အသင်တို့‌ပြောဆို‌သောအရာများကို အသင်တို့မသိသမျှကာလပတ်လုံး စွလာသ်ဝတ်ပြုမှုအနီးသို့ မချဉ်းကပ်ကြနှင့်။* ၎င်းပြင် အသင်တို့သည် ‌ရေချိုးသန့်စင်ရန် တာဝန်ရှိသူများဖြစ်‌နေကြလျက်နှင့်လည်း* ‌ရေချိုသန့်စင်မှုမပြုသမျှကာလပတ်လုံး (စွလာသ်ဝတ်ပြုမှု၏အနီးနှင့် စွလာသ်ဝတ်ပြုရာ‌နေရာ ဝတ်‌ကျောင်း‌တော်များအနီးသို့ ချဉ်းကပ်မှု) မပြုကြနှင့်။ သို့ရာတွင် အသင်တို့သည် (မလွှဲမ‌ရှောင်သာ) ဖြတ်သွားဖြတ်လာပြုရ‌သောအခါမျိုး၌သာ (ဖြတ်သန်းခွင့်ရှိသည်)။ ထို့ပြင် အသင်တို့သည် အကယ်၍ ‌ရောဂါသည်များ၊ သို့မဟုတ် ခရီးသည်များဖြစ်ကြလျှင် သို့မဟုတ် အသင်တို့ထဲက တစ်ဦးတစ်‌ယောက်သည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်လာခဲ့လျှင်၊ သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့်‌ပေါင်းသင်းဆက်ဆံခဲ့ကြလျှင်၊ ထို့‌နောက်(သန့်စင်ရန်)‌ရေမရှိလျှင် အသင်တို့သည် စင်ကြယ်‌သော‌မြေကြီးဖြင့် သယမ်မွမ်*ပြုလုပ်ကြပါ။ (ပြုလုပ်နည်းမှာ) အသင်တို့သည် (အသင်တို့၏လက်ဖဝါးနှစ်ဖက်နှင့် ‌မြေကိုရိုက်ပုတ်၍) အသင်တို့၏မျက်နှာများနှင့် လက်များကို ပွတ်သပ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [44] ကျမ်းဂန်များထဲမှ တစ်စိတ်တစ်‌ဒေသ ချီးမြှင့်ခြင်းခံရ‌သောသူများကို အသင် မ‌တွေ့မြင်‌လေသ‌လော။ ထိုသူများသည် လမ်းမှားကို ဝယ်ယူလိုက်စားကြသည်။ ၎င်းပြင် သူတို့သည် အသင်တို့ လမ်းမှားသည်ကိုလည်း လိုလားကြသည်။

    [45] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရန်သူများကို ‌ကောင်း‌ကောင်းသိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အတွက်)ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်အဖြစ် လုံ‌လောက်‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အတွက်) အလွန်ကူညီ‌တော်မူ‌သောအရှင်အဖြစ်လည်း လုံ‌လောက်‌တော်မူသည်။

    [46] ယဟူဒီများထဲမှ အချို့သည် (ကျမ်းထဲမှ မူရင်း)စကားများကို ၎င်းတို့၏မူရင်း‌နေရာများမှ ‌ရွှေ့‌ပြောင်းကြသည်သာမက* သူတို့သည် (ဤသို့)‌ပြောဆိုကြသည်၊ ကျွန်ုပ်တို့သည် ကြားကြပါသည်၊ ကျွန်ုပ်တို့ မနာခံကြပါ။“ ထို့ပြင် “အသင်သည် ကျွန်ုပ်တို့စကားကို နား‌ထောင်ပါ၊ မကြားပါ‌စေနှင့်။“ ထို့ပြင် “ကျွန်ုပ်တို့၏တိရစာ္ဆန်‌ကျောင်းသား“ (ရာအိနာ ကို ရာအီးနာ)ဟု သူတို့၏လျှာများကို ‌ခေါက်လိပ်ပြီး သာသနာတွင် ပုတ်ခတ်ထိပါး‌စေရန် ‌ပြောဆို‌လေ့ရှိကြသည်။* အကယ်၍ သူတို့သည် အမှန်စင်စစ် “ကျွန်ုပ်တို့ ကြားကြပါသည်၊ ၎င်းပြင် လိုက်နာကျင့်သုံးကြပါသည်“။ ထို့ပြင် ကျွန်ုပ်တို့စကားကို နား‌ထောင်‌တော်မူပါ၊ ၎င်းပြင် ကျွန်ုပ်တို့အား ကြည့်ရှု‌ထောက်ထား‌တော်မူပါ။“ဟု ‌ပြောဆိုခဲ့ကြလျှင် အမှန်စင်စစ် သူတို့အတွက် အ‌ကောင်းဆုံးနှင့် အမှန်ကန်ဆုံး ဖြစ်ခဲ့လိမ့်မည်။* သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏‌သွေဖည်ငြင်းပယ်မှု‌ကြောင့်သာ ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ (သူတို့ထဲမှ) အနည်းငယ်မှလွဲ၍ ကျန်‌သောသူများသည် အီမာန်ယုံကြည်ကြမည်း မဟုတ်‌ပေ။

    [47] အို- ကျမ်းဂန်‌ပေးသနား‌တော်မူခြင်းခံကြရသူအ‌ပေါင်းတို့၊ ငါအရှင်သည်(အသင်တို့၏)မျက်နှာများကို ဖျက်ဆီးပြီး ‌ကျောဘက်သို့ ပြန်လှည့်ပစ်လိုက်‌တော်မမူမီ၊ သို့မဟုတ် ငါအရှင်မြတ်သည် စဗ်သ် ‌ခေါ်‌သော ဥပုသ်စ‌နေ‌နေ့ကို ကျူးလွန်‌ဖောက်ဖျက်‌သောသူများကို ကရုဏာမှ ကင်း‌ဝေး‌စေသကဲ့သို့ ထို(မယုံကြည်‌သော)သူများအားလည်း ကရုဏာ‌တော်မှ ‌ဝေး‌စေရန်ပြုလုပ်‌တော်မမူမီ အသင်တို့သည် ငါအရှင် ချ‌ပေးသနား‌တော်မူသည့် အသင်တို့ထံရှိ ကျမ်းဂန်များကို ‌ထောက်ခံ‌နေ‌သောအရာ(ကုရ်အာန်)ကို ယုံကြည်လိုက်ကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်သည် အ‌ကောင်အထည်‌ဖော်ပြီးဖြစ်သည်။

    [48] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြားတစ်စုံတစ်ရာကို)တွဲဖက်ကိုးကွယ်မှုကို လွတ်ငြိမ်းချမ်းသာခွင့် လုံးဝ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* ၎င်းပြင် တွဲဖက်ကိုးကွယ်ခြင်းမှလွဲ၍ အခြားပြစ်မှုများကိုမူ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာကိုတွဲဖက်ကိုးကွယ်လျှင် ထိုသူသည် အလွန်ကြီး‌သောမ‌ကောင်းမှုကို အမှန်ပင် ကျူးလွန်လိုက်ပြီဖြစ်သည်။

    [49] အသင်(တမန်‌တော်)သည် သူတို့ကိုယ်ကိုသူတို့ သန့်ရှင်းစင်ကြယ်‌ကြောင်း ‌ပြောဆိုကြ‌သောသူများကို မ‌တွေ့မြင်‌လေသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သန့်ရှင်းစင်ကြယ်‌စေ‌တော်မူသည်။ ၎င်းပြင် သူတို့သည် ဆံခြည်တစ်မျှင်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်‌ပေ။

    [50] သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားမည်သို့လုပ်ကြံ‌ပြောဆို‌နေကြသည်ကို အသင်ကြည့်လိုက်ပါ။ ၎င်းပြင် ထိုအရာနှင့်ပင် ထင်ရှား‌သောအပြစ်အဖြစ် လုံ‌လောက်‌ပေသည်။

    [51] (‌သောင်ရာသ်)ကျမ်းဂန်ထဲမှ (ပညာ)တစ်စိတ်တစ်‌ဒေသ ရရှိခဲ့သူများအား အသင် မ‌တွေ့မြင်ခဲ့‌လေသ‌လော။* သူတို့သည် ရုပ်တုများနှင့် သွာဂူးသ်(အလ္လာဟ်မှအပ ကိုးကွယ်ခံရ‌သောအရာ)ကို ယုံကြည်ကြသည်။ ၎င်းပြင် သူတို့သည် ကာဖိရ်များနှင့်ပတ်သက်၍ “ဤသူများသည် မွတ်စ်လင်မ်များထက်ပင်ပိုပြီး လမ်းမှန်ရ‌သောသူများဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [52] ဤသူများပင် အကြင်သူများဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့လျှင် ထိုသူအတွက် ကူညီမည့်သူတစ်ဦးကိုမှ အသင်သည် လုံးဝ ‌တွေ့ရှိမည် မဟုတ်‌တော့‌ပေ။

    [53] သို့မဟုတ်၊ ထို(ယဟူဒီ)များတွင် တစ်စိတ်တစ်‌ဒေသမျှ ဩဇာအာဏာ ရှိ‌သော‌ကြောင့်‌လော။ ထိုကဲ့သို့သာရှိခဲ့လျှင် နှမ်း‌စေ့မျှပင် လူများကို ‌ပေးကြမည်မဟုတ်‌ပေ။

    [54] သို့မဟုတ်၊ ထို(ယဟူဒီ)များသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲမှ လူများအား ‌ပေးသနား‌တော်မူ‌သောအရာများနှင့်ပတ်သက်၍ မနာလိုဖြစ်‌နေကြသည်‌လော။ သို့ဖြစ်လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်များအား ကျမ်းဂန်နှင့် ဉာဏ်ပညာကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် သူတို့အား ကြီးကျယ်‌သော ဩဇာအာဏာကိုလည်း ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။

    [55] ထို့ပြင် ထို(နဗီတမန်‌တော်၏အဆက်အနွယ်)များထဲမှ အချို့သည် ထိုတမန်‌တော်နှင့် ပတ်သက်၍ အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့ထဲမှ အချို့ကမူ ထို(တမန်‌တော်အ‌ပေါ်တွင် အီမာန်ယုံကြည်မှု)မှ ‌သွေဖည်ခဲ့ကြသည်။ ထို့ပြင် (ထိုသူများအတွက်) မီး‌တောက်မီးလျှံများနှင့် ‌တောက်‌လောင်‌နေ‌သော ဂျဟန္နမ်ငရဲဘုံသည် (ပြစ်ဒဏ်အဖြစ်)လုံ‌လောက်‌ပေသည်။

    [56] အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် မကြာမီ ထိုသူများအား မီးထဲသို့ ထည့်သွင်း‌တော်မူမည်။ ထိုသူများ၏(အသား)အ‌ရေများသည် ‌လောင်ကျွမ်းသွားသည့်အခါတိုင်း ထို(‌လောင်ကျွမ်းသွား‌သော အသား)အ‌ရေများ၏အစား အခြားအသားအ‌ရေအသစ်များနှင့် သူတို့ကို ငါအရှင်မြတ်က လဲလှယ်အစားထိုး‌ပေး‌တော်မူမည်။ (ဤသို့ ပြုလုပ်ရခြင်းမှာ ပြစ်ဒဏ်အသစ်ဖြစ်ဖြစ်သွားပြီး) ထိုသူများသည် ပြစ်ဒဏ်ကို (ထပ်ထပ်ပြီး)မြည်းစမ်း (ခံစား‌နေကြရ)ရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [57] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုမူခဲ့ကြသည်။ ထိုသူများအား ငါအရှင်မြတ်သည် မကြာမီ အကြင်ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်ဖြစ်သည်။ ထို့ပြင် ထိုဥယျာဉ်များထဲတွင် သူတို့အတွက် သန့်ပြန့်စင်ကြယ်‌သော ဇနီးကြင်ရာများလည်း ရှိကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူများအား အလွန်ထူထပ်(ချမ်း‌မြေ့သာယာ)‌သော အရိပ်အာဝါသ‌အောက်သို့ ဝင်‌ရောက်‌စေ‌တော်မူမည်။

    [58] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထံတွင်)အပ်နှံထား‌သောပစ္စည်းများကို* ထိုပစ္စည်းရှင်များထံသို့ ပြန်‌ပေးဆပ်ရန်နှင့် လူများကြားတွင် စီရင်ဆုံးဖြတ်‌သောအခါ မျှတစွာ စီရင်ဆုံးဖြတ်ကြရန် အသင်တို့အား အမိန့်‌ပေး‌တော်မူသည်။ အမှန်စင်စစ် အသင်တို့ကို အလ္လာဟ်အရှင်မြတ် ဆုံးမ‌တော်မူ‌သော ဆုံးမဩဝါဒ‌တော်သည် အလွန်မွန်မြတ်‌တော်မူလှသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [59] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့သည် ရစူလ်တမန်‌တော်၏အမိန့်‌တော်ကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့ထဲမှ အာဏာပိုင်များ၏အမိန့်ကို လိုက်နာကြပါ။* ထို့‌နောက် အသင်တို့သည် ကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အငြင်းပွားခဲ့လျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများဖြစ်ကြလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်၏ထံသို့ ပြန်ပို့ကြပါ။* ဤသည် အ‌ကောင်းဆုံး(နည်းလမ်း)ဖြစ်သည့်အပြင် အ‌ကောင်းဆုံးနိဂုံးချုပ်လည်းဖြစ်သည်။

    [60] အသင်သည် အကြင်သူများအား မ‌တွေ့မြင်‌လေသ‌လော။ ထိုသူများက သူတို့သည် အသင်၏ထံချ‌ပေးထား‌သော (ကုရ်အာန်)ကျမ်း‌တော်နှင့် အသင်၏မတိုင်မီချ‌ပေးထား‌သော ကျမ်း‌တော်များကို အမှန်စင်စစ် ယုံကြည်ခဲ့ကြသည်ဟု ထုတ်‌ဖော်‌ပြောဆိုကြသည်။ သူတို့သည် (သူတို့၏)အမှုကိစ္စများကို ရှိုင်သွာန်များထံသို့ အဆုံးအဖြတ်ခံယူရန် တင်ပို့လိုကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ထိုရှိုင်သွာန်ကို ‌သွေဖည်ငြင်းပယ်ကြရန် အမိန့်‌တော်ရရှိပြီးဖြစ်ကြသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့ကို ‌ဝေးလံ‌သော လမ်းမှားထံသို့ပို့‌ဆောင်လိုသည်။

    [61] ထို့ပြင် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအရာ (ကုရ်အာန်)ဘက်နှင့်တမန်‌တော်ဘက်ကို (နည်းလမ်းကျစီရင်ထုံးများဖြင့် တရားစီရင်ဆုံးဖြတ်ရန်) အသင်တို့လာကြပါဟု သူတို့ကို ‌ပြောဆိုခြင်းခံရ‌သောအခါ အသင်(တမန်‌တော်)သည် ‌ယောင်‌ဆောင်မွတ်စ်လင်မ်များအား အသင်၏ထံမှ ‌သွေဖည်သွားကြသည်ကို ‌တွေ့မြင်ရလိမ့်မည်။

    [62] ထို့‌နောက် သူတို့တွင် သူတို့၏အပြုအမူများ‌ကြောင့် ‌ဘေးဒုက္ခတစ်စုံတစ်ရာ ကျ‌ရောက်လာ‌သောအခါတွင် (သူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို့‌နောက် သူတို့သည် အသင်(တမန်‌တော်)ထံသို့လာပြီး အလ္လာဟ်အရှင်မြတ်အား ကျိန်ဆိုကာ (ဤသို့)‌ပြောဆိုကြသည်၊ “ကျွန်ုပ်တို့သည် အ‌ကောင်းဖြစ်‌စေရန်နှင့် (အချင်းချင်း)ညီညွတ်ရန်မှလွဲ၍ အခြားမည်သည်ကိုမျှ မရည်ရွယ်ခဲ့ကြပါ။“

    [63] ဤသူများသည် အကြင်သူ(မုနာဖိက်)များပင်ဖြစ်သည်၊ ထိုသူများ၏စိတ်နှလုံးများထဲတွင်ရှိသည်များကို အလ္လာဟ်အရှင်မြတ်သည် သိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား လျစ်လျူရှု‌နေပါ။ ၎င်းပြင် သူတို့အား ဆိုဆုံးမပါ။ ထို့ပြင် အသင်သည် သူတို့အား သူတို့၏စိတ်နှလုံးများထဲသက်ဆင်းမည့် ထိ‌ရောက်‌သောစကားမျိုးကို ‌ပြောဆိုပါ။

    [64] ထို့ပြင် ငါအရှင်မြတ်သည် ရစူလ်တမန်‌တော်များကို ‌စေလွှတ်‌တော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ဖြင့် (လူများသည်)ထိုရစူလ်တမန်‌တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ကျူးလွန်မိခဲ့ကြ‌သောအခါ အသင်(တမန်‌တော်)၏ထံသို့လာပြီး သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြလျှင် ၎င်းပြင် တမန်‌တော်သည်လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံ‌ပေးခဲ့မည်ဆိုလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်အဖြစ် အမှန်ပင် ‌တွေ့ရလိမ့်မည်။

    [65] သို့ဖြစ်ရာ အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ကစမ် (အရှင်မြတ်အား တိုင်တည်‌ပြောဆိုမည်၊) သူတို့သည် သူတို့အချင်းချင်း အငြင်းပွားခဲ့‌သောပြဿနာနှင့်ပတ်သက်၍ အသင်(တမန်‌တော်)အား ခုံသမာဓိတင်‌မြှောက်ခြင်းမရှိသမျှ၊ ၎င်းပြင် သူတို့သည် အသင် စီရင်ချက်မှတ်ခဲ့‌သော ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူတို့၏စိတ်ထဲတွင် မည်သည့်ကျဉ်းကျပ်မှုကိုမျှ မ‌တွေ့ရှိကြသည့်အပြင် (ထိုဆုံးဖြတ်ချက်ကို) ပြည့်ဝ(ကြည်ဖြူ)စွာ လက်ခံနာယူခြင်းမရှိသမျှ သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်နိုင်‌ပေ။

    [66] ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်သည် အမှန်စင်စစ် သူတို့‌ပေါ်တွင် “အသင်တို့သည် အသင်တို့ကိုယ်ကိုအသင်တို့ သတ်ဖြတ်ကြ၊ သို့မဟုတ် အသင်တို့သည် အသင်တို့၏(လက်ရှိ)အရပ်‌ဒေသများမှ ထွက်သွားကြ“ဟု အမိန့်ချမှတ်ခဲ့လျှင် သူတို့ထဲမှ အနည်းငယ်မှလွဲ၍ အခြားသူများသည် ထိုအမိန့်ပြဋ္ဌာန်းချက်ကို လိုက်နာကြမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ သူတို့သည် သူတို့ဆုံးမခြင်းခံကြရ‌သော ကိစ္စရပ်များကို ပြုမူ‌ဆောင်ရွက်ခဲ့ကြလျှင် အမှန်ပင် သူတို့အတွက် အ‌ကောင်းဆုံးဖြစ်ခဲ့မည့်အပြင်၊ (သူတို့၏ အီမာန်ကို) ပို၍ပင်ခိုင်မြဲ‌စေဦးမည်ဖြစ်သည်။

    [67] ထို့ပြင် သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ၎င်းသူတို့အား ငါအရှင်မြတ်ထံ‌တော်မှ ကြီးကျယ်မြင့်မြတ်‌သော အကျိုး‌ကျေးဇူး‌တော်ကိုလည်း အမှန်ပင် ‌ပေးသနား‌တော်မူခဲ့ဦးမည်ဖြစ်သည်။

    [68] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းသူတို့အား ‌ဖြောင့်မတ်‌သော တရားလမ်းမှန်သို့‌ရောက်‌အောင်လည်း ပို့‌ဆောင်‌တော်မူခဲ့ဦးမည်ပင်ဖြစ်သည်။

    [69] ထို့ပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာလျှင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူထား‌သော နဗီတမန်‌တော်များ၊ အလွန်မှန်ကန်သူများ၊ အလ္လာဟ့်လမ်းတွင် အသက်စ‌တေးသူများ၊ ‌ကောင်းမြတ်‌သောသူများနှင့်အတူ ရှိကြလိမ့်မည်။ ၎င်းပြင် ထိုသူများသည် အဘယ်မျှ‌ကောင်းလိုက်‌သော အ‌ပေါင်းအ‌ဖော်များဖြစ်ကြသနည်း။

    [70] ထို‌ကျေးဇူးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [71] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြပါ။ ၎င်းပြင် အသင်တို့သည် (စစ်တိုက်ရန်)အစုလိုက်ချီတက်ကြပါ၊ သို့မဟုတ် အသင်တို့သည် စည်းလုံးစွာ ချီတက်ကြပါ။

    [72] ထို့ပြင် အမှန်စင်စစ် အသင်တို့ထဲတွင် အကြင်သူကဲ့သို့လည်းရှိသည်။ ထိုသူသည် (စစ်ပွဲကို လိုက်ရန်) ပျင်းရိ‌လေးလံမှုကိုပြသသည်။ ထို့‌နောက် အကယ်၍ အသင်တို့တွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်လာခဲ့လျှင် ထိုသူက‌ပြောသည်၊ “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်၊ ထို့အတွက်‌ကြောင့်ပင် ကျွန်ုပ်သည် သူတို့နှင့်အတူ (စစ်ပွဲသို့) လိုက်မသွားခဲ့ခြင်းဖြစ်သည်။“

    [73] ၎င်းပြင် အကယ်၍ အသင်တို့တွင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်‌ရောက်ရှိလာလျှင် ထိုသူသည် အသင်တို့နှင့် သူ၏အကြားတွင် ခင်မင်မှု လုံးဝမရှိသကဲ့သို့ပင်* အမှန်စင်စစ် (ဤသို့)‌ပြောဆိုသည်၊ “‌ဪ- ကျွန်ုပ်သည်လည်း သူတို့နှင့်အတူ (စစ်ပွဲလိုက်သွားခဲ့‌သောသူ)ဖြစ်လျှင် ‌ကောင်း‌လေစွ။ သို့ဖြစ်လျှင် ကျွန်ုပ်သည်လည်း ကြီးမား‌သော‌အောင်မြင်မှုမျိုးနှင့် ‌အောင်မြင်မှုရရှိမည်ဖြစ်သည်။“

    [74] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ဤဘဝကို တမလွန်ဘဝနှင့် လဲလှယ်‌ရောင်းချ‌သောသူများသည်* တိုက်ခိုက်ကြရမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပြီး ထိုသူသည် အသတ်ခံရသည်ဖြစ်‌စေ၊ ‌အောင်နိုင်သည်ဖြစ်‌စေ ငါအရှင်မြတ်သည် ထိုသူ့ကို မကြာမီ ကြီးကျယ်မြင့်မြတ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်။

    [75] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင်လည်း‌ကောင်း၊ အားအင်ချည့်နဲ့‌သော ‌ယောက်ျား၊မိန်းမများနှင့် က‌လေးများအား(ကယ်တင်ရန်)အတွက်လည်း‌ကောင်း စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမပြုကြရန် အသင်တို့တွင် မည်သည့်အ‌ကြောင်းရှိသနည်း။ ထို(ချည့်နဲ့‌သော)သူများသည် (ဤသို့)‌ပြောဆိုပန်ကြား‌နေကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား မတရားနှိပ်စက်‌သော ရွာသူရွာသားများ၏မြ့ိုရွာမှ ထုတ်‌ဆောင်‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ‌တော်မှ အ‌ဆွေခင်ပွန်း တစ်စုံတစ်ဦးကို ဖန်တီး‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ‌တော်မှ ကာကွယ်‌စောင်မမည့်သူ တစ်စုံတစ်ဦးကို ဖန်တီး‌ပေးသနား‌တော်မူပါ။“

    [76] အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသည်။ ကာဖိရ်ငြင်းပယ်သူများကမူ သွာဂူသ်*၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ရှိုင်သွာန်၏အ‌ဆွေခင်ပွန်းများကို တိုက်ခိုက်ကြပါ။ စင်စစ်ရှိုင်သွာန်၏လှည့်ကွက်(ကြံစည်မှု)သည် ချည့်နဲ့လှသည်။

    [77] အသင်(တမန်‌တော်)သည် အကြင်သူများအား မ‌တွေ့မြင်သ‌လော။(သူတို့သည် စစ်တိုက်မိန့်မကျမီက စစ်တိုက်ရန် စိတ်ပြင်းပြ‌နေ‌သော‌ကြောင့်) သူတို့အား အသင်တို့သည် အသင်တို့၏လက်များကို (စစ်တိုက်ခြင်းမှ)ချုပ်တည်းထား၍ စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်‌နေကြပါ၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်‌နေကြပါဟု ‌ပြောခဲ့ဖူးသည်။ ထို့‌နောက် သူတို့အ‌ပေါ်တွင် စစ်တိုက်ရန်(အမိန့်သည်)အတည်ဖြစ်လာ‌သောအခါ သူတို့ထဲမှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်သကဲ့သို့ လူများအား ‌ကြောက်လာသည်သာမက အလ္လာဟ်အရှင်မြတ်(အား‌ကြောက်သည်)ထက်ပင် ပို၍‌ကြောက်လာကြသည်။ ၎င်းပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် စစ်တိုက်ခြင်းကို ကျွန်ုပ်တို့အ‌ပေါ်တွင် ပြဋ္ဌာန်းလိုက်‌တော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်ုပ်တို့အား ထပ်၍ ရက်အနည်းငယ် ‌ရွှေ့ဆိုင်း‌ပေး‌တော်မူခဲ့ပါလျှင် ‌ကောင်း‌လေစွ။“* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “‌လောကီအကျိုးခံစားမှုသည် ‌ခေတ္တမျှအတွက်သာဖြစ်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် တမလွန်ဘဝသည် အ‌ကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ဆံခြည်တစ်မျှင်ခန့်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်‌ပေ။“

    [78] အသင်တို့သည် မည်သည့်‌နေရာ၌ပင်ရှိသည်ဖြစ်‌စေ၊ ‌သေခြင်းသည် အသင်တို့ထံသို့ ‌ရောက်ရှိလာမည်ပင်ဖြစ်သည်။ အကယ်၍ အသင်တို့သည် အလွန်ခိုင်ခံ့လုံခြုံ‌သော ခံတပ်ရဲတပ်များတွင်ရှိ‌နေကြလျှင်လည်း (‌သေခြင်းမှ လွတ်‌မြောက်မည် မဟုတ်‌ပေ)။ ထို့ပြင် အကယ်၍ ထိုသူ(အ‌ယောင်‌ဆောင် မွတ်စ်လင်မ်)များတွင် ‌ကောင်း‌သောအရာ တစ်စုံတစ်ခု ‌ရောက်ရှိလာလျှင် သူတို့က ဤသည် အရှင်မြတ်ထံ‌တော်မှဖြစ်သည်ဟု ‌ပြောဆို‌လေ့ရှိကြသည်။ ထို့‌နောက် အကယ်၍ သူတို့တွင် မ‌ကောင်း‌သောအရာ တစ်စုံတစ်ခု ‌ရောက်ရှိလာလျှင် သူတို့က ဤသည် အသင်၏ထံမှဖြစ်သည်ဟု ‌ပြောဆို‌လေ့ရှိကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “(အ‌ကောင်းနှင့်အဆိုး)အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင် ဖြစ်သည်။“ ၎င်းပြင် ဤသူများသည် မည်သို့ဖြစ်သွားကြသနည်း၊ သူတို့သည် မည်သည့်စကားကိုမျှ နားလည်ရန် မနီးစပ်ကြ‌ပေ။

    [79] အသင်၏ထံသို့‌ရောက်ရှိလာ‌သော ‌ကောင်း‌သောအရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင် ဖြစ်သည်။ ၎င်းပြင် အသင်၏ထံသို့‌ရောက်ရှိလာ‌သော မ‌ကောင်း‌သောအရာသည် အသင်၏ထံမှ(အပြုအမူများ‌ကြောင့်)ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို လူများအားလုံးထံသို့* ရစူလ်တမန်‌တော်အဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင် တမန်‌တော်ဖြစ်‌ကြောင်း)မျက်‌မှောက် အသိသက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။

    [80] မည်သူမဆို ရစူလ်တမန်‌တော်၏အမိန့်‌တော်ကို လိုက်နာလျှင် ထိုသူသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်များကို လိုက်နာခြင်းပင်ဖြစ်သည်။* ၎င်းပြင် မည်သူမဆို (အသင်၏အမိန့်ကိုဖီဆန်၍) မျက်နှာလွှဲခဲ့လျှင် (အသင်၏တာဝန် မဟုတ်‌ပေ၊) ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ကို ထိုသူများအ‌ပေါ်တွင် အုပ်ထိန်းသူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည် မဟုတ်‌ပေ။

    [81] ထို့ပြင် ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် (အသင်တမန်‌တော်‌ရှေ့၌မူ) “လိုက်နာရန်သာရှိသည်“ဟု ‌ပြောဆိုကြသည်။ ထို့‌နောက် အသင်၏ထံမှ ထွက်သွားကြ‌သောအခါ သူတို့ထဲမှ လူတစ်စုသည် သူတို့‌ပြောဆိုခဲ့ကြသည်များနှင့် ဆန့်ကျင်‌သောကိစ္စများကို ညအချိန်တွင် တိုင်ပင်‌ဆွေး‌နွေးကြသည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့ ညအချိန်‌ဆွေး‌နွေး‌သောကိစ္စကို ‌ရေးမှတ်‌တော်မူသည်။* သို့ဖြစ်ရာ အသင်သည် သူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်ကိုသာ ယုံကြည်စိတ်ချအားကိုးပြီး‌နေပါ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [82] ၎င်းပြင် သူတို့သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို စဉ်းစားဆင်ခြင် မကြည့်ကြ‌လေသ‌လော။ အကယ်၍ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှလွဲ၍ အခြားမည်သူ၏ထံမှသာဖြစ်ခဲ့လျှင် သူတို့သည် ထို(ကုရ်အာန်)ထဲတွင် ကွဲလွဲမှုများစွာကို အမှန်ပင် ‌တွေ့ရှိခဲ့ကြလိမ့်မည်။

    [83] ထို့ပြင် သူတို့ထံသို့ စိတ်‌အေးဖွယ်ရာသတင်းတစ်စုံတစ်ခု သို့မဟုတ် ထိတ်လန့်ဖွယ်ရာသတင်းတစ်စုံတစ်ခု ‌ရောက်လာ‌သောအခါ သူတို့သည် ထိုသတင်းကို (ဆန်းစစ်ခြင်းမရှိဘဲ)ဖြန့်လိုက်ကြသည်။* အကယ်၍ သူတို့သည် ထိုသတင်းကို တမန်‌တော်ထံသို့ သို့မဟုတ် အာဏာပိုင်များထံသို့ လွှဲပို့ခဲ့လျှင် သူတို့ထဲမှ ဆင်ခြင်းသုံးသပ် ဆန်းစစ်တတ်‌သောသူများသည် ထိုသတင်း(၏ဇာစ်မြစ်)ကို အမှန်ပင် သိရှိကြလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သနားညှာတာမှုသာ မရှိခဲ့လျှင် အနည်းငယ်မှလွဲ၍ အသင်တို့(အားလုံး)သည် ရှိုင်သွာန်၏‌နောက်သို့ လိုက်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။

    [84] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါ။ အသင်၏အ‌ပေါ်တွင် အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိ‌ပေ)။ ၎င်းပြင် အသင်သည် အီမာန်ယုံကြည်သူများအား တိုက်တွန်းနှိုး‌ဆော်‌နေပါ။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများ၏အင်အားကို တားဆီး‌တော်မူလိမ့်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးဆုံးအရှင်ဖြစ်‌တော်မူပြီး အပြင်းထန်ဆုံး အပြစ်ဒဏ်‌ပေး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။

    [85] မည်သူမဆို ‌ကောင်း‌သောကိစ္စတွင် ကြားဝင်တိုက်တွန်း‌ပြောဆို‌ပေးလျှင် ထိုသူ့အ‌ပေါ်တွင် ထိုသူ့အတွက် ‌ဝေစု‌ဝေပုံရှိမည်။ ၎င်းပြင် မည်သူမဆို မ‌ကောင်း‌သောကိစ္စတွင် ကြားဝင်တိုက်တွန်း‌ပြောဆို‌ပေးလျှင် ထိုသူ့အ‌ပေါ်တွင် ဝန်ထုပ်ဝန်ပိုး(အပြစ်)ရှိမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်ကြီးကြပ်အုပ်ထိန်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [86] ထို့ပြင် အသင်တို့သည် (စလာမ် ‌မေတ္တာပို့)နှုတ်ခွန်းဆက်မှု တစ်စုံတစ်ခုနှင့် နှုတ်ခွန်းဆက်သခံကြရ‌သောအခါ အသင်တို့သည် ထို(စလာမ် ‌မေတ္တာပို့)နှုတ်ခွန်းဆက်ခြင်းခံရသည်ထက် ပို‌ကောင်း‌သောနည်းဖြင့် နှုတ်ခွန်းပြန်ဆက်ကြပါ။ သို့်မဟုတ် ထိုအတိုင်း တုံ့ပြန် နှုတ်ခွန်းဆက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်စစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [87] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်သည် အသင်တို့အား ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် အမှန်စင်စစ် စုရုံး‌တော်မူမည်။ ဤကိစ္စတွင် သံသယဖြစ်စရာမရှိ‌ပေ။ ၎င်းပြင် စကားအရာတွင် အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာ‌ပြောဆိုသူ မည်သူရှိမည်နည်း။

    [88] ၎င်းပြင် အသင်တို့သည် မည်သည်အတွက်‌ကြောင့် အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များနှင့် ပတ်သက်ပြီး အုပ်စုနှစ်စု*ကွဲ‌နေကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား သူတို့၏ပြုမူဆည်းပူးချက်များ‌ကြောင့် ‌ပြောင်းပြန်လှည့်ထား‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှား‌ပေါ်ချထား‌တော်မူ‌သောသူများအား အသင်တို့က လမ်းမှန်‌ပေါ် တင်လိုကြသ‌လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က လမ်းမှား‌ပေါ်ချထား‌တော်မူ‌သောသူများအတွက် မည်သည့်လမ်းကိုမှ အသင် လုံးဝ‌တွေ့မည် မဟုတ်‌တော့‌ပေ။

    [89] ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် သူတို့(ကိုယ်တိုင်) ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသကဲ့သို့ အသင်တို့အားလည်း ကာဖိရ်ငြင်းပယ်သူများဖြစ်ကြရန် ‌တောင့်တခဲ့ကြသည်။ သို့မှသာ အသင်တို့သည်လည်း သူတို့နှင့်တန်းတူဖြစ်ကြမည်။ သို့ဖြစ်ရာ ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်းထွက်ခွာသွားခြင်း မပြုသမျှ အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်‌ဆွေမပြုလုပ်ကြနှင့်။ ထို့‌နောက် အကယ်၍ သူတို့သည် (ဟိဂျ်ရသ်အမိန့်‌တော်ကို) ‌သွေဖည်‌ရှောင်လွှဲသွားကြလျှင် အသင်တို့သည် သူတို့အား ‌တွေ့ရာအရပ်တွင် ဖမ်းဆီးကြပြီး သတ်ဖြတ်ကြပါ။ ၎င်းပြင် အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်‌ဆွေအဖြစ်နှင့်လည်း‌ကောင်း၊ ကူညီသူအဖြစ်နှင့်လည်း‌ကောင်း မပြုလုပ်ကြနှင့်။

    [90] သို့ရာတွင် အကြင်(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အကြင်လူမျိုးအုပ်စုများထံ ပူ‌ပေါင်းကြသည်။ ထိုလူမျိုးအုပ်စုနှင့် အသင်တို့ကြားတွင် (ငြိမ်းချမ်း‌ရေး)ချုပ်ဆိုထားသည်။ သို့မဟုတ် ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အသင်တို့ထံသို့ လာကြ‌သော်လည်း သူတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန် သို့မဟုတ် သူတို့၏လူမျိုးအုပ်စု(ကာဖိရ်)များကို တိုက်ခိုက်ရန် ရင်‌လေး‌နေသည်။ ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်စင်စစ် သူတို့အား အသင်တို့အ‌ပေါ်တွင် နိုင်နင်း‌စေ‌တော်မူခဲ့မည်။ သို့ဖြစ်လျှင် အမှန်ပင် သူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြလိမ့်မည်။ ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့ထံမှ ဆုတ်ခွာပြီး အသင်တို့နှင့် တိုက်ခိုက်မှု မပြုဘဲ‌နေခဲ့ကြလျှင်၊ ၎င်းပြင် သူတို့သည် အသင်တို့ထံသို့ ငြိမ်းချမ်း‌ရေးကမ်းလှမ်းခဲ့ကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သူတို့နှင့် ဆန့်ကျင်စစ်တိုက်ကြရန် မည်သည့်နည်းနှင့်မျှ ခွင့်ပြု‌တော်မူမည် မဟုတ်‌ပေ။

    [91] အသင်တို့သည် အခြားသူများအားလည်း မကြာမီ ‌တွေ့ရှိကြမည်။ ထိုသူများသည် အသင်တို့၏‌ဘေးရန်များမှသာမက သူတို့လူမျိုးဖြစ်‌သော ကာဖိရ်များ၏‌ဘေးရန်များကလည်း လွတ်ကင်းချမ်းသာစွာ ‌နေလိုကြသည်။ သူတို့သည် မည်သည့်အခါပင်ဖြစ်‌စေ စစ်တိုက်မှုတွင် ကာဖိရ်များ၏ပြန်သိမ်းသွင်းခြင်းကို ခံကြရလျှင် ထိုတိုက်ခိုက်မှုဘက်ကိုသာ ပြန်လှည့်တတ်ကြသည်။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် အသင်တို့(နှင့် စစ်တိုက်ခြင်း)မှ ဆုတ်ခွာမ‌နေခဲ့ကြလျှင်၊ ၎င်းပြင် အသင်တို့ထံသို့ ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှု မပြုခဲ့ကြလျှင်၊ ၎င်းပြင် သူတို့လက်များကို (အသင်တို့နှင့် စစ်တိုက်ခြင်းမှ) ချုပ်တည်းထားခြင်း မပြုခဲ့ကြလျှင် အသင်တို့သည် သူတို့အား ‌တွေ့ရာအရပ်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ကြပါ။ ဤသူများအ‌ပေါ်၌ပင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှား‌သောအာဏာနိုင်နင်းမှုကို ‌ပေးသနား‌တော်မူခဲ့သည်။

    [92] ထို့ပြင် မှားယွင်းချွတ်‌ချော်ပြီး သတ်မိသည်မှလွဲ၍ မုအ်မင်န်တစ်ဦးသည် အခြားမုအ်မင်န်တစ်ဦးအား မသတ်ထိုက်‌ပေ။* ထို့ပြင် အကြင်သူသည် မှား၍ မုအ်မင်န်တစ်ဦးအား သတ်မိလျှင် (ထိုသူ၏အ‌ပေါ်၌) မုအ်မင်န်ကျွန်တစ်ဦးကို သူ‌ကောင်းပြုရမည့်အပြင် ထို(အသတ်ခံရ‌သော)သူ၏‌ဆွေမျိုး အ‌မွေစားအ‌မွေခံများကို ‌လျော်‌ကြေး‌ပေးရန်တာဝန်ရှိသည်။* သို့ရာတွင် ထိုအ‌မွေစားအ‌မွေခံများက ခွင့်လွှတ်ခဲ့လျှင် (‌လျော်‌ကြေး‌ပေးရန်မလို‌ပေ)။* ၎င်းပြင် အကယ်၍ ထို(မှားသတ်ခံရ‌သော)သူသည် မုအ်မင်န်ဖြစ်လျက် အသင်တို့၏ ရန်သူများ၏အုပ်စုထဲမှဖြစ်မည်ဆိုလျှင် (သတ်မိသူအ‌ပေါ်၌) မုအ်မင်န်ကျွန်တစ်ဦးကို သူ‌ကောင်းပြုရန်သာ တာဝန်ရှိသည်။* ထို့ပြင် အကယ်၍ ထို(မှားသတ်ခံရ‌သော)သူသည် အသင်တို့၏မဟာမိတ်အုပ်စုထဲမှ ဖြစ်ခဲ့လျှင် ထိုသူ၏ အ‌မွေစားအ‌မွေခံများကို ‌လျော်‌ကြေး‌ပေးရမည့်အပြင် မုအ်မင်န်ကျွန်တစ်ဦးကိုလည်း သူ‌ကောင်းပြုရန်တာဝန်ရှိသည်။ ၎င်းပြင် အကြင်သူသည် (ကျွန်ကို သူ‌ကောင်းပြုရန်)မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လဆက်တိုက် ‌စွောင်မ်ဥပုသ်‌စောင့်ထိန်းရမည်ဖြစ်သည်။* ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ သတ်မှတ်ပြဋ္ဌာန်း‌တော်မူ‌သော ဝန်ချ‌တောင်းပန်နည်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [93] ထို့ပြင် အကြင်သူသည် မုအ်မင်န်တစ်ဦးအား အ‌ကြောင်းမဲ့တမင်သတ်ခဲ့လျှင် ထိုသူ၏အပြစ်သည် (အမှန်ဆိုလျှင်)ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထိုငရဲဘုံတွင် အမြဲ‌နေရမည်ဖြစ်သည်။ (သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် အမြဲမ‌နေရ‌တော့ဘဲ အီမာန်၏ဗရကသ်ဖြင့် ‌နောက်ဆုံးတွင် လွတ်‌မြောက်သွားမည်ဖြစ်သည်)။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အ‌ပေါ်တွင် (ကာလတစ်ခုအထိ)အမျက်ထား‌တော်မူမည်။* ၎င်းပြင် ထိုသူ့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည်။ ထိုသူ့အတွက် ကြီး‌လေး‌သောအပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ထား‌တော်မူမည်။

    [94] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် (စစ်တိုက်ရန်) ခရီးထွက်ကြ‌သောအခါ (ရန်သူနှင့်မိတ်‌ဆွေ ခွဲခြားနိုင်ရန်) စုံစမ်းစစ်‌ဆေးကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့ကို စလာမ်(‌မေတ္တာ)ပို့သ‌သောသူအား အသင်သည် မုအ်မင်န်မဟုတ်ဟူ၍ မ‌ပြောကြနှင့်။ အသင်တို့သည် ‌လောကီပစ္စည်းဥစ္စာများကို ရှာ‌ဖွေကြသည်။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်ထံတွင် လက်ရပစ္စည်းများသည် အ‌မြောက်အမြားရှိသည်။ အသင်တို့လည်း ယခင်က ထိုကဲ့သို့ပင် (စလာမ်‌ပေးရုံ၊ ကလိမဟ်ဖတ်ရုံမျှသာ) ဖြစ်ခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌လေ့လာစူးစမ်း စစ်‌ဆေးကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [95] အီမာန်ယုံကြည်သူများထဲမှ ချို့ယွင်းချို့တဲ့သူများ*မဟုတ်ဘဲ (အိမ်၌)ထိုင်‌နေကြ‌သောသူများနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ‌သောသူများသည် မတူညီကြ‌ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသူများအား (အိမ်၌)ထိုင်‌နေကြ‌သောသူများထက် အဆင့်အတန်း မြင့်မြတ်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုင်‌နေသူများနှင့် စစ်တိုက်သူများ)အားလုံးကို ‌ကောင်းကျိုး‌ပေးသနား‌တော်မူမည်ဟု ကတိပြုထားပြီးဖြစ်သည်။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူများအား (အိမ်၌)ထိုင်‌နေကြ‌သောသူများထက် ကြီးကျယ်‌သော အကျိုး‌ကျေးဇူး(ချီးမြှင့်မှု)ဖြင့် မြင့်မြတ်‌စေ‌တော်မူခဲ့သည်။

    [96] ထို(အလ္လာဟ်)အရှင်မြတ်ထံ‌တော်မှ အဆင့်အတန်းများ(ကို ချီးမြှင့်မှုနှင့်) အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူခြင်းအပြင် သနားကရုဏာပြုမူခြင်းတို့နှင့် (သူတို့ကို မြင့်မြတ်‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [97] အမှန်စင်စစ် ‌ကောင်းကင်တမန်များသည် မိမိကိုယ်ကို နှိပ်စက်‌နေကြ‌သော (အပြစ်ကျူးလွန်)သူများ(၏အသက်)ကို နှုတ်ခဲ့ကြပြီး သူတို့အား ‌ကောင်းကင်တမန်များသည် (ဤသို့)စစ်‌ဆေး‌မေးမြန်းကြမည်- အသင်တို့သည် မည်သည့်ကိစ္စထဲတွင် ရှိ‌နေကြသနည်း။ သူတို့က ‌ဖြေကြားကြမည်- ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏)အရပ်‌ဒေသတွင် အားနည်းပြီး ဖိနှိပ်ချုပ်ချယ်မှုခံ‌နေရသူများဖြစ်ခဲ့ကြပါသည်။ ‌ကောင်းကင်တမန်များက (ဤသို့)‌ပြောဆိုကြမည်- အလ္လာဟ်အရှင်မြတ်၏ပထဝီ‌မြေပြင်သည် ‌ရွှေ့‌ပြောင်း‌နေထိုင်နိုင်‌လောက်‌အောင် ကျယ်ဝန်းသည်မဟုတ်‌လော။ ထို(သို့ ‌ရွှေ့‌ပြောင်း‌နေထိုင်နိုင်ကြပါလျက်နှင့် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုကြသည့်)အတွက်‌ကြောင့် သူတို့၏ဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံပင်သည် အလွန်ဆိုးဝါး‌သော ‌နေရာထိုင်ခင်းဖြစ်သည်။

    [98] သို့ရာတွင် မသန်မစွမ်းချည့်နဲ့‌သော အကြင်‌ယောက်ျား၊မိန်းမနှင့်က‌လေးများသည် (ဟိဂျ်ရသ်ပြုလုပ်ရန် မည်ကဲ့သို့မှ) မကြံဆနိုင်ကြသည်သာမက မည်သည့်လမ်းကိုမှလည်း မ‌တွေ့ရှိကြ‌ပေ။

    [99] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများကို မကြာမီ ခွင့်လွှတ်‌တော်မူလိမ့်မည်ဟု မုချ‌မျှော်လင့်ရ‌ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [100] ထို့ပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဟိဂျ်ရသ်စွန့်ခွာ ‌ရွှေ့‌ပြောင်း‌နေထိုင်မည်ဆိုလျှင် ထိုသူသည် ကမာ္ဘ‌မြေတွင် အ‌ခြေချ‌နေထိုင်နိုင်သည့်‌နေရာများစွာနှင့် ကျယ်ဝန်းမှုကို ‌တွေ့ရှိရလိမ့်မည်။ အမှန်ပင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်ဘက်ကို ရည်စူးပြီး သူ၏အိမ်မှ မုဟာဂျိရ်စွန့်ခွာ‌ရွှေ့‌ပြောင်းသူဖြစ်လျက် ထွက်ခွာခဲ့ပြီး‌နောက် သူ၏ထံသို့ ‌သေခြင်းတရား ဆိုက်‌ရောက်လာခဲ့လျှင် အမှန်စင်စစ် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ အတည်ဖြစ်သွားပြီးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [101] ထို့ပြင် အသင်တို့သည် ကမာ္ဘ‌မြေတွင်ခရီးထွက်ခဲ့ကြ‌သောအခါ အသင်တို့သည် အသင်တို့ကို ကာဖိရ်ငြင်းပယ်သူများက ဒုက္ခ‌ပေးကြမည်ကို စိုးရိမ်ကြရလျှင်၊ အသင်တို့တွင် စွလာသ်ဝတ်ပြုခြင်းကို ‌လျှော့ပြုသည့်အတွက်* အပြစ်မရှိ‌ပေ။ အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏ထင်ရှား‌သောရန်သူများဖြစ်ကြသည်။

    [102] ထို့ပြင် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် သူတို့ထဲ၌ရှိ‌နေပြီး သူတို့အတွက် စွလာသ်ဝတ်ပြုမှုကို စီစဉ်ခဲ့လျှင်၊ ထိုအခါ သူတို့ထဲမှ လူတစ်စုသည် အသင်တို့နှင့်အတူ ရပ်ကြရမည်။ ထို့ပြင် သူတို့သည် သူတို့၏လက်နက်များကိုလည်း ယူ‌ဆောင်ထားကြရမည်။ ၎င်းပြင် သူတို့သည် စဂျ်ဒဟ်ဦးချပြီး‌သောအခါ အသင်တို့၏‌နောက်သို့ဆုတ်သွားကြရမည်။ ထို့‌နောက် စွလာသ်ဝတ်မပြုကြရ‌သေး‌သော အခြားအုပ်စုသည် လာပြီး‌နောက် အသင်တို့နှင့်အတူ စွလာသ်ဝတ်ပြုကြရမည်။* ထို့ပြင် သူတို့လည်း သူတို့၏‌ဘေးရန်ကို သတိဝိရိယထားပြီး လက်နက်များကို ယူ‌ဆောင်ထားကြရမည်။ ကာဖိရ်ငြင်းပယ်သူများကမူ အကယ်၍ အသင်တို့သည် အသင်တို့၏လက်နက်နှင့် အသုံးအ‌ဆောင်ပစ္စည်းများကို ‌မေ့‌လျော့သွားကြလျှင် သူတို့သည် အသင်တို့ကို တဟုန်ထိုးဝင်‌ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြသည်။ ထို့ပြင် အကယ်၍ အသင်တို့တွင် မိုးရွာသွန်းမှု‌ကြောင့် (လက်နက်များကိုင်‌ဆောင်ပြီး စွလာသ်ဝတ်ပြုရန်) ခဲယဉ်းမှုရှိခဲ့လျှင် သို့မဟုတ် အသင်တို့သည် ‌ရောဂါသည်များဖြစ်ခဲ့လျှင် အသင်တို့၏လက်နက်များကို ချထားသည့်အတွက် အသင်တို့တွင် အပြစ်မရှိ‌ပေ။ (သို့ရာတွင်)အသင်တို့သည် အသင်တို့အတွက် (တတ်နိုင်သမျှ)အကာအကွယ်ယူထားကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေမည့် အပြစ်ဒဏ်ကို အသင့် ပြုလုပ်ထား‌တော်မူသည်။

    [103] ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုပြီးကြ‌သောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တပ်ရပ်လျက်၊ ထိုင်လျက်၊ လဲ‌လျောင်းလျက်နှင့် သတိရ တသကြပါ။* ထို့‌နောက် အသင်တို့သည် ‌ဘေးရန်ကင်းငြိမ်းပြီး စိတ်ချရ‌သောအခါ (ပုံမှန်အတိုင်း) စွလာသ်ကို‌ဆောက်တည်ကြပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် အချိန်ကာလပိုင်းခြားပြီး အတည်သတ်မှတ်ပြဋ္ဌာန်းထား‌သော ဖရဿွ်တာဝန်တစ်ရပ်ဖြစ်သည်။

    [104] ထို့ပြင် အသင်တို့သည် ရန်သူများအား (တိုက်ခိုက်ရန်)လိုက်လံရှာ‌ဖွေရာတွင် စိတ်အားမ‌လျှော့ကြနှင့်။ အကယ်၍ အသင်တို့သည် ဒုက္ခခံစားကြရလျှင် သူတို့လည်း အသင်တို့ကဲ့သို့ ဒုက္ခခံစားကြရသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့မ‌မျှော်လင့်‌သောအရာများကို ‌မျှော်လင့်ကြရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [105] အသင်(တမန်‌တော်)သည် လူများကြားတွင် အလ္လာဟ်အရှင်မြတ်အ‌နေနှင့် အသင့်အား ပြသ‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ရန်* ငါအရှင်မြတ်သည် အသင်၏ထံသို့ မှန်ကန်မှုနှင့်တကွ ကျမ်းမြတ်ကုရ်အာန်ကို အမှန်ပင် ချ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အသင်သည် သစ္စာ‌ဖောက်လိမ်လည်လှည့်ဖြား အလွဲသုံးစားလုပ်‌သောသူများဘက်မှ ကာကွယ်‌ချေပ‌ပြောဆိုသူ မဖြစ်‌လေနှင့်။

    [106] ထို့ပြင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [107] ထို့ပြင် မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားသူများဘက်မှ* အသင်သည် ခုခံ‌ပြောဆိုခြင်းမပြုပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့ပြီး မ‌ကောင်းမှု၌ နစ်မွန်း‌နေသူများကို နှစ်သက်‌တော်မမူ‌ပေ။

    [108] သူတို့သည် လူများကိုမူ(ရှက်‌သော‌ကြောင့် သူတို့၏အပြစ်များမှ)ဖုံးကွယ်‌နေကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုမူ အရှင်မြတ်သည် သူတို့နှင့်အတူရှိ‌နေပါလျက် (မရှက်ကြသည့်အပြင်) ဖုံးကွယ်နိုင်ခြင်းမရှိကြ‌ပေ။ အကြင်အခါတွင် သူတို့သည် အရှင်မြတ်နှစ်သက်‌တော်မူခြင်းမရှိ‌သော စကားရပ်များကို ညအချိန် တိတ်ဆိတ်စွာကြံစည်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြ‌သော အမှုကိစ္စအဝဝကိုလည်း လွှမ်းခြုံသိရှိ‌တော်မူသည်။

    [109] အသင်တို့သည် ထိုသစ္စာ‌ဖောက်များဘက်မှ ဤဘဝတွင် ခုခံ‌ချေပ‌ပြောဆိုခဲ့ကြသည်။ ထို့‌နောက် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အရှင်မြတ်အား မည်သူ ခုခံ‌ချေပ‌ပြောဆိုမည်နည်း။ သို့မဟုတ် သူတို့အတွက် ကာကွယ်‌ပေးမည့်တာဝန်ခံ မည်သူရှိမည်နည်း။

    [110] ထို့ပြင် မည်သူမဆို မ‌ကောင်းမှုတစ်စုံတစ်ခု ကျူးလွန်မိလျှင် သို့မဟုတ် သူသည် သူ့ကိုယ်သူနှိပ်စက်လျှင်၊ ထို့‌နောက် သူသည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်အဖြစ် ‌တွေ့ရှိလိမ့်မည်။

    [111] ထို့ပြင် မည်သူမဆို မ‌ကောင်းမှုကိုရှာ‌ဖွေလျှင် ထိုသူသည် သူ့ကိုယ်သူနစ်နာ‌အောင် (သူ့ကိုယ်နှင့် ဆန့်ကျင်ပြီး)ရှာ‌ဖွေခြင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [112] ထို့ပြင် မည်သူမဆို ‌သေးငယ်‌သောအပြစ်ကိုဖြစ်‌စေ၊ သို့မဟုတ် ကြီး‌လေး‌သောအပြစ်ကိုဖြစ်‌စေ ကျူးလွန်ပြီး‌နောက် ထိုပြစ်မှုနှင့်ပတ်သက်၍ အပြစ်ကင်း‌သောသူ တစ်ဦးတစ်‌ယောက်ကို စွပ်စွဲခဲ့လျှင် ထိုသူသည် အမှန်စင်စစ် (ကြီးမား‌သော)စွပ်စွဲမှုနှင့် ထင်ရှား‌သောပြစ်မှုကို ကျူးလွန်ခဲ့ပြီဖြစ်သည်။

    [113] ၎င်းပြင် အကယ်၍ အသင်(တမန်‌တော်)၏အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူးနှင့် သနားကြင်နာမှုသာမရှိခဲ့လျှင် သူတို့ထဲမှ လူတစ်စုသည် အသင့်ကို လမ်းလွဲ‌စေကြရန် အမှန်စင်စစ် စိတ်ဆုံးဖြတ်ခဲ့ကြပြီဖြစ်သည်။ သူတို့သည် သူတို့ကိုယ်ကိုသာ လမ်းလွဲ‌စေလျက်ရှိ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် အသင့်အား လုံးဝ နစ်နာ‌စေနိုင်ကြမည်လည်း မဟုတ်‌ပေ။ (အဘယ့်‌ကြောင့်ဆို‌သော်) အလ္လာဟ်အရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ကျမ်း‌တော်မြတ်နှင့် ပညာဉာဏ်အ‌မြော်အမြင်ကို ချ‌ပေးသနား‌တော်မူခဲ့ခြင်း‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင် မသိနားမလည်ခဲ့‌သောအရာများကိုလည်း အသင့်အား သင်ကြားပြသ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်သည် အသင်၏အ‌ပေါ်တွင် ကြီးမားလှသည်။

    [114] အများအားဖြင့် သူတို့၏လျှို့ဝှက်‌ဆွေး‌နွေးမှုများတွင် ‌ကောင်းမြတ်ခြင်းမရှိ‌ပေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းရန်ကိစ္စ သို့မဟုတ် လူများကြားတွင် ‌စေ့စပ်‌ပေး‌သောကိစ္စကို ညွှန်ကြားမည်ဆိုလျှင် (ထိုကဲ့သို့ ကိစ္စများနှင့်ပတ်သက်၍ လျှို့ဝှက်တိုင်ပင်ခြင်း၌သာ ‌ကောင်းမြတ်ခြင်းရှိသည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုရယူရန်အတွက် ထိုကိစ္စများကို ပြုမူ‌ဆောင်ရွက်မည်ဆိုလျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူ့အား ကြီးကျယ်‌သောအကျိုးကို ချီးမြှင့်‌တော်မူမည်။

    [115] ထို့ပြင် မည်သူမဆို သူ့အတွက် တရားလမ်းမှန်သည် ထင်ရှားခဲ့ပြီး‌နောက် ရစူလ်တမန်‌တော်ကို ဆန့်ကျင်မည်၊ ၎င်းပြင် ထိုသူသည် အီမာန်ယုံကြည်သူများ၏ လမ်းစဉ်မှလွဲ၍ အခြားလမ်းစဉ်ကို လိုက်နာမည်ဆိုလျှင်၊ ငါအရှင်မြတ်သည် ထိုသူ့အား သူကိုယ်တိုင် လှည့်သည့်ဘက်သို့ လှည့်‌ပေး‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲဘုံထဲသို့ ထည့်သွင်း‌တော်မူမည်။* ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့‌သော ပြန်လည်ရာစခန်းဖြစ်သည်။

    [116] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သည်ကို လုံးဝ ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* သို့ရာတွင် ထိုအရာမှလွဲ၍ အခြားအပြစ်ကိုမူ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် (မှန်ကန်‌သောလမ်းမှ) အလွန်‌ဝေးလံ‌သောလမ်းမှားသို့ အမှန်စင်စစ် လွဲမှားသွားပြီဖြစ်သည်။

    [117] သူတို့သည် အရှင်မြတ်မှလွဲ၍ “မ“(အမည်‌ပေးထား‌သောရုပ်တု)များကိုသာ ဟစ်‌ခေါ်ကိုးကွယ်ကြသည်။* ထို့ပြင် အမှန်စင်စစ် သူတို့သည် ‌သောင်းကျန်းပုန်ကန်‌သော ရှိုင်သွာန်ကိုသာ ဟစ်‌ခေါ်ကိုးကွယ်ခြင်းဖြစ်သည်။

    [118] အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ကို ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့ပြီးဖြစ်သည်။ ရှိုင်သွာန်က ‌ပြောဆို‌လျှောက်ထားခဲ့သည်- ကျွန်ုပ်သည် အရှင်မြတ်၏ကျွန်များထဲမှ ခွဲ‌ဝေသတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်‌သော ‌ဝေစု‌ဝေပုံတစ်ခုကို အမှန်မုချ ပြုလုပ်မည်ဖြစ်သည်။

    [119] ၎င်းပြင် ကျွန်ုပ်သည် သူတို့အား လမ်းမှားကို အမှန်မုချ ‌ရောက်‌အောင်လုပ်မည်။ ၎င်းပြင် သူတို့အား မက်‌မောမှု အမှန် ဖြစ်‌စေမည်။ ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်‌ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် ‌ခြေ‌လေး‌ချောင်းသတ္တဝါများ၏ နားရွက်များကို အမှန်ပင် ဖြတ်‌တောက်ကြလိမ့်မည်။* ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်‌ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းခံများ (၏သ‌ဘော သဘာဝ)ကို သူတို့သည် အမှန်ပင် ‌ပြောင်းလဲပစ်ကြလိမ့်မည်။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်သွာန်ကို အ‌ဆွေခင်ပွန်းပြုလုပ်လျှင် ထိုသူသည် အမှန်ပင် ထင်ရှား‌သော နစ်နာဆုံးရှုံးမှုကို ခံစားရမည်။

    [120] ထိုရှိုင်သွာန်သည် သူတို့အား ကတိ‌ပေးသည်။ ‌တောင့်တ မက်‌မော‌စေသည်။ သို့ရာတွင် ထိုရှိုင်သွာန်သည် သူတို့အား လိမ်လည်ဖြား‌ယောင်းမှုနှင့်သာ ကတိ‌ပေးသည်။

    [121] ထိုသူများပင်၊ သူတို့၏ခိုလှုံရာ‌နေရာသည် ဂျဟန္နမ်ငရဲဘုံဖြစ်သည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံမှ ထွက်‌ပြေးလွတ်‌မြောက်မည့်‌နေရာ တစ်‌နေရာကိုမှ ‌တွေ့ရှိကြမည်မဟုတ်‌ပေ။

    [122] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုမူခဲ့ကြသည်။ ငါအရှင်မြတ်သည် မကြာမီ သူတို့ကို ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌နေထိုင်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်။ (အလ္လာဟ်အရှင်မြတ်သည်) အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြုထား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထက်ပိုပြီး စကားအရာတွင်မှန်ကန်စွာ‌ပြောဆိုသူ မည်သူရှိမည်နည်း။

    [123] အသင်တို့လိုချင်သည့်အတိုင်းလည်း မဖြစ်သည်သာမက ကျမ်းရသူများ၏ လိုချင်သည့်အတိုင်းလည်း မဖြစ်‌ပေ။ မည်သူမဆို မ‌ကောင်းမှုကို ကျူးလွန်လျှင် ထိုမ‌ကောင်းမှုအတွက် အပြစ်‌ပေးခံရမည်။ ၎င်းပြင် သူသည် သူ့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်ဦးတစ်‌ယောက်ကို မိတ်‌ဆွေအဖြစ်၊ ကူညီ‌စောင်မမည့်သူအဖြစ် ‌တွေ့ရမည် မဟုတ်‌ပေ။

    [124] ထို့ပြင် မည်သူမဆို ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ အီမာန်ယုံကြည်သူဖြစ်လျက်* ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်လျှင်၊ ထိုသူများသည် ဂျန္နသ်သုခဘုံသို့ ဝင်‌ရောက်ကြရမည့်အပြင် သူတို့သည် အနည်းငယ်မျှပင် နှိပ်စက်ခံကြရမည်လည်းမဟုတ်‌ပေ။

    [125] ထို့ပြင် အကြင်သူထက် ဒီန်သာသနာအားဖြင့် ပိုမိုမြင့်မြတ်‌သောသူသည် မည်သူ ရှိဦးမည်နည်း။ ထိုသူသည် ‌ကောင်းကျိုး‌ဆောင်ရွက်သူဖြစ်လျက် သူ၏မျက်နှာ(သူ၏ကိုယ်)ကို အလ္လာဟ်အရှင်မြတ်ထံတွင် အပ်နှံခဲ့သည့်အပြင် သူသည် ‌ဖြောင့်မတ်မှန်ကန်‌သော (တမန်‌တော်)အိဗ်ရာဟီမ်၏ဒီန်သာသနာ*ကိုလည်း လိုက်နာခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်ကို မိတ်‌ဆွေအဖြစ် ပြုလုပ်ချီးမြှင့်‌တော်မူခဲ့သည်။

    [126] ထို့ပြင် မိုး‌ကောင်းကင်များ၌ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်‌တော်မူ‌သောအရာများပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို တန်ခိုး‌တော်နှင့် ဝန်းရံထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [127] ထို့ပြင် သူတို့သည် မိန်းမများနှင့်ပတ်သက်၍ အသင့်ထံသို့ ဆုံးဖြတ်ချက်လာ‌တောင်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောဆို‌ဖြေကြားလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် မိန်းမများနှင့်ပတ်သက်၍ အသင်တို့ကို ပြဋ္ဌာန်း‌ပေး‌တော်မူသည်။ ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ်တွင် အသင်တို့ကို ဖတ်ရွတ်ပြခဲ့‌သော အာယတ်‌တော်များသည်လည်း (ပြဋ္ဌာန်းပြီးဖြစ်လျက်)ရှိသည်။ ထို(အာယသ်‌တော်)များသည် အကြင်မိဘမဲ့မိန်းက‌လေးများနှင့်ပတ်သက်‌သော အာယသ်‌တော်များဖြစ်သည်။ ထိုမိန်းက‌လေးများအတွက် ပြဋ္ဌာန်းထား‌တော်မူ‌သော အခွင့်အ‌ရေးများကို သူမတို့အား အသင်တို့သည် မ‌ပေးကြ‌ပေ။ ထို့ပြင် အသင်တို့သည် ထိုမိန်းက‌လေးများနှင့်လည်း ထိမ်းမြားလိုကြသည်။ (ထိုအာယသ်‌တော်များသည်)ထိုကဲ့သို့ အားအင်ချည့်နဲ့သည့်က‌လေးများနှင့်ပတ်သက်‌သော အမိန့်‌တော်များဖြစ်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများနှင့်ပတ်သက်၍ မျှတစွာ ‌ဆောင်ရွက်ကြရန်အတွက် အမိန့်‌တော်လည်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မည်သည့်‌ကောင်းမှုကိုမဆို ပြုလုပ်သည်ဖြစ်‌စေ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထို‌ကောင်းမှုကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [128] ထို့ပြင် အကယ်၍ အကြင်မိန်းမတစ်ဦးသည် သူ့‌ယောက်ျား၏နှိပ်စက်မှု သို့မဟုတ် လျစ်လျူရှု စွန့်ပစ်ထားမှုကိုစိုးရိမ်ခဲ့လျှင် သူတို့နှစ်ဦးသည် အကယ်၍ ပြန်လည်သင့်မြတ်‌စေမည့် စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ပြီး ပြန်လည်သင့်မြတ်‌အောင်လုပ်ကြလျှင် သူတို့နှစ်ဦးအ‌ပေါ်တွင် မည်သည့်အပြစ်မျှမရှိ‌ပေ။* ထို့ပြင် ပြန်လည်သင့်မြတ်ခြင်းသည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် (လူသား၏)စိတ်များသည် ‌လောဘရမ္မက်(တစ်ခုမဟုတ်တစ်ခု)ကို အသင့်‌ရောက်ရှိ‌အောင် ထည့်‌ပေးခြင်းခံခဲ့ရသည်ပင်ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ‌ကောင်းမွန်စွာဆက်ဆံ၍ (မ‌ကောင်းသည်များမှ)‌ရှောင်ကြဉ်ကြလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [129] ထို့ပြင် အသင်တို့သည် (မည်မျှပင် တရားမျှတရန်)ဆန္ဒထားကြလျှင်လည်း ဇနီးမိန်းမများ၏ကြားတွင် (ဘက်‌ပေါင်းစုံမှ) တရားမျှတ‌အောင် လုံးဝ ပြုနိုင်ကြမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် ဇနီးမိန်းမတစ်ဦးကို (မတင်မကျ)တွဲ‌လောင်းချထားသကဲ့သို့ဖြစ်‌စေရန် (အခြား)ဇနီးတစ်ဦးဘက်သို့ လုံးလုံးလျားလျား (ဘက်လိုက်)ယိမ်းယိုင်မသွားကြနှင့်။* ထို့ပြင် အကယ်၍ အသင်တို့သည် (ထိုကဲ့သို့ တစ်ဖက်သတ်ယိမ်းယိုင်ခြင်းများကို)ပြုပြင်ပြီး ဆင်ခြင်‌နေထိုင်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [130] ထို့ပြင် အကယ်၍ သူတို့နှစ်ဦးသည် (အဆင်မ‌ပြေ‌တော့သည့်အဆုံး)ကွာရှင်းခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်များစွာနှင့် (သူတို့နှစ်ဦးအား) တစ်ဦးကိုတစ်ဦး မမှီခိုရ‌အောင် ပြုလုပ်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [131] ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့မတိုင်မီ ကျမ်းရထားသူများနှင့်အသင်တို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ“ဟု မိန့်‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ငြင်းပယ်ကြလျှင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ အမှန်ပိုင်ဆိုင်‌တော်မူသည့်အတွက် (အရှင်မြတ်တွင် အနည်းငယ်မျှ ‌လျော့နည်းသွားမည် မဟုတ်‌ပေ၊ အသင်တို့သာ ဆုံးရှုံးနစ်နာမည်)။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [132] ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ အမှန်ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်သာ အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [133] အို- လူသားအ‌ပေါင်းတို့၊ အကယ်၍ အရှင်မြတ်သာ အလိုရှိ‌တော်မူလျှင် အသင်တို့ကို ဖယ်ရှားပြီး အခြားသူများကို (အစားထိုးကာ)‌ခေါ်ယူလာ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [134] မည်သူမဆို ဤဘဝ၏အကျိုးကို(သာ)အလိုရှိလျှင် (အရှင်မြတ် ‌ပေးလို‌သောသူကို ‌ပေးလိုသမျှသာ ‌ပေးမည်ဖြစ်သည်) အရှင်မြတ်ထံ၌မူ ဤဘဝနှင့်‌နောင်ဘဝ(နှစ်ဘဝလုံး)၏ အကျိုး‌ကျေးဇူးများရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [135] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် တရားမျှတမှုနှင့် တည်တံ့သူများဖြစ်ကြပါ။* အသင်တို့ကိုယ်တိုင်နှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊ ‌ဆွေမျိုးသားချင်းများနှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊* အလ္လာဟ်အရှင်မြတ်အတွက် အသင်တို့သည် (မှန်ကန်စွာ)သက်‌သေခံသူများဖြစ်ကြပါ။ အကယ်၍ ဆန့်ကျင်ပြီး သက်‌သေထွက်ရမည့်သူသည် သူ‌ဋ္ဌေးဖြစ်‌စေ၊ ဆင်းရဲသားဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) သူတို့နှစ်ဦးစလုံးနှင့် (ပို၍)အနီးစပ်ဆုံးအရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် တရားမျှတမှုမှ ယိမ်းယိုင်မသွားကြရန်* စိတ်၏အလိုဆန္ဒ‌နောက်ကို မလိုက်ကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့သည် (သက်‌သေခံရာတွင်) ‌ကွေ့‌ကောက်(လိမ်လည်)‌ပြောဆိုကြလျှင်၊ သို့မဟုတ် (သက်‌သေမခံဘဲ)‌ရှောင်တိမ်းကြလျှင်* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [136] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ရစူလ်တမန်‌တော်(မုဟမ္မဒ်-ဆွ)၊ အရှင်မြတ်က အရှင်မြတ်၏တမန်‌တော်(မုဟမ္မဒ်-ဆွ) အ‌ပေါ်ချ‌ပေးခဲ့‌သော ကျမ်း‌တော်မြတ်(ကုရ်အာန်)နှင့် ယခင်က အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်း‌တော်များကို ယုံကြည်ကြပါ။* ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏‌ကောင်းကင်တမန်များ၊ အရှင်မြတ်၏ကျမ်းဂန်များ၊ အရှင်မြတ်၏ရစူလ်တမန်‌တော်များနှင့် ‌နောက်ဆုံး‌နေ့ကို ငြင်းပယ်ခဲ့လျှင် ထိုသူသည် အလွန်‌ဝေး‌သောလမ်းမှားထံသို့ အမှန်ပင် ‌ရောက်သွားပြီဖြစ်သည်။

    [137] အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့‌နောက် ငြင်းပယ်ခဲ့ကြပြန်သည်။ ထို့‌နောက် အီမာန်ယုံကြည်ကြပြန်သည်။ ထို့‌နောက် ငြင်းပယ်ကြပြန်သည်။ ထို့‌နောက် သူတို့သည် ငြင်းပယ်မှုထဲသို့ပင် ဆက်တိုးခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးမည် မဟုတ်သည့်အပြင် လမ်းမှန်‌ရောက်‌အောင်လည်း ပို့‌ဆောင်‌တော့မည်မဟုတ်‌ပေ။

    [138] အသင်သည် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များအား အမှန်စင်စစ် သူတို့အတွက် အလွန်ပြင်းပြနာကျင်‌စေ‌သောအပြစ်ဒဏ်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပြောလိုက်ပါ။

    [139] ထိုသူများသည် မုအ်မင်န်များကို စွန့်လွှတ်ပြီး ကာဖိရ်များကို မိတ်‌ဆွေပြုလုပ်ကြသည်။ ထိုသူများသည် ကာဖိရ်များထံတွင် ဂုဏ်သိက္ခာရှာ‌ဖွေကြသ‌လော။ သို့ဖြစ်လျှင် ဂုဏ်သိက္ခာဟူသမျှသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်ချည်းသာဖြစ်သည်။

    [140] ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ် (ကုရ်အာန်)ကျမ်း‌တော်မြတ်ထဲတွင် (ဤသို့ အမိန့်‌တော်)ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ခြင်း၊ ‌ပြောင်‌လှောင်ခြင်းတို့ကိုကြားရလျှင် သူတို့သည် ထိုစကားမှ အခြားစကားဘက်သို့ နစ်မွန်း(‌ပြောင်းလဲ)မသွား‌သေးသမျှ အသင်တို့သည် သူတို့နှင့်အတူ မထိုင်ကြ‌လေနှင့်။ (ထိုကဲ့သို့ သူတို့နှင့်အတူ ထိုင်ကြလျှင်) အမှန်ပင် အသင်တို့သည်လည်း သူတို့ကဲ့သို့ (အာယသ်‌တော်များကို ငြင်းပယ်‌ပြောင်‌လှောင်သူများ) ဖြစ်သွားကြလိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များနှင့် ကာဖိရ်ငြင်းပယ်သူများအားလုံးကို ဂျဟန္နမ်ငရဲဘုံတွင် စု‌ပေါင်း‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    [141] ထို(အ‌ယောင်‌ဆောင်)သူများသည် အသင်တို့(၌ ကျ‌ရောက်မည့်ဒုက္ခများ)ကို ‌စောင့်‌မျှော်‌နေကြသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌အောင်မြင်မှုကို ရရှိခဲ့လျှင် သူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင်ခဲ့ကြသည် မဟုတ်‌လော“ဟု ‌ပြောဆိုကြသည်။ ထို့‌နောက် အကယ်၍ ‌အောင်မြင်မှုသည် ကာဖိရ်ငြင်းပယ်သူများအတွက်ဖြစ်သွားလျှင် သူတို့က (ကာဖိရ်များထံသွားပြီး ဤသို့)‌ပြောဆိုကြပြန်သည်- “အသင်တို့အ‌ပေါ် ‌အောင်နိုင်‌တော့မည့်အ‌ခြေအ‌နေတွင် ငါတို့သည် အသင်တို့အား မုအ်မင်န်များ၏(‌ဘေးရန်မှ လွတ်‌မြောက်ရန်)ကာကွယ်ခဲ့ကြသည် မဟုတ်‌လော။“ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်‌နေ့တွင် အသင်တို့ကြား၌ စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအား မွတ်စ်လင်မ်များအ‌ပေါ်တွင် (‌အောင်နိုင်ရန်) မည်သည့်လမ်း‌ကြောင်းကိုမှ လုံးဝ ‌ပေး‌တော်မမူ‌ပေ။

    [142] အမှန်စင်စစ် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များသည် အလ္လာဟ်အရှင်မြတ်အား လိမ်လည်လှည့်ဖြားကြသည်။* ၎င်း‌နောက် အရှင်မြတ်သည်လည်း သူတို့အား လှည့်ဖြားလျက်* ရှိ‌တော်မူသည်။ ထု့ိပြင် သူတို့သည် စွလာသ်ဝတ်ပြုရန် ရပ်‌သောအခါ၌လည်း ပျင်းရိစွာဖြင့် လူများအား ပြစားရန်သာ ရပ်ကြသည်။ ထိုု့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မှလွဲ၍ သတိရ တသခြင်းမရှိကြ‌ပေ။

    [143] သူတို့သည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်ငြင်းပယ်မှု၏စပ်ကြား၌ ‌သေချာစွာ စိတ်ဆုံးဖြတ်ချက်မချနိုင်ဘဲ ထိုဘက်မ‌ရောက်၊ ဤဘက်မ‌ရောက် ဖြစ်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားလိုက်လျှင် အသင်သည် ထိုသူ့အတွက် မည်သည့်လမ်း‌ကြောင်းကိုမှ လုံးဝ ‌တွေ့မည်မဟုတ်‌တော့‌ပေ။

    [144] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် မုအ်မင်န်များမှလွဲ၍ ကာဖိရ်များနှင့် မိတ်‌ဆွေမဖွဲ့ကြ‌လေနှင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် အသင်တို့နှင့် ဆန့်ကျင်ပြီး ထင်ရှား‌သောသက်‌သေခံပြုလုပ်လိုကြသ‌လော။

    [145] အမှန်စင်စစ် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များသည် ငရဲဘုံ၏‌အောက်ဆုံးထပ်တွင် ရှိကြမည်။* ထို့ပြင် အသင်သည် သူတို့အတွက် ကူညီမည့်သူ တစ်စုံတစ်ဦးကိုမျှ ‌တွေ့ရမည်မဟုတ်‌ပေ။

    [146] သို့ရာတွင် အကြင်သူများသည် ‌နောင်တရ အမှားဝန်ခံပြီး ပြုပြင်ခဲ့ကြမည်၊ ၎င်း‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်များ)ကိုလည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြမည်၊ ထို့ပြင် သူတို့၏သာသနာကိုလည်း အလ္လာဟ်အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေခဲ့ကြမည်ဆိုလျှင် ထိုသူများသည် အီမာန်ယုံကြည်သူများနှင့် အတူတကွရှိလိမ့်မည်။* ထို့ပြင် မကြာမီ အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို ကြီးကျယ်မြင့်မြတ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်။

    [147] (အို- အ‌ယောင်‌ဆောင်မွတ်စ်လင်မ်အ‌ပေါင်းတို့၊) အကယ်၍ အသင်တို့သည် ‌ကျေးဇူး‌တော်များကို သိပြီး အီမာန်ယုံကြည်ကြမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်ဒဏ်‌ပေးပြီး မည်သည့်အရာ ပြုလုပ်ရမည်နည်း။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အမိန့်နာခံသူအား) အလွန်အကျိုး‌ကျေးဇူးပြု အစား‌ပေး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [148] အလ္လာဟ်အရှင်မြတ်သည် နှိပ်စက်ညှဉ်းပန်းခံရသူမှလွဲ၍* မ‌ကောင်း‌ကြောင်းထုတ်‌ဖော်‌ပြောဆိုသည်ကို နှစ်သက်‌တော်မမူ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူ‌ပြောသမျှကို)အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ (သူလုပ်သမျှကို)အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [149] အကယ်၍ အသင်တို့သည် ‌ကောင်းမှုကို ထုတ်‌ဖော်ကြလျှင်၊ သို့မဟုတ် ထို‌ကောင်းမှုကို လျှို့ဝှက်ထားကြလျှင် သို့မဟုတ် ပြစ်မှုတစ်စုံတစ်ခုကို ခွင့်လွှတ်ကြလျှင် (ထိုအရာသည် အလွန်‌ကောင်းသည်)။ အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [150] အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များကို ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များ၏အကြား၌ ခွဲခြား(ယုံကြည်)လိုကြသည်။ ထို့ပြင် သူတို့က ငါတို့သည် အချို့(တမန်‌တော်များ)ကိုယုံကြည်ကြပြီး အချို့(တမန်‌တော်များ)ကိုငြင်းပယ်ကြသည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် (ယုံကြည်မှုနှင့်ငြင်းပယ်မှု)၏ကြား၌ နည်းလမ်းတစ်ခုကို ပြုလုပ်လိုကြသည်။

    [151] ထိုသူများပင် အမှန်စင်စစ် ငြင်းပယ်သူများဖြစ်ကြသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေ‌သောအပြစ်ဒဏ်ကို အဆင်သင့်ပြင်ဆင်ထား‌တော်မူသည်။

    [152] အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များကို ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့ထဲမှ မည်သည့်(တမန်‌တော်)တစ်ပါးကိုမှ ခွဲခြားမှု မပြုခဲ့ကြ‌ပေ။ ထိုသူများပင် မကြာမီ သူတို့အား အရှင်မြတ်သည် သူတို့၏အကျိုးများကို ‌ပေးသနား‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [153] ယခင်က ကျမ်းရသူ(ယဟူဒီ)များသည် သူတို့ထံသို့ ‌ကောင်းကင်မှ ကျမ်းတစ်‌စောင်ချ‌ပေးရန် အသင့်ထံတွင် ‌တောင်းဆိုကြသည်။ အမှန်မှာ သူတို့သည် ထို့ထက်ကြီးကျယ်‌သောကိစ္စကိုပင် (တမန်‌တော်)မူစာထံ၌ ‌တောင်းဆိုမှုပြုခဲ့ကြ‌သေးသည်။* သူတို့က (တမန်‌တော်မူစာ-အလိုင်ဟိ အား) အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သခင်ကို အထင်အရှားပြသ‌ပေးပါဟု ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏ကျူးလွန်မှု‌ကြောင့် သူတို့အား မိုးကြိုး‌လောင်မီးက ဖမ်းဆီး(သတ်ဖြတ်)ခဲ့သည်။ ထို့‌နောက် သူတို့ထံ ထင်ရှားသည့်သက်‌သေလက္ခများ ‌ရောက်လာပြီး‌နောက်၌ပင် နွားငယ်‌လေးကို (ကိုးကွယ်ရာအရှင်အဖြစ်) ပြုလုပ်(ကိုးကွယ်)ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ထိုပြစ်မှုကို ခွင်လွှတ်‌တော်မူခဲ့‌သေးသည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ထင်ရှား‌သောဩဇာအာဏာ ‌ပေးသနား‌တော်မူခဲ့သည်။

    [154] ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ကတိကဝတ်ရယူရန်အတွက် သွူရ်‌တောင်ကို သူတို့အ‌ပေါ်ပင့်မ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အား မိန့်ကြား‌တော်မူခဲ့သည်- အသင်တို့သည် (မြို့၏)တံခါး‌ပေါက်တွင် ဝပ်တွားပြီး ဝင်ကြပါ။ ထို့ပြင် အသင်တို့သည် စ‌နေ‌နေ့နှင့်ပတ်သက်၍ မကျူး‌ကျော်ကြနှင့်*ဟု မိန့်ကြား‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ထံမှ အလွန်ခိုင်မာ‌သော ကတိကဝတ်ကိုလည်း ရယူ‌တော်မူခဲ့သည်။

    [155] ထို့‌နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ‌ဖောက်ဖျက်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏သက်‌သေလက္ခဏာများကို ငြင်းပယ်ခြင်း၊ နဗီတမန်‌တော်များကို မတရားသတ်ဖြတ်ခြင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ်ပြီးဖြစ်သည်ဟု ‌ပြောဆိုခြင်းတို့‌ကြောင့် (ပြစ်ဒဏ်များခံစားခဲ့ကြရသည်)။ (အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ထိုကဲ့သို့ ဖုံးအုပ်‌နေသည် မဟုတ်‌ပေ) အမှန်မှာ သူတို့၏ငြင်းပယ်မှုများ‌ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြသည်။

    [156] ထို့ပြင် သူတို့၏ငြင်းပယ်မှုနှင့် မရ်ယမ်အား အကြီးအကျယ်စွပ်စွဲ‌ပြောဆိုမှုတို့‌ကြောင့် (သူတို့အား အရှင်မြတ်က ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်)။

    [157] ထို့ပြင် မရ်ယမ်၏သားလည်းဖြစ်၍ အလ္လာဟ်အရှင်မြတ်၏တမန်‌တော်လည်းဖြစ်‌သော မစီဟ်အီစာကို အမှန်ပင် ကျွန်ုပ်တို့သတ်ဖြတ်လိုက်သည်ဟု သူတို့‌ပြောဆိုမှု‌ကြောင့်(လည်း သူတို့အား အရှင်မြတ်က ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်)။ ၎င်းပြင် သူတို့သည် (တမန်‌တော်)အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်း မဟုတ်‌ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်း မဟုတ်‌ပေ။ သို့ရာတွင် သူတို့အတွက် ဆင်တူယိုးမှားဖြစ်‌စေခြင်း ခံခဲ့ရခြင်းသာဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် ၎င်း(တမန်‌တော်အီစာ)နှင့်ပတ်သက်၍ သံသယထဲတွင် အမှန်ပင် ရှိ‌နေကြသည်။ ဤသည်နှင့်ပတ်သက်၍ ထင်မြင်ယူဆမှု‌နောက်ကိုသာ လိုက်‌နေကြသည်မှလွဲ၍ သူတို့တွင် အသိရှိကြသည် မဟုတ်‌ပေ။ ၎င်းပြင် အမှန်စင်စစ် သူတို့သည် ၎င်း(တမန်‌တော်အီစာ)အား မုချသတ်ဖြတ်နိုင်ခဲ့ကြသည် မဟုတ်‌ပေ။

    [158] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်အီစာ)ကို အရှင်မြတ်ထံ‌တော်သို့ ပင့်မ ယူ‌တော်မူခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [159] ထို့ပြင် ကျမ်းရသူများထဲမှ တစ်ဦးမှမကျန်ဘဲ ၎င်း(တမန်‌တော်အီစာ)မကွယ်လွန်မီ ၎င်းကို ယုံကြည်ကြလိမ့်မည်။ ၎င်းပြင် ၎င်း(တမန်‌တော်အီစာ)သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့(ယဟူဒီများ)နှင့်ပတ်သက်၍ (ဆန့်ကျင်)သက်‌သေခံသူဖြစ်လိမ့်မည်။

    [160] ၎င်းပြင် ယဟူဒီများ၏ (ထိုကဲ့သို့)ကျူး‌ကျော်မှုနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ (လူများအား)များစွာတားဆီးမှုတို့‌ကြောင့်၊ ငါအရှင်မြတ်သည် သူတို့အတွက် (ယခင်က)ဟလာလ်ခွင့်ပြုထားခဲ့‌သော သန့်ပြန့်စင်ကြယ်သည့်အရာများကို သူတို့အ‌ပေါ်တွင် “ဟရာမ်“ဟု တားမြစ်‌တော်မူခဲ့သည်။

    [161] ထို့ပြင် သူတို့၏အတိုးယူမှု‌ကြောင့်၊ အမှန်မှာ သူတို့သည် (အတိုးစားခြင်းကို)တားမြစ်ခြင်းခံခဲ့ရပြီးဖြစ်သည်၊ ၎င်းပြင် သူတစ်ပါး၏ပစ္စည်းဥစ္စာကို မတရားနည်းနှင့် စားသုံးမှု‌ကြောင့် (ထိုသန့်ပြန့်‌ကောင်းမွန်သည့်အရာများကိုလည်း တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ ငြင်းပယ်သူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။

    [162] သို့ရာတွင် သူတို့ထဲမှ ပညာတွင် ကျွမ်းကျင်ရင့်ကျက်‌သောသူများနှင့် အီမာန်ယုံကြည်သူများကမူ အသင့်ထံသို့ချ‌ပေးထား‌သော ကျမ်းဂန်နှင့်တကွ အသင့်မတိုင်မီ ချ‌ပေးထား‌သောကျမ်းဂန်များကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် သူတို့သည် စွလာသ်ကို အမြဲ‌ဆောက်တည်သူများဖြစ်ကြသည်။ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့်လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများလည်းဖြစ်ကြသည်။ ငါအရှင်မြတ်သည် မကြာမီ ထိုသူများအား ကြီးကျယ်‌သော အကျိုး‌ကျေးဇူးကို ချီးမြှင့်‌ပေးသနား‌တော်မူမည်။

    [163] ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်နှင့် ၎င်း၏‌နောက်တွင် ပွင့်‌ပေါ်လာခဲ့ကြ‌သော နဗီတမန်‌တော်များထံသို့ ဝဟီအမိန့်‌တော်ပို့ချ‌တော်မူသကဲ့သို့လည်း‌ကောင်း၊ (တမန်‌တော်များဖြစ်သည့်) အိဗ်ရာဟီမ်၊ အစ္စမာအီလ်၊ အစ္စဟာက်၊ ယအ်ကူဗ်နှင့် (၎င်းတို့၏)သား‌မြေးမြစ်(တို့ထဲတွင် ပွင့်‌ပေါ်ခဲ့‌သော နဗီတမန်‌တော်များဖြစ်သည့်)၊ အီစာ၊ အိုင်ယူဗ်၊ ယူနွတ်စ်၊ ဟာရုူန်နှင့် စုလိုင်မာန်တို့အ‌ပေါ်၌ ဝဟီအမိန့်‌တော်ပို့ချ‌တော်မူသကဲ့သို့လည်း‌ကောင်း၊ (တမန်‌တော်)ဒါဝူဒ်ကို ဇဗူရ်ကျမ်း‌ပေး‌တော်မူသကဲ့သို့လည်း‌ကောင်း၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ထံသို့လည်း ဝဟီအမိန့်‌တော်ပို့ချ‌တော်မူခဲ့‌ပေသည်။

    [164] ထို့ပြင် အမှန်ပင် (ဤအာယသ်)မတိုင်မီက အသင်၏အ‌ပေါ်တွင် ငါအရှင်မြတ်သည် အထ္ထုပ္ပတ္တိ‌ပြောပြ‌တော်မူခဲ့ဖူး‌သော ရစူလ်တမန်‌တော်များနှင့် မ‌ပြောပြခဲ့ဖူး‌သော ရစူလ်တမန်‌တော်များအ‌ပေါ်၌လည်း (ဝဟီအမိန့်‌တော်ပို့ချ‌တော်မူခဲ့‌ပေသည်)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် စကား‌ပြောဆို‌တော်မူခဲ့သည်။

    [165] ရစူလ်တမန်‌တော်များကို ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ပေးသူများအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူများအဖြစ် (‌စေလွှတ်‌တော်မူခဲ့သည်။ ထိုကဲ့သို့ ‌စေလွှတ်‌တော်မူခဲ့ခြင်းသည်) ထိုတမန်‌တော်များ‌ရောက်ရှိလာကြပြီး‌နောက် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်၌ လူများအတွက် အ‌ကြောင်းပြချက် မရှိ‌စေရန်ပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [166] သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင့်ထံသို့ အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်း‌တော်(ကုရ်အာန်)နှင့် (အသင် တမန်‌တော်ဖြစ်‌ကြောင်းကို) သက်‌သေခံ‌တော်မူသည်။* အရှင်မြတ်သည် ထိုကျမ်း‌တော်ကို အရှင်မြတ်၏ အသိဉာဏ်ပညာ‌တော်နှင့်တကွ ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ‌ကောင်းကင်တမန်များသည်လည်း (အသင် တမန်‌တော်ဖြစ်‌ကြောင်းကို) သက်‌သေခံလျက်ရှိကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [167] အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်သာမက (အခြားသူများအား) အရှင်မြတ်၏လမ်း‌တော်မှ တားမြစ်ခဲ့ကြသည်။ ထိုသူများသည် ‌ဝေးလံ‌သောလမ်းမှားထဲသို့ အမှန်ပင် လွဲမှား(‌ရောက်ရှိသွား)ခဲ့ပြီဖြစ်သည်။

    [168] အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြပြီး မတရားပြုလုပ်ခဲ့ကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်လည်း မဟုတ်‌ပေ။ မည်သည့်လမ်းမှန်ကိုမှလည်း ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။

    [169] သို့ရာတွင် (ထိုသူများအား) ဂျဟန္နမ်ငရဲဘုံ၏လမ်းကိုသာ (ညွှန်ကြားပြသ‌တော်မူမည်)၊ သူတို့သည် ထိုငရဲဘုံ၌ အမြဲ‌နေထိုင်ရမည့်သူများဖြစ်ကြသည်။ ထို့ပြင် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူလှသည်။

    [170] အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ အမှန်တရားကို ယူ‌ဆောင်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အီမာန်ယုံကြည်ကြပါ။ (ထိုအရာသည်) အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ငြင်းပယ်ကြမည်ဆိုလျှင် အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည့်အတွက် (ထိုအရှင်မြတ်တွင် မည်သည့်အရာမှ မ‌လျော့နည်းဘဲ အသင်တို့သာ ဆုံးရှုံးကြမည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [171] အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏သာသနာထဲတွင် အစွန်း‌ရောက်လွန်ကဲမှု မပြုကြ‌လေနှင့်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အမှန်‌ပြောသည်မှလွဲ၍ အခြား‌ပြောဆိုမှု မပြုကြနှင့်။* မရ်ယမ်၏သား မစီဟ်အီစာသည် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်‌ပေါ်‌စေ‌သော)စကား‌တော်ပင်ဖြစ်သည်။* အရှင်မြတ်သည် ထိုစကား‌တော်ကို မရ်ယမ်ထဲသို့ ထည့်‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်ထံမှ (ချီးမြှင့်‌တော်မူ‌သော)ဝိညာဉ်လည်းဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်များအားလုံးကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် (ကိုးကွယ်ထိုက်‌သောအရှင်)သုံးပါးရှိသည်ဟု မ‌ပြောကြနှင့်။ အသင်တို့သည် (ထိုကဲ့သို့‌ပြောခြင်းများကို)ရပ်စဲကြပါ။ (၎င်းသည်) အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း‌သော ကိုးကွယ်ခံထိုက်‌တော်မူသည့်အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၌ သားသမီးရှိခြင်းမှလည်း ကင်းစင်‌တော်မူသည်။* မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကြည့်ရှု‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်၊ အလွန်ယုံပုံလွှဲအပ်ခြင်း ခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [172] မစီဟ်(တမန်‌တော်အီစာ)နှင့် အပါး‌တော် ‌စေတမန်များသည် အလ္လာဟ်အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟု မည်သည့်အခါမှ ထင်မှတ်ကြမည်မဟုတ်‌ပေ။ ၎င်းပြင် မည်သူမဆို အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟုထင်ပြီး မာန‌ထောင်ခဲ့လျှင် အရှင်မြတ်သည် မကြာမီ ထိုသူအားလုံးကို အရှင်မြတ်ထံ‌တော်သို့ (စစ်‌ဆေးရန်)စုရုံး‌တော်မူမည်။

    [173] ထို့‌နောက် အရှင်မြတ်သည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုမူကြသူများအား သူတို့၏အကျိုးကို အပြည့်အဝ ‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့အား ပိုပြီးချီးမြှင့်‌တော်မူမည်။ သို့ရာတွင် အကြင်သူများသည် (အရှင်မြတ်၏ကျွန်ဖြစ်ခြင်းအား) ‌သေးသိမ်သည်ဟုထင်ပြီး မာန‌ထောင်ခဲ့ကြသည်။ ထိုသူများအား အရှင်မြတ်သည် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ထို့ပြင် သူတို့သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ မိတ်‌ဆွေအဖြစ်နှင့် ကူညီမည့်သူအဖြစ် ‌တွေ့ရှိကြရမည် မဟုတ်‌ပေ။

    [174] အို- လူသားအ‌ပေါင်းတို့၊* အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ခိုင်လုံ‌သော သက်‌သေအ‌ထောက်အထားတစ်ခု* (ဖြစ်သည့် တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ‌ရောက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအလင်း‌ရောင်* (ဖြစ်သည့် ကုရ်အာန်)ကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။

    [175] သို့ဖြစ်ရာ အကြင်သူများသည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ အရှင်မြတ်(၏သာသနာ အစ္စလာမ်)ကို စွဲမြဲစွာဆုပ်ကိုင်ထားကြလျှင် ထိုသူများအား မကြာမီ အရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ အသနား‌တော်(ဖြစ်‌သော ဂျန္နသ်သုခဘုံ)နှင့် အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ထိုသူများအား အရှင်မြတ်ထံ‌တော်(‌ရောက်ရှိရန်) ‌ဖြောင့်မတ်‌သော(တရား)လမ်းကိုလည်း ညွှန်ကြားပြသပို့‌ဆောင်‌တော်မူမည်။

    [176] သူတို့သည် အသင်(တမန်‌တော်)ထံသို့ (ကလာဟ်၏စီရင်ဆုံးဖြတ်ချက်ကို) လာ‌ရောက်ပြီး ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် ကလာဟ်*နှင့်ပတ်သက်၍ (ဤသို့) ဆုံးဖြတ်ချက်‌ပေး‌တော်မူသည်။ အကယ်၍ အကြင်‌ယောက်ျားတစ်ဦးတစ်‌ယောက်သည် ‌သေဆုံးပြီး သူ့တွင် သားသမီးတစ်ဦးမှမရှိဘဲ အစ်မသို့မဟုတ်နှမတစ်ဦးသာရှိခဲ့လျှင် ထိုအစ်မသို့မဟုတ်နှမသည် ‌သေဆုံးသူ ကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်း၏တစ်ဝက်ကိုရရှိမည်။ (အကယ်၍ ထိုအစ်မသို့မဟုတ်နှမ ‌သေဆုံးပြီး) သူမတွင် သားသမီးမရှိခဲ့လျှင် ထိုကလာဟ်‌ယောက်ျားသည် (အစ်မသို့မဟုတ်နှမ ထားခဲ့‌သောပစ္စည်းအားလုံး)ကို အ‌မွေဆိုင်သည်။ ထို့‌နောက် အကယ်၍ (‌သေဆုံး‌သော ကလာဟ်‌ယောက်ျားတွင်) အစ်မသို့မဟုတ်နှမ နှစ်ဦးရှိခဲ့ကြလျှင်၊ ထိုနှစ်ဦးသည် ထိုကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်းထဲမှ သုံးပုံနှစ်ပုံရရှိကြမည်။ အကယ်၍ ထို(‌သေဆုံး‌သော ကလာဟ်‌ယောက်ျား၏ အ‌မွေစားအ‌မွေခံ)သူများသည် ‌ယောက်ျားနှင့်မိန်းမ ‌ရော‌နှော‌နေ‌သော ညီအစ်ကို ‌မောင်နှမများဖြစ်ကြလျှင်၊ ‌ယောက်ျား(တစ်ဦး)သည် မိန်းမနှစ်ဦး၏ ‌ဝေစု‌ဝေပုံနှင့် ညီတူညီမျှ ရရှိမည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မ‌ရောက်ကြ‌စေရန်အတွက် အသင်တို့အား ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 5
    စားဖွယ်အရာ

    [1] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် (အသင်တို့ပြုထား‌သော) ကတိဝန်ခံချက်များအတိုင်း လိုက်နာ‌ဆောင်ရွက်ကြပါ။ အသင်တို့အ‌ပေါ်တွင် ဖတ်ရွတ်ပြသခြင်းခံရသည့်အရာများ* (‌သွေး၊ အ‌သေသား စ‌သောအရာ)မှလွဲ၍၊ ၎င်းပြင် အသင်တို့သည် (ဟဂျ်ပြုလုပ်ရန်)အိဟ်ရာမ်ဝတ်ရုံ ဝတ်ဆင်ထားလျှက် အမဲလိုက်ခြင်းကို ဟရာမ်သတ်မှတ်ထားသည်မှလွဲ၍ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့)‌ခြေ‌လေး‌ချောင်းသတ္တဝါများသည် အသင်တို့အတွက် ဟလာလ်စားသုံးခွင့် ပြုထားပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို အမိန့်‌ပေး‌တော်မူသည်။

    [2] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ထင်ရှား‌သောအထိမ်းအမှတ်များ*ကို မ‌လေးမစား မပြုကြနှင့်။ ထို့ပြင် ထွတ်မြတ်‌သောလများ*၊ (ထွတ်မြတ်‌သောနယ်နမိတ်ထဲတွင် ကုရ်ဗာနီပြုလုပ်ရမည့်)သား‌ကောင်များ*၊ (ကုရ်ဗာနီပြုလုပ်ရန်)လည်ပင်း၌ အမှတ်အသား တစ်စုံတစ်ခု ဆွဲထား‌သော သား‌ကောင်များ*နှင့် ထွတ်မြတ်‌သောအိမ်‌တော် ကအ်ဗဟ်‌ကျောင်း‌တော်သို့သွားပြီး မိမိတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့်နှစ်သက်မှုကို ရှာ‌ဖွေဆည်းပူးကြရန် ရည်ရွယ်ကြ‌သောသူများအား မ‌လေးမစား မပြုကြနှင့်။ ထို့‌နောက် အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံချွတ်ပြီးကြ‌သောအခါ အမဲလိုက်သည်ကို (ပြုလုပ်လိုလျှင်)ပြုလုပ်ပါ။ ထို့ပြင် အသင်တို့အား ထွတ်မြတ်‌သောအိမ်‌တော်(သွားခြင်း)မှ တားဆီးပိတ်ပင်ကြ‌သော လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့ ကျူးလွန်‌ဖောက်ဖျက်မှုဖြစ်‌အောင် လုံးဝ မလှုံ့‌ဆော်‌စေနှင့်။ ထို့ပြင် အသင်တို့သည် ‌ကောင်းမှုပြုခြင်းနှင့် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခြင်းအ‌ပေါ် အချင်းချင်းကူညီရိုင်းပင်းကြပါ။* သို့ရာတွင် မ‌ကောင်းမှုပြုလုပ်ရန်နှင့် မတရားကျူး‌ကျော်ရန်အတွက် အချင်းချင်း မကူညီကြ‌လေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ မုချ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] အသင်တို့အ‌ပေါ်တွင် (ယခု‌ရှေ့၌ ‌ဖော်ပြသည့်အရာများသည် မစားသုံးရန်) ဟရာမ်အဖြစ် တားမြစ်ခြင်းခံရသည်။ (အလိုအ‌လျောက်)‌သေ‌သောတိရစာ္ဆန်၊ ‌သွေး၊ ဝက်သား၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား(ကို ရည်စူး)တသ(ဇဗဟ်လုပ်)ထား‌သောတိရစာ္ဆန်၊ လည်မျိုညှစ်/လိမ်ပြီး‌သေရ‌သောတိရစာ္ဆန်၊ ရိုက်နှက်/ထိခိုက်‌သေရ‌သောတိရစာ္ဆန်၊ အမြင့်မှကျ‌သေရ‌သောတိရစာ္ဆန်၊ ဦးချိုနှင့် ‌ဝှေ့ခံရ‌သော‌ကြောင့် ‌သေရ‌သောတိရစာ္ဆန်၊ သားရဲတိရစာ္ဆန်များက ကိုက်ခဲသတ်ဖြတ်ထား‌သောတိရစာ္ဆန်၊ သို့ရာတွင် မ‌သေခင် ဇဗဟ်လှီးဖြတ်ရန်မီ‌သော တိရစာ္ဆန်များမပါဝင်‌ပေ။ ရုပ်တုများကိုပူ‌ဇော်ရန် လှီးဖြတ်ထား‌သောတိရစာ္ဆန်၊ မဲ/မြားနှင့် ကံစမ်းမဲနှိုက်ပြီး (အသား၊ ပစ္စည်း၊ ‌ငွေ စသည်များကို) ‌ဝေစုခွဲယူခြင်း*တို့သည် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ ထိုအရာများသည် ပြစ်မှုဒုစရိုက်များဖြစ်သည်။ ယ‌နေ့၌မူ ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏သာသနာ(ကို ဖျက်ဆီးနိုင်ခြင်း)မှ ‌မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်သည့်အတွက် အသင်တို့သည် သူတို့အား မစိုးရိမ်မ‌ကြောက်ရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။ ယ‌နေ့ ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဒီန်သာသနာကို ပြည့်စုံ‌စေ‌တော်မူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏‌ကျေးဇူး‌တော်များကို အသင်တို့အတွက် အပြည့်အစုံ ‌ပေးသနား‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသနာကို အသင်တို့အတွက် ဒီန်သာသနာအဖြစ် သ‌ဘောတူ‌ကျေနပ်‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့‌နောက် မည်သူမဆို ပြစ်မှုကိုလိုလားသူမဟုတ်ဘဲနှင့် ဆာ‌လောင်မွတ်သိပ်သဖြင့် မလွှဲမ‌ရှောင်သာ အကျပ်အတည်းဆိုက်‌ရောက်ခဲ့(ပြီး တားမြစ်ထားသည်များကို စားသုံးမိခဲ့)လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [4] သူတို့သည် သူတို့အတွက် မည်သည့်အရာများကို (စားသုံးရန်)ဟလာလ် ခွင့်ပြုထားပါသနည်းဟု အသင်(တမန်‌တော့်)အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အသင်တို့(စားသုံးရန်)အတွက် သန့်ပြန့်စင်ကြယ်‌သောအရာ(တိရစာ္ဆန်)များသည် ဟလာလ်ခွင့်ပြုပြီးဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြသ‌သောနည်းအတိုင်း အသင်တို့၏အမဲလိုက်တိရစာ္ဆန်များအား သင်ကြားလွှတ်လိုက်၍ အသင်တို့အတွက် ၎င်းအမဲလိုက်တိရစာ္ဆန်များက ဖမ်းဆီးလာခဲ့သာ သား‌ကောင်ကိုလည်း* အသင်တို့ စာသုံးကြပါ။ ထို့ပြင် အသင်တို့သည် (အမဲလိုက်တိရစာ္ဆန်ကို လွှတ်လိုက်‌သောအခါ) အလ္လာဟ်အရှင်မြတ်၏ နာမ‌တော်ကို တသကြပါ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [5] ယ‌နေ့ သန့်ပြန့်စင်ကြယ်‌သောအရာများကို အသင်တို့အတွက် စားသုံးခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် ကျမ်းရသူများ၏စားစရာများသည်လည်း* အသင်တို့အတွက် ခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် သိက္ခာ‌စောင့်ထိန်း‌သော မုအ်မင်န်အမျိုးသမီးများနှင့် အသင်တို့မတိုင်မီ ကျမ်းရသူများထဲမှ သိက္ခာ‌စောင့်ထိန်း‌သောအမျိုးသမီးများကို အကယ်၍ အသင်တို့သည် သူမတို့၏(ထိမ်းမြားရန်သ‌ဘောတူထား‌သော) မဟရ်ပစ္စည်းများကို‌ပေးဆပ်ပြီး ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်းမယားငယ်ထားခြင်းမပြုဘဲ သိက္ခာ‌စောင့်စည်းလျက် ထိမ်းမြားကြလျှင် (ထိမ်းမြားခွင့် ပြုပြီးဖြစ်သည်)။ ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်မှုကို ငြင်းပယ်လိုက်လျှင်* ထိုသူ၏‌ကောင်းမှုသည် အမှန်စင်စစ် အကျိုးမဲ့အချည်းနှီးဖြစ်လိမ့်မည်။ ထို့ပြင် ထိုသူသည် တမလွန်ဘဝတွင်လည်း ပျက်စီး‌သောသူများထဲ၌ ပါဝင်လိမ့်မည်။

    [6] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် စွလာသ်ဝတ်ပြုရန် ရပ်ကြ‌သောအခါ* အသင်တို့၏မျက်နှာများနှင့် လက်များကို တံ‌တောင်ဆစ်ပါ ‌ဆေး‌ကြောကြပါ။ ၎င်းပြင် အသင်တို့သည် ဦး‌ခေါင်းများကို ပွတ်သပ်ကြပါ။ ၎င်းပြင် အသင်တို့သည် ‌ခြေများကိုလည်း ‌ခြေမျက်စိပါ(‌ဆေး‌ကြောကြပါ)။ ထို့ပြင် အကယ်၍ အသင်တို့သည် ခန္ဓာကိုယ်မသန့်သူများဖြစ်ခဲ့ကြလျှင်* (တစ်ကိုယ်လုံးကို)သန့်ရှင်း‌အောင်ပြုကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် ‌ရောဂါသည်များဖြစ်ခဲ့ကြလျှင် သို့မဟုတ် ခရီးသည်များဖြစ်ခဲ့ကြလျှင် သို့မဟုတ် အသင်တို့ထဲမှ တစ်စုံတစ်ဦးသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှပြန်ခဲ့လျှင်၊ သို့မဟုတ် အသင်တို့သည် (အသင်တို့၏)ကာမဆက်ဆံခဲ့ကြလျှင်၊ ထို့‌နောက် အသင်တို့သည် ‌ရေကိုမရရှိခဲ့ကြလျှင် သန့်ပြန့်စင်ကြယ်‌သော ‌မြေကြီးနှင့် သယမ်မွမ်ပြုကြပါ။* သို့ဖြစ်ရာ အသင်တို့သည် (လက်ဝါးနှစ်ဖက်နှင့် ‌မြေကြီးကို ရိုက်ပုတ်ပြီး) အသင်တို့၏မျက်နှာနှင့် လက်များကို ထို‌မြေကြီးဖြင့် ပွတ်သပ်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ကျဉ်းကျပ်မှုပြုလုပ်ရန် ရည်ရွယ်‌တော်မမူ‌ပေ။* သို့ရာတွင် အရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်‌စေရန်နှင့် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို အသင်တို့အတွက် ပြည့်ဝစွာ ‌ပေးသနား‌တော်မူရန်အတွက်သာ* ရည်ရွယ်‌တော်မူသည်။ (ဤကဲ့သို့ ပြုလုပ်ခြင်းသည်) အသင်တို့ ‌ကျေးဇူးတင်ကြရန်အတွက် ဖြစ်သည်။

    [7] ထို့ပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က ပြုထား‌သော‌ကျေးဇူး‌တော်များကို သတိရကြပါ။ ၎င်းပြင် အသင်တို့က “ကျွန်ုပ်တို့သည် ကြားနာ၍ လိုက်နာကြပါပြီ“ဟု ‌ပြောဆိုစဉ်က အရှင်မြတ်သည် အသင်တို့နှင့် ခိုင်မာစွာပြုလုပ်ခဲ့‌သော ကတိသစ္စာကိုလည်း သတိရကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးထဲ၌ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [8] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် ‌ဖြောင့်မတ်သူများ၊ တရားမျှတစွာ သက်‌သေခံသူများဖြစ်ကြပါ။* ထို့ပြင် လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုမရှိ‌အောင် လုံးဝ မလှုံ့‌ဆော်‌စေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [9] အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုလုပ်သူများအား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်‌သော အကျိုးဆုလာဘ်ရှိသည်ဟု ကတိပြု‌တော်မူခဲ့သည်။

    [10] ထို့ပြင် အကြင်သူများသည် ငြင်းပယ်ပြီး ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ၊ တန်ခိုး‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် ငရဲဘုံသားများပင်ဖြစ်ကြသည်။

    [11] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အ‌ပေါ်၌ရှိ‌သော အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သတိရကြပါ။ တစ်ခါက လူမျိုးတစ်မျိုးသည် သူတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း(ပြီး အသင်တို့အား သတ်ဖြတ်)ကြရန် ကြံစည်ခဲ့ကြသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏လက်များကို အသင်တို့(အား သတ်ဖြတ်ခြင်း)မှ တားဆီး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ၎င်းပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။

    [12] ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစ္စရာအီလ်လူမျိုးများထံမှ ကတိဝန်ခံချက်ကို ရယူ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အကြီးအကဲ ဆယ့်နှစ်ဦး ခန့်အပ်‌တော်မူခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြား‌တော်မူခဲ့သည်။ အမှန်မုချ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိလိမ့်မည်။ အကယ်၍ အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြမည်၊ ၎င်းပြင် အသင်တို့သည် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြမည်၊ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ တမန်‌တော်များကိုလည်း ယုံကြည်ကြပြီး သူတို့အား ကူညီရိုင်းပင်းကြမည်၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်း ‌ကောင်းမွန်‌သော‌ကြွေး*‌ချေးကြမည်ဆိုလျှင် ငါအရှင်မြတ်သည် အသင်တို့၏ မ‌ကောင်းမှုများကို အမှန်ပင် ပ‌ပျောက်‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်၊ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို ထို့‌နောက်တွင် ငြင်းပယ်ခဲ့လျှင် ထိုသူသည် ‌ဖြောင့်မတ်‌သော(တရား)လမ်းမှ အမှန်ပင် ‌ဝေးသွားခဲ့ပြီဖြစ်သည်။

    [13] ထို့‌နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ‌ဖောက်ဖျက်ခြင်း‌ကြောင့် ငါအရှင်မြတ်သည် သူတို့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများကိုလည်း ခက်ထန်မာ‌ကျော‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ သူတို့သည် အာယသ်‌တော်များကို သူတို့၏မူလ‌နေရာမှ(လုပ်ကြံ)‌ရွှေ့‌ပြောင်းကြသည်။ ၎င်းပြင် သူတို့သည် သူတို့အား သတိ‌ပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို* ‌မေ့ပစ်ခဲ့ကြသည်။ ထို့ပြင် အသင်သည် သူတို့ထဲမှ အချို့သူမှလွဲ၍ ကျန်သူများ၏ သစ္စာမဲ့မှုတစ်စုံတစ်ခုကို အမြဲ‌ဖော်ထုတ်သိရှိ‌နေရလိမ့်မည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်လိုက်ပါ၊ ၎င်းပြင် မျက်နှာလွှဲပြီး‌နေလိုက်ပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများကို ချစ်ခင်မြတ်နိုး‌တော်မူသည်။

    [14] ထို့ပြင် ငါအရှင်မြတ်သည် “အမှန်မုချ ကျွန်ုပ်တို့သည် နစွရာ နတ်စ်ွရာနီများ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြ‌သောသူများထံမှလည်း ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ကို သတိ‌ပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို ‌မေ့ပစ်ခဲ့ကြသည်။ ထို့‌ကြောင့် ငါအရှင်မြတ်သည် သူတို့ထဲတွင် ကိယာမသ်‌နေ့ထိ ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ထည့်သွင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့ပြုလုပ်‌နေခဲ့ကြသည်များကို မကြာမီ အသိ‌ပေး‌တော်မူမည်။

    [15] အို- ကျမ်းရသူအ‌ပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်‌တော်သည် အသင်တို့ထံသို့ အမှန်စင်စစ် ‌ရောက်လာပြီဖြစ်သည်။ ထိုတမန်‌တော်သည် (‌သောင်ရသ်နှင့်အင်ဂျီလ်)ကျမ်းထဲမှ အသင်တို့ လျှို့ဝှက်ဖုံးကွယ်ထားခဲ့‌သောအရာများထဲမှ ကိစ္စအ‌မြောက်အမြားကို အသင်တို့အား ထုတ်‌ဖော်ရှင်းလင်းပြသသည်။* ထို့ပြင် ကိစ္စအ‌မြောက်မြားကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်သည်။* အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌ရောင်ခြည်‌တော်လည်းဖြစ်‌သော ထင်ရှားသည့်(ကုရ်အာန်)ကျမ်း‌တော်မြတ်*သည် အမှန်စင်စစ် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    [16] အလ္လာဟ်အရှင်မြတ်သည် ထို(ကုရ်အာန်)ကျမ်း‌တော်မြတ်နှင့် အရှင်မြတ်၏နှစ်သက်မှုကို လိုက်နာ‌သောသူများအား ငြိမ်းချမ်း‌သောလမ်းများကို ပြသ‌တော်မူသည်။ ၎င်းပြင် သူတို့အား အရှင်မြတ်၏အမိန့်‌တော်နှင့် (ကုဖ်ရ်)အ‌မှောင်ထုများထဲမှ (အစ္စလာမ်)အလင်း‌ရောင်ထံသို့ ထုတ်ယူပို့‌ဆောင်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ပြသ‌တော်မူသည်။

    [17] “အလ္လာဟ်ဆိုသည်မှာ အမှန်စင်စစ် မရ်ယမ်၏သား‌တော် မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြ‌သောသူများသည် အမှန်စင်စစ် ‌သွေဖည်ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အကယ်၍ အရှင်မြတ်က မရ်ယမ်၏သား‌တော်မစီဟ်၊ ၎င်း၏အ‌မေနှင့် ကမာ္ဘ‌မြေတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်‌တော်မူလိုလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်၌ တစ်စုံတစ်ရာ ဝင်‌ရောက်ကန့်ကွက်နိုင်မည့်သူ မည်သူရှိမည်နည်း။ ၎င်းပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက မိုးနှင့်‌မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလို‌တော်ရှိရာကို ဖန်ဆင်း‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [18] ထို့ပြင် ယဟူဒီများနှင့် နတ်စွ်ရာနီများက “ငါတို့သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်များလည်း ဖြစ်ကြသည်၊* အရှင်မြတ်၏အချစ်‌တော်များလည်း ဖြစ်ကြသည်“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အဘယ့်‌ကြောင့် အရှင်မြတ်က အသင်တို့အား အသင်တို့၏အပြစ်များ‌ကြောင့် ဒဏ်ခတ်လိုက်သနည်း။* စင်စစ်မှာမူ အသင်တို့သည်လည်း အရှင်မြတ်ဖန်ဆင်း‌တော်မူသည့်အထဲမှ လူသာမန်များပင်ဖြစ်ကြသည်။ ၎င်းပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက မိုးနှင့်‌မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ ထို့ပြင် (အားလုံး၏)ပြန်လည်‌ရောက်ရှိရာဌာနသည် အရှင်မြတ်ထံ‌တော်သို့ပင် ဖြစ်သည်။

    [19] အို- ကျမ်းရသူအ‌ပေါင်းတို့၊ တမန်‌တော်များ အဆက်ပြတ်‌နေ‌သောကာလတွင်* ငါအရှင်မြတ်၏တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့ထံသို့ အမှန်စင်စစ် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုတမန်‌တော်သည် အသင်တို့အား (အမိန့်‌တော်များကို)ရှင်းလင်းပြသသည်။ အ‌ကြောင်းမှာ အသင်တို့သည် (ကိယာမသ်‌နေ့၌) ကျွန်ုပ်တို့ထံသို့ သတင်း‌ကောင်း‌ပေးသူနှင့် သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးမှ မ‌ရောက်လာခဲ့ပါဟု မ‌ပြောဆိုနိုင်ကြရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ယခုမူ အသင်တို့ထံသို့ သတင်း‌ကောင်း‌ပေးသူနှင့် သတိ‌ပေးနှိုး‌ဆော်သူ(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [20] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများအား ‌ပြောကြားခဲ့သည်။ အို- ကျွန်ုပ်၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အ‌ပေါ်၌တင်ရှိ‌သော အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ကို သတိရကြပါ။ တစ်ခါက အရှင်မြတ်သည် အသင်တို့ထဲမှ နဗီတမန်‌တော်များကို ပွင့်‌ပေါ်‌စေခဲ့သည်။ ထို့ပြင် အသင်တို့အား ဘုရင်များ(အဖြစ်)လည်း ‌မြှောက်စား‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား စကြဝဠာတွင် မည်သူ့ကိုမှ ‌ပေးထား‌တော်မမူခဲ့‌သော ‌ကျေးဇူးများကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။

    [21] အို- ကျွန်ုပ်၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က (အသင်တို့‌အောင်နိုင်ရာအဖြစ်)‌ရေးမှတ်ထား‌တော်မူပြီးဖြစ်‌သော ထွတ်မြတ်‌သောနယ်‌မြေ*ထဲသို့ ဝင်‌ရောက်ကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့‌နောက်သို့ ပြန်လှည့်မသွားကြနှင့်။ ထိုကဲ့သို့ ပြန်လှည့်သွားလျှင် အသင်တို့သည် ဆုံးရှုံးသူများအဖြစ် ‌ပြောင်းလဲသွားလိမ့်မည်။

    [22] သူတို့က (ဤသို့)‌ပြောဆို‌ဖြေကြားကြသည်- “အို- (တမန်‌တော်)မူစာ၊ အမှန်စင်စစ် ထိုနယ်‌မြေ၌ (ကျွန်ုပ်တို့ ပြိုင်ဆိုင်နိုင်စွမ်းမရှိ‌သော)ကြီးမားထွားကြိုင်းသည့် လူမျိုးတစ်မျိုးရှိ‌နေသည်။ ထိုလူမျိုးသည် ထိုနယ်‌မြေထဲမှ ထွက်ခွာသွားကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ဝင်‌ရောက်ကြပါမည်။“

    [23] အလ္လာဟ်အရှင်မြတ်အား ‌ကြောက်‌သောသူ(မုသ်သကီ)များထဲမှ အလ္လာဟ်အရှင်မြတ်က ‌ကျေးဇူးပြု‌တော်မူထားသည့် လူနှစ်ဦးသည် (ကြံ့ခိုင်စွဲမြဲစွာရပ်တည်လျက် သတ္တိနည်းသူများကို အား‌ပေးရန်အတွက် ဤသို့)‌ပြောဆိုကြသည်- “အသင်တို့သည် သူတို့အား တိုက်ခိုက်လျက် တံခါးဝသို့ ဝင်‌ရောက်ကြပါ။ အကယ်၍ အသင်တို့သည် ထိုတံခါးဝသို့ ဝင်‌ရောက်ခဲ့လျှင် အမှန်စင်စစ် အသင်တို့ပင် ‌အောင်မြင်သူများဖြစ်ကြလိမ့်မည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအားကိုးကြပါ။“

    [24] အမျိုးသားများက ‌ပြောကြသည်- “အို- (တမန်‌တော်)မူစာ၊ သူတို့သည် ထိုနယ်‌မြေထဲ၌ရှိ‌နေသမျှ အမှန်ပင် ကျွန်ုပ်တို့သည် ထိုနယ်‌မြေထဲသို့ မည်သည့်အခါမှ လုံးဝ ဝင်‌ရောက်ကြမည်မဟုတ်‌ပေ။ ထို့‌ကြောင့် အသင်နှင့် အသင်၏အရှင်တို့နှစ်ပါးသာ သွား‌ရောက်တိုက်ခိုက်ကြပါ။ ကျွန်ုပ်တို့ကမူ ဤ‌နေရာ၌ပင် (မတိုက်ခိုက်ဘဲ)ထိုင်‌နေကြပါမည်။“

    [25] ၎င်း(တမန်‌တော်မူစာ)က-“အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကို(ဟာရူန်)မှလွဲ၍ အခြားမည်သူ၏အ‌ပေါ်မှလုပ်ပိုင်ခွင့်(အခွင့်အာဏာပိုင်ဆိုင်မှု)မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် စည်း‌ဖောက်သူများကြားတွင် အဆုံးအဖြတ်‌ပေး‌တော်မူပါ။“ဟု ‌ပြောဆို‌လျှောက်ထားခဲ့သည်။

    [26] အရှင်မြတ်က မိန့်ကြား‌တော်မူသည်၊ “သို့ဖြစ်လျှင် အမှန်စင်စစ် ထိုနယ်‌မြေသည် သူတို့အတွက် နှစ်‌ပေါင်း‌လေးဆယ်တိုင် ပိတ်ဆို့တားမြစ်ခံလိုက်ရပြီဖြစ်သည်။ သူတို့သည် ဤ(သဲကနာ္တရကွင်းပြင်)ထဲ၌ပင် တဝဲလည်လည်ဖြစ်‌နေကြလိမ့်မည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်မူစာ)သည် စည်း‌ဖောက် အမိန့်ဖီဆန်‌သောလူမျိုးနှင့်ပတ်သက်၍ မပူ‌ဆွေးပါနှင့်။“

    [27] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား (တမန်‌တော်)အာဒမ်၏ သား‌တော်နှစ်ဦး၏အ‌ကြောင်းကို မှန်ကန်စွာ ‌ပြောပြလိုက်ပါ။* တစ်ခါက ထိုသား‌တော်နှစ်ဦးသည် (အရှင်မြတ်အတွက်) အလှူပစ္စည်းတစ်ခု(စီ)ကို လှူဒါန်းမှုပြု‌သောအခါ သူတို့ထဲမှ တစ်ဦး(ဖြစ်သူ ညီ‌တော်)၏အလှူပစ္စည်းသည် (အရှင်မြတ်၏) လက်ခံသ‌ဘောတူ‌တော်မူခြင်းခံရသည်။ အခြားတစ်ဦး(ဖြစ်‌သော ‌နောင်‌တော်)၏အလှူပစ္စည်းမှာမူ (အရှင်မြတ်၏) လက်ခံသ‌ဘောတူ‌တော်မူခြင်းကို မခံခဲ့ရ‌ပေ။ (သို့ဖြစ်ရာ ‌နောင်‌တော်က ညီ‌တော်ကို) “ငါသည် အသင့်အား အမှန်ပင်သတ်မည်“ဟု ‌ပြောဆိုခဲ့သည်။ သူ(ညီ‌တော်က)‌ပြောသည်- “အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများ၏ထံမှသာ (အလှူပစ္စည်းကို) သ‌ဘောတူလက်ခံ‌တော်မူသည်။“

    [28] အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် အသင်၏လက်ကို ကျွန်ုပ်ဘက်သို့လှမ်းခဲ့လျှင်လည်း ကျွန်ုပ်သည် အသင့်ကိုသတ်ဖြတ်ရန် အသင်၏ဘက်သို့ ကျွန်ုပ်၏လက်ကိုလှမ်းမည်မဟုတ်‌ပေ။ (မ‌ကောင်းကို မ‌ကောင်းဖြင့် တုံ့ပြန်မည်မဟုတ်‌ပေ။) အမှန်စင်စစ် ကျွန်ုပ်သည် စကြဝဠာအားလုံးကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့သည်။

    [29] အမှန်စင်စစ် ကျွန်ုပ်(အား သတ်‌သော)အပြစ်နှင့် အသင်၏(ယခင်)အပြစ်ကို အသင်သည်သာ ထမ်းရွက်ရန် ကျွန်ုပ်ရည်ရွယ်သည်။ ထို့‌နောက် အသင်သည် ငရဲသားများထဲတွင် ဖြစ်သွားလိမ့်မည်။ ထို့ပြင် ၎င်းသည် မတရားပြုလုပ်သူများ၏ အကျိုးရလာဒ်ဖြစ်သည်။

    [30] ထို့‌နောက် သူ(‌နောင်‌တော်)၏စိတ်သည် သူ့ကို သူ၏ညီ‌တော်အား သတ်ဖြတ်ရန် တိုက်တွန်းခဲ့သည့်အတွက် သူသည် သူ၏ညီ‌တော်ကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ သူသည် ပျက်စီးဆုံးရှုံးသူများထဲတွင် ဖြစ်သွား‌တော့သည်။

    [31] ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်‌ကောင်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုကျီးကန်းသည် သူ့အား သူ၏ညီ‌တော်၏ရုပ်အ‌လောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်ရမည်နည်းဆိုသည်ကိုပြသရန် ‌မြေကြီးကို ကုတ်ခြစ်တူးဆွသည်။ (ထိုအခါ)သူက ‌ပြောဆိုခဲ့သည်- ‌ဪ- ငါသည် ဤကျီးကန်းကဲ့သို့ မဖြစ်နိုင်သည်မှာ ဝမ်းနည်းစရာ‌ကောင်း‌လေစွ။ အကယ်၍သာ ထိုကဲ့သို့ဖြစ်နိုင်ခဲ့လျှင် ငါသည် ငါ၏ညီ‌တော်၏ရုပ်အ‌လောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်လျှို့ဝှက်နိုင်မည်ဖြစ်သည်။“ ထို့‌နောက် သူသည် ‌နောင်တရသူများထဲတွင် ဖြစ်သွားခဲ့သည်။

    [32] ထို့အတွက်‌ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များအ‌ပေါ်တွင် (ဤသို့) အမိန့်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ အမှန်စင်စစ် မည်သူမဆို တစ်ဦးတစ်‌ယောက်အား အသက်တစ်‌ချောင်း၏အစားလည်းမဟုတ်ဘဲ၊ တိုင်းပြည်တွင် ဆူပူ‌သောင်းကျန်းခြင်း‌ကြောင့်လည်းမဟုတ်ဘဲ (မတရား)သတ်ခဲ့လျှင် ထိုသူသည် လူများအားလုံးအား သတ်သကဲ့သို့ဖြစ်သည်။ ထို့ပြင် မည်သူမဆို တစ်ဦးတစ်‌ယောက်အား (ကယ်တင်)အသက်ရှင်‌စေခဲ့လျှင် ထိုသူသည် လူများအားလုံးအား အသက်ရှင်‌စေသကဲ့သို့ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်၏တမန်‌တော်များသည် ထို(အစ္စရာအီလ်လူမျိုး)များထံသို့ ထင်ရှား‌သောအမိန့်ပညတ်များ၊ သက်‌သေလက္ခဏာများနှင့်အတူ အမှန်ပင် ‌ရောက်ရှိလာခဲ့ကြသည်။ ထို့‌နောက် ထိုသူများထဲမှ ‌မြောက်မြားစွာ‌သောသူတို့သည် တမန်‌တော်များ‌ရောက်လာပြီး‌နောက် တိုင်းပြည်၌ အမှန်ပင် စည်း‌ဖောက်ကျူးလွန်သူများအဖြစ် ရှိကြ‌သေးသည်။

    [33] အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို တိုက်ခိုက်ကြသည်။ ၎င်းပြင် ကမာ္ဘ‌မြေတွင် ဖျက်ဆီးမှုကို ပြုလုပ်ကြသည်။* ထိုသူများ၏အပြစ်ဒဏ်မှာမူ သူတို့သည် သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်းခံကြရမည်၊ သို့မဟုတ် သူတို့၏‌ခြေလက်များကို ဝဲ ယာ ဘက်လွှဲပြီး ဖြတ်‌တောက်ခြင်းကို ခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်‌ပေးခြင်းခံကြရမည်။* ၎င်း(ပြစ်ဒဏ်)သည် သူတို့အား ဤဘဝ၌ ‌သေးသိမ်မှုရ‌စေခြင်းဖြစ်သည်။ ၎င်းပြင် သူတို့အတွက် တမလွန်ဘဝ၌ အလွန်ကြီး‌လေး‌သော အပြစ်ဒဏ်လည်းရှိမည်။

    [34] သို့ရာတွင် အကြင်သူများသည် အသင်တို့ ဖမ်းဆီး၍ မမိမီတွင် (သတိတရားရပြီး)ဝန်ချ‌တောင်းပန်ခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌ကြောင်း အသင်တို့ သိထားလိုက်ကြပါ။

    [35] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏အနီးချဉ်းကပ်မှုကို* ရှာ‌ဖွေကြပါ။ ထို့ပြင် အသင်တို့သည် ‌အောင်မြင်ကြရန်အတွက် အရှင်မြတ်၏လမ်း၌ ကြိုးပမ်းအားထုတ်(တိုက်ခိုက်)ကြပါ။

    [36] အမှန်စင်စစ် ငြင်းပယ်‌သောသူများသည် အကယ်၍ ကိယာမသ်ရှင်ပြန်ထမည့်‌နေ့၏ အပြစ်ဒဏ်များမှ ‌လျော်‌ကြေး‌ပေးပြီး (လွတ်‌မြောက်ရန်အတွက်) သူတို့သည် ကမာ္ဘ‌လောကထဲ၌ရှိသမျှအရာအားလုံးသာမက ထိုအရာနှင့်အတူ ‌နောက်ထပ် ထိုမျှပိုင်ဆိုင်ထားလျှင်လည်း (ထိုပစ္စည်းများကို ‌လျော်‌ကြေး‌ပေးသည့်တိုင်) ထိုသူတို့ထံမှ လက်ခံ‌တော်မူခြင်း ခံရမည်မဟုတ်‌ပေ။* ထို့ပြင် သူတို့အတွက် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ရှိဦးမည်။

    [37] သူတို့သည် မည်သည့်အခါမှ ငရဲမီးမှ ထွက်ကြရမည့်သူများ မဟုတ်ပါဘဲလျက် သူတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြသည်။ ထို့ပြင် သူတို့အတွက် တည်မြဲ‌သော အပြစ်ဒဏ်ရှိ‌နေသည်။

    [38] ထို့ပြင် သူခိုးဖြစ်‌စေ၊ သူခိုးမဖြစ်‌စေ အသင်တို့သည် သူတို့နှစ်ဦးလုံး၏လက်များကို (လက်‌ကောက်ဝတ်မှ)ဖြတ်ကြပါ။* (ဤသည်) သူတို့နှစ်ဦးပြုလုပ်ခဲ့‌သော လုပ်ရပ်၏အပြစ်ဒဏ်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ သတိရ‌စေရန် ဆုံးမမှုတစ်ခုလည်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [39] ၎င်းပြင် မည်သူမဆို ပြစ်မှုကျူးလွန်ပြီး‌နောက် ဝန်ချ‌တောင်းပန်ပြီး ပြုပြင်‌နေခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ဘက်ပြန်လှည့်ပြီး သူ၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [40] အမှန်စင်စစ် ‌ကောင်းကင်များနှင့် ပထဝီ‌မြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိ‌ကြောင်း အသင် မသိခဲ့‌လေသ‌လော။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ပြစ်ဒဏ်‌ပေး‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [41] အို- တမန်‌တော် အကြင်သူများသည် အသင့်အား စိတ်‌သောကထဲ နစ်မွန်း‌အောင် မလုပ်ကြ‌စေနှင့်။* (ဆိုလိုသည်မှာ အကြင်သူများ၏ လုပ်ရပ်များ‌ကြောင့် အသင်သည် ပူပင်‌သောက မဖြစ်ပါနှင့်)ထိုသူများသည် ကုဖ်ရ်ငြင်းပယ်မှုထဲသို့ အ‌ပြေးအလွှားသွား‌နေကြသည်၊ သူတို့သည် သူတို့၏စိတ်နှလုံးများက အီမာန်ယုံကြည်ခြင်းမရှိဘဲ သူတို့၏နှုတ်များဖြင့်သာ ကျွန်ုပ်တို့ အီမာန်ယုံကြည်ကြပါသည်ဟု ‌ပြောဆို‌သောသူများထဲမှဖြစ်သည်။ ထို့ပြင် ယဟူဒီများထဲမှလည်း(အသင့်အား ပူပင်‌သောက မဖြစ်ပါ‌စေနှင့်)။ ထိုသူများသည် မုသားကို အလွန်နား‌ထောင်‌သောသူများဖြစ်ကြသည်သာမက အသင့်ထံသို့ မလာကြ(ဘဲ အ‌ဝေးမှ သတင်းကြားလို)‌သောသူများအတွက်လည်း အလွန်နားစွင့်(ကာ သတင်းယူ)‌ပေး‌သောသူများ ဖြစ်ကြသည်။ သူတို့သည် အာယသ်‌တော်များအား သူတို့၏မူရင်း‌နေရာမှ ‌ရွှေ့‌ပြောင်း‌လေ့ရှိကြသည့်အပြင် (သူတို့၏အုပ်စုများအား) “အသင်တို့သည် ဤ(ကဲ့သို့ ‌ရွှေ့‌ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)ရရှိကြလျှင် လက်ခံရယူလိုက်ကြပါ။ ၎င်းပြင် အကယ်၍ ထို(ကဲ့သို့ ‌ရွှေ့‌ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)မရရှိကြလျှင် ‌ရှောင်ရှားပြီး‌နေလိုက်ကြပါ“ဟု ‌ပြောဆို‌လေ့ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းလွဲ‌စေ‌တော်မူလျှင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ထိုသူ့အတွက် မည်သည့်အရာမျှ လုံးဝ လုပ်‌ဆောင်‌ပေးနိုင်မည် မဟုတ်‌ပေ။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများအား သန့်ရှင်းစင်ကြယ်‌စေရန် ရည်ရွယ်‌တော်မမူခဲ့‌သောသူများပင်ဖြစ်သည်။ သူတို့အတွက် ဤဘဝ၌လည်း ‌သေးသိမ်မှုရရှိပြီး တမလွန်ဘဝ၌လည်း ကြီး‌လေး‌သောအပြစ်ဒဏ်ရှိသည်။

    [42] ထို(ယဟူဒီ)များသည် မုသားကို အလွန်နား‌ထောင်သူများ၊ ဟရာမ်တားမြစ်ထား‌သော(တံစိုးလက်‌ဆောင်စသည့်)အရာများကို အလွန်စားသုံး‌သောသူများဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် အသင်(တမန်‌တော့်)ထံသို့ (အဆုံးမဖြတ်ခံယူရန်) လာ‌ရောက်ကြလျှင် အသင်သည် သူတို့၏ကြား၌ (စီရင်စစ်‌ဆေးလိုလျှင်)စစ်‌ဆေးစီရင်ပါ၊ သို့မဟုတ် (မစစ်‌ဆေးမစီရင်လိုလျှင်)သူတို့ဘက်မှ မျက်နှာလွှဲပြီး‌နေလိုက်ပါ။ အကယ်၍ အသင်သည် သူတို့ဘက်မှ မျက်နှာလွှဲ‌နေလျှင်လည်း သူတို့သည် အသင့်အား မည်သည့်အရာမှ နစ်နာ‌အောင် လုံးဝလုပ်နိုင်ကြမည် မဟုတ်‌ပေ။ အကယ်၍ အသင်သည် စစ်‌ဆေးစီရင်မည်ဆိုလျှင် သူတို့၏စပ်ကြားတွင် မျှတစွာ စီရင်ဆုံးဖြတ်ပါ။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတ‌သောသူများအား ချစ်ခင်မြတ်နိုး‌တော်မူသည်။

    [43] ထို့ပြင် သူတို့သည် မည်ကဲ့သို့ အသင်(တမန်‌တော်)အား ခုံသမာဓိ တင်‌မြှောက်ကြမည်နည်း။ ၎င်းပြင် သူတို့ထံတွင် ‌သောင်ရာသ်ကျမ်းလည်းရှိသည်။ ၎င်းထဲ၌ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်လည်းပါရှိသည်။ ထို(ကဲ့သို့ ဆုံးဖြတ်မှုခံယူပြီး‌နောက် ထပ်မံ၍ သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်ကြဘဲလျက် (အသင်၏ဆုံးဖြတ်ချက်မှ) သူတို့သည် မျက်နှာလွှဲသွားကြပြန်သည်။

    [44] စင်စစ် ငါအရှင်မြတ်သည် ‌သောင်ရာသ်ကျမ်းကို ချ‌ပေး‌တော်မူခဲ့သည်။ ထိုကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ‌ရောင်ခြည်‌တော်ပါရှိသည်။ (အရှင်မြတ်၏)အမိန့်‌တော်များကို လိုက်နာကြ‌သော* ရစူလ်တမန်‌တော်များသည် ယဟူဒီများအ‌ပေါ်တွင် ထို‌သောင်ရာသ်ကျမ်း‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌လေ့ရှိခဲ့ကြသည်။ ၎င်းပြင် ယဟူဒီဘုန်း‌တော်ကြီးများနှင့် ပညာရှိသုခမိန်များသည်လည်း ထိုကျမ်း‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌လေ့ရှိခဲ့ကြသည်။ အဘယ့်‌ကြောင့်ဆို‌သော် ၎င်း(ဘုန်း‌တော်ကြီးများနှင့် ပညာရှင်များ)တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်း‌တော်ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် အမိန့်‌ပေး‌တော်မူခြင်းခံခဲ့ကြရသည့်အပြင် သူတို့သည် ထိုကျမ်းကို အရှင်မြတ်ချ‌ပေး‌ကြောင်း သက်‌သေခံသူများလည်း ဖြစ်ခဲ့သည့်အတွက်‌ကြောင့်ပင်။ သို့ဖြစ်ရာ အသင်တို့သည် လူများအား မ‌ကြောက်ကြနှင့်၊ ငါအရှင်မြတ်ကိုသာ ‌ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို တန်ဖိုးအနည်းငယ်နှင့် ‌ရောင်းမစားကြနှင့်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသည်။

    [45] ထို့ပြင် ငါအရှင်မြတ်သည် ထို(‌သောင်ရာသ်ကျမ်း)၌ ထိုသူ(ယဟူဒီ)များအ‌ပေါ် အသက်ဝိညာဉ်အစား အသက်ဝိညာဉ်၊ မျက်စိအစား မျက်စိ၊ နှာ‌ခေါင်းအစား နှာ‌ခေါင်း၊ နားရွက်အစား နားရွက်၊ သွားအစား သွားနှင့် ဒဏ်ရာဒဏ်ချက်ခံစားရသကဲ့သို့ ကိစွာစွ် လက်စား‌ချေခွင့်ရှိသည်ဟု အမိန့်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ ထို့‌နောက် အကြင်သူသည် ထိုလက်စား‌ချေခြင်းကိုခွင့်လွှတ်ခဲ့လျှင် ထိုကဲ့သို့ ခွင့်လွှတ်ခြင်းသည် (ခွင့်လွှတ်‌သော)သူအတွက် အပြစ်များမှလွတ်ကင်းရန် အ‌ကြောင်းခံပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ဇွာလင်မ် မတရားကျူးလွန်သူများဖြစ်ကြသည်။

    [46] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်များ)၏‌နောက်တွင် ထိုတမန်‌တော်များ၏လမ်းစဉ်ကို ဖဝါး‌ခြေထပ်လိုက်နာကျင့်သုံးရန်အတွက် မရ်ယမ်၏သား‌တော် (တမန်‌တော်)အီစာကို ၎င်း၏မတိုင်မီရှိခဲ့‌သော ‌သောင်ရာသ်ကျမ်းအား ‌ထောက်ခံသူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အင်ဂျီလ်ကျမ်း‌တော် ချီးမြှင့်‌တော်မူခဲ့သည်။ ထိုအင်ဂျီလ်ကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်အပြင် အလင်း‌ရောင်လည်းပါရှိသည်။ ထိုကျမ်းသည် ၎င်း၏မတိုင်မီရှိ‌သော ‌သောင်ရာသ်ကျမ်းကို ‌ထောက်ခံ‌နေသည့်အပြင် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ဆုံးမဩဝါဒလည်းဖြစ်သည်။

    [47] ထို့ပြင် အင်ဂျီလ်ကျမ်းကိုရရှိ‌သောသူများသည်လည်း ထိုကျမ်းထဲ၌ အလ္လာဟ်အရှင်မြတ်က ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများသည် ဖာစိက် စည်းကမ်း‌ဖောက်ဖျက်သူများပင် ဖြစ်ကြသည်။

    [48] ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော့်)ထံသို့ မှန်ကန်‌သောကျမ်း‌တော်မြတ်(ကုရ်အာန်)ကို ချ‌ပေး‌တော်မူခဲ့သည်။ (ထိုကျမ်းသည်) ၎င်းမတိုင်မီရှိခဲ့‌သောကျမ်းများအား ‌ထောက်ခံလျက်ရှိသည့်*အပြင် ထိုကျမ်းများကိုလည်း ထိန်းသိမ်း‌စောင့်‌ရှောက်လျက်ရှိသည်။ ထို့‌ကြောင့် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် အသင်၏ထံသို့ ‌ရောက်ရှိလာ‌သော မှန်ကန်သည့်ကျမ်းကိုစွန့်ပြီး သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ငါအရှင်မြတ်သည် အသင်တို့ထဲမှ ကိုယ်စီ ကိုယ်စီအတွက် ဥပ‌ဒေနှင့် လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့ကို သာသနာဝင်အုပ်စုတစ်ခုတည်း ဖြစ်‌စေ‌တော်မူခဲ့မည် အမှန်ပင်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်ပြဋ္ဌာန်း‌တော်မူသည်နှင့်ပတ်သက်၍ အသင်တို့အား စမ်းသပ်‌တော်မူရန်အတွက် (ထိုကဲ့သို့ အုပ်စုတစ်ခုတည်း မပြုလုပ်ခဲ့ခြင်းဖြစ်သည်)။ ထို့‌ကြောင့် အသင်တို့သည် ‌ကောင်းမှုများကို သူ့ထက်ငါသာ‌အောင် အလျင်အမြန် ပြုလုပ်ကြပါ။ အသင်တို့အားလုံး၏ ပြန်လည်‌ရောက်ရှိရာ‌နေရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြသည့် (အဓိကယုံကြည်ရမည့်) အ‌ကြောင်းအရာများနှင့်ပတ်သက်၍ အသင်တို့အား အသိ‌ပေး‌တော်မူမည်။

    [49] ထို့ပြင် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က အသင့်ထံသို့ချ‌ပေးသနား‌တော်မူ‌သော အချို့အမိန့်‌တော်များနှင့်ပတ်သက်၍ သူတို့သည် အသင့်အား ချွတ်‌ချော်သွား‌အောင်လုပ်မည်ကို အသင် သတိထားပါ။ ထို့‌နောက် အကယ်၍ သူတို့သည် (မလိုက်နာဘဲ) မျက်နှာလွှဲသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အချို့ပြစ်မှုများ‌ကြောင့် သူတို့အား ပြစ်ဒဏ်‌ပေးလို‌တော်မူခြင်းဖြစ်သည်ဟု အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အမှန်စင်စစ် လူများထဲမှ အ‌မြောက်အမြားသည် (အရှင်မြတ်၏)စည်းကမ်းကို အမှန်ပင် ‌ဖောက်ဖျက်ကြ‌သောသူများ ဖြစ်ကြသည်။

    [50] ၎င်းပြင် သူတို့သည် အမိုက်‌ခေတ်*၏စီရင်ဆုံးဖြတ်မှုကို လိုလားကြသ‌လော။ ထို့ပြင် အီမာန်ယုံကြည်‌သောသူများအတွက် အလ္လာဟ်အရှင်မြတ်ထက် ပို‌ကောင်း‌သော စီရင်ဆုံးဖြတ်မည့်သူ မည်သူရှိသနည်း။

    [51] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ယဟူဒီများနှင့် နတ်စွ်ရာနီများကို မိတ်‌ဆွေအ‌ပေါင်းအသင်းများအဖြစ် မပြုလုပ်ကြနှင့်။* သူတို့သည် (အသင်တို့ကို ဆန့်ကျင်ရာတွင်) အချင်းချင်းကူညီရိုင်းပင်းကြ‌သော အ‌ဆွေခင်ပွန်းများပင်ဖြစ်ကြသည်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို သူတို့အား မိတ်‌ဆွေအ‌ပေါင်းအသင်းပြုလုပ်လျှင် ထိုသူသည် အမှန်ပင် သူတို့ထဲမှဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန် ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။

    [52] ထို့‌ကြောင့် အသင်သည် စိတ်နှလုံးများ၌‌ရောဂါရှိ‌သောသူများ ထိုသူ(ယဟူဒီနှင့် နတ်စွ်ရာနီ)များထံ အ‌ပြေးအလွှားသွား‌နေကြသည်ကို ‌တွေ့မြင်ရခြင်းဖြစ်သည်။ သူတို့က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ‌ပေါ် ‌ဘေးဒုက္ခတစ်ခုခုကျ‌ရောက်လာမည်ကို စိုးရိမ်ကြသည်ဟု ‌ပြောဆိုကြသည်။* ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် မကြာမီ (မွတ်စ်လင်မ်များကို) ‌အောင်မြင်မှု‌ပေးသနား‌တော်မူမည်။ သို့မဟုတ် အရှင်မြတ်ထံ‌တော်မှ အမိန့်တစ်စုံတစ်ခု(ချ‌ပေး‌တော်မူမည်)၊ ထိုအခါ သူတို့သည် သူတို့စိတ်များထဲ၌ လျှို့ဝှက်ထားခဲ့ကြ‌သော အ‌ကြောင်းများနှင့်ပတ်သက်၍ ဝမ်းနည်းပူ‌ဆွေးသူများ ဖြစ်သွားကြလိမ့်မည်။

    [53] ထို့ပြင် အီမာန်ယုံကြည်‌သောသူများက (မုနာဖိက်များနှင့်ပတ်သက်၍ ‌ပြောဆိုကြမည်) “အမှန်ပင် သူတို့သည် အသင်တို့(မွတ်စ်လင်မ်များ)နှင့်အတူ ရှိကြပါသည်ဟု အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး ‌ပြောဆိုကြသူများသည် ဤသူများပင်‌လော“ဟု ‌ပြောဆိုကြမည်။ သူတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ပြီဖြစ်သည်၊ သို့ဖြစ်ရာ သူတို့သည် ပျက်စီးဆုံးရှုံး‌သောသူများဖြစ်သွားပြီးဖြစ်သည်။

    [54] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့ထဲမှ မည်သူမဆို သူ၏သာသနာမှ ပြန်လှည့်ထွက်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမီ အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းယူလာ‌တော်မူမည်၊ ထိုလူမျိုးကို အရှင်မြတ်သည် ချစ်ခင်‌တော်မူမည်။ ၎င်းပြင် သူတို့ကလည်း အရှင်မြတ်ကို ချစ်ခင်‌တော်မူမည်။ (သူတို့သည်) အီမာန်ယုံကြည်သူများအ‌ပေါ်တွင် နူးညံ့သိမ်‌မွေ့‌သောစိတ်ထားရှိသူများဖြစ်ကြမည်။ ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်၌မူ ပြင်းထန်တင်းမာ‌သောသူများ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သက်စွန့်ကြိုးပမ်း(တိုက်ခိုက်)‌ဆောင်ရွက်ကြလိမ့်မည်။ ထို့ပြင် သူတို့သည် မည်သည်ပြစ်တင်ကဲ့ရဲ့သူတစ်ဦးတစ်‌ယောက်၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမှ စိုးရိမ်ကြမည်မဟုတ်‌ပေ။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထို‌ကျေးဇူး‌တော်ကို အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] အသင်တို့၏မိတ်‌ဆွေသည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်‌တော်နှင့် အကြင်အီမာန်ယုံကြည်သူများ ဖြစ်ကြသည်။ ထိုယုံကြည်သူများသည် ကျိုးနွံသူများဖြစ်လျက် စွလာသ်ဝတ်ပြုကြသည်။ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။

    [56] ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်‌တော်နှင့် အကြင်အီမာန်ယုံကြည်သူများအား မိတ်‌ဆွေပြုလုပ်ကြလျှင် (ထိုသူများသည် အရှင်မြတ်၏ ဘက်‌တော်သားများဖြစ်ကြသည်)၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ဘက်‌တော်သားများသာ ‌အောင်မြင်သူများဖြစ်ကြသည်။

    [57] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့မတိုင်မီ ကျမ်းဂန်ရရှိ‌သောသူများထဲမှ အသင်တို့၏သာသနာကို ‌ပြောင်‌လှောင်စရာနှင့် ကစားစရာအဖြစ် ပြုလုပ်ကြ‌သောသူများနှင့် ကာဖိရ်ငြင်းပယ်သူများအား မိတ်‌ဆွေများ မပြုလုပ်ကြနှင့်။ (မိတ်‌ဆွေပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ စာ-၅၄၊‌ခြေ-၄ တွင်ရှင်းပြီးဖြစ်၏။) ထို့ပြင် အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [58] ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုရန် အာဇန်ဟစ်‌ခေါ်ကြ‌သောအခါ* သူတို့သည် ထိုဟစ်‌ခေါ်ခြင်းကိုု ပြက်ရယ်‌ပြောင်‌လှောင်စရာနှင့် ‌ဆော့ကစားစရာအဖြစ် ပြုလုပ်ကြသည်။ ထိုကဲ့သို့ ပြုလုပ်သည့်အ‌ကြောင်းမှာ အမှန်စင်စစ် သူတို့သည် အသိဉာဏ်ကင်းမဲ့‌သောလူမျိုးဖြစ်ခြင်း‌ကြောင့်ပင် ဖြစ်သည်။

    [59] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ ကျွန်ုပ်တို့ထံသို့ ကျ‌ရောက်လာ‌သောတရား‌တော်များနှင့် ယခင်က ကျ‌ရောက်လာ‌သောတရား‌တော်များကို ယုံကြည်ခြင်းကိုပင် အသင်တို့သည် ကျွန်ုပ်တို့အား အပြစ်‌ပြော‌နေကြသည် မဟုတ်‌လော။ ထို့ပြင် အမှန်မှာ အသင်တို့ထဲမှာ အ‌မြောက်အမြားသည် စည်းကမ်း‌ဖောက်ဖျက်သူများပင် ဖြစ်ကြသည်။

    [60] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် နိဂုံးချုပ်ရလာဒ်အ‌နေနှင့် ထိုထက်ဆိုးသည့်အ‌ကြောင်းကို အသင်တို့အား ‌ပြောရမည်‌လော။ (ထိုအ‌ကြောင်းမှာ) အကြင်သူများ၏(အ‌ကြောင်း)ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား သနားကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အ‌ပေါ်၌ ‌ဒေါသလည်း ဖြစ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထဲမှ အချို့ကို ‌မျောက်များနှင့်ဝက်တိရစာ္ဆန်များလည်း ဖြစ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ရှိုင်သွာန်ကိုလည်း ကိုးကွယ်ခဲ့ကြသည်။* သူတို့သည် ‌နေရာအားဖြင့်လည်း အဆိုးရွားဆုံး‌သောသူများဖြစ်ကြသည်။ ထို့ပြင် လမ်းမှန်မှလည်း အလွဲမှားဆုံးသူများပင်ဖြစ်ကြသည်။

    [61] ထို့ပြင် သူတို့သည် အသင်တို့ထံသို့ လာကြ‌သောအခါ “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါပြီ“ဟု ‌ပြောဆိုကြသည်။ အမှန်မှာ သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကို ယူပြီးဝင်လာခဲ့ကြသည်။ ၎င်းပြင် အမှန်ပင် သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကိုသာယူပြီး ပြန်ထွက်သွားကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ထားသည်များကို အသိဆုံးပင်ဖြစ်‌တော်မူသည်။

    [62] ထို့ပြင် အသင်သည် ထို(ယဟူဒီ)များထဲမှ အ‌မြောက်အမြားကို ပြစ်မှုကျူးလွန်မှု၊ ကျူး‌ကျော်‌စော်ကားမှုနှင့် မတရားရ‌သောပစ္စည်းကို စားသုံးမှုတို့တွင် ‌ပြေးလွှားပြုလုပ်‌နေကြသည်ကို ‌တွေ့ရလိမ့်မည်။ သူတို့ပြုလုပ်‌နေသည့်အရာများသည် အမှန်ပင် အဘယ်မျှဆိုးဝါးလိုက်သနည်း။

    [63] တရားအားထုတ်ကျင့်ကြံ‌သောဆရာ‌တော်များနှင့် ပညာရှင်များသည် သူတို့အား အပြစ်ရှိ‌သောစကားကို‌ပြောဆိုခြင်းနှင့် မတရားရ‌သောပစ္စည်းများကို စားသုံးခြင်းမှ အဘယ့်‌ကြောင့် မတားမြစ်ကြသနည်း။* သူတို့ပြုလုပ်‌လေ့ရှိ‌သောအရာများသည် အမှန်ပင် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။

    [64] ထို့ပြင် ယဟူဒီများက “အလ္လာဟ်အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည်(တွန့်တိုသွားပြီး)“ဟု ‌ပြောဆိုကြသည်။ (အမှန်မှာ) သူတို့၏လက်များပင် ဆုပ်ထားပြီးဖြစ်သည်(တွန့်တိုသွားခြင်း)ဖြစ်သည်။ ၎င်းပြင် သူတို့သည် သူတို့၏ ထိုကဲ့သို့‌ပြောဆိုမှု‌ကြောင့် သနားကရုဏာမှ ကင်း‌ဝေးခံကြရပြီဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏လက်နှစ်ဖက်စလုံးသည် ပြန့်လျက်ပင် (ရက်‌ရောလျက်)ရှိသည်။* အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်အတိုင်း သုံးစွဲ‌တော်မူသည်။ ထို့ပြင် အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ အသင်၏ထံသို့ ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်)သည် သူတို့ထဲမှ အ‌မြောက်အမြားအား ကျူးလွန်မှုနှင့်ငြင်းပယ်မှုကို အမှန်ပင် ပိုတိုးပွား‌စေလိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏ကြားတွင် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို ကိယာမသ်ရှင်ပြန်ထမည့်‌နေ့အထိ ထည့်သွင်းဖန်တီး‌တော်မူခဲ့သည်။ သူတို့သည် စစ်မီးကို‌မွှေးသည့်အခါတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ငြိမ်း‌အေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ကမာ္ဘ‌မြေပြင်တွင် ဖျက်ဆီးမှုကို ပြုလုပ်ကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးမှုပြုလုပ်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [65] ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန်ယုံကြည်ကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့၏ပြစ်မှုများကို ခွင့်လွှတ်‌တော်မူပြီး စည်းစိမ်ပြည့်ဝ‌သော ဥယျာဉ်များသို့ အမှန်ပင် ဝင်‌ရောက်‌စေ‌တော်မူမည်။

    [66] ထို့ပြင် အကယ်၍ သူတို့သည် ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်)ကျမ်း‌တော်မြတ်ကို အတည်ပြုလိုက်နာကြလျှင် အမှန်စင်စစ် သူတို့သည် သူတို့၏အထက်မှလည်း‌ကောင်း၊ သူတို့၏‌ခြေများ‌အောက်မှလည်း‌ကောင်း* စားသုံးကြရလိမ့်မည်။ သူတို့ထဲတွင် မှန်ကန်‌သောလမ်းကို လိုက်‌သော လူတစ်စုရှိသည်။* ၎င်းပြင် သူတို့ထဲမှ များစွာ‌သောသူများ၏ လုပ်ရပ်များမှာမူ ဆိုးဝါးလှသည်။

    [67] (အို- တမန်‌တော်)အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ အသင်၏ထံသို့ ကျ‌ရောက်လာ‌သောအရာ(တရား‌တော်များ)ကို ပို့ချပါ။* အကယ်၍ အသင်သည် (ပို့ချမှု)မပြုခဲ့လျှင် အသင်သည် တမန်‌တော်ဖြစ်ပြီး တာဝန်ကို ‌ကျေပွန်ခြင်းမရှိ‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူများ(၏ ‌ဘေးအန္တရာယ်)မှ ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများကို (အသင်တို့အား ဖျက်ဆီးရန်)လမ်းပြ‌တော်မူမည် မဟုတ်‌ပေ။

    [68] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် အသင်တို့ထံ အသင်တို့ကို ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ ကျ‌ရောက်လာ‌သောကျမ်းမြတ်(ကုရ်အာန်)ကိုလည်း အတည်ပြု လိုက်နာခြင်းမရှိသမျှ အသင်တို့သည် မည်သည့်လမ်းစဉ်(အမှန်)‌ပေါ်၌မှ တည်ရှိကြသည် မဟုတ်‌ပေ။*ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်မြတ်ထံ‌တော်မှ အသင်၏ထံသို့ ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်ကျမ်း)သည် သူတို့ထဲမှ များစွာ‌သောသူများအား ကျူးလွန်မှုနှင့်ငြင်းပယ်မှုကို အမှန်ပင် တိုးပွားများပြား‌စေမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် ကာဖိရ်ငြင်းပယ်သူများနှင့်ပတ်သက်၍ ပူပင်‌သောက မထားပါနှင့်။

    [69] အမှန်စင်စစ် အီမာန်ယုံကြည်သူများ၊ ယဟူဒီများ၊ စွာဗိအီ*များ၊ နတ်စ်ွရာနီများ(သူတို့ထဲမှ) မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို လုပ်‌ဆောင်ခဲ့ကြလျှင် ထိုသူများအတွက် မည်သည့်စိုးရိမ်စရာမှ မရှိသည့်အပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [70] အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံမှ ကတိဝန်ခံချက်ယူ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်‌တော်များ(အ‌မြောက်အမြား)‌စေလွှတ်‌တော်မူခဲ့သည်။ မည်သည့်အခါမဆို သူတို့ထံသို့ တမန်‌တော်တစ်ပါးပါးသည် သူတို့မကြိုက်‌သော အမိန့်ပညတ်ချက်များကို ယူ‌ဆောင်လာခဲ့လျှင်၊ သူတို့သည် အချို့(တမန်‌တော်များ)အား လူလိမ်များဟု ‌ပြောဆိုငြင်းပယ်ခဲ့ကြပြီး အချို့(တမန်‌တော်များ)အား သတ်ဖြတ်လိုက်ခဲ့ကြသည်။

    [71] ထို့ပြင် သူတို့သည် (ထိုကဲ့သို့ ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းသည် သူတို့တွင်) မည်သည့်အန္တရာယ်မှ ကျ‌ရောက်လာမည် မဟုတ်‌ပေဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် မျက်စိကန်းပြီး နားပင်းခဲ့ကြသည်။ ထို့‌နောက်ထပ်မံ၍ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏‌သောင်ဗဟ် အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူခဲ့သည်။ ထို့‌နောက်လည်း သူတို့ထဲမှ များစွာ‌သောသူများသည် (အမှန်တရားမှ)မျက်စိကန်းပြီး နားပင်းသွားကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [72] “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မရ်ယမ်၏သား‌တော်မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု* ‌ပြောဆိုခဲ့ကြ‌သောသူများသည် အမှန်ပင် ကာဖိရ်ဖြစ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ပြင် မစီဟ်(အီစာကိုယ်တိုင်)ကမူ “အို- အစ္စရာအီလ်မျိုးနွယ်အ‌ပေါင်းတို့၊ အသင်တို့သည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု ‌ပြောဆိုခဲ့သည်။ အမှန်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို အမှန်ပင် ဟရာမ်ပြုလုပ် တားမြစ်ထား‌တော်မူမည်။ ၎င်းပြင် သူ၏‌နေရာထိုင်ခင်းသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် မတရားကျူးလွန်‌သောသူများအား ကူညီမည့်သူ တစ်ဦးတစ်‌ယောက်မှရှိမည် မဟုတ်‌ပေ။

    [73] “အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အရှင်)သုံးပါးထဲမှ တစ်ပါးဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြ‌သောသူများသည်လည်း အမှန်စင်စစ် ကာဖိရ်များပင် ဖြစ်သွားခဲ့ကြသည်။ ၎င်းပြင်(အမှန်မှာ)တစ်ပါးတည်း‌သော ကိုးကွယ်ထိုက်သည့်(အလ္လာဟ်)အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝ မရှိ‌ပေ။ အကယ်၍ သူတို့သည် သူတို့၏‌ပြောဆိုမှုများကို မရပ်စဲကြလျှင် သူတို့ထဲမှ (ဆက်ပြီး)ငြင်း‌နေကြ‌သောသူများ‌ပေါ် အလွန်နာကျင်‌စေ‌သောအပြစ်ဒဏ် အမှန်ပင် ဆိုက်‌ရောက်လာမည်။

    [74] ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဝန်ချ‌တောင်းပန်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံမှုကို မပြုလုပ်ကြ‌လေသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [75] မရ်ယမ်၏သား‌တော်မစီဟ်သည် တမန်‌တော်တစ်ပါးသာဖြစ်သည်။* ထိုမရ်ယမ်၏သား‌တော်မစီဟ်(အီစာ)၏ မတိုင်မီ၌လည်း တမန်‌တော်များ အမှန်ပင် ပွင့်‌ပေါ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ထိုမစီဟ်(အီစာ)၏မိခင်(မရ်ယမ်)သည် အလွန်မှန်ကန်‌သော အမျိုးသမီးတစ်ဦးဖြစ်သည်။*၎င်းတို့(သားအမိ)နှစ်ဦးစလုံးသည် အစားအစာ စားသုံးခဲ့ကြသည်။* ငါအရှင်မြတ်သည် သူတို့(နတ်စ်ွရာနီ)များ၏‌ရှေ့၌ သက်‌သေအ‌ထောက်အထားများကို မည်သို့ ရှင်းလင်းပြသ သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ၎င်းပြင် ထပ်မံ၍ သူတို့သည် (အမှန်တရားကို စွန့်ကာ) အဘယ်သို့ လှည့်သွားကြသနည်းဆိုသည်ကိုလည်း အသင်(တမန်‌တော်)ကြည့်လိုက်ပါ။

    [76] (အို- တမန်‌တော်)အသင်သည် (နတ်စွ်ရာနီများအား)‌ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အား အကျိုးယုတ်‌စေခြင်းနှင့် အကျိုးဖြစ်ထွန်း‌စေခြင်းကို ပြုနိုင်စွမ်းမရှိ‌သောအရာများအား ကိုးကွယ်‌နေကြသ‌လော။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [77] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ ဒီန်သာသနာတွင် လွန်ကျူးစွာ အစွန်းမ‌ရောက်ကြနှင့်။ ထို့ပြင် အသင်တို့သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ကြနှင့်။ အမှန်မှာ ထိုသူများသည် ယခင်က (သူတို့ကိုယ်တိုင်)လမ်းမှားကို ‌ရောက်ခဲ့ကြသည်သာမက လူအ‌မြောက်အမြားကိုလည်း လမ်းမှား‌စေခဲ့ကြသည်။ ထို့ပြင် သူတို့သည် လမ်းမှန်(ကို သိပါလျက်နှင့် လမ်းမှန်)မှ ချွတ်‌ချော်လွဲမှားခဲ့ကြသည်။

    [78] အစ္စရာအီလ်မျိုးနွယ်များထဲမှ ကာဖိရ်ငြင်းပယ်ကြ‌သောသူများသည် (တမန်‌တော်)ဒါဝူဒ်နှင့် မရ်ယမ်၏သား‌တော်(တမန်‌တော်)အီစာ၏နှုတ်မှတဆင့် ကျိန်ဆဲခံခဲ့ကြရသည်။ ထိုကဲ့သို့ ကျိန်စာသင့်(ပြီး အရှင့်ကရုဏာမှ ‌ဝေးခြင်း)ခံခဲ့ကြရခြင်းမှာ သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် အမြဲ စည်းကမ်း‌ဖောက်ဖျက်‌လေ့ရှိခဲ့ခြင်း‌ကြောင့်ဖြစ်သည်။

    [79] သူတို့သည် သူတို့ပြုကျင့်ခဲ့ကြ‌သော မ‌ကောင်းမှုမှ အချင်းချင်း တားမြစ်‌လေ့မရှိခဲ့ကြ‌ပေ။ အမှန်မှာ သူတို့ပြုကျင့်‌လေ့ရှိခဲ့ကြ‌သော အပြုအမူများသည် အဘယ်မျှ ဆိုးယုတ်သိမ်ဖျင်းလိုက်သနည်း။

    [80] အသင်သည် သူတို့ထဲမှ ကာဖိရ်ငြင်းပယ်‌သောသူများနှင့် မိတ်‌ဆွေပြုလုပ်‌သောသူ အ‌မြောက်အမြားကို ‌တွေ့မြင်ရလိမ့်မည်။* အမှန်စင်စစ် သူတို့ကိုယ်တိုင် သူတို့အတွက် ကြိုတင်ပို့နှင့်ထားကြ‌သော လုပ်ရပ်များသည် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။ (ထို့‌ကြောင့်) အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ‌ဒေါသထား‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် အမြဲ အပြစ်ဒဏ်ထဲ၌ ‌နေကြရမည်။

    [81] ထို့ပြင် အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်မြတ်အပြင် တမန်‌တော်မြတ်အ‌ပေါ်တွင် ကျ‌ရောက်လာ‌သောအရာ (ကျမ်းမြတ် ကုရ်အာန်)တို့ကို ယုံကြည်ကြသည်ဆိုလျှင် ထို(ကာဖိရ်)များအား မိတ်‌ဆွေများ ပြုလုပ်ကြမည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် စည်းကမ်း ‌ဖောက်ဖျက်‌ဘောင်‌ကျော်သူများဖြစ်ကြသည်။

    [82] အသင်သည် အီမာန်ယုံကြည်သူများအား ရန်ငြိုးထားရာ၌ လူများထဲမှ ယဟူဒီများနှင့် မုရှ်ရိက်များကို အပြင်းထန်ဆုံးသူများအဖြစ် အမှန်ပင် ‌တွေ့ရလိမ့်မည်။ ထို့ပြင် အသင်သည် အီမာန်ယုံကြည်သူများအား မိတ်‌ဆွေဖွဲ့ရာ၌ လူများထဲမှ အနီးစပ်ဆုံးသူများအဖြစ် “ကျွန်ုပ်တို့သည် နစွာရာ များဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြ‌သောသူများကို အမှန်စင်စစ် ‌တွေ့ရှိရလိမ့်မည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့(နစွာရာများ)ထဲတွင် ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိ‌နေကြခြင်း‌ကြောင့်နှင့် သူတို့သည် မာန‌ထောင်လွှားမှုလည်း မရှိခြင်း‌ကြောင့်ဖြစ်သည်။

    [83] ထို့ပြင် သူတို့သည် တမန်‌တော်(မုဟမ္မဒ်-ဆွ)ထံသို့ ကျ‌ရောက်လာ‌သော အာယသ်‌တော်များကို ကြားနာကြရ‌သောအခါ အမှန်ကို သိမြင်လာကြသည့်အတွက် သူတို့၏မျက်စိများမှ မျက်ရည်များ ယိုစီးကျ‌နေသည်ကို အသင်(တမန်‌တော်)‌တွေ့မြင်ရလိမ့်မည်။ သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် ယုံကြည်ကြပါပြီ၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား သက်‌သေခံ‌သောသူများနှင့်အတူ အသိအမှတ်ပြု‌တော်မူပါ“ဟု ‌လျှောက်ထားကြသည်။

    [84] ထို့ပြင် ထိုသူများက “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ထံ‌ရောက်ရှိလာ‌သောအမှန်တရားကို မယုံကြည်ကြရန် မည်သည့်အ‌ကြောင်းမှ မရှိ‌ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က ‌ကောင်းမြတ်‌သောသူများထဲတွင် ကျွန်ုပ်တို့အား သွတ်သွင်း‌တော်မူမည်ကိုလည်း ‌မျှော်လင့်လိုလားကြပါသည်“ (ဟု ‌ပြောဆိုကြသည်)။

    [85] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား သူတို့၏(ဝန်ခံ)‌ပြောဆိုမှု‌ကြောင့် အကြင်ဥယျာဉ်များကို အစား‌ပေး‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများသည် စီးဆင်းလျက်ရှိမည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေထိုင်ကြရမည်။ ၎င်းသည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သော သူ‌တော်‌ကောင်းများ၏အကျိုးပင် ဖြစ်သည်။

    [86] ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြပြီး ငါအရှင်မြတ်၏ အာယသ်များကို (မုသားဟု)ငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် ငရဲသားများပင်ဖြစ်ကြသည်။

    [87] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က ဟလာလ်ခွင့်ပြုထား‌သော သန့်ပြန့်စင်ကြယ်သည့်အရာများကို ဟရာမ်ဟု တားမြစ်မှုမပြုကြနှင့်။* ထို့ပြင် အသင်တို့သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်မှုလည်း မပြုကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။

    [88] ထို့ပြင် အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်က‌ပေး‌တော်မူသည့်အထဲမှ ဟလာလ်ခွင့်ပြုထား‌သော သန့်စင်သည့်အရာများကို စားသုံးကြပါ။* ထို့ပြင် အသင်တို့သည် အသင်တို့ယုံကြည်ကြ‌သော အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [89] အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏(မရည်ရွယ်ဘဲ)အကျိုးမဲ့ ကျိန်ဆိုခြင်းနှင့်ပတ်သက်၍ အသင်တို့အား အပြစ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့ အခိုင်အမာ ကျိန်ဆိုကြ‌သော ကျိန်ဆိုမှုများနှင့်ပတ်သက်၍မူ အသင်တို့အား အပြစ်ဒဏ်‌ပေး‌တော်မူမည်ဖြစ်သည်။* သို့ဖြစ်ရာ ထိုခိုင်မာ‌သောကျိန်ဆိုမှု(ကို ချိုးဖျက်ခြင်း)၏အပြစ်အား ပယ်ဖျက်နည်းမှာ အသင်တို့သည် အသင်တို့၏ အိမ်သူအိမ်သားများအား ‌ကျွေး‌မွေး‌လေ့ရှိကြ‌သော အစားအစာမျိုးထဲမှ အလတ်စားဖြစ်‌သော အစားအစာကို ဆင်းရဲသားဆယ်ဦးအား ‌ကျွေး‌မွေးရမည်၊ သို့မဟုတ် ကျွန်တစ်ဦးကို သူ‌ကောင်းပြုရမည်။ သို့ရာတွင် အကြင်သူသည် မတတ်စွမ်းနိုင်ခဲ့လျှင် ‌စွောင်မ်ဥပုသ် သုံးရက်‌စောင့်ထိန်းရမည်။ ၎င်းသည် အသင်တို့ကျိန်ဆိုပြီး (ချိုးဖျက်)ခဲ့လျှင် အပြစ်‌ဖြေရန်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ ကျိန်ဆိုချက်များကို ‌စောင့်ထိန်းကြပါ။(မကြာခဏ မကျိန်ဆိုရ‌ပေ)။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် အရှင်မြတ်၏အမိန့်‌တော်များကို အသင်တို့ ‌ကျေးဇူးသိတတ်ကြရန်အတွက် ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။

    [90] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အရက်၊ ‌လောင်းကစားမှု၊ ရုပ်တု ဆင်းတု၊ မြားများ(ဖြင့် ကံစမ်းခြင်း)တို့သည် ရှိုင်သွာန်၏လုပ်ရပ်များထဲမှ အလွန်ဆိုးဝါး ညစ်ညမ်း‌သော ကိစ္စများဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများကို အသင်တို့‌အောင်မြင်ကြရန်အတွက် ‌ရှောင်ကြဉ်ကြပါ။

    [91] စင်စစ် ရှိုင်သွာန်သည် အရက်၊ ‌လောင်းကစားနှင့်ပတ်သက်၍ အသင်တို့ကြားတွင် ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ဖြစ်‌ပေါ်‌စေရန်နှင့် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏သတိရမှုနှင့် စွလာသ်ဝတ်ပြုမှုမှ တားဆီးရန်ကိုသာ ရည်ရွယ်‌နေသည်။* သို့ဖြစ်ရာ အသင်တို့သည် (အရက်‌သောက်ခြင်းနှင့် ‌လောင်းကစားခြင်းမှ) ရပ်တန့်ကြမည်‌လော။(ဝါ) ရပ်တန့်ကြပါ။

    [92] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်)ကို လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် တမန်‌တော်(၏ အမိန့်)ကိုလည်း လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် (မ‌ကောင်းမှုများမှ) သတိထား(‌ရှောင်ကြဉ်)ကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် (မနာခံဘဲ)‌ရှောင်ဖယ်သွားကြလျှင်၊ ငါအရှင်မြတ်၏ တမန်‌တော်အ‌ပေါ်၌ ရှင်းလင်းထင်ရှားစွာ ပို့ချရန်သာ တာဝန်ရှိသည်ဆိုသည်ကို အသင်တို့ သိထားကြပါ။

    [93] အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုမူခဲ့ကြ‌သောသူများအ‌ပေါ်တွင် သူတို့သည် (အတိတ်ကာလ၌ ဟရာမ်ဟုမတားမြစ်မီက အရက်၊ ‌လောင်းကစားဖြင့် ရထား‌သောပစ္စည်းများနှင့် အခြားအရာများကို)စားသုံးမိခဲ့ကြသည့်အတွက် အပြစ်မရှိ‌ပေ။ ယခင်က သူတို့သည် (ထိုစဉ်က တားမြစ်ထား‌သောအရာများမှ) ‌ရှောင်ကြဉ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ထိုစဉ်က အမိန့်များကိုလည်း) ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထို့‌နောက် ထပ်မံပြီး သူတို့သည် (အရှင်မြတ်က ဟရာမ်ဟု တားမြစ်‌တော်မူလိုက်‌သောအခါ ထိုတားမြစ်ချက်များကိုလည်း) ‌ရှောင်ကြဉ်ကြပြန်သည်။ ၎င်းပြင်(ထိုအမိန့်များကိုလည်း) ယုံကြည်ကြပြန်သည်။ ထို့‌နောက် (တစ်ဆင့်ထပ်တက်၍) သူတို့သည် (ဟရာမ် ကျူးလွန်မိသွား‌စေနိုင်‌သော အရာများမှလည်း) ‌ရှောင်ကြဉ်ကြပြန်သည်သာမက (အရှင်မြတ်သည် မြင်‌နေ‌တော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ‌ကောင်းကျိုး‌ဆောင်ရွက်ကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် မြင်‌နေ‌တော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများအား ချစ်မြတ်နိုး‌တော်မူသည်။

    [94] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား အကွယ်မှ မည်သူသည် ‌ကြောက်ရွံ့သနည်းဆိုသည်ကို သိ‌တော်မူရန်အတွက် အသင်တို့၏လက်များနှင့် အသင်တို့၏လှံများ မီနိုင်‌သော အချို့သား‌ကောင်များနှင့် အသင်တို့အား စမ်းသပ်‌တော်မူမည်။ သို့ဖြစ်ရာ မည်သူမဆို ဤ(တားမြစ်ချက်)‌နောက်တွင် (အမဲလိုက်)ကျူး‌ကျော်ခဲ့လျှင်၊ ထိုသူများအတွက် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်သည် အဆင်သင့်ရှိသည်။

    [95] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံကို ရုံထားလျက် အမဲလိုက်သတ်ဖြတ်မှု မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို တမင်ရည်ရွယ်ပြီး အမဲလိုက်သတ်ဖြတ်ခဲ့လျှင်၊ ထိုသတ်ဖြတ်ခဲ့‌သော သား‌ကောင်(၏ တန်ဖိုး)နှင့်ညီမျှ‌သော ‌ခြေ‌လေး‌ချောင်းသား‌ကောင်တစ်‌ကောင်ကို ကုရ်ဗာနီသား‌ကောင်အဖြစ် ကအ်ဗဟ်‌ကျောင်း‌တော်ထံသို့ ပို့‌ဆောင်(၍ ဒဏ်‌ဆောင်)ရမည်။ ထို(ဒဏ်‌ဆောင်ရမည့်)သား‌ကောင်ကို အသင်တို့ထဲမှ တရားမျှတ‌သော ပုဂ္ဂိုလ်နှစ်ဦးက ဆုံးဖြတ်‌ပေးရမည်။ သို့မဟုတ် ကဖ်ဖာရဟ်အဖြစ် ဆင်းရဲသားများအား (ထိုဒဏ်‌ဆောင်ရမည့်သား‌ကောင်၏ တန်ဖိုးကို)‌ဝေငှ‌ပေး‌ကျွေးရမည်။ သို့မဟုတ် ထို(‌ဝေငှ‌ပေး‌ကျွေးခံရ‌သော)ဆင်းရဲသား အ‌ရေအတွက်နှင့်အညီအမျှ ‌စွောင်မ်ဥပုသ် ‌စောင့်ထိန်းရမည်။* (ထိုကဲ့သို့ ဒဏ်‌ဆောင်‌စေခြင်းနှင့် အပြစ်‌ပြေ‌အောင်‌ဖြေ‌စေခြင်းမှာ) ထိုသူသည် သူပြုလုပ်‌သောကိစ္စ၏ဆိုးကျိုးရလာဒ်ကို မြည်းစမ်း‌စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် (ဟရာမ် မသတ်မှတ်မီက) ပြီးခဲ့‌သောကိစ္စများကို ခွင့်လွှတ်‌တော်မူခဲ့ပြီးဖြစ်သည်။ သို့ရာတွင် မည်သူမဆို ထပ်မံကျူးလွန်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ကို တန်ပြန်အ‌ရေးယူ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [96] အသင်တို့အတွက် (အိဟ်ရာမ်ရုံထားချိန်တွင်) ‌ရေသတ္တဝါများအား ဖမ်းဆီးခြင်းနှင့် ၎င်းတို့အား စားသုံးခြင်းကို အသင်တို့နှင့် ခရီးသည်များ၏အကျိုးအတွက် ဟလာလ် ခွင့်ပြုထားပြီးဖြစ်သည်။* သို့ရာတွင် အသင်တို့သည် အိဟ်ရာမ်ရုံထား‌နေသမျှ ကုန်းသတ္တဝါများကို အမဲလိုက်ခြင်းသည် အသင်တို့အ‌ပေါ်၌ ဟရာမ်တားမြစ်ထားသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အရှင်မြတ်ထံ‌တော်၌ပင် အသင်တို့သည် စုရုံးကြရမည်ဖြစ်သည်။

    [97] အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်‌သောအိမ်‌တော် ကအ်ဗဟ်‌ကျောင်း‌တော်အား လူများအတွက် (ငြိမ်းချမ်းမှု)တည်တံ့‌စေ‌သောအ‌ကြောင်းခံအဖြစ်* ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် (ထိုကဲ့သို့) ထူးမြတ်‌သောလများ၊ ကုရ်ဗာနီသား‌ကောင်များ၊ လည်ပတ် တပ်ဆင် အမှတ်အသားပြုထား‌သော သား‌ကောင်များကိုလည်း (ငြိမ်းချမ်းမှု၏ အ‌ကြောင်းခံ ပြုလုပ်‌တော်မူသည်)။ ဤကဲ့သို့ ပြုလုပ်‌တော်မူသည်မှာ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်များနှင့် ပထဝီ‌မြေထဲတွင် ရှိသမျှကို သိ‌တော်မူ‌ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အမှန်ပင် အကြွင်းမဲ့သိရှိ‌တော်မူ‌ကြောင်းကို အသင်တို့ (သိရှိ)ယုံကြည်ကြရန်အတွက် ဖြစ်သည်။

    [98] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင်ဖြစ်‌ကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌ကြောင်းကို အသင်တို့ သိထားကြပါ။

    [99] ရစူလ်တမန်‌တော်၏အ‌ပေါ်တွင် (အရှင်မြတ်၏ အမိန့်‌တော်များကို) ပို့ချရန်သာ တာဝန်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထုတ်‌ဖော်ပြုလုပ်‌သောအရာများနှင့် အသင်တို့ လျှို့ဝှက်ပြုလုပ်‌သောအရာများကို သိရှိ‌တော်မူသည်။

    [100] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ မသန့်ပြန့်‌သောအရာများ၏‌ပေါများမှုသည် အသင့်ကို နှစ်သက်အားရ‌စေ‌သော်လည်း မသန့်ပြန့်‌သောအရာနှင့် သန့်ပြန့်‌သောအရာသည် မတူ‌ပေ။* သိုု့ဖြစ်ရာ အို- ဉာဏ်ရှင်အ‌ပေါင်းတို့၊ အသင်တို့သည် ‌အောင်မြင်မှုရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [101] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် (တမန်‌တော်မြတ်အား) အကြင်အရာများနှင့်ပတ်သက်၍ မ‌မေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့‌ရှေ့၌ ထုတ်‌ဖော်(‌ပြော)ခြင်းခံခဲ့ရလျှင် အသင်တို့အား မ‌ကောင်းဖြစ်‌စေလိမ့်မည်။ ၎င်းပြင် အကယ်၍ ထိုအရာများနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်း‌တော်မြတ် ချ‌ပေးခြင်းခံ‌နေရ‌သောအချိန်၌ အသင်တို့ ‌မေးမြန်းကြလျှင် အသင်တို့အတွက် ထုတ်‌ဖော်(‌ပြော)ခြင်းခံရမည်။ ထိုကိစ္စများနှင့်ပတ်သက်၍ (ယခင်က ‌မေးခဲ့သည်များကိုမူ) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [102] အမှန်စင်စစ် အသင်တို့မတိုင်မီက သူများသည်လည်း ထိုကဲ့သို့ အ‌ကြောင်းများကို ‌မေးမြန်းခဲ့ဖူးကြသည်။* ထို့‌နောက် သူတို့သည် ထိုအ‌ကြောင်းအရာများအား ငြင်းပယ်‌သောသူများ ဖြစ်သွားခဲ့ကြသည်။

    [103] အလ္လာဟ်အရှင်မြတ်သည် ဗဟီရဟ်၊ စာအိဗဟ်၊ ဝစွီလဟ်နှင့် ဟာမ်*တို့ကို (တရား‌တော်၌) အသိအမှတ်ပြု ပြဋ္ဌာန်း‌တော်မူခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် ငြင်းပယ်‌သောသူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံမုသား‌ပြောဆိုကြသည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့ထဲမှ အများစုသည် အသိဉာဏ်မရှိကြ‌ပေ။

    [104] ထို့ပြင် သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း‌တော်မူသာအမိန့်များနှင့် တမန်‌တော်ဘက်သို့ လာကြပါ“ဟု ‌ပြောဆိုခြင်းခံကြရ‌သောအခါ သူတို့က “ကျွန်ုပ်တို့အတွက် အကြင်(လမ်းစဉ်)သည် လုံ‌လောက်သည်၊ ထို(လမ်းစဉ်‌ပေါ်)၌ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့ကို ကျွန်ုပ်တို့‌တွေ့မြင်ခဲ့ကြသည်“ဟု ‌ဖြေကြားကြသည်။ အကယ်၍ သူတို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်အရာကိုမျှ မသိနားမလည်ကြသည့်အပြင် လမ်းမှန်မရရှိကြလျှင်လည်း (လုံ‌လောက်ဦးမည်‌လော။ လုံးဝ မလုံ‌လောက်‌ပေ)။

    [105] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ်ညွှန်ကြားပြသပြီး‌နောက်) အသင်တို့ကိုယ်အသင်တို့ ထိန်းသိမ်း‌စောင့်‌ရှောက်ရန်အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်‌ပေါ်၌ရှိ‌နေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ်နစ်နာ‌စေနိုင်မည် မဟုတ်‌ပေ။ အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ပြုမူခဲ့ကြသည်များကို အသင်တို့အား အသိ‌ပေး‌တော်မူမည်။

    [106] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်ထံသို့ ‌သေခြင်းတရားဆိုက်‌ရောက်လာ(ခါနီး)၍ ဝစွီယသ် မှာတမ်းစကား‌ပြော‌သောအခါ အသင်တို့ထဲမှ မျှတ‌သော သက်‌သေနှစ်ဦးရှိရမည်။ သို့မဟုတ် အသင်တို့သည် ‌မြေပြင်တွင် ခရီးထွက်‌နေစဉ် အသင်တို့၌ ‌သေခြင်းဆိုက်‌ရောက်ခဲ့လျှင်*(အကယ်၍ အသင်တို့ထဲမှ မျှတ‌သော သက်‌သေနှစ်ဦးမရှိလျှင်) အသင်တို့ထဲမှမဟုတ်‌သော အခြားသူများထဲမှ* သက်‌သေနှစ်ဦးရှိရမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်း ခံခဲ့ရ‌သောသူများနှင့်ပတ်သက်၍ သံသယမကင်းဖြစ်ခဲ့ကြလျှင်၊ ထို(သက်‌သေ)နှစ်ဦးအား (ဗလီထဲ၌) စွလာသ်ဝတ်ပြုပြီး‌နောက် ဆိုင်းငံ့ထားကြပါ။ ထို့‌နောက် သူတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး (ဤသို့)ကျိန်ဆိုကြရမည်- “ကျွန်ုပ်တို့သည် ‌ဆွေမျိုးဖြစ်‌နေခဲ့လျှင်လည်း ဤကျိန်ဆိုမှုဖြင့် မည်သည့်အကျိုး‌ကျေးဇူးမှ ရလိုမှုမရှိ‌ပေ။* ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေခံချက်ကိုလည်း ထိမ်ချန်ထားကြမည် မဟုတ်‌ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် အပြစ်ရှိသူများထဲမှ ဖြစ်ကြလိမ့်မည်။“

    [107] ၎င်းပြင် အကယ်၍ သူတို့နှစ်ဦးသည် အပြစ်ရှိ‌ကြောင်းသိရလျှင်၊* ထိုအပြစ်ရှိသူနှစ်ဦး၏‌နေရာ၌ (ကွယ်လွန်သူ၏)‌ဆွေမျိုးအနီးစပ်ဆုံးအ‌မွေစားများထဲမှ သက်‌သေနှစ်ဦးရပ်ပြီး၊ “အမှန်စင်စစ် ကျွန်ုပ်တို့၏ သက်‌သေခံခြင်းသည် သူတို့နှစ်ဦး သက်‌သေခံခြင်းထက် ပိုမှန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် စည်းကမ်း‌ဖောက်ဖျက်ကျူးလွန်ခြင်းလည်း မရှိကြပါ။ ထိုသို့ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် မတရားကျူးလွန်သူများထဲမှ ဖြစ်ကြပါလိမ့်မည်“ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ကျိန်ဆိုကြရမည်။

    [108] ဤသည် သက်‌သေများအ‌နေနှင့် သက်‌သေခံထိုက်‌သောနည်းအတိုင်း သက်‌သေခံကြရန်၊ သို့မဟုတ် သူတို့သည် သူတို့၏ကျိန်ဆိုချက်များကို အခြားသူများ၏ကျိန်ဆိုချက်များနှင့် ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြ(ပြီး အမှန်ကန်ဆုံး သက်‌သေထွက်ဆိုကြ)ရန် အနီးစပ်ဆုံး (အ‌ကောင်းဆုံး)နည်းဖြစ်သည်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ၎င်းပြင် (အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို) နား‌ထောင်လိုက်နာကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း‌ဖောက်ဖျက်‌သောသူများကို လမ်းမှန် ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။

    [109] ထို(ကိယာမသ်)‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်များကို စုရုံး‌စေ‌တော်မူပြီး “အသင်တို့သည် (အသင်တို့၏ ‌နောက်လိုက်များထံမှ)မည်သို့ တုံ့ပြန်‌ဖြေကြားခံခဲ့ကြရသနည်း“ဟု ‌မေးမြန်‌တော်မူမည်။ “ကျွန်ုပ်တို့ လုံးဝ မသိကြပါ။* အမှန်စင်စစ် အရှင်မြတ်သာ အကွယ်၌ရှိသည်များကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်“ဟု (တမန်‌တော်အားလုံးက)‌ဖြေကြားကြလိမ့်မည်။

    [110] (ထို‌နေ့)တစ်ချိန်တွင် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြား‌တော်မူမည်၊ အို-မရ်ယမ်၏သား အီစာ၊ အသင်သည် အသင်နှင့် အသင်၏မိခင်အ‌ပေါ်တွင် ငါအရှင်မြတ်ပြု‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်များအား သတိရပါ။ တစ်ခါက ငါအရှင်မြတ်သည် အသင်(တမန်‌တော်အီစာ)ကို မြင့်မြတ်‌သောဝိညာဉ်နှင့် ကူညီပံ့ပိုးခဲ့သည်။ အသင်သည် ပုခက်တွင် (ရင်ခွင်ပိုက်က‌လေးဘဝ)တွင်လည်း‌ကောင်း၊ ကြီးပြင်းသည့်အခါတွင်လည်း‌ကောင်း လူများနှင့်(လူကြီးများ‌ပြော‌သောစကားမျိုးဖြင့်သာ တစ်မျိုးတည်း)စကား‌ပြောဆိုခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင့်အား ‌ကောင်းကင်ကျကျမ်းဂန်(များ)၊ အသိပညာဉာဏ်အ‌မြော်အမြင်၊ ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းဂန်များကို သင်ကြားပို့ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်၏အမိန့်‌တော်ဖြင့် အသင်သည် ‌မြေကို ငှက်ရုပ်လုပ်ပြီး မှုတ်လိုက်‌သောအခါ ထို(ငှက်ရုပ်)သည် ငါအရှင်မြတ်၏ အမိန့်‌တော်ဖြင့် (သက်ရှိ)ငှက်ဖြစ်သွားခဲ့သည်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်‌တော်နှင့် (‌မွေးရာပါ)မျက်မမြင်များနှင့် ခရုသင်းစ‌သောနူနာ‌ရောဂါသည်များအား ‌ပျောက်ကင်း‌အောင်လုပ်‌ပေးခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် ငါအရှင်မြတ်၏အမိန့်‌တော်ဖြင့် ‌သေသူများကို(ရှင်‌အောင်လုပ်ပြီး သချင်္ီုင်းထဲမှ)ထွက်‌စေခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် သူတို့ထံသို့ ထင်ရှား‌သော သက်သလက္ခဏာတန်ခိုး‌တော်များကို ယူ‌ဆောင်သွားခဲ့‌သောအခါ ငါအရှင်မြတ်က အစ္စရာအီလီမျိုးနွယ်များကို အသင့်အား သတ်ဖြတ်ခြင်းမှ တားဆီး‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့ထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများက “ဤသည် ထင်ရှား‌သောစုန်းပ‌ယောဂ အတတ်ပင်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။

    [111] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ဟဝါရီ ခဝါသည်များထံသို့ “အသင်တို့သည် ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏တမန်‌တော်(အီစာ)ကို ယုံကြည်ကြပါ“ဟု အမိန့်ချမှတ်‌တော်မူခဲ့သည်။ ဟဝါရီ ခဝါသည်များက “ကျွန်ုပ်တို့ ယုံကြည်ကြပါပြီ၊ ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြ‌သော မွတ်စ်လင်မ်များဖြစ်‌ကြောင်း အရှင်မြတ်သက်‌သေအဖြစ်ရှိ‌တော်မူပါ“ဟု ‌ပြောဆိုခဲ့ကြသည်။

    [112] တစ်ခါတွင် ဟဝါရီ*များက “အို- မရ်ယမ်၏သား အီစာ၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ် ‌ကောင်းကင်မှ အစားအစာတည်ခင်းထား‌သော စားပွဲတစ်ခုကိုချ‌ပေးနိုင်စွမ်း ရှိပါသ‌လော“ဟု ‌ပြောဆိုကြသည်။ ၎င်း(တမန်‌တော် အီစာ)က အသင်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါဟု ‌ပြောဆိုခဲ့သည်။

    [113] သူတို့(ဟဝါရီ)များက ကျွန်ုပ်တို့သည် ထို(စားပွဲမှ)အစားအစာများကို စားသုံးရန်၊ ၎င်းပြင် ကျွန်ုပ်တို့၏စိတ်နှလုံးများ နှစ်သိမ့်‌ကျေနပ်ရန်၊ ၎င်းပြင် အသင်သည် ကျွန်ုပ်တို့အား စင်စစ် အမှန်‌ပြောခဲ့သည်ဆိုသည်ကို သိရှိယုံကြည်ရန်၊ ၎င်းပြင် ထို(စားပွဲ ကျ‌ရောက်‌သောတန်ခိုး‌တော်)နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် အသိသက်‌သေများဖြစ်ကြရန်အတွက် ရည်ရွယ်ပါသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [114] မရ်ယမ်၏သား (တမန်‌တော်)အီစာက “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်သို့ ‌ကောင်းကင်မှ အစားအစာ တည်ခင်းထား‌သောစားပွဲတစ်ခု ချ‌ပေး‌တော်မူပါ၊ ထို အစားအစာတည်ခင်းထား‌သောစားပွဲသည် ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်၏ပထမ(ယခင်မှ)သူများအတွက်နှင့် ‌နောင်လာမည့်သူများအတွက် ‌ပျော်ရွှင်ဖွယ်ရာနှင့် အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာတစ်ပါး ဖြစ်‌စေ‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား စားနပ်ရိက္ခာ‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံးစားနပ်ရိက္ခာ ‌ပေးသနား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်“ ဟု ‌ပြောဆို‌လျှောက်ထားခဲ့သည်။

    [115] အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထို အစားအစာတည်ခင်းထား‌သောစားပွဲကို အသင်တို့အ‌ပေါ်တွင် အမှန်ပင် ချ‌ပေးသနား‌တော်မူမည်၊ ထို့‌နောက် အသင်တို့ထဲမှ မည်သူမဆို ငြင်းပယ်လျှင် ငါအရှင်မြတ်သည် စကြဝဠာအားလုံးထဲတွင် မည်သူတစ်ဦးတစ်‌ယောက်ကိုမှ မ‌ပေးမည့်အပြစ်ဒဏ်ကို ထိုသူ့အား အမှန်ပင် ‌ပေး‌တော်မူမည်“ဟု မိန့်ကြား‌တော်မူခဲ့သည်။

    [116] တစ်ခါက အလ္လာဟ်အရှင်မြတ်သည် (ဤသို့)မိန့်ကြား‌တော်မူမည်- “အို- မရ်ယမ်၏သား အီစာ၊ အသင်သည် လူများအား အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ကျွန်ုပ်နှင့်ကျွန်ုပ်၏မိခင်အား ကိုးကွယ်ထိုက်သည့်အရှင်နှစ်ပါးအဖြစ် ပြုုလုပ်ကြပါဟု ‌ပြောကြားခဲ့သ‌လော“။ ၎င်း(တမန်‌တော် အီစာ)က ‌ပြောဆို‌ဖြေကြားမည်- “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ် မ‌ပြောထိုက်‌သောစကားကို ကျွန်ုပ်‌ပြောဆိုခွင့် လုံးဝ မရှိပါ။ အကယ်၍ ကျွန်ုပ်သည် ထိုစကားကို ‌ပြောဆိုခဲ့လျှင် အရှင်မြတ်သည် ထို‌ပြောဆိုမှုကို အမှန်ပင် သိ‌တော်မူပြီးဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်၏စိတ်ထဲ၌ရှိသမျှကို သိရှိ‌တော်မူပါသည်။ သို့ရာတွင် ကျွန်ုပ်သည် အရှင်မြတ်၏စိတ်ထဲရှိသည်ကို မသိပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာ အကွယ်မှအရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [117] ကျွန်ုပ်သည် သူတို့အား အရှင်မြတ်သည် ကျွန်ုပ်အား အမိန့်‌ပေးထားသည့်အရာမှလွဲ၍ မည်သည့်အရာကိုမျှ မ‌ပြောဆိုခဲ့ပါ။ (ကျွန်ုပ်သည် ဤသို့‌ပြောပါသည်) - “ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်းဖြစ်ပြီး အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်းဖြစ်‌သော အလ္လာဟ်အရှင်မြတ်ကိုသာ အသင်တို့ ကိုးကွယ်ကြပါ“။ ၎င်းပြင် ကျွန်ုပ်သည် သူတို့ထဲ၌ရှိ‌နေသမျှ သူတို့နှင့်ပတ်သက်၍ သိမြင်သူဖြစ်ပါသည်။ ထို့‌နောက် အရှင်မြတ်သည် ကျွန်ုပ်ကို ပင့်မယူ‌ဆောင်လိုက်‌သောအခါ* အရှင်မြတ်သည်ပင် သူတို့နှင့်ပတ်သက်၍ ထိန်းသိမ်း‌စောင့်ကြပ် ကြည့်ရှုသူဖြစ်‌တော်မူပါသည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [118] “အရှင်မြတ်သည် အကယ်၍ သူတို့အား အပြစ်ဒဏ်‌ပေး‌တော်မူမည်ဆိုလျှင်၊ သူတို့သည် အမှန်စင်စစ် အရှင်မြတ်၏ကျွန်များသာ ဖြစ်ကြပါသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်သည် သူတို့အား (အ‌ရေးမယူဘဲ) လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်ဆိုလျှင်လည်း (‌ပေးနိုင်ပါသည်)။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [119] အလ္လာဟ်အရှင်မြတ်သည် (ဤသို့)‌ပြောဆို မိန့်ကြား‌တော်မူမည်-* ယ‌နေ့၌မူ မှန်ကန်သူများ*အတွက် သူတို့၏မှန်ကန်မှုသည် အကျိုး‌ပေး‌သော‌နေ့ပင်ဖြစ်သည်။ သူတို့အတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေကြမည်။ သူတို့သည် ထိုဥယျာဉ်များထဲ၌ အမြဲ‌နေကြမည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ‌ကျေနပ်‌တော်မူပြီးဖြစ်‌တော်မူသည်။ သူတို့ကလည်း အရှင်မြတ်အား ‌ကျေနပ်ပြီးဖြစ်ကြသည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [120] ‌ကောင်းကင်များနှင့် ပထဝီ‌မြေအပြင် ထိုအရာများထဲ၌ရှိသမျှအရာများ၏ အုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်းနိုင်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    Surah 6
    တိရစ္ဆာန်များ

    [1] ချီးမွမ်းခြင်းဟူသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်သည်။အရှင်မြတ်သည် ‌ကောင်းကင်များနှင့် ပထဝီ‌မြေကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အ‌မှောင်များနှင့် အလင်း‌ရောက်ကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့‌နောက် ကာဖိရ်ငြင်းပယ်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် (အခြားသူများကို) တန်းတူပြုလုပ်ကြသည်။

    [2] ထိုအရှင်မြတ်သည် အသင်တို့ကို ရွှံ့‌မြေမှ ဖန်ဆင်း‌တော်မူသည့်အပြင် (‌သေဆုံးမည့်)အချိန်တစ်ချိန်ကို သတ်မှတ်‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် (ပြန်ရှင်ထရမည့်)အချိန်သည် အရှင်မြတ်ထံ‌တော်၌ပင် သတ်မှတ်ထား‌တော်မူသည်။ ထို့‌နေုာက် အသင်တို့သည် သံသယဖြစ်‌နေကြသည်။

    [3] ထို့ပြင် ‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ထို အလ္လာဟ်အရှင်မြတ်သာ (ကိုးကွယ်ထိုက်သည့်အရှင် အဖြစ်)ရှိသည်။ အရှင်မြတ်သည် အသင်တို့၏ လျှို့ဝှက်ချက်နှင့် အသင်တို့၏ ထုတ်‌ဖော်ချက်ကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ ရှာ‌ဖွေသည်များကိုလည်း သိ‌တော်မူသည်။

    [4] ထို့ပြင် သူတို့ထံသို့ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ မည်သည့်သက်‌သေလက္ခဏာမျိုး*‌ရောက်လာသည်ဖြစ်‌စေ သူတို့သည် ထိုသက်‌သေ လက္ခဏာများမှ မျက်နှာလွှဲသွားခဲ့ကြသည်ချည်းပင်ဖြစ်သည်။

    [5] ၎င်းပြင် အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ အမှန်တရား ‌ရောက်ရှိလာ‌သောအခါ ထိုအမှန်တရားကိုလည်း မဟုတ်မမှန်ဟု ငြင်းပယ်လိုက်ကြသည်။ သို့ဖြစ်ရာ သူတို့ထံသို့ မကြာမီ သူတို့‌ပြောင်‌လှောင်‌လေ့ရှိခဲ့‌သော အရာ၏သတင်းမှန်(ရလာဒ်ဆိုးကျိုး)သည် ‌ရောက်ရှိလာလိမ့်မည်။

    [6] ငါအရှင်မြတ်သည် သူတို့မတိုင်မီ (ဆိုးသွမ်း‌သောမျိုးဆက်)လူမျိုးအ‌မြောက်အမြားကို* ဖျက်ဆီး‌တော်မူခဲ့သည်ကို သူတို့ မမြင်ကြသ‌လော။ ငါအရှင်မြတ်သည် ထိုလူမျိုးများအား ကမာ္ဘ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်မှုအင်အားများကို ‌ပေးခဲ့သကဲ့သို့ အသင်တို့အား မ‌ပေးခဲ့‌ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုးဖြိုင်ဖြိုင်ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့၏‌အောက်မှ စီးဆင်း‌နေ‌သော စမ်‌ချောင်းများကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူများအား သူတို့၏မ‌ကောင်းမှုများ‌ကြောင့် ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် အခြားလူမျိုးများအား ဖန်ဆင်း‌တော်မူခဲ့သည်။

    [7] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် (စာရွက်ကဲ့သို့)‌ရေးမှတ်စရာ၌ ‌ရေးထား‌သောကျမ်းတစ်‌စောင်ကို အသင်၏အ‌ပေါ်ချ‌ပေး‌တော်မူခဲ့ပြီး သူတို့သည် ထိုကျမ်းကို သူတို့၏လက်များနှင့် ထိ‌တွေ့ခဲ့ကြလျှင်လည်း ကာဖိရ်ငြင်းပယ်သူများကမူ “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂဖြစ်သည်“ဟု အမှန်စင်စစ် ‌ပြောဆိုကြလိမ့်မည်။

    [8] ထို့ပြင် သူတို့က “အဘယ့်‌ကြောင့် ၎င်း(တမန်‌တော်)ထံသို့ ‌ကောင်းကင်တမန်တစ်ပါး ‌စေလွှတ်ခြင်း မခံရသနည်း“ဟု ‌ပြောဆိုကြသည်။* ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်တစ်ပါးပါးကို ‌စေလွှတ်‌တော်မူခဲ့လျှင် အမှန်ပင် ကိစ္စသည် ပြီးဆုံးသွားခဲ့မည်ပင်ဖြစ်သည်။ ထို့‌နောက် သူတို့သည် (အပြစ်ဒဏ်မှ)‌ရွှေ့ဆိုင်းခွင့် (လုံးဝ)ရကြမည် မဟုတ်‌တော့‌ပေ။

    [9] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(လူသားတမန်‌တော်)ကို ‌ကောင်းကင်တမန်တစ်ပါးအဖြစ် ပြုလုပ်‌တော်မူခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို‌ကောင်းကင်တမန်ကိုလည်း (သူတို့ကြည့်မြင်နိုင်‌သော ပုံသဏ္ဍာန်ရှိ‌သောလူ)‌ယောက်ျားပင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ သံသယဖြစ်‌နေ‌သော အရာထဲ၌ပင် (ထပ်ပြီး) သူတို့အ‌ပေါ်တွင် သံသယဖြစ်‌စေ‌တော်မူဦးမည်ပင်ဖြစ်သည်။

    [10] ထို့ပြင် အသင်(တမန်‌တော်)၏ မတိုင်မီက တမန်‌တော်များသည်လည်း ‌ပြောင်‌လှောင်ခြင်းကို အမှန်စင်စစ် ခံသွားခဲ့ကြရသည်။ ၎င်းပြင် ထိုတမန်‌တော်များကို ‌ပြောင်‌လှောင်‌သောသူများအား သူတို့ ‌ပြောင်‌လှောင်ခဲ့ကြ‌သောအရာ(အပြစ်ဒဏ်)ကပင် ဝိုင်းဝန်းခဲ့သည်။

    [11] (ယခင်ကလူများ အပြစ်ဒဏ်ခံခဲ့ကြရသည်များကို မယုံကြလျှင် အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်ပတ်သွားလာကြပါ။ ထို့‌နောက် ငြင်းပယ်သူများ၏ အကျိုးရလာဒ်သည် မည်သို့ရှိခဲ့သည်ကို အသင်တို့ ကြည့်ရှုကြပါ။

    [12] “‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ရှိသမျှကို မည်သူပိုင်သနည်း“ဟု (ထို ငြင်းပယ်‌သောသူများအား) အသင်‌ပြောဆို (‌မေးမြန်း)လိုက်ပါ။ (သူတို့မ‌ဖြေလျှင်လည်း) အသင်ကပင် “အရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်“ဟု ‌ဖြေကြားလိုက်ပါ။* ထို့ပြင် အရှင်မြတ်သည် (ဝန်ချ‌တောင်းပန်သူများကို) သနား‌တော်မူရန် အရှင်မြတ်ကိုယ်ကိုအရှင်မြတ် ပြဋ္ဌာန်းထား‌တော်မူသည်(ဟု ‌ပြောလိုက်ပါ။)* ထို့ပြင် အရှင်မြတ်သည် အသင်တို့ကို အမှန်စင်စစ် ကိယာမသ်‌နေ့၌ စုရုံး‌တော်မူမည်။ ထို‌နေ့သည် သံသယဖြစ်စရာ မရှိ‌ပေ။ အကြင်သူတို့သည် မိမိကိုယ်မိမိ ပျက်စီးဆုံးရှုံး‌အောင်လုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ထိုသူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။

    [13] ထို့ပြင် ညနှင့်‌နေ့တွင် ‌နေထိုင်‌သောအရာများသည်လည်း အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [14] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “‌ကောင်းကင်များနှင့် ပထဝီ‌မြေကို စတင်ဖန်ဆင်း‌တော်မူခဲ့‌သောအရှင်ပြီး ထိုအရှင်သည် ‌ကျွေး‌မွေး‌နေ‌သောအရှင်လည်းဖြစ်သည့်အပြင် ‌ကျွေး‌မွေး‌စောင့်‌ရှောက်မှုခံရခြင်းမှ ကင်း‌တော်မူ‌သောအရှင်လည်းဖြစ်‌သော ထိုအလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသူကို) ကူညီ‌စောင်မသူအဖြစ် ကျွန်ုပ်သည် ပြုလုပ်ရဦးမည်‌လော။ အမှန်စင်စစ် ကျွနုပ်သည် ပထမဆုံးအမိန့်နာခံသူ မွတ်စ်လင်မ်ဖြစ်ရန် အမိန့်‌ပေးခံရသည်“ဟု အသင်‌ပြောလိုက်ပါ။ ၎င်းပြင် အသင်သည် မုရှ်ရိက်များထဲတွင် လုံးဝ မပါဝင်ပါနှင့်။

    [15] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ ကျွန်ုပ်သည် ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်၏အမိန့်ကို ဖီဆန်ခဲ့မည်ဆိုလျှင် ကြီးကျယ်‌သော‌နေ့၏အပြစ်ဒဏ်ကို အမှန်ပင်‌ကြောက်သည်။

    [16] မည်သူမဆို ထို‌နေ့၌ ဤ(အပြစ်ဒဏ်)မှ ဖယ်ရှားခံရလျှင် အမှန်ပင် ထိုသူ့အား အရှင်မြတ်က သနား‌တော်မူလိုက်ပြီဖြစ်သည်။ ၎င်းပြင် ထိုအရာသည် ထင်ရှား‌သော ‌အောင်မြင်မှုဖြစ်သည်။

    [17] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ‌ဘေးဒုက္ခတစ်ခုခုဖြစ်‌စေ‌တော်မူမည်ဆိုလျှင် အရှင်မြတ်မှလွဲ၍ ထို‌ဘေးဒုက္ခကို ပ‌ပျောက်‌အောင်လုပ်နိုင်‌သောသူ တစ်ဦးမှ မရှိ‌ပေ။ အကယ်၍ အရှင်မြတ်သည် အသင့်အား အကျိုးတစ်ခုခုဖြစ်ထွန်း‌စေ‌တော်မူမည်ဆိုလျှင်လည်း (မည်သူမှ ထိုအကျိုးကို ပျက်ပြား‌အောင်လုပ်နိုင်သူ မရှိ‌ပေ၊) အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်‌သောအရှင် ဖြစ်‌တော်မူသည်။

    [18] ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် နိုင်နင်းလွှမ်းမိုး‌တော်မူ‌သောအရှင် လည်းဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သော်အရှင် ဖြစ်‌တော်မူသည်။

    [19] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ မည်သူ၏သက်‌သေခံချက်သည် အကြီးဆုံးဖြစ်သနည်း။ အသင်ကပင်‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်သင်တို့ကြားတွင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်းပြင် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျွန်ုပ်ထံ ပို့ချခြင်းခံရသည်။ မည်သည့်အတွက်ဟုဆိုလျှင် ဤကျမ်း‌တော်ဖြင့် အသင်တို့နှင့် ဤကျမ်း‌တော်‌ရောက်ရှိ‌သောသူများအား ကျွန်ုပ် သတိ‌ပေးနှိုး‌ဆော်ရန်အတွက် ဖြစ်သည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများရှိ‌သေးသည်ဟု အမှန်ပင် သက်‌သေခံကြဦးမည်‌လော။ (သူတို့က ထိုကဲ့သို့ သက်‌သေခံကြဦးမည်ဆိုလျှင်) အသင် ‌ပြောလိုက်ပါ- ကျွန်ုပ်သည် အသင်တို့ ပြုလုပ်ကြ‌သော တွဲဖက်ကိုးကွယ်ခြင်းမှ အမှန်ပင် ကင်းလွတ်သူဖြစ်သည်။

    [20] အကြင်သူများအား ငါအရှင်မြတ်သည် ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထိုသူများသည် သူတို့၏သားများအား သိရှိမှတ်မိကြသကဲ့သို့ ၎င်း(တမန်‌တော် မုဟမ္မဒ်-ဆွ)ကို သိရှိမှတ်မိကြသည်။ (သို့ရာတွင်)သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံး‌အောင်ပြုလုပ်သူများကမူ ယုံကြည်ခြင်း မရှိကြ‌ပေ။

    [21] ထို့ပြင် အကြင်သူထက် မတရား‌သောသူ မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ မုသားကို လုပ်ကြံစွပ်စွဲသည်၊ သို့မဟုတ် အရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သည်။* အမှန်စင်စစ် မတရားသူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။

    [22] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် ရှိရ်က်ပြုလုပ် တွဲဖက်ကိုးကွယ်ခဲ့ကြ‌သောသူများအား ‌မေးမြန်း‌တော်မူမည်- “အသင်တို့ ‌ပြောဆို(‌ကြွေး‌ကြော် ကိုးကွယ်)ခဲ့ကြ‌သော အသင်တို့၏ အ‌ပေါင်းအ‌ဖော်များသည် အဘယ်မှာနည်း။“

    [23] ထို့‌နောက် သူတို့အတွက် မည်သည့်‌စောဒကမှ တက်စရာမရှိ‌တော့‌ပေ၊ သို့ရာတွင် သူတို့က ဤသို့‌ပြောဆိုကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဖြစ်သည့် အလ္လာဟ်အရှင်အား ကျိန်ဆိုပြီး(‌ပြောပါမည်) ကျွန်ုပ်တို့သည် (အရှင်မြတ်နှင့် တစ်စုံတစ်ရာကို်) တွဲဖက်ကိုးကွယ်သူများ မဖြစ်ခဲ့ကြ‌ပေ။“

    [24] သူတို့သည် သူတို့နှင့်ဆန့်ကျင်ပြီး မည်သို့ လိမ်‌ပြောကြသနည်း၊ ၎င်းပြင် သူတို့ လုပ်ကြံစွပ်စွဲ ‌ပြောဆို‌လေ့ရှိခဲ့‌သောအရာများသည် သူတို့ထံမှ (မည်သို့)‌ပျောက်ကွယ်သွားသည်ကို အသင် ကြည့်လိုက်ပါ။

    [25] ထို့ပြင် သူတို့ထဲတွင် အသင့်ဘက်သို့ နားစွင့်‌သောသူများလည်း ရှိကြသည်။* ၎င်းပြင် (သူတို့၏ လုပ်ကြံစွပ်စွဲ ‌ပြောဆိုမှုများ‌ကြောင့်) သူတို့အား ကုရ်အာန် နားမလည်နိုင်ကြရန် ငါအရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအ‌ပေါ်၌ အကာအဆီးများ ချ‌ပေးထား‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့၏ နားများထဲ၌လည်း ‌လေးလံမှုကို ပြုလုပ်ထား‌တော်မူခဲ့သည်။ (နားပင်း‌စေ‌တော်မူခဲ့သည်။) ထို့‌နောက် သူတို့သည် သက်‌သေလက္ခဏာများအားလုံးကို ‌တွေ့မြင်ကြရလျှင်လည်း ထိုသက်‌သေလက္ခဏာများကို ယုံကြည်ကြမည် မဟုတ်‌ပေ။ ‌နောက်ဆုံးတွင် သူတို့သည် အသင်(တမန်‌တော့်)ထံလာ‌ရောက်ကြ‌သောအခါ အသင်နှင့် အငြင်းအခုံ ပြုလုပ်ကာ ထိုကာဖိရ်များကပင် “ဤသည် ‌ရှေးသူများ၏ (လုပ်ကြံထား‌သော) ပုံပြင်များမှလွဲ၍ အခြားမည်သည့်အရာမှ မဟုတ်ဟု ‌ပြောဆိုကြသည်။

    [26] ထို့ပြင် သူတို့သည် (အခြားသူများကိုလည်း) ထိုကုရ်အာန်ကျမ်း‌တော်မြတ်(ကို နား‌ထောင်ခြင်း)မှ တားဆီးကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုကုရ်အာန်ကျမ်း‌တော်မြတ်(ကို နား‌ထောင်ခြင်း)မှ ‌ဝေး‌ဝေး(‌ရှောင်ကြဉ်)‌နေကြသည်။ ထိုု့ပြင် သူတို့သည် (မည်သူ့ကိုမှ) ဖျက်ဆီးကြသည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ ဖျက်ဆီး‌နေကြခြင်းသာ ဖြစ်သည်။ ထို့ပြင် သူတို့သည် (ဤသည်ကိုပင်) အသိမရှိကြ‌ပေ။

    [27] ထို့ပြင် အသင်(တမန်‌တော်)သည် (သူတို့၏ အဖြစ်အပျက်ကို)မြင်မည်ဆိုလျှင် (အံ့ဩသွားမည်ပင်)၊ သူတို့သည် ငရဲဘုံ‌ပေါ်တွင် ရပ်တန့်‌စေခြင်းခံရ‌သောအခါ သူတို့က ‌ပြောဆိုကြမည်- “‌ဪ- ငါတို့သည် (‌လောကကို) ပြန်လွှတ်ခံရလျှင် ‌ကောင်း‌လေစွ။ (ထိုသို့ဆိုလျှင်) ငါတို့သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းပယ်မှု မပြုကြဘဲ ငါတို့သည် အီမာန်ယုံကြည်‌သောသူများထဲတွင် ပါဝင်လိုက်ကြမည်။“

    [28] အမှန်မှာ (သူတို့သည် ပြန်သွားရလျှင်လည်း ထိုသို့ ပြုလုပ်မည့်သူများ) လုံးဝ မဟုတ်‌ပေ၊ သို့ရာတွင် သူတို့အတွက် ယခင်က ထိမ်ချန်ထားသည်များ ‌ပေါ်သွား(သဖြင့် ဤကဲ့သို့ ‌ပြောလိုက်ရ)သည်သာ ဖြစ်သည်။* ထို့‌နောက် အကယ်၍ သူတို့သည် (‌လောကကို) ပြန်လွှတ်ခြင်းခံရလျှင်လည်း သူတို့အား တားမြစ်ထား‌သောအရာများကို အမှန်ပင် ပြန်လည် ကျူးလွန်ကြမည်သာဖြစ်သည်။ အမှန်မှာ သူတို့သည် လိမ်‌ပြောသူများပင်ဖြစ်ကြသည်။

    [29] ၎င်းပြင် သူတို့က ‌ပြောဆိုကြသည်- အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့၏ ဤဘဝ၍ ရှင်ခြင်းမှလွဲ၍ အခြားမရှိ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် (‌သေပြီး‌နောက်) ပြန်ရှင်ထ‌စေခြင်းခံကြရမည့်သူများ မဟုတ်‌ပေ။

    [30] ထို့ပြင် အသင်(တမန်‌တော်)သည် (သူတို့၏ အဖြစ်အပျက်ကို)မြင်မည်ဆိုလျှင် (အံ့ဩသွားမည်ပင်)၊ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏‌ရှေ့‌မှောက်၌ ရပ်တန့်‌စေခြင်းခံရ‌သောအခါ အရှင်မြတ်က အမိန့်ရှိ‌တော်မူမည်- ဤ(ရှင်ပြန်ထ‌စေခြင်း)သည် အမှန်ပင် မဟုတ်‌လော။ သူတို့က ပြန်‌ပြောကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား တိုင်တည်‌ပြောဆိုပါမည်၊ အမှန်ပင်ဖြစ်ပါသည်။ အရှင်မြတ်က မိန့်ကြား‌တော်မူမည်- သို့ဆိုလျှင် အသင်တို့သည် ငြင်းပယ်‌လေ့ရှိခဲ့ကြသည့်အတွက် အပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ။

    [31] အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံကြရမည်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောသူများသည် အမှန်စင်စစ် ပျက်စီးခဲ့ကြပြီဖြစ်သည်။ ‌နောက်ဆုံးတွင် သူတို့ထံသို့ ထိုအချိန် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် ရုတ်တရက် ‌ရောက်ရှိလာ‌သောအခါ သူတို့သည် (ထို‌နေ့တွင်) သူတို့၏(အပြစ်)ဝန်ထုပ်များကို သူတို့၏‌ကျောများ‌ပေါ်၌ ထမ်းပိုးလျက် ညည်းညူ‌ပြောဆိုကြမည်- ‌ဪ- ငါတို့သည် ဤအချိန်နှင့်ပတ်သက်၍ ‌ပေါ့‌လျော့ခဲ့ကြခြင်းသည် ‌ကြေကွဲစရာ ဖြစ်ရ‌လေခြင်းပင်။ သတိပြုကြပါ၊ သူတို့ထမ်းပိုးထား‌သောအရာ(အပြစ်)များသည် ဆိုးဝါးလှ‌ပေသည်။

    [32] ထို့ပြင် ဤဘဝ၏အသက်ရှင်မှုသည် အလဟဿ ‌ဆော့ကစားစရာပင်ဖြစ်သည်။* ၎င်းပြင် တမလွန်ဘဝ၏‌နေအိမ်ဗိမာန်ကမူ မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်‌သောသူများအတွက် အမှန်ပင် အလွန်‌ကောင်းသည် ထိုမျှပင် အသင်တို့သည် နားမလည်ကြသ‌လော။

    [33] သူတို့‌ပြောဆိုကြ‌သောစကားသည် အမှန်စင်စစ် အသင်(တမန်‌တော်)အား စိတ်ပူပန်‌သောက ‌ရောက်‌စေသည်ကို ငါအရှင်မြတ်သည် သိ‌တော်မူသည်။* အမှန်စင်စစ် သူတို့သည် အသင့်အား မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ရာတွင် မတရားလုပ်‌သောသူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော် သက်‌သေလက္ခဏာများကိုသာ ငြင်းပယ်ကြခြင်းဖြစ်သည်။

    [34] ၎င်းပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်‌တော်များသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းခံခဲ့ကြရသည်။ ထို့‌နောက် သူတို့သည် သူတို့အား မဟုတ်မမှန်ငြင်းပယ်ခြင်းခံရသည်များနှင့် ဒုက္ခ‌ပေးခြင်းခံခဲ့ကြရသည်များကို ငါအရှင်မြတ်၏ အကူအညီ သူတို့ထံ ‌ရောက်သည်အထိ သည်းခံခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ စကား‌တော်များအား ‌ပြောင်းလဲနိုင်‌သောသူ မည်သူမှ မရှိ‌ပေ။ ထို့ပြင် ‌စေလွှတ်ခြင်းခံရ‌သောသူ (တမန်‌တော်)များ၏အ‌ကြောင်းအရာ သတင်းများသည် အမှန်စင်စစ် အသင်၏ထံသို့ ‌ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

    [35] ထို့ပြင် အကယ်၍ သူတို့၏မျက်နှာလွှဲ တိမ်း‌ရှောင်သွားခြင်းသည် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ‌လေးလံမှုဖြစ်‌နေလျှင် (‌မြေလျှိုး မိုးပျံရန်) ‌မြေ(‌အောက်)တွင် လိုဏ်‌ခေါင်းတစ်ခု သို့မဟုတ် မိုး‌ပေါ်(တက်‌သော)‌လှေကားတစ်ခုကို အသင်ရှာ‌ဖွေနိုင်စွမ်းရှိလျှင် သူတို့ထံသို့ သက်‌သေလက္ခဏာ တန်ခိုး‌တော်တစ်ခု ယူ‌ဆောင်ပြလိုက်ပါ။* (ထိုအရာများကို အသင် လုပ်နိုင်မည်မဟုတ်သည့်အတွက် သည်းခံ‌စောင့်ဆိုင်းပါ)။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် သူတို့အားလုံးကို လမ်းမှန်‌ပေါ်၌ပင် စုစည်းထာ‌တော်မူခဲ့မည် အမှန်ပင်။* သို့ဖြစ်ရာ အသင်သည် အသိဉာဏ်မဲ့‌သောသူများထဲတွင် မပါဝင်‌လေနှင့်။

    [36] နား‌ထောင်‌သောသူများသာ (အမှန်တရားကို)လက်ခံကြမည်ဖြစ်သည်။ ထို့ပြင် လူ‌သေများကိုမူ အလ္လာဟ်အရှင်မြတ်သည်ပင် (သခင်္ျီုင်းများမှ) ရှင်ပြန်‌စေ‌တော်မူမည်။ ထို့‌နောက် သူတို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [37] ၎င်းပြင် သူတို့က ‌ပြောကြသည်- (အကယ်၍ မုဟမ္မဒ်-ဆွသည် တမန်‌တော်ဖြစ်ခဲ့လျှင်) ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ၎င်း၏ထံသို့ တန်ခိုး‌တော်တစ်စုံတစ်ခု အဘယ့်‌ကြောင့် မကျ‌ရောက်သနည်း။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သူတို့ ‌တောင်းဆိုကြ‌သော)တန်ခိုး‌တော်ကို ချ‌ပေးနိုင်‌သောအရှင် ဖြစ်‌တော်မူသည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိမရှိကြ‌ပေ။

    [38] ထို့ပြင် ပထဝီ‌မြေတွင်ရှိသမျှ သက်ရှိများနှင့် သူတို့၏‌တောင်ပံနှစ်ဖက်နှင့်ပျံသန်း‌နေ‌သော ငှက်များသည် အသင်တို့ကဲ့သို့ အုပ်စုများပင်ဖြစ်ကြသည်။* ငါအရှင်မြတ်သည် (ငါအရှင်မြတ်ထံ‌တော်၌ ‌ရေးမှတ်ထိန်းသိမ်းထား‌သော)စာအုပ်ထဲတွင်* မည်သည့်အရာ တစ်ခုမျှ မချန်ထားခဲ့‌ပေ။ ၎င်းပြင် သူတို့အားလုံးသည် သူတို့၏အရှင်မြတ်ထံ‌တော်၌ပင် စုရုံး‌စေခြင်းကို ခံကြရမည်။

    [39] ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်‌သောသူများသည် အ‌မှောင်များထဲတွင်ရှိကြ‌သော နားပင်းသူများနှင့် ဆွံ့အသူများပင် ဖြစ်ကြသည်။* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို (အမှန်ကို ငြင်းပယ်ခြင်း‌ကြောင့်) လမ်းလွဲ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို ‌ဖြောင့်မတ်‌သောလမ်း‌ပေါ်တွင် တည်ရှိ‌စေ‌တော်မူသည်။

    [40] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် အသင်တို့အ‌ပေါ်၌ ကျ‌ရောက်လာခဲ့လျှင်၊ သို့မဟုတ် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် အသင်တို့ထံသို့ ‌ရောက်လာခဲ့လျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားအရာများကို) ဟစ်‌ခေါ်ကြဦးမည်‌လော၊ အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ခဲ့ကြလျှင် အသင်တို့သည် (ငါ့အား)‌ပြောပြကြပါ။

    [41] ထိုသို့မဟုတ်၊ အမှန်မှာ အသင်တို့သည် (ထိုကဲ့သို့အချိန် ‌ရောက်လာလျှင်) အရှင်မြတ်တစ်ပါးတည်းကိုပင် ဟစ်‌ခေါ်ကြလိမ့်မည်။* ထို့‌နောက် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့(ဖယ်ရှားရန်)ဟစ်‌ခေါ်‌နေ‌သောအရာမှ ဖယ်ရှား‌ပေး‌တော်မူမည်။ ၎င်းပြင် အသင်တို့သည်လည်း အသင်တို့ တွဲဖင်ကိုးကွယ်ကြ‌သောအရာများကို ‌မေ့‌ပျောက်သွားကြလိမ့်မည်။

    [42] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီ ရှိခဲ့ကြ‌သောလူမျိုးများထံသို့လည်း (တမန်‌တော်များ)‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် (ထိုလူမျိုးများက ငြင်းပယ်ကြ‌သောအခါ)သူတို့ ကျိုးနွံကြရန်အတွက် သူတို့အ‌ပေါ်၌ ဆင်းရဲဒုက္ခများနှင့် ‌ရောဂါ‌ဝေဒနာများကို ကျ‌ရောက်‌စေ‌တော်မူခဲ့သည်။

    [43] ထို့‌နောက် သူတို့သည် သူတို့ထံသို့ ငါအရှင်မြတ်၏ ပြစ်ဒဏ်ကျ‌ရောက်လာ‌သောအခါ အဘယ့်‌ကြောင့် မကျိုးနွံခဲ့ကြသနည်း။ သို့ရာတွင် သူတို့၏စိတ်နှလုံးများသည် (မကျိုးနွံကြသည်သာမက)မာ‌ကျောခဲ့ကြပြီး* ရှိုင်သွာန်သည်လည်း သူတို့ပြုလုပ်သည်များကို သူတို့အတွက် (သူတို့၏အမြင်တွင် လှပ‌စေရန်) တန်ဆာဆင်ပြထားခဲ့သည်။

    [44] ထို့‌နောက် သူတို့သည် သူတို့ကို သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရ‌သောအရာများကို ‌မေ့‌ပျောက်ထားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (စည်းစိမ်၏)တံခါးများအားလုံးကို ဖွင့်‌ပေးလိုက်‌တော်မူခဲ့သည်။ ‌နောက်ဆုံး၌ သူတို့သည် သူတို့‌ပေးခြင်းခံရ‌သော (စည်းစိမ်၏)အရာများနှင့် ဂုဏ်ယူဝင်ကြွားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အား ရုတ်တရက် ဖမ်းဆီးလိုက်‌တော်မူသည်။ ထိုအခါ သူတို့သည် ‌မျှော်လင့်ချက်ကင်းမဲ့ပြီး ‌ကြေကွဲသွားကြ‌တော့သည်။

    [45] ထို့‌နောက် မတရားသူများ၏အ‌ခြေအမြစ်သည် ပြတ်‌တောက်သွား‌တော့သည်။ ထို့ပြင် ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အတွက်ပင်ဖြစ်သည်။

    [46] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကြားခြင်းနှင့်မြင်ခြင်းကို ရုပ်သိမ်း၍ အသင်တို့၏စိတ်နှလုံးများအား တံဆိပ်ခတ်နှိပ်‌တော်မူခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထို(ဂုဏ်သတ္တိ)များကို အသင်တို့အား ပြန်‌ပေးမည့်အရှင် မည်သူရှိသနည်းဆိုသည်ကို အသင်တို့ ‌ပြောပြကြပါ။ ငါအရှင်မြတ်သည် သက်‌သေသာဓကများကို မည်သို့‌ပြောင်းလဲပြသ‌တော်မူသည်ကို အသင်ကြည့်ပါ။ ထို့‌နောက်လည်း သူတို့သည် မျက်နှာလွှဲ‌နေကြသည်။

    [47] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် အသင်တို့ထံသို့ ရုတ်တရက် ထင်ရှားစွာ‌ရောက်ရှိလာခဲ့လျှင် မတရားပြုလုပ်သူများမှလွဲ၍ (မည်သူများ)ဖျက်ဆီးခံကြရဦးမည်နည်းဆိုသည်ကို အသင်တို့(ငါ့အား)‌ပြောပြကြပါ။

    [48] ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များအားလုံးကို ဝမ်‌မြောက်ဖွယ်သတင်း‌ပေးသူများနှင့် သတိ‌ပေးနှိုး‌ဆော်သူများအဖြစ်သာ ‌စေလွှတ်‌တော်မူ‌လေ့ရှိသည်။* သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်ပြီး ပြုပြင်ခဲ့လျှင် ထိုသူများအ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမှ မရှိ‌ပေ။ ၎င်းပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်ကြ‌ပေ။

    [49] ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များအား မဟုတ်မမှန်ငြင်းပယ်ကြ‌သောသူများကမူ သူတို့သည် စည်းကမ်းကျူးလွန်‌ဖောက်ဖျက်ကြသည့်အတွက် သူတို့အ‌ပေါ်တွင် အပြစ်ဒဏ်ကျ‌ရောက်လိမ့်မည်။

    [50] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ်တိုက်များရှိသည်ဟု ကျွန်ုပ် အသင်တို့ကို‌ပြောသည် မဟုတ်‌ပေ။ ကျွန်ုပ်သည် အကွယ်၌ရှိသည်များကို သိမြင်သည်ဟု(လည်း‌ပြောသည်)မဟုတ်‌ပေ။* ထို့ပြင် ကျွန်ုပ်သည် အမှန်ပင် ‌ကောင်းကင်တမန်ဖြစ်သည်ဟု အသင်တို့အား ‌ပြောဆိုသည်မဟုတ်‌ပေ။ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့‌ရောက်ရှိလာ‌သော ဝဟီအမိန့်‌တော်ကိုသာ လိုက်နာ‌နေခြင်း ဖြစ်သည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- မျက်စိမမြင်‌သောသူနှင့် မျက်စိမြင်‌သောသူသည် တူနိုင်ပါသ‌လော။* ထိုမျှပင် အသင်တို့ မစဉ်းစား မဆင်ခြင်ကြ‌လေသ‌လော။

    [51] ထို့ပြင် အသင်(တမန်‌တော်)သည် ထိုအရာ(ကုရ်အာန်)နှင့် အကြင်သူများအား သူတို့အပြစ်‌ရှောင်ကြရန်အတွက် သတိ‌ပေးနှိုး‌ဆော်လိုက်ပါ၊ ထိုသူများသည် အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ်နှင့် ကြားဝင် အသနားခံ‌ပေးမည့်သူအဖြစ် မည်သူမှ မရှိ‌သော အ‌ခြေအ‌နေမျိုးနှင့် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် စုရုံးခံကြရမည်ကို စိုးရိမ်‌နေကြသည်။

    [52] ထို့ပြင် အသင်(တမန်‌တော်)သည် အကြင်သူတို့အား နှင်ထုတ်ခြင်းမပြုပါနှင့်။* ထိုသူတို့သည် အရှင်မြတ်၏နှစ်သက်မှုကိုသာ ရည်ရွယ်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို နံနက်နှင့်ည‌နေတွင် ဟစ်‌ခေါ်တသ‌နေကြသူများဖြစ်ကြသည်။ အသင်၏အ‌ပေါ်တွင် သူတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းစစ်‌ဆေးရန် တာဝန်မရှိ‌ပေ။ ၎င်းပြင် သူတို့အ‌ပေါ်၌လည်း အသင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းစစ်‌ဆေးရန် တာဝန်မရှိ‌ပေ။ သို့ဖြစ်ပါလျက် အသင်သည် သူတို့အား နှင်ထုတ်လျှင် အသင်သည် မတရားကျူးလွန်သူများထဲတွင် ပါဝင်သွားလိမ့်မည်။

    [53] ထို့ပြင် သူတို့သည် “ငါတို့ထဲမှ အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူထား‌သောသူများသည် ဤသူများ‌လော“*ဟု ‌ပြောဆိုကြရန်အတွက် ဤနည်းဖြင့် ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့သူများကို အချို့သူများနှင့် စမ်းသပ်‌တော်မူသည်။* အလ္လာဟ်အရှင်မြတ်သည် ‌ကျေးဇူးသိတတ်‌သောသူများအား အသိဆုံးအရှင် မဟုတ်ပါသ‌လော။

    [54] ထို့ပြင် အသင်(တမန်‌တော့်)ထံသို့ ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသူများ ‌ရောက်လာကြ‌သောအခါ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့အ‌ပေါ်တွင် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ“*၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိမိအ‌ပေါ်၌ သနားကရုဏာကို သတ်မှတ်ပြဋ္ဌာန်း‌တော်မူသည်။ အမှန်စင်စစ် အသင်တို့ထဲမှ မည်သူမဆို မသိဘဲလျက် မ‌ကောင်းမှုတစ်ခုခုကို ပြုမိခဲ့သည်။ ၎င်းပြင် သူသည် ဝန်ချ‌တောင်းပန်ပြီး (သူ့ကိုယ်သူ)ပြုပြင်ခဲ့သည်ဆိုလျှင် အမှန်ပင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] ထို့ပြင် ဤသို့ပင် အပြစ်ရှိသူများ၏လမ်းစဉ်သည် ထင်ရှားသွား‌စေရန်အတွက် ငါအရှင်မြတ်သည် အာယသ်‌တော်များကို ရှင်းလင်းထင်ရှားစွာ မိန့်ကြား‌တော်မူသည်။

    [56] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်တသကြ‌သောသူများကို ကိုးကွယ်ခြင်းမှ အမှန်ပင် ငါသည် တားမြစ်ခံခဲ့ရပြီးဖြစ်သည်။“* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့၏အလိုဆန္ဒများကို လိုက်နာမည် မဟုတ်‌ပေ။ ထိုကဲ့သို့ လိုက်နာခဲ့လျှင် အမှန်ပင် ငါသည် လမ်းမှားသို့ ‌ရောက်သွား‌ပေမည်။ ထို့ပြင် လမ်းမှန်ရရှိသူများထဲ၌လည်း ပါဝင်မည် မဟုတ်‌တော့‌ပေ။“

    [57] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ထံမှ သက်‌သေသာဓက အ‌ပေါ်၌ရှိသည်။ ၎င်းပြင် အသင်တို့သည် ထိုအရာကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုကြ‌သောအရာ (အပြစ်ဒဏ်)သည် ငါ၏ထံတွင် မရှိ‌ပေ။ အမိန့်ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ အရှင်မြတ်သည် အမှန်ကို ထုတ်‌ဖော်မိန့်ကြား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [58] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုကြ‌သောအရာသည် ငါ၏ထံတွင်ရှိလျှင် ငါနှင့် အသင်တို့ကြား၌ဖြစ်‌ပေါ်‌နေ‌သော ပြဿနာသည် အမှန်စင်စစ် ‌ဖြေရှင်းပြီး ဖြစ်ခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတရားသူများအား အသိဆုံးအရှင် ဖြစ်‌တော်မူသည်။

    [59] ထို့ပြင် အရှင်မြတ်ထံ‌တော်တွင် အကွယ်၏‌သော့များရှိသည်။* ထိုအရာများကို အရှင်မြတ်မှလွဲ၍ မည်သူမှမသိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် ကုန်း‌မြေတွင်ရှိသမျှနှင့် ပင်လယ်ထဲတွင်ရှိသမျှအရာများကို သိ‌တော်မူသည်။ ၎င်းပြင် သစ်ရွက်တစ်ရွက် ‌ကြွေကျသည်ကိုလည်း အရှင်မြတ်သိ‌တော်မူသည်။ ထို့ပြင် ပထဝီ‌မြေ၏အ‌မှောင်များထဲ၌ ကျ‌ရောက်‌နေ‌သော အ‌စေ့အဆံဟူသမျှနှင့် စိမ်းစို‌သောအရာဟူသမျှအပြင် ‌ခြောက်‌သွေ့‌သောအရာသူသမျှသည် ရှင်းလင်းထင်ရှား‌သော (မှတ်တမ်း)စာအုပ်တွင် ရှိကြသည်။

    [60] ထို့ပြင် အရှင်မြတ်သည် အသင်တို့ကို ညအချိန်တွင် အိပ်စက်‌စေ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။* ထို့ပြင် ‌နေ့အချိန်၌ အသင်တို့ပြုသမျှကိုလည်း အရှင်မြတ် သိ‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ကို ‌နေ့အချိန်တွင် ပြန်လည်နိုးထ‌စေ‌တော်မူသည်။ သို့မှသာ သတ်မှတ်ထား‌သော သက်တမ်းသည် ကုန်သွားမည် ဖြစ်‌ပေသည်။ ထို့‌နောက် အရှင်မြတ်ထံ‌တော်၌ပင် အသင်တို့၏ ပြန်လည်‌ရောက်ရှိရာဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ပြုမူခဲ့သမျှကို အသိ‌ပေး‌တော်မူမည်။

    [61] ထို့ပြင် အရှင်မြတ်သည်ပင် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် နိုင်နင်းလွှမ်းမိုး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ထံသို့ ထိန်းသိမ်း‌စောင့်‌ရှောက်‌သောသူ (‌ကောင်းကင်တမန်‌တော်)များကို ‌စေလွှတ်‌တော်မူသည်။ ‌နောက်ဆုံးတွင် အသင်တို့ထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်း ဆိုက်‌ရောက်လာ‌သောအခါ ငါအရှင်မြတ်၏ ‌စေတမန်များသည် သူ၏(အသက်)ကို ‌ပေါ့ဆစွာ မပြုလုပ်ကြဘဲလျက် ရုပ်သိမ်းကြသည်။

    [62] ထို့‌နောက် သူတို့သည် သူတို့၏စစ်မှန်သည့် အရှင်သခင်ဖြစ်‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ ပြန်လည်ပို့‌ဆောင်ခြင်းခံကြရမည်။ နား‌ထောင်ကြပါ၊ စီရင်ဆုံးဖြတ်ခြင်း၏ အာဏာသည် အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ထို့ပြင် အရှင်မြတ်သည် အလျင်မြန်ဆုံး စာရင်းစစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [63] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့ကို ကုန်း‌မြေနှင့် ပင်လယ်၏အ‌မှောင်များမှ မည်သူကယ်တင်သနည်း။ အသင်တို့သည် အရှင်မြတ်ကိုသာ ကျိုးနွံပြီး တိတ်ဆိတ်စွာ ဟစ်‌ခေါ်တသကြသည်။ “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤ‌ဘေးဒုက္ခမှ ကယ်တင်‌တော်မူပါလျှင် ကျွန်ုပ်တို့သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အမှန်ပင် ဖြစ်ကြပါမည်“ (ဟု ‌ပြောဆိုကြသည်)။

    [64] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ထို(ဒုက္ခ)နှင့် (အခြား)‌ဘေးဒုက္ခတိုင်းမှ လွတ်‌မြောက်‌စေ‌တော်မူသည်။ ထို့‌နောက်လည်း အသင်တို့သည် ရှိရ်က်တုဖက်ကိုးကွယ်မှု ပြုလုပ်ကြပြန်သည်ပင်။

    [65] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အသင်တို့၏ အထက်မှဖြစ်‌စေ၊ အသင်တို့၏‌ခြေ‌ထောက်များ‌အောက်မှဖြစ်‌စေ အပြစ်ဒဏ်သက်‌ရောက်ရန် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်၊ သို့မဟုတ် အသင်တို့အား အသင်းအဖွဲ့များ ကွဲပြား‌စေပြီး (အချင်းချင်း တိုက်ခိုက်ခိုင်းလျက်) အသင်တို့ထဲမှ အချို့အား အချို့၏တိုက်ခိုက်မှု(အရသာ)ကို မြည်းစမ်း‌စေရန်လည်း ပြုစွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ငါအရှင်မြတ်သည် သူတို့ နားလည်ကြရန်အတွက် အာယသ်‌တော်များကို မည်သို့ ‌ပြောင်းလဲပြသ‌တော်မူသည်ကို အသင်ကြည့်ပါ။

    [66] ထို့ပြင် ၎င်း(ကုရ်အာန်)သည် အမှန်ပင်ဖြစ်ပါလျက် ၎င်းကို အသင်၏အမျိုးသားများက မဟုတ်မမှန်ငြင်းပယ်ခဲ့ကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့အ‌ပေါ် ကြီးကြပ်အုပ်ထိန်းသူမဟုတ်‌ပေ“။

    [67] သတင်းစကားတိုင်းအတွက် (ဖြစ်ပျက်ရန်) ကန့်သတ်ထား‌သော အချိန်တစ်ချိန်ရှိသည်။ ထို့ပြင် အသင်တို့သည် မကြာမီ သိရလိမ့်မည်။

    [68] ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မ‌ကောင်း‌ပြော‌နေ‌သောသူများအား အသင်(တမန်‌တော်)မြင်‌သောအခါ သူတို့သည် အခြားအ‌ကြောင်းအရာများထဲသို့ ‌ပြောင်းလဲမ‌ပြောဆိုသမျှ အသင်သည် သူတို့ထံမှ ‌ရှောင်လွှဲ‌နေပါ။ ၎င်း‌နောက် အကယ်၍ ရှိုင်သွာန်သည် အသင့်အား အမှန်ပင် ‌မေ့‌လျော့‌စေခဲ့လျှင် ပြန်သတိရ‌သောအခါ အသင်သည် မတရားပြုလုပ်‌သောသူများနှင့် အတူ မထိုင်ပါနှင့်။

    [69] ထို့ပြင် အပြစ်‌ရှောင်ကြဉ်သူများအ‌ပေါ်တွင် မုရှ်ရိက်များ(၏ ပြစ်မှုစာရင်းများထဲမှ) တစ်စုံတစ်ရာကိုမှ တာဝန်မရှိ‌ပေ။* သို့ရာတွင် သူတို့ အပြစ်‌ရှောင်ကြဉ်ကြရန်အတွက် (သူတို့အ‌ပေါ်တွင်) ဆုံးမဩဝါဒစကား‌ပြောရန် တာဝန်သာရှိသည်။

    [70] ထို့ပြင် အသင်သည် အကြင်သူများအား စွန့်ထားလိုက်ပါ။ ထိုသူများသည် သူတို့၏ ဒီန်သာသနာကို ကစားစရာ၊ ‌ပျော်ရွှင်စရာအဖြစ် ပြုလုပ်ထားကြသည်။* ထို့ပြင် ဤ‌လောကီဘဝသည် သူတို့အား လှည့်ဖြားထားသည်။ ထို့‌နောက် တစ်စုံတစ်ဦးသည် သူ၏ အပြုအမူများ‌ကြောင့် အ‌ရေးယူဖျက်ဆီးခြင်း မခံရရန်အတွက် အသင်သည် ဤအရာ(ကုရ်အာန်)နှင့် ဆုံးမ‌နေပါ။ (ထိုကဲ့သို့ ဖျက်ဆီးခံရပြီဆိုလျှင်) သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးမည့်သူ၊ ကြားဝင်အသနားခံ‌ပေးမည့်သူ ရှိမည်မဟုတ်‌ပေ။ ၎င်းပြင် အကယ်၍ ထိုသူသည် (ပြစ်ဒဏ်မှ လွတ်ရန်) အစားထိုးမှုမှန်သမျှကို အစားထိုး‌ပေးလျှင်လည်း သူထံမှ လက်ခံခြင်း ခံရမည်မဟုတ်‌ပေ။ ထိုသူများပင် သူတို့၏ အပြုအမူများ‌ကြောင့် ဖျက်ဆီးခံရလိုက်သူများ ဖြစ်ကြသည်။ သူတို့အတွက် သူတို့ ငြင်းပယ်လျက်ရှိခဲ့ခြင်း‌ကြောင့် အလွန်ပူ‌လောင်‌သော‌ရေမှ ‌သောက်စရာနှင့် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။

    [71] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ငါတို့ကို အကျိုးလည်းမပြုနိုင်၊ ဒုက္ခလည်းမ‌ပေးနိုင်‌သောအရာများအား ဟစ်‌ခေါ်တသ ကိုးကွယ်ကြရမည်‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား လမ်းမှန်ပို့‌ဆောင်‌တော်မူပြီး‌နောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ ငါတို့‌ကျောခိုင်း၍ ပြန်လှည့်သွားကြရမည်‌လော။ ထိုသူအား ရှိုင်သွာန်များသည် ဖြား‌ယောင်းပြီး မျက်စိလည်လမ်းမှား‌အောင်လုပ်ခဲ့ကြသည့်အတွက် သူသည် ကမာ္ဘ‌မြေတွင် စိတ်ရှုပ်‌ထွေးလျက် တဝဲလည်လည်ဖြစ်‌နေခဲ့သည်။ သူ့တွင် မိတ်‌ဆွေများလည်းရှိသည်။ ထိုမိတ်‌ဆွေများသည် သူ့အား လမ်းမှန်ဘက် “ငါတို့ထံသို့ လာပါ“ဟု ဖိတ်‌ခေါ်‌နေသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသ‌တော်မူ‌သောလမ်းပင် အမှန်စင်စစ် လမ်းမှန်ဖြစ်သည်။ ထို့ပြင် ငါတို့သည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာရန် အမိန့်‌ပေး‌တော်မူခြင်း ခံခဲ့ကြရပြီဖြစ်သည်။

    [72] ထို့ပြင် အသင်တို့သည် စွဲမြဲစွာ စွလာသ်ဝတ်ပြုကြပါ၊ ၎င်းပြင် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါဟု (အမိန့်‌ပေးခံကြရသည်)။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် စုရုံးခံကြရမည်။

    [73] ထို့ပြင် ထိုအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို မှန်ကန်တိကျမှုဖြင့် ဖန်ဆင်း‌တော်မူခဲ့‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့ပြင် ထို(ကိယာမသ်)‌နေ့တွင် အရှင်မြတ်သည် (ကိယာမသ်‌နေ့အား)“ဖြစ်‌စေ“ဟု မိန့်ကြား‌တော်မူမည်။ သို့ဖြစ်ရာ (ကိယာမသ်)ဖြစ်သွားလိမ့်မည်။ အရှင်မြတ်၏ စကား‌တော်သည် မှန်ကန်‌သောစကားပင်ဖြစ်သည်။ ထို့ပြင် တံပိုးခရာ မှုတ်မည့်‌နေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်၌သာရှိ‌တော်မူမည်။* (အရှင်မြတ်သည်) အကွယ်ရှိအရာနှင့် ‌ရှေ့‌မှောက်ရှိအရာတို့ကို အလွန်သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [74] ထို့ပြင် တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင် အာဇရ်ကို ‌ပြောခဲ့သည်- “အသင်သည် ရုပ်တုများကို ကိုးကွယ်သည့်အရှင်များအဖြစ် ပြုလုပ်သည်‌လော။ အမှန်စင်စစ် ကျွန်ုပ်သည် အသင်နှင့် အသင်၏အမျိုးသားများအား ထင်ရှား‌သောလမ်းမှား၌ (‌ရောက်‌နေသည်ကို) ‌တွေ့မြင်ရပါသည်။“

    [75] ထိုသို့ပင် (တမန်‌တော်)အိဗ်ရာဟီမ်ကို နက်နဲစွာ ယုံကြည်‌သောသူများထဲ၌ အပါအဝင်ဖြစ်ရန်အတွက် ငါအရှင်မြတ်သည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးပိုင်‌တော်မူ‌ကြောင်း ပြသ‌တော်မူခဲ့သည်။

    [76] ထို့‌နောက် ညသည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကို ဖုံးလွှမ်း‌သောအခါ ၎င်းသည် ကြယ်တစ်လုံးကို ‌တွေ့မြင်ခဲ့သည်။ ၎င်းက‌ပြောသည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ ထို့‌နောက် ထိုကြယ်သည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “ငါသည် ‌ပျောက်ကွယ်သွား‌သောအရာများကို မနှစ်သက်‌ပေ။“

    [77] ထို့‌နောက် ၎င်းသည် လကို‌တောက်ပလျက်(စတင်ထွက်‌ပေါ်လာသည်ကို)‌တွေ့မြင်‌သောအခါ ‌ပြောဆိုပြန်သည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ သို့ရာတွင် ထိုလသည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်အား လမ်မှန်မညွှန်ကြား မပြသခဲ့လျှင် ကျွန်ုပ်သည် လမ်းမှားသူများထဲ၌ အမှန်စင်စစ် အပါအဝင်ဖြစ်သွားမည်ပင်။“

    [78] ထို့‌နောက် ၎င်းက ‌နေကို‌တောက်ပလျက်(စတင်ထွက်‌ပေါ်လာသည်ကို)‌တွေ့မြင်‌သောအခါ ၎င်းက ‌ပြောဆိုပြန်သည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ဤသည် အကြီးဆုံးဖြစ်သည်“။ ထို့‌နောက် ‌နေသည်လည်း ‌ပျောက်ကွယ်သွားပြန်‌သောအခါ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အသင်တို့ တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်လျက်ရှိကြ‌သောအရာများမှ လုံးဝ လွတ်ကင်းသည်။“

    [79] အမှန်စင်စစ် ငါသည် ငါ၏မျက်နှာလှည့်ခြင်းကို* ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ဘက်သို့သာ တစ်စိတ်တစ်လက်တည်း*လှည့်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါသည် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သူများထဲမှ မဟုတ်‌ပေ။

    [80] ထို့‌နောက် ၎င်း၏အမျိုးသားများသည် ၎င်းနှင့် အငြင်းအခုံ ပြုလုပ်ခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်-အလိုင်ဟိ)က ‌ပြောသည်- အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ပင် ငါနှင့် အငြင်းအခုံပြုလုပ်ကြသ‌လော။ အမှန်စင်စစ် အရှင်မြတ်သည် ငါ့အား လမ်းမှန် ညွှန်ကြားပြသပြီးဖြစ်သည်။ ထို့ပြင် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် အလိုရှိသည်မှလွဲ၍* အသင်တို့ ယှဉ်တွဲကိုးကွယ်ကြ‌သောအရာများအား မ‌ကြောက်‌ပေ။* ငါ၏အရှင်သည် အရာအားလုံးကို အသိပညာနှင့် ဝန်းခြုံလျက်ရှိ‌တော်မူသည်။ သို့ပါလျက် အသင်တို့သည် အသိတရား မရကြ‌လေသ‌လော။

    [81] ငါသည် အသင်တို့ တွဲဖက်ကိုးကွယ်ကြ‌သောအရာများကို အဘယ့်‌ကြောင့် ‌ကြောက်ရမည်နည်း။ ၎င်းပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က သက်‌သေသာဓကတစ်ခုမျှ ချမ‌ပေးခဲ့‌သောအရာများအား အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်‌နေကြသည်ကို အမှန်ပင် အသင်တို့ မ‌ကြောက်ရွံ့ကြ‌ပေ။ သို့ဖြစ်ရာ အုပ်စုနှစ်စုထဲမှ မည်သည့်အုပ်စုသည် ငြိမ်းချမ်းမှုနှင့် ပိုထိုက်သည်ဆိုသည်ကို အကယ်၍ အသင်တို့သိကြလျှင် (‌ပြောပြကြပါ)။

    [82] အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် သူတို့၏အီမာန်ယုံကြည်မှုကို ရှိရ်က်တွဲဖက်ကိုးကွယ်မှုနှင့်*‌ရော‌နှောခြင်း မပြုခဲ့ကြ‌ပေ။ ထိုသူများအတွက်သာ ငြိမ်းချမ်းမှုရှိသည်။ ၎င်းပြင် ထိုသူများသည်သာ လမ်းမှန်ရရှိ‌သောသူများဖြစ်ကြသည်။

    [83] ထို့ပြင် ဤသည် ငါအရှင်မြတ်၏ သက်‌သေသာဓကဖြစ်သည်၊ ငါအရှင်မြတ်သည် ထိုသက်‌သေသာဓကကို (တမန်‌တော်)အိဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများနှင့် ပြိုင်ဆိုင်ရာတွင် ချီးမြှင့်‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် ငါအရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား အဆင့်အတန်းများ တိုးမြှင့်‌ပေး‌တော်မူသည်။ အမှန်စင်စစ် အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [84] ထို့ပြင် ငါအရှင်သည် ၎င်း(အိဗ်ရာဟီမ်)အား(သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်တို့ကို ‌ပေးသနား‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် (၎င်းတို့)အသီးသီးကို လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)၏ မတိုင်မီတွင်ရှိ‌သော (တမန်‌တော်)နူးဟ်ကိုလည်း လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)၏ သား‌မြေးများထဲမှ (တမန်‌တော်များဖြစ်သည့်) ဒါဝူဒ်၊ စုလိုင်မာန်၊ အိုင်ယူဗ်၊ ယူစွဖ်၊ မူစာနှင့် ဟာရှုန်တို့ကိုလည်း (ငါအရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။) ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကျိုးပြုလုပ်သူများအား ဤနည်းအတိုင်း အကျိုး‌ပေး‌လေ့ရှိ‌တော်မူသည်။

    [85] ထို့ပြင် (တမန်‌တော်များဖြစ်သည့်) ဇကရိယာ၊ ယဟ်ယာ၊ အီစာနှင့် အိလ်ယာစ် တို့ကိုလည်း (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်။) (၎င်းတို့)အသီးသီးသည် ‌ကောင်းမြတ်‌သော သူ‌တော်စင်များထဲမှပင် ဖြစ်ကြသည်။

    [86] (တမန်‌တော်များဖြစ်သည့်) အစ္စမာအီလ်၊ အလ်ယစအ်၊ ယူနွတ်စ်နှင့် လူသ်ွ တို့ကိုလည်း (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (၎င်းတို့)အသီးသီးကို စကြဝဠာအားလုံးအ‌ပေါ်တွင် မြင့်မြတ်ထူးကဲမှု ချီးမြှင့်‌တော်မူခဲ့သည်။

    [87] ထို့ပြင် ၎င်းတို့၏ အဘ၊ အဘိုး၊ ‌ဘေးများထဲမှ အချို့နှင့် ၎င်းတို့၏ သား‌မြေးများထဲမှ အချို့အပြင် ၎င်းတို့၏ ညီ၊ အစ်ကိုများထဲမှ အချို့တို့ကို (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့ကို ‌ရွေးချယ်‌တော်မူပြီး ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ညွှန်ကြားပြသ‌တော်မူခဲ့သည်။

    [88] ဤသည် အလ္လာဟ်အရှင်မြတ်၏တရား‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌တော်မူ‌သောသူကို ထိုတရား‌တော်နှင့် လမ်းမှန်ကို ညွှန်ကြားပြသပို့‌ဆောင်‌တော်မူသည်။ ထို့‌နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြလျှင် သူတို့ပြုလုပ်ခဲ့‌သော ‌ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းအနှီး အကျိုးမဲ့ဖြစ်သွားခဲ့လိမ့်မည်။

    [89] ထိုသူများသည် ငါအရှင်မြတ်အ‌နေနှင့် သူတို့ကို ကျမ်းဂန်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် တမန်‌တော်ဖြစ်ခြင်းတို့ကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့‌သောသူများပင် ဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ ဤသူ(ကာဖိရ်)များသည် ဤသည်တို့ကို ငြင်းပယ်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ဤသည်တို့ကို မငြင်းပယ်မည့် လူမျိုးများထံသို့ လွှဲအပ်‌ပေးလိုက်‌တော်မူမည်။

    [90] ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့အား လမ်းမှန်ညွှန်ကြားပြသပို့‌ဆောင်‌တော်မူခဲ့ပြီးဖြစ်‌သောသူများပင် ဖြစ်သည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည်လည်း သူတို့၏လမ်းစဉ်အတိုင်းလိုက်ပါ။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် ဤအရာ (ကုရ်အာန်ကျမ်း‌တော်ကို ပို့ချရှင်းပြမှု) နှင့်ပတ်သက်၍ အသင်တို့ထံမှ မည်သည့် အဖိုးအခမှ မ‌တောင်းဆို‌ပေ။ ထိုအရာ(ကုရ်အာန်)သည် စကြဝဠာအားလုံး(ရှိ သတ္တဝါအားလုံး)အတွက် ဆုံးမဩဝါဒပင် ဖြစ်သည်။

    [91] ထို့ပြင် “အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားအ‌ပေါ်မှာ မည်သည့်အရာမျှ ချမ‌ပေးခဲ့ပါ“ဟူ၍ သူတို့က ‌ပြောဆိုကြ‌သောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌လေးစားထိုက်သည်ခန့် မ‌လေးစားခဲ့ကြ‌ပေ။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- (တမန်‌တော်)မူစာသည် လူများအတွက် လင်း‌ရောင်ခြည်အဖြစ်နှင့် တရားလမ်းညွှန်အဖြစ် ယူ‌ဆောင်လာခဲ့‌သော ကျမ်းဂန်ကို မည်သူချ‌ပေးခဲ့သနည်း။ အသင်တို့သည် ထိုကျမ်းဂန်ကို ‌ရေးမှတ်စရာများနှင့် ပြုလုပ်(‌ရေးသား)ထားခဲ့ကြသည်။ အသင်တို့သည် ထိုအရာများ(၏ အချို့)ကို ‌ဖော်ထုတ်ပြသကြပြီး အများအပြားကိုမူ ထိမ်ချန်လျှို့ဝှက်ထားကြသည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ အဘ၊ အဘိုး၊ ‌ဘေးများ မသိရှိခဲ့ကြ‌သောအရာများကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည်ပင် (ထိုကျမ်းဂန်ကို ချ‌ပေး‌တော်မူ‌သောအရှင်)ဖြစ်‌တော်မူသည်“။ ထို့‌နောက် အသင်သည် သူတို့အား (သူတို့၏ အကျိုးမဲ့ မှားယွင်းစွာ ‌ပြောဆိုမှုများထဲ၌) နစ်မွန်း‌ပြောဆိုကစား‌နေကြသည့်အတိုင်းသာ စွန့်ပစ်ထားလိုက်ပါ။

    [92] ထို့ပြင် ဤအရာ(ကုရ်အာန်)သည် ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်းဂန်ဖြစ်သည်။* (ဤကျမ်းဂန်သည်)ဗရကသ်မဂင်္လာ*နှင့် ပြည့်စုံပြီး ၎င်းမတိုင်မီက ကျမ်းဂန်များကိုလည်း (အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ထုတ်ပြန်ချမှတ်‌ပေး‌တော်မူ‌ကြောင်း) ‌ထောက်ခံအတည်ပြု‌သော ကျမ်းဂန်ဖြစ်သည်။ ထို့ပြင် အသင်သည် (ထိုကျမ်းဂန်နှင့်)မက္ကဟ်မြို့*(သားများ)နှင့် ထိုမြို့၏ပတ်ဝန်းကျင်၌*ရှိ‌သောသူများကို သတိ‌ပေးနှိုုး‌ဆော်ရန်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကို ယုံကြည်‌သောသူများသည် သူတို့၏ စွလာသ်ဝတ်ပြုမှုကို ထိန်းသိမ်းကြလျက်* ဤ(ကုရ်အာန်)ကျမ်းကိုလည်း ယုံကြည်ကြသည်။

    [93] ထို့ပြင် အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသား‌ပြောဆို လုပ်ကြံစွပ်စွဲသည်။* သို့မဟုတ် ထိုသူသည် သူ၏အ‌ပေါ်တွင် ဝဟီ အမိန့်‌တော်ကျ‌ရောက်သည်ဟု ‌ပြောဆိုသည်။* ထို့‌နောက်လည်း သူ၏အ‌ပေါ်တွင် မည်သည့်အမိန့်တစ်ခုမျှ ကျ‌ရောက်ခဲ့ခြင်းမရှိ‌ပေ။ ထို့ပြင် (အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း) ထိုသူသည် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူသကဲ့သို့ ကျွန်ုပ်လည်း မကြာမီ (ထိုကဲ့သို့ အာယသ်များကို)ချ‌ပေးမည်ဟု ‌ပြောဆိုသည်။ အကယ်၍ အသင်(တမန်‌တော်)သည် အကြင်အခါ၌ ‌တွေ့မြင်နိုင်လျှင် ‌ကောင်း‌လေစွပင်၊ ထိုအခါ၌ မတရားလုပ်သူများသည် ‌သေခြင်း၏ပြင်းထန်(စွာ ခံစားရ)မှုများတွင် ရှိ‌နေကြလိမ့်မည်။ ၎င်းပြင် ‌ကောင်းကင်တမန်များသည် သူတို့၏လက်များကိုဖြန့်လျက် (ဤသို့ ‌ပြောကြမည်) “အသင်တို့သည် အသင်တို့၏ အသက်များအား ထုတ်(‌ပေး)ကြပါ။* ယ‌နေ့၌မူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ မဟုတ်မမှန် လုပ်ကြံ‌ပြောဆိုသည်သာမက အရှင်မြတ်၏ သက်‌သေလက္ခဏာများမှ မာန‌ထောင်လွှား‌နေကြသည့်အတွက်‌ကြောင့် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို ခံစားကြရမည်။“

    [94] ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ ပထမအကြိမ် ငါအရှင်မြတ် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အတိုင်းပင် တစ်ဦးစီ၊ တစ်ဦးစီ(‌သေဆုံးလျက်) အမှန်ပင် လာကြပြီဖြစ်သည်။* ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေးသနား‌တော်မူခံ‌သောအရာ(ပစ္စည်းဥစ္စာ)များကိုလည်း အသင်တို့‌နောက်တွင် စွန့်ထားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူတကွ အသင်တို့ကို ကြားဝင်အသနားခံ‌ပေးမည့် အကြင်သူများကိုလည်း မ‌တွေ့မြင်‌ပေ၊ ထိုသူများသည် အသင်တို့၏ အ‌ရေးကိစ္စများတွင် (ငါအရှင်မြတ်နှင့်) ဖက်စပ်ပါဝင်သူများဖြစ်ကြသည်ဟု အသင်တို့ ထင်မြင်ယူဆခဲ့ကြသည်။ (ယခုမူ) အသင်တို့၏စပ်ကြားတွင် အဆက်ပြတ်သွားပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ထင်မြင်ယူဆခဲ့ကြ‌သောအရာသည်လည်း အသင်တို့ထံမှ ‌ပျောက်ကွယ်သွားပြီဖြစ်သည်။

    [95] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌စေ့အဆန်ကိုခွဲပြီး ‌ညှောင့်ထွက်‌စေ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။* အရှင်မြတ်သည်ပင် သက်မဲ့အရာများမှ သက်ရှိသတ္တဝါများကို ထုတ်ယူ‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည်ပင် သက်ရှိ(သတ္တဝါ)များမှ သက်မဲ့(အရာ)များကို ထုတ်ယူ‌တော်မူ‌သောအရှင်မြတ်လည်း ဖြစ်‌တော်မူသည်။ ထိုအရှင်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ သို့ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။

    [96] (အရှင်မြတ်သည်) အလင်းကို ခွဲထုတ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည်ပင် ညအချိန်ကို(သတ္တဝါအားလုံး)အနားယူရန် ပြုလုပ်ထား‌တော်မူသည်။* ‌နေနှင့်လတို့ကိုလည်း (အချိန်)တိုင်းတာ တွက်ချက်ရန် ပြုလုပ်ထား‌တော်မူသည်။* ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၏ စီမံခန့်ခွဲမှုပင်ဖြစ်သည်။

    [97] ထို့ပြင် အရှင်မြတ်သည် ကြယ်များအား အသင်တို့အတွက် ကုန်း‌မြေနှင့် ပင်လယ်၏အ‌မှောင်များထဲတွင် လမ်းမှန်ရရှိ‌စေရန် ပြုလုပ်‌တော်မူခဲ့‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။* အမှန်စင်စစ် ငါအရှင်မြတ်သည် သက်‌သေသာဓကများကို သိနားလည်‌သောသူများအတွက် အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။

    [98] ထို့ပြင် အရှင်မြတ်သည် အသင်တို့အား လူတစ်ဦးတည်းမှ ‌ပေါက်ဖွား‌စေ‌တော်မူခဲ့‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။* ထို့‌နောက် ကြာရှည်‌နေရမည့်‌နေရာ တစ်ခုနှင့် ခဏ‌နေရမည့်‌နေရာ တစ်ခု(ပြုလုပ်‌ပေး‌တော်မူခဲ့သည်)။* အမှန်စင်စစ် ငါအရှင်မြတ်သည် အသိဉာဏ်ရှိ‌သောသူများအတွက် သက်‌သေသာဓကများကို အ‌သေးစိတ် ရှင်းလင်းပြသခဲ့ပြီးဖြစ်သည်။

    [99] ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်းချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုမိုး‌ရေနှင့် ‌ကောက်ပဲသီးနှံ အ‌ညှောင့်မျိုးစုံကို ထွက်‌ပေါ်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုအ‌ညှောင့်မှ စိမ်းစို‌သောအကိုင်းအခက်ကို ထွက်‌စေ‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအကိုင်းအခက်မှ ပြွတ်သိပ်‌နေ‌သော ‌စေ့အဆန်များကို ထွက်‌စေ‌တော်မူသည်။ ထို့ပြင် စွန်ပလွန်ပင်၏အဖူးဝတ်ဆံများမှ တွဲ‌လောင်းကျ‌နေ‌သော အခိုင်များ(ထွက်သည်)။ ၎င်းပြင် (ငါအရှင်မြတ်သည်) စပျစ်ခြံများ၊ သံလွင်သီး၊ သလဲသီးများကိုလည်း (ဖန်ဆင်း‌တော်မူခဲ့သည်)။ အချို့မှာ အချင်းချင်းတူကြပြီး အချို့မှာမူ (ပုံစံတူ‌သော်လည်း အရသာ)မတူကြ‌ပေ။* အသင်တို့သည် ထိုအသီးများ သီး‌သောအခါနှင့် မှည့်‌သောအခါတွင် ထိုအသီးများအား ကြည့်ကြပါ။ အမှန်စင်စစ် ၎င်းတို့ထဲ၌ ယုံကြည်‌သောသူများအတွက် သက်‌သေသာဓကများ ရှိသည်။

    [100] ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တွဲဖက်များအဖြစ် ဂျင်န်သတ္တဝါများကို ပြုလုပ်ခဲ့ကြသည်။* ထို့ပြင် (အမှန်မှာ) အရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ (ဂျင်န်များက သူတို့ကို ဖန်ဆင်းခဲ့သည် မဟုတ်‌ပေ)။ ထို့ပြင် သူတို့သည် မသိနားမလည်ဘဲနှင့် အလ္လာဟ်အရှင်မြတ်မှာ သားများသမီးများရှိသည်ဟု လုပ်ကြံစွပ်စွဲ ‌ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့ စွပ်စွဲ‌ပြောဆိုကြသည်များမှ အလွန်မြင့်မား‌တော်မူသည်။

    [101] (အရှင်မြတ်သည်) ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဆန်းကြယ်စွာ စတင်ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အရှင်မြတ်၌ ကြင်ရာမရှိဘဲ မည်ကဲ့သို့ အရှင်မြတ်တွင် သားသမီးရှိမည်နည်း။* ၎င်းပြင် အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [102] ဤသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ (ထိုအရှင်မြတ်သည်)အရာရာကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို စီမံခန့်ခွဲ ပြီး‌မြောက်‌စေ‌တော်မူ‌သော အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [103] မျက်စိများသည် အရှင်မြတ်ကို ခြုံငုံကြည့်မြင်နိုင်ခြင်း မရှိ‌ပေ။* အရှင်မြတ်ကမူ မျက်စိများကို ခြုံငုံကြည့်မြင်‌နေလျက်ရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [104] အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေခံအ‌ထောက်အထားများ ‌ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအရာများကိုမြင်လျှင် သူ့အတွက် အကျိုးရှိမည်။ ၎င်းပြင် မည်သူမဆို မျက်စိကန်း‌နေလျှင် သူ့အတွက် ဆုံးရှုံးမှုရှိမည်။* ၎င်းပြင် ကျွန်ုပ်(တမန်‌တော်)သည် အသင်တို့အ‌ပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူ မဟုတ်‌ပေ။

    [105] ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် သက်‌သေလက္ခဏာများကို အမျိုးမျိုး ‌ပြောင်းလဲရှင်းပြ‌တော်မူသည်။ ထို့ပြင် (ထိုကဲ့သို့ ရှင်းလင်းပြသရခြင်းသည်) ကာဖိရ်များက “အသင်(တမန်‌တော်)သည် သင်ယူထားသည်“ဟု ‌ပြောဆိုကြရန်အတွက်နှင့် ငါအရှင်မြတ်သည် ဤ(ကုရ်အာန်)ကို အသိရှိ‌သောသူများအတွက် ရှင်းလင်းထင်ရှားစွာ ပြသ‌တော်မူရန်အတွက် ဖြစ်သည်။

    [106] အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကျ‌ရောက်လာ‌သော ဝဟီအမိန့်‌တော်များကို လိုက်နာပြီး‌နေပါ။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ၎င်းပြင် အသင်သည် မုရှ်ရိက်များဘက်မှ မျက်နှာလွှဲပြီး‌နေပါ။

    [107] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် သူတို့သည် ရှိရ်က် တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည် မဟုတ်‌ပေ။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားသည် မဟုတ်‌ပေ။ အသင်သည် သူတို့အတွက် တာဝန်ခံလည်း မဟုတ်‌ပေ။

    [108] ထို့ပြင် အသင်တို့သည် ၎င်း(အခြားဘာသာဝင်)တို့က အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်‌နေကြ‌သော ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြနှင့်။ ထိုကဲ့သို့ပြုလုပ်လျှင် သူတို့သည် အသိတရားမရှိသည့်အတွက် စည်း‌ဘောင်‌ကျော်ပြီး အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချမှုပြုလုပ်ကြမည်။* ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် အုပ်စုတိုင်း၏အမြင်တွင် သူတို့၏လုပ်ရပ်များကို လှပတင့်တယ်‌အောင် တန်ဆာဆင်‌ပေးထား‌တော်မူခဲ့သည်။* ထို့‌နောက် သူတို့အားလုံး၏ ပြန့်လှည့်ရာသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် သူတို့အား သူတို့ပြုမူခဲ့‌သောအရာများကို အသိ‌ပေး‌တော်မူမည်။

    [109] ထို့ပြင် အကယ်၍ သူတို့ထံသို့ သက်‌သေလက္ခဏာ တစ်စုံတစ်ခု‌ရောက်လာခဲ့လျှင် ၎င်းကို အမှန်စင်စစ် ယုံကြည်လက်ခံကြပါမည်ဟု သူတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး အစွမ်းကုန်ကျိန်ဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ သက်‌သေလက္ခဏာ တန်ခိုး‌တော်များသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။* ထို့ပြင် အမှန်စင်စစ် ထိုသက်‌သေလက္ခဏာများ ကျ‌ရောက်လာခဲ့လျှင်လည်း သူတို့သည် ယုံကြည်ကြမည်မဟုတ် ဆိုသည်ကို အသင်တို့ သိကြပါ၏‌လော။

    [110] ထို့ပြင် သူတို့သည် ပထမအကြိမ် ထို(တန်ခိုး‌တော်များဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ခြင်းမရှိကြသကဲ့သို့ပင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများနှင့် မျက်စိများကို လှည့်ထား‌ပေးလိုက်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ကို သူတို့၏‌ခေါင်းမာမှုထဲ၌ပင် တဝဲလည်လည် လွှတ်ထား‌တော်မူမည်။

    [111] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အမှန်စင်စစ် သူတို့ထံသို့ ‌ကောင်းကင်တမန်များ ‌စေလွှတ်‌တော်မူခဲ့လျှင်၊ ၎င်းပြင် ‌သေသူများသည် သူတို့နှင့် စကား‌ပြောဆိုခဲ့ကြလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရာရာကို သူတို့‌ရှေ့‌မှောက်တွင် စုရုံး‌ပေး‌တော်မူခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူမှလွဲ၍ သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။* သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိကင်းမဲ့ကြသည်။

    [112] ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် တမန်‌တော်တိုင်းအတွက် လူရှိုင်သွာန်နှင့် ဂျင်န်ရှိုင်သွာန်များကို ရန်သူများအဖြစ် ပြုလုပ်ထား‌တော်မူသည်။ ထိုရှိုင်သွာန်များထဲမှ အချို့သူများသည် အချို့သူများ၏ထံသို့ အပြင်ပန်းလှ‌သော နှစ်လိုဖွယ်စကားများကို လှည့်ဖြားရန် ထည့်သွင်း‌လေ့ရှိကြသည်။ ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် အလိုရှိ‌တော်မူပါလျှင် ထိုရှိုင်သွာန်များသည် ထိုသို့ပြုလုပ်နိုင်ကြမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့် သူတို့လုပ်ကြံလိမ်လည်‌ပြောဆိုသည်များကို စွန့်ထားလိုက်ပါ။

    [113] ထို့ပြင် (ထိုကဲ့သို့နှစ်လိုဖွယ်စကားများကို ရှိုင်သွာန်က ထည့်သွင်းရခြင်းအ‌ကြောင်းမှာ) တမလွန်ဘဝကို မယုံကြည်သူများ၏စိတ်နှလုံးများသည် ထို(စကားများ)ဘက်သို့ ယိမ်းညွတ်‌စေရန်အတွက်နှင့် ‌ကျေနပ်နှစ်သက်‌နေရန်အပြင် သူတို့ပြုလုပ်မြဲဖြစ်‌သောအရာများကို ပြုလုပ်‌နေကြရန်အတွက် ဖြစ်သည်။

    [114] (အသင်တမန်‌တော် ‌ပြောလိုက်ပါ) ထို့‌နောက် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထိုအရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အ‌သေးစိတ် ရှင်းလင်းဖွင့်ဆိုထား‌သော (ကုရ်အာန်)ကျမ်း‌တော်ကို ချ‌ပေး‌တော်မူခဲ့ပါလျက် အခြားသူကို စီရင်ဆုံးဖြတ်သူ တရားသူကြီးအဖြစ် ရှာ‌ဖွေရမည်‌လော။ ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်‌ပေးသနားထား‌သောသူများသည်လည်း အမှန်ပင် ဤ(ကုရ်အာန်)ကျမ်း‌တော်မြတ်သည် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ မှန်ကန်မှုနှင့်တကွ ကျ‌ရောက်လာ‌သောကျမ်းဖြစ်သည်ကို သိရှိကြသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သံသယဖြစ်သူများထဲ၌ အပါအဝင် မဖြစ်‌လေနှင့်။

    [115] ထို့ပြင် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏စကား‌တော်သည် မှန်ကန်မှု၊ တရားမျှတမှုတို့နှင့် ပြည့်စုံသည်။* အရှင်မြတ်၏စကား‌တော်များကို ‌ပြောင်းလဲနိုင်သူ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [116] ထို့ပြင် အကယ်၍ အသင်သည် ကမာ္ဘ‌မြေရှိ လူအ‌မြောက်အမြား၏ စကားများကို လိုက်နာခဲ့လျှင် သူတို့သည် အသင့်ကို အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်‌စေကြလိမ့်မည်။ သူတို့သည် ထင်မြင်ယူဆချက်မှလွဲ၍ အခြားမည်သည့်အရာကိုမှ လိုက်နာကြသည်မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် ရမ်းဆ‌ပြောဆိုသူများပင် ဖြစ်ကြသည်။

    [117] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏လမ်းမှ မည်သူလွဲ‌ချော်‌နေသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် လမ်းမှန်ရရှိထားသူများကိုလည်း အသိဆုံးအရှင်ဖြစ်‌တော်မူသည်။

    [118] သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသပြီး (လှီးဖြတ်ထား‌သော)သား‌ကောင်ကို စားသုံးကြပါ။

    [119] အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသပြီး (လှီးဖြတ်ထား‌သော)အရာ (တိရစာ္ဆန်)များကို စားသုံးမှုမပြုရန် မည်သည့်အ‌ကြောင်းရှိသနည်း။* ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မလွှဲမ‌ရှောင်သာဖြစ်‌သော အခါမှလွဲ၍ (မစားသုံးရန်) အရှင်မြတ်တားမြစ်ထား‌တော်မူ‌သောအရာ(တိရစာ္ဆန်)များကို အ‌သေးစိတ် ရှင်းလင်းပြသပြီးဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အများစုသည် သူတို့၏အလိုဆန္ဒများ(‌နောက်ကို လိုက်ခြင်း)‌ကြောင့် အသိမရှိ‌တော့ဘဲ (သူတစ်ပါးကို လမ်းမှန်မှ) လွဲ‌ချော်‌စေကြသည်။ အမှန်မှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျူး‌ကျော်‌သောသူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။

    [120] အသင်တို့သည် (မြင်‌နေရ‌သော သိသာ‌ပေါ်လွင်)ထင်ရှားသည့် မ‌ကောင်းမှုများနှင့် (မမြင်ရဘဲ ဖုံးကွယ်)လျှို့ဝှက်‌နေ‌သော အတွင်းမ‌ကောင်းမှုများကို* စွန့်လွှတ်ကြပါ။ စင်စစ် မ‌ကောင်းမှုများကို ရှာ‌ဖွေဆည်းပူးတတ်ကြ‌သောသူများသည် မကြာမီ သူတို့ ကျူးလွန်ခဲ့သည်များ၏ အကျိုးကို ခံစားကြရလိမ့်မည်။

    [121] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသ(၍ လှီးဖြတ်ခဲ့)ခြင်းမရှိ‌သောအရာ (တိရစာ္ဆန်)များထဲမှ မစားသုံးကြနှင့်။ ထို့ပြင် အမှန်မှာ ထိုအရာ(ထိုစားသုံးခြင်း)သည် အမိန့်‌တော်ကို ‌သွေဖည်ခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ရှိုင်သွာန်များသည် အသင်တို့နှင့် ‌ပြောဆိုငြင်းခုံရန်အတွက် သူတို့၏မိတ်‌ဆွေများထံသို့ (သံသယများ)သွတ်သွင်း‌ပေးကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အကယ်၍ သူတို့(၏ စကားများ)ကို လိုက်နာကြမည်ဆိုလျှင် အမှန်စင်စစ် အသင်တို့လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများထဲတွင် အပါအဝင်ဖြစ်ကြလိမ့်မည်။

    [122] ထို့ပြင် အကြင်သူသည် ‌သေသူဖြစ်ခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူကို ရှင်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူ့အတွက်(အီမာန်)အလင်း‌ရောင်ကို ပြုလုပ်‌ပေးခဲ့သည်။ ထိုအလင်း‌ရောင်ဖြင့် သူသည် လူများထဲတွင် သွားလာ‌နေသည်။ ထိုသူသည် (ကုဖ်ရ်)အ‌မှောင်ထုများထဲတွင် နစ်မွန်း‌နေ၍ ထိုအ‌မှောင်ထုထဲမှ မထွက်နိုင်‌သောသူနှင့် တူနိုင်ပါမည်‌လော။ ဤကဲ့သို့ပင် ကာဖိရ်ငြင်းပယ်သူများ၏အမြင်၌ သူတို့၏အပြုအမူများသည် လှပတင့်တယ်‌အောင် တန်ဆာဆင်မြန်းခြင်းခံရသည်။

    [123] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် မြို့ရွာတိုင်း၌ ထိုမြို့ရွာများ၏အကြီးအကဲများအား ထိုမြို့ရွာထဲ၌ မ‌ကောင်းကြံစည်ကြရန် ထိုမြို့ရွာ၏ပြစ်မှုကျူးလွန်သူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။* ၎င်းပြင် သူတို့သည် အသိမရှိကြဘဲလျက် သူတို့ကိုယ်သူတို့သာ မ‌ကောင်းကြံစည်‌နေကြခြင်းဖြစ်သည်။

    [124] ထို့ပြင် သူတို့ထံသို့ အာယသ်တစ်စုံတစ်ရာ ‌ရောက်လာ‌သောအခါ သူတို့က “အလ္လာဟ်အရှင်မြတ်၏တမန်‌တော်များ ‌ပေးသနားခြင်းခံရသကဲ့သို့ ငါတို့ကို ‌ပေးသနားမခံရမချင်း ငါတို့သည် မည်သည့်အခါမှ အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။* အလ္လာဟ်အရှင်မြတ်ပင် အရှင်မြတ်၏တမန်‌တော်ဘွဲ့ကို မည်သူ့အား ‌ပေးရမည်ကို အသိဆုံးဖြစ်‌တော်မူသည်။* ပြစ်မှုကျူးလွန်သူများသည် သူတို့၏ မ‌ကောင်းကြံစည်ခဲ့မှုများ‌ကြောင့် မကြာမီ အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ‌သေးသိမ်မှုနှင့် ပြင်းထန်‌သောအပြစ်ဒဏ်ကို ခံစားကြရလိမ့်မည်။

    [125] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် အကြင်သူကို လမ်းမှန်‌ရောက်‌အောင်ပို့‌ဆောင်ရန် ရည်ရွယ်‌တော်မူလျှင် ထိုသူ၏ရင်(စိတ်နှလုံး)အား အစ္စလာမ်သာသနာ(ကို လက်ခံနိုင်ရန်)အတွက် ဖွင့်ဟ‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင်ထားရန် ရည်ရွယ်‌တော်မူလျှင် အရှင်မြတ်သည် သူ၏ရင်(စိတ်နှလုံး)ကို အလွန်ခက်ခဲ ကျဉ်းကျပ်‌စေ‌တော်မူသည်။ ထိုသူသည် မိုး‌ကောင်းကင်သို့ တက်‌နေရသကဲ့သို့ (ခက်ခဲကျဉ်းကျပ်မှု)ဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်မယုံကြည်သူများအ‌ပေါ်တွင် အညစ်အ‌ကြေး(အပြစ်ဒဏ်)များကို ပြုလုပ်ထား‌တော်မူသည်။

    [126] ထို့ပြင် ၎င်း(အစ္စလာမ်သာသနာ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းပင် ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အာယသ်‌တော်များကို တရားသံ‌ဝေဂရသူများအတွက် အ‌သေးစိပ်ရှင်းလင်းပြသ‌တော်မူပြီး ဖြစ်သည်။

    [127] သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ထိုသူများအတွက် ငြိမ်းချမ်းသာယာ‌သော (ဂျန္နသ်)သုခဘုံသည် အဆင်သင့်ရှိသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် သူတို့၏(‌ကောင်းမြတ်‌သော)လုပ်ရပ်များ‌ကြောင့် သူတို့၏မိတ်‌ဆွေအဖြစ်*ရှိသည်။

    [128] ထို့ပြင် အရှင်မြတ်သည် ထို‌နေ့တွင် သူတို့အားလုံးကို စုရုံး‌တော်မူမည်။ (၎င်းပြင် ဤသို့ မိန့်ကြား‌တော်မူမည်)။ “အို- ဂျင်န်အ‌ပေါင်းတို့၊ အမှန်ပင် အသင်တို့သည် လူများအား (လမ်းမှား‌ရောက်‌အောင် ‌သွေး‌ဆောင်မှု)များစွာ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။“ ထို့‌နောက် လူသားများထဲမှ ဂျင်န်များ၏မိတ်‌ဆွေများက ‌ပြောဆိုကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့ထဲမှ အချို့သည် အချို့ထံမှ အကျိုးခံစားခဲ့ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်က သတ်မှတ်ထား‌သော အချိန်ကာလ(ကိယာမသ်‌နေ့)ကို ‌ရောက်လာခဲ့ပြီဖြစ်ပါသည်။“ အရှင်မြတ်က မိန့်ကြား‌တော်မူမည်- “ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ ‌နေရာဌာနဖြစ်သည်။ ထိုအထဲတွင် အမြဲ‌နေကြရမည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိလျှင်မူ (ထိုထဲမှ ထုတ်လိုကထုတ်မည်ဖြစ်သည်)။“ အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်စင်စစ် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [129] ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် မတရားကျူး‌ကျော်သူများထဲမှ အချို့ကို အချို့အ‌ပေါ်၌ သူတို့၏လုပ်ရပ်များ‌ကြောင့် လွှမ်းမိုးအုပ်ချုပ်‌စေ‌တော်မူမည်။

    [130] အို- ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ အသင်တို့ထံသို့ အသင်တို့ထဲမှပင် တမန်‌တော်များ*သည် ‌ရောက်ရှိလာကြပြီး အသင်တို့အား ငါအရှင်မြတ်၏အမိန့်‌တော်များကို ‌ပြောပြကြကာ အသင်တို့အား ဤ‌နေ့နှင့် ‌တွေ့ဆုံရမည့်အ‌ကြောင်း သတိ‌ပေးနှိုုး‌ဆော်ခဲ့ကြသည် မဟုတ်‌လော။ ထိုဂျင်န်နှင့် လူသားများက ‌ပြောဆိုကြမည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ဆန့်ကျင်၍ပင် သက်‌သေခံကြပြီ ဖြစ်ပါသည်“။ ထို့ပြင် သူတို့ကို ‌လောကီဘဝ၏အသက်ရှင်မှုက လှည့်ဖြားထားခဲ့သည်။ ထို့ပြင် သူတို့သည် (ကိယာမသ်‌နေ့၌) သူတို့ကိုယ်များနှင့် ဆန့်ကျင်ပြီး အမှန်ပင် သူတို့သည် ကာဖိရ်ငြင်းပယ်သူများ ဖြစ်ခဲ့ကြပါသည်ဟု သက်‌သေခံကြလိမ့်မည်။

    [131] ထိုကဲ့သို့ (တမန်‌တော်များကို ‌စေလွှတ်ခြင်း၏)အ‌ကြောင်းမှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာသားများသည် ‌မေ့‌လျော့‌နေကြသူများဖြစ်လျက် မတရားကျူးလွန်မှု (ကုဖ်ရ် ငြင်းပယ်မှု)‌ကြောင့် မဖျက်ဆီးလိုသည့်အတွက်ပင် ဖြစ်သည်။

    [132] ထို့ပြင် (ဂျင်န်နှင့် လူ)အားလုံးတွင် သူတို့၏ အပြုအမူများနှင့်အညီ အဆင့်အတန်းများရှိသည်။* ၎င်းပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏ အပြုအမူများကို ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [133] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ သနားကရုဏာရှင် ဖြစ်‌တော်မူသည်။* အကယ်၍ အရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အသင်တို့အား ဖယ်ရှား‌တော်မူပြီး အသင်တို့အား အခြားလူမျိုးများ၏ သားသမီးများမှ ‌ပေါက်ဖွား‌စေ‌တော်မူသကဲ့သို့ အသင်တို့(မရှိသည့်)‌နောက် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူများအား (အသင်တို့‌နေရာတွင်) ဆက်ခံ‌စေ‌တော်မူမည်။

    [134] အမှန်စင်စစ် အသင်တို့အား ကတိ‌ပေးထားပြီးဖြစ်‌သောအရာ (ကိယာမသ်‌နေ့နှင့် ပြစ်ဒဏ်များ)သည် အမှန် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်အား အသင်တို့ကို အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြသူများ မဟုတ်ကြ‌ပေ။

    [135] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏‌နေရာ၌ (အသင်တို့၏ နည်းလမ်းအတိုင်း) ပြုလုပ်‌နေကြပါ။ အမှန်စင်စစ် ငါလည်း(ငါ၏ နည်းလမ်းအတိုင်း)ပြုလုပ်‌နေသူဖြစ်သည်။ ထို့‌နောက် ဤ‌လောက၏(‌ကောင်းမွန်‌သော)အဆုံးသတ် နိဂုံးချုပ်သည် မည်သူ့အတွက်ဖြစ်သည်ဆိုသည်ကို မကြာမီ အသင်တို့ သိကြရလိမ့်မည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် ‌အောင်မြင်မည် မဟုတ်‌ပေ။

    [136] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်မှ ဖန်ဆင်း‌ပေါက်‌ရောက်‌စေ‌တော်မူထား‌သော လယ်ယာများထဲမှလည်း‌ကောင်း၊ ‌ခြေ‌လေး‌ချောင်း သတ္တဝါများထဲမှလည်း‌ကောင်း ‌ဝေစု‌ဝေပုံကို သတ်မှတ်၍ထားကြသည်။ ၎င်းပြင် သူတို့သည် သူတို့၏ ထင်မြင်ယူဆချက်အတိုင်း ဤသည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်၊ ဤသည်ကမူ ငါတို့၏ ကိုးကွယ်ရာများအတွက်ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့၏ ကိုးကွယ်ရာများအတွက်ဖြစ်‌သောအရာ(‌ဝေစု)သည် အလ္လာဟ်အရှင်မြတ်(အတွက်ဖြစ်‌သော ‌ဝေစု)ထဲသို့ ‌ရောက်လာသည်ဟူ၍ မရှိ‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သာအရာ(‌ဝေစု)ကမူ သူတို့၏ ကိုးကွယ်ရာများ(အတွက်ဖြစ်‌သော ‌ဝေစု)ထဲသို့ ‌ရောက်သွား‌ပေသည်။ သူတို့၏ဆုံးဖြတ်ချက်သည် ဆိုးယုတ်လှသည်။

    [137] ထို့ပြင် ထိုသို့ပင် မုရှ်ရိက်များထဲမှ အများစု၏အမြင်တွင် သူတို့၏ကိုးကွယ်ရာ(ရှိုင်သွာန်)များက သူတို့အား ဖျက်ဆီးကြရန်အတွက်နှင့် သူတို့အ‌ပေါ်တွင် သူတို့၏သာသနာကို ရှုပ်‌ထွေးကြ‌စေရန်အတွက် သူတို့၏သားသမီးများအား သတ်ဖြတ်ခြင်းကို လှပတင့်တယ်‌အောင် တန်ဆာဆင်ထားခဲ့ကြသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် သူတို့သည် ထိုကဲ့သို့ ပြုလုပ်ခဲ့ကြမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့နှင့် သူတို့လုပ်ကြံ‌ပြောဆို‌သောစကားများကို စွန့်လွှတ်ထားလိုက်ပါ။

    [138] ထို့ပြင် သူတို့က သူတို့၏ထင်မြင်ယူဆချက်အတိုင်း ဤသို့ ‌ပြောဆိုကြသည်၊ ဤသည် တိရစာ္ဆန်များနှင့် လယ်ယာ(ထွက်ပစ္စည်း)များဖြစ်သည်။ ဤအရာများသည် ငါတို့ အလိုရှိ‌သောသူများမှလွဲ၍ အခြားမည်သူမှ မစားရ‌အောင် တားမြစ်ပြီးဖြစ်သည်။ ၎င်းပြင် ဤသည် သူတို့၏‌ကျောကုန်း‌ပေါ်၌(စီးနင်းကုန်တင်ရန်) တားမြစ်ထား‌သော တိရစာ္ဆန်များဖြစ်သည်။ ၎င်းပြင် ဤသည် (လှီးဖြတ်ရာ၌) အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသခြင်းမပြုရ‌သော တိရစာ္ဆန်များဖြစ်သည်။ ဤသည် အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုခြင်းပင်ဖြစ်သည်။ အရှင်မြတ်သည် မကြာမီ သူတို့ကို သူတို့၏ လုပ်ကြံစွပ်စွဲလိမ်လည် ‌ပြောဆိုမှု‌ကြောင့် အစား‌ပေး‌တော်မူမည်။

    [139] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “ဤတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိ‌သော (နို့ရည် သို့မဟုတ် သ‌န္ဓေသား)သည် ငါတို့‌ယောက်ျားများအတွက်သာဖြစ်သည်။ ငါတို့၏ဇနီးများအ‌ပေါ်တွင် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင် (ထိုတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိ‌သော သ‌န္ဓေသားသည်) အ‌သေဖြစ်ခဲ့လျှင် ထိုအရာကို သူတို့(‌ယောက်ျားနှင့်မိန်းမပါ) အတူတူ(ဖက်စပ်ပါဝင်) စားသုံးနိုင်ကြသည်။“ အရှင်မြတ်သည် သူတို့၏ ထိုကဲ့သို့ မဟုတ်မမှန်‌ပြောဆိုမှုများ‌ကြောင့် သူတို့ကို မကြာမီ အစား‌ပေး‌တော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [140] အမှန်စင်စစ် အကြင်သူများသည် ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ထိုသူများသည် သူတို့၏ သားသမီးများကို အသိမရှိဘဲ မိုက်မဲစွာ သတ်ဖြတ်ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုပြီး အရှင်မြတ်က သူတို့အား ‌ပေးထား‌သောအရာများကို ဟရာမ် တားမြစ်ထား‌သောအရာများဟု သတ်မှတ်ကြသည်။ အမှန်မှာ သူတို့သည် လမ်းမှားခဲ့ကြပြီဖြစ်သည်။ ၎င်းပြင် သူတို့သည် (မူလကလည်း) လမ်းမှန်ရရှိခဲ့‌သောသူများ မဟုတ်ခဲ့ကြ‌ပေ။

    [141] ထို့ပြင် အရှင်မြတ်သည် အမှီပြု၍ နွယ်တက်‌သောဥယျာဉ်များ၊ အမှီမပြုရဘဲ ‌ထောင်တက်‌သောဥယျာဉ်များ၊ အရသာအမျိုးမျိုးရှိ‌သော စွန်ပလွန်ပင်များ၊ ‌ကောက်ပဲသီးနှံများ၊ ဆင်တူယိုးမှားဖြစ်‌သော သံလွင်(ပင်)များ၊ သလဲသီး(ပင်)များနှင့် ဆင်တူမှုမရှိ‌သော သစ်သီး(ပင်)များကို ‌ပေါက်‌ရောက်ဖြစ်ထွန်း‌စေ‌တော်မူခဲ့သည်။ အသင်တို့သည် ထိုအပင်များ၏အသီးအနှံများ သီးပွင့်‌သောအခါ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ထိုအသီးအနှံများ ဆွတ်ခူးရိတ်သိမ်း‌သော‌နေ့၌ (ပြဋ္ဌာန်းထား‌သော)တာဝန်*ကို ‌ပေးဆပ်ကြပါ။ ၎င်းပြင် အသင်တို့သည် မဖြုန်းတီးကြနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ဖြုန်းတီး‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။

    [142] ထို့ပြင် (အရှင်မြတ်သည်) ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှ ထမ်းပိုးနိုင်‌သော (ကုလားအုတ်ကဲ့သို့)အရပ်မြင့်‌သော တိရစာ္ဆန်များနှင့် (အသားစား နို့စား သိုးဆိတ်ကဲ့သို့)အရပ်နိမ့်‌သော တိရစာ္ဆန်များကိုလည်း (ဖန်ဆင်း‌တော်မူခဲ့သည်)။ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနား‌တော်မူ‌သောအရာများကို စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ရှိုင်သွာန်၏ ‌လျှောက်လှမ်းမှု‌ခြေရာများ‌နောက်ကို မလိုက်ကြနှင့်။ အမှန်စင်စစ် ထိုရှိုင်သွာန်သည် အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။

    [143] (‌ခြေ‌လေး‌ချောင်းသတ္တဝါများထဲမှ)ရှစ်မျိုး*ကို (အရှင်မြတ်က ဖန်ဆင်း‌တော်မူခဲ့သည်)။ သိုးများထဲမှနှစ်မျိုး(အထီးနှင့်အမ)၊ ဆိတ်များထဲမှနှစ်မျိုး(အထီးနှင့်အမ)။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်က အထီးနှစ်‌ကောင်ကို ဟရာမ်ဟု တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်၏ သားအိမ်၌လွယ်ထား‌သော သ‌န္ဓေသားများကို တားမြစ်‌တော်မူသ‌လော။ အကယ်၍ အသင်တို့သည် အမှန်‌ပြောဆိုသူများဖြစ်လျှင် ငါ့အား အ‌ထောက်အထားပညာရပ်နှင့်တကွ တင်ပြကြပါ။

    [144] ၎င်းပြင် ကုလားအုတ်များထဲမှနှစ်မျိုး(အထီးနှင့်အမ)၊ နွားများထဲမှနှစ်မျိုး(အထီးနှင့်အမ)ကို (လည်း အရှင်မြတ်က ဖန်ဆင်း‌တော်မူခဲ့သည်)။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်သည် အထီးနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်ကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အမနှစ်‌ကောင်၏ သားအိမ်၌လွယ်ထား‌သော သ‌န္ဓေသားများကို တားမြစ်‌တော်မူသ‌လော။ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ထိုအမိန့်ချမှတ်စဉ်က (သက်‌သေအဖြစ်နှင့်) ‌ရှေ့‌မှောက်၌ ရှိ‌နေကြသ‌လော။* သို့ဖြစ်ရာ အသိပညာမရှိဘဲနှင့် လူများအား လမ်းမှား‌စေရန် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံလိမ်လည်‌ပြောဆိုသူထက် မတရားသူ မည်သူရှိမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။

    [145] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် ငါ၏ထံသို့ကျ‌ရောက်လာ‌သော ဝဟီ အမိန့်‌တော်တွင် (ယခုအငြင်းပွား‌နေ‌သော တိရစာ္ဆန်များထဲမှ)တစ်‌ကောင်မျှပင် မည်သည့်စားသုံးသူအ‌ပေါင်းအ‌ပေါ်၌မှ ထိုအရာကို စားသုံးခြင်း ဟရာမ်ဟု တားမြစ်ထားသည်ကို မ‌တွေ့ရ‌ပေ။* သို့ရာတွင် အ‌သေသား၊ သို့မဟုတ် စီး‌တွေ‌သော‌သွေး၊ သို့မဟုတ် ဝက်သား အမှန်ပင် ဤအရာ(အားလုံး)သည် အလွန်ညစ်ငြမ်း၍ မသန့်စင်သည့်အတွက်၊ သို့မဟုတ် အရှင်မြတ်၏အမိန့်ကို စည်း‌ဖောက်ပြီး အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ရည်စူးပြီး ဇဗဟ်လှီးဖြတ်ခဲ့လျှင် (ဟရာမ်ဟု တားမြစ်ထား‌တော်မူသည်။) ထို့‌နောက် အကြင်သူသည် (ထို တားမြစ်ထား‌သောအရာများကို)အရသာ ခံစားလိုသည်လည်းမဟုတ်ဘဲ၊ အစားကျူးသည်လည်း မဟုတ်ဘဲ မလွှဲမ‌ရှောင်သာ အကျပ်အတည်းဖြစ်(၍ အသက်မ‌သေရုံမျှသာ စားသုံး)ခဲ့လျှင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်စင်စစ် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [146] ထို့ပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်‌သောသူများအ‌ပေါ်တွင် ‌ခြေသည်း လက်သည်းရှိ‌သော တိရစာ္ဆန်တိုင်းကို ဟရာမ်ဟု တားမြစ်‌တော်မူခဲ့သည်။ ၎င်းပြင် နွား ဆိတ်ထဲမှ သူတို့၏‌ကျောကုန်းမျာနှင့်ကပ်‌နေ‌သောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်‌နေ‌သောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်‌နေ‌သောအဆီများမှလွဲ၍ ထိုနွားဆိတ်များထဲမှ အခြားအဆီများကို ဟရာမ်ဟု တားမြစ်‌တော်မူခဲ့သည်။* ဤသည် သူတို့အား သူတို့၏ ဆိုးသွမ်းပုန်ကန်မှု‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မူခြင်းသာ ဖြစ်သည်။ ထို့ပြင် အမှန်မှာ ငါအရှင်မြတ်သည် စင်စစ် မှန်ကန်စွာ မိန့်ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [147] ထို့‌နောက်လည်း သူတို့သည် အသင်(တမန်‌တော်)အား (အသင် ယူလာ‌သောအရာကို) လိမ်လည်ငြင်းပယ်လျှင် အသင်‌ပြောလိုက်ပါ- အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလွန်ကျယ်ဝန်း‌သော သနားကရုဏာ‌တော်ရှင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်၏အပြစ်ဒဏ်သည်လည်း အပြစ်ရှိ‌သောသူများထံမှ ဆုတ်ခွာသွားမည် မဟုတ်‌ပေ။ (ခုခံ ဖယ်ရှားခံရမည် မဟုတ်‌ပေ)။

    [148] မကြာမီ ရှိရ်က် တုဖက်ကိုးကွယ်သူများက ‌ပြောဆိုကြမည်- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး ကိုးကွယ်နိုင်ကြမည် မဟုတ်‌ပေ။ ၎င်းပြင် တစ်စုံတစ်ရာကို ဟရာမ်ဟုလည်း တားမြစ်နိုင်ကြမည် မဟုတ်‌ပေ။* ထိုသို့ပင် သူတို့မတိုင်မီက သူများသည်လည်း (တမန်‌တော်များကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့သည် ငါအရှင်မြတ်၏အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့ထံတွင် (အသင်တို့ ထင်မြင်ယူဆ ‌ပြောဆိုသည်မှာ မှန်ကန်‌ကြောင်း) သက်‌သေသာဓက တစ်စုံတစ်ခုရှိသ‌လော။ ရှိခဲ့လျှင် ငါတို့အား ထိုသက်‌သေသာဓကကို ထုတ်‌ဖော်တင်ပြကြပါ။ အသင်တို့သည် (သက်‌သေသာဓက မရှိဘဲ အသင်တို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြခြင်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ရမ်းဆ‌ပြောဆိုသူများပင်ဖြစ်သည်။

    [149] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်၏သက်‌သေ သာဓကသည် ပြည့်စုံလုံ‌လောက်‌သော သာဓကဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အားလုံးကို လမ်းမှန်‌ရောက်‌အောင် အမှန်စင်စစ် ပို့‌ဆောင်‌တော်မူခဲ့ပြီး ဖြစ်မည်။

    [150] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ (တိရစာ္ဆန်များနှင့် လယ်ယာများ)ကို ဟရာမ်ဟု တားမြစ်ထား‌ကြောင်း သက်‌သေခံကြမည့် အသင်တို့၏ သက်‌သေများကို ‌ခေါ်ယူခဲ့ကြပါ။ အကယ်၍ သူတို့သည် (လိမ်လည်)သက်‌သေခံကြလျှင်ပင် အသင်သည် သူတို့နှင့်အတူ သက်‌သေမခံပါနှင့်။* ထို့ပြင် အသင်သည် အကြင်သူများ၏ အလိုဆန္ဒများ‌နောက်ကို မလိုက်‌လေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏ အမိန့်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ၎င်းပြင် ထိုသူများသည် တမလွန်ဘဝကိုလည်း မယုံကြည်ကြသည့်အပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် (အခြားအရာများကို)တန်းတူထားပြီး ကိုးကွယ်ကြသည်။

    [151] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့လာကြပါ၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အသင်တို့အ‌ပေါ်တွင် ဟရာမ်ဟု တားမြစ်ထား‌သောအရာများကိုု ကျွန်ုပ် ရွတ်ဖတ်ပြမည်။ (ထိုအရာများမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။ ၎င်းပြင် မိဘနှစ်ပါးနှင့် ‌ကောင်းမွန်စွာ ဆက်ဆံမှု(ပြုကြပါ)။ ထို့ပြင် အသင်တို့၏ သားသမီးများအား ဆင်းရဲမှု‌ကြောင့် မသတ်ဖြတ်ကြနှင့်။ ငါအရှင်မြတ်သည် အသင်တို့နှင့် ၎င်း(သာသမီး)တို့ကို စားနပ်ရိက္ခာ ‌ပေး‌နေ‌တော်မူသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (မသတ်ဖြတ်ရန်) တားမြစ်ထား‌သော အသက်ကို မတရား မသတ်ဖြတ်ကြနှင့်။ သို့ရာတွင် (အစ္စလာမ့်)တရား‌တော်နှင့်အညီ (သတ်ဖြတ်ပိုင်ခွင့် ခြွင်းချက်ရှိသည်)။ အရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် အသင်တို့အား ဤသည်နှင့်ပတ်သက်၍ (အ‌လေးအနက်) မှာကြား‌တော်မူသည်။

    [152] ထို့ပြင် အသင်တို့သည် ‌ကောင်းမွန်(တိုးတက်‌စေလို)‌သောနည်းလမ်းမှလွဲ၍ အဘမဲ့က‌လေးများ၏ ပစ္စည်းဥစ္စာ၏အနားသို့ သူတို့အရွယ်မ‌ရောက်မချင်း မချဉ်းကပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ခြင်ခွက်နှင့် ချိန်ခွင်များကို မျှတပြည့်ဝစွာ ခြင်တွယ်ချိန်ဆ‌ပေးကြပါ။ ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူတတ်စွမ်းနိုင်သည်ထက်ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိ‌သော ကတိသစ္စာကိုလည်း တည်ကြရမည်။ အရှင်မြတ်သည် အသင်တို့ သတိတရားရရန်အတွက် ဤသည်နှင့်ပတ်သက်၍ ‌လေးနက်စွာ မှာကြား‌တော်မူခြင်းဖြစ်သည်။

    [153] ထို့ပြင် အမှန်စင်စစ် ဤသည် ငါ၏‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် အခြားလမ်းစဉ်များကို မလိုက်ကြနှင့်။ အဘယ့်‌ကြောင့်ဆို‌သော် ထိုလမ်းစဉ်များသည် အသင်တို့အား အရှင်မြတ်၏လမ်းစဉ်မှ ကွဲကွာ‌စေမည့်အတွက်‌ကြောင့် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့ (အပြစ်)‌ရှောင်ကြဉ်နိုင်ရန်အတွက် ဤသည်နှင့်ပတ်သက်၍ အသင်တို့အား ‌လေးနက်စွာ မှာကြား‌တော်မူသည်။

    [154] ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ၎င်း၏အမျိုးသားများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် ‌တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်အတွက် အ‌ကောင်းပြုသူများအ‌ပေါ်တွင် ‌သောင်ရသ်ကျမ်းကို* ပြည့်စုံ‌သော‌ကျေးဇူး‌တော်အဖြစ်၊ အရာရာကို ရှင်းလင်းပြသ‌သောကျမ်းအဖြစ်၊ တရားလမ်းမှန်ကို ညွှန်ကြားပြသ‌သောအရာအဖြစ်နှင့် သနားကရုဏာ‌တော်အဖြစ် ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။

    [155] ထို့ပြင် ဤသည် ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော (ကုရ်အာန်)ကျမ်းမြတ်ဖြစ်သည်။ ‌ကောင်းချီးမဂင်္လာနှင့် ပြည့်စုံ‌သောကျမ်းဖြစ်သည့်အတွက် (ကုရ်အာန်က တားမြစ်ထားသည်များကို) ‌ရှောင်ကြဉ်ကြပါ။

    [156] (ကယာမသ်‌နေ့တွင်) အသင်တို့က “ကျွန်ုပ်တို့မတိုင်မီရှိခဲ့ကြ‌သော အုပ်စုနှစ်ခု(ယဟူဒီနှင့် နတ်စွ်ရာနီ)အ‌ပေါ်၌သာ ကျမ်းဂန်များ* ကျ‌ရောက်လာခဲ့သည်။ ကျွန်ုပ်တို့မှာမူ သူတို့၏ သင်ကြား‌လေ့ကျင့်မှုများကို အမှန်ပင် မသိခဲ့ကြပါ“ဟု မ‌ပြောနိုင်ကြရန် (ငါအရှင်မြတ်သည် ဤ ကုရ်အာန်ကျမ်း‌တော်ကို ချ‌ပေး‌တော်မူခဲ့သည်)။

    [157] သို့မဟုတ် အသင်တို့က “အကယ်၍ ကျွန်ုပ်တို့အ‌ပေါ်၌ ကျမ်းဂန်ကျ‌ရောက်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့ထက်ပိုပြီး လမ်းမှန်ရရှိသူများ ဖြစ်ကြပါမည်“ဟု မ‌ပြောနိုင်ကြရန် (ငါအရှင်မြတ်သည် ဤကျမ်းကို ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်)။ သို့ဖြစ်ရာ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သောလက္ခဏာ၊ လမ်းမှန်ညွှန်ကြားချက်နှင့် သနားကရုဏာသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အကြင်သူထက်ပို၍ မတရားသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်ပြီး (အခြားသူများအားလည်း) ထိုသက်‌သေလက္ခဏာများ(ကို အီမာန်ယုံကြည်ခြင်း)မှ တားမြစ်သည်။ ငါအရှင်မြတ်သည် မကြာမီ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများ(ကို ယုံကြည်ခြင်း)မှ တားမြစ်‌သောသူများအား သူတို့၏တားမြစ်မှု‌ကြောင့် အလွန်ဆိုးဝါး‌သော အပြစ်ဒဏ်ကို အစား‌ပေး‌တော်မူမည်။

    [158] သူတို့သည် သူတို့ထံသို့ ‌ကောင်းကင်တမန်များ‌ရောက်လာသည်ကို၊ သို့မဟုတ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကိုယ်တိုင် ကြွ‌ရောက်လာ‌တော်မူသည်ကို၊ သို့မဟုတ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာအချို့ ‌ရောက်ရှိလာသည်ကို ‌စောင့်ဆိုင်း‌နေကြသ‌လော။ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာအချို့ ‌ရောက်ရှိလာ‌သော‌နေ့တွင် ယခင်ကတည်းက အီမာန်ယုံကြည်မှုမရှိခဲ့‌သောသူ သို့မဟုတ် သူ၏ယုံကြည်မှုနှင့် ‌ကောင်းမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့သူအား သူ၏အီမာန်ယုံကြည်မှုက အကျိုးဖြစ်ထွန်း‌စေမည် မဟုတ်‌ပေ။* (အို- တမန်‌တော်)အသင် (သူတို့အား)‌ပြောလိုက်ပါ- “အသင်တို့‌စောင့်ဆိုင်း‌နေကြပါ။ ငါတို့လည်း ‌စောင့်ဆိုင်း‌နေကြသည်။“

    [159] အမှန်စင်စစ် အကြင်သူတို့သည် သူတို့၏သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြသည်။* ထို့‌နောက် သူတို့သည် ဂိုဏ်းဂဏများ ကွဲခဲ့ကြသည်။ အသင်သည် သူတို့နှင့် မည်သို့မှ မပတ်သက်‌ပေ။ စင်စစ် သူတို့၏ကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ လွှဲအပ်ထားပြီး ဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် သူတို့အား သူတို့ ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်။

    [160] မည်သူမဆို ‌ကောင်းမှုကို ယူ‌ဆောင်လာခဲ့လျှင် ထိုသူသည် ထို‌ကောင်းမှု၏ဆယ်ဆကို ရရှိမည်။ ၎င်းပြင် မည်သူမဆို မ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် ထိုသူသည် ထိုမ‌ကောင်းမှုနှင့်ဆတူ အညီအမျှ အစား‌ပေးခြင်းခံရမည်။* ၎င်းပြင် သူတို့သည် မတရားနှိပ်စက်ခြင်း ခံကြရမည် မဟုတ်‌ပေ။

    [161] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်ပင် ငါ့ကို ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းသို့ ပို့‌ဆောင်‌တော်မူခဲပြီဖြစ်သည်။ (ထိုလမ်းသည်) အလွန်တည်တံ့ခိုင်မာ‌သော သာသနာပင်ဖြစ်သည်။ (တမန်‌တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ပင်ဖြစ်သည်။ ၎င်းသည် (အရှင်မြတ်ဘက်) တစ်ဖက်တည်းကို ဦးလှည့်သူဖြစ်သည်။ ထို့ပြင် ၎င်းသည် တုဖက်ကိုးကွယ်သူများထဲတွင် အပါအဝင် မဖြစ်ခဲ့‌ပေ။

    [162] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ၏ စွလာသ်ဝတ်ပြုမှု၊ ငါ၏ခဝပ်ကိုးကွယ်မှု၊ ငါ၏အသက်ရှင်ခြင်းနှင့် ငါ၏အသက်‌သေခြင်းတို့သည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်(နှစ်သက်ရန်)အတွက်သာဖြစ်သည်။

    [163] ထိုအရှင်မြတ်၌ တွဲဖက်လုံးဝ မရှိ‌ပေ။ ၎င်းပြင် ငါသည် ထိုအရာနှင့်ပတ်သက်ပြီး အမိန့်‌ပေးခြင်းခံရသည်။ ၎င်းပြင် ငါသည် အမိန့်နာခံ‌သောသူများထဲတွင် ပထမဦးဆုံးနာခံသူဖြစ်သည်။

    [164] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အရှင်မြတ်သည် အရာရာကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌နေပါလျက်နှင့် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်အဖြစ် ရှာ‌ဖွေရဦးမည်‌လော။“ ထို့‌နောက် မည်သူမဆို ရှာ‌ဖွေဆည်းပူးပြုလုပ်ခဲ့လျှင် ထိုသူ၏အ‌ပေါ်၌သာ(တာဝန်)ရှိသည်။ ၎င်းပြင် မည်သည့် သယ်ပိုးသူတစ်ဦးကမှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်‌ပေ။* ထို့‌နောက် အသင်တို့၏ ပြန်လည်ရာသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့ ကွဲလွဲခဲ့ကြ‌သော ကိစ္စရပ်များကို အသိ‌ပေး‌တော်မူမည်။

    [165] အရှင်မြတ်သည်ပင် အသင်တို့အား ‌မြေပထဝီတွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်သည်ပင် အသင်တို့အား အရှင်မြတ်‌ပေးထား‌သော ‌ကျေးဇူး‌တော်များနှင့်ပတ်သက်၍ စမ်းသပ်‌တော်မူရန် အသင်တို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းမြင့်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်လျင်မြန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်းပြင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။

    Surah 7
    အမြင့်များ

    [1] အလိဖ် လာမ် မီမ် စွာဒ်*။

    [2] (ဤသည်)အသင်(တမန်‌တော်)ထံသို့ ချ‌ပေးခံရ‌သောကျမ်းတစ်‌စောင်ဖြစ်သည်။ အသင်သည် ထိုကျမ်းနှင့် သတိ‌ပေးနှိုး‌ဆော်ရန်ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏စိတ်ထဲ၌ ထိုကျမ်း‌ကြောင့် မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်ပါ‌စေနှင့်။* ထို့ပြင် (ဤကျမ်းသည်) အီမာန်ယုံကြည်‌သောသူများအတွက် ဆုံးမဩဝါဒလည်းဖြစ်သည်။

    [3] အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ကျ‌ရောက်လာ‌သောအရာကိုသာ လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်မှလွဲ၍ (အခြား)မိတ်‌ဆွေများ‌နောက်သို့ မလိုက်ကြနှင့်။* အသင်တို့သည် ဆုံးမဩဝါဒများကို အနည်းငယ်သာ နာခံကြသည်။

    [4] ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာအများအပြားကို ဖျက်ဆီး‌တော်မူခဲ့သည်။* ထိုကဲ့သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် ထိုမြို့ရွာသားများအ‌ပေါ် ညအချိန်၌ သို့မဟုတ် ‌နေ့လယ်အချိန် အပန်း‌ဖြေ‌နေကြ‌သောအခါ၌ ကျ‌ရောက်လာခဲ့သည်။

    [5] သို့ဖြစ်ရာ သူတို့ထံသို့ ငါအရှင်မြတ်၏အပြစ်ဒဏ် ကျ‌ရောက်လာ‌သောအခါ သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သာ မတရားကျူးလွန်သူများ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာမှ (အ‌ကြောင်းပြနိုင်ခြင်း)မရှိခဲ့ကြ‌ပေ။

    [6] ၎င်းပြင် ငါအရှင်မြတ်သည် တမန်‌တော်များ ‌စေလွှတ်ခြင်းခံခဲ့ကြရ‌သောသူ (လူမျိုးအုပ်စု)များအား အမှန်ပင် စစ်‌ဆေး‌တော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် တမန်‌တော်များအားလည်း အမှန်ပင် စစ်‌ဆေး‌မေးမြန်း‌တော်မူမည်။

    [7] ၎င်းပြင် ငါအရှင်မြတ်သည် သူတို့‌ရှေ့၌ (သူတို့၏ အ‌ခြေအ‌နေများကို ကိုယ်တိုင်)သိရှိထား‌တော်မူသည့်အတိုင်း အမှန်‌ပြောပြ‌တော်မူမည်။* ၎င်းပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှ မသိရဘဲ)‌ပျောက်ကွယ်‌နေခဲ့သည် မဟုတ်‌ပေ။

    [8] ထို့ပြင် ထို‌နေ့တွင် ချိန်တွယ်မှုသည် အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အကြင်သူ၏ (‌ကောင်းမှုများ၏)အ‌လေးချိန်သည် အချိန်စီးလျှင် ထိုသူများပင် ‌အောင်မြင်သူများဖြစ်ကြမည်။

    [9] အကြင်သူ၏ (‌ကောင်းမှုများ၏)အ‌လေးချိန်*သည် ‌ပေါ့လျှင် ထိုသူများပင် သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံး‌အောင် ပြုလုပ်ခဲ့သူများဖြစ်ကြသည်။ (အဘယ့်‌ကြောင့်ဆို‌သော်) သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်ပတ်သက်၍ မတရားပြုလုပ်ခဲ့ခြင်း‌ကြောင့်ဖြစ်သည်။

    [10] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌မြေပထဝီတွင် တန်ခိုးအာဏာ (‌နေရာထိုင်ခင်း)‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အတွက် ထို‌မြေပထဝီတွင် အသက်‌မွေးဝမ်း‌ကျောင်းပြုနိုင်ရန် နည်းလမ်းများကိုလည်း ပြုလုပ်‌ပေး‌တော်မူခဲ့သည်။* အသင်တို့ကမူ အနည်းငယ်မျှသာ ‌ကျေးဇူးသိတတ်ကြသည်။

    [11] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့၏ ရုပ်ဆင်းသဏ္ဍန်ကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အမိန့်ရှိ‌တော်မူသည်- “အသင်တို့သည် အာဒမ်ကို ဦးချ(၍ ရို‌သေသမှုပြု)ကြပါ“။ သို့ဖြစ်ရာ အိဗ်လီစ်မှလွဲ၍ ‌ကောင်းကင်တမန်အားလုံးသည် ဦးချခဲ့ကြသည်။ ထို အိဗ်လီစ်ကမူ ဦးချသူများထဲတွင် အပါအဝင် မဖြစ်ခဲ့‌ပေ။

    [12] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “ငါအရှင်မြတ်သည် အသင့်အား အမိန့်‌ပေး‌သောအခါ အသင့်ကို ဦးမချရန် မည်သည့်အရာက တားခဲ့သနည်း။“ အိဗ်လီစ်က‌ပြောသည်- “ကျွန်ုပ်သည် ၎င်း(အာဒမ်-အလိုင်ဟိ)ထက်မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်ကို မီးဖြင့် ဖန်ဆင်း‌တော်မူခဲ့ပြီး ၎င်းကိုမူ ရွှံ့‌မြေဖြင့် ဖန်ဆင်း‌တော်မူခဲ့ပါသည်။“

    [13] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “သို့ဖြစ်လျှင် အသင်သည် ဤ(ဂျန္နသ်)မှ ဆင်းသွား‌လော့ အသင်သည် ဤ‌နေရာ၌ မာန‌ထောင်ရမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် (ဤ‌နေရာမှ)ထွက်‌လော့။ အမှန်စင်စစ် အသင်သည် ‌သေးသိမ်သူများထဲ၌ အပါအဝင်ဖြစ်သည်။“

    [14] အိဗ်လီစ်က‌ပြောသည်- “အရှင်မြတ်သည် ကျွန်ုပ်အား (အသက်‌သေဆုံး‌စေခြင်းနှင့် အပြစ်ဒဏ်ခတ်ခြင်းမှ) ကိယာမသ် ရှင်ပြန်ထမည့်‌နေ့အထိ ဆိုင်းငံ့ထား‌ပေး‌တော်မူပါ။“

    [15] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အမှန်စင်စစ် အသင်သည် ဆိုင်းငံ့ခြင်းခံရ‌သောသူများထဲတွင် အပါအဝင်ဖြစ်သည်။“

    [16] အိဗ်လီစ်က‌ပြောသည်- “အရှင်မြတ်သည် ကျွန်ုပ်အား လမ်းမှား‌စေ‌တော်မူခြင်း‌ကြောင့်* အမှန်စင်စစ် ကျွန်ုပ်သည်လည်း သူတို့(အား လမ်းမှား‌စေရန်)အတွက် အရှင်မြတ်၏လမ်းမှန်တွင် မုချ(‌မှောင်ခိုပြီး)ထိုင်‌နေမည်ဖြစ်သည်။“

    [17] “ထို့‌နောက် ကျွန်ုပ်သည် သူတို့ထံသို့ သူတို့၏‌ရှေ့မှလည်း‌ကောင်း၊ သူတို့၏‌နောက်မှလည်း‌ကောင်း၊ သူတို့၏လက်ယာဘက်မှလည်း‌ကောင်း၊ သူတို့၏လက်ဝဲဘက်မှလည်း‌ကောင်း (အဘက်ဘက်မှ) အမှန်ပင် ဝင်‌ရောက်ရမည်ဖြစ်သည်။* ထို့‌နောက် အရှင်မြတ်သည် သူတို့ထဲမှ အများစုအား ‌ကျေးဇူးသိတတ်သူများအဖြစ် ‌တွေ့ရ‌တော့မည် မဟုတ်‌ပေ“။

    [18] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ အသင်သည် ထို(ဂျန္နသ်)မှ ‌သေးသိမ်သူအဖြစ်နှင့် နှင်ထုတ်ခံရသူအဖြစ် ထွက်သွားလိုက်ပါ။* အမှန်စင်စစ် သူတို့ထဲမှ မည်သူမဆို အသင်၏‌နောက်ကို လိုက်ခဲ့လျှင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို အမှန်ပင် အသင်တို့အားလုံးနှင့် ဖြည့်‌တော်မူမည်။“

    [19] “၎င်းပြင် အို- အာဒမ်၊ အသင်သည် အသင်၏ကြင်ရာနှင့်တကွ ဂျန္နသ်သုခဘုံ၌ ‌နေထိုင်ပါ။ ၎င်းပြင် အသင်တို့နှစ်ဦးသည် အသင်တို့နှစ်ဦးအလိုရှိရာကို အလိုရှိ‌သော‌နေရာမှ စားသုံးကြပါ။ သို့ရာတွင် အသင်တို့နှစ်ဦးသည် ဤသစ်ပင်အနီးကိုမူ မချဉ်းကပ်ကြ‌လေနှင့်။ ထိုသို့ (ချဉ်းကပ်လိုက်မည်)ဆိုလျှင်မူ အသင်တို့နှစ်ဦးသည် ကျူးလွန်သူများထဲ၌ အပါအဝင် ဖြစ်သွားကြ‌ပေလိမ့်မည်။“

    [20] ထို့‌နောက် ရှိုင်သွာန်သည် သူတို့နှစ်ဦး၏စိတ်ထဲ၌* သူတို့နှစ်ဦးမှ ဖုံးကွယ်‌နေ‌သော သူတို့နှစ်ဦး၏အရှက်ကို သူတို့နှစ်ဦး‌ရှေ့တွင် ‌ပေါ်လွင်သွား‌စေရန်* အကြံ‌ပေးသည်။ ၎င်းပြင် (ဤသို့)‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အသင်တို့နှစ်ဦးကို အသင်တို့နှစ်ဦး ‌ကောင်းကင်တမန်များမဖြစ်ကြရန်အတွက်၊ သို့မဟုတ် အမြဲအသက်ရှင်‌နေသူများ မဖြစ်ကြရန်အတွက် ဤသစ်ပင်မှ တားမြစ်‌တော်မူခဲ့ခြင်းဖြစ်သည်။“

    [21] ထို့ပြင် အိဗ်လီစ်က သူတို့နှစ်ဦး‌ရှေ့၌ ကျိန်ဆိုပြီး‌ပြောသည်- “အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှစ်ဦး၏‌ကောင်းခြင်းကိုသာ လိုလားသူဖြစ်ပါသည်“။

    [22] ထို့‌နောက် ရှိုင်သွာန်သည် ၎င်းတို့နှစ်ဦးအား ပရိယာယ်ဖြင့် ဆွဲ‌ဆောင်သည်။ ၎င်းပြင် ၎င်းတို့နှစ်ဦးသည် ထိုသစ်ပင်(၏အသီး)ကို မြည်းစမ်းကြ‌သောအခါ ၎င်းတို့နှစ်ဦး၏ ဖုံးကွယ်‌နေ‌သောအရှက်သည် ၎င်းတို့နှစ်ဦး‌ရှေ့၌ ‌ပေါ်သွား‌တော့သည်။ ထို့‌နောက် ၎င်းတို့နှစ်ဦးသည် ၎င်းတို့ကိုယ်ကို၎င်းတို့ ဂျန္နသ်မှသစ်ရွက်(များ)ဖြင့် စတင်ဖုံးအုပ်ခဲ့ကြသည်။* ၎င်းပြင် ၎င်းတို့နှစ်ဦးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က ၎င်းတို့နှစ်ဦးအား မိန့်ကြား‌တော်မူသည်- “ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား ထိုသစ်ပင်မှ တားမြစ်‌တော်မူခဲ့သည် မဟုတ်‌လော။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးစလုံးအား အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့နှစ်ဦး၏ ထင်ရှား‌သောရန်သူဖြစ်သည်ဟု မိန့်ကြား‌တော်မူခဲ့သည် မဟုတ်‌လော။“

    [23] ၎င်းတို့နှစ်ဦးက ‌လျှောက်ထားကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ နှိပ်စက်ပြီး နစ်နာ‌အောင်လုပ်မိခဲ့ပြီဖြစ်ပါသည်။ ထို့‌နောက် အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မမူပါလျှင် ၎င်းပြင် ကျွန်ုပ်တို့အား သနားညှာတာခြင်း ပြု‌တော်မမူပါလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်ကြရပါ‌တော့မည်။“

    [24] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့သည် (ဂျန္နသ်မှ)ဆင်းသွားကြ‌လော့။ အသင်တို့ထဲမှ အချို့သည် အချို့၏ရန်သူဖြစ်လိမ့်မည်။ ၎င်းပြင် အသင်တို့အတွက် ‌မြေပထဝီတွင် သတ်မှတ်ထား‌သောသက်တမ်းထိ ‌နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်ရှိသည်။“

    [25] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့သည် ထို‌မြေပထဝီတွင် အသက်ရှင် ‌နေထိုင်ကြရမည်။ ၎င်း‌နောက် ထိုထဲ၌ပင် ‌သေဆုံးကြရမည်။ ၎င်းပြင် (ကိယာမသ် ရှင်ပြန်ထမည့်‌နေ့၌) ထို‌မြေပထဝီမှပင် ထွက်လာကြရမည်။“

    [26] အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏ အရှက်ကိုဖုံးအုပ်သည့် အဝတ်အစားကို ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အလှအပအတွက် ဖြစ်‌စေ‌သော အဝတ်အစားကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခြင်းတည်းဟူသည့် သက္ကဝါ၏အဝတ်အစားသည် အမြင့်မြတ်ဆုံးပင်ဖြစ်သည်။* ဤသည် သူတို့ အသိတရားရယူကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်သည်။

    [27] အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့် ‌ဟောင်ဝါ- အလိုင်ဟိစလာမ်)ကို ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏အရှက်ကို မြင်နိုင်‌စေရန် ၎င်းတို့(၏ ခန္ဓာကိုယ်)မှ ၎င်းတို့၏အဝတ်အစားများကို ချွတ်ပြီး ဂျန္နသ်မှထွက်‌စေသကဲ့သို့ အသင်တို့အားလည်း လမ်းမှားဘက် ‌သွေး‌ဆောင်ခြင်း မဖြစ်‌စေနှင့်။ အမှန်မှာ ထိုရှိုင်သွာန်နှင့် သူ၏မျိုးနွယ်များသည် အသင်တို့ကို၊ အသင်တို့ သူတို့အား မမြင်နိုင်‌သောနည်းဖြင့် မြင်ကြသည်။* အမှန်စင်စစ် ငါအရှင်မြတ်သည် ရှိုင်သွာန်များကို အီမာန်ယုံကြည်မှု မရှိ‌သောသူများ၏ မိတ်‌ဆွေများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [28] ထို့ပြင် (ကာဖိရ်ငြင်းပယ်)သူတို့သည် စက်ဆုပ်ဖွယ်ရာ ကိစ္စတစ်ခုခုကို ပြုလုပ်ကြ‌သောအခါ “ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့အား ဤသို့ပင် (ပြုလုပ်‌နေသည်ကို) ‌တွေ့ရှိခဲ့ကြပါသည်၊ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်လည်း ကျွန်ုပ်တို့အား ဤအတိုင်းပင် အမိန့်‌ပေး‌တော်မူခဲ့သည်ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်)လုံးဝ အမိန့်‌ပေး‌တော်မမူ‌ပေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အသင်တို့ မသိနားမလည်‌သောကိစ္စများကို လုပ်ကြံ‌ပြောဆိုကြသ‌လော။

    [29] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အိဗာဒသ်လုပ် စဂျ်ဒဟ်ဦးချ‌သော ‌နေရာတိုင်း၌ အသင်တို့၏မျက်နှာများကို အရှင်မြတ်ဘက် (တစ်စိတ်တစ်လက်တည်း) မျက်နှာမူပြီး ပြုလုပ်ကြပါ။ ၎င်းပြင် အရှင်မြတ်အတွက် ဝတ်ပြုမှုကို အရှင်မြတ်အတွက်သာ စိတ်‌စေတနာဖြူစင်မှုဖြင့် ပြုလုပ်‌သောသူများအဖြစ်နှင့် အရှင်မြတ်ကို ဟစ်‌ခေါ်ပန်ကြားကြပါ။ အရှင်မြတ်သည် အသင်တို့အား စတင် ဖန်ဆင်း‌တော်မူသကဲ့သို့ပင် အသင်တို့သည် (အရှင်မြတ်ထံ‌တော်သို့) ပြန်လှည့်ကြရမည်။

    [30] အရှင်မြတ်သည် လူတစ်စုအား လမ်းမှန်ကို ‌ရောက်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် လူတစ်စုမှာမူ လမ်းလွဲခြင်းသည် သူတို့အ‌ပေါ်၌ အတည်ဖြစ်ခဲ့သည်။* (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်ပင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး ရှိုင်သွာန်များကို မိတ်‌ဆွေဖွဲ့ခဲ့ကြသည်။ ၎င်းပြင် အမှန်ပင် သူတို့သည် သူတို့ကိုယ်သူတို့ လမ်းမှန်ရရှိသူများဟု ထင်မှတ်ကြသည်။

    [31] အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အသင်တို့သည် ဗလီဝတ်‌ကျောင်း‌တော်သို့ တက်‌ရောက်သည့်အခါတိုင်း၌ အသင်တို့၏(အဝတ်အစားကို ဝတ်ဆင်၍) တင့်တယ်မှုကို ရယူကြပါ။ ၎င်းပြင် အသင်တို့သည် စား‌သောက်ကြပါ၊ သို့ရာတွင် အသင်တို့သည် မဖြုန်းတီးကြ‌လေနှင့်။ (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်ပင် အရှင်မြတ်သည် ဖြုန်းတီးသူများကို နှစ်သက်‌တော်မမူ‌ပေ။

    [32] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်သည် အရှင်၏ကျွန်များအတွက် လှပတင့်တယ်မှုအဖြစ် ပြုလုပ်ထား‌သော အဝတ်အစားများနှင့် သန့်ပြန့်စင်ကြယ်‌သော အစားအစာများကို မည်သူက ဟရာမ်ဟု တားမြစ်ခဲ့သနည်း။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အီမာန်ယုံကြည်သူများအတွက် ဤ‌လောကတွင် ရရှိ‌နေ‌သော ၎င်းအရာများသည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့၌မူ (သူတို့အတွက်) သီးသန့်ပင်ဖြစ်လိမ့်မည်။* ငါအရှင်မြတ်သည် ဤသို့ပင် အာယသ်‌တော်များကို အသိပညာရှိသူများအတွက် အ‌သေးစိတ်ရှင်းလင်းပြသ‌တော်မူသည်။

    [33] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများထဲမှ ထင်ရှားသည့်အရာများ၊ ဖုံးကွယ်‌နေ‌သောအရာများ၊ မ‌ကောင်းမှုများ၊ မတရားနှိပ်စက်မှုများ၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က မည်သည့်သက်‌သေ သာဓကတစ်ခုမျှ ချမ‌ပေးခဲ့‌သောအရာကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း၊ ၎င်းပြင် အသင်တို့သည် အသင်တို့မသိ‌သောအရာများကို အရှင်မြတ်အ‌ပေါ်၌ လုပ်ကြံ‌ပြောဆိုခြင်း (ထိုအရာများအားလုံး)ကိုသာ ဟရာမ်ဟု တားမြစ်‌တော်မူခဲ့ခြင်းဖြစ်သည်။

    [34] လူမျိုးတိုင်းအတွက် (အသက်ရှင်ရန်) သတ်မှတ်ထား‌သော အချိန်ကာလရှိသည်။ သို့ဖြစ်ရာ သူတို့၏ အချိန်ကာလ‌ရောက်လာလျှင် သူတို့သည် အချိန်အနည်းငယ်မျှပင် ‌နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်‌ပေ၊ ‌ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်‌ပေ။

    [35] အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့ထံသို့ အသင်တို့ထဲမှပင် ငါအရှင်မြတ်၏အမိန့်‌တော်များကို အသင်တို့‌ရှေ့‌မှောက်၌ ရှင်းလင်း‌ပြောပြကြ‌သော တမန်‌တော်များ အမှန်စင်စစ် ‌ရောက်လာခဲ့‌သောအခါ အကြင်သူသည် မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ပြီး ပြုပြင်‌နေထိုင်လျှင် ထိုသူများအ‌ပေါ်တွင် စိုးရိမ်စရာမရှိသည့်အပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [36] ၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏အမိန့်‌တော်များကို မဟုတ်မမှန်ငြင်းပယ်ကြပြီး အရှင်မြတ်၏အမိန့်‌တော်များမှ မာန‌ထောင်လွှားလျက် မျက်နှာလွှဲ‌နေခဲ့ကြသည်။ ထိုသူများသည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ငရဲ၌ပင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။

    [37] အကြင်သူထက် ပို၍ မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားကို လုပ်ကြံစွပ်စွဲခဲ့သည်။* သို့မဟုတ် ထိုသူသည် အရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းဆိုခဲ့သည်။ ထိုသူတို့ထံသို့ သူတို့အတွက် ‌လောင်ဟိမဟ်ဖူးဇွ်၌ သတ်မှတ်ထား‌သော‌ဝေစုသည် (ဤဘဝ၌ပင်)‌ရောက်ရှိလာလိမ့်မည်။ ‌နောက်ဆုံး၌ သူတို့ထံသို့ ငါအရှင်မြတ်၏ ‌စေတမန်များသည် သူတို့၏အသက်ကို နှုတ်သိမ်းရန် ‌ရောက်လာကြ‌သောအခါ ထို‌စေတမန်များက ‌မေးမြန်းကြလိမ့်မည်- အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်ခဲ့‌သောအရာများသည် အဘယ်မှာနည်း။“ သူတို့က ‌ပြောကြမည်- “ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။“ ၎င်းပြင် သူတို့သည် သူတို့နှင့် ဆန့်ကျင်ပြီး ကျွန်ုပ်တို့သည် အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ ဖြစ်ကြပါသည်ဟု သက်‌သေခံကြလိမ့်မည်။

    [38] အရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) အမိန့်ရှိ‌တော်မူမည်- အသင်တို့မတိုင်မီက ဂျင်န်အုပ်စုနှင့် လူအုပ်စုများနှင့်အတူ အသင်တို့သည် ဂျဟန္နမ်ငရဲဘုံထဲသို့ ဝင်ကြပါ။ အုပ်စုတစ်စုသည် (ငရဲဘုံထဲသို့)ဝင်‌ရောက်သည့်အခါတိုင်း သူတို့နှင့် အယူဝါဒတူအုပ်စု အချင်းချင်းကို ကျိန်ဆဲကြမည်။* ‌နောက်ဆုံး ထိုငရဲဘုံတွင် အားလုံးဆုံမိကြ‌သောအခါ သူတို့ထဲမှ ‌နောင်လာ‌နောင်သားများက သူတို့၏ ပထမလူများနှင့်ပတ်သက်၍* ‌ပြောဆိုကြမည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ဤသူများပင် ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြသည့်အတွက် အရှင်မြတ်သည် သူတို့အား ငရဲဘုံ၏အပြစ်ဒဏ်ကို အဆတိုးပြီး ‌ပေး‌တော်မူပါ။“ အရှင်မြတ်က မိန့်‌တော်မူမည်- “အဆတိုးပြစ်ဒဏ်သည် (အသင်တို့) အသီးသီး၌ရှိသည်။ သို့ရာတွင် အသင်တို့သည် အသိ မရှိကြ‌ပေ။“

    [39] ထို့ပြင် သူတို့၏ ပထမလူများက သူတို့၏‌နောက်လူများအား ‌ပြောဆိုကြမည်- “သို့ဖြစ်လျှင် အသင်တို့၌ ငါတို့ထက်သာပိုသည်ဟူ၍ မည်သည့်အရာမျှ မရှိ‌ပေ၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ ဆည်းပူးခဲ့သည်များ‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းကြပါ။“

    [40] အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းဆိုကြသည်။ ၎င်းပြင် သူတို့သည် ထိုအာယသ်‌တော်များမှ (မျက်နှာလွှဲ၍) မာန‌ထောင်လွှားမှု ပြုကြသည်။ ထိုသူများအတွက် ‌ကောင်းကင်၏တံခါးများသည် ဖွင့်ထားခြင်းခံရမည် မဟုတ်‌ပေ။* ‌နောက်ဆုံး ကုလားအုတ်သည် အပ်‌ပေါက်ထဲသို့ ဝင်သွားသည်ဆိုလျှင်ပင်* သူတို့သည် ဂျန္နသ်သုခဘုံထဲသို့ ဝင်‌ရောက်ကြရမည် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် အပြစ်ရှိသူများအား အပြစ်‌ပေး‌တော်မူသည်။

    [41] သူတို့အတွက် ဂျဟန္နမ်ငရဲမီး၏ အခင်းရှိမည်။ ၎င်းပြင် သူတို့၏အ‌ပေါ်၌လည်း (ငရဲမီး၏)အမိုး(အဖုံးအအုပ်များ)ရှိမည်*၊ ထို့ပြင် ငါအရှင်မြတ်သည် မတရားကျူးလွန်သူများအား ဤသို့ပင် ပြစ်ဒဏ်‌ပေး‌တော်မူသည်။

    [42] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြသည်။ ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူ၏အင်အားရှိသည်မှလွဲ၍ ပိုပြီး တာဝန်‌ပေး‌တော်မမူ‌ပေ။* ထိုသူများပင် ဂျန္နသ်သုခဘုံသားများ ဖြစ်ကြသည်။ သူတို့သည် ထိုဂျန္နသ်ထဲတွင် အမြဲ‌နေထိုင်ကြရမည်။

    [43] ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်များထဲ၌ (ကျန်)ရှိ‌နေ‌သော အာဃတ အငြိုးအ‌တေးကို ထုတ်ပစ်‌တော်မူမည်။* သူတို့၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ၎င်းပြင် သူတို့သည် (ဤသို့)‌ပြောဆိုကြမည်- “ချီးမွမ်းခြင်းဟူသမျှသည် ကျွန်ုပ်တို့အား ဤ‌နေရာသို့ ပို့‌ဆောင်‌ပေး‌သော အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကသာ ကျွန်ုပ်တိုု့ကို ပို့‌ဆောင်‌တော်မမူပါလျှင် (ဤ‌နေရာသို့) ‌ရောက်ရှိမည် မဟုတ်‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ တမန်‌တော်များသည် အမှန်ကို ယူ‌ဆောင်လာခဲ့ကြသည်ပင် ဖြစ်သည်။ ၎င်းပြင် သူတို့သည် (ဤသို့)ဟစ်‌အော်သံကို ကြားကြရမည်- “ဤသည် အကြင် ဂျန္နသ်သုခဘုံဖြစ်သည်၊ ထိုအရာကို အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့‌သောအရာ (‌ကောင်း‌သောလုပ်ရပ်)များ‌ကြောင့် အ‌မွေရရှိခဲ့ခြင်းဖြစ်သည်။

    [44] ထို့ပြင် ဂျန္နသ်သုခဘုံသားများသည် ဂျဟန္နမ်ငရဲသားများကို ဟစ်‌ခေါ်‌ပြောဆိုကြမည်- “ငါတို့သည် ငါတို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ငါတို့နှင့် ထားရှိ‌တော်မူခဲ့သည့် ကတိ‌တော်အတိုင်း မှန်ကန်စွာ ရရှိကြပြီဖြစ်သည်။ ၎င်းပြင် အသင်တို့သည်လည်း အသင်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အသင်တို့နှင့် ထားရှိ‌တော်မူခဲ့သည့် ကတိ‌တော်အတိုင်း မှန်ကန်စွာ ရရှိကြပြီ။“ သူတို့က “ဟုတ်ကဲ့ (ရရှိကြပြီဖြစ်ပါသည်)“ဟု ‌ဖြေကြလိမ့်မည်။* ထို့‌နောက် ဟစ်‌အော်သူတစ်ဦးက* သူတို့ကြား၌ (တရားဝင်‌ကြေညာ) ဟစ်‌အော်‌ပြောဆိုမည်- “မတရားကျူးလွန်သူများသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာ‌တော်မှ ကင်‌ဝေးကြပြီဖြစ်သည်။“

    [45] ထို(မတရားကျူးလွန်)သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြ၍ ထိုလမ်း‌တော်တွင် ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေခဲ့ကြသည်။* ၎င်းပြင် သူတို့သည် ‌နောင်ဘဝကိုလည်း ငြင်းပယ်သူများ ဖြစ်ခဲ့ကြသည်။

    [46] ထို့ပြင် ထို(ဂျန္နသ်နှင့်ဂျဟန္နမ်)ကြား၌ အကာအကွယ် တံတိုင်းတစ်ခု တည်ရှိလိမ့်မည်။* ထို့ပြင် ထိုတံတိုင်း‌ပေါ်မှ‌နေရာများ၌လည်း လူအများအပြားရှိကြလိမ့်မည်။ သူတို့သည် (သုခဘုံသားနှင့် ငရဲသားများ)အားလုံးကို သူတို့၏အမှတ်အသားများဖြင့် မှတ်မိကြလိမ့်မည်။ ထို့ပြင် လူများသည် သုခဘုံသားများကို “ငြိမ်းချမ်းသာယာမှုသည် အသင်တို့‌ပေါ်တွင် ရှိပါ‌စေ“ဟု ဟစ်‌အော်(‌ပြောဆို)ကြမည်။ သူတို့သည် ဂျန္နသ်ထဲသို့ မဝင်ကြရ‌သေး‌သော်လည်း (ဝင်‌ရောက်ကြရလိမ့်မည် ဟု) ‌မျှော်လင့်‌နေကြမည်။

    [47] ထို့‌နောက် သူတို့၏မျက်စိများကို ငရဲသားများဘက် လှည့်လိုက်‌သောအခါ သူတို့က ‌ပြောဆိုကြမည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤမတရားကျူးလွန်သူများနှင့်အတူ ထား‌တော်မမူပါနှင့်။“

    [48] ထို့ပြင် ထိုတံတိုင်း‌ပေါ်မှ‌နေရာများ၌ရှိ‌သောသူများက အကြင်သူများကို ဟစ်‌ခေါ်ကြမည်။ (တံတိုင်း‌ပေါ်မှ)သူများက ထို(မတရားကျူးလွန်)သူများအား ၎င်းတို့၏ အမှတ်အသားများနှင့် မှတ်မိကြမည်။ ၎င်းပြင် (တံတိုင်း‌ပေါ်မှသူများက)‌ပြောဆိုကြမည်- “အသင်တို့၏ လူအုပ်စုများပြားခြင်းနှင့် အသင်တို့၏မာန‌ထောင်လွှားခြင်းတို့သည် အသင်တို့အတွက် အသုံးမဝင်ခဲ့‌ပေ။“

    [49] ဤသူများသည် အကြင်သူများ‌လော။ အသင်တို့သည် (ထိုမွတ်စ်လင်မ်များနှင့်ပတ်သက်၍) “အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ် ကရုဏာ‌တော်ပြု‌တော်မူမည် မဟုတ်‌ပေ“ ဟု ကျိန်တွယ်‌ပြောဆိုခဲ့ကြသည်။* (ယခုမူ အသင်တို့ အထင်‌သေးခဲ့‌သောသူများနှင့်ပတ်သက်၍ အမိန့်ကျလာခဲ့သည်-) အသင်တို့သည် ဂျန္နသ်ထဲသို့ ဝင်‌ရောက်ကြပါ၊ အသင်တို့အ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမှလည်း မရှိ‌ပေ၊ ၎င်းပြင် အသင်တို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [50] ၎င်းပြင် ငရဲသားများသည် သုခဘုံသားများအား ‌အော်ဟစ်ပြီး ‌တောင်းခံကြမည်- “အသင်တို့သည် ‌ရေအနည်းငယ်မျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ‌ပေး‌တော်မူထား‌သောစားစရာများထဲမှ အချို့ကို ကျွန်ုပ်တို့အား ‌ပေးသနားကြပါ။“ သူတို့(သုခဘုံသားများ)က ‌ပြောဆို‌ဖြေကြားကြမည်- “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုနှစ်ခုလုံးအား ကာဖိရ်ငြင်းပယ်သူများအ‌ပေါ်၌ ဟရာမ်ဟု တားမြစ်ထား‌တော်မူသည်။“

    [51] အကြင်သူများသည် သူတို့၏သာသနာကို ‌ပျော်ရွှင်ဖွယ်ရာနှင့် ကစားစရာအဖြစ် ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် ဤဘဝ၏အသက်ရှင်ခြင်းသည် သူတို့ကို လှည့်ဖြားခဲ့သည်။ သို့ဖြစ်ရာ ဤ‌နေ့၌မူ ထိုသူများသည် သူတို့၏ ဤ(ကိယာမသ်)‌နေ့နှင့် ‌တွေ့ဆုံရမည်ကို ‌မေ့ထားခဲ့ကြသကဲ့သို့၊ ၎င်းပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသကဲ့သို့၊ ငါအရှင်မြတ်သည်လည်း ထိုသူများကို ‌မေ့ထားပစ်လိုက်‌တော်မူမည်။

    [52] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ ကျမ်းတစ်‌စောင်ကို* ယူ‌ဆောင်လာခဲ့သည်။ ငါအရှင်မြတ်သည် ထိုကျမ်းကို အသိပညာဉာဏ်နှင့် ရှင်းလင်း‌ဖော်ပြ‌တော်မူခဲ့သည်။ (ထိုကျမ်းသည်) အီမာန်ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြား ပြသချက်လည်းဖြစ်သည်။ သနားကရုဏာလည်းဖြစ်သည်။

    [53] သူတို့သည် ထို(ကုရ်အာန်)ကျမ်း(ထဲမှ အမိန့်ရှိထားသည်များ)၏ ‌နောက်ဆုံးရလာဒ်ကိုသာ ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။* ထိုကျမ်း၏‌နောက်ဆုံးရလာဒ် ‌ရောက်ရှိလာ‌သော‌နေ့တွင် ထို‌နေ့ကို ယခင်က ‌မေ့‌နေခဲ့‌သောသူများသည် (ဤသို့)‌ပြောဆိုကြမည်- “အမှန်ပင် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ တမန်‌တော်များသည် အမှန်ကို ယူ‌ဆောင်လာခဲ့ကြသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အတွက် ကြားဝင်‌တောင်းပန်‌ပေးမည့်သူ ရှိပါဦးမည်‌လော။ ထိုသို့ရှိမည်ဆိုလျှင် သူတို့သည် ကျွန်ုပ်တို့အတွက် ကြားဝင်‌တောင်းပန်‌ပေးလိမ့်မည်။ သို့မဟုတ် ကျွန်ုပ်တို့သည် (‌လောကကို)ပြန်လွှတ်ခြင်း ခံကြရဦးမည်‌လော။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုလုပ်ခဲ့ကြ‌သောအရာ (မ‌ကောင်းမှု)များနှင့် ဆန့်ကျင်၍ (‌ကောင်းမှုများကိုသာ) ပြုလုပ်ကြပါမည်။“* သူတို့သည် အမှန်စင်စစ် သူတို့ကိုယ်ကို သူတို့နစ်နာဆုံးရှုံး‌စေရန် ပြုလုပ်ခဲ့ကြခြင်းသာဖြစ်သည်။ ထို့ပြင် သူတို့လုပ်ကြံ‌ပြောဆိုခဲ့ကြသည်များကလည်း သူတို့ထံမှ ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။

    [54] အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အကြင်အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့်* ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက်အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။ အရှင်မြတ်သည် ‌နေ့ကိုညနှင့် ဖုံးအုပ်‌တော်မူသည်။ ထိုညသည် ‌နေ့၏‌နောက်မှ အမြန်‌ရောက်လာသည်။ ထို့ပြင် ‌နေနှင့်လအပြင် ကြယ်များကိုလည်း (အရှင်မြတ်က) အရှင်မြတ်၏အမိန့်နာခံသူများအဖြစ် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ဖန်ဆင်းမှုနှင့် အမိန့်အာဏာသည် အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်ကို မှတ်ထားကြပါ။* စကြဝဠာအားလုံးကို ဖန်ဆင်း‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းချီးမဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။

    [55] အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ရိုးကျိုးစွာ(ကျို့ငဲ့စွာ)နှင့် (တီးတိုးစွာ)လျှို့ဝှက်လျက် ဆု‌တောင်းကြပါ၊* အမှန်စင်စစ် အရှင်မြတ်သည် စည်း‌ဖောက်‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။

    [56] ထို့ပြင် ကမာ္ဘ‌မြေပြင်ကို ‌ကောင်းမွန်‌အောင် ပြုပြင်ထားပြီးသည့်‌နောက် အသင်တို့သည် ထိုကမာ္ဘ‌မြေပြင်တွင် ဖျက်လိုဖျက်ဆီး မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့သည် အရှင်မြတ်ကို ‌ကြောက်ရွံ့စိုးရိမ်မှုနှင့် ‌မျှော်လင့်ချက်ထား၍ ဟစ်‌ခေါ်‌တောင်းခံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာသည် ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများနှင့် အလွန်နီးကပ်‌နေသည်။

    [57] ထို့ပြင် အရှင်မြတ်ပင် အရှင်မြတ်၏အသနား‌တော်မိုးမရွာမီ ‌လေ(ပြည်‌လေညင်း)များကို (‌ရှေ့‌ပြေး)သတင်း‌ကောင်းအဖြစ် ‌စေလွှတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ‌နောက်ဆုံး ထို‌လေများသည် ‌လေးလံ‌သောမိုးတိမ်များကို သယ်ပိုးလာ‌သောအခါ ငါအရှင်မြတ်သည် ထိုမိုးတိမ်များကို ‌ခြောက်‌သွေ့‌နေ‌သော မြို့ရွာ‌ဒေသထံသို့ ‌ရွေ့လျား‌စေ‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုမိုးတိမ်နှင့်မိုး‌ရေကို ချ‌ပေး‌တော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် သစ်သီးဝလံမျိုးစုံတို့ကို ‌ပေါက်‌ရောက်‌စေ‌တော်မူသည်။ ဤသို့ပင် ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် ‌သေသူများကို (သချင်္ီုင်းတွင်းမှ) ထွက်‌စေ‌တော်မူမည်။

    [58] ထို့ပြင် ‌ကောင်းမွန်သန့်စင်‌သော‌မြေတွင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အမိန့်‌တော်ဖြင့် ထို‌မြေမှ ဟင်းသီးဟင်းရွက်၊ ‌ကောက်ပဲသီးနှံများ ‌ပေါက်‌ရောက်သည်။ ထို့ပြင် မ‌ကောင်း‌သော‌မြေမှ အလွန်ခက်ခဲစွာဖြင့်ပင် ‌ပေါက်‌ရောက်သည်။ ငါအရှင်မြတ်သည် ဤကဲ့သို့ပင် သက်‌သေသာဓကများကို ‌ကျေးဇူးတင်တတ်သူများအတွက် နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူသည်။

    [59] အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆိုခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ငါသည် အသင်တို့အ‌ပေါ်တွင် အလွန်ကြီး‌လေး‌သော‌နေ့၏ပြစ်ဒဏ်ကို အမှန်စင်စစ် စိုးရိမ်မိသည်။“

    [60] ၎င်း၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်ပင် ကျွန်ုပ်တို့သည် အသင်(တမန်‌တော်နူးဟ်)ကို ထင်ရှား‌သော မှားယွင်းမှုထဲ၌ (ကျ‌ရောက်‌နေသည်ကို) ‌တွေ့မြင်ရပါသည်။“

    [61] ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆို‌ဖြေကြားသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါ့ထံ၌ မှားယွင်းမှု လုံးဝ မရှိ‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်လိုက်‌သော တမန်‌တော်တစ်ပါးပင်ဖြစ်သည်။“

    [62] ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် မှာကြားလိုက်‌သောအမိန့်‌တော်များကို အသင်တို့ထံသို့ ပို့‌ဆောင်သည်။ ၎င်းပြင် ငါသည် အသင်တို့၏အကျိုးကိုလည်း လိုလားစွာနှင့် သယ်ပိုးသည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အသင်တို့ မသိနားမလည်‌သောအရာများကိုလည်း သိရှိသည်။

    [63] အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ရန် ဆုံးမဩဝါဒသည် အသင်တို့ထဲမှ လူတစ်ဦးမှတဆင့် အသင်တို့ထံသိုု့ ‌ရောက်ရှိလာသည်ကိုပင် အံ့ဩ‌နေကြသ‌လော။* အသင်တို့သည် မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ကြရန်နှင့် အသင်တို့သည် (အရှင်မြတ်၏) သနားကြင်နာမှု ခံကြရရန်အတွက် ဖြစ်သည်။

    [64] ထို့‌နောက် သူတို့က ၎င်း(တမန်‌တော်နူးဟ်)ကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်နူးဟ်)နှင့်တကွ ၎င်းနှင့်အတူ သ‌ဘေင်္ာ‌ပေါ်၌ ပါရှိ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်‌သောသူများအား နစ်မြှပ်‌စေ‌တော်မူခဲ့သည်။ အမှန်မှာ သူတို့သည် (သိမြင်မှု မရှိ‌သော)မျက်ကန်းများဖြစ်ခဲ့ကြသည်။

    [65] ၎င်းပြင် အာဒ်အမျိုးသားများထံ သူတို့၏ညီ‌နောင်ဖြစ်‌သော (တမန်‌တော်)ဟူဒ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ပါလျက် အသင်တို့သည် မ‌ကြောက်ကြသ‌လော။“

    [66] ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ကြ‌သော အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်(တမန်‌တော်ဟူဒ်)ကို အသိဉာဏ်နည်းပါးမှုတွင် (ကျ‌ရောက်‌နေသည်ကို) ‌တွေ့မြင်ကြရပါသည်။ ၎င်းပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်ကို လိမ်လည်‌ပြောဆိုသူများထဲတွင် ပါဝင်သည်ဟုလည်း အမှန်ပင် ထင်မြင်ယူဆကြသည်။“

    [67] ၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆို‌ဖြေကြားသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါ့တွင် အသိဉာဏ်နည်းပါးမှု လုံးဝ မရှိ‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ပင်ဖြစ်သည်။“

    [68] ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က မှာကြား‌တော်မူလိုက်‌သော အမိန့်‌တော်များကို အသင်တို့ထံ ပို့‌ဆောင်‌ပေးသည်။ ၎င်းပြင် ငါသည် အသင်တို့၏‌ကောင်းကျိုးကို လိုလားသယ်ပိုးသူ၊ ယုံကြည်စိတ်ချရသူလည်း ဖြစ်သည်။

    [69] ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ရန် ဆုံးမဩဝါဒသည် အသင်တို့ထဲမှ လူတစ်ဦးမှတဆင့် အသင်တို့ထံသိုု့ ‌ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသ‌လော။ ထို့ပြင် အသင်တို့သည် အသင်တို့ကို အရှင်မြတ်က (တမန်‌တော်)နူဟ်း၏အမျိုးသားများမရှိသည့်‌နောက်တွင် ကိုယ်စားလှယ်များပြုလုပ်(‌နေရာချ‌ပေး)‌တော်မူခဲ့ခြင်းနှင့် အသင်တိုု့ကို အရပ်အ‌မောင်း ပိုမိုထွားကြိုင်း ကြီးမား‌စေ‌တော်မူခဲ့ခြင်းကို (ပြန်ပြီး)သတိရကြပါ။* သို့ဖြစ်ရာ အသင်တို့သည် ‌အောင်မြင်ကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များကို အသင်တို့(ပြန်၍) သတိရကြပါ။

    [70] ၎င်း(တမန်‌တော်ဟူဒ်၏အမျိုးသား)တို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့ကိုးကွယ်ခဲ့ကြ‌သောအရာများကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်ရန်အတွက် ကျွန်ုပ်တို့ထံသို့ အသင်‌ရောက်ရှိလာပါသ‌လော။ သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်‌ပြောဆိုသူတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့ထံ အသင်ခြိမ်း‌ခြောက်‌သောအရာ (ပြစ်ဒဏ်)ကိုယူခဲ့ပါ။“

    [71] ၎င်း(တမန်‌တော်ဟူဒ်)က ‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူသာ အရှင်မြတ်ထံ‌တော်မှ ပြစ်ဒဏ်နှင့် အမျက်‌ဒေါသသည် အသင်တို့အ‌ပေါ် အမှန်ပင် ကျ‌ရောက်‌တော့မည် ဖြစ်သည်။ အသင်တို့သည် အသင်တို့နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်များ မှည့်‌ခေါ်ထားခဲ့ကြ‌သော အမည်နာမများနှင့် ပတ်သက်၍ ငါနှင့် အငြင်းအခုံ ပြုလုပ်ကြသည်‌လော။ အလ္လာဟ်အရှင်မြတ်သည် ထိုအမည်နာမများနှင့်ပတ်သက်၍ မည်သည့်သက်‌သေ သာဓကမှ ချ‌ပေး‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် (ပြစ်ဒဏ်ကို)‌စောင့်ဆိုင်းပြီး‌နေကြပါ။ အမှန်စင်စစ် ငါလည်း အသင်တို့နှင့်အတူ ‌စောင့်ဆိုင်းသူများထဲတွင် အပါအဝင်ဖြစ်သည်။“

    [72] ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်ဟူဒ်)နှင့်တကွ ၎င်း(တမန်‌တော်ဟူဒ်)နှင့်အတူ ရှိသူများအား အရှင်မြတ်၏သနားကရုဏာ‌တော်နှင့် ကယ်ဆယ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများ၏အမြစ်ကို ဖြတ်‌တောက်‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့သည် အီမာန်ယုံကြည်‌သောသူများ မဟုတ်ကြ‌ပေ။

    [73] ထို့‌နောက် ဆမူဒ်အမျိုးသားများထံ သူတို့၏ညီ‌နောင်ဖြစ်‌သော စွာလိဟ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓက ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ အသင်တို့အတွက် သက်‌သေလက္ခဏာတစ်ခု(အဖြစ် လွှတ်လိုက်ခြင်း)ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ ‌မြေပထဝီတွင် စား‌သောက်ရန် လွှတ်ထားကြပါ။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မ‌ကောင်း‌သောရည်ရွယ်ချက်ဖြင့် မထိကြနှင့်။ ထိုသို့(ထိလိုက်မည်)ဆိုလျှင် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည်။

    [74] ၎င်းပြင် အသင်တို့သည် အသင်တို့အား အရှင်မြတ်က အာဒ်အမျိုးသားများ မရှိသည့်‌နောက်တွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်‌တော်မူခဲ့ခြင်းနှင့် ‌မြေပထဝီတွင် အသင်တို့အား ‌နေရာချထား‌တော်မူခဲ့ခြင်းကို (ပြန်လည်)သတိရကြပါ။ အသင်တို့သည် ‌မြေပထဝီ၏ကျယ်ဝန်းညီညာပြီး ‌မြေပြန့်‌နေ‌သော‌နေရာများ၌ ကြီးကျယ်ခန်းနားသည့် အ‌ဆောက်အအုံများကို ‌ဆောက်လုပ်ကြသည်။ ၎င်းပြင် အသင်တို့သည် ‌တောင်များကို ‌ဖောက်ထွင်းပြီး ‌နေအိမ်များပြုလုပ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များကို သတိရကြပါ။ ထို့ပြင် အသင်တို့သည် ‌မြေပထဝီတွင် ‌သောင်းကျန်းဖျက်ဆီးသူများအဖြစ် မဆိုးသွမ်းကြနှင့်။

    [75] ၎င်း၏အမျိုးသားများထဲမှ မာန‌ထောင်လွှား‌သော အကြီးအကဲများက အားနည်းသူများဟု အထင်ခံကြရသူများထဲမှ ယုံကြည်‌သောသူများအား (ဤသို့)‌ပြောဆို‌မေးမြန်းကြသည်- “စွာလိဟ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ဖြစ်‌ကြောင်း အသင်တို့ ယုံကြည်ကြသ‌လော။“ ထိုသူများက ပြန်လည်‌ပြောဆို‌ဖြေကြားသည်- “ကျွန်ုပ်တို့သည် ထိုစွာလိဟ် ယူ‌ဆောင်လာ‌သောအမိန့်‌တော်များကို ယုံကြည်သူများဖြစ်ကြပါသည်။“

    [76] ‌မောက်မာပလွှား‌သောသူများက ‌ပြောဆိုကြသည်- “အမှန်ပင် ငါတိုု့သည် အသင်တို့ ယုံကြည်ကြ‌သောအရာကို ငြင်းပယ်သူများဖြစ်ကြသည်။“

    [77] ၎င်းပြင် သူတို့သည် ကုလားအုတ်မကို သတ်ဖြတ်ခဲ့ကြသည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို(နာခံခြင်းမှ)လည်း မာန ‌ထောင်လွှားခဲ့ကြသည်။ ၎င်းပြင် သူတို့က ‌ပြောကြသည်- “အို- စွာလိဟ်၊ အသင်သည် အကယ်၍ တမန်‌တော်များထဲမှ တစ်ဦးဖြစ်ခဲ့လျှင် ကျွန်ုပ်တို့အား အသင်ခြိမ်း‌ခြောက်‌သောအရာ(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူလာခဲ့ပါ။“

    [78] ထို့‌နောက် ပြင်းထန်‌သောငလျင်သည် သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။* သို့ဖြစ်ရာ သူတို့သည် သူတို့‌နေရာ၌ ‌မှောက်လျက်သား(‌သေ‌ကြေပျက်စီး)သွားခဲ့ကြသည်။

    [79] ထို့‌နောက် ၎င်းသည် သူတို့ဘက်မှ မျက်နှာလွှဲထွက်ခဲ့သည်။ ထို့ပြင် ၎င်းက‌ပြောသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် မှာကြား‌တော်မူလိုက်‌သော အမိန့်‌တော်ကိုလည်း အသင်တို့ထံသို့ အမှန်စင်စစ် ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့၏ ‌ကောင်းကျိုးကိုလည်း သယ်ပိုး‌ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် အသင်တို့ကမူ ‌ကောင်းကျိုးသယ်ပိုး ‌ဆောင်ရွက်သူများကိုပင် မနှစ်သက်ကြ‌ပေ“။

    [80] ထို့ပြင် (တမန်‌တော်)လူသွ်ကို(လည်း ‌စေလွှတ်‌တော်မူခဲ့သည်)။ တစ်ခါတွင် ၎င်း(တမန်‌တော်လူသွ်)က ၎င်း၏အမျိုးသားများအား ‌ပြောကြားခဲ့သည်- အသင်တို့သည် အသင်တို့မတိုင်မီ စကြဝဠာအားလုံးတွင် မည်သူတစ်ဦးတစ်‌ယောက်မျှ မကျူးလွန်ခဲ့‌သော စက်ဆုပ်ရွံရှာဖွယ်ကိစ္စကို ကျူးလွန်ကြသ‌လော။

    [81] အမှန်စင်စစ် အသင်တို့သည် မိန်းမများကို စွန့်ပြီး ‌ယောက်ျားများထံသို့ ကာမဂုဏ်ခံစားရန် ‌ရောက်လာကြသည်။ အမှန်စင်စစ် အသင်တို့သည် စည်း‌ဖောက်‌သော လူမျိုးပင်ဖြစ်သည်။

    [82] ထို့ပြင် ထို(တမန်‌တော်လူသွ်)၏အမျိုးသားများက (သူတို့အချင်းချင်း) အသင်တို့သည် ၎င်း(တမန်‌တော်လူသွ်နှင့် ယုံကြည်သူ)တို့အား အသင်တို့၏ မြို့ရွာမှ နှင်ထုတ်ကြပါ။ အမှန်စင်စစ် ၎င်းတို့သည် အလွန်သန့်ပြန့် စင်ကြယ်‌သောသူများပင် ဖြစ်ကြသည်။*ဟု ‌ပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ‌ဖြေကြားနိုင်ခြင်းမရှိခဲ့‌ပေ။

    [83] ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်လူသွ်)၏ကြင်ရာတစ်ဦးမှလွဲ၍ ၎င်းနှင့်တကွ အိမ်သူအိမ်သားများအား ကယ်ဆယ်‌တော်မူခဲ့သည်။ ထိုကြင်ရာကမူ ‌နောက်ကျန်ရစ်ခဲ့သူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။

    [84] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ခဲ)မိုးရွာသွန်း‌စေ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ ပြစ်မှုကျူးလွန်သူများ၏အကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)ကြည့်လိုက်ပါ။

    [85] ၎င်းပြင် မဒ်ယန်(မြို့သားများ)ထံသို့ သူတို့၏ညီ‌နောင်ဖြစ်‌သော ရှုအိုင်ဗ်ကို(‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်း(တမန်‌တော် ရှုအိုင်ဗ်)က ‌ပြောကြားခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့၌ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓကသည် အသင်တို့ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ပမာဏခြင်ခွက်များနှင့် အ‌လေးချိန်ခွင်များကို ခြင်ရာချိန်ရာ၌ (တရားမျှတမှုနှင့်) ပြည့်ဝစွာ (ခြင်၊ချိန်)‌ပေးကြပါ။ ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းဥစ္စာများကို မတရား‌လျှော့‌ပေးခြင်း မပြုလုပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။

    [86] ထို့ပြင် အသင်တို့သည် (ယုံကြည်သူများအား)ခြိမ်း‌ခြောက်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်မှ အရှင်မြတ်အား ယုံကြည်သူများကို ပိတ်ပင်တားဆီးရန်အပြင် အရှင်မြတ်၏လမ်း‌တော်တွင် ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေရန်အတွက် မည်သည့်လမ်း‌ပေါ်၌မှ မထိုင်ကြနှင့်။ ထို့ပြင် အသင်တို့သည် အနည်းငယ်သာရှိခဲ့ရာမှ အရှင်မြတ်က အသင်တို့အား များပြား‌အောင် ပြုလုပ်‌ပေး‌တော်မူခဲ့သည်ကိုလည်း (ပြန်လည်)သတိရကြပါ။ ၎င်းပြင် အသင်တို့သည် ဖျက်လိုဖျက်ဆီးပြုလုပ်‌သောသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ဆိုသည်ကို ကြည့်ကြပါ။

    [87] ထို့ပြင် အမှန်စင်စစ် အသင်တို့ထဲမှ အုပ်စုတစ်စုသည် ငါ(ရှုအိုင်ဗ်ထံသို့ မှာကြား)‌စေလွှတ်ခြင်းခံရ‌သော အမိန့်များကို ယုံကြည်ပြီး အုပ်စုတစ်စုက မယုံကြည်ဘဲ ‌နေခဲ့သည်။ သို့ဖြစ်ရာ ငါတို့၏ကြား၌ အလ္လာဟ်အရှင်မြတ်သည် ဆုံးဖြတ်‌ပေး‌တော်မူသည်အထိ အသင်တို့သည် သည်းခံ‌စောင့်ဆိုင်း‌နေကြပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး ဆုံးဖြတ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [88] ၎င်း(တမန်‌တော်ရှုအိုင်ဗ်)၏အမျိုးသားများထဲမှ ‌မောက်မာ‌သော အကြီးအကဲများက ‌ပြောဆိုခဲ့ကြသည်- “အို- ရှုအိုင်ဗ်၊ ကျွန်ုပ်တို့သည် အသင်နှင့် အသင်အား အီမာန်ယုံကြည်ကြ‌သောသူများကို ကျွန်ုပ်တို့မြို့ရွာမှ* အမှန်ပင် နှင်ထုတ်ပစ်ကြမည်။ သို့မဟုတ် အသင်တို့သည် ကျွန်ုပ်တို့၏သာသနာထဲသို့ အမှန်ပင် ပြန်လှည့်လာကြရမည်။“* ၎င်း(တမန်‌တော်ရှုအိုင်ဗ်)က ‌ပြောဆို‌ဖြေကြားသည်- “ငါတို့သည် (အသင်တို့၏သာသနာကို) မလိုလားဘဲနှင့် (ပြန်ဝင်ကြရမည်)‌လော။“

    [89] “အလ္လာဟ်အရှင်မြတ်က ငါတို့အား ၎င်း(အသင်တို့၏သာသနာ)မှ ကယ်တင်ပြီး ‌နောက်မှ အကယ်၍ ငါတို့သည် အသင်တို့၏သာသနာထဲသို့ ပြန်လည်ဝင်‌ရောက်ခဲ့ကြမည်ဆိုလျှင် အမှန်စင်စစ် ငါတို့အ‌နေနှင့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံဖန်တီး၍ မုသားစွပ်စွဲသူများပင် ဖြစ်ကြလိမ့်မည်။ အမှန်ပင် ငါတို့သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည့် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူသည်မှလွဲ၍ ငါတို့အတွက် ထိုသာသနာထဲသို့ ပြန်ဝင်ကြရန် မဖြစ်နိုင်‌ပေ။* ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသိပညာနှင့် အရာအားလုံးကို လွှမ်းခြုံထား‌တော်မူသည်။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ခဲ့ကြပြီဖြစ်သည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အမျိုးသားများ၏ကြားတွင် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်ပင် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌ပေးသနား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [90] ထို့ပြင် ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ကြ‌သော အကြီးအကဲများက (သူတို့၏လူများကို)‌ပြောဆိုခဲ့ကြသည်- “အကယ်၍ အသင်တို့သည် (တမန်‌တော်)ရှုအိုင်ဗ်၏အမိန့်ကို လိုက်နာကြလျှင် အမှန်ပင် အသင်တို့သည် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြလိမ့်မည်။“

    [91] ထို့‌နောက် သူတို့အား ပြင်းထန်‌သော‌မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်သည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏‌နေအိမ်များ၌ပင် ‌မှောက်လျက်နှင့် ‌သေ‌ကြေပျက်စီးသွားကြ‌တော့သည်။

    [92] (တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသည် ထို‌နေရာတွင် လုံးဝ မ‌နေထိုင်ဖူးသကဲ့သို့ပင် ပျက်စီးခဲ့ကြသည်။ (တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသာလျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ခဲ့ကြသည်။

    [93] ထို့‌နောက် ၎င်း(တမန်‌တော်ရှုအိုင်ဗ်)သည် သူတို့ထံမှ မျက်နှာလွှဲပြီးထွက်ခဲ့သည်၊ ထို့ပြင် ၎င်းက ‌ပြောဆိုခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် မှာကြား‌တော်မူလိုက်သည့် အမိန့်‌တော်များကို အသင်တို့ထံ ‌ရောက်‌အောင် ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါသည် အသင်တို့၏ ‌ကောင်းကျိုးကိုလည်း သယ်ပိုး‌ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။“

    [94] ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို တမန်‌တော်တစ်ပါးပါးအား ‌စေလွှတ်‌တော်မူခဲ့လျှင် ထိုမြို့သူရွာသားများအား ကျိုးနွံလာကြရန် ဆင်းရဲဒုက္ခ၊ ‌ရောဂါ‌ဝေဒနာများနှင့် ဒဏ်ခတ်‌တော်မူသည်။

    [95] ထို့‌နောက် ငါအရှင်မြတ်သည် မ‌ကောင်း‌သောအ‌ခြေအ‌နေမှ ‌ကောင်း‌သောအ‌ခြေအ‌နေသို့ ‌ပြောင်းလဲ‌ပေး‌တော်မူခဲ့သည်။ ‌နောက်ဆုံး၌ သူတို့သည် ကြီးပွားများပြားလာကြ‌သောအခါ ကျပ်တည်းမှုနှင့် ‌ချောင်လည်မှုသည် အမှန်ပင် ငါတို့၏အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်များ၌လည်း ကျ‌ရောက်ခဲ့ကြသည်ပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို သူတို့မသိလိုက်ဘဲလျက် ရုတ်တရက် ဖမ်းဆီးအ‌ရေးယူ‌တော်မူလိုက်သည်။

    [96] ထို့ပြင် အကယ်၍ မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများသည် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခဲ့ကြလျှင် ငါအရှင်မြတ်သည် သူတို့အတွက် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ ‌ကောင်းချီးမဂင်္လာများ(၏တံခါးများ)ကို ဖွင့်‌ပေး‌တော်မူခဲ့မည် အမှန်ပင်။* သို့ရာတွင် သူတို့သည် (တမန်‌တော်များကို) မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြ‌သောအရာ(အပြစ်)များ‌ကြောင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [97] သို့ဖြစ်ရာ မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများ*သည် ညအခါ၌ သူတို့ အိပ်‌ပျော်‌နေလျက်ရှိစဉ် ငါအရှင်မြတ်၏အပြစ်ဒဏ် သူတို့ထံ‌ရောက်လာမည်ကို စိုးရိမ်မှု ကင်းမဲ့‌နေကြသ‌လော။

    [98] သို့မဟုတ် မြို့ရွာ‌ဒေသများတွင် ‌နေထိုင်ကြသူများသည် နံနက်အချိန်၌ သူတို့ ကစား‌နေကြလျက်ရှိစဉ် ငါအရှင်မြတ်၏အပြစ်ဒဏ် သူတို့ထံ‌ရောက်လာမည်ကို စိုးရိမ်မှု ကင်းမဲ့‌နေကြသ‌လော။

    [99] ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အစီအစဉ်ချမှတ်မှုကို စိုးရိမ်မှုကင်းမဲ့ပြီး စိတ်ချ‌နေကြသ‌လော။ သို့ဖြစ်လျှင် နစ်နာမည့်သူများ*မှလွဲ၍ အလ္လာဟ်အရှင်၏ အစီအစဉ်ချမှတ်မှုကို စိုးရိမ်မှုကင်းမဲ့‌သောသူ မည်သူမျှမရှိ‌ပေ။

    [100] ၎င်းပြင် (ထို)‌ဒေသတွင် ‌နေထိုင်ခဲ့ကြ‌သောသူများ မရှိ‌တော့သည့်‌နောက် ဤ‌ဒေသကို အ‌မွေဆက်ခံ‌နေထိုင်သူများအတွက် အကယ်၍ ငါအရှင်မြတ်အလိုရှိ‌တော်မူလျှင် သူတို့ကိုလည်း သူတို့၏အပြစ်များ‌ကြောင့် (ထိုလူများကဲ့သို့) ဒုက္ခ‌ရောက်‌စေ‌တော်မူမည်ဆိုသည်ကို သင်ခန်းစာ မရရှိကြ‌လေသ‌လော။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်၌ တံဆိပ်ခတ်နှိပ်ထား‌တော်မူခြင်း‌ကြောင့် သူတို့သည် နား‌ထောင်နိုင်ကြ‌တော့မည် မဟုတ်‌ပေ။

    [101] ဤသည် အကြင်‌ဒေသများပင်ဖြစ်သည်။ ထို‌ဒေသများ၏ အချို့အ‌ကြောင်းများကို အသင်၏အ‌ပေါ်တွင် ငါအရှင်မြတ်က ပြန်‌ပြောပြ‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ထို‌ဒေသတွင် ‌နေထိုင်သူများထံသို့ သူတို့၏နဗီတမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်အတူ ‌ရောက်ရှိလာခဲ့ကြသည်။* သို့ရာတွင် သူတို့သည် ယခင်က သူတို့ ငြင်းပယ်ခဲ့ကြ‌သောအရာများ‌ကြောင့် ယုံကြည်ကြမည့်သူများ မဟုတ်ကြ‌ပေ။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများ၏စိတ်နှလုံးများအ‌ပေါ်၌ တံဆိပ်ခတ်နှိပ်‌တော်မူသည်။

    [102] ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အ‌မြောက်အမြား၌ ကတိတည်ကြည်မှု*ကို ‌တွေ့ရှိ‌တော်မမူခဲ့‌ပေ။ ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထဲမှ အ‌မြောက်အမြားကို စည်း‌ဖောက်သူများအဖြစ်သာ ‌တွေ့ရှိ‌တော်မူခဲ့သည်။

    [103] ထို့‌နောက် ငါအရှင်မြတ်သည် ထိုတမန်‌တော်များ၏‌နောက်တွင် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေသာဓကများနှင့်တကွ* ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များထံသို့ ‌စေလွှတ်‌တော်မူခဲ့‌သောအခါ သူတို့က ထိုသက်‌သေသာဓကများကို မတရားငြင်းပယ်မှုပြုကြသည်။ သို့ဖြစ်ရာ ဖျက်ဆီးပြုလုပ်သူများ၏ ‌နောက်ဆုံးဖြစ်ရပ်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို အသင်(တမန်‌တော်)ကြည့်ရှုပါ။

    [104] ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆိုခဲ့သည်- “အို-ဖိရ်‌အောင်န်၊ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။“

    [105] အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်ကိုသာ‌ပြောဆိုရန် ငါ့တွင် တာဝန်ရှိသည်။ ငါသည် အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာကို ယူ‌ဆောင်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များကို ငါနှင့်အတူ ထည့်လိုက်ပါ။

    [106] သူ(ဖိရ်‌အောင်န်)က‌ပြောဆိုသည်- “အသင်သည် အကယ်၍ သက်‌သေလက္ခဏာ တစ်စုံတစ်ခု ယူ‌ဆောင်လာခဲ့သည်ဆိုလျှင် အသင်သည် အမှန်ကို‌ပြောသူဖြစ်လျှင် ထိုသက်‌သေလက္ခဏာကို တင်ပြပါ။

    [107] သို့ဖြစ်ရာ ၎င်း(တမန်‌တော်မူစာ)သည် ၎င်း၏‌တောင်‌ဝှေးကို ပစ်ချလိုက်‌သောအခါ ရုတ်တရက် ထို‌တောင်‌ဝှေးသည် ထင်ရှား‌သော‌မြွေကြီးတစ်‌ကောင်ဖြစ်‌နေ‌တော့သည်။

    [108] ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် ၎င်း၏လက်ကို (အပြင်)ဆွဲထုတ်လိုက်‌သောအခါ ရုတ်တရက် ထိုလက်သည် ကြည့်ရှုသူများအတွက် ဝင်းလက်‌တောက်ပ‌နေ‌တော့သည်။

    [109] ဖိရ်‌အောင်န်၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အမှန်စင်စစ် ဤသူသည် အလွန်သိကျွမ်း‌သော ‌မှော်ဆရာတစ်ဦးပင်ဖြစ်သည်။“

    [110] ၎င်းသည် (၎င်း၏‌မှော်ဆရာအတတ်နှင့်) အသင်တို့ကို အသင်တို့၏နယ်‌မြေမှ နှင်ထုတ်ရန်ကြံစည်‌နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သို့ အကြံပြုချင်ကြသနည်း။

    [111] သူတိုု့က ‌ပြောဆိုအကြံပြုကြသည်- “၎င်း(တမန်‌တော်မူစာ)နှင့် ၎င်း၏အစ်ကိုအား ဆိုင်းငံ့ထားလိုက်ပါ။ ထို့ပြင် မြို့ရွာများသို့ မင်း‌စေများ ‌စေလွှတ်လိုက်ပါ။“

    [112] “ထိုမင်း‌စေများက အသင်ဘုရင်မင်းထံသို့ သိကျွမ်း‌သော‌မှော်ဆရာများကို (စု‌ဆောင်း)‌ခေါ်‌ဆောင်လာကြမည်။“

    [113] ထို့‌နောက် ‌မှော်ဆရာများသည် ဖိရ်‌အောင်န်ထံသို့ ‌ရောက်ရှိလာခဲ့ကြ၍ ‌ပြောဆိုကြသည်- “အကယ်၍ ကျွန်ုပ်တို့သည် ‌အောင်နိုင်ခဲ့ကြလျှင် အမှန်ပင် ကျွန်ုပ်တို့အတွက် အမှန်ပင် ကျွန်ုပ်တို့အတွက် ဆုလာဘ်တစ်စုံတစ်ရာ ရရှိကြပါမည်‌လော။“

    [114] သူ(ဖိရ်‌အောင်န်)က ‌ပြောဆိုသည်- “ဟုတ်သည်၊ (ဆုလာဘ်များရမည်)ထို့ထက်မက အသင်တို့သည် (ငါ၏အပါး၌)အနီးကပ်‌နေရမည့်သူများအထဲတွင် အမှန်ပင် ပါဝင်ကြလိမ့်မည်။

    [115] ထို‌မှော်ဆရာများက ‌ပြောဆိုကြသည်- “အို- မူစာ၊ အသင်သည် (အသင်၏‌တောင်‌ဝှေးကို ဦးစွာ)ချပြမည်‌လော၊ သို့မဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏တုတ်များ၊ ကြိုးများကို ဦးစွာ)ချပြရမည်‌လော။

    [116] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “အသင်တို့ပင် (ဦးစွာ)ပစ်ချကြပါ။“ ထို့‌နောက် သူတို့သည် (သူတို့၏ တုတ်များနှင့် ကြိုးများကို)ပစ်ချလိုက်ကြ‌သောအခါ လူများ၏မျက်စိများကို လှည့်စားလိုက်ကြသည်။ ၎င်းပြင် လူများအား ‌ကြောက်လန့်‌စေခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကြီးကျယ်‌သော စုန်းပ‌ယောဂကို* ယူ‌ဆောင်လာခဲ့ခြင်းဖြစ်သည်။

    [117] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ အမိန့်ထုတ်ပြန်‌တော်မူခဲ့သည်- “အသင်သည် အသင်၏‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။“ ထိုအခါ ရုတ်တရက်ပင် ထို‌တောင်‌ဝှေးသည် (‌မြွေနဂါးကြီးဖြစ်သွားပြီး) သူတို့(‌မှော်ဆရာများ)လှည့်စားထား‌သောအရာများကို မျိုချပစ်လိုက်‌တော့သည်။

    [118] ထို့‌နောက် အမှန်သည် ထင်ရှားသွားခဲ့ပြီဖြစ်သည်။ ၎င်းပြင် သူတို့(‌မှော်ဆရာများ) ပြုလုပ်ထားသည်များမှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။

    [119] ၎င်းပြင် သူ(ဖိရ်‌အောင်န်နှင့် မှူးမတ်)များသည် ထို‌နေရာ၌ပင် အ‌ရေးရှုံးနိမ့်ခဲ့ကြသည့်အပြင် ‌သေးသိမ်မှုဖြစ်လျက် လှည့်ပြန်ကြရသည်။

    [120] ၎င်းပြင် ‌မှော်ဆရာများသည် ‌မှောက်လှဲ(၍ စဂျ်ဒဟ်)ဦးချခဲ့လိုက်ကြသည်။

    [121] သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ယုံကြည်ကြပါပြီ။“

    [122] (ထိုအရှင်သည် တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်လည်း(ဖြစ်‌တော်မူပါသည်ဟု ‌မှော်ဆရာများက ဆက်‌ပြောကြသည်)။

    [123] ဖိရ်‌အောင်န်က ‌ပြောသည်- “ငါသည် အသင်တို့အား ခွင့်မပြု‌သေးမီအလျင် အသင်တို့သည် ထိုအရှင်ကို ယုံကြည်ကြ(ပြီး မူစာကို ‌ထောက်ခံခဲ့ကြ)ပြီ‌လော။ ဤသည် အမှန်စင်စစ် အသင်တို့သည် မြို့ထဲ၌ပြုလုပ်ခဲ့‌သော ဟန်‌ဆောင်လှည့်စားမှုတစ်ခုသာဖြစ်သည်။* ထိုလှည့်စားမှုဖြင့် ထိုမြို့သူမြို့သားများအား မြို့ထဲမှ ထုတ်ပစ်ကြရန် (မူစာနှင့် လျှို့ဝှက်ပူး‌ပေါင်းပြီး) ကြံစည်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မကြာမီ အသင်တို့သည် သိကြရလိမ့်မည်။“

    [124] “ငါသည် အမှန်ပင် အသင်တို့၏ လက်များနှင့်‌ခြေများကို (ဝဲယာ)ဘက်လွှဲပြီးဖြတ်‌တောက်ပစ်မည်။ ၎င်းပြင် ငါသည် အမှန်စင်စစ် အသင်တို့အားလုံးကို လက်ဝါးကပ်တိုင်(လူသတ်စင်‌ပေါ်)တင်မည်။“

    [125] သူတို့(‌မှော်ဆရာ)များက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့သာ ပြန်သွားကြရမည့်သူများ ဖြစ်ကြသည်။“

    [126] “ထို့ပြင် ကျွန်ုပ်တို့ထံသို့ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာများ ‌ရောက်ရှိလာ‌သောအခါ ကျွန်ုပ်တို့ ယုံကြည်လက်ခံလိုက်ကြသည်ကလွဲ၍ ကျွန်ုပ်တို့ထံမှ မည်သည့်အပြစ်မှ အသင်မ‌တွေ့ရ‌ပေ။“ (ထို့‌နောက် သူတို့သည် အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းကြသည်)။ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်၌ သည်းခံမှုကို သွန်း‌လောင်း‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အမိန့်‌တော်လိုက်နာသူ (မွတ်စ်လင်မ်)များအဖြစ် ‌သေဆုံး‌စေ‌တော်မူပါ။“

    [127] ထို့‌နောက် ဖိရ်‌အောင်န်၏အမျိုးသားများထဲမှ အကြီးအကဲများက ‌ပြောဆိုကြသည်- “အသင်သည် မူစာနှင့် ၎င်း၏အမျိုးသားများအား တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်နိုင်ရန်နှင့် ၎င်း(တမန်‌တော်မူစာ)သည် အသင်နှင့်အသင်၏ ကိုးကွယ်ရာများကိုပါ* စွန့်ပစ်ထားရန်အတွက် (ဤအတိုင်း)လွှတ်ထားမည်‌လော။* သူ(ဖိရ်‌အောင်န်)က ‌ပြောဆိုသည်- “ငါတို့သည် မကြာမီ သူတို့၏ သား‌ယောက်ျား‌လေးများကို သတ်ဖြတ်ကြမည်။ ၎င်းပြင် သူတို့၏ (သမီး)မိန်းမများကို‌တော့ (အသုံးခံရန်)အရှင်ထားမည်။ တကယ်‌တော့ ငါတို့သည် သူတိုု့ကို နိုင်နင်းသူများပင်ဖြစ်ကြသည်။“

    [128] ၎င်း(တမန်‌တော် မူစာ)က ၎င်း၏အမျိုးသားများကို ‌ပြောဆိုသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီကို အသနားခံ‌တောင်းကြပါ။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။ အမှန်စင်စစ် ပထဝီ‌မြေသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် ထို‌မြေကို အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌တော်မူ‌သောသူအား စိုးပိုင်‌စေ‌တော်မူသည်။* ၎င်းပြင် ‌နောက်ဆုံး(‌ကောင်း‌သော)အကျိုးဆက်သည် (အရှင်မြတ်အား) ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက်သာ ဖြစ်သည်။

    [129] ၎င်း(တမန်‌တော်မူစာ)၏အမျိုးသားများက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့ထံ မ‌ရောက်မီကလည်း နှိပ်စက်သည်ကို ခံခဲ့ကြရပါသည်။ အသင် ကျွန်ုပ်တို့ထံ ‌ရောက်ပြီး‌နောက်၌လည်း နှိပ်စက်သည်ကို ခံ‌နေကြရလျက်ပင်ဖြစ်ပါသည်။“* ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မကြာမီ အသင်တို့၏ရန်သူကို ဖျက်ဆီး‌တော်မူပြီး အသင်တို့ကို တိုင်းပြည်တွင် အရိုက်အရာ ဆက်ခံအုပ်စိုး‌စေ‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် အသင်တို့သည် မည်သို့ပြုမူကြမည်နည်းဆိုသည်ကို ကြည့်ရှု‌တော်မူလိမ့်မည်။“

    [130] ထို့ပြင် ငါအရှင်မြတ်သည် အမှန်စင်စစ် ဖိရ်‌အောင်န်၏အမျိုးသားများကို ‌နောင်တ တရားရကြရန်အတွက် နှစ်ရှည်လများ မိုး‌ခေါင် ‌ရေရှား‌စေမှု၊ သစ်သီးဝလံရှားပါး‌စေမှုတို့နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [131] ထို့‌နောက် သူတို့သည် သူတို့၌ ‌ကောင်းမွန်‌သောအ‌ခြေအ‌နေဆိုက်‌ရောက်လာ‌သောအခါ ဤသည် ငါတို့အတွက် (ငါတို့၏ကြိုးစားမှု‌ကြောင့်)ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် အကယ်၍ သူတို့တွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်လာခဲ့လျှင် သူတို့က(တမန်‌တော်)မူစာနှင့်တကွ သူနှင့်အတူရှိ‌သောသူများ‌ကြောင့်ဆိုပြီး မ‌ကောင်းအတိတ် ‌ကောက်ယူကြသည်။ အသင်တို့ သတိပြုမှတ်ယူကြပါ- သူတို့၏အတိတ်နမိတ်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင်သာ ရှိသည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။

    [132] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့ကို ကိုယ်စားပြုရန် မည်ကဲ့သို့ သက်‌သေလက္ခဏာများကိုမဆို ကျွန်ုပ်တို့ထံ ယူ‌ဆောင်လာခဲ့လျှင်လည်း ကျွန်ုပ်တို့ကမူ အသင့်ကို ယုံကြည်ကြမည် မဟုတ်‌ပေ။“

    [133] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ‌ရေလွှမ်းမိုးမှု၊ ကျိုင်း‌ကောင်များ၊ သန်း‌ကောင်များ၊ ပိုးမွှားများ၊ ဖားပြုပ်များ၊ ‌သွေးများကို တသီးတခြား သက်‌သေလက္ခဏာများအဖြစ် ပို့‌တော်မူခဲ့သည်။ သို့ပါလျက် သူတို့သည် မာန‌ထောင်လွှားမှုသာ ပြုခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ကြသည်။

    [134] ထို့ပြင် သူတို့အ‌ပေါ်တွင် ပြစ်ဒဏ်များကျ‌ရောက်လာ‌သောအခါ သူတို့က ‌ပြောဆိုကြသည်- “အို(တမန်‌တော်)မူစာ၊ အသင်၏အရှင်သည် အသင်နှင့် ကတိပြုထား‌တော်မူသည့်အတိုင်း* အသင်သည် ကျွန်ုပ်တို့အတွက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်း‌ပေးပါ။* အကယ်၍ အသင်သည် ကျွန်ုပ်တို့အ‌ပေါ်မှ အပြစ်ဒဏ်ကို အမှန်စင်စစ် ဖယ်ရှား‌ပေးခဲ့လျှင် ကျွန်ုပ်တို့သည် အသင့်ကို ယုံကြည်ပြီး အစ္စရာအီလ်အမျိုးသားများအား အသင်နှင့်အတူ အမှန်ပင် ထည့်လိုက်ကြပါမည်။“

    [135] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်မှ အပြစ်ဒဏ်ကို သူတို့‌ရောက်ကြရမည့် သတ်မှတ်ထား‌သောအချိန်ထိ* ဖယ်ရှား‌ပေး‌တော်မူလိုက်‌သောအခါ သူတို့သည် ရုတ်တရက် ကတိဖျက်လိုက်ကြ‌တော့သည်။

    [136] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက်နှင့် ထိုသက်‌သေလက္ခဏာ‌တော်များကို လျစ်လျူရှု‌နေခဲ့ကြသည့်အတွက်‌ကြောင့် ပင်လယ်ထဲ၌ နစ်မြှပ်‌စေ‌တော်မူခဲ့သည်။

    [137] ထို့‌နောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ခံကြရ‌သော (အစ္စရာအီလ်)အမျိုးသားများအား အကြင်နယ်‌မြေ‌ဒေသ၏ အ‌ရှေ့ပိုင်းနှင့်အ‌နောက်ပိုင်း‌ဒေသများကို စိုးပိုင်‌စေ‌တော်မူခဲ့သည်။ ထိုနယ်‌မြေ‌ဒေသများတွင် ငါအရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံ‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အစ္စရာအီလ်အမျိုးသားများနှင့်ပတ်သက်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အလွန်မွန်မြတ်‌သောကတိ‌တော်သည်လည်း သူတို့ သည်းခံခဲ့ကြသည့်အတွက်‌ကြောင့် ပြီး‌မြောက်အတည်ဖြစ်သွားခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်နှင့် သူ၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြ‌သောအရာများနှင့် မြင့်မားစွာတည်‌ဆောက်ထားခဲ့ကြ‌သော အ‌ဆောက်အအုံများကို (လုံးဝ)ဖျက်ဆီးပစ်‌တော်မူခဲ့သည်။

    [138] ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားများအား ပင်လယ်ကို ဖြတ်သန်း(၍ တစ်ဖက်ကမ်းသို့‌ရောက်)‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် လူမျိုးတစ်မျိုးထံသို့ ‌ရောက်ရှိခဲ့ကြသည်၊ ထိုလူမျိုးများသည် သူတို့၏ ရုပ်ပွားဆင်းတုများကို ချဉ်းကပ်(ကိုးကွယ်)လျက်ရှိကြသည်။ သူတို့(အစ္စရာအီလ်အမျိုးသား)များက ‌ပြောဆိုကြသည်- “အို- (တမန်‌တော်)မူစာ၊ အသင်သည် ကျွန်ုပ်တို့အတွက်လည်း သူတို့တွင်ရှိ‌သော ကိုးကွယ်ရာများကဲ့သို့ ကိုးကွယ်ရာတစ်ဆူ ပြုလုပ်‌ပေးပါ။“ (တမန်‌တော်)မူစာက ‌ပြောဆိုသည်၊ “အသင်တို့သည် အမှန်စင်စစ် အသိတရား(လုံးဝ)မရှိကြ‌သောသူများပင် ဖြစ်ကြသည်။“

    [139] အမှန်စင်စစ် သူတို့ ကြိုးပမ်း‌နေကြ‌သောကိစ္စများ‌ကြောင့် သူတို့သည် ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ ၎င်းပြင် သူတို့ ပြုလုပ်‌နေ‌သောကိစ္စများသည် အကျိုးမဲ့ကိစ္စများပင်ဖြစ်သည်။

    [140] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- “ငါသည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထိုအရှင်မြတ်သည် အသင်တို့အား စကြဝဠာအားလုံးထက် ထွတ်မြတ်‌စေ‌တော်မူခဲ့ပါလျက် အခြားကိုးကွယ်ရာတစ်ပါးကို ရှာ‌ဖွေ‌ပေးရဦးမည်‌လော။“

    [141] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့အား ဖိရ်‌အောင်န်၏အမျိုးသားများမှ လွတ်‌မြောက်‌စေ‌တော်မူခဲ့သည်။ သူတို့သည် အသင်တို့အ‌ပေါ်တွင် အလွန်ဆိုးရွား‌သော ‌ဘေးဒုက္ခများကို သက်‌ရောက်‌စေခဲ့ကြသည်။ သူတို့သည် အသင်တို့၏ သား‌ယောက်ျား‌လေးများကို သတ်ဖြတ်ကြသည်။ ၎င်းပြင် အသင်တို့၏(သမီး)မိန်းမများကို‌တော့ (ကျွန်မအဖြစ် အသုံးခံရန်) မသတ်ဘဲ အရှင်ထားကြသည်။ ၎င်းပြင် ထိုထဲ၌ အသင်တို့အတွက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကြီးကျယ်လှ‌သော စမ်းသပ်မှုရှိသည်။

    [142] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ည‌ပေါင်းသုံးဆယ် ချိန်းဆို‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုည‌ပေါင်းသုံးဆယ်ကို ဆယ်ညနှင့် ထပ်‌ပေါင်း‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် သတ်မှတ်‌တော်မူ‌သောအချိန်သည် ည‌ပေါင်း‌လေးဆယ်ပြည့်သွားခဲ့သည်။ ထို့ပြင် (တမန်‌တော်)မူစာသည် ၎င်း၏အစ်ကို (တမန်‌တော်)ဟာရူန်ကို ‌ပြောဆိုမှာကြားခဲ့သည်-*“အသင်သည် ကျွန်ုပ်၏အမျိုးသားများထဲတွင် ကျွန်ုပ်၏ကိုယ်စား‌နေခဲ့ပါ။ ၎င်းပြင် အသင်သည် (သူတို့အား)မှန်ကန်‌အောင်ပြုပြင်‌ပေးပါ။ သို့ရာတွင် အသင်သည် ဖျက်ဆီးသူများ၏လမ်းစဉ်ကို မလိုက်ပါနှင့်။

    [143] ထို့ပြင် (တမန်‌တော်)မူစာသည် ငါအရှင်မြတ် သတ်မှတ်‌တော်မူ‌သော အချိန်နှင့်‌နေရာတွင် ‌ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ၎င်းနှင့် စကား‌ပြောဆို‌တော်မူ‌သောအခါ ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (အရှင်မြတ်ကို) မြင်‌အောင်ပြသ‌တော်မူပါ၊ ကျွန်ုပ်သည် အရှင်မြတ်ကို ဖူး‌မြော်ပါရ‌စေ။* အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အသင်သည် (ဤ‌လောက၌) ငါအရှင်မြတ်ကို (မျက်ဝါးထင်ထင်) လုံးဝ ဖူး‌မြော်နိုင်မည် မဟုတ်‌ပေ။* သို့ရာတွင် အသင်သည် (ဤ)‌တောင်ကို ကြည့်လိုက်ပါ။ အကယ်၍ ထို‌တောင်သည် သူ၏‌နေရာတွင် တည်ငြိမ်စွာရှိ‌နေခဲ့လျှင် အသင်လည်း ငါအရှင်မြတ်ကို မုချ ဖူး‌မြော်နိုင်လိမ့်မည်။“* ထို့‌နောက် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ‌တောင်‌ပေါ်သို့ တန်ခိုး‌တော် ထင်ရှား‌စေလိုက်‌သောအခါ* ထိုတန်ခိုး‌တော်သည် ထို‌တောင်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်‌စေခဲ့သည်။ ၎င်းပြင် (တမန်‌တော်)မူစာသည်လည်း သတိလစ်ပြီး လဲကျသွားခဲ့သည်။ ထို့‌နောက် ၎င်းသည် သတိပြန်ရလာ‌သောအခါ ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အရှင်မြတ်သည် (‌လောကမျက်စိနှင့် မြင်‌တွေ့နိုင်ခြင်းမှ) သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်သည် အရှင်မြတ်ထံ‌တော်တွင် (ဤသို့ ‌ပြောဆိုမိသည့်အတွက်) ဝန်ချ‌တောင်းပန်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် (အရှင်မြတ်အား ‌လောက၌ မည်သူမျှ မဖူးမြင်နိုင်သည်ကို) ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။

    [144] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အို-(တမန်‌တော်)မူစာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူများအ‌ပေါ်၌ တမန်‌တော်အဖြစ် ချီးမြှင့်ပြီး ငါအရှင်မြတ်သည် အသင်နှင့် စကား‌ပြော‌တော်မူခြင်းအားဖြင့် ‌ရွေးချယ်‌မြှောက်စား‌တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အသင့်အား ငါအရှင်မြတ် ‌ပေးသနား‌တော်မူသည်များကို ယူလိုက်ပါ။ ထို့ပြင် အသင်သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အပါအဝင်ဖြစ်လိုက်ပါ။

    [145] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ဆုံးမဩဝါဒ အစုံအလင်နှင့် အရာအားလုံး*၏ရှင်းလင်းချက်ကို သင်ပုန်းများ၌ ‌ရေးမှတ်‌ပေး‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်သည် ထိုအရာကို စွဲမြဲစွာ ကိုင်ထားပါ။ ၎င်းပြင် အသင်သည် အသင်၏အမျိုးသားများအား ထိုဩဝါဒ‌တော်များထဲမှ အ‌ကောင်းဆုံးများကို လိုက်နာကြရန် အမိန့်‌ပေးလိုက်ပါ။ မကြာမီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်မနာခံသူများ၏ ‌နေရာကို ပြသ‌တော်မူမည်ဖြစ်သည်။

    [146] ငါအရှင်မြတ်သည် ကမာ္ဘ‌မြေတွင် မတရား မာန‌ထောင်‌နေသူများအား ငါအရှင်မြတ်၏ အာယသ်‌တော်များ(ကို နားလည်မှု)မှ လှည့်ထား‌တော်မူမည်။* အကယ်၍ သူတို့သည် သက်‌သေလက္ခဏာအားလုံးကို ‌တွေ့မြင်လျှင်လည်း ထိုသက်‌သေလက္ခဏာများကို ယုံကြည်ကြမည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ‌တွေ့မြင်ကြလျှင်လည်း ထိုလမ်းကို (သူတို့၏)လမ်းအဖြစ်ပြုလုပ်ကြမည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် အကယ်၍ ‌ကွေ့‌ကောက်‌သောလမ်းကို ‌တွေ့မြင်ကြလျှင်မူ ထိုလမ်းကို (သူတို့၏)လမ်းအဖြစ်ပြုလုပ်ကြလိမ့်မည်။ ဤ(သို့ ဖြစ်ရ)သည်မှာ သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့်နှင့် ထိုသက်‌သေလက္ခဏာများမှ လျစ်လျူရှုခဲ့ကြသည့်အတွက်‌ကြောင့်ပင် ဖြစ်သည်။

    [147] ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များနှင့် တမလွန်ဘဝ၏ ‌တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ကြ‌သောသူများ၏ အပြုအမူဟူသမျှသည် အကျိုးမဲ့ဖြစ်သွားပြီးဖြစ်သည်။ သူတို့သည် သူတို့ ပြုလုပ်ခဲ့သည်များကိုသာ အစား‌ပေးခြင်းခံကြရမည်ဖြစ်သည်။

    [148] ထို့ပြင် (တမန်‌တော်)မူစာ၏အမျိုးသားများသည်* ၎င်း၏‌နောက်တွင် (အရှင်မြတ်နှင့် ‌တွေ့ဆုံရန် သွား‌နေစဉ်ကာလ၌) သူတို့၏ လက်ဝတ်တန်ဆာများဖြင့် နွားရုပ်က‌လေးတစ်ခု ထုလုပ်လိုက်ကြသည်။ ထိုနွားငယ်၏ခန္ဓာကိုယ်ထဲမှ အသံတစ်မျိုး(ပဲ့တင်သံ)ထွက်ခဲ့သည်။ စင်စစ် ထိုနွားငယ်သည် သူတို့နှင့် စကားလည်းမ‌ပြော၊ သူတို့အား မည်သည့်လမ်းမှ ညွှန်ကြားပြသနိုင်သည်လည်း မရှိသည်ကို သူတို့ မသိမြင်ကြ‌လေသ‌လော။ သူတို့သည် ထိုနွားငယ်ကိုပင် (ကိုးကွယ်ရာအဖြစ်)ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် မတရားနှိပ်စက် ကျူးလွန်သူများ ဖြစ်သွားခဲ့ကြသည်။

    [149] ၎င်းပြင် သူတို့သည် မိမိတို့ပြုလုပ်မှုအ‌ပေါ် ဝမ်းနည်းပက်လက်ဖြစ်ပြီး* သူတို့ လမ်းမှား‌နေသည်ကို သိမြင်ကြ‌သောအခါ (‌ပြောဆိုကြသည်) “အကယ်၍ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်တို့ကို သနား‌တော်မမူပါလျှင်၊ ၎င်းပြင် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မမူပါလျှင် အမှန်ပင် ကျွန်ုပ်တို့သည် ပျက်စီး ဆုံးရှုံးသူများထဲတွင် အပါအဝင် ဖြစ်ကြရ‌တော့မည်ပင် ဖြစ်သည်။

    [150] ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ‌ဒေါသထွက် ပူ‌ဆွေး‌သောက‌ရောက်လျက် ပြန်လာခဲ့‌သောအခါ ၎င်းက ‌ပြောဆိုသည်- “အသင်တို့သည် ငါ၏‌နောက်ကွယ်၌ ပြုမူခဲ့ကြသည်မှာ အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။* အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်(မတိုင်မီ)၌ပင် အလျင်စလို ပြုလုပ်လိုက်ကြသ‌လော။* ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် သင်ပုန်းများကို ပစ်ချလိုက်သည်။ ထို့ပြင် ၎င်းအစ်ကို၏ဦး‌ခေါင်းကိုကိုင်ပြီး ၎င်းဘက်သို့ ဆွဲ‌ခေါ်လိုက်သည်။ ၎င်း၏အစ်ကိုက ‌ပြောဆိုသည်- “အို- ငါ၏မိခင်၏သား၊ အမှန်စင်စစ် အမျိုးသားများသည် ငါ့ကို အားနည်းသူဟု ယူဆခဲ့ပြီး သူတို့သည် ငါ့ကိုသတ်မည့်ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ အသင်သည် ငါ၏ရန်သူအ‌ပေါ်တွင် ရန်သူများ အားရဝမ်းသာဖြစ်‌အောင် မပြုပါနှင့်။ ၎င်းပြင် အသင်သည် ငါ့ကို မတရားကျူးလွန်သူများနှင့်အတူ မပြုလုပ်ပါနှင့်။“

    [151] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆို‌လျှောက်ထားသည်- “အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကိုအား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်၏ သနားကရုဏာထဲသို့ သွတ်သွင်း‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူများထဲတွင် သနားကြင်နာဆုံးအရှင် ဖြစ်‌တော်မူပါသည်။

    [152] အမှန်စင်စစ် နွားငယ်(ရုပ်တု)ကို (ကိုးကွယ်ရာအဖြစ်) ပြုလုပ်ခဲ့ကြ‌သောသူများအ‌ပေါ်တွင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ထံမှ ဤ‌လောက၏ ရှင်သန်မှု၌ပင် ‌ဒေါသအမျက်နှင့် ‌သေးသိမ်မှု မကြာမီ သက်‌ရောက်မည်။* ထို့ပြင် ငါအရှင်မြတ်သည် လုပ်ကြံစွပ်စွဲသူများအား ဤသို့ပင် အပြစ်‌ပေး‌တော်မူသည်။

    [153] ၎င်းပြင် အကြင်သူများသည် မ‌ကောင်းမှုများကို ပြုလုပ်မိခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ထိုကဲ့သို့ မ‌ကောင်းမှုများ(ပြုလုပ်ပြီး)‌နောက် ဝန်ချ‌တောင်းပန်ကြသည်။ ၎င်းပြင် သူတို့သည် အီမာန်ယုံကြည်မှုလည်း ရှိကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ထို(ဝန်ချပြီးသည့်)‌နောက် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [154] ထို့‌နောက် (တမန်‌တော်)မူစာ၏ ‌ဒေါသ‌ပြေသွား‌သောအခါ သင်ပုန်းများကို ‌ကောက်ယူလိုက်သည်။ ၎င်းပြင် ထို(သင်ပုန်း)ထဲ၌ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ‌ကြောက်ရွံ့ကြသူများအတွက် တရားလမ်းမှန်ညွှန်ကြားချက်နှင့် သနားကရုဏာ ပါရှိခဲ့သည်။

    [155] ထို့ပြင် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထဲမှ ‌ယောက်ျားခုနှစ်ဆယ်ကို ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်‌တော်မူ‌သောအချိန်*(၌ ‌ခေါ်‌ဆောင်သွားရန်)အတွက် ‌ရွေးချယ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား ပြင်းထန်‌သော ‌မြေငလျင်က ဖျက်ဆီးလိုက်‌သောအခါ ၎င်း(တမန်‌တော် မူစာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အကယ်၍ အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် သူတို့နှင့်တကွ ကျွန်ုပ်ကို ယခင်ကတည်းက ဖျက်ဆီးလိုက်‌တော်မူပြီး ဖြစ်ပါလိမ့်မည်။ အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ထဲမှ အသိတရားမရှိ‌သောသူများ၏ အပြုအမူ‌ကြောင့် ‌သေ‌ကြေပျက်စီး‌အောင် ပြုလုပ်‌တော်မူပါမည်‌လော။ ဤသည် အရှင်မြတ်၏ စမ်းသပ်မှုတစ်ခုပင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုနှင့် အရှင်မြတ်သည် အရှင်မြတ်အလိုရှိသူကို လမ်းမှား‌စေ‌တော်မူပြီး အလိုရှိသူကို လမ်းမှန်ပို့‌ဆောင်‌တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့၏ အ‌ရေးကိစ္စများကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားညှာတာ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [156] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဤ‌လောကတွင်လည်း‌ကောင်း၊ တမလွန်ဘဝတွင်လည်း‌ကောင်း ‌ကောင်းကျိုးချမ်းသာကို သတ်မှတ်ပြဋ္ဌာန်း‌ပေး‌တော်မူပါ။ ကျွန်ုပ်တို့သည် အမှန်စင်စစ် အရှင်မြတ်ဘက်သို့သာ ပြန်လှည့်လာကြပါပြီ။ (ထိုအခါ)အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ငါအရှင်မြတ်သည် ငါအရှင်မြတ်၏အပြစ်ဒဏ်ကို ငါအရှင်မြတ်အလိုရှိ‌သောသူအ‌ပေါ်၌သာ သက်‌ရောက်‌စေ‌တော်မူသည်။ ၎င်းပြင် ငါအရှင်၏ သနားကရုဏာသည် အရာအားလုံးအ‌ပေါ်တွင် လွှမ်းခြုံ‌နေသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ထိုသနားကရုဏာကို ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်၍ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်သူများနှင့် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို ယုံကြည်သူများအတွက် မကြာမီ သတ်မှတ်ပြဋ္ဌာန်း‌တော်မူမည်။

    [157] အကြင်သူများသည် အကြင်စာ‌ပေမတတ်‌သော*တမန်‌တော်ကို လိုက်နာကြသည်။ ဤသူများသည် ထိုတမန်‌တော်(၏ အရည်အချင်းလက္ခဏာများ)ကို သူတို့ထံတွင်ရှိ‌သော ‌သောင်ရာသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းထဲတွင် ‌ရေးသားထားသည်ကို ‌တွေ့ရှိကြသည်။ ထိုတမန်‌တော်သည် သူတို့ကို ‌ကောင်းမှုပြုရန် ညွှန်ကြားပြီး မ‌ကောင်းမှုများမှ ‌ရှောင်ကြဉ်ရန် တားမြစ်သည်။ ၎င်းပြင် သူတို့အ‌ပေါ်တွင် တင်ရှိ‌နေ‌သော ဝန်ထုပ်ဝန်ပိုးနှင့် လည်ကွင်းစွပ်များကိုလည်း သူတို့အ‌ပေါ်မှ ဖယ်ချ‌ပေးသည်။ သို့ဖြစ်ရာ အကြင်သူများသည် ထိုတမန်‌တော်မြတ်အား ယုံကြည်ခဲ့ကြ၍ ၎င်းအား(ရို‌သေ‌လေးစား ချစ်ခင်မှုနှင့်တကွ) ကာကွယ်‌စောင့်‌ရှောက်ခဲ့ကြသည်သာမက ကူညီရိုင်းပင်းမှုလည်း ပြုခဲ့ကြသည်။ ၎င်းပြင် ထိုတမန်‌တော်နှင့်အတူတကွ ကျ‌ရောက်လာ‌သော လင်း‌ရောင်ခြည်(ကျမ်း‌တော်မြတ် ကုရ်အာန်)ကိုလည်း ‌နောက်လိုက်မှုပြုခဲ့ကြသည်။ ထိုသူများပင် ‌အောင်မြင်သူများဖြစ်ကြသည်။

    [158] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အို- လူသားအ‌ပေါင်းတို့၊ ငါသည် အမှန်စင်စစ် အသင်တို့အားလုံးထံသို့ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌စေလွှတ်‌တော်မူခြင်းခံရ‌သော တမန်‌တော်ပင်ဖြစ်သည်။* မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏အာယသ်‌တော်များ (အရှင်မြတ်ချ‌ပေး‌တော်မူ‌သော ကျမ်းဂန်များ)ကို ယုံကြည်သည်။ ၎င်းပြင် အသင်တို့သည် တရားလမ်းမှန်ရရှိရန်အတွက် ထိုတမန်‌တော်(၏ အမိန့်‌ပေးဆုံးမမှု)ကို လိုက်နာကြပါ။

    [159] ထို့ပြင် (တမန်‌တော်)မူစာ၏ အမျိုးသားများတွင် လူတစ်စုရှိသည်။* သူတို့သည် မှန်ကန်‌သော တရား‌တော်နှင့်အညီ လမ်းမှန်ညွှန်ကြားပြသကြသည်။ ၎င်းပြင် သူတို့ကိုယ်တိုင်လည်း ထိုမှန်ကန်‌သော တရား‌တော်နှင့်အညီပင် စီရင်ဆုံးဖြတ်ကြသည်။

    [160] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား မျိုးနွယ်ဆယ့်နှစ်ခုခွဲပြီး အုပ်စုများ လုပ်‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် (တမန်‌တော်)မူစာထံသို့ ၎င်း၏အမျိုးသားများက ‌ရေ‌တောင်းကြ‌သောအခါ၊ ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ ဝဟီချ အမိန့်‌ပေး‌တော်မူခဲ့သည်- “အသင်သည် အသင်၏‌တောင်‌ဝှေးနှင့် ‌ကျောက်တုံးကို ရိုက်လိုက်ပါ။“ ထို(အမိန့်အတိုင်း ရိုက်လိုက်သည့်)အတွက် ထို‌ကျောက်တုံးမှ စမ်း‌ရေ‌ချောင်း ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့သည်။ ထိုမျိုးနွယ်အသီးသီးသည် သူတို့‌သောက်သုံးရာ‌နေရာများကို သိရှိမှတ်မိကြသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအမျိုးသားများအ‌ပေါ်တွင် မိုးတိမ်များကို အရိပ်အာဝါသ ပြု‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မန်းဟု‌ခေါ်‌သောနှင်းမုန့်နှင့် စလ်ဝါဟု‌ခေါ်‌သောငုံး‌ကောင်ကို သူတို့အ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် ငါအရှင်မြတ် ‌ပေးသနား‌တော်မူ‌သော ‌ကောင်းမြတ်သန့်စင်သည့် စားစရာများကို စားသုံးကြပါ။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်ကို နှိပ်စက်ခဲ့ကြသည် မဟုတ်‌ပေ။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်းခဲ့ကြခြင်းဖြစ်သည်။

    [161] ထို့ပြင် တစ်ခါက ထို(မူစာ၏)အမျိုးသားများထံသို့ အမိန့်‌တော် ကျ‌ရောက်လာခဲ့သည်။ အသင်တို့သည် ဤမြို့ရွာတွင် ‌နေထိုင်ကြပြီး ဤမြို့ရွာတွင် အသင်တို့နှစ်သက်ရာ ‌နေရာများမှ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ဟိသွ်သွသွန် “ကျွန်ုပ်တိုု့ကို အပြစ်မှ ချမ်းသာ‌ပေး‌တော်မူပါ“ဟု ရွတ်ဆို၍ (ငါအရှင်မြတ်အား ရိုကျိုးသည့်အ‌နေဖြင့်)မြို့ရွာ၏ တံခါး‌ပေါက်သို့ ဝပ်တွားပြီး ဝင်‌ရောက်ကြပါ။ (ထိုကဲ့သို့ ပြုလုပ်လျှင်) ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမှားများကို ခွင့်လွှတ်‌တော်မူမည့်အပြင် မကြာမီ၌ပင် ‌ကောင်းမှုပြု‌သောသူများကို ငါအရှင်မြတ်က ပိုတိုး၍ ‌ပေး‌တော်မူမည်ဖြစ်သည်။

    [162] ထို့‌နောက် သူတို့ထဲမှ မတရားကျူးလွန်သူများသည် သူတို့ကို မိန့်ကြား‌တော်မူထား‌သော စကားရပ်အစား အခြား(မသင့်‌တော်‌သော)စကားနှင့် ‌ပြောင်းလဲ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မတရားနှိပ်စက်‌လေ့ရှိကြသည့်အတွက် ဒုက္ခကပ်ဆိုးပြစ်ဒဏ်ကို မိုး‌ကောင်းကင်မှ သက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [163] ထို့ပြင် အသင်သည် သူတို့ကို ပင်လယ်ဆိပ်ကမ်းမြို့ရွာနှင့်ပတ်သက်၍ ‌မေးမြန်းလိုက်ပါ။* တစ်ခါက သူတို့သည် စဗ်သ် စ‌နေ‌နေ့နှင့်ပတ်သက်၍ စည်းကမ်းကျူး‌ကျော်ကြသည်။ တစ်ခါက သူတို့၏ (ပင်လယ်မှ)ငါးများသည် သူတို့ထံသို့ သူတို့၏စ‌နေ‌နေ့၌ အုပ်လိုက်(‌ရေ‌ပေါ်)‌ပေါ်လာ‌လေ့ရှိသည်။ ၎င်းပြင် စ‌နေ‌နေ့မဟုတ်‌သောအချိန်၌မူ သူတို့ထံသို့(‌ပေါ်)လာ‌လေ့မရှိ‌ပေ။ ထိုသို့ပင် ငါအရှင်မြတ်သည် သူတို့ကို သူတို့၏‌သွေဖည်‌လေ့ရှိကြသည့်အတွက် စမ်းသပ်‌တော်မူခဲ့သည်။

    [164] ထို့ပြင် တစ်ခါက သူတို့ထဲမှ လူတစ်စုက(ဆိုဆုံးမ‌သောသူများအား) ‌ပြောဆိုကြသည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဖျက်ဆီးပစ်‌တော်မူမည့် လူမျိုးအုပ်စု သို့မဟုတ် ပြင်းထန်‌သော အပြစ်ဒဏ်‌ပေး‌တော်မူမည့် လူမျိုးအုပ်စုကို အဘယ့်‌ကြောင့် ဆိုဆုံးမ‌နေကြသနည်း။* ထို(ဆိုဆုံးမ)သူများက ‌ပြောဆိုကြသည်- “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ထံတွင် တာဝန်‌ကျေ‌ကြောင်း အ‌ကြောင်းပြရန်အတွက်နှင့် သူတို့သည် အပြစ်‌ရှောင်ကြဉ်‌ကောင်း ‌ရှောင်ကြဉ်ကြရန်အတွက်ပင် ဖြစ်သည်။“

    [165] ထို့‌နောက် သူတို့သည် သူတို့သတိ‌ပေးခြင်းခံရ‌သော အမှုကိစ္စကို ‌မေ့‌လျော့‌နေစဉ်၌ ငါအရှင်မြတ်သည် မ‌ကောင်းမှုမှ တားမြစ်‌နေသူများကို ကယ်ဆယ်‌တော်မူပြီး မတရားကျူးလွန်သူများကို သူတို့၏ ‌သွေဖည်မှုများ‌ကြောင့် ပြင်းထန်‌သောပြစ်ဒဏ်နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [166] ထို့‌နောက် သူတို့သည် သူတို့တားမြစ်ခြင်းခံခဲ့ကြရ‌သော အမှုကိစ္စနှင့်ပတ်သက်၍ စည်းကမ်း ‌ဖေါက်ဖျက်ကျူးလွန်ကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့ကို မိန့်ကြား‌တော်မူလိုက်သည်- “အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်း‌သော ‌မျောက်တိရစာ္ဆန်များဖြစ်ကြ‌လော့။“

    [167] ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌ကြေညာ‌တော်မူခဲ့သည်။ အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ဤကဲ့သို့လူများကို ကိယာမသ်‌နေ့အထိ အမှန်စင်စစ် လွှမ်းမိုး‌စေ‌တော်မူမည်။ သူတို့သည် ပြင်းထန်‌သောပြစ်ဒဏ်ကို သူတို့အ‌ပေါ်တွင် သက်‌ရောက်‌စေလိမ့်မည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လျင်မြန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [168] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကမာ္ဘ‌ပေါ်တွင် အုပ်စုများ ကွဲပြား‌စေ‌တော်မူခဲ့သည်။* သူတို့ထဲမှ အချို့သည် ‌ကောင်းမြတ်‌သောသူများဖြစ်ကြသည်။ ၎င်းပြင် သူတို့ထဲတွင် ထို(‌ကောင်းမြတ်‌သော)သူများမှလွဲ၍ အခြားသူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ပြန်လှည့်လာကြရန်အတွက် သုခချမ်းသာများနှင့်လည်း‌ကောင်း၊ ဆင်းရဲဒုက္ခများနှင့်လည်း‌ကောင်း စမ်းသပ်‌တော်မူခဲ့သည်။

    [169] ထို့‌နောက် သူတို့မရှိသည့်‌နောက်တွင် အကြင်ယုတ်မာ‌သော သား‌မြေးများက (သူတို့၏)‌နေရာတွင် အ‌မွေဆက်ခံခဲ့ကြသည်။ သူတို့သည် ကျမ်းဂန်ကို အ‌မွေရယူခဲ့ကြသည်။ သူတို့သည် (ကျမ်းဂန်ထဲမှ တရား‌တော်များကို) ဤ‌လောက(၏‌သေးသိမ်‌သော)ပစ္စည်းများနှင့် (အစားလဲလှယ်ပြီး)ယူကြသည်။ ထို့ပြင် သူတိုု့က မကြာမီ ကျွန်ုပ်တို့သည် (ဤကျမ်းဂန်ထဲမှ တရား‌တော်များကို ‌ရောင်းစားခဲ့ကြသည့်အပြစ်မှ) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူခြင်း ခံကြရမည်ဟုလည်း ‌ပြောဆိုကြသည်။ ထို့ပြင် အကယ်၍ ထိုကဲ့သို့ ပစ္စည်းဥစ္စာများသည် သူတို့ထံသို့ (ထပ်မံ)‌ရောက်လာလျှင်လည်း ထိုပစ္စည်းများကို သူတို့သည် ယူကြဦးမည်ပင်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမှန်ကိုသာ ‌ပြောဆိုကြရန် (‌သောင်ရသ်)ကျမ်း‌တော်၌ သူတို့ထံမှ ကတိကဝတ်ယူထားခဲ့ပြီး မဟုတ်‌လော၊ ထို့ပြင် သူတို့သည် ထိုကျမ်းထဲမှ အမိန့်‌တော်များကိုလည်း ဖတ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် တမလွန်ဘဝ(ဂျန္နသ် သုခဘုံ)သည် (အလ္လာဟ်အရှင်မြတ်အား)‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။

    [170] ထို့ပြင် အကြင်သူများသည် ကျမ်းဂန်(ထဲမှ တရား‌တော်များ)ကို* စွဲမြဲစွာ ဆုပ်ကိုင်ထားကြသည်။ ၎င်းပြင် စွလာသ်ဝတ်ပြုမှုကိုလည်း အမြဲ တည်‌ဆောက်ကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) မှန်ကန်‌အောင် ပြုပြင်ကြ‌သောသူများ၏ အကျိုးရလာဒ်ကို ပျက်စီး‌စေမည် မဟုတ်‌ပေ။

    [171] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (သွူရ်)‌တောင်ကို သူတို့အ‌ပေါ်၌ ပင့်‌မြှောက်‌တော်မူခဲ့‌သောအခါ ထို‌တောင်သည် အမိုးကဲ့သို့ဖြစ်‌နေခဲ့သည်။ ၎င်းပြင် သူတို့က ထို‌တောင်သည် သူတို့အ‌ပေါ်သို့ အမှန်ပင် ကျ‌တော့မည်ဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ အရှင်မြတ်က ဤသို့ မိန့်ကြား‌တော်မူသည်) “အသင်တို့သည် အသင်တို့အား ငါအရှင်မြတ် ‌ပေးသနား‌တော်မူ‌သော ကျမ်း‌တော်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ၎င်းပြင် အသင်တို့သည် အပြစ်‌ရှောင်ကြဉ်ကြရန်အတွက် ထိုကျမ်းထဲမှ တရား‌တော်များကိုလည်း ‌လေ့ကျင့်မှတ်သား(လိုက်နာ)ကြပါ။“

    [172] ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အာဒမ်၏ သား‌မြေးများကို ထုတ်‌ဆောင်‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့အား သူတို့အ‌ပေါ်၌ပင် သက်‌သေထား‌တော်မူပြီး မိန့်ကြား‌တော်မူခဲ့သည်- “ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် မဟုတ်‌လော။“* သူတို့က ‌ပြောဆို‌လျှောက်ထားခဲ့ကြသည်- “အမှန်ပင် ဟုတ်ပါသည်၊ ကျွန်ုပ်တို့ကိုယ်တိုင် သက်‌သေခံကြပါသည်။“* (ဤကဲ့သို့ ပြုလုပ်ခြင်းမှာ) အသင်တို့သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် “ကျွန်ုပ်တို့သည် ဤသည်ကို မသိခဲ့ကြပါ“ဟု မ‌ပြောဆိုနိုင်ကြရန်ပင် ဖြစ်သည်။

    [173] သို့မဟုတ် အသင်တို့သည် “ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် ယခင်ကတည်းက အခြားအရာများကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့မှာမူ သူတို့၏‌နောက်တွင် (သူတို့၏) သား‌မြေးများမျှသာ ဖြစ်ကြပါသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် (ယခင်ကတည်းက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြ‌သောသူများ‌ကြောင့် ကျွန်ုပ်တို့အား ဖျက်ဆီးပစ်‌တော်မူပါမည်‌လော“ဟု မ‌ပြောဆို(နို်င်)ကြရန်အတွက် ဖြစ်သည်။

    [174] ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ပြန်လှည့်ကြရန်အတွက် သက်‌သေလက္ခဏာများကို ဤသို့ပင် ရှင်းလင်းစွာ ထုတ်‌ဖော်မိန့်ကြား‌တော်မူသည်။

    [175] ထို့ပြင် အသင်သည် သူတို့‌ရှေ့၌ အကြင်သူ၏အ‌ကြောင်းကို ဖတ်ကြားလိုက်ပါ။ ငါအရှင်မြတ်သည် ထိုသူအား အရှင်မြတ်၏ သက်‌သေလက္ခဏာများ (အမိန့်ပညတ်‌တော်များ၏ အသိပညာများ)ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် ထိုသက်‌သေလက္ခဏာများကို စွန့်ပစ်ထွက်သွားခဲ့သည်။ သို့ဖြစ်ရာ ရှိုင်သွာန်သည် သူ၏ ‌နောက်သို့ လိုက်လာခဲ့သည်။ ထို့‌နောက် သူသည် လမ်းမှားသူများထဲတွင် အပါအဝင် ဖြစ်သွားခဲ့သည်။

    [176] ထို့ပြင် ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိ‌တော်မူခဲ့လျှင် သူ့အား ထိုသက်‌သေလက္ခဏာများနှင့် (ဂုဏ်သိက္ခာ)မြှင့်တင်‌ပေး‌တော်မူခဲ့လိုက်မည်။ သို့ရာတွင် သူသည် ကမာ္ဘ‌မြေ(‌လောကီစည်းစိမ်)ဘက်ကို ယိမ်းယိုင်သွားပြီး သူ့စိတ်အလိုဆန္ဒ‌နောက်ကို လိုက်စားခဲ့သည်။ သို့ဖြစ်ရာ သူ၏ပမာသည် ‌ခွေး၏ပမာကဲ့သို့ဖြစ်ခဲ့သည်။* အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ထို‌ခွေးသည် ‌မောဟိုက်၍ လျှာထုတ်‌နေမည်။ သို့မဟုတ် အကယ်၍ အသင်သည် ထို‌ခွေးအား တိုက်ခိုက်လျှင်လည်း ‌မောဟိုက်၍ လျှာထုတ်‌နေမည်ပင်* ဖြစ်သည်။ ဤသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများ၏ ပမာပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့ စဉ်းစားဆင်ခြင်နိုင်ရန်အတွက် (ဤ)အ‌ကြောင်းအရာကို ‌ပြောပြလိုက်ပါ။

    [177] အကြင်သူတို့၏ပမာသည် ဆိုးယုတ်လှသည်။ ထိုသူများသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ညှဉ်းပန်း‌နေခဲ့ကြသည်။

    [178] အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ညွှန်ကြားပြသ‌တော်မူမည်ဆိုလျှင် ထိုသူသည်သာ တရားလမ်းမှန်ကို ရရှိသူဖြစ်မည်။ ထို့ပြင် အကြင်သူများကို အရှင်မြတ်သည် လမ်းမှားသို့ ‌ရောက်‌စေ‌တော်မူလျှင် ထိုသူများပင် ပျက်စီးဆုံးရှုံးမည့်သူများ ဖြစ်ကြမည်။

    [179] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူနှင့်ဂျင်န်များထဲမှ အ‌မြောက်အမြားကို ငရဲဘုံအတွက် ဖန်ဆင်းထား‌တော်မူသည်။* ထိုသူများ၌ စိတ်နှလုံးများကမူ ရှိကြသည်။ သို့ရာတွင် ထိုစိတ်နှလုံးများဖြင့် သူတို့ နားလည်မှုမရှိကြ‌ပေ။ သူတို့၌ အမြင်အာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအမြင်အာရုံများဖြင့် မမြင်ကြ‌ပေ။ သူတု့ိ၌ အကြားအာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအကြားအာရုံများဖြင့် မကြားကြ‌ပေ။* ထိုသူများသည် တိရစာ္ဆန်များနှင့် တူကြရုံမက တိရစာ္ဆန်များထက်ပင် အလွန်မိုက်မဲ လမ်းလွဲသူများဖြစ်ကြသည်။ (အမှန်မှာ)သူတို့သည် (သူတို့၏ တာဝန်ဝတ္တရားများကို) ‌မေ့‌လျော့သူများပင်ဖြစ်ကြသည်။

    [180] ထို့ပြင် အလ္လာဟ်အရှင်မြတ်တွင် ‌ကောင်းမြတ်‌သော (ဂုဏ်)နာမ‌တော်များရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ထိုနာမ‌တော်များဖြင့် (‌ခေါ်၍)တသကြပါ။* ထို့ပြင် အသင်တို့သည် အရှင်မြတ်၏နာမ‌တော်များနှင့်ပတ်သက်၍ တိမ်း‌ချော်‌စေသူများအား စွန့်ပယ်ထားကြပါ။ သူတို့သည် မကြာမီ သူတို့၏ အပြုအမူများနှင့်ပတ်သက်၍ အစား‌ပေးခြင်းခံကြရမည်။

    [181] ထို့ပြင် ငါအရှင်မြတ် ဖန်ဆင်း‌တော်မူ‌သောသူများထဲတွင် မှန်ကန်‌သောတရား‌တော်နှင့်အညီ လမ်းမှန် ညွှန်ကြားပြသကြသည့်အပြင် သူတို့(ကိုယ်တိုင်)လည်း ထိုတရား‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌သော လူတစ်စုရှိကြသည်။

    [182] ထို့ပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ငါအရှင်မြတ်သည် ထိုသူများအား မကြာမီ(ဂျဟန္နမ်ဘက်သို့) သူတို့မသိ‌သောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူ‌တော်မူမည်။

    [183] ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အား အချိန် ဆိုင်းထား‌ပေးသည်။ အမှန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်ကြံစည်မှုသည် အလွန်ခိုင်ခံ့သည်။

    [184] သူတို့သည် သူတို့၏အ‌ဖော် (နဗီတမန်‌တော် မုဟမ္မဒ်-ဆွ)၌ ရူးသွပ်မှုလုံးဝမရှိ‌ကြောင်း၊ ၎င်းသည် ထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးသာဖြစ်‌ကြောင်း (‌ကောင်းစွာ)ဆင်ခြင်သုံးသပ်မှု မပြုခဲ့ကြ‌လေသ‌လော။

    [185] သူတို့သည် မိုး‌ကောင်းကင်များနှင့် ကမာ္ဘ‌မြေ၏ စိုးမိုးအုပ်ချုပ်မှုကိုလည်း‌ကောင်း၊ အလ္လာဟ်အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သောအရာများကိုလည်း‌ကောင်း၊ သူတို့(‌သေဆုံးရန်)သတ်မှတ်ထား‌သောအချိန်ကာလသည် အမှန်ပင် နီးကပ်လာပြီဆိုသည့် အ‌ကြောင်းကိုလည်း‌ကောင်း (စဉ်းစားဆင်ခြင်)မကြည့်ကြ‌လေသ‌လော။ သို့ဖြစ်ရာ သူတို့သည် ဤ(ကုရ်အာန်၏)‌နောက်တွင် မည်သည့်စကားကို ယုံကြည်ကြဦးမည်နည်း။

    [186] မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား‌စေ‌တော်မူမည်ဆိုလျှင် ထိုသူ့အတွက် လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ လုံးဝ မရှိ‌တော့‌ပေ။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား သူတို့၏ ဆိုးသွမ်းမှုထဲ၌ပင် တဝဲလည်လည်ဖြစ်‌စေလျက် စွန့်ပစ်ထား‌တော်မူမည်။

    [187] သူတို့သည် အသင့်အား ကိယာမသ် ရှင်ပြန်ထမည့်‌နေ့နှင့်ပတ်သက်၍ (ဤသို့)‌မေးမြန်းကြသည်- “ထို ကိယာမသ်‌နေ့သည် မည်သည့်အခါ ဆိုက်‌ရောက်မည်နည်း။“ (အို-တမန်‌တော်)အသင်သည် (သူတို့အား) ‌ဖြေကြားလိုက်ပါ- “ထိုကိယာမသ်‌နေ့နှင့်ပတ်သက်‌သောအသိသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံ၌သာရှိသည်။ အရှင်မြတ်ပင် ထိုကိယာမသ်‌နေ့ကို ထိုကိယာမသ်(ဆိုက်‌ရောက်မည့်)အချိန်၌ ထင်ရှား‌ပေါ်လွင်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုကိယာမသ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အလွန်‌လေးလံ(‌သော ကိစ္စရပ်ဖြစ်)သည်။ ထိုကိယာမသ်သည် အသင်တို့ထံသို့ ရုတ်တရက်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ “သူတို့သည် အသင့်အား ထိုကိယာမသ်နှင့်ပတ်သက်၍ အသင်သည် ‌ကောင်းစွာ သိထားသကဲ့သို့ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ထိုကိယာမသ်‌နေ့နှင့်ပတ်သက်‌သောအသိသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ သို့ရာတွင် များစွာ‌သောလူတို့သည် မသိရှိကြ‌ပေ။“

    [188] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူသည်မှလွဲ၍ ငါ့အတွက်ပင် အကျိုးဖြစ်ထွန်းမှုနှင့် အကျိုးယုတ်မှုတို့ကို ပိုင်ဆိုင်သည် မဟုတ်‌ပေ။ ထို့ပြင် အကွယ်၌ရှိသည်များကို ငါသိရှိလျှင် အကျိုးဖြစ်ထွန်းသည်များကိုသာ များစွာရယူခဲ့မည်ဖြစ်သည်။ ၎င်းပြင် ငါ့တွင် မည်သည့်ဒုက္ခမှ ‌ရောက်မည် မဟုတ်‌တော့‌ပေ။ ငါသည် ယုံကြည်သူများအတွက် သတိ‌ပေးနှိုး‌ဆော်သူနှင့် သတင်း‌ကောင်း‌ပေးသူမျှသာ ဖြစ်သည်။

    [189] အရှင်မြတ်သည် အသင်တို့အား အသက်တစ်‌ချောင်းတည်းမှ ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် အသက်တစ်‌ချောင်းတည်းမှပင် သူ၏ဇနီးကြင်ရာကို သူ၏ထံတွင် တည်ငြိမ်စွာ‌နေနိုင်ရန် ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် သူမကို ဖုံးလွှမ်း‌သောအခါ သူမသည် ‌ပေ့ါပါး‌သောကိုယ်ဝန်ကိုလွယ်၍ ထိုကိုယ်ဝန်နှင့်အတူ သွားလာမှုပြုသည်။ ထို့‌နောက် ထိုကိုယ်ဝန်ရင့်လာ‌သောအခါ သူတို့နှစ်ဦးသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် (ဤသို့)ဆု‌တောင်းကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား (သားသမီး)‌ကောင်းမွန်စွာ ‌ပေးသနား‌တော်မူပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ‌ကျေးဇူးသိတတ်ကြ‌သောသူများထဲမှ ဖြစ်ကြပါမည်။“

    [190] ထို့‌နောက် အရှင်မြတ်သည် သူတို့နှစ်ဦးအား (သားသမီး)‌ကောင်းမွန်စွာ ‌ပေးသနား‌တော်မူလိုက်‌သောအခါ သူတို့နှစ်ဦးစလုံးသည် အရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူ‌သောအရာနှင့်ပတ်သက်၍ (အခြားအရာများကို) အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြသည်။* ၎င်းပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မားလှ‌တော်မူသည်။

    [191] ထိုအရာများသည် မည်သည့်အရာကိုမှ မဖန်ဆင်းနိုင်သည့်အပြင် ထိုအရာများကိုယ်တိုင် ဖန်ဆင်းခံထားရ‌သောအရာများဖြစ်‌နေပါလျက် ထိုအရာများကို သူတို့သည် (အလ္လာဟ်အရှင်မြတ်နှင့်) တုဖက်ကိုးကွယ်ကြသ‌လော။

    [192] ထို့ပြင် ထိုအရာများသည် သူတို့အား မည်သည့်အကူအညီမှ မ‌ပေးနိုင်ကြသည်သာမက သူတို့ကိုယ်သူတို့လည်း ကူညီနိုင်ကြမည် မဟုတ်‌ပေ။

    [193] ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့အား မှန်ကန်‌သောတရားလမ်းဘက်သို့ ဖိတ်‌ခေါ်ကြလျှင်လည်း သူတို့သည် အသင်တို့‌နောက်ကို လိုက်နိုင်ကြမည် မဟုတ်‌ပေ။* (သို့ဖြစ်ရာ)အသင်တို့သည် သူတို့အား ဟစ်‌ခေါ်ကြသည်ဖြစ်‌စေ၊ ဆိတ်ဆိတ်‌နေကြသည်ဖြစ်‌စေ၊ အသင်တို့အ‌ပေါ်၌ အတူတူပင်ဖြစ်သည်။

    [194] အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောအရာများသည် အသင်တို့ကဲ့သို့ပင် (အဖန်ဆင်းခံ)ကျွန်များပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အကယ်၍ အမှန်ကို ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် သူတို့အား ဟစ်‌ခေါ်(ကြည့်)ကြပါ။ ထို့‌နောက် သူတို့သည်လည်း အသင်တို့အား လက်ခံ‌ဖြေကြား‌စေကြပါ။

    [195] သူတို့၌ လမ်း‌လျှောက်ရန် ‌ခြေများရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကိုင်တွယ်ရန် လက်များရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကြည့်ရန် မျက်စိများရှိကြသ‌လော။ သို့မဟုတ် သူတို့၌ ကြားရန် နားများရှိကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများကို ‌ခေါ်ယူကြပါ။ ၎င်းပြင် အသင်တို့သည် ငါ့အား ဆိုင်းမထားဘဲ (သူတို့နှင့်‌ပေါင်းပြီး) ငါ့အား ကြံစည်မှု ပြုလိုက်ကြပါ။

    [196] အမှန်စင်စစ် ကျမ်းဂန်ကိုချ‌ပေး‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် ငါ့အား ကာကွယ်‌စောင့်‌ရှောက်‌တော်မူ‌သော မိတ်‌ဆွေဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌ကောင်းမြတ်‌သောသူများကိုလည်း ကာကွယ်‌စောင့်‌ရှောက်‌တော်မူသည်။

    [197] ၎င်းပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောသူများသည် အသင်တို့ကိုလည်း ကူညီနိုင်ကြသည် မဟုတ်‌ပေ။ သူတို့ကိုယ်သူတို့လည်း (သူတို့) ကူညီနိုင်ကြသည် မဟုတ်‌ပေ။

    [198] ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့ကို လမ်းမှန်ဘက်သို့ ဖိတ်‌ခေါ်ကြလျှင်လည်း သူတို့သည် ကြားနိုင်ကြသည် မဟုတ်‌ပေ။ ထို့ပြင် အသင်(တမန်‌တော်)သည် ထို(မမှန်‌သော ကိုးကွယ်ရာရုပ်တု)များအား သူတို့သည် ကြည့်မြင်နိုင်ကြသည် မဟုတ်ဘဲလျက် အသင့်ဘက်သို့ ကြည့်‌နေသကဲ့သို့ ‌တွေ့မြင်ရမည်။

    [199] အသင်သည် ခွင့်လွှတ်မှုကို အမြဲလက်ကိုင်ထား၍ ‌ကောင်းမြတ်သည်ကို ပြုလုပ်ကြရန် အမိန့်‌ပေး‌နေပါ။ ၎င်းပြင် အသင်သည် အသိပညာကင်းမဲ့သူများအား လျစ်လျူရှုပြီး‌နေပါ။

    [200] ထို့ပြင် အကယ်၍ ရှိုင်သွာန်၏ထံမှ လှုံ့‌ဆော်မှု တစ်စုံတစ်ခုသည် အသင်(၏စိတ်ထဲ)၌ ကျ‌ရောက်လာလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။* အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [201] အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ရှိုင်သွာန်၏ထံမှ လှည့်ဖြားမှု တစ်စုံတစ်ခုသည် သူတို့အ‌ပေါ် ကျ‌ရောက်ခဲ့သည့်အခါ (အရှင်မြတ်အား)သတိရ တသကြသည်။ ထို့‌နောက် သူတို့သည် ချက်ချင်းပင် အမြင်မှန်ရလာကြသည်။

    [202] ထို့ပြင် ရှိုင်သွာန်များ၏ ညီအစ်ကိုများကမူ သူတို့အား ထိုရှိုင်သွာန်များက လမ်းမှားထဲ၌ပင် ဆွဲ‌ခေါ်ထားကြသည်။ ထို့‌နောက် သူတို့သည် မရပ်စဲကြ‌ပေ။ (လမ်းမှားထဲ၌ပင် ရှိုင်သွာန်များက ဆက်ဆွဲထား၍ အဆွဲခံရသူများကလည်း လမ်းမှားထဲ၌ပင် ဆက်လက်‌နေကြ‌တော့သည်)။

    [203] ထို့ပြင် အသင်သည် သူတို့ထံသို့ (သူတို့ ‌တောင်းဆို‌သော)မုအ်ဂျိဇဟ် တန်ခိုး‌တော် တစ်စုံတစ်ခု မယူလာ‌သောအခါ သူတို့က ‌ပြောဆိုကြသည်- “အသင်သည် တန်ခိုး‌တော်တစ်စုံတစ်ခုကို အဘယ့်‌ကြောင့် ‌ရွေးချယ်မယူခဲ့သနည်း။“ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ငါ့ထံသို့ ‌ပေးပို့‌တော်မူ‌သော ဝဟီအမိန့်‌တော်ကိုသာ လိုက်နာသူဖြစ်သည်။ ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အသင်တို့ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ (‌ပေးသနား‌တော်မူလိုက်‌သော) ထင်ရှားစွာ သိမြင်နိုင်‌သော သက်‌သေသာဓက တန်ခိုး‌တော်ပင် ဖြစ်သည်။ ၎င်းပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည့်အပြင် သနားကရုဏာလည်းဖြစ်သည်။

    [204] ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ် ဖတ်ရွတ်ခြင်းခံရ‌သောအခါ အသင်တို့သည် (အရှင်မြတ်၏)သနားကရုဏာ‌တော်ကို ရရှိခံစားရရန်အတွက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို ဆိတ်ငြိမ်စွာ အာရုံစိုက်၍ နား‌ထောင်ကြပါ။

    [205] ထို့ပြင် အသင်သည် နံနက်နှင့်ည‌နေ၌* အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အသင့်စိတ်နှလုံးထဲ၌ ကျို့ငဲ့၍ ‌ကြောက်ရွံ့ရိုကျိုးလျက် ကျယ်‌လောင်‌သော အသံဖြင့် မဟုတ်ဘဲ သတိရ တသပါ။ ၎င်းပြင် အသင်သည် ဂရုမစိုက်‌သောသူများထဲတွင် အပါအဝင် မဖြစ်‌လေနှင့်။

    [206] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိ‌သောသူ (‌ကောင်းကင်တမန်)များသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုပြုခြင်းမှ မာန‌ထောင် မ‌နေကြ‌ပေ။ ၎င်းပြင် သူတို့သည် အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို ‌ပြောဆိုကြသည့်အပြင် သူတို့သည် အရှင်မြတ်ကိုသာ စဂျ်ဒဟ် ဦးချပြီး‌နေကြသည်။

    Surah 8
    စစ်ပစ္စည်းများ

    [1] သူတို့သည် အသင်(တမန်‌တော်)အား (စစ်တိုက်ရာမှ ရရှိ‌သော)လက်ရ(သုံ့ပန်း)ပစ္စည်းများနှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “လက်ရပစ္စည်းများသည် (အမှန်မှာ)အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်‌တော်မြတ်ပိုင်ဆိုင်‌တော်မူ‌သော ပစ္စည်းများပင်ဖြစ်သည်၊* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။* ၎င်းပြင် အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော်၏အမိန့်‌တော်များကို လို်က်နာကြပါ။

    [2] ဤသူများပင် (အမှန်)ယုံကြည်သူများဖြစ်ကြသည်။ (ထိုသူများ‌ရှေ့၌)အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင်၊ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းပြင် အကယ်၍ သူတို့‌ရှေ့၌ အရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြားခဲ့လျှင် သူတို့၏အီမာန်ယုံကြည်မှုကို တိုးပွားခိုင်မြဲ‌စေကြသည်။ ထို့ပြင် သူတို့သည် (ကိစ္စရပ်တိုင်းကို) သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအပ်နှင်းကြသည်။

    [3] အကြင်သူများသည် စွလာသ်ဝတ်ပြုမှုကို အမြဲ‌ဆောက်တည်ကြသည်။ ၎င်းပြင် သူတို့အား ငါအရှင်မြတ် ို‌ပေးသနား‌တော်မူ‌သောအရာများထဲမှ (လှူဒါန်း)သုံးစွဲကြသည်။

    [4] ထိုသူများပင် အမှန်ယုံကြည်သူများဖြစ်ကြသည်။ သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် (မြင့်မား‌သော)အဆင့်အတန်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်အပြင် မြင့်မြတ်‌သော ရိက္ခာလည်းရှိမည်။

    [5] အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မှန်ကန်မှုနှင့် ဆုံးဖြတ်၍ အသင့်အား အသင်၏အိမ်မှ ထွက်‌စေ‌တော်မူသကဲ့သို့ပင် ဖြစ်သည်။* အမှန်မှာ ယုံကြည်သူများထဲမှ လူတစ်စုသည် (ထိုကဲ့သို့ စစ်ထွက်ကြရသည်ကို) နှစ်သက်လိုလားမှု မရှိခဲ့ကြ‌ပေ။

    [6] သူတို့သည် အမှန်တရားနှင့် ပတ်သက်၍ ထိုအမှန်တရားသည် ထင်ရှားခဲ့ပြီး‌နောက် သူတို့သည် ‌သေခြင်းကို မြင်‌နေရလျက် ‌သေခြင်းဘက်သို့ ‌မောင်းနှင်ခံရသကဲ့သို့ အသင်နှင့် ငြင်းခုံခဲ့ကြ‌သေးသည်။

    [7] ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အုပ်စုနှစ်စုထဲမှ တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည် အသင်တို့၏လက်တွင်းသို့ အမှန်ပင် ကျ‌ရောက်လိမ့်မည်ဟု ကတိပြု‌တော်မူသည်။ ထို့‌နောက် အသင်တို့ကမူ ဆူး‌ငြောင့်(လက်နက်)မပါ‌သောအုပ်စုကိုသာ အသင်တို့၏လက်တွင်းသို့ ကျ‌ရောက်ရန် ‌မျှော်လင့်‌တောင့်တကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်များ အ‌ကြောင်းခံဖြင့် အမှန်တရားကို ထင်ရှား‌စေရန်အတွက်နှင့် ငြင်းပယ်သူများ၏ အ‌ခြေအမြစ်ကို ဖြတ်‌တောက်ပစ်‌တော်မူရန်အတွက်* ရည်ရွယ်‌တော်မူသည်။

    [8] (ထိုကဲ့သို့ ရည်ရွယ်‌တော်မူသည်ကို) အပြစ်ရှိသူများကမူ နှစ်သက်ကြမည် မဟုတ်‌သော်လည်း အမှန်ကို အတည်ဖြစ်‌စေရန်နှင့် အမှားကို ပယ်ပျက်သွား‌စေရန်အတွက် ဖြစ်သည်။

    [9] တစ်ခါက အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ ကူညီရန် ‌တောင်းခံ‌နေကြသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့၏‌တောင်းခံမှုကို (ဤသို့)ပြန်ကြား‌တော်မူခဲ့သည်- “အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး(ဆက်တိုက်)လာမည့်* ‌ကောင်းကင်တမန်တစ်‌ထောင်နှင့် ကူညီ‌တော်မူမည်။“

    [10] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထို(သို့ ‌ကောင်းကင်တမန် ‌စေလွှတ်ပြီး ကူညီ‌တော်မူမည်ဟု) ကတိ‌ပေး‌တော်မူခြင်းသည် (အသင်တို့အတွက်) ဝမ်း‌မြောက်ဖွယ်သတင်း‌ကောင်းအဖြစ်နှင့် အသင်တို့၏ စိတ်နှလုံးများကို ထိုသတင်းနှင့် နှစ်သိမ့်‌အေးချမ်းရန်အတွက် ပြုလုပ်‌တော်မူခဲ့ခြင်းသာဖြစ်သည်။ ၎င်းပြင် ‌အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှသာ ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [11] တစ်ခါက အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ အသင်တို့အ‌ပေါ်၌ အ‌မောပန်း‌ပြေ‌စေရန်အတွက် ငိုက်မျဉ်းခြင်းကို ဖုံးလွှမ်း‌စေ‌တော်မူခဲ့သည်။ (စစ်ပွဲတွင် မွတ်စ်လင်မ်စစ်သားများ အိပ်ငိုက်‌နေသည်ကို ကာဖိရ်စစ်သားများ မြင်‌တွေ့ပြီး ဤအချိန်၌ပင် အိပ်ငိုက်နိုင်‌သေးသည့် စစ်သားများ၏ရဲရင့်မှုအ‌ပေါ် ‌ကြောက်ရွံ့မှု ဖြစ်‌ပေါ်ခဲ့ကြသည်။) ၎င်းပြင် အသင်တို့(၏ စိတ်နှလုံး)ထဲမှ ရှိုင်သွာန်၏လှုံ့‌ဆော်ချက်ကို ပ‌ပျောက်‌စေရန်အတွက်၊ ၎င်းပြင် အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်‌စေရန်အတွက်နှင့် ‌ခြေများကို ထို(မိုး‌ရေ)နှင့် ခိုင်မြဲ‌စေရန်အတွက် ရွာသွန်းချ‌ပေး‌တော်မူခဲ့သည်။

    [12] တစ်ခါက အသင်(တမန်‌တော့်)ကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌ကောင်းကင်တမန်များထံသို့ ဝဟီ အမိန့်‌တော် (ဤသို့)ချမှတ်‌တော်မူခဲ့သည်- “ငါအရှင်မြတ်သည် အမှန်ပင် အသင်တို့နှင့် အတူရှိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ယုံကြည်သူများအား တည်မြဲ‌အောင်လုပ်ကြပါ။* မကြာမီ ငါအရှင်မြတ်သည် ကာဖိရ်များ၏စိတ်နှလုံးများထဲ၌ ‌ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်း‌တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် သူတို့၏လည်ကုပ်များကို ခုတ်ဖြတ်ကြပါ။ ၎င်းပြင် အသင်တို့သည် သူတို့၏ လက်‌ချောင်းများ၏အဆစ်များကို တစ်ခုစီ ဖြတ်‌တောက်ကြပါ။“ (‌ခေတ်တိုင်း၊ ‌နေရာတိုင်းက ကာဖိရ်တိုင်းကို ဤသို့သတ်ဖြတ်ရန် အမိန့်‌ပေးထားသည် မဟုတ်‌ပေ။)

    [13] ဤသည် အမှန်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား ဆန့်ကျင်ခဲ့ခြင်း‌ကြောင့် (ဤသို့ အမိန့်ချမှတ်ခြင်း)ဖြစ်သည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်လျှင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာ ပြစ်ဒဏ်စီရင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [14] သို့ဖြစ်ရာ အသင်တို့သည် ဤ(ပြစ်ဒဏ်)ကို မြည်းစမ်းလိုက်ကြပါ။ ၎င်းပြင် အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ ခံစားကြရန်အတွက် ဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် (အဆင်သင့်)ရှိသည်။

    [15] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများကို စစ်‌မြေပြင်တွင် ‌တွေ့ဆုံကြ‌သောအခါ သူတို့ကို ‌ကျောခိုင်းထွက်မ‌ပြေးကြ‌လေနှင့်။

    [16] ထို့‌နောက် မည်သူမဆို ထို‌နေ့တွင် ချီတက်မှုလွှဲ‌ပြောင်းစစ်ဆင်ခြင်း သို့မဟုတ် (မိမိ၏)တပ်ဖွဲ့တစ်ဖွဲထံသို့ ပူး‌ပေါင်း‌နေရာယူခြင်းမှလွဲ၍ သူတို့ကို ‌ကျောခိုင်းသွားခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်‌တော်သင့်၍ ပြန်ခဲ့သည်ပင်ဖြစ်သည်။ ၎င်းပြင် ဂျဟန္နမ်ငရဲဘုံသည် သူ၏‌နေရာထိုင်ခင်း ဖြစ်သည်။ ထို့ပြင် (ငရဲဘုံသည်) အဘယ်မျှ ဆိုးရွား‌သော ပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။

    [17] ထို့‌နောက် အသင်တို့သည် ထို(ကာဖိရ်ငြင်းပယ်‌သော)သူများအား သတ်ဖြတ်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သူတို့အား သတ်ဖြတ်‌တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အသင်(တမန်‌တော်)သည် (သူတို့အား သဲများနှင့်)ပစ်ပက်စဉ်ကလည်း အသင်ပစ်ပက်ခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ပစ်ပက်‌တော်မူခဲ့ခြင်းဖြစ်သည်။* ၎င်းပြင် ယုံကြည်‌သောသူများအား အရှင်မြတ်ထံ‌တော်မှ ‌ကောင်းမွန်‌သောစမ်းသပ်မှုနှင့် စမ်းသပ်‌ကျေးဇူးပြု‌တော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [18] ဤသည် ဖြစ်ပျက်ခဲ့‌သောကိစ္စတစ်ခုဖြစ်သည်၊ ၎င်းပြင် (‌နောက်ကိစ္စတစ်ခုမှာ ဤသို့ ဖြစ်ခဲ့သည်) အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သူများ၏ အကြံအစည်ကိုလည်း အမှန်စင်စစ် ချည့်နဲ့(ပျက်စီး)‌စေ‌တော်မူမည်။

    [19] အကယ်၍ အသင်တို့သည် စီရင်ဆုံးဖြတ်ချက်ကို ရလိုသည်ဆိုလျှင် စီရင်ဆုံးဖြတ်ချက်သည် အသင်တို့‌ရှေ့၌ပင် အမှန်စင်စစ် အသင့်‌ရောက်ရှိ‌နေပြီဖြစ်သည်။* ၎င်းပြင် အကယ်၍ အသင်တို့သည် ထပ်ပြီးပြုလုပ်ကြဦးမည်ဆိုလျှင် ငါအရှင်မြတ်လည်း ထပ်ပြီးပြုလုပ်‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် အသင်တို့၏အုပ်စုသည် မည်မျှပင် များသည်ဖြစ်‌စေ၊ အသင်တို့အတွက် အနည်းငယ်မျှပင် လုံးဝ အသုံးဝင်မည် မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယုံကြည်‌သောသူများနှင့်အတူတကွ ရှိ‌တော်မူသည်။

    [20] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင်မြတ်၏တမန်‌တော့် အမိန့်‌တော်များကို လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်‌တော်များမှ လွှဲဖယ်မသွားကြနှင့်။

    [21] ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ထိုသူများသည် (မည်သည့်အရာကိုမျှ) ကြားကြသည်မဟုတ်ဘဲလျက် ကျွန်ုပ်တို့ကြားကြပါပြီ*ဟု ‌ပြောဆိုခဲ့ကြသည်။

    [22] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆိုးဆုံးသတ္တဝါသည် နားပင်း၊ ဆွံ့အ‌သော သတ္တဝါများပင်ဖြစ်ကြသည်။ ထိုသတ္တဝါများသည် (မည်သည့်အရာကိုမျှ) သိနားလည်ခြင်း မရှိကြ‌ပေ။

    [23] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကယ်၍ သူတို့တွင် ‌ကောင်း‌သောအချက် တစ်စုံတစ်ရာကိုသာ သိမြင်‌တော်မူခဲ့လျှင် သူတို့အား အမှန်ပင် ကြားနာ‌စေ‌တော်မူခဲ့မည်ဖြစ်သည်။ ၎င်းပြင် အကယ်၍ သူတို့အား (ယခု)ကြားနာ‌စေ‌တော်မူမည်ဆိုလျှင်လည်း သူတို့သည် ဂရုမစိုက်‌သောသူများဖြစ်လျက် အမှန်စင်စစ် မျက်နှာလွှဲသွားကြမည်ဖြစ်သည်။

    [24] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်၏အမိန့်‌တော်များကို ထိုတမန်‌တော်သည် အသင်တို့အား အသင်တို့ အသက်ရှင်‌စေနိုင်‌သော ကိစ္စများဘက်သို့ ဖိတ်‌ခေါ်‌သောအခါ လက်ခံလိုက်နာကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးကြား၌ ကာဆီးလျက်ရှိ‌နေ‌တော်မူသည်*ဆိုသည်ကိုလည်း‌ကောင်း၊ အမှန်ပင် အရှင်မြတ်ထံ‌တော်တွင် အသင်တို့ စုရုံးခြင်း ခံကြရမည်ဆိုသည်ကိုလည်း‌ကောင်း အသင်တို့ သိရှိထားကြပါ။

    [25] ထို့ပြင် အသင်တို့သည် အကြင်အပြစ်ဒဏ်ကို ‌ကြောက်ရွံ့ကြပါ။ ထိုပြစ်ဒဏ်သည် အသင်တို့ထဲမှ မတရားကျူးလွန်သူများအ‌ပေါ်၌သာ သီးသန့် ကျ‌ရောက်လာမည်မဟုတ်‌ပေ။* ၎င်းပြင် စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ခတ်‌တော်မူ‌သောအရှင် ဖြစ်သည်ကိုလည်း အသင်တို့ သိရှိထားကြပါ။

    [26] ထို့ပြင် အသင်တို့သည် သတိရကြပါ။ တစ်ခါက အသင်တို့သည် အနည်းငယ်မျှသာ ရှိခဲ့ကြသည်။ ကမာ္ဘ‌မြေတွင် အင်အားချည့်နဲ့သူများ ဖြစ်ခဲ့ကြသည်။ အသင်တို့သည် အသင်တို့အား လူများက ရုတ်တရက် လုယက်တိုက်ခိုက် သတ်ဖြတ်ကြမည်ကိုပင် စိုးရိမ်‌နေကြရသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန်အတွက် အသင်တို့အား ခိုကိုးရန်‌နေရာ(မဒီနာဟ်မြို့တွင်)ချ‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏အကူအညီဖြင့် အင်အားဖြည့်တင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား သန့်ပြန့်‌သော ရိက္ခာများကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။

    [27] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်အ‌ပေါ်တွင် (တာဝန်ပျက်ကွက်ခြင်းနှင့်) သစ္စာမ‌ဖောက်ကြနှင့်။* ၎င်းပြင် အသင်တို့သည် အသင်တို့အား အပ်နှံထား‌သောပစ္စည်းများကို အသင်တို့ သိပါလျက်နှင့် သစ္စာ‌ဖောက် အလွဲသုံးစား မလုပ်ကြနှင့်။

    [28] ထို့ပြင် အသင်တို့၏ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် စမ်းသပ်မှုတစ်ခုပင်* ဖြစ်သည့်အပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ကြီးမား‌သောဆုလာဘ် အမှန်စင်စစ်ရှိသည်ကို အသင်တို့ သိရှိထားကြပါ။

    [29] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြလျှင် အရှင်မြတ်သည် အသင်တို့အား (အမှားနှင့်အမှန်)ခွဲခြားသိရှိနိုင်‌စေ‌သောအရာ*ကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့၏ မ‌ကောင်းမှုများကိုလည်း ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမား‌သော ‌ကျေးဇူး‌တော်ရှင် ဖြစ်‌တော်မူသည်။

    [30] ထို့ပြင် တစ်ခါက ကာဖိရ်ငြင်းပယ်သူများသည် အသင်(တမန်‌တော်)နှင့်ပတ်သက်၍ အသင့်အား ဖမ်းချုပ်ရန်၊ သို့မဟုတ် အသင့်အား သတ်ဖြတ်ရန်၊ သို့မဟုတ် အသင့်အား(မက္ကဟ်မြို့မှ)နှင်ထုတ်ကြရန် (တိတ်ဆိတ်စွာ)ကြံစည်‌နေကြသည်။ ထို့ပြင် သူတို့သည် (သူတို့၏ကြံစည်မှုများကို)ကြံစည်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်လည်း (အရှင်မြတ်၏ကြံစည်မှုကို)ကြံစည်‌နေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး ကြံစည်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ရွတ်ပြခြင်းခံရ‌သောအခါ သူတို့က (ဤသို့)‌ပြောဆိုကြသည်- “ငါတို့သည် အမှန်ပင် (ဤသည်ကို)ကြားဖူးပြီးဖြစ်သည်။ အကယ်၍ ငါတို့ အလိုရှိလျှင် ငါတို့လည်း ဤ(အာယသ်များ)ကဲ့သို့ အမှန်ပင် ‌ပြောဆိုနိုင်ကြသည်။ ဤသည် ‌ရှေးကသူများ၏ ပုံပြင်များသာဖြစ်သည်။“

    [32] ထို့ပြင် တစ်ခါက သူတို့က ‌ပြောဆို‌လျှောက်ထားကြသည်- “အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(ကုရ်အာန်)သည် အရှင်မြတ်ထံ‌တော်မှ အမှန်စင်စစ် ဖြစ်ခဲ့သည်ဆိုလျှင် အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်သို့ ‌ကောင်းကင်မှ ‌ကျောက်ခဲမိုးရွာသွန်း‌စေ‌တော်မူပါ။ သို့မဟုတ် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်တစ်စုံတစ်ခုကို ကျွန်ုပ်တို့အ‌ပေါ်၌ ကျ‌ရောက်‌စေ‌တော်မူပါ။“

    [33] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ထဲတွင် အသင်(တမန်‌တော်)ရှိ‌နေပါလျက် သူတို့အား (မြင်သာထင်ရှား‌သော သဘာဝလွန်) ပြစ်ဒဏ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။* ၎င်းပြင် သူတို့သည် (မ‌ကောင်းမှုများမှ) လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံ‌နေပါလျက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။

    [34] ၎င်းပြင် သူတို့သည် အလ်မတ်စ်ဂျိဒုလ်ဟရာမ် ဗလီဝတ်‌ကျောင်း‌တော်(၌ ဝတ်ပြုခြင်းများ)မှ တားဆီး‌နေကြပါလျက်၊ ၎င်းပြင် သူတို့သည် ထိုဗလီ‌ကျောင်း‌တော်ကို ‌စောင့်‌ရှောက်‌သော ‌ဂေါပကလူကြီးများလည်း မဟုတ်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အပြစ်မ‌ပေးရန် မည်သည့်အ‌ကြောင်း ရှိ‌တော့မည်နည်း။ အမှန်မှာ ထိုဗလီဝတ်‌ကျောင်း‌တော်ကို အုပ်ထိန်းသူများသည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသာ ဖြစ်နိုင်ကြသည်။ သို့ရာတွင် သူတို့ထဲမှ များစွာ‌သောသူတို့သည် သိနားလည်မှု မရှိကြ‌ပေ။

    [35] ၎င်းပြင် အိမ်‌တော်(ကအ်ဗဟ်‌ကျောင်း‌တော်)တွင် သူတို့၏စွလာသ်ဝတ်ပြုမှုသည် ‌လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းသာဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် ‌သွေဖည်ငြင်းဆန်မှု ပြုလုပ်ခဲ့သည့်အတွက်‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းကြပါ။

    [36] အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများသည် (လူများအား)အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်မှ တားဆီးရန် သူတို့၏ပစ္စည်းဥစ္စာများကို သုံးစွဲကြသည်။ ၎င်းပြင် သူတို့သည် ထိုပစ္စည်းများကို သုံးစွဲ‌နေဦးမည်ပင် ဖြစ်သည်။ ထို့‌နောက် ထိုပစ္စည်းများသည် သူတို့အ‌ပေါ်၌ ဝမ်းနည်းစရာဖြစ်သွားမည်။ ၎င်းပြင် သူတို့သည် လွှမ်းမိုးခြင်းကို ခံကြရဦးမည်ဖြစ်သည်။ ၎င်းပြင် ကာဖိရ်များသည် ဂျဟန္နမ်ငရဲဘုံထံသို့ စုရုံး‌စေခြင်း ခံကြရမည်ဖြစ်သည်။

    [37] အလ္လာဟ်အရှင်မြတ်သည် သူယုတ်မာများအား ‌ကောင်းမြတ်‌သောသူများနှင့် ခွဲခြား‌တော်မူရန်အတွက် လည်း‌ကောင်း၊ သူယုတ်မာများအား တစ်ဦး‌ပေါ်တစ်ဦး ထပ်ဆင့်‌တော်မူ၍ အားလုံးကို စုပုံပြီး ငရဲဘုံထဲသို့ ပို့‌ဆောင်‌တော်မူရန်အတွက်လည်း‌ကောင်း (ပြုလုပ်‌တော်မူခြင်း)ဖြစ်သည်။ ထိုသူများပင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြသည်။

    [38] (အို- တမန်‌တော်)အသင်သည် ငြင်းပယ်သူများကို (ဤသို့)‌ပြောလိုက်ပါ- အကယ်၍ သူတို့သည် (ငြင်းပယ်မှုမှ)ရပ်စဲကြလျှင် လွန်ခဲ့‌သောပြစ်မှုများသည် သူတို့အတွက် ခွင့်လွှတ်ပြီးဖြစ်သည်။* ၎င်းပြင် အကယ်၍ သူတို့သည် ထပ်မံပြီး ပြုလုပ်ကြလျှင်၊ အမှန်စင်စစ် ‌ရှေးကသူများနှင့်ပတ်သက်‌သော (ငါအရှင်မြတ်၏)လုပ်ထုံးလုပ်နည်း (အ‌ရေးယူ‌နေကျပုံစံ)သည် (နမူနာအ‌နေဖြင့်)‌ရောက်ရှိခဲ့ပြီဖြစ်သည်။

    [39] ထို့ပြင် အသင်တို့သည် သူတို့ကို (သာသနာ‌ရေးနှင့်ပတ်သက်၍)နှိပ်စက်ညှဉ်းပန်းချုပ်ချယ်မှုသည် ပ‌ပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သွားသည်အထိ တိုက်ခိုက်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် (တိုက်ခိုက်မှုမှ)ရပ်စဲခဲ့ကြလျှင်၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို အကြွင်းမဲ့မြင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [40] ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား(ကူညီ‌တော်မူမည့်)မိတ်‌ဆွေ ဖြစ်‌တော်မူသည်ကို အသင်တို့ သိထားလိုက်ကြပါ။ အရှင်မြတ်သည် အဘယ်မျှ‌ကောင်း‌သော မိတ်‌ဆွေနှင့် အဘယ်မျှ‌ကောင်း‌သော ကူညီ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်ပါသနည်း။

    [41] ထို့ပြင် အသင်တို့ သိရှိထားရမည်မှာ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံကြည်ခဲ့သည်ဆိုလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရှင်မြတ်၏ကျွန်(မုဟမ္မဒ်-ဆွ)၏အ‌ပေါ်ကို (ယုံကြည်သူနှင့် မယုံကြည်သူများကို)ခွဲခြားသိသာ‌စေ‌သော‌နေ့၊ အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်‌တွေ့ကြုံခဲ့ကြ‌သော‌နေ့၌ ချ‌ပေးသနား‌တော်မူခဲ့‌သောအရာ (သက်‌သေသာဓကများ)ကို* ယုံကြည်ခဲ့သည်ဆိုလျှင်၊ အသင်တို့သည် (စစ်တိုက်ရာမှ)လက်ရပစ္စည်းများရရှိခဲ့လျှင်* ထိုပစ္စည်းများထဲမှ ငါးပုံတစ်ပုံသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်၊ တမန်‌တော်မြတ်အတွက်၊ (တမန်‌တော်မြတ်၏)‌ဆွေမျိုးရင်းချာများအတွက်၊ အဘမဲ့က‌လေးများအတွက်၊ ဆင်းရဲသားများအတွက်နှင့် ခရီးသည်များအတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [42] တစ်ခါက အသင်တို့သည် (မဒီနဟ်အနီးမှ လျှို‌မြောင်)အနီးတွင် ရှိခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အ‌ဝေး၌ရှိခဲ့ကြသည်။ ၎င်းပြင် ကုန်သည်အုပ်စုကမူ အသင်တို့၏ ‌အောက်ပိုင်းတွင် ရှိခဲ့ကြသည်။* အကယ်၍သာ အသင်တို့(နှင့် ထိုသူများ)သည် အချင်းချင်း (တစ်ဖက်နှင့်တစ်ဖက်)ချိန်းဆိုခဲ့ကြလျှင်၊ အမှန်စင်စစ် အသင်တို့သည် ထိုချိန်းဆိုမှုနှင့်ပတ်သက်၍ ကွဲလွဲခဲ့ကြဦးမည်။ (မွတ်စ်လင်မ်များဘက်မှ လက်နက်မပြည့်စုံ‌သေးဟုဆိုပြီး အချိန်သတ်မှတ်ရာတွင် ဆိုင်းငံ့ရန် လက်နက်စု‌ဆောင်းရန် တစ်‌ယောက်တစ်မျိုး ‌ပြောကြမည်။ ကာဖိရ်များဘက်မှလည်း တမန်‌တော်မြတ်-ဆွ၏ မှန်ကန်မှု အရှိန်အဝါ‌ကြောင့် တိုက်ခိုက်၍ နိုင်မှနိုင်ပါမည်‌လောဟူသည့် စိုးရိမ်စိတ်များနှင့် အချင်းချင်း အချိန်သတ်မှတ်ချိန်းဆိုရန် အကွဲအလွဲများဖြစ်ပြီး‌နောက် နှစ်ဖက် စစ်ဖြစ်ရန် ‌ဝေးသွားနိုင်သည်)။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (သူတို့နှစ်ဖက် ထိပ်တိုက်‌တွေ့ဆုံမှု)ဖြစ်ရမည့် ကိစ္စတစ်ခုကို ပြီး‌မြောက်‌စေ‌တော်မူရန်အတွက်၊ (အ‌ကြောင်းခံများအဖြစ် ကာဖိရ်များသည်လည်း သူတို့၏ ကုန်သည်အုပ်စု၏ လုံခြုံ‌ရေးအတွက် မလွှဲမ‌ရှောင်သာ တိုက်ခိုက်ရန် ပြင်ဆင်ပြီး ထွက်လာခဲ့ကြရာ မွတ်စ်လင်မ်များသည်လည်း သူတို့နှင့် မလွှဲမ‌ရှောင်သာ တိုက်ရ‌တော့မည် ဖြစ်သွားခဲ့ရသည်။) ‌သေ‌ကြေပျက်စီးမည့်သူသည် (အစ္စလာမ်မှန်ကန်‌ကြောင်း၊ ကုဖ်ရ်မှားယွင်း‌ကြောင်း) သက်‌သေလက္ခဏာ ထင်ရှားစွာ (‌တွေ့မြင်ပြီး‌နောက်) အသက်ထင်ရှားရှိ‌စေရန်အတွက် (ထိုအုပ်စုနှစ်ခုကို ဗဒရ်တွင် မလွဲ‌အောင် ထိပ်တိုက်ရင်ဆိုင်‌စေ‌တော်မူခြင်း)ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [43] ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်(တမန်‌တော်)၏အိပ်မက်ထဲ၌ သူတို့(၏ အ‌ရေအတွက်)ကို အနည်းငယ်သာ ပြသ‌တော်မူခဲ့သည်။ အကယ်၍သာ အရှင်မြတ်သည် အသင့်အား သူတို့(၏ အ‌ရေအတွက်)ကို များပြားစွာ ပြသ‌တော်မူခဲ့လျှင် အသင်တို့သည် အမှန်စင်စစ် စိတ်ဓာတ်ကျခဲ့မည့်အပြင်၊ ထိုကိစ္စနှင့်ပတ်သက်၍ အချင်းချင်း အငြင်းပွားပြီး စကားများခဲ့ကြမည် အမှန်ပင်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓာတ်ကျခြင်းနှင့် အငြင်းပွားခြင်းမှ)ကယ်ဆယ်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်များကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [44] ထို့ပြင် တစ်ခါက အရှင်မြတ်သည် အသင်တို့ (သူတို့နှင့် ရင်ဆိုင်)‌တွေ့ဆုံကြစဉ်မှာ သူတို့(၏ အ‌ရေအတွက်)ကို အသင်တို့အမြင်၌ ‌လျှော့၍ပြသ‌တော်မူခဲ့သည်။ ၎င်းပြင် အသင်တို့ကိုလည်း သူတို့၏အမြင်၌ ‌လျှော့၍ပင် ပြသ‌တော်မူခဲ့သည်။ (ထိုကဲ့သို့ ပြု‌တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ပြုလို‌တော်မူ‌သောကိစ္စ (မွတ်စ်လင်မ်များ၏ ‌အောင်နိုင်မှု)တစ်ခုကို (ဖြစ်‌ပေါ်ထင်ရှား)ပြီး‌မြောက်‌စေ‌တော်မူရန်အတွက် ဖြစ်သည်။* ၎င်းပြင် ကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လှည့်ခံရမည်ဖြစ်သည်။

    [45] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အုပ်စုတစ်စုစုနှင့် (ရင်ဆိုင်)‌တွေ့ဆုံကြ‌သောအခါ ကြံ့ကြံ့ခံရပ်တည်ကြပါ။ ၎င်းပြင် အသင်တို့ ‌အောင်မြင်ရန်အတွက် အလ္လာဟ်အရှင်မြတ်ကိုများစွာ သတိရ တသကြပါ။

    [46] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင်မြတ်၏တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာကြပါ။* ထို့ပြင် အသင်တို့သည် အချင်းချင်း အငြင်းမပွားကြနှင့်။* ထိုသို့ အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓာတ်ကျလိမ့်မည်။ အသင်တို့၏‌လေ(အင်အား)သည်လည်း ‌လျော့နည်းသွားလိမ့်မည်။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သည်းခံ‌သောသူများနှင့်အတူ ရှိ‌တော်မူသည်။

    [47] ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်။* ထိုသူများသည် သူတို့၏အိမ်များမှ ကြွားဝါပြီး လူများအား ပြစားကာ ထွက်လာခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို ခြုံငုံ၍ သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [48] ထို့ပြင် တစ်ခါက ရှိုင်သွာန်သည် သူတို့၏အပြုအမူများကို သူတို့၏အမြင်တွင် လှပ‌အောင် တန်ဆာဆင်ပြခဲ့သည်။ ၎င်းပြင် ထိုရှိုင်သွာန်က ‌ပြောဆိုခဲ့သည်- “ယ‌နေ့ လူများထဲမှ အသင်တို့ကို ‌အောင်နိုင်မည့်သူဟူ၍ မည်သူမှ မရှိ‌ပေ။ အမှန်ပင် ငါသည် အသင်တို့ကို ကာကွယ်‌စောင့်‌ရှောက်မည့်သူဖြစ်သည်။“ ထို့‌နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြ‌သောအခါ ထိုရှိုင်သွာန်သည် ‌နောက်ဆုတ်ထွက်‌ပြေးသွားခဲ့သည်။ ၎င်း‌နောက် သူက ‌ပြောသည်- “အမှန်ပင် ငါသည် အသင်တို့နှင့် မပတ်သက်‌ပေ၊ တာဝန်ကင်းသည်။ အမှန်မှာ ငါသည် အသင်တို့ မမြင်ရ‌သောအရာကို မြင်ရသည်။ ငါသည် အမှန်ပင် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။“

    [49] တစ်ခါက မုနာဖိက် အ‌ယောင်‌ဆောင်များနှင့် စိတ်နှလုံးထဲတွင် ‌ရောဂါစွဲကပ်‌နေသူများ*က (မွတ်စ်လင်မ်များနှင့်ပတ်သက်၍) ‌ပြောဆိုကြသည်- “ ဤသူများအား သူတို့၏ဒီန်သာသနာက လှည့်စားထားသည်။“ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမှန်စင်စစ် ယုံပုံအပ်နှင်းလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [50] ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် (ဤမြင်ကွင်းကို)မြင်ရလျှင် (အံ့ဩသွားမည်)၊ တစ်ခါတွင်- ‌ကောင်းကင်တမန်များသည် ကာဖိရ်များ၏အသက်ကို နှုတ်ယူ‌သောအချိန်၌ သူတို့၏မျက်နှာများနှင့် သူတို့၏‌ကျောကုန်းများကို ရိုက်နှက်ပြီး “အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“(ဟု ‌ပြောဆိုကြမည်)။

    [51] ဤသည် အသင်တို့၏လက်များက ကြိုတင်ပို့နှင့်ထားပြီးဖြစ်‌သောအရာ(မ‌ကောင်းမှုများ)‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို နှိပ်စက်‌တော်မူ‌သောအရှင် လုံးဝမဟုတ်‌ပေ။

    [52] (ထိုအပြစ်ခံရ‌သော ကာဖိရ်များ၏အ‌ခြေအ‌နေသည်)ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏ အ‌ခြေအ‌နေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ အ‌ခြေအ‌နေကဲ့သို့ ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သူတို့၏ မ‌ကောင်းမှုများ‌ကြောင့် အ‌ရေးယူကွပ်မျက်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ အလွန်ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [53] ဤသည် အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတစ်မျိုးအ‌ပေါ်၌ ပြု‌တော်မူခဲ့‌သော မည်သည့်‌ကျေးဇူး‌တော်ကိုမှ ထိုလူမျိုးများသည် သူတို့ကိုယ်တိုင် သူတို့၏အ‌ခြေအ‌နေကို မ‌ပြောင်းလဲသ‌ရွေ့ ‌ပြောင်းလဲ‌ပေး‌တော်မမူ‌ပေ။* ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [54] (ထိုကာဖိရ်များ၏အ‌ခြေအ‌နေသည်)ဖိရ်‌အောင်န်၏ အ‌ခြွေအရံများ၏ အ‌ခြေအ‌နေနှင့် သူတို့မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ အ‌ခြေအ‌နေကဲ့သို့ ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို သူတို့၏ မ‌ကောင်းမှုများ‌ကြောင့် ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်၏အ‌ခြွေအရံများကို နစ်မြှပ်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့အားလုံးသည် မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။

    [55] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆိုးဆုံးသတ္တဝါများသည်* ထိုငြင်းပယ်‌သောသူများပင် ဖြစ်သည်။ ၎င်းပြင် သူတို့သည် ယုံကြည်ကြမည်လည်း မဟုတ်‌ပေ။

    [56] ထိုကာဖိရ်များကမူ အသင်သည် သူတို့ထံမှ ကတိကဝတ်ယူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် သူတို့သည် သူတို့၏ကတိကဝတ်ကို အကြိမ်တိုင်း ‌ဖောက်ဖျက်ကြသည်။ ထို့‌နောက်လည်း သူတို့သည် အရှင်မြတ်အား မ‌ကြောက်ရွံ့ကြ‌ပေ။

    [57] သို့ဖြစ်ရာ အကယ်၍ အသင်သည် သူတို့အား စစ်ပွဲတွင် အမှန်ပင်ဖမ်းမိလျှင်၊ အသင်သည် သူတို့နှင့် သူတို့‌နောက်၌ရှိ‌သော(ရန်)သူများကို သူတို့ သတိတရားရကြပြီး (ကတိချိုး‌ဖောက်မှုကို ‌ရှောင်)ရန်အတွက် (ထိုဖမ်းမိထား‌သောသူများအား ဖရိုဖရဲဖြစ်‌အောင်)‌မောင်းထုတ်လိုက်ပါ။

    [58] ထို့ပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာ‌ဖောက်မည်ကို စိုးရိမ်မှုဖြစ်လျှင်၊ အသင်သည် (သူတို့နှင့် ချုပ်ဆိုထား‌သောစာချုပ်ကို)သူတို့ထံသို့ ပြန်အပ်လိုက်ပါ။ (ထိုအခါ စာချုပ်ရုပ်သိမ်းပြီးဖြစ်‌ကြောင်း သိ‌သောကိစ္စတွင် အသင်နှင့်သူတို့သည်) တန်းတူဖြစ်သွားမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကတိ‌ဖောက်ဖျက်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [59] ထို့ပြင် ကာဖိရ်များက “သူတို့သည် လွတ်‌မြောက်သွားပြီး“ဟု လုံးဝမထင်မှတ်ရ‌ပေ။* အမှန်စင်စစ် သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြသည် မဟုတ်‌ပေ။

    [60] ထို့ပြင် အသင်တို့သည် ထိုကာဖိရ်များနှင့် တိုက်ခိုက်ရန်အတွက် အသင်တို့တတ်နိုင်သမျှ (လက်နက်)အင်အားနှင့် ‌မွေးမြူထား‌သော မြင်းများကို အဆင်သင့် စု‌ဆောင်းထားကြပါ။ အသင်တို့သည် ထိုလက်နက်အင်အားနှင့် အလ္လာဟ်အရှင်မြတ်၏ ရန်သူများနှင့် အသင်တို့၏ရန်သူများအပြင် အခြား အသင်တို့ မသိကြ‌သေး‌သော ရန်သူများကိုလည်း ‌ခြောက်လှန့်ထားနိုင်မည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို သိ‌တော်မူသည်။ ထိုု့ပြင် အသင်တို့ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သုံးစွဲသမျှကို အသင်တို့သည် ‌လျှော့‌ပေးခြင်းမခံရဘဲလျက် ပြည့်ပြည့်ဝဝ ချီးမြှင့်‌တော်မူခြင်း ခံကြရမည်။

    [61] ထို့ပြင် အကယ်၍ သူတို့သည် စစ်‌ပြေငြိမ်းရန် ယိမ်းညွတ်(ဦးတည်)လာကြလျှင် အသင်လည်း စစ်‌ပြေငြိမ်းရန် ၎င်းတို့ဘက် ယိမ်းညွတ်(ဦးတည်)လိုက်ပါ။* ၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ် ယုံပုံ အပ်နှင်းလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [62] ထို့‌နောက် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အတွက် လုံ‌လောက်‌တော်မူ‌ပေသည်။* အရှင်မြတ်သည် အသင့်အား အရှင်မြတ်၏အကူအညီအပြင် အီမာန်ယုံကြည်သူများနှင့်လည်း အား‌ပေး‌တော်မူခဲ့သည်။

    [63] ထို့ပြင် အရှင်မြတ်သည် ထို(ယုံကြည်)သူများ၏ စိတ်နှလုံးများကြားထဲတွင် ညီညွတ်‌စေ‌တော်မူခဲ့သည်။ အကယ်၍ အသင်သည် ကမာ္ဘ‌မြေ‌ပေါ်၌ရှိသမျှအရာအားလုံးကို သုံးစွဲခဲ့လျှင်လည်း သူတို့၏ စိတ်နှလုံးများ၏ကြားတွင် ညီညွတ်‌စေနိုင်မည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ တန်ခိုး‌တော်ဖြင့်) သူတို့၏ကြားတွင် ညီညွတ်‌စေ‌တော်မူခဲ့သည်။* အမှန်ပင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [64] အို- တမန်‌တော်၊ အသင်နှင့် အသင်၏‌နောက်ကိုလိုက်ကြ‌သော ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူသည်။

    [65] အို- တမန်‌တော်၊ အသင်သည် ယုံကြည်သူများအား စစ်တိုက်ရန် တိုက်တွန်းနှိုး‌ဆော်ပါ။* အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ နှစ်ဆယ်ရှိလျှင်၊ သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်မည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ တစ်ရာရှိလျှင်၊ သူတို့သည် ကာဖိရ်ငြင်းပယ်သူများထဲမှ တစ်‌ထောင်ကို လွှမ်းမိုးနိုင်ကြလိမ့်မည်။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် သူတို့သည် နားမလည်သူများ ဖြစ်ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။

    [66] ယခုမူ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ ဝန်ထုပ်ကို) အသင်တို့ထံမှ ‌ပေါ့ပါး‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၌ အင်အား ဇွဲ သတ္တိနည်းပါးသည်ကိုလည်း သိရှိ‌တော်မူသည်။* သို့ဖြစ်ရာ အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်ရာရှိလျှင် သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်ကြမည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်‌ထောင်ရှိလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်နှင့် (ရန်သူ)နှစ်‌ထောင်ကို လွှမ်းမိုးနိုင်ကြမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဇွဲရှိသူများနှင့် အတူရှိ‌တော်မူသည်။

    [67] မည်သည့်တမန်‌တော်မဆို ကမာ္ဘ‌မြေတွင် တိုက်ခိုက်သတ်ဖြတ်မှုကို (‌သွေး‌မြေကျ‌အောင်)မပြု‌သေးသမျှ ကာလပတ်လုံး ထိုတမန်‌တော်တွင် (စစ်ပွဲမှ) လက်ရဖမ်းဆီးမိခဲ့‌သော သုံ့ပန်းများသည် မရှိသင့်‌ပေ။ အသင်တို့သည် ‌လောကီပစ္စည်းကို အလိုရှိကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ကမူ (အသင်တို့အတွက်) တမလွန်ဘဝ(၏စည်းစိမ်)ကိုသာ လိုလား‌တော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [68] အကယ်၍သာ အလ္လာဟ်အရှင်မြတ်ထံမှ ဥပ‌ဒေတစ်ခုသည် ယခင်ကတည်းက မရှိခဲ့လျှင် အသင်တို့ ယူခဲ့ကြသည်နှင့်ပတ်သက်၍ ကြီးကျယ်‌သောအပြစ်ဒဏ်သည် အသင်တို့၌ အမှန်စင်စစ် ထိ‌ရောက်ခဲ့လိမ့်မည်။

    [69] ယခုမူ အသင်တို့သည် (သူတို့ထံမှ လက်ရပစ္စည်းအဖြစ်) အသင်တို့ ရယူခဲ့ကြသည်များကို တရားဝင် သန့်စင်‌သောပစ္စည်းများအဖြစ် စားသုံးကြပါ။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (အရှင်မြတ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး စွဟာဗဟ်-ရသွီများအား ခွင့်လွှတ်‌တော်မူပြီးဖြစ်ရာ ၎င်းတို့အ‌ပေါ်တွင် ‌ဝေဖန်‌ပြောဆိုပိုင်ခွင့် မရှိ‌တော့‌ပေ။)

    [70] အို- တမန်‌တော်၊ အသင်သည် အသင်တို့၏လက်များအတွင်း၌ရှိ‌နေသာ လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို (ဤသို့)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ‌ကောင်းခြင်း တစ်စုံတစ်ခုကို အကယ်၍ သိရှိ‌တော်မူလျှင်၊ အရှင်မြတ်သည် အသင်တို့ထံမှ ယူခဲ့ပြီးဖြစ်‌သော(‌လျော်‌ကြေး)ပစ္စည်းထက် သာလွန်မြင့်မြတ်‌သောအရာကို အသင်တို့အား ချီးမြှင့်‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူမည်။“* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [71] ထို့‌နောက် အကယ်၍ သူတို့သည် အသင့်အား သစ္စာ‌ဖောက်ရန် ရည်ရွယ်ကြလျှင် အမှန်မှာ သူတို့သည် ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာ‌ဖောက်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် (အသင့်အား) သူတို့အ‌ပေါ်၌ လွှမ်းမိုး‌အောင်နိုင်‌စေ‌တော်မူခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [72] အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် အကြင်သူများသည် ခိုကိုးရန်‌နေရာများ‌ပေးခဲ့ကြသည်။ ထို့ပြင် အကြင်သူများကမူ ရိုင်းပင်းကူညီခဲ့ကြသည်။ ထိုသူများသည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏ အ‌မွေစားအ‌မွေခံများပင် ဖြစ်ကြသည်။ ထို့ပြင် အကြင်သူများကမူ ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုခဲ့ကြ‌ပေ။ ထိုသူများသည် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုသမျှကာလပတ်လုံး အသင်တို့အတွက် သူတို့၏ အ‌မွေဆက်ခံခြင်းသည် မည်သည့်အရာတစ်ခုမျှ မရှိ‌ပေ။* ထို့ပြင် အကယ်၍ သူတို့သည် ဒီန်သာသနာ‌ရေးနှင့်ပတ်သက်၍ အသင်တို့ထံမှ အကူအညီ ‌တောင်းခံကြသည်ဆိုလျှင် အသင်တို့နှင့် ကတိစာချုပ် ချုပ်ဆိုထား‌သော လူမျိုးမှလွဲ၍ အခြားလူမျိုးနှင့် ဆန့်ကျင်ပြီး ကူညီရိုင်းပင်ရန် အသင်တို့၌ တာဝန်ရှိသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [73] ထို့ပြင် ကာဖိရ်များသည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏ အ‌မွေစားအ‌မွေခံများပင် ဖြစ်ကြသည်။ အကယ်၍ အသင်တို့သည် ဤ(အမိန့်)အတိုင်း မပြုကြလျှင် ကမာ္ဘ‌မြေတွင် ရှုပ်‌ထွေးမှုပြဿနာနှင့် အကြီးအကျယ်ဖျက်ဆီးမှု ဖြစ်‌ပေါ်လာလိမ့်မည်။

    [74] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ခဲ့ကြသည်။ ထို့ပြင် အကြင်သူများသည် ခိုကိုးရန်‌နေရာများ‌ပေးခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ရိုင်းပင်းကူညီခဲ့ကြသည်၊ ထိုသူများပင် စစ်မှန်‌သော အီမာန်ယုံကြည်သူများ ဖြစ်ကြသည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်‌သော စားနပ်ရိက္ခာရှိသည်။

    [75] ထို့ပြင် အကြင်သူများသည် ‌နောက်မှ အီမာန်ယုံကြည်ခဲ့ကြသည်၊ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်း‌နေထိုင်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အသင်တို့နှင့်အတူ စစ်တိုက်ခဲ့ကြသည်။ သို့ဖြစ်လျှင် သူတို့သည်လည်း အသင်တို့ထဲတွင် အပါအဝင်ဖြစ်ကြသည်။ ထို့ပြင် ‌ဆွေမျိုးရင်းချာများကမူ အလ္လာဟ်အရှင်မြတ်၏ကျမ်း‌တော်ထဲ၌ အချင်းချင်း တစ်ဦး၏အ‌မွေကို တစ်ဦးက ပိုပြီးဆက်ခံထိုက်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 9
    နောင်တတရား

    [1] (ဤသည်) အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံမှ အသင်တို့ ကတိစာချုပ် ချုပ်ဆိုခဲ့ကြ‌သော မုရှ်ရိက်တို့အား (ထိုစာချုပ်နှင့်ပတ်သက်၍) လုံးဝ တာဝန်မရှိ‌ကြောင်း* (‌ကြေညာချက်)ဖြစ်သည်။

    [2] သို့ဖြစ်ရာ (အသင်‌ပြောလိုက်ပါ)- အသင်တို့သည် (ဤ)တိုင်းပြည်တွင် ‌လေးလထိ* (သာလွတ်လပ်စွာ) လှည့်လည်(သွားလာ)ကြပါ။ ၎င်းပြင် အသင်တို့သည် အမှန်ပင် အလ္လာဟ်အရှင်မြတ်အား (အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်းနှင့် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ‌သေးသိမ်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူ‌ကြောင်းကို (‌ကောင်းစွာ)သိမှတ်ထားကြပါ။

    [3] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံမှ ဟဂျ်ဂျိအက္ကဗရ်*‌နေ့၌ လူများထံသို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် (ကတိစာချုပ်ကို သူတို့ကိုယ်တိုင် ချိုးဖျက်ခဲ့ကြ‌သော) မုရှ်ရိက်များနှင့်ပတ်သက်၍ (ယခုကစပြီး) တာဝန်ကင်း‌တော်မူ‌ကြောင်း ‌ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် (ငြင်းပယ်မှုကို စွန့်လွှတ်ပြီး)ဝန်ချ‌တောင်းပန်ကြလျှင် ထိုဝန်ချ‌တောင်းပန်ခြင်းသည် အသင်တို့အတွက် အ‌ကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် (‌တောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြလျှင် အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်သူများ မဟုတ်‌ကြောင်း ‌ကောင်းစွာ သိမှတ်ထားကြပါ။ ထို့ပြင် အသင်သည် ကာဖိရ်များကို အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပေးလိုက်ပါ။

    [4] သို့ရာတွင် (၎င်းထဲ၌) အကြင်မုရှ်ရိက်များ (မပါဝင်‌ပေ၊ ထိုသူများ)အား အသင်တို့က ကတိကဝတ်ပြုခဲ့ကြသည်။ ထို့‌နောက် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ တာဝန်‌လျော့နည်းပျက်ကွက်ခြင်း မရှိခဲ့ကြ‌ပေ။ ၎င်းပြင် သူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍ မည်သူ့ကိုမှ ကူညီခဲ့သည်လည်း မရှိခဲ့‌ပေ။ ထိုသို့ဆိုလျှင် အသင်တို့သည် သူတို့နှင့် ထားရှိ‌သောကတိကို သူတို့(သတ်မှတ်သည့်)အချိန်ထိ ပြီး‌မြောက်‌အောင် ‌ဆောင်ရွက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်မြတ်နိုး‌တော်မူသည်။

    [5] ထို့‌နောက် ထွတ်မြတ်‌သောလများ ကုန်လွန်သွား‌သောအခါ အသင်တို့သည် (ကတိစာချုပ် ချိုးဖျက်ခဲ့ကြ‌သော)မုရှ်ရိက်များအား ‌တွေ့‌သော‌နေရာတွင် သတ်ဖြတ်ကြပါ။ ထို့ပြင် သူတို့အား ဖမ်းဆီးကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား ချုပ်‌နှောင်ထားကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား ပုန်း‌အောင်းရာ‌နေရာတိုင်း၌ (ဖမ်းဆီးရန်)‌ချောင်း‌မြောင်းထိုင်(ပြီး ရှာ‌ဖွေ)ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် (ငြင်းပယ်မှုကို စွန့်လွှတ်ပြီး)ဝန်ချ‌တောင်းပန်ကြမည်၊ ၎င်းပြင် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြမည်၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြမည်ဆိုလျှင် အသင်တို့သည် သူတို့၏လမ်းကို ဖွင့်လှစ်‌ပေးလိုက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] ထို့ပြင် အကယ်၍ မုရှ်ရိက်များထဲမှ တစ်ဦးတစ်‌ယောက်သည် အသင်၏ထံတွင် ခိုလှုံမှု‌တောင်းခံခဲ့လျှင် အသင်သည် ထိုသူအား သူသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ကြားနာနိုင်ရန်အတွက် အကာအကွယ်‌ပေးလိုက်ပါ။ ထို့‌နောက် အသင်သည် သူ့အား သူ၏‌ဘေးဒုက္ခ ကင်း‌ဝေး‌သော‌နေရာသို့ ပို့‌ဆောင်‌ပေးလိုက်ပါ။* ဤသည်မှာ သူတို့သည် မသိနားမလည်သူများဖြစ်သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။

    [7] အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံတွင် မုရှ်ရိက်များ၏ ကတိစာချုပ်ကို ‌ထောက်ထားလိုက်နာရန် တာဝန်မည်ကဲ့သို့ ရှိ‌တော့မည်နည်း။ သို့ရာတွင် မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီဝတ်‌ကျောင်း‌တော်အပါး၌ အသင်တို့ ကတိစာချုပ် ချုပ်ဆိုခဲ့‌သောသူများကမူ၊ သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိ‌နေသမျှ အသင်တို့သည်လည်း သူတို့နှင့်ပတ်သက်၍ ‌ဖြောင့်မတ်စွာ တည်ရှိကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ချစ်မြတ်နိုး‌တော်မူသည်။

    [8] (ထိုကဲ့သို့ ကတိမတည်‌သောသူများ၏ ကတိစာချုပ်ကို) မည်ကဲ့သို့ ‌ထောက်ထားနိုင်မည်နည်း။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့အ‌ပေါ်တွင် ‌အောင်နိုင်ကြလျှင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ ‌ဆွေမျိုး‌တော်စပ်ခြင်းကို‌သော်လည်း‌ကောင်း၊ ကတိစာချုပ် ချုပ်ဆိုထားခြင်းကို‌သော်လည်း‌ကောင်း ‌ထောက်ထားကြမည် မဟုတ်‌ပေ။ သူတို့သည် အသင်တို့အား သူတို့၏နှုတ်များဖြင့်သာ နှစ်သိမ့်‌စေကြသည်။ ၎င်းပြင် သူတို့၏စိတ်နှလုံးများကမူ (နှုတ်နှင့်)ဆန့်ကျင်လျက် ရှိကြသည်။ ၎င်းပြင် သူတို့ထဲမှ အများစုသည် စည်း‌ဖောက်သူမျာပင်*ဖြစ်ကြသည်။

    [9] သူတို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များဖြင့် အဖိုး‌ငွေ အနည်းငယ်ကို လဲလှယ်ဝယ်ယူခဲ့ကြသည်။ ထို့‌နောက် သူတို့သည် (လူများအား)အရှင်မြတ်၏လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြသည်။ အမှန်မှာ သူတို့ပြုသမျှသည် အလွန်ဆိုးရွားလှသည်။

    [10] သူတို့သည် မည်သည့်ယုံကြည်သူ တစ်ဦးတစ်‌ယောက်ကိုမှ ‌ဆွေမျိုး‌တော်စပ်မှုကို‌သော်လည်း‌ကောင်း၊ ကတိစာချုပ် ချုပ်ဆိုထားမှုကို‌သော်လည်း‌ကောင်း ‌ထောက်ထားကြသည် မဟုတ်‌ပေ။ ထို့ပြင် သူတို့ပင် လွန်ကျူးသူများဖြစ်ကြသည်။

    [11] ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ပြီး (အီမာန်ယုံကြည်ကာ) စွလာသ်‌ဆောက်တည်ကြလျှင်၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြလျှင် သူတို့သည် သာသနာတွင် အသင်တို့၏ ညီအစ်ကိုများပင်ဖြစ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်သည် အာယသ်‌တော်များကို သိနားလည်သူများအတွက် အ‌သေးစိတ် ရှင်းလင်းမိန့်ကြား‌တော်မူသည်။

    [12] ၎င်းပြင် အကယ်၍ သူတို့သည် ကတိသစ္စာပြုလုပ်ပြီး‌နောက်၌ပင် သူတို့ထားရှိ‌သော ကတိသစ္စာများကို ချိုးဖျက်ပြီး အသင်တို့၏သာသနာကို ကဲ့ရဲ့ရှုတ်ချ အပြစ်‌ပြောဆိုမှုကို ပြုလုပ်ခဲ့ကြလျှင် အသင်တို့သည် ကာဖိရ်‌ခေါင်း‌ဆောင်များအား သူတို့(၏ အယူဝါဒ)ရပ်စဲသွားကြရန်အတွက် တိုက်ခိုက်ကြပါ။ အမှန်မှာ သူတို့၌ ကတိသစ္စာမရှိသည့်အတွက်‌ကြောင့် ဖြစ်သည်။

    [13] အသင်တို့သည် အကြင်အမျိုးသားများအား အဘယ့်‌ကြောင့် မတိုက်ကြသနည်း။ ထိုအမျိုးသားများသည် သူတို့၏ကတိများကိုလည်း ‌ဖောက်ဖျက်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် တမန်‌တော်မြတ်(မုဟမ္မဒ်-ဆွ)ကို (မက္ကဟ်မြို့မှ)နှင်ထုတ်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းပြင် သူတို့ကပင် အသင်တို့အား စပြီးတိုက်ခိုက်ခဲ့ကြသည်။* အသင်တို့သည် သူတို့အား ‌ကြောက်‌နေကြသ‌လော၊ ၎င်းပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြသည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်အား ပို၍ ‌ကြောက်ထိုက်သည်။

    [14] အသင်တို့သည် သူတို့အား တိုက်ခိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အသင်တို့၏လက်များနှင့် ပြစ်ဒဏ်‌ပေး‌တော်မူမည် ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား ‌သေးသိမ်‌စေ‌တော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား သူတို့နှင့်ဆန့်ကျင်၍ အကူအညီ‌ပေး‌တော်မူမည်လည်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ယုံကြည်သူများ၏စိတ်နှလုံးများကို ‌အေးချမ်း‌စေ‌တော်မူမည်လည်း ဖြစ်သည်။

    [15] ထို့ပြင် အရှင်မြတ်သည် ယုံကြည်သူများ၏စိတ်နှလုံးများ၏ ‌ဒေါသကိုလည်း ပ‌ပျောက်‌စေ‌တော်မူမည် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူ၏အ‌ပေါ်၌ အမှားဝန်ခံမှုကို လက်ခံ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [16] အသင်တို့သည် အသင်တို့အား (စမ်းသပ်မှုမခံရဘဲ ဤအတိုင်း)စွန့်လွှတ်ထားခြင်း ခံကြရလိမ့်မည်ဟု ထင်မှတ်ကြသ‌လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (ယခုထိ) အသင်တို့ထဲမှ (မသည်သူများသည် သာသနာအတွက်)စစ်တိုက်ကြ‌သောသူများဖြစ်‌ကြောင်း (ကွဲပြား ထင်‌ပေါ်လာသည်)ကို သိသာခြင်း မရှိ‌သေး‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်‌တော်နှင့် ယုံကြည်သူများမှလွဲ၍ အခြားသူများအား အကျွမ်းဝင်မိတ်‌ဆွေအဖြစ် (မည်သူများသည်) မပြုလုပ်ကြသနည်းဆိုသည်ကိုလည်း (ကွဲပြားသိသာခြင်း မရှိ‌သေး‌ပေ)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] မုရှ်ရိက်များသည် သူတို့အ‌နေဖြင့် သူတို့ ကာဖိရ်ဖြစ်‌ကြောင်း ဝန်ခံ‌နေပါလျက် အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်‌ကျောင်း‌တော်များကို စည်ကား‌အောင်ပြုလုပ်ရန် (ထိန်းသိမ်း‌စောင့်‌ရှောက်ရန်) အရည်အချင်း မရှိ‌ပေ။* ထိုမုရှ်ရိက်များပင်၊ သူတို့၏(‌ကောင်း‌သော)အပြုအမူများသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည့်အပြင် သူတို့သည် ငရဲမီးထဲ၌ပင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။

    [18] အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်‌ကျောင်း‌တော်များကို အကြင်သူများသာ စည်ကား‌အောင် (ထိန်းသိမ်း‌စောင့်‌ရှောက်မှု) ပြုလုပ်နိုင်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ကြသည့်အပြင် စွလာသ်လည်း ဝတ်ပြုကြ၍ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ မ‌ကြောက်ရွံ့ကြ‌ပေ။ ထိုသူများသာ တရားလမ်းမှန်ရရှိကြ‌သောသူများထဲမှ ဖြစ်သည်ဟု စိတ်ချယုံကြည်နိုင်သည်။

    [19] အသင်တို့သည် ဟာဂျီများကို ‌ရေတိုက်ခြင်းနှင့် မတ်စ်ဂျိဒိဟရာမ်ထွတ်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်ကို စည်ကား‌အောင်လုပ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်‌သောသူများနှင့် တူညီသည်ဟု ထင်မှတ်ကြသ‌လော။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် မတူကြ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်‌သောသူများကို လမ်းမှန်‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။

    [20] အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ဟိဂျ်ရသ်‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏ပစ္စည်းဥစ္စာများ၊ သူတို့၏အသက်များနှင့် ရင်းပြီး စစ်တိုက်ခဲ့ကြသည်။ (သူတို့သည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အဆင့်အတန်း အလွန်မြင့်သည့်အပြင် သူတို့သာ ‌အောင်မြင်မှုကို ရရှိသူများဖြစ်ကြသည်။

    [21] သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့ကို အရှင်မြတ်ထံ‌တော်မှ သနားကရုဏာ‌တော်နှင့် ‌ကျေနပ်နှစ်သက်မှုအပြင် ဂျန္နသ်၏ဥယျာဉ်များ ချီးမြှင့်‌တော်မူမည့်အ‌ကြောင်း သတင်း‌ကောင်း‌ပေး‌တော်မူသည်။ သူတို့အတွက် ထိုဥယျာဉ်များထဲတွင် တည်မြဲ‌သော စည်းစိမ်များရှိမည်။

    [22] သူတို့သည် ထိုဥယျာဉ်များ၌ အမြဲ‌နေထိုင်ကြရမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်မြင့်မြတ်‌သော အကျိုးဆုလာဘ်လည်းရှိသည်။

    [23] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးတို့နှင့် အသင်တို့၏ညီအစ်ကိုများသည် အကယ်၍ ကုဖ်ရ် ငြင်းပယ်မှုကို အီမာန်ယုံကြည်မှုထက် ပိုနှစ်သက်ကြလျှင် အသင်တို့သည် သူတို့အား မိတ်‌ဆွေများ မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို ထိုသူများအား မိတ်‌ဆွေပြုလုပ်လျှင် ထို(ကဲ့သို့ မိတ်‌ဆွေပြုလုပ်)သူများပင် မတရားကျူးလွန်သူများ ဖြစ်ကြသည်။

    [24] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ၊ အသင်တို့၏သား(သမီး)များ၊ အသင်တို့၏ညီအစ်ကိုများ၊ အသင်တို့၏ဇနီးကြင်ရာများ၊ အသင်တို့၏‌ဆွေမျိုးသားချင်းများ၊ အသင်တို့ ရှာ‌ဖွေစု‌ဆောင်းထားကြ‌သောပစ္စည်းဥစ္စာများ၊ အသင်တို့ ထိုင်းမှိုင်းသွားမည်ကို စိုးရိမ်ကြ‌သော ‌ရောင်းဝယ်‌ဖောက်ကားမှုများ၊ အသင်တို့ နှစ်သက်လိုလားကြ‌သော တိုက်တာ‌ဂေဟာ အ‌ဆောက်အအုံများသည် အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် အရှင်မြတ်၏လမ်း‌တော်၌ စစ်တိုက်ခြင်းတို့ထက်ပိုပြီး ချစ်ခင်နှစ်သက်ဖွယ်ရာများ ဖြစ်ခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်ကို ထုတ်ပြန်‌တော်မူသည်အထိ အသင်တို့သည် ‌စောင့်ဆိုင်း‌နေကြပါ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား လမ်းမှန်သို့‌ရောက်‌အောင် ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။

    [25] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စစ်‌မြေပြင်များစွာ၌လည်း‌ကောင်း* ဟုနိုင်န်(‌တောင်ကြား၌ စစ်ဖြစ်ခဲ့‌သော)‌နေ့တွင်လည်း‌ကောင်း* ကူညီ‌တော်မူခဲ့သည်။ ထို(ဟုနိုင်န်‌တောင်ကြား၌စစ်ဖြစ်‌သော)အခါ အသင်တို့၏(အ‌ရေအတွက်)များပြားမှုသည် အသင်တို့အား အထင်ကြီး‌စေခဲ့သည်။ သို့ရာတွင် ၎င်း(အ‌ရေအတွက်)များပြားမှုသည် အသင်တို့အတွက် မည်သို့မှ အသုံးမဝင်ခဲ့‌ပေ။ ထို့ပြင် ကမာ္ဘ‌မြေပြင်သည် (ဤမျှ)ကျယ်ဝန်းလျက်နှင့်ပင် အသင်တို့အ‌ပေါ်၌ ကျဉ်း‌မြောင်းသွားခဲ့သည်။ ထို့‌နောက် အသင်တို့သည် ‌ကျောခိုင်းထွက်‌ပြေးခဲ့ကြသည်။

    [26] ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ အရှင်မြတ်၏တမန်‌တော်နှင့် ယုံကြည်သူများအ‌ပေါ်တွင် စိတ်တည်ငြိမ်မှုကို ချ‌ပေးသနား‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့ မမြင်နိုင်‌သော စစ်တပ်များကို ‌စေလွှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအား ပြစ်ဒဏ်‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် ဤသည် ကာဖိရ်များ၏ အစား‌ပေးခြင်းပင်ဖြစ်သည်။

    [27] ၎င်းပြင် ထို(စစ်ပွဲ)ပြီးသည့်‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သော သူ၏အမှားဝန်ခံမှုကို လက်ခံခွင့်လွှတ်‌တောမူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [28] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ မုရှ်ရိက်များသည် ညစ်ညမ်းသူများပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီဝတ်‌ကျောင်း‌တော် အနီးသို့ပင် ချဉ်းကပ်မှု မပြုကြရ‌ပေ။* ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲကျပ်တည်းမှုကို စိုးရိမ်ကြလျှင်၊ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် မကြာမီ အသင်တို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အလွန်ပြည့်စုံ ကြွယ်ဝချမ်းသာ‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [29] အသင်တို့သည် အကြင်သူများအား တိုက်ခိုက်ကြပါ၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြ‌ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ဟရာမ်ဟု တားမြစ်ထား‌တော်မူ‌သောအရာများကို ဟရာမ်ဟု မယူဆကြ‌ပေ။ ၎င်းပြင် ထိုသူများသည် မှန်ကန်‌သော (အစ္စလာမ်)သာသနာကိုလည်း ယုံကြည်လက်ခံခြင်း မရှိကြ‌ပေ။ ထိုသူများသည် ကျမ်းရသူများထဲမှဖြစ်ပြီး သူတို့လက်နှင့် သူတို့ ‌အောက်ကျို့လျက် ကြည်ဖြူစွာ အခွန်မ‌ဆောင်သမျှ (သူတို့အား တိုက်ခိုက်ကြပါ)။

    [30] ထို့ပြင် ယဟူဒီများက အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ နတ်စွ်ရာနီတို့ကလည်း မစီဟ်(အီစာ)သည် အလ္လာဟ်အရှင်မြတ်၏သား‌တော်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ဤသည် သူတို့၏နှုတ်များက ထွက်‌သောစကားများသာဖြစ်သည်။ သူတို့သည် ယခင်ကရှိခဲ့‌သော ကာဖိရ်များ၏ ‌ပြောဆိုမှုကို တုပခဲ့ကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖျက်ဆီး‌တော်မူပါ‌စေ။ သူတို့သည် မည်သို့ ပြန်လှည့်သွားကြသနည်း။

    [31] သူတို့သည် အရှင်သခင်တစ်ပါးတည်းကိုသာ ကိုးကွယ်ကြရန် အမိန့်‌ပေးခြင်းခံထားရသည်ဖြစ်ပါလျက် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး သူတို့၏ပညာရှင် ဆရာ‌တော်များနှင့်၊ ဘုန်းကြီးရဟန်းများအပြင် မရ်ယမ်၏သား မစီဟ်ကို အရှင်သခင်များအဖြစ် ပြုလုပ်ထားခဲ့ကြသည်။* ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ အရှင်မြတ်သည် သူတို့ တုဖက်ကိုးကွယ်ကြသည်များမှ သန့်ရှင်းစင်ကြယ်‌တော်မူသည်။

    [32] သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ရောင်ခြည်‌တော်ကို* သူတို့၏ပါးစပ်များနှင့် (မှုတ်)ပြီးငြိ်မ်းသတ်လိုကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များက မနှစ်သက်ကြ‌သော်လည်း အရှင်မြတ်၏‌ရောက်ခြည်‌တော်ကို ပြည့်ဝ‌အောင် ပြုလုပ်‌တော်မူသည်မှလွဲ၍ (အခြား)မည်သည်ကိုမှ သ‌ဘောတူ‌တော်မူမည် မဟုတ်‌ပေ။

    [33] အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မုရှ်ရိက်များက မနှစ်သက်ကြလျှင်လည်း အရှင်မြတ်၏တမန်‌တော်ကို သာသနာအားလုံးအ‌ပေါ်တွင် လွှမ်းမိုး‌စေရန်အတွက်* လမ်းမှန်ညွှန်ကြားပြသချက်နှင့်တကွ မှန်ကန်‌သော သာသနာနှင့်အတူ ‌စေလွှတ်‌တော်မူခဲ့သည်။

    [34] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အမှန်စင်စစ် (ယဟူဒီ၊ နတ်စ်ွရာနီ)ပညာရှင်များနှင့် ဘုန်း‌တော်ကြီးအ‌မြောက်အမြားသည် လူများ၏ပစ္စည်းဥစ္စာများကို အမှန်ပင် မတရားစားသုံးကြသည်။* ၎င်းပြင် သူတို့သည် (လူများအား)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ထို့ပြင် အကြင်သူများသည် ‌ရွှေ‌ငွေ(ရတနာ)များကို စု‌ဆောင်းပြီး*ထားကြသည်။ ၎င်းပြင် သူတို့သည် ထိုအရာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မသုံးစွဲကြ‌ပေ။ သို့ဖြစ်ရာ အသင်သည် ထိုသူများအား နာကျင်‌စေ‌သော အပြစ်ဒဏ်(ကို ခံကြရမည့်)အ‌ကြောင်း သတင်း‌ကောင်း‌ပေးလိုက်ပါ။

    [35] (ပြစ်ဒဏ်ကျ‌ရောက်မည့်)ထို‌နေ့တွင် ထို(‌ရွှေ‌ငွေရတနာများ)သည် ဂျဟန္နမ်ငရဲမီး၌ ‌လောင်မြှိုက်ခြင်းခံရမည်။ ထို့ပြင် ထိုသူများ၏နဖူးများ၊ နံ‌ဘေးများနှင့် ‌ကျောကုန်းများသည် ၎င်း(မီးဖုတ်ထား‌သော‌ရွှေ‌ငွေ)နှင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရမည်။* (ပြစ်ဒဏ်ခတ်‌သော ‌ကောင်းကင်တမန်များက ‌ပြောဆိုကြမည်) “ဤသည် အသင်တို့အ‌နေနှင့် အသင်တို့အတွက် စု‌ဆောင်းထားခဲ့ကြ‌သောအရာ(ရတနာ)များပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့စု‌ဆောင်းမှု(၏ ပြစ်ဒဏ်)ကို မြည်းစမ်းကြည့်ကြပါ။“

    [36] အမှန်စင်စစ် လများ၏ အ‌ရေအတွက်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်း‌တော်တွင် ပါရှိသည့်အတိုင်း မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သော‌နေ့မှစပြီး ဆယ့်နှစ်လပင်ဖြစ်သည်။ ထိုထဲမှ ‌လေးလသည် ထွတ်မြတ်‌သောလများပင်*ဖြစ်သည်။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော သာသနာ‌တော်(၏ ညွှန်ကြားပြသချက်)ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလများ၌ အသင်တို့ကိုယ်ကိုအသင်တို့ ညှဉ်းပန်းနှိပ်စက်မှု မပြုကြနှင့်။ ၎င်းပြင် မုရှ်ရိက်များသည် အသင်တို့အားလုံးအား တိုက်ခိုက်ကြသကဲ့သို့ အသင်တို့သည်လည်း သူတို့အားလုံးအား တိုက်ခိုက်ကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူ ရှိ‌တော်မူသည်ကို အသင်တို့ (‌ကောင်းစွာ)သိမှတ်ထားကြပါ။

    [37] လများကို ‌ရွှေ့ဆိုင်းခြင်းသည်* ကုဖ်ရ်ငြင်းပယ်မှု၌ တိုးပွားမှုဖြစ်သည်။ ထိုကဲ့သို့ ‌ရွှေ့ဆိုင်းထားသည့်အတွက် ကာဖိရ်များသည် လမ်းမှာကို ‌ရောက်‌စေခြင်းခံရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်လို့ တားမြစ်ထား‌တော်မူခဲ့‌သော (လများ၏)အ‌ရေအတွက်နှင့် ကိုက်ညီ‌စေရန်အတွက် ထို‌ရွှေ့ဆိုင်းထား‌သောလများကို တစ်နှစ်တွင် ဟလာလ်ပြုလုပ်ပြီး ‌နောက်တစ်နှစ်တွင် ဟရာမ်ဟု ပြုလုပ်လိုက်ကြသည်။ ထိုကဲ့သို့ပြုလုပ်သည့်အတွက် သူတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟု တားမြစ်‌တော်မူခဲ့‌သောလကို ဟလာလ်ပြုလုပ်ကြသည်။ သူတို့၏မ‌ကောင်းမှုများသည် သူတို့(၏ အမြင်)၌ လှပစွာ ရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။

    [38] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ထွက်ကြပါဟု ‌ပြောဆို‌သောအခါ အသင်တို့သည် အဘယ့်‌ကြောင့် ‌မြေ‌ပေါ်တွင် ‌တွေ‌ဝေပြီး ထိုင်‌နေကြသနည်း(‌လေးလံသွားကြသနည်း)။ အသင်တို့သည် ‌လောကီဘဝ ရှင်သန်ခြင်းကိုပင် တမလွန်ဘဝထက် နှစ်သက်ကြသ‌လော။ သို့ဖြစ်လျှင် ‌လောကီဘဝ၏စည်းစိမ်သည် တမလွန်ဘဝနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာဖြစ်သည်(ကို အသင်တို့ ‌ကောင်းစွာ သိမှတ်ထားကြပါ)။

    [39] အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ လမ်းကို)မထွက်ကြလျှင်၊ အရှင်မြတ်သည် အသင်တို့ကို အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏အစား အခြားလူမျိုးတစ်မျိုးကို လဲလှယ်(ဖန်ဆင်း)‌တော်မူမည်။* ထို့ပြင် အသင်တို့သည် အရှင်မြတ်အား အနည်းငယ်မှ နစ်နာ‌အောင် လုပ်နိုင်ကြမည် မဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [40] အကယ်၍ အသင်တို့သည် ၎င်း(တမန်‌တော်)ကို မကူညီကြလျှင်(လည်း တမန်‌တော်တွင် မည်သည့်အရာမျှ ဆုံးရှုံးမသွား‌ပေ၊ အဘယ့်‌ကြောင့်ဆို‌သော်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အချိန်အခါကလည်း ကူညီ‌တော်မူခဲ့သည့်အတွက် ဖြစ်သည်။ ထိုအချိန်အခါတွင် ၎င်း(တမန်‌တော်)အား ကာဖိရ်များက နှင်ထုတ်ခဲ့ကြစဉ်၌၊ (အရှင်မြတ်က ကူညီ‌တော်မူခဲ့သည်၊ ထို့ပြင်) ၎င်းသည် နှစ်‌ယောက်ထဲမှ ဒုတိယဖြစ်ခဲဲ့ပြီး သူတို့နှစ်ဦး လိုဏ်ဂူထဲ၌ရှိ‌နေကြ‌သောအခါ ၎င်း(တမန်‌တော်)က ၎င်း၏အ‌ဖော်အား “အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိ‌တော်မူသည်“*ဟု ‌ပြောဆို‌နေ‌သောအခါ၌လည်း (အရှင်မြတ်သည် ၎င်းအား ကူညီ‌တော်မူခဲ့သည်။) ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ တည်ငြိမ်မှုကို ၎င်း၏အ‌ပေါ်တွင် ချ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့ မမြင်‌သောစစ်သည်များနှင့် ၎င်းအား ကူညီအား‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များ၏ (ရှိရ်က်ဘက်ဖိတ်‌ခေါ်‌သော)စကားအား နိမ့်ကျ‌အောင်လုပ်‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ (တစ်ပါးတည်းတည်ရှိ‌ကြောင်း ကလိမဟ်)စကား‌တော်ကမူ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [41] အသင်တို့သည် ‌ပေါ့ပါး(လွယ်ကူ)‌သောအခါ၌လည်း‌ကောင်း၊ ‌လေးလံ(ခက်ခဲ)‌သောအခါ၌လည်း‌ကောင်း* (အသင်တို့အိမ်များမှ)ထွက်ကြ၍ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသင်တို့၏ ပစ္စည်းဥစ္စာများ၊ အသင်တို့၏အသက်များဖြင့် စစ်တိုက်ကြပါ။ ဤသည် အကယ်၍ အသင်တို့ သိတတ်ကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [42] အကယ်၍ ပစ္စည်းဥစ္စာများလည်း လွယ်ကူစွာရမည်၊ သွားရမည့်ခရီးကလည်း သာမန်သာဖြစ်မည်ဆိုလျှင် ထို(မိုနာဖိက်)များသည် အမှန်ပင် အသင်(တမန်‌တော်)နှင့်အတူ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင် (ယခုမူ) ခရီးသည် သူတို့(အမြင်)၌ ‌ဝေးလံ‌နေသည်။ (သို့ဖြစ်ရာ သူတို့သည် စစ်ပွဲကိုမလိုက်ဘဲ ‌နောက်၌ ထိုင်‌နေခဲ့ကြခြင်းဖြစ်သည်။) မကြာမီ (အသင်တို့ စစ်ပွဲမှ ပြန်လာကြ‌သောအခါ) ထို(မုနာဖိက်)များသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ဤသို့ ကျိန်ဆို‌ပြောကြဦးမည်- “အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြပါလျှင် အသင်တို့နှင့်အတူ အမှန်ပင် ထွက်ခဲ့ကြမည်ဖြစ်သည်။“ သူတို့သည် သူတို့ကိုယ်ကိုသာဖျက်ဆီး‌နေကြခြင်းဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က ထို(မုနာဖိက်)များသည် အမှန်စင်စစ် လိမ်လည်‌ပြောဆိုသူများဖြစ်သည်ကို ‌ကောင်းစွာ သိ‌တော်မူသည်။

    [43] အလ္လာဟ်အရှင်မြတ်သည် အသင့်အား ခွင့်လွှတ်‌တော်မူခဲ့ပြီးဖြစ်သည်။ အသင့်အတွက် (သူတို့ထဲမှ)မှန်ကန်စွာ ‌ပြောဆိုသူများ သဲကွဲထင်ရှားမှုမဖြစ်‌သေးမီနှင့် လိမ်လည်‌သောသူများကို အသင် မသိ‌သေးမီတွင် အသင်သည် အဘယ့်‌ကြောင့် သူတို့ကို (စစ်ပွဲမလိုက်ရန်)ခွင့်ပြုခဲ့ရသနည်း။

    [44] အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်‌သောသူများကမူ သူတို့၏ပစ္စည်းဥစ္စာများ၊ အသက်များနှင့် စစ်တိုက်ခြင်းမှ(မလိုက်ရန်)အသင့်ထံတွင် ခွင့်‌တောင်းကြမည် မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [45] အကြင်သူများသည် အသင့်ထံတွင် ခွင့်‌တောင်းကြခြင်းဖြစ်သည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြသည့်အပြင် သူတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်ပတ်သက်၍) သံသယဖြစ်‌နေကြသည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏ သံသယထဲ၌ပင် တဝဲလည်လည် ဖြစ်‌နေကြ‌တော့သည်။

    [46] ၎င်းပြင် အကယ်၍ သူတို့သည် (စစ်တိုက်)ထွက်ရန် ရည်ရွယ်ခဲ့ကြလျှင် သူတို့သည် ထွက်ရန်ပြင်ဆင်မှု တစ်စုံတစ်ရာကို အသင့်ပြုလုပ်ခဲ့မည် အမှန်ပင်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့(စစ်ထဲလိုက်ပါ)သွားခြင်းကို နှစ်မြို့‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့အား တုံ့ဆိုင်း‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် (အရှင်မြတ်က သူတို့ကို)မိန့်ကြား‌တော်မူခဲ့သည်၊ “အသင်တို့သည် ကျန်ရစ်ခဲ့‌သောသူများနှင့်အတူ ထိုင်လျက်ပင် ကျန်ရစ်ခဲ့ကြ‌ပေ‌တော့။“

    [47] အကယ်၍ သူတို့သည် အသင်တို့ထဲ၌ အတူပါဝင်ထွက်ခဲ့ကြလျှင် သူတို့သည် အသင်တို့ထဲ၌ ဖရိုဖရဲဖြစ်‌အောင်လုပ်သည်မှလွဲ၍ မည်သည့်အရာကိုမျှ တိုးပွား‌စေခဲ့ကြမည် မဟုတ်‌ပေ။* ၎င်းပြင် အမှန်ပင် သူတို့သည် အသင်တို့ အ‌နှောင့်အယှက်ဖြစ်‌စေရန် ‌ပြေးလိုက်လွှားလိုက် ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းပြင် (ယခုလည်း) အသင်တို့ထဲတွင် သူတို့၏ သတင်း‌ထောက်များရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားပြုလုပ်သူများအား အကြွင်းမဲ့သိ‌တော်မူသည်။

    [48] အမှန်စင်စစ် သူတို့သည် ယခင်ကလည်း (အသင်တို့ကို အုဟုဒ်စ‌သော စစ်ပွဲများ၌) အ‌နှောက်အယှက်ဖြစ်‌စေခဲ့ကြသည်။* ၎င်းပြင် သူတို့သည် အသင်(တမန်‌တော်)၏အ‌ရေးကိစ္စများကို က‌ပြောင်းကပြန်ပြုလုပ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့ မနှစ်မြို့ကြဘဲလျက် အမှန်သည် ‌ရောက်လာခဲ့ပြီး အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည်လည်း ထင်ရှားလာခဲ့သည်။

    [49] ထို့ပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖိက်)များထဲတွင် “ကျွန်ုပ်အား (စစ်ပွဲမလိုက်ရန်)ခွင့်‌ပေးပါ၊ ၎င်းပြင် ကျွန်ုပ်အား မဖျက်ဆီးပါနှင့်“ဟု ‌ပြောဆိုသူလည်းရှိ‌သေးသည်။* သူတို့သည် ပျက်စီးမှုထဲ ကျဆင်းခဲ့ပြီးဖြစ်ကြသည်ကို အသင်တို့ သိထားလိုက်ပါ။ ထို့ပြင် ဂျဟန္နမ်ငရဲဘုံသည် ကာဖိရန်များကို အမှန်ပင် ဝန်းရံလျက်ရှိလိမ့်မည်။

    [50] အကယ်၍ အသင့်ထံ ‌ကောင်းခြင်းတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် ထို‌ကောင်း‌သောဖြစ်ရပ်က သူတို့အား ဝမ်းနည်းပက်လက်ဖြစ်‌စေသည်။ ၎င်းပြင် အကယ်၍ အသင့်ထံ ‌ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်‌ရောက်လာလျှင် သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အ‌ရေးကိစ္စကို ယခင်ကတည်းက ကြိုတင်စီမံထားခြင်းဖြစ်သည်“ဟု ‌ပြောဆိုပြီး ဝမ်းသာလျက် ပြန်လှည့်သွား‌လေ့ရှိကြသည်။

    [51] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး သတ်မှတ်‌တော်မူခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၌ လုံးဝ ဆိုက်‌ရောက်မည် မဟုတ်‌ပေ။ အရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။

    [52] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ‌ကောင်း‌သောအ‌ကြောင်းအရာနှစ်ခုအနက် တစ်ခုမှလွဲ၍ အခြား တစ်စုံတစ်ခုကို ‌စောင့်‌မျှော်‌နေကြသ‌လော။* အမှန်မှာ ကျွန်ုပ်တို့သည် အသင်တို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ၊ သို့မဟုတ် ကျွန်ုပ်တို့၏လက်များနှင့် အသင်တို့အ‌ပေါ်တွင် ပြစ်ဒဏ်တစ်စုံတစ်ခု သက်‌ရောက်‌စေ‌တော်မူရန် ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌စောင့်‌မျှော်‌နေကြပါ။ အမှန်ပင် ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်‌နေကြသည်။

    [53] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကြည်ဖြူစွာ သို့မဟုတ် မကြည်ဖြူဘဲလျက် လှူဒါန်းသုံးစွဲကြပါ။ ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင်) အသင်တို့ထံမှ လက်ခံ‌တော်မူခြင်း လုံးဝ ခံရမည်မဟုတ်‌ပေ။ (ထိုကဲ့သို့ဖြစ်ရခြင်းသည်) အမှန်မှာ အသင်တို့သည် (အမိန့်ကို)‌သွေဖည် ဆန့်ကျင်‌သောသူများဖြစ်ခြင်း‌ကြောင့်ပင် ဖြစ်သည်။

    [54] ထို့ပြင် ထိုသူများထံမှ သူတို့၏အလှူပစ္စည်းများကို လက်ခံ‌တော်မူရန် (မည်သည့်အရာကမှ) တားမြစ်ခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား အမှန်ပင် သူတို့သည် ‌သွေဖည်ခဲ့ကြသည်ကပင် (တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ပျင်းရိလျက် ‌ဆောက်တည်ကြရုံသာမက လှူဒါန်းမှုကိုလည်း မနှစ်မြို့ဘဲလျက် ပြုလုပ်ကြသည်။

    [55] သို့ဖြစ်ရာ ထို(မုနာဖိက်)များ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် အသင့်အား* အံ့အားမသင့်ပါ‌စေနှင့်။* အလ္လာဟ်အရှင်မြတ်သည် ထိုပစ္စည်း၊ သားသမီးများနှင့် သူတို့ကို ‌လောကီဘဝတွင် ပြစ်ဒဏ်‌ပေးရန်နှင့် သူတို့သည် ကာဖိရ်ဖြစ်လျက် သူတို့၏အသက်များထွက်သွားရန် ရည်ရွယ်‌တော်မူခြင်းဖြစ်သည်။

    [56] ထို့ပြင် သူတို့သည် အသင်တို့ထဲမှ မဟုတ်ကြပါဘဲလျက် အမှန်စင်စစ် သူတို့သည် အသင်တို့ထဲမှ အမှန်ပင်ဖြစ်ကြပါသည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ကျိန်ဆိုကြသည်။* သို့ရာတွင် သူတို့သည် သတ္တိ‌ကြောင်သူများပင်ဖြစ်ကြသည်။

    [57] အကယ်၍ သူတို့သည် ခိုကိုးရာ‌နေရာတစ်စုံတစ်ခု သို့မဟုတ် လိုဏ်‌ခေါင်းများ၊ သို့မဟုတ် (ပုန်းရန်)‌နေရာတစ်‌နေရာရာကို ‌တွေ့ရှိကြမည်ဆိုလျှင် သူတို့သည် ထို‌နေရာသို့ တစ်ဟုန်ထိုး ‌ပြေးလျက် လှည့်ဝင်သွားကြမည်ဖြစ်သည်။

    [58] ထို့ပြင် သူတို့ထဲတွင် အသင့်အား အလှူပစ္စည်းများနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချသူများလည်း ရှိကြ‌သေးသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့ရရှိခဲ့ကြလျှင် ‌ကျေနပ်ကြသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့မရရှိခဲ့ကြလျှင်မူ ချက်ချင်း ‌ဒေါသထွက်ကြသည်။

    [59] ထို့ပြင် အကယ်၍ အမှန်ပင် သူတို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ‌ပေး‌တော်မူခဲ့သည်များအ‌ပေါ်တွင် ‌ကျေနပ်ပြီး “ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူပါသည်။* အလ္လာဟ်အရှင်မြတ်သည် မကြာမီ ကျွန်ုပ်တို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်များထဲမှ ‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်၏တမန်‌တော်သည်လည်း (ထပ်‌ပေးဦးမည်)၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်ကိုသာ ယိမ်းညွတ်သူများဖြစ်ကြပါသည်“ဟု ‌ပြောဆိုခဲ့ကြလျှင် ‌ကောင်း‌လေစွပင်ဖြစ်သည်။

    [60] အမှန်စင်စစ် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)သည် ဆင်းရဲသားများအတွက်၊ ပစ္စည်းမဲ့များအတွက်၊ ဇကာသ်ကိစ္စကို ‌ဆောင်ရွက်‌သော အမှုထမ်းများအတွက်၊ (အစ္စလာမ်ကို နှစ်သက်ပြီး သာသနာထဲဝင်လို‌သော)သူများ၏စိတ်များအား နှစ်သိမ့်‌စေရန်အတွက်၊ ‌ကျေးကျွန်များအား ကျွန်ဘဝမှ လွတ်‌မြောက်‌စေရန်အတွက်၊ အ‌ကြွေးထဲ၌ နစ်‌နေသူများအတွက်၊ အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်အတွက်နှင့် (ဒုက္ခ‌ရောက်သည့်)ခရီးသည်များအတွက် ဖြစ်သည်။* ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ပြဋ္ဌာန်းထား‌တော်မူ‌သော ပညတ်ချက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [61] ထို့ပြင် သူတို့ထဲတွင် အချို့သူများသည် တမန်‌တော်မြတ်အား စိတ်ဒုက္ခ‌ပေးကြသည်။ ၎င်းပြင် တမန်‌တော်သည် (မည်သည့်စကားမဆို)နား‌ထောင်(ပြီး ယုံ)‌လေ့ရှိသည်ဟု ‌ပြောဆိုကြသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့နှင့်ပတ်သက်၍ ‌ကောင်းသည်ကိုသာ နား‌ထောင်‌လေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်ကို ယုံသည်။ ယုံကြည်‌သောသူများကိုလည်း (သူတို့‌ပြော‌သော သတင်းစကားနှင့်ပတ်သက်၍) ယုံကြည်‌ထောက်ခံသည်။ ၎င်းပြင် အသင်တို့ထဲမှ ယုံကြည်‌သောသူများအတွက် သနားကရုဏာလည်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်အား စိတ်ဒုက္ခ‌ပေးကြသူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။

    [62] အကယ်၍ သူတို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် သူတို့၏ ‌ကျေနပ်‌အောင်လုပ်သည်ကို ပို၍ပင် ခံထိုက်‌တော်မူပါလျက် သူတို့သည် အသင်တို့ကိုသာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ကျိန်ဆိုကြသည်။

    [63] အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်လျှင် အမှန်ပင် ထိုသူ့အတွက် ငရဲမီးပင်ရှိပြီး ထိုငရဲမီး၌ အမြဲ‌နေရမည်။ ဤသည် ကြီးကျယ်‌သော ‌သေးသိမ်မှုပင်*ဖြစ်သည်ကို ထိုသူ(မုနာဖိက်)များသည် မသိကြ‌သေးသ‌လော။

    [64] မုနာဖိက်များသည် ထို(ယုံကြည်)သူများအ‌ပေါ်တွင် သူတို့၏စိတ်နှလုံးများထဲ၌ ရှိသည်များကို ထိုယုံကြည်သူများအား သိ‌စေ‌သော စူရဟ်ကဏ္ဍ တစ်စုံတစ်ခု ချ‌ပေးခြင်းခံရမည်ကို စိုးရိမ်‌နေကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် ‌ပြောင်‌လှောင်‌နေကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ စိုးရိမ်‌နေကြသည်ကို ထုတ်‌ဖော်‌တော်မူမည့်အရှင်မြတ် ဖြစ်‌တော်မူသည်။“

    [65] ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် သူတို့အား ‌မေးမြန်းခဲ့လျှင် အမှန်စင်စစ် သူတို့က “ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ မရည်ရွယ်ဘဲ‌ပြော‌နေကြခြင်းနှင့် ရယ်စရာ‌ပြော‌နေကြခြင်းသာ ဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြမည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏အာယသ်‌တော်များအပြင် အရှင်မြတ်၏တမန်‌တော်ကို ပြက်ရယ်‌ပြောင်‌လှောင်‌နေကြသ‌လော။

    [66] အသင်တို့သည် အ‌ကြောင်းမပြကြ‌လေနှင့်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့ အီမာန်ယုံကြည်(သည်ကို ထုတ်‌ဖော်‌ပြောဆို)ပြီး‌နောက် ‌သွေဖည်ငြင်းပယ်ခဲ့ကြသည်။ အကယ်၍ ငါအရှင်မြတ်သည် အသင်တို့ထဲမှ လူတစ်စုကို ခွင့်လွှတ်‌တော်မူလျှင်လည်း အခြားလူတစ်စုကိုမူ အမှန်စင်စစ် သူတို့သည် ပြစ်မှုထင်ရှား‌သောသူများဖြစ်ခြင်း‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မူပင်ဖြစ်သည်။

    [67] မွတ်စ်လင်မ်အ‌ယောင်‌ဆောင် ‌ယောက်ျားများနှင့် အ‌ယောင်‌ဆောင်မိန်းမများမှာမူ ၎င်းတို့၏အချို့သည် အချို့ထဲမှပင်ဖြစ်ကြသည်(တစ်မျိုးတည်းပင်ဖြစ်ကြသည်)။ သူတို့သည် စက်ဆုပ်ဖွယ်ရာများကို အမိန့်‌ပေးကြပြီး ‌ကောင်းမှုများမှ တားဆီးကြသည်။ ၎င်းပြင် သူတို့သည် (အရှင်မြတ်၏လမ်းတွင် မသုံးစွဲဘဲ)သူတို့၏လက်များကို ဆုပ်ထားကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌မေ့‌လျော့ခဲ့သည့်အတွက် အရှင်မြတ်ကလည်း သူတို့ကို ‌မေ့‌တော်မူထားလိုက်ခဲ့သည်။* အမှန်စင်စစ် မုနာဖိက်များသည် အမိန့်ကို ‌သွေဖည်ငြင်းပယ်သူများပင် ဖြစ်ကြသည်။

    [68] အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်‌ယောက်ျား၊ မိန်းမများနှင့် ကာဖိရ်များကို ဂျဟန္နမ်ငရဲမီး(ထဲသို့ ထည့်မည့်အ‌ကြောင်း) ကတိုပြုထား‌တော်မူခဲ့သည်။ သူတို့သည် ထိုငရဲမီးထဲတွင် အမြဲ‌နေကြရမည်။ ထိုငရဲမီးသည် သူတို့အား(ပြစ်ဒဏ်)‌ပေးရန် လုံ‌လောက်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သနားကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည်။ ထို့ပြင် သူတို့အတွက် အမြဲတည်‌သော ပြစ်ဒဏ်သည်လည်း ရှိဦးမည်ဖြစ်သည်။

    [69] (အသင်တို့၏အ‌ခြေအ‌နေသည်) အသင်တို့မတိုင်မီက ရှိခဲ့ကြဖူး‌သောသူများကဲ့သို့ဖြစ်သည်။ သူတို့သည် အသင်တို့ထက် အင်အားပိုပြင်းထန်ကြသည့်အပြင် ပစ္စည်းဥစ္စာနှင့် သားသမီးများအားဖြင့်လည်း အလွန်များပြားခဲ့ကြသည်။ သိုု့ဖြစ်ရာ သူတို့သည် သူတို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြသည်။ ထို့‌နောက် အသင်တို့သည် အသင်တို့မတိုင်မီရှိခဲ့ကြဖူး‌သောသူများက သူတို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြသကဲ့သို့ပင် အသင်တို့သည်လည်း အသင်တို့၏ ‌ဝေစု‌ဝေပုံနှင့် အကျိုးခံစားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် သူတို့သည် မ‌ကောင်းမှုများထဲ ဝင်‌ရောက်ခဲ့ကြသကဲ့သို့ အသင်တို့သည်လည်း မ‌ကောင်းမှုများထဲ ဝင်‌ရောက်ခဲ့ကြသည်။ ဤသူများ၏လုပ်ရပ်များသည် ‌လောကီဘဝနှင့် တမလွန်ဘဝတွင် အကျိုးမဲ့ဖြစ်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ဤသူများပင် ပျက်စီးဆုံးရှုံးသူများဖြစ်ကြသည်။

    [70] ထို(မုနာဖိက်)များထံသို့ သူတို့မတိုင်မီရှိခဲ့ကြ‌သောသူများ၏ (ပျက်စီးမှု)သတင်း၊ (ဥပမာ) (တမန်‌တော်)နူးဟ်၏အမျိုးသားများ၏သတင်း၊ အာဒ်အမျိုးသားများ၏သတင်း၊ ဆမူဒ်အမျိုးသားများ၏သတင်း၊ (တမန်‌တော်)အိဗ်ရာဟီမ်၏အမျိုးသားများ၏သတင်း၊ မဒ်ယန်မြို့သားများ၏သတင်း၊ ထက်‌အောက်‌ပြောင်းပြန်ဖြစ်ပြီး ပျက်စီးသွားခဲ့‌သောမြို့များ၊ ရွာများ၏သတင်းများသည် မ‌ရောက်ရှိခဲ့သ‌လော။ သူတို့ထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ ‌ရောက်ရှိလာခဲ့ကြသည် မဟုတ်‌လော။ (သို့ရာတွင် သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အတွက် ပျက်စီးခဲ့ကြသည်၊) ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် (ဤပျက်စီးမှု၌) သူတို့အား မတရားနှိပ်စက်‌တော်မူသည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့ကိုယ်တိုင်သူတို့ နှိပ်စက်ခဲ့ကြခြင်းပင်ဖြစ်သည်။

    [71] ထို့ပြင် အီမာန်ယုံကြည်‌သော ‌ယောက်ျား၊မိန်းမများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အ‌ဆွေခင်ပွန်းများဖြစ်ကြသည်။ သူတို့သည် ‌ကောင်းသည်များကို အမိန့်‌ပေးကြသည်။ ၎င်းပြင် စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ထို့ပြင် သူတို့သည် စွဲမြဲစွာ စွလာသ်ဝတ်ပြုကြသည်။ ၎င်းပြင် သူတို့သည် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင့်တမန်‌တော်၏အမိန့်‌တော်များကို လိုက်နာကြသည်။ ထိုသူများသည် အကြင်သူများပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူများကို မကြာမီ သနားကရုဏာပြု‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [72] အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူ ‌ယောက်ျား၊မိန်းမများကို အကြင်ဥယျာဉ်များကို (‌ပေး‌တော်မူရန်)ကတိပြုထား‌တော်မူခဲ့သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်။ ထို့ပြင် အမြဲတည်‌သောဥယျာဉ်များတွင် ‌ကောင်းမွန်စင်ကြယ်‌သော ဗိမာန်များကို(‌ပေး‌ဆောင်‌တော်မူရန်)လည်း (ကတိပြုထား‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ကျေနပ်မှုကမူ အကြီးကျယ်ဆုံးပင်*ဖြစ်သည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [73] အို- တမန်‌တော်၊ အသင်သည် ကာဖိရ်များနှင့်မုနာဖိက်များကို ဂျိဟာဒ်ပြုလုပ်ပါ။* ထို့ပြင် သူတို့အ‌ပေါ်တွင် ပြင်းထန်ကျပ်တည်းမှုကို ပြုလုပ်ပါ။ ထို့ပြင် သူတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုစခန်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။

    [74] သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး သူတို့သည် (ထိုစကားကို)မ‌ပြောဆိုခဲ့ပါဟု* ကျိန်ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ကုဖ်ရ်ငြင်းပယ်‌သောစကားကို အမှန်ပင် ‌ပြောဆိုခဲ့ကြသည်။ ၎င်းပြင် သူတို့သည် သူတို့၏အစ္စလာမ်‌နောက်တွင် ကုဖ်ရ်ငြင်းပယ်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် မ‌အောင်မြင်နိုင်‌သော ကိစ္စရပ်တစ်ခုကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြသည်။* ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်က အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့ကို ချမ်းသာကြွယ်ဝ‌အောင်လုပ်သည်ကိုပင် တုံ့ပြန် လက်စား‌ချေသည်မှလွဲ၍ အခြားမည်သည့်အရာကိုမှ တုံ့ပြန် လက်စား‌ချေခဲ့ကြသည် မဟုတ်‌ပေ။* ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ကြလျှင် သူတို့အတွက်ပင် အ‌ကောင်းဖြစ်မည်။ ၎င်းပြင် အကယ်၍ သူတို့သည် မျက်နှာလွှဲ‌ကျောခိုင်းသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤ‌လောကီဘဝနှင့် တမလွန်ဘဝတွင် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ထို့ပြင် သူတို့အတွက် ကမာ္ဘ‌မြေတွင် မိတ်‌ဆွေနှင့်ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။

    [75] ထို့ပြင် သူတို့ထဲမှ အကြင်သူများလည်းရှိကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား ကတိ‌ပေးခဲ့ကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်၏‌ကျေးဇူး‌တော်ထဲမှ ‌ပေးသနား‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုလုပ်ကြ‌သော သူ‌တော်‌ကောင်းများထဲတွင် တကယ်ပါဝင်ကြပါမည်။“

    [76] ထို့‌နောက် အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏‌ကျေးဇူး‌တော် ‌ပေးသနား‌တော်မူခဲ့‌သောအခါ သူတို့သည် ‌ကျေးဇူး‌တော်ကို(သုံးစွဲ‌သော‌နေရာ၌)‌စေးနှဲခဲ့ကြသည်။ ၎င်းပြင် သူတို့သည် ‌ရှောင်ဖယ်လျက် မျက်နှာလွှဲ‌ကျောခိုင်းခဲ့ကြသည်။

    [77] သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများ၌ အရှင်မြတ်အား သူတို့‌တွေ့ဆုံကြမည့်‌နေ့အထိ နိဖာက် အ‌ယောင်‌ဆောင်မှုကို (ထည့်သွင်း‌တော်မူ၍) သူတို့အား ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အလ္လာဟ်အရှင်မြတ်အား သူတို့‌ပေးခဲ့‌သောကတိကို ‌ဖောက်ဖျက်ခဲ့ကြသည့်အပြင် လိမ်လည်‌ပြောဆို‌လေ့ရှိခဲ့ကြခြင်း‌ကြောင့် ဖြစ်သည်။

    [78] အလ္လာဟ်အရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်နှင့် သူတို့၏လျှို့ဝှက်တိုင်ပင်မှုကို အမှန်စင်စစ် သိရှိ‌တော်မူသည်ကို သူတို့သည် မသိကြသ‌လော။ ၎င်းပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကွယ်မှ အရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်(ကိုလည်း သူတို့သည် မသိကြသ‌လော)။

    [79] ဤ(မုနာဖိက်များသည်)ထိုသူများပင်ဖြစ်ကြသည်၊ သူတို့သည် အီမာန်ယုံကြည်သူများထဲမှ အခြား မည်သည့်အရာမှ မရနိုင်ကြ‌သောသူများကိုလည်း သူတို့သည် ‌ပြောင်‌လှောင်ကြသည်။* အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား ပြက်ရယ်(ပြု အစား‌ပေး)‌တော်မူခဲ့သည်။ ၎င်းပြင် သူတို့အတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်လည်း ရှိလိမ့်မည်။

    [80] အသင်(တမန်‌တော်)သည် သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံသည်ဖြစ်‌စေ၊ သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် မ‌တောင်းခံသည်ပင်ဖြစ်‌စေ၊ (အ‌ကြောင်းမထူး‌ပေ။)* အကယ်၍ အသင်သည် သူတို့အတွက် အကြိမ်ခုနှစ်ဆယ်* လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံမည်ဆိုလျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့အား လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူမည်မဟုတ်‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည့်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ဖီဆန်သူများအား လမ်းမှန်ညွှန်ကြား ပြသ‌တော်မမူ‌ပေ။

    [81] (သဗူက်စစ်ပွဲကို မလိုက်ဘဲ)‌နောက်ကျန်ရစ်ခဲ့ကြ‌သောသူများသည်* အလ္လာဟ်အရှင်မြတ်၏ တမန်‌တော့်‌နောက်၌ သူတို့ ထိုင်‌နေရစ်ခဲ့ကြသည့်အတွက် ဝမ်း‌မြောက်‌ပျော်ရွှင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ရခြင်းကို မလိုလားခဲ့ကြ‌ပေ။ ထို့ပြင် သူတို့သည် (သူတို့ အချင်းချင်း) “အသင်တို့သည် အပူရှိန်ထဲသို့ မထွက်ကြနှင့်“ဟု* ‌ပြောဆိုခဲ့ကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ဂျဟန္နမ်ငရဲဘုံ၏မီးသည် ပို၍ပူသည်။“ အကယ်၍ သူတို့သည် သိမြင်နားလည်ကြလျှင် ‌ကောင်း‌လေစွ။

    [82] သို့ဖြစ်ရာ သူတို့သည် (ဤဘဝတွင်) အနည်းငယ်သာ ရယ်‌မောကြရမည်၊ ၎င်း‌နောက် (တမလွန်ဘဝတွင်) များစွာ ငို‌ကြွေးကြရမည်။ (ထိုအရာသည်) သူတို့ရှာ‌ဖွေ ဆည်းပူးခဲ့ကြ‌သော(အရာ၏) အကျိုးရလာဒ်ပင်ဖြစ်သည်။

    [83] ထို့‌နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သူတို့ထဲမှ လူတစ်စုထံသို့ ပြန်‌ရောက်ရှိ‌စေခဲ့လျှင်၊ ၎င်း‌နောက် သူတို့က (စစ်ပွဲသို့)ထွက်ရန် အသင်ထံ၌ ခွင့်‌တောင်းကြလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါမှ ထွက်ကြရမည် မဟုတ်‌ပေ၊ ၎င်း‌နောက် ငါနှင့်အတူ မည်သည့်ရန်သူကိုမှ တိုက်ခိုက်ကြရမည် မဟုတ်‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် အသင်တို့သည် ပထမအကြိမ်၌လည်း ထိုင်‌နေရစ်ခဲ့ကြခြင်းကိုပင် နှစ်သက်ခဲ့ကြ‌သော‌ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ယခုလည်း အသင်တို့သည် ‌နောက်ကျန်ခဲ့‌သောသူများနှင့်အတူ ထိုင်သာ‌နေခဲ့ကြ‌ပေ‌တော့။“

    [84] ထို့ပြင် အသင်သည် သူတို့ထဲမှ မည်သူမဆို ‌သေဆုံးခဲ့လျှင် ထိုသူ၏အ‌ပေါ်၌ ဂျနာဇဟ် စွလာသ်ဝတ်ပြုမှုကို မည်သည့်အခါမှ မပြု‌လေနှင့်။ ၎င်း‌နောက် သူ၏သချင်္ီုင်း‌ပေါ်၌လည်း မည်သည့်အခါမှ မရပ်‌လေနှင့်။* (အဘယ့်‌ကြောင့်ဆို‌သော်) အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည့်အပြင် သူတို့သည် အမိန့်ဖီဆန်သူများဖြစ်လျက် ‌သေဆုံးခဲ့ကြသည့်အတွက် ဖြစ်သည်။

    [85] ထို့ပြင် သူတို့၏ပစ္စည်းများနှင့် သားသမီးများသည် အသင့်အား အံ့ဩမှုမဖြစ်‌စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထို(ပစ္စည်းများ၊ သားသမီးများ)နှင့် ‌လောကီဘဝတွင် ပြစ်ဒဏ်‌ပေး‌တော်မူရန်နှင့် သူတို့သည် ကာဖိရ်များဖြစ်လျက် သူတို့၏အသက်များ ထွက်သွားရန်ကိုပင် ရည်ရွယ်‌တော်မူသည်။

    [86] ထို့ပြင် စူရဟ်ကဏ္ဍ တစ်စုံတစ်ခု* ကျ‌ရောက်လာ‌သောအခါ၊ ထိုကဏ္ဍထဲ၌ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အီမာန်ယုံကြည်ကြပါ၊ ၎င်း‌နောက် အသင်တို့သည် အရှင့်တမန်‌တော်နှင့် အတူတကွ ဂျိဟာဒ် တိုက်ခိုက်ကြပါ“ဟု ပါရှိ‌သောအခါ၊ သူတို့ထဲမှ ကြွယ်ဝချမ်းသာသူများကပင် “ကျွန်ုပ်တို့အား ခွင့်ပြုပါ၊ ကျွန်ုပ်တို့သည် ထိုင်‌နေခဲ့‌သောသူများနှင့်အတူ ‌နေရစ်ခဲ့ကြပါရ‌စေ“ဟု အသင်၏ထံ၌ ‌ပြောဆိုခွင့်ပန်ကြသည်။

    [87] သူတို့သည် ‌နောက်၌ကျန်ရစ်ခဲ့‌သော အမျိုးသမီးများနှင့်အတူ ‌နေရစ်ခဲ့ခြင်းကိုပင် နှစ်သက်ခဲ့ကြသည်။* ထို့ပြင် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင်လည်း တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် (ဂျိဟာဒ်၏ သ‌ဘောတရားကို)သိမြင်နားလည်ကြခြင်း မရှိ‌ပေ။

    [88] သို့ရာတွင် တမန်‌တော်မြတ်နှင့် ၎င်းတမန်‌တော်နှင့်အတူ အီမာန်ယုံကြည်ကြသူများကမူ သူတို့၏ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ခဲ့ကြသည်။* ၎င်း‌နောက် သူတို့အတွက်ပင် ‌ကောင်းခြင်းများရှိသည်။ ထို့ပြင် သူတို့ပင် ‌အောင်မြင်သူများဖြစ်ကြသည်။

    [89] အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲစံမြန်းကြရမည်။ ဤသည် အလွန်ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [90] ထို့‌နောက် ‌ကျေးလက်‌ဒေသတွင် ‌နေထိုင်ကြသူများထဲမှ လိမ်လည်အ‌ကြောင်းပြ‌သောသူများသည် သူတို့ ခွင့်ပြုခြင်းခံရရန် (အသင့်ထံသို့)လာခဲ့ကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို မုသား‌ပြောဆိုခဲ့ကြ‌သောသူများကမူ (လိမ်ပြီးပင် အ‌ကြောင်းပြရန် မလာကြဘဲ)ထိုင်သာ‌နေခဲ့ကြသည်။ သူတို့ထဲမှ ကာဖိရ်ငြင်းပယ်‌သောသူများတွင် နာကျင်‌စေ‌သော ပြစ်ဒဏ်သည် မကြာမီ ဆိုက်‌ရောက်မည်ဖြစ်သည်။

    [91] အားအင်ချည့်နဲ့သူများ၏အ‌ပေါ်တွင် (စစ်တိုက်မထွက်‌သော‌ကြောင့်)မည်သည့်အပြစ်မျှ မရှိ‌ပေ။ ၎င်း‌နောက် ‌ရောဂါသည်များအ‌ပေါ်တွင်လည်း အပြစ်မရှိ‌ပေ။ ၎င်း‌နောက် (စစ်ပွဲတွင်)သုံးစွဲရန် မည်သည့်အရာမျှ မရှိ‌သောသူများအ‌ပေါ်တွင်လည်း သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အတွက် အ‌ကောင်းလိုလားကြလျှင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြ‌သောသူများအ‌ပေါ်တွင်လည်း အပြစ်တင်စရာ နည်းလမ်းမရှိ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [92] ထို့ပြင် အကြင်သူများအ‌ပေါ်တွင်လည်း (အပြစ်)မရှိ‌ပေ။ ထိုသူများသည် အသင်က သူတို့အား အစီးအနင်း‌ပေါ်တင်‌ပေးရန် အသင့်ထံသို့ လာကြ‌သောအခါတွင် အသင်က သူတို့အား ‌ပြောခဲ့သည်- “အသင်တို့အား အစီးအနင်း တစ်စုံတစ်ခု‌ပေါ်တင်‌ပေးရန် ငါ့တွင်လည်း (မြင်းများ၊ ကုလားအုတ်များ)မည်သည့်အရာမျှ မရှိ‌ပေ။“ သူတို့သည် (စစ်ပွဲတွင်)သုံးစွဲရန် မည်သည့်အရာမျှ မရှိကြသည့်အတွက် ဝမ်းနည်းပက်လက်ဖြစ်ပြီး သူတို့၏မျက်စိများတွင် မျက်ရည်များပြည့်လျက်နှင့်ပင် ပြန်လှည့်ခဲ့ကြရသည်။

    [93] (ပြစ်တင်ရန်)နည်းလမ်းမှာမူ အကြင်သူများအ‌ပေါ်တွင်သာရှိသည်။ ထိုသူများသည် ချမ်းသာသူများဖြစ်ကြပါလျက် (စစ်ပွဲမလိုက်ရန်)အသင့်ထံ၌ ခွင့်ပန်ခဲ့ကြသည်။ သူတို့သည် ‌နောက်၌ကျန်ရစ်ခဲ့ကြ‌သော အမျိုးသမီးများနှင့်အတူ ‌နေရစ်ခဲ့ကြရန် လိုလားခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင်လည်း တံဆိပ်ခတ်နှိပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် (ဂျိဟာဒ်၏ သ‌ဘောတရားကိုပင်)မသိနားမလည်ကြ‌တော့‌ပေ။

    [94] အသင်တို့သည် (စစ်ပွဲမှ) သူတို့ထံသို့ ပြန်လာခဲ့ကြ‌သောအခါ သူတို့သည် အသင်တို့‌ရှေ့၌ (သူတို့မလိုက်ကြသည်နှင့်ပတ်သက်၍) အ‌ကြောင်းပြကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အ‌ကြောင်းမပြကြနှင့်၊ ကျွန်ုပ်တို့သည် အသင်တို့အား မည်သည့်အခါမှ ယုံကြည်ကြမည် မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အသင်တို့၏သတင်းများကို အသိ‌ပေး‌တော်မူပြီး ဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် အသင်တို့၏လုပ်ရပ်များကို မြင်‌တွေ့‌တော်မူလိမ့်မည်။ ထို့‌နောက် အသင်တို့ ဖုံးကွယ်‌နေ‌သော အရာအားလုံးနှင့် ထင်‌ပေါ်‌နေ‌သောအရာအားလုံးကို သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်လည်ပို့‌ဆောင်ခြင်းခံကြရမည်။ ၎င်း‌နောက် အရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များကို ထုတ်‌ဖော်မိန့်ကြား‌တော်မူမည်။

    [95] မကြာမီ အသင်တို့သည် (စစ်ပွဲမှ)သူတို့ထံသို့ ပြန်လာကြ‌သောအခါ အသင်တို့သည် သူတို့အား (အ‌ရေးမယူဘဲ)ခွင့်လွှတ်ကြရန် သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့သည် သူတို့အား စွန့်ထားလိုက်ကြပါ။ အမှန်စင်စစ် သူတို့သည် ညစ်ညမ်းသူများပင် ဖြစ်ကြသည်။ ၎င်း‌နောက် သူတို့၏ခိုလှုံရာစခန်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်သည်။ (ထိုအရာသည်) သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြ‌သော အကျိုးရလဒ်ပင်ဖြစ်သည်။

    [96] သူတို့သည် သူတို့အား အသင်တို့ ‌ကျေနပ်ကြရန် ကျိန်ဆိုကြလိမ့်မည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် သူတို့အား ‌ကျေနပ်ခဲ့ကြလျှင်လည်း အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်ဖီဆန်သူများအ‌ပေါ်တွင် ‌ကျေနပ်‌တော်မူမည် မဟုတ်‌ပေ။

    [97] ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြ‌သော အရဗ်အမျိုးသားများသည် ကုဖ်ရ်ငြင်းပယ်မှုနှင့် နိဖာက် အ‌ယောင်‌ဆောင်မှုတွင် ပို၍ပြင်းထန်ကြသည်။* ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏တမန်‌တော်အ‌ပေါ်တွင် ချ‌ပေးထား‌သော အမိန့်ပညတ်များကို (‌တော၌‌နေသည့်အတွက်)ပို၍ပင် မသိထိုက်ကြ‌သော(သိရန် မလွယ်‌သော)သူများဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [98] ထို့ပြင် ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြ‌သော အရဗ်အမျိုးသားများထဲ၌ (ဇကာသ်၊ ဂျိဟာဒ်များတွင်) သူတို့ သုံးစွဲကြသည်များကို “ဒဏ်‌ဆောင်ခြင်းဖြစ်သည်“ဟု မှတ်ယူကြသူများလည်း ရှိကြသည်။ ထို့ပြင် သူတို့သည် အသင်တို့နှင့်ပတ်သက်၍ အတုံ့အလှည့်ဖြစ်ခြင်းများကို ‌စောင့်‌မျှော်‌နေကြသည်။ (အမှန်စင်စစ်) သူတို့‌ပေါ်တွင် မ‌ကောင်း‌သောအလှည့်ကြုံခြင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူတို့‌ပြောသည်များကို)အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ (သူတို့၏ မှားယွင်း‌သောရည်ရွယ်ချက်များကို)အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [99] ထို့ပြင် အရဗ်‌ကျေး‌တောသားများထဲ၌ အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများလည်းရှိကြသည်။ သူတို့သည် (‌ကောင်း‌သောကိစ္စများတွင်) သူတို့ သုံးစွဲကြသည်များကို “အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ချဉ်းကပ်ရန် အ‌ကြောင်းခံများဖြစ်သည်“၊ ၎င်း‌နောက် “တမန်‌တော်မြတ်၏ ဆုမွန်များ ရယူရန်ဖြစ်သည်“ဟု မှတ်ယူကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် ထိုသုံးစွဲမှုများသည် သူတို့အတွက် ချဉ်းကပ်ရန် အ‌ကြောင်းခံပင်ဖြစ်သည်။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏ သနားကရုဏာ‌တော်ထဲ၌ ပါဝင်‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [100] ထို့ပြင် မုဟာဂျိရီန်များ၊ အန်စွာရ်များထဲမှ (အီမာန်ယူရာတွင်) အားလုံးထက် ‌ရှေ့ဆုံး‌ရောက်သူများနှင့် ၎င်းတို့၏ ‌နောက်သို့ ‌ကောင်းမှုနှင့်တကွ* လိုက်ခဲ့ကြ‌သောသူများအား အလ္လာဟ်အရှင်မြတ်သည် ‌ကျေနပ်‌တော်မူခဲ့ပြီးဖြစ်သည်၊ ၎င်း‌နောက် သူတို့ကလည်း အရှင်မြတ်ကို ‌ကျေနပ်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် အကြင်ဥယျာဉ်များကို အသင့်ပြုလုပ်ထား‌တော်မူသည်။ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်လျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [101] ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိကြ‌သော* အရဗ်‌ကျေး‌တောသားများနှင့် မဒီနဟ်မြို့သားများထဲတွင် ဤသို့ အ‌ယောင်‌ဆောင်‌သော မုနာဖိက်များရှိကြသည်။ ထိုသူများသည် အ‌ယောင်‌ဆောင်မှုထဲ၌ပင် ဇွတ်မှိတ်ပြီး ‌နေ‌လေ့ရှိသည်။ အသင်တို့သည် ထိုသူများအား မသိ‌ပေ။ ငါအရှင်မြတ်သည် သူတို့အား သိ‌တော်မူသည်။ မကြာမီ ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှစ်ကြိမ်*‌ပေး‌တော်မူမည်၊ ထို့‌နောက်သူတို့သည် ကြီး‌လေး‌သောပြစ်ဒဏ် သက်‌ရောက်ခြင်းကို ခံကြရမည်။

    [102] ထို့ပြင် အခြားသူများလည်း ရှိကြ‌သေးသည်။ သူတို့သည် သူတို့၏အပြစ်များကို ဝန်ခံခဲ့ကြသည်။ သူတို့သည် ‌ကောင်းမှုနှင့် မ‌ကောင်းမှုကို ‌ရောပြီးလုပ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူလိမ့်မည်ဟု အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌မျှော်လင့်ရသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [103] အသင်သည် သူတို့၏ပစ္စည်းများထဲမှ အလှူပစ္စည်းကို လက်ခံယူလိုက်ပါ၊ ထိုအရာဖြင့် အသင်သည် သူတို့အား သန့်ရှင်း‌အောင်နှင့် အပြစ်ကင်း‌အောင် လုပ်‌ပေးနိုင်လိမ့်မည်။* ၎င်း‌နောက် အသင်(တမန်‌တော်)သည် သူတို့အတွက် ဆု‌တောင်းလိုက်ပါ။* အမှန်စင်စစ် အသင်၏ဆု‌တောင်းခြင်းသည် သူတို့အတွက် ‌အေးချမ်းသာယာမှုဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [104] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထံမှ အမှားဝန်ခံမှုကို လက်ခံ‌တော်မူ‌သောအရှင်နှင့် လှူဖွယ်ပစ္စည်းများကို လက်ခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို သူတို့ မသိကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [105] ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် (အသင်တို့နှစ်သက်သကဲ့သို့)ပြုလုပ်ကြပါ၊ မကြာမီ အသင်တို့၏လုပ်ရပ်ကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် အီမာန်ယုံကြည်သူများလည်း ‌တွေ့မြင်ကြလိမ့်မည်။* ထို့ပြင် ဖုံးကွယ်‌နေ‌သောအရာများနှင့် ‌ပေါ်လွင်‌နေ‌သောအရာများကို သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ အသင်တို့သည် မကြာမီ ပြန်ပို့ခြင်းခံရမည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုလုပ်‌နေခဲ့သည်များကို ထုတ်‌ဖော်မိန့်ကြား‌တော်မူမည်။

    [106] ထို့ပြင် အခြားသူများလည်းရှိ‌သေးသည်၊* ထိုသူများ၏ကိစ္စမှာ အရှင်မြတ်သည် သူတို့အား အပြစ်‌ပေး‌တော်မူသည်ပင်ဖြစ်‌စေ၊ သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်ပင်ဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်၏(ထို)အမိန့်‌တော်(ကျ‌ရောက်သည်)အထိ ‌ရွှေ့ဆိုင်းထားပြီးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [107] ထို့ပြင် အကြင်သူများလည်းရှိကြသည်။ ထိုသူများသည် (အစ္စလာမ်ကို) ဒုက္ခ‌ပေးရန်အတွက်၊ ကုဖ်ရ်ငြင်းပယ်ရန်အတွက်၊ မုအ်မင်များကြား၌ ‌သွေးခွဲရန်အတွက်၊ ယခင်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အား တိုက်ခိုက်ခဲ့ကြ‌သောသူများ(၏ သတင်း‌ပေးမှု၊ ကြံစည်မှုကို ဆက်သွယ်ရယူရန်)ကို ‌ထောက်လှမ်းရာဌာနတစ်ခု ရရှိ‌စေရန်အတွက် ဗလီတစ်လုံးကို တည်‌ဆောက်ခဲ့ကြသည်။* ၎င်း‌နောက် သူတို့က “ကျွန်ုပ်တို့သည် ‌ကောင်းခြင်းမှလွဲ၍ မည်သည့်အရာမျှ မရည်ရွယ်ကြပါ“ဟု အမှန်ပင် ကျိန်ဆိုကြမည်။ ထို့ပြင် သူတို့သည် အမှန်ပင် လိမ်လည်သူများဖြစ်ကြသည်ကို အလ္လာဟ်အရှင်မြတ် အသိသက်‌သေဖြစ်‌တော်မူသည်။

    [108] အသင်(တမန်‌တော်)သည် ထိုဗလီဝတ်‌ကျောင်း‌တော်၌ မည်သည့်အခါမှ (စွလာသ်ဝတ်ပြုရန်)မတ်တတ်မရပ်ပါနှင့်။ အမှန်စင်စစ် အကြင်ဗလီဝတ်‌ကျောင်း‌တော်သည် ပထမ‌နေ့ကစပြီး သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအ‌ပေါ်တွင် အုတ်မြစ်ချခဲ့ပြီး ဖြစ်သည်။ အသင်သည် ထိုဗလီဝတ်‌ကျောင်း‌တော်၌သာ ပိုပြီးရပ်ထိုက်သည်။ ထိုဗလီဝတ်‌ကျောင်း‌တော်တွင် အလွန်သန့်ရှင်းစင်ကြယ်မှုကို နှစ်သက်ကြ‌သောသူများ ရှိကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်းစင်ကြယ်‌သောသူများကို နှစ်သက်‌တော်မူသည်။

    [109] သို့ဖြစ်ရာ အကြင်သူသည် သူ၏အ‌ဆောက်အအုံကို သက္ကဝါ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှုအ‌ပေါ်တွင်နှင့် (အရှင်မြတ်၏)‌ကျေနပ်မှုအ‌ပေါ်တွင် အုတ်မြစ်ချခဲ့သည်၊ ထိုသူသည် ပို‌ကောင်းသ‌လော။ သို့မဟုတ် အကြင်သူသည် ပို‌ကောင်းသ‌လော၊ ဤသူသည် သူ၏အ‌ဆောက်အအုံကို ပြိုကျမည့်ဆဲဆဲဖြစ်‌နေ‌သော ‌ချောက်ကမ်းပါး‌ပေါ်၌ အုတ်မြစ်ချခဲ့သည်။ ထို့‌နောက် ထိုအ‌ဆောက်အအုံသည် ထိုသူနှင့်တကွ ငရဲမီးထဲသို့ ပြိုကျသွားခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားပြုလုပ်‌သောသူများအား လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။

    [110] သူတို့ တည်‌ဆောက်ခဲ့ကြ‌သော သူတို့၏အ‌ဆောက်အအုံသည် သူတို့၏စိတ်နှလုံးများ အစိတ်စိတ် အမြွှာမြွှာဖြစ်မသွားမချင်း* (မ‌သေမချင်း) သူတို့၏ စိတ်နှလုံးများထဲသို့ သံသယများဖြစ်‌ပေါ်‌အောင်* လုပ်‌နေလိမ့်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [111] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများထံမှ သူတို့၏အသက်များနှင့် ပစ္စည်းဥစ္စာများကို သူတို့အတွက် ဂျန္နသ်သုခဘုံနှင့် (အစား‌ပေးပြီး)ဝယ်ယူ‌တော်မူခဲ့သည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ကြသည်။ သို့ဖြစ်ရာ သူတို့သည် (ရန်သူများကို)သတ်ဖြတ်ကြပြီး သူတို့သည် (ရန်သူများ၏)သတ်ဖြတ်မှုကိုလည်း ခံကြရသည်။ အရှင်မြတ်သည် အရှင်မြတ်အ‌ပေါ်တွင် တာဝန်ရှိ‌ကြောင်း၊ ‌သောင်ရသ်ကျမ်း၊ အင်ဂျီလ်ကျမ်းနှင့် ကုရ်အာန်ကျမ်း‌တော်မြတ်၌ မှန်ကန်စွာ ကတိပြုထား‌တော်မူခဲ့သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်ထက် ပိုပြီး မိမိကတိကို ပြည့်ဝ‌အောင် ‌ဆောင်ရွက်သူ မည်သူရှိသနည်း။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အချင်းချင်း ‌ရောင်းဝယ်‌ဖောက်ကားမှု (အ‌ပေးအယူပြုလုပ်ခဲ့ကြ‌သော ‌ရောင်းဝယ်မှု)နှင့် ပတ်သက်၍ ဝမ်း‌မြောက်‌ပျော်ရွှင်ကြပါ။ ထို့ပြင် ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။

    [112] (အရှင်မြတ်က ဂျန္နသ်‌ပေးပြီး ဝယ်ယူလိုက်‌သောသူများသည်) ဝန်ချ‌တောင်းပန်သူများ၊ အိဗာဒသ် ဝတ်ပြုသူများ၊ ချီးမွမ်းသူများ၊ ‌စွောင်မ် ဥပုစ်‌စောင့်ထိန်းသူများ*၊ ရုကူအ်ဦးညွတ်သူများ၊ ‌ကောင်းမှုများကို ညွှန်ကြားပြီး မ‌ကောင်းမှုများမှ တားမြစ်သူများ၊ အလ္လာဟ်အရှင်မြတ်၏စည်းကမ်းများကို ‌စောင့်ထိန်းသူများ ဖြစ်ကြသည်။ ၎င်း‌နောက် အသင်သည် အီမာန်ယုံကြည်သူများအား သတင်း‌ကောင်း‌ပေးလိုက်ပါ။

    [113] တမန်‌တော်မြတ်နှင့် အီမာန်ယုံကြည်သူများသည် မုရှ်ရိက်များအတွက် ၎င်း(မုရှ်ရိက်)များသည် သူတို့၏‌ဆွေမျိုးများဖြစ်ကြလျှင်လည်း သူတို့သည် ငရဲသားများဖြစ်‌သော‌ကြောင့် သူတို့တွင်(အ‌ယောင်‌ဆောင်မှု)ထင်ရှားခဲ့ပြီးသည့်‌နောက် (အရှင်မြတ်ထံ‌တော်၌)လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင့်ခံ‌ပေးပိုင်ခွင့် မရှိ‌တော့‌ပေ။

    [114] ထို့ပြင် (တမန်‌တော်)အိဗ်ရာဟီမ်သည် သူ၏ဖခင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံခဲ့ခြင်းသည် ၎င်းအ‌နေနှင့် ၎င်း၏ဖခက်ကို‌ပေးခဲ့‌သော ကတိ‌ကြောင့်ပင်ဖြစ်သည်။* ထို့‌နောက် (တမန်‌တော်)အိဗ်ရာဟီမ်ထံ၌ ၎င်း၏ဖခင်သည် အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်‌ကြောင်း ထင်ရှားခဲ့‌သောအခါ ၎င်းသည် ၎င်း၏ဖခင်နှင့် မသက်ဆိုင် မပတ်သက်‌တော့ပါဟူ၍ ငြင်းဆိုခဲ့သည်။ အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် စိတ်နှလုံး အလွန်နူးညံ့သူ၊ အလွန်သည်းခံသူဖြစ်ခဲ့သည်။

    [115] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးများကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူပြီး‌နောက်၊ သူတို့ ‌ရှောင်ကြဉ်ရမည့်အရာများကို ထင်ရှားစွာ မိန့်‌တော်မူခြင်း ပြု‌တော်မမူ‌သေးသမျှ လမ်းလွဲ‌စေ‌တော်မမူ‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [116] အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ အရှင်မြတ်ပင် ရှင်‌စေ‌တော်မူသည်။ အရှင်မြတ်ပင် ‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အတွက် မိတ်‌ဆွေ‌ရော၊ ကူညီမည့်သူပါ မည်သူမှ မရှိ‌ပေ။

    [117] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်မြတ်၏ဘက်နှင့်၊ အကြင်မုဟာဂျိရီန်နှင့် အန်စွာရ်များ၏ဘက်သို့ သနားကရုဏာနှင့် လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့ပြီ ဖြစ်သည်။ သူတို့ထဲမှ လူတစ်စု၏စိတ်နှလုံးများသည် တိမ်း‌စောင်းမည့်ဆဲဆဲဖြစ်ပြီး‌နောက် သူတို့သည် ကျပ်တည်း‌သောကာလ၌* တမန်‌တော်မြတ်၏‌နောက်ကို လိုက်ခဲ့ကြသည်။ ထို့‌နောက် အရှင်မြတ်သည် သနားကရုဏာနှင့် ပြန်လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ အလွန်ကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [118] ထို့ပြင် (အရှင်မြတ်သည်) အကြင်သူသုံးဦး*ဘက်သို့လည်း (သနားကရုဏာနှင့် လှည့်‌တော်မူပြီး သူတို့၏ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်)။ ထိုသုံးဦးတို့သည် (အမိန့်ကျ‌ရောက်သည်အထိ) ‌ရွှေ့ဆိုင်းမှု ခံခဲ့ကြရသည့်အတွက် ‌နောက်ဆုံးတွင် ကမာ္ဘ‌မြေသည် ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် သူတို့အ‌ပေါ်တွင် ကျဉ်း‌မြောင်းလာခဲ့‌ပေသည်။ ထို့ပြင် သူတို့၏အသက်ရှင်‌နေရခြင်းသည်ပင် သူတို့အ‌ပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့သည်။ ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်(၏ အမျက်‌တော်)မှ လွတ်ကင်းရန် ထိုအရှင်မြတ်မှလွဲ၍ အခြား မည်သည့်ခိုကိုးရာမှ မရှိ‌ကြောင်းကို ယုံကြည်လာခဲ့ကြသည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့(‌နောက်ထပ် အပြစ်ကျူးလွန်မိလျှင် အရှင်မြတ်ဘက်သို့)ပြန်လှည့် (အမှားဝန်ခံ)နိုင်ကြရန် သူတို့ဘက်သို့ သနားကရုဏာနှင့် ပြန်လှည့်‌တော်မူပြီး သူတို့၏ ဝန်ချ‌တောင်းပန်မှုများကို လက်ခံ‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [119] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ၎င်း‌နောက် အသင်တို့သည် မှန်ကန်‌သောသူများနှင့်အတူ ရှိကြပါ(‌နေထိုင်ကြပါ။)

    [120] မဒီနဟ်မြို့သားများနှင့် သူတို့၏ ပတ်ဝန်းကျင်၌ရှိ‌သော အရဗ်‌ကျေး‌တောသားများအတွက် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်ကိုစွန့်ပြီး ‌နောက်ကျန်ရစ်ခဲ့ကြရန် မသင့်‌ပေ။ ၎င်း‌နောက် သူတို့သည် သူတို့၏အသက်ကို တမန်‌တော်၏အသက်ထက် ပိုပြီး မနှစ်သက်သင့်‌ပေ။* ထို(သို့ ပြဋ္ဌာန်းရသည့်)အ‌ကြောင်းကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မည်ကဲ့သို့‌သော ‌ရေငတ်မှု၊ ပင်ပန်မှု၊ ဆာ‌လောင်မှုပင်ဖြစ်‌စေ၊ ၎င်း‌နောက် ကာဖိရ်များအား ‌ဒေါသဖြစ်‌စေမည့် မည်သို့‌သော သွားလာမှုပင်ဖြစ်‌စေ၊ ရန်သူများထံမှ ဒုက္ခ သုခ မည်သို့ပင်ရသည်ဖြစ်‌စေ*၊ ထိုအချက် တစ်ခုချင်းစီအတွက် ‌ကောင်းမှုတစ်ခုစီ ‌ရေးမှတ်ခြင်းခံရသည်ချည်းပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏အကျိုးကို အလဟဿ ဖြစ်‌စေ‌တော်မမူ‌ပေ။

    [121] ထို့ပြင် သူတို့သည် အ‌သေးအဖွဲ သုံးစွဲသည်ဖြစ်‌စေ၊ အကြီးအကျယ်သုံးစွဲသည်ဖြစ်‌စေ၊ သူတို့သည် မည်သည့်‌တောင်ကြားတစ်‌နေရာကို ဖြတ်‌ကျော်သည်ပင်ဖြစ်‌စေ သူတို့အတွက် (‌ကောင်းမှုအဖြစ်) ‌ရေးသားထားခဲ့သည်ချည်းဖြစ်သည်။ (ထိုသို့ ‌ရေးရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အ‌ကောင်းဆုံးအကျိုးကို ‌ပေးသနား‌တော်မူရန်အတွက်ဖြစ်သည်။

    [122] ထို့ပြင် အီမာန်ယုံကြည်သူများသည် တစ်‌ယောက်မကျန်(စစ်ပွဲသို့)မထွက်ထိုက်‌ပေ။ သို့ဖြစ်ရာ သူတို့ထဲက အုပ်စုတိုင်းမှ လူတစ်ဦးစီသာ ထွက်ကြရမည်။ သို့မှသာ (ကျန်လူများသည်) သာသနာနှင့်ပတ်သက်၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြမည်ဖြစ်သည်။ ၎င်း‌နောက် သူတို့သည် သူတို့၏ အမျိုးသားများအား(စစ်ပွဲမှ)သူတို့ထံသို့ ပြန်‌ရောက်လာ‌သောအခါ သူတို့ သတိပြု အပြစ်‌ရှောင်နိုင်ကြရန်အတွက် (အရှင်မြတ်၏ အမိန့်‌တော်များကို သင်ပြ‌ပေးပြီး) သတိ‌ပေးနှိုး‌ဆော်နိုင်ကြမည်ဖြစ်သည်။

    [123] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အနီး၌ရှိ‌သော ကာဖိရ်များကို တိုက်ခိုက်ကြပါ။* ထို့ပြင် ထိုကာဖိရ်များသည် အသင်တို့တွင် ပြင်းထန်မှုကို ‌တွေ့ရှိ‌စေကြရမည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူတကွ ရှိ‌တော်မူသည်ကို အသင်တို့ သိထားကြပါ။

    [124] ထို့ပြင် မည်သည့်အခါမဆို စူရဟ်ကဏ္ဍတစ်စုံတစ်ခုသည် (အရှင်မြတ်ထံမှ)ချ‌ပေးခြင်းခံရလျှင်၊ ထို(အ‌ယောင်‌ဆောင်)သူများထဲမှ အချို့က ဤစူရဟ်ကဏ္ဍသည် အသင်တို့ထဲမှ မည်သူ၏အီမာန်ကို တိုးတက်‌စေပါသနည်းဟု ‌ပြောဆိုကြသည်။* ၎င်း‌နောက် မည်သို့ပင်ဖြစ်‌စေ အီမာန်ယုံကြည်သူများကမူ သူတို့သည် ဝမ်း‌မြောက်‌ပျော်ရွှင်လျက် ထိုစူရဟ်ကဏ္ဍသည် သူတို့၏ အီမာန်ကို တိုးတက်‌စေခဲ့သည်။

    [125] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ စိတ်နှလုံးများ၌ ‌ရောဂါရှိသူများကမူ ထိုစူရဟ်ကဏ္ဍသည် သူတို့၏ အညစ်အ‌ကြေးထဲသို့ အညစ်အ‌ကြေးတစ်ခု ထပ်တိုး‌စေခဲ့သည်။ သူတို့သည် ကာဖိရ်ငြင်းပယ်သူများဖြစ်လျက် ‌သေဆုံးခဲ့ကြရသည်။

    [126] ထို့ပြင် အမှန်စင်စစ် သူတို့သည် နှစ်စဉ်နှစ်တိုင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရခြင်းကို သူတို့ မမြင်ကြသ‌လော။ ထို့‌နောက်လည်း သူတို့သည် ဝန်ချ‌တောင်းပန်ခြင်း မရှိကြ‌ပေ၊ သတိတရားလည်း မရကြ‌ပေ။

    [127] ထို့ပြင် မည်သည့်အခါမဆို စူရဟ်ကဏ္ဍတစ်စုံတစ်ခုသည် ချ‌ပေးခြင်းခံရလျှင်၊ သူတို့ထဲမှ တစ်ဦးသည် တစ်ဦးကိုကြည့်ပြီး “အသင်တို့ကို (တမန်‌တော်နှင့် မွတ်စ်လင်မ်များထဲမှ) တစ်စုံတစ်ဦးသည် မြင်သွားသ‌လော“*ဟု ‌မေးမြန်းပြီးသည့်‌နောက် ပြန်လှည့်သွားခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအား လှည့်ထား‌တော်မူခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အသိဉာဏ်ကို အသုံးမပြုကြသည့်အတွက်ပင်ဖြစ်သည်။

    [128] အမှန်စင်စစ် အသင်တို့ထဲမှပင် တမန်‌တော်တစ်ပါးသည် အသင်တို့ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။* အသင်တို့ ဒုက္ခ‌ရောက်ခြင်းသည် ထိုတမန်‌တော်အ‌ပေါ်တွင် အလွန်ဝန်‌လေးသည်။* (၎င်း‌နောက် ထိုတမန်‌တော်သည်) အသင်တို့နှင့်ပတ်သက်၍ (‌ကောင်းသည်ကိုသာ) အလွန်လိုလားသူဖြစ်သည်။ အီမာန်ယုံကြည်သူများနှင့်ပတ်သက်၍ အလွန်နူးညံ့သိမ်‌မွေ့သူ၊ အလွန်ကြင်နာသူ တစ်ဦးဖြစ်သည်။

    [129] ထို့‌နောက် အကယ်၍ သူတို့သည် (သိပါလျက်နှင့် မလိုက်နာဘဲ)ပြန်လှည့်သွားခဲ့ကြလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါ့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံ‌လောက်‌တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်မြတ်အ‌ပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီ ဖြစ်သည်။ ၎င်း‌နောက် အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်‌သော အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူသည့်အရှင် ဖြစ်‌တော်မူသည်။

    Surah 10
    ယူနွတ်စ်

    [1] အလိဖ် လာမ် ရာ။* ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံ‌သောကျမ်း‌တော်မြတ်၏ အာယသ်‌တော်များဖြစ်သည်။

    [2] ငါအရှင်မြတ်သည် သူတို့ထဲမှပင် လူတစ်ဦးထံသို့ “အသင်သည် လူများအား သတိ‌ပေးနှိုး‌ဆော်ပါ“ ၎င်း‌နောက် “အီမာန်ယုံကြည်သူများအား သူတို့၏အရှင်မြတ်ထံ‌တော်၌ သူတို့အတွက် မြင့်မြတ်‌သော အဆင့်အတန်းရှိသည်ဟု သတင်း‌ကောင်း‌ပြောလိုက်ပါ“ဟု ဝဟီအမိန့်ချ‌ပေးခြင်းသည် လူများအတွက် အံ့ဩဖွယ်ရာ ဖြစ်‌နေသ‌လော၊* ကာဖိရ်ငြင်းပယ်သူများကမူ “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂ အမှန်ပင် ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [3] အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း)‌နေ‌တော်မူသည်။ အရှင်မြတ်သည်ပင် အမှုကိစ္စအားလုံးကို စီမံခန့်ခွဲ‌တော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ခွင့်ပြု‌တော်မူပြီးမှပင် ကြားဝင် အသနားခံနိုင်မည်ဖြစ်သည်။* အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤမျှပင် အသင်တို့သည် အသိတရား မရကြ‌သေးသ‌လော။

    [4] အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အရှင်မြတ်ထံ‌တော်သို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြုထား‌တော်မူသည်။ အမှန်စင်စစ် ထိုအရှင်မြတ်ပင် အဖန်ဆင်းခံများအား ပထမအကြိမ်ကလည်း စတင်ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံများအား ‌နောက်တစ်ကြိမ်ပြန်ပြီး ဖန်ဆင်း‌တော်မူဦးမည်ဖြစ်သည်။ (ထိုသို့ပြန်ပြီး ဖန်ဆင်း‌တော်မူရခြင်းမှာ)အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်‌သောသူများအား မျှတစွာ အကျိုး‌ပေးရန်အတွက်ဖြစ်သည်။* ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ သူတို့သည် ငြင်းပယ်‌နေခဲ့ခြင်း‌ကြောင့် သူတို့အတွက် အလွန်ဆူပွက်‌နေ‌သော ‌သောက်စရာ(‌ရေပူ)နှင့် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ရှိလိမ့်မည်။

    [5] အရှင်မြတ်သည် ‌နေကို ထွန်းလင်း‌တောက်ပ‌စေရန်နှင့် လကို လင်းဝင်း‌စေရန် ပြုလုပ်‌တော်မူခဲ့‌သော အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် နှစ်များ၏အ‌ရေအတွက်နှင့် စာရင်းအင်းကို အသင်တို့ သိနားလည်ကြရန်အတွက် ထို(လသွားသည့်)စခန်းများအား သတ်မှတ်‌ပေး‌တော်မူခဲ့သည်။* အလ္လာဟ်အရှင်မြတ်သည် ဤအရာများအား မှန်ကန်‌သော ရည်ရွယ်ချက်ဖြင့်ပင် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ အရှင်မြတ်သည် သိနားလည်သူများအတွက် သက်‌သေလက္ခဏာများကို အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။

    [6] အမှန်စင်စစ် ညနှင့်‌နေ့များ၏ ‌ပြောင်းလဲမှုတွင်လည်း‌ကောင်း၊ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ် ဖန်ဆင်းထား‌တော်မူ‌သော အရာများတွင်လည်း‌ကောင်း (အရှင်မြတ်အား) ‌ကြောက်ရွံ့သူများအတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။

    [7] အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်နှင့် ‌တွေ့ဆုံခြင်းကို မ‌မျှော်လင့်ကြ‌ပေ။* ၎င်း‌နောက်သူတို့သည် ‌လောကီဘဝကိုသာ ‌ကျေနပ်၍ ထို‌လောကီဘဝနှင့်ပင် (လုံ‌လောက်ပြီဟု ထင်မှတ်ပြီး) ‌အေး‌ဆေးတည်ငြိမ်‌နေခဲ့ကြသည်။ ထို့ပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏ (တမလွန်ဘဝနှင့် စပ်လျဉ်း‌သော)သက်‌သေလက္ခဏာများကို ‌မေ့‌လျော့သူများဖြစ်ကြသည်။

    [8] ထိုသူများပင်ဖြစ်သည်၊ သူတို့သည် (မ‌ကောင်းမှုများကို) ရှာ‌ဖွေဆည်းပူး‌နေခဲ့သည့်အတွက် သူတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။

    [9] အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်း‌နောက်သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ သူတို့အား သူတို့၏ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် သူတို့၏အီမာန်ယုံကြည်မှု‌ကြောင့် စည်းစိမ်နှင့်ပြည့်စုံ‌သော ဥယျာဉ်များသို့ ပို့‌ဆောင်‌တော်မူမည်ဖြစ်သည်၊ ၎င်းဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။

    [10] ထို(သုခဘုံ ဥယျာဉ်များ)၌ သူတို့၏စကားသည် “အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်“ဟု ဖြစ်ပြီး၊ ထိုအထဲ၌ သူတို့၏နှုတ်ခွန်းဆက်သခြင်းသည် “စလာမ် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ“ဟု ဖြစ်မည်။ ၎င်း‌နောက် သူတို့၏‌နောက်ဆုံး(နိဂုံးချုပ်)စကားသည် “ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်“ဟူ၍ ဖြစ်မည်။

    [11] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ သူတို့၏အ‌ကောင်းကို အလျင်စလို ‌တောင်းဆိုသကဲ့သို့ အဆိုးကို အလျင်စလိုပြုလုပ်‌ပေး‌တော်မူလျှင် သူတို့ကို ‌ပေးထား‌သော ‌စောင့်ဆိုင်းချိန်သည် အမှန်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လိမ့်မည်။* သို့ဖြစ်ရာ ငါအရှင်မြတ်သည် ငါအရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို မ‌မျှော်လင့်သူများအား သူတို့၏ဆိုးသွမ်း‌မောက်မာမှုထဲ၌ပင် တဝဲလည်လည် ဖြစ်‌နေကြရန်အတွက် စွန့်ပစ်ထား‌တော်မူသည်။

    [12] ထို့ပြင် လူသား၌ ဒုက္ခ‌ရောက်‌သောအခါ သူသည် ငါအရှင်မြတ်ကို လဲ‌လျောင်းလျက် သို့မဟုတ် ထိုင်လျက် သို့မဟုတ် ရပ်လျက် ဟစ်‌ခေါ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူ၏ဒုက္ခကို ဖယ်ရှား‌တော်မူလိုက်‌သောအခါ သူသည် ငါအရှင်မြတ်အား သူ့တွင်‌ရောက်ခဲ့သည့်ဒုက္ခအတွက် (တစ်ကြိမ်မှ)မဟစ်‌ခေါ်ခဲ့ သကဲ့သို့ဖြစ်သွားသည်။* ဤသို့ပင် စည်း‌ဖောက်သူများအတွက် သူတို့ပြုလုပ်‌နေခဲ့ကြသည့်အရာ (မ‌ကောင်းမှု)များသည် လှပ(သည့် သဏ္ဍာန်ဖြစ်ရှိ)‌စေရန် တန်ဆာဆင်မြန်းခြင်းခံရသည်။

    [13] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့မတိုင်မီက မျိုးနွယ်များကို သူတို့သည် မတရားကျူးလွန်ကြ‌သောအခါ ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများကို ယူ‌ဆောင်လာခဲ့ကြပြီး‌နောက်လည်း သူတို့သည် (တစ်ပါးတည်း‌သောအရှင်မြတ်အား) ယုံကြည်သူများ မဖြစ်ခဲ့ကြ‌ပေ။ ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို ဤသို့ပင် အစား‌ပေး‌တော်မူသည်။

    [14] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် အသင်တို့ မည်သို့ပြုမူ‌ဆောင်ရွက်ကြမည်နည်းဆိုသည်ကို ကြည့်ရှု‌တော်မူရန်အတွက် အသင်တို့အား ကမာ္ဘ‌ပေါ်၌ ကိုယ်စားလှယ်များ ပြုလုပ်‌တော်မူခဲ့သည်။

    [15] ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များကို ဖတ်ကြားခြင်းခံရ‌သောအခါ၊ ငါအရှင်မြတ်နှင့် ‌တွေ့ဆုံရန် မ‌မျှော်လင့်ကြသူများက “အသင်သည် ဤသည်မှလွဲ၍ အခြားကုရ်အာန်ကို ူယူခဲ့ပါ၊ သို့မဟုတ် ဤသည်ကိုပင် ‌ပြောင်းလဲ‌ပေးပါဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အတွက် ဤကုရ်အာန်မှာ ငါ၏သ‌ဘောအတိုင်း ‌ပြောင်းလဲခွင့် မရှိ‌ပေ၊ ငါသည် ငါ၏ထံသို့ ညွှန်ကြားခြင်းခံရ‌သော အမိန့်ကိုသာ လိုက်နာခြင်းဖြစ်သည်။ အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်၏အမိန့်ကို ဖီဆန်မိလျှင် ကြီးကျယ်‌သော‌နေ့၏ပြစ်ဒဏ်ကို ငါစိုးရိမ်သည်။

    [16] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် ငါသည်လည်း ထိုကုရ်အာန်ကို အသင်တို့‌ရှေ့၌ ဖတ်ကြားနိုင်မည် မဟုတ်‌ပေ။ အရှင်မြတ်သည်လည်း အသင်တို့အား ထိုကုရ်အာန်နှင့်ပတ်သက်၍ အသိ‌ပေး‌တော်မူမည် မဟုတ်‌ပေ။ ၎င်း‌နောက် အမှန်စင်စစ် ငါသည် ထို(ကုရ်အာန်မကျ‌ရောက်မီ) ယခင်ကလည်း အသင်တို့ထဲ၌ တစ်သက်တာ‌နေခဲ့ပြီးဖြစ်သည်။* ဤမျှပင် အသင်တို့ နားမလည်ကြ‌လေသ‌လော။

    [17] သို့ဖြစ်ရာ အကြင်သူထက်ပိုပြီး မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲခဲ့သည်။ သို့မဟုတ် ထိုသူသည် အရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည်။ အမှန်စင်စစ် အပြစ်ကျူးလွန်သူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။

    [18] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား နစ်နာ‌စေရန်လည်း မပြုလုပ်နိုင်‌ပေ၊ ၎င်းပြင် သူတို့အား အကျိုးဖြစ်ထွန်း‌စေရန်လည်း မပြုလုပ်နိုင်‌ပေ။ ၎င်း‌နောက် သူတို့က ‌ပြောဆိုကြသည်- “ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ကြားဝင်အသနားခံ‌ပေးမည့်အရာများပင်ဖြစ်ကြသည်။“ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ်မသိ‌သောအရာများ*နှင့်ပတ်သက်၍ သတင်း‌ပေး‌နေကြသ‌လော။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည့်အပြင် အရှင်မြတ်သည် သူတို့တွဲဖက်ကိုးကွယ်‌သောအရာများထက် အလွန်မြင့်မားလှ‌တော်မူသည်။

    [19] ထို့ပြင် လူသားများသည် (ယခင်က အယူဝါဒတူညီ‌သော)အုပ်စုတစ်ခုတည်းပင် ဖြစ်ခဲ့ကြသည်။ ထို့‌နောက် သူတို့သည် (အယူဝါဒ)ကွဲလွဲမှုဖြစ်ခဲ့ကြသည်။* ထို့‌နောက် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ စကားတစ်ခုသည် ‌ရှေးယခင်ကတည်းက ရှိနှင့်ခဲ့ပြီး မဟုတ်လျှင် အမှန်စင်စစ် သူတို့ အချင်းချင်း သ‌ဘောထားကွဲလွဲ‌နေ‌သောအရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။

    [20] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အဘယ့်‌ကြောင့် ၎င်း(တမန်‌တော်)၏အ‌ပေါ်တွင် ၎င်း၏အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာ တစ်စုံတစ်ခု မကျ‌ရောက်ခဲ့သနည်း။ သို့ဖြစ်ရာ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်စင်စစ် အကွယ်၌ရှိသမျှကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ‌စောင့်‌မျှော်ပြီး‌နေကြပါ။ ငါသည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်သူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သည်။

    [21] ထို့ပြင် ငါအရှင်မြတ်သည် လူများကို သူတို့တွင် ဒုက္ခ‌ရောက်ပြီး‌နောက်(အရှင်မြတ်၏)သနားကရုဏာကို မြည်းစမ်း(ခံစား)‌စေ‌တော်မူလျှင် သူတို့၌ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်ပတ်သက်၍ ချက်ချင်းပင် မ‌ကောင်း‌သောအကြံအစည်များ ကြံစည်‌လေ့ရှိကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာတွင် ပိုပြီး လျင်မြန်‌တော်မူ‌သောအရှင်ဖြစ်သည်။“ အမှန်စင်စစ် ငါအရှင်မြတ်၏‌ကောင်းကင်တမန်များသည် အသင်တို့ ကြံစည်‌နေသည်များကို ‌ရေးမှတ်‌နေကြသည်။

    [22] အရှင်မြတ်သည် အသင်တို့အား ကုန်း‌ကြောင်းနှင့်‌ရေ‌ကြောင်းတွင် ခရီးသွားလာ‌စေ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။ ‌နောက်ဆုံး၌ အသင်တို့သည် သ‌ဘေင်္ာများတွင် ရှိ‌နေကြ‌သောအခါ သ‌ဘေင်္ာများသည် ညင်သာ‌သော‌လေနှင့် သူတို့အား သယ်‌ဆောင်သွားသည်။ သူတို့သည်လည်း ထို‌လေ‌ကြောင့်ပင် ဝမ်းသာ‌နေကြသည်။ ထို့‌နောက် (ရုတ်တရက်) ထိုသ‌ဘေင်္ာများကို ‌လေပြင်းမုန်တိုင်းရိုက်ခတ်လာပြီး လှိုင်းတံပိုးများသည် သူတို့အ‌ပေါ်၌ ‌နေရာတိုင်းမှ လွှမ်းမိုးလာသည့်အတွက် သူတို့သည် အမှန်စင်စစ် သူတို့အား ဝိုင်းဝန်းသည်ကို ခံကြရပြီဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ)သူတို့သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်အတွက်သာ စိတ်ထားဖြူစင်လျက်နှင့် (ဤသို့)ဟစ်‌ခေါ် ဆု‌တောင်းကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤ(အန္တရာယ်)မှ လွတ်‌မြောက်‌စေ‌တော်မူပါလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အပါအဝင် ဖြစ်ကြပါသည်။

    [23] ထို့‌နောက် အရှင်မြတ်သည် သူတို့အား လွတ်‌မြောက်‌စေ‌တော်မူ‌သောအခါတွင် သူတို့သည် ကမာ္ဘ‌မြေ၌ ချက်ချင်းပင် မတရား‌သောင်းကျန်းမှုများ ပြုလုပ်ကြ‌တော့သည်။ အို- လူသားအ‌ပေါင်းတို့၊ အသင်တို့၏ ကျူး‌ကျော်‌သောင်းကျန်းမှုသည် အသင်တို့အ‌ပေါ်တွင်သာ(ပြန်ကျ‌ရောက်မည်)ဖြစ်သည်။ ‌လောကီ၌ အကျိုးအနည်းငယ်သာ(ရှိမည်)၊ ထို့‌နောက် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်ဖြစ်သည်။

    [24] ‌လောကီဘဝ၏ပမာသည် အကြင်‌ရေ၏ပမာနှင့်တူသည်။ ငါအရှင်မြတ်သည် ထို‌ရေကို မိုး‌ကောင်းကင်မှ ချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ထို‌ရေ‌ကြောင့် လူများနှင့်တိရစာ္ဆန်များ စားကြ‌သောအပင်ငယ်များသည် ‌မြေပထဝီမှ ‌ရောယှက်၍ ထွက်လာခဲ့သည်။ ‌နောက်ဆုံးတွင် ‌မြေပထဝီသည် မိမိ၏ဝတ်စားတန်ဆာတို့ဖြင့် အလှဆင်‌သောအခါ၊ ထို‌မြေရှင်များက သူတို့သည် ထို(အပင်)များကို (မိမိတို့သ‌ဘောအတိုင်း)သုံးစွဲနိုင်ကြပြီဟု ထင်ကြသည်။ (ထိုအခါ ရုတ်တရက်)ငါအရှင်မြတ်၏ အမိန့်‌တော်သည် ထိုလယ်ယာဥယျာဉ်များကို ည၌ သို့မဟုတ် ‌နေ့၌ ‌ရောက်ရှိလာ‌တော့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုလယ်ယာများကို ရိတ်သိမ်းပြီးသည့်အတိုင်း ဖြစ်သွား‌စေ‌တော်မူသည်။ ထိုအခါ ထိုလယ်ယာများသည် မ‌နေ့က လုံးဝမရှိခဲ့သကဲ့သို့ ဖြစ်သွား‌တော့သည်။ ငါအရှင်မြတ်သည် ထိုသို့ပင် သက်‌သေလက္ခဏာများကို စဉ်းစားဆင်ခြင်သူများအတွက် အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။

    [25] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူများကို) ငြိမ်းချမ်းရာဌာနသို့ ဖိတ်‌ခေါ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောများအား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ညွှန်ကြားပြသ‌တော်မူသည်။

    [26] ‌ကောင်းကျိုး‌ဆောင်ရွက်ပြုလုပ်ကြ‌သောသူများအတွက် ‌ကောင်း‌သောအကျိုး(ဂျန္နသ် သုခဘုံ)ရမည့်အပြင် အပို(ဆုများ)လည်း ရှိဦးမည်ဖြစ်သည်။* ထို့ပြင် သူတို့၏မျက်နှာများအား မြူမှုန်၊ ဖုန်မှုန်များ ဖုံးလွှမ်းခြင်း၊ (အမိုက်အ‌မှောင်)မရှိသည့်အပြင် ‌သေးသိမ်မှုလည်း ဖုံးလွှမ်းမည် မဟုတ်‌ပေ။ ထိုသူများပင် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ သူတို့သည် ထိုသုခဘုံတွင် အမြဲ‌နေကြရမည့်သူများဖြစ်သည်။

    [27] ထို့ပြင် မ‌ကောင်းမှုပြုလုပ်သူများအတွက် မ‌ကောင်းမှု၏အကျိုးသည် ထိုမ‌ကောင်းမှုနှင့် ညီတူညီမျှပင်ဖြစ်သည်။* ထို့ပြင် ‌သေးသိမ်မှုသည်လည်း သူတို့အား ဖုံးလွှမ်းမည်ဖြစ်သည်။ သူတို့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကယ်တင်မည့်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။ သူတို့၏မျက်နှာများကမူ မဲ‌မှောင်‌နေ‌သောည၏ အပိုင်းအစများနှင့် ဖုံးအုပ်ထားသကဲ့သို့ ရှိကြမည်။ သူတို့သည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ငရဲဘုံတွင် အမြဲ‌နေထိုင်ကြရမည့်သူများဖြစ်ကြသည်။

    [28] ထို့ပြင် အကြင်‌နေ့၌ ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် ရှိရ်ရိက် တုဖက်ကိုးကွယ်ခဲ့‌သောသူများအား အမိန့်ရှိ‌တော်မူမည်- “အသင်တို့နှင့် အသင်တို့ တုဖက်ကိုးကွယ်ခဲ့‌သောအရာများသည် (သတ်မှတ်ထား‌သော)‌နေရာ၌ပင် (ရပ်‌နေကြပါ)“။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အချင်းချင်း ဝိဝါဒ ကွဲလွဲ‌စေ‌တော်မူမည်။ (ထိုအခါ) သူတို့တွဲဖက်ကိုးကွယ်ခဲ့ကြ‌သော အရာများက “အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြမည်။

    [29] သို့ဖြစ်ရာ အသင်တို့၏ကိုးကွယ်မှုအား အမှန်ပင် ငါတို့မသိခဲ့သည်ကို အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့် အသင်တို့၏ကြား၌ မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် အဖြစ်လုံ‌လောက်‌တော်မူသည်။

    [30] ထို‌နေရာတွင် လူတိုင်းသည် သူတို့ ကြိုတင်ပို့နှင့်ခဲ့‌သောလုပ်ရပ်များအား စမ်းသပ်(စိစစ်)‌တွေ့ရှိကြမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် သူတို့၏ အမြဲထာဝရ အမှန်တရားဖြစ်‌တော်မူ‌သော* အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ ပြန်ပို့ခံကြရမည်ဖြစ်သည်။* ထို့ပြင် သူတို့လုပ်ကြံခဲ့သည်များကို သူတို့အတွက် အရာမ‌ရောက် ဖြစ်သွားမည်။

    [31] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့ကို မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ စားနပ်ရိက္ခာကို မည်သူ‌ထောက်ပံ့သနည်း။ သို့မဟုတ် ကြားခြင်းနှင့်မြင်ခြင်းများကို မည်သူ စိုးပိုင်သနည်း။ ၎င်း‌နောက် မည်သူက သက်ရှိကို သက်မဲ့ထဲမှ ထွက်‌စေပြီး သက်မဲ့ကိုသက်ရှိထဲမှ ထွက်‌စေသနည်း။ ထို့ပြင် မည်သူသည် ကိစ္စဟူသမျှကို စီမံခန့်ခွဲသနည်း“။ သူတို့က “အလ္လာဟ်အရှင်မြတ်“ဟူ၍ အမှန်ပင် ‌ပြောကြလိမ့်မည်။ ထို့အတွက် အသင်‌ပြောလိုက်ပါ- “သို့ဖြစ်ပါလျက် အသင်တို့သည် (တွဲဖက်ကိုးကွယ်ခြင်းမှ) မ‌ရှောင်ကြဉ်ကြ‌လေသ‌လော။

    [32] သို့ဖြစ်ရာ ထိုအရှင်သည်ပင် အလ္လာဟ်အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ထာဝရအမှန်တရားဖြစ်‌တော်မူသည့် အရှင်သခင် အစစ်အမှန်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အမှန်တရား၏‌နောက်တွင် အမှားမှလွဲ၍ အခြား မည်သည့်အရာ ရှိ‌တော့သနည်း။ ထိုသို့ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။

    [33] ဤသို့ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်သည် အမိန့်ဖီဆန်သူများနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။ (အဘယ့်‌ကြောင့်ဆို‌သော်)အမှန်ပင် သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်သည့်အတွက်ပင် ဖြစ်သည်။

    [34] (အို- တမန်‌တော်)အသင်‌ပြောဆို(‌မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ အဖန်ဆင်းခံများကို စတင်ဖန်ဆင်းပြီး (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ် ပြန်ရှင်ပြန်ထ‌အောင်ဖန်ဆင်းမည့်သူ ရှိပါသ‌လော။“ အသင်ကပင်(ပြန်)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် စတင်ဖန်ဆင်း‌တော်မူသည်။ (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ်လည်း အရှင်မြတ်ပင် ပြန်လည်ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။“ ထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။

    [35] (အို- တမန်‌တော်)အသင်‌ပြောဆို(‌မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ မည်သူရှိသနည်း။“ အသင်ကပင်(ပြန်)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် လမ်းမှန်ကို ညွှန်ကြားပြသ‌တော်မူသည်။ သို့ဖြစ်ရာ လမ်းမှန်ကို ညွှန်ကြားပြသ‌တော်မူ‌သော အရှင်မြတ်သည် အမိန့်နာခံခြင်းကို ပိုခံထိုက်‌တော်မူပါသ‌လော၊ သို့မဟုတ် ကိုယ်တိုင်လည်း လမ်းမှန်ကို ညွှန်ကြားပြသမခံရဘဲ မှန်ကန်‌သောလမ်းကို မရရှိနိုင်‌သောသူက အမိန့်နာခံခြင်းကို ပိုခံထိုက်ပါသ‌လော။ သို့ဖြစ်ရာ (ဤအရာများကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်) အသင်တို့မှာ မည်သည့်အ‌ကြောင်းရှိသနည်း။ အသင်တို့သည် မည်သို့ ဆုံးဖြတ်ကြသနည်း။“

    [36] ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် (အ‌ခြေအမြစ်မရှိ‌သော)ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြသည်။ အမှန်စင်စစ် ထိုထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်ပြီး မည်သည့်အကျိုးမျှ မ‌ပေး‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်‌နေကြသည့်အရာများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [37] ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏အပြင်(အခြား တစ်စုံတစ်ဦးက) လုပ်ကြံဖန်တီးထား‌သော ကျမ်းဂန်မဟုတ်‌ပေ။ သို့ရာတွင် ၎င်း၏မတိုင်မီက ကျမ်းများကို ‌ထောက်ခံ‌သောကျမ်းဖြစ်ပြီး (‌လောင်ဟိမဟ်ဖူးဇွ်တွင်)‌ရေးမှတ်ထား‌သောအရာ (အမိန့်ပညတ်ချက်များကို)ကို အ‌သေးစိတ် ရှင်းလင်းဖွင့်ဆိုပြ‌သော ကျမ်းလည်းဖြစ်သည်။ ဤကျမ်းထဲ၌ သံသယ(ဖြစ်ရန်မှာ)လည်း လုံးဝမရှိ(သည့်ပြင် ဤကျမ်းသည်) စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကျမ်းဖြစ်သည်။

    [38] သူတို့က “၎င်း(တမန်‌တော်)သည် ထိုကုရ်အာန်ကို လုပ်ကြံဖန်တီးခဲ့သည်“ဟု ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “သို့ဖြစ်လျှင် အသင်တို့သည် ထိုအရာနှင့်တူ‌သော စူရဟ်ကဏ္ဍတစ်ခုကို (‌ရေးပြီး)ယူ‌ဆောင်လာခဲ့ကြပါ၊ ထို့ပြင် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ‌ခေါ်ယူနိုင်ကြ‌သော (ကူညီမည့်)သူများကိုလည်း ‌ခေါ်ယူခဲ့ကြပါ။“

    [39] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် သူတို့ကိုယ်တိုင် မသိနားမလည်‌သောအရာကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။* ၎င်း‌နောက် သူတို့ထံသို့ ထိုငြင်းပယ်မှု၏‌နောက်ဆုံးအကျိုးဆက်သည်လည်း ‌ရောက်လာခြင်း မရှိ‌သေး‌ပေ။ ဤသို့ပင် သူတို့မတိုင်မီက သူများသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ မတရားသူများသည် မည်သို့ အကျိုးခံစားခဲ့ကြရသည်ကို အသင် ကြည့်လိုက်ပါ။

    [40] ထို့ပြင် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို ယုံကြည်မည့်သူများလည်း ရှိကြသည်။ ၎င်း‌နောက် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို မယုံကြည်‌သောသူများလည်းရှိကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ဖျက်ဆီးသူများကို အသိဆုံးအရှင်ပင် ဖြစ်‌တော်မူသည်။

    [41] ထို့ပြင် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်‌နေသည်ဆိုလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါ့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် ငါ၏အတွက်ပင်ဖြစ်၍ အသင်တို့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် အသင်တို့၏အတွက်ပင်ဖြစ်သည်။ အသင်တို့သည် ငါပြုလုပ်သမျှနှင့် လွတ်ကင်းသူများဖြစ်ကြ၍ ငါသည်လည်း အသင်တို့ပြုလုပ်သမျှများနှင့် လွတ်ကင်းသူဖြစ်သည်။“

    [42] ထို့ပြင် သူတို့ထဲ၌ အသင့်ဘက်သို့ နားစွင့်‌နေကြ‌သောသူများလည်း ရှိကြသည်။ သို့ဖြစ်ရာ အသင်သည် အသိဉာဏ်မသုံး‌သော နားပင်း‌နေသည့်သူများအား ကြား‌အောင် ပြုလုပ်နိုင်ပါသ‌လော။

    [43] ၎င်း‌နောက် သူတို့ထဲ၌ အသင့်အား ကြည့်‌နေသူများလည်း ရှိကြသည်။ သို့ဖြစ်ရာ အသင်သည် ဉာဏ်မျက်စိနှင့်မကြည့်‌သော မျက်ကန်းများကို လမ်းမှန် ညွှန်ကြားပြသနိုင်ပါသ‌လော။

    [44] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားများအား အနည်းငယ်မျှပင် မနှိပ်စက်‌ပေ။ သို့ရာတွင် လူသားများသည် သူတို့ကိုယ်ကို သူတို့ပင် နှိပ်စက်ကြခြင်းဖြစ်သည်။

    [45] ထို့ပြင် အကြင်‌နေ့၌ အရှင်မြတ်သည် သူတို့အား စုရုံး‌စေ‌တော်မူမည်။ သူတို့သည် ‌နေ့၏တစ်ခဏ(တစ်နာရီ)မျှသာ* (‌လောက၌)‌နေခဲ့ကြရသည်(ဟု ထင်မှတ်ကြမည်)။ သူတို့သည် အချင်းချင်း မှတ်မိကြမည်။* အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများသည် အမှန်စင်စစ် ဆုံးရှုံးခဲ့ကြပြီဖြစ်သည်။ ၎င်း‌နောက် သူတို့သည် လမ်းမှန်ကို ရရှိမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [46] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ် ကတိ‌ပေးထား‌သောပြစ်ဒဏ်အချို့ကို အသင့်အား ပြသ‌တော်မူသည်ပင်ဖြစ်‌စေ၊ သို့မဟုတ် ငါအရှင်မြတ်သည် အသင့်အား (ထိုပြစ်ဒဏ် မကျ‌ရောက်မီ၌ပင်)‌သေဆုံး‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ ‌နောက်ဆုံး၌ သူတို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံ‌တော်၌ပင်ဖြစ်သည်။* ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကိုလည်း မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [47] ထို့ပြင် လူမျိုးတိုင်းအတွက် တမန်‌တော်တစ်ပါးရှိခဲ့သည်။* ထို့‌နောက် သူတို့၏တမန်‌တော် ‌ရောက်လာ‌သောအခါ* သူတို့၏ကြား၌ သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ တရားစီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်ခဲ့သည်။

    [48] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် ဤ(အပြစ်ဒဏ်ကျ‌ရောက်မည့်) ကတိသည် မည်သည့်အခါ ဖြစ်မည်နည်း။“

    [49] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ‌သောကိစ္စမှလွဲ၍ ငါ့အတွက် မည်သည့်ဆုံးရှုံးနစ်နာ‌စေမှုနှင့် အကျိုးဖြစ်ထွန်း‌စေမှုမှ ပိုင်ဆိုင်သည် မရှိ‌ပေ။ လူမျိုးတိုင်း၌ သတ်မှတ်ထား‌သောအချိန်ကာလတစ်ခုရှိသည်။ သူတို့၏အချိန်သတ်မှတ်ချိန်‌ရောက်လာ‌သောအခါ သူတို့သည် တစ်ခဏ(တစ်နာရီ)မျှပင် ‌ရွှေ့ဆိုင်းနိုင်ကြသည် မဟုတ်‌ပေ၊ ‌ရှေ့တိုးနိုင်ကြသည်လည်း မဟုတ်‌ပေ။

    [50] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့ထံသို့ အရှင်မြတ်၏ အပြစ်ဒဏ်သည် ည သို့မဟုတ် ‌နေ့၌ ဆိုက်‌ရောက်လာခဲ့လျှင် အသင်တို့သည် မည်သို့ ထင်မြင်ယူဆကြမည်နည်း။ (သို့ဖြစ်ရာ) အပြစ်ကျူးလွန်သူများသည် အဘယ့်‌ကြောင့် ထိုပြစ်ဒဏ်ကျ‌ရောက်ရန် အလျင်စလို ဖြစ်‌နေကြသနည်း။“

    [51] ထိုပြစ်ဒဏ်ကျ‌ရောက်လာပြီး‌နောက်မှပင် အသင်တို့သည် ထိုပြစ်ဒဏ်ကို ယုံကြည်ကြမည်‌လော။ (ထိုအချိန်၌ အသင်တို့သည် ဤသို့ အ‌ပြောခံရမည်) ယခုမှပင် (ထိုအရာကို ယုံ‌တော့သည်)‌လော၊ ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထိုပြစ်ဒဏ်ကို အလျင်စလို ‌တောင့်တ‌နေခဲ့ကြသည်။

    [52] ထို့‌နောက် မတရားကျူးလွန်သူများသည် (ဤသို့)‌ပြောဆိုခံကြရမည်- “အသင်တို့သည် အမြဲခံရမည့် ပြစ်ဒဏ်ကို မြည်းစမ်းကြပါ။ (အမှန်စင်စစ်)အသင်တို့သည် အသင်တို့ရှာ‌ဖွေဆည်းပူးခဲ့ကြသည်မှလွဲ၍ မည်သည့်အရာကိုမှ အစား‌ပေးခြင်းခံကြရသည် မဟုတ်‌ပေ။“

    [53] ထို့ပြင် သူတို့သည် အသင့်အား “ဤ(ပြစ်ဒဏ်ကျ‌ရောက်မည့်)ကိစ္စသည် မှန်ပါသ‌လော“ဟု ‌မေးမြန်းစုံစမ်းကြသည်။ အသင်‌ပြောလိုက်ပါ- “ဟုတ်သည်၊ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ကျိန်ဆို‌ပြောမည်၊ မုချ ဤသည် အမှန်ဖြစ်သည်၊ ၎င်းပြင် အသင်တို့သည် (ပြစ်ဒဏ် မကျ‌ရောက်‌အောင်)စွမ်း‌ဆောင်နိုင်‌သောသူများ မဟုတ်ကြ‌ပေ။

    [54] ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသူတိုင်းသည် ကမာ္ဘ‌မြေတွင် ရှိသမျှကို ပိုင်ဆိုင်ကြလျှင် ထိုအရာများနှင့် သူ၏ကိုယ်ကို (ပြစ်ဒဏ်မှလွတ်‌မြောက်ရန်)‌လျော်‌ကြေး‌ပေးပြီး မုချ အလဲအလှယ်လုပ်ယူကြလိမ့်မည်။* ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို မြင်ကြရ‌သောအခါ ‌နောင်တရမှုကို မျိုသိပ်ထားကြမည်။* ၎င်း‌နောက် သူတို့ကြားတွင် သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ စီရင်ဆုံးဖြတ်ခြင်း ခံကြရလိမ့်မည်။

    [55] သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် အမှန်ပင်ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိမရှိကြ‌ပေ။

    [56] အရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်ထံ‌တော်သို့ပင် အသင်တို့သည် ပြန်လှည့်‌စေခြင်းခံကြရမည်ဖြစ်သည်။

    [57] အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ဆုံးမဩဝါဒနှင့် ရင်ထဲ၌ရှိ‌သော ‌ရောဂါများကို ‌ပျောက်ကင်း‌စေ‌သော ‌ဆေးအပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် သနားကရုဏာ‌တော်သည် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

    [58] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- (ထိုအရာများသည်) အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏သနားကရုဏာ‌တော်‌ကြောင့် ဖြစ်သည်။ ထိုအရာများကို အ‌ကြောင်းပြု၍ သူတို့သည် ဝမ်း‌မြောက်ဝမ်းသာဖြစ်သင့်သည်။ ထို(‌ကျေးဇူး၊ ကရုဏာ‌တော်)များသည် သူတို့စု‌ဆောင်း‌နေကြ‌သောအရာ (‌လောကီပစ္စည်း)များထက် သာပို‌ကောင်းသည်။

    [59] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အကြင်အရာနှင့်ပတ်သက်၍ စဉ်းစားဆင်ခြင် ကြည့်ပြီးကြပြီ‌လော၊ ထိုအရာသည် အလ္လာဟ်အရှင်မြတ်က အသင်တို့အတွက် ချ‌ပေး‌တော်မူခဲ့‌သော ရိက္ခာဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာထဲမှ (အချို့ကို)ဟရာမ် စာသုံးပိုင်ခွင့်မရှိ၊ (အချို့ကို)ယလာလ် စားသုံးပိုင်ခွင့်ရှိသည်ဟု သတ်မှတ်ပြုလုပ်ခဲ့ကြသည်။* (အို- တမန်‌တော်)အသင်‌မေးမြန်းလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို (ဤသို့ ဟလာလ်၊ ဟရာမ် သတ်မှတ်ရန်)ခွင့်ပြုခဲ့သည်‌လော၊ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲကြသည်‌လော။ (လုပ်ခွင့်မရှိသည်ကို ပြုလုပ်လျှင် အခွင့်ရှိသူဘက်မှ သတ်မှတ်သည်ဟု မယူဆနိုင်‌သော‌ကြောင့် စွပ်စွဲခြင်းသာဖြစ်၏။)

    [60] ထို့ပြင် ကိယာမသ်ရှင်ပြန်ထရမည့်‌နေ့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံ စွပ်စွဲကြသူများ၏ထင်မြင် ယူဆချက်သည် မည်သို့ရှိသနည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအ‌ပေါ်တွင် အမှန်ပင် ‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။* သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် ‌ကျေးဇူး‌တော်ကို မသိကြ‌ပေ။

    [61] ထို့ပြင် အသင်သည် မည်သည့်အ‌ခြေအ‌နေတွင်ရှိသည်ဖြစ်‌စေ၊ အသင်သည် ကုရ်အာန်၏ မည်သည့်အပိုင်းကိုပင် ရွတ်ဖတ်‌နေသည်ဖြစ်‌စေ၊ ၎င်း‌နောက် အသင်တို့သည် မည်သည့်အလုပ်ကိုပင် လုပ်‌နေသည်ဖြစ်‌စေ၊ အသင်တို့သည် ထိုအလုပ်ထဲတွင် နစ်မွန်း‌နေ‌သောအခါတွင် ငါအရှင်မြတ်သည် အသင်တို့အား မြင်‌နေ‌တော်မူသည်။ ၎င်း‌နောက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်မှ မြူမှုန်မျှအရာပင် ဖုံးကွယ်မ‌နေ‌ပေ။ (ထိုမြူမှုန်သည်) ကမာ္ဘ‌မြေ၌ဖြစ်‌စေ၊ မိုး‌ကောင်းကင်၌ဖြစ်‌စေ၊ ထို(မြူမှုန်)ထက်‌သေးသည်ပင်ဖြစ်‌စေ၊ ကြီးသည်ပင်ဖြစ်‌စေ၊ (ထိုအရာသည်) ထင်ရှား‌သောစာအုပ်ကြီး (‌လောင်းဟွမ်မဟ်ဖူးဇွ်)ထဲ၌ (‌ရေးပြီးသား)ရှိ‌နေသည်။

    [62] သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အ‌ဆွေ‌တော်များအ‌ပေါ်တွင် ‌ကြောက်ရွံ့စိုးရိမ်စရာ*လည်း ရှိမည်မဟုတ်‌ပေ၊ ၎င်း‌နောက် သူတို့သည် ဝမ်းနည်းပူ‌ဆွေးကြရမည်လည်းမဟုတ်‌ပေ။

    [63] သူတို့သည် အကြင်သူတို့ပင် ဖြစ်ကြသည်။ ထိုသူများသည် အီမာန်ယုံကြည့်အပြင် (အပြစ်များမှလည်း) ‌ရှောင်ကြဉ်‌နေခဲ့ကြသည်။

    [64] သူတို့အတွက် ‌လောကီဘဝနှင့် တမလွန်ဘဝတွင် ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်းရှိ‌ပေသည်။ အလ္လာဟ်အရှင်မြတ်၏စကား‌တော်များတွင် ‌ပြောင်းလဲမှုမရှိ‌ပေ။* ဤသည် အလွန်ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်‌ပေသည်။

    [65] ထို့ပြင် သူတို့၏စကားသည် အသင့်အား ဝမ်းနည်းမှု မဖြစ်ပါ‌စေနှင့်။ အမှန်မှာ ဂုဏ်သိက္ခာအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [66] သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့်‌မြေပထဝီတွင် ရှိသူအားလုံးကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို နှိုင်းယှဉ်ဘက်များအဖြစ် ဟစ်‌ခေါ်ကိုးကွယ်ကြ‌သောသူများသည် ထင်မြင်ယူဆချက်မှလွဲ၍ အခြားမည်သည်ကိုမှ လိုက်နာကြသည် မဟုတ်‌ပေ။ ၎င်း‌နောက် သူတို့သည် ရမ်းဆပြုလုပ်‌နေကြသည်ပင်ဖြစ်သည်။

    [67] အရှင်မြတ်သည် အကြင်အရှင်ပင်ဖြစ်သည်၊ ထိုအရှင်သည် အသင်တို့အတွက် ညကို အိပ်စက်အနားယူကြရန်အတွက်နှင့် ‌နေ့ကို မြင်နိုင်စွမ်းရှိ‌သောအရာအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် ကြားနာ‌သောသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [68] (မုရှ်ရိက်များသည် သက်‌သေလက္ခဏာများတွင် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ရှိရ်က်ဖြစ်‌စေ‌သော စကားများကို ‌ပြောဆို‌နေကြသည်။) သူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ‌ပြောဆိုကြသည်။ အရှင်မြတ်သည် ကင်းရှင်းစင်ကြယ်‌တော်မူသည်။ အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (အဖန်ဆင်းခံအားလုံးသည် အရှင်မြတ်ထံမှပင် လိုလား‌တောင့်တ‌နေကြရသည်။) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် အရှင်မြတ် ပိုင်ဆိုင်‌သောအရာများချည်းပင်ဖြစ်သည်။ အသင်တို့တွင် ဤသည်နှင့်ပတ်သက်၍ မည်သည့်အ‌ထောက်အထားမှ မရှိ‌ပေ။ အသင်တို့သည် အသင်တို့ မသိနားမလည်‌သောစကားကို အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံ‌ပြောဆိုကြသ‌လော။

    [69] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲ‌သောသူများသည် (မည်သည့်အခါမှ) ‌အောင်မြင်မည် မဟုတ်‌ပေ။

    [70] (သူတို့အတွက်)‌လောကီဘဝတွင် အနည်းငယ် အကျိုးခံစားခြင်းသာရှိသည်။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိရမည် ဖြစ်သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အား သူတို့ငြင်းပယ်ခဲ့ကြ‌သော‌ကြောင့် ပြင်းထန်‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည် ဖြစ်သည်။

    [71] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့၏‌ရှေ့၌ (တမန်‌တော်)နူးဟ်၏အ‌ကြောင်း*ကို ဖတ်ပြလိုက်ပါ။ တစ်ခါက (တမန်‌တော်)နူးဟ်သည် သူ၏အမျိုးသားများအား (ဤသို့)‌ပြောခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်မာျး အ‌ကြောင်းခံဖြင့် ငါ၏ဆုံးမဩဝါဒ‌ပေးခြင်းသည် အသင်တို့အ‌ပေါ်တွင် ဝန်‌လေး‌နေလျှင် ငါသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာ ယုံပုံလွှဲအပ်ပြီးဖြစ်သည့်အတွက် အသင်တို့သည် (ငါ့အား‌ချေမှုန်းရန်) အသင်တို့၏ အကြံအစည်များကို အသင်တို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူး‌ပေါင်း၍ ပြဋ္ဌာန်းကြပါ။ ထို့‌နောက် အသင်တို့၏ ထိုအကြံအစည်များကိုလည်း အသင်တို့အ‌ပေါ်တွင် ဖုံးအုပ်မှု မရှိပါ‌စေနှင့်၊ ထို့‌နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံ‌ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် ငါ့အား ‌ရွှေ့ဆိုင်းခွင့်ပင် မ‌ပေးကြနှင့်။“

    [72] ထို့‌နောက် အကယ်၍ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် ငါသည် အသင်တို့ထံမှ အခ‌ကြေး‌ငွေ တစ်စုံတစ်ရာ ‌တောင်းဆိုခဲ့ဖူးသည် မရှိ‌ပေ။ ငါ့အား အစား‌ပေးရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။ ထို့ပြင် ငါသည် မွတ်စ်လင်မ် အမိန့်နာခံသူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်‌ပေး‌တော်မူခြင်းခံခဲ့ရသည်။

    [73] ထို့‌နောက် သူတို့သည် ၎င်း(တမန်‌တော် နူးဟ်)ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် နူးဟ်)နှင့်တကွ ၎င်းနှင့်အတူ သ‌ဘေင်္ာ‌ပေါ်၌ လိုက်ပါလာခဲ့ကြသူများကို ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (ကယ်တင်ခြင်းခံရ‌သော)သူများကို (ပျက်စီးသွား‌သော)သူများ၏ အရိုက်အရာ ဆက်ခံသူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောသူများကို ငါအရှင်မြတ်သည် နစ်မြုပ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရ‌သောသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါ။

    [74] ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် နူးဟ်)မရှိသည့်‌နောက်၌ တမန်‌တော်များကို ထိုတမန်‌တော်များ၏ အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုတမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများ ယူ‌ဆောင်လာခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ယခင်က ထိုအရာ(သက်‌သေလက္ခဏာ အ‌ထောက်အထား)ကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည့်အတွက် (ယခု ထပ်ပြီး)ထိုအရာကို ယုံကြည်ရန် မဖြစ်‌တော့‌ပေ။* ငါအရှင်မြတ်သည် စည်း‌ဖောက်သူများ၏ စိတ်နှလုံးများ‌ပေါ်၌ ဤသို့ပင် တံဆိပ်ခတ်နှိပ်‌တော်မူ‌လေ့ရှိသည်။

    [75] ထို့‌နောက် ငါအရှင်မြတ်သည် ထိုတမန်‌တော်များ မရှိ‌တော့သည့်‌နောက်၌ (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်ကို ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်တကွ ဖိရ်‌အောင်န်နှင့် သူ၏အကြီးအကဲများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် မာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အပြစ်ကျူးလွန်‌လေ့ရှိ‌သော အမျိုးသားများဖြစ်ခဲ့ကြသည်။

    [76] ်10|76|၎င်း‌နောက် သူတို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရား‌ရောက်လာ‌သောအခါ သူတို့က “ဤသည် အမှန်ပင် ထင်ရှား‌သော စုန်းပ‌ယောဂအတတ်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။

    [77] (တမန်‌တော်)မူစာက ‌ပြောဆိုသည်- “အသင်တို့သည် အမှန်တရားကို ထိုအမှန်တရားသည် အသင်တို့ထံသို့ ‌ရောက်လာခဲ့ပြီးမှ (ဤသည် စုန်းပ‌ယောဂဖြစ်သည်ဟု) ‌ပြောဆိုကြသ‌လော။ ဤသည် စုန်းပ‌ယောဂအတတ်‌လော၊ ထို့ပြင် စုန်းပ‌ယောဂအတတ်ပညာရှင်များသည် (မည်သည့်အခါမှ)‌အောင်မြင်ကြသည် မဟုတ်‌ပေ။“

    [78] သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား ဖယ်ရှားရန်အတွက်နှင့် တိုင်းပြည်တွင် ‌ခေါင်း‌ဆောင်မှုသည် အသင်တို့နှစ်ဦးအတွက်ပင်ရှိရန် အသင်သည် ကျွန်ုပ်တို့ထံသို့ ‌ရောက်လာခဲ့ခြင်း‌လော။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့နှစ်ဦးအား (မည်သည့်အခါမှ) ယုံကြည်မည့်သူများ မဟုတ်ကြ‌ပေ။“

    [79] ၎င်း‌နောက် ဖိရ်‌အောင်န်က (သူ၏မှူးကြီးမတ်ရာများအား) “အသင်တို့သည် တတ်ကျွမ်း‌သော ‌မှော်ဆရာများအားလုံးကို ငါ့ထံ‌ခေါ်ခဲ့ကြပါ“လို့ ‌ပြောဆိုမိန့်ကြားသည်။

    [80] ထို့‌နောက် ‌မှော်ဆရာများ‌ရောက်လာကြ‌သောအခါ (တမန်‌တော်)မူစာက သူတို့ကို‌ပြောသည်၊ “အသင်တို့သည် အသင်တို့ ပစ်ချမည့်အရာများကို ပစ်ချလိုက်ကြပါ။“

    [81] ၎င်း‌နောက် သူတို့သည် ပစ်ချခဲ့ကြ‌သောအခါ (တမန်‌တော်)မူစာက‌ပြောဆိုသည်- “အသင်တို့ ယူ‌ဆောင်ခဲ့ကြ‌သောအရာများသည် စုန်းပ‌ယောဂ အတတ်သာဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မကြာမီတွင် ထို(စုန်းပ‌ယောဂ)များကို အကျိုးမဲ့ဖြစ်‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီး‌ရေးသမားများ၏လုပ်ရပ်များကို မှန်ကန် အဆင်‌ပြေ‌အောင် လုပ်‌ပေးမည်းမဟုတ်‌ပေ။“

    [82] ၎င်း‌နောက် အပြစ်ကျူးလွန်သူများသည် မ‌ကျေနပ်ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်စကား‌တော်များဖြင့် အမှန်ကို အမှန်ဖြစ်‌အောင်လုပ်(၍ပြသ)‌တော်မူသည်။

    [83] ထို့‌နောက် (တမန်‌တော်)မူစာအ‌ပေါ်တွင် ၎င်း၏အမျိုးသားများထဲမှ လူငယ်တစ်စုသာ အီမာန် ယုံကြည်ခဲ့ကြသည်၊* ထိုလူတစ်စုကလည်း ဖိရ်‌အောင်န်နှင့် သူတို့၏အကြီးအကဲများက သူတို့အား ဒုက္ခ‌ပေးမည်ကို စိုးရိမ်ကြီးစွာဖြင့် ယုံကြည်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ဖိရ်‌အောင်န်သည် ထိုတိုင်းပြည်တွင် လွှမ်းမိုး‌နေ‌သောသူဖြစ်ခဲ့ပြီး အမှန်ပင် သူသည် စည်း‌ဘောင် ကျူး‌ကျော်သူများထဲမှဖြစ်သည်။

    [84] ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကြပြီး အမိန့်နာခံသူများဖြစ်ကြလျှင် အသင်တို့သည် ထိုအရှင်၏အ‌ပေါ်၌သာ အားကိုးပြီး ယုံပုံအပ်နှင့်ကြပါ။“

    [85] ထို့‌နောက် သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာ အားကိုးပြီး ယုံပုံအပ်နှင်းကြပြီဖြစ်ပါသည်။“ (၎င်း‌နောက် သူတို့က အရှင်မြတ်ထံ‌တော်၌ ‌လျှောက်ထားကြသည်) “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား နှိပ်စက်သူများ၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြု‌တော်မမူပါနှင့်။“

    [86] “ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏သနားကရုဏာဖြင့် ကျွန်ုပ်တို့အား ကာဖိရ်များ(၏ အန္တရာယ်)မှ ကယ်တင်‌တော်မူပါ။“

    [87] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် သူ၏အစ်ကိုထံသို့ အမိန့်ချမှတ်‌တော်မူခဲ့သည်- “အသင်တို့နှစ်ဦးသည် အသင်တို့၏အမျိုးသားများအတွက် အီဂျစ်ပြည်၌ပင် ‌နေအိမ်များအား သတ်မှတ်ကြပါ။ ၎င်း‌နောက် အသင်တို့သည် အသင်တို့၏‌နေအိမ်များအား စွလာသ်ဝတ်ပြုရာဌာနများအဖြစ်ပြုလုပ်ကြပါ။ ၎င်း‌နောက် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြပါ။* ထို့ပြင် အသင်တို့သည် အီမာန်ယုံကြည်သူများအား (မကြာမီ ဒုက္ခများမှ လွတ်ကင်း‌တော့မည့်အ‌ကြောင်း)ဝမ်း‌မြောက်ဖွယ် သတင်း‌ကောင်း‌ပေးလိုက်ပါ။“

    [88] ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် အရှင်မြတ်သည် ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များကို ဤဘဝတွင် တင့်တယ်ခမ်းနားမှုများ*နှင့် ပစ္စည်းဥစ္စာများကို ‌ပေးသနား‌တော်မူခဲ့ပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သူတို့သည် (အရှင်မြတ်‌ပေးထား‌သော ပစ္စည်းဥစ္စာများ၏ အကူအညီဖြင့် လူများအား) အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်‌အောင်လုပ်ကြပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် သူတို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးပစ်‌တော်မူပါ၊ ၎င်း‌နောက် သူတို့သည် နာကျင်‌စေ‌သောပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံး မယုံကြည်နိုင်‌အောင် အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို ခက်ထန်မာ‌ကျော‌အောင်ပြုလုပ်လိုက်‌တော်မူပါ။

    [89] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့(တမန်‌တော်)နှစ်ဦး၏ ‌လျှောက်ထားပန်ကြားချက်သည် အမှန်ပင် သ‌ဘောတူခြင်းခံရပြီဖြစ်သည်၊ သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် စွဲမြဲတည်တံ့စွာ ‌နေကြပါ၊ ၎င်း‌နောက် အသင်တို့နှစ်ဦးသည် မသိနားမလည်‌သောသူများ၏ လမ်းကို မလိုက်ကြနှင့်။“

    [90] ၎င်း‌နောက် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို (ပင်လယ်နီ)တစ်ဖက်ကမ်းမှ ‌နောက်တစ်ဖက်ကမ်းသို့ ‌ရောက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့၏‌နောက်သို့ ဖိရ်‌အောင်န်နှင့် သူ၏စစ်တပ်များသည် မတရားကျူးလွန်မှုပြုရန်နှင့် နိုင်ထက်စီးနင်းပြုလုပ်ရန် လိုက်ခဲ့ကြသည်။ ‌နောက်ဆုံး ဖိရ်‌အောင်န်သည် (ပင်လယ်ထဲတွင်)နစ်မြုပ်မည့်ဆဲဆဲဖြစ်သည့်အခါ၌ (ဤသို့)‌ပြောဆိုခဲ့သည်- “ကျွန်ုပ်သည်လည်း အစ္စရာအီလ်မျိုးနွယ်ဝင်များ ယုံကြည်‌သော အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ကြောင်း ယုံကြည်ပြီဖြစ်ပါသည်။ ၎င်း‌နောက် ကျွန်ုပ်သည် အမိန့်နာခံသူများထဲ၌ တစ်ဦးအပါအဝင်လည်းဖြစ်ပါသည်။“

    [91] (အရှင်မြတ်က မိန့်ကြား‌တော်မူသည်) ယခုမှပင် (ယုံကြည်သ‌လော)၊ အမှန်မှာ အသင်သည် ယခုမတိုင်မီအထိ အမိန့်ဖီဆန်ခဲ့‌သေးသည်သာမက အသင်သည် ဖျက်ဆီး‌သောသူများထဲ၌ အပါအဝင်ပင်ဖြစ်ခဲ့‌သေးသည်။

    [92] သို့ဖြစ်ရာ (ယ‌နေ့)ငါအရှင်မြတ်သည် အသင့်အား အသင်၏ခန္ဓာကိုယ်ရုပ်ကလာပ်နှင့်တကွ အသင်၏‌နောင်လာ‌နောက်သားများအတွက် (သတိတရားရဖွယ်)အထိမ်းအမှတ် သက်‌သေလက္ခဏာတစ်ခုဖြစ်ရန် ဆယ်တင်ထား‌တော်မူမည်။* ထို့ပြင် အမှန်စင်စစ် လူများထဲမှ အ‌မြောက်အမြားသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို အမှန်ပင် ‌မေ့‌လျော့‌နေသူများဖြစ်ကြသည်။

    [93] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် အစ္စရာအီလ်မျိုးနွယ်ဝင်များကို ‌ကောင်းမွန်သင့်‌တော်‌သော‌နေရာ၌ ‌နေရာချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည်ပင် သူတို့အား သန့်ပြန့်‌သော စားနပ်ရိက္ခာများကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ထံသို့ အသိပညာ‌ရောက်ရှိလာပြီးမှပင် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ကြား၌ ကွဲလွဲ‌နေသာကိစ္စနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။

    [94] ၎င်း‌နောက် အကယ်၍ အသင်သည် အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော အရာများနှင့်ပတ်သက်၍ သံသယဖြစ်ခဲ့လျှင်* အသင်သည် အသင်၏မတိုင်မီ ကျမ်းဂန်များကို ဖတ်‌နေကြ‌သောသူများအား စုံစမ်း‌မေးမြန်းလိုက်ပါ။ အမှန်စင်စစ် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သံသယရှိသူများထဲမှ လုံးဝ မဖြစ်ပါ‌လေနှင့်။

    [95] ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သူများထဲမှလည်း လုံးဝ မဖြစ်ပါ‌လေနှင့်၊ ထိုသို့ဖြစ်ခဲ့လျှင် အသင်သည်လည်း ဆုံးရှုံးပျက်စီးသူများထဲ၌ အပါအဝင်ဖြစ်သွားမည်ပင်ဖြစ်သည်။

    [96] အမှန်စင်စစ် အကြင်သူများမှာ ၎င်းတို့အ‌ပေါ်တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်၊ ထိုသူများသည် မယုံကြည်ကြ‌ပေ။

    [97] ထို့ပြင် အကယ်၍ သူတို့ထံသို့ သက်‌သေလက္ခဏာများအားလုံး ‌ရောက်လာခဲ့လျှင်လည်း သူတို့သည် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို မြင်ကြရ‌တော့မှပင် (ယုံကြည်ကြမည်ဖြစ်သည်)။

    [98] ထို့‌နောက် အကြင်ရွာကဲ့သို့ရွာတစ်ရွာ အဘယ့်‌ကြောင့် မရှိခဲ့သနည်း။ ထိုရွာ(သူရွာသား)များသည် အချိန်မီ အီမာန်ယုံကြည်ခဲ့ကြလျှင် သူတို့၏ယုံကြည်မှုသည် သူတို့အား အကျိုးဖြစ်ထွန်း‌စေခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင် (တမန်‌တော်)ယူနွတ်စ်၏အမျိုးသားများ(၏ ရွာတစ်ရွာသာရှိခဲ့သည်၊ သူတို့)သည် အီမာန်ယုံကြည်ကြ‌သောအခါ ငါအရှင်မြတ်သည် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို ဤဘဝတွင် ထိုသူတို့မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား(သတ်မှတ်ထား‌သော)အချိန်ကာလအထိ အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့သည်။

    [99] ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ကမာ္ဘ‌မြေတွင် ရှိသမျှလူအားလုံးသည် အီမာန်ယုံကြည်ကြမည်ဖြစ်သည်။ သို့ပါလျက် အသင်သည် လူများအား ယုံကြည်သူများဖြစ်‌အောင် အတင်းအကျပ် ပြုလုပ်ဦးမည်‌လော။

    [100] ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်မရှိလျှင် မည်သူမျှ အီမာန်ယုံကြည်နိုင်သည် မဟုတ်‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် အသိဉာဏ်မရှိ‌သောသူများအ‌ပေါ်တွင်သာ (ကုဖ်ရ်)အညစ်အ‌ကြေးကို သက်‌ရောက်‌စေ‌တော်မူသည်။

    [101] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် မည်သို့‌သောအရာများရှိကြသည်ကို ကြည့်ရှု(ဆင်ခြင်)ကြပါ။ ၎င်း‌နောက် မယုံကြည်သူများအတွက်မူ သက်‌သေလက္ခဏာများနှင့် သတိ‌ပေးနှိုုး‌ဆော်ချက်များသည် မည်သည့်အရာမျှ အကျိုး‌ပေးအသုံးဝင်မည် မဟုတ်‌ပေ။

    [102] သို့ဖြစ်ပါလျက် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌ဘေးဒုက္ခများကဲ့သို့ ‌ဘေးဒုက္ခကိုသာ ‌မျှော်လင့်‌နေကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “သို့ဖြစ်လျှင် အသင်တို့သည် ‌စောင့်‌မျှော်‌နေကြပါ၊ ငါလည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။“

    [103] ထို့‌နောက် ငါအရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော်များနှင့် ယုံကြည်သူများအား ကယ်ဆယ်‌တော်မူခဲ့သည်။ ထိုသို့ပင် ငါအရှင်မြတ်အ‌ပေါ်တွင် (ကယ်ဆယ်ရန်)တာဝန်ရှိသည်။ ငါအရှင်မြတ်သည် ယုံကြည်သူများအား ကယ်ဆယ်‌တော်မူမည်ပင်ဖြစ်သည်။

    [104] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အို- လူသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ငါ၏သာသနာနှင့်ပတ်သက်၍ သံသယရှိကြလျှင် အသင်တို့အ‌နေဖြင့် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်ပြီး ကိုးကွယ်‌နေကြသည်များအား ငါသည် မကိုးကွယ်‌ပေ။ သို့ရာတွင် ငါသည် အသင်တို့၏အသက်ကို နှုတ်သိမ်း‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်သည်။ ထို့ပြင် ငါသည် ယုံကြည်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်‌ပေးခြင်း ခံခဲ့ရသည်။

    [105] ထို့ပြင် အသင်သည် အသင်၏မျက်နှာကို သာသနာဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ထားပါ။ ထို့ပြင် အသင်သည် မုရှ်ရိက်များထဲ၌ လုံးဝ အပါအဝင် မဖြစ်ပါ‌စေနှင့်(ဟုလည်း အမိန့်‌တော်ရရှိသည်)။

    [106] ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် အသင့်အား အကျိုးမပြုနိုင်‌သောအရာနှင့် နစ်နာမှုမပြုနိုင်‌သောအရာများကို ဟစ်‌ခေါ်ခြင်း မပြု‌လေနှင့်။ ထို့‌နောက် အကယ်၍ အသင်သည် ပြုမိခဲ့လျှင် အမှန်စင်စစ် အသင်သည် ထိုသို့ပြုမိခြင်း‌ကြောင့် (အသင်၏ကိုယ်ကို အသင်)နှိပ်စက်သူများထဲ၌ အပါအဝင်ဖြစ်သွားမည်(ဟုလည်း အမိန့်‌တော်ရရှိသည်)။

    [107] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အန္တရာယ်တစ်စုံတစ်ခု သက်‌ရောက်‌စေ‌တော်မူလျှင် ထိုအရာကို အရှင်မြတ်မှလွဲ၍ ဖယ်ရှား‌ပေးမည့်သူ မည်သူမျှရှိမည် မဟုတ်‌ပေ။ ၎င်း‌နောက် အကယ်၍ အရှင်မြတ်သည် အသင့်အား အကျိုး‌ကျေးဇူးတစ်စုံတစ်ခုပြုရန် ရည်ရွယ်‌တော်မူလျှင် အရှင်မြတ်၏‌ကျေးဇူးကို မည်သူမျှဖယ်ရှားနိုင်မည် မဟုတ်‌ပေ။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ မိမိအလိုရှိ‌သောသူကို ထို‌ကျေးဇူး‌တော်ကို သက်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [108] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်တရား*‌ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကိုရရှိခဲ့လျှင် ထိုသူသည် သူ၏အကျိုးအတွက် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း‌နောက် မည်သူမဆို လမ်းမှားခဲ့လျှင်လည်း ထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်ပြီး (မိမိအကျိုးယုတ်‌စေရန်) လမ်းမှားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်း‌နောက် ငါသည် အသင်တို့အ‌ပေါ်တွင် တာဝန်ခံမဟုတ်‌ပေ။

    [109] ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ထုတ်ပြန်ခြင်းခံရ‌သော ဝဟီအမိန့်‌တော်ကို လိုက်နာပါ၊ ၎င်း‌နောက် အသင်သည် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်‌တော်မူသည်အထိ သည်းခံ၍‌နေပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    Surah 11
    ဟူဒ်

    [1] အလိဖ် လာမ် ရာ။ (ဤသည်) အကြင်ကျမ်းဂန်ဖြစ်သည်၊ ထိုကျမ်းဂန်၏အာယသ်‌တော်များသည် ခိုင်မြဲစွာ ပြုလုပ်ထားပြီးဖြစ်သည်။* ထို့ပြင် ထိုအာယသ်‌တော်များသည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အကြွင်းမဲ့ကြားသိ(သတင်း‌ပေး)‌တော်မူ‌သော အရှင်မြတ်ထံမှ အ‌သေးစိတ် ရှင်းလင်း‌ဖော်ပြပြီးဖြစ်သည်။

    [2] အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ တစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် အရှင်မြတ်ထံ‌တော်မှ သတိ‌ပေးနှိုး‌ဆော်သူနှင့် ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်း‌ပေးသူဖြစ်သည်။

    [3] ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံကြပါ၊ ၎င်း‌နောက် အသင်တို့သည် အရှင်မြတ်ထံ‌တော်၌ ဝန်ချ‌တောင်းပန်ကြပါ။ အရှင်မြတ်သည် အသင်တို့ကို သတ်မှတ်ထား‌သော အချိန်ကာလအထိ ‌ကောင်းမွန်‌သောစည်းစိမ်များကို စံစား‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် လုပ်ရပ်ပို‌ကောင်း‌သောသူတိုင်းကို သူတို့၏ပို(ရထိုက်)‌သောအကျိုးရလဒ်ကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ‌နေကြလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်‌သော‌နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်။

    [4] အသင်တို့၏ပြန်လှည့်ခြင်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [5] သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် (သူတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်ထားရန် သူတို့၏ရင်းတွင်းရှိအကြံအစည်များကို လျှို့ဝှက်ထားကြသည်။ သတိပြုကြပါ၊ သူတို့သည် သူတို့၏အဝတ်အစားများကို ဖုံးအုပ်‌သောအခါ၌လည်း အရှင်မြတ်သည် သူတို့ ဖုံးအုပ်ထားသည်များနှင့် သူတို့ ‌ဖော်ထုတ်ကြသည်များကို သိရှိ‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် ရင်ဘတ်(စိတ်)များထဲ၌ ကိန်း‌အောင်း‌နေသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [6] ထို့ပြင် ကမာ္ဘ‌ပေါ်၌ရှိသမျှ သက်ရှိသတ္တဝါအားလုံးတို့၏ စားနပ်ရိက္ခာ‌ပေး‌တော်မူရန်အတွက် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် တာဝန်ဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် ထိုသတ္တဝါများ၏ တာရှည်‌နေထိုင်ရာဌာနများနှင့် ‌ခေတ္တ‌နေထိုင်‌သော ‌နေရာဌာနများကို သိရှိ‌တော်မူသည်။* အားလုံးသည် ထင်ရှား‌သောမှတ်တမ်းစာအုပ်၌ ရှိ‌နေသည်။

    [7] ထို့ပြင် အရှင်မြတ်သည်ပင်* မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ အရှင်မြတ်၏ အရ်ရှ်ပလ္လင်‌တော်သည် ‌ရေ‌ပေါ်၌*ရှိခဲ့သည်။ (ဤသို့ မိုးနှင့်‌မြေကို ဖန်ဆင်းခဲ့ရခြင်းမှာ)အရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည် လုပ်ရပ်အ‌နေနှင့် အ‌ကောင်းဆုံးပြုမူသနည်းဆိုသည်ကို စမ်းသပ်‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်သည် (ကာဖိရ်များအား) အမှန်စင်စစ် အသင်တို့သည် ‌သေပြီး‌နောက် ရှင်ပြန်ထကြရမည့်သူများဖြစ်သည်ဟု ‌ပြောခဲ့လျှင် ကာဖိရ်ငြင်းပယ်သူများက “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂ အတတ်ပင်ဖြစ်သည်“ဟု ‌ပြောဆိုကြမည် အမှန်ပင်။

    [8] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို သူတို့အ‌ပေါ်မှ ‌ရေတွက်(သတ်မှတ်)ထားပြီး‌သောအချိန်ထိ* ‌ရွှေ့ဆိုင်းထား‌တော်မူခဲ့လျှင် သူတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ထိန်းချုပ်ထားသနည်းဟု အမှန်ပင် ‌ပြောဆိုကြမည်။ သတိပြုကြပါ၊ ထိုပြစ်ဒဏ်သည် သူတို့ထံသို့ ‌ရောက်လာမည့်‌နေ့၌ သူတို့အ‌ပေါ်မှ လွှဲဖယ်သွားမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့‌ပြောင်‌လှောင်‌နေကြ‌သော ပြစ်ဒဏ်သည် သူတို့အား ဝန်းရံထားလိမ့်မည်။

    [9] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် လူသားအား ငါအရှင်မြတ်ထံ‌တော်မှ သနားကရုဏာကို မြည်းစမ်း‌စေ‌တော်မူပြီး‌နောက် ငါအရှင်မြတ်သည် သူ၏ထံမှ ထိုကရုဏာကို ရုပ်သိမ်း‌တော်မူခဲ့လျှင်၊ အမှန်စင်စစ် ထိုလူသားသည် အလွန်‌မျှော်လင့်ချက်ကင်းမဲ့သူ၊ အလွန်‌ကျေးဇူးကန်းသူဖြစ်(သွား‌လေ့ရှိ)သည်။

    [10] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ထိုလူသားအား သူ၏အ‌ပေါ်ကျ‌ရောက်ခဲ့‌သော ဒုက္ခများပြီး‌နောက် ‌ကျေးဇူး‌တော်များ၏အရသာကို မြည်းစမ်း‌စေ‌တော်မူခဲ့လျှင်၊ အမှန်စင်စစ် သူသည် “ကျွန်ုပ်ထံမှ ဒုက္ခများသည် ကင်း‌ဝေးသွားပြီး“ဟု ‌ပြောဆို‌လေ့ရှိသည်။ အမှန်စင်စစ် ထိုလူသားသည် အလွန်မြူးကြွသူ၊ အလွန်ဂုဏ်‌မောက်သူပင်ဖြစ်သည်။

    [11] သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများပင် သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်‌သော အကျိုးဆုလာဘ်ရှိသည်။

    [12] ၎င်း‌နောက် သူတို့(မုရှ်ရိက်များ)က “၎င်း(တမန်‌တော်)၏အ‌ပေါ်တွင် ‌ရွှေ‌ငွေဘဏ္ဍာများ အဘယ့်‌ကြောင့် ချ‌ပေးခြင်းမခံရသနည်း၊ သို့မဟုတ် ၎င်းနှင့်အတူ ‌ကောင်းကင်တမန်‌တော်တစ်ပါးပါးသည် အဘယ့်‌ကြောင့် လိုက်ပါမလာသနည်း“ဟု ‌ပြောဆိုခြင်း‌ကြောင့် အသင်သည် အသင်၏ထံသို့ ပို့ချခြင်းခံရ‌သော အမိန့်‌တော်များထဲမှ အချို့ကိုစွန့်လွှတ်မည်‌လော၊ ထို့ပြင် အသင်၏စိတ်သည်လည်း ကျဉ်းကျပ်မှုဖြစ်‌နေသ‌လော။ (အမှန်စင်စစ်)အသင်သည် သတိ‌ပေးနှိုုး‌ဆော်သူသာဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် တာဝန်ခံဖြစ်‌တော်မူသည်။

    [13] ၎င်း(တမန်‌တော်)သည် ထို(ကုရ်အာန်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု သူတို့က ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုသို့(စာ‌ပေမတတ်‌မြောက်‌သော တမန်‌တော်က လုပ်ကြံ‌ရေးသားနိုင်သည်)ဆိုလျှင် (စာ‌ပေတတ်‌မြောက်‌သော အသင်တို့က ပို၍ပင် လုပ်ကြံ‌ရေးသားနိုင်ရမည် ဖြစ်သည့်အတွက်) အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လုပ်ကြဖန်တီးထား‌သော စူရဟ်ကဏ္ဍဆယ်ခု*ကို ယူ‌ဆောင်ခဲ့ကြပါ။ ၎င်း‌နောက် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ တတ်စွမ်းနိုင်‌သောသူများကိုလည်း အသင်တို့ ‌ခေါ်ခဲ့ကြပါ။

    [14] ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့အား (တုံ့ပြန်)‌ဖြေဆိုခြင်း မပြုခဲ့ကြလျှင် (ဤ ကုရ်အာန်သည်)အလ္လာဟ်အရှင်မြတ်၏အသိပညာနှင့် ချ‌ပေးခံရခြင်းဖြစ်‌ကြောင်းနှင့် အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ကြောင်းကို အသင်တို့(‌ကောင်းစွာ)သိထားလိုက်ကြပါ။ သို့ဖြစ်ရာ အသင်တို့သည် မွတ်စ်လင်မ်များဖြစ်ကြပြီ‌လော။

    [15] မည်သူမဆို ‌လောကီဘဝနှင့် ‌လောကီဘဝ၏လှပတင့်တယ်မှုကို ရည်ရွယ်လျှင် ငါအရှင်မြတ်သည် ထိုသို့‌သောသူများကို သူတို့၏လုပ်ရပ်များ၏အကျိုးအား ဤ‌လောက၌ပင် အပြည့်အဝ‌ပေး‌တော်မူသည်။* ၎င်း‌နောက် သူတို့သည် ဤ‌လောကီဘဝတွင် (အနည်းငယ်မှ)ယုတ်‌လျော့‌စေခြင်းကို ခံကြရမည်မဟုတ်‌ပေ။

    [16] ဤသူများသည် အကြင်သူများပင်။ ထိုသူများအတွက် တမလွန်ဘဝတွင် ငရဲမီးမှလွဲ၍ အခြားတစ်စုံတစ်ရာမျှ (အကျိုးခံစားခွင့်)ရှိမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့ ဤဘဝတွင် ပြုလုပ်ခဲ့သမျှသည် အချည်းနှီးဖြစ်သည့်အပြင် သူတို့ လုပ်သမျှအရာများသည်လည်း (တမလွန်ဘဝတွင်) အကျိုးမဲ့ဖြစ်လိမ့်မည်။

    [17] ထို့‌ကြောင့် အကြင်သူသည် (‌လောကီဘဝကိုသာ ရည်ရွယ်‌သောသူများနှင့်အတူတူ ဖြစ်နိုင်ပါမည်‌လော၊ ထိုသူသည်) သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ (‌ရောက်ရှိလာ‌သော)ထင်ရှားသည့် အ‌ထောက်အထား(ကုရ်အာန်ကျမ်း)အ‌ပေါ်တွင် တည်ရှိသည်။ ထို့‌နောက် ၎င်း(ကုရ်အာန်)၏မှန်ကန်မှု အ‌ထောက်အထားတစ်ခုကမူ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ကုရ်အာန်ထဲ၌ပင် ‌ထောက်ခံချထား‌ပေးခြင်းဖြစ်သည်။ (ထိုအရာသည် ကုရ်အာန်၏ မုအ်ဂျိဇဟ် တန်ခိုး‌တော်ဖြစ်သည်။)* ထို့‌နောက် ၎င်း(ကုရ်အာန်)မတိုင်မီ၌ (တမန်‌တော်)မူစာ (ထံသို့ချ‌ပေးခြင်းခံရ‌သော)ကျမ်းသည်လည်း (ကုရ်အာန်၏မှန်ကန်မှု အ‌ထောက်အထားဖြစ်ပြီး) ‌ရှေ့‌ဆောင်‌ရှေ့ရပ်အဖြစ်နှင့် ကရုဏာ‌တော်အဖြစ် ရှိခဲ့သည်။ ထိုသူများသည် ၎င်း(ကုရ်အာန်)ကို ယုံကြည်ကြသည်။ ထို့ပြင် အုပ်စုများထဲမှ* မည်သူမဆို ၎င်း(ကုရ်အာန်)ကို ငြင်းပယ်ခဲ့လျှင် ငရဲဘုံသည် သူ့အတွက် ကတိပြုထားရာ‌နေရာဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် ၎င်း(ကုရ်အာန်)နှင့်ပတ်သက်၍ သံသယမဖြစ်ပါနှင့်၊ အမှန်စင်စစ် ၎င်း(ကုရ်အာန်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လူများထဲမှ အ‌မြောက်အမြားသည် ယုံကြည်ကြမည် မဟုတ်‌ပေ။

    [18] ထို့ပြင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်လုပ်ကြံစွပ်စွဲခဲ့သူထက် မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသို့‌သောသူများသည် သူတို့၏အရှင်မြတ်‌ရှေ့၌ ဝင်‌ရောက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်။ ၎င်း‌နောက် သက်‌သေများက “ဤသူများပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အ‌ပေါ်၌ လိမ်လည်လုပ်ကြစွပ်စွဲခဲ့ကြ‌သောသူများဖြစ်ကြသည်“ဟု ‌ပြောဆိုကြမည်။* သတိပြုကြပါ၊ အလ္လာဟ်အရှင်မြတ်၏လအ်နသ် ကရုဏာမှကင်း‌ဝေးမှုသည် မတရား‌သောသူများအ‌ပေါ်တွင် ရှိလိမ့်မည်။

    [19] (ထိုမတရားသူများသည်)အကြင်သူများပင်ဖြစ်ကြသည်၊ ထိုသူများသည် (သူတစ်ပါးအား)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ၎င်း‌နောက် သူတို့သည် ထိုလမ်းတွင် ‌ကွေ့‌ကောက်မှုကို ရှာကြံကြသည်။ ထို့ပြင် သူတို့သည် တမလွန်ဘဝကိုလည်း ငြင်းပယ်သူများဖြစ်ကြသည်။

    [20] ထိုသူများသည် ကမာ္ဘ‌မြေ၌လည်း (အရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်‌မြောက်‌အောင် စွမ်း‌ဆောင်နိုင်သူများ မဟုတ်‌ပေ။ ထို့ပြင် သူတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး ကူညီမည့်သူများလည်း မည်သူမျှ မရှိ‌ပေ။ (ယခုမူ)သူတို့သည် အပြစ်ဒဏ်ကို နှစ်ဆတိုးပြီး(အပြစ်‌ပေးခြင်း)ခံရမည်ဖြစ်သည်။ သူတို့သည် (ကုရ်အာန်ကို)ကြားနိုင်စွမ်းလည်းမရှိ၊ (သာဓကများကို)မြင်နိုင်စွမ်းလည်းမရှိ‌ပေ။

    [21] ဤသူများပင် သူတို့ကိုယ်ကို နစ်နာ‌စေခဲ့ကြ‌သောသူများဖြစ်သည်။ ထို့ပြင် သူတို့ထံမှ သူတို့ လုပ်ကြံဖန်တီးခဲ့ကြ‌သော(ကိုးကွယ်ရာများသည်) ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။

    [22] လုံးဝ သံသယမရှိ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝ၌ အမှန်ပင် အနစ်နာဆုံးသူများဖြစ်ကြလိမ့်မည်။

    [23] အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ ကျိုးနွံခဲ့ကြသည်။ သူတို့သည် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ သူတို့သည် ထိုအထဲ၌ အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။

    [24] (ကာဖိရ်နှင့်မွတ်စ်လင်မ်)အုပ်စုနှစ်စု၏သာဓကသည် မျက်စိကန်းပြီး နားပင်းသူနှင့် မျက်စိမြင်ပြီး နားကြားသူကဲ့သို့ဖြစ်သည်။* ထိုအုပ်စု နှစ်စုတို့သည် အ‌ခြေအ‌နေ(တိုင်း၌)တူညီသ‌လော။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသ‌လော။

    [25] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ (၎င်းက‌ပြောသည်) အမှန်စင်စစ် ငါသည် အသင်တို့အတွက် ပွင့်လင်းထင်ရှားစွာ သတိ‌ပေးသူဖြစ်သည်။

    [26] အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အတွက် အလွန်နာကျင်‌စေ‌သော‌နေ့၏အပြစ်ဒဏ်*ကို စိုးရိမ်သည်။

    [27] ထို့‌နောက် ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ခဲ့ကြ‌သော အကြီးအကဲများက (ဤသို့)‌ပြောဆိုခဲ့ကြသည်- “ကျွန်ုပ်တို့သည် အသင့်အား ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦးအဖြစ်နှင့်သာ မြင်ကြသည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အ‌ပေါ်ယံအားဖြင့် ကျွန်ုပ်တို့ထဲမှ အ‌သေးသိမ်ဆုံး‌သောသူများမှလွဲ၍ အခြားသူများသည် အသင်၏‌နောက်သို့ လိုက်သည်ကို မမြင်ကြ‌ပေ။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အသင်တို့တွင် ကျွန်ုပ်တို့ထက် တစ်စုံတစ်ရာကို ပိုမြင့်မြတ်သည်ကိုလည်း မမြင်ကြ‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား လိမ်လည်သူများဟုပင် ယူဆကြသည်။

    [28] ၎င်း(တမန်‌တော် နူးဟ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာများရှိ‌နေလျှင်၊ ၎င်း‌နောက် အရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ကရုဏာ(တမန်‌တော်အဖြစ်‌ရွေးချယ်ခြင်း)ကို ‌ပေးသနား‌တော်မူခဲ့လျှင်၊ ၎င်း‌နောက် ထို(တမန်‌တော်အဖြစ်)သည် အသင်တို့အ‌ပေါ်တွင် ဖုံးအုပ်‌နေလျှင် (သဲကွဲစွာ မမြင်ရလျှင်) အသင်တို့သည် မည်သို့ ယူဆမည်နည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ။ အသင်တို့သည် ထိုအရာ(တမန်‌တော်ဖြစ်ခြင်း)ကို မလိုလားကြပါလျက် ငါသည် အသင်တို့အား ထိုအရာ(တမန်‌တော်ဖြစ်ခြင်း)ကို (ယုံကြည်လက်ခံရန်) အတင်းအကျပ်ပြုလုပ်ရမည်‌လော။

    [29] ထို့ပြင် အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အသင်တို့ထံမှ ထို(တရားလမ်းမှန်ပြသခြင်း)နှင့်ပတ်သက်၍ မည်သည့်ပစ္စည်းမှ ‌တောင်းခံခြင်းမရှိ‌ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာရှိသည်။ ထို့ပြင် ငါသည် ယုံကြည်သူများအား (သူတို့၏‌နေရပ်မှ)‌မောင်းထုတ်မည့်သူလည်း မဟုတ်‌ပေ။* အမှန်စင်စစ် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ‌တွေ့ဆုံမည့်သူများဖြစ်သည်။* သို့ရာတွင် ငါသည် အသင်တို့အား မသိမိုက်မဲသူများအဖြစ်ပင် ‌တွေ့မြင်သည်။

    [30] ထို့ပြင် အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါသည် သူတို့အား နှင်ထုတ်ခဲ့လျှင် ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူ ကာကွယ်မည်နည်း။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသ‌လော။

    [31] ထို့ပြင် ငါသည် ငါ၏ထံ၌ အလ္လာဟ်အရှင်မြတ်၏ဘဏ္ဍာ‌တော်များရှိသည်၊ ၎င်းပြင် ငါသည် အကွယ်၌ရှိသည်အားလုံးကို သိသည်ဟု အသင်တို့အား ‌ပြောဆိုခြင်းမရှိ‌ပေ။ ထို့ပြင် အမှန်စင်စစ် ငါသည် ‌ကောင်းကင်တမန်ဖြစ်သည်ဟုလည်း မ‌ပြောဆို‌ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်၌ ‌သေးသိမ်သူများနှင့်ပတ်သက်၍ သူတို့အား အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းခြင်းကို လုံးဝ ‌ပေး‌တော်မူမည်မဟုတ်‌ပေဟုလည်း မ‌ပြောဆို‌ပေ။ သူတို့၏ စိတ်နှလုံးများထဲ၌ ရှိသည်များကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်‌တော်မူသည်။ အမှန်စင်စစ် ငါသည် ထိုသို့(‌ပြော)ဆိုလျှင် မတရားသူများထဲ၌ အမှန်ပင် အပါအဝင်ဖြစ်လိမ့်မည်။

    [32] သူတို့က ‌ပြောဆိုကြသည်- အို-(တမန်‌တော်)နူးဟ်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံပြုခဲ့သည်။ ၎င်း‌နောက် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံကို များစွာပြုလုပ်ခဲ့ပြန်သည်။ သို့ဖြစ်ရာ အကယ်၍ အသင်သည် မှန်ကန်စွာ ‌ပြောဆိုသူဖြစ်ခဲ့လျှင် အသင်သည် ကျွန်ုပ်တို့အား ခြိမ်း‌ခြောက်‌နေ‌သော ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံသို့ ယူ‌ဆောင်လာပါ။

    [33] သူ(တမန်‌တော် နူးဟ်)က‌ပြောသည်- အကယ်၍ အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်ပင် ယူ‌ဆောင်လာ‌တော်မူမည် ဖြစ်သည်။ ထို့ပြင် (အမှန်စင်စစ်) အသင်တို့သည် (အရှင်မြတ် ယူလာ‌တော်မူမည်ကို) မစွမ်း‌ဆောင်နိုင်‌အောင် ပြုနိုင်သူများ မဟုတ်‌ပေ။

    [34] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (အသင်တို့၏ငြင်းပယ်မှု‌ကြောင့်) လမ်းမှား‌စေ‌တော်မူရန် ရည်ရွယ်‌တော်မူခဲ့လျှင် ငါသည် အသင်တို့အတွက် (မည်မျှပင်)‌ကောင်းကျိုး‌ဆောင်ရန် ရည်ရွယ်လျှင်လည်း ငါ၏အကျိုး‌ဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်ထွန်း‌စေနိုင်မည် မဟုတ်‌ပေ။* အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်း‌နောက် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။

    [35] သူတို့က ၎င်း(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် ထို(ကုရ်အာန်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် ထိုကုရ်အာန်ကျမ်း‌တော်ကို လုပ်ကြံဖန်တီးလျှင် ငါ၏အပြစ်သည် ငါ၏အ‌ပေါ်၌သာ ရှိမည်ဖြစ်သည်။ ၎င်း‌နောက် ငါသည် အသင်တို့ ကျူးလွန်‌နေကြ‌သော အပြစ်များမှ ကင်းစင်သူဖြစ်သည်။

    [36] ထို့ပြင် (တမန်‌တော်)နူးဟ်ထံသို့ အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် အသင်၏အမျိုးသားများထဲမှ အီမာန်ယုံကြည်ပြီးသည့်သူများမှလွဲ၍ (‌နောက်ထပ်မည်သူမျှ)လုံးဝ အီမာန်ယုံကြည်ကြ‌တော့မည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့ပြုလုပ်‌နေ‌သော ပြစ်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းပူ‌ဆွေးမှု မဖြစ်‌လေနှင့်။

    [37] ထို့ပြင် အသင်သည် ငါအရှင်မြတ်၏မျက်စိ‌အောက်တွင် ငါအရှင်မြတ်၏အမိန့်‌တော်နှင့် သ‌ဘေင်္ာတည်‌ဆောက်ပါ။ ထို့ပြင် အသင်သည် နှိပ်စက်ကျူးလွန်သူများနှင့်ပတ်သက်၍ ငါအရှင်မြတ်ထံ‌တော်၌ အ‌လျှောက်ထားခြင်းမပြု‌လေနှင့်။ အမှန်စင်စစ် သူတို့သည် နစ်မြုပ်မည့်သူများသာ ဖြစ်ကြသည်။

    [38] ထို့‌နောက် ၎င်း(တမန်‌တော်နူးဟ်)သည် သ‌ဘေင်္ာကို တည်‌ဆောက်သည်။ ထို့ပြင် ၎င်း၏အမျိုးသားများထဲမှ ‌ခေါင်း‌ဆောင်တစ်စုသည် ၎င်း၏ထံသို့ ဖြတ်သန်းသွားလာကြသည့်အခါတိုင်း ၎င်းကို ‌ပြောင်‌လှောင်‌လေ့ရှိကြသည်။ ၎င်းက‌ပြောသည်- အကယ်၍ အသင်တို့သည် ငါတို့အား စင်စစ်‌ပြောင်‌လှောင်ကြလျှင် ငါတို့သည်လည်း အသင်တို့အား အသင်တို့‌ပြောင်‌လှောင်သကဲ့သို့ ‌ပြောင်‌လှောင်ကြမည်ဖြစ်သည်။

    [39] သို့ဖြစ်ရာ မည်သူ၏ထံသို့ ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်*‌ရောက်လာမည်၊ မည်သူ၏အ‌ပေါ်တွင် တည်မြဲ‌သော ပြစ်ဒဏ်ကျ‌ရောက်မည်ဆိုသည်ကို အသင်တို့သည် မကြာမီ သိရှိကြမည်ဖြစ်သည်။

    [40] ‌နောက်ဆုံး၌ ငါအရှင်မြတ်၏အမိန့်‌တော်သည် ‌ရောက်ရှိလာခဲ့‌သောအခါ မုန့်ဖိုသည် ဆူပွက်လာခဲ့သည်။* ငါအရှင်မြတ်သည် (တမန်‌တော်နူးဟ်ကို)မိန့်ကြား‌တော်မူခဲ့သည်- အသင်သည် (သတ္တဝါ)အမျိုးအစားတိုင်းမှ*တစ်စုံစီကိုလည်း‌ကောင်း၊ အသင်၏အိမ်သူအိမ်သားများထဲမှ အကြင်သူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်‌သောသူမှလွဲ၍* ကျန်အိမ်သူအိမ်သားများကိုလည်း‌ကောင်း၊ ယုံကြည်သူများကိုလည်း‌ကောင်း၊ ထိုသ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်ပါ။ ထို့ပြင် ၎င်းနှင့်အတူ အနည်းငယ်‌သောသူများသာ ယုံကြည်ခဲ့ကြခြင်းဖြစ်သည်။

    [41] ထို့‌နောက် သူက‌ပြောသည်- အသင်တို့သည် ထိုသ‌ဘေင်္ာ‌ပေါ်သို့ ဤသ‌ဘေင်္ာ၏ လှုပ်ရှားသွားလာ‌သောအခါနှင့် ထိုသ‌ဘေင်္ာ၏ဆိုက်ကပ်ရပ်နား‌သောအခါတွင် အလ္လာဟ်အရှင်မြတ်၏ နာမ‌တော်နှင့်အစပြုပါသည်(ဟု ‌ပြောဆို)စီးနင်းကြပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူတာ်မူ‌သော အရှင်မြတ်သည် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [42] ထို့‌နောက် ထိုသ‌ဘေင်္ာသည် သူတို့အား တင်‌ဆောင်ပြီး ‌တောင်ကြီးများကဲ့သို့(ကြီးမား‌သော)လှိုင်းတံပိုး၏ကြား၌ ‌မျော‌နေသည်။ ထို့ပြင် (တမန်‌တော်)နူးဟ်သည် သီးခြားတစ်‌နေရာ၌ ရှိ‌နေခဲ့‌သော ၎င်း၏သားကို ဟစ်‌ခေါ်ခဲ့သည်။ အိုု- ချစ်သား၊ အသင်သည် ငါတို့နှင့်အတူ စီးနင်းလိုက်ပါခဲ့ပါ။ ၎င်း‌နောက် အသင်သည် ငြင်းပယ်‌သောသူများနှင့်အတူ မ‌နေရစ်ခဲ့နှင့်(ဟု ဟစ်‌အော် ‌ပြောဆိုခဲ့သည်)။

    [43] ၎င်း၏သားက ‌ပြောဆိုသည်- ကျွန်ုပ်သည် မကြာမီ ‌တောင်တစ်ခုထံသို့ အကာအကွယ်ယူလိုက်မည်။ ထို‌တောင်သည် ကျွန်ုပ်ကို ‌ရေ‌ဘေးမှကာကွယ်လိမ့်မည်။ ၎င်း(တမန်‌တော် နူးဟ်)က ‌ပြောဆိုသည်- ယ‌နေ့မူ အလ္လာဟ်အရှင်မြတ် သနား‌တော်မူ‌သောသူမှလွဲ၍ အရှင်မြတ်၏အမိန့်‌တော်(အပြစ်ဒဏ်)မှ (လွတ်‌မြောက်‌အောင်)ကာကွယ်မည့်သူ လုံးဝ မရှိ‌ပေ။ ထို့‌နောက် လှိုင်းတံပိုးသည် ၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြား၌ ကာဆီးသွား‌တော့သည်။ ထို့‌နောက် သူသည် နစ်မြုပ်ခြင်းခံရသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။

    [44] ထို့‌နောက် အမိန့်‌တော်ထုတ်ပြန်ခြင်းခံရသည်- အို- ‌မြေပထဝီ၊ အသင်သည် အသင်၏‌ရေများအား စုပ်ယူမျိုချလိုက်ပါ။ ၎င်း‌နောက် အို- မိုး‌ကောင်းကင်၊ အသင်သည် (မိုးရွာခြင်းကို)ရပ်လိုက်ပါ။ ထို့‌နောက် ‌ရေသည် ‌လျော့သွားခဲ့သည်။ ၎င်း‌နောက် အ‌ရေးကိစ္စသည်လည်း ပြီး‌မြောက်သွားခဲ့သည်။ ထို့ပြင် ထိုသ‌ဘေင်္ာသည်လည်း ဂျူဒီ‌တောင်‌ပေါ်၌ ရပ်သွားခဲ့သည်။ ထို့ပြင် နှိပ်စက်ညှဉ်းပန်း‌သောသူ(ကာဖိရ်)များသည် (ကရုဏာ‌တော်မှ)ကင်း‌ဝေးခဲ့ပြီဟု မိန့်ကြား‌တော်မူခြင်းခံရသည်။

    [45] ထို့ပြင် (တမန်‌တော်)နူးဟ်က ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ဟစ်‌ခေါ်‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်၏သားသည် ကျွန်ုပ်၏အိမ်သားများထဲမှ ဖြစ်ပါသည်။ ထို့ပြင် အမှန်စင်စစ် အရှင်မြတ်၏ကတိ‌တော်သည်လည်း မှန်ကန်ပါသည်။ ၎င်း‌နောက် အရှင်မြတ်သည် စီရင်ဆုံးဖြတ်သူများထဲ၌ အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [46] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အို- (တမန်‌တော်)နူးဟ်၊ အမှန်စင်စစ် သူသည် အသင်၏အိမ်သားများထဲမှ မဟုတ်‌ပေ၊ အမှန်စင်စစ် သူသည် မ‌ကောင်းမှုများကို ကျူးလွန်‌သောသူပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အသင်မသိ‌သောအရာအား ငါအရှင်မြတ်ထံ‌တော်၌ ‌လျှောက်ထားခြင်းမပြုပါနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အသင်သည် မသိ‌သောသူများထဲ၌ မပါဝင်‌စေရန် ဆုံးမ‌တော်မူသည်။

    [47] ၎င်း(တမန်‌တော်နူးဟ်)က ‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် (‌ရှေ့လာမည့်ကာလတွင်) ကျွန်ုပ်သည် ဤသို့ ကျွန်ုပ်မသိ‌သောအရာကို အရှင်မြတ်အား ‌မေးမြန်း‌လျှောက်ထားခြင်းမှ (လွတ်ကင်း‌အောင်) အရှင်မြတ်ထံ‌တော်၌ ခိုလှုံပါသည်။ ထို့ပြင် (ပြီးခဲ‌သော ‌မေးမြန်း‌လျှောက်ထားမှုကို ခွင့်လွှတ်လိုက်‌တော်မူပါ။) အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မမူခဲ့ပါလျှင်၊ ၎င်း‌နောက် ကျွန်ုပ်အား သနားကြင်နာ‌တော်မမူခဲ့ပါလျှင် ကျွန်ုပ်သည် ဆုံးရှုံးသူများထဲ၌ အပါအဝင်ဖြစ်သွားရပါလိမ့်မည်။

    [48] (အရှင်မြတ်ထံ‌တော်မှ)မိန့်ကြား‌တော်မူခြင်းခံရခြင်းကမူ- အို- နူးဟ်၊ အသင်သည် အသင့်အတွက်နှင့် အသင်နှင့်အတူရှိ‌သော လူများအတွက် ငါအရှင်မြတ်ထံ‌တော်မှ ငြိမ်းချမ်းမှုနှင့် မဂင်္လာများကိုယူပြီး (ဂျူဒီ‌တောင်‌ပေါ်မှ)ဆင်းသက်ပါ။ ထို့ပြင် အချို့လူမျိုးအုပ်စုများကမူ ငါအရှင်မြတ်သည် မကြာမီ သူတို့အား (အချိန်အနည်းငယ်ထိ)အကျိုးခံစားခွင့် ‌ပေး‌တော်မူမည်။ ၎င်း‌နောက် သူတို့အ‌ပေါ်တွင် ငါအရှင်မြတ်ထံ‌တော်မှ အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်သည် ဆိုက်‌ရောက်မည်ဖြစ်သည်။

    [49] ဤအရာများသည် အကွယ်၌ရှိ‌သော သတင်းများထဲမှ ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသတင်းများအား အသင်၏ထံသို့ ပို့ချ‌တော်မူသည်။ ဤသို့ မပို့ချမီ ထိုသတင်းများအား အသင်နှင့် အသင်၏အမျိုးသားများသည် သိခဲ့ကြသည် မဟုတ်‌ပေ။* သို့ဖြစ်ရာ အသင်သည် သည်းခံပါ။ အမှန်စင်စစ် ‌နောက်ဆုံးအကျိုးခံစားမှုသည် အပြစ်‌ရှောင်ကြဉ်ကြ‌သောသူများအတွက်ပင် ဖြစ်သည်။

    [50] ထို့ပြင် အာဒ်အမျိုးသားများထံသို့ သူတို့၏ညီ‌နောင်(တမန်‌တော်)ဟူဒ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်းက‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွက် ထိုအရှင်မှလွဲ၍ အခြားကိုးကွယ်ရာအရှင် မရှိ‌ပေ။ စင်စစ်မှာမူ အသင်တို့သည် လုပ်ကြံဖန်တီးသူများပင်ဖြစ်ကြသည်။

    [51] အို- ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံမှ ဤ(တရား‌ဟောခြင်း)နှင့်ပတ်သက်၍ မည်သည့်အဖိုးအခမှ မ‌တောင်းဆို‌ပေ။ ငါ၏အကျိုးဆုလာဘ်သည် ငါအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်၌သာ တာဝန်ရှိသည်။* သို့ဖြစ်ရာ အသင်တို့သည် နားမလည်ကြသ‌လော။

    [52] ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။* ၎င်း‌နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့ လှည့်ကြပါ။ (သို့ဖြစ်လျှင်)အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မိုးကို ဖြိုင်ဖြိုင်ရွာသွန်း‌စေ‌တော်မူမည်။ ၎င်း‌နောက် အသင်တို့၏အင်အားထဲ၌ အသစ်ထပ်‌လောင်းဖြည့်‌တော်မူ၍ အသင်တို့ကို အားအင် တိုးတက်‌စေ‌တော်မူမည်။ ထို့ပြင် အသင်တို့သည် အပြစ်ကျူးလွန်သူများအဖြစ်နှင့် မျက်နှာလွှဲမသွားကြနှင့်။

    [53] သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- (တမန်‌တော်)ဟူဒ်၊ အသင်သည် ကျွန်ုပ်တို့ထံသို့ မည်သည့်ထင်ရှား‌သော သက်‌သေလက္ခဏာတစ်ခုကိုမျှ ယူ‌ဆောင်လာသည်မရှိ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏‌ပြောဆိုချက်‌ကြောင့် ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား စွန့်လွှတ်မည့်သူများ မဟုတ်ကြ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏အ‌ပေါ်တွင် ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြ‌ပေ။

    [54] ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုးကွယ်ရာများထဲမှ ကိုးကွယ်ရာတစ်ပါးသည် အသင့်အား ကိုယ်စားပြုလိုက်သည်ဟုပင် ‌ပြောဆိုကြမည်ဖြစ်သည်။* ၎င်း(တမန်‌တော်ဟူဒ်)က‌ပြောသည်- အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ တွဲဖက်ကိုးကွယ်‌နေကြ‌သောအရာများနှင့် အမှန်စင်စစ် ငါသည် လုံးဝ ကင်းရှင်းသူတစ်ဦးဖြစ်‌ကြောင်း ငါကိုယ်တိုင် အလ္လာဟ်အရှင်ကို သက်‌သေထားသည်။ ၎င်း‌နောက် အသင်တို့သည်လည်း သက်‌သေအဖြစ်ရှိကြပါ။

    [55] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အားလုံးသည် ငါ့အား ဆန့်ကျင်ပြီး လျှို့ဝှက်ကြံစည်ကြပါ။ ၎င်း‌နောက် အသင်တို့သည် ငါ့အား ‌ရွှေ့ဆိုင်းခွင့်မ‌ပေးကြနှင့်။

    [56] အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်းဖြစ်၍ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်းဖြစ်သည့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွဲအပ်ခဲ့ပြီဖြစ်သည်။ ထိုအရှင်မြတ်သည် ရှိသမျှသတ္တဝါများ၏ နဖူး(သက်ဦးဆံပိုင်)ကို ဆုပ်ကိုင်ထား‌တော်မူသည်။* အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌ဖြောင့်မတ်မှန်ကန်‌သော လမ်း‌ပေါ်၌ပင် ရှိ‌နေ‌တော်မူသည်။

    [57] ထို့‌နောက် အကယ်၍ အသင်တို့သည် မျက်နှာလွဲ‌နေကြလျှင် အမှန်စင်စစ် ငါသည် အကြင်အမိန့်‌တော်များကို အသင်တို့ထံ ပို့ချခဲ့ပြီးဖြစ်သည်။ ထိုအမိန့်‌တော်များနှင့်တကွ ငါသည် အသင်တို့ထံသို့ ‌စေလွှတ်‌တော်မူခြင်းခံခဲ့ရသည်။ ထို့ပြင် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏အစား အခြား လူမျိုးတစ်မျိုးကို (အလ္လာဟ်အရှင်မြတ်အား အီမာန်ယုံကြည်‌စေပြီး ဤကမာ္ဘ‌မြေ၏ စိုးမိုးအုပ်ချုပ်သူ ကိုယ်စားလှယ်များအဖြစ်) ခန့်အပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား အနည်းငယ်မျှ ဆုံးရှုံး‌အောင် လုပ်နိုင်ကြသည် မဟုတ်‌ပေ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [58] ထို့ပြင် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် (တမန်‌တော်)ဟူဒ်နှင့် သူ၏အ‌ပေါ်တွင် အီမာန်ယုံကြည်သူများအား မိမိသနားကရုဏာ‌တော်နှင့် ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်‌သောပြစ်ဒဏ်တစ်ခုမှလည်း ကယ်တင်‌တော်မူခဲ့သည်။

    [59] ၎င်း‌နောက် ဤသည် အာဒ်အမျိုးသားများပင်ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာများအား ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် အရှင်မြတ်၏တမန်‌တော်များအား ဖီဆန်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ခေါင်းမာ‌သော နိုင်ထက်စီးနင်းပြုလုပ်‌သောလူများ၏အမိန့်ကို လိုက်နာခဲ့ကြသည်။

    [60] ထို့ပြင် သူတို့သည် ဤ‌လောကီဘဝနှင့် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့၌ ကရုဏာမှ ကင်း‌ဝေး‌စေခြင်းကို (သူတို့၏)‌နောက်မှ (ထပ်ကြပ်မကွာဘဲ ကပ်ပါလိုက်‌နေ‌အောင်) ထည့်‌ပေးခြင်းခံကြရသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အာဒ်အမျိုးသားများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ငြင်းပယ်ခဲ့ကြသည်။ သတိပြုကြပါ၊ (တမန်‌တော်)ဟူဒ်၏လူမျိုးများဖြစ်ကြ‌သော အာဒ်အမျိုးသားများတွင် (နှစ်ဘဝလုံး၌ ကရုဏာ‌တော်မှ) ကင်း‌ဝေးခြင်းရှိ‌လေပြီ။

    [61] ထို့ပြင် ဆမူဒ်အမျိုးသားများထံသို့ သူတို့၏ညီ‌နောင် (တမန်‌တော်)စွာလိဟ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ သူက ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထိုအရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား စတင်ဖန်ဆင်း‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည်ပင် အသင်တို့အား ထို‌မြေ‌ပေါ်၌ သက်တမ်း‌ပေးပြီး ‌နေထိုင်‌စေ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။ ထို့‌နောက် အသင်တို့သည် အရှင်မြတ်ဘက်သို့ လှည့်ကြပါ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် နီးကပ်စွာရှိ‌နေ‌တော်မူ‌သောအရှင်၊ (‌တောင်းသည်ကို)လက်ခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [62] သူတို့က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)စွာလိဟ်၊ ယခင်ကမူ အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့ထဲ၌ ‌မျှော်လင့်ချက်ထားရှိခြင်းခံရ‌သောသူ ဖြစ်ခဲ့သည်။ (ယခုမူ) အသင်သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်ကြ‌သောအရာများကို မကိုးကွယ်ကြရန် ကျွန်ုပ်တို့အား တားမြစ်သ‌လော။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့အား ဖိတ်‌ခေါ်‌သောအရာနှင့်ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ ရှိ‌နေကြသည်။

    [63] ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာအ‌ပေါ်တွင် တည်ရှိ‌နေသည့်အပြင် အရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ရဟ်မသ်(တမန်‌တော်)အဖြစ်ကို* ‌ပေးသနား‌တော်မူခဲ့လျှင် အသင်တို့အ‌နေနှင့် မည်သို့ ယူဆကြမည်နည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ။ ထို့‌နောက် အကယ်၍ ငါသည် ထိုအရှင်မြတ်၏အမိန့်‌တော်ကို ဖီဆန်ခဲ့လျှင် မည်သူသည် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် အသင်တို့သည် ငါ့အား နစ်နာဆုံးရှုံးမှုမှလွဲ၍ အခြား မည်သည့်အရာကိုမျှ တိုးပွား‌စေနိုင်ကြမည် မဟုတ်‌ပေ။

    [64] ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ ဤသည် အသင်တို့အတွက် သက်‌သေလက္ခဏာတစ်ခုအဖြစ် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ ‌မြေပထဝီတွင် စား‌သောက်‌နေထိုင်ရန် လွှတ်ထားကြပါ။ ၎င်း‌နောက် အသင်တို့သည် ထိုကုလားအုတ်မကို မ‌ကောင်း‌သောရည်ရွယ်ချက်ဖြင့် မထိကြနှင့်။ ထိုသို့ ပြုလုပ်ခဲ့ကြလျှင် နီးကပ်‌သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးလိမ့်မည်။

    [65] ထို့‌နောက် သူတို့သည် ကုလားအုတ်မ၏‌ခြေ‌ထောက်ကို ဖြတ်‌တောက်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောသည်- အသင်တို့သည် သုံးရက် အသင်တို့၏အိမ်၌ အကျိုးခံစား ‌နေထိုင်ကြပါ။ (ထို့‌နောက် ပြစ်ဒဏ်လာမည်)။ ဤသည် လိမ်လည်မှု မဟုတ်‌သော ကတိဖြစ်သည်။

    [66] ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် (တမန်‌တော်)စွာလိဟ်အပြင် ၎င်းနှင့်တကွ ယုံကြည်သူများအား အရှင်မြတ်၏ကရုဏာဖြင့် ကယ်တင်ပြီး‌နောက် ထို‌နေ့၏* ‌သေးသိမ်မှုမှလည်း ကယ်တင်‌တော်မူခဲ့သည်။ အမှန်ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [67] ၎င်း‌နောက် မတရားလုပ်‌သောသူများအား ကျယ်‌လောင်‌သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏‌နေအိမ်များတွင် နံနက်အချိန်၌ ‌မှောက်လျက်သား (‌သေ‌ကြေပျက်စီးသွားခဲ့ကြသည်)။

    [68] သူတို့သည် ထိုအိမ်များတွင် မ‌နေခဲ့ဖူးကြသကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ သတိပြုကြပါ၊ ဆမူဒ်အမျိုးသားများတွင် (ကရုဏာ‌တော်မှ)ကင်း‌ဝေးခြင်းခံရ‌လေပြီ။

    [69] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)အိဗ်ရာဟီမ်ထံသို့ ဝမ်း‌မြောက်ဖွယ်သတင်း‌ကောင်း ယူ‌ဆောင်လာခဲ့ကြသည်။ သူတို့က စလာမ်ငြိမ်းချမ်းပါ‌စေဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကလည်း စလာမ်ငြိမ်းချမ်းပါ‌စေဟု (ပြန်လည်)‌ပြောဆိုခဲ့သည်။* ထို့‌နောက် ၎င်းသည် ကင်ထား‌သောနွားငယ်‌လေးကို ချက်ချင်းယူ‌ဆောင် (ဧည့်ခံ)ခဲ့သည်။

    [70] ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် သူတို့၏လက်များက ထို(အစားအစာ)ဘက်သို့ မလှမ်းသည်ကိုမြင်ရ‌သောအခါ သူတို့အား သူစိမ်းများဟု သ‌ဘော‌ပေါက်ပြီး မိမိစိတ်ထဲ၌ (၎င်းတို့သည် ‌ကောင်း‌သောကိစ္စနှင့်လာခြင်းပင် ဟုတ်ပါမည်‌လောဟု) စိုးရိမ်ခဲ့သည်။ (ထိုအခါ) သူတို့က ‌ပြောသည်- အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (တမန်‌တော်)လူသွ်အမျိုးသားများထံသို့ ‌စေလွှတ်ခြင်း ခံကြရခြင်းဖြစ်သည်။

    [71] ထို့ပြင် ၎င်း၏ကြင်ရာ‌တော်သည် မတ်တတ်ရပ်လျက်* (ထို သားရတနာရမည့်သတင်းကို သိပြီး) ရယ်‌မောခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူမကို (‌စေတမန်များမှတဆင့် သား‌တော်)အစ္စဟာက် (ဖွားမြင်မည့်အ‌ကြောင်း)နှင့် ထိုအစ္စဟာက်၏‌နောက်၌ (‌မြေး‌တော်)ယအ်ကူဗ် (ဖွားမြင်မည့်အ‌ကြောင်း) သတင်း‌ကောင်းကို ‌ပြောကြားခဲ့သည်။

    [72] (ထိုအခါ)သူမက ‌ပြောသည်- ဖြစ်မှဖြစ်ရ‌လေခြင်းပင်၊ ကျွန်မသည် အဖွားအိုတစ်ဦးဖြစ်‌နေပါလျက် ကျွန်မသည် သားဖွားရဦးမည်‌လော။ ၎င်း‌နောက် ဤကျွန်မ၏ခင်ပွန်းသည်လည်း အဖိုးအိုတစ်ဦးပင်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလွန်အံ့ဩဖွယ်ရာ စကားတစ်ခုပင်ဖြစ်သည်။

    [73] သူတို့(‌စေတမန်များ)က ‌ပြောဆိုခဲ့ကြသည်- အသင်မသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို အံ့ဩ‌နေပါသ‌လော။* အို- (တမန်‌တော်အိဗ်ရာဟီမ်၏)အိမ်သူ အိမ်သားတို့၊ အလ္လာဟ်အရှင်မြတ်၏ကရုဏာနှင့် အရှင်မြတ်၏မဂင်္လာများသည် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်မြဲဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [74] ထို့‌နောက် (တမန်‌တော်)အိဗ်ရာဟီမ်ထံမှ စိုးရိမ်မှုသည် ကင်းရှင်းသွားပြီး သူ၏ထံသို့ ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်း‌ရောက်ရှိလာ‌သောအခါတွင် ၎င်းသည် (တမန်‌တော်)လူသွ်၏ အမျိုးသားများနှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ‌စေတမန်များ)နှင့် အပြန်အလှန် ‌ပြောဆိုမှုပြုလုပ်‌တော့သည်။

    [75] အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် အလွန်သည်းခံ‌သောသူ၊ အလွန်စိတ်နှလုံးနူးညံ့‌သောသူ၊ အရှင်မြတ်ဘက်သို့လှည့်၍ အလွန်ဝန်ချ‌တောင်းပန်သူဖြစ်သည်။

    [76] အို(တမန်‌တော်)အိဗ်ရာဟီမ်၊ အသင်သည် ဤ(သို့ အပြန်အလှန် ‌ပြောဆိုမှုပြုလုပ်ခြင်း)မှ ‌ရှောင်‌နေပါ၊ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်သည် ‌ရောက်ရှိခဲ့ပြီဖြစ်သည်။ ၎င်း‌နောက် သူတို့ထံသို့ ပြန်လည်ရုပ်သိမ်းခြင်းမရှိ‌သော ပြစ်ဒဏ်ကျ‌ရောက်‌တော့မည် အမှန်ပင်ဖြစ်သည်။

    [77] ထို့‌နောက် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)လူသွ်ထံသို့ ‌ရောက်ရှိလာခဲ့ကြ‌သောအခါ ၎င်းသည် သူတို့အတွက် ပူပန်မှုဖြစ်ခဲ့သည့်အပြင် သူတို့အတွက် အလွန်စိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့သည်။ ထို့ပြင် “ဤ‌နေ့သည် အလွန်ခက်ခဲ‌သော‌နေ့ပင်ဖြစ်သည်“ဟု သူက (ညည်းညူ)‌ပြောဆိုခဲ့သည်။

    [78] ထို့‌နောက် ၎င်း(တမန်‌တော်လူသွ်)၏အမျိုးသားများသည် ၎င်း၏ထံသို့ ‌ပြေးလွှားလျက် လာခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ယခင်ကပင် မ‌ကောင်းမှုများကို ကျင့်ကြံ‌နေခဲ့ကြသည်။ ၎င်း(တမန်‌တော်လူသွ်)က‌ပြောဆိုသည်- အို- ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် သူမတို့နှင့် လက်ထပ်ကြပါ)သူမတို့သည် အသင်တို့အတွက် ပို၍ပင် သန့်စင်ကြသည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ၎င်း‌နောက် အသင်တို့သည် ငါ့ကို ငါ၏ ဧည့်သည်များ‌ရှေ့၌ အရှက်တကွဲ မပြုလုပ်ကြနှင့်၊ အသင်တို့တွင် ရိုးသား‌ဖြောင့်မတ်သူ မည်သူမျှ မရှိသ‌လော။

    [79] ထို(အမျိုးသား)များက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်၏သမီးများနှင့်ပတ်သက်၍ မည်သည့်အရာမျှ အလိုမရှိဆိုသည်ကို အသင်သည် အမှန်ပင် သိပြီးဖြစ်သည်။ ၎င်း‌နောက် အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏အလိုဆန္ဒ ရည်စူးချက်ကိုလည်း သိရှိ‌နေပြီဖြစ်သည်။

    [80] ၎င်းက(ညည်းညူ)‌ပြောဆိုသည်- အကယ်၍ ငါ့တွင် အသင်တို့အား ခုခံနိုင်ရန် အင်အားရှိခဲ့လျှင်၊ သို့မဟုတ် ငါသည် အားကိုးနိုင်‌လောက်‌သော အားကိုးစရာတစ်ခုကို အားကိုးရလျှင် ‌ကောင်း‌လေစွပင်။

    [81] သူတို့(‌စေတမန်များ)က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)လူသွ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌စေလွှတ်‌တော်မူ‌သော ‌စေတမန်များဖြစ်သည့်အတွက် သူတို့သည် အသင်၏အနီးသို့ လုံးဝ ချဉ်းကပ်နိုင်ကြမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အသင်၏အိမ်သူအိမ်သားများနှင့်အတူ ည၏အစိတ်အပိုင်း တစ်စုံတစ်ခု၌ ထွက်ခွာသွားလိုက်ပါ။ ၎င်း‌နောက် အသင်တို့ထဲမှ မည်သူမျှ ‌နောက်သို့ လှည့်မကြည့်ရ‌ပေ။ သို့ရာတွင် အသင်၏ဇနီးကမူ အမှန်ပင် သူတို့၏အ‌ပေါ်တွင် ကျ‌ရောက်မည့်အပြစ်ဒဏ်သည် ထိုဇနီးအ‌ပေါ်၌လည်း ကျ‌ရောက်မည်ဖြစ်သည်။ အမှန်စင်စစ် သူတို့အား ချိန်းဆိုထား‌သောအချိန်သည် နံနက်မိုး‌သောက်ချိန်ပင် ဖြစ်သည်။ နံနက်မိုး‌သောက်ချိန်သည် နီးကပ်‌နေပြီ မဟုတ်‌လော။

    [82] ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာအား အထက်‌အောက် လှန်ပစ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာ‌ပေါ်သို့ ရွှံ့‌ဆေးအကျက်နှင့်ပြုလုပ်ထား‌သော‌ကျောက်ခဲမိုးကို ဆက်တိုက် ရွာသွန်းချ‌စေ‌တော်မူခဲ့သည်။

    [83] (ထို‌ကျောက်ခဲများသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ တံဆိပ်ခတ်နှိပ်ပြီး*ဖြစ်သည်။ ထိုမြို့ရွာသည် မတရားကျူးလွန်ကြ‌သော(မက္ကဟ်မြို့သား)များနှင့် မ‌ဝေးကွာလှ‌ပေ။

    [84] ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏ညီအစ်ကိုဖြစ်‌သော (တမန်‌တော်)ရှိုအိုဗ်အား (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်းက ‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွင် ထိုအရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် ပမာဏအခြင်အတွယ်နှင့် အချိန်အတွယ်ကို မ‌လျှော့ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အား ‌ကောင်းမွန်စွာရှိ‌နေသည်ကို ‌တွေ့မြင်ရသည်။ ၎င်း‌နောက် အမှန်စင်စစ် ငါသည် အသင်တို့အ‌ပေါ်တွင် ဝန်းရံမည့်‌နေ့၏အပြစ်ဒဏ်ကို စိုးရိမ်သည်။

    [85] ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် ပမာဏအခြင်အတွယ်များနှင့် အ‌လေးအချိန်များကို (‌ပေးရမည့်အတိုင်း)ပြည့်ပြည့်ဝဝ‌ပေးကြပါ။ ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းများကို ‌လျှော့မ‌ပေးကြနှင့်။ ထို့ပြင် အသင်တို့သည် ကမာ္ဘ‌မြေ၌ ဖျက်ဆီးသူများအဖြစ်နှင့် မ‌သောင်းကျန်းကြနှင့်။

    [86] အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်(‌ပေးသနားသည့်အထဲမှ)ကျန်ရှိ‌သော(အမြတ်)ဟလာလ်သည် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။* ထို့ပြင် ငါသည် အသင်တို့အား (ပြစ်ဒဏ်ခတ်မခံရ‌အောင်)ထိန်းသိမ်း‌စောင့်‌ရှောက်‌သောသူ(တာဝန်ခံ) မဟုတ်‌ပေ။

    [87] သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- (တမန်‌တော်)ရှုအိုင်ဗ်၊ အသင်၏စွလာသ်ဝတ်ပြုမှု(သာသနာ)သည် အသင့်အား ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်‌သောအရာများအား ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများတွင် ကျွန်ုပ်တို့သ‌ဘောနှင့်ပြုလုပ်ကြသည်များကို ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်အတွက် ‌စေခိုင်းသ‌လော။ အမှန်ပင် အသင်တစ်ဦးတည်းသာ အလွန်ဉာဏ်ရှိ‌သော အိ‌န္ဒြေနှင့်ပြည့်စုံ‌သောသူဖြစ်သ‌လော၊ ၎င်းပြင် အလွန်ရိုးသား‌ဖြောင့်မတ်သူ ဖြစ်သ‌လော။

    [88] ၎င်း(တမန်‌တော်)က ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ သက်‌သေအ‌ထောက်အထား‌ပေါ်၌ တည်ရှိခဲ့ပြီး ငါအရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ‌ကောင်းမွန်‌သော စားနပ်ရိက္ခာကို* ‌ပေးသနား‌တော်မူခဲ့လျှင် အသင်တို့သည် မည်သို့ယူဆကြမည်နည်း။ ၎င်း‌နောက် ငါသည် ငါကိုယ်တိုင် အသင်တို့အား တားမြစ်‌သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်ပြီး ကိုယ်တိုင်ပြုလုပ်ရန် မရည်ရွယ်‌ပေ။* ငါသည် ငါတတ်စွမ်းနိုင်သမျှ ပြုပြင်ရန်သာ ရည်ရွယ်သည်။* ထို့ပြင် ငါ၏စွမ်း‌ဆောင်နိုင်မှုသည် အလ္လာဟ်အရှင်မြတ်၏ကူညီမှုအ‌ပေါ်၌သာ မူတည်သည့်အတွက် ထိုအရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအပ်နှင်းထားသည်။ ၎င်း‌နောက် ငါသည် ထိုအရှင်မြတ်ဘက်သို့ပင် ပြန်လှည့်မည်ဖြစ်သည်။

    [89] ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် ငါ့အား ကွဲလွဲဆန့်ကျင်မှုပြုလုပ်‌နေကြခြင်းဖြင့် (တမန်‌တော်)နူးဟ်၏အမျိုးသားများ၊ (တမန်‌တော်)ဟူဒ်၏အမျိုးသားများနှင့် (တမန်‌တော်)စွာလိဟ်၏အမျိုးသားများအ‌ပေါ်တွင် ကျ‌ရောက်ခဲ့‌သော အပြစ်ဒဏ်မျိုး အသင်တို့အ‌ပေါ်ကျ‌ရောက်‌စေရန် လှုံ့‌ဆော်မှုမဖြစ်‌စေနှင့်၊* ၎င်း‌နောက် (တမန်‌တော်)လူသွ်၏အမျိုးသားများတွင် (အပြစ်ဒဏ်ကျ‌ရောက်ခဲ့‌သော အချိန်ကာလ)ကမူ အသင်တို့နှင့် မ‌ဝေးလှ‌သေး‌ပေ။

    [90] ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ဘက်သို့ လှည့်ပြီး ဝန်ချ‌တောင်းပန်ကြပါ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်ချစ်ခင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [91] သူတို့က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)ရှိုအိုင်ဗ်၊ ကျွန်ုပ်တို့သည် အသင် ‌ပြောဆို‌သောစကားများထဲမှ အ‌မြောက်အမြားကို နားမလည်နိုင်ကြပါ။* ၎င်း‌နောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျွန်ုပ်တို့အထဲ၌ ချည့်နဲ့‌သောသူတစ်ဦးအဖြစ်သာ မြင်‌နေကြသည်။* ၎င်း‌နောက် အကယ်၍ အသင်၏‌ဆွေမျိုးသားချင်းများသာ မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အသင့်အား ‌ကျောက်ခဲများနှင့် ပစ်သတ်ကြမည် အမှန်ပင်။ ၎င်း‌နောက် အသင်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် လွှမ်းမိုးနိုင်သူလည်း မဟုတ်‌ပေ။

    [92] ၎င်း(တမန်‌တော်)က ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ ငါ၏‌ဆွေမျိုးသားချင်းများသည် အသင်တို့‌ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပိုပြီး မြင့်မြတ်‌နေကြသ‌လော၊ ၎င်းပြင်(ထိုအရာ‌ကြောင့်) အသင်တို့သည် ထိုအရှင်မြတ်ကိုပင် အသင်တို့၏‌နောက်၌ ပစ်ပယ်ထားခဲ့ကြသည်။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို ခြုံငုံ၍ သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [93] ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့၏(နဗီကို ဆန့်ကျင်မှုပြုလုပ်သည့်)‌နေရာတွင် (တတ်နိုင်သမျှ)ပြုလုပ်ကြပါ။ အမှန်စင်စစ် ငါလည်း (ငါ၏ယုံကြည်ချက်အတိုင်း)ပြုလုပ်‌နေသည်။ အသင်တို့သည် မည်သူ၏ထံသို့ ၎င်းကို အရှက်တကွဲဖြစ်‌စေမည့် ပြစ်ဒဏ်‌ရောက်ရှိလာသည်(ကို သိရမည့်အပြင်)၊ မည်သူသည် လိမ်လည်‌သောသူဖြစ်သည်ကို မကြာမီ သိရှိကြရမည်။* ထို့ပြင် အသင်တို့သည် ‌စောင့်‌နေကြပါ၊ အမှန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌နေမည့်သူပင်ဖြစ်သည်။

    [94] ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ ကရုဏာ‌တော်ဖြင့် (တမန်‌တော်)ရှိုအိုင်ဗ်နှင့်တကွ သူနှင့်အတူ ယုံကြည်ခဲ့ကြ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ၎င်း‌နောက် မတရားကျူးလွန်ခဲ့ကြ‌သောသူများကိုမူ ကျယ်‌လောင်‌သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် နံနက်အချိန်တွင် သူတို့၏‌နေအိမ်ထဲ၌ ‌မှောက်လျက်သားဖြစ်(ပြီး ‌သေ‌ကြေပျက်စီး)‌နေခဲ့ကြသည်။

    [95] သူတို့သည် ထိုအိမ်များထဲ၌ မ‌နေခဲ့ဖူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ သတိပြုကြပါ၊ ဆမူဒ်အမျိုးသားများသည် (ကရုဏာမှ)ကင်း‌ဝေးခဲ့ကြသကဲ့သို့ပင် မဒ်ယန်မြို့သားများသည်လည်း (ကရုဏာမှ) ကင်း‌ဝေးကြ‌လေပြီ။

    [96] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများအပြင် ထင်ရှား‌သောတန်ခိုး‌တော်များ*နှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။

    [97] ဖိရ်‌အောင်န်နှင့် သူ၏အကြီးအကဲများထံသို့၊ ဖိရ်‌အောင်န်၏အမိန့်သည် သင့်‌တော်မှန်ကန်‌သောအမိန့် မဟုတ်ပါဘဲလျက် သူတို့သည် ဖိရ်‌အောင်န်၏အမိန့်ကိုသာ လိုက်နာ‌နေခဲ့ကြသည်။

    [98] သူ(ဖိရ်‌အောင်န်)သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့၌ သူ၏အမျိုးသားများအား ဦး‌ဆောင်မည်ဖြစ်သည်။* ထို့‌နောက် သူသည် ထိုအမျိုးသားများအား ငရဲဘုံထိ ဦး‌ဆောင်သွားမည်ဖြစ်သည်။ ၎င်း‌နောက် ‌နေရာချ‌ပေးခြင်းခံရမည့်‌နေရာသည် အဘယ်မျှ ဆိုးဝါးလိုက်‌လေသနည်း။

    [99] ထို့ပြင် သူတို့သည် ဤဘဝနှင့် ကိယာမသ်‌နေ့၌ ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းကို (သူတို့၏)‌နောက်မှ လိုက်‌စေခြင်းခံခဲ့ကြရသည်။ (သူတို့အား)‌ပေးခြင်းခံရမည့် လက်‌ဆောင်သည် အဘယ်မျှ ဆိုးဝါးလိုက်သည့် လက်‌ဆောင်နည်း။

    [100] ဤသည် အကြင်မြို့ရွာများ၏ အချို့သတင်းစကားဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသတင်းစကားကို အသင်၏‌ရှေ့၌ ‌ပြောကြား‌တော်မူသည်။ ထိုမြို့ရွာများထဲမှ အချို့သည် တည်ရှိ‌နေ၍ အချို့သည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

    [101] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မူခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့ကြခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အားစွန်ပြီး သူတို့ဟစ်‌ခေါ်ခဲ့ကြ‌သော သူတို့၏ကိုးကွယ်ရာများသည် တစ်စုံတစ်ရာမျှ အသုံးမဝင် အကျိုးမ‌ပေးနိုင်ခဲ့ကြ‌တော့‌ပေ။* ထို့ပြင် ထိုကိုးကွယ်ရာများသည် သူတို့အား ပျက်စီးဆုံးရှုံး‌စေသည်မှလွဲ၍ တစ်စုံတစ်ရာမျှ မတိုးပွား‌စေခဲ့‌ပေ။

    [102] ထို့ပြင် မြို့သူရွာသားများအား သူတို့သည် နှိပ်စက်ကျူးလွန်‌နေကြစဉ် ဖမ်းဆီးအ‌ရေးယူ‌တော်မူ‌သောအခါ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အ‌ရေးယူမှုသည် ထိုကဲ့သို့ပင် ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏ ဖမ်းဆီးအ‌ရေးယူခြင်းသည် အလွန်နာကျင် ပြင်းထန်လှသည်။

    [103] အမှန်စင်စစ် ဤအရာများ၌ တမလွန်ဘဝ၏ပြစ်ဒဏ်ကို ‌ကြောက်သည့်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာရှိသည်။ ၎င်း‌နောက် ထို‌နေ့သည် လူများအားလုံးကို စုရုံးခြင်းခံရမည့်‌နေ့ဖြစ်သည်။ ထို‌နေ့သည် (အရှင်၏ထံ၌) အသင့်ကြုံ‌တွေ့ရမည့်‌နေ့ပင် ဖြစ်သည်။

    [104] ထို့ပြင် ငါအရှင်မြတ်သည် ထို‌နေ့ရက်အား ‌ရေတွက်သတ်မှတ်ထား‌သောအချိန်အထိသာ ‌ရွှေ့ဆိုင်းထား‌တော်မူသည်။

    [105] ထို‌နေ့ ဆိုက်‌ရောက်လာ‌သောအခါ အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ စကား‌ပြောဆိုနိုင်မည် မဟုတ်‌ပေ။* ၎င်း‌နောက် သူတို့ထဲ၌ အချို့သည် နဖူးစာဆိုးသူများဖြစ်ကြမည်။ အချို့သည် နဖူးစာ‌ကောင်းသူများဖြစ်ကြမည်။

    [106] သို့ဖြစ်ရာ နဖူးစာဆိုး‌သောသူများသည် ဂျဟန္နမ်ငရဲဘုံ၌ရှိကြလိမ့်မည်။ သူတို့အတွက် ထိုငရဲဘုံ၌ ဟစ်‌အော်ခြင်းနှင့် ညည်းညူခြင်းများ ရှိကြလိမ့်မည်။

    [107] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတည်ရှိ‌နေသမျှ ထိုငရဲဘုံ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အလိုရှိသည်မှလွဲ၍ (သူတို့သည်) အမြဲ‌နေထိုင်သူများအဖြစ် ရှိကြလိမ့်မည်။* အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ် ရည်ရွယ်‌တော်မူ‌သောကိစ္စကို (ပြီးစီး‌အောင်)အလွန်ပြုလုပ်‌တော်မူအရှင် ဖြစ်‌တော်မူသည်။

    [108] ထို့ပြင် နဖူးစာ‌ကောင်း‌သောသူများကမူ ဂျန္နသ်သုခဘုံ၌ရှိကြမည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတည်ရှိ‌နေသမျှ ထိုသုခဘုံ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အလိုရှိသည်မှလွဲ၍ အမြဲ‌နေထိုင်သူများအဖြစ် ရှိကြလိမ့်မည်။ (ဤသည်) အဆက်မပြတ်‌သော ‌ပေးကမ်းချီးမြှင့်မှုပင်ဖြစ်သည်။

    [109] သို့ဖြစ်ရာ အသင်သည် ဤသူများ ကိုးကွယ်‌သောအရာများနှင့်ပတ်သက်၍ သံသယမဖြစ်‌လေနှင့်၊ သူတို့သည် ယခင်က သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်ကြသကဲ့သို့ပင် ကိုးကွယ်‌နေကြခြင်းဖြစ်သည်။ ၎င်း‌နောက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ဝေစုကို မ‌လျော့နည်း‌စေဘဲ အပြည့်အဝ ‌ပေး‌တော်မူမည်ဖြစ်သည်။

    [110] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် ထိုကျမ်းဂန်နှင့်ပတ်သက်၍ အကွဲအလွဲဖြစ်ခဲ့ရသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုသည် ယခင်ကတည်းက မရှိခဲ့လျှင် သူတို့ကြား၌ ဆုံးဖြတ်ခဲ့ပြီးဖြစ်ခဲ့မည် အမှန်ပင်။ ၎င်း‌နောက် အမှန်စင်စစ် သူတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ ရှိ‌နေကြသည်။

    [111] ထို့ပြင် အမှန်စင်စစ် ထိုသူတိုင်းအား (ကိယာမသ်)အချိန်‌ရောက်‌သောအခါ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏လုပ်ရပ်များ(၏ အစား)ကို အမှန်ပင် အပြည့်အဝ‌ပေး‌တော်မူမည်။* အမှန်စင်စစ် အရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [112] သို့ဖြစ်ရာ အသင်သည် အသင့်အား အမိန့်‌ပေးထားသည့်အတိုင်း (သာသနာအ‌ပေါ်တွင်)ကြံ့ခိုင်စွာ ရပ်တည်‌နေပါ၊ ၎င်း‌နောက် ဝန်ချ‌တောင်းပန်၍ အသင်နှင့်အတူရှိ‌နေသူများသည်လည်း (တည့်တံ့‌နေပါ)။* ထို့ပြင် အသင်တို့သည် ကျူးလွန်မှု မပြုကြနှင့်။* အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အလွန်မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [113] ထို့ပြင် အသင်တို့သည် မတရားကျူးလွန်ကြ‌သောသူများအ‌ပေါ်တွင် ယုံကြည်စိတ်ချအားထားခြင်း မပြုကြနှင့်။* သို့ဖြစ်လျှင် အသင်တို့ကိုလည်း ငရဲမီးထိ‌ရောက်လိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိတ်‌ဆွေတစ်ဦးမှလည်း ရှိမည်မဟုတ်‌ပေ။ ၎င်း‌နောက် အသင်တို့သည် ကူညီခြင်းခံရမည်လည်း မဟုတ်‌ပေ။

    [114] ထို့ပြင် အသင်သည် စွလာသ်ဝတ်ပြုမှုကို ‌နေ့၏အစွန်းနှစ်ဖက်အပြင် ည၏အစိတ်အပိုင်းများ၌လည်း တည်‌ဆောက်ပါ။* အမှန်စင်စစ် ‌ကောင်းမှုများသည် မ‌ကောင်းမှုများကို ပ‌ပျောက်‌စေသည်။ ဤသည် တရားရယူ‌သောသူများအတွက် ဆုံးမဩဝါဒဖြစ်သည်။

    [115] ထို့ပြင် အသင်သည် သည်းခံပါ။ သို့ဖြစ်ရာ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏အကျိုးကို အကျိုးမဲ့ပြုလုပ်‌တော်မူမည် မဟုတ်‌ပေ။

    [116] သို့ဖြစ်ရာ အသင်တို့၏မတိုင်မီ ရှိခဲ့ကြဖူး‌သော လူမျိုးအုပ်စုများထဲ၌ ဤသို့‌ကောင်း‌သောလူများ အဘယ့်‌ကြောင့် မရှိခဲ့သနည်း၊ ထိုလူများသည် ကမာ္ဘ‌မြေ၌ ‌သောင်းကျန်းဖျက်ဆီးမှုကို တားမြစ်ကြသည်။ သို့ရာတွင် အုပ်စုအနည်းငယ်သာရှိခဲ့သည်၊* ထိုအုပ်စုကို ငါအရှင်မြတ်က သူတို့ထဲမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် မတရားကျူးလွန်ကြ‌သောသူများကမူ သူတို့ကို ‌ပျော်‌မွေ့‌စေခြင်းခံရ‌သောအရာ(စည်းစိမ်)များ‌နောက်သို့ လိုက်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် အပြစ်ကျူးလွန်‌လေ့ရှိသူများပင် ဖြစ်ကြသည်။

    [117] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့သူရွာသားများသည် ‌ကောင်းမွန်‌အောင်ပြုပြင်သူများဖြစ်‌နေကြပါလျက်နှင့် အတင်းအဓမ္မ ဖျက်ဆီးပစ်‌တော်မမူ‌ပေ။

    [118] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် လူအားလုံးကို သာသနာဝင်အုပ်စုတစ်ခုတည်း ပြုလုပ်‌တော်မူခဲ့မည် အမှန်ပင်။ ထို့‌နောက် (အရှင်မြတ်သည် ထိုကဲ့သို့ ပြုလုပ်‌တော်မမူခဲ့သည့်အတွက်) သူတို့သည် သ‌ဘောထား ကွဲလွဲသူမျာအဖြစ် အမြဲရှိ‌နေကြမည်ဖြစ်သည်။

    [119] သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကရုဏာပြု‌တော်မူထား‌သောသူကမူ (ထိုကွဲလွဲသူများထဲ၌) မပါဝင်‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် ဤအတွက်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များနှင့် လူများအားလုံးဖြင့် ပြည့်နှက်‌စေ‌တော်မူမည်*ဟု အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်သည်လည်း ပြည့်စုံခဲ့ပြီးဖြစ်သည်။

    [120] ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များ၏အ‌ကြောင်းများထဲမှ အကြင် အ‌ကြောင်းများအားလုံးကို အသင့်အား ‌ပြောပြ‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအ‌ကြောင်းနှင့် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်‌စေ‌တော်မူသည်။ ထို့ပြင် ဤကဏ္ဍတွင် အမှန်တရားသည်လည်း အသင်၏ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၎င်း‌နောက် ယုံကြည်သူများအတွက် ဆုံးမဩဝါဒနှင့် သတိ‌ပေးနှိုး‌ဆော်ချက်ရှိသည်။

    [121] ထို့ပြင် (အို-တမန်‌တော်)အသင်သည် မယုံကြည်‌သောသူများကို ‌ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏(နဗီကို ဆန့်ကျင်မှုပြုလုပ်သည့်)‌နေရာတွင် အသင်တို့ ပြုလုပ်‌နေကြပါ။ အမှန်စင်စစ် ငါတို့သည်လည်း (ငါတို့၏နည်းလမ်းဖြင့်) ပြုလုပ်‌နေ‌သောသူများပင် ဖြစ်ကြသည်။

    [122] ၎င်း‌နောက် အသင်တို့သည် ‌စောင့်‌နေကြပါ၊ အမှန်စင်စစ် ငါတို့သည်လည်း ‌စောင့်‌နေကြသည်။

    [123] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် မမြင်နိုင်‌သော အကွယ်မှအရာများ(ကို စိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အ‌ရေးကိစ္စအားလုံးသည် အရှင်မြတ်ထံသို့ပင် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်။ သို့ဖြစ်ရာ အသင်သည် အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ၎င်း‌နောက် အသင်သည် အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေသည်များကို ‌မေ့‌လျော့‌တော်မူမည့်အရှင် မဟုတ်‌ပေ။

    Surah 12
    ယူစွတ်ဖ်

    [1] အလိဖ် လာမ် ရာ။* ဤအရာများသည် အလွန်ထင်ရှား‌သောကျမ်းဂန်၏ အာယသ်‌တော် စာပိုဒ်များပင် ဖြစ်သည်။

    [2] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နားလည်ကြရန်အတွက် (စကားအဖွဲ့အနွဲ့အလွန်ကြွယ်ဝ‌သော)ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် အရဗီဘာသာစာ‌ပေနှင့် ဤကျမ်းဂန်ကို ချ‌ပေးသနား‌တော်မူခဲ့သည်။

    [3] ငါအရှင်မြတ်သည် အသင်၏ထံ ဤကုရ်အာန်ကျမ်း‌တော်မြတ်ကို ထုတ်ပြန်ပို့ချမှုဖြင့် ငါအရှင်မြတ်သည် အသင်၏‌ရှေ့၌ အ‌ကောင်းဆုံးအ‌ကြောင်းအရာတစ်ခု*ကို ပြန်‌ပြောပြ‌တော်မူသည်။ ၎င်း‌နောက် အသင်သည် ထိုကုရ်အာန်မကျ‌ရောက်မီအလျင်က အမှန်ပင် မသိ‌သောသူတစ်ဦးသာ ဖြစ်သည်။

    [4] တစ်ခါတွင် (တမန်‌တော်)ယူစွဖ်သည် ၎င်း၏ဖခင်(တမန်‌တော်ယအ်ကူဗ်)အား ‌ပြောဆိုခဲ့သည်- အို- ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်ထဲ၌) ကြယ်ဆယ့်တစ်လုံး*အပြင် ‌နေနှင့်လကိုပါ* ကျွန်ုပ်အား စဂျ်ဒဟ်ဦးချ‌နေသည်ကို ‌တွေ့မြင်ခဲ့ရပါသည်။

    [5] ၎င်း(ဖခင်)က‌ပြောသည်- အို- ချစ်သား၊ အသင်သည် အသင်၏အိပ်မက်ကို အသင်၏‌နောင်‌တော်များ‌ရှေ့၌ မ‌ပြောပြ‌လေနှင့်။ ထိုသို့‌ပြောလိုက်လျှင် သူတို့သည် အသင်နှင့်ဆန့်ကျင်ပြီး အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြလိမ့်မည်။* အမှန်စင်စစ် ရှိုင်သွာန်သည် လူများအတွက် အလွန်ထင်ရှား‌သောရန်သူဖြစ်သည်။

    [6] ၎င်း‌နောက် ထိုသို့ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က အသင့်အား (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား စကားများ၏အနက်အဓိပ္ပာယ် (အိပ်မက်၏အနက်သ‌ဘော‌ကောက်‌သောပညာရပ်)ကို* သင်ကြားပို့ချ‌ပေး‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရှင်၏‌ကျေးဇူး‌တော်ကို ယခင်က အသင်၏ဘိုး၊ ‌ဘေးဖြစ်‌သော(တမန်‌တော်)အိဗ်ရာဟီမ်*နှင့် (တမန်‌တော်)အစ္စဟာက်အား ပြည့်ဝစွာ ‌ပေးသနား‌တော်မူသကဲ့သို့ အသင်နှင့် (တမန်‌တော်)ယအ်ကူဗ်၏သားသမီးများအားလည်း* ထို‌ကျေးဇူး‌တော်ကို ပြည့်ဝစွာ ‌ပေးသနား‌တော်မူလိမ့်မည်။* အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [7] အမှန်စင်စစ် ယူစွဖ်နှင့် ၎င်း၏ညီအစ်ကိုများ(၏အ‌ကြောင်း)၌ ‌မေးမြန်းစုံစမ်းသူများအတွက် သက်‌သေလက္ခများရှိသည်။

    [8] တစ်ခါက ထို‌နောင်‌တော်များက ငါတို့သည် (အင်အား‌တောင့်တင်း‌သော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်နှင့် ယူစွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင် ပိုပြီးချစ်ခင်မှုကို ခံ‌နေကြရသည်။* အမှန်စင်စစ် ငါတို့၏ဖခင်ကြီးသည် ထင်ရှား‌သောလမ်းမှားထဲ၌ ‌ရောက်‌နေပြီဖြစ်သည်ဟု* (အချင်းချင်း)‌ပြောဆိုကြသည်။

    [9] (သူတို့ထဲမှ တစ်ဦးက‌ပြောသည်)- အသင်တို့သည် ယူစွဖ်အား သတ်ပစ်ကြပါ၊ သို့မဟုတ် ၎င်းအား တိုင်းတစ်ပါးသို့ စွန့်ပစ်လိုက်ကြပါ၊ သို့မှသာ အသင်တို့၏ဖခင်သည် အသင်တို့ဘက်သို့ ပြန်လှည့်ပြီး မျက်နှာသာ‌ပေးလိမ့်မည်။* ထို့ပြင် အသင်တို့သည် ထို(သို့ပြုလုပ်ပြီးသည့်)‌နောက် (အရှင်မြတ်ထံ‌တော်တွင် ‌သောင်ဗဟ်ပြုလုပ်လျက်)‌ကောင်းမြတ်‌သောအုပ်စုအဖြစ်နှင့် ‌နေကြပါ။

    [10] သူတို့ထဲမှပင် ‌ပြောဆိုသူတစ်ဦးက ‌ပြောဆိုသည်- အသင်တို့သည် ယူစွဖ်ကို မသတ်ကြပါနှင့်၊ ၎င်း‌နောက် အသင်တို့သည် (တစ်စုံတစ်ခုကို အမှန်မုချပင်)ပြုလုပ်ကြ‌တော့မည့်သူများဖြစ်ကြလျှင် အသင်တို့သည် ၎င်းအား ‌ရေတွင်း၏‌စောက်နက်ထဲသို့ ပစ်ချလိုက်ကြပါ၊ ၎င်းကို ခရီးသည်အုပ်စုမှ တစ်ဦးဦးသည် ဆယ်ယူသွားလိမ့်မည်။

    [11] သူတို့က ‌ပြောဆိုကြသည်- အို- ဖခင်၊ ဖခင်သည် ယူစွဖ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အ‌ပေါ် အဘယ့်‌ကြောင့် စိတ်မချရသနည်း။* ၎င်း‌နောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ‌ကောင်းကျိုးကိုသာ လိုလားသူများဖြစ်ကြပါသည်။

    [12] (ဖခင်သည်) ယူစွဖ်ကို နက်ဖြန်(နံနက်) ကျွန်ုပ်တို့နှင့်အတူ စား‌သောက် ကစားနိုင်ရန်အတွက် လွှတ်‌ပေးပါ။ ကျွန်ုပ်တို့သည် အမှန်ပင် ၎င်းအား ‌စောင့်‌ရှောက်မည့်သူများဖြစ်ကြပါသည်။

    [13] ၎င်း(ဖခင်)က‌ပြောဆိုသည်- အမှန်စင်စစ် ငါသည် အသင်တို့ ယူစွဖ်ကို‌ခေါ်သွားသည့်အတွက် ဝမ်းနည်းပူ‌ဆွေးရမည် အမှန်ပင်ဖြစ်သည်။ ၎င်း‌နောက် အသင်တို့သည် ၎င်းကို သတိမမူ ‌မေ့‌လျော့‌နေလျက်ရှိစဉ် သူ့အား ဝံပု‌လွေကိုက်စားမည်ကိုလည်း ငါစိုးရိမ်မိသည်။

    [14] သူတို့က ‌ပြောဆိုကြသည်- အမှန်ပင် ကျွန်ုပ်တို့သည် အင်အား‌တောင့်တင်း‌သော အုပ်စုတစ်စုပင် ဖြစ်ကြပါလျက် အကယ်၍ ၎င်းအား ဝံပု‌လွေကိုက်စားခဲ့လျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးရှုံးသူများသာ ဖြစ်ကြပါလိမ့်မည်။

    [15] ထို့‌နောက် သူတို့သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ‌ခေါ်‌ဆောင်သွားပြီး ၎င်းကို ‌ရေတွင်း၏‌စောက်နက်ထဲ၌ပစ်ချရန် တစ်ညီတစ်ညွတ်တည်း(ဆုံးဖြတ်)ပြဋ္ဌာန်းကြ‌သောအခါ ငါအရှင်မြတ်သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ထံသို့ ဝဟီ အမိန့်‌တော် ထုတ်ပြန်ပို့ချ‌ပေး‌တော်မူခဲ့သည်- “သူတို့အ‌နေနှင့် အသင့်အား မမှတ်မိဘဲရှိ‌နေစဉ် အသင်သည် သူတို့အား သူတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အမှန်ပင် ထုတ်‌ဖော်‌ပြောကြားရလိမ့်မည်။“

    [16] ထို့‌နောက် သူတို့သည် သူတို့၏ဖခင်ထံသို့ ည‌မှောင်ခါစအချိန်၌ ငို‌ကြွေးလျက် လာခဲ့ကြသည်။

    [17] သူတို့က ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ယူစွဖ်ကို ကျွန်ုပ်တို့ပစ္စည်းများအနီးတွင် ထားခဲ့ပြီး အ‌ပြေးပြိုင်ရန် သွားခဲ့ကြပါသည်။ သို့ဖြစ်ရာ ၎င်းအား ဝံပု‌လွေသည် ကိုက်စားပစ်လိုက်ပါသည်။ ထို့‌နောက် ကျွန်ုပ်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်လျှင်လည်း ဖခင်သည် ကျွန်ုပ်တို့အား ယုံကြည်မည် မဟုတ်ပါ။

    [18] ထို့ပြင် သူတို့သည် ၎င်း၏အကင်္ျီ၌ မဟုတ်မမှန် လိမ်လည်လုပ်ကြံထား‌သော ‌သွေးများကို (သုတ်လိမ်းပြီး)ယူလာခဲ့ကြသည်။ ၎င်း(ဖခင်)က‌ပြောဆိုသည်- ဤသို့ လုံးဝ မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် အ‌ကြောင်းတစ်ခုကို လှည့်စားရန် ပြုလုပ်ခဲ့ခြင်းသာ*ဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မူ) သည်းခံခြင်းသည်ပင် ‌ကောင်း‌ပေသည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ပင် အသင်တို့၏လုပ်ကြံမှုနှင့်ပတ်သက်၍ အကူအညီ‌တောင်းခံပါသည်။

    [19] ထို့‌နောက် ခရီးသည်တစ်စုသည် ‌ရောက်ရှိလာခဲ့သည်။ ၎င်း‌နောက် ထိုခရီးသည်တစ်စုသည် သူတို့၏‌ရေငင်သူကို (‌ရေတွင်းထံသို့)‌စေလွှတ်ခဲ့ကြသည်။ သို့ဖြစ်ရာ ‌ရေငင်သူက သူ၏‌ရေပုံးကို (‌ရေတွင်းထဲ)ချခဲ့သည်။ (ထို့‌နောက် ယူစွဖ်-အလိုင်ဟိစလာမ်ကို မြင်လိုက်‌သောအခါ) ထို‌ရေငင်သူက (ခရီးသည်အုပ်စုကို ဤသို့ ဝမ်း‌မြောက်စွာ ဟစ်‌အော်ပြီး) “အို- ဤသည်- လူငယ်တစ်ဦးပင်၊ ဝမ်းသာလိုက်ခြင်း“ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက် သူတို့သည် ယူစွဖ်ကို အ‌ရောင်းအဝယ်ကုန်ပစ္စည်းအဖြစ် လျှို့ဝှက်ထားခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူသည်များကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [20] ထို့‌နောက် သူတို့(‌နောင်‌တော်များ)သည် ၎င်းအား တန်ဖိုးဒိရ်ဟမ်‌ငွေဒဂင်္ါး အနည်းငယ်ဖြင့်ပင် ‌ရောင်းချခဲ့ကြသည်။ ထို့ပြင် သူတို့သည် ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို မလိုလား‌သောသူများပင်ဖြစ်ခဲ့ကြသည်။

    [21] အီဂျစ်ပြည်မှ ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ဝယ်ယူသူက* သူ၏ဇနီးကို “အသင်သည် ၎င်းအား ဂုဏ်ရှိရှိထားပါ၊ ၎င်းသည် ငါတို့ကို အကျိုး‌ပေး‌ကောင်း‌ပေးလိမ့်မည်။ သို့မဟုတ် ငါတို့သည် ၎င်းအား သားအဖြစ် ‌မွေးစားလိုက်ကြမည်“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယူစွဖ်ကို ဤသို့ပင် တိုင်းပြည်တွင် ‌နေရာ‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား စကားများ၏အနက်အဓိပ္ပာယ်(အိပ်မက်၏အတိတ်‌ကောက်‌သောပညာရပ်)ကို သင်ကြားပြသ‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ အ‌ရေးကိစ္စကို နိုင်နင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ သို့ရာတွင် လူသားများထဲမှ အ‌မြောက်အမြားသည် မသိကြ‌ပေ။

    [22] ထို့‌နောက် ၎င်းသည် ၎င်း၏လူလား‌မြောက်‌သောအရွယ်သို့‌ရောက်‌သောအခါ ငါအရှင်မြတ်သည် ၎င်းအား စိုးမိုးအုပ်ချုပ်မှုနှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူ‌သောသူများကို ဤသို့ပင် အကျိုး‌ကျေးဇူး‌ပေးသနား‌တော်မူသည်။

    [23] ထို့‌နောက် အကြင်မိန်းမသည် ၎င်း(ယူစွဖ်)ကို ၎င်း၏အလိုမတူဘဲ ဆွဲ‌ဆောင်ခဲ့သည်။* ထိုမိန်းမအိမ်၌ ၎င်းသည်(‌နေထိုင်လျက်)ရှိခဲ့သည်။ ထို့‌နောက် ထိုမိန်းမသည် တံခါးများကိုပိတ်ပြီး ၎င်းအား “လာပါ၊ အသင့်အတွက်(အဆင်သင့်)ပါ“ဟု ‌ပြောဆို(ဖိတ်‌ခေါ်)ခဲ့သည်။ ၎င်းက‌ပြောဆိုသည်- (ဤအပြစ်မှလွတ်ကင်းရန်) အလ္လာဟ်အရှင်မြတ်ထံ‌တော်၍ ကျွန်ုပ်ခိုလှုံပါသည်။ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏‌နေရာထိုင်ခင်းကို ‌ကောင်းမွန်စွာ ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။

    [24] ထို့ပြင် အမှန်စင်စစ် ထိုမိန်းမသည် ၎င်းနှင့်ဆက်ဆံရန် စိတ်ဆုံးဖြတ်ခဲ့သည်။ အမှန်မှာ အကယ်၍သာ ၎င်း(ယူစွဖ်)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာကို မမြင်‌တွေ့ခဲ့ရလျှင်* ၎င်း(ယူစွဖ်)သည်လည်း ထိုမိန်းမနှင့်ဆက်ဆံရန် ကြံရွယ်ခဲ့မည်ဖြစ်သည်။ ငါအရှင်မြတ်သည် (ရိုးရိုး)မ‌ကောင်းမှုများနှင့် စက်ဆုပ်ဖွယ်ရာအမှုကိစ္စများကို ၎င်း(ယူစွဖ်)နှင့် ကင်း‌ဝေး‌စေ‌တော်မူရန်အတွက် ဤသို့ပင် ပြုလုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ် ‌ရွေးချယ်ထား‌တော်မူ‌သော ကျွန်များထဲ၌ အပါအဝင်ဖြစ်သည်။

    [25] ထို့‌နောက် သူတို့နှစ်ဦးသည် တံခါး‌ပေါက်ရှိရာသို့ (‌ရှေ့‌နောက်)‌ပြေးခဲ့ကြသည်။ ထို့‌နောက် ထိုမိန်းမသည် ၎င်း၏အကင်္ျီကို ‌နောက်မှ(လှမ်းပြီးဆွဲ)ဆုတ်ပစ်လိုက်သည်။ ထို့‌နောက် သူတို့နှစ်ဦးသည် တံခါးဝ၌ ထိုမိန်းမ၏ ခင်ပွန်းနှင့် ‌တွေ့ရှိခဲ့သည်။ (ထိုအခါ)ထိုမိန်းမက ‌ပြောဆိုခဲ့သည်- “အသင်၏အိမ်သူအား မ‌ကောင်းကြံသူ၏အစား‌ပေးခြင်းမှာ အကျဉ်းချထားခံရခြင်း သို့မဟုတ် နာကျင်‌စေ‌သောပြစ်ဒဏ်မှလွဲ၍ မည်သည့်ပြစ်ဒဏ်ရှိဦးမည်နည်း။“

    [26] (ထိုအခါ) ၎င်း(ယူစွဖ်)က ‌ပြောဆိုခဲ့သည်- “သူမသည်ပင် ကျွန်ုပ်အား ကျွန်ုပ်၏အလိုမတူဘဲနှင့် ဆွဲ‌ဆောင်ခဲ့ခြင်းဖြစ်သည်။“ ထို့‌နောက် ထိုမိန်းမ၏‌ဆွေမျိုးများထဲမှ သက်‌သေတစ်ဦးက သက်‌သေခံခဲ့သည်- “အကယ်၍ ၎င်း၏အကင်္ျီသည် ‌ရှေ့မှစုတ်ပြဲ‌နေခဲ့သည်ဆိုလျှင် ထိုမိန်းမသည် မှန်ကန်သူဖြစ်ပြီး ၎င်းသည် လိမ်လည်သူဖြစ်သည်။

    [27] ထို့ပြင် အကယ်၍ ၎င်း၏အကင်္ျီသည် ‌နောက်မှစုတ်ပြဲ‌နေခဲ့သည်ဆိုလျှင် ထိုမိန်းမသည် လိမ်လည်သူဖြစ်ပြီး ၎င်းသည် မှန်ကန်သူဖြစ်သည်။

    [28] ထို့‌နောက် (ထိုမိန်းမ၏ခင်ပွန်းသည်) ၎င်း(ယူစွဖ်)၏အကင်္ျီသည် ‌နောက်မှစုတ်ပြဲ‌နေသည်ကို ‌တွေ့မြင်‌သောအခါ သူက ‌ပြောဆိုခဲ့သည်- “ဤသည် အသင်မိန်းမတို့၏ ‌ကောက်ကျစ်စဉ်းလဲ‌သောဉာဏ်ပင်ဖြစ်သည်။ အမှန်ပင် အသင်မတို့၏ ‌ကောက်ကျစ်စဉ်းလဲ‌သောဉာဏ်သည် ကြီးမားလှသည်။“

    [29] (၎င်း‌နောက် သူက ဆက်လက်‌ပြောဆိုခဲ့သည်) “အို- ယူစွဖ်၊ အသင်သည် ဤသည်ကို ဂရုမစိုက်ဘဲ ‌ရှောင်သွားလိုက်ပါ။ ၎င်း‌နောက် အသင်မသည် အသင်မ၏အပြစ်ကို လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံပါ။ အမှန်စင်စစ် အသင်မသည် အပြစ်ကျူးလွန်သူတစ်ဦးဖြစ်သည်။“

    [30] ထို့ပြင် မြို့တွင်း၌ရှိကြ‌သောအချို့မိန်းမများသည် (ဤသို့)‌ပြောဆိုကြသည်- “အဇီးဇ်၏ကြင်ရာသည် သူမ၏ကျွန်ကို ၎င်း၏စိတ်နှင့်ဆန့်ကျင်ပြီး (၎င်း၏ဆန္ဒမပါဘဲ)ဆွဲ‌ဆောင်‌နေသည်။ အမှန်စင်စစ် ထိုကျွန်သည် သူမ၏စိတ်နှလုံးကို အချစ်နှင့်ဖုံးလွှမ်းလိုက်ပြီဖြစ်သည်။ အမှန်စင်စစ် ကျွန်မတို့သည် ထိုအဇီးဇ်၏ကြင်ရာကို ထင်ရှား‌သော မှားယွင်းမှုထဲ၌ ‌တွေ့မြင်ကြရသည်။

    [31] ထို့‌နောက် ထိုအဇီးဇ်၏ကြင်ရာသည် ထို(မြို့ထဲမှ)မိန်းမများ၏ ပရိယာယ်ဉာဏ်ဆင်မှုကို* ကြားသိရ‌သောခါ သူတို့အား (သူမ၏အိမ်၌ ဧည့်ခံ‌ကျွေး‌မွေးရန်)ဖိတ်‌ခေါ်ခဲ့သည်။ ၎င်း‌နောက် သူတို့အတွက် (စည်းစိမ်နှင့် ထိုင်နိုင်ရန်)မှီအုံးများကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ ၎င်း‌နောက် ထိုမိန်းမတိုင်းကို (သစ်သီးဝလံများအား လှီးပြီးစားရန်)ဓားတစ်‌ချောင်းစီ‌ပေးပြီး‌နောက် (ယူစွဖ်အား) အသင်သည် ထိုမိန်းမများ၏‌ရှေ့သို့ထွက်ခဲ့ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက် ထိုမိန်းမများသည် ၎င်းကို ‌တွေ့မြင်ကြ‌သောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ဩသွားခဲ့ကြသည်။ ၎င်း‌နောက် သူမတို့သည် (သစ်သီးဝလံများကို လှီးမည့်အစား)သူမတို့၏လက်များကို လှီးမိကြကုန်သည်။ ၎င်း‌နောက် သူမတို့က အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ခိုလှုံပါသည်၊ ဤသည် လူသားတစ်ဦးမဖြစ်နိုင်‌ပေ၊ ဤသည် မြင့်မြတ်‌သော ‌ကောင်းကင်တမန်တစ်ပါးသာဖြစ်သည်ဟု ‌ပြောဆိုကြသည်။

    [32] အဇီးဇ်၏မိန်းမက ‌ပြောသည်- ဤသည် ထိုသူပင်၊ အသင်မတို့သည် ကျွန်မကို ထိုသူနှင့်ပတ်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြသည်။ ၎င်း‌နောက် အမှန်မှာ ကျွန်မကပင် ၎င်းအား ၎င်း၏အလိုမတူဘဲ ဆွဲ‌ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့‌နောက်လည်း ၎င်းသည် လုံးဝ အပြစ်ကင်းရှင်းစွာပင် ‌နေခဲ့သည်။ ထို့‌နောက် အကယ်၍ ၎င်းသည် (အနာဂတ်တွင်) ကျွန်ုပ်အမိန့်‌ပေးသည်ကို မပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ၎င်းသည် အကျဉ်းချခံရမည့်အပြင် ‌သေးသိမ်သူတစ်ဦးလည်း ဖြစ်ရလိမ့်မည်။

    [33] (ထိုအခါ) ၎င်း(ယူစွဖ်)က (အရှင်မြတ်ထံ‌တော်၌ ဤသို့) ‌ပြောဆို‌လျှောက်ထားသည်- အို- ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ထိုမိန်းမများသည် ကျွန်ုပ်အား ဖိတ်‌ခေါ်‌နေ‌သောကိစ္စ(ကို လိုက်နာခြင်းထက်) ကျွန်ုပ်အတွက် အကျဉ်း‌ထောင်သည် ပိုပြီး နှစ်သက်ဖွယ်ရာဖြစ်ပါသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်သည် ထိုမိန်းမများ၏ပရိယာယ်ကို ကျွန်ုပ်ထံမှ ဖမ်ရှား‌ပေး‌တော်မမူခဲ့ပါလျှင် (ကျွန်ုပ်ကို ကာကွယ်မှုပြု‌ပေး‌တော်မမူခဲ့ပါလျှင်) ကျွန်ုပ်သည် သူတို့ဘက်သို့ ယိမ်းယိုင်သွားမိလိမ့်မည်။ ၎င်း‌နောက် ကျွန်ုပ်သည် မသိမိုက်မဲသူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သွားရပါလိမ့်မည်။

    [34] ထို့‌နောက် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ၎င်း၏‌လျှောက်ထာချက်ကို လက်ခံပြီး ထိုမိန်းမများ၏ပရိယာယ်ကို ၎င်းထံမှ ဖယ်ရှား‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [35] ထို့‌နောက် သူတို့သည် (အပြစ်မရှိ‌ကြောင်း) သက်‌သေအ‌ထောက်အထားများကို ‌တွေ့မြင်ကြပြီး‌နောက် သူတို့သည် ၎င်းအား အချိန်အနည်းငယ် အကျဉ်းချထားရန် သင့်‌တော်မည်ဟု အ‌တွေး‌ပေါ်လာခဲ့ကြသည်။

    [36] ထို့ပြင် ၎င်းနှင့်အတူ လူငယ်နှစ်ဦးသည်လည်း အကျဉ်း‌ထောင်ထဲသို့ ဝင်‌ရောက်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးက‌ပြောပြသည်- “အမှန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်ထဲ၌) ကျွန်ုပ်ကိုယ်ကျွန်ုပ် စပျစ်ရည်ညှစ်‌နေသည်ကို ‌တွေ့မြင်ရသည်။“ ၎င်း‌နောက် အခြားသူတစ်ဦးက ‌ပြောသည်- “အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို(အိပ်မက်ထဲ၌) ကျွန်ုပ်သည် ကျွန်ုပ်၏ဦး‌ခေါင်း‌ပေါ်၌ မုန့်(ဗန်း)အား ရွက်ထား‌သောအခါ ငှက်များသည် ထိုမုန့်များထဲမှ (နှုတ်သီးဖြင့်ထိုးပြီး)စား‌နေကြသည်ကို ‌တွေ့မြင်ရပါသည်။ ထိုအိပ်မက်၏အတိတ်ကို ကျွန်ုပ်တို့အား ‌ပြောပြပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများထဲမှ ဖြစ်သည်ဟု ထင်မြင်ကြပါသည်။“

    [37] ၎င်း(ယူစွဖ်)က‌ပြောသည်- အသင်တို့နှစ်ဦး ‌ကျွေး‌မွေးခြင်းခံကြရ‌သော အစားအစာသည် အသင်တို့နှစ်ဦးထံသို့ ‌ရောက်မလာမီပင် ကျွန်ုပ်သည် အသင်တို့အား ထိုအိပ်မက်၏အတိတ်ကို ‌ပြောပြမည်။ ဤသည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကျွန်ုပ်ကို သင်ကြား‌ပေး‌တော်မူခဲ့‌သော ပညာများထဲမှဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်ကတည်းက) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း မယုံကြည်ကြသည့်အပြင် တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင်ဖြစ်ကြသည်။

    [38] ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်၏‌ဘေး‌တော်၊ ဘိုး‌တော်နှင့် အဘများဖြစ်ကြ‌သော (တမန်‌တော်)အိဗ်ရာဟီမ်၊ (တမန်‌တော်)အစ္စဟာက်၊ (တမန်‌တော်)ယအ်ကူဗ်တို့၏သာသနာကိုပင် လိုက်နာခဲ့သည်။ ကျွန်ုပ်တို့အတွက် မည်သည့်အရာကိုမှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)ရန် မထိုက်‌ပေ။ ဤသည် ကျွန်ုပ်တို့နှင့် လူအားလုံးအ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်တစ်ခုဖြစ်သည်။ သို့ရာတွင် လူများထဲမှ အများစုသည် ‌ကျေးဇူး‌တော်ကို မသိတတ်ကြ‌ပေ။

    [39] အို- ‌ထောက်ကျ‌ဖော်ကျဖက်မိတ်‌ဆွေနှစ်ဦး၊ အကွဲကွဲအပြားပြား ကိုးကွယ်ရာများသည် ပို၍‌ကောင်းပါသ‌လော၊ သို့မဟုတ် ဖန်ဆင်းခံအားလုံးအ‌ပေါ်တွင် လွှမ်းမိုးထား‌တော်မူ‌သော တစ်ပါးတည်း‌သောအရှင်ဖြစ်‌သော အလ္လာဟ်အရှင်မြတ်သည် ပို‌ကောင်း‌တော်မူပါသ‌လော။

    [40] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများနှင့် အသင်တို့ကိုယ်တိုင် အမည်မှည့်‌ခေါ်ထား‌သောအရာများကိုသာ ကိုးကွယ်‌နေကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍ မည်သည့်သက်‌သေ အ‌ထောက်အထားမျှ ချ‌ပေး‌တော်မမူခဲ့‌ပေ။ အမိန့်အာဏာကို အရှင်မြတ်သာ စိုးပိုင်သည်။ အရှင်မြတ်က အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကိုးကွယ်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ချမှတ်‌တော်မူသည်။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော သာသနာ‌တော်ပင်ဖြစ်သည်။ သို့ရာတွင် လူအ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။

    [41] အို- ‌ထောင်ကျ‌ဖော်ကျဖက်မိတ်‌ဆွေနှစ်ဦး၊ မည်သို့ပင်ဖြစ်‌စေ၊ အသင်တို့နှစ်ဦးထဲမှ တစ်ဦးကမူ သူ၏သခင်အား (ယခင်ကဲ့သို့ပင်) အရက်တိုက်‌ကျွေးရမည်။ ထို့ပြင် ‌နောက်တစ်ဦးကမူ ကားစင်တင်ခံရ၍ ငှက်များသည် ဦး‌ခေါင်းကို(နှုတ်သီးနှင့်ထိုး၍)စားကြလိမ့်မည်။ အသင်တို့နှစ်ဦး‌မေးမြန်း‌သောကိစ္စသည် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည်။

    [42] ထို့ပြင် သူသည် ထိုနှစ်ဦးထဲမှ လွတ်‌မြောက်မည့်သူအဖြစ်ယုံကြည်‌သောသူကို “အသင်သည် အသင်၏သခင်(ဖြစ်‌သော ဘုရင်၏)ထံ၌ ကျွန်ုပ်၏အ‌ကြောင်းကို ‌ပြောပြလိုက်ပါ“ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက် ရှိုင်သွာန်သည် ထိုသူအား သူ၏သခင်‌ရှေ့၌ ၎င်း(ယူစွဖ်)၏အ‌ကြောင်းကို ‌ပြောပြရန် ‌မေ့‌လျော့‌စေခဲ့သည့်အတွက် ၎င်း(ယူစွဖ်)သည် အကျဉ်း‌ထောင်ထဲ၌ နှစ်အတန်ကြာသည်ထိ ‌နေထိုင်ခဲ့ရသည်။

    [43] ထို့‌နောက် ဘုရင်က အမှန်စင်စစ် ငါသည် အိပ်မက်ထဲ၌ ဝဖြိုး‌သောနွားမခုနစ်‌ကောင်ကို ပိန်လှီ‌သောနွားမခုနစ်‌ကောင်တို့က စား‌နေကြသည်ကိုမြင်မက်ခဲ့သည်၊ ၎င်းပြင် စိမ်းစို‌သော စပါးခုနစ်နှံနှင့် အခြား‌ခြောက်‌သွေ့‌သော စပါးခုနစ်နှံကိုလည်း မြင်မက်ခဲ့သည်။ အို- မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်၏အတိတ်ကို ‌ပြောပြတတ်လျှင် ငါ့အိပ်မက်၏အတိတ်ကို ငါ့အား ‌ပြောပြကြပါဟု ‌ပြောဆိုခဲ့သည်။

    [44] ၎င်း(မှူးကြီးမတ်ရာ)တို့က ‌လျှောက်ထားကြသည်- (ဤသည်)အတိတ်‌ကောက်၍မရ‌သော က‌ယောက်ကယက်မြင်မက်သည့် အိပ်မက်သာဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အတိတ်‌ကောက်၍မရ‌သော က‌ယောက်ကယက်မြင်မက်သည့် အိပ်မက်များ၏အတိတ်ကို သိနားလည်သူများ မဟုတ်ကြ‌ပေ။

    [45] ၎င်း‌နောက် ထို(‌ထောင်ကျခဲ့‌သော လူငယ်)နှစ်ဦးထဲမှ ပြန်လည်လွတ်‌မြောက်လာခဲ့‌သောလူငယ်သည် ကာလအတန်ကြာပြီး‌နောက်မှ သတိရလာပြီး (ဘုရင်အား)‌လျှောက်ထားသည်- ကျွန်ုပ်သည် ထိုအိပ်မက်၏အတိတ်ကို ‌ပြောပြပါမည်။ သို့ဖြစ်ရာ (ဘုရင်ကြီးသည်) ကျွန်ုပ်အား ‌စေလွှတ်လိုက်ပါ။

    [46] (‌ထောင်သို့‌ရောက်‌သောအခါ တမန်‌တော်ယူစွဖ်ကို ဤသို့‌ပြောဆိုသည်) အို- ယူစွဖ်၊ အို- အလွန်မှန်ကန်‌သောသူ၊ အသင်သည် ကျွန်ုပ်တို့အား (ဤအိပ်မက်၏အတိတ်ကို)‌ပြောပြပါ- (ထိုအိပ်မက်မှာ ဤသို့ဖြစ်သည်) “ဝဖြိုး‌သောနွားမခုနစ်‌ကောင်အား ပိန်လှီ‌သောနွားမခုနစ်‌ကောင်က စား‌နေသည်။ ၎င်းပြင် စိမ်းစို‌သော စပါးနှံခုနစ်နှံနှင့် ‌ခြောက်‌သွေ့‌သော စပါးနှံခုနစ်နှံဖြစ်သည်။“ ၎င်း(၏အတိတ်ကို အသင်‌ပြောပြ)မှသာ ကျွန်ုပ်သည် လူများထံသို့ ပြန်(‌ပြောပြ)နိုင်၍ လူများလည်း သိနားလည်နိုင်မည်ဖြစ်သည်။

    [47] ၎င်းသည် (အိပ်မက်၏အတိတ်ကို ဤသို့)‌ပြောပြသည်။ “အသင်တို့သည် (အသင်တို့၏လယ်ယာများကို စိုက်ပျိုး‌နေကြအတိုင်း) ခုနှစ်ဆက်တိုက် စိုက်ပျိုးကြပါ။ ထို့‌နောက် အသင်တို့သည် အသင်တို့ ရိတ်သိမ်း‌သော ‌ကောက်လှိုင်းများထဲမှ အသင်တို့စားသုံးမည့် အနည်းငယ်မှလွဲ၍ ကျန်ရှိ‌သော‌ကောက်လှိုင်းများကို ‌ကောက်လှိုင်းအတိုင်းပင် ထားရှိကြပါ။ (စပါးနှံများကို မ‌ချွေချဘဲ စပါးပင်များ၌ တွဲလျက်ထားလိုက်ကြပါ)။

    [48] ထို့‌နောက် (ကပ်ဆိုက်မည့်)ပြင်းထန်‌သောခုနစ်နှစ်သည် ဆိုက်‌ရောက်လာလိမ့်မည်။ ထိုခုနစ်နှစ်ကာလသည် အသင်တို့ (ပြန်လည်စိုက်ပျိုးရန် မျိုး‌စေ့အတွက်) သိမ်းထားကြ‌သော အနည်းငယ်မှလွဲ၍ အသင်တို့ ကြိုတင်စု‌ဆောင်းထားသည်များကို စားသုံးရလိမ့်မည်။

    [49] ထိုကပ်ဆိုက်မည့် ခုနစ်နှစ်ပြီး‌နောက် တစ်ဖန် ‌နောက်တစ်နှစ်‌ရောက်လာလျှင် ထိုနှစ်တွင် လူများသည် မိုးရွာသွန်း‌စေခြင်းကို ခံကြရမည့်အပြင် ထိုနှစ်၌ လူများသည် (စပျစ်)ရည်များကိုလည်း ညှစ်ကြမည်ဖြစ်သည်။

    [50] ထို့‌နောက် ဘုရင်က ‌ပြောဆိုမိန့်ကြားသည်- “အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံသို့ ‌ခေါ်လာခဲ့ကြပါ။“ ထို့‌နောက် ‌စေတမန်သည် ၎င်း(ယူစွဖ်)ထံသို့ ‌ရောက်လာ‌သောအခါ ၎င်းက သူ(‌စေတမန်)အား အသင်သည် အသင်၏သခင်ထံသို့ ပြန်သွားပါ။ ၎င်း‌နောက် အသင်သည် ထိုဘုရင်ကို “သူမတို့လက်များအား လှီးဖြတ်ခဲ့ကြ‌သော အမျိုးသမီးများ၏အ‌ခြေအ‌နေသည် မည်သို့ပါနည်း“ဟု ‌လျှောက်ထား‌မေးမြန်းပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ထိုအမျိုးသမီးများ၏ ပရိယာယ်ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [51] ဘုရင်သည် (ထိုမိန်းမများအား) အသင်မတို့သည် ယူစွဖ်အား ၎င်း၏အလိုဆန္ဒမပါဘဲ ဆွဲ‌ဆောင်‌သောအခါ အသင်မတို့၏အဖြစ်မှန်သည် မည်သို့ရှိခဲ့ကြသနည်းဟု ‌မေးမြန်းသည်။ ထိုမိန်းမများက ‌ဖြေကြားကြသည်- အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ခိုလှုံပါသည်။ ကျွန်မတို့သည် ၎င်း(ယူစွဖ်)အ‌ပေါ်၌ မည်သည့်မ‌ကောင်းမှုမှ မသိရှိခဲ့ကြပါ။“ အဇီးဇ်၏ဇနီးကလည်း ‌လျှောက်ထားခဲ့သည်- “ယခုမူ အမှန်သည် ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ ကျွန်မကပင် ၎င်း(ယူစွဖ်)အား ၎င်း၏စိတ်အလိုဆန္ဒမပါဘဲ ဆွဲ‌ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် မှန်ကန်‌သောသူများထဲမှ တစ်ဦးဖြစ်ပါသည်။

    [52] ဤ(သို့ အပြစ်ကင်း‌ကြောင်း ထင်ရှား‌အောင်လုပ်ရခြင်း)မှာမူ ထိုအဇီးဇ်သည် သူ၏‌နောက်ကွယ်ရာ၌ သူ့အား ကျွန်ုပ်သည် အမှန်ပင် သစ္စာမ‌ဖောက်ခဲ့‌ကြောင်း၊ ၎င်း‌နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာ‌ဖောက်‌သောသူများ၏ အကြံအစည်ကို (‌အောင်မြင်ရန်) လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ကြောင်းကို သိရှိနားလည်ရန်အတွက်ဖြစ်သည်။

    [53] ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို အပြစ်ကင်းပါသည်ဟု မဆိုလို‌ပေ။ အမှန်စင်စစ် စိတ်နှလုံးများသည် မ‌ကောင်းမှုကို လွန်စွာ အမိန့်‌ပေး တိုက်တွန်း‌လေ့ရှိကြသည်။ သို့ရာတွင် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သနားကရုဏာပြု‌တော်မူ‌သော (စိတ်နှလုံးများသာ အပြစ်ကင်းနိုင်သည်)။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [54] ထို့ပြင် ဘုရင်က ‌ပြောသည်- အသင်တို့သည် ၎င်း(ယူစွဖ်)ကို ငါ့ထံ ‌ခေါ်‌ဆောင်ခဲ့ကြပါ၊ ငါသည် ၎င်းအား ငါ့အတွက် ‌ရွေးချယ်လိုက်မည်။ ထို့‌နောက် ၎င်းသည် ဘုရင်နှင့် စကား‌ပြောဆို‌သောအခါ၊ ထိုဘုရင်က ၎င်းအား အသင်သည် ဤ‌နေ့မှစပြီး ကျွန်ုပ်ထံ၌ အဆင့်အတန်း ကြီးကျယ်မြင့်မြတ်‌သောသူ၊ ယုံကြည်စိတ်ချရသူ ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။

    [55] ၎င်း(ယူစွဖ်)က ‌ပြောဆိုသည်- အသင်သည် ကျွန်ုပ်ကို တိုင်းပြည်၏ ဘဏ္ဍာ‌ရေးမှူးအဖြစ် ခန့်အပ်လိုက်ပါ။ အမှန်စင်စစ် ကျွန်ုပ်သည် ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်။

    [56] ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် ယူစွဖ်အား ထိုတိုင်းပြည်တွင် ၎င်း‌နေထိုင်လို‌သော‌နေရာ၌ ‌နေထိုင်ရန် အာဏာကို ‌ပေးသနား‌တော်မူခဲ့သည်။* ငါအရှင်မြတ်သည် ငါအရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအ‌ပေါ်တွင် ငါအရှင်မြတ်၏ကရုဏာ သက်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏အကျိုးကို အကျိုးမဲ့ဖြစ်‌စေ‌တော်မမူ‌ပေ။

    [57] ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌နေခဲ့ကြ‌သောသူများအတွက် တမလွန်ဘဝ၏အကျိုးရလဒ်သည် အမှန်စင်စစ် အ‌ကောင်းဆုံးဖြစ်သည်။

    [58] ထို့‌နောက် ယူစွဖ်၏အစ်ကိုများသည် (အီဂျစ်သို့)‌ရောက်လာခဲ့ကြပြီး ၎င်း၏ထံသို့ ဝင်‌ရောက်ခဲ့ကြသည်။ သူတို့သည် ၎င်းအား မမှတ်မိကြဘဲလျက်* ၎င်းကမူ သူတို့အား မှတ်မိခဲ့သည်။

    [59] ထို့‌နောက် ၎င်းသည် သူတို့၏(ရိက္ခများ)ကို အဆင်သင့်ဖြစ်‌အောင် စီစဉ်‌ပေးပြီးသွား‌သောအခါ၌ ‌ပြောဆိုသည်- အသင်တို့သည် အသင်တို့၏ဖခင်ဘက်မှ သားဖြစ်‌သော အသင်တို့၏ညီအား ကျွန်ုပ်ထံသို့ ‌ခေါ်ခဲ့ပါ။ အသင်တို့ မမြင်သ‌လော၊ အမှန်ပင် ကျွန်ုပ်သည် (စားနပ်ရိက္ခာများကို) ပြည့်ဝစွာ ခြင်တွယ်ပြီး‌ပေးခဲ့သည်။ ၎င်း‌နောက် ကျွန်ုပ်သည် အ‌ကောင်းဆုံး ဧည့်ခံသူတစ်ဦးဖြစ်သည်။

    [60] သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် ထိုညီကို ကျွန်ုပ်ထံသို့ ‌ခေါ်‌ဆောင်မလာလျှင် အသင်တို့အတွက် ကျွန်ုပ်ထံ၌ ခြင်တွယ်‌ပေးခြင်းသည်လည်း ရှိမည်မဟုတ်‌တော့‌ပေ။ ၎င်း‌နောက် အသင်တို့သည် ကျွန်ုပ်ထံသို့လည်း မချဉ်းကပ်ကြ‌တော့နှင့်။

    [61] သူတို့က ‌ပြောဆိုကြသည်- မကြာမီ ကျွန်ုပ်တို့သည် ထိုညီကို သူ၏ဖခင်ထံ၌ (အတတ်နိုင်ဆုံး ကြိုးစား)‌တောင်ခံကြပါမည်။ ကျွန်ုပ်တို့သည် အမှန်မုချ (ထိုအတိုင်းပင်) ပြုလုပ်ကြပါမည်။

    [62] ထို့ပြင် ၎င်း(ယူစွဖ်)က ၎င်း၏အ‌စေခံများအား ‌ပြောဆိုခဲ့သည်- အသင်တို့သည် သူတို့(အရင်းအနှီးပြုလုပ်‌သော)ပစ္စည်းကို သူတို့၏ခရီး‌ဆောင်အိတ်များထဲ၌ (လျှို့ဝှက်စွာ)ထားလိုက်ကြပါ။ သို့မှသာ သူတို့သည် ထို(အရင်းအနှီးပြုလုပ်‌သော) သူတို့၏ပစ္စည်းအား အိမ်သူအိမ်သားများထံ ပြန်‌ရောက်‌သောအခါ မှတ်မိကြမည်ဖြစ်သည်။ သို့မှသာ သူတို့သည် ပြန်လာနိုင်ကြလိမ့်မည်။

    [63] ထို့‌နောက် သူတို့သည် သူတို့၏ဖခင်ထံသို့ ပြန်‌ရောက်ကြ‌သောအခါ ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ရိက္ခာသည် ကျွန်ုပ်တို့ထံမှ ပိတ်ခြင်းခံလိုက်ရပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ဖခင်သည် ကျွန်ုပ်တို့နှင့်အတူ ကျွန်ုပ်တို့၏ညီကို ‌စေလွှတ်‌ပေးပါ။ ကျွန်ုပ်တို့သည် (ရိက္ခာကို ထပ်မံ)ခြင်တွယ်ပြီး ယူခဲ့ကြပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီငယ်ကိုလည်း ‌ကောင်းမွန်စွာ ထိန်းသိမ်း‌စောင့်‌ရှောက်မည့်သူများဖြစ်ကြပါသည်။

    [64] ၎င်း(ဖခင်)က ‌ပြောဆိုသည်- ငါသည် အသင်တို့အ‌ပေါ်တွင် ဤညီနှင့်ပတ်သက်၍ ယခင်က သူ၏အစ်ကို(ယူစွဖ်)ကို ယုံကြည်စိတ်ချရသကဲ့သို့ ယုံကြည်စိတ်ချရမည်‌လော။ (‌ကောင်းပြီး)၊ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်၊ ၎င်း‌နောက် သနားကြင်နာသူများထဲတွင် အသနားကြင်နာဆုံး‌သောအရှင် ဖြစ်‌တော်မူသည်။

    [65] ထို့‌နောက် သူတို့သည် သူတို့၏ပစ္စည်းများအား ဖွင့်လိုက်ကြ‌သောအခါ သူတို့၏အရင်းပစ္စည်းများအား ပြန်ထည့်‌ပေးလိုက်သည်ကို ‌တွေ့ရှိခဲ့ကြသည်။ သူတို့က ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့၏ဖခင်၊ ကျွန်ုပ်တို့သည် မည်သည့်အရာကို အလိုရှိပါသနည်း၊ ဤသည် ကျွန်ုပ်တို့၏အရင်းပစ္စည်းပင် ဖြစ်ပါသည်။ ထိုအရင်းကိုလည်း ကျွန်ုပ်တို့အား ပြန်‌ပေးထားပြီးဖြစ်သည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အိမ်သားများအတွက် (ထပ်ပြီး)စားနပ်ရိက္ခာများ ယူ‌ဆောင်လာကြပါမည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ညီငယ်ကိုလည်း ထိန်းသိမ်း‌စောင့်‌ရှောက်ကြပါမည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ကိုလည်း ပိုယူလာကြပါမည်။ ဤသည် အလွယ်တကူ ရရှိမည့်ရိက္ခာပင် ဖြစ်ပါသည်။

    [66] ၎င်း(ဖခင်)က ‌ပြောဆိုသည်- အသင်တို့သည် ငါ့ကို အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အသင်တို့ကိုယ်တိုင်(ဒုက္ခ‌ရောက်)ဝိုင်းဝန်းခြင်းကို ခံကြရသည်မှလွဲပြီး ထိုညီကို ငါ့ထံ(ပြန်‌ခေါ်)ယူခဲ့ကြပါမည်ဟု အာမခံမှုမပြုသမျှ ငါသည် ထိုညီကို အသင်တို့နှင့်အတူ လုံးဝ‌စေလွှတ်မည် မဟုတ်‌ပေ။ ထို့‌နောက် သူတို့သည် ဖခင်အား သူတို့၏အာမခံချက်များကို ‌ပေးခဲ့ကြ‌သောအခါ ဖခင်က ‌ပြောဆိုသည်- အလ္လာဟ်အရှင်မြတ်သည် ငါတို့ ‌ပြောဆိုသည်များနှင့်ပတ်သက်၍ အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [67] ထို့ပြင် ၎င်း(ဖခင်)က ‌ပြောဆိုသည်-အို- ငါ့သားတို့၊ အသင်တို့သည် (အီဂျစ်၏မြို့‌တော်သို့ ဝင်ကြ‌သောအခါ) တံခါး‌ပေါက်တစ်‌ပေါက်ထဲမှ မဝင်ကြနှင့်။ ၎င်း‌နောက် အသင်တို့သည် တံခါး‌ပေါက် သီးခြားစီမှ ဝင်ကြပါ။* ထို့ပြင် ငါ(၏အကြံ)သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်(၏ အလို‌တော်)နှင့် ဆန့်ကျင်ပြီး အနည်းငယ်မှ အသုံးဝင်မည် မဟုတ်‌ပေ။ အမိန့်အာဏာသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ထံ၌မှ မရှိ‌ပေ။ ငါသည် ထိုအရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်လိုက်ပြီးဖြစ်သည်။ ထို့ပြင် ယုံပုံလွှဲအပ်သူများသည် ထိုအရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ထိုက်သည်။

    [68] ထို့‌နောက် သူတို့သည် (အီဂျစ်၏မြို့‌တော်သို့) သူတို့အား သူတို့၏ဖခင် မှာကြားခဲ့သည့်နည်းလမ်းအတိုင်း ဝင်‌ရောက်ခဲ့ကြ‌သောအခါ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မည်သည့်အရာမျှ အသုံးမဝင်ခဲ့‌ပေ။ သို့ရာတွင် ထိုသူ(ဖခင်၏)အကြံ‌ပေးချက်သည် သူ၏စိတ်ထဲ၌ အလိုဆန္ဒတစ်ခုရှိခဲ့သည်ကို သူက ပြီး‌မြောက်‌အောင် ‌ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် သူသည် ငါအရှင်မြတ်က သူ့အား ပညာသင်‌ပေး‌တော်မူခဲ့သည့်အတွက် ပညာရှင်တစ်ဦး*အမှန်ပင် ဖြစ်ခဲ့သည်။ သို့ရာတွင် လူများထဲမှ အများစုသည် မသိနားမလည်ကြ‌ပေ။

    [69] ထို့‌နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံသို့ ဝင်‌ရောက်ခဲ့ကြ‌သောအခါ ၎င်းသည် ၎င်း၏ညီငယ်အား ၎င်း၏ထံ၌ ‌နေရာထိုင်ခင်း‌ပေးခဲ့သည်။ (ထို့‌နောက်)၎င်းက အမှန်စင်စစ် ငါသည် အသင်၏အစ်ကို (ယူစွဖ်)ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့ပြုလုပ်ခဲ့ကြ‌သော ကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်ဒုက္ခ မဖြစ်ပါနှင့်ဟု ‌ပြောဆိုခဲ့သည်။

    [70] ထို့‌နောက် သူ(ယူစွဖ်)သည် သူတို့အတွက် အစီအစဉ်များကို အဆင်သင့်ဖြစ်‌အောင် စီမံ‌ပေးခဲ့ပြီး‌သောအခါ (‌ရွှေ/‌ငွေနှင့်ပြုလုပ်ထား‌သော ခြင်တွယ်၍လည်းရ‌သော)‌သောက်‌ရေခွက်ကို ၎င်း၏ညီ၏ခရီး‌ဆောင်ပစ္စည်းထဲ၌ ထည့်လိုက်သည်။ ၎င်း‌နောက် ‌ကြေညာသူတစ်ဦးက “အို- ခရီးသည်အုပ်စု၊ အမှန်စင်စစ် အသင်တို့သည် သူခိုးများပင် ဖြစ်ကြသည်“ဟု ‌ကြေညာခဲ့သည်။

    [71] ထိုအစ်ကိုများသည် ‌ကြေညာသူများဘက်သို့ မျက်နှာလှည့်၍ “အသင်တို့သည် မည်သည့်အရာ ‌ပျောက်ဆုံး‌နေသနည်း“ဟု ‌ပြောဆို ‌မေးမြန်းခဲ့ကြသည်။

    [72] ထို(‌ကြေညာ)သူများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့ဘုရင်၏ခြင်တွယ်ခွက်(‌သောက်‌ရေခွက်) ‌ပျောက်‌နေပါသည်။ ၎င်း‌နောက် မည်သူမဆို ထိုခြင်ခွက်ကို (ရှာ‌ဖွေ)ယူ‌ဆောင်ခဲ့လျှင် ထိုသူအတွက် ကုလားအုတ်တစ်စီးစာ(ရိက္ခာ)ရမည်။ ၎င်း‌နောက် ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။

    [73] သူတို့က ‌ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး‌ပြောမည်၊ ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ရန် လာခဲ့ခြင်းမဟုတ်‌ကြောင်းနှင့် ကျွန်ုပ်တို့သည် သူခိုးများလည်းမဟုတ်‌ကြောင်းကို အသင်တို့ အမှန်စင်စစ် သိရှိပြီးဖြစ်သည်။

    [74] ထို(‌ကြေညာ)သူက အကယ်၍ အသင်တို့သည် လိမ်လည်သူများဖြစ်ကြလျှင် ထို(ခိုး)သူ၏အပြစ်ဒဏ်သည် မည်သို့နည်းဟု ‌မေးမြန်းခဲ့သည်။

    [75] သူတို့က ‌ပြောဆိုကြသည်- အကြင်သူ၏ခရီး‌ဆောင်ပစ္စည်းထဲ၌ ထို(ခိုးရာပါ)ပစ္စည်း‌တွေ့ရှိခဲ့လျှင် ထိုသူကိုယ်တိုင်ကိုပင် ထို(ခိုး‌သောပစ္စည်း၏)အစားအဖြစ် ယူလိုက်ရမည်ဖြစ်သည်။* ကျွန်ုပ်တို့သည် ဤနည်းဖြင့်ပင် အပြစ်ကျူးလွန်သူများကို အစား‌ပေး‌လေ့ရှိကြသည်။

    [76] ထို့‌နောက် ၎င်း(ယူစွဖ်)သည် ၎င်း၏ညီငယ်၏အိတ်ကို (ရှာ‌ဖွေခြင်း)မပြုလုပ်မီ ၎င်း၏အစ်ကိုများ၏အိတ်များကို စတင်(ရှာ‌ဖွေ)ခဲ့သည်။ ထို့‌နောက် ၎င်းသည် ထိုပစ္စည်း(ခြင်ခွက်/‌သောက်‌ရေခွက်)ကို ၎င်း၏ညီ၏အိတ်ထဲမှ ထုတ်ယူခဲ့သည်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယူစွဖ်အတွက် စီမံ‌ပေး‌တော်မူခဲ့သည်။ ၎င်းသည် ၎င်း၏ညီငယ်ကို (အီဂျစ်)ဘုရင်၏စည်းမျဉ်းဥပ‌ဒေအရ ‌ခေါ်ယူထားနိုင်သည် မဟုတ်‌ပေ။* သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ၍သာ (‌ခေါ်ထားနိုင်ခြင်းဖြစ်သည်)။ ငါအရှင်မြတ်သည် ငါအရှင် အလိုရှိ‌တော်မူ‌သောသူများကို အဆင့်အတန်းများစွာ မြှင့်တင်‌ပေး‌တော်မူသည်။ ၎င်း‌နောက် ပညာရှင်တိုင်း၏အထက်၌ (သူ့ထက်သာ‌သော) အလွန်တတ်ကျွမ်းသည့် ပညာရှင်တစ်ပါးရှိသည်။

    [77] သူတို့က ‌ပြောဆိုကြသည်- ဤညီငယ်သည် ခိုးသည်ဆိုလျှင် သူ၏အစ်ကို(ယူစွဖ်)သည်လည်း ယခင်က ခိုးခဲ့ဖူးသည်။* ထို(သို့‌ပြောလိုက်သည့်)အတွက် ၎င်း(ယူစွဖ်)သည် ထိုအရာကို ၎င်း၏စိတ်ထဲ၌ပင် မျိုသိပ်ထားခဲ့သည်။ ၎င်း‌နောက် ထိုစကားကို သူတို့‌ရှေ့တွင် ထုတ်‌ဖော်ခြင်း မပြုခဲ့‌ပေ။ (သို့ရာတွင် ၎င်း၏စိတ်ထဲ၌မူ ဤသို့)၎င်းက ‌ပြောဆိုသည်- အသင်တို့သည် အဆင့်အတန်းအားဖြင့် ဆိုးရွားလွန်းလှသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‌ပြောဆိုချက်များအား အသိဆုံးပင်ဖြစ်‌တော်မူသည်။

    [78] သူတို့က ‌ပြောဆိုကြပြန်သည်- အို- အဇီးဇ်၊ အမှန်စင်စစ် ထိုညီငယ်၌ အလွန်အိုမင်း‌သော ဖခင်ကြီးတစ်ပါးရှိ‌နေပါသည်။ သို့ဖြစ်ရာ အသင်သည် သူ၏အစားကို ကျွန်ုပ်တို့ထဲမှ တစ်ဦးဦးအား ‌ခေါ်ထားလိုက်ပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ‌ကျေးဇူးပြုတတ်သူတစ်ဦးအဖြစ် မြင်ကြပါသည်။

    [79] ၎င်းက‌ပြောဆိုသည်- ငါတို့သည် ငါတို့ပစ္စည်းကို ‌တွေ့ရှိ‌သောသူမှလွဲ၍(အခြားသူကို) ဖမ်းဆီးခြင်းမပြုရန် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်‌စောင့်‌ရှောက်မှုကို ရယူပါသည်။ အမှန်စင်စစ် ငါတို့သည် ထိုကဲ့သို့ဖြစ်လျှင် မတရားသူများ အမှန် ဖြစ်ကြပါ‌တော့မည်။

    [80] ထို့‌နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံမှ ‌မျှော်လင့်ချက် ကင်းမဲ့သွား‌သောအခါ သီးသန့်ထိုင်ပြီး လျှို့ဝှက်တိုင်ပင်ကြသည်။ သူတို့ထဲမှ အကြီးဆုံးက ‌ပြောဆိုသည်- အသင်တို့သည် အသင်တို့၏ဖခင်က အသင်တို့ထံမှ အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌စေပြီး ကတိယူခဲ့သည့်အပြင် အသင်တို့သည် ယခင်က ယူစွဖ်နှင့်ပတ်သက်၍ လစ်ဟင်းပျက်ကွက်ခဲ့ကြသည်ကိုလည်း မသိခဲ့ကြသ‌လော။ သို့ဖြစ်ရာ ငါ၏ဖခင်သည် င့ါကို ခွင့်မပြုသမျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် စီရင်ဆုံးဖြတ်မှုမပြုသမျှ ငါသည် ဤ(အီဂျစ်)တိုင်းပြည်မှ လုံးဝ စွန့်ခွာမည် မဟုတ်‌ပေ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [81] အသင်တို့သည် အသင်တို့ဖခင်ထံသို့ ပြန်သွားပြီး‌နောက် (ဤသို့)‌ပြောဆို‌လျှောက်ထားကြပါ၊ အို- ကျွန်ုပ်တို့၏ဖခင်၊ အမှန်စင်စစ် ဖခင်၏သားသည် ခိုးဝှက်ခဲ့ပါသည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သိသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ သက်‌သေခံကြမည် မဟုတ်ပါ။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အကွယ်ရှိ သိရှိသူများလည်း မဟုတ်ကြပါ။

    [82] ၎င်း‌နောက် ဖခင်သည် ကျွန်ုပ်တို့‌နေထိုင်ခဲ့ကြ‌သော (အီဂျစ်ပြည်က)မြို့သူမြို့သားများအပြင် ကျွန်ုပ်တို့နှင့်အတူ လာခဲ့ကြသည့် ခရီးသည်အုပ်စုများကို ‌မေးမြန်းကြည့်ပါ။ ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် အမှန်‌ပြော‌သောသူများ ဖြစ်ကြပါသည်။

    [83] ၎င်း(ဖခင်)က‌ပြောသည်- ထိုသို့ မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် ကိစ္စတစ်ခုအား လုပ်ကြံဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မှာမူ) သည်းခံခြင်းသည်ပင် အ‌ကောင်းဆုံးဖြစ်သည်။* အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ငါ့ထံသို့ ပြန်လည် ‌ရောက်‌စေ‌တော်မူလိမ့်မည်ဟု ‌မျှော်လင့်ရမည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [84] ထို့‌နောက် ၎င်းသည် သူတို့ဘက်မှ မျက်နှာလွှဲပြီး “‌ဪ ယူစွဖ်၊ ဖြစ်မှဖြစ်ရ‌လေခြင်း“*ဟု ‌ပြောဆို(ညည်းညူ)ခဲ့သည်။ ထို့‌နောက် ၎င်း၏မျက်စိနှစ်လုံးသည်လည်း ပူ‌ဆွေးဝမ်းနည်းမှု‌ကြောင့် ဖြူ(၍ကွယ်)သွားခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် မျိုသိပ်၍သာ ‌နေခဲ့သည်။

    [85] သူတို့က ‌ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး‌ပြောဆိုပါသည်၊ ဖခင်သည် ယူစွဖ်ကို အမြဲသတိရလျက်ပင် ရှိ‌နေခဲ့သည့်အတွက် ‌နောက်ဆုံး၌ ဖခင်သည် ကျန်းမာ‌ရေးချွတ်ယွင်းသူ သို့မဟုတ် အသက်ဆုံးရှုံးသူ ဖြစ်ရပါ‌တော့မည်။

    [86] ၎င်းက ‌ပြောဆိုသည်- ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာ ငါ၏စိတ်‌သောကဖြစ်ခြင်းနှင့် ငါ၏ပူ‌ဆွေးခြင်းကို ‌လျှောက်ထားခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အသင်တို့ မသိကြ‌သောအရာကို သိရှိရသည်။

    [87] အို- ငါ၏ချစ်သားတို့၊ အသင်တို့သည် ယူစွဖ်ကို‌ရော ၎င်း၏ညီငယ်ကိုပါ သွားပြီး စုံစမ်းရှာ‌ဖွေကြပါ။ ၎င်း‌နောက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်မှ ‌မျှော်လင့်ချက် မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် ကာဖိရ်များမှလွဲ၍ အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်မှ မည်သူမျှ ‌မျှော်လင့်ချက်မကင်းခဲ့ကြ‌ပေ။

    [88] ထို့‌နောက် သူတို့သည် ၎င်း(ယူစွဖ်)ထံသို့ ဝင်‌ရောက်ကြ‌သောအခါ (ဤသို့)‌ပြောဆိုကြသည်- အို- အဇီးဇ် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အိမ်သူအိမ်သားများတွင် (ငတ်မွတ်ခြင်း)‌ဘေးဒုက္ခ ဆိုက်‌ရောက်‌နေပါသည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် ညံ့ဖျင်း‌သောအရင်းအနှီးအနည်းငယ်သာ ယူ‌ဆောင်လာခဲ့ရပါသည်။ သို့ဖြစ်ရာ အသင် အဇီးဇ်သည် ကျွန်ုပ်တို့အား(ရိက္ခာ)အပြည့် ခြင်ပြီး ‌ပေးပါ။ ၎င်း‌နောက် ကျွန်ုပ်တို့အ‌ပေါ်တွင်လည်း ‌ကောင်းချီးမဂင်္လာ စွန့်ကြဲပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းချီးမဂင်္လာစွန့်ကြဲ‌သောသူများအား အကျိုး‌ကျေးဇူး‌ပေးသနား‌တော်မူပါသည်။

    [89] ၎င်း(ယူစွဖ်)က ‌ပြောဆို‌မေးမြန်းခဲ့သည်- အသင်တို့သည် အသင်တို့ မသိမိုက်မဲ‌သောသူများ ဖြစ်ခဲ့ကြစဉ်က အသင်တို့သည် ယူစွဖ်နှင့် ၎င်း၏ညီငယ်အား မည်သို့အပြုအမူကို ပြုမူခဲ့ကြသည်ဆိုသည်ကို အသင်တို့ မှတ်မိကြ၏‌လော။

    [90] သူတို့က “အမှန်စင်စစ် အသင်သည် ယူစွဖ်ပင် ဖြစ်ပါသ‌လော“ဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်းက “ကျွန်ုပ်သည် ယူစွဖ်ပင် ဖြစ်သည်။ ထို့‌နောက် ဤသည် ကျွန်ုပ်၏ညီငယ်ပင်ဖြစ်သည်။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ အမှန်စင်စစ် မည်သူမဆို အပြစ်‌ရှောင်ကြဉ်ပြီး သည်းခံလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်မြတ်‌သောလုပ်ရပ်များကို ‌ဆောက်တည်‌သောသူများ၏ အကျိုး‌ကျေးဇူးအား အကျိုးမဲ့ဖြစ်‌စေ‌တော်မူမည် မဟုတ်‌ပေ“ဟု ‌ပြောဆိုခဲ့သည်။

    [91] သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ‌ပြောဆိုကြသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကျွန်ုပ်တို့ထက် ဦးစား‌ပေး မြင့်မြတ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သာ မှားယွင်းသူများဖြစ်ကြပါသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [92] ၎င်းက ယ‌နေ့ အသင်တို့အ‌ပေါ်တွင် လုံးဝ အပြစ်တင်မှု မရှိ‌ပေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်မှ ချမ်းသာ‌ပေး‌တော်မူပါ‌စေ။* ၎င်း‌နောက် အရှင်မြတ်သည် သနားကြင်နာသူများအားလုံးထက် အသနား အကြင်နာဆုံးဖြစ်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူပါသည်။

    [93] အသင်တို့သည် ကျွန်ုပ်၏ဤအကင်္ျီကိုယူသွားကြပါ။ ၎င်း‌နောက် အသင်တို့သည် ထိုအကင်္ျီကို ကျွန်ုပ်၏ဖခင်၏မျက်နှာ‌ပေါ်သို့ တင်လိုက်ပါ။ ဖခင်၏မျက်စိသည် အလင်း ပြန်လည်ရလာပါလိမ့်မည်။ ၎င်း‌နောက် အသင်တို့သည် အသင်တို့၏အိမ်သူအိမ်သားများအားလုံးကိုလည်း ကျွန်ုပ်ထံသို့ ‌ခေါ်‌ဆောင်လာခဲ့ကြပါ။

    [94] ထို့‌နောက် ခရီးသည်အုပ်စုတစ်စုသည် (အီဂျစ်မှ)ထွက်ခွာလာ‌သောအခါ သူတို့၏ဖခင်က အကယ်၍ အသင်တို့သည် ငါ့ကို သူငယ်ပြန်သည်ဟု မယူဆကြလျှင် အမှန်စင်စစ် ငါသည် ယူစွဖ်၏အနံ့ကို ရ‌နေသည်*ဟု ‌ပြောဆိုခဲ့သည်။

    [95] သူတို့က ‌ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ‌ပြောဆိုပါသည်၊ အမှန်စင်စစ် ဖခင်သည် ဖခင်၏‌ရှေး‌ဟောင်းလွဲမှားမှုထဲ၌ပင် (ယခုအချိန်ထိ)ရှိ‌နေသည် အမှန်ဖြစ်၏။

    [96] ထို့‌နောက် ဝမ်း‌မြောက်ဖွယ်သတင်းကို ယူ‌ဆောင်လာ‌သောသူသည် (ဖခင်ထံသို့)‌ရောက်‌သောအခါ၊ သူက ထိုအကင်္ျီကို ဖခင်၏မျက်နှာ‌ပေါ်သို့ တင်လိုက်သည်နှင့် ဖခင်သည် မျက်စိအလင်း ပြန်ရရှိလာခဲ့‌တော့သည်။ ဖခင်က ‌ပြောဆိုခဲ့သည်- ငါသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အသင်တို့ မသိနားမလည်‌သောပညာကို အမှန်ပင် သိနားလည်သည်ဟု အသင်တို့အား ‌ပြောဆိုခဲ့သည် မဟုတ်‌လော။

    [97] အို- ကျွန်ုပ်တို့၏ဖခင်၊ ဖခင်သည် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် အသနားခံ‌ပေး‌တော်မူပါ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ရှိ‌သောသူများဖြစ်ကြပါသည်ဟု (သားများက)‌ပြောဆို‌လျှောက်ထားခဲ့ကြသည်။

    [98] ဖခင်က ‌ပြောဆိုသည်- ငါသည် မကြာမီ အသင်တို့အတွက် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ‌ပေးမည်၊ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [99] ထို့‌နောက် သူတို့(အစ္စရာအီလ် မျိုးနွယ်တစ်ခုလုံး၏ မိသားစုများ)သည် ယူစွဖ်ထံသို့ ဝင်‌ရောက်ခဲ့ကြ‌သောအခါ ၎င်းသည် ၎င်း၏မိဘနှစ်ပါးကို ၎င်း၏ထံ၌ ‌နေရာချ‌ပေးခဲ့သည်။ ထို့‌နောက် ၎င်းက (ဤသို့)‌လျှောက်ထားခဲ့သည်၊ (အို- ကျွန်ုပ်၏မိသားစုအ‌ပေါင်းတို့၊) အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူလျှင် ‌ဘေးရန်ကင်းရှင်းစွာဖြင့် အီဂျစ်မြို့ထဲသို့ ဝင်‌ရောက်ကြပါ။

    [100] ထို့‌နောက် ၎င်းသည် ၎င်း၏မိဘနှစ်ပါးကို ပလ္လင်‌ပေါ်၌ ထိုင်‌စေခဲ့သည်။ ထို့‌နောက် သူတို့အားလုံးသည် ၎င်း(ယူစွဖ်)၏‌ရှေ့၌ ဦးချခဲ့ကြသည်။* ထို့‌နောက် ၎င်းက‌ပြောသည်- အို- ကျွန်ုပ်၏ဖခင်၊ ဤသည် ကျွန်ုပ် ယခင်က မြင်မက်ခဲ့‌သော အိပ်မက်၏အတိတ်ဖြစ်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ထိုအိပ်မက်ကို အမှန်ဖြစ်‌အောင် ပြုလုပ်‌ပေး‌တော်မူခဲ့ပါသည်။ ထို့ပြင် အမှန်ပင် အရှင်မြတ်သည် ကျွန်ုပ်၏အ‌ပေါ်တွင် ကျွန်ုပ်အား အကျဉ်း‌ထောင်မှ ထုတ်ယူ‌တော်မူခဲ့‌သောအချိန်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့ပါသည်။ ထို့ပြင် ရှိုင်သွာန်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကိုများ၏ကြားတွင် ‌နှောက်ယှက်ဖျက်ဆီးခဲ့သည့်‌နောက်၌ အရှင်မြတ်သည် အသင်(ဖခင်နှင့်မိသားစု)တို့အား ‌ကျေးလက်‌တောရွာမှ(ထုတ်ပြီး ဤမြို့‌တော်သို့) ယူ‌ဆောင်‌တော်မူခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို အလွန်သိမ်‌မွေ့စွာ စီမံ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [101] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်ကို စိုးမိုးအုပ်ချုပ်မှု ‌ပေးသနား‌တော်မူခဲ့ပါသည်။ ၎င်း‌နောက် အရှင်မြတ်သည် ကျွန်ုပ်အား အိပ်မက်များ၏အတိတ်ကိုလည်း သင်ကြား‌ပေး‌တော်မူခဲ့ပါသည်။ အို- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင် အရှင်မြတ်သည် ‌လောကီဘဝ၌လည်း‌ကောင်း၊ တမလွန်ဘဝ၌လည်း‌ကောင်း ကျွန်ုပ်၏ကိစ္စဟူသမျှအား စီမံ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်အား အမိန့်နာခံသူအဖြစ်နှင့် ကျွန်ုပ်၏အသက်ကို နှုတ်သိမ်း‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ‌ကောင်းမြတ်‌သောသူများနှင့်အတူ တွဲဖက်‌ပေး‌တော်မူပါ။

    [102] ဤသည် အကွယ်၌ရှိ‌သော သတင်းများထဲမှပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအ‌ကြောင်းကို အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)ထံသို့ ဝဟီနှင့် ပို့‌ပေး‌တော်မူသည်။ ထို့ပြင် သူတို့သည် ကြံစည်ကြလျက် သူတို့အ‌ရေးကိစ္စကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်‌သောအခါတွင် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် သူတို့ထံ၌ ရှိခဲ့သည်မဟုတ်‌ပေ။

    [103] ထို့ပြင် အကယ်၍ အသင်(တမန်‌တော်)သည် (ဤသို့ပင် သူတို့ ယုံကြည်ရန်)လိုလားခဲ့လျှင်လည်း (သူတို့ထဲမှ)အ‌မြောက်အမြားကမူ ယုံကြည်ကြမည် မဟုတ်‌ပေ။

    [104] ၎င်းပြင် အသင်သည် သူတို့ထံမှ ဤတရား‌ဟောခြင်းနှင့်ပတ်သက်၍ မည်သည့်အခ‌ကြေး‌ငွေမှ ‌တောင်းသည်မဟုတ်‌ပေ။ ဤသည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒပင်ဖြစ်သည်။

    [105] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် သက်‌သေလက္ခဏာ အ‌မြောက်အမြားရှိသည်။ သူတို့သည် ထိုသက်‌သေလက္ခဏာများအား မျက်နှာလွှဲကြလျက် ထိုလက္ခဏာများအနီးမှ သူတို့သည် ဖြတ်‌ကျော်၍ သွားကြသည်။

    [106] ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာကို တွဲဖက်ကိုးကွယ်သူများဖြစ်ကြလျက် အရှင်မြတ်အား ယုံကြည်ကြခြင်းဖြစ်သည်။

    [107] သူတို့သည် သူတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (တစ်မျိုးသားလုံးကို)ဖုံးလွှမ်းမည့်ပြစ်ဒဏ်သက်‌ရောက်မည်ကို၊ သို့မဟုတ် သူတို့သည် မသိလိုက်ဘဲလျက် ကိယာမသ်သည် ရုတ်တရက် ဆိုက်‌ရောက်လာမည်ကို (မစိုးရိမ်ဘဲ) စိတ်ချ‌နေကြသ‌လော။

    [108] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ဤသည် ငါ၏လမ်းစဉ်ဖြစ်သည်။ ငါသည် (လူများအား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်သည်။ ငါနှင့်အတူ ငါ၏‌နောက်လိုက်များသည်လည်း ထင်ရှားခိုင်လုံ‌သော သက်သသာဓကအ‌ပေါ်တွင် တည်ရှိ‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် ငါသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာကို တွဲဖက်ကိုးကွယ်သူများအနက်မှ မဟုတ်‌ပေ။

    [109] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ မြို့ရွာသားများထဲမှ လူသား‌ယောက်ျားများကိုသာ* (တမန်‌တော်များအဖြစ်)‌စေလွှတ်‌တော်မူပြီး သူတို့ထံသို့ ဝဟီပို့ချ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ဤ(ငြင်းပယ်)သူများသည် ကမာ္ဘ‌မြေ‌ပေါ်၌ လှည့်လည်သွားလာခြင်းကို မပြုကြသ‌လော။ ထိုကဲ့သို့ သွားလာကြလျှင် သူတို့သည် သူတို့မတိုင်မီ ရှိခဲ့ဖူးကြ‌သောသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို ‌တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝ၏‌နေရာထိုင်ခင်းသည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် အမှန်ပင် အ‌ကောင်းဆုံးဖြစ်သည်။ ဤမျှပင် အသင်တို့ နားမလည်ကြသ‌လော။

    [110] ‌နောက်ဆုံး၌ တမန်‌တော်များသည် ‌မျှော်လင့်ချက်ကင်းပြီး အမျိုးသားများကလည်း သူတို့သည် အလိမ်ခံခဲ့ကြရပြီဟု ထင်မှတ်ကြ‌သောအခါ ငါအရှင်မြတ်၏အကူအညီသည် ထိုတမန်‌တော်များထံ ‌ရောက်ရှိလာခဲ့သည်။* ထို့‌နောက် ငါအရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ကယ်တင်‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် အပြစ်ကျူးလွန်သူများအ‌ပေါ်မှ ဖယ်ရှားခြင်းမခံရ‌ပေ။

    [111] အမှန်စင်စစ် သူတို့၏အ‌ကြောင်းများတွင် စဉ်းစားသိမြင်နားလည်သူများအတွက် သင်ခန်းစာရှိသည်။ (ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်) လုပ်ကြံဖန်တီးထား‌သောကျမ်း မဟုတ်‌ပေ၊ သို့ရာတွင် (ထိုကျမ်းသည်) ၎င်း၏မတိုင်မီရှိ‌နေ‌သောကျမ်းများကို အတည်ပြု‌ထောက်ခံ‌သောကျမ်း၊ အရာရာ၏ အ‌သေးစိတ်ရှင်းလင်းချက်၊ ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာဖြစ်သည်။

    Surah 13
    မိုးကြိုး

    [1] အလိဖ် လာမ် မီမ် ရာ။* ဤအရာများသည် ကျမ်း‌တော်မြတ်၏ အာယသ်‌တော်များဖြစ်သည်။ ထို့ပြင် အသင်(တမန်‌တော်)ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကျ‌ရောက်လာ‌သော တရား‌တော်များသည် အမှန်ပင်ဖြစ်သည်။* သို့ရာတွင် လူသားများထဲမှ အ‌မြောက်အမြားကမူ ယုံကြည်ကြမည် မဟုတ်‌ပေ။

    [2] အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များကို အသင်တို့မြင်နိုင်‌သော တိုင်များမပါဘဲနှင့် မြှင့်တင်ထား‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို နာခံ‌စေ‌တော်မူခဲ့သည်။ (ထို‌နေနှင့်လသည်) သတ်မှတ်ထား‌သော အချိန်ကာလအတွက် အသီးသီး သွားလာ‌နေကြသည်။ အရှင်မြတ်သည် အ‌ရေးကိစ္စအားလုံးကို စီမံခန့်ခွဲ‌တော်မူသည်။* အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် ‌တွေ့ဆုံခြင်းကို ယုံကြည်ကြရန်အတွက် အရှင်မြတ်သည် သက်‌သေလက္ခဏာများကို အ‌သေးစိတ် ရှင်းလင်း‌တော်မူသည်။

    [3] ထို့ပြင် ထိုအရှင်မြတ်သည် ပထဝီ‌မြေကို ဖြန့်ခင်း‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် ‌မြေပထဝီတွင် ‌တောင်များနှင့် မြစ်‌ချောင်းများကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီတွင် သစ်သီးဝလံများကို စုံလိုက် ဖန်ဆင်း‌တော်မူခဲ့သည်။* အရှင်မြတ်သည် ညကို ‌နေ့ဖြင့် ဖုံးအုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများ ရှိသည်။

    [4] ထို့ပြင် ‌မြေပထဝီတွင် တစ်ခုနှင့်တစ်ခု ဆက်စပ်‌နေ‌သော‌မြေကြီးအပိုင်းအမျိုးမျိုး(‌မြေလွှာအမျိုးမျိုး)ရှိသည်။ ထို့ပြင် (ထိုအထဲ၌ အချို့သည် ‌မြေ‌ကောင်း၍ အကျိုးရှိ‌သောအပင်များ‌ပေါက်သည်၊ အချို့သည် ‌မြေမ‌ကောင်း၍ မည်သည့်အရာမျှ မ‌ပေါက်‌ပေ။ ထို‌ကောင်း‌သော‌မြေထဲ၌) စပျစ်ခြံများ၊ လယ်ယာများ၊ တစ်‌နေရာတည်း၌ စုပြီး‌ပေါက်‌သော စွန်ပလွံရုံများလည်းရှိသည်၊ အကွဲကွဲအပြားပြား‌ပေါက်‌သော စွန်ပလွံပင်များလည်းရှိသည်။ ထိုအရာအားလုံးသည် ‌ရေတစ်ခုတည်း ‌ပေးသွင်းခံရသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် အချို့ကို အချို့ထက် အရသာထူးကဲ‌စေ‌တော်မူသည်။ အမှန်စင်စစ် ဤသည် နားလည်သူများတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။

    [5] ထို့ပြင် အကယ်၍ အသင်သည် အံ့ဩသည်ဆိုလျှင် “ကျွန်ုပ်တို့သည် (‌သေပြီး‌နောက်) ‌မြေကြီးဖြစ်သွား‌သောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်ပြီး ဖန်ဆင်းခံကြရဦးမည်‌လော“ဟု သူတို့၏‌ပြောဆိုချက်သည် (ပို၍)အံ့ဩစရာဖြစ်သည်။* ထိုသူများပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ငြင်းပယ်‌သောသူများဖြစ်ကြသည်။ ၎င်း‌နောက် ထိုသူများပင် သူတို့၏လည်ပင်းများတွင် လည်ထိပ်များရှိလိမ့်မည်။ ၎င်း‌နောက် ထိုသူများပင် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ထိုငရဲမီးတွင် အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။

    [6] ထို့ပြင် သူတို့သည် ‌ကောင်းခြင်းထက် မ‌ကောင်းခြင်းကို အသင့်ထံမှ အလျင်စလို ရလိုကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီ၌ လူများအား ‌သေးသိမ်‌စေ‌သော အပြစ်ဒဏ်များ ကျ‌ရောက်ခဲ့သည့်အဖြစ်အပျက်များ* ကုန်လွန်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လူများနှင့်ပတ်သက်၍ သူတို့သည် မတရားကျူးလွန်သူများဖြစ်ကြပါလျက် (ချက်ချင်းအ‌ရေးမယူဘဲ၊ သူတို့ ဝန်ချ‌တောင်းပန်လျှင်) လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် (‌သွေဖည်မှုထဲ၌ပင် ဇွတ်‌ပေ‌နေသူများအား) ပြင်းထန်စွာ အပြစ်‌ပေး‌တော်မူ‌သောအရှင်မြတ်လည်း အမှန်ပင် ဖြစ်‌တော်မူသည်။

    [7] ထို့ပြင် ငြင်းပယ်သူများက “၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)၏အ‌ပေါ် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ တန်ခိုး တစ်စုံတစ်ခု အဘယ့်‌ကြောင့် ကျ‌ရောက်မလာသနည်း“ဟု ‌ပြောဆိုကြ‌သေးသည်။ အသင်သည် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။ ၎င်း‌နောက် လူမျိုးတိုင်းအတွက် လမ်းမှန်ညွှန်ကြားပြသသူရှိသည်။

    [8] အလ္လာဟ်အရှင်မြတ်သည် မိခင်တိုင်းက မည်သည့်ကို ကိုယ်ဝန်‌ဆောင်‌နေသည်ကိုလည်း‌ကောင်း၊ သားအိမ်များသည် မည်သည့်အရာကို ‌လျော့နည်း‌စေသည်ကိုလည်း‌ကောင်း၊ မည်သည့်အရာကို ပိုမို‌စေသည်ကိုလည်း‌ကောင်း သိရှိ‌တော်မူသည်။ ထို့ပြင် အရာအားလုံးသည် အရှင်မြတ်ထံ‌တော်၌ ချင့်ချိန်တိုင်းတာ သတ်မှတ်ပြီးဖြစ်သည်။

    [9] (အရှင်မြတ်သည်) အကွယ်မှအရာကိုသာမက ထင်ရှား‌သောအရာကိုလည်း အလွန်သိ‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင်၊ အလွန်မြင့်မား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [10] အသင်တို့ထဲ၌ စကားကို လျှို့ဝှက်‌သောသူသည်လည်း‌ကောင်း၊ စကားကို ထုတ်‌ဖော်‌ပြောဆို‌သောသူသည်လည်း‌ကောင်း၊ ည၌ ပုန်းကွယ်‌နေသူသည်လည်း‌ကောင်း၊ ‌နေ့တွင် သွားလာ‌နေသူသည်လည်း‌ကောင်း (အရှင်မြတ်၏အသိတွင်) အတူတူပင်ဖြစ်သည်။

    [11] လူတိုင်း၏‌ရှေ့နှင့်‌နောက်၌ အကြင်‌စောင့်‌ရှောက်သူ(‌ကောင်းကင်တမန်)များအား သတ်မှတ်ထားသည်။ ၎င်း(‌ကောင်းကင်တမန်)များသည် အလ္လာဟ်အရှင်မြတ်၏အမိန့်နှင့် အလှည့်ကျ (ဤလူကို)‌စောင့်‌ရှောက်‌နေကြသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (‌ကောင်းမွန်‌သော)အ‌ခြေအ‌နေအား သူတို့ကိုယ်တိုင် သူတို့၏အ‌ခြေအ‌နေကို မ‌ပြောင်းလဲသမျှ ‌ပြောင်းလဲ‌တော်မမူ‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးအ‌ပေါ်တွင် ဒုက္ခ‌ရောက်‌စေရန် ရည်ရွယ်‌တော်မူလျှင် (မည်သူမှ) ထိုဒုက္ခကို တွန်းလှန်နိုင်ခြင်း မရှိ‌ပေ။* ထို့ပြင် သူတို့ကို အရှင်မြတ်အပြင် မည်သူမှ ကာကွယ်‌စောင့်‌ရှောက်မည့်သူ မရှိ‌ပေ။

    [12] အရှင်မြတ်ပင် အသင်တို့အား လျှပ်စီးလက်ခြင်းကို ‌ကြောက်စရာနှင့် ‌မျှော်လင့်စရာအဖြစ် ပြသ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်ပင် ‌လေးလံ‌သောမိုးတိမ်များကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [13] ထို့ပြင် ရအဒ် မိုးခြိမ်းသံသည်* အရှင်မြတ်၏ချီးမွမ်းမှုပြုခြင်းနှင့် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုသည်။ ထို့ပြင် ‌ကောင်းကင်တမန်များသည်လည်း အရှင်မြတ်အား ‌ကြောက်ရွံ့မှု‌ကြောင့် (ချီးမွမ်းမှုနှင့် သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုကြသည်)။ ထို့ပြင် အရှင်မြတ်သည် မိုးကြိုးသွားများကို ‌စေလွှတ်(မိုးကြိုးပစ်)‌တော်မူပြီး‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံ‌နေကြလျက်ရှိကြစဉ် အရှင်မြတ်အလိုရှိ‌သောသူအ‌ပေါ်တွင် ထိုအရာ(မိုးကြိုးပစ်ခတ်မှု)များကို ကျ‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပြင်းပြင်းထန်ထန် ဖမ်းဆီးအ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [14] မှန်ကန်‌သော ဟစ်‌ခေါ်ဆု‌တောင်းမှု(ကိုးကွယ်မှု)သည် အရှင်မြတ်တစ်ပါးတည်းအတွက်သာ ထိုက်တန်မှန်ကန်သည်။ ၎င်း‌နောက် အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်‌ခေါ်ဆု‌တောင်း‌နေကြ‌သောအရာများသည် သူတို့အတွက် သူတို့၏ဆု‌တောင်းမှုကို အ‌ဖြေ မ‌ပေးနိုင်ကြ‌ပေ။ သို့ရာတွင် (ထိုအလ္လာဟ်ကို စွန့်ပြီး အခြားအရာကို ဟစ်‌ခေါ်ဆု‌တောင်း‌သောသူသည်) မိမိလက်ဖဝါးနှစ်ဖက်အား ‌ရေရှိရာဘက်သို့ (ဦးတည်၍)ဖြန့်ထားသူနှင့်တူသည်။ ထို‌ရေသည် သူ၏ပါးစပ်ထဲသို့(အလိုအ‌လျောက်)‌ရောက်လာရန်အတွက် (အမှန်မှာ)ထို‌ရေသည် သူ၏ပါးစပ်ထဲသို့ (မည်သည့်အခါမှ အလိုအ‌လျောက်) ‌ရောက်လာမည်မဟုတ်ပါဘဲလျက်* (လက်ဖြန့်‌နေခြင်းသာဖြစ်သည်)။ ထို့ပြင် ကာဖိရ်များ၏ဟစ်‌ခေါ် ဆု‌တောင်းမှုသည် လွဲမှားမှု၌ပင်ရှိသည်။

    [15] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၌ရှိသမျှသူများသည် ‌စေတနာပါလျက်ဖြစ်‌စေ၊ ‌စေတနာမပါဘဲလျက်ဖြစ်‌စေ၊ အရှင်မြတ်ကိုပင် ဦးချကြသည်။ ထို့ပြင် သူတို့၏အရိပ်များသည်လည်း နံနက်နှင့်ည‌နေများတွင် (ထိုသို့ပင် ဦးချကြသည်)။

    [16] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ရှင်း‌တော်မူ‌သောအရှင်သည် မည်သူနည်း။ အသင်ကပင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ အသင်သည်(ဆက်)‌ပြောလိုက်ပါ- သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အားစွန့်ပြီး သူတို့ကိုယ်သူတို့ပင် ‌ကောင်းကျိုးဆိုးကျိုး‌ပေးရန် မပိုင်ဆိုင်‌သောအရာများအား အရာရာကို စီမံခန့်ခွဲ‌ပေး‌သောသူများ*အဖြစ် ပြုလုပ်ခဲ့ကြသ‌လော။ အသင်‌ပြောလိုက်ပါ- မျက်စိကန်းသူနှင့် မျက်စိမြင်သူသည် တူပါမည်‌လော။* သို့မဟုတ် အ‌မှောင်များနှင့် အလင်းသည် တူပါမည်‌လော။ သို့မဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်နဲ့ အကြင်တွဲဖက်များကို ပြုလုပ်ထားခဲ့ကြသည်‌လော။ ထိုတွဲဖက်များသည် အရှင်မြတ် ဖန်ဆင်း‌တော်မူသကဲ့သို့ ဖန်ဆင်းခဲ့ကြသ‌လော။ သို့ဖြစ်ရာ ဖန်ဆင်းခံရ‌သောအရာများသည် သူတို့အ‌ပေါ်တွင် ဆင်တူယိုုးမှား ဖြစ်ခဲ့ကြပြီ‌လော။* အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တစ်ပါးတည်းတည်ရှိ‌တော်မူ‌သောအရှင်၊ အဖန်ဆင်းခံအားလုံးအ‌ပေါ်တွင် လွှမ်းမိုးထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] အရှင်မြတ်သည် မိုး‌ကောင်းကင်မှ ‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ‌ချောင်း‌မြောင်းများသည် သူတို့ထဲ၌ ‌ရေဝင်ဆန့်သည်ခန့်နှင့် စီး‌တွေလာခဲ့ကြသည်။ ၎င်း‌နောက် ပြင်းထန်‌သော ‌ရေစီး‌ကြောင်းသည် အ‌ပေါ်တက်‌နေ‌သော‌ရေမြှပ်ကို သယ်‌ဆောင်လာခဲ့သည်။ ထို့ပြင် လူများသည် လက်ဝတ်လက်စား သို့မဟုတ် အသုံးအ‌ဆောင်ပစ္စည်းပြုလုပ်ရန် မီးအပူ‌ပေးပြီး (အရည်‌ပျော်‌အောင်လုပ်ထား‌သော ‌ရွှေ၊ ‌ငွေ သတ္တုရည်ကဲ့သို့)အရာများတွင်လည်း ထိုကဲ့သို့ ‌ချေးအမြှပ်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အမှန်နှင့်အမှားကို ပုံပမာ ‌ဆောင်ပြ‌တော်မူသည်။ ထို့‌နောက် ‌ချေးအမြှပ် အညစ်အ‌ကြေးသည် အသုံးမကျ‌သောအရာအဖြစ် အကျိုးမဲ့ဖြစ်သွားသည်။ ၎င်း‌နောက် လူများအတွက် အသုံးဝင်‌သောအရာကမူ ကမာ္ဘ‌မြေ၌ ကျန်‌နေခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် ပမာများကို ခိုင်းနှိုင်း‌တော်မူသည်။

    [18] သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို လက်ခံလိုက်နာ‌သောသူများအတွက် အ‌ကောင်းဆုံးအကျိုးရှိသည်။ ၎င်း‌နောက် အရှင်မြတ်၏အမိန့်‌တော်ကို လက်ခံလိုက်နာခြင်းမရှိ‌သောသူများကမူ အကယ်၍ သူတို့၌ ကမာ္ဘ‌မြေတွင် ရှိသမျှအရာအားလုံးနှင့် ထိုအရာများနှင့်အတူ (‌နောက်ထပ်)ထိုမျှခန့်ရှိ‌သေးလျှင်လည်း သူတို့သည် ထိုအရာများကို (ကိယာမသ်‌နေ့၏ အပြစ်ဒဏ်မှ လွတ်ကင်းရန် ‌ပေးရမည်ဆိုလျှင်လည်း)အမှန်ပင် ‌လျော်‌ကြေးအဖြစ် ‌ပေးကြမည်ဖြစ်သည်။ ဤသူများပင် သူတို့အတွက် ပြင်းထန်ဆိုးဝါး‌သော စစ်‌ဆေးမှုရှိမည်။ ထို့ပြင် သူတို့၏‌နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထို‌နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။

    [19] အကြင်သူသည် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ ကျ‌ရောက်လာ‌သောအရာသည် အမှန်တရားဖြစ်သည်ဟု သိရှိယုံကြည်သည်။ ထိုသူသည် မျက်ကန်းနှင့် တူနိုင်ပါမည်‌လော။ (အမှန်စင်စစ်) အသိဉာဏ်ရှိ‌သောသူများသည်သာ တရားရကြသည်။

    [20] အကြင်(တရားရ‌သော)သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုထား‌သော ကတိကဝတ်ကို ‌ကျေပွန်စွာ ‌ဆောင်ရွက်ကြသည်။ ၎င်း‌နောက် သူတို့သည် ထိုကတိကို မ‌ဖောက်ဖျက်ကြ‌ပေ။

    [21] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်ရန် အမိန့်‌ပေးထား‌သော အဆက်အသွယ်များကို ဆက်ထားကြသည်။ ၎င်း‌နောက် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့ကြသည်။ ၎င်း‌နောက် သူတို့သည် အလွန်ဆိုးဝါး‌သော စစ်‌ဆေးမှုကိုလည်း စိုးရိမ်‌ကြောက်ရွံ့ကြသည်။

    [22] ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏နှစ်သက်မှုကို ရှာ‌ဖွေဆည်းပူးရာတွင် တည်တံ့ကြံ့ခိုင်ကြသည်။* ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြသည်။* ၎င်း‌နောက် သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေးသနားထား‌သော ပစ္စည်းများထဲမှ လျှို့ဝှက်၍လည်း‌ကောင်း၊ ထင်‌ပေါ်‌အောင်ပြုလုပ်၍လည်း‌ကောင်း၊ လှူဒါန်းသုံးစွဲကြသည်။* ထို့ပြင် သူတို့သည် မ‌ကောင်းမှုကို ‌ကောင်းမှုနှင့် တုံ့ပြန်ကြသည်။* ထိုသူများအတွက် တမလွန်ဘဝ၏ အ‌ကောင်းဆုံး နိဂုံးချုပ်ရလဒ်ရှိသည်။

    [23] အမြဲတည်ရှိမည့် ဥယျာဉ်များရှိမည်၊ သူတို့သည် ထိုဥယျာဉ်များထဲသို့ ဝင်‌ရောက်ကြမည်။ ထို့ပြင် သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများထဲမှလည်း‌ကောင်း၊ သူတို့၏ကြင်ရာများထဲမှလည်း‌ကောင်း၊ သူတို့၏သား၊ ‌မြေး၊ မြစ်များထဲမှလည်း‌ကောင်း၊ ‌ကောင်းမြတ်‌သောသူများသည်*(ဝင်‌ရောက်ကြရမည်)။ ၎င်း‌နောက် ‌ကောင်းကင်တမန်များသည် သူတို့ထံသို့ တံခါး‌ပေါက်တိုင်းမှ ဝင်‌ရောက်ကြမည်။

    [24] (‌ကောင်းကင်တမန်များသည် ဤသို့ နှုတ်ဆက်ကြမည်) အသင်တို့သည် သည်းခံကြံ့ခိုင်ခဲ့ကြသည့်အတွက် ငြိမ်းချမ်းသာယာမှုသည် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ။ တမလွန်ဘဝ၏‌ကောင်းကျိုးသည် အဘယ်မျှ ‌ကောင်းလိုက်သနည်း။

    [25] ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိ‌သော ကတိဝန်ခံချက်အား ထိုကတိဝန်ခံချက်ကို ခိုင်မာစွာ ပြုလုပ်ပြီး‌နောက်မှ ‌ဖောက်ဖျက်ကြသည်။ ၎င်း‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်က (‌ဆွေမျိုးသားချင်းနှင့်)ဆက်ရန် အမိန့်‌ပေးထားသည်များကို ဖြတ်‌တောက်ကြသည်။ ထို့ပြင် သူတို့သည် ကမာ္ဘ‌မြေ၌ ဖျက်ဆီးမှုများ ပြုလုပ်‌နေကြသည်။ သူတို့အ‌ပေါ်တွင် ကရုဏာ‌တော်မှ ကင်း‌ဝေးမှုရှိမည်။ ထို့ပြင် သူတို့အတွက် အလွန်ဆိုးဝါး‌သောအိမ်(‌နေရာထိုင်ခင်း)ရှိမည်။

    [26] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူသည်။* ၎င်း‌နောက် အလိုရှိ‌တော်မူ‌သောသူကို ကျပ်တည်း ကျဉ်း‌မြောင်း‌စေ‌တော်မူသည်။ ထို့ပြင် ဤဘဝ၏အသက်ရှင်မှုသည် တမလွန်ဘဝနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ‌ခေတ္တအကျိုးခံစားခြင်းသာဖြစ်ပါလျက်* သူတို့(ကာဖိရ်များ)သည် ဤဘဝ၏အသက်ရှင်မှုနှင့်သာ ဝမ်း‌မြောက်‌ပျော်ရွှင်(‌နေ)ခဲ့ကြသည်။

    [27] ထို့ပြင် ငြင်းပယ်သူများက ၎င်း(တမန်‌တော်)အ‌ပေါ်တွင် ၎င်း(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ တန်ခိုး‌တော်တစ်စုံတစ်ခု အဘယ့်‌ကြောင့် ချ‌ပေးခြင်းမခံရသနည်းဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို လမ်းမှား၌ပင် ထား‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်သည် အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများကို တရားလမ်းမှန်ပြသ‌ပေး‌တော်မူသည်။

    [28] ထိုသူများသည် အကြင်သူများပင် ဖြစ်ကြသည်။ သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့၏စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းနှင့် တည်ငြိမ်‌အေးချမ်းသွားကြသည်။ သတိပြုကြပါ၊ အလ္လာဟ်အရှင်မြတ်အား ‌အောက်‌မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် တည်ငြိမ်‌အေးချမ်းသွားသည်သာ ဖြစ်သည်။

    [29] အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများအတွက် ‌ပျော်ရွှင်ဖွယ်ရာ အ‌ခြေအ‌နေနှင့် ‌ကောင်းမြတ်‌သော ပြန်လှည့်ရာဌာနရှိသည်။

    [30] ဤသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ်အ‌နေနှင့် အသင့်ထံ ပို့ချ‌တော်မူ‌သောကျမ်းဂန်ကို သူတို့‌ရှေ့၌ ဖတ်ကြားရန်အတွက် ‌စေလွှတ်‌တော်မူခဲ့သည်။* ထိုလူမျိုး၏မတိုင်မီ၌လည်း (ထိုသို့‌သော)လူမျိုးများသည် အနန္တကရုဏာ‌တော်ရှင်အား* ငြင်းပယ်‌နေကြလျက် ကုန်လွန်ခဲ့ကြပြီးဖြစ်သည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အရှင်မြတ်ပင် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်‌သောအရှင်မရှိ‌ပေ။ အရှင်မြတ်အ‌ပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ပင် ငါသည် ပြန်သွားရမည်ဖြစ်သည်။

    [31] ထို့ပြင် အကယ်၍ ကုရ်အာန်ကျမ်းတစ်‌စောင်သည် ရှိခဲ့မည်။* ၎င်း‌နောက် ထိုကုရ်အာန်ဖြင့် ‌တောင်များသည် ‌ရွှေ့‌ပြောင်းခြင်းကို ခံကြရသည်ဖြစ်‌စေ၊ သို့မဟုတ် ထိုကုရ်အာန်ဖြင့် ပထဝီ‌မြေသည် အက်ကွဲ‌စေခြင်းကိုခံကြရသည်ဖြစ်‌စေ၊ (ထိုသို့ ပြုလုပ်‌ပေး‌သော ကုရ်အာန်သည် ဤ ကုရ်အာန်ဖြစ်လျှင်လည်း သူတို့သည် ဤကုရ်အာန်ကို အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ)။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ပင် ရှိသည်။ သို့ဖြစ်ပါလျက် ယုံကြည်သူများသည် “အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် အမှန်စင်စစ် အရှင်မြတ်သည် လူအားလုံးကို လမ်းမှန် ညွှန်ကြားပြသ‌တော်မူခဲ့ပြီးဖြစ်မည်ကို မသိခဲ့ကြ‌လေသ‌လော။* ထို့ပြင် ငြင်းပယ်သူများသည် သူတို့၏အပြုအမူများ‌ကြောင့် ဒုက္ခတစ်စုံတစ်ခုသည် ကျ‌ရောက်မြဲ ကျ‌ရောက်လျက်ပင် ရှိသည်၊ သို့မဟုတ် သူတို့၏ မြို့ရွာအနီး၌ အမြဲမပြတ် သက်‌ရောက်‌နေသည်။ ‌နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်ချိန်းဆိုထား‌သော အပြစ်ဒဏ်သည် ‌ရောက်ရှိလာမည်ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိကို ‌ဖောက်ဖျက်‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [32] ထို့ပြင် အမှန်စင်စစ် အသင်၏မတိုင်မီ၌လည်း တမန်‌တော်များသည် ‌ပြောင်‌လှောင်ခြင်းကို ခံခဲ့ကြရသည်။ သို့ဖြစ်ပါလျက် ငါအရှင်မြတ်သည် ကာဖိရ်ငြင်းပယ်‌သောသူများအား ‌ရွှေ့ဆိုင်းခွင့်‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွက်မျက်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။

    [33] ၎င်း‌နောက် လူတိုင်းသည် မည်သည့်အရာအား ပြုလုပ်‌နေသည်ကို သိရှိ‌တော်မူ‌သော အရှင်မြတ်သည် (ကိုးကွယ်ရာအတုများနှင့် တူနိုင်ပါမည်‌လော)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ကိုးကွယ်ရာများကို ပြုလုပ်ခဲ့ကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့သည် သူတို့၏အမည်များကို ‌ပြောပြကြပါ။ (မည်သူများနည်း၊ ကိုးကွယ်ခြင်းခံထိုက်‌သော အရည်အချင်းများ ရှိ၏မရှိ၏ဆိုသည်ကို ကြည့်ပါရ‌စေ။)* သို့မဟုတ် အသင်တို့သည် အရှင်မြတ်အား အကြင်(တွဲဖက်ကိုးကွယ်‌သော)အရာ၏ရှိ‌နေခြင်းကို အသိ‌ပေး‌နေကြသ‌လော၊ ကမာ္ဘ‌မြေတွင် ထိုအရာရှိ‌နေ‌ကြောင်း အရှင်မြတ်၏အသိ၌ပင် မရှိ‌ပေ။ (ထိုတွဲဖက်ကိုးကွယ်ရာသည် အမှန်ရှိ‌နေပြီး အရှင်မြတ် မသိဘူးဆိုသည်မှာ မဖြစ်နိုင်‌ပေ။ ထိုအရာမရှိ‌ကြောင်းသာ အရှင်မြတ်၏အသိ၌ ရှိ‌နေခြင်းဖြစ်သည်။)* သို့မဟုတ် အ‌ပေါ်ယံအားဖြင့်သာ (‌ကျောက်တုံးများကို နာမည်တပ်ပြီး) ‌ပြောဆိုကြသည်‌လော၊ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ငြင်းပယ်သူများ၏အမြင်၌ သူတို့၏လျှို့ဝှက်ကြံသည်မှုသည် လှပတင့်တယ်‌အောင် ပြုလုပ်ခံရပြီဖြစ်သည်။ ထို့ပြင် (ထိုအရာ‌ကြောင့်လည်း) သူတို့သည် (မှန်ကန်‌သော)လမ်းမှ တားဆီးခြင်းခံခဲ့ကြရသည်။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်က လမ်းမှား‌စေ‌တော်မူလျှင် ထိုသူ့ကို လမ်းမှန်ညွှန်ကြားပြသမည့်သူ တစ်ဦးမှ မရှိ‌ပေ။

    [34] သူတို့အတွက် ဤဘဝတွင်လည်း ပြစ်ဒဏ်ရှိသည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်ကမူ ပိုပြင်းထန်လှသည်။ ထို့ပြင် သူတို့အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမှရှိမည်မဟုတ်‌ပေ။

    [35] ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ကတိ‌ပေးခြင်းခံကြရ‌သော ဂျန္နသ်သုခဘုံ၏ဂုဏ်ထူးသည် ထိုသုခဘုံ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ထိုသုခဘုံ၏သစ်သီးဝလံများနှင့်၊ သုခဘုံ၏အရိပ်အာဝါသများသည် တည်မြဲ‌သော သစ်သီးဝလံများနှင့် အရိပ်အာဝါသများဖြစ်ကြမည်။ ဤသည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် အကျိုးဖြစ်သည်။ ထို့ပြင် ငြင်းပယ်သူများ၏အကျိုးကမူ ငရဲမီးပင်ဖြစ်မည်။

    [36] ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်‌ပေးသနားထား‌တော်မူ‌သောသူများသည် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်)‌ကြောင့် ‌ပျော်ရွှင်‌နေကြသည်။ ထို့ပြင် အုပ်စုများထဲတွင် ထိုကျမ်း‌တော်၏ အချို့အစိတ်အပိုင်းကို ငြင်းပယ်‌သောသူများလည်း ရှိကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက်မကိုးကွယ်ရန် အမိန့်‌ပေး‌တော်မူခြင်းကိုသာ ခံခဲ့ရသည်။ ငါသည် အရှင်မြတ်ဘက်သို့သာ ဖိတ်‌ခေါ်‌နေခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်သွားရမည်ဖြစ်သည်။

    [37] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထိုကျမ်း‌တော်ကို ထင်ရှားပြတ်သား‌သော အရဗီဘာသာဖြင့် အမိန့်‌တော်တစ်ရပ်အဖြစ် ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် အသင်၏ထံသို့ အသိပညာ‌ရောက်ရှိလာခဲ့ပြီး‌နောက်မှ သူတို့၏အလိုဆန္ဒများကို လိုက်ခဲ့လျှင် အသင့်အား အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး ကူညီမည့်မိတ်‌ဆွေနှင့် ကာကွယ်‌စောင့်‌ရှောက်မည့်သူ မည်သူမှ ရှိမည်မဟုတ်‌ပေ။

    [38] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်‌တော်များအား ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်‌တော်များအတွက် ဇနီးကြင်ရာများနှင့် သားသမီးများကို ပြုလုပ်ဖန်တီး‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် မည်သည့်တမန်‌တော်မှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အာယသ်‌တော်(သက်‌သေလက္ခဏာတန်ခိုး‌တော်) တစ်စုံတစ်ရာကို ယူ‌ဆောင်လာရန် အခွင့်အာဏာမရှိ‌ပေ။* ‌ခေတ်ကာလတိုင်းအတွက် ကျမ်းတစ်ကျမ်းရှိသည်။

    [39] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖျက်သိမ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်အလိုရှိ‌သောအရာကို တည်တံ့‌စေ‌တော်မူသည်။ ၎င်း‌နောက် မှတ်တမ်းစာအုပ်(‌လောင်ဟိမဟ်ဖူးဇွ်)သည် အရှင်မြတ်ထံ‌တော်၌ပင် ရှိသည်။

    [40] ထို့ပြင် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကတိပြုထား‌သောအရာအချို့ကို ငါအရှင်မြတ်အ‌နေဖြင့် အသင့်အား ပြသသည်ဖြစ်‌စေ၊ သို့မဟုတ် ငါအရှင်မြတ်အ‌နေဖြင့် အသင့်အား ကွယ်လွန်‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ အသင်၏အ‌ပေါ်၌ (အမိန့်‌တော်များကို)ပို့‌ဆောင်ရန်သာ တာဝန်ရှိသည်။ ထို့ပြင် ငါအရှင်မြတ်သည်အ‌ပေါ်၌မူ စစ်‌ဆေးရန်တာဝန်လည်းရှိသည်။

    [41] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေကို ‌ဘေးပတ်ဝန်းကျင်များက ‌လျော့နည်း‌အောင်လုပ်ပြီး ယူလာ‌တော်မူသည်ကို သူတို့သည် မ‌တွေ့မြင်ကြသ‌လော။* ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်အလိုရှိသည်ကို)အမိန့်ချမှတ်‌တော်မူသည်။ အရှင်မြတ်၏အမိန့်ကို ‌ရွှေ့ဆိုင်းနိုင်သူ မည်သူမျှ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [42] ထို့ပြင် သူတို့မတိုင်မီရှိခဲ့ကြသူများ တိတ်ဆိတ်စွာ ကြံစည်ခဲ့ကြသည်။ ၎င်း‌နောက် အကြံအစည်အားလုံးကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် လူတိုင်းပြုလုပ်သမျှကို သိ‌တော်မူသည်။ ထို့ပြင် တမလွန်ဘဝ၏အကျိုးဆက်သည် မည်သူ၏အတွက်နည်းဆိုသည်ကို ကာဖိရ်များသည် မကြာမီ သိသွားကြမည်ဖြစ်သည်။

    [43] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက အသင်သည် တမန်‌တော်မဟုတ်‌ပေဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါနှင့် အသင်တို့ကြား၌ အလ္လာဟ်အရှင်မြတ်နှင့် ကျမ်းဂန်၏အသိပညာရှိ‌သောသူများ မျက်‌မှောက်အသိသက်‌သေအဖြစ် လုံ‌လောက်သည်။

    Surah 14
    အီဗရာဟင်မ်

    [1] အလိဖ် လာမ် ရာ။ (ဤသည်) အကြင်ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းဂန်အား ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ထံ ချ‌ပေး‌တော်မူခဲ့သည်၊ အသင်သည် လူများကို သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်၏အမိန့်နှင့် အ‌မှောင်များမှ အလင်းထံသို့ (ဆိုလိုသည်မှာ) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ အလွန်ချီးမွမ်ခြင်းခံထိုက်‌တော်မူ‌သော အရှင်မြတ်၏လမ်းထံသို့ ‌ခေါ်ထုတ်သွားရန်အတွက် (ဤကျမ်း‌တော်ကို ချ‌ပေးခဲ့ခြင်းဖြစ်သည်)။

    [2] အကြင်အလ္လာဟ်အရှင်မြတ်(၏လမ်းသို့၊) ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို စိုးပိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်‌သောသူများအတွက် ပြင်းထန်‌သောပြစ်ဒဏ်ထဲမှ ပျက်စီးမှုရှိသည်။

    [3] အကြင်သူတို့သည် ဤဘဝ၏အသက်ရှင်ခြင်းကို တမလွန်ဘဝထက်ပိုပြီး ဦးစား‌ပေးနှစ်သက်ကြသည်။ ထို့ပြင် သူတို့သည် ထိုလမ်း‌တော်၌ ‌ကွေ့‌ကောက်မှုကို ရှာ‌ဖွေ‌နေကြသည်။ ထိုသူများသည် အလွန်‌ဝေးလံ‌သောလမ်းမှားတွင် ရှိ‌နေကြသည်။

    [4] ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်တိုင်းကို ထိုတမန်‌တော်၏လူမျိုးများ၏ ဘာသာစကားဖြင့်သာ* ‌စေလွှတ်‌တော်မူခဲ့သည်၊ အ‌ကြောင်းမှာ ထိုတမန်‌တော်သည် သူတို့အား ထင်ရှားစွာ ထုတ်‌ဖော်ရှင်းလင်းပြသနိုင်ရန်အတွက်ဖြစ်သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌သောသူကို လမ်းမှား၌ပင် ထားရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌သောသူကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [5] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏သက်‌သေ လက္ခဏာ‌တော်များနှင့်တကွ* ‌စေလွှတ်‌တော်မူခဲ့သည်။ (၎င်း‌နောက် ဤသို့ အမိန့်ရှိ‌တော်မူသည်) အသင်သည် အသင်၏အမျိုးသားအား အ‌မှောင်များမှ အလင်းသို့ထုတ်‌ဆောင်ပါ။ ထို့ပြင် ထိုအမျိုးသားများအား အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူးပြု‌တော်မူ‌သော‌နေ့များကို သတိရ‌အောင်ပြုလုပ်ပါ။ အမှန်စင်စစ် ထို‌ကျေးဇူး‌တော်များထဲ၌ အလွန်သည်းခံသူများနှင့် အလွန်‌ကျေးဇူးသိတတ်သူများအတွက် သက်‌သေလက္ခဏာများရှိသည်။

    [6] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် သူ၏အမျိုးသားများကို ‌ပြောခဲ့သည်- အသင်တို့သည် အသင်တို့အ‌ပေါ်၌ရှိ‌သော အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သတိရကြပါ။ တစ်ခါက အရှင်မြတ်သည် အသင်တို့အား ဖိရ်‌အောင်န်၏မျိုးနွယ်များထံမှ ကယ်တင်‌တော်မူခဲ့သည်။ သူတို့သည် အသင်တို့အား မ‌ကောင်း‌သော‌ဘေးဒုက္ခများ သက်‌ရောက်‌စေခဲ့သည်။ ၎င်း‌နောက် သူတို့သည် အသင်တို့၏ သား‌ယောက်ျား‌လေးများအား သတ်ဖြတ်ကြပြီး အသင်တို့၏(သမီး)မိန်းမများကိုမူ မသတ်ဘဲ အရှင်ထားကြသည်။ ၎င်း‌နောက် ဤကိစ္စတွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကြီးကျယ်‌သော စမ်းသပ်မှုရှိသည်။

    [7] ထို့ပြင် တစ်ခါက အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသိ‌ပေး‌တော်မူခဲ့သည်- အကယ်၍ အသင်တို့သည် အမှန်ပင် ‌ကျေးဇူး‌တော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား ပိုတိုးပြီး ‌ပေးသနား‌တော်မူမည်၊ ၎င်း‌နောက် အကယ်၍ အသင်တို့သည် အမှန်ပင် ‌ကျေးဇူးကန်းကြလျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် အမှန်ပင် ပြင်းထန်လှသည်။

    [8] ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောသည်- အကယ်၍ အသင်တို့နှင့်တကွ တစ်ကမာ္ဘလုံး၌ ရှိသူများအားလုံးသည် ‌ကျေးဇူးကန်းကြလျှင်လည်း (အရှင်မြတ်တွင် မည်သည့်အရာမျှ မဆုံးရှုံး‌ပေ၊ အဘယ့်‌ကြောင့်ဆို‌သော်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [9] အသင်တို့ထံသို့ အသင်တို့၏မတိုင်မီက သူများဖြစ်ကြ‌သော (တမန်‌တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့‌နောက်၌ ရှိခဲ့ကြ‌သောအမျိုးသားများ၏အ‌ကြောင်း မ‌ရောက်ရှိခဲ့‌လေသ‌လော။ ထိုသူများ(၏ အ‌ရေအတွက်)ကို အရှင်မြတ်မှလွဲ၍ မည်သူမျှ မသိရှိကြ‌ပေ။ သူတို့ထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော အ‌ထောက်အထားများနှင့် လာခဲ့ကြသည်။ ထို့‌နောက် သူတို့သည် သူတို့၏လက်များကို (‌ဒေါသဖြစ်၍) သူတို့၏ပါးစပ်များထဲသို့ ထိုးထည့်ခဲ့ကြသည်။* ထို့ပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့‌စေလွှတ်ခြင်းခံရ‌သော အရာများကို ငြင်းပယ်ကြသည်။ ၎င်း‌နောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့က ကျွန်ုပ်တို့အား ဖိတ်‌ခေါ်လျက်ရှိ‌သောအရာနှင့်စပ်လျဉ်း၍ ယုံမှားဖြစ်‌စေသည့် သံသယထဲ၌ပင် ရှိ‌နေကြသည်။

    [10] သူတို့၏တမန်‌တော်များက ‌ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သံသယရှိ‌နေသ‌လော။ အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အသင်တို့၏အပြစ်များထဲမှ အသင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူရန်နှင့် သတ်မှတ်ထား‌သောအချိန်ကာလအထိ ‌စောင့်ဆိုင်း‌ပေး‌တော်မူရန်အတွက် အသင်တို့အား ဖိတ်‌ခေါ်‌တော်မူသည်။ သူတို့က ‌ပြောဆိုကြသည်- အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်ကြသည်။ အသင်တို့သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်‌နေခဲ့သည်များမှ တားဆီးရန် ကြံရွယ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်တို့ထံသို့ ထင်ရှား‌သော တန်ခိုး‌တော်ကို ယူ‌ဆောင်လာခဲ့ကြပါ။

    [11] သူတို့ကို သူတို့၏တမန်‌တော်များက ‌ပြောဆိုခဲ့ကြသည်- ငါတို့သည် အသင်တို့ကဲ့သို့ ူလူသားများသာ ဖြစ်ကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအ‌ပေါ် ‌ကျေးဇူးပြု‌တော်မူ‌လေ့ရှိသည်။ ထို့ပြင် ငါတို့အတွက် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ အသင်တို့ထံသို့ တန်ခိုး‌တော် တစ်စုံတစ်ခု ယူ‌ဆောင်မလာနိုင်ကြ‌ပေ။ ၎င်း‌နောက် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည်ဖြစ်သည်။

    [12] ထို့ပြင် အရှင်မြတ်သည် ငါတို့အား ငါတို့၏(မှန်ကန်‌သော)လမ်းများကို အမှန်ပင် ညွှန်ကြားပြသ‌တော်မူခဲ့ပါလျက် ငါတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ ယုံပုံလွှဲအပ်ခြင်းမပြုရန် ငါတို့တွင် မည်သည့်အ‌ကြောင်းရှိသနည်း။ ထို့ပြင် အသင်တို့က ငါတို့အား ဒုက္ခ‌ပေးခဲ့သည်များနှင့်ပတ်သက်၍ ငါတို့သည် အမှန်ပင် သည်းခံကြရ‌တော့မည် ဖြစ်သည်။ ၎င်း‌နောက် သို့ဖြစ်ရာ ယုံပုံလွှဲအပ်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည်ဖြစ်သည်။

    [13] ထို့ပြင် ကာဖိရ်များက သူတို့၏တမန်‌တော်များအား ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ‌ဒေသမှ အမှန်စင်စစ် နှင်ထုတ်ကြမည်၊ သို့မဟုတ် အသင်တို့သည် ကျွန်ုပ်တို့၏သာသနာထဲသို့ အမှန်ပင် ပြန်ဝင်ကြရလိမ့်မည်။* သို့ဖြစ်ရာ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့ထံသို့ အမိန့်‌တော် ထုတ်ပြန်‌တော်မူခဲ့သည်- အမှန်စင်စစ် မတရားသူများအား ငါအရှင်မြတ်သည် ဖျက်ဆီးပစ်‌တော်မူမည်။

    [14] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့မရှိကြသည့်‌နောက်တွင် အသင်တို့အား မြို့ရွာနယ်‌မြေ၌ ‌နေရာချ‌ပေး‌တော်မူမည်။ ဤသည် (တရားစီရင်မည့်‌နေ့တွင်)ငါအရှင်မြတ်၏‌ရှေ့၌ မတ်တတ်ရပ်ရမည်ကို စိုးရိမ်ရ‌သောသူအတွက်နှင့် ငါအရှင်ချိန်းဆိုထား‌သော အပြစ်ဒဏ်ကို ‌ကြောက်ရွံ့သူအတွက်ဖြစ်သည်။

    [15] ထို့ပြင် ၎င်း(တမန်‌တော်)များက အကူအညီ‌တောင်းခဲ့ကြသည်၊ (သို့မဟုတ်)ထို (ကာဖိရ်)များက အဆုံးအဖြတ်‌တောင်းခဲ့ကြသည်။* ထို့‌နောက် ‌ခေါင်းမာ‌သော ‌မောက်မာသူတိုင်းသည် ရည်ရွယ်ချက် (မ‌အောင်မြင်ဘဲ)ပျက်စီးသွားခဲ့သည်။

    [16] ထို(‌မောက်မာ)သူတိုင်း၏‌နောက်၌ ဂျဟန္နမ်ငရဲဘုံရှိ‌နေသည်။ ထို့ပြင် သူသည် ပြည်ပုပ်ရည်တိုက်‌ကျွေးခြင်းကို ခံရမည်။

    [17] သူသည် ထိုအရာ(ပြည်ပုပ်ရည်)ကို တစ်ကျိုက်စီ မျိုချလိမ့်မည်၊ သို့ရာတွင် သူသည် ထိုပြည်ပုပ်ရည်ကို လည်‌ချောင်း‌အောက် (တစ်ဆို့လျက်)ခဲယဉ်းစွာ မျိုချရလိမ့်မည်။ ၎င်း‌နောက် သူသည် ‌သေဆုံးသူမဖြစ်ဘဲလျက် ‌သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ ‌ရောက်လာ(‌နေ)လိမ့်မည်။ ထို့ပြင် ဤ(ပြည်ပုပ်ရည် ‌သောက်ရ‌သောအပြစ်ဒဏ်)၏‌နောက်၌ ပြင်းထန်‌သော ပြစ်ဒဏ်တစ်မျိုးလည်း ရှိဦးမည်။

    [18] သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ငြင်းပယ်ခဲ့ကြ‌သောသူတို့၏လုပ်ရပ်များ၏ပမာသည် အကြင်ပြာနှင့်တူသည်။* ထိုပြာအား ‌လေမုန်တိုင်းကျ‌သော‌နေ့တွင် ‌လေက ပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။ သူတို့သည် သူတို့ရှာ‌ဖွေ စု‌ဆောင်းခဲ့ကြ‌သော အရာများထဲမှ မည်သည့်အရာမျှ မတတ်စွမ်းနိုင်ကြ‌ပေ။ ထိုအရာသည် အလွန်‌ဝေးလံ‌သော လမ်းလွဲမှုပင်ဖြစ်သည်။

    [19] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို မှန်ကန်စွာ ဖန်ဆင်‌တော်မူခဲ့သည်ကို အသင် မမြင်သ‌လော။ အကယ်၍ အရှင်မြတ်အလိုရှိ‌တော်မူလျှင် အရှင်မြတ်အ‌နေနှင့် အသင်တို့ကို ဖယ်ရှားပြီး အဖန်ဆင်းခံအသစ် ယူ‌ဆောင်လာ‌တော်မူမည်ဖြစ်သည်။

    [20] ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ ခဲယဉ်းသည့်ကိစ္စ မဟုတ်‌ပေ။

    [21] ထို့ပြင် သူတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့၌ ထင်ရှား‌ရောက်ရှိလာမည်ဖြစ်သည်။ ထို့‌နောက် ချည့်နဲ့‌သောသူ(‌နောက်လိုက်)များက မာန‌ထောင်ကြ‌သောသူ (‌ရှေ့‌ဆောင်အကြီးအကဲ)များကို ‌ပြောဆိုကြမည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏‌နောက်လိုက်များပင် ဖြစ်ခဲ့ကြသည့်အတွက် (ယ‌နေ့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ထဲမှ အနည်းငယ် ကျွန်ုပ်တို့ထံမှ ဖယ်ရှား‌ပေးနိုင်ကြပါသ‌လော*ဟု ‌ပြောဆိုကြမည်။ သူတို့က ‌ပြောဆိုကြမည်- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းမှန်ညွှန်ကြားပြသ‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား အမှန်ပင် လမ်းမှန်ညွှန်ကြားပြသကြမည် ဖြစ်သည်။ (ယခုမူ) အသင်တို့နှင့် ကျွန်ုပ်တို့သည် ငို‌ကြွေးသည်ဖြစ်‌စေ၊ သည်းခံသည်ဖြစ်‌စေ ကျွန်ုပ်တို့အတွက် အ‌ကြောင်းမထူး‌တော့‌ပေ။ ကျွန်ုပ်တို့အတွက် ထွက်‌ပြေးလွတ်‌မြောက်ရန် မည်သည့်‌နေရာမှ မရှိ‌တော့‌ပေ။

    [22] ထို့ပြင် (အားလုံး)စီရင်ဆုုံးဖြတ်ပြီး‌သောအခါ ရှိုင်သွာန်က ‌ပြောဆိုမည်- အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မှန်ကန်‌သောကတိကို ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ကျွန်ုပ်သည်လည်း အသင်တို့အား ကတိ‌ပေးခဲ့သည်ပင်။ ထို့‌နောက် ကျွန်ုပ်ကမူ အသင်တို့အား ကတိ‌ဖောက်ဖျက်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) ကျွန်ုပ်သည် အသင်တို့အ‌ပေါ် မည်သည့်အရာမျှ လွှမ်းမိုးနိုင်ခြင်းမရှိခဲ့‌ပေ၊ သို့ရာတွင် ကျွန်ုပ်သည် အသင်တို့အား ဖိတ်‌ခေါ်ရုံသာ ဖိတ်‌ခေါ်ခဲ့သည်၊ ထို့‌နောက် အသင်တို့က ကျွန်ုပ်အား လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်အား အပြစ်မတင်ကြနှင့်၊ အသင်တို့သည် အသင်တို့ကိုယ် အသင်တို့သာ အပြစ်တင်ကြပါ။ ကျွန်ုပ်လည်း အသင်တို့အား ကယ်မည့်သူ မဟုတ်‌ပေ။ အသင်တို့လည်း ကျွန်ုပ်အား ကယ်မည့်သူများ မဟုတ်ကြ‌ပေ။ အသင်တို့သည် ယခင်က ကျွန်ုပ်အား (အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသည်ကို ကျွန်ုပ် အမှန်ပင် ငြင်းပယ်သည်။ အမှန်စင်စစ် မတရားကျူးလွန်သူများအတွက် နာကျင်‌စေ‌သောပြစ်ဒဏ်ရှိသည်။

    [23] ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကောင်မြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများသည် ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေခြင်းခံကြရမည်။ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်နှင့် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေရမည့်သူများဖြစ်ကြမည်။ ထိုဥယျာဉ်များတွင် သူတို့၏နှုတ်ခွန်းဆက်သမှုသည် “စလာမ် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ“ဟု ဖြစ်လိမ့်မည်။

    [24] အလ္လာဟ်အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌သောစကား*ကို မည်သို့ ပမာခိုင်း‌တော်မူသည်ကို အသင်မသိသ‌လော။ (ထိုစကားသည်) အကြင်သန့်စင်‌သော သစ်ပင်နှင့်တူသည်။ ထိုသစ်ပင်၏အမြစ်သည် မြဲမြံခိုင်ခံ့ပြီး သူ၏အကိုင်းအလက်သည် ‌ကောင်းကင်၌ရှိ‌နေသည်။

    [25] ထိုသစ်ပင်သည် သူ့အား ပြုစုပျိုး‌ထောင်‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်နှင့် သူ၏အသီးများကို (ရာသီဥတုမ‌ရွေး)အချိန်တိုင်း အမြဲ‌ပေးလျက်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူများအတွက် သူတို့ သတိတရားရကြရန် ပမာခိုင်းနှိုင်းပြသ‌တော်မူသည်။

    [26] ၎င်း‌နောက် ညစ်ညမ်း‌သောစကား၏ပမာကမူ အကြင်ညစ်ညမ်း‌သော သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သည်။ ထိုသစ်ပင်သည် ‌မြေ၏အ‌ပေါ်ယံမှပင် နှုတ်ပစ်ခြင်းခံရသည်။ သူ့တွင် မြဲမြံခိုင်ခံ့မှု လုံးဝမရှိ‌ပေ။

    [27] အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား တည်တံ့ခိုင်မြဲ‌သောစကား(ကလိမဟ် ရှဟာဒသ်)နှင့် ဤဘဝတွင်သာမက ‌နောင်ဘဝတွင်ပါ တည်မြဲ‌စေ‌တော်မူသည်။* ၎င်း‌နောက် မတရား‌သောသူများကိုမူ အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည်ကို ပြုလုပ်‌တော်မူသည်။

    [28] အသင်သည် အကြင်သူများအား မမြင်ခဲ့‌လေသ‌လော။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ကို ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့သည်။ ထို့ပြင် သူတို့သည် သူတို့၏အမျိုးသားများအား ပျက်စီးရာဌာနတွင် ကျ‌ရောက်‌စေခဲ့သည်။

    [29] ဂျဟန္နမ်ငရဲဘုံ(ထဲသို့ ကျ‌ရောက်‌စေခဲ့ခြင်းဖြစ်သည်)၊ ၎င်းထဲသို့ သူတို့ဝင်ကြရမည်။ ၎င်း‌နောက် ထိုအရာသည် အဘယ်မျှ ဆိုးဝါးလှ‌သော ရပ်တည်ရာဖြစ်လိုက်သနည်း။

    [30] ထို့ပြင် သူတို့သည် (သူတို့ကိုယ်ကိုသာမက လူများကိုပါ)အရှင်မြတ်၏ လမ်းမှလွဲ‌စေကြရန် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး ဂုဏ်ရည်တူများပြုလုပ်ခဲ့ကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အသင်တို့သည် အကျိုးခံစားကြပါ၊ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် အသင်တို့၏ ပြန်လည်ရာစခန်းသည် ငရဲမီးပင်ဖြစ်သည်။

    [31] (အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်ကြ‌သော ငါအရှင်မြတ်၏ကျွန်များကို ‌ပြောလိုက်ပါ၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြရမည်၊ ၎င်း‌နောက် ‌ရောင်းဝယ်‌ဖောက်ကားမှုလည်းရှိမည် မဟုတ်၊ မိတ်‌ဆွေဖြစ်မှုလည်းရှိမည် မဟုတ်‌သော‌နေ့ မဆိုက်‌ရောက်မီ ငါအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများထဲမှ လျှို့ဝှက်စွာနှင့် ထင်ရှားစွာ ‌ပေးကမ်းစွန့်ကြဲကြရမည်(ဟု ‌ပြောလိုက်ပါ)။

    [32] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်ဖြစ်သည်၊ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ပထဝီ‌မြေကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ထို‌ရေနှင့် အသင်တို့အတွက် သစ်သီးဝလံများကို ရိက္ခာအဖြစ် ထွက်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်၏အမိန့်‌တော်ဖြင့် ရွက်သ‌ဘေင်္ာများသည် ပင်လယ်ထဲ၌ သွားလာရန်အတွက် အရှင်မြတ်သည် ထို(ရွက်သ‌ဘေင်္ာ)များအား အသင်တို့၏ညွှန်ကြားချက်ကို လိုက်နာ‌အောင်လုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အကျိုးအတွက် မြစ်‌ချောင်းများကိုလည်း နာခံ‌စေ‌တော်မူခဲ့သည်။

    [33] ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို အမြဲသွားလာ‌စေပြီး အသင်တို့အကျိုးအတွက် လိုက်နာ‌စေ‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ညနှင့်‌နေ့ကို အသင်တို့အကျိုးအတွက် အမိန့်နာခံ‌စေ‌တော်မူခဲ့သည်။

    [34] ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်၌ အသင်တို့ ‌တောင်းခံခဲ့‌သောအရာများအားလုံးထဲမှ အသင်တို့အား ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို ‌ရေတွက်မည်ဆိုလျှင် အသင်တို့သည် ထို‌ကျေးဇူး‌တော်များကို ‌ရေတွက်နိုင်ကြမည် မဟုတ်‌ပေ။ အမှန်စင်စစ် လူသားသည် အမှန်ပင် အလွန်မတရားသူ၊ အလွန်‌ကျေးဇူးကန်းသူပင် ဖြစ်သည်။

    [35] ထို့ပြင် တစ်ခါက(တမန်‌တော်)အိဗ်ရာဟီမ်သည် ‌ပြောဆို‌လျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ဤမြို့အား ငြိမ်းချမ်းသာယာ‌သောမြို့အဖြစ် ပြုလုပ်‌ပေးသနား‌တော်မူပါ။* ၎င်း‌နောက် အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏သား(‌မြေး)များကို ကျွန်ုပ်တို့သည် ရုပ်တုများအား မကိုးကွယ်မိကြရန် ‌ဝေးစွာဖယ်ရှားထား‌ပေး‌တော်မူပါ။

    [36] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ထိုရုပ်တုများသည် လူများအား လမ်းလွဲ‌စေခဲ့ကြပါသည်။* သို့ဖြစ်ရာ မည်သူမဆို ကျွန်ုပ်၏‌နောက်သို့လိုက်ပြီး(စကားကို နာခံခဲ့လျှင်) အမှန်စင်စစ် ထိုသူသည် ကျွန်ုပ်၏အုပ်စုထဲမှပင် ဖြစ်ပါသည်။ ၎င်း‌နောက် မည်သူမဆို ကျွန်ုပ်၏စကားကို ဖီဆန်ခဲ့လျှင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [37] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏သားသမီးအချို့အား* အရှင်မြတ်၏မြင့်မြတ်‌သောအိမ်‌တော်အနီးတွင် လယ်ယာကိုင်းကျွန်းမရှိ‌သော ‌တောင်ကြား‌ဒေသတစ်ခု၌ ‌နေရာချထားခဲ့ပါသည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြရန်အတွက် (‌နေရာချ‌ပေးထားခဲ့ခြင်းဖြစ်ပါသည်)။ သို့ဖြစ်ရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို သူတို့ဘက်သို့ ယိမ်းညွတ်‌စေရန်ပြုလုပ်‌ပေး‌တော်မူပါ။ ထို့ပြင် သူတို့သည် ‌ကျေးဇူး‌တော်ကို သိကြရန်အတွက် အရှင်မြတ်သည် သူတို့အား သစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်‌ပေးသနား‌တော်မူပါ။

    [38] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့ လျှို့ဝှက်ကြ‌သောအရာနှင့် ထင်‌ပေါ်‌စေကြ‌သောအရာကို သိရှိ‌တော်မူပါသည်။ ထို့ပြင် ‌မြေပထဝီနှင့် မိုး‌ကောင်းကင်တွင် မည်သည့်တစ်စုံတစ်ရာမျှ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်‌နေသည် မရှိ‌ပေ။

    [39] ချီးမွမ်းခြင်းဟူသမျှသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား အိုမင်းရင့်‌ရော်‌သောအရွယ်တွင် (တမန်‌တော်)အစ္စမာအီလ်နှင့် (တမန်‌တော်)အစ္စဟာက်ကို ‌ပေးသနား‌တော်မူခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌တောင်းဆုကို မုချအကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [40] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို အမြဲ စွလာသ်ဝတ်ပြုသူအဖြစ် ပြုလုပ်‌တော်မူပါ။ ၎င်း‌နောက် ကျွန်ုပ်၏သားစဉ်‌မြေးဆက်များထဲမှလည်း (စွလာသ်ဝတ်ပြုသူများ ပြုလုပ်‌တော်မူပါ)။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၏‌တောင်းဆုကို လက်ခံသ‌ဘောတူ‌တော်မူပါ။

    [41] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် စစ်‌ဆေးမှုဖြစ်‌ပေါ်မည့်‌နေ့တွင် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိဘနှစ်ပါးသာမက အီမာန်ယုံကြည်သူများအားလည်း* လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူပါ။

    [42] ထို့ပြင် အမှန်ပင် အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသူများပြုလုပ်ကြ‌သော လုပ်ရပ်များမှ ‌မေ့‌လျော့‌နေ‌သောအရှင်ဟု လုံးဝ မထင်မှတ်‌လေနှင့်။ အရှင်မြတ်သည် သူတို့အား အကြင်‌နေ့ထိ ဆိုင်းငံ့‌ပေးထားခြင်းသာဖြစ်သည်။* ထို‌နေ့တွင် မျက်စိများသည် ပြူး(ကျယ်ပြီး လန့်ဖြန့်‌ငေး‌မော)‌နေကြလိမ့်မည်။

    [43] (ထို‌နေ့တွင် သူတို့သည်) သူတို့၏ဦး‌ခေါင်းမျာကို ‌မော့ပြီး အမြန်‌ပြေး‌နေလိမ့်မည်။ သူတို့၏မျက်စိများသည် မျက်‌တောင်မခတ်ဘဲ (စူးစိုက်)ကြည့်‌နေကြလိမ့်မည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများသည်လည်း လွင့်ပျံ‌နေကြလိမ့်မည်။ (‌ကြောက်ရွံ့မှု‌ကြောင့် နှလုံးသည်း‌ခြေပျက်ပြားလျက် သတိလစ်‌နေကြလိမ့်မည်)။

    [44] ထို့ပြင် အသင်သည် လူများအား သူတို့ထံ ပြစ်ဒဏ်‌ရောက်လာမည့်‌နေ့နှင့်ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်ပါ၊ (ထို‌နေ့တွင်) မ‌ကောင်းမှုကျူးလွန်ခဲ့ကြ‌သောသူများက “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အချိန်အနည်းငယ် ဆိုင်းငံ့‌ပေး‌တော်မူပါ။* ကျွန်ုပ်တို့သည် အရှင်မြတ်၏ဖိတ်‌ခေါ်မှုကို လက်ခံကြပါမည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် တမန်‌တော်များ၏အမိန့်ကိုလည်း လိုက်နာကြပါမည်“ဟု ‌ပြောဆိုကြမည်။ (ထိုအခါ အရှင်မြတ်က အမိန့်ရှိ‌တော်မူမည်း) အသင်တို့သည် ယခင်က အသင်တို့အ‌ပေါ်တွင် မည်သို့မှ ပျက်စီးယိုယွင်းမှုရှိမည်မဟုတ်‌ပေဟု ကျိန်ဆို(‌ပြော)ခဲ့ကြသည် မဟုတ်‌လော။

    [45] ထို့ပြင် အသင်တို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့‌သောသူများ (တမန်‌တော်ဟူဒ်နှင့် တမန်‌တော်စွာလိဟ်၏မျိုးနွယ်များ)၏ ‌နေရပ်များတွင်ပင် ‌နေထိုင်ခဲ့ကြသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အား မည်သို့ ပြုလုပ်‌တော်မူခဲ့‌ကြောင်း အသင်တို့‌ရှေ့တွင် ထင်ရှားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အတွက် ပမာများလည်းခိုင်းပြ‌တော်မူခဲ့‌ပေသည်။ (သို့ပါလျက် သံ‌ဝေဂတရား မရကြသ‌လော)။

    [46] ထို့ပြင် သူတို့သည် သူတို့၏လျှို့ဝှက်ကြံစည်မှုကို အမှန်ပင် ကြံစည်ခဲ့ကြသည်။ ထို့ပြင်(အမှန်စင်စစ်) သူတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်၌ပင် ရှိခဲ့သည်။* ထို့ပြင် သူတို့၏ကြံစည်မှုသည် ထိုကြံစည်မှု‌ကြောင့် ‌တောင်များသည်ပင် ‌ရွေ့သွားလူမတတ်ဖြစ်သည်။

    [47] သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏တမန်‌တော်များနှင့် ချိန်းဆိုထား‌သော ကတိကို ‌ဖောက်ဖျက်‌တော်မူမည့်အရှင်ဟု လုံးဝ မထင်လိုက်‌လေနှင့်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [48] (ဤအရာများသည် အကြင်‌နေ့တွင်ဖြစ်မည်)၊ ထို‌နေ့တွင် (ဤ)‌မြေပထဝီသည် အခြား‌မြေပထဝီဖြင့် ‌ပြောင်းလဲသွားမည်။ ၎င်း‌နောက် (ဤ)မိုး‌ကောင်းကင်များသည်လည်း (အခြားမိုး‌ကောင်းကင်များဖြင့် ‌ပြောင်းလဲသွားလိမ့်မည်)။* ထို့ပြင် (လူသတ္တဝါအားလုံးသည်) တစ်ပါးတည်းအရှင်၊ အဖန်ဆင်းခံအားလုံးအ‌ပေါ်တွင် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၏ ‌ရှေ့‌တော်သို့ ထွက်‌ပေါ်လာခဲ့ကြလိမ့်မည်။

    [49] ၎င်း‌နောက် အသင်သည် ထို‌နေ့တွင် အပြစ်ကျူးလွန်သူများကို သံကြိုးများနှင့် ပူးတွဲချုပ်‌နှောင်ထားသည်ကို ‌တွေ့မြင်ရလိမ့်မည်။

    [50] သူတို့၏အဝတ်အစားများသည် ကတ္တရာ‌စေးနှင့်ပြုလုပ်ထား‌သော အဝတ်အစားများဖြစ်မည်။ ၎င်း‌နောက် ငရဲမီးသည် သူတို့၏မျက်နှာများကို ဖုံးအုပ်‌နေမည်။

    [51] အလ္လာဟ်အရှင်မြတ်သည် လူတိုင်းအား သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြသည်များနှင့်ပတ်သက်၍ အစား‌ပေး‌တော်မူရန် (ဤသို့ ပြုလုပ်ခြင်း)ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [52] ဤ(ကုရ်အာန်)သည် လူများအတွက် အ‌ကြောင်းကြားချက်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ၎င်းအရာနှင့် သတိ‌ပေးနှိုး‌ဆော်ခြင်းခံရရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အရှင်မြတ်သည် တစ်ပါးတည်းရှိ‌သော ကိုးကွယ်ထိုက်‌သောအရှင် ဖြစ်‌တောမူ‌ကြောင်း သူတို့ သိရှိယုံကြည်ရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အသိဉာဏ်ရှိ‌သောသူများ သတိတရားရရန်အတွက်လည်း ဖြစ်သည်။

    Surah 15
    ကျောက်ဆောင်မြေ

    [1] အလိဖ် လာမ် ရာ။ ဤသည် ကျမ်းဂန်၏ အာယသ်‌တော်များဖြစ်ပြီး ထင်ရှား‌သော ကုရ်အာန်ကျမ်း‌တော်မြတ်၏ အာယသ်‌တော်များလည်းဖြစ်သည်။

    [2] ကာဖိရ်ငြင်းပယ်သူများက (ကိယာမသ်‌နေ့တွင်) အကယ်၍ သူတို့သည် မွတ်စ်လင်မ်များဖြစ်ခဲ့ကြလျှင် ‌ကောင်း‌လေစွဟု အကြိမ်ကြိမ် ‌တောင့်တကြလိမ့်မည်။

    [3] အသင်သည် သူတို့အား လွှတ်ထားလိုက်ပါ။ သူတို့သည် စားပါ‌စေ၊ အကျိုးခံစားပါ‌စေ၊ (သူတို့၏)‌မျှော်လင့်ချက်များက သူတို့အား နစ်မွန်း‌နေ‌အောင် လုပ်ပါ‌စေ။ မကြာမီ သူတို့သည် သိကြရလိမ့်မည်။

    [4] ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမှ ထိုမြို့ရွာနှင့်ပတ်သက်၍ သတ်မှတ်ထား‌သောအချိန်(ဆိုက်‌ရောက်ခြင်း)မရှိဘဲ ဖျက်ဆီး‌တော်မမူခဲ့‌ပေ။

    [5] မည်သည့်လူမျိုးမှ သူတို့၏အချိန်ထက်‌စောပြီး သွားနိုင်ကြမည် မဟုတ်‌ပေ၊ ထို့ပြင် ‌နောက်ဆိုင်း၍လည်း ‌နေနိုင်ကြမည် မဟုတ်‌ပေ။

    [6] ထို့ပြင် သူတို့က(အသင့်အား)- “အို- ကျမ်းစာချ‌ပေးခြင်းခံရသူ၊ စင်စစ် အသင်သည် အရှုးပင်ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [7] “အကယ်၍ အသင်သည် မှန်ကန်စွာ ‌ပြောဆိုသူဖြစ်လျှင် အဘယ့်အတွက်‌ကြောင့် အသင်သည် ‌ကောင်းကင်တမန်များကို ကျွန်ုပ်တို့ထံ ‌ခေါ်မလာသနည်း။“

    [8] ငါအရှင်မြတ်သည် မှန်ကန်‌သော(ဆုံးဖြတ်ချက်)မရှိဘဲ ‌ကောင်းကင်တမန်များအား ချ‌ပေး‌တော်မမူ‌ပေ။ ထို့ပြင် သူတို့သည် ထို(‌ကောင်းကင်တမန်များ ‌ရောက်လာ‌သော)အခါ ဆိုင်းငံ့ခွင့် ‌ပေးခံရမည်မဟုတ်‌တော့‌ပေ။

    [9] အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ထိုဆုံးမဩဝါဒ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ထိုဆုံးမဩဝါဒကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူမည့်အရှင် အမှန်ပင်ဖြစ်‌တော်မူသည်။

    [10] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ အုပ်စုများတွင်လည်း (တမန်‌တော်များ)‌စေလွှတ်‌တော်မူခဲ့သည်။

    [11] ထို့ပြင် သူတို့ထံသို့ တမန်‌တော်တစ်ပါးပါး‌ရောက်လာတိုင်း သူတို့သည် ထိုတမန်‌တော်ကို ‌ပြောင်‌လှောင်‌လေ့ရှိခဲ့ကြသည်။

    [12] ဤသို့ပင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများ၏ စိတ်နှလုံးများထဲ၍ ထို(‌ပြောင်‌လှောင်မှု)ကို ထည့်‌ပေး‌တော်မူသည်။

    [13] (သို့ဖြစ်ရာ) သူတို့သည် ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို မယုံကြည်ကြ‌ပေ။ ထို့‌နောက် ‌ရှေး‌ဟောင်းလူများ၏ အစဉ်အလာသည်လည်း အမှန်စင်စစ် (ဤအတိုင်းပင်)ကုန်လွန်ပြီးဖြစ်သည်။

    [14] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုး‌ကောင်းကင်တံခါး‌ပေါက်တစ်စုံတစ်ခုကို ဖွင့်‌ပေး‌တော်မူခဲ့လျှင် ၎င်း‌နောက် သူတို့သည် ‌နေ့ခင်း‌ကြောင်‌တောင်၌ ထိုတံခါး‌ပေါက်မှ တက်သွားခဲ့ကြမည်ဆိုလျှင်လည်း။

    [15] “ကျွန်ုပ်တို့၏မျက်စိများသည် (လှည့်စား)ပိတ်ဆို့ထားခြင်းကို ခံလိုက်ကြရပြီဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် စုန်းပြူးစားခြင်းကို ခံခဲ့ကြရ‌သော လူများပင်ဖြစ်ကြသည်“*ဟု သူတို့က ‌ပြောဆိုကြမည် အမှန်ပင်။

    [16] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်တွင် ကြယ်များကို ပြုလုပ်‌တော်မူပြီး ထိုမိုးကို ကြည့်ရှုသူများအတွက် မျက်စိကြည်နူးမှု ဖြစ်‌စေ‌တော်မူခဲ့သည်။

    [17] ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုးကို နှင်ထုတ်ခြင်းခံရ‌သော ရှိုင်သွာန်တိုင်းမှ ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူသည်။

    [18] သို့ရာတွင် မည်သည့်ရှိုင်သွာန်မဆို လျှို့ဝှက်(စကားကိုခိုး)နား‌ထောင်ခဲ့လျှင် ထို(သို့ နား‌ထောင်သည့်)အတွက် လင်းဝင်‌သော မီး‌တောက်မီးလျှံသည် သူ၏‌နောက်သို့ လိုက်‌တော့သည်။

    [19] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီကို ဖြန့်ခင်း‌တော်မူပြီး ထိုအ‌ပေါ်တွင် (‌လေးလံ‌သော)‌တောင်ကြီးများကို စိုက်ထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေပထဝီတွင် သတ်မှတ်ထားသည့်အရာတိုင်းကို ‌ပေါက်‌ရောက်ဖြစ်ထွန်း‌စေ‌တော်မူသည်။

    [20] ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေပထဝီတွင် အသင်တို့အတွက်နှင့် အသင်တို့ စရိတ်မ‌ထောက်ပံ့‌သောသူများ(တိရစာ္ဆန်)အတွက် အသက်‌မွေးဝမ်း‌ကျောင်းမှုများကို ပြုလုပ်ထား‌တော်မူသည်။

    [21] ထို့ပြင် မည်သည့်အရာမဆို ငါအရှင်မြတ်ထံ‌တော်၌ ထိုအရာများ၏စုပုံထားမှု (ဘဏ္ဍာများသည် ပြည့်လျှံလျက်)ရှိသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုအရာများကို သတ်မှတ်ထားသည့် အတိုင်းအတာနှင့် ချိန်ဆပြီး‌နောက် ချ‌ပေးခြင်းဖြစ်သည်။

    [22] ထို့ပြင် ငါအရှင်မြတ်သည် ‌ရေများသယ်‌ဆောင်လာ‌သော‌လေများကို ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ၎င်း‌နောက် အသင်တို့သည် ထို‌ရေကိုစု‌ဆောင်းထားသူများ မဟုတ်ကြပါဘဲလျက်* ငါအရှင်မြတ်သည် အသင်တို့အား ထို‌ရေကို တိုက်‌ကျွေး‌တော်မူခဲ့သည်။

    [23] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ရှင်‌စေ‌တော်မူသည်၊ ၎င်း‌နောက် ငါအရှင်မြတ်သည်ပင် ‌သေ‌စေ‌တော်မူသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည်ပင် (အမြဲကျန်‌နေမည့်) အ‌မွေစားအ‌မွေခံဖြစ်‌တော်မူသည်။

    [24] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ ယခင်က လူများကိုလည်း သိ‌တော်မူသည်၊ ၎င်း‌နောက် အသင်တို့ထဲမှ ‌နောင်လာမည့်သူများကိုလည်း သိ‌တော်မူသည်။

    [25] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့အား (ကိယာမသ်‌နေ့တွင်) စုရုံး‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [26] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် လူသားအား ပုံသွင်းထား‌သော အသံမြည်သည့် ရွှံ့‌ခြောက်နှင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [27] ထို့ပြင် ဂျင်န်သတ္တဝါကို (လူသား မဖန်ဆင်းမီ)ယခင်က အလွန်ပူပြင်း‌သော မီးနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [28] ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌ကောင်းကင်တမန်များကို မိန့်ကြား‌တော်မူခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား ပုံသွင်းထား‌သော အသံမြည်သည့် ရွှံ့‌ခြောက်နှင့် ဖန်ဆင်း‌တော်မူမည်။

    [29] ၎င်း‌နောက် ငါအရှင်မြတ်သည် ထို‌မြေရုပ်ကို ပြီးစီး‌အောင်ပြုလုပ်၍ ၎င်းထဲသို့ အရှင်မြတ်ထံ‌တော်မှ ဝိညာဉ်ကို မှုတ်ထည့်‌တော်မူ‌သောအခါ အသင်တို့သည် ထိုလူသား‌ရှေ့၌ ပျပ်ဝပ်ဦးချကြ‌လော့။

    [30] သို့ဖြစ်ရာ ‌ကောင်းကင်တမန်အားလုံးတို့သည် စဂျ်ဒဟ်ဦးချခဲ့ကြသည်။

    [31] အိဗ်လီစ်မှလွဲ၍၊ သူကမူ စဂ်ျဒဟ်ဦးချသူများထဲ၌ အပါအဝင်ဖြစ်ရန် ငြင်းပယ်ခဲ့သည်။

    [32] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်၊ အို- အိဗ်လီစ်၊ အသင်သည် ဦးချ‌သောသူများထဲ၌ အပါအဝင်မဖြစ်ရန် အသင့်တွင် မည်သည့်အ‌ကြောင်းရှိသနည်း။

    [33] သူ(အိဗ်လီစ်)က‌လျှောက်ထားသည်- “ကျွန်ုပ်သည် အရှင်မြတ်က ပုံသွင်းထား‌သော အသံမြည်သည့် ရွှံ့နှင့် ဖန်ဆင်း‌တော်မူခဲ့‌သော လူသားကို ဦးချမည် မဟုတ်‌ပေ“။

    [34] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- သို့ဖြစ်လျှင် အသင်သည် ဤ‌ကောင်းကင်ဘုံမှ ထွက်သွားလိုက်ပါ။ အမှန်စင်စစ် အသင်သည် နှင်ထုတ်ခံရ‌သောသူပင်ဖြစ်သည်။

    [35] ထို့ပြင် အမှန်စင်စစ် ကရုဏာ‌တော်မှ ကင်း‌ဝေးခြင်းသည် အစား‌ပေးမည့်‌နေ့အထိ အသင့်အ‌ပေါ်တွင် ရှိလိမ့်မည်။

    [36] အိဗ်လီစ်က‌ပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သို့ဖြစ်လျှင် အရှင်မြတ်သည် ကျွန်ုပ်ကို ရှင်ပြန်ထမည့်‌နေ့ထိ (‌သေခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ)ဆိုင်းငံ့ထား‌ပေး‌တော်မူပါ။

    [37] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- သို့ဖြစ်ရာ အမှန်ပင် အသင်သည် ဆိုင်းငံ့ခြင်းခံရသူများထဲမှ တစ်ဦးဖြစ်သည်။

    [38] သတ်မှတ်ထားပြီးဖြစ်‌သော အချိန်ကာလအထိဖြစ်သည်။

    [39] အိဗ်လီစ်က‌ပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို လမ်းလွဲ‌စေ‌တော်မူခဲ့ပြီဖြစ်သည့်အတွက် အမှန်ပင် ကျွန်ုပ်သည် ‌လောကတွင် လူသားများ၏အမြင်၌ (မ‌ကောင်းမှုများကို) လှပတင့်တယ်‌အောင် တန်ဆာဆင်လိုက်ပါမည်။ ၎င်း‌နောက် အမှန်ပင် သူတို့အားလုံးကို လမ်းလွဲ‌အောင်ပြုလုပ်ပါမည်။

    [40] သို့ရာတွင် သူတို့ထဲမှ (အရှင်မြတ်၏)‌ရွေးချယ်ခံရ‌သောကျွန်များကိုမူ (လမ်းလွဲ‌အောင် မလုပ်နိုင်ပါ)။

    [41] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- ဤသည် ငါအရှင်မြတ်ထံ‌တော်သို့ (‌ရောက်‌စေမည့်)‌ဖြောင့်မတ်‌သောလမ်းပင်ဖြစ်သည်။

    [42] အမှန်စင်စစ် ငါအရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် အသင့်အတွက် လွှမ်းမိုးမှုရရှိမည် မဟုတ်‌ပေ။ သို့ရာတွင် လမ်းလွဲ‌သောသူများထဲမှ အသင့်‌နောက်ကို လိုက်‌သောသူများအ‌ပေါ်တွင်သာ (အသင်၏အာဏာ တည်ရှိမည်)။

    [43] ၎င်း‌နောက် အမှန်စင်စစ် ဂျဟန္နမ်ငရဲဘုံသည် သူတို့အားလုံး၏ သတ်မှတ်ပြီးဖြစ်‌သော ဌာနပင်ဖြစ်သည်။

    [44] ထိုငရဲဘုံတွင် တံခါး‌ပေါက်ခုနစ်‌ပေါက်ရှိပြီး* တံခါး‌ပေါက်တိုင်းအတွက် အိဗ်လီစ်၏‌နောက်လိုက်သားများထဲမှ (လူများအတွက်)ခွဲ‌ဝေထား‌သော ‌ဝေစုရှိသည်။

    [45] အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကမူ* ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင် ရှိ‌နေကြမည်။

    [46] (ကိယာမသ်‌နေ့တွင် သူတို့သည် ဤသို့ မိန့်ကြားခံကြရမည်) “အသင်တို့သည် ထိုဥယျာဉ်များထဲသို့ ငြိမ်းချမ်းမှုဖြင့် ‌ဘေးကင်းစွာ ဝင်‌ရောက်ကြပါ။“

    [47] ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများထဲ၌ (ကျန်)ရှိ‌နေ‌သေး‌သော ရန်ငြိုးကို ထုတ်ပစ်‌တော်မူမည်။ (သူတို့သည်)မြင့်မား‌သောထိုင်ခုံများ‌ပေါ်၌ မျက်နှာချင်းဆိုင်(ထိုက်ပြီး) ညီရင်းအစ်ကိုများ ဖြစ်‌နေကြမည်။

    [48] သူတို့(သုခဘုံသားများ)အ‌ပေါ်တွင် ထို(သုခဘုံ)ထဲ၌ မည်သည့် ဒုက္ခပင်ပန်းမှုမှ သက်‌ရောက်မည် မဟုတ်‌ပေ။ ထို့‌နောက် သူတို့သည် ၎င်းထဲမှ နှင်ထုတ်ခံရမည်လည်း မဟုတ်‌ပေ။

    [49] အသင်(တမန်‌တော်)သည် ငါအရှင်မြတ်၏ကျွန်များအား ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [50] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏ အပြစ်ဒဏ်သည်လည်း အလွန်ပြင်းထန်‌သော အပြစ်ဒဏ်ဖြစ်သည်။

    [51] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား (တမန်‌တော်)အိဗ်ရာဟီမ်၏ ဧည့်သည်များအ‌ကြောင်း ‌ပြောပြလိုက်ပါ။

    [52] တစ်ခါက ထိုဧည့်သည်များသည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ထံသို့ ဝင်‌ရောက်ခဲ့ကြသည်။ သူတို့က စလာမ်ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား စိုးရိမ်ကြပါသည်ဟု ‌ပြောဆိုခဲ့သည်။

    [53] ထိုဧည့်သည်များက ‌ပြောခဲ့ကြသည်- အသင်မ‌ကြောက်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အလွန်အသိဉာဏ်ပညာနှင့်ပြည့်စုံ‌သော သား‌တော်တစ်ပါးရရှိမည့်အ‌ကြောင်း သတင်း‌ကောင်း‌ပေးကြပါသည်။

    [54] ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ကျွန်ုပ်တွင် အိုမင်းရင့်‌ရော်မှုဆိုက်‌ရောက်‌နေပါလျက် အသင်တို့သည် ကျွန်ုပ်အား သတင်း‌ကောင်း‌ပေးကြသ‌လော၊ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်အရာနှင့် သတင်း‌ကောင်း‌ပေးကြသနည်းဟု ‌ပြောဆို‌မေးမြန်းခဲ့သည်။

    [55] သူတို့က ‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် အသင့်အား အမှန်(ဖြစ်မည့်အရာ)နှင့်ပတ်သက်၍ သတင်း‌ကောင်း‌ပေးကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အသင်သည် ‌မျှော်လင့်ချက်မဲသည့်သူများထဲမှ မဖြစ်‌လေနှင့်။

    [56] ၎င်းက ‌ပြောဆိုခဲ့သည်- ထို့‌နောက် လမ်းလွဲသူများမှလွဲ၍ မည်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်မှ ‌မျှော်လင့်ချက်ကင်းပါမည်နည်း။ (လမ်းလွဲသူများသာ ‌မျှော်လင့်ချက်ကင်းမဲ့ကြသည်)။

    [57] ၎င်းက ဆက်လက်‌ပြောဆိုခဲ့သည်- အို- ‌စေလွှတ်ခြင်းခံရ‌သောသူများ၊ ထို့‌နောက် အသင်တို့သည် မည်သည့်ကိစ္စရှိပါ‌သေးသနည်း။

    [58] သူတို့က ‌ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြ‌သော အမျိုးသားများထံသို့ ‌စေလွှတ်ခြင်းခံရခြင်း ဖြစ်ကြပါသည်။

    [59] သို့ရာတွင် (တမန်‌တော်)လူသွ်၏မိသားစုမှာမူ မပါဝင်‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့အားလုံးကို ကယ်တင်မည့်သူများဖြစ်ကြပါသည်။

    [60] သို့ရာတွင် (တမန်‌တော်)လူသွ်၏ကြင်ရာမှလွဲ၍၊ ထိုကြင်ရာနှင့်ပတ်သက်၍ (အရှင်မြတ်က မိန့်‌တော်မူသည်) အမှန်စင်စစ် ထိုသူမသည် ‌နောက်ကျန်ရစ်‌နေမည့်သူမျာထဲ၌ တစ်ဦးအပါအဝင်ဖြစ်မည်ဟု ငါအရှင်မြတ် သတ်မှတ်‌တော်မူပြီးဖြစ်သည်။

    [61] ထို့‌နောက် (‌စေလွှတ်ခြင်းခံကြရ)သူတို့သည် (တမန်‌တော်)လူသွ်၏အိမ်‌ထောင်စုထံသို့ ‌ရောက်ရှိကြ‌သောအခါ။

    [62] ၎င်းက ‌ပြောဆိုသည်- အမှန်စင်စစ် အသင်တို့သည် သူစိမ်းများပင်ဖြစ်ကြသည်။

    [63] သူတို့က ‌ပြောဆိုကြသည်- ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်၏ထံသို့ သူတို့ သံသယဖြစ်‌နေကြ‌သောကိစ္စကို ယူ‌ဆောင်လာခဲ့ကြခြင်းဖြစ်ပါသည်။

    [64] ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏ထံသို့ အမှန်ဖြစ်မည့်ကိစ္စကို ယူ‌ဆောင်လာခဲ့ကြပါသည်။ ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် အမှန်‌ပြောဆိုသူများဖြစ်ကြပါသည်။

    [65] သို့ဖြစ်ရာ အသင်သည် အသင်၏အိမ်သူအိမ်သားများအား ည၏အစိတ်အပိုင်း တစ်စုံတစ်ခု(အချိန်တစ်ချိန်)တွင် ‌ခေါ်‌ဆောင်ပြီး ထွက်ခွာသွားပါ။* ထို့‌နောက် အသင်သည် အသင်သည် သူတို့၏‌နောက်မှလိုက်သွားပါ။ ၎င်း‌နောက် အသင်တို့ထဲမှ မည်သူမှ ‌နောက်ပြန် လှည့်မကြည့်ရ‌ပေ။ ၎င်း‌နောက် အသင်တို့သည် အသင်တို့ အမိန့်‌ပေးခြင်းခံရ‌သော‌နေရာထံသို့သာ သွားကြပါ။

    [66] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)လူသွ်ထံသို့ ထိုဆုံးဖြတ်ချက် ‌ပေးပို့‌တော်မူခဲ့သည်- “အမှန်စင်စစ် ဤမြို့သားများ၏အ‌ခြေအမြစ်သည် နံနက်မိုးလင်းချိန်တွင် ဖြတ်‌တောက်ပြီးဖြစ်လိမ့်မည်။“

    [67] ထို့‌နောက် မြို့သားများသည် ဝမ်း‌မြောက်ဝမ်းသာစွာ လာခဲ့ကြသည်။

    [68] ၎င်း(တမန်‌တော်လူသွ်)က ‌ပြောဆိုခဲ့သည်- အမှန်စင်စစ် ဤသူများသည် ငါ၏ဧည့်သည်များပင် ဖြစ်ကြသည့်အတွက် အသင်တို့သည် ငါ့အား အရှက်မခွဲကြနှင့်။

    [69] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ငါ့အား ‌သေးသိမ်‌အောင် မပြုကြနှင့်။

    [70] သူတို့က ‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် အသင့်အား လူများ(မတည်းခိုကြရန်)မှ တားမြစ်ခဲ့ကြသည် မဟုတ်‌လော။

    [71] ၎င်းက ‌ပြောဆိုခဲ့သည်- အကယ်၍ အသင်တို့သည် အမှန်ပင် ပြုလုပ်ကြ‌တော့မည့်သူများဖြစ်ကြလျှင် ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် သူမတို့နှင့် ထိမ်းမြားနိုင်ကြသည်)။

    [72] (အို- တမန်‌တော်မုဟမ္မဒ်-ဆွ) အသင်၏အသက်ဝိညာဉ်ကို တိုင်တည်‌ပြောဆိုသည်၊* အမှန်စင်စစ် သူတို့သည် သူတို့၏မူးယစ်မှု(မာန်တက်မှု)ထဲ၌ပင် ‌တွေ‌ဝေ‌နေကြသည်။

    [73] သို့ဖြစ်ရာ ကျယ်‌လောင်‌သောအသံသည် သူတို့အား ‌နေထွက်ချိန်၌ ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [74] ထို့‌နောက် ငါအရှင်မြတ်သည် ထိုမြ့ို၏မျက်နှာပြင်အ‌ပေါ်ပိုင်းကို ‌အောက်ပိုင်းပြုလုပ်‌တော်မူခဲ့သည်။ (အထက်‌အောက်လှန်‌တော်မူလိုက်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ရွှံ့‌စေးနှင့်ပြုလုပ်ထား‌သော ‌ကျောက်ခဲများကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။

    [75] အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်တတ်သူများအတွက် သက်‌သေလက္ခဏာများ အမှန်စင်စစ် ရှိသည်။

    [76] ထို့ပြင် အမှန်စင်စစ် ထို(မြို့ရွာ)သည် စည်ကား‌နေ‌သောလမ်းတွင် အမှန်ပင် တည်ရှိသည်။

    [77] အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်‌သေလက္ခဏာ အမှန်ပင်ရှိသည်။

    [78] ထို့ပြင် အမှန်စင်စစ် အိုင်ကဟ်‌တောအုပ်တွင် ‌နေထိုင်‌သောသူများသည်လည်း* မတရားကျူးလွန်သူများဖြစ်ကြသည်။

    [79] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ထိုမြို့ရွာနှစ်ခုစလုံးသည် ထင်ရှား‌သောလမ်း‌ပေါ်၌ အမှန်ပင်ရှိ‌နေကြသည်။

    [80] ထို့ပြင် အမှန်စင်စစ် ဟိဂျ်ရ်တွင် ‌နေထိုင်‌သောသူများသည်လည်း* ‌စေလွှတ်ခြင်းခံရ‌သော တမန်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။

    [81] ထို့ပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏သက်‌သေလက္ခဏာ‌တော်များကို သူတို့အား ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် ထိုသက်‌သေလက္ခဏာ‌တော်များမှ မျက်နှာလွှဲဖယ်သူများပင် ဖြစ်ခဲ့ကြသည်။

    [82] ထို့ပြင် သူတို့သည် ‌တောင်များကို အိမ်များအဖြစ် ‌ဖောက်ထွင်း၍ ငြိမ်းချမ်စွာ ‌နေထိုင်ခဲ့ကြသည်။

    [83] ထို့‌နောက် သူတို့အား နံနက်မိုးလင်းချိန်တွင် ကျယ်‌လောင်‌သောအသံက ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [84] သို့ဖြစ်ရာ သူတို့ရှာ‌ဖွေဆည်းပူးခဲ့သမျှသည် သူတို့အတွက် အသုံးမဝင်ခဲ့‌ပေ။

    [85] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက ထိုမိုးနှင့်‌မြေစပ်ကြားတွင်ရှိသမျှအရာများကိုလည်း မှန်ကန်‌သောရည်ရွယ်ချက်နှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကိယာမသ်သည် အမှန်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် (သူတို့၏ ‌နှောက်ယှက်မှုများအား) ‌ကောင်း‌သောခွင့်လွှတ်နည်းဖြင့် ခွင့်လွှတ်လိုက်ပါ။

    [86] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည်ပင် အရာအားလုံးကို အကြိမ်ကြိမ် ဖန်ဆင်း‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [87] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အကြိမ်ကြိမ်အဖန်ဖန်ရွတ်ဖတ်ရ‌သော(အာယသ်‌တော်)ခုနစ်ပါးနှင့်* အလွန်ကြီးကျယ်မြင့်မြတ်လှ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [88] အသင်(တမန်‌တော်)သည် အကြင်အရာများဘက်သို့ လုံးဝ ‌မော်မကြည့်ပါနှင့်၊* ထိုအရာများအား ငါအရှင်မြတ်သည် ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို စည်းစိမ်ခံရန်‌ပေးထား‌တော်မူခဲ့သည်။ ၎င်း‌နောက် အသင်(တမန်‌တော်)သည် သူတို့အ‌ပေါ်တွင် ဝမ်းနည်းပူ‌ဆွေးမှု မဖြစ်ပါနှင့်၊* ၎င်း‌နောက် အသင်သည် အသင်၏ပုခုံးအား ယုံကြည်သူများအတွက် နှိမ့်ချ(သနားကြင်နာ)ပါ။

    [89] ထို့ပြင် (အို-တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် ထင်ရှားစွာ သတိ‌ပေးနှိုုး‌ဆော်သူပင်* ဖြစ်သည်။

    [90] ငါအရှင်မြတ်သည် (ချ‌ပေး‌တော်မူထား‌သော ကျမ်းဂန်အချို့ကို လက်ခံပြီး အချို့ကိုငြင်းပယ်) ခွဲ‌ဝေသူများအ‌ပေါ်တွင် (ပြစ်ဒဏ်)ချ‌ပေး‌တော်မူသကဲ့သို့ (သူတို့အ‌ပေါ်တွင်လည်း အပြစ်ဒဏ်ချ‌ပေး‌တော်မူမည်)။

    [91] ထိုသူများသည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြသည်။

    [92] သို့ဖြစ်ရာ အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား တိုင်တည်‌ပြောဆိုသည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အားလုံးကို အမှန်ပင် စစ်‌ဆေး‌မေးမြန်း‌တော်မူမည်။

    [93] သူတို့ပြုမူခဲ့‌သောကိစ္စများနှင့်ပတ်သက်၍။

    [94] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင် အမိန့်‌ပေးခြင်းခံရ‌သောအ‌ကြောင်းအရာကို အတိအလင်း ‌ကြေညာလိုက်ပါ။* ထို့ပြင် အသင်သည် မုရှ်ရိက်များအား လျစ်လျူရှုထားလိုက်ပါ။

    [95] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ပြောင်‌လှောင်‌သောသူများအား (ဆန့်ကျင်ရန်) အသင့်အတွက် လုံ‌လောက်‌တော်မူသည်။

    [96] အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများအား (တွဲဖက် ကိုးကွယ်မှု)ပြုလုပ်ကြသည်။ သို့ဖြစ်ရာ ထိုသူများသည် မကြာမီ (သူတို့လုပ်ရပ်၏အကျိုးကို) သိရှိကြလိမ့်မည်။

    [97] ထို့ပြင် အမှန်စင်စစ် သူတို့၏‌ပြောဆိုမှု‌ကြောင့် အသင်၏စိတ်နှလုံးသည် ကျဉ်းကျပ်သည်ကို အမှန်ပင် ငါအရှင်မြတ် သိရှိ‌တော်မူသည်။

    [98] သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ချီးမွမ်းမှုနှင့်အတူ သန့်ရှင်းစင်ကြယ်‌ကြောင်း ‌ပြောဆိုပါ။ ထို့ပြင် အသင်သည် စဂျ်ဒဟ်ဦးချသူများထဲ၌ အပါအဝင်ဖြစ်လိုက်ပါ။

    [99] ထို့ပြင် အသင်သည် အသင့်ထံသို့ အမှန်ဖြစ်မည့်ကိစ္စ (‌သေခြင်းတရား)‌ရောက်လာသည်အထိ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို (အမြဲ)ကိုးကွယ်‌နေပါ။

    Surah 16
    ပျား

    [1] အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည် ‌ရောက်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအမိန့်‌တော်ကို အလျင်စလို မ‌တောင်းကြနှင့်။* အရှင်မြတ်သည် ထို(မုရှ်ရိက်)များ တွဲဖက်ကိုးကွယ်‌သောအရာများမှ သန့်ရှင်းစင်ကြယ်ပြီး အလွန်မြင့်မား‌တော်မူသည်။

    [2] အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်ဖြင့် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိ‌သောသူများထံသို့ ‌ကောင်းကင်တမန်များကို* ဝဟီအမိန့်‌တော်နှင့်တကွ* ဆင်းသက်‌စေ‌တော်မူသည်။ (ထိုအမိန့်‌တော်မှာ) “အသင်တို့သည် အမှန်စင်စစ် ငါအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝမရှိ‌ပေ၊ ငါအရှင်မြတ်ကိုပင် ‌ကြောက်ရွံ့ကြရမည်ဟု သတိ‌ပေးနှိုး‌ဆော်ကြပါ“(ဟူ၍ ဖြစ်သည်။)

    [3] အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို မှန်ကန်‌သောရည်ရွယ်ချက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။* အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်‌နေ‌သောအရာများထက် အလွန်မြင့်မားလှ‌တော်မူသည်။

    [4] အရှင်မြတ်သည် လူသားကို သုတ်ရည်တစ်စက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ သို့ဖြစ်ပါလျက် သူသည် ရုတ်တရက် ထင်ရှား‌သော ပြိုက်ဘက်ဖြစ်လာသည်။

    [5] ထို့ပြင် အရှင်မြတ်သည် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။ အသင်တို့အတွက် ထို‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များသည် အ‌နွေးထည်နှင့် အခြားအကျိုးများလည်းရှိသည်။ ထို့ပြင် အသင်တို့သည် ထို‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှပင် စားသုံးကြသည်။

    [6] ထို့ပြင် ထို‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲ၌ အသင်တို့သည် (သူတို့အား)ည‌နေတွင် စားကျက်မှ (အိမ်သို့)ပြန်သွင်းလာကြ‌သောအချိန်နှင့် အသင်တို့သည် နံနက် စားကျက်သို့ လွှတ်ကြ‌သောအချိန်တွင် အသင်တို့အတွက် နှစ်သက်ကြည်နူးစရာ အလှအပလည်းရှိသည်။

    [7] ထို့ပြင် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များသည် အသင်တို့၏ဝန်စည်များကိုလည်း အသင်တို့ အလွန်ခဲယဉ်းစွာဖြင့် ‌ရောက်ရှိနိုင်ကြ‌သောမြို့ရွာများထံသို့ သယ်ပိုး‌ပေးမှုကိုလည်း ပြုလုပ်ကြသည်။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [8] ထို့ပြင် မြင်း၊ လားနှင့် မြည်းတိရစာ္ဆန်များကိုလည်း အသင်တို့သည် သူတို့အား စီးနင်းကြရန်အတွက်နှင့် လှပတင့်တယ်မှုရှိ‌စေရန်အတွက်* (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိကြ‌သောအရာများကိုလည်း ဖန်ဆင်း‌တော်မူသည်။

    [9] ထို့ပြင် ‌ဖြောင့်မတ်‌သောလမ်းကို ပြသရန်မှာ အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ မူတည်သည်။ ၎င်း‌နောက် ထိုလမ်းများထဲ၌ ‌ကွေ့‌ကောက်‌သောလမ်းလည်းရှိသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အားလုံးကို အမှန်ပင် လမ်းမှန်‌ပေါ်‌ရောက်‌အောင် ပို့‌ဆောင်ညွှန်ကြား‌တော်မူခဲ့လိုက်ပြီးဖြစ်သည်။

    [10] အရှင်မြတ်ပင် အသင်တို့အတွက် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို‌ရေမှပင် အသင်တို့သည် ‌သောက်သုံးကြသည်။ ၎င်း‌နောက် ထို‌ရေ‌ကြောင့်ပင် အပင်များ‌ပေါက်‌ရောက်သည်။ အသင်တို့သည် ထိုအပင်များ၌ပင် (တိရစာ္ဆန်များကို)ထိန်း‌ကျောင်းကြသည်။

    [11] အရှင်မြတ်သည် အသင်တို့(အကျိုး)အတွက် ထို‌ရေနှင့် ‌ကောက်ပဲသီးနှံများ၊ သံလွင်ပင်များ၊ စွန်ပလွန်ပင်များ၊ စပျစ်ပင်များနှင့် သီးနှံမျိုးစုံတို့အား ‌ပေါက်‌ရောက်‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲ၌ စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာရှိသည်။

    [12] ထို့ပြင် အရှင်မြတ်ပင် အသင်တို့အကျိုးအတွက် ညနှင့်‌နေ့သာမက ‌နေနှင့်လအားလည်း အမိန့်ကို လိုက်နာ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ကြယ်များသည်လည်း အရှင်မြတ်၏အမိန့်‌တော်နှင့်အညီ လိုက်နာ‌စေခြင်းကို ခံခဲ့ကြရပြီဖြစ်သည်။ အမှန်စင်စစ် ထိုအထဲ၌ နားလည်အသိဉာဏ်ရှိ‌သောသူများအတွက် အမှန်ပင် သာဓကများရှိသည်။

    [13] ထို့ပြင် အရှင်မြတ်သည် အသင်တို့အကျိုးအတွက် ‌မြေပထဝီတွင် ဖန်ဆင်းထား‌တော်မူ‌သောအရာများအားလည်း (အမိန့်ကို လိုက်နာ‌စေ‌တော်မူခဲ့သည်)။ ထိုအရာများ၏ အ‌သွေးအ‌ရောင်များသည် ကွဲပြားခြားနား‌နေကြသည်။ အမှန်စင်စစ် ထိုအထဲ၌ တရားရသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာရှိသည်။

    [14] ထို့ပြင် အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံ‌စေ‌တော်မူခဲ့သည်။ (အ‌ကြောင်းမှာ) အသင်တို့သည် ထိုပင်လယ်ထဲမှ လတ်ဆတ်‌သောအသားကို စားသုံးကြရန်အတွက်နှင့် အသင်တို့သည် ထိုပင်လယ်ထဲမှ မိမိတို့ ဆင်ယင်ကြ‌သောလက်ဝတ်ရတနာများကို ထုတ်ယူကြရန်အတွက်ဖြစ်သည်။ ထို့ပြင် အသင်သည် သ‌ဘေင်္ာများအား ပင်လယ်ထဲ၌ ‌ရေကိုခွဲပြီးသွားလာ‌နေကြသည်ကို ‌တွေ့မြင်ရသည်။ ထို့ပြင် အသင်တို့သည် (‌ရေ‌ကြောင်းဖြင့် သွားလာခြင်းအားဖြင့်) အရှင်မြတ်၏‌ကျေးဇူး‌တော်(ပစ္စည်းဥစ္စာ)ကို ရှာ‌ဖွေကြရန်အတွက်နှင့် အသင်တို့သည် ‌ကျေးဇူး‌တော်များကို သိတတ်ကြရန်အတွက် (အရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံ‌စေ‌ေ‌တော်မူခဲ့ခြင်းဖြစ်သည်)။

    [15] ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီတွင် ထို‌မြေပထဝီသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်)မှု မပြုရန်အတွက် ‌တောင်များကို(‌ကျောက်ဆူးများအဖြစ်)ချထား‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့ (‌သောက်သုံးနိုင်ကြရန်)မြစ်‌ချောင်းများနှင့် (ခရီးပန်းတိုင်ကို)လမ်းတည့်တည့်မတ်မတ်‌ရောက်နိုင်‌အောင် လမ်းများကိုလည်း(ပြုလုပ်‌တော်မူခဲ့သည်)။

    [16] ထို့ပြင် မှတ်တမ်းမှတ်တိုင်များကိုလည်း (ပြုလုပ်‌တော်မူခဲ့သည်)။ ထို့ပြင် သူတို့သည် ကြယ်များ၏အ‌ကြောင်းခံနှင့်လည်း လမ်းများကို ရှာ‌တွေ့ကြသည်။

    [17] သို့ဖြစ်ရာ ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်သည် မည်သည့်အရာမျှ မဖန်ဆင်းနိုင်သူကဲ့သို့ ဖြစ်‌တော်မူပါမည်‌လော။ သို့ပါလျက် အသင်တို့သည် အသိတရား မရကြသ‌လော။

    [18] ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို ‌ရေတွက်ကြမည်ဆိုလျှင် အသင်တို့သည် ထို‌ကျေးဇူး‌တော်များကို ‌ရေတွက်နိုင်ကြမည် မဟုတ်‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [19] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ထားကြ‌သောအရာများနှင့် အသင်တို့ ထင်ရှား‌စေကြ‌သောအ‌ကြောင်းကိစ္စများကို သိရှိ‌တော်မူသည်။

    [20] ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်‌ခေါ်ကြ‌သောသူများသည် ဖန်ဆင်ခြင်းကို ခံခဲ့ကြရလျက်* သူတို့သည် မည်သည့်အရာကိုမှ ဖန်ဆင်းနိုင်ကြသည် မဟုတ်‌ပေ။

    [21] (သူတို့သည်) သူ‌သေများ(သက်မဲ့များပင်)ဖြစ်ကြသည်။ ရှင်သူများ မဟုတ်ကြ‌ပေ။* ထို့ပြင် သူတို့အ‌နေနှင့် သူတို့သည် မည်သည့်အချိန်တွင် ရှင်ပြန်ထ‌စေခြင်းခံကြရမည်ဆိုသည်ကိုလည်း မသိကြ‌ပေ။

    [22] အသင်တို့၏ကိုးကွယ်ထိုက်‌သောအရှင်သည် တစ်ပါးတည်းဖြစ်‌သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်သည်။ ၎င်း‌နောက် တမလွန်ဘဝအား မယုံကြည်ကြ‌သောသူများ၏စိတ်နှလုံးများသည် ငြင်းဆိုလျက်ရှိ‌နေကြ၍ သူတို့သည် မာန်မာန‌ထောင်လျက်ပင် ရှိကြသည်။

    [23] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ကြ‌သောအရာများနှင့် ထင်‌ပေါ်ကြ‌သောအရာများကို သိရှိ‌တော်မူသည်။ အမှန်ပင် အရှင်မြတ်သည် မာန‌ထောင်‌သောသူများအား မနှစ်သက်‌ပေ။

    [24] ထို့ပြင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က မည်သည့်အရာကို ချ‌ပေး‌တော်မူပါသနည်းဟု သူတို့အား ‌မေးမြန်း‌သောအခါ သူတို့က ‌ရှေးလူ‌ဟောင်းများ၏ လုပ်ကြံထား‌သော ပုံပြင်များပင်ဟု ‌ပြောဆိုကြသည်။

    [25] သူတို့သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့၏ဝန်ထုပ်များကိုလည်း အပြည့်အဝ ထမ်း‌ဆောင်ကြရမည့်အပြင် သူတို့က အသိပညာမရှိဘဲ လမ်းလွဲ‌စေခဲ့ကြ‌သောသူများ၏ ဝန်ထုပ်များကိုလည်း ထမ်းကြရမည်ဖြစ်သည်။* သတိပြုကြပါ။ သူတို့ သယ်ပိုးထမ်းရွက်ကြ‌သော ဝန်ထုပ်များသည် ဆိုးရွားလှသည်။

    [26] အမှန်စင်စစ် သူတို့မတိုင်မီ ရှိခဲ့ကြ‌သောသူများသည် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အ‌ဆောက်အအုံကို အုတ်မြစ်မှ ဖြိုဖျက်‌တော်မူလိုက်သည့်အတွက် သူတို့အထက်က အိမ်‌ခေါင်မိုးသည် သူတို့အ‌ပေါ်တွင် ပြိုကျလာခဲ့သည်။ ထို့ပြင် သူတို့ထံသို့ ပြစ်ဒဏ်သည် သူတို့ မထင်မှတ်‌သော‌နေရာမှ ဆိုက်‌ရောက်လာခဲ့သည်။

    [27] ထို့‌နောက် အရှင်မြတ်သည် သူတို့အား ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အရှက်တကွဲ ဖြစ်‌စေ‌တော်မူမည်။ ၎င်း‌နောက် အရှင်မြတ်က မိန့်ကြား‌တော်မူမည်- ငါအရှင်မြတ်၏ အကြင်တွဲဖက်များသည် အဘယ်မှာနည်း။ ထိုအရာများနှင့်ပတ်သက်၍ အသင်တို့သည် (အမှန်လက်ခံသူများနှင့်) ကွဲလွဲမှုပြုခဲ့ကြသည်။ (ထိုအခါ) အသိဉာဏ်ပညာ‌ပေးခြင်းခံရ‌သောသူများက- ယ‌နေ့ အရှက်ကွဲမှုနှင့် ပြစ်ဒဏ်သည် ကာဖိရ် ငြင်းပယ်သူများအ‌ပေါ်တွင်သာရှိလိမ့်မည်ဟု ‌ပြောဆိုကြမည်။

    [28] အကြင်ကာဖိရ်များသည် သူတို့ကိုယ်သူတို့ နှိပ်စက်‌နေစဉ်မှာပင် ‌ကောင်းကင်တမန်များသည် သူတို့၏အသက်များအား နှုတ်ခဲ့ကြသည်။ (ထိုအချိန်တွင်)သူတို့သည် အလွန်ကျိုးငဲ့ပြီး‌ပြောဆိုကြမည်- “ကျွန်ုပ်တို့သည် မည်သည့်မ‌ကောင်းမှုမှ မပြုလုပ်ခဲ့ကြပါ။“ ထိုသို့ လုံးဝမဟုတ်‌ပေ၊ (အမှန်စင်စစ် အသင်တို့သည် မ‌ကောင်းမှုများကို လုပ်‌နေခဲ့သည်ပင်ဖြစ်သည်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်‌နေကြသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [29] သို့ဖြစ်ရာ (ယခုမူ)အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါး‌ပေါက်များထံသို့ ၎င်းထဲ၌ အမြဲ‌နေထိုင်သူများအဖြစ် ဝင်လိုက်ကြပါ။ အမှန်စင်စစ် မာန‌ထောင်‌သောသူများ၏ ပြန်လည်ရာဌာနသည် အမှန်ပင် အဘယ်မျှဆိုးရွားလိုက်သနည်း။

    [30] ထို့‌နောက် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌သောသူများကို “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က မည်သည့်အရာ ချ‌ပေးသနည်း“ဟု ‌ပြောဆို‌မေးမြန်းခံရသည်။ (ထိုအခါ) သူတို့က(ပြန်လည်)‌ပြောဆိုကြသည်- “‌ကောင်းသည်ကို ချ‌ပေးသည်“။* ‌ကောင်းမှုပြုလုပ်‌သောသူများအတွက် ဤဘဝတွင်လည်း ‌ကောင်းခြင်းရှိမည်။ ၎င်း‌နောက် ‌နောင်ဘဝ၏‌နေရာထိုင်ခင်းသည် အမှန်ပင် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများ၏အိမ်သည် အဘယ်မျှ ‌ကောင်းလိုက်သနည်း။

    [31] (ထိုအိမ်များသည်) အမြဲ‌နေထိုင်ကြရမည့် ဥယျာဉ်များပင်ဖြစ်သည်။ သူတို့သည် ထိုဥယျာဉ်များထဲ၌ ဝင်‌ရောက်ကြမည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ သူတို့အတွက် ၎င်းထဲတွင် သူတို့အလိုရှိသည့်အရာဟူသမျှရှိမည်။ အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများကို ဤသို့ပင် အစား‌ပေး‌တော်မူသည်။

    [32] အကြင်သူတို့အား ‌ကောင်းကင်တမန်များသည် သူတို့သန့်ပြန့်စွာရှိ‌နေစဉ် သူတို့၏အသက်များအား နှုတ်ယူကြ‌သောအခါ*‌ပြောဆိုကြမည်- ငြိမ်းချမ်းသာယာမှုသည် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ၊ အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သောအရာများ‌ကြောင့်ပင် ဂျန္နသ်သုခဘုံထဲသို့ ဝင်‌ရောက်ကြပါ။

    [33] ထို(ငြင်းပယ်‌သော)သူများသည် သူတို့ထံသို့ ‌ကောင်းကင်တမန်များ‌ရောက်လာခြင်း သို့မဟုတ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်‌ရောက်ရှိလာခြင်းမှ လွဲ၍ အခြားမည်သည်ကိုမှ ‌စောင့်‌မျှော်‌နေကြသည် မဟုတ်‌ပေ။* သူတို့မတိုင်မီကသူများလည်း ဤသို့ပင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မူခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့ကြသည်ပင်ဖြစ်သည်။

    [34] သို့ဖြစ်ရာ သူတို့တွင် သူတို့ပြုလုပ်ခဲ့ကြ‌သော မ‌ကောင်းမှု၏အန္တရာယ်များသည် ကျ‌ရောက်ခဲ့သည်။ ထို့ပြင် သူတို့ ‌ပြောင်‌လှောင်ခဲ့ကြ‌သောအရာ (ပြစ်ဒဏ်)သည် သူတို့အား ဝန်းရံခဲ့‌တော့သည်။

    [35] ထို့ပြင် ရှိရ်က် တုဖက်ကိုးကွယ်သူများက ‌ပြောဆိုကြသည်- အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူပါလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများသည် အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမှ ကိုးကွယ်ကြမည် မဟုတ်‌ပေ။ ထို့ပြင် အရှင်မြတ်၏အမိန့်မရဘဲ မည်သည့်အရာကိုမှ ဟရာမ်ဟု တားမြစ်ခဲ့ကြမည် မဟုတ်‌ပေ။* သူတို့မတိုင်မီကသူများလည်း ဤသို့ပင် ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ တမန်‌တော်များ‌ပေါ်တွင်မူ ပွင့်လင်းထင်ရှားစွာ ပို့ချ‌ဟော‌ပြောရန်သာ တာဝန်ရှိသည်။

    [36] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် တမန်‌တော်တစ်ပါးကို ‌စေလွှတ်‌တော်မူ၍ အသင်တို့သည် အခြားကိုးကွယ်ရာများအား စွန့်လွှတ်ဖယ်ရှားပြီး‌နောက် အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်း)ကိုသာ ကိုးကွယ်ကြပါဟု (‌ဟောကြား‌စေ‌တော်မူခဲ့သည်)။ ထို့‌နောက် သူတို့ထဲ၍ အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသ‌တော်မူလိုက်‌သောသူများလည်းရှိခဲ့ကြသည်။ ၎င်း‌နောက် သူတို့ထဲ၌ အကြင်သူများလည်းရှိသည်၊ ထိုသူ၏အ‌ပေါ်တွင် လမ်းလွဲမှုသည် အတည်ဖြစ်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်ပြီး ငြင်းပယ်သူများ၏‌နောက်ဆုံးအ‌ခြေအ‌နေသည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှု‌လေ့လာကြပါ။

    [37] အကယ်၍ အသင်သည် သူတို့ လမ်းမှန်ရရန် မည်မျှပင် လိုလားသည်ဖြစ်ပါ‌စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဆိုးသွမ်း‌ခေါင်းမာ‌နေမှု‌ကြောင့်)လမ်းမှားထဲ၌ပင် ထား‌တော်မူလိုက်‌သောသူကို လမ်းမှန် ညွှန်ကြားပြသ‌တော့မည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ကူညီမည့်သူလည်း ရှိ‌တော့မည် မဟုတ်‌ပေ။

    [38] ထို့ပြင် သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်က အစွမ်းကုန်ကျိန်တွယ်(၍ ဤသို့‌ပြောဆို)ခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်သည် ‌သေသူများကို ရှင်ပြန်ထ‌စေ‌တော်မူမည် မဟုတ်‌ပေ။“ အဘယ့်‌ကြောင့် မထ‌စေရမည်နည်း၊ အမှန်ပင် (ရှင်ပြန်ထ‌စေ‌တော်မူမည်ဖြစ်သည်၊) အရှင်မြတ်သည် ဤသည်ကို ကတိအဖြစ်နှင့် အရှင်မြတ်အ‌ပေါ်တွင် အတည်ပြု‌တော်မူခဲ့သည်။ သို့ရာတွင် လူအ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။

    [39] (ထိုသို့ ရှင်ပြန်ထ‌စေ‌တော်မူရခြင်းမှာ) သူတို့‌ရှေ့၌ သူတို့ ကွဲလွဲခဲ့ကြ‌သောအ‌ကြောင်းကို ထုတ်‌ဖော်ရှင်းလင်းပြ‌တော်မူရန်အတွက်နှင့် ကာဖိရ်များသည် အမှန်ပင်ိ သူတို့အ‌နေနှင့် လိမ်လည်‌သောသူများဖြစ်ခဲ့ကြသည်ကို သိကြဖို့အတွက်ဖြစ်သည်။

    [40] ငါအရှင်မြတ်၏စကားကမူ ငါအရှင်မြတ်သည် တစ်စုံတစ်ခုကို ရည်ရွယ်‌တော်မူ‌သောအခါ ထိုအရာအား ငါအရှင်မြတ်က “ဖြစ်‌စေ“ဟု မိန့်‌တော်မူလိုက်သည်နှင့် ထိုအရာသည် ဖြစ်လာ‌တော့သည်။

    [41] ထို့ပြင် နှိပ်စက်မှုကို ခံကြရပြီး‌နောက် အလ္လာဟ်အရှင်မြတ်၏(သာသနာ‌တော်ထွန်းကားမှုကို) ရည်ရွယ်ပြီး ‌ရွှေ့‌ပြောင်း‌နေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် ‌လောကထဲတွင် ‌ကောင်း‌သော‌နေရာများ၌ ‌နေရာချထား‌ပေး‌တော်မူမည်ဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏အကျိုးဆုလာဘ်သည် အကြီးဆုံးပင်ဖြစ်သည်ကို အကယ်၍ သိကြမည်ဆိုလျှင် (‌ကောင်း‌လေစွပင်)။

    [42] အကြင်(‌ဖော်ပြထား‌သော)သူများသည် သည်းခံခဲ့ကြသူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ကြသည်။

    [43] ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီ လူသား‌ယောက်ျားများမှလွဲ၍ (တမန်‌တော်များအဖြစ်)‌စေလွှတ်‌တော်မမူခဲ့‌ပေ။ ငါအရှင်မြတ်သည် ထိုတမန်‌တော်များထံသို့ ဝဟီ အမိန့်‌တော်ပို့ချ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် မသိကြလျှင် ကျမ်းဂန်ရရှိ‌သောသူများအား ‌မေးမြန်းကြည့်ကြပါ။

    [44] (ငါအရှင်မြတ်သည် တမန်‌တော်များကို) ထင်ရှား‌သော သက်‌သေသာဓကများ၊ ကျမ်းဂန်များနှင့်တကွ* (‌စေလွှတ်‌တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် အသင်၏ထံသို့လည်း ကျမ်းဂန်(ကုရ်အာန်)ကို အသင်သည် လူသားများအား သူတို့ထံချ‌ပေးခံရ‌သော အမိန့်‌တော်များကို ထင်ရှား ရှင်းလင်းပြသ‌စေရန်အတွက်နှင့် သူတို့ စဉ်းစားဆင်ခြင်းကြရန်အတွက် ချ‌ပေး‌တော်မူခဲ့သည်။

    [45] အကြင်သူများသည် စိတ်‌အေး‌နေကြသ‌လော၊ ထိုသူများသည် မ‌ကောင်း‌သောအကြံအစည်များအား လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် ‌မြေမျို‌စေ‌တော်မူမည်ကို၊ သို့မဟုတ် သူတို့ထံသို့ သူတို့မထင်မှတ်‌သော‌နေရာမှ ပြစ်ဒဏ်‌ရောက်လာမည်ကို (စိုးရိမ်မှုကင်းပြီး စိတ်‌အေး‌နေကြသ‌လော)။

    [46] သို့မဟုတ် အရှင်မြတ်သည် သူတို့အား သူတို့သွားလာ‌နေစဉ် ဖမ်းဆီးကွပ်မျက်‌တော်မူမည်ကို (မစိုးရိမ်ကြသ‌လော)။ ထိုသို့(ဖမ်းဆီး‌တော်မူမည်)ဆိုလျှင် သူတို့သည် (အရှင်မြတ်ကို) မစွမ်း‌ဆောင်နိုင်‌အောင် တားဆီးနိုင်သူများ မဟုတ်‌ပေ။

    [47] သို့မဟုတ် အရှင်မြတ်သည် သူတို့အား တဖြည်းဖြည်း အ‌ရေးယူ‌တော်မူမည်ကို(မစိုးရိမ်ကြသ‌လော)။ ၎င်း‌နောက် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [48] အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သောအရာထဲမှ အကြင်အရာများကို သူတို့ မမြင်ကြသ‌လော။ ထိုအရာများ၏အရိပ်များသည် လက်ယာဘက်နှင့် လက်ဝဲဘက်မှ ယိမ်းပြီး သူတို့သည် သူတို့၏ကျိုးနွံမှုကို ထင်ရှားစွာပြသကြလျက် အလ္လာဟ်အရှင်မြတ်၏‌ရှေ့၌ စဂ်ျဒဟ်ဦးချ‌နေကြသည်။

    [49] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှသွားလာလှုပ်ရှား‌နေ‌သော သက်ရှိသတ္တဝါများနှင့် ‌ကောင်းကင်တမန်များအားလုံးသည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်ကို လိုက်နာ) စဂ်ျဒဟ်ဦးချကြသည်။ ၎င်း‌နောက် သူတို့သည် မာနမ‌ထောင်ကြ‌ပေ။

    [50] သူတို့သည် သူတို့အထက်တွင် ရှိ‌နေ‌တော်မူ‌သော၊ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား (အမိန့်‌တော်‌ပေးခြင်းခံရ‌သော)အမိန့်‌တော်များကို လိုက်နာ‌ဆောင်ရွက်ကြသည်။

    [51] ထို့ပြင် အလ္လာဟ်အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့သည် ကိုးကွယ်ထိုက်‌သောအရှင်နှစ်ပါး(ရှိသည်ဟု ယူဆကိုးကွယ်မှု)မပြုလုပ်ကြနှင့်။ ထိုကိုးကွယ်ထိုက်‌သောအရှင်သည် တစ်ပါးတည်းပင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။“

    [52] ထို့ပြင် မိုး‌ကောင်းကင်များတွင်ရှိကြ‌သောအရာအားလုံးနှင့် ‌မြေပထဝီတွင်ရှိ‌သောအရာအားလုံးကို အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်၏အိဗာဒသ် ခဝပ်မှုကို အမြဲမပြတ် ပြုလုပ်ရမည်ဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အခြားအရာများအား ‌ကြောက်ရွံ့ကြသ‌လော။

    [53] ထို့ပြင် အသင်တို့ထံတွင် မည်သည့်‌ကျေးဇူး‌တော်ပင်ရှိသည်ဖြစ်‌စေ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူးပင်ဖြစ်သည်။ ထို့‌နောက် အသင်တို့တွင် ဒုက္ခ‌ရောက်‌သောအခါတွင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ဟစ်‌ခေါ် ပန်ကြားကြသည်။

    [54] ထို့‌နောက်တစ်ခါ အရှင်မြတ်သည် ‌ဘေးဒုက္ခကို အသင်တို့ထံမှ ဖယ်ရှား‌တော်မူလိုက်‌သောအခါ အသင်တို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြသည်။

    [55] (အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြခြင်းသည်) ငါအရှင်မြတ် ၎င်းတို့အား ‌ပေးကမ်းထား‌သော ‌ကျေးဇူး‌တော်များနှင့်ပတ်သက်၍ သူတို့သည် ‌ကျေးဇူးကန်းကြရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် (‌ခေတ္တ)စည်းစိမ်ခံစားကြပါ။ ၎င်း‌နောက် အသင်တို့သည် မကြာမီပင် သိရှိကြမည်ဖြစ်သည်။

    [56] ထို့ပြင် သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေး‌တော်မူ‌သောအရာများထဲမှ သူတို့ မသိနားမလည်‌သောအရာများအတွက် ‌ဝေစု‌ဝေပုံကို ပြုလုပ်ကြသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌ပြောဆိုသည်၊ အသင်တို့သည် အသင်တို့ လုပ်ကြံဖန်တီး‌သောအရာများနှင့်ပတ်သက်၍ အမှန်ပင် စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။

    [57] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်တွင် သားသမီးများရှိသည်ဟု စွပ်စွဲကြသည်။* အရှင်မြတ်သည် (သူတို့စွပ်စွဲမှု ဟူသမျှမှ)သန့်ရှင်းစင်ကြယ်‌တော်မူသည်။ ၎င်း‌နောက် သူတို့အတွက်ကမူ သူတို့လိုလားသည့်အရာပင်ရှိသည်။

    [58] ထို့ပြင် သူတို့ထဲမှ တစ်ဦးဦးတွင် သမီးမိန်းက‌လေး(‌မွေးဖွားခြင်း)နှင့် သတင်း‌ကောင်း‌ပေးခြင်းခံရ‌သောအခါ သူသည် ကျိတ်ပြီး ပူ‌ဆွေး‌နေလျက် သူ၏မျက်နှာသည် ညိုမည်းသွား‌တော့သည်။

    [59] သူသည် သူ့အား မ‌ကောင်းသတင်း‌ပေးခြင်းကို ခံရခြင်း‌ကြောင့် လူများမမြင်ရ‌အောင် ပုန်း‌အောင်း‌နေသည်။ သူသည် ထိုမိန်းက‌လေးကို ‌သေးသိမ်‌သောအ‌ခြေအ‌နေနှင့် (ဆက်လက်)ထိန်းသိမ်းထားရမည်‌လော။ သို့မဟုတ် သူ့အား ‌မြေကြီးထဲ(အရှင်လတ်လတ်)မြှပ်ပစ်လိုက်ရမည်‌လော(ဟု ဆုံးဖြတ်၍မရနိုင်‌အောင်ဖြစ်‌နေသည်)။ သတိပြုကြပါ။ သူတို့၏ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသည်။

    [60] တမလွန်ဘဝကို မယုံကြည်ကြ‌သောသူများတွင် မ‌ကောင်း‌သောအရည်အချင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၌မူ အလွန်မြင့်မား‌တော်မူ‌သော အရည်အချင်းရှိသည်။* ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [61] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား သူတို့၏မတရားမှု‌ကြောင့် (ချက်ချင်း)ဖမ်းဆီး အ‌ရေးယူ‌တော်မူမည်သာဆိုလျှင် ဤ(‌မြေ)‌ပေါ်၌ သွားလာလှုပ်ရှား‌သောသတ္တဝါ တစ်‌ကောင်မှ ကျန်မည်မဟုုတ်‌တော့‌ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့အား သတ်မှတ်ထား‌သောအချိန်ထိ ဆိုင်းငံ့ထား‌တော်မူသည်။ ထို့‌နောက် သူတို့၏အချိန်ကာလ ဆိုက်‌ရောက်လာ‌သောအခါ၊ သူတို့သည် (‌ခေတ္တခဏ)တစ်နာရီမျှပင် ‌နောက်ဆုတ်နိုင်ကြမည် မဟုတ်‌ပေ၊ ၎င်း‌နောက် ‌ရှေ့လည်းတိုးနိုင်ကြမည် မဟုတ်‌ပေ။

    [62] ထို့ပြင် သူတို့သည် သူတို့ရွံ့ရှာ‌သောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု စွပ်စွဲကြသည်။* သို့ပါလျက် သူတို့၏နှုတ်များက အမှန်ပင် သူတို့အတွက် ‌ကောင်းကျိုးချမ်းသာရှိသည်ဟု လိမ်‌ပြောကြ‌သေးသည်။ အမှန်မှာ သူတို့အတွက် ငရဲမီးသာရှိသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် (ထိုငရဲမီးထဲ၌) ‌မေ့‌လျော့စွန့်ပစ်ခံထားရမည့်သူများဖြစ်သည်။

    [63] အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌ပြောဆိုသည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်မတိုင်မီ အုပ်စုတိုင်းထံသို့(တမန်‌တော်များ)‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ရှိုင်သွာန်သည် သူတို့၏လုပ်ရပ်များကို သူတို့၏အမြင်၌ လှပတင့်တယ်‌အောင် ပြုလုပ်ခြယ်လှယ်ခဲ့သည်။ သို့ဖြစ်ရာ ထိုရှိုင်သွာန်သည် ယ‌နေ့လည်း သူတို့၏မိတ်‌ဆွေပင် ဖြစ်သည်။ ထို့ပြင် သူတို့အတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။

    [64] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ကျမ်း‌တော်မြတ်ကို ချ‌ပေး‌တော်မူခြင်းသည် အသင့်အ‌နေနှင့် သူတို့အား သူတို့ ကွဲလွဲသည့်အရာကို ရှင်းလင်းပြသရန်အတွက်အပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာအဖြစ် ချ‌ပေး‌တော်မူခဲ့ခြင်းပင်ဖြစ်သည်။

    [65] ထို့ပြင် အလ္လာဟ်အရှင်မြတ်ပင် မိုး‌ကောင်းကင်မှ ‌ရေကိုချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ထို‌ရေနှင့်‌သေပြီးဖြစ်‌သော‌မြေကို ရှင်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲ၌ ကြားနာကြ‌သောသူများအတွက် အမှန်ပင် သက်‌သေ သာဓကရှိသည်။

    [66] ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းသတ္တဝါများတွင် အမှန်ပင် သင်ခန်းစာရှိသည်။ ငါအရှင်မြတ်သည် အသင်တို့အး သူ၏ဝမ်းဗိုက်ထဲမှ အစာ‌ဟောင်းနှင့် ‌သွေး၏ကြားမှ ‌သောက်သုံး‌သောသူများအတွက် အဝင်‌ကောင်းပြီး အရသာရှိ‌သော သန့်စင်ပြီးနို့ရည်ကို တိုက်‌ကျွေး‌တော်မူသည်။

    [67] ထို့ပြင် စွန်ပလွံပင်များ၏အသီးများနှင့် စပျစ်သီးများမှ အသင်တို့သည် ထိုအရာများဖြင့် မူးယစ်‌စေ‌သောအရာနှင့် ‌ကောင်းမွန်‌သော စား‌သောက်ဖွယ်ရာများကို ပြုလုပ်ကြသည်။ အမှန်စင်စစ် ထိုအထဲ၌ သိနားလည်သူများအတွက် အမှန်ပင် သက်‌သေသာဓကရှိသည်။

    [68] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ပျား‌ကောင်ထံသို့ (ဤသို့)အမိန့်‌ပေး‌တော်မူသည်-* “အသင်သည် ‌တောင်များနှင့်သစ်ပင်များသာမက လူများတည်‌ဆောက်ကြ‌သော အ‌ဆောက်အအုံများတွင်လည်း (အသင်တို့၏)‌နေအိမ်များ ပြုလုပ်ကြပါ။“

    [69] “ထို့‌နောက် အသင်သည် အသီးအနှံတိုင်းမှ စုပ်ယူစားသုံးပါ။ ၎င်း‌နောက် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ လွယ်ကူ‌သောလမ်းများကို ‌လျှောက်ပါ။“ ထိုပျား‌ကောင်၏ဝမ်းဗိုက်မှ အ‌ရောင်မျိုးစုံရှိ‌သော ‌သောက်သုံးဖွယ်ရာ(ပျားရည်)ထွက်သည်။ ၎င်း(ပျားရည်)တွင် လူများအတွက် ‌ရောဂါ‌ပျောက်ကင်းမှုရှိသည်။* အမှန်စင်စစ် ထိုအထဲ၌ စဉ်းစားဆင်ခြင်‌သောသူများအတွက် အမှန်ပင် သက်‌သေသာဓကရှိသည်။

    [70] ထို့ပြင် အလ္လာဟ်အရှင်မြတ်ကပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်ကပင် အသင်တို့အား(အသက်နှုတ်သိမ်းပြီး)‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အသင်တို့ထဲ၌ အညံ့ဆုံး အသက်အရွယ်(သူငယ်ပြန်‌သောအရွယ်)သို့ ပြန်‌ရောက်‌စေခြင်းကို ခံရသူများလည်းရှိသည်။ ‌နောက်ဆုံး၌ ထိုသူများသည် သိရှိပြီး‌နောက် မည်သည့်အရာတစ်ခုမျှ မသိဖြစ်ရသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [71] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အချို့ကို အချို့ထက် စားနပ်ရိက္ခာ ပို‌ပေး‌တော်မူခဲ့သည်။* ထို့‌နောက် ပို‌ပေးခြင်းခံရ‌သောသူများသည် သူတို့၏ပစ္စည်းများကို သူတို့ပိုင်ဆိုင်ကြ‌သော ‌ကျေးကျွန်များအ‌ပေါ်တွင် (ကျွန်နှင့်သခင်)အညီအမျှ ခွဲ‌ဝေ‌ပေးမည့်သူများ မဟုတ်ကြ‌ပေ။ သို့ဖြစ်ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ကို ငြင်းပယ်ကြသ‌လော။

    [72] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့ထဲမှပင် ဇနီးကြင်ရာများကို ပြုလုပ်‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဇနီးကြင်ရာများမှ သား၊ ‌မြေးများကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့စားသုံးကြရန်အတွက် ‌ကောင်းမွန်‌သောအရာများကို ‌ပေးသနား‌တော်မူခဲ့သည်။ သို့ပါလျက် သူတို့သည် အ‌ခြေအမြစ်မရှိသည့်အရာအ‌ပေါ်တွင် ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို ငြင်းပယ်‌နေကြမည်‌လော။

    [73] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အကြင်အရာများကို ဆည်းကပ်ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အတွက် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီမှ မည်သည့်ရိက္ခာမျှ ‌ပေးနိုင်ကြသည်မဟုတ်‌ပေ။ ၎င်း‌နောက် မည်သည့်အရာမျှလည်း မတတ်စွမ်းနိုင်ကြ‌ပေ။

    [74] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပုံပမာများ မခိုင်းနှိုင်းကြနှင့်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်ပင် သိရှိ‌တော်မူသည်။ ထို့ပြင် အသင်တို့မှာမူ မသိရှိကြ‌ပေ။

    [75] အလ္လာဟ်အရှင်မြတ်သည် သာဓကတစ်ခု ခိုင်းနှိုင်းပြ‌တော်မူသည်- “သူတစ်ပါးပိုင်ကျွန်တစ်ဦးရှိသည်။ ထိုကျွန်သည် မည်သည့်အရာကိုမျှ မစွမ်း‌ဆောင်နိုင်‌ပေ။ ထို့ပြင် ငါအရှင်မြတ်ထံ‌တော်မှ ငါအရှင်မြတ် ရိက္ခာ‌ဖော‌ဖောသီသီ‌ပေးထား‌တော်မူ‌သော သူတစ်ဦးရှိသည်။ ထိုသူသည် ထိုရိက္ခာများထဲမှ လျှို့ဝှက်စွာနှင့် ထင်ရှားစွာ လှူဒါန်းသုံးစွဲသည်။ သူတို့(နှစ်ဦး)သည် တူညီနိုင်ကြမည်‌လော။“ ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်‌တော်မူသည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိနားမလည်ကြ‌ပေ။

    [76] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သာဓကတစ်ခုကို (ထပ်မံ)ခိုင်းနှိုင်းပြ‌တော်မူသည်- “လူနှစ်ဦးရှိကြသည်။ ထိုနှစ်ဦးထဲမှ တစ်ဦးသည် ဆွံ့အသူဖြစ်၍ မည်သည့်အရာမျှ မတတ်စွမ်းနိုင်‌ပေ။ ထို့ပြင် သူသည် သူ၏သခင်အ‌ပေါ်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်‌နေသည်။ ထိုသခင်သည် သူ့အား အဘယ်သို့မဆိုလွှတ်ခဲ့လျှင် သူသည် မည်သည့်‌ကောင်းကျိုးမျှ ယူ‌ဆောင်လာသည်မရှိ‌ပေ။ ထိုသူသည် မျှတမှုနှင့် ညွှန်ကြား‌နေပြီး ‌ဖြောင့်မတ်မှန်ကန်‌သောလမ်း‌ပေါ်၌ တည်ရှိ‌နေသူနှင့် တူညီနိုင်ပါမည်‌လော။ (လုံးဝ မတူနိုင်‌ပေ)။

    [77] ထို့ပြင် မိုး‌ကောင်းကင်များတွင်ရှိ‌သော ကွယ်‌နေသည့်အရာများနှင့် ‌မြေပထဝီတွင်ရှိ‌သော ကွယ်‌နေသည့်အရာများသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ (အရှင်မြတ်သာ သိ‌တော်မူသည်)။ ထို့ပြင် ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှတ်မျှဖြင့် အမြန်ဖြစ်မည်။ သို့မဟုတ် ထိုထက်ပင် ပိုနီးကပ်စွာ အမြန်ဖြစ်ဦးမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [78] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်၏ဝမ်းထဲမှ ထွက်‌စေ‌တော်မူခဲ့သည်။ ထိုအချိန်က အသင်တို့သည် မည်သည့်အရာကိုမျှ မသိကြ‌သေး‌ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန် အသင်တို့အတွက် ကြားနိုင်စွမ်း၊ မြင်နိုင်စွမ်းများနှင့် စိတ်နှလုံးများကို ထည့်သွင်း‌ပေး‌တော်မူခဲ့သည်။

    [79] ‌ကောင်းကင်၏‌လေထုထဲ၌ ငှက်များသည် အမိန့်နာခံလျက်ရှိ‌နေသည်ကို သူတို့မမြင်ကြသ‌လော။ ထိုငှက်များအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူကမျှ ထိန်းမထား‌ပေ။ အမှန်စင်စစ် ထို(ငှက်များပျံဝဲ‌နေခြင်း)ထဲ၌ ယုံကြည်သူများအတွက် အမှန်ပင် သက်‌သေက္ခဏာများရှိကြသည်။

    [80] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အိမ်များကို ‌နေထိုင်ရာဌာန ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များ၏သား‌ရေများနှင့် အိမ်များပြုလုပ်‌တော်မူခဲ့သည်။ အသင်တို့သည် ထိုအိမ်များကို အသင်တို့ခရီးသွား‌သော‌နေ့နှင့် အသင်တို့စခန်းချ‌သော‌နေ့တွင် ‌ပေါ့ပါးစွာ ‌တွေ့ရှိကြသည်။ ၎င်း‌နောက် ထိုတိရစာ္ဆန်များ၏ သိုး‌မွေးများ၊ သား‌မွေးများ၊ အ‌မွေးအမင်များဖြင့် အိမ်သုံးပစ္စည်းများနှင့် အချိန်တစ်ချိန်ထိ အကျိုးခံစားဖွယ်ရာများကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။

    [81] ထို့ပြင် အလ္လာဟ်အရှင်မြတ်ကပင် အသင်တို့အတွက် အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သော အချို့အရာများထဲမှ အရိပ်များပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့ကို အပူရှိန်မှ ကာကွယ်‌ပေး‌သော အဝတ်အစားများနှင့် အသင်တို့အား စစ်လက်နက်များ၏ အန္တရာယ်မှ ကာကွယ်‌ပေး‌သော အဝတ်အစားများကို ဖန်ဆင်းပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ဤအတိုင်းပင် အရှင်မြတ်သည် အသင်တို့ အမိန့်‌တော်ကို လိုက်နာကြရန်အတွက် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို အသင်တို့အ‌ပေါ်တွင် အပြည့်အစုံ ချ‌ပေးသနား‌တော်မူခဲ့သည်။

    [82] ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲဖယ်ခဲ့ကြလျှင် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် (အရှင်မြတ်၏အမိန့်‌တော်များကို) အတိအလင်း ပို့ချရန်သာ တာဝန်ရှိသည်။

    [83] (အမှန်စင်စစ်) သူတို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သိရှိဝန်ခံကြသည်။ ၎င်း‌နောက် သူတို့သည် ထို‌ကျေးဇူး‌တော်များကို ငြင်းပယ်ကြသည်။* ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် ကာဖိရ်ငြင်းပယ်သူများပင် ဖြစ်ကြသည်။

    [84] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီကို ‌ခေါ်ယူ‌တော်မူမည်။ ထို့‌နောက် ငြင်းပယ်သူများအတွက် (အ‌ကြောင်းပြရန်)ခွင့်ပြုခြင်းခံရမည် မဟုတ်‌ပေ။ ထို့ပြင် ထိုငြင်းပယ်သူများသည် ‌ပြေလည်မှုပြုလုပ်ရန် ‌တောင်းဆိုခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။

    [85] ထို့ပြင် မတရားပြုလုပ်ခဲ့ကြ‌သောသူများသည် ပြစ်ဒဏ်ကိုမြင်ကြရ‌သောအခါ သူတို့အ‌ပေါ်မှ(ပြစ်ဒဏ်)‌လျှော့‌ပေါ့ခံရမည် မဟုတ်‌ပေ။ ၎င်း‌နောက် သူတို့သည် (ပြစ်ဒဏ်ကို)ဆိုင်းငံ့ခံကြရမည်လည်း မဟုတ်‌ပေ။

    [86] ထို့ပြင် တွဲဖက်ကိုးကွယ်ခဲ့ကြ‌သောသူများသည် သူတို့၏တွဲဖက်ကိုးကွယ်ရာများကို ‌တွေ့မြင်ကြ‌သောအခါ သူတို့က ‌ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ဤအရာများသည် အရှင်မြတ်မှလွဲ၍ ကျွန်ုပ်တို့ဟစ်‌ခေါ်ခဲ့ကြ‌သော တွဲဖက်ကိုးကွယ်ရာများပင်ဖြစ်ကြပါသည်။“ ၎င်း‌နောက် ထိုတွဲဖက်ကိုးကွယ်ရာများသည် သူတို့ဘက်သို့ စကားလွှဲပစ်ပြီး ‌ပြောဆိုကြမည်- “အမှန်စင်စစ် အသင်တို့သည် အမှန်ပင် လိမ်‌သောသူများသာ ဖြစ်ကြသည်။“

    [87] ထို့ပြင် သူတို့သည် ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ အမိန့်နာခံရန် ကမ်းလှမ်းကြမည်။ ထို့ပြင် သူတို့ထံမှ သူတို့ လုပ်ကြံဖန်တီးခဲ့ကြ‌သောအရာများသည် ‌ပျောက်ပျက်သွားကြမည်။

    [88] အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် (လူများအား) အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးခဲ့ကြသည်။ သူတို့သည် ဖျက်ဆီး‌လေ့ရှိခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်တစ်ခုအ‌ပေါ်၌ တစ်ခုထပ်တိုးပြီး‌ပေး‌တော်မူမည်။

    [89] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သူတို့နှင့်ဆန့်ကျင်ပြီး သူတို့ထဲမှပင် သက်‌သေတစ်ဦးစီကို ‌ခေါ်ယူ‌တော်မူမည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား ဤသူများနှင့်ဆန့်ကျင်၍ သက်‌သေအဖြစ်‌ခေါ်ယူ‌တော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် (ထိုသို့ သက်‌သေထွက်ဆိုရန်အတွက်) အသင်၏အ‌ပေါ်တွင် (ကုရ်အာန်)ကျမ်း‌တော်မြတ်ကို အရာလားလုံး၏ ရှင်းလင်းချက်အဖြစ်လည်း‌ကောင်း၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်လည်း‌ကောင်း၊ ကရုဏာ‌တော်အဖြစ်လည်း‌ကောင်း ချ‌ပေး‌တော်မူခဲ့သည်။

    [90] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျှတရန်၊ ‌ကောင်းမွန်စွာ ဆက်ဆံရန်နှင့် ‌ဆွေမျိုးသားချင်းများကို ‌ပေးကမ်း‌ထောက်ပံ့ရန် အမိန့်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ရာများ၊ မ‌ကောင်းမှုများနှင့် ကျူး‌ကျော်မှုများမှ တားမြစ်‌တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိတရားရကြရန်အတွက် ဆုံးမ‌တော်မူသည်။

    [91] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုထား‌သောအခါ ထိုကတိကို ပြည့်ဝ‌အောင် ‌ဆောင်ရွက်ကြပါ။* ၎င်း‌နောက် အသင်တို့သည် ကျိန်ဆိုမှုများကို အခိုင်အမာပြုလုပ်ပြီး‌နောက် မ‌ဖောက်ဖျက်ကြနှင့်။ အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အသင်တို့အ‌ပေါ်တွင် အာမခံသူအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို သိရှိ‌တော်မူသည်။

    [92] ထို့ပြင် အသင်တို့သည် အကြင်မိန်းမကဲ့သို့ မဖြစ်ကြနှင့်၊ သူမသည် သူမ၏ချည်ခင်ကို ‌ကောင်း‌ကောင်းငင်ပြီး‌နောက် အပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့သည်။ (ထိုကဲ့သို့)အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များအား အသင်တို့သည် ပရိယာယ်ကြံစည်မှု၏ အ‌ကြောင်းခံအဖြစ် ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အုပ်စုတစ်စုသည် အုပ်စုတစ်ခုအ‌ပေါ် ပို၍ တိုးတက်ကြီးပွားရန်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကတိနှင့် အသင်တို့ကို စမ်းသပ်‌တော်မူခြင်းသာဖြစ်သည်။ ၎င်း‌နောက် အရှင်မြတ်သည် အသင်တု့ိ ကွဲလွဲ‌နေသည်များကို ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အသင်တို့၏‌ရှေ့၌ အမှန်စင်စစ် ရှင်းလင်းထင်ရှားစွာ ပြသ‌တော်မူမည် ဖြစ်သည်။

    [93] ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် အသင်တို့အား သာသနာဝင်အုပ်စုတစ်စုတည်း ထားရှိ‌တော်မူ၍ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှန်‌ရောက်‌အောင် ပို့‌ဆောင်ညွှန်ကြားပြသ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်သည်များနှင့်ပတ်သက်၍ အမှန်စင်စစ် စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်။

    [94] ထို့ပြင် အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များကို အသင်တို့ အချင်းချင်းကြားတွင် ပရိယာယ်ကြံစည်မှု မပြုလုပ်ကြနှင့်။ သို့ဖြစ်လျှင် (အသင်တို့၏)‌ခြေသည် တည်မြဲပြီး‌နောက်မှ တိမ်း‌ချော်သွားလိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးခဲ့ကြသည့်အတွက် ဒုက္ခခံကြရမည်။ ၎င်း‌နောက် (တမလွန်ဘဝတွင်) အသင်တို့အတွက် ကြီးကျယ်‌သောပြစ်ဒဏ်ရှိသည်။

    [95] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိ‌သောကတိဖြင့် အနည်းငယ်မျှရှိ‌သော အဖိုး‌ငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြနှင့်။ အကယ်၍ အသင်တို့သည် သိခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ရှိ‌သောအရာ(ဆုလာဘ်)သည် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [96] အသင်တို့ထံ၌ရှိ‌သောအရာများသည် ကုန်ခန်းသွားမည်ဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ရှိ‌သောအရာများသည် အမြဲကျန်ရှိမည့်အရာများ ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သည်းခံခဲ့‌သောသူများအား သူတို့ ပြုမူခဲ့ကြသည်များထက် ပို‌ကောင်း‌သော ကုသိုလ်အကျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။

    [97] မည်သူမဆို ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ သူသည် ယုံကြည်သူဖြစ်လျက်* ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူကို သန့်ရှင်းစင်ကြယ်‌သော အသက်ရှင်ခြင်းမျိုးနှင့် အသက်ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများအား သူတို့ပြုလုပ်ခဲ့‌သော လုပ်ရပ်များထက် ‌ကောင်းမွန်‌သော ကုသိုလ်အကျိုးကို ‌ပေးသနား‌တော်မူမည် ဖြစ်သည်။

    [98] သို့ဖြစ်ရာ အသင်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ရွတ်ဖတ်‌သောအခါ နှင်ထုတ်ခြင်းခံရ‌သော ရှိုင်သွာန်(၏ အ‌နှောင့်အယှက်)မှ အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ခိုလှုံပါ။

    [99] အမှန်စင်စစ် ထိုရှိုင်သွာန်သည် အကြင်သူများအ‌ပေါ် လုံးဝ အာဏာမရှိ‌ပေ။* ထိုသူများသည် အီမာန်ယုံကြည်၍ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ် ယုံပုံလွှဲအပ်ထားကြသည်။

    [100] သူ၏အာဏာသည် သူ့ကို မိတ်‌ဆွေဖွဲ့‌သောသူများအ‌ပေါ်နှင့် သူ(၏ လှုံ့‌ဆော်မှု)‌ကြောင့် (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်‌သောသူများအ‌ပေါ်တွင်သာ ရှိသည်။

    [101] ထို့ပြင် ငါအရှင်မြတ်သည် အာယသ်‌တော်တစ်ပိုဒ်ကို အခြားအာယသ်‌တော်တစ်ပိုဒ်၏‌နေရာတွင် ‌ပြောင်းလဲ‌တော်မူ‌သောအခါ* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအမိန့်များကို အသိဆုံးဖြစ်‌တော်မူသည်။ သူတို့က အသင်သည် လုပ်ကြံဖန်တီးသူပင်ဖြစ်သည်ဟု ‌ပြောဆိုကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်မှာ သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။

    [102] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုအာယသ်‌တော်ကို ရှုဟွလ်ကုဒုစ်(‌ကောင်းကင်တမန် ဂျိဗ်ရီလ်)က အသင်၏ထံသို့ ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ယုံကြည်သူများအား တည်တံ့ခိုင်မြဲ‌စေရန်၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်နှင့် သတင်း‌ကောင်းအဖြစ် မှန်ကန်စွာ ချ‌ပေး‌တော်မူခဲ့သည်။

    [103] ထို့ပြင် အမှန်စင်စစ် သူတို့က ၎င်း(တမန်‌တော်)ကို လူတစ်ဦးက သင်ကြားပို့ချ‌ပေးသည်ဟု ‌ပြောဆို(စွပ်စွဲ)ကြသည်ကို အမှန်စင်စစ် ငါအရှင်မြတ်သည် သိ‌တော်မူသည်။* သူတို့ ရည်ညွှန်း‌ပြောဆိုကြ‌သောသူ၏ဘာသာစကားသည် အရဗီမဟုတ်‌သော ဘာသာစကားပင်ဖြစ်သည်။ ထို့ပြင် ဤကုရ်အာန်ကျမ်းကမူ ရှင်းလင်းထင်ရှား‌သော အရဗီဘာသာစကားပင်ဖြစ်သည်။

    [104] အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို မယုံကြည်ကြ‌ပေ။ သူတို့အား အလ္လာဟ်အရှင်မြတ်သည် လမ်းမှန် ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။ ၎င်း‌နောက် သူတို့အတွက် နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိမည်။

    [105] အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို မယုံကြည်သူများပင် လုပ်ကြံလိမ်လည်‌ပြောဆိုကြသည်။ ၎င်း‌နောက် သူတို့ပင် လိမ်လည်သူများဖြစ်ကြသည်။

    [106] မည်သူမဆို သူအီမာန်ယုံကြည်ပြီး‌နောက် အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခဲ့လျှင်၊ ထို(ငြင်းပယ်မှု)ထဲ၌ အကြင်သူမပါ‌ပေ၊ ထိုသူ၏စိတ်နှလုံးသည် ငြင်းပယ်မှုတွင် ‌မွေ့‌လျော်ခဲ့လျှင် ထိုသူများ၏အ‌ပေါ်တွင်မူ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အမျက်‌တော်သည် ကျ‌ရောက်မည်ဖြစ်သည်။ ၎င်း‌နောက် သူတို့အတွက် ကြီးကျယ်‌သောပြစ်ဒဏ်လည်း ရှိမည်ဖြစ်သည်။

    [107] ဤ(ပြစ်ဒဏ်ခံရခြင်း)မှာမူ သူတို့သည် ဤဘဝအား တမလွန်ဘဝထက် ပိုနှစ်သက်ခဲ့ကြသည့်အတွက်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်‌သောသူများအား လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ပေ။

    [108] ထိုသူများသည် အကြင်သူများပင်ဖြစ်ကြသည်။ ထိုသူများ၏စိတ်နှလုံးများနှင့် သူတို့၏နားများ၊ မျက်စိများအ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က တံဆိပ်ခတ်နှိပ်‌တော်မူခဲ့သည်။ ၎င်း‌နောက် ထိုသူများပင် (တမလွန်ဘဝကို)‌မေ့‌လျော့‌နေ‌သောသူများဖြစ်ကြသည်။

    [109] အမှန်စင်စစ် ထိုသူများသည် တမလွန်ဘဝတွင် ဆုံးရှုံးသူများအမှန်ပင် ဖြစ်ကြရမည်မှာ မလွှဲမ‌ရှောင်သာ(‌သောကိစ္စပင်)ဖြစ်သည်။

    [110] ထို့‌နောက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အကြင်သူများအတွက် ထိုသူများသည် စမ်းသပ်ခြင်းကို ခံကြရပြီး‌နောက် ‌ရွှေ့‌ပြောင်း‌နေထိုင်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် သက်စွန့်ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သည်းခံခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ထို(ကိစ္စများ)၏‌နောက်တွင် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [111] ထို‌နေ့တွင် လူတိုင်းသည် မိမိကိုယ်မိမိ ကာကွယ်၍ပင် ငြင်းခုံ‌ပြောဆို‌နေကြမည်။ ထို့ပြင် လူတိုင်းသည် သူပြုလုပ်ခဲ့‌သောလုပ်ရပ်များ(၏ အကျိုးအပြစ်)ကို မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် သူတို့သည် အပြည့်အဝ‌ပေးခြင်း ခံကြရမည်ဖြစ်သည်။

    [112] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာအား ပုံပမာ ခိုင်းနှိုင်းပြ‌တော်မူသည်။ ထိုရွာသည် ‌ဘေးရန်ကင်းပြီး ငြိမ်းချမ်းစွာရှိ‌နေခဲ့သည်။ ထိုရွာသို့ သူ၏စားနပ်ရိက္ခာများသည် ‌နေရာတိုင်းမှ ‌ဖောသီစွာ ‌ရောက်ရှိ‌နေခဲ့သည်။ ထို့‌နောက် ထိုရွာ(သူရွာသားများ)သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်များကို ငြင်းပယ်ခဲ့(ကြ)သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားများ)အား သူတို့၏လုပ်ရပ်များ‌ကြောင့် ဆာ‌လောင်မှုနှင့် ‌ကြောက်ရွံ့ထိတ်လန့်မှုကို မြည်းစမ်း‌စေ‌တော်မူခဲ့သည်။

    [113] ထို့ပြင် အမှန်စင်စစ် သူတို့ထံသို့ သူတို့ထဲမှပင် တမန်‌တော်တစ်ပါးသည် ‌ရောက်လာခဲ့သည်။ ထို့‌နောက် သူတို့သည် ထိုတမန်‌တော်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြစ်ဒဏ်သည် သူတို့ကို သူတို့မတရားသူများဖြစ်လျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [114] သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌ပေးသနား‌တော်မူ‌သောအရာများထဲမှ သန့်ပြန့်‌သော စားပိုင်ခွင့်ပြု‌တော်မူသည့်အရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြလျှင် အရှင်မြတ်၏‌ကျေးဇူး‌တော်များနှင့် ပတ်သက်၍ ‌ကျေးဇူးတင်ကြပါ။

    [115] အမှန်စင်စစ် အရှင်မြတ်သည် အ‌သေ‌ကောင်၊‌သွေး၊ဝက်သားနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုရည်ရွယ်(လှီးဖြတ်)ထား‌သောအရာများကိုသာ* အသင်တို့အ‌ပေါ် ဟရာမ်ဟု တားမြစ်‌တော်မူခဲ့သည်။ ထို့‌နောက် အကြင်သူသည် အကျပ်အတည်းဖြစ်ခဲ့သည်၊ သူသည် (အစားကို)မက်‌မောသူလည်း မဟုတ်‌ပေ၊ (အစား)ကျူးသူလည်း မဟုတ်‌ပေ (ထိုသူသည် မလွှဲမ‌ရှောင်သာ မ‌သေရုံတမည် ဟရာမ်ကို စားသုံးခဲ့လျှင်) ထို့‌နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [116] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲကြရန်အတွက် အသင်တို့၏နှုတ်လျှာများက မုသားလုပ်ကြံဖန်တီးခဲ့‌သော “ဤသည် ဟလာလ် ခွင့်ပြုထား‌သောအရာဖြစ်သည်၊ ၎င်း‌နောက် ဤသည် ဟရာမ် တားမြစ်ထား‌သောအရာဖြစ်သည်“ဟူသည့် (စကားများကို)မ‌ပြောဆိုကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲကြ‌သောသူများသည် ‌အောင်မြင်မည်မဟုတ်‌ပေ။

    [117] အကျိုးခံစားမှု အနည်းငယ်ပင်ဖြစ်သည်။ ၎င်း‌နောက် သူတို့အတွက် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ရှိမည်။

    [118] ထို့ပြင် ငါအရှင်မြတ်သည် ယဟူဒီများအ‌ပေါ်တွင် အသင်(တမန်‌တော့်)အား ငါအရှင်မြတ် ယခင်က မိန့်ကြားခဲ့‌သောအရာများကို ဟရာမ်ဟု တားမြစ်ထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မမူခဲ့‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်‌နေခဲ့ကြခြင်းဖြစ်သည်။

    [119] ထို့‌နောက် အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကြင်သူများအတွက်၊ ထိုသူများသည် မသိမိုက်မဲသည့်အဖြစ်နှင့် မ‌ကောင်းမှုကျူးလွန်ခဲ့ကြသည်။ ထို့‌နောက် ထိုအပြစ်ကျူးလွန်ပြီး‌နောက် ‌သောင်ဗဟ် အမှားဝန်ချ‌တောင်းပန်ပြီး ပြုပြင်‌နေခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှားဝန်ခံပြုပြင်ပြီး‌နောက်၌ အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [120] အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် အလွန်အတုယူထိုက်‌သော‌ရှေ့‌ဆောင်၊ အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်များ)ကို လိုက်နာသူ၊ တစ်စိတ်တစ်လက်တည်း ‌ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းသည် မုရှ်ရိက်များထဲမှ မဟုတ်ခဲ့‌ပေ။

    [121] (၎င်းသည်) အရှင်မြတ်၏‌ကျေးဇူး‌တော်များကို အလွန်သိတတ်ပြီး ‌ကျေးဇူးတင်သူ(ဖြစ်ခဲ့သည်)။ အရှင်မြတ်သည် ၎င်းအား ‌ရွေးချယ်‌တော်မူပြီး ၎င်းအား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ပြသ‌တော်မူခဲ့သည်။

    [122] ၎င်း‌နောက် ငါအရှင်မြတ်သည် ၎င်းအား ဤဘဝတွင်လည်း ‌ကောင်းမြတ်သည်များကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ၎င်းသည် တမလွန်ဘဝတွင်လည်း အမှန်ပင် ‌ကောင်းမြတ်‌သောသူများထဲမှ ဖြစ်လိမ့်မည်။

    [123] ထို့‌နောက် ငါအရှင်မြတ်သည် အသင့်ထံသို့ ‌ဖြောင့်မတ်တည်ကြည်‌သော (တမန်‌တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ကို လိုက်နာပါဟု အမိန့်ချမှတ်‌တော်မူခဲ့သည်။ ၎င်း‌နောက် ၎င်းသည် မုရှ်ရိက်များထဲမှ မဖြစ်ခဲ့‌ပေ။

    [124] စဗ်သ် စ‌နေ‌နေ့(ဥပုသ်‌နေ့)သည် ထို‌နေ့(၏ အမိန့်ပညတ်ချက်များ)နှင့်ပတ်သက်၍ ကွဲလွဲခဲ့ကြ‌သောသူများအ‌ပေါ်၌သာ (အတည်)ပြုလုပ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်း‌နောက် အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ ကွဲလွဲ‌နေခဲ့‌သောအရာများနှင့်ပတ်သက်၍ အမှန်ပင် စီရင်ဆုံးဖြတ်‌တော်မူမည် ဖြစ်သည်။

    [125] အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏လမ်းကို ပညာဉာဏ်အ‌မြော်အမြင်နှင့် ‌ကောင်းမြတ်‌သော ဆုံးမဩဝါဒဖြင့် ဖိတ်‌ခေါ်ပါ။ ထို့ပြင် အသင်သည် သူတို့အား အ‌ကောင်းဆုံးနည်းဖြင့် အ‌ချေအတင်‌ပြောဆိုပါ။* အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်သွားသူများကို အသိဆုံးဖြစ်‌တော်မူသည်။* ၎င်း‌နောက် အရှင်မြတ်သည်ပင် တရားလမ်းမှန်ရရှိကြ‌သောသူများကိုလည်း အသိဆုံးဖြစ်‌တော်မူသည်။

    [126] ထို့ပြင် အကယ်၍ အသင်တို့သည် တုံ့ပြန်လက်စား‌ချေမည်ဆိုလျှင် အသင်တို့ ဒုက္ခ‌ပေးခြင်းခံရသည်နှင့်အမျှသာ တုံ့ပြန်လက်စား‌ချေကြပါ။* ၎င်း‌နောက် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြလျှင် အမှန်စင်စစ် ထိုသည်းခံမှုသည် သည်းခံသူများအတွက် အ‌ကောင်းဆုံးဖြစ်သည်။

    [127] ထို့ပြင် အသင်(တမန်‌တော်)သည် သည်းခံပါ၊ အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအား‌ပေးမှု‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အတွက် ပူ‌ဆွေးမ‌နေပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ကြံစည်မှုများ‌ကြောင့် စိတ်ဆင်းရဲမှုလည်း မဖြစ်ပါနှင့်။

    [128] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြ‌သောသူများနှင့်အတူ၊ ၎င်း‌နောက် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သောသူများနှင့်အတူ ရှိ‌တော်မူသည်။

    Surah 17
    ညဉ့်ခရီး

    [1] အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည်။ ထိုအရှင်မြတ်သည် တစ်ည၌ အရှင်မြတ်၏‌ကျေးကျွန်(ဖြစ်သူ တမန်‌တော်မုဟမ္မဒ်-ဆွ)အား မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်‌သောဗလီမှ ထိုကျွန်အား ငါအရှင်မြတ်၏ အချို့လက္ခဏာများကို ပြသရန်အတွက် အကြင်‌ဝေးလံ‌သောဗလီ မတ်စ်ဂျိဒိအက္ကစွာထံသို့ ‌ခေါ်‌ဆောင်သွား‌တော်မူခဲ့သည်။* ငါအရှင်မြတ်သည် ထိုဗလီဝတ်‌ကျောင်း‌တော်၏ ပတ်ဝန်းကျင်ကို မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [2] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို အစ္စရာအီလ်မျိုးနွယ်များအတွက် “အသင်တို့သည် ငါအရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမှ အားကိုးအားထားရာ မပြုလုပ်ကြနှင့်“ဟု လမ်းမှန်ညွှန်ကြားချက်အဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [3] အို- (သ‌ဘေင်္ာ‌ပေါ်၌) ငါအရှင်မြတ်က (တမန်‌တော်)နူးဟ်နှင့်အတူ တင်‌ဆောင်‌တော်မူခဲ့‌သောသူများ၏ သား‌မြေးအ‌ပေါင်းတို့၊ (အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းအ‌ပေါ်တွင် ယုံကြည်ကြပါ။) အမှန်စင်စစ် ၎င်း(တမန်‌တော်နူးဟ်)သည် အလွန်‌ကျေးဇူးသိတတ်‌သော ကျွန်တစ်ဦးဖြစ်သည်။

    [4] ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံသို့ (‌သောင်ရာသ်)ကျမ်း‌တော်တွင် စီရင်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ အမှန်စင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ် ဖျက်လိုဖျက်ဆီးပြုလုပ်ကြလိမ့်မည်။ ၎င်း‌နောက် အမှန်စင်စစ် အသင်တို့သည် မာန‌ထောင်လွှားလျက် ကြီးကျယ်စွာ ဆိုးသွမ်း‌သောင်းကျန်းကြမည် (ဖျက်ဆီးမှုများပြုလုပ်ကြမည်)။

    [5] ၎င်း‌နောက် ထိုနှစ်ကြိမ်ထဲမှ ပထမအကြိမ်(ဖျက်ဆီးမှုကို အသင်တို့ ပြုလုပ်ခဲ့ကြသည့်အတွက်) ချိန်းဆိုထား‌သောပြစ်ဒဏ် ကျ‌ရောက်လာ‌သောအခါ ငါအရှင်မြတ်သည် ပြင်းထန်စွာတိုက်ခိုက်နိုင်‌သော ငါအရှင်မြတ်၏ကျွန်များကို အသင်တို့အ‌ပေါ်တွင် ‌စေလွှတ်‌တော်မူမည်။ သို့ဖြစ်ရာ သူတို့သည် (အသင်တို့ကို သတ်ဖြတ်ဖျက်ဆီးရန်) ‌နေအိမ်များထဲသို့ ချင်းနင်းဝင်‌ရောက်ကြမည်။ ထို့ပြင် (ငါအရှင်မြတ်၏ဤချိန်းဆိုမှုသည်)ပြီး‌မြောက်‌အောင် ပြုလုပ်ခြင်းခံရမည့် ချိန်းဆိုမှုပင်ဖြစ်သည်။

    [6] ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့အား သူတို့အ‌ပေါ်တွင် (လွှမ်းမိုးရန်)အလှည့်ပြန်‌ပေး‌တော်မူမည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ၊ သား(သမီး)များဖြင့် ကူညီ‌စောင်မ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို များပြား‌သော အုပ်စုအဖြစ်လည်း ပြုလုပ်‌တော်မူမည်။

    [7] အကယ်၍ အသင်တို့သည် အ‌ကောင်းပြုလုပ်ခဲ့ကြလျှင် အသင်တို့အတွက် အ‌ကောင်းပြုခြင်းသာ ဖြစ်သည်။ ၎င်း‌နောက် အကယ်၍ အသင်တို့သည် အဆိုးပြုလုပ်ခဲ့ကြလျှင်လည်း အသင်တို့အတွက် အဆိုးပြုခြင်းသာဖြစ်သည်။ ထို့‌နောက် ဒုတိယအကြိမ် (ဖျက်လိုဖျက်ဆီးမှုကို အသင်တို့ ပြုလုပ်ခဲ့ကြသည့်)အတွက် ချိန်းဆိုထား‌သောပြစ်ဒဏ် ‌ရောက်လာ‌သောအခါ (ငါအရှင်မြတ်သည် အရှင်မြတ်၏အခြားကျွန်များကို) သူတို့သည် အသင်တို့၏မျက်နှာများအား ပျက်စီးရန်၊ သူတို့သည် ဗလီဝတ်‌ကျောင်း‌တော်ကို ပထမအကြိမ် ဝင်‌ရောက်ခဲ့ကြသကဲ့သို့ ဝင်‌ရောက်ကြရန်နှင့် သူတို့ နိုင်နင်းသမျှအရာများကို ဖျက်ဆီးကြရန် (အသင်တို့အ‌ပေါ်တွင် လွှမ်းမိုး‌စေ‌တော်မူသည်)ဖြစ်သည်။

    [8] (အို- အစ္စရာအီလ်မျိုးနွယ်တို့) အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့အား သနား‌တော်မူရန် ‌သေချာစွာ ကတိပြု‌တော်မူသည်။* ထို့‌နောက် အကယ်၍ အသင်တို့သည် ထပ်မံ၍ ထိုသို့ပြုလုပ်ခဲ့ကြလျှင် ငါအရှင်မြတ်သည်လည်း ထပ်မံ၍ပင် ထိုကဲ့သို့ တုံ့ပြန်ပြုလုပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် ဂျဟန္နမ်ငရဲဘုံကို အကျဉ်း‌ထောင်အဖြစ် ပြုလုပ်ထား‌တော်မူသည်။

    [9] အမှန်စင်စစ် ဤကုရ်အာန်ကျမ်း‌တော်မြတ်သည် အ‌ဖြောင့်မတ်ဆုံးတရားလမ်းကို ညွှန်ကြားပြသသည်။ ၎င်း‌နောက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သော အီမာန်ယုံကြည်သူများ အမှန်ပင် သူတို့အတွက် ကြီးကျယ်‌သော ဆုလာဘ်ရှိသည်ဟု သတင်း‌ကောင်း‌ပေးသည်။

    [10] ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများအတွက် ငါအရှင်မြတ်သည် နာကျင်‌စေ‌သောပြစ်ဒဏ်ကို အသင့်ပြုလုပ်ထား‌တော်မူသည်(ကိုလည်း ဤကုရ်အာန်ကျမ်း‌တော်မြတ်က သတင်း‌ပေးသည်)။

    [11] ထို့ပြင် လူသားသည် အ‌ကောင်းနှင့်ပတ်သက်၍ ဆု‌တောင်းကြသကဲ့သို့ အဆိုးနှင့်ပတ်သက်၍လည်း ဆု‌တောင်းကြသည်။ ၎င်း‌နောက် လူသားသည် အလွန်အလျင်စလိုလုပ်သူဖြစ်သည်။

    [12] ထို့ပြင် ငါအရှင်မြတ်သည် ညနှင့်‌နေ့ကို သက်‌သေနှစ်ခုအဖြစ် ပြုလုပ်ထား‌တော်မူသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ည၏သက်‌သေလက္ခဏာကို (အလင်း)‌ဖျောက်ဖျက်(၍ အ‌မှောင်ပြုလုပ်)‌တော်မူပြီး ‌နေ့၏သက်‌သေလက္ခဏာကို အလင်းပြုလုပ်‌တော်မူသည်။ ထိုသို့ ပြုလုပ်ရသည့်အ‌ကြောင်းကမူ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ကျေးဇူး‌တော်(စားနပ်ရိက္ခာ)ကို ရှာ‌ဖွေကြရန်၊ အသင်တို့သည် နှစ်များ၏အ‌ရေအတွက်ကို သိကြရန်နှင့် စာရင်းတွက်ချက်မှုများကို သိကြရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အ‌သေးစိတ် ရှင်းလင်း‌ဖော်ပြ‌တော်မူသည်။

    [13] ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်း၏လုပ်ရပ်ကို သူ၏လည်ကုပ်တွင် ခိုင်မြဲစွာ ချည်‌နှောင်ထား‌တော်မူသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် သူ့အား မှတ်တမ်းတစ်ခုကို ထုတ်‌ပေး‌တော်မူမည်။ သူသည် ထိုမှတ်တမ်းကို ပွင့်‌နေသည့်အဖြစ်နှင့် ‌တွေ့ရလိမ့်မည်။

    [14] (ထို့‌နောက် သူ့အား‌ပြောမည်)- အသင်သည် အသင်၏မှတ်တမ်းကို ဖတ်လိုက်ပါ၊ ယ‌နေ့မူ အသင်ကိုယ်တိုင်ပင် အသင်၏အ‌ပေါ် စာရင်းစစ်‌ဆေးသူအဖြစ် လုံ‌လောက်‌ပေသည်။

    [15] မည်သူသည် တရားလမ်းမှန်ကို ရရှိခဲ့မည်နည်း၊ ထိုသူသည် သူ၏အကျိုးအတွက် ရရှိခဲ့ခြင်းသာဖြစ်သည်။ ၎င်း‌နောက် မည်သူသည် လမ်းလွဲခဲ့မည်နည်း၊ ထိုသူသည် သူ့ကိုယ်သူနှင့်ဆန့်ကျင်ပြီး (အကျိုးယုတ်ရန်) လမ်းလွဲခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သည့်သယ်ပိုးသူကမျှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်‌ပေ။ ၎င်း‌နောက် ငါအရှင်မြတ်သည် တမန်‌တော်တစ်ပါးပါးအား မ‌စေလွှတ်သမျှ ပြစ်ဒဏ်‌ပေး‌တော်မမူ‌ပေ။

    [16] ထို့ပြင် ငါအရှင်မြတ်သည် ရွာတစ်ရွာအား ဖျက်ဆီးရန် ရည်ရွယ်‌တော်မူလျှင် ထိုရွာမှ စည်းစိမ်ရှင်များအား (အီမာန်ယုံကြည်ရန်နှင့် အမိန့်နာခံရန်) အမိန့်‌ပေး‌တော်မူသည်။ ထို့‌နောက် သူတို့သည် (အမိန့်နာမခံဘဲ) ထိုရွာတွင် ဆိုးသွမ်းကြသည်။ သို့ဖြစ်ရာ ချိန်းဆိုထား‌သော ပြစ်ဒဏ်သည် ထိုရွာတွင် ကျ‌ရောက်‌တော့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုရွာကို အပြည့်အဝ ဖျက်ဆီးပစ်‌တော်မူသည်။

    [17] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်၏‌နောက်၌ လူမျိုးဆက် အ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။* ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ၏ ပြစ်မှုများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [18] မည်သူမဆို ဤဘဝ၏စည်းစိမ်ကိုရည်ရွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူ့အား ဤဘဝ၌ပင် ငါအရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ငါအရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား မြန်ဆန်စွာ‌ပေးလိုက်‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူ့အတွက် ငရဲဘုံကို ပြုလုပ်ထား‌တော်မူသည်။ ထိုသူသည် ငရဲဘုံထဲသို့ ပြစ်တင်ကဲ့ရဲ့ခံရ၍ နှင်ထုတ်ခြင်းခံရလျက် ဝင်‌ရောက်ရမည်ဖြစ်သည်။

    [19] ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်သူလည်းဖြစ်လျက် သူသည် တမလွန်ဘဝကို ရည်ရွယ်၍ တမလွန်ဘဝနှင့်ကိုက်ညီ‌သော ကြိုးပမ်းအားထုတ်မှုကို ကြိုးပမ်းခဲ့လျှင်၊ ထိုသူများပင် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် အကျိုး‌ကျေးဇူး‌ပေးခြင်း ခံရမည်ဖြစ်သည်။

    [20] ငါအရှင်မြတ်သည် ဤသူများနှင့် ထိုသူများ အသီးသီးတို့ကို အသင်(တမန်‌တော့်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဆုလာဘ်‌ကျေးဇူး‌တော်ထဲမှ ပံ့ပိုးခြင်းဖြစ်သည်။ ၎င်း‌နောက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ (‌လောကီဆိုင်ရာ)‌ကျေးဇူး‌တော်သည် (မည်သူ့အ‌ပေါ်တွင်မှ)ပိတ်ပင်ထားခြင်း မရှိ‌ပေ။

    [21] ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့ကိုအချို့ထက် မည်သို့ မြင့်မြတ်‌စေ‌တော်မူခဲ့သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည် အဆင့်အတန်းအားဖြင့်သာမက မြင့်မြတ်မှုအားဖြင့်လည်း အလွန်ကြီးကျယ်လှသည်။

    [22] အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ ‌နောက်ထပ် အဘယ်ကိုးကွယ်ရာကိုမှ (တွဲဖက်ကိုးကွယ်မှု)လုံးဝ မပြုလုပ်နှင့်။ ထိုသို့ပြုလုပ်ခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက်၊ အကူအညီ‌ပေးခြင်းမှ စွန့်ပစ်ခံထားရလျက် ထိုင်‌နေရမည်ဖြစ်သည်။

    [23] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အမိန့်ပြဋ္ဌာန်း‌တော်မူသည်။ အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်းမှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရ‌ပေ။ ၎င်း‌နောက် မိဘနှစ်ပါးကို ‌ကောင်းမွန်စွာ ပြုစုကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးထဲမှ တစ်ပါးဖြစ်‌စေ၊ နှစ်ပါးစလုံးဖြစ်‌စေ အသင့်‌ရှေ့၌ အိုမင်းရင့်‌ရော်‌သောအရွယ်သို့‌ရောက်ခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါးအား “အို“ဟုပင် မ‌ပြောနှင့်။ ၎င်း‌နောက် အသင်သည် မိဘနှစ်ပါးအား ‌ငေါက်ငမ်းခြင်းလည်း မပြုနှင့်။ အသင်သည် ထိုမိဘနှစ်ပါးနှင့် ယဉ်‌ကျေးသိမ်‌မွေ့ချိုသာ‌သောစကားကိုသာ ‌ပြောဆိုပါ။

    [24] ထို့ပြင် အသင်သည် ထိုမိဘနှစ်ပါး၏‌ရှေ့၌ သူတို့အ‌ပေါ်တွင် ကြင်နာ‌သောသ‌ဘောနှင့် ကျိုးနွံပါ။ ၎င်း‌နောက် အသင်သည် (အရှင်မြတ်ထံ‌တော်၌ ဤသို့)‌တောင်းဆိုပါ- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ထိုမိဘနှစ်ပါးသည် ကျွန်ုပ်ကို ငယ်စဉ်ကတည်းက ပြုစုပျိုး‌ထောင်ကြသကဲ့သို့ အရှင်မြတ်ကလည်း သူတို့နှစ်ပါးအ‌ပေါ်တွင် သနားကြင်နာ‌တော်မူပါ။“

    [25] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများထဲ၌ရှိသည်များကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ အကယ်၍ အသင်တို့သည် အမိန့်‌တော်ကို လိုက်နာသူများဖြစ်ကြလျှင် အမှန်စင်စစ် အရှင်မြတ်ကလည်း ဝန်ချ‌တောင်းပန်သူများအတွက် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [26] ထို့ပြင် အသင်သည် ‌ဆွေမျိုးသားချင်းအား သူတို့၏ရသင့်ရထိုက်‌သော အခွင့်အ‌ရေးကို ‌ပေးလိုက်ပါ။ ၎င်း‌နောက် ဆင်းရဲသားနှင့် ခရီးသည်ကိုလည်း (သူတို့ရသင့်‌သော အခွင့်အ‌ရေးမျာကို ‌ပေးလိုက်ပါ)။ ၎င်း‌နောက် အသင်သည် အလဟဿ မဖြုန်းတီး‌လေနှင့်။

    [27] အမှန်စင်စစ် အလဟဿဖြုန်းတီးသူများသည် ရှိုင်သွာန်၏ညီအစ်ကိုများပင် ဖြစ်ကြသည်။ ထို့ပြင် ရှိုင်သွာန်သည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို အလွန်‌ကျေးဇူးကန်းသူပင် ဖြစ်သည်။

    [28] ၎င်း‌နောက် အကယ်၍ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကရုဏာ(စီးပွား)ကို ရှာ‌ဖွေ‌နေစဉ် သူတို့(မိဘနှင့်‌ဆွေမျိုးများ၊ ဆင်းရဲသားများ)အား လျစ်လျူရှုရလျှင် အသင်သည် သူတို့အား ချိုသာ‌သောစကားကို ‌ပြောဆိုပါ။

    [29] ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏လည်ကုပ်တွင် ချည်‌နှောင်မထားနှင့်၊ ၎င်း‌နောက် အသင်သည် ထိုလက်ကို လုံးဝဖွင့်၍လည်း မထားနှင့်။* ထိုသို့ပြုလုပ်ခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရပြီး (ပစ္စည်းဥစ္စာနွမ်းပါးသည့်အဖြစ်နှင့် ကြုံ‌တွေ့ရကာ)ဝမ်းနည်း‌ကြေကွဲလျက် ထိုင်‌နေရမည်။

    [30] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ရိက္ခာတိုးချဲ့‌ပေးသနား‌တော်မူသည်။ ၎င်း‌နောက် (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) အရှင်မြတ်ကပင် ကျဉ်းကျပ်‌စေ‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ(၏အ‌ခြေအ‌နေ)ကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် အသင်တို့သည် ဆင်းရဲမှုကို စိုးရိမ်သည့်အတွက် အသင်တို့၏သားသမီးများအား မသတ်ဖြတ်ကြနှင့်။ ငါအရှင်မြတ်သည် သူတို့နှင့်တကွ အသင်တို့အား စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူသည်။ အမှန်စင်စစ် သူတို့အား သတ်ဖြတ်ခြင်းသည် အလွန်ကြီး‌လေး‌သောအပြစ် ဖြစ်သည်။

    [32] ထိုု့ပြင် အသင်တို့သည် တရားမဝင်‌သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။* ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်သည့်အပြင် အလွန်ဆိုးဝါး‌သောလမ်းစဉ်လည်း ဖြစ်သည်။

    [33] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ထား‌သော အသက်ကို မှန်ကန်သည့်အ‌ကြောင်းမရှိဘဲ (မတရားသဖြင့်)သတ်ဖြတ်မှု မပြုကြနှင့်။* ထို့ပြင် အကြင်သူသည် မတရားသတ်ဖြတ်ခံရလျှင် သို့ဖြစ်ရာ မတရားသတ်ဖြတ်ခံရ‌သောသူ၏အ‌မွေစား အ‌မွေခံကို အမှန်စင်စစ် ငါအရှင်မြတ်သည် အခွင့်အာဏာ‌ပေးထား‌တော်မူသည်။ ထို့‌နောက် ထိုအ‌မွေစားအ‌မွေခံသည် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ‌ဘောင်မ‌ကျော်ရ‌ပေ။* အမှန်စင်စစ် ထိုသူသည် ကူညီ‌ထောက်ခံမှု ရရှိပြီးဖြစ်သည်။

    [34] ထို့ပြင် အသင်တို့သည် ‌ကောင်း‌သောနည်းမှလွဲ၍ အဘမဲ့က‌လေးများ၏ပစ္စည်းများ အနီးသို့ သူတို့အရွယ်‌ရောက်သည်အထိ* မချဉ်းကပ်ကြနှင့်။ ၎င်း‌နောက် အသင်တို့သည် ကတိသစ္စာကို* ‌ကျေပွန်‌အောင် ‌ဆောင်ရွက်ကြပါ။ အမှန်စင်စစ် ကတိသစ္စာသည် စစ်‌ဆေး‌မေးမြန်းခံရမည့်ကိစ္စဖြစ်သည်။

    [35] ထို့ပြင် အသင်တို့သည် ခြင်တွယ်‌သောအခါ ပြည့်ဝစွာ ခြင်တွယ်‌ပေးကြပါ။ ၎င်း‌နောက် ချိန်တွယ်‌သောအခါ၌လည်း မှန်ကန်‌သောချိန်ခွင်နှင့် ချိန်တွယ်‌ပေးကြပါ။* ဤသည် (ဤဘဝတွင်လည်း) အ‌ကောင်းဆုံးဖြစ်သည်။ (တမလွန်ဘဝတွင်လည်း)အကျိုးဆက်အားဖြင့် အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [36] ထို့ပြင် အသင်သည် အသင်မသိ‌သောအ‌ကြောင်းအရာ၏‌နောက်သို့ မလိုက်နှင့်၊* အမှန်စင်စစ် နား၊ မျက်စိ၊ စိတ်နှလုံး အားလုံး တစ်ခုချင်းစီသည် ထိုအရာ(မသိ‌သောအရာ‌နောက်လိုက်ခြင်း)နှင့်ပတ်သက်၍ ‌မေးမြန်းခြင်းခံရမည်ဖြစ်သည်။

    [37] ထို့ပြင် အသင်သည် ‌မြေပထဝီတွင် ကြွားဝါ၍ မ‌လျှောက်နှင့်။* အမှန်စင်စစ် အသင်သည် ‌မြေပထဝီကိုလည်း လုံးဝ ‌ဖောက်ထွင်းနိုင်သည်မဟုတ်‌ပေ။ ၎င်း‌နောက် အသင်သည် အရပ်ရှည်လျားမှုအားဖြင့်လည်း ‌တောင်ကို လုံးဝမီသည် မဟုတ်‌ပေ။

    [38] ထိုအရာအားလုံး၏မ‌ကောင်းမှုများသည်* အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ စက်ဆုပ်ရွံ့ရှာဖွယ်ရာများပင်ဖြစ်ကြသည်။

    [39] ဤအရာများမှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ဉာဏ်အ‌မြော်အမြင်များထဲမှ အသင့်ထံသို့ ထုတ်ပြန်ပို့ချလိုက်‌သော အမိန့်ပညတ်ချက်များပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ အခြား မည်သည့်အရာကိုမှ လုံးဝကိုးကွယ်မှု မပြုနှင့်။ ထိုသို့ပြုခဲ့လျှင် အသင်သည် ဂျဟန္နမ်ငရဲဘုံတွင် ပြစ်တင်ရှုတ်ချခြင်းခံရ၍ ကရုဏာ‌တော်မှ ကင်း‌ဝေးခြင်းခံရလျက် ပစ်ချခံရလိမ့်မည်.၏။

    [40] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့အား ထူးခြားစွာ သား‌ယောက်ျား‌လေးများချည်းသာ ‌ပေး‌တော်မူပြီး အရှင်မြတ်ကိုယ်တိုင်မှာမူ ‌ကောင်းကင်တမန်များအား သမီးမိန်းက‌လေးများအဖြစ် ‌မွေးစားထား‌တော်မူပါသ‌လော။ အမှန်စင်စစ် အသင်တို့သည် အလွန်ကြီးကျယ်‌သောစကားကို ‌ပြောဆိုကြသည် အမှန်ပင်။

    [41] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ထဲတွင် သူတို့(လူများ)တရားရရန်အတွက (ကိုးကွယ်ထိုက်‌သောအရှင် တစ်ပါးတည်းဖြစ်‌ကြောင်းကို နည်းအမျိုးမျိုးဖြင့်) ‌ပြောင်းလဲမိန့်ကြား‌တော်မူခဲ့သည်။ ၎င်း‌နောက် ထို‌ပြောင်းလဲမိန့်ကြားမှုသည် သူတို့(မုရှ်ရိက်များ)အား စက်ဆုပ်မှုကိုသာ တိုးပွား‌စေခဲ့သည်။

    [42] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ ထိုသူ(မုရှ်ရိက်)များ‌ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း ရှိကြမည်ဆိုလျှင်* အမှန်စင်စစ် သူတို့သည် အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သော အရှင်၏ထံသို့(သွား‌ရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာ‌ဖွေခဲ့ကြပြီး ဖြစ်လိမ့်မည်။

    [43] အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်သည် သူတို့‌ပြောဆို(စွပ်စွဲ)ကြသည်ထက် အလွန်ကြီးကဲမြင့်မားလှ‌တော်မူသည်။

    [44] မိုးခုနစ်ထပ်နှင့် ‌မြေပထဝီသာမက ထိုမိုးများနှင့် ‌မြေပထဝီတွင်ရှိသူများသည် အရှင်မြတ် စင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆို‌နေကြသည်။ အမှန်စင်စစ် အရာအားလုံးသည် အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ပင်ရှိကြသည်။ သို့ရာတွင် အသင်တို့သည် သူတို့၏ရွတ်ဆိုမှုကို နားမလည်ကြ‌ပေ။* အမှန်စင်စစ် အရှင်မြတ်သည် အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [45] ထို့ပြင် အသင်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ရွတ်ဖတ်‌သောအခါ ငါအရှင်မြတ်သည် အသင်နှင့် တမလွန်ဘဝကို မယုံကြည်သူများ၏အကြားတွင် လျှို့ဝှက်ထား‌သော အကာအဆီးကို ချထား‌တော်မူသည်။

    [46] ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများ‌ပေါ်၌ သူတို့သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို နားမလည်‌အောင် အဖုံးအအုပ် ဖုံးအုပ်‌ပေး‌တော်မူသည်။ ၎င်း‌နောက် သူတို့၏နားများကိုလည်း ပင်း‌စေ‌တော်မူသည်။ ၎င်း‌နောက် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်တစ်ပါးတည်းကိုသာ ကုရ်အာန်ကျမ်း‌တော်မြတ်တွင် သတိရ‌သောအခါ သူတို့သည် စက်ဆုပ်သည့်အတွက် သူတို့‌နောက်‌ကျောဘက်သို့ ပြန်လှည့် ထွက်ခွာသွားကြသည်။

    [47] သူတို့သည် အသင်၏ဘက်သို့ နားစွင့်ကြပြီး အဘယ့်အတွက် (ကုရ်အာန်ကို)နား‌ထောင်ကြသည်ဆိုသည်ကို ငါအရှင်မြတ် အသိဆုံးဖြစ်‌တော်မူသည်။ ၎င်း‌နောက် သူတို့(အချင်းချင်း)တီးတိုး ‌ပြောဆိုတိုင်ပင်ကြ‌သောအခါ “အသင်တို့သည် စုန်းပြုခြင်းခံထားရသူ၏‌နောက်ကို လိုက်‌နေကြသည်“ဟု မတရားလုပ်သူများက ‌ပြောဆိုကြသည်ကိုလည်း (ငါအရှင်မြတ် သိရှိ‌တော်မူသည်)။

    [48] သူတို့သည် အသင်(တမန်‌တော်)နှင့်ပတ်သက်၍ မည်သည့်ပုံပမာများ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ကြည့်လိုက်ပါ။ သို့ဖြစ်ရာ သူတို့သည် လမ်းလွဲခဲ့ကြပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် မည်သည့်(ထွက်)လမ်းကိုမှ ‌တွေ့ရှိနိုင်ကြ‌တော့မည် မဟုတ်‌ပေ။

    [49] ထို့ပြင် သူတို့က‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အရိုးများသာကျန်၍ ‌ကြေမွ‌နေ‌သောအခါ အသစ်ဖန်ဆင်းပြီး ရှင်ပြန်ထ‌စေခြင်းကို ခံကြရဦးမည်‌လော။“

    [50] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ‌ကျောက်ခဲ သို့မဟုတ် သံခဲ ဖြစ်လိုက်ကြပါ။

    [51] သို့မဟုတ် အသင်တို့၏စိတ်နှလုံးများထဲ၌ အဖန်ဆင်းခံများထဲမှ အလွန်ကြီးကျယ်(ခက်ခဲ)လှသည်ဟု ထင်ရ‌သောအရာတစ်စုံတစ်ခု ဖြစ်လိုက်ကြပါ။ ထိုသို့ဖြစ်လျှင်လည်း (အရှင်မြတ်သည် ရှင်‌စေ‌တော်မူနိုင်သည်။) ထို့‌နောက် သူတို့က ကျွန်ုပ်တို့အား မည်သူက ရှင်ပြန်ထ‌စေမည်နည်းဟု ‌ပြောဆိုကြဦးမည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တိုု့ကို ပထမအကြိမ် ဖန်ဆင်း‌တော်မူခဲ့‌သောအရှင်မြတ်ပင်(ရှင်ပြန်ထ‌စေမည်ဖြစ်သည်)။ ထို့‌နောက် သူတို့သည် အသင်‌ရှေ့၌ သူတို့၏ဦး‌ခေါင်းများကို (‌ပြော‌လှောင်သည့် အ‌နေဖြင့်) လှုပ်ရမ်းပြီး ထိုရှင်ပြန်ထခြင်းသည် မည်သည့်အခါ ဖြစ်မည်နည်းဟု ‌ပြောဆိုကြဦးမည်ဖြစ်သည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုအချိန်သည် နီးကပ်‌နေပြီဖြစ်သည်။

    [52] ထို‌နေ့တွင် အရှင်မြတ်သည် အသင်တို့အား ‌ခေါ်‌တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ချီးမွမ်းလျက်ထူးကြမည်။* ၎င်း‌နောက် အသင်တို့သည် (‌လောကတွင်) အသင်တို့ အနည်းငယ်သာ ‌နေခဲ့ကြသည်ဟု ထင်မြင်ယူဆကြမည်။

    [53] ထို့ပြင် ငါအရှင်မြတ်၏ကျွန်များအား သူတို့သည် အ‌ကောင်းဆုံးစကားကိုသာ ‌ပြောဆိုကြရန်* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ။ အမှန်စင်စစ် ရှိုင်သွာန်သည် သူတို့၏အကြားတွင် ‌နှောင့်ယှက်ဖျက်ဆီး‌လေ့ရှိသည်။ အမှန်စင်စစ် ရှိုင်သွာန်သည် လူသားများ၏ အလွန်ထင်ရှား‌သောရန်သူဖြစ်သည်။

    [54] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့ကို အသိဆုံး အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အကယ်၍ အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အား သနားကြင်နာ‌တော်မူမည်။ သို့မဟုတ် အကယ်၍ အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်တို့အား အပြစ်ဒဏ်ခတ်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ် ကြီးကြပ်အုပ်ထိန်းသူ(တာဝန်ခံ)အဖြစ် ‌စေလွှတ်‌တော်မူသည် မဟုတ်‌ပေ။

    [55] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိ‌သောသူများကို အသိဆုံးအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အချို့တမန်‌တော်များကို အချို့(တမန်‌တော်)များထက် သာလွန်‌စေ‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်အား ဇဗူရ်ကျမ်း‌တော်ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [56] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အရှင်မြတ်မှလွဲ၍ အသင်တို့ (ကိုးကွယ်ရာဟု)ထင်မှတ်ခဲ့ကြ‌သောသူများကို ဟစ်‌ခေါ်တမ်းတကြပါ။ ထိုသို့ဟစ်‌ခေါ်လျှင်လည်း သူတို့သည် အသင်တို့အ‌ပေါ်မှ ဒုက္ခကို ဖယ်ရှား‌ပေးနိုင်ကြသည် မဟုတ်‌ပေ။ (ထိုဒုက္ခကို)‌ပြောင်း‌ပေးနိုင်သည်လည်း မဟုတ်‌ပေ။

    [57] ထိုသူများသည် ထိုကာဖိရ်များ ဟစ်‌ခေါ်‌နေကြ‌သောသူများပင် ဖြစ်ကြသည်။ သူတို့သည် သူတို့ထဲမှ မည်သူသည် (အရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်လိမ့်မည်နည်းဟု သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ နီးကပ်မှုကို ရှာ‌ဖွေဆည်းပူး‌နေကြသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်၏ကရုဏာကိုလည်း ‌မျှော်လင့်လျက်ရှိကြသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်၏ပြစ်ဒဏ်ကိုလည်း ‌ကြောက်ရွံ့စိုးရိမ်လျက်ရှိကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ပြစ်ဒဏ်သည် အလွန်‌ကြောက်စရာ‌ကောင်းသည်။

    [58] ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့ရွာအား ကိယာမသ်မဖြစ်မီအလျင် ဖျက်ဆီး‌တော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ)ရွာ(သား)များအား ပြင်းထန်စွာ ပြစ်ဒဏ်ခတ်‌တော်မူမည့်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ဤသည် (‌လောင်ဟိမဟ်ဖူးဇွ်)သင်ပုန်း၌ ‌ရေးသားပြီးဖြစ်သည်။

    [59] ထို့ပြင် ငါအရှင်မြတ်အား တန်ခိုး‌တော်များချ‌ပေး‌တော်မူရန် ပိတ်ပင်ခဲ့ရခြင်းသည် ယခင်က လူများက ထိုတန်ခိုး‌တော်များအား ငြင်းပယ်မှု‌ကြောင့်ပင် ဖြစ်သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ဆမူဒ်လူမျိုးများကို ထင်ရှားစွာမြင်နိုင်‌သော တန်ခိုး‌တော်အဖြစ် ကုလားအုတ်မကို ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် သူတို့သည် ထိုကုလားအုတ်မကို မတရားကျူးလွန်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် တန်ခိုး‌တော်များကို သတိ‌ပေးနှိုး‌ဆော်ချက်အဖြစ်သာ ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။

    [60] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် “အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လူများအားလုံးကို ဝန်းရံထား‌တော်မူလိုက်ပြီ“ဟု မိန့်ကြား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ‌တော်မူခဲ့‌သောမြင်ကွင်းနှင့်* ကုရ်အာန်ကျမ်း‌တော်မြတ်တွင် ရှုတ်ချခြင်းခံရ‌သော သစ်ပင်ကို* လူများအတွက် စမ်းသပ်မှုတစ်ခုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် လူများကို သတိ‌ပေးနှိုး‌ဆော်‌တော်မူသည်။ ထို့‌နောက် ထိုသတိ‌ပေးနှိုး‌ဆော်ချက်သည် သူတို့အား ကြီးကျယ်‌သော ဆိုးသွမ်းမှုကိုသာ တိုးပွား‌စေခဲ့သည်။

    [61] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား “အသင်တို့သည် အာဒမ်ကို ဦးချကြပါ“ဟု မိန့်ကြား‌တော်မူခဲ့‌သောအခါ အိဗ်လီစ်မှလွဲ၍ ထို‌ကောင်းကင်မန်များအားလုံးသည် ဦးချခဲ့ကြသည်။ ထိုအိဗ်လီစ်က “အရှင်မြတ်က ရွှံ့‌စေးနှင့် ဖန်ဆင်း‌တော်မူခဲ့‌သောသူကို ကျွန်ုပ်ဦးချရပါမည်‌လော“*ဟု ‌ပြောဆိုခဲ့သည်။

    [62] သူက(ဆက်)‌ပြောသည်- “အရှင်မြတ် ကြည့်ရှု‌တော်မူပါ၊ အရှင်မြတ်သည် ကျွန်ုပ်ထက် မြင့်မြတ်‌စေ‌တော်မူခဲ့‌သော ဤသူကို အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်အား ကိယာမသ်‌နေ့ထိ ဆိုင်းငံ့‌တော်မူခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် သူ၏သား‌မြေးများထဲမှ အနည်းငယ်မှလွဲ၍ အားလုံးကို လွှမ်းမိုးဖျက်ဆီးပစ်လိုက်မည်။“

    [63] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အသင်သွား‌လော့၊ (ကြိုက်ရာလုပ်‌လော့)၊ ၎င်း‌နောက် မည်သူမဆို သူတို့ထဲမှ အသင်၏‌နောက်ကို လိုက်ခဲ့ပါလျှင် ဂျဟန္နမ်ငရဲဘုံသည် ပြည့်ဝလုံ‌လောက်သည့်အစားအဖြစ် အသင်တု့ိ၏အစား (‌ပေးခြင်းခံရမည့်အရာ အပြစ်ဒဏ်)ပင်ဖြစ်သည်။“

    [64] ၎င်း‌နောက် အသင်သည် သူတို့ထဲမှ အသင်လက်လှမ်းမီ‌သောသူများအား အသင်၏အသံနှင့် စိတ်ထကြွ‌အောင်လုပ်ပါ၊ ခြိမ်း‌ခြောက်လှည့်ဖြားပါ။ ၎င်း‌နောက် အသင်သည် ဥစ္စာပစ္စည်းများနှင့်သားသမီးများတွင် သူတို့နှင့်အတူ ဖက်စပ်ပါဝင်လိုက်ပါ။ ၎င်း‌နောက် အသင်သည် သူတို့အား ကတိပြုလိုက်ပါ။ ထို့ပြင် ရှိုင်သွာန်သည် သူတို့အား လှည့်စား၍သာ ကတိပြုသည်။

    [65] အမှန်စင်စစ် ငါအရှင်မြတ်၏(မှန်ကန်‌သော)ကျွန်များအ‌ပေါ် အသင်သည် လုံးဝ အာဏာရှိမည်မဟုတ်‌ပေ။ ၎င်း‌နောက် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်သည်ပင် အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်မြတ်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [66] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အကြင်အရှင်မြတ်ပင်၊ အသင်တို့အ‌နေနှင့် ထိုအရှင်မြတ်၏‌ကျေးဇူး(ရိက္ခာ)‌တော်ကို ရှာ‌ဖွေကြရန် အသင်တို့အတွက် ရွက်သ‌ဘေင်္ာများကို ပင်လယ်တွင် သွားလာလှုပ်ရှား‌စေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [67] ထို့ပြင် အသင်တို့သည် ပင်လယ်ထဲ၌ ဒုက္ခ‌ရောက်ခဲ့‌သောအခါ အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်‌နေကြ‌သောအရာများသည် ‌ပျောက်ကွယ်သွားကြသည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား ကုန်း‌ပေါ်သို့ လွတ်‌မြောက်‌စေခဲ့‌တော်မူ‌သောအခါ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြပြန်သည်။ ထို့ပြင် လူသားသည် အလွန်‌ကျေးဇူးကန်းသူပင် ဖြစ်သည်။

    [68] အရှင်မြတ်သည် အသင်တို့အား ကုန်း‌ပေါ်၌ပင် ‌မြေမျို‌စေ‌တော်မူခြင်း သို့မဟုတ် အသင်တို့အ‌ပေါ် သဲမုန်တိုင်း ‌စေလွှတ်‌တော်မူခြင်းကို စိုးရိမ်ခြင်းကင်း‌နေကြသ‌လော။ ထို့‌နောက် အသင်တို့သည် အသင်တို့အတွက် ကာကွယ်‌စောင့်‌ရှောက်မည့်သူ မည်သူမှ ‌တွေ့မည်မဟုတ်‌တော့‌ပေ။

    [69] သို့မဟုတ် အရှင်မြတ်သည် အသင်တို့အား ထိုပင်လယ်ထဲသို့ ‌နောက်တစ်ကြိမ် ထပ်မံ၍ ‌ရောက်‌စေ‌တော်မူကာ အသင်တို့အ‌ပေါ်တွင် အသင်တို့၏‌သွေဖည်မှု‌ကြောင့် ‌လေပြင်းမုန်တိုင်းကို ‌စေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြှပ်‌စေ‌တော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍ ‌နေသ‌လော။ ထို့‌နောက် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်နှင့် ဆန့်ကျင်၍ ကူညီမည့်သူ မည်သူမှ ‌တွေ့မည်မဟုတ်‌တော့‌ပေ။

    [70] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများအား ဂုဏ်မြင့်မြတ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကုန်း‌ပေါ်နှင့်ပင်လယ်တွင် စီးနင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား(စားသုံးရန်) စင်ကြယ်‌ကောင်းမွန်‌သောအရာများကို ‌ပေးသနား‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ် ဖန်ဆင်းထား‌တော်မူ‌သောအရာများထဲမှ (သက်ရှိ၊သက်မဲ့) အ‌မြောက်အမြားထက် မြင့်မြတ်‌စေ‌တော်မူခဲ့သည်။

    [71] ထို‌နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးအား သူတို့၏‌ရှေ့‌ဆောင်များနှင့်တကွ ‌ခေါ်ယူ‌တော်မူမည်။ ထိုအခါ သူတို့၏မှတ်တမ်းများကို သူတို့၏လက်ယာလက်၌ ‌ပေးခြင်းခံရ‌သောသူတို့ကမူ* သူတို့၏မှတ်တမ်းကို (ဝမ်း‌မြောက်စွာ)ဖတ်ကြမည်။ ထို့ပြင် သူတို့သည် ဆံခြည်မျှင်ခန့်ပင် မတရားပြုခြင်းကို ခံကြရမည်မဟုတ်‌ပေ။

    [72] ထို့ပြင် မည်သူမဆို ဤဘဝတွင် (အမှန်တရားကို မမြင်ဘဲ)မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် တမလွန်ဘဝတွင်လည်း မျက်စိကန်းသူပင် ဖြစ်လိမ့်မည်။ ၎င်းပြင် (မှန်ကန်‌သောလမ်းမှ) ပို၍လွဲ‌ချော်သူလည်းဖြစ်လိမ့်မည်။

    [73] ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ထံသို့ ပို့‌တော်မူခဲ့‌သော အမိန့်‌တော်မှလွဲ၍ အခြားအရာကို ငါအရှင်မြတ်အ‌ပေါ်တွင် အသင် လုပ်ကြံ‌ပြောဆိုရန်အတွက် သူတို့သည် အသင့်အား ထိုအမိန့်‌တော်မှ ချွတ်‌ချော်တိမ်းပါး‌အောင် ပြုလုပ်မည့်ဆဲဆဲဖြစ်ခဲ့ကြသည်။* ၎င်း‌နောက် ထိုသို့(အသင်)ပြုလုပ်လျှင် သူတို့သည် အသင့်အား ရင်းနှီးသည့်အ‌နေဖြင့် မိတ်‌ဆွေပြုလုပ်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။

    [74] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား တည်တံ့‌အောင် မလုပ်ထားခဲ့လျှင် အမှန်စင်စစ် အသင်သည် သူတို့ဘက်သို့ အနည်းငယ်ယိမ်းလုနီးပါး ဖြစ်သွားခဲ့လိမ့်မည်။

    [75] ထိုသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အမှန်ပင် အသင့်အား ဤဘဝနှင့်တမလွန်ဘဝတွင် အပြစ်ဒဏ်နှစ်ဆ အမှန်ပင် မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် အသင်သည် ငါအရှင်မြတ်နှင့် ဆန့်ကျင်ပြီး အသင့်အား ကူညီမည့်သူ မည်သူမှ ‌တွေ့မည်မဟုတ်‌တော့‌ပေ။

    [76] ထို့ပြင် သူတို့သည် အသင့်အား ဤ(မက္ကဟ်)‌မြေမှ နှင်ထုတ်ကြရန် ‌ခြောက်လှန့်လုနီးပါးဖြစ်ခဲ့ကြသည်။ ၎င်း‌နောက် သို့ဖြစ်လျှင် သူတို့သည်လည်း အသင်၏‌နောက်တွင် (အချိန်)အနည်းငယ်မှလွဲ၍ ‌နေနိုင်ကြမည် မဟုတ်‌ပေ။

    [77] ငါအရှင်မြတ်သည် အသင်၏မတိုင်မီ အရှင်မြတ်၏တမန်‌တော်များထဲမှ ‌စေလွှတ်‌တော်မူခဲ့‌သော တမန်‌တော်များနှင့်ပတ်သက်‌သော လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းကို ‌ပြောင်းလဲသည့်အဖြစ် အသင်‌တွေ့ရမည် မဟုတ်‌ပေ။

    [78] အသင်သည် ‌နေမွန်းလွဲချိန်ကစပြီး ည‌မှောင်ချိန်အထိ စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ပါ။* အမှန်စင်စစ် မိုး‌သောက်ချိန် ကုရ်အာန်ကျမ်း‌တော်မြတ်ဖတ်ရွတ်မှု (ဖဂျရ်စွလာသ် ဝတ်ပြုမှု)သည် (‌ကောင်းကင်တမန်များ)လာ‌ရောက်ချိန်ပင်ဖြစ်သည်။

    [79] ထို့ပြင် အသင်သည် ည၌ သဟဂျ်ဂျွဒ်စွလာသ်ကိုလည်း အသင့်အတွက် အပိုအဖြစ် ‌ဆောက်တည်ပါ။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင့်အား မကားမှ မဟ်မူဒ်သို့ ပို့‌ပေး‌တော်မူမည်ဖြစ်သည်။

    [80] ထို့ပြင် (အို- တမန်‌တော်)အသင်သည် (ဤသို့)‌လျှောက်ထားပါ- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (မဒီနဟ်မြို့‌တော်သို့)နှစ်သက်‌ကောင်းမွန်‌သော ထွက်‌စေခြင်းမျိုးဖြင့် ထွက်‌စေ‌တော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ထံမှ ကူညီပံ့ပိုးမည့် အားအင်စိုးမိုးမှုကို ‌ပေးသနား‌တော်မူပါ“။

    [81] ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်သည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်၊ ၎င်း‌နောက် အမှားသည်လည်း ‌ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် အမှားသည် ကွယ်‌ပျောက်မည့်အရာပင် ဖြစ်ခဲ့သည်။

    [82] ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်တွင် ယုံကြည်သူများအတွက် ‌ရောဂါ‌ပျောက်‌စေ‌သောအရာနှင့် ကရုဏာ‌တော်ကို ချ‌ပေး‌တော်မူသည်။ ၎င်း‌နောက် ထိုအရာသည် မတရားကျူးလွန်သူများတွင် ဆုံးရှုံးမှုမှလွဲ၍ မည်သည့်အရာမျှ တိုးပွား‌စေသည်မဟုတ်‌ပေ။

    [83] ထို့ပြင် ငါအရှင်မြတ်သည် လူသား၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူ‌သောအခါ သူသည် မျက်နှာလွှဲ၍ ‌ရှောင်ဖယ်သွား‌လေ့ရှိသည်၊ ၎င်း‌နောက် သူ့တွင် ဒုက္ခ‌ရောက်‌သောအခါ သူသည် ‌မျှော်လင့်ချက်ကင်းသူဖြစ်သွား‌တော့သည်။

    [84] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- လူတိုင်းသည် သူ၏နည်းလမ်းအတိုင်းပြုလုပ်‌နေကြသည်။ ထို့‌နောက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးဖြစ်သည်ကို အသိဆုံးဖြစ်‌တော်မူသည်။

    [85] ထို့ပြင် သူတို့သည် အသင်(တမန်‌တော်)အား ရူဟ်*အသက်ဝိညာဉ်နှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသက်ဝိညာဉ်သည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်အတိုင်း ဖြစ်လာသည်။ ထို့ပြင် အသင်တို့သည် ပညာအနည်းငယ်သာ ‌ပေးသနား‌တော်မူခြင်း ခံခဲ့ကြရသည်။

    [86] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အသင့်ထံသို့ ငါအရှင်မြတ် ထုတ်ပြန်ပို့ချ‌တော်မူခဲ့‌သော (ကုရ်အာန်ကျမ်း‌တော်မြတ်)ကို အမှန်စင်စစ် ပြန်လည်ရုပ်သိမ်း‌တော်မူမည်။ ထို့‌နောက် ထိုအရာနှင့်ပတ်သက်၍ ငါအရှင်မြတ်နှင့် ဆန့်ကျင်ပြီး ကူညီမည့်သူ မည်သူမှ အသင်‌တွေ့ရှိမည် မဟုတ်‌ပေ။

    [87] သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်နှင့် (ရုပ်သိမ်း‌တော်မမူခဲ့‌ပေ)။ အမှန်စင်စစ် အရှင်မြတ်၏‌ကျေးဇူး‌တော်သည် အသင်၏အ‌ပေါ်တွင် ကြီးမားလှ‌ပေသည်။

    [88] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်ပင် အကယ်၍ လူသားများနှင့် ဂျင်န်များသည် ဤကုရ်အာန်ကျမ်း‌တော်မြတ်နှင့်တူ‌သော ကျမ်းကို(စီကုံး‌ရေးသားပြီး)ယူလာရန် စုရုံးကြပြီး အချင်းချင်း ရိုင်းပင်းကူညီခဲ့ကြလျှင်လည်း သူတို့သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်နှင့်တူ‌သောကျမ်းကို လုံးဝ ူယူ‌ဆောင်လာနိုင်ကြမည် မဟုတ်‌ပေ။

    [89] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်း‌တော်မြတ်တွင် သာဓက(ဥပမာပုံ‌ဆောင်ချက်)များကို နည်းအမျိုးမျိုးနှင့် မိန့်ကြား‌တော်မူသည်။ သို့ရာတွင်လည်း အများစုသည် ငြင်းပယ်မှုမှလွဲ၍ မည်သည့်အရာကိုမှ နှစ်သက်ခဲ့ကြသည် မရှိ‌ပေ။

    [90] ထို့ပြင် သူတို့က အသင်သည် ကျွန်ုပ်တို့အတွက် ‌မြေပထဝီမှ စမ်း‌ရေ‌ချောင်းတစ်ခု စီးထွက်လာ‌အောင် ပြုလုပ်မ‌ပေးသမျှ ကျွန်ုပ်တို့သည် အသင့်အ‌ပေါ်တွင် အီမာန်ယုံကြည်လက်ခံမည် မဟုတ်‌ပေဟု ‌ပြောဆိုခဲ့ကြသည်။

    [91] သို့မဟုတ် အသင့်တွင် စွန်ပလွံပင်များနှင့် စပျစ်ပင်များရှိ‌သော ခြံတစ်ခုရှိရမည်။ ၎င်း‌နောက် အသင်သည် ထိုခြံ၏အလယ်မှ စမ်း‌ရေ‌ချောင်းများ စီးထွက်လာ‌အောင် ပြုလုပ်ရမည်။

    [92] သို့မဟုတ် အသင်သည် အသင်ထင်မြင်ယူဆသည့်အတိုင်း ကျွန်ုပ်တို့အ‌ပေါ်တွင် မိုးကို အပိုင်းပိုင်း အစစဖြစ်ပြီး ပြိုကျလာ‌အောင် ပြုလုပ်ရမည်။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် ‌ကောင်းကင်တမန်များကို ကျွန်ုပ်တို့၏‌ရှေ့၌ ‌ခေါ်ယူလာရမည်။

    [93] သို့မဟုတ် အသင့်၌ ‌ရွှေနှင့်ပြုလုပ်ထား‌သော အ‌ဆောင်တစ်ခုရှိရမည်။ သို့မဟုတ် အသင်သည် မိုး‌ကောင်းကင်သို့ တက်သွားရမည်။ ၎င်း‌နောက် ကျွန်ုပ်တို့ကမူ အသင်သည် (ထိုမိုး‌ကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်‌သောကျမ်းတစ်‌စောင်ကို ကျွန်ုပ်တို့အတွက် အချ‌ပေးသမျှ အသင်(မိုး‌ကောင်းကင်)တက်သွားသည်ကို လုံးဝ လက်ခံကြမည် မဟုတ်‌ပေ။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ငါသည် လူသားတမန်‌တော်တစ်ပါးမှလွဲ၍ အခြား မည်သည့်အရာမျှ မဟုတ်‌ပေ။

    [94] ထို့ပြင် လူမျာထံသို့ လမ်းမှန် ညွှန်ကြားပြသချက်‌ရောက်လာ‌သောအခါ သူတို့က အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်အဖြစ် လူသားတစ်ဦးကို ‌စေလွှတ်‌တော်မူပါသ‌လောဟု ‌ပြောဆိုကြသည်မှလွဲ၍ မည်သည့်အရာကမှ သူတို့၏အီမာန်ယုံကြည်ခြင်းကို ပိတ်ပင်တားဆီးခဲ့သည် မဟုတ်‌ပေ။

    [95] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ ‌မြေပထဝီတွင် ‌ကောင်းကင်တမန်များသည် အတည်တကျ ‌နေထိုင်သွားလာ‌နေကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ် မိုး‌ကောင်းကင်မှ ‌ကောင်းကင်တမန်တစ်ပါးကို တမန်‌တော်အဖြစ်(‌စေလွှတ်)ချ‌ပေး‌တော်မူမည်ဖြစ်သည်။

    [96] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင် ငါနှင့် အသင်တို့၏ကြားတွင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အရှင်မြတ်၏‌ကျေးကျွန်များနှင့်ပတ်သက်၍ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [97] ထို့ပြင် အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသ‌တော်မူ‌သောသူသာ လမ်းမှန်ရရှိသူဖြစ်၍ အရှင်မြတ်က လမ်းမှားတွင် ထားရှိ‌သောသူကမူ အသင်သည် အရှင်မြတ်မှလွဲ၍ သူတို့အား ကူညီမည့်သူများ လုံးဝ‌တွေ့မည် မဟုတ်‌ပေ။* ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကိယာမသ်‌နေ့တွင် မျက်နှာ‌မှောက်ပြီး၊ မျက်စိကန်းသူများ၊ ဆွံ့အသူများ၊ နားပင်းသူများအဖြစ် စုရုံး‌စေ‌တော်မူမည်။ သူတို့၏‌နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ထိုငရဲဘုံ၏မီးသည် အပူရှိန်‌လျော့လာတိုင်း ငါအရှင်မြတ်သည် သူတို့အတွက် မီး‌တောက်မီးလျှံကို ပိုမို များပြား‌စေ‌တော်မူမည်ဖြစ်သည်။

    [98] ဤသည် သူတို့၏အကျိုးရလဒ်ပင်ဖြစ်သည်။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်မှာ သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မယုံကြည် ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် “ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိ၍ အပိုင်းပိုင်းအစစဖြစ်သွားကြ‌သောအခါ အသစ်ဖန်ဆင်း၍ ရှင်ပြန်ထ‌စေခြင်းကို ခံကြရဦးမည်‌လော“ဟု ‌ပြောဆိုခဲ့ကြခြင်း‌ကြောင့် ဖြစ်သည်။

    [99] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်သည် သူတို့ကဲ့သို့ လူများကို(အသစ်ပြန်)ဖန်ဆင်းရန် စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို သူတို့သည် မသိမမြင်ကြ‌လေသ‌လော။ ၎င်း‌နောက် အရှင်မြတ်သည် (‌သေဆုံးရန်နှင့် ရှင်ပြန်ထရန်) သံသယမရှိ‌သောကာလတစ်ခုကို သူတို့အတွက် သတ်မှတ်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ သို့ရာတွင်လည်း မတရားကျူးလွန်သူများကမူ ငြင်းပယ်ခြင်းမှလွဲ၍ အခြားမည်သည်ကိုမှ မနှစ်သက်ခဲ့ကြ‌ပေ။

    [100] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်၏ ဘဏ္ဍာ‌တော်များကို ပိုင်ဆိုင်ကြမည်ဆိုလျှင်၊ အမှန်ပင် ထိုအရာများကို သုံးစွဲပြီး ကုန်ခန်းသွားမည်စိုး၍ အသင်တို့သည် ‌စေးနှဲတွန့်တို‌နေကြမည်ဖြစ်သည်။ ထို့ပြင် လူသားများသည် အလွန်‌စေးနှဲတွန့်တိုသူများပင် ဖြစ်ကြသည်။

    [101] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ‌ပေါ်လွင်ထင်ရှား‌သော တန်ခိုး‌တော်ကိုးပါး*‌ပေးသနား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များကို စုံစမ်း‌မေးမြန်းကြည့်ပါ။ (တမန်‌တော်)မူစာသည် သူတို့ထံသို့ ‌ရောက်လာ‌သောအခါ ဖိရ်‌အောင်န်က သူ့ကို‌ပြောသည်- အမှန်ပင် ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဟု ထင်မှတ်သည်။

    [102] ၎င်း(မူစာ)က‌ပြောသည်- ဤ(တန်ခိုး)များကို သိမြင်နိုင်‌စေ‌သော သက်‌သေသာဓကများအဖြစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ကပင် ချ‌ပေး‌တော်မူခဲ့ခြင်း ဖြစ်သည်ကို အမှန်စင်စစ် အသင်သိပြီးဖြစ်သည်။* ထို့ပြင် အို-ဖိရ်‌အောင်န်၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဖျက်ဆီးခံရမည့်သူဖြစ်သည်ဟု ထင်မြင်ယူဆသည်။

    [103] ထို့‌နောက် သူ(ဖိရ်‌အောင်န်)သည် ထို(အစ္စရာအီလ်မျိုးနွယ်)တို့အား (အီဂျစ်)နိုင်ငံမှ တိမ်း‌ချော်‌အောင် (နယ်နှင်ရန်)ကြံရွယ်ခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူ့ကိုသာမက သူနှင့်အတူရှိ‌နေသူအားလုံးကို (ပင်လယ်နီတွင်) နစ်မြှပ်‌တော်မူခဲ့သည်။

    [104] ထို့ပြင် ငါအရှင်မြတ်သည် ထို(ဖိရ်‌အောင်နှင့် သူ၏စစ်တပ်ပျက်စီးပြီး)‌နောက်တွင် အစ္စရာအီလ်မျိုးနွယ်များကို အသင်တို့သည် ကမာ္ဘ‌မြေတွင် ‌နေထိုင်ကြပါ။ ၎င်းပြင် ‌နောက်ဆုံး‌နေ့နှင့် ချိန်းဆိုထား‌သောအချိန်‌ရောက်လာ‌သောအခါ၊ ငါအရှင်မြတ်သည် အသင်တို့အား စု‌ပေါင်းပြီး ယူ‌ဆောင်လာမည်ဟု မိန့်ကြား‌တော်မူခဲ့သည်။

    [105] ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျ‌ရောက်လာခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သတင်း‌ကောင်း‌ပြောကြားသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။

    [106] ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အသင်သည် လူများ‌ရှေ့၍ ဆိုင်းဆိုင်းပြီး ဖတ်ကြားနိုင်ရန်အတွက် ခြားခြားပြီး ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို တဖြည်းဖြည်းချင်း ချ‌ပေး‌တော်မူခဲ့သည်။

    [107] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို ယုံကြည်ကြသည်ပင်ဖြစ်‌စေ၊ မယုံကြည်ကြသည်ပင်ဖြစ်‌စေ (ကိစ္စမရှိ‌ပေ)။ အမှန်စင်စစ် ထိုကုရ်အာန်မကျ‌ရောက်မီ ယခင်က အသိပညာ‌ပေးခြင်း ခံကြရ‌သောသူများသည် သူတို့‌ရှေ့၌ ၎င်း(ကုရ်အာန်)ကို ဖတ်ကြားခံရ‌သောအခါ သူတို့သည် မျက်နှာ‌အောက်ချပြီး စဂ်ျဒဟ်ဦးချကြသည်။

    [108] ထို့ပြင် သူတို့က ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ကတိသည် အမှန်ပင် ဖြစ်ရမည့်ကိစ္စဖြစ်သည်ဟု ‌ပြောဆို‌လျှောက်ထားကြသည်။

    [109] ထို့ပြင် သူတို့သည် ငို‌ကြွေးလျက် မျက်နှာ‌အောက်ချပြီး စဂ်ျဒဟ်ပြုကြသည်။ ၎င်း‌နောက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် သူတို့အား ချစ်‌ကြောက်ရို‌သေမှုကို ပိုမိုတိုးပွား‌စေသည်။

    [110] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အသင်တို့သည် “အလ္လာဟ်“ဟု ဟစ်‌ခေါ်တသကြပါ။ သို့မဟုတ် “ရဟ်မာန်“ဟု ဟစ်‌ခေါ်တသကြပါ။* အသင်တို့သည် မည်သို့ဟစ်‌ခေါ်တသ သည်ပင်ဖြစ်‌စေ အရှင်မြတ်တွင် အထူး‌ကောင်းမြတ်‌သော နာမ‌တော်များရှိ‌နေ‌ပေသည်။ ထို့ပြင် အသင်သည် အသင်၏စွလာသ်ဝတ်ပြုမှုတွင် အသံကျယ်လွန်း‌စေမှုနှင့် အသံတိုးလွန်း‌စေမှုကို မပြု‌လေနှင့်။ ၎င်း‌နောက် အသင်သည် ထိုနှစ်ခုကြားမှ နည်းလမ်းကိုရှာ‌ဖွေပါ။

    [111] ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ချီးမွမ်းခြင်းဟူသမျှသည် အကြင် အလ္လာဟ်အရှင်မြတ်နှင့်ပင် ထိုက်တန်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိမိအတွက် သားသမီးတစ်ဦးမှလည်း ပြုလုပ်‌တော်မမူခဲ့‌ပေ။ ၎င်း‌နောက် အရှင်မြတ်တွင် စိုးမိုးအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဖက်စပ်ပါဝင်‌သောသူလည်း တစ်ဦးမှမရှိ‌ပေ။ ၎င်းပြင် ‌သေးသိမ်နိမ့်ကျမှု‌ကြောင့် အရှင်မြတ်အား ကာကွယ်‌စောင့်‌ရှောက်မည့်မိတ်‌ဆွေလည်း တစ်ဦးမှမရှိ‌ပေ။ (ကာကွယ်‌စောင့်‌ရှောက်မည့်သူတစ်ဦး လိုရ‌လောက်‌အောင် အရှင်မြတ်သည် ချည့်နဲ့နိမ့်ကျ‌နေသည် မဟုတ်‌ပေ။) ထို့ပြင် အသင်သည် အရှင်မြတ်ကြီးကျယ်မြင့်မြတ်‌ကြောင်း‌ပြောဆိုရန် ထိုက်တန်‌တော်မူသည့်အတိုင်း အရှင်မြတ်၏ကြီးကဲမြင့်မြတ်‌တော်မူ‌ကြောင်းကို ‌ပြောဆိုပါ။

    Surah 18
    ဂူ

    [1] ချီးမွမ်းခြင်းဟူသမျှသည် အကြင်အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်။ ထိုအရှင်မြတ်သည အရှင်မြတ်၏ကျွန် (တမန်‌တော်မုဟမ္မဒ်-ဆွ)အ‌ပေါ်တွင် ကျမ်း‌တော်မြတ်ကုရ်အာန်ကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုကျမ်း‌တော်ထဲ၌ မည်သည့်‌ကွေ့‌ကောက်မှုမှ ပြုလုပ်ထား‌တော်မမူခဲ့‌ပေ။

    [2] ‌ဖြောင့်မတ်စွာ(ရှိ‌သောကျမ်းဖြစ်သည်)၊ ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အရှင်မြတ်ထံ‌တော်မှ ပြင်းထန်‌သောအပြစ်ဒဏ်ကို သတိ‌ပေးရန်တွက်၊ ၎င်း‌နောက် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သော ယုံကြည်သူများအား အမှန်ပင် သူတို့အတွက် ‌ကောင်းမြတ်‌သော အကျိုးဆုလာဘ်ရှိသည်ဟု သတင်း‌ကောင်း‌ပေးရန်အတွက်ဖြစ်သည်။

    [3] ထိုဆု(အဖြစ်‌ပေးထား‌သော‌နေရာ)တွင် အမြဲ‌နေကြရမည်။

    [4] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သား‌တော်တစ်ပါး‌မွေးစား‌တော်မူခဲ့သည်ဟု ‌ပြောဆိုကြ‌သောသူများအား သတိ‌ပေးနှိုး‌ဆော်ရန်အတွက်လည်းဖြစ်သည်။

    [5] သူတို့တွင် ၎င်း(သားရှိခြင်း)နှင့်ပတ်သက်၍ မည်သည့်အသိပညာ အ‌ထောက်အထားမှ မရှိ‌ပေ။ ၎င်း‌နောက် သူတို့၏ အဘ၊ ဘိုး၊ ‌ဘေးများတွင်လည်း (မည်သည့်အသိပညာ အ‌ထောက်အထားမှ မရှိကြ‌ပေ)။ သူတို့နှုတ်များမှ ထွက်‌သောစကားသည် အလွန်ကြီးကျယ်လှသည်။ အမှန်စင်စစ် သူတို့သည် မုသားလိမ်လည်‌ပြောဆိုခြင်းပင်ဖြစ်သည်။

    [6] သို့ဖြစ်ရာ အကယ်၍ သူတို့သည် ဤကျမ်း‌တော်ကို မယုံကြည်ခဲ့ကြလျှင် အသင်သည် သူတို့(မယုံကြည်ခဲ့ကြသည့်)‌နောက်၌ အသင့်ကိုယ်အသင် ဝမ်းနည်းပူ‌ဆွေးပြီး (‌သေ‌ကြေ)ပျက်စီး‌အောင်လုပ်‌တော့မည်နှင့် တူသည်။

    [7] အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအား သူတို့ထဲမှ မည်သူသည် လုပ်ရပ်အ‌နေနှင့် အ‌ကောင်းဆုံးဖြစ်သည်ကို စမ်းသပ်‌တော်မူရန်အတွက် ငါအရှင်မြတ်သည် ကမာ္ဘ‌မြေ‌ပေါ်၌ရှိသည်များကို ကမာ္ဘ‌မြေ၏ လှပမှုအ‌ကြောင်းခံအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [8] ထို့‌နောက် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို‌မြေ‌ပေါ်ရှိသမျှကို အမှန်ပင် ‌သွေ့‌ခြောက်‌သော‌မြေပြင် ပြုလုပ်‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    [9] အမှန်စင်စစ် လိုဏ်ဂူထဲ၌ ခို‌အောင်း‌နေသူများနှင့် သူတို့အမည်များကို ‌ရေးထာ‌သောသင်ပုန်း(‌ကျောက်စာ)တို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ထူးဆန်းအံ့ဩဖွယ်ရာဖြစ်သည်ဟု အသင်ထင်မှတ်ခဲ့‌လေသ‌လော။

    [10] တစ်ခါက ထိုလူငယ်များသည် လိုဏ်ဂူထဲသို့ ခို‌အောင်းခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် (အရှင်မြတ်ထံ၌) ‌ပြောဆို‌လျှောက်ထားခဲ့ကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်ထံ‌တော်မှ ကရုဏာကို ‌ပေးသနား‌တော်မူပါ။ ၎င်း‌နောက် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အ‌ရေးကိစ္စတွင် ‌ဖြောင့်မတ်‌အောင် စီစဉ်‌ပေး‌တော်မူပါ။

    [11] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့၏နားများ‌ပေါ် လိုဏ်ဂူထဲ၌ ‌ရေတွက်ထား‌သောနှစ်များအထိ အကာအကွယ်ပြုလုပ်(အိပ်‌ပျော်‌စေ)‌တော်မူခဲ့သည်။

    [12] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား ထိုအုပ်စုနှစ်ခုထဲမှ ဘယ်အုပ်စုသည် သူတို့‌နေထိုင်ခဲ့ကြ‌သော (ကြာရှည်ကာလ)အဆုံးအစွန်အား ‌ရေတွက်ထားသည်ကို ငါအရှင်မြတ်က သိရှိ‌ဖော်ထုတ်ရန်အတွက် ပြန်နိုး‌စေ‌တော်မူခဲ့သည်။

    [13] ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား သူတို့အ‌ကြောင်းကို မှန်ကန်စွာ ‌ပြောပြ‌တော်မူမည်။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ယုံကြည်ခဲ့ကြ‌သော လူငယ်တစ်စုဖြစ်ခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား လမ်းမှန်ညွှန်ကြားပြသမှု တိုး‌ပေး‌တော်မူခဲ့သည်။

    [14] ထို့ပြင် သူတို့သည် (သူတို့၏ဘုရင်‌ရှေ့၌)ရပ်(‌ပြော)ကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို ကြံ့ခိုင်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် (ဤသို့)‌ပြောဆိုကြသည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ လုံးဝဟစ်‌ခေါ်ကိုးကွယ်ကြမည် မဟုတ်‌ပေ။ ထိုသို့ (ဟစ်‌ခေါ်ခဲ့မည်)ဆိုလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အမှန်တရားမှ အလွန်‌ဝေး‌သော အမှားစကားအား ‌ပြောဆိုသူများပင် ဖြစ်ကြလိမ့်မည်။“

    [15] “ကျွန်ုပ်တို့၏ ဤအမျိုးသားများသည် အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို ပြုလုပ်(ကိုးကွယ်)ခဲ့ကြသည်။ သူတို့သည် ထို(သူတို့ ကိုးကွယ်ရာ)များနှင့်ပတ်သက်၍ ထင်ရှား‌သော သက်‌သေသာဓက တစ်စုံတစ်ရာ အဘယ့်‌ကြောင့် ယူ‌ဆောင်လာခြင်း မပြုကြသနည်း။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲသူထက်ပို၍ မတရားသူသည် မည်သူရှိဦးမည်နည်း။“

    [16] ထို့‌နောက် အသင်တို့သည် ထို(အမျိုးသား)များထံမှလည်း‌ကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်‌သောအရာများမှလည်း‌ကောင်း သီးသန့်ခွဲခွာ‌နေခဲ့ကြပြီး‌သောအခါ အသင်တို့သည် (ထို)လိုဏ်ဂူထဲသို့ ခိုလှုံလိုက်ကြပါ။ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ‌တော်အား အသင်တို့အ‌ပေါ်တွင် ပျံ့နှံ့‌အောင် ပြုလုပ်‌ပေးသနား‌တော်မူလိမ့်မည်။* ၎င်း‌နောက် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အ‌ရေးကိစ္စ၌ လွယ်ကူ‌သောအ‌ကြောင်းခံများကို စီမံဖန်တီး‌ပေး‌တော်မူမည်ဖြစ်သည်။

    [17] ထို့ပြင် (ထိုလိုဏ်ဂူသည် ဤသို့ အ‌နေအထားဖြစ်သည်) အသင်(တမန်‌တော်)သည် ‌နေထွက်‌သောအခါ (ကြည့်လျှင်) ထို‌နေသည် သူတို့၏လိုဏ်ဂူမှ လက်ယာဘက်သို့ ယိမ်း‌နေသည်ကိုလည်း‌ကောင်း၊ ထို့‌နောက် ထို‌နေသည် (ပြန်)ဝင်သည့်အခါ(ကြည့်လျှင်)လက်ဝဲဘက်သို့(‌ကျော်ပြီး) သူတို့အား ‌ရှောင်တိမ်းသွားသည်ကိုလည်း‌ကောင်း ‌တွေ့မြင်ရမည်ဖြစ်သည်။* ၎င်းပြင် သူတို့သည် ထိုလိုဏ်ဂူ၏ကျယ်ဝန်း‌သော ‌နေရာ၌ပင် ရှိ‌နေခဲ့ကြသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လက္ခဏာများထဲမှဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသ‌သောသူသာ လမ်းမှန်ရရှိသူဖြစ်သည်။ ၎င်း‌နောက် အရှင်မြတ်က လမ်းမှား‌စေ‌သောသူကမူ သူ့အား ကူညီမည့်၊ လမ်းမှန်ညွှန်ကြားပြသ‌သောမည့် မိတ်‌ဆွေဟူ၍ အသင် မည်သူ့ကိုမှ လုံးဝ ‌တွေ့ရမည်မဟုတ်‌ပေ။

    [18] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့ကို (‌တွေ့ရလျှင်) သူတို့သည် အိပ်‌ပျော်‌နေကြသူများဖြစ်ပါလျက် နိုး‌နေကြသူများဟုပင် ထင်မှတ်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လက်ယာဘက်နှင့် လက်ဝဲဘက်သို့ လှည့်‌ပြောင်း‌ပေး‌တော်မူသည်။ ထို့ပြင် သူတို့၏‌ခွေးသည် တံခါးဝတွင် သူ၏လက်နှစ်ဖက်အား ဖြန့်(ခင်း)လျက်ရှိခဲ့သည်။ အကယ်၍ အသင်သည် သူတို့အား ‌ချောင်း‌မြောင်းကြည့်ခဲ့လျှင် အမှန်ပင် အသင်သည် သူတို့ဘက်မှ ‌ကျောခိုင်း‌ပြေးမည့်အပြင် သူတို့အာ ‌ကြောက်ရွံ့မှုသည်လည်း အမှန်ပင် အသင့်တွင် ပြည့်လျှံသွားခဲ့လိမ့်မည်။

    [19] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် သူတို့အား သူတို့အချင်းချင်း ‌မေးမြန်းကြရန်အတွက် နိုးထ‌စေ‌တော်မူခဲ့သည်။* သူတို့ထဲမှ ‌ပြောဆိုသူတစ်ဦးက အသင်တို့သည် မည်မျှ(ကြာကြာအိပ်‌ပျော်)‌နေခဲ့သနည်းဟု ‌ပြောဆို(‌မေးမြန်း)သည်။ သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် တစ်‌နေ့ သို့မဟုတ် ‌နေ့၏တစ်စိတ်တစ်‌ဒေသမျှ(အိပ်)‌နေခဲ့ကြသည်။ သူတို့(ထဲမှ အချို့)က ‌ပြောဆိုကြသည်- အသင်တို့(အိပ်‌ပျော်)‌နေခဲ့ကြ‌သောအချိန်ကာလကို အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သာ အသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ထဲမှ တစ်ဦးဦးအား အသင်တို့၏‌ငွေဒဂင်္ါးကို‌ပေးပြီး မြို့ထဲသို့ ‌စေလွှတ်ကြပါ။ ထို့‌နောက် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်၍ ထိုသူသည် ထို(အစင်ကြယ်ဆုံး‌သောစားစရာ)ထဲမှ စားစရာအချို့ကို အသင်တို့ထံ ယူ‌ဆောင်လာခဲ့ရမည်။ ၎င်း‌နောက် သူသည် (ဝယ်ယူမှုတွင်) နူးညံ့စွာဆက်ဆံရမည်။ ၎င်း‌နောက် သူသည် အသင်တို့နှင့်ပတ်သက်၍ မည်သူ့ကိုမှ လုံးဝ မသိ‌စေရ‌ပေ။

    [20] အဘယ့်‌ကြောင့်ဆို‌သော် အကယ်၍ သူတို့သည် အသင်တို့နှင့်ပတ်သက်၍ အမှန်စင်စစ် သိသွားခဲ့ကြလျှင် သူတို့သည် အသင်တို့အား ခဲဖြင့် ပစ်‌ပေါက်သတ်ခြင်း သို့မဟုတ် သူတို့၏ဘာသာထဲသို့ ပြန်သွတ်သွင်းခြင်းကို ပြုလုပ်ကြမည်ဖြစ်‌သော‌ကြောင့်ပင်။ ၎င်း‌နောက် အသင်တို့သည် သို့ဖြစ်လျှင် မည်သည့်အခါမှ ‌အောင်မြင်‌တော့မည် မဟုတ်‌တော့‌ပေ။

    [21] ထို့ပြင် (ထို‌ခေတ်က)လူများသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် မှန်ကန်‌ကြောင်းနှင့် အမှန်စင်စစ် ကိယာမသ်သည် ထို‌နေ့နှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိဆိုသည်ကို သိရှိကြရန်အတွက် ဤသို့ပင် ငါအရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ (ထို‌ခေတ်မှ လူများအား) အသိ‌ပေး‌တော်မူခဲ့သည်။ တစ်ခါက ထို(‌ခေတ်မှ)လူများသည် ၎င်းတို့ကြားတွင် ထို(လူငယ်တစ်စု)၏ အ‌ရေးကိစ္စနှင့်ပတ်သက်၍ ငြင်းခုံ‌နေကြသည်။ (ကာဖိရ်)များက သူတို့(လူငယ်တစ်စု)အနီး၌ အ‌ဆောက်အအုံတစ်ခုကို တည်‌ဆောက်ကြပါဟု ‌ပြောဆိုကြသည်။ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် သူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်‌တော်မူသည်။ သူတို့၏အ‌ရေးကိစ္စတွင် လွှမ်းမိုး‌အောင်နိုင်ခဲ့ကြ‌သော (အာဏာပိုင်)များကမူ ကျွန်ုပ်တို့သည် ထိုသူတို့(လူငယ်တစ်စု)၏အနီး၌ ဝတ်‌ကျောင်း‌တော်တစ်ခု အမှန်ပင် တည်‌ဆောက်ကြမည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [22] မကြာမီ လူများက ‌ပြောဆိုကြလိမ့်မည်- (ထိုလူငယ်တစ်စုသည်) သုံးဦးဖြစ်သည်၊ သူတို့ထဲမှ စတုတ္ထသည် သူတို့၏‌ခွေးဖြစ်သည်။ ထို့ပြင် (အချို့ကလည်း ထိုသူများသည်)ငါးဦးဖြစ်သည်၊ သူတို့ထဲမှ ဆဋ္ဌမသည် သူတို့၏‌ခွေးဖြစ်သည်ဟု အကွယ်မှ(စကားဖြင့်) လှမ်းပစ်လျက် (ရမ်းဆ‌ပြောဆိုကြမည်)။ (အချို့ကလည်း)ခုနစ်ဦးဖြစ်သည်၊ အဋ္ဌမသည် သူတို့၏‌ခွေးဖြစ်သည်ဟု ‌ပြောဆိုကြမည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် သူတို့၏အ‌ရေအတွက်ကို အသိဆုံးဖြစ်‌တော်မူသည်။ သူတို့နှင့်ပတ်သက်၍ အနည်းငယ်မှလွဲ၍ မည်သူမှ မသိကြ‌ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့်ပတ်သက်၍ အ‌ပေါ်ယံမျှသာ ‌ဆွေး‌နွေးခြင်းမှလွဲပြီး (အကြီးအကျယ်) ငြင်းခုံမှု မပြုလုပ်‌လေနှင့်။ ထို့ပြင် အသင်သည် သူတို့နှင့် ပတ်သက်၍ ထို(ကျမ်းဂန်ရရှိ)သူများထဲတွင် မည်သူ့ကိုမျှ ‌မေးမြန်းခြင်း မပြု‌လေနှင့်။

    [23] ထို့ပြင် အသင်(တမန်‌တော်)သည် မည်သည့်ကိစ္စနှင့်ပတ်သက်၍ပင်ဖြစ်‌စေ အမှန်စင်စစ် ငါသည် ထိုကိစ္စကို မနက်ဖြန်တွင် ပြုလုပ်မည်ဟု လုံးဝ မ‌ပြောဆို‌လေနှင့်။

    [24] “သို့ရာတွင် အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူပါလျှင်“ (ပြုလုပ်မည်ဟု ‌ပြောဆိုပါ)။ ထို့ပြင် အသင်(တမန်‌တော်)သည် ‌မေ့‌လျော့သွားခဲ့လျှင် (သတိရလျှင် ရချင်း) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို သတိရတသပါ။ ထို့ပြင် (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် တရားလမ်းညွှန်ရာတွင် ဤထက်ပိုနီးစပ်‌သောအရာကို ညွှန်ကြားပြသ‌တော်မူလိမ့်မည်ဟု ‌မျှော်လင့်သည်။

    [25] ထို့ပြင် ထိုသူတို့(လူငယ်တစ်စု)သည် သူတို့၏လိုဏ်ဂူထဲ၌ နှစ်‌ပေါင်းသုံးရာအပြင် ကိုးနှစ်ပါပို‌နေခဲ့ကြသည်။

    [26] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သူတို့‌နေခဲ့ကြ‌သောကာလကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်‌တော်မူသည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော ဖုံးကွယ်‌နေသည့်အရာများ၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်သည် အဘယ်မျှ ‌ကောင်းစွာမြင်‌တော်မူ‌သောအရှင်၊ ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်သနည်း။ သူတို့အတွက် အရှင်မြတ်မှလွဲ၍ အစစအရာရာ ပြီးစီး‌အောင်‌ဆောင်ရွက်‌ပေးမည့်သူ မည်သူမှ မရှိ‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် အရှင်မြတ်၏အမိန့်ပြဋ္ဌာန်းမှုတွင် မည်သူ့ကိုမှ ဖက်စပ်ပါဝင်‌စေ‌တော်မမူ‌ပေ။

    [27] ထိုု့ပြင် အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကျမ်းဂန်မှ အသင့်ထံသို့ ထုတ်ပြန်‌တော်မူခြင်းခံရ‌သော အမိန့်‌တော်များကို(သူတို့၏‌ရှေ့၌)ဖတ်ကြားပါ။ အရှင်မြတ်၏အာယသ်‌တော်များကို ‌ပြောင်းလဲမည့်သူ မည်သူမှမရှိ‌ပေ။ ၎င်း‌နောက် အသင်သည် အရှင်မြတ်မှလွဲ၍ ခိုကိုးရာ လုံးဝ ‌တွေ့ရှိမည်မဟုတ်‌ပေ။

    [28] ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်ကိုယ်ကို အကြင်သူတို့နှင့်အတူ သည်းခံပြီး‌နေပါ။ ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား အရှင်မြတ်ကိုပဲ ရည်ရွယ်ပြီး နံနက်ပိုင်းနှင့် ည‌နေပိုင်းတွင် ဟစ်‌ခေါ်တသကြသည်။ ထို့ပြင် အသင်သည် ဤဘဝ၏လှပတင့်တယ်မှုကို ရည်ရွယ်၍ အသင်၏ မျက်စိနှစ်လုံးကို ထိုသူများထံမှ ပြန်မလှည့်ပါနှင့်။ (သူတို့အား ပစ်မထားနှင့်)။ ထို့ပြင် အသင်သည် အကြင်သူ၏စကားကို မလိုက်နာပါနှင့်။ ငါအရှင်မြတ်သည် ထိုသူ၏စိတ်နှလုံးအား ငါအရှင်မြတ်ကို သတိုရတသခြင်းမှ ‌မေ့‌လျော့‌စေ‌တော်မူခဲ့သည်။* ထို့ပြင် ထိုသူသည် သူ၏စိတ်အလို‌နောက်ကိုသာ လိုက်‌နေသည်။ ၎င်း‌နောက် သူ၏အ‌ရေးကိစ္စသည် အလွန်အကျွံဖြစ်‌နေပြီးဖြစ်သည်။

    [29] ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်တရားသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်သည်။ ၎င်း‌နောက် ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်သည်။ အမှန်စင်စစ် ငါအရှင်မြတ် မတရားကျူးလွန်သူများအတွက် (ငရဲ)မီးကို အသင့်ပြုလုပ်ထား‌တော်မူသည်။ ထိုမီး၏တံတိုင်းများသည် သူတို့အား ဝန်းရံထားလိမ့်မည်။ ထို့ပြင် အကယ်၍ သူတို့သည် ‌ရေ‌တောင်းကြလျှင် မျက်နှာများကို ‌လောင်ကျွမ်းမည့်ခဲရည်ပူကဲ့သို့‌ရေကို ‌ပေးခြင်းခံရမည်။ ထို‌ရေသည် အဘယ်မျှ ဆိုးရွား‌သော‌ရေဖြစ်ပြီး ထိုငရဲဘုံသည်လည်း အလွန်ဆိုးဝါးလှ‌သော ခိုနားရာ‌နေရာဖြစ်သည်။

    [30] အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းကျိုးပြုလုပ်‌သောသူများ၏အစားကို အလဟဿပြုလုပ်‌တော်မမူ‌ပေ။

    [31] ထိုသူများပင်ဖြစ်သည်၊ ၎င်းသူတို့အတွက် တည်မြဲ‌သောဥယျာဉ်များရှိမည်။ ထို‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ သူတို့သည် ထိုဥယျာဉ်များတွင် ‌ရွှေလက်‌ကောက်များနှင့် တန်ဆာဆင်ယင်‌ပေးခြင်းခံကြရမည်။ ၎င်း‌နောက် သူတို့သည် ပါးလွှာ‌သောပိုးထည်နှင့် ထူထဲ‌သောပိုးထည်မှ အစိမ်း‌ရောင်(အဝတ်အစား)များကို ဝတ်ဆင်ကြမည်။ ထိုဥယျာဉ်များတွင် မြင့်မား‌သောထိုင်ခုံများ‌ပေါ်၌ မှီ‌နေကြမည်။ ထိုအကျိုးသည် အဘယ်မျှ‌ကောင်း‌သော ကုသိုလ်အကျိုးဖြစ်ပြီး ထိုဥယျာဉ်သည်လည်း အလွန်‌ကောင်းလှ‌သော အပန်း‌ဖြေနားခိုရာ‌နေရာဖြစ်သည်။

    [32] ထို့ပြင် အသင်သည် သူတို့အား လူနှစ်‌ယောက်*၏ပမာကို ခိုင်းနှိုင်းပြလိုက်ပါ။ ငါအရှင်မြတ်သည် သူတို့နှစ်ဦးထဲမှ တစ်ဦးကို စပျစ်ခြံနှစ်ခြံ ‌ပေးသနား‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံအား စွန်ပလွံပင်များနှင့် ခြံရံ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏ကြားတွင် လယ်ယာတစ်ခုကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။

    [33] ထိုခြံနှစ်ခြံသည် သူတို့၏အသီးများကို အနည်းငယ်မှ ‌လျော့နည်းခြင်းမရှိဘဲ သီးပွင့်‌ပေးလျက်ရှိခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားတွင် ‌ချောင်းတစ်ခုကိုလည်း စီးဆင်း‌စေ‌တော်မူခဲ့သည်။

    [34] ထို့ပြင် ထိုသူတွင် ပစ္စည်းဥစ္စာများလည်း ရှိ‌သေးသည်။ သို့ဖြစ်ရာ သူက သူ၏အ‌ဖော်ကို ထိုအ‌ဖော်နှင့် စကားလက်ဆုံကျလျက် “ကျွန်ုပ်သည် အသင့်ထက် ဥစ္စာပစ္စည်းအ‌နေဖြင့် ပိုမိုများပြားသူဖြစ်သည့်အပြင် ‌ခြွေရံသင်းပင်း*အ‌နေဖြင့်လည်း ပိုများသူပင်ဖြစ်‌ကြောင်း“ ‌ပြောဆိုခဲ့သည်။

    [35] ထို့‌နောက် သူသည် သူ၏ဥယျာဉ်ထဲသို့ သူ့ကိုယ်သူနှိပ်စက်လျက် ဝင်‌ရောက်ပြီး (ဤသို့)‌ပြောဆိုခဲ့သည်- “ကျွန်ုပ်သည် ဤဥယျာဉ်ကို မည်သည့်အခါမှ ပျက်စီးလိမ့်မည်ဟု မထင်ခဲ့‌ပေ။“

    [36] “၎င်း‌နောက် ကျွန်ုပ်သည် ကိယာမသ်ဖြစ်လိမ့်မည်ဟုလည်းမထင်‌ပေ၊ ၎င်း‌နောက် အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ ပြန်ပို့ခြင်းခံရလျှင်လည်း အမှန်စင်စစ် ကျွန်ုပ်သည် ထိုဥယျာဉ်ထက်ပို‌ကောင်း‌သော‌နေရာကိုပင် ရရှိဦးမည်ဖြစ်သည်။“

    [37] သူ၏အ‌ဖော်က သူနှင့်စကားလက်ဆုံကျလျက် သူ့အား ‌ပြောဆိုခဲ့သည်- “အသင်သည် အကြင်အရှင်မြတ်အား ငြင်းပယ်ခဲ့သည်‌လော။ ထိုအရှင်မြတ်သည် အသင့်အား ‌မြေကြီးနှင် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုတ်ရည်တစ်စက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အသင့်အား ‌ယောက်ျားအဖြစ် ပြီး‌မြောက်စုံလင်‌အောင် စီမံ‌ဆောင်ရွက်‌တော်မူခဲ့သည်။“

    [38] “သို့ရာတွင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက်မကိုးကွယ်‌ပေ။“

    [39] “ထို့ပြင် အသင်သည် အသင်၏ဥယျာဉ်သို့ ဝင်‌ရောက်ခဲ့‌သောအခါက ဤသည် အလ္လာဟ်အရှင်မြတ် အလိုရှိ‌သောအရာပင်ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်အကူအညီမရှိလျှင် မည်သည့်အရာမျှ မစွမ်း‌ဆောင်နိုင်ပါဟု အဘယ့်‌ကြောင့် မဆိုခဲ့သနည်း။ အကယ်၍ အသင်သည် ကျွန်ုပ်အား အသင့်ထက် ပစ္စည်းနှင့် သားသမီးအ‌ခြွေအရံအားဖြင့် နည်းပါးသူဖြစ်သည်ဟု မြင်‌နေလျှင်။“

    [40] သို့ဖြစ်ရာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အသင်၏ဥယျာဉ်ထက် ပို‌ကောင်းသည်ကို ကျွန်ုပ်အား ‌ပေးသနား‌တော်မူ၍ (အသင်၏)ထိုဥယျာဉ်အ‌ပေါ်တွင် မိုး‌ကောင်းကင်မှ မိုးကြိုး‌လောင်မီးတစ်စုံတစ်ခု ချ‌ပေး‌ကောင်းချ‌ပေးလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုဥယျာဉ်သည် ‌ပြောင်‌ချော(ပြီး သစ်ပင်မ‌ပေါက်‌သော မီး‌လောင်ပြင်ကဲ့သို့) ‌မြေပြင်တစ်ခုပင် ဖြစ်သွားလိမ့်မည်။“

    [41] “သို့မဟုတ် ထိုဥယျာဉ်၏ ‌ချောင်း‌ရေသည် (‌မြေကြီးထဲသို့)နစ်ဝင်သွား‌ကောင်းသွားလိမ့်မည်။ သို့ဖြစ်လျှင် အသင်သည် ထို‌ရေကို လုံးဝရှာ‌ဖွေနိုင်မည် မဟုတ်‌တော့‌ပေ။“

    [42] ထို့‌နောက် ထိုသူ၏ပစ္စည်းဥစ္စာ(ခြံ၊ ဥယျာဉ်)များသည် (‌ဘေးအန္တရာယ်)ဝန်းရံခြင်းကို ခံခဲ့ရသည်။ ထို့‌ကြောင့် သူသည် ထိုဥယျာဉ်၌ သုံးစွဲခဲ့သည်များ ပျက်စီးရသည့်အတွက် (ဝမ်းနည်းပက်လက်နှင့်) သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လျက်ရှိ‌တော့သည်။ ထို့ပြင် ထိုဥယျာဉ်သည်လည်း ပြိုလဲပျက်စီးကျ‌နေ‌တော့သည်။ ၎င်း‌နောက် သူက ‌ဪ-ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက် မကိုးကွယ်ခဲ့လျှင် ‌ကောင်း‌လေစွဟု ‌ပြောဆိုခဲ့သည်။

    [43] ထို့ပြင် သူ့တွင် အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်ပြီး ကူညီနိုင်‌သောအုပ်စုလည်း လုံးဝမရှိခဲ့‌ပေ။ ၎င်း‌နောက် သူကိုယ်တိုင်လည်း (ထိုပြစ်ဒဏ်မှ လွတ်‌မြောက်‌အောင်)တတ်စွမ်းနိုင်ခြင်း မရှိခဲ့‌ပေ။

    [44] ဤသို့‌သော‌နေရာအချိန်အခါတွင် ကူညီနိုင်စွမ်းသည် အစစ်အမှန်ဖြစ်‌သော အလ္လာဟ်အရှင်မြတ်၌သာရှိသည်။ ထိုအရှင်မြတ်သည် အကျိုးကုသိုလ်ကို အ‌ကောင်းဆုံး‌ပေး‌တော်မူ‌သောအရှင်လည်းဖြစ်ပြီး ‌နောက်ဆုံးအစား‌ပေးရာတွင်လည်း အ‌ကောင်းဆုံး‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [45] ထို့ပြင် အသင့်အ‌နေဖြင့် ဤဘဝသည် အကြင်‌ရေနှင့်တူ‌ကြောင်း သာဓက ခိုင်းနှိုင်းပြလိုပ်ပါ။ ငါအရှင်မြတ်သည် ထို‌ရေကို မိုး‌ကောင်းကင်မှ ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ၎င်း‌နောက် ထို‌ရေနှင့် ‌မြေမှ သစ်ပင်ငယ်များသည် ‌ရောယှက်‌ပေါက်‌ရောက်ကြသည်။ ထို့‌နောက် ထိုသစ်ပင်ငယ်များသည် ‌သွေ့‌ခြောက်‌ကျေမွသွားခဲ့သည့်အတွက် ‌လေများသည် ထိုသစ်ပင်(‌ခြောက်၊ သစ်ရွက်‌ခြောက်)များကို လွင့်‌စေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် ပြည့်ပြည့်ဝဝ စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [46] ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ဤဘဝ၏လှပတင့်တယ်မှုများပင်ဖြစ်သည်။ ထို့‌နောက် အမြဲတည်တံ့‌သော ‌ကောင်းမြတ်သည့်လုပ်ရပ်များ*ကမူ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ အကျိုးအ‌နေဖြင့်လည်း အ‌ကောင်းဆုံးဖြစ်သည်။ ‌မျှော်လင့်ချက်အ‌နေဖြင့်လည်း အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [47] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် ‌တောင်များအား ‌ရွေ့လျား‌စေ‌တော်မူမည်။ ၎င်း‌နောက် အသင်သည် ကမာ္ဘ‌မြေကို လွင်တီး‌ခေါင်ပြင်အဖြစ် ‌တွေ့မြင်ရမည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ထို(လူသား)အားလုံးကို သူတို့ထဲတွင် မည်သူ့ကိုမှ ချန်မထားဘဲ စုရုံး‌စေ‌တော်မူမည်။

    [48] ထို့ပြင် သူတို့သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌တော်၌ စီတန်းပြီး တက်‌ရောက်ပြသ‌စေခြင်းခံကြရမည်ဖြစ်သည်။ (အရှင်မြတ်က မိန့်ကြား‌တော်မူမည်) အမှန်စင်စစ် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ပထမအကြိမ် ဖန်ဆင်း‌တော်မူခဲ့သကဲ့သို့ ငါအရှင်မြတ်ထံ‌တော်သို့ ‌ရောက်လာခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်က မည်သည့်ချိန်းဆိုမှုမှ လုံးဝပြုလုပ်‌တော်မူမည် မဟုတ်‌ပေဟု ထင်မြင်ယူဆခဲ့ကြသည်။

    [49] ထို့ပြင် (မှတ်တမ်း)စာအုပ်များသည် (သူတို့၏‌ရှေ့၌)ချထားလျက်ရှိ‌နေမည်။ ၎င်း‌နောက် အသင်သည် အပြစ်ရှိသူများအား ထိုစာအုပ်ထဲမှ အ‌ကြောင်းအရာများ‌ကြောင့် ထိတ်လန့်‌နေကြသည်ကို ‌တွေ့မြင်ရမည်။ ၎င်း‌နောက် သူတို့က ‌ပြောဆိုကြမည် “‌ဪ- ကျွန်ုပ်တို့၏ပျက်စီးရ‌လေခြင်း၊ ဤစာအုပ်သည် မည်သို့စာအုပ်ပါလိမ့်၊ ဤစာအုပ်သည် မည်သည့်‌သေး‌သောအရာနှင့် ကြီး‌သောအရာကိုမှ မချန်ဘဲ ‌ရေးမှတ်ထားခဲ့သည်။“ ထို့ပြင် သူတို့သည် သူတို့ ပြုလုပ်ခဲ့သမျှသည်လည်း ‌ရှေ့၌အသင့်‌ရောက်‌နေသည်ကို ‌တွေ့ကြရမည်။ ၎င်း‌နောက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မည်သူ့ကိုမှ မတရားပြုလုပ်‌တော်မူမည် မဟုတ်‌ပေ။

    [50] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား “အသင်တို့သည် အာဒမ်၏‌ရှေ့၌ ဦးချကြပါ“ဟု မိန့်ကြား‌တော်မူခဲ့‌သောအခါ အိဗ်လီစ်မှလွဲ၍ ‌ကောင်းကင်တမန်များ အားလုံးဦးချခဲ့ကြသည်။ ထိုအိဗ်လီစ်သည် ဂျင်န်သတ္တဝါထဲမှဖြစ်ခဲ့ပြီး သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို ‌သွေဖည်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား စွန့်ပြီး ထိုအိဗ်လီစ်နှင့် သူ၏သား‌မြေးများကို သူတို့သည် အသင်တို့၏ရန်သူများဖြစ်ကြပါလျက် မိတ်‌ဆွေဖွဲ့ခဲ့ကြသ‌လော။ မတရားကျူးလွန်သူများ၏အစားသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။

    [51] ငါအရှင်မြတ်သည ထိုရှိုင်သွာန်များအား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်းရာတွင် အသင့် ‌ခေါ်ထားခဲ့သည် မဟုတ်‌ပေ။ ၎င်း‌နောက် သူတို့အား ဖန်ဆင်း‌တော်မူရာတွင်လည်း အသင့်‌ခေါ်ထား‌တော်မမူခဲ့‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် (လူများအား) လမ်းလွဲ‌စေ‌သောသူတို့ကို (အရှင်မြတ်၏)လက်ရုံးအဖြစ် ပြု‌တော်မူမည့်အရှင် မဟုတ်‌ပေ။

    [52] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်က (မုရှ်ရိက်များကို) အသင်တို့သည် အသင်တို့‌ပြောဆိုယူဆခဲ့ကြ‌သော တွဲဖက်ကိုးကွယ်ရာများအား ဟစ်‌ခေါ်ကြဟု မိန့်ကြား‌တော်မူ‌သောအခါ သူတို့သည် ထိုတွဲဖက်များအား ဟစ်‌ခေါ်ကြလိမ့်မည်။ ၎င်း‌နောက် ထိုသူများကမူ သူတို့အား ပြန်ထူးကြမည်မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထို(မုရှ်ရိက်များနှင့် သူတို့၏ကိုးကွယ်ရာ)များ၏ ကြားတွင် (ငရဲမီးထဲမှ) ပျက်စီးရာ‌နေရာတစ်ခုကို ပြုလုပ်ထား‌တော်မူမည်။

    [53] ထို့ပြင် အပြစ်ရှိသူများသည် ငရဲမီးကို‌တွေ့မြင်‌သောအခါ သူတို့သည် အမှန်ပင် ထိုငရဲမီးထဲသို့ကျမည့်သူများပင် ဖြစ်ကြသည်ဟု ယုံကြည်ကြမည်။ ၎င်း‌နောက် သူတို့သည် ထို(ငရဲမီး)မှ ‌ရှောင်တိမ်းနိုင်မည့်‌နေရာကို ရှာ‌တွေ့ကြမည်မဟုတ်‌ပေ။

    [54] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ထဲ၌ လူများအတွက် ဥပမာပုံ‌ဆောင်ချက်များကို နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူခဲ့သည်။ ၎င်း‌နောက် လူသားသည် အရာအားလုံးထက် အငြင်းအသန်ဆုံးပင်ဖြစ်သည်။

    [55] ထို့ပြင် လူများအား သူတို့ထံ လမ်းမှန်ညွှန်ကြားပြသချက်‌ရောက်ရှိပြီး‌နောက် အီမာန်ယုံကြည်ရန်နှင့် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားရန် မည်သည့်အရာကမှ တားဆီးခဲ့သည်မဟုတ်‌ပေ၊ သို့ရာတွင် သူတို့သည် ယခင်က လူများအား ဆက်ဆံခံရသကဲ့သို့မျိုး သူတို့အား ဆက်ဆံခံရခြင်း၊ သို့မဟုတ် သူတို့၏ ‌ရှေ့တည့်တည့်၌ ပြစ်ဒဏ်ဆိုက်‌ရောက်လာခြင်း(ကသာ တားဆီးခဲ့ခြင်း ဖြစ်သည်)။

    [56] ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များအား သတင်း‌ကောင်း‌ပေးသူများ၊ သတိ‌ပေးနှိုး‌ဆော်သူများအဖြစ်နှင့်သာ ‌စေလွှတ်‌တော်မူသည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ထို(မတရား‌သော)အရာနှင့် အမှန်တရား(ကုရ်အာန်)ကို ပယ်ဖျက်ရန် မတရား အငြင်းအခုံပြုကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များနှင့် သူတို့ သတိ‌ပေးနှိုး‌ဆော်ခြင်းခံရ‌သောအရာများကို ‌ပြောင်‌လှောင်မှုပြုခဲ့ကြသည်။

    [57] ထို့ပြင် အကြင်သူထက် မတရား‌သောသူ မည်သူရှိမည်နည်း။ ထိုသူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာများနှင့် ဆုံးမခြင်းခံခဲ့ရ‌သော်လည်း ထိုသူသည် ထိုအရာများအား မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူသည် သူ၏လက်နှစ်ဖက်က ကြိုတင်ပို့ထား‌သော အပြစ်များကိုလည်း ‌မေ့‌ပျောက်ခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများ‌ပေါ်တွင် သူတို့သည် ထို(အမှန်တရား)ကို နားမလည်နိုင်ကြ‌အောင် အဖုံးအကာများနှင့် သူတို့၏နားများကို (မကြားရ‌အောင်)နားပင်းမှု ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် သူတို့အား တရားလမ်းမှန်ဘက် ဖိတ်‌ခေါ်‌သော်လည်း သူတို့သည် ဤအ‌ခြေအ‌နေတွင် မည်သည့်အခါမှ လမ်းမှန်ကို ရကြမည်မဟုတ်‌ပေ။

    [58] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အကယ်၍ အရှင်မြတ်သည် သူတို့အား သူတို့ရှာ‌ဖွေဆည်းပူးခဲ့ကြ‌သော ပြစ်မှုများ‌ကြောင့် အ‌ရေးယူ‌တော်မူလျှင် အမှန်ပင် အရှင်မြတ်သည် သူတို့အ‌ပေါ်သို့ ပြစ်ဒဏ်ကို ‌ဆောလျင်စွာ ကျ‌ရောက်‌စေ‌တော်မူခဲ့မည်ဖြစ်သည်။ အမှန်စင်စစ် သူတို့အတွက် ချိန်းဆိုထား‌သော အချိန်တစ်ချိန်ရှိ‌နေသည့်အတွက် သူတို့သည် ထိုပြစ်ဒဏ်မှ အခြား ထွက်‌ပြေးလွတ်‌မြောက်ရန်‌နေရာ လုံးဝ ‌တွေ့ရှိမည်မဟုတ်‌ပေ။

    [59] ထို့ပြင် ဤသည် အကြင်မြို့ရွာများပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုမြို့သူရွာသားများအား သူတို့ မတရားကျူးလွန်ကြသည့်အခါ ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ပျက်စီးရန် ချိန်းဆိုထားသည့်ကာလတစ်ခု ပြုလုပ်သတ်မှတ်ထားခဲ့သည်။

    [60] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏တပည့်ကို ငါသည် မြစ်နှစ်သွယ်ဆုံ‌သော‌နေရာသို့ ‌ရောက်သည်အထိ မရပ်မနား သွားမည်၊ သို့မဟုတ် ငါသည် နှစ်ရှည်လများ သွား‌နေမည်ဟု ‌ပြောဆိုခဲ့သည်။

    [61] ထို့‌နောက် ၎င်းတို့နှစ်ဦးစလုံးသည် ထိုမြစ်ဆုံ‌နေရာသို့ ‌ရောက်သည့်အခါ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ငါးများကို ‌မေ့သွားခဲ့ကြသည်။ သို့ဖြစ်ရာ ထိုငါးသည် မြစ်ထဲတွင် သူ၏လမ်းကို လိုဏ်‌ပေါက်ရှည်ကြီးပြုလုပ်လျက် ‌လျှောဆင်းသွားခဲ့သည်။

    [62] ထို့‌နောက် ၎င်းတို့နှစ်ဦးသည် (ထိုမြစ်ဆုံ‌နေရာမှ) ‌ရှေ့ကို‌ကျော်သွားသည့်အခါ (တမန်‌တော်)မူစာက ၎င်း၏တပည့်ကို ငါ၏ထံသို့ ငါတို့၏နံနက်စာ ယူလာခဲ့ပါ၊ အမှန်စင်စစ် ငါတို့သည် ငါတို့၏ ဤခရီး‌ကြောင့် ‌မောပန်းကြရပြီဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။

    [63] ၎င်း(တပည့်)က‌ပြောသည်- ကျွန်ုပ်တို့သည် ‌ကျောက်‌ဆောင်အနီး၌နားခဲ့ကြသည်ကို ကိုယ်‌တော် သတိရပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်သည် အမှန်စင်စစ် ငါး(၏ ထူးဆန်းဖွယ်ရာအ‌ကြောင်း)ကို ကိုယ်‌တော့်အား ‌ပြောပြရန် ‌မေ့သွားခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်အား ထိုအရာကို သတိမရနိုင်‌အောင် ရှိုင်သွာန်ကပင် ‌မေ့‌လျော့‌စေခဲ့ပါသည်။ ထို့ပြင် ထိုငါးသည် မြစ်ထဲတွင် သူ၏လမ်းကို ထူးဆန်း(အံ့ဩဖွယ်)ပြုလုပ်သွားခဲ့ပါသည်။

    [64] (တမန်‌တော်)မူစာက ထိုအရာကပင် ငါတို့ရှာ‌ဖွေ‌နေသည့်‌နေရာဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက် ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့၏‌နောက်‌ကြောင်းကို ပြန်‌လျှောက်ခဲ့ကြသည်။

    [65] ထို့ပြင် ၎င်းတို့နှစ်ဦးသည် ငါအရှင်မြတ်၏ကျွန်များထဲမှ ကျွန်တစ်ဦး(ဖြစ်သူ ခိဿွ်ရ်)ကို ‌တွေ့ရှိကြသည်။ ငါအရှင်မြတ်သည် ထိုကျွန်ကို ငါအရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်ကို ‌ပေးသနားထားပြီး ငါအရှင်မြတ်ထံ‌တော်မှ ပညာကို ၎င်းအား သင်‌ပေးထား‌တော်မူသည်။

    [66] (တမန်‌တော်)မူစာက ၎င်းကို ‌ပြောဆိုသည်- အသင်သည် အသင် သင်ကြားပို့ချခြင်းခံရ‌သော ‌ကောင်းမြတ်သည့်ပညာကို ကျွန်ုပ်အားသင်‌ပေးရန် ကျွန်ုပ်သည် အသင်၏‌နောက်သို့ လိုက်၍ရပါမည်‌လော။

    [67] ၎င်း(ခိဿွ်ရ်)က‌ပြောသည်၊ အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝ သည်းခံ‌နေနိုင်မည် မဟုတ်‌ပေ။

    [68] ထို့ပြင် အသင်သည် အသင် ခြုံငုံမသိနိုင်သည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့ သည်းခံနိုင်မည်နည်း။

    [69] ၎င်း(တမန်‌တော်)မူစာက ‌ပြောဆိုသည်- အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူပါလျှင် အသင်သည် ကျွန်ုပ်ကို သည်းခံသူတစ်ဦးအဖြစ်နှင့် ‌တွေ့ရပါလိမ့်မည်။ ထို့ပြင် ကျွန်ုပ်သည် အသင်၏ မည်သည့်အမိန့်ကိုမှ ‌သွေဖည်မည် မဟုတ်ပါ။

    [70] ၎င်းက ‌ပြောဆိုသည်- အကယ်၍ အသင်သည် ကျွန်ုပ်နှင့်အတူ လိုက်ခဲ့လျှင် အသင့်အား ကျွန်ုပ်ကိုယ်တိုင် ထုတ်‌ဖော်မ‌ပြောပြ‌သေးသမျှ မည်သည့်ကိစ္စကိုမှ အသင်သည် ကျွန်ုပ်အား မ‌မေးပါနှင့်။

    [71] ထို့‌နောက် ၎င်းတို့နှစ်ဦးသည် ‌လျှောက်သွားကြသည်။ ‌နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် ‌လှေ‌ပေါ်သို့ စီးနင်းကြသည့်အခါ ၎င်း(ခိဿွ်ရ်)က ထို‌လှေကို ‌ဖောက်ခဲ့သည်။ ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အသင်သည် ဤ‌လှေ‌ပေါ်တွင်ရှိ‌သောသူများအား နစ်မြှပ်‌စေရန် ‌ဖောက်ခဲ့‌လေသ‌လော။ အမှန်ပင် အသင်သည် အလွန်ဆိုး‌သောအပြုအမူတစ်ခုကို ပြုလုပ်ခဲ့ပြီဖြစ်သည်။

    [72] ၎င်း(ခိဿွ်ရ်)က ‌ပြောဆိုသည်- အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝသည်းခံ‌နေနိုင်မည်မဟုတ်‌ပေဟု ကျွန်ုပ် အသင့်အား ‌ပြောခဲ့သည်မဟုတ်‌လော။

    [73] ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အသင်သည် ကျွန်ုပ်‌မေ့‌လျော့ခဲ့‌သောကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်အား အ‌ရေးမယူပါနှင့်၊ ထို့ပြင် အသင်သည် ကျွန်ုပ်၏ကိစ္စတွင် ကျွန်ုပ်အ‌ပေါ်ကျပ်တည်း‌အောင် မလုပ်ပါနှင့်။

    [74] ထို့‌နောက် ၎င်းတို့နှစ်ဦးသည် (‌ရှေ့ဆက်)‌လျှောက်သွားခဲ့ကြသည်။ ‌နောက်ဆုံးတွင် လူငယ်‌လေးတစ်ဦးကို‌တွေ့ကြသည်။ ထို့ပြင် ၎င်း(ခိဿွ်ရ်)က ထိုလူငယ်‌လေးကို သတ်လိုက်သည်။ ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အသင်သည် စင်ကြယ်‌သောအသက်တစ်‌ချောင်းကို အသက်တစ်‌ချောင်း၏အစားလည်း မဟုတ်ဘဲနှင့် သတ်လိုက်သ‌လော။ အမှန်စင်စစ် အသင်သည် အလွန်ဆိုး‌သော အမှုကိစ္စတစ်ခုကို ကျူးလွန်ခဲ့ပြီဖြစ်သည်။

    [75] ၎င်း(ခိဿွ်ရ်)က ‌ပြောဆိုသည်- အမှန်စင်စစ် အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝသည်းခံ‌နေနိုင်မည်မဟုတ်‌ပေဟု ကျွန်ုပ် အသင့်အား‌ပြောခဲ့သည်မဟုတ်‌လော။

    [76] ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အကယ်၍ ကျွန်ုပ်သည် ဤသည်၏‌နောက်တွင် အသင့်အား တစ်စုံတစ်ခုနှင့်ပတ်သက်၍ ‌မေးမြန်းခဲ့လျှင် အသင်သည် ကျွန်ုပ်အား (အသင်နှင့်)အတူ(ခရီး‌ဖော်အဖြစ်)မထားပါနှင့်‌တော့၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်ထံမှ ခွင့်လွှတ်ရန် အ‌ကြောင်းပြချက်(၏ အဆုံးစွန်)ကို ‌ရောက်ရှိခဲ့ပြီဖြစ်သည်။

    [77] ထို့‌နောက် ၎င်းတို့နှစ်ဦးသည် (‌ရှေ့သို့ဆက်)‌လျှောက်သွားခဲ့ကြသည်။ ‌နောက်ဆုံးတွင် ၎င်းတို့သည် ရွာတစ်ရွာ၏ရွာသူရွာသားများထံသို့ ‌ရောက်သွားခဲ့ကြပြီး ၎င်းတို့နှစ်ဦးက ရွာသူရွာသားများထံတွင် ၎င်းတို့အား ဧည့်ခံ‌ကျွေး‌မွေးရန် ‌မေတ္တာရပ်ခံခဲ့ကြသည့်အခါ ထို(ရွာသူရွာသား)တို့က ၎င်းတို့နှစ်ဦးအား ဧည့်ခံရန် ငြင်းလိုက်ကြသည်။ ထို့‌နောက် ၎င်းတို့နှစ်ဦးသည် ထိုရွာတွင် ပြိုလဲကျမည့်ဆဲဆဲဖြစ်‌နေ‌သော တံတိုင်းတစ်ခုကို ‌တွေ့ခဲ့ကြသည်။ သို့ဖြစ်ရာ ခိဿွ်ရ်က ထိုတံတိုင်းကို ပြန်မတ်‌အောင်ပြုလုပ်‌ပေးလိုက်သည်။ ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အသင်အလိုရှိလျှင် ထို(တံတိုင်းကိုပြန်မတ်‌အောင် ပြုလုပ်‌ပေးလိုက်သည့်)အ‌ပေါ်တွင် အမှန်ပင် လုပ်အားခ ရယူနိုင်သည်။

    [78] ၎င်း(ခိဿွ်ရ်)က ‌ပြောဆိုသည်- ဤသည် ကျွန်ုပ်နှင့်အသင်၏ကြားတွင် ခွဲခွာမှုပင်ဖြစ်‌တော့သည်။ မကြာမီ အသင် သည်းမခံနိုင်ခဲ့‌သောကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်ကို အသိ‌ပေးပါ‌တော့မည်။

    [79] ‌လှေကမူ မြစ်ထဲတွင် လုပ်ကိုင်(ရှာ‌ဖွေစား‌သောက်‌နေ)ကြ‌သော ဆင်းရဲသားများ၏‌လှေပင် ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ‌လှေကို အပြစ်အနာအဆာရှိ‌အောင် ရည်ရွယ်ခဲ့သည်။ ထို့ပြင် (အဘယ့်‌ကြောင့်ဆို‌သော်) သူတို့‌နောက်တွင် ဘုရင်တစ်ပါးရှိ‌နေသည်။ ထိုဘုရင်သည် ‌လှေ(‌ကောင်း)များကို အတင်းအဓမ္မ သိမ်းပိုက်ယူ‌လေ့ရှိသည်။

    [80] ထို့ပြင် ထို(ကျွန်ုပ် သတ်လိုက်သည့်) လူငယ်‌လေးကမူ သူ၏မိဘနှစ်ပါးသည် အီမာန်ယုံကြည်သူများဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုလူငယ်က(သူ၏)ဆိုးသွမ်းမှု၊ ‌သွေဖည်မှုနှင့် မိဘနှစ်ပါးအား အနိုင်ကျင့်‌မောပန်း‌အောင်(ဖိစီးလွှမ်းမိုး‌အောင်)ပြုလုပ်မည်ကို စိုးရိမ်ခဲ့သည်။

    [81] သို့ဖြစ်ရာ သူတို့နှစ်ဦးကို သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ထိုလူငယ်‌လေးထက် စင်ကြယ်မှုတွင် ပို‌ကောင်းပြီး (မိဘနှစ်ပါးအား)‌ကောင်းမွန်‌သော ဆက်ဆံမှု၌လည်း ပို‌ကောင်း‌သော (သားသမီးမျိုးကို)အစား‌ပေး‌တော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့သည်။

    [82] ထို့ပြင် ထိုတံတိုင်းကမူ (ဤ)ရွာရှိ မိဘမဲ့က‌လေးနှစ်ဦး၏တံတိုင်းပင်ဖြစ်ခဲ့သည်။ ထို့ပြင် ထိုတံတိုင်း၏‌အောက်တွင် ထိုက‌လေးနှစ်ဦးအတွက် စု‌ဆောင်းထား‌သော ဘဏ္ဍာပစ္စည်းများရှိ‌နေသည်။ ထို့ပြင် ထိုက‌လေးနှစ်ဦး၏ဖခင်သည်လည်း ‌ကောင်းမြတ်သည့်သူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့နှစ်ဦး သူတို့၏လူလား‌မြောက်‌သော အရွယ်‌ရောက်သည့်အခါတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကရုဏာ‌တော်နှင့် သူတို့၏ ဘဏ္ဍာပစ္စည်းများကို ‌ဖော်ထုတ်ကြရန် ရည်ရွယ်‌တော်မူခဲ့သည်။ ထို့ပြင် ကျွန်ုပ်သည် ဤကိစ္စကို ကျွန်ုပ်သ‌ဘောနှင့် ပြုလုပ်ခဲ့သည်မဟုတ်‌ပေ။ ဤသည် အသင်သည်းခံပြီး မ‌နေနိုင်ခဲ့‌သော ကိစ္စ၏အဖြစ်မှန်ပင်။

    [83] ထို့ပြင် သူတို့(ကုရိုင်းရှ်အမျိုးသားများ)သည် ဇွလ်ကရ်နိုင်န်*နှင့်ပတ်သက်၍ အသင့်အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကျွန်ုပ်သည် ၎င်း၏အ‌ကြောင်းအရာထဲမှ အ‌ကြောင်းအရာတစ်ခုကို အသင်တို့‌ရှေ့၌ ‌ပြောပြမည်။

    [84] အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်း(ဇွလ်ကရ်နိုင်န်)ကို ကမာ္ဘ‌မြေတွင် အုပ်ချုပ်မှုအားဏာ တိုး‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို အရာရာတိုင်းမှ (‌အောင်နိုင်မှု၏)အ‌ကြောင်းခံကို ‌ပေးသနား‌တော်မူခဲ့သည်။

    [85] ထို့ပြင် သူသည် (ထို‌အောင်နိုင်မှု)အ‌ကြောင်းခံ(၏ လမ်း‌ကြောင်း)ကို လိုက်ခဲ့သည်။

    [86] ‌နောက်ဆုံးတွင် သူသည် ‌နေဝင်သည့်‌နေရာကို ‌ရောက်ရှိသည့်အခါ ထို‌နေကို မည်းနက်‌မှောင်ကျိ‌နေ‌သော အိုင်တစ်ခုထဲတွင် ဝင်‌နေသကဲ့သို့ ‌တွေ့မြင်ရသည်။* ထို့ပြင် ထိုအိုင်အနီး၌ လူမျိုးတစ်မျိုးကိုလည်း ‌တွေ့ရှိသည်။ ငါအရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- “အို- ဇွလ်ကရ်နိုင်န်၊ အသင်သည် သူတို့အား အပြစ်ဒဏ်လည်း ခတ်နိုင်သည်၊ သို့မဟုတ် သူတို့နှင့် ‌ကောင်းမွန်စွာလည်း ဆက်ဆံနိုင်သည်။“

    [87] သူက‌ပြောသည်- သူတို့ထဲမှ မည်သူမဆို မတရားပြုလုပ်လျှင် ကျွန်ုပ်သည် မကြာမီ ထိုသူအား ပြစ်ဒဏ်စီရင်မည်။ ထို့ပြင် ထိုသူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံသို့ ပြန်လည်‌ရောက်ရှိ‌စေခြင်းခံရမည်။ ထိုအခါ အရှင်မြတ်သည် သူ့အား ပြင်းထန်‌သော ပြစ်ဒဏ်ကို စီရင်‌တော်မူလိမ့်မည်။

    [88] ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် ထိုသူ့အတွက် အကျိုးအ‌နေနှင့် အ‌ကောင်းဆုံးအရာပင် ရှိမည်။ ထို့ပြင် မကြာမီ ကျွန်ုပ်သည်လည်း သူ့အား ကျွန်ုပ်၏အမိန့်ထုတ်ပြန်ချက်တွင် နူးညံ့သည့်စကားကို ‌ပြောဆိုမည်။

    [89] ထို့‌နောက် သူသည် (အခြား)လမ်‌ကြောင်းတစ်ခုကို လိုက်ပြန်သည်။

    [90] ‌နောက်ဆုံးတွင် သူသည် ‌နေထွက်ရာ‌နေရာကို ‌ရောက်ရှိသည့်အခါ ထို‌နေကို အကြင်လူမျိုးတစ်မျိုးအ‌ပေါ်တွင် ထွက်‌နေသည်ကို ‌တွေ့ရှိခဲ့သည်။ ငါအရှင်မြတ်သည် ထိုလူမျိုးနှင့် ‌နေ၏ကြားတွင် မည်သည့်အကာအကွယ်မှ ပြုလုပ်‌တော်မမူခဲ့‌ပေ။

    [91] ဤအတိုင်းပင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့၌ ရှိသမျှကို တစ်ခုမကျန် ခြုံငုံသိရှိ‌တော်မူသည်။

    [92] ထို့‌နောက် သူသည် (အခြား)လမ်‌ကြောင်းတစ်ခုကို လိုက်ခဲ့ပြန်သည်။

    [93] ‌နောက်ဆုံးတွင် သူသည် ‌တောင်နှစ်လုံးကြားသို့ ‌ရောက်ရှိခဲ့သည့်အခါ ထို‌တောင်နှစ်လုံး‌ရှေ့၌ စကားနားလည်ရန်ခဲယဉ်း‌သော လူမျိုးတစ်မျိုးကို ‌တွေ့ရှိခဲ့သည်။

    [94] ထိုလူမျိုးများက အို- ဇွလ်ကရ်နိုင်န်၊ အမှန်စင်စစ် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တို့သည်* ဤ‌ဒေသတွင် ဆူပူ‌သောင်းကျန်း တိုက်ခိုက်ဖျက်ဆီးသူများ ဖြစ်ကြပါသည်။ သို့ဖြစ်ရာ အသင်သည် ကျွန်ုပ်တို့နှင့် သူတို့ကြားတွင် အကာအရံတစ်ခုကို ပြုလုပ်‌ပေးရန်အတွက် ကျွန်ုပ်တို့သည် အသင့်အား ကုန်ကျစရိတ် စု‌ဆောင်းပြီး ‌ပေးကြရမည်‌လောဟု ‌ပြောဆိုကြသည်။

    [95] သူက ‌ပြောဆိုသည်- ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ကျွန်ုပ်ကို‌ပေးထား‌တော်မူ‌သော စွမ်းရည်သည် အလွန်များပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်တို့အား (အသင်တို့၏)လုပ်အားနှင့်သာ ကူညီကြပါ။ ကျွန်ုပ်သည် အသင်တို့နှင့် သူတို့ကြားတွင် အလွန်ခိုင်ခံ့ မြင့်မား‌သော တံတိုင်းကို ပြုလုပ်‌ပေးမည်။

    [96] အသင်တို့သည် သံပြားများကို ကျွန်ုပ်ထံ ယူ‌ဆောင်လာခဲ့ကြပါ။ ‌နောက်ဆုံးတွင် ‌တောင်ထိပ်နှစ်ခုကြားတွင် ထိုသံပြားများနှင့် ညီညာသွား‌အောင် ပြုလုပ်ပြီးသည့်အခါ သူက ‌ပြောဆိုညွှန်ကြားသည်- အသင်တို့သည် (မီး‌တောက်‌အောင်)‌လေမှုတ်ကြပါ။ ‌နောက်ဆုံးတွင် ထိုသံပြားများကို သူက မီးဖြစ်‌အောင် ပြုလုပ်ပြီးသည့်အခါတွင် သူက‌ပြောဆိုသည် - အသင်တို့သည် ကျွန်ုပ်ထံသို့ ‌ကြေးနီရည်ကို ယူခဲ့ကြပါ။ ကျွန်ုပ်သည် ထို(နီရဲ‌သောသံပြားများ)‌ပေါ်တွင် သွန်း‌လောင်းမည်။

    [97] ထို(တံတိုင်းကြီးကိုပြုလုပ်ပြီးစီးသည့်)အခါ သူတို့(ယအ်ဂျူဂျ်နှင့် မအ်ဂျူဂျ်)တို့သည် ထိုတံတိုင်းကြီးကို‌ကျော်တက်ခြင်းနှင့် ‌ဖောက်ထွင်းခြင်း မပြုစွမ်းနိုင်ခဲ့ကြ‌တော့‌ပေ။

    [98] သူက‌ပြောသည်- ဤသည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ထံ‌တော်မှ ကရုဏာပင်ဖြစ်သည်။ ထို့‌နောက် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ချိန်းဆိုထား‌သော အချိန်ကာလ ‌ရောက်သည့်အခါ အရှင်မြတ်သည် ဤတံတိုင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်‌အောင် ဖြိုဖျက်‌တော်မူလိမ့်မည်။ ထို့ပြင် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ချိန်းဆိုမှုသည် မှန်ကန်သည်။

    [99] ထို့ပြင် ငါအရှင်မြတ်သည် ထို(ယအ်ဂျူဂျ်နှင့် မအ်ဂျူဂျ်လူမျိုး)များထဲမှ တစ်ဦးကို တစ်ဦးအ‌ပေါ်တွင် လှိုင်းလိပ်ကဲ့သို့ တိုး‌ဝှေ့ထပ်ဆင့်လျက်ရှိ‌စေ‌တော်မူမည်။ ထို့ပြင် တံပိုးခရာမှုတ်ပြီးသည့်အခါ ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူမည်။

    [100] ထို့ပြင် ငါအရှင်မြတ်သည် ထို‌နေ့တွင် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်ငြင်းပယ်သူများ၏‌ရှေ့၌ အထင်အရှားပြ‌တော်မူမည်။

    [101] အကြင်(ငြင်းပယ်)သူများသည် သူတို့၏မျက်စိများက ငါအရှင်မြတ်အား ‌အောက်‌မေ့ သတိရတသခြင်းမှ ဖုံးကွယ်လျက်ရှိခဲ့သည်။ ထို့ပြင် သူတို့သည် (ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို နားဝင်‌အောင်)နား‌ထောင်နိုင်ခြင်းလည်း မရှိခဲ့ကြ‌ပေ။

    [102] ထို့‌နောက်လည်း ကာဖိရ်များသည် ငါအရှင်မြတ်အား စွန့်ပြီး ငါအရှင်မြတ်၏ကျွန်များကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ကြသည်ကို သူတို့အတွက် အကျိုးရှိလိမ့်မည်ဟု ထင်မှတ်ကြသ‌လော။ အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်များအတွက် ဧည့်ခံရာ‌နေရာအဖြစ် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။

    [103] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့အား လုပ်ရပ်အ‌နေဖြင့် လုံးဝဆုံးရှုံးမည့်သူများနှင့်ပတ်သက်၍ အသိ‌ပေးရမည်‌လော။

    [104] အကြင်သူများပင်၊ အမှန်ပင် ထိုသူများသည် သူတို့သည် ‌ကောင်းကျိုးပြုလုပ်‌နေသည်ဟု ထင်မှတ်‌နေကြလျက် သူတို့၏ကြိုးပမ်းမှုများသည် ဤဘဝ၌ပင် ပျက်စီး‌ပျောက်ကွယ်သွားပြီးဖြစ်သည်။

    [105] ထိုသူများပင်၊ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏သက်‌သေလက္ခဏာများသာမက အရှင်မြတ်နှင့်‌တွေ့ဆုံခြင်းကိုလည်း ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏လုပ်ရပ်များသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်သည်လည်း ကိယာမသ်‌နေ့တွင် သူတို့အတွက် (မည်သည့်‌ကောင်းမှုမှ မရှိ‌တော့၍ သူတို့၏လုပ်ရပ်များကို ချိန်‌ပေးရန်) မည်သည့်အ‌လေးချိန်မှ သတ်မှတ်‌ပေး‌တော်မူမည် မဟုတ်‌ပေ။

    [106] ဤသည် သူတို့၏အကျိုး ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် ငါအရှင်မြတ်၏သက်‌သေလက္ခဏာများနှင့် ငါအရှင်မြတ်၏တမန်‌တော်များကို ‌ပြောင်‌လှောင်ခဲ့ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။

    [107] အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ‌ဆောက်တည်ခဲ့ကြသည်။ သူတို့အတွက် ဖိရ်‌ဒေါင်စ်ဥယျာဉ်သည် ဧည့်ခံရာဌာနအဖြစ်ရှိသည်။

    [108] ထိုအထဲတွင် အမြဲ‌နေထိုင်ရမည့်သူများဖြစ်မည်၊ သူတို့သည် ထိုဥယျာဉ်မှ လုံးဝ‌ရွှေ့‌ပြောင်းလိုကြမည် မဟုတ်‌ပေ။

    [109] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်များ*(ကို ‌ရေးသားရန်)အတွက် ပင်လယ်များသည် မင်ရည်များဖြစ်ခဲ့မည်ဆိုလျှင်လည်း၊ ထို့ပြင် အကယ်၍ ငါတို့သည် ထိုပင်လယ်များကဲ့သို့ (အခြားပင်လယ်များကို)ထပ်ဖြည့်ရန် အကူအညီယူခဲ့ဦးမည်ဆိုလျှင်လည်း ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်များသည် ကုန်ဆုံးခြင်းမရှိဘဲ၊ ထိုပင်လယ်များပင် ကုန်ခန်းသွားလိမ့်မည်။

    [110] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ အသင်တို့၏ ကိုးကွယ်ထိုက်သည့်အရှင်သည် တစ်ပါးတည်းရှိ‌သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်‌တော်မူ‌ကြောင်း ငါ့ထံသို့ ဝဟီအမိန့်‌တော်ကျ‌ရောက်လာ(ခြင်းပင် ငါ၏ထူးခြားချက်ဖြစ်)သည်။ သို့ဖြစ်ရာ မိမိအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့်‌တွေ့ဆုံရန် ‌မျှော်လင့်‌နေသူသည် ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်ရမည်။ ထို့ပြင် ထိုသူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ကိုးကွယ်ရာတွင် မည်သူ့ကိုမှ တွဲဖက်ကိုးကွယ်မှု မပြုရ‌ပေ။

    Surah 19
    မာရ်ယမ်

    [1] ကာဖ် ဟာ ယာ အိုင်န် စွာဒ်။

    [2] ဤသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အရှင်မြတ်၏ကျွန် ဇကရိယာ*၏အ‌ပေါ်တွင် ကရုဏာပြု‌တော်မူခဲ့သည်ကို ထုတ်‌ဖော်မိန့်ကြား‌တော်မူခြင်းဖြစ်သည်။

    [3] တစ်ခါက ၎င်း(တမန်‌တော်ဇကရိယာ)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား တီးတိုးစွာ ‌လျှောက်ထားခဲ့သည်။

    [4] ၎င်း(တမန်‌တော်ဇကရိယာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အရိုးများသည် အားအင်ချည့်နဲ့‌နေပြီဖြစ်ပါသည်။ ထို့ပြင် ဦး‌ခေါင်းမှာလည်း အိုမင်းရင့်‌ရော်မှု(ဆံဖြူများ)‌ကြောင့် ဖြူ‌ဖွေး‌တောက်ပ‌နေပြီဖြစ်ပါသည်။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ ကျွန်ုပ်သည် အရှင်မြတ်ကို ဟစ်‌ခေါ်တမ်းတ‌လျှောက်ထားမှု‌ကြောင့် (မည်သည့်အခါကမှ)လက်မဲ့ မဖြစ်ခဲ့ဖူးပါ။

    [5] အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏‌နောက်တွင် ‌ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရ‌သော အမြုံပင်ဖြစ်‌နေပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်ထံ‌တော်မှ သား‌ကောင်းရတနာ အ‌မွေစားအ‌မွေခံတစ်ဦးကို ‌ပေးသနား‌တော်မူပါ။

    [6] ထိုအ‌မွေစားအ‌မွေခံသည် ကျွန်ုပ်၏ဆက်ခံသူလည်း ဖြစ်‌စေ‌တော်မူပါ။ ထို့ပြင် (တမန်‌တော်)ယအ်ကူဗ်၏သား‌မြေးများ၏ ဆက်ခံသူလည်း ဖြစ်‌စေ‌တော်မူပါ။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား(အရှင်မြတ်ထံ‌တော်တွင်)နှစ်သက်ခံရသူလည်း ဖြစ်‌စေ‌တော်မူပါ။

    [7] အို- ဇကရိယာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်*ရှိ‌သော သားရတနာတစ်ပါးနှင့်ပတ်သက်၍ သတင်း‌ကောင်း‌ပေး‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအမည်မျိုးကို ယခင်က မည်သူ့ကိုမှ ထားမ‌ပေးခဲ့‌ပေ။

    [8] ၎င်း(တမန်‌တော် ဇကရီယာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည် - အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရနိုင်‌သော အမြုံဖြစ်‌နေရုံသာမက အမှန်စင်စစ် ကျွန်ုပ်သည်လည်း အိုမင်းရင့်‌ရော်မှုကို အဆုံးစွန်သို့ ‌ရောက်‌နေပြီဖြစ်ပါလျက် ကျွန်ုပ်တွင် မည်သို့ သားရတနာ ရနိုင်ပါမည်နည်း။

    [9] သူ(‌ကောင်းကင်တမန်)က ‌ပြောသည်- ဤသို့ပင်ဖြစ်မည်၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က မိန့်ကြား‌တော်မူသည်၊ ၎င်းသည် ငါအရှင်မြတ်အ‌ပေါ်တွင် အလွန်လွယ်ကူသည်၊ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ယခင်က အသင့်အား ဖန်ဆင်း‌တော်မူခဲ့သည်၊ ထို့ပြင် အသင်သည် (ထိုစဉ်က)မည်သည့်အရာမျှ မရှိခဲ့‌ပေ။

    [10] ၎င်းက ‌ပြောဆို‌လျှောက်ထားသည်-အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်ုပ်၏ဇနီး ကိုယ်ဝန်‌ဆောင်သည်ကို သိရှိရန်) သက်‌သေလက္ခဏာတစ်စုံတစ်ရာကို ကျွန်ုပ်အတွက် ပြုလုပ်‌ပေး‌တော်မူပါ။ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အသင်သည် သုံးညတိတိ လူများနှင့် စကား‌ပြောနိုင်မည် မဟုတ်‌ပေ။ ၎င်းသည် အသင့်(ဇနီး ကိုယ်ဝန်ရှိခြင်း၏) သက်‌သေလက္ခဏာပင်ဖြစ်သည်။

    [11] ထို့‌နောက် ၎င်း(တမန်‌တော် ဇကရိယာ)သည် ဝတ်ပြု‌ဆောင်မှ ၎င်း၏အမျိုးသားများ၏‌ရှေ့၌ ထွက်ခဲ့၍ အသင်တို့သည် နံနက်နှင့်ည‌နေတွင် သတ်စ်ဗီဟ်ရွတ်ဆိုကြပါဟု(လက်ရိပ်နှင့်)ညွှန်ကြားခဲ့သည်။

    [12] အို- ယဟ်ယာ၊ အသင်သည် ကျမ်းဂန်*ကို စွဲမြဲစွာကိုင်ထားပါ။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား က‌လေးဘဝ၌ပင် ပညာဉာဏ်အ‌မြော်အမြင်ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [13] ထို့ပြင် အရှင်မြတ်ထံ‌တော်မှ အကြင်နာနှင့် စင်ကြယ်မှုကို* (‌ပေး‌တော်မူခဲ့သည်)။ ထို့ပြင် ၎င်းသည် အလွန်‌ကြောက်ရွံ့ အပြစ်‌ရှောင်ပြီး ‌ကောင်းကျိုး‌ဆောင်သူဖြစ်ခဲ့သည်။

    [14] ထို့ပြင် ၎င်း၏မိဘနှစ်ပါးကို အလွန်‌ကျေးဇူးပြုတတ်သူလည်း ဖြစ်ခဲ့သည်။* ထို့ပြင် ၎င်းသည် မာန်မာန‌ထောင်လွှားသူ၊ အမိန့်ဖီဆန်သူ မဖြစ်ခဲ့‌ပေ။

    [15] ထို့ပြင် ၎င်းအ‌ပေါ်တွင် ၎င်းဖွားမြင်သည့်‌နေ့နှင့် ကွယ်လွန်မည့်‌နေ့အပြင် ရှင်ပြန်ထရမည့်‌နေ့၌လည်း ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေ။

    [16] ထို့ပြင် အသင်(တမန်‌တော်)သည် (ဤကုရ်အာန်)ကျမ်း‌တော်မြတ်မှ မရ်ယမ်၏အ‌ကြောင်းကို ဖတ်ပြလိုက်ပါ။ တစ်ခါက သူမသည် သူမ၏အိမ်သူ အိမ်သားများထံမှခွဲခွာပြီး အ‌ရှေ့ဘက်တွင်ရှိ‌သော အခန်းတစ်ခန်းထံသို့ သွား‌နေခဲ့သည်။

    [17] ထို့‌နောက် သူမသည် အိမ်သူအိမ်သားများ‌ရှေ့မှ လိုက်ကာတစ်ခုချခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမထံသို့ ငါအရှင်မြတ်၏‌ကောင်းကင်တမန်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ကောင်းကင်တမန်သည် သူမ၏‌ရှေ့၌ ပကတိလူသားတစ်ဦး၏ပုံသဏ္ဍာန်နှင့် ကိုယ်ထင်ပြခဲ့သည်။

    [18] သူမက‌ပြောသည်- အကယ်၍ အသင်သည် (အလ္လာဟ်အရှင်မြတ်အား)‌ကြောက်ရွံ့သူတစ်ဦးဖြစ်ခဲ့လျှင် အမှန်စင်စစ် ကျွန်မသည် အသင်၏(အန္တရာယ်)မှ ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ထံတွင် ခိုလှုံပါသည်။

    [19] ‌ကောင်းကင်တမန်က ‌ပြောသည်- ကျွန်ုပ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌စေတမန်ပင်ဖြစ်သည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်အပြစ်ကင်း‌သော သားရတနာတစ်ဦး‌ပေးရန် (လာ‌ရောက်ခြင်း)ဖြစ်သည်။

    [20] သူမက‌ပြောသည်- ကျွန်မကို မည်သည့်‌ယောက်ျားတစ်ဦးတစ်‌ယောက်ကမှ မထိ‌တွေ့ဖူးဘဲနှင့်၊ ထို့ပြင် ကျွန်မသည် အကျင်းမ‌ကောင်းသူတစ်ဦးလည်း မဖြစ်ပါဘဲလျက်နှင့် ကျွန်မထံတွင် မည်သို့ သားရတနာရရှိနိုင်ပါမည်နည်း။

    [21] ‌ကောင်းကင်တမန်က ‌ပြောသည်- ဤသို့ပင်ဖြစ်မည်။ အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ဤသည် ငါအရှင်မြတ်အတွက် အလွန်လွယ်ကူ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသားရတနာကို လူများအတွက် သက်‌သေလက္ခဏာတစ်ခုအဖြစ်နှင့် ငါအရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်အဖြစ် ပြုလို‌တော်မူသည်။ ထို့ပြင် ဤသည် ဆုံးဖြတ်ပြီး‌သောကိစ္စတစ်ခုဖြစ်သည်။

    [22] ထို့‌နောက် သူမသည် ထိုသားရတနာကို ကိုယ်ဝန်‌ဆောင်ခဲ့သည်။ ထို့ပြင် သူမသည် ထိုကိုယ်ဝန်နှင့်အတူ ‌ဝေးလံသည့်‌နေရာတစ်ခုကို ‌ရှောင်ထွက်သွားခဲ့သည်။

    [23] ထို့‌နောက် သားဖွားမှု၏‌ဝေဒနာသည် သူမကို စွန်ပလွံပင်ရှိရာသို့ ‌ခေါ်‌ဆောင်သွားခဲ့သည်။ သူမက ‌ပြောသည်- ‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ ငါသည် ဤသို့(အ‌ဖေမရှိသည့်သားကို)မ‌မွေးခင် ‌သေဆုံးသွားခဲ့လျှင် ‌ကောင်း‌လေစွ။ ထို့‌နောက် ငါသည် ‌မေ့‌ပျောက်သွား‌စေခြင်းကို ခံရလျှင် ‌ကောင်း‌လေစွ။ (လူများ ငါ့ကို ‌မေ့သွားလျှင် ‌ကောင်း‌လေစွ)။

    [24] ထို့‌နောက် သူမအား သူမရှိ‌နေသည့်‌နေရာ‌အောက်နားမှ ‌ကောင်းကင်တမန်က ‌ပြောကြားခဲ့သည်။ အသင်မသည် စိတ်မပူပါနှင့်။ အမှန်စင်စစ် အသင်မကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်မ၏‌အောက်၌ ‌ချောင်းတစ်ခုကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။

    [25] ထို့ပြင် အသင်မသည် စွန်ပလွံပင်၏ပင်စည်ကို အသင်မဘက်သို့ လှုပ်လိုက်လျှင် စွန်ပလွံသီး လတ်လတ်ဆတ်ဆတ်သည် အသင်မ၏‌ရှေ့၌ ‌ကြွေကျလာပါလိမ့်မည်။

    [26] ထို့ပြင် အသင်မသည် (ထိုစွန်ပလွံသီးကို)စားပြီး (ထို‌ချောင်း‌ရေကို)‌သောက်သုံးပါ။ ထို့ပြင် (က‌လေးအား ကြည့်ပြီး) မျက်စိကြည်လင်‌အေးမြ‌အောင် ‌နေပါ။ ထို့‌နောက် အကယ်၍ အသင်မသည် လူသားထဲမှ တစ်ဦးတစ်‌ယောက်ကို ‌တွေ့ခဲလျှင် အမှန်စင်စစ် ကျွန်မသည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ကို ရည်ရွယ်ပြီး ဆိတ်ဆိတ်‌နေရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်သည့်အတွက် ကျွန်မသည် ယ‌နေ့ မည်သူနှင့်မျှ လုံးဝ စကား‌ပြောဆိုမည်မဟုတ်‌ကြောင်း ‌ပြောလိုက်ပါ။

    [27] ထို့‌နောက် သူမသည် ထိုသားရတနာကို ‌ပွေ့ချီပြီး သူမ၏အမျိုးသားများထံသို့ လာခဲ့သည်။ သူတို့က ‌ပြောဆိုကြသည်- အို- မရ်ယမ်၊ အမှန်ပင် အသင်မသည် အလွန်ဆိုးဝါးလှ‌သော အပြစ်ကို ကျူးလွန်လာခဲ့ပြီ။

    [28] အို- ဟာရူန်၏နှမ၊ အသင်မ၏ဖခင်သည်လည်း အကျင့်မ‌ကောင်းသူ မဟုတ်ခဲ့‌ပေ။ ထို့ပြင် အသင်မ၏မိခင်သည်လည်း အကျင့်ပျက်သူ မဟုတ်ခဲ့‌ပေ။

    [29] သို့ဖြစ်ရာ သူမသည် သူမ၏သားရတနာကို ညွှန်ပြခဲ့သည်။ ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ပုခက်ထဲမှ က‌လေးဘဝ၌ပင်ရှိသည့်သူနှင့် မည်သို့ စကား‌ပြောရပါမည်နည်း။

    [30] ထိုက‌လေးက ‌ပြောဆိုသည်- အမှန်စင်စစ် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ကျွန်ဖြစ်သည်။* အရှင်မြတ်သည် ကျွန်ုပ်အား(အင်ဂျီလ်)ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား တမန်‌တော်အဖြစ်လည်း ပြုလုပ်‌တော်မူခဲ့သည်။

    [31] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အသက်ရှင်‌နေသမျှ မည်သည့်‌နေရာမှာပင် ကျွန်ုပ်ရှိသည်ဖြစ်‌စေ၊ ဗရကသ်မဂင်္လာနှင့် ပြည့်စုံသူအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အသက်ရှင်‌နေသမျှ စွလာသ်ဝတ်ပြုရန်နှင့် ဇကာသ်‌ပေး‌ဆောင်ရန် အမိန့်‌ပေး‌တော်မူခဲ့သည်။

    [32] ထို့ပြင် ကျွန်ုပ်၏မိခင်ကို ‌ကောင်းမွန်စွာ ဆက်ဆံပြုစုရန်လည်း (အမိန့်‌ပေး‌တော်မူခဲ့သည်)။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်ကို မာန်မာန‌ထောင်လွှားသူ၊ နဖူးစာဆိုးသူအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။

    [33] ထို့ပြင် ကျွန်ုပ်အ‌ပေါ်တွင် ကျွန်ုပ်‌မွေးဖွားခဲ့သည့်‌နေ့နှင့် ကျွန်ုပ်‌သေဆုံးမည့်‌နေ့အပြင် ကျွန်ုပ်ရှင်ပြန်ထ‌စေခြင်း ခံရမည့်‌နေ့၌လည်း (အရှင်မြတ်ထံ‌တော်မှ) ငြိမ်းချမ်းသာယာမှု ကျ‌ရောက်ပါ‌စေ။

    [34] ဤသည် မရ်ယမ်၏သား‌တော် အီစာပင်ဖြစ်သည်။ ဤသည် အကြင်မှန်ကန်သည့်စကားဖြစ်သည်၊ ထိုစကားနှင့်ပတ်သက်၍ သူတို့သည် သံသယဖြစ်ပြီး အငြင်းအခုုံပြုလုပ်‌နေကြခြင်းဖြစ်သည်။

    [35] အလ္လာဟ်အရှင်မြတ်အတွက် သားသမီးပြုလုပ်‌တော်မူခြင်းသည် လုံးဝမရှိ‌ပေ။ အရှင်မြတ်သည် (သားမယားရှိခြင်းမှ)လုံးဝ ကင်းစင်‌တော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ဆုံးဖြတ်‌တော်မူလျှင် အရှင်မြတ်သည် ထိုကိစ္စကို ဖြစ်‌စေဟု မိန့်ကြားလိုက်ရုံနှင့် ထိုကိစ္စသည် ဖြစ်သွား‌တော့သည်။

    [36] ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းပင်ဖြစ်သည်။

    [37] ထို့‌နောက် သူတို့(နတ်စွ်ရာနီ)များထဲမှ အုပ်စုတိုင်းသည် အယူအဆ ကွဲပြားခဲ့ကြသည်။* သို့ဖြစ်ရာ ကြီးကျယ်‌သော(ကိယာမသ်)‌နေ့‌ရောက်သည့်အခါ ကာဖိရ်များအတွက် ပျက်စီးမှုရှိလိမ့်မည်။

    [38] ထို‌နေ့တွင် ငါအရှင်မြတ်ထံသို့ သူတို့လာသည့်အခါ သူတို့သည် မည်မျှ‌ကောင်း‌ကောင်းကြားမည့်သူများ၊ မြင်မည့်သူများ ဖြစ်လိုက်ကြမည်နည်း။ သို့ရာတွင် ယ‌နေ့မူ မတရားကျူးလွန်သူများသည် အလွန်ထင်ရှား‌သော လမ်းမှားမှုထဲ၌ပင် ရှိ‌နေကြသည်။

    [39] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား ဝမ်းနည်း‌ကြေကွဲဖွယ်ရာ‌နေ့နှင့်ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်လိုက်ပါ။ သူတို့သည် (ထို‌နေ့ကို)‌မေ့‌လျော့လျက် ရှိ‌နေကြသည်သာမက မယုံကြည်ဘဲလျက်လည်း ရှိ‌နေကြသည်။ ထို‌နေ့တွင် (လူ့‌လောက)အမှုကိစ္စများသည် ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။

    [40] အမှန်စင်စစ် ငါအရှင်မြတ်သည် ကမာ္ဘ‌မြေနှင့် ထိုထဲတွင်ရှိသမျှကို ‌နောက်ဆုံးပိုင်ဆိုင်‌တော်မူ‌သော အရှင်မြတ်အဖြစ် ကျန်ရစ်‌တော်မူမည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ကြရမည်ဖြစ်သည်။

    [41] ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အိဗ်ရာဟီမ်၏အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် အလွန်မှန်ကန်သူဖြစ်ခဲ့သည်။ တမန်‌တော်လည်း ဖြစ်ခဲ့သည်။

    [42] တစ်ခါက ၎င်းသည် ၎င်း၏ဖခင်ကို‌ပြောခဲ့သည်- အို- ကျွန်ုပ်၏ဖခင်၊ အသင်သည် ကြားလည်းမကြား၊ မြင်လည်းမမြင်သည့်အပြင် အသင့်အတွက် မည်သည့်အရာမျှလည်း အသုံးမဝင်သည့်အရာကို အဘယ့်‌ကြောင့် ကိုးကွယ်‌နေရသနည်း။

    [43] အို- ကျွန်ုပ်၏ဖခင်၊ အသင့်ထံသို့ မ‌ရောက်ခဲ့‌သော အသိပညာ(အရှင်မြတ်၏အမိန့်‌တော်)သည်* အမှန်စင်စစ် ကျွန်ုပ်ထံသို့‌ရောက်ခဲ့သည့်အတွက် အသင်သည် ကျွန်ုပ်၏‌နောက်သို့ လိုက်ပါ၊ ကျွန်ုပ်သည် အသင့်အား ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းမှန်ကို ပြသပါမည်။

    [44] အို- ကျွန်ုပ်၏ဖခင်၊ အသင်သည် ရှိုင်သွာန်ကို မကိုးကွယ်ပါနှင့်။* အမှန်စင်စစ် ထိုရှိုင်သွာန်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ကို ဖီဆန်သူဖြစ်ခဲ့သည်။

    [45] အို- ကျွန်ုပ်၏ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံ‌တော်မှ အပြစ်ဒဏ်သည် အသင့်အား သက်‌ရောက်မည်ကို စိုးရိမ်ပါသည်။ သို့ဖြစ်လျှင် အသင်သည် ရှိုင်သွာန်၏အ‌ဖော် ဖြစ်သွားပါလိမ့်မည်။

    [46] သူ(ဖခင်)က ‌ပြောဆိုသည်- အို- အိဗ်ရာဟီမ်၊ အသင်သည် ငါ၏ကိုးကွယ်ရာများဘက်မှ မျက်နှာလွှဲသူ‌လော။ အကယ်၍ အသင်သည် (အသင်၏အယူဝါဒ ‌ပြောဆိုမှုကို) မရပ်တန့်လျှင် ငါသည် အမှန်ပင် အသင့်အား ခဲနှင့်ပစ်‌ပေါက်သတ်မည်။ ထို့ပြင် အသင်သည် ငါ့ကို အချိန်ကြာမြင့်စွာပင် စွန့်လွှတ်သွားလိုက်‌တော့။

    [47] ၎င်းက ‌ပြောဆိုခဲ့သည်- ငြိမ်းချမ်းသာယာမှုသည် အသင့်အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ၊ (ကျွန်ုပ်သည် လမ်းခွဲသွားပါ‌တော့မည်)။ မကြာမီ ကျွန်ုပ်သည် အသင်(ဖခင်)အတွက် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါမည်။* အမှန်စင်စစ ်အရှင်မြတ်သည် ကျွန်ုပ်အ‌ပေါ်တွင် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [48] ထို့ပြင် ကျွန်ုပ်သည် အသင်နှင့်တကွ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ အသင်တို့ ဟစ်‌ခေါ်‌နေ‌သောအရာများမှ သီးခြားခွဲခွာပြီး‌နေ‌တော့မည်။ ထို့ပြင် ကျွန်ုပ်သည် မိမိအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကိုသာ ဟစ်‌ခေါ်‌တော့မည်။ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ဟစ်‌ခေါ်ရာတွင် အလိုမပြည့်သူဖြစ်မည် မဟုတ်ဟု ‌မျှော်လင့်ပါသည်။

    [49] ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် သူတို့(မုရှ်ရိက်များ)နှင့် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး သူတို့ကိုးကွယ်ကြသည့်အရာများကပါ သီးခြားခွဲခွာ၍ ‌နေသည့်အခါတွင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)အား (သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်ကို ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(အစ္စဟာက်နှင့်ယအ်ကူဗ်)နှစ်ဦးစလုံးကို တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခဲ့သည်။

    [50] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(နဗီတမန်‌တော်များ)အား ငါအရှင်မြတ်၏ ကရုဏာ‌တော်ကို ‌ပေးသနား‌တော်မူခဲ့သည့်အပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သည့် ဂုဏ်သတင်းကိုလည်း ‌ကျော်ကြားမြင့်မား‌စေ‌တော်မူခဲ့သည်။

    [51] ထို့ပြင် အသင်(တမန်‌တော်)သည် (ဤ)ကျမ်းထဲမှ (တမန်‌တော်)မူစာအ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် သီးသန့် ‌ရွေးချယ်‌တော်မူခြင်းခံရသူဖြစ်သည့်အပြင် ရစူလ်တမန်‌တော်လည်း ဖြစ်ခဲ့သည်။ နဗီတမန်‌တော်လည်းဖြစ်ခဲ့သည်။

    [52] ထို့ပြင် ငါအရှင်မြတ်သည် ထို(တမန်‌တော်)မူစာကို (၎င်း၏)လက်ယာဘက်၌ရှိ‌သော သွူရ်‌တောင်ဘက်မှ ဟစ်‌ခေါ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား လျှို့ဝှက်စကား‌ပြောကြားခံရသူအဖြစ် ပြုလုပ်‌တော်မူပြီး အရှင်မြတ်၏နီးကပ်မှုကို ချီးမြှင့်‌တော်မူခဲ့သည်။

    [53] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ငါအရှင်မြတ်၏ရဟ်မသ်ကရုဏာ‌တော်မှ ၎င်း၏အစ်ကို ဟာရူန်ကို တမန်‌တော်အဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။

    [54] ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အစ္စမာအီလ်အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် ကတိတည်သူဖြစ်ခဲ့သည့်အပြင် ရစူလ်တမန်‌တော်လည်း ဖြစ်ခဲ့သည်။ နဗီတမန်‌တော်လည်း ဖြစ်ခဲ့သည်။

    [55] ထို့ပြင် ၎င်းသည် ၎င်း၏အိမ်သူအိမ်သားများအား စွလာသ်ဝတ်ပြုရန်နှင့် ဇကာသ်‌ပေး‌ဆောင်ရန် အမိန့်‌ပေးညွှန်ကြား‌လေ့ရှိခဲ့သည်။ ထို့ပြင် ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သော အရှင်မြတ်ထံ‌တော်တွင် နှစ်မြို့ဖွယ်ရာလည်းဖြစ်ခဲ့သည်။

    [56] ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အိဒ်ရီစ်*အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် အလွန်မှန်ကန်သူလည်းဖြစ်သည်။ နဗီတမန်‌တော်လည်း ဖြစ်ခဲ့သည်။

    [57] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား အလွန်မြင့်မားသည့်‌နေရာသို့ ‌ခေါ်ယူ‌တော်မူသည်။

    [58] ၎င်းတို့သည် အကြင်သူများပင်ဖြစ်ကြသည်၊ ၎င်းတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမန်‌တော်များထဲမှပင် ဖြစ်ကြသည်။ အချို့သည် အာဒမ်၏သားသမီးများ၊ အချို့သည် ငါအရှင်မြတ်က (တမန်‌တော်)နူးဟ်နှင့်အတူ (သ‌ဘေင်္ာ‌ပေါ်)တင်‌ဆောင်‌တော်မူခဲ့သည့်သူများ၏ သားသမီးများ၊ အချို့သည် (တမန်‌တော်)အိဗ်ရာဟီမ်၏သားသမီးများ၊ အချို့သည် (တမန်‌တော်)အစ္စရာအီလ်(ယအ်ကူဗ်)၏သားသမီးများ ဖြစ်ကြသည်။* ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန်ညွှန်ကြားပြသ‌တော်မူခဲ့ပြီး ငါအရှင်မြတ် ‌ရွေးချယ်‌တော်မူခဲ့‌သောသူများထဲမှလည်း ဖြစ်ခဲ့ကြသည်။ မည်သည့်အခါပင်ဖြစ်‌စေ ၎င်းတို့‌ရှေ့၌ ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ အာယသ်‌တော်များကို ဖတ်ကြားခဲ့လျင်၊ ၎င်းတို့သည် ဦးချ၍ ငို‌ကြွေးကြလျက် (‌မြေ‌ပေါ်)ကျလာကြသည်။

    [59] ၎င်းတို့၏‌နောက်တွင် အကြင်ဆိုးရွား‌သော ဆက်ခံသူများသည် ဆက်ခံခဲ့ကြသည်။ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် မကြာမီ (လမ်းမှားမှု‌ကြောင့်)ပျက်စီးနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။

    [60] သို့ရာတွင် အကြင်သူသည် ဝန်ချ‌တောင်းပန်ခဲ့သည်။ ထို့ပြင် သူသည် အီမာန်ယုံကြည်ခဲ့ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း ပြုလုပ်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် သုခဘုံကို ဝင်ကြရမည်။ ထို့ပြင် သူတို့သည် အနည်းငယ်စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်‌ပေ။

    [61] (သူတို့သည်) အကြင်အမြဲတည်ရှိမည့် ဥယျာဉ်များတွင် (‌နေကြရမည်)။ ထိုဥယျာဉ်များကို ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်က အရှင်မြတ်၏ကျွန်များအား အကွယ်တွင် ကတိပြုထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏ကတိ‌တော်သည် ပြည့်မည့်အရာပင် ဖြစ်သည်။

    [62] သူတို့သည် ထိုသုခဘုံတွင် စလာမ်‌မေတ္တာပို့သခြင်းမှလွဲ၍ အကျိုးမဲ့စကားကို ကြားကြရမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ထိုသုခဘုံတွင် သူတို့၏ စား‌သောက်ဖွယ်ရာများသည် နံနက်နှင့်ည‌နေတွင် ရှိလိမ့်မည်။

    [63] ဤသည် အကြင်သုခဘုံဖြစ်သည်။ (ထိုသုခဘုံကို) ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျွန်များထဲမှ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအား အ‌မွေဆက်ခံ‌စေ‌တော်မူမည် ဖြစ်သည်။

    [64] ထို့ပြင် ကျွန်ုပ်တို့(‌ကောင်းကင်တမန်များ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်မရှိဘဲနှင့် ဆင်းသက်ကြသည် မဟုတ်‌ပေ။ ကျွန်ုပ်တို့‌ရှေ့နှင့်‌နောက်တွင်သာမက ‌ရှေ့နှင့်‌နောက်ကြားတွင်ရှိသည့် အရာဟူသမျှသည် အရှင်မြတ်ပင် ပိုင်ဆိုင်သည့်အရာများဖြစ်ကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [65] (အရှင်မြတ်သည်) မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီသာမက ထိုမိုး‌ကောင်းကင်နှင့် ‌မြေပထဝီနှစ်ခု၏ကြားတွင် ရှိသမျှအရာများကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်မြတ်အား ကိုးကွယ်ပါ။ ထို့ပြင် အရှင်မြတ်အား ကိုးကွယ်ရာတွင် ကြံ့ကြံ့ခံပါ။* ထိုအရှင်မြတ်နှင့် အမည်အားဖြင့်တူညီမှု (မည်သည့်အရာတွင်မျှ ဆင်တူယိုးမှားပင် မရှိနိုင်သည်)ကို အသင်သိပါသ‌လော။

    [66] ထို့ပြင် လူသားက‌ပြောဆိုသည်- ကျွန်ုပ်‌သေပြီး‌နောက် မကြာမီ(ပြန်)အသက်ရှင်လျက် (သချင်္ီုင်းထဲမှ)ထွက်‌စေခြင်းကို အမှန်ပင် ခံရဦးမည်‌လော။

    [67] ထို့ပြင် လူသားသည် ယခင်က သူသည် မည်သည့်အရာမျှ မရှိခဲ့ပါဘဲလျက် ငါအရှင်မြတ်ကပင် သူ့အား ဖန်ဆင်း‌တော်မူခဲ့သည်ကို သတိမရသ‌လော။

    [68] ထို့‌နောက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကု တိုင်တည်‌ပြောမည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် ရှိုင်သွာန်များကို စုရုံး‌တော်မူပြီးလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ငရဲဘုံ၏ပတ်ဝန်းကျင်တွင် ဒူးတုပ်လျက် အသင့်‌ရောက်‌စေ‌တော်မူမည်။

    [69] ထို့‌နောက် အနန္တကရုဏာ‌တော်ရှင်အား အဆိုးဆုံး ပုန်ကန်ဆန့်ကျင်သူများကို ငါအရှင်မြတ်သည် အုပ်စုတိုင်းမှ အမှန်ပင် ‌ရွေးထုတ်‌တော်မူမည်။

    [70] ထို့‌နောက် အမှန်စင်စစ် ထိုငရဲဘုံတွင် မီး‌လောင်‌စေရန်အတွက် ပစ်ချခံရရန် အထိုက်တန်ဆုံးသူများကို ငါအရှင်မြတ်သည် အသိဆုံးဖြစ်‌တော်မူသည်။

    [71] ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ထိုဂျဟန္နမ်ငရဲဘုံ‌ပေါ်တွင် ဖြတ်သန်းသွားရမည့်သူများချည်းသာ ဖြစ်သည်။* (ဤသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အရှင်မြတ်အ‌ပေါ်တွင် ဆုံးဖြတ်ထား‌သော တာဝန်တစ်ခုပင်ဖြစ်သည်။

    [72] ထို့‌နောက် ငါအရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအား လွတ်‌မြောက်‌စေ‌တော်မူမည်။ ထို့ပြင် မတရားကျူးလွန်သူများကို ငါအရှင်မြတ်သည် ထိုငရဲဘုံ၌ပင် ဒူးတုပ်ထားလျက် စွန့်ပစ်ထား‌တော်မူမည်။

    [73] ထို့ပြင် သူတို့၏‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ရှင်းလင်းထင်ရှားစွာ ဖတ်ကြားသည့်အခါ ကာဖိရ်များက အီမာန်ယုံကြည်သူများကို ‌ပြောဆိုကြသည်- “(ကျွန်ုပ်တို့နှင့် အသင်တို့)အုပ်စုနှစ်စုထဲမှ မည်သည့်အုပ်စုသည် အ‌ခြေအ‌နေပို‌ကောင်းပြီး အ‌ပေါင်းအ‌ဖော်လည်း ပို‌ကောင်းသနည်း။“

    [74] ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီ အုပ်စုများစွာကို ဖျက်ဆီး‌တော်မူခဲ့ပြီးဖြစ်သည်။ ထို(ဖျက်ဆီးခြင်းခံရသည့်)အုပ်စုများသည် ပစ္စည်းဥစ္စာ၊ အမြင်အ‌နေဖြင့် (သူတို့ထက်)ပို‌ကောင်းသူများ ဖြစ်ခဲ့ကြသည်။

    [75] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- မည်သူမဆို လမ်းမှားတွင်ရှိခဲ့လျှင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် ထိုသူ့အား အချိန်ကြာကြာ ‌ရွှေ့ဆိုင်းထား‌တော်မူသည်။ ‌နောက်ဆုံးတွင် ထိုသူများသည် သူတို့ ချိန်းဆိုထားခြင်းခံရ‌သော ပြစ်ဒဏ်ကိုဖြစ်‌စေ၊ ကိယာမသ်ကိုဖြစ်‌စေ ‌တွေ့မြင်ကြသည့်အခါ မည်သူသည် ‌နေရာထိုင်ခင်းအ‌နေဖြင့် အ‌ခြေအ‌နေ ပိုဆိုးသူဖြစ်‌ကြောင်းနှင့် မည်သူသည် အုပ်စုအ‌နေဖြင့် ပိုအားနည်းသူဖြစ်‌ကြောင်းကို သူတို့ မကြာမီ သိရှိကြလိမ့်မည်။

    [76] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ရရှိသူများကို ပိုပြီး တရားလမ်းမှန်တိုးပွား‌စေ‌တော်မူသည်။ ထို့ပြင် အမြဲတည်ရှိ‌နေမည့် ‌ကောင်းမြတ်‌သော လုပ်ရပ်များသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ကုသိုလ်အကျိုးအ‌နေဖြင့်လည်း အ‌ကောင်းဆုံးဖြစ်သည်။ ‌နောက်ဆုံးအကျိုးဆက်အ‌နေဖြင့်လည်း အ‌ကောင်းဆုံးပင် ဖြစ်သည်။

    [77] အသင်(တမန်‌တော်)သည် အကြင်သူ့ကို မြင်ခဲ့သ‌လော။ ထိုသူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် (တမလွန်ဘဝတွင်) ပစ္စည်းဥစ္စာနှင့် သားသမီးကို ‌ပေးသနားခံရဦးမည်ဟု ‌ပြောဆိုခဲ့သည်။

    [78] သူသည် အကွယ်၌ရှိသည်ကို သိခဲ့သ‌လော။ သို့မဟုတ် သူသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံတွင် ကတိတစ်စုံတစ်ခု ပြုလုပ်ခဲ့သ‌လော။

    [79] လုံးဝ မဟုတ်‌ပေ။ ငါအရှင်မြတ်သည် သူ‌ပြောသည်ကို ‌ရေးမှတ်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို ပြစ်ဒဏ်တိုး‌ပေး‌တော်မူမည်။

    [80] ထို့ပြင် သူ‌ပြောသည့်အရာများကို ငါအရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူမည်။ ထို့‌နောက် သူသည် ငါအရှင်မြတ်ထံ‌တော်သို့ တစ်ကိုယ်တည်းပင် ‌ရောက်ရှိလာလိမ့်မည်။

    [81] ထို့ပြင် သူတို့သည် သူတို့အတွက် ကူညီသူများအဖြစ် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး ကိုးကွယ်ရာများ ပြုလုပ်ထားကြသည်။

    [82] လုံးဝ(ကူညီမည်)မဟုတ်‌ပေ။ မကြာမီ သူတို့(၏ ကိုးကွယ်ရာများ)သည် ကိုးကွယ်မှုကို ငြင်းပယ်ပြီး သူတို့(ကို ကိုးကွယ်သူများ)၏ ဆန့်ကျင်ဘက်ရန်သူများပင် ဖြစ်သွားကြလိမ့်မည်။

    [83] အသင်(တမန်‌တော်)မသိမြင်ခဲ့သ‌လော။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအ‌ပေါ်တွင် ရှိုင်သွာန်များကို ‌စေလွှတ်ထား‌တော်မူခဲ့သည်။ သူတို့သည် ကာဖိရ်များကို အလွန်လှုံ့‌ဆော်လျက်ရှိကြသည်။

    [84] သို့ဖြစ်ရာ အသင်သည် သူတို့နှင့်ပတ်သက်၍ အလျင်စလိုမပြုပါနှင့်။ ငါအရှင်မြတ်ကိုယ်တိုင်ပင် သူတို့(၏ အပြုအမူများ)ကို ‌ရေတွက်(မှတ်သား)‌နေ‌တော်မူသည်။

    [85] (ထိုပြစ်ဒဏ်သည် အကြင်‌နေ့တွင် ကျ‌ရောက်မည်ဖြစ်သည်။) ထို‌နေ့တွင် ငါအရှင်မြတ်သည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံသို့ (ဂုဏ်သ‌ရေရှိ)ဧည့်သည်‌တော်များအဖြစ် စုရုံး‌စေ‌တော်မူမည်။

    [86] ထို့ပြင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို (ထို‌နေ့တွင်)ငရဲဘုံသို့ ‌ရေဆာ‌လောင် ငတ်မွတ်‌စေလျက် (တိရစာ္ဆန်များကဲ့သို့)‌မောင်းနှင်‌တော်မူမည်။

    [87] (ထို‌နေ့တွင်) ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံမှ ကတိတစ်စုံ ရရှိပြီးဖြစ်သူမှလွဲ၍ အခြားသူများသည် ကြားဝင်အသနားခံပိုင်ခွင့် ရှိကြမည်မဟုတ်‌ပေ။

    [88] ထို့ပြင် သူတို့က ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် သားသမီးပြုလုပ်(‌မွေးစား)‌တော်မူခဲ့သည်ဟု (စွပ်စွဲ)‌ပြောဆိုခဲ့ကြသည်။

    [89] အမှန်စင်စစ် အသင်တို့သည် အလွန်ဆိုးရွားသည့်အရာကို ကျူးလွန်(‌ပြောဆို)ခဲ့ကြသည်။

    [90] ထို‌ပြောဆိုမှု‌ကြောင့် မိုး‌ကောင်းကင်များသည် ပြိုမည့်ဆဲဆဲနှင့် ‌မြေပထဝီသည် အက်ကွဲမည့်ဆဲဆဲဖြစ်သည့်အပြင် ‌တောင်များသည်လည်း တုန်လှုပ်ပြီး ပြိုလဲကျမည့်ဆဲဆဲဖြစ်ကြသည်။

    [91] သူတို့သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၌ သားသမီး(ရှိသည်ဟု) စွပ်စွဲခဲ့ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။

    [92] ထို့ပြင် သားသမီးတစ်ဦးဦး ပြုလုပ်ခြင်းသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်နှင့် လုံးဝ မအပ်စပ်‌ပေ။

    [93] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှသူများသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ ‌ရှေ့၌ ကျွန်အဖြစ်နှင့် လာ‌ရောက်ရမည့်သူချည်းသာဖြစ်သည်။

    [94] အမှန်စင်စစ် အရှင်မြတ်သည် သူတို့အား လွှမ်းခြုံသိ‌တော်မူသည့်အပြင် သူတို့အား ‌ရေတွက်၍လည်း ထား‌တော်မူသည်။

    [95] ထို့ပြင် သူတို့ထဲမှ လူတိုင်းသည် အရှင်မြတ်ထံ‌တော်သို့ ကိယာမသ်‌နေ့တွင် တစ်ဦးချင်း လာ‌ရောက်ရမည့်သူများပင် ဖြစ်ကြသည်။

    [96] အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် ထိုသူများအတွက် မကြာမီ (အဖန်ဆင်းခံများ၏ စိတ်နှလုံးများထဲတွင်)ချစ်ခင်မှုကို ‌ပေါက်ဖွား‌စေ‌တော်မူမည်ဖြစ်သည်။

    [97] ထို့ပြင် ငါအရှင်မြတ်ကပင် ထို(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို အသင်၏ဘာသာစကားနှင့် လွယ်ကူ‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ (မည်သည့်အတွက်‌ကြောင့်ဆိုလျှင်) အသင်သည် ထိုအရာနှင့် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို သတင်း‌ကောင်း‌ပေးရန်နှင့် ‌စောဒက အတက်သန်သည့်အမျိုးသားများကို ထိုအရာနှင့် သတိ‌ပေးနှိုး‌ဆော်မှု ပြုလုပ်နိုင်ရန်အတွက်ဖြစ်သည်။

    [98] ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီ အုပ်စုများစွာကို ဖျက်ဆီး‌တော်မူခဲ့သည်။ အသင်သည် သူတို့ထဲမှ မည်သူ့အား မြင်ပါ‌သေးသနည်း။ သို့မဟုတ် အသင်သည် သူတို့၏အသံ သဲ့သဲ့ကိုပင် ကြားပါ‌သေး၏‌လော။

    Surah 20
    တွာဟာ

    [1] သွာ ဟာ။

    [2] ငါအရှင်မြတ်သည် အသင် ဒုက္ခခံစားရရန်အတွက် အသင်၏အ‌ပေါ် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ချ‌ပေးခဲ့သည်မဟုတ်‌ပေ။

    [3] သို့ရာတွင် ‌ကြောက်ရွံ့သူ(အ‌ကြောက်တရားထားသူ)အတွက် ဆုံးမဩဝါဒအဖြစ်နှင့်ပင် (ချ‌ပေးခဲ့ခြင်းဖြစ်သည်)။

    [4] ‌မြေပထဝီနှင့် မြင့်မား‌သော‌ကောင်းကင်များကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေးသနား‌တော်မူခြင်းဖြစ်သည်။

    [5] “ရဟ်မာန်“အနန္တကရုဏာ‌တော်ရှင်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။

    [6] မိုး‌ကောင်းကင်များတွင် ရှိသမျှ၊ ‌မြေပထဝီတွင် ရှိသမျှ၊ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကြားတွင် ရှိသမျှနှင့် ‌မြေ‌အောက်တွင်ရှိသမျှသည် အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူ‌သောအရာများဖြစ်ကြသည်။

    [7] ထို့ပြင် အကယ်၍ အသင်သည် အသံကျယ်ကျယ် စကား‌ပြောလျှင်လည်း (အရှင်မြတ်သည် သိ‌တော်မူသည်ပင်ဖြစ်သည်)။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်ထဲမှ‌ပြောသည့်စကားသာမက၊ စိတ်ကူး‌သောစကားကိုပင် သိရှိ‌တော်မူသည်။

    [8] (ထိုအရှင်သည်) အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်တွင် အမွန်မြတ်ဆုံး နာမ‌တော်များရှိသည်။

    [9] ထို့ပြင် (တမန်‌တော်)မူစာ၏အ‌ကြောင်း အသင့်ထံသို့ ‌ရောက်လာခဲ့ပြီ‌လော။

    [10] တစ်ခါက ၎င်းသည် မီးတစ်ခုကို မြင်သည့်အခါ ၎င်း၏အိမ်သူအိမ်သားများအား “အသင်တို့ ‌စောင့်‌နေခဲ့ကြပါ၊ အမှန်ပင် ကျွန်ုပ်သည် မီးတစ်ခုကို မြင်ရသည်၊ ကျွန်ုပ်သည် ထိုမီးမှ မီး‌တောက်ကို (သစ်သားစသည်တို့နှင့် မီးကူးယူပြီး) အသင်တို့ထံ (ချမ်း‌အေးခြင်းကို ကာကွယ်ရန်) ယူ‌ဆောင်လာနိုင်လိမ့်မည်၊ သို့မဟုတ် ကျွန်ုပ်သည် မီး၏အနားတွင် လမ်းညွှန်တစ်စုံတစ်ခု ‌တွေ့ရှိ‌ကောင်း ‌တွေ့ရှိနိုင်သည်“ဟု ‌ပြောဆိုသည်။

    [11] ထို့‌နောက် ၎င်းသည် ထိုမီး၏အနီးသို့‌ရောက်သည်အခါ (ဤသို့)အသံပြုခြင်းခံခဲ့ရသည်- အို- မူစာ၊

    [12] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် အသင်၏ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ။* အမှန်စင်စစ် အသင်သည် ထွတ်မြတ်‌သော သွုဝါ* ‌တောင်ကြားအရပ်တွင် ရှိ‌နေခြင်းပင်ဖြစ်သည်။

    [13] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူပြီး ဖြစ်သည့်အတွက် အသင်သည် (အသင်၏ထံသို့ ငါအရှင်မြတ်ထံမှ) ထုတ်ပြန်ခြင်းခံရ‌သော အမိန့်‌တော်များကို (‌သေချာစွာ)နား‌ထောင်ပါ။

    [14] အမှန်စင်စစ် ငါအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ထို့ပြင် အသင်သည် ငါအရှင်မြတ်ကို သတိရရန် စွလာသ်ဝတ်ပြုပါ။

    [15] အမှန်စင်စစ် ကိယာမသ်သည် ‌ရောက်လာမည်ဖြစ်သည်။* လူတိုင်းသည် မိမိကြိုးပမ်းမှု၏အကျိုးကို ခံစားနိုင်ရန်အတွက် ငါအရှင်မြတ်သည် ထိုကိယာမသ်‌နေ့ကို (မည်သူ့ကိုမှ အသိမ‌ပေးဘဲ) လျှို့ဝှက်ထားလို‌တော်မူခြင်းဖြစ်သည်။

    [16] ထို့‌နောက် ထို‌နေ့ကို မယုံကြည်ဘဲ မိမိစိတ်အလိုကို လိုက်စားသူသည် အသင့်အား ထို‌နေ့(ကို ယုံကြည်ခြင်း)မှ အမှန်စင်စစ် တားဆီးမှု မပြု‌စေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားလိမ့်မည်။

    [17] ထို့ပြင် အို- မူစာ၊ အသင်၏လက်ယာလက်၌ ရှိသည့်ထိုအရာသည် မည်သည့်အရာနည်း။

    [18] သူက‌ပြောသည်- ဤသည် ကျွန်ုပ်၏‌တောင်‌ဝှေးဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအရာကို အမှီသဟဲပြုပါသည်။ ထို့ပြင် ကျွန်ုပ်သည် ထိုအရာနှင့် ကျွန်ုပ်၏ဆိတ်များအတွက် သစ်ခက်သစ်ရွက်များကို ‌ခြွေပါသည်။ ထို့ပြင် ကျွန်ုပ်အတွက် ထို‌တောင်‌ဝှေးမှာ အခြားလုပ်‌ဆောင်ရခြင်းများလည်း ရှိပါ‌သေးသည်။

    [19] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အို- မူစာ၊ အသင်သည် ထို‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။

    [20] ထို့‌နောက် သူသည် ထို‌တောင်‌ဝှေးကို ပစ်ချလိုက်သည့်အခါ ထို‌တောင်‌ဝှေးသည် ရုတ်တရက် တွားသွား‌နေ‌သော ‌မြွေတစ်‌ကောင် ဖြစ်‌နေ‌တော့သည်။

    [21] အရှင်မြတ်က မိန့်‌တော်မူသည်- အသင်သည် ထို‌မြွေကို ဖမ်းကိုင်လိုက်ပါ၊ ထို့ပြင် အသင်မ‌ကြောက်ပါနှင့်၊ ယခုပင် ငါအရှင်မြတ်သည် ထို‌မြွေကို သူ၏မူလအ‌ခြေအ‌နေအတိုင်း ပြန်ဖြစ်‌စေ‌တော်မူမည်။

    [22] ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏ချိုင်းကြားထဲသို့ သွင်းလိုက်ပါ၊ ထိုလက်သည် သက်‌သေလက္ခဏာ ‌နောက်တစ်ခုအဖြစ် အနာအဆာမရှိဘဲ လင်းဝင်း‌တောက်ပလျက် ထွက်‌ပေါ်လာမည်။

    [23] (ဤသို့ ပြုလုပ်ခြင်းမှာ)ငါအရှင်မြတ်သည် အရှင်မြတ်၏ကြီးကျယ်‌သော သက်‌သေလက္ခဏာများထဲမှ အသင့်အား ပြသ‌တော်မူရန်အတွက် ဖြစ်သည်။

    [24] အသင်သည် ဖိရ်‌အောင်န်ထံသို့ သွားလိုက်ပါ။* အမှန်စင်စစ် သူသည် လွန်ကျူးစွာ ‌သွေဖည်‌နေပြီဖြစ်သည်။

    [25] ၎င်း(တမန်‌တော်မူစာ)က ‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏ရင်ကို ကျယ်ဝန်း‌စေ‌တော်မူပါ။

    [26] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏အ‌ရေးကိစ္စကို လွယ်ကူ‌စေ‌တော်မူပါ။

    [27] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏လျှာမှ အထုံးကို ‌ဖြေ‌ပေး‌တော်မူပါ။

    [28] ကျွန်ုပ်၏စကားအား သူတို့(လူများ)နားလည်နိုင်ကြရန်အတွက်၊

    [29] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏အိမ်သားများထဲမှ ကျွန်ုပ်အတွက် ကူညီသူအဖြစ် ပြုလုပ်‌ပေးသနား‌တော်မူပါ။

    [30] ကျွန်ုပ်အစ်ကို ဟာရူန်ကို၊

    [31] အရှင်မြတ်သည် ထိုဟာရူန်နှင့် ကျွန်ုပ်အား အင်အားဖြည့်တင်း‌ပေး‌တော်မူပါ။

    [32] ထို့ပြင် အရှင်မြတ်သည် ၎င်းအား ကျွန်ုပ်၏အ‌ရေးကိစ္စတွင်လည်း တွဲဖက်‌ပေး‌တော်မူပါ။

    [33] ကျွန်ုပ်တို့သည် အရှင်မြတ် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို များစွာ ‌ပြောဆိုနိုင်ကြရန်အတွက်၊

    [34] ထို့ပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ကို များစွာ သတိရ တသနိုင်ကြရန်အတွက် ဖြစ်ပါသည်။

    [35] အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့အား အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူပါသည်။

    [36] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- အို- မူစာ၊ အမှန်စင်စစ် အသင်သည် အသင်၏‌တောင်းခံချက်ကို ‌ပေးသနား‌တော်မူခြင်း ခံရပြီဖြစ်သည်။

    [37] အမှန်မှာ ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ယခင်ကလည်း ‌ကျေးဇူးပြု‌တော်မူခဲ့ဖူးသည်။

    [38] တစ်ခါက ငါအရှင်မြတ်သည် အသင်၏မိခင်ထံသို့ ယခု‌ဖော်ပြမည့် အ‌ကြောင်းအရာကို ထုတ်ပြန်‌တော်မူခဲ့သည်။

    [39] အသင်မသည် ၎င်း(မူစာ)ကို ‌သေတ္တာထဲထည့်ပါ။ ထို့ပြင် အသင်မသည် ၎င်း(မူစာ)အား (‌သေတ္တာနှင့်တကွ)မြစ်ထဲသို့ (‌မျှော)ချလိုက်ပါ။ ထို့‌နောက် မြစ်(‌ရေ)သည် ၎င်း(မူစာ)အား ကမ်း‌ခြေသို့ ဆိုက်‌ရောက်‌စေလိမ့်မည်။ ထိုအခါ ငါအရှင်မြတ်၏ရန်သူလည်းဖြစ်ပြီး ၎င်း(မူစာ)၏ရန်သူလည်းဖြစ်သူကိ ၎င်း(မူစာ)အား ဆယ်ယူလိမ့်မည်ဟု (အမိန့်ထုတ်ပြန်ခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (အသင့်အား မြင်သူတိုင်းချစ်ရန်)အသင်၏အ‌ပေါ်တွင် အရှင်မြတ်ထံ‌တော်မှ ချစ်မြတ်နိုးမှုကို သက်‌ရောက်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်၏‌ရှေ့၌ ‌မွေးမြူ‌စောင့်‌ရှောက်ခံရရန်အတွက် (ထိုသို့ပြုလုပ်ခြင်း)ဖြစ်သည်။

    [40] တစ်ခါက အသင်၏အစ်မသည် လမ်း‌လျှောက်လာသည်။ ထို့ပြင် သူမက ကျွန်မသည် အသင်တို့အား ၎င်း(က‌လေး)အား ‌မွေးမြူပြုစုနိုင်သည့်သူကို ညွှန်ပြရပါမည်‌လောဟု ‌ပြောဆိုသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အသင်၏မိခင်ထံသို့ သူမ၏မျက်စိ ‌အေးမြရန်အတွက်နှင့် သူမသည် ဝမ်းနည်းပူ‌ဆွေးမှု မဖြစ်ရန်အတွက် ပြန်လည်‌ရောက်ရှိ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်သည် လူတစ်‌ယောက်ကို (မ‌တော်တဆ)သတ်ဖြတ်ခဲ့မိသည့်အတွက်* ငါအရှင်မြတ်သည် အသင့်အား စိတ်ဒုက္ခ‌ရောက်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အကြီးအကျယ် စမ်းသပ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်သည် မဒ်ယန်မြို့သားများထံတွင် နှစ်များစွာ ‌နေထိုင်ခဲ့သည်။* ထို့‌နောက် အို- မူစာ၊ အသင်သည် သတ်မှတ်ထားသည့်အချိန်တွင် (ဤ‌နေရာ)သို့ ပြန်‌ရောက်လာခဲ့သည်။

    [41] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ငါအရှင်မြတ်အတွက် (တမန်‌တော်အဖြစ်)‌ရွေးချယ်‌တော်မူခဲ့သည်။

    [42] အသင်နှင့် အသင်၏အစ်ကိုသည် ငါအရှင်မြတ်၏သက်‌သေလက္ခဏာများကို ယူ‌ဆောင်သွားကြပါ။ ထို့ပြင် အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သတိရတသခြင်းတွင် မ‌ပေါ့ဆကြနှင့်။

    [43] အသင်တို့နှစ်ဦးသည် ဖိရ်‌အောင်န်ထံသို့ သွားကြပါ။ အမှန်စင်စစ် ထိုဖိရ်‌အောင်န်သည် အလွန်မာန‌ထောင် ‌သွေဖည်‌နေပြီဖြစ်သည်။

    [44] ထို့‌နောက် အသင်တို့နှစ်ဦးသည် သူ့ကို နူးညံ့သိမ်‌မွေ့‌သောစကားကို ‌ပြောဆိုကြပါ။ သူသည် တရားရ‌ကောင်း ရလိမ့်မည်၊ သို့မဟုတ် ‌ကြောက်ရွံ့‌ကောင်း ‌ကြောက်ရွံ့လိမ့်မည်။

    [45] ၎င်းတို့နှစ်ဦးက ‌လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား သူက လွန်ကျူးဒုက္ခ‌ပေးမည်ကို၊ ၎င်းပြင် သူသည် ပိုဆိုးသွမ်းလာမည်ကို စိုးရိမ်မိပါသည်။

    [46] အရှင်မြတ်က မိန့်‌တော်မူသည်- အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြနှင့်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိ‌တော်မူသည်။ ငါအရှင်မြတ်သည် (အားလုံးကို)ကြား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှကို)မြင်‌တော်မူသည်။

    [47] သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် သူ၏ထံသို့ သွားကြပြီး (ဤသို့)‌ပြောကြားကြပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်၏တမန်‌တော်နှစ်ပါးဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များအား ကျွန်ုပ်တို့နှင့်အတူ ထည့်လိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အား ဒုက္ခ မ‌ပေးပါနှင့်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာ‌တော်ကို အသင့်ထံ ယူ‌ဆောင်လာခဲ့ကြပါသည်။ ထို့ပြင် ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာသူအတွက်ဖြစ်သည်။

    [48] အမှန်စင်စစ် ပြစ်ဒဏ်သည် မဟုတ်မမှန်ငြင်းပယ်ပြီး မျက်နှာလွှဲဖယ် ‌ကျောခိုင်းသွားသူအ‌ပေါ်တွင် ကျ‌ရောက်မည်ဆိုသည့်အ‌ကြောင်း အမှန်ပင် ကျွန်ုပ်တို့ထံသို့ အမိန့်‌တော် ‌ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

    [49] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- သို့ဖြစ်လျှင် အို- မူစာ၊ အသင်တို့နှစ်ဦးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဆိုသည်မှာ မည်သူနည်း။

    [50] ၎င်း(တမန်‌တော် မူစာ)က ပြန်‌ပြောသည်- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အရာတိုင်းအား ထိုအရာနှင့်သင့်‌တော်‌သေ ရုပ်ဆင်းသဏ္ဍာန်ကို ‌ပေး‌တော်မူ၍ နည်းလမ်းညွှန်ကြားပြသ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [51] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- သို့ဖြစ်လျှင် ယခင်က လူမျိုးများ၏အ‌ခြေအ‌နေသည် မည်သို့ရှိသနည်း။

    [52] ၎င်း(တမန်‌တော် မူစာ)က ‌ပြောသည်- သူတို့နှင့်ပတ်သက်သည့်အသိကမူ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိ‌သော မှတ်တမ်းစာအုပ်၌ ရှိသည်။ ကျွန်ုပ်၏အရှင်မြတ်သည် မှားသည်လည်းမရှိ‌ပေ၊ ‌မေ့သည်လည်းမရှိ‌ပေ။

    [53] ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့၍ ၎င်းထဲတွင် လမ်းများ ‌ဖောက်လုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် မိုး‌ကောင်းကင်မှ မိုး‌ရေကို သွန်‌လောင်းချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် (အနံ့အရသာ) အမျိုးမျိုးကွဲပြား‌သော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [54] အသင်တို့သည် (အသင်တို့လည်း)စားသုံးကြပါ။ ထို့ပြင် အသင်တို့၏တိရစာ္ဆန်များကိုလည်း စားကျက်ချကြပါ။ အမှန်စင်စစ် ထိုအထဲတွင် ဉာဏ်ရှင်များအတွက် သက်‌သေသာဓကများရှိသည်။

    [55] ထို‌မြေကြီးကပင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ထို‌မြေကြီးထဲသို့ပင် ငါအရှင်မြတ်သည် အသင်တို့အား ပြန်လည်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် ထို‌မြေကြီးမှပင် ငါအရှင်မြတ်သည် အသင်တို့အား ‌နောက်တစ်ကြိမ် ထွက်‌စေ‌တော်မူမည်ဖြစ်သည်။

    [56] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူ(ဖိရ်‌အောင်န်)အား အရှင်မြတ်၏သက်‌သေသာဓက အားလုံးကို ပြသ‌တော်မူခဲ့သည်။ ထို့‌နောက် သူသည် မဟုတ်မမှန်ဟု ‌ပြောဆိုငြင်းပယ်ခဲ့သည့်အပြင် (အရှင်မြတ်ကိုလည်း ယုံကြည်ရန်)ငြင်းဆိုခဲ့သည်။

    [57] သူ(ဖိရ်‌အောင်န်)က‌ပြောဆိုသည်- အို- မူစာ၊ အသင်သည် အသင်၏စုန်းပ‌ယောဂအတတ်နှင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် လာခဲ့သ‌လော။

    [58] သို့ဖြစ်လျှင် ကျွန်ုပ်တို့လည်း (အသင်နှင့်ယှဉ်ပြိုင်ရန်) ထိုကဲ့သို့ စုန်းပ‌ယောဂ အတတ်ကိုပင် အသင်၏ထံ မမှန်ပင် ယူ‌ဆောင်လာကြမည်။ သို့ဖြစ်ရာ အသင်သည် ညီညာသည့် ကွင်းပြင်တစ်ခုတွင် (ပြိုင်ဆိုင်ရန်) ကျွန်ုပ်တို့နှင့် အသင်ကြား၌ အချိန်တစ်ချိန်ကို ချိန်းဆိုသတ်မှတ်လိုက်ပါ။ ထိုချိန်းဆိုသည့်အချိန်ကို ကျွန်ုပ်တို့လည်း ပျက်ကွက်ကြမည် မဟုတ်‌ပေ၊ ထို့ပြင် အသင်လည်း မပျက်ကွက်ပါ‌လေနှင့်။

    [59] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- အသင်တို့နှင့် ချိန်းဆိုသည့်‌နေ့သည် လှပသည့်ပွဲ‌တော်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် လူများသည်လည်း ‌နေတက်ချိန်တွင် စုရုံး‌ရောက်ရှိကြရမည်။

    [60] ထို့‌နောက် ဖိရ်‌အောင်န်သည် ပြန်သွားခဲ့သည်။ ထို့ပြင် သူသည် သူ၏အကြံအစည်များကို စု‌ဆောင်းပြီး‌နောက်တွင် (ချိန်းဆိုသည့်‌နေရာသို့)လာခဲ့သည်။

    [61] (တမန်‌တော်)မူစာက ထို‌မှော်ဆရာများကို ‌ပြောဆိုသည်- အသင်တို့ အကျိုးယုတ်ပါ‌စေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလုပ်ကြံ မစွပ်စွဲကြနှင့်။ သို့ဖြစ်လျှင် အရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်နှင့် ဖျက်ဆီး‌တော်မူလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် လုပ်ကြံစွပ်စွဲသူသည် အမှန်ပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

    [62] ထို့‌နောက် ‌မှော်ဆရာများသည် သူတို့အ‌ရေးကိစ္စနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံ ကွဲလွဲခဲ့ကြသည်။ ထို့ပြင် သူတို့သည် တိုးတီးစွာ ‌ဆွေး‌နွေးခဲ့ကြသည်။

    [63] သူတို့က ‌ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ဤနှစ်ဦးသည် ‌မှော်ဆရာနှစ်ဦးပင်ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏‌မှော်အတတ်နှင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်အတွက်နှင့် အသင်တို့၏‌ကောင်းမွန်သည့် ယဉ်‌ကျေးမှု(အယူဝါဒ)ကို ဖျက်ဆီးရန်အတွက် ကြံရွယ်ကြခြင်းဖြစ်သည်။

    [64] သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏ အကြံအစည်များကို စု‌ဆောင်းပြီး တန်းစီလာကြပါ။ ထို့ပြင် အမှန်စင်စစ် ယ‌နေ့မူ အနိုင်ရမည့်သူသာ ‌အောင်မြင်မည်ဖြစ်သည်။

    [65] ထို(‌မှော်ဆရာ)များက ‌ပြောဆိုကြသည်- အို- မူစာ၊ အသင်သည် (အသင်၏‌တောင်‌ဝှေးကို ဦးစွာ)ပစ်ချမည်‌လော၊* သို့မဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ကြိုးများ၊ တုတ်များကို) ပထမဦးစွာ ပစ်ချရမည်‌လော။

    [66] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- ဤသို့ မဟုတ်‌ပေ၊ အသင်တို့ပင် ဦးစွာ ပစ်ချကြပါ။ (သူတို့ပစ်ချလိုက်သည့်အခါတွင်)ရုတ်တရက် သူတို့၏ကြိုးများနှင့် တုတ်‌ချောင်းများသည် သူတို့၏‌မှော်အတတ်‌ကြောင့် ၎င်း(တမန်‌တော်မူစာ)၏အမြင်တွင် အမှန်စင်စစ် လှုပ်ရှား‌ပြေးလွှား‌နေသည်ဟု ထင်ရသည်။

    [67] ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။

    [68] ငါအရှင်မြတ်က (တမန်‌တော်မူစာကို)မိန့်ကြား‌တော်မူသည်- အသင် မ‌ကြောက်နှင့်၊ အမှန်စင်စစ် အသင်သာလျှင် ‌အောင်နိုင်သူဖြစ်သည်။

    [69] ထို့ပြင် အသင်သည် အသင်၏လက်ယာလက်ထဲမှအရာ(‌တောင်‌ဝှေး)ကို ပစ်ချလိုက်ပါ။ ထိုအရာက ‌မှော်ဆရာများ ကြံစည်ပြုလုပ်ထားသည့်အရာများအား ဝါးမျိုလိမ့်မည်။ အမှန်စင်စစ် သူတို့ ကြံစည်ပြုလုပ်ခြင်းဟူသမျှသည် ‌မှော်ဆရာ၏လှည့်ကွက်ပင်ဖြစ်သည်။ ထို့ပြင် ‌မှော်ဆရာသည် အဘယ်မှပင် လာသည်ဖြစ်‌စေ ‌အောင်မြင်မည်မဟုတ်‌ပေ။

    [70] ထို့‌နောက် ‌မှော်ဆရာများသည် စဂ်ျဒဟ်ဦးချလျက် ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် (တမန်‌တော်)ဟာရူန်နှင့် (တမန်‌တော်)မူစာတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အီမာန်ယုံကြည်ကြပါပြီ။

    [71] ဖိရ်‌အောင်န်က ‌ပြောဆိုသည်- အသင်တို့သည် ငါက အသင်တို့အား ခွင့်မပြုရ‌သေးမီပင် ၎င်းကို အီမာန်ယုံကြည်ခဲ့ကြသည်။ အမှန်စင်စစ် ၎င်းသည် အသင်တို့အား ‌မှော်အတတ်ပညာသင်‌ပေးခဲ့‌သော အသင်တို့၏အကြီးအကဲပင်ဖြစ်သည်။* သို့ဖြစ်ရာ အမှန်ပင် ငါသည် အသင်တို့၏လက်များနှင့် ‌ခြေများကို ဘက်လွှဲပြီး (ဆန့်ကျင်ဘက်)ဖြတ်‌တောက်ပစ်မည် ဖြစ်သည်။ ထို့ပြင် အမှန်ပင် ငါသည် အသင်တို့အား စွန်ပလွံပင်၏ပင်စည်များတွင် လက်ဝါးကပ်တိုင်တင်မည်။ ထို့ပြင် အသင်တို့သည် ငါတို့ထဲမှ မည်သူ၏ပြစ်ဒဏ်သည် ပိုပြင်းထန်သည်ဆိုသည်နှင့် ပိုကြာရှည်တည်မြဲသည်ဆိုသည်ကို အမှန်ပင် သိရှိကြမည်ဖြစ်သည်။

    [72] ထို‌မှော်ဆရာများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ‌ရောက်ရှိလာ‌သော သက်‌သေသာဓကများနှင့် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထက် အသင့်အား လုံးဝ ဦးစား‌ပေးနှစ်သက်မည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အသင်စီရင်ချက်ချလိုသည့်အတိုင်း ချလိုက်ပါ။ (အမှန်စင်စစ်) အသင်သည် ဤဘဝတွင်သာ စီရင်ချက်ချနိုင်မည်ဖြစ်သည်။

    [73] အမှန်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကိုလည်း‌ကောင်း၊ ကျွန်ုပ်တို့အား ‌မှော်အတတ်ပညာနှင့်ပတ်သက်၍ အတင်းအဓမ္မ အသင်က ‌စေခိုင်းခဲ့ခြင်းအ‌ပေါ် (ကျွန်ုပ်တို့ ပြုလုပ်ခဲ့ရသည့်အပြစ်များကို)လည်း‌ကောင်း ခွင့်လွှတ်ချမ်းသာ ‌ပေး‌တော်မူရန်အတွက် အီမာန်ယုံကြည်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ပင် အ‌ကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်‌တော်မူသည်။

    [74] အမှန်စင်စစ် မည်သူမဆို သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ အပြစ်ရှိသူအဖြစ်နှင့် ‌ရောက်လာလျှင် အမှန်စင်စစ် ထိုသူ့အတွက် ဂျဟန္နမ်ငရဲဘုံပင်ရှိမည်။ သူသည် ထိုငရဲဘုံတွင် ‌သေမည်လည်း မဟုတ်‌ပေ၊ ထို့ပြင် ရှင်မည်လည်း မဟုတ်‌ပေ။

    [75] ထို့ပြင် အကြင်သူသည် အရှင်မြတ်ထံ‌တော်သို့ အီမာန်ယုံကြည်သူအဖြစ်နှင့် ‌ရောက်လာမည်၊ သူသည် အမှန်ပင် ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း လုပ်ခဲ့မည်ဆိုလျှင်၊ ထိုသူများပင် သူတို့အတွက် မြင့်မားသည့် အဆင့်အတန်းများရှိလိမ့်မည်။

    [76] အမြဲ‌နေထိုင်ရမည့် ဥယျာဉ်များရှိမည်၊ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ (သူတို့သည်) ၎င်းထဲတွင် အမြဲ‌နေထိုင်ရမည်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အပြစ်ကင်းစင်ခဲ့သူများ၏ အကျိုးရလဒ်ဖြစ်သည်။

    [77] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ (ဤသို့)အမိန့်ချ‌ပေး‌တော်မူခဲ့သည်။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်တွင် ‌ခေါ်‌ဆောင်သွားပါ။ ထို့ပြင် အသင်သည် သူတို့အတွက် ပင်လယ်တွင် ‌ခြောက်‌သွေ့‌သောလမ်းကို ပြသပါ။ အသင်သည် (အသင်တို့အား ရန်သူများ)မီလာကြမည်ကိုလည်း စိုးရိမ်ရမည် မဟုတ်‌ပေ၊ (အသင်တို့သည် ပင်လယ်ထဲတွင် နစ်မြှပ်သွားမည်ကိုလည်း) ‌ကြောက်ရွံ့ရမည် မဟုတ်‌ပေ။

    [78] ထို့‌နောက် ဖိရ်‌အောင်န်သည် သူ၏စစ်သည်များနှင့်တကွ သူတို့၏‌နောက်မှ လိုက်ခဲ့သည်။ သို့ဖြစ်ရာ သူတို့ကို လွှမ်းမိုး(နစ်မြှပ်‌စေ)သည့် ပင်လယ်‌ရေသည် သူတို့ကို လွှမ်းမိုး(နစ်မြှပ်)ခဲ့သည်။

    [79] ထို့ပြင် ဖိရ်‌အောင်န်သည် မိမိအမျိုးသားများအား တရားလမ်းမှန်ကို မပြဘဲ လမ်းမှား‌စေခဲ့သည်။

    [80] အို အစ္စရာအီလ်မျိုးနွယ်အ‌ပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ကို အသင်တို့၏ရန်သူမှ ကယ်တင်‌တော်မူခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို လက်ယာဘက်၌ရှိ‌သော သွူရ်‌တောင်၏နံ‌ဘေးသို့ (လာရန်)ချိန်းဆို‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မန်း(နှင်းမုန့်)ကို‌ရော၊ စလ်ဝါ (ငုံး‌ကောင်တစ်မျိုး)ကိုပါ ချ‌ပေး‌တော်မူခဲ့သည်။

    [81] အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ‌ပေး‌တော်မူခဲ့‌သော စင်ကြယ်သည့် စားစရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ စည်းကမ်းမကျူးလွန်ကြနှင့်။ ထိုသို့ ကျူးလွန်ခဲ့လျှင် ငါအရှင်မြတ်၏အမျက်‌တော်သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်လိမ့်မည်။ ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏အမျက်‌တော်သည် ထိုသူတို့အ‌ပေါ်တွင် သက်‌ရောက်ခဲ့လျှင် အမှန်ပင် ထိုသူသည် (ငရဲဘုံထဲသို့)ကျသွားမည်။

    [82] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အကြင်သူ့ကို အမှန်ပင် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုသူသည် ‌နောင်တရ အမှားဝန်ခံ ‌တောင်းပန်ပြီး အီမာန်ယုံကြည်ခဲ့သည်။ ထို့ပြင် ‌ကောင်းမြတ်‌သော လုပ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။ ထို့ပြင် တရားလမ်းမှန်‌ပေါ်၌သာ တည်ရှိခဲ့သည်။

    [83] ထို့ပြင် အို- (တမန်‌တော်)မူစာ၊ မည်သည့်အရာက အသင့်အား အသင်၏အမျိုးသားများထက်‌စောပြီး လာ‌ရောက်‌စေခဲ့သနည်း။

    [84] ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- သူတို့သည် ထို‌နေရာတွင် ကျွန်ုပ်‌နောက်မှပင် လိုက်လာခဲ့ကြပါသည်။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်သည် အရှင်မြတ်ထံ‌တော်သို့ အရှင်မြတ်‌ကျေနပ်‌တော်မူရန် ‌ဆောလျင်စွာ လာခဲ့ခြင်းသာ ဖြစ်ပါသည်။

    [85] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- (အို- တမန်‌တော်မူစာ) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏‌နောက်တွင် အသင်၏အမျိုးသားများအား စမ်းသပ်‌တော်မူခဲ့သည်။ ထို့ပြင် စာမိရီ*သည် သူတို့ကို လမ်းမှား‌စေခဲ့ပြီဖြစ်သည်။

    [86] ထို့‌နောက် (တမန်‌တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ‌ဒေါသထွက်ကာ ဝမ်းနည်းပူ‌ဆွေးလျက် ပြန်လာခဲ့ပြီ‌ပြောသည်- အို- ကျွန်ုပ်၏အမျိုးသားအ‌ပေါင်းတို့၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့အား ‌ကောင်းမြတ်သည့်ကတိကို ‌ပေးခဲ့သည်မဟုတ်‌လော။ ထို့ပြင် ထိုအချိန်ကာလသည် အသင်တို့အ‌ပေါ်တွင် ရှည်လျားသွားခဲ့ပြီ‌လော။ သို့မဟုတ် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမျက်‌တော် သက်‌ရောက်သည်ကို အလိုရှိသည့်အတွက် ကျွန်ုပ်နှင့်ပြုထားသည့် ကတိကို ‌ဖောက်ဖျက်ခဲ့ကြသ‌လော။

    [87] ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်နှင့်ပြုလုပ်ခဲ့‌သော ကတိကို ကျွန်ုပ်တို့သ‌ဘောနှင့် ‌ဖောက်ဖျက်ခဲ့ကြသည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည် (ဖိရ်‌အောင်န်၏)အမျိုးသားများထံမှ (ငှားရမ်းခဲ့‌သော)လက်ဝတ်လက်စားများကို သယ်ပိုးယူ‌ဆောင်လာခဲ့ကြသည်။ ထိုအရာများ(သည် ကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ခွင့်မရှိသည့်အတွက်၊ ထိုအရာများ)ကို (မီးဖိုထဲ)ပစ်ချခဲ့ကြသည်။ ထို့ပြင် စာမိရီကလည်း ထိုသို့ပင် ပစ်ချခဲ့သည်။

    [88] ထို့‌နောက် စာမိရီသည် သူတို့အတွက် (‌အော်သံမြည်သံ)အသံထွက်‌သော နွားငယ်‌လေးတစ်‌ကောက်၏ခန္ဓာကိုယ်သဏ္ဍာန်တစ်ခုကို (ပုံ‌လောင်း၍)ထုတ်ယူလာခဲ့သည်။ ၎င်း‌နောက် ထိုအမျိုးသားများက “ဤသည် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင်နှင့် (တမန်‌တော်)မူစာ၏ ကိုးကွယ်ထိုက်သည့်အရှင်ဖြစ်သည်။ သို့ဖြစ်ရာ (တမန်‌တော်)မူစာသည် (၎င်း၏အရှင်ကို)‌မေ့ထားခဲ့ပြီဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [89] သူတို့ မမြင်ကြ‌လေသ‌လော။ ထိုနွားငယ်‌လေးသည် သူတို့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်သည်လည်း မရှိ‌ပေ။

    [90] ထို့ပြင် အမှန်မှာ(တမန်‌တော်)ဟာရူန်က (တမန်‌တော်မူစာ)ပြန်မ‌ရောက်ခင်ကတည်းက ထိုအမျိုးသားများအား (ဤသို့)‌ပြောဆို သတိ‌ပေးခဲ့သည်။ “အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် အသင်တို့သည် ဤနွားရုပ်နှင့် စမ်းသပ်ခံခဲ့ကြရပြီဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ပင် ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်၏‌နောက်သို့လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [91] သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ (တမန်‌တော်)မူစာပြန်မလာမချင်း ထိုနွားရုပ်အ‌ပေါ်တွင်သာ အမြဲစွဲကပ်(ကိုးကွယ်)‌နေမည်။

    [92] (ထို့‌နောက်)၎င်း(တမန်‌တော်မူစာ ပြန်လာ၍)‌ပြောဆိုသည်- အို- ဟာရူန်၊ အသင်သည် သူတို့ လမ်းမှားခဲ့ကြသည်ကို ‌တွေ့မြင်သည့်အခါ အသင့်အား မည်သည့်အရာက တားဆီးခဲ့သနည်း၊

    [93] ကျွန်ုပ်ထံသို့ လိုက်လာခြင်းမှ။ အသင်သည် ကျွန်ုပ်၏အမိန့်ကို ဖီဆန်ခဲ့သ‌လော။

    [94] ၎င်း(တမန်‌တော်ဟာရူန်)က ‌ပြောဆိုသည်- အို- ကျွန်ုပ်အ‌မေ၏သား၊ အသင်သည် ကျွန်ုပ်၏မုတ်ဆိတ်နှင့် ကျွန်ုပ်၏ဦး‌ခေါင်းကို ကိုင်ဆွဲခြင်း မပြုပါနှင့်။ အမှန်စင်စစ် ကျွန်ုပ်သည် အသင် ကျွန်ုပ်အား (ဤသို့)‌ပြောမည်ကို စိုးရိမ်ခဲ့သည်- “အသင်သည် ကျွန်ုပ်၏စကားကိုပင် မ‌စောင့်ဘဲ အစ္စရာအီလ်မျိုးနွယ်ဝင်များကြားတွင် ‌သွေးကွဲ‌အောင် အသင် ပြုလုပ်လိုက်သည်။“

    [95] ၎င်း(တမန်‌တော်မူစာ)က‌ပြောသည်- အို- စာမိရီ၊ အသင်၏ရည်ရွယ်ချက်သည် မည်သို့နည်း။

    [96] သူက‌ပြောသည်- ကျွန်ုပ်သည် အခြားသူများ မမြင်ခဲ့ကြသည့်အရာကို ‌တွေ့မြင်ခဲ့ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်သည် ‌ကောင်းကင်တမန်၏(မြင်း)‌ခြေရာမှ (‌မြေကြီး)လက်တစ်ဆုပ်ကို ယူခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်သည် ထိုအရာကို ဤ(နွားငယ်‌လေး၏ခန္ဓာကိုယ်ထဲတွင်)ထည့်ခဲ့ပါသည်။ ထို့ပြင် ဤသို့ပင် ကျွန်ုပ်၏စိတ်နှလုံးသည် ကျွန်ုပ်ကို ဖြား‌ယောင်းခဲ့ပါသည်။

    [97] ၎င်း(တမန်‌တော်မူစာ)က (စာမိရီကို)‌ပြောဆိုခဲ့သည်- သို့ဖြစ်လျှင် အသင်ထွက်သွား‌တော့။ အမှန်စင်စစ် အသင့်တွင် ဤဘဝတစ်‌လျှောက်လုံး(ခံစားရမည့် ပြစ်ဒဏ်ကမူ) အသင်သည် (အသင်၏အနီးသို့ ကပ်လာသည့်သူများအား ကျွန်ုပ်ကို)မထိနှင့် (မထိနှင့်)ဟူ၍ ‌ပြောဆို‌နေရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အတွက် (တမလွန်ဘဝ၏ပြစ်ဒဏ်သည်လည်း) သတ်မှတ်ထားမှုတစ်ခုရှိ‌သေးသည်။ အသင်သည် ထိုသတ်မှတ်ချက်မှ လွဲ‌စေခြင်း လုံးဝခံရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်သည် အမြဲစွဲ‌နေခဲ့‌သော အသင်၏ကိုးကွယ်ရာကို ကြည့်ပါ။ အမှန်ပင် ငါတို့သည် ထိုအရာကို မီးရှို့ပြီး အမှန်ပင် ၎င်း(၏ပြာ)ကို မြစ်ထဲတွင် ကြဲချကြမည်။

    [98] (အမှန်စင်စစ်)အသင်တို့၏ ကိုးကွယ်ထိုက်သည့်အရှင်သည် အကြင် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်သည် (အရှင်မြတ်၏)အသိဉာဏ်‌တော်နှင့် အရာအားလုံးကို လွှမ်းခြုံထား‌တော်မူသည်။

    [99] ထိုသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီက လွန်ခဲ့‌သောသူများ၏အ‌ကြောင်းကို အသင်၏အ‌ပေါ်တွင် အမှန်စင်စစ် ‌ပြောပြ‌တော်မူသည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား အရှင်မြတ်ထံ‌တော်မှ သတိ‌ပေးနှိုး‌ဆော်သည့် ကျမ်းဂန်တစ်‌စောင်(ကုရ်အာန်)ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [100] မည်သူမဆို ထို(ကျမ်း‌တော်)မှ မျက်နှာလွှဲခဲ့လျှင် အမှန်စင်စစ် ထိုသူသည် ကိယာမသ်‌နေ့တွင် (‌လေးလံသည့်အကုသိုလ်) ဝန်ထုပ်ဝန်ပိုးကို သယ်ပိုးထမ်း‌ဆောင်ရမည်ဖြစ်သည်။

    [101] (ထိုသူများသည်) ထို(ဝန်ထုပ်ကို ထမ်း‌ဆောင်‌နေရသည့်)အဖြစ်တွင် အမြဲခံစား‌နေကြရမည်ဖြစ်သည်။ ထို့ပြင် ထိုဝန်ထုပ်သည် သူတို့အတွက် ကိယာမသ်‌နေ့တွင် အလွန်ဆိုးဝါး‌သော ဝန်ထုပ်ပင် ဖြစ်လိမ့်မည်။

    [102] ထို‌နေ့တွင် တံပိုးခရာကို မှုတ်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌နေ့တွင် အပြစ်ရှိသူများကို မျက်ကန်း(များ)အဖြစ်နှင့် စုရုံး‌စေ‌တော်မူမည်။

    [103] (ထို‌နေ့တွင်)သူတို့သည် သူတို့အချင်းချင်း “အသင်တို့သည် သချင်္ီုင်းများထဲတွင် ဆယ်ရက်မျှသာ ‌နေခဲ့ကြခြင်းဖြစ်သည်“ဟု တီးတိုး‌ပြောဆိုကြမည်။

    [104] ငါအရှင်မြတ်သည် သူတို့ ‌ပြောဆိုကြသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ တစ်ခါ၌ သူတို့ထဲမှ အကြံဉာဏ်အ‌နေနှင့် အ‌တော်ဆုံးသူက “အသင်တို့သည် (သချင်္ီုင်းများထဲတွင်) တစ်ရက်သာ ‌နေခဲ့ကြခြင်းဖြစ်သည်“ဟု ‌ပြောဆိုလိမ့်မည်။

    [105] ထို့ပြင် ထို(မက္ကဟ်မြို့သား ကာဖိရ်)များသည် အသင်(တမန်‌တော်)အား ‌တောင်များနှင့်ပတ်သက်၍ ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) ထို‌တောင်များကို (အစိတ်စိတ် အပိုင်းပိုင်းဖြစ်‌စေပြီး) လွင့်ပါး‌စေ‌တော်မူမည်။

    [106] ထို့‌နောက် အရှင်မြတ်သည် ထို(‌မြေ)ကို ညီညာသည့်လွင်ပြင်အဖြစ် ကျန်ရစ်‌စေ‌တော်မူမည်။

    [107] အသင်သည် ထို(‌မြေ)တွင် မည်သည့်ချိုင့်ဝှမ်း၊ မည်သည့်ကုန်းမြင့်ကိုမျှ ‌တွေ့မြင်ရမည် မဟုတ်‌ပေ။

    [108] ထို‌နေ့တွင် လူများသည် ဆင့်‌ခေါ်သူ၏‌နောက်သို့ ‌ကွေ့‌ကောက်ခြင်းမရှိဘဲ (‌ဖြောင့်‌ဖြောင့်)လိုက်ကြမည်။ ထို့ပြင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ ‌ရှေ့‌တော်‌မှောက်တွင် အသံများသည် ငြိမ်သက်သွားကြမည်။ သို့ဖြစ်ရာ အသင်သည် ‌ခြေသံသဲ့သဲ့မှလွဲ၍ မည်သည့်အသံမှ ကြားရမည်မဟုတ်‌ပေ။

    [109] ထို‌နေ့တွင် ကြားဝင်အသနားခံခြင်းသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင် ခွင့်ပြု‌တော်မူ‌သောသူမှလွဲ၍ ထို့ပြင် အရှင်မြတ်အ‌နေဖြင့် ထို(ကြားဝင်အသနားခံ‌ပေး)သူ၏ စကားတစ်စုံတစ်ရာကို နှစ်သက်‌တော်မူ‌သောသူမှလွဲ၍ (မည်သည့်အရာမျှ) အကျိုး‌ပေးမည် မဟုတ်‌ပေ။

    [110] အရှင်မြတ်သည် သူတို့၏ ‌ရှေ့‌နောက်အဖြစ်အပျက်အားလုံးကို သိရှိ‌တော်မူသည်။ သို့ရာတွင် သူတို့ကမူ အရှင်မြတ်(သိ‌တော်မူသည့်အ‌ကြောင်း)ကို (သူတို့၏)အသိပညာဖြင့် ဝန်းခြုံ(၍ သိရှိ)နိုင်ကြခြင်း မရှိ‌ပေ။

    [111] ထို့ပြင် (ထို‌နေ့တွင် လူများ၏)မျက်နှာများသည် အမြဲရှင်‌နေ‌တော်မူ‌သော၊ အမြဲတည်ရှိ‌နေ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ‌အောက်ကျို့ကြမည်။ ထို့ပြင် အမှန်စင်စစ် မတရားမှုကို ထမ်း‌ဆောင်ခဲ့သည့်သူကမူ အလိုမပြည့်‌တော့‌ပေ။

    [112] ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက်နှင့် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်သည်ဆိုလျှင် သူသည် မတရားပြုလုပ်မှုကို‌သော်လည်း‌ကောင်း၊ ‌လျော့နည်း‌စေခြင်းကို‌သော်လည်း‌ကောင်း စိုးရိမ်ရမည် မဟုတ်‌ပေ။

    [113] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထို(ကျမ်းဂန်)ကို (စကား‌ပြေပြစ် ‌ကောင်းမွန်သည့်)အရဗီ ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ထဲတွင် ခြိမ်း‌ခြောက်မှုများကို သူတို့ ‌ကြောက်ရွံ့ကြရန်အတွက် နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူခဲ့သည်။ သို့မဟုတ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် သူတို့အတွက် သတိတရားဖြစ်‌ပေါ်‌စေရန်ဖြစ်သည်။

    [114] ထို့‌နောက် စိုးမိုးအုပ်ချုပ်‌တော်မူ‌သော (ဘုရင်)အစစ်အမှန်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူသည်။ ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်ထံသို့ အရှင်မြတ်၏ဝဟီအမိန့်‌တော်ပြီးဆုံးသည်အထိ မကျ‌ရောက်‌သေးမီ ကုရ်အာန်ကျမ်း‌တော်မြတ်(ကို ဖတ်ရွတ်ရာ)တွင် အလျင်စလို မပြုပါနှင့်။ ၎င်းပြင် အသင်သည် “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား အသိပညာတိုးပွား‌စေ‌တော်မူပါ“ဟု ‌ပြောဆို‌လျှောက်ထားပါ။

    [115] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အာဒမ်ထံသို့ (ဂျန္နသ်ရှိသစ်ပင်မှ အသီးကိုမစားမီ) ယခင်က အမိန့်ထုတ်ပြန်ချမှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်းသည် (ထိုအမိန့်‌တော်ကို)‌မေ့‌လျော့ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတွင် စွဲမြဲကြံခိုင်မှုကို ‌တွေ့‌တော်မမူခဲ့‌ပေ။

    [116] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား အသင်တို့သည် (တမန်‌တော်)အာဒမ်၏‌ရှေ့၌ စဂျ်ဒဟ်ဦးချကြပါဟု မိန့်ကြား‌တော်မူသည့်အခါ အိဗ်လီစ်မှလွဲ၍ အားလုံးသည် ဦးချခဲ့ကြသည်။ သူကမူ ဖီဆန်ငြင်းဆိုခဲ့သည်။

    [117] ထို့‌ကြောင့် ငါအရှင်မြတ်သည် မိန့်ကြား‌တော်မူသည်- အို- အာဒမ်။ အမှန်စင်စစ် ဤသူ(ရှိုင်သွာန်)သည် အသင်နှင့် အသင့်ကြင်ရာ၏ ရန်သူပင်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အသင်တို့နှစ်ဦးအား ဂျန္နသ်သုခဘုံမှ လုံးဝ မထုတ်‌စေနှင့်။ သို့ဖြစ်လျှင် အသင်သည် အ‌ကြောင်းမလှသူဖြစ်လိမ့်မည်။

    [118] အမှန်စင်စစ် အသင့်အတွက် ထိုဂျန္နသ်တွင် ဆာ‌လောင်မှုလည်းရှိမည် မဟုတ်‌ပေ၊ ထို့ပြင် အသင်သည် အဝတ်ကင်းမဲ့မှုလည်းဖြစ်မည် မဟုတ်‌ပေ။

    [119] ထို့ပြင် အမှန်ပင် အသင်သည် ၎င်းထဲတွင် ‌ရေဆာ‌လောင်သည်လည်း မရှိ‌ပေ။ ထို့ပြင် အသင်သည် ‌နေပူဒဏ်လည်း မခံရ‌ပေ။

    [120] ထို့‌နောက် ရှိုင်သွာန်သည် ထိုအာဒမ်၏စိတ်ထဲတွင် ‌သွေး‌ဆောင်ဖြား‌ယောင်းခဲ့သည်။ သူက အို-အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အမြဲရှင်‌စေမည့်သစ်ပင်နှင့် ပျက်စီးခြင်းမရှိ‌သော အုပ်ချုပ်မှုအာဏာကို ညွှန်ပြရမည်‌လောဟု ‌ပြောဆိုခဲ့သည်။

    [121] သို့ဖြစ်ရာ ၎င်းတို့(ဇနီး‌မောင်နှံ)နှစ်ဦးသည် ထိုသစ်ပင်မှ(အသီးကို)စားသုံးခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့နှစ်ဦး၏(ဖုံးအုပ်‌နေသည့်)အရှက်များသည် ၎င်းတို့‌ရှေ့၌‌ပေါ်သွားခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ၎င်းတို့ကိုယ်ကို သုခဘုံမှ သစ်ရွက်များဖြင့် စတင်ဖုံးအုပ်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် (တမန်‌တော်)အာဒမ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်(အမိန့်‌တော်)ကို (ချွတ်‌ချော်မှားယွင်းပြီး) မလိုက်နာမိခဲ့သည့်အတွက် လမ်းမှန်မှ လွဲခဲ့ရသည်။

    [122] ထို့‌နောက် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ၎င်းကို ‌ရွေးချယ်‌တော်မူပြီး ၎င်း၏ဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူခဲ့သည်။ ထို့ပြင် တရားလမ်းမှန်ကိုလည်း ညွှန်ကြားပြသ‌တော်မူခဲ့သည်။

    [123] အရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်- အသင်တို့နှစ်ဦးစလုံးသည် ထိုဂျန္နသ်သုခဘုံမှ ဆင်းသွားကြပါ။ အသင်တို့(၏ သားသမီးများ)ထဲမှ တစ်ဦးနှင့်တစ်ဦးသည် ရန်သူများ ဖြစ်ကြလိမ့်မည်။ ထို့‌နောက် အကယ်၍ အသင်တို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ တရားလမ်းညွှန်ချက် တစ်စုံတစ်ခု အမှန်ပင် ‌ရောက်လာသည့်အခါ မည်သူမဆို ငါအရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်အတိုင်း လိုက်နာခဲ့လျှင် ထိုသူသည် လမ်းမှားမည်လည်း မဟုတ်‌ပေ။ ထို့ပြင် နဖူးစာဆိုး ဒုက္ခ‌ရောက်မည်လည်း မဟုတ်‌ပေ။

    [124] ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏တရား‌တော်မှ မျက်နှာလွှဲခဲ့လျှင် အမှန်စင်စစ် ထိုသူတွင် ကျပ်တည်း‌သော အသက်‌မွေးဝမ်း‌ကျောင်းမှု ရှိလိမ့်မည်။* ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို ကိယာမသ်‌နေ့တွင် မျက်ကန်းအဖြစ်နှင့် ရှင်ပြန်ထ‌စေ‌တော်မူမည် ဖြစ်သည်။

    [125] သူက ‌ပြောဆို‌လျှောက်ထားမည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် မျက်စိမြင်သူဖြစ်ခဲ့ပါလျက် အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်အား မျက်ကန်းအဖြစ်နှင့် ရှင်ပြန်ထ‌စေ‌တော်မူပါသနည်း။“

    [126] အရှင်မြတ်က မိန့်ကြား‌တော်မူမည်- ထိုသို့ပင်၊ ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင့်ထံသို့ ‌ရောက်လာခဲ့‌သောအခါ အသင်သည် ထိုအရာများကို (လက်ခံယုံကြည်မှုမရှိဘဲ)စွန့်ပစ်ထားခဲ့သည်။ ထို့ပြင် ထိုသို့ပင် ယ‌နေ့ အသင်လည်း စွန့်ပစ်ထားခြင်းခံရမည်ဖြစ်သည်။

    [127] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် အကြင်သူ့ကို အစား‌ပေး‌တော်မူမည်။ ထိုသူသည် စည်းကမ်းကျူး‌ကျော်ခဲ့သည်။ ထို့ပြင် သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အာယသ်‌တော်များကိုလည်း မယုံကြည်ခဲ့‌ပေ။ ထို့ပြင် အမှန်ပင် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပိုပြင်းထန်၍ ပိုလည်းတည်မြဲသည်။

    [128] ငါအရှင်မြတ်သည် သူတို့မတိုင်မီက လူအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့ခြင်းသည် သူတို့အတွက် တရားလမ်းမှန်ကို မရရှိ‌စေခဲ့သ‌လော။ သူတို့သည် ယခင်ကလူများ၏ ‌နေထိုင်ရာ‌ဒေသများတွင် သွားလာ‌နေကြသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [129] ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုနှင့် သတ်မှတ်ထား‌သောအချိန်ကာတစ်ခုသာ ယခင်ကတည်းက မရှိခဲ့လျှင် အမှန်ပင် (ပြစ်ဒဏ်သည် သူတို့အ‌ပေါ်တွင်)မလွှဲမ‌ရှောင်သာ ဆိုက်‌ရောက်ခဲ့မည်ဖြစ်သည်။

    [130] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့‌ပြောဆိုကြ‌သောကိစ္စနှင့် ပတ်သက်၍ သည်းခံပါ။ ထို့ပြင် အသင်သည် ‌ကျေနပ်မှုရရန်အတွက် ‌နေမထွက်မီနှင့် ‌နေမဝင်မီတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ စင်ကြယ်‌ကြောင်း ‌ပြောဆိုပါ။ ထို့ပြင် အသင်သည် ညအချိန်နှင့် ‌နေ့၏အစွန်းများတွင် (အရှင်မြတ်) စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

    [131] ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်က ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို ‌လောကီဘဝ၏ ခမ်းနားထည်ဝါမှုအဖြစ် အကျိုးခံစား‌စေ‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများဘက်သို့ အသင်၏မျက်စိနှစ်လုံးဖြင့် လုံးဝ ‌မော်၍ပင် မကြည့်ပါနှင့်။ ငါအရှင်မြတ်သည် ထိုအရာများနှင့် သူတို့အား စမ်းသပ်‌တော်မူရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင့် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ စားနပ်ရိက္ခာသည် အ‌ကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်သည်။

    [132] ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏အိမ်သူအိမ်သားများအား စွလာသ်ဝတ်ပြုရန် အမိန့်‌ပေး‌နေပါ။* ထို့ပြင် အသင်ကိုယ်တိုင်လည်း ထိုစွလာသ်ဝတ်ပြုမှုအ‌ပေါ်တွင် စွဲမြဲစွာ ရပ်တည်ပါ။ ငါအရှင်မြတ်သည် အသင်၏ထံ စားနပ်ရိက္ခာ‌တောင်းခံ‌တော်မူမည် မဟုတ်‌ပေ။ ငါအရှင်မြတ်ကပင် အသင့်အား ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် ‌နောက်ဆုံးအကျိုးဆက်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက်ပင် ဖြစ်သည်။

    [133] ထို့ပြင် သူတို့က ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အဘယ့်‌ကြောင့် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာတစ်စုံတစ်ရာကို ကျွန်ုပ်တို့ထံ ယူ‌ဆောင်မလာသနည်းဟု ‌ပြောဆိုကြသည်။ သူတို့ထံသို့ ပထမကျမ်းဂန်များတွင် ပါရှိ‌သောရှင်းလင်းချက်(ကုရ်အာန်)သည် ‌ရောက်ရှိမလာခဲ့‌လေသ‌လော။

    [134] ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်က သူတို့အား ဤ(ကုရ်အာန် မကျ‌ရောက်မီ)အလျင် ပြစ်ဒဏ်တစ်စုံတစ်ရာနှင့် ဖျက်ဆီး‌တော်မူခဲ့လျှင် အမှန်ပင် သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်တို့ထံသို့ တမန်‌တော်တစ်ပါးပါး ‌စေလွှတ်‌တော်မမူခဲ့ပါသနည်း။ ထိုသို့ ‌စေလွှတ်‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာမကျမီအလျင်နှင့် အရှက်မရမီအလျင် အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြမည်ဖြစ်ပါသည်“ဟု အမှန်ပင် ‌ပြောဆိုကြမည်ဖြစ်သည်။

    [135] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အားလုံးသည် ‌စောင့်‌မျှော်‌နေကြသည့်သူများဖြစ်သည့်အတွက် အသင်တို့လည်း ‌စောင့်‌မျှော်‌နေကြပါ။ ထို့‌နောက် မည်သူတို့သည် ‌ဖြောင့်မတ်မှန်ကန်သည့်လမ်း‌ပေါ်တွင် ရှိခဲ့သူများဖြစ်ကြသည်ကို လည်း‌ကောင်း၊ မည်သူတို့သည် တရားလမ်းမှန်ရရှိခဲ့သူများဖြစ်ကြသည်ကို လည်း‌ကောင်း အသင်တို့သည် မကြာမီ သိရှိကြလိမ့်မည်။

    Surah 21
    ပရောဖက်များ

    [1] လူသားတို့အား စစ်‌ဆေးရန်အချိန်ကာလသည် သူတို့ ‌ပေါ့ဆစွာ မျက်နှာလွှဲလျက်ရှိ‌နေစဉ်၌ပင် သူတို့နှင့် နီးကပ်လာပြီဖြစ်သည်။

    [2] သူတို့ထံသို့ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ မည်သည့်သတိ‌ပေးနှိုး‌ဆော်ချက် အသစ်‌ရောက်လာသည်ဖြစ်‌စေ သူတို့သည် ထိုသတိ‌ပေးနှိုး‌ဆော်ချက်ကို ‌ပြောင်‌လှောင်လျက် နား‌ထောင်ကြသည်။

    [3] သူတို့၏စိတ်နှလုံးများသည် ဂရုမစိုက်ဘဲလျက် ရှိ‌နေကြသည်။ ထို့ပြင် (ထို)ကျူးလွန်သူများက ဤသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ထို့‌နောက် အသင်တို့ သိမြင်‌နေပါလျက်နှင့် အသင်တို့သည် ‌မှော်(ဆရာ၏စကား)ကို (နား‌ထောင်ရန်)လာကြဦးမည်‌လောဟု လျှို့ဝှက်စွာ ‌ဆွေး‌နွေးကြသည်။

    [4] ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)က ‌ပြောသည်- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် (‌ပြောသမျှ)စကားများကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [5] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်မှာမူ သူတို့က ‌ပြောဆိုကြသည်။ (ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်) က‌ယောင်‌ချောက်ချားမြင်မက်‌သော အိပ်မက်များပင်ဖြစ်သည်။* ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို လုပ်ကြံ(သီကုံး)ခဲ့သည်။ သို့မဟုတ် အမှန်မှာ ၎င်းသည် ကဗျာဆရာတစ်ဦးပင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယခင်ကလူများ ‌စေလွှတ်ခြင်းခံရသကဲ့သို့ ၎င်းလည်း ကျွန်ုပ်တို့ထံသို့ တန်ခိုး‌တော်တစ်စုံတစ်ခု ယူလာသင့်သည်။

    [6] သူတို့မတိုင်မီ ငါအရှင်မြတ် ဖျက်ဆီး‌တော်မူခဲ့‌သော မည်သည့်မြို့ရွာမှ (‌နေထိုင်‌သောသူများသည် တန်ခိုး‌တော်များ‌တွေ့မြင်ကြပါလျက်) အီမာန်ယုံကြည်ခဲ့ကြသည် မရှိ‌ပေ။ ထို့‌နောက် ဤသူများသည် ယုံကြည်ကြဦးမည်‌လော။

    [7] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီကလည်း (‌ကောင်းကင်တမန်များ မဟုတ်သည့်) လူ‌ယောက်ျားများကိုပင် သူတို့ထံသို့ ငါအရှင်မြတ်သည် ဝဟီအမိန့်‌တော်ပို့ချ‌တော်မူ၍ ‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် (အသင်တို့ကိုယ်တိုင်)မသိကြလျှင် ကျမ်းဂန်ရရှိသူများကို ‌မေးမြန်းကြည့်ကြပါ။

    [8] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်များ)ကို အစားအစာ မစား‌သောက်‌သော ခန္ဓာကိုယ်များအဖြစ် ပြုလုပ်‌တော်မူခဲ့သည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် (အသက်မ‌သေဘဲ) အမြဲရှင်သန်‌နေသူများလည်း မဟုတ်ခဲ့‌ပေ။

    [9] ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်များ)အတွက် ကတိကိုတည်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် စည်း‌ဘောင်‌ကျော်သူများကို ဖျက်ဆီးပစ်‌တော်မူခဲ့သည်။

    [10] အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ အကြင်ကျမ်းဂန်တစ်‌စောင်ကို ချ‌ပေး‌တော်မူခဲ့ပြီးဖြစ်သည်။ ထိုုကျမ်းဂန်၌ အသင်တို့အား သတိ‌ပေးနှိုး‌ဆော်ချက်(များ)ပါရှိသည်။ သို့ပင်ဖြစ်ငြားလည်း အသင်တို့သည် မသိနားမလည်ကြသ‌လော။

    [11] ထို့ပြင် ငါအရှင်မြတ်သည် ကျူးလွန်‌နေ‌သော မြို့ရွာအ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ထိုမြို့ရွာများ၏‌နောက်တွင် ငါအရှင်မြတ်သည် အခြားလူမျိုးများကို ‌ပေါ်ထွန်း‌စေ‌တော်မူခဲ့သည်။

    [12] ထို့‌နောက် ထို(မတရားအပြစ်ကျူးလွန်သည့်)မြို့ရွာသားများသည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို ခံစား(သိမြင်)ကြရ‌သောအခါ သူတို့သည် ထိုမြို့ရွာများမှ ချက်ချင်းထွက်‌ပြေးကြသည်။

    [13] (‌ကောင်းကင်တမန်များက သူတို့ကို ‌ပြောင်‌လှောင်သည့်အ‌နေနှင့် ‌ပြောဆိုကြသည်)- “အသင်တို့ မ‌ပြေးကြနှင့်။ ထို့ပြင် အသင်တို့သည် စည်းစိမ်အဖြစ် ‌ပေးထား‌သော ပစ္စည်းဥစ္စာများနှင့် အသင်တို့၏‌နေအိမ်များထံသို့ ပြန်ခဲ့ကြပါ။ အသင်တို့သည် ‌မေးမြန်းခံရဦးမည်ဖြစ်သည်။“

    [14] သူတို့က ‌ပြောဆိုကြသည်- “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“

    [15] ငါအရှင်မြတ်သည် သူတို့အား ရိတ်သိမ်းပြီးဖြစ်‌သော လယ်ယာအဖြစ်၊ ငြိမ်းသွားသည့် မီးအဖြစ်(ပြာပုံကဲ့သို့ ငြိမ်ဝပ်သွား‌အောင်)ပြုလုပ်‌တော်မူခဲ့သည်အထိ သူတို့၏‌ကြွေး‌ကြော်မှုသည် အမြဲမပြတ် ထိုအရာ(“‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ငါတို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်ပင်။“)ဟူ၍ဖြစ်ခဲ့သည်။

    [16] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်၊ ‌မြေပထဝီနှင့် ထိုနှစ်ခုအကြားရှိသည်များကို ကစားစရာအဖြစ် ဖန်ဆင်းထားသည် မဟုတ်‌ပေ။

    [17] ထို့ပြင် ငါအရှင်မြတ်သည် အပျင်း‌ပြေ အနားယူ ကစားရန် ရည်ရွယ်‌တော်မူခဲ့လျှင်၊ အကယ်၍ ငါအရှင်မြတ်သည် (ကစားစရာ)ပြုလုပ်‌တော်မူမည့်အရှင်ဖြစ်‌တော်မူခဲ့လျှင်၊ ငါအရှင်မြတ်သည် ထိုအနားယူ ကစားစရာကို အမှန်စင်စစ် ငါအရှင်မြတ်ထံ‌တော်၌သာ ပြုလုပ်ထား‌တော်မူမည်ဖြစ်သည်။

    [18] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှန်ကို အမှား‌ပေါ်တွင် ပစ်‌ပေါက်‌တော်မူသည်။ ထို့ပြင် ထိုအမှန်က ၎င်းအမှား၏(တည်မြဲ‌နေသည့်အင်အား)ဦး‌နှောက်ကို ထုတ်ပစ်လိုက်သည်။ သို့ဖြစ်ရာ ထိုအမှားသည် ချက်ချင်း ‌ပျောက်ကွယ်သွား‌တော့သည်။ ထို့ပြင် အသင်တို့တွင် အသင်တို့၏ လုပ်ကြံစွပ်စွဲ‌ပြောဆိုချက်များ‌ကြောင့် ပျက်စီးခြင်းရှိသည်။

    [19] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသူအားလုံးသည် အရှင်မြတ်ပိုင်ဆိုင်‌တော်မူ‌သောသူများပင် ဖြစ်ကြသည်။ ထို့ပြင် အရှင်မြတ်၏အပါး‌တော်တွင်ရှိ‌နေသည့်သူများသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းမှ မာနမ‌ထောင်လွှားကြသည့်အပြင် မ‌မောပန်းကြ‌ပေ။

    [20] သူတို့သည် (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်းကို ‌နေ့ညမပြတ် အမြဲရွတ်ဆို‌နေကြသည်။ မရပ်တန့်ကြ‌ပေ။

    [21] သူတို့(မုရှ်ရိက်)များသည် ‌မြေကြီးနှင့် ပြုလုပ်ထားသည့်အရာများကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ထားကြသ‌လော၊ ထိုအရာများသည် ရှင်ပြန်ထ‌စေနိုင်ကြသ‌လော။

    [22] အကယ်၍ ထို(မိုးနှင့်‌မြေ)နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင်များ ရှိခဲ့ကြလျှင် (မိုးနှင့်‌မြေ)နှစ်ခုစလုံးသည် အမှန်ပင် ပျက်စီးခဲ့ပြီး ဖြစ်ကြလိမ့်မည်။* သို့ဖြစ်ရာ အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲ‌ပြောဆိုသည်များမှ စင်ကြယ်‌တော်မူသည်။

    [23] အရှင်မြတ်သည် အရှင်မြတ်ပြုလုပ်‌တော်မူ‌သောကစ္စများနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်းခြင်း ခံရမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့ကမူ (သူတို့ပြုလုပ်ကြ‌သော အမှုကိစ္စများနှင့်ပတ်သက်၍) စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။

    [24] သို့မဟုတ် ထို(မုရှ်ရိက်)များသည် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများ ပြုလုပ်ထားကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏သက်‌သေသာဓက အ‌ထောက်အထားကို ယူ‌ဆောင်ခဲ့ကြပါ။ ဤ(ကုရ်အာန်)သည် ငါနှင့်အတူ ရှိကြသည့်သူများ၏ဆုံးမဩဝါဒဖြစ်သည်သာမက၊ ငါ၏မတိုင်မီက ရှိခဲ့ကြ‌သောသူများ၏ဆုံးမဩဝါဒလည်းဖြစ်သည်။ (ထိုအထဲတွင် ငါတို့အတွက်သာမက သူတို့အတွက်လည်း ယခင်ကျမ်းစာများ ‌သောင်ရာသ်၊ အင်န်ဂျီလ်စသည်တို့တွင် ပါဝင်ခဲ့သည့်အတိုင်း ကိုးကွယ်ထိုက်သည့်အရှင် တစ်ပါးတည်းပင်ဖြစ်သည်ဆိုသည့်အ‌ကြောင်း ပါရှိသည်)။ သို့ပင်ဖြစ်ငြားလည်း သူတို့ထဲမှ အ‌မြောက်အမြားသည် အမှန်ကို မသိကြ‌ပေ။ သို့ဖြစ်ရာ သူတို့သည် မျက်နှာလွှဲ‌နေကြသည်။

    [25] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ ‌စေလွှတ်‌တော်မူခဲ့‌သော မည်သည့် တမန်‌တော်ထံပင်ဖြစ်‌စေ “စင်စစ် ငါအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ၊ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု အမိန့်‌တော် ထုတ်ပြန်‌တော်မူခဲ့သည်ချည်းပင်ဖြစ်သည်။

    [26] ထို့ပြင် သူတို့က ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် (‌ကောင်းကင်တမန်များကို) သားသမီးအဖြစ် ပြုလုပ်‌တော်မူခဲ့သည်ဟု (စွပ်စွဲ)‌ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူသည်။ အမှန်စင်စစ် သူတို့သည် အရှင်မြတ်၏ မြင့်မြတ်‌သောကျွန်မျးပင်ဖြစ်ကြသည်။

    [27] သူတို့သည် အရှင်မြတ်၏‌ရှေ့ကို ကျူးပြီး စကား‌ပြောဆိုနိုင်ခြင်းမရှိ‌ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာ‌ဆောင်ရွက်ကြသည်။

    [28] အရှင်မြတ်သည် သူတို့၏‌ရှေ့‌နောက် အ‌ကြောင်းကိစ္စအားလုံးကို သိ‌တော်မူသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်‌ကျေနပ်နှစ်သက်သည့်သူမှလွဲ၍ မည်သူ၏အတွက်မှ ကြားဝင် အသနားခံနိုင်မည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့မှု‌ကြောင့် အမြဲစိုးရိမ်လျက်ပင် ရှိကြသည်။

    [29] ထို့ပြင် သူတို့ထဲမှ မည်သူမဆို အမှန်ပင် ငါသည် အရှင်မြတ်အပြင် ကိုးကွယ်ထိုက်သည့်အရှင် (တစ်ပါး)ဖြစ်သည်ဟု‌ပြောဆိုလျှင် သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူ့အား ငရဲဘုံ၏ပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူများကို ဤသို့ပင် ပြစ်ဒဏ်‌ပေး‌တော်မူမည်ဖြစ်သည်။

    [30] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသည် ပူးတွဲ‌ပေါင်းစပ်လျက်ရှိခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုနှစ်ခုကို ခွဲခြား‌ပေး‌တော်မူခဲ့သည်။* (ထိုအရာကို) ကာဖိရ်များသည် မသိမမြင်ခဲ့ကြသ‌လော။ ထို့ပြင် ငါအရှင်မြတ်သည် ရှန်သန်‌နေသည့်အရာ (သတ္တဝါ)အားလုံးကို ‌ရေနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့‌နောက်လည်း သူတို့သည် အီမာန်ယုံကြည်ခြင်းမရှိကြသ‌လော။

    [31] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီတွင် ထို‌မြေကြီးသည် သူတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်း မရှိနိုင်ရန်အတွက် ‌တောင်များကို(‌ကျောက်ဆူများအဖြစ်)ချထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့လိုရာသို့ ‌ရောက်ရှိနိုင်ကြရန်အတွက် ထို‌တောင်များတွင် ‌တောင်ကြားများကို လမ်းများအဖြစ်ပြုလုပ်ထား‌တော်မူခဲ့သည်။

    [32] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်ကို (မပြို‌အောင်)ထိန်းသိမ်းပြီးဖြစ်‌သော အမိုးပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် ထိုမိုး‌ကောင်းကင်ရှိ သက်‌သေလက္ခဏာများမှ မျက်နှာလွှဲလျက်ရှိကြသည်။

    [33] ထို့ပြင် အရှင်မြတ်ကပင် ညနှင့်‌နေ့သာမက ‌နေနှင့်လကိုလည်း ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရာတိုင်းသည် သွားရာလမ်း‌ကြောင်းများတွင် လှည့်ပတ်သွားလာ လှုပ်ရှား‌နေကြသည်။

    [34] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ မည်သည့်လူသားကိုမျှ အမြဲ‌နေရမည့်သူ (မ‌သေသည့်သူ)အ‌နေဖြင့် ပြုလုပ်‌တော်မမူခဲ့‌ပေ။ သို့ဖြစ်ရာ အကယ်၍ အသင်သည် ‌သေဆုံးခဲ့လျှင် သူတို့သည် အမြဲ‌နေကြရမည့်သူများ ဖြစ်ပါသ‌လော။

    [35] သက်ရှိသတ္တဝါတိုင်းသည် ‌သေခြင်း(၏အရသာ)ကို မြည်းစမ်းရမည့်သူများပင် ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို ဆိုးသည့်အ‌ခြေအ‌နေနှင့် ‌ကောင်းသည့်အ‌ခြေအ‌နေတွင် စမ်းသပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ထံ‌တော်သို့ အသင်တို့သည် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်ဖြစ်သည်။

    [36] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် အသင့်အား မြင်ကြသည့်အခါ သူတို့သည် အသင့်အား ‌ပြောင်‌လှောင်မှုပြုကြသည်။ သူတို့သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်နှင့်ပတ်သက်၍ ‌ပြောဆိုသည်ကိုပင် ငြင်းပယ်သူများဖြစ်ကြလျက် “အသင်တို့၏ ကိုးကွယ်ရာ အရှင်သခင်များကို (ကဲ့ရဲ့)‌ပြောဆိုသူသည် ဤသူ‌လော“(ဟု အချင်းချင်း‌ပြောဆိုကြသည်)။

    [37] လူသားသည် အလျင်လိုမှုနှင့် ဖန်ဆင်းခြင်းခံရသည်။ မကြာမီ ငါအရှင်မြတ်သည် အရှင်မြတ်၏သက်‌သေ လက္ခဏာ‌တော်များကို အသင်တို့အား ပြသ‌တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်တွင် အလျင်မလိုကြနှင့်။

    [38] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ‌ရောက်မည်နည်း။“

    [39] အကယ်၍ ကာဖိရ်များသည် အကြင်အချိန်ကို သိကြလျှင် (ထိုသို့ ‌ပြောကြမည်မဟုတ်‌ပေ)။ ထိုအချိန်တွင် သူတို့၏မျက်နှာများနှင့် သူတို့၏‌ကျောများမှ မီးကို တားဆီးနိုင်ကြမည် မဟုတ်‌ပေ။ ထို့ပြင် မည်သည့်အကူအညီမှလည်း ရကြမည်မဟုတ်‌ပေ။

    [40] အမှန်စင်စစ် ထိုမီးသည် သူတို့ထံသို့ ရုတ်တရက်‌ရောက်လာပြီးလျှင် သူတို့အား ‌တွေ‌ဝေသွား‌စေမည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ဆိုင်ငံ့ခွင့်လည်း ရရှိကြမည် မဟုတ်‌ပေ။

    [41] ထို့ပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်‌တော်များသည်လည်း ‌ပြောင်‌လှောင်မှုကို ခံခဲ့ကြရသည်။ သို့ဖြစ်ရာ ထိုတမန်‌တော်များအား ‌ပြောင်‌လှောင်သူများကို ထို‌ပြောင်‌လှောင်မှု၏ပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။

    [42] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့အား ညနှင့်‌နေ့တွင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်(၏ ပြစ်ဒဏ်)မှ မည်သူကာကွယ်‌စောင့်‌ရှောက်ထားသနည်း။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို သတိရတသခြင်းမှ မျက်နှာလွှဲ‌နေသူများပင်ဖြစ်ကြသည်။

    [43] သို့မဟုတ် သူတို့တွင် ငါအရှင်မြတ်မှလွဲ၍ သူတို့ကို ကာကွယ်မည့်ကိုးကွယ်ရာများ ရှိကြသ‌လော။ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ကိုယ်သူတို့ပင် ကူညီရန် တတ်စွမ်းနိုင်သည် မဟုတ်ကြ‌ပေ။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်‌စောင့်‌ရှောက်ခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။

    [44] အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများကို သူတို့အ‌ပေါ်တွင် အသက်များ ရှည်လျားသွားသည်အထိ အကျိုးခံစားခွင့်‌ပေးသနား‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် (မက္ကဟ်မြို့၏)‌မြေကို ‌ဘေးပတ်ဝန်းကျင်များမှ (တဖြည်းဖြည်း)‌လျော့နည်း(ကျဉ်း‌မြောင်း)‌အောင် ပြုလုပ်လာ‌တော်မူသည်ကို သူတို့သည် မမြင်ကြသ‌လော။ သို့ဖြစ်ရာ သူတို့သည် ‌အောင်မြင်သူများ ဖြစ်ကြဦးမည်‌လော။

    [45] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ကို ဝဟီအမိန့်‌တော်နှင့် သတိ‌ပေးနှိုး‌ဆော်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နားပင်းသူများကမူ သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရသည့်အခါ ဟစ်‌အော်သည်ကိုပင် မကြားကြ‌ပေ။

    [46] ထို့ပြင် အမှန်ပင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ပြစ်ဒဏ်မှ ‌ငွေ့မျှပင် သူတို့အ‌ပေါ်၌ သက်‌ရောက်ခဲ့လျှင် မုချသူတို့က ‌ပြောဆိုကြမည်- “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် မတရားကျူးလွန်သူများဖြစ်ခဲ့ကြသည်။“

    [47] ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် မျှတ‌သောချိန်ခွင်များ*ကို ထား‌တော်မူမည်။ သို့ဖြစ်ရာ မည်သူမျှ အနည်းငယ်မျှပင် မတရားနှိပ်စက်ခြင်းကို ခံရမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ (တစ်စုံတစ်ဦးတွင်) မုန်ညင်း‌စေ့ခန့် အ‌လေးချိန်ရှိ‌သော (‌ကောင်းမှု)ရှိလျှင်လည်း ငါအရှင်မြတ်သည် ထိုမုန်ညင်း‌စေ့ခန့်(‌ကောင်းမှု)ကိုလည်း (‌ရှေ့၌)ယူ‌ဆောင်လာမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ပင် စစ်‌ဆေးသူအဖြစ် လုံ‌လောက်‌တော်မူသည်။

    [48] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်ကို အမှားနှင့်အမှန် ခွဲခြား‌စေသည့်အရာ၊ အလင်း‌ရောင်တစ်ခုလည်းဖြစ်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအတွက် ဆုံးမဩဝါဒလည်းဖြစ်‌သော (‌သောင်ရာသ်)ကျမ်းကို ‌ပေးသနား‌တော်မူခဲ့သည်။

    [49] ထို(‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်)သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား မမြင်ကြပါဘဲလျက် ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် ကိယာမသ်‌နေ့ကိုလည်း ‌ကြောက်ရွံ့စိုးရိမ်သူများဖြစ်ကြသည်။

    [50] ထို့ပြင် ဤသည် မဂင်္လာအ‌ပေါင်းနှင့်ပြည့်စုံ‌သော ဆုံးမစာတစ်‌စောင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုဆုံးမစာကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် ထိုဆုံးမစာကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသ‌လော။

    [51] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်ကို ယခင်ကတည်းက* ၎င်း၏အမှန်ကို သိတတ်သည့်ပညာဉာဏ်အ‌မြော်အမြင်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို ‌ကောင်းစွာသိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [52] တစ်ခါက ၎င်းသည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်- “အသင်တို့ ကိုးကွယ်‌နေကြ‌သော ဤရုပ်တုများသည် မည်သို့‌သောအရာများနည်း။“

    [53] ထိုအမျိုးသားများက ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများကို ဤရုပ်တုများအား ကိုးကွယ်သူများအဖြစ် ‌တွေ့ရှိခဲ့ကြသည်။“

    [54] ၎င်းက‌ပြောသည်၊ “အမှန်စင်စစ် အသင်တို့သာမက အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးတို့သည်လည်း ထင်ရှား‌သော လမ်းမှားမှုထဲတွင် ရှိခဲ့ကြသည်။“

    [55] သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့ထံသို့ အမှန်ယူ‌ဆောင်လာခဲ့သ‌လော၊ သို့မဟုတ် အသင်သည် ‌ပြောင်‌လှောင်သူတစ်ဦး‌လော။“

    [56] ၎င်းက ‌ပြောသည်- “ထိုသို့ မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးပိုင်‌တော်မူ‌သော အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါသည် ထိုအရာနှင့်ပတ်သက်၍ သက်‌သေများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။“

    [57] ထို့ပြင် အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌ပြောမည်၊ ငါသည် အသင်တို့၏ (ကိုးကွယ်ရာများဖြစ်သည့်) ရုပ်တုများနှင့်ပတ်သက်၍ အသင်တို့ပြန်သွားကြပြီး‌နောက် လျှို့ဝှက်အကြံအစည် ပြုလုပ်မည်ဖြစ်သည်။

    [58] ထို့‌နောက် ၎င်း(အိဗ်ရာဟီမ်)သည် ထိုရုပ်တုများကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်‌အောင်ပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ အကြီးဆုံးကိုမူ ချန်ထားခဲ့သည်။* သို့မှသာ သူတို့သည် သူ(ရုပ်တုကြီး)ထံသို့ (စုံစမ်းရန်) ပြန်လာ‌ကောင်း ပြန်လာကြမည်။

    [59] သူတို့က ‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား မည်သူသည် ဤသို့ ပြုလုပ်ခဲ့သနည်း။ အမှန်ပင် ထိုသူသည် ကျူး‌ကျော်‌စော်ကားသူ တစ်ဦးပင်ဖြစ်သည်။

    [60] ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အိဗ်ရာဟီမ်ဟု‌ခေါ်‌သော လူငယ်တစ်ဦးကို ဤ(ကျွန်ုပ်တို့၏ကိုးကွယ်ရာ)များအား (ပြစ်တင်)‌ပြောဆိုသည်ကို ကြားဖူးခဲ့ကြသည်။

    [61] သူတို့က သို့ဖြစ်လျှင် အသင်တို့သည် ၎င်းကို လူများ၏‌ရှေ့‌မှောက်၌ သူတို့မြင်နိုင်ကြရန် ‌ခေါ်‌ဆောင်လာခဲ့ကြပါဟု ‌ပြောဆိုကြသည်။

    [62] သူတို့က ‌ပြောဆို(‌မေးမြန်း)ခဲ့ကြသည်- “အို- အိဗ်ရာဟီမ်၊ အသင်သည်ပင် ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား ဤသို့ပြုလုပ်ခဲ့သ‌လော။“

    [63] ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောသည်- ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့၏အကြီးအကဲဖြစ်‌သော ဤ(ရုပ်တုကြီး)ကပင် ဤသို့ ပြလုပ်(သည်နှင့်တူ)သည်။ သို့ဖြစ်ရာ အသင်တို့သည် ၎င်း(ရုပ်တုကြီးတွင် ပြုလုပ်နိုင်‌သော အင်အားရှိလျှင် ရုပ်တု‌လေးများ၌ စကား‌ပြောနိုင်တဲ့ အင်အားလည်း ရှိနိုင်လိမ့်မယ်၊ အဲဒါ‌ကြောင့် အသင်တို့သည် သူတို့)ကိုပင် အကယ်၍ သူတို့သည် စကား‌ပြောဆိုနိုင်ကြလျှင် ‌မေးမြန်းလိုက်ကြပါ။

    [64] သူတို့သည် သူတို့၏စိတ်ထဲတွင် ‌ပြောဆို(စဉ်းစား)ကြသည်။ ထို့ပြင် သူတို့သည် (သူတို့အချင်းချင်း)‌ပြောဆိုခဲ့ကြသည်- “အမှန်စင်စစ် အသင်တို့ပင် အမှားကို ကျူးလွန်သူများဖြစ်ကြသည်။“

    [65] ထို့‌နောက် သူတို့သည် သူတို့၏ဦး‌ခေါင်းများကို ‌အောက်စိုက်လျက် ‌ပြောဆိုခဲ့ကြသည်- “ဤရုပ်တုများသည် စကားမ‌ပြောနိုင်ကြသည်ကို အသင် အသိပင်ဖြစ်သည်။“

    [66] ၎င်း(တမန်‌တော် အိဗ်ရာဟီမ်)က‌ပြောသည်- “သို့ဖြစ်ပါလျက် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အကြင်အရာကို ကိုးကွယ်ကြသ‌လော။ ထိုအရာသည် အသင်တို့အား အကျိုးလည်း မဖြစ်ထွန်း‌စေနိုင်‌ပေ၊ ထို့ပြင် အကျိုးလည်း မယုတ်‌စေနိုင်‌ပေ။“

    [67] “အသင်တို့သည်လည်း‌ကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ရာများသည်လည်း‌ကောင်း စက်ဆုပ်ဖွယ်ရာပင်။ (ဤမျှပင်)အသင်တို့သည် မသိနားမလည်ကြသ‌လော။“

    [68] သူတို့က ‌ပြောကြသည်- အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာ)ပြုလုပ်မည့်သူများပင် ဖြစ်ကြလျှင် ထိုအိဗ်ရာဟီမ်ကို မီးတင်ရှို့ပြီး အသင်တို့၏ကိုးကွယ်ရာရုပ်တုများအား ‌ဖေးမကူညီကြပါ။

    [69] ငါအရှင်မြတ်က မိန့်ကြး‌တော်မူသည်- “အို- မီး၊ အသင်သည် အိဗ်ရာဟီမ်အ‌ပေါ်တွင် ‌အေးချမ်းသာယာစွာ ရှိလိုက်ပါ။“

    [70] ထို့ပြင် သူတို့သည် သူနှင့်ပတ်သက်၍ မ‌ကောင်းကြံစည်ရန် ကြံရွယ်ခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်ကပင် သူတို့အား မ‌အောင်မြင်သူ(ဆုံးရှုံးသူ)များဖြစ်‌အောင် ပြုလုပ်‌တော်မူခဲ့သည်။

    [71] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)နှင့် (တမန်‌တော်)လူသွ်ကို အကြင်‌ဒေသသို့(‌စေလွှတ်ပြီး)ကယ်တင်‌တော်မူခဲ့သည်။ ထို‌ဒေသတွင် ငါအရှင်မြတ်သည် ကမာ္ဘသူကမာ္ဘသားမျာအတွက် မဂင်္လာရှိ‌စေ‌တော်မူခဲ့သည်။

    [72] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို(သားအဖြစ်)အစ္စဟာက်နှင့် အပိုဆုအ‌နေဖြင့် (‌မြေးအဖြစ်)ယအ်ကူဗ်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တစ်ဦးစီကို ‌ကောင်းမြတ်‌သောသူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [73] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အားလုံး)တို့ကို ငါအရှင်မြတ်၏အမိန့်‌တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြ‌သော ‌ရှေ့‌ဆောင်များအဖြစ်ကို ချီးမြှင့်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြရန်၊ စွလာသ်ဝတ်ပြုကြရန်နှင့် ဇကာသ်‌ပေး‌ဆောင်ကြရန် ဝဟီအမိန့်‌တော်ကို ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်အားလုံး)တို့သည် ငါအရှင်မြတ်အား ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြသည်။

    [74] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)လူသွ်ကို* ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အကြင်မြို့ရွာမှ ကယ်တင်‌တော်မူခဲ့သည်။ ထိုမြို့ရွာသားများသည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကို ကျူးလွန်လျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် သူတို့သည် အလွန်ယုတ်မာသည့်အမျိုးသားများ၊ ကာမဂုဏ်လိုက်စား ကျူးလွန်သည့်သူများပင် ဖြစ်ခဲ့ကြသည်။

    [75] ထို့ပြင် ၎င်းကို ငါအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ‌တော်အတွင် ဝင်‌ရောက်‌စေ‌တော်မူခဲ့သည်။ အမှန်ပင် ၎င်းသည် ‌ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်ခဲ့သည်။

    [76] ထို့ပြင် (တမန်‌တော်)နူးဟ်ကိုလည်း* (ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်)၊ ၎င်းသည် တစ်ခါက (တမန်‌တော်အိဗ်ရာဟီမ်နှင့် တမန်‌တော်လူသွ်တို့)မတိုင်မီ (ငါအရှင်မြတ်ကို)ဟစ်‌ခေါ်ပန်ကြားခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်သူအိမ်သားများကို ကြီးကျယ်‌သော ပူပင်‌သောကဖြစ်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။

    [77] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ငါအရှင်မြတ်၏သက်‌သေ လက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောအမျိုးသားများမှ ကာကွယ်‌စောင့်‌ရှောက်‌တော်မူခဲ့သည်။ အမှန်စင်စစ် သူတို့သည် အလွန်ဆိုးဝါး‌သောအမျိုးသားများပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်‌စေ‌တော်မူခဲ့သည်။

    [78] ထို့ပြင် (တမန်‌တော်)ဒါဝူဒ်နှင့် (တမန်‌တော်)စုလိုင်မာန်ကိုလည်း (ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်)။ တစ်ခါက ၎င်းတို့နှစ်ပါးသည် လယ်ယာနှင့်ပတ်သက်၍ ဆုုံးဖြတ်ကြသည်။ တစ်ခါက အမျိုးသားများ၏ဆိတ်များသည် ထိုလယ်ယာတွင် ညအချိန် ဝင်‌ရောက်(ဖျက်ဆီး)ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏စီရင်ဆုံးဖြတ်မှုကို ရှုမြင်‌တော်မူခဲ့သည်။

    [79] ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)စုလိုင်မာန်အား ထိုအမှု(၏အဆုံးအဖြတ်)ကို သိနားလည်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်နှင့်အတူ ‌တောင်များကို လိုက်နာ‌စေ‌တော်မူခဲ့သည့်အတွက် ထို‌တောင်များသည် ငါအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် ငှက်များကိုလည်း (လိုက်နာ‌စေခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် (ထိုကဲ့သို့)ပြုလုပ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [80] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား အသင်တို့အကျိုးအတွက် သံချပ်ကာအကျင်္ီပြုလုပ်‌သော အတတ်ပညာကို သင်‌ပေး‌တော်မူခဲ့သည်။ ထိုသံချပ်ကာအကျင်္ီသည် အသင်တို့အား အသင်တို့ စစ်တိုက်ရာတွင် ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌ကျေးဇူးသိတတ်သူများဖြစ်ကြ‌လော။

    [81] ထို့ပြင် (ငါအရှင်မြတ်သည် တမန်‌တော်)စုလိုင်မာန်ကို တိုက်ခတ်သည့်‌လေပြင်းကို နိုင်နင်း‌စေ‌တော်မူခဲ့သည်။* ထို‌လေသည် ၎င်း၏အမိန့်ဖြင့် ငါအရှင်မြတ်က မဂင်္လာနှင့်ပြည်စုံ‌အောင် ပြုလုပ်ထားသည့်နယ်‌မြေကို တိုက်ခတ်သွားသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [82] ထို့ပြင် ရှိုင်သွာန်များထဲတွင် အကြင်ရှိုင်သွာန်များလည်းရှိခဲ့ကြသည်။ ထိုသူများသည် ၎င်း(တမန်‌တော်စုလိုင်မာန်)၏အကျိုးအတွက် (ပင်လယ်ထဲတွင်)‌ရေငုပ်ခြင်းနှင့် အခြားကိစ္စ‌ဆောင်ရွက်ခြင်းကို ပြုလုပ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်ပင် သူတို့ကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [83] ထို့ပြင် (တမန်‌တော်)အိုင်ယူဗ်(အ‌ကြောင်းကိုလည်း ထုတ်‌ဖော်‌ပြောကြားပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ဟစ်‌ခေါ်ပန်ကြားခဲ့သည်- “အရှင်မြတ်သည် သနားသည့်သူများထဲတွင် အသနားဆုံးအရှင်ဖြစ်‌နေ‌တော်မူပါလျက် အမှန်စင်စစ် ကျွန်ုပ်တွင် ဒုက္ခခံစား(‌နေ)ရပါသည်။ (သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား သနား‌တော်မူပါ)“

    [84] ငါအရှင်မြတ်သည် ၎င်း၏ အသနားခံပန်ကြားချက်ကို လက်ခံသ‌ဘောတူ‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ၎င်းတွင် သက်‌ရောက်ခဲ့‌သောဒုက္ခကို ‌ပျောက်ကင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏(‌ပျောက်ဆုံး‌နေသည့်)အိမ်‌ထောင်စု သားမယားများကို ‌ပေး‌တော်မူခဲ့သည့်အပြင် ထိုသူများနှင့်အတူ ထိုသူများကဲ့သို့ အလားတူကိုလည်း အရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်အဖြစ်နှင့် ဝတ်ပြုကိုးကွယ်သူများအတွက် သတိရ‌စေ‌သော အထိမ်းအမှတ်အဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။

    [85] ထို့ပြင် (တမန်‌တော်)အစ္စမာအီလ်၊ အိဒ်ရီစ်၊ ဇွလ်ကိဖွ်လ်(တို့၏အ‌ကြောင်း)ကိုလည်း (ထုတ်‌ဖော်‌ပြောကြားလိုက်ပါ။ ၎င်းတို့)တစ်ဦးစီသည် သည်းခံသူများထဲတွင် ပါဝင်ခဲ့ကြသည်။

    [86] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား အရှင်မြတ်၏ကရုဏာ‌တော်အတွင်းတွင် ပါဝင်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ‌ကောင်းမြတ်‌သောသူများထဲတွင် ပါဝင်ခဲ့ကြသည်။

    [87] ထို့ပြင် ဇွန်နူန်ငါးရှင်*(၏အ‌ကြောင်း)ကိုလည်း(‌ပြောကြားလိုက်ပါ)။ တစ်ခါက ထိုငါးရှင်(တမန်‌တော်ယူနွတ်စ်)သည် (၎င်း၏အမျိုးသားများအ‌ပေါ်တွင်)စိတ်ဆိုးပြီး (၎င်း၏မြို့ရွာမှ ထွက်ခွာ)သွားခဲ့သည်။* ထို့‌နောက် ၎င်းသည် ငါအရှင်မြတ်က ၎င်း၏အ‌ပေါ်တွင် လုံးဝ ကျဉ်းကျပ်‌စေတာ်မူမည် (အ‌ရေးသူ‌တော်မူမည်)မဟုတ်‌ပေဟု ထင်မြင်ခဲ့သည်။ ထို့‌နောက် ၎င်းသည် အ‌မှောင်များထဲတွင်* (ဤသို့)ဟစ်‌ခေါ်တသ အသနားခံခဲ့သည်- “အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပါ။ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည်ပင် အပြစ်ကျူးလွန်သူများထဲမှ ဖြစ်ပါသည်။“

    [88] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသ‌ဘောတူ‌တော်မူပြီး ၎င်းကို ပူပင်‌သောက‌ရောက်ခြင်းမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ယုံကြည်သူများကို ကယ်တင်‌လေ့‌တော်မူသည်။

    [89] ထို့ပြင် (တမန်‌တော်)ဇကရိယာ(၏အ‌ကြောင်း)ကိုလည်း (‌ပြောကြားလိုက်ပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား (ဤသို့)ဟစ်‌ခေါ်တသ ပန်ကြားခဲ့သည် - “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်ကို(သားသမီးမရှိဘဲ)တစ်ဦးတည်း စွန့်ထား‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး (အမြဲကျန်ရှိ‌နေမည့်)အ‌မွေစားအ‌မွေခံ ဖြစ်‌တော်မူပါသည်။“

    [90] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်း(၏ပန်ကြားချက်)ကို လက်ခံသ‌ဘောတူ‌တော်မူပြီး ၎င်းအား(သား‌တော်)ယဟ်ယာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ဇနီးကြင်ရာ(၏ ကိုယ်ဝန်မ‌ဆောင်နိုင်ခြင်း)ကို ‌နေသားတကျဖြစ်‌အောင် ပြုပြင်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ၎င်းတို့သည် ‌ကောင်းမှုများကို ‌ဆောလျင်စွာပြုလုပ်တတ်သူများဖြစ်ခဲ့ကြပြီး ၎င်းတို့သည် ငါအရှင်မြတ်အား လိုလားစွာနှင့် ‌ကြောက်ရွံ့စွာ ဟစ်‌ခေါ်တသ‌လေ့ရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့(၏စိတ်နှလုံးများ)သည် ငါအရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ရိုကျိုးကိုင်းညွှတ်လျက်ရှိခဲ့ကြသည်။

    [91] ထို့ပြင် (အကြင်အမျိုးသမီးအ‌ကြောင်းကိုလည်း ‌ပြောပြလိုက်ပါ)။ ၎င်း(အမျိုးသမီး)သည် သူမ၏ဂုဏ်အသ‌ရေကို ထိန်းသိမ်းခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူမတွင် ငါအရှင်မြတ်ထံ‌တော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမနှင့်သူမ၏သား‌တော်ကို ကမာ္ဘသူကမာ္ဘသားများအတွက် သက်‌သေလက္ခဏာ ပြုလုပ်‌တော်မူခဲ့သည်။

    [92] အမှန်စင်စစ် ဤသည် အသင်တို့၏တစ်ခုတည်း‌သော သာသနာအုပ်စုဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။

    [93] ထို့ပြင် လူများသည် သူတို့အချင်းချင်းပင် သူတို့၏(သာသနာ့)အ‌ရေးကိစ္စကို အပိုင်းပိုင်းပြုလုပ်ခဲ့ကြသည်။ (စင်စစ်)အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လာကြရမည့်သူများ ဖြစ်ကြသည်။

    [94] သို့ဖြစ်ရာ မည်သူမဆို အီမာန်ယုံကြည်သူဖြစ်လျက် ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သူဖြစ်မည်ဆိုလျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ဖယ်ရှားခံရမည် မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအားထုတ်မှုကို ‌ရေးသား‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [95] ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ဖျက်ဆီး‌တော်မူခဲ့လျှင် အမှန်စင်စစ် ထိုမြို့သူမြို့သားများသည် (ဤ‌လောကကို) သူတို့ပြန်လာရန် မဖြစ်နိုင်‌ပေ။

    [96] ‌နောက်ဆုံးတွင် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်*လူမျိုးများသည် ဖွင့်‌ပေးခြင်းခံရသည့်အခါ ကုန်းမြင့်တိုင်းမှ သူတို့သည် အမြန်(ဆင်း)လာလျက်ရှိကြမည်။

    [97] ထို့ပြင် မှန်ကန်စွာ ချိန်းဆိုထားသည့်အချိန်(ကိယာမသ်‌နေ့)သည် နီးကပ်လာခဲ့‌ပေပြီ။ ထိုအခါ ချက်ချင်းပင် ကာဖိရ်များ၏မျက်လုံးများသည် ပြူးကျယ်‌နေကြလိမ့်မည်။ “‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤ‌နေ့ကို ‌မေ့ပြီး‌နေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အပြစ်ကျူးလွန်သူများဖြစ်ခဲ့ကြသည်“ဟု ညည်းညူ‌ပြောဆိုကြမည်။

    [98] အမှန်စင်စစ် အသင်တို့နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် ဂျဟန္နမ်ငရဲဘုံ၏‌လောင်စာများပင် ဖြစ်ကြသည်။ အသင်တို့အားလုံးသည် ထိုငရဲဘုံထဲသို့ ဆိုက်‌ရောက်ရမည့်သူများပင် ဖြစ်ကြသည်။

    [99] အကယ်၍ ဤ(ကိုးကွယ်ရာများ)သည် ကိုးကွယ်ထိုက်သည့်အရှင်များဖြစ်ကြလျှင် ထိုငရဲဘုံထဲသို့ ဆိုက်‌ရောက်ကြမည် မဟုတ်‌ပေ။ ထို့ပြင် (ယခုမူ) သူတို့အားလုံးသည် ထိုငရဲဘုံထဲတွင် အမြဲ‌နေထိုင်ကြရမည့်သူများ ဖြစ်ကြပြီဖြစ်သည်။

    [100] သူတို့အတွက် ထိုငရဲဘုံထဲတွင် ဆူညံညည်းညူခြင်းပင်ရှိမည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံထဲတွင် (မည်သည့်စကားမှ)ကြားကြမည် မဟုတ်‌ပေ။

    [101] အမှန်စင်စစ် အကြင်သူများသည် ယခင်ကတည်းက ငါအရှင်မြတ်ထံ‌တော်မှ သူတို့အတွက် ‌ကောင်းကျိုး သတ်မှတ်ပြီးဖြစ်သည်။ ထိုသူများသည် ငရဲဘုံမှ ‌ဝေး‌စေခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။

    [102] သူတို့သည် ထိုငရဲဘုံ၏(မီးမြှိုက်သည့်)အသံသဲ့သဲ့ပင် ကြားရမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် သူတို့ကြိုက်နှစ်သက်‌သော စည်းစိမ်များထဲတွင် အမြဲစံစား‌နေကြရမည့်သူများဖြစ်သည်။

    [103] (‌ကောင်းမြတ်‌သော)သူတို့အား ထိုအကြီးဆုံး ထိတ်လန့်ဖွယ်(ဖြစ်‌သော ကိယာမသ်‌နေ့)သည် စိတ်ဒုက္ခ‌ရောက်‌စေမည် မဟုတ်‌ပေ။ ထို့ပြင် ‌ကောင်းကင်တမန်များက သူတို့အား “ဤ‌နေ့သည် အသင်တို့နှင့် ချိန်းဆိုထားသည့်‌နေ့ပင် ဖြစ်သည်“ဟု‌ပြောပြီး ကြိုဆိုဧည့်ခံကြမည်ဖြစ်သည်။

    [104] ထို‌နေ့တွင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်အား ‌ရေးသားထား‌သော မှတ်တမ်းစာရွက်ကို လိပ်သကဲ့သို့ ‌ခေါက်လိပ်‌တော်မူမည်။* ငါအရှင်မြတ်သည် အရာအားလုံးတိုု့အား ပထမအကြိမ် စတင်ဖန်ဆင်း‌တော်မူသကဲ့သို့ပင် ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ်ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အ‌ပေါ်တွင် ကတိပြုထားမှုဖြစ်သည့်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြု‌တော်မူထားသည့်အတိုင်း) ပြုလုပ်‌တော်မူမည့်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [105] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် ‌လောင်ဟိမဟ်ဖူဇွ် သင်ပုန်း(တွင် ‌ရေးသား‌တော်မူပြီး)‌နောက်တွင် ‌ကောင်းကင်ကျကျမ်းများတွင်လည်း အမှန်စင်စစ် ‌မြေပထဝီကို ငါအရှင်မြတ်၏‌ကောင်းမြတ်‌သော ကျွန်များပင် အ‌မွေဆက်ခံကြမည်ဟု ‌ရေးသား‌တော်မူခဲ့ပြီးဖြစ်သည်။

    [106] အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်း‌တော်)တွင် ခဝပ်ကိုးကွယ်သူများအတွက် မုချ ပို့ချချက်ရှိသည်။

    [107] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား စကြဝဠာအားလုံးအတွက် ကရုဏာ‌တော်အဖြစ်နှင့်သာ ‌စေလွှတ်‌တော်မူခဲ့ခြင်းဖြစ်သည်။

    [108] (အို- တမန်‌တော်)အသင် ‌ပြောကြားလိုက်ပါ- “တစ်ပါးတည်းဖြစ်‌သော ကိုးကွယ်ထိုက်သည့်အရှင်ပင် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင် ဖြစ်‌တော်မူ‌ကြောင်း ငါ၏ထံသို့ ဝဟီအမိန့်‌တော် ‌ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ရာ အသင်တို့သည် (အမိန့်နာခံသူ)မွတ်စ်လင်မ်များ ဖြစ်ကြပြီ‌လော။“

    [109] ထို့‌နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “ငါသည် အသင်တို့အား ရှင်းလင်းစွာ အသိ‌ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော ကိစ္စသည် နီးသည် ‌ဝေးသည်ကို ငါမသိ‌ပေ။“

    [110] အမှန်စင်စစ် အရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာ‌ပြောသည်ကိုလည်း သိ‌တော်မူသည်။ ထို့ပြင် အသင်တို့ လျှို့ဝှက်ထားကြသည်ကိုလည်း သိ‌တော်မူသည်။

    [111] ထို့ပြင် ထိုချိန်းဆိုမှု(ကို ဆိုင်းငံ့ထားခြင်း)သည် အသင်တို့အား စမ်းသပ်ရန်အတွက်နှင့် သတ်မှတ်ထားသည့်အချိန်ကာလအထိ အကျိုးခံစားခွင့်‌ပေးထားခြင်း ဖြစ်‌ကောင်းဖြစ်လိမ့်မည်။ ငါသည် အတိအကျ မသိ‌ပေ။

    [112] ၎င်း(တမန်‌တော်မြတ်)က ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌ပေး‌တော်မူပါ၊* ထို့ပြင် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၊ အသင်တို့ ထုတ်‌ဖော်‌ပြောဆိုကြ‌သော အ‌ကြောင်းအရာနှင့်ပတ်သက်၍ အကူအညီ‌တောင်းသည်ကို ခံရ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 22
    ဟဂ်ျပြုခြင်း

    [1] အို- လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် ကိယာမသ်၏‌မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ‌ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။

    [2] ထို‌မြေငလျင်လှုပ်သည်ကို အသင်တို့ ‌တွေ့မြင်ကြသည့်‌နေ့တွင် နို့တိုက်‌နေ‌သောမိခင်တိုင်းသည် မိမိနို့တိုက်‌နေ‌သောက‌လေးအား ‌မေ့‌လျော့သွားမည်။ ထို့ပြင် ကိုယ်ဝန်သည်တိုင်းတွင်ရှိ‌သော သ‌န္ဓေသားသည် ‌လျှောကျသွားမည်။ ထို့ပြင် အသင်သည် လူများအား သူတို့သည် မူးယစ်‌တွေ‌ဝေ‌နေသူများ မဟုတ်ဘဲလျက် ‌ငေးငိုင်‌တွေ‌ဝေ‌နေသည့်သူများအဖြစ် ‌တွေ့မြင်ရမည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည် ပြင်းထန်လှ(သည့်အတွက်‌ကြောင့်ဖြစ်)သည်။

    [3] ထို့ပြင် လူများထဲတွင် အသိပညာမရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်သည့်သူများလည်း ရှိသည်။* ထို့ပြင် ထိုသူသည် ဆိုးသွမ်း‌သော ရှိုင်သွာန်တိုင်း၏‌နောက်လိုက် ပြုလုပ်သည်။

    [4] ထိုရှိုင်သွာန်နှင့်ပတ်သက်၍ ဆုံးဖြတ်ထားသည်ကမူ မည်သူမဆို သူ့အား မိတ်‌ဆွေပြုလုပ်ခဲ့လျှင် အမှန်စင်စစ် သူသည် ထို(မိတ်‌ဆွေပြုလုပ်)သူအား လမ်းမှား‌စေမည်၊ ထို့ပြင် ထိုသူအား မီး‌တောက်မီးလျှံ၏ ပြစ်ဒဏ်ထံသို့ လမ်းညွှန်ပို့‌ဆောင်မည်(ဟု ရှိုင်သွာန်ကိုယ်တိုင်ကလည်း ‌ကြေညာထားသည်)။

    [5] အို- လူသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ရှင်ပြန်ထခြင်းနှင့်ပတ်သက်၍ သံသယဖြစ်‌နေကြလျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ရှင်းလင်းထင်ရှားစွာ ပြသရန်အတွက် အသင်တို့အား ‌မြေကြီးမှ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုက်ရည်ဖြင့်၊ ထို့‌နောက် ‌သွေးခဲဖြင့် ထို့‌နောက်(လူ၏)ပုံစံ‌ပေါ်ပြီးသည့် ဝါးဖတ်ကဲ့သို့အသားတုံးဖြင့် (လူ၏)ပုံစံမ‌ပေါ်‌သေး‌သော ဝါးဖတ်ကဲ့သို့အသားတုံးမှ (အဆင့်ဆင့်)ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သားအိမ်များတွင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာ(သ‌န္ဓေသား)ကို သတ်မှတ်ထားသည့်အချိန်အထိ တည်‌စေ‌တော်မူပြီး‌နောက် အသင်တို့ကို က‌လေးငယ်အဖြစ် ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် အသင်တို့၏ လူလား‌မြောက်သည့်အရွယ်သို့ ‌ရောက်ရှိရန်အတွက် ဖြစ်သည်။ ထို့ပြင် အသင်တို့ထဲတွင် (အရွယ်မ‌ရောက်မီ)‌သေသွားသူလည်းရှိသည်။ ထို့ပြင် အသင်တို့ထဲတွင် ဆုတ်ယုတ်ညံ့ဖျင်းဆုံး (သူငယ်ပြန်သည့်)အရွယ်သို့ ပြန်‌ရောက်ရသူလည်းရှိသည်။ သို့ဖြစ်ရာ သူသည် သိပြီး‌နောက် မည်သည့်အရာမျှ မသိဖြစ်ရသည်။ ထို့ပြင် အသင်သည် ‌မြေပထဝီကို ‌ခြောက်‌သွေ့‌နေလျက် ‌တွေ့မြင်ရသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထို‌မြေပထဝီ‌ပေါ်တွင် (မိုး)‌ရေကို ကျ‌ရောက်‌စေသည့်အခါ ထို‌မြေမှ(အပင်များ)‌ပေါက်‌ရောက်လှုပ်ရှားလာသည်။ ထို့ပြင် တိုးတက်မြင့်မားလာသည်။ ထို့ပြင် နှစ်သက်ဖွယ်ရာ (အပင်)အမျိုးမျိုးကို ‌ပေါက်‌ရောက်‌စေသည်။

    [6] ထိုအရာသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် တည်ရှိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်၊ ထို့ပြင် အမှန်ပင် အရှင်မြတ်သည် ‌သေသူများကို ရှင်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည့်အတွက်နှင့် အမှန်ပင် အရှင်မြတ်သည် အရားအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်‌ကြောင့်ဖြစ်သည်။

    [7] ထို့ပြင် အမှန်စင်စစ် ကိယာမသ်သည်လည်း (မုချ)ဆိုက်‌ရောက်မည် ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ လုံးဝမရှိ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သချင်္ီုင်းထဲတွင်ရှိသည့်သူများကို အမှန်ပင် ရှင်ပြန်ထ‌စေမည်ဖြစ်သည်။

    [8] ထို့ပြင် လူသားများထဲတွင် အသိပညာလည်းမရှိသည်သာမက လမ်းညွှန်လည်းမရှိသည့်အပြင် လင်းဝင်းသည့်ကျမ်းဂန်လည်း မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုတတ်သည့်သူလည်းရှိသည်။

    [9] (မာန‌ထောင်ပြီး)မိမိလည်ပင်းကို မိမိလိမ်ပြီး(သူများကိုလည်း) အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှား‌စေရန်ပြုလုပ်သူသည် ဤဘဝတွင်လည်း အကျိုးယုတ်အရှက်ရ‌စေမည်ဖြစ်သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူ့အား ‌တောက်‌လောင်‌နေ‌သော (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။

    [10] ထိုအရာသည် အသင်၏လက်နှစ်ဖက်က တင်ပို့ခဲ့သည့် (အသင်ကျူးလွန်ခဲ့‌သောအပြစ်များ)‌ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို နှိပ်စက်‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [11] ထို့ပြင် လူများထဲတွင် အစွန်အဖျား၌(ရပ်ပြီး) အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်သူလည်းရှိသည်။ ထို့ပြင် အကယ်၍ သူ့တွင် အကျိုးတစ်စုံတစ်ခု သက်‌ရောက်ခဲ့လျှင် သူသည် ထိုအ‌ခြေအ‌နေကို ‌ကျေနပ်သည်။ ထို့ပြင် အကယ်၍ ထိုသူတွင် စမ်းသပ်မှုတစ်စုံတစ်ခု သက်‌ရောက်ခဲ့လျှင် သူသည် သူ၏မျက်နှာကို လှည့်ပြီးပြန်သွားခဲ့သည်။ သူသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း လက်လွတ်ဆုံးရှုံးခဲ့သည်။ ထိုအရာသည် ထင်ရှားသည့် ပျက်စီးဆုံးရှုံးမှုပင်ဖြစ်သည်။

    [12] ထိုသူသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး သူ့အား ဆိုးကျိုးလည်းမပြုနိုင် ‌ကောင်းကျိုးလည်းမပြုနိုင်သည့်အရာကို ဟစ်‌ခေါ်‌နေသည်။ ၎င်းသည် အလွန်‌ဝေးလံ‌သော လမ်းမှားခြင်းပင်ဖြစ်သည်။

    [13] ထိုသူသည် အကြင်အရာကို အမှန်ပင် ဟစ်‌ခေါ်ကိုးကွယ်‌နေသည်။ ထိုအရာ၏ဆိုးကျိုးသည် ‌ကောင်းကျိုးထက် ပိုနီး‌နေသည်။ ထို့ပြင် (သူဟစ်‌ခေါ်ကိုးကွယ်သည့်အရာများသည်) အမှန်ပင် အဘယ်မျှ ဆိုးဝါးလှ‌သော ကြည့်ရှု‌စောင့်‌ရှောက်သူနှင့် အမှန်ပင် အဘယ်မျှ ဆိုးဝါးလှ‌သော မိတ်‌ဆွေဖြစ်လိုက်သနည်း။

    [14] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအား အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေကြမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ရည်ရွယ်‌တော်မူ‌သော ကိစ္စကို ပြုလုပ်‌တော်မူသည်။

    [15] မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို ဤဘဝနှင့်တမလွန်ဘဝတတွင် ကူညီမည့်သူ မဟုတ်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် ကြိုးတစ်‌ချောင်းဖြင့် မိမိလည်ပင်းအား ချည်ပြီး (အိမ်)‌ခေါင်မိုးအထိ ဆွဲငင်ဆန့်တန်းကာ (မိမိလည်မျိုကို) ညှစ်သတ်ရမည်။ (ကြိုးဆွဲချ ‌သေလိုက်ရမည်)။ ထို့‌နောက် မိမိအကြံအစည်သည် ‌ဒေါသထွက်သည့်ကိစ္စကို ‌ပျောက်ကွယ်သွား‌စေသ‌လောဟု စဉ်းစားကြည့်ရမည်။

    [16] pg

    [17] pg

    [18] အမှန်စင်စစ် မိုး‌ကောင်းကင်များတွင် ရှိသူဟူသမျှ၊ ‌မြေပထဝီတွင် ရှိသူဟူသမျှ၊ ‌နေ၊ လ၊ နက္ခတ်တာရာများ၊ ‌တောင်များ၊ သစ်ပင်များ၊ တိရစာ္ဆန်များနှင့် လူအ‌မြောက်အမြားသည် အလ္လာဟ်အရှင်မြတ်ကိုသာ စဂ်ျဒဟ်ဦးချကြသည်ကို အသင် မသိမြင်‌လေသ‌လော။ ထို့ပြင် (လူများထဲမှ) အ‌မြောက်အမြားသည် သူတို့အ‌ပေါ်တွင် ပြစ်ဒဏ်သည် အတည်ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်က ‌သေးသိမ်‌အောင်လုပ်‌တော်မူလျှင် ထိုသူ့အား ဂုဏ်‌ပေးမည့်သူ မည်သူမျှရှိမည် မဟုတ်‌တော့‌ပေ။ (ဂုဏ်‌ပေးလျှင်လည်း ဂုဏ်တက်မည်မဟုတ်‌တော့‌ပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိ‌တော်မူသည်ကို ပြုလုပ်‌တော်မူသည်။

    [19] ဤအုပ်စုနှစ်စုသည် မိမိတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြ‌သော အုပ်စုနှစ်စုပင်ဖြစ်သည်။* ထို့‌နောက် ငြင်းပယ်သူများအတွက် မီးအဝတ်အထည်များသည် ကိုက်ညှပ်(၍ချုပ်)ခံရမည် ဖြစ်သည်။ သူတို့၏ဦး‌ခေါင်းများအ‌ပေါ်မှ ဆူပွက်‌နေသည့် ‌ရေ‌နွေးကို သွန်း‌လောင်းခြင်းခံကြရမည်။

    [20] ထို‌ရေ‌ကြောင့် သူတို့၏ဝမ်းဗိုက်ထဲမှအရာ(အူ၊ အသည်း၊ နှလုံး)စသည်များနှင့် အသားအ‌ရေများသည် အရည်‌ပျော်သွားကြလိမ့်မည်။

    [21] ထို့ပြင် သူတို့အတွက် သံတုတ်များလည်းရှိလိမ့်မည်။

    [22] သူတို့သည် ဒုက္ခဆင်းရဲမှု‌ကြောင့် ထို(ငရဲဘုံ)ထဲမှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ၎င်းထဲသို့ပင် ပြန်တွန်းပို့ခြင်းကို ခံကြရမည်ဖြစ်သည်။ ထို့ပြင် (‌ကောင်းကင်တမန်များက သူတို့အား ‌ပြောဆိုကြမည်)- (ယခုမူ) အသင်တို့သည် ‌လောင်ကျွမ်းသည့် မီး၏ပြစ်ဒဏ်ကို မြည်းစမ်း‌နေကြပါ။

    [23] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများအား အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေမည်။ ထိုသူများသည် ၎င်းဥယျာဉ်များတွင် ‌ရွှေလက်‌ကောက်(လက်ပတ်)များနှင့်၊ ပုလဲများဖြင့် တန်ဆာဆင်ယင်‌ပေးခြင်းကို ခံကြရမည်။ ထို့ပြင် ၎င်းဥယျာဉ်များတွင် သူတို့၏အဝတ်အစားများသည် ပိုးထည်များဖြစ်မည်။

    [24] ထို့ပြင် သူတို့သည် စင်ကြယ်သန့်ရှင်သည့်စကား (ကလိမဟ်သွိုင်ယိဗဟ်)ဘက်သို့လည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရသည်။ ထို့ပြင် ချီးမွမ်းခြင်းခံထိုက်‌သောမူ‌သော အရှင်မြတ်၏လမ်း‌တော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရသည်။

    [25] အမှန်စင်စစ် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် (သူများကိုလည်း)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်နှင့် အကြင်ထွတ်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်မှ* ပိတ်ပင်တားဆီးခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုဗလီဝတ်‌ကျောင်း‌တော်အား ၎င်းတွင် အမြဲ‌နေထိုင်သူနှင့်၊ အပြင်မှ (‌ခေတ္တ)လာ‌ရောက်သူဟု (မခွဲခြားဘဲ) လူသားများအတွက် အညီအမျှ (အခွင့်အ‌ရေးရရှိ‌သော‌နေရာ)အဖြစ် သတ်မှတ်‌တော်မူခဲ့သည်။* ထို့ပြင် မည်သူမဆို ထိုဗလီဝတ်‌ကျောင်း‌တော်တွင် ‌ကောက်‌ကွေ့‌သောလမ်း(သာသနာမဲလုပ်ရပ်)ကို မတရားမှုနှင့်တကွ ကြံရွယ်လျှင် ငါအရှင်မြတ်သည် ထိုသူ့အား နာကျင်‌စေသည့်ပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။

    [26] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်အား (ထွတ်မြတ်သည့်)အိမ်‌တော်၏‌နေရာကို ညွှန်ပြ‌နေရာချ‌ပေး‌တော်မူခဲ့သည်။ (ထို့ပြင် အရှင်မြတ်က ၎င်းအား အမိန့်ရှိ‌တော်မူခဲ့သည်) အသင်သည် ငါအရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ခြင်း မပြုလုပ်နှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အိမ်‌တော်အား သွဝါးဖ်ပြုလုပ်သူများ၊ ကိယာမ်ရပ်သူများ၊ ရုကူအ်ကိုင်းညွှတ်သူများနှင့် စဂ်ျဒဟ်ဦးချသူများအတွက် သန့်ရှင်းစင်ကြယ်‌အောင် ပြုလုပ်ထားပါ။

    [27] ထို့ပြင် အသင်သည် လူများအား(ထိုအိမ်‌တော်သို့ လာ‌ရောက်ဖူး‌မြော်)ဟဂျ်ပြုလုပ်ရန်‌ကြေညာ(ဖိတ်‌ခေါ်)လိုက်ပါ။ (ထိုအခါ)လူများသည် အလွန်‌ဝေးလံ‌သော ခရီးလမ်းတိုင်းမှ ‌ခြေလျင်နှင့် ပိန်လှီသည့်ကုလားအုတ်များကို စီးနင်းပြီး အသင့်ထံသို့ လာ‌ရောက်ကြလိမ့်မည်။

    [28] သူတို့အတွက် အကျိုး‌ကျေးဇူးဖြစ်ထွန်းမည့်‌နေရာများကို ကြည့်ရှု(ရှာ‌ဖွေ)ကြရန်အတွက်၊* ထို့ပြင် အရှင်မြတ်က သူတို့အား ‌ပေးထား‌သော ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များအ‌ပေါ်* သတ်မှတ်ထားသည့်‌နေ့ရက်များတွင်* အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသ(၍ ဇဗဟ်ပြုလုပ်)ကြရန်အတွက်ဖြစ်သည်။ ထို့‌နောက် ထိုတိရစာ္ဆန်များထဲမှ အသင်တို့ကိုယ်တိုင်လည်းစားသုံးကြပါ၊ ထို့ပြင် ဆင်းရဲသား ဒုက္ခ‌ရောက်သူများကိုလည်း ‌ကျွေး‌မွေးကြပါ။

    [29] ထို့‌နောက် သူတို့သည် သူတို့၏အညစ်အ‌ကြေးများကို (သုတ်သင်)ဖယ်ရှားကြရမည်။* ထို့ပြင် သူတို့၏အဓိဋ္ဌာန်(တာဝန်)များကို ပြီးဆုံး‌အောင် ‌ဆောင်ရွက်ကြရမည်။ ထို့ပြင် ‌ရှေး‌ဟောင်းအိမ်‌တော်* (ကအ်ဗဟ်‌ကျောင်း‌တော်)အား သွဝါးဖ်လှည့်ကြရမည် ဖြစ်သည်။

    [30] ဤအချက်များအား (သတိထားကြပါ)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ ‌လေးစားရမည့် အမိန့်ပညတ်‌တော်များကို* ‌လေးစားလျှင် ထိုသူ့အတွက် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် အ‌ကောင်းဆုံးပင်ဖြစ်သည်။ ထို့ပြင် အသင်တို့အ‌ပေါ်တွင် ဖတ်ကြားပြသပြီး‌သော တိရစာ္ဆန်များမှလွဲ၍* ကျန်‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကို အသင်တို့တွက် ဟလာလ် ခွင့်ပြုပြီးဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အညစ်အ‌ကြေးဖြစ်‌သော ရုပ်တုများ(ကို တုဖက်ကိုးကွယ်ခြင်း)မှ ‌ရှောင်ကြဉ်ကြပါ။ ထို့ပြင် အသင်တို့သည် မုသားလိမ်လည် ‌ပြောဆိုခြင်းမှလည်း ‌ရှောင်ကြဉ်ကြပါ။

    [31] အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ကြလျက် အရှင်မြတ်နှင့် မည်သည့်အရာကိုမှ တွဲဖက်ကိုးကွယ်သူများ မဖြစ်ကြဘဲ(ရှိရမည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် မိုး‌ကောင်းကင်မှ ကျလာသကဲ့သို့ဖြစ်ပြီး သူ့အား (အ‌သေသားစားသည့်)ငှက်များက သုတ်ယူလိုက်မည်ဖြစ်သည်။ သို့မဟုတ် ‌လေက သူ့အား ‌ဝေးလံသည့်‌နေရာတွင် ပစ်ချလိုက်မည်ပင်ဖြစ်သည်။

    [32] ဤသည်(အမိန့်‌တော်ပင်ဖြစ်သည်)၊ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များကို* ‌လေးစားလျှင် အမှန်စင်စစ် ထို‌လေးစားမှုသည် စိတ်နှလုံးများက ‌လေးစားလိုက်နာမှုပင် ဖြစ်သည်။

    [33] အသင်တို့အတွက် သတ်မှတ်ထား‌သောအချိန်အထိ ထိုအထိမ်းအမှတ်(သား‌ကောင်များ)ကို အကျိုးခံစားခွင့်ရှိသည်။ ထို့‌နောက် ထိုသား‌ကောင်များ(ကို လှီးဖြတ်ရာ)‌နေရာသည် ‌ရှေး‌ဟောင်းအိမ်‌တော်(ကအ်ဗဟ်‌ကျောင်း‌တော်)၏အနီး၌ပင် ဖြစ်သည်။

    [34] ထို့ပြင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် အရှင်မြတ်က သူတို့အား ‌ပေး‌တော်မူခဲ့သည့် ‌ခြေ‌လေး‌ချောင်း တိရစာ္ဆန်များအ‌ပေါ်တွင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသကြရန်အတွက် ကုရ်ဗာနီပြုလုပ်ရာ‌နေရာကို သတ်မှတ်‌တော်မူခဲ့သည်။* ထို့ပြင် အသင်တို့၏ ကိုးကွယ်ထိုက်‌သောအရှင်သည် တစ်ပါးတည်းဖြစ်‌သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာကြပါ။ ထို့ပြင် အသင်သည် ကျိုးနွံသည့်သူများကို ဝမ်းသာဖွယ်ရာ သတင်း‌ကောင်း‌ပြောလိုက်ပါ။

    [35] ထို(ကျိုးနွံသည့်)သူများကို (သူတို့‌ရှေ့၌) အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ‌ပြောဆိုခဲ့လျှင် သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထို့ပြင် (အသင်သည်) သူတို့အ‌ပေါ်တွင် ကျ‌ရောက်သမျှဒုက္ခကို သည်းခံသူများနှင့် စွလာသ်စွဲမြဲစွာ တည်‌ဆောက်သူများအပြင် ငါအရှင်မြတ်က သူတို့အား ‌ပေးထား‌သောပစ္စည်းများထဲမှ လှူဒါန်းသုံးစွဲသူများအား (သတင်း‌ကောင်း‌ပြောလိုက်ပါ)။

    [36] ထို့ပြင် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များထဲမှ အထိမ်းအမှတ်တစ်ခုပြုလုပ်‌တော်မူခဲ့သည်။ အသင်တို့အတွက် ထို(ကုရ်ဗာနီကုလားအုတ်များ)တွင် ‌ကောင်းကျိုးရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုရ်ဗာနီကုလားအုတ်များကို စီတန်းရပ်‌စေကြပြီး အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသလျက် (ကုရ်ဗာနီ)ပြုလုပ်ကြပါ။* ထို့‌နောက် သူတို့သည် ‌ဘေး‌စောင်းလဲကျသွား‌သောအခါ အသင်တို့သည် ၎င်းထဲမှ အသင်တို့ကိုယ်တိုင်လည်း စားကြပါ။ ထို့ပြင် (သိက္ခာ‌စောင့်ပြီး)‌ရောင့်ရဲတင်းတိမ်သူများကိုသာမက (သိက္ခာမ‌စောင့်ဘဲ ဖွင့်ဟ)‌တောင်းခံသူများကိုလည်း ‌ကျွေး‌မွေးကြပါ။ ဤသို့ပင် ငါအရှင်မြတ်သည် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန်အတွက် ထိုကုရ်ဗာနီကုလားအုတ်ကို အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။

    [37] အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ ထိုသား‌ကောင်များ၏ အသားများနှင့်‌သွေးများသည် လုံးဝ‌ရောက်သည် မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့၏သက္ကဝါ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်မှု ‌စေတနာသာ အရှင်မြတ်ထံ‌တော်သို့ ‌ရောက်သည်။* ဤသို့ပင် အသင်တို့သည် အသင်တို့အား လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည့်အ‌ပေါ် အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်‌တော်မူ‌ကြောင်း ရွတ်ဆိုချီးကျူးကြရန်အတွက် အရှင်မြတ်သည် ထိုသား‌ကောင်းများကို အသင်တို့၏လက်‌အောက်ခံများအဖြစ် ပြုလုပ်ထား‌တော်မူသည်။ ထို့ပြင် အသင်(တမန်‌တော်)သည် (‌စေတနာဖြူစင်စွာဖြင့်)‌ကောင်းကျိုးပြုလုပ်သည့်သူများကို သတင်း‌ကောင်း‌ပြောလိုက်ပါ။

    [38] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများဘက်မှ (အန္တရာယ်များကို) တွန်းလှန်ကာကွယ်‌ပေး‌တော်မူမည် ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့်ငြင်းပယ်သူ သစ္စာမဲ့သူကိုမှ နှစ်သက်‌တော်မမူ‌ပေ။

    [39] (ယခုမူ)တိုက်ခိုက်မှုခံ‌နေကြရသည့်သူ (မွတ်စ်လင်မ်)များသည် (ခုခံတိုက်ခိုက်)ခွင့် ရရှိပြီဖြစ်သည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အမှန်ပင် ကူညီနိုင်‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။

    [40] ထိုသူများသည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု ‌ပြောဆိုသည်မှလွဲ၍ (အခြား မည်သည့်အ‌ကြောင်းမှမရှိဘဲ) သူတို့၏‌နေအိမ်များမှ မတရားနှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား တစ်ဦးကို တစ်ဦးနှင့် ခုခံကာကွယ်‌တော်မူခြင်းမရှိခဲ့လျှင်၊ နတ်စ်ွရာနီဘုန်းကြီး‌ကျောင်းများ၊ နတ်စွ်ရာနီဝတ်‌ကျောင်း‌တော်များ၊ ယဟူဒီဝတ်‌ကျောင်း‌တော်များနှင့် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို များစွာ ရွတ်ဆို‌နေကြ‌သော မွတ်စ်လင်မ်များ၏ဗလီဝတ်‌ကျောင်း‌တော်များသည် ဖြိုဖျက်ခြင်းခံကြရမည် အမှန်ပင် ြ်ဖစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား ကူညီသည့်သူကို အမှန်ပင် ကူညီ‌တော်မူမည် ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုချ အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [41] အကြင်သူများသည် အကယ်၍ ငါအရှင်မြတ်သည် ထိုသူများအား ကမာ္ဘတွင် လွှမ်းမိုးအုပ်ချုပ်မှု ‌ပေး‌တော်မူခဲ့လျှင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြမည်။ ထို့ပြင် ဇကာသ်ကိုလည်း ‌ပေး‌ဆောင်ကြမည်။ ထို့ပြင် အ‌ရေးကိစ္စဟူသမျှ၏‌နောက်ဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။

    [42] ထို့ပြင် အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန်ဟု ငြင်းပယ်ကြလျှင်၊ အမှန်စင်စစ် သူတို့မတိုင်မီ (တမန်‌တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြပြီးဖြစ်သည်။

    [43] ထို့ပြင် (တမန်‌တော်)အိဗ်ရာဟီမ်၏အမျိုးသားများနှင့် (တမန်‌တော်)လူသွ်၏အမျိုသားများ၊

    [44] ထို့ပြင် မဒ်ယန်မြို့သားများသည်လည်း (ငြင်းပယ်ခဲ့ကြသည်)။ ထို့ပြင် (တမန်‌တော်)မူစာသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခံခဲ့ရသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ငြင်းပယ်သူများအား (ပြစ်ဒဏ်ခတ်ခြင်းမှ ‌ခေတ္တ) ဆိုင်းငံ့ထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ အပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။

    [45] ထို့‌နောက် မြို့ရွာအ‌မြောက်အမြားအား ထိုမြို့ရွာသားများသည် မတရားကျူးလွန်သူများဖြစ်‌နေသည့်အခါ ငါအရှင်မြတ်သည် ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုမြို့ရွာများတွင် (ရှိသည့် အ‌ဆောက်အအုံများသည် ပြိုကျ၍ နံရံများ)သည် ထိုအ‌ဆောက်အအုံများ၏‌ခေါင်မိုးများ‌ပေါ်သို့ ပြိုကျလျက်ရှိ‌နေခဲ့သည်။ ထို့ပြင် ပျက်စီး‌နေ‌သော ‌ရေတွင်းများစွာနှင့် မြင့်မား‌သောအ‌ဆောက်အအုံများသည် (ယခုထိ)ကျန်ရှိ‌နေ‌သေးသည်။

    [46] သို့ပါလျက် သူတို့သည် ‌မြေပထဝီတွင် လှည့်လည်သွားလာမှုကို မပြုခဲ့ကြသ‌လော။ ထိုသို့ပြုခဲ့ကြလျှင် သူတို့တွင် နားလည်နိုင်‌သော စိတ်နှလုံးများ၊ ကြားနိုင်သည့်နားများ ရှိလာလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် မျက်စိများသည် ကန်းသွားကြသည် မဟုတ်‌ပေ။ သို့ရာတွင် ရင်များထဲတွင်ရှိ‌သော စိတ်နှလုံးများပင် ကန်းသွားကြခြင်းဖြစ်သည်။

    [47] ထို့ပြင် သူတို့သည် အသင်(တမန်‌တော်)ထံတွင် ပြစ်ဒဏ်ကို ‌ဆောလျင်စွာ ‌တောင်းဆိုကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိကို ဖျက်‌တော်မူမည် မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ‌နေ့တစ်‌နေ့သည် အသင်တို့ ‌ရေတွက်ကြ‌သော နှစ်‌ပေါင်းတစ်‌ထောင်ကဲ့သို့ဖြစ်သည်။

    [48] ထို့ပြင် မြို့ရွာများ အ‌မြောက်အမြားရှိသည်။ ငါအရှင်မြတ်သည် ထိုမြို့ရွာသားများအား သူတို့သည် အပြစ်ကျူးလွန်သူများဖြစ်‌နေကြပါလျက် (ပြစ်ဒဏ်ခတ်ခြင်းကို)ဆိုင်းငံ့ထား‌တော်မူသည်။ ထို့‌နောက် (သူတို့သည် ကျူးလွန်မှုထဲတွင်သာ ဇွတ်‌ပေပြီး ဆက်တိုး‌နေ‌တော့သည့်အခါတွင်) ငါအရှင်မြတ်သည် ထိုမြို့ရွာသားများကို ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ ထို့ပြင် (သူတို့အားလုံးသည်) ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြမည်ဖြစ်သည်။

    [49] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အို- လူသားအ‌ပေါင်းတို့၊ ငါသည် အသင်တို့အတွက် ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးသာဖြစ်သည်။

    [50] ထို့‌နောက် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်‌သော စားနပ်ရိက္ခာရှိလိမ့်မည်။

    [51] ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များနှင့်ပတ်သက်၍ နိမ့်ကျ‌အောင်(မဟုတ်မမှန် ‌ပြောဆိုငြင်းပယ်ခြင်းဖြင့်)ကြိုးစားသည့်သူများကမူ ထိုသူများပင် ငရဲသားများဖြစ်ကြသည်။

    [52] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ ရစူလ်များနှင့် နဗီများကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုတမန်‌တော်များသည် (တစ်စုံတစ်ခု)ရွတ်ဖတ်သည့်အခါ ရှိုင်သွာန်သည် ထိုတမန်‌တော်၏ ရွတ်ဖတ်မှုနှင့်ပတ်သက်၍ (‌ရောဂါရှိသူများ၏စိတ်နှလုံးများထဲတွင်)သံသယကို ထည့်သွင်း‌လေ့ရှိခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ထည့်သွင်းသမျှ (သံသယများ)ကို ပ‌ပျောက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်‌တော်များကို တည်တံ့ခိုင်မြဲ‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [53] (ဤသို့ဖြစ်ရခြင်းမှာ) အရှင်မြတ်သည် ရှိုင်သွာန်ထည့်သွင်း‌သောအရာ(သံသယများ)ကို စိတ်နှလုံးတွင်‌ရောဂါရှိ‌သောသူများနှင့် စိတ်နှလုံး ခက်ထန်မာ‌ကျောသူများအတွက် စမ်းသပ်မှုပြု‌တော်မူရန် ဖြစ်သည်။ ထို့ပြင် အမှန်ပင် မတရားကျူးလွန်သူများသည် ‌ဝေးလံ‌သောကွဲပြားမှု၌ပင် (ငြင်းခုံလျက်)ရှိ‌နေကြသည်။

    [54] ထို့ပြင် (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ‌ပေး‌တော်မူခြင်းခံရသည့်သူများက ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်ဖြစ်‌ကြောင်း သိရှိကြရန်လည်း ဖြစ်သည်။ ထိုသို့သိရှိကြလျှင် သူတို့သည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို (ပို၍)ယုံကြည်လာကြမည် ဖြစ်သည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများသည်လည်း ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)၏‌ရှေ့၌ (ပိုပြီး)‌ပျော့‌ပျောင်း ယိမ်းညွတ်လာကြမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား ‌ဖြောင့်မတ်သည့်လမ်းကို ညွှန်ကြားပြသ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [55] ထို့ပြင် ငြင်းပယ်သူများသည် သူတို့အ‌ပေါ်တွင် ရုတ်တရက် ကိယာမသ်‌ရောက်လာသည်အထိ သို့မဟုတ် သူတို့ထံသို့ မဂင်္လာမရှိသည့်‌နေ့၏ပြစ်ဒဏ်‌ရောက်လာသည်အထိ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)နှင့်ပတ်သက်၍ သံသယ၌ပင် ရှိ‌နေကြဦးမည်ဖြစ်သည်။

    [56] ထို‌နေ့တွင် အုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိမည်။ အရှင်မြတ်သည် သူတို့ကြားတွင် စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့‌နောက် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ (ထိုသူများသည်) သုခချမ်းသာနှင့် ပြည့်စုံ‌သောဥယျာဉ်များတွင် ရှိကြလိမ့်မည်။

    [57] ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကိုလည်း မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် သူတို့အတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ရှိမည်။

    [58] ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် (သူတို့၏ အိုးအိမ်များကို စွန့်၍)‌ရွှေ့‌ပြောင်းခဲ့ကြရသည်။ ထို့ပြင် သူတို့သည် သတ်ဖြတ်ခြင်း ခံရသည်ပင်ဖြစ်‌စေ၊ ‌သေဆုံးခဲ့သည်ပင်ဖြစ်‌စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်‌ကောင်းမြတ်‌သော စားနပ်ရိက္ခာကို အမှန်ပင် ‌ပေးသနား‌တော်မူမည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး စားနပ်ရိက္ခာ‌ပေးသနား‌တော်မူ‌သောအရှင် အမှန်ဖြစ်‌တော်မူသည်။

    [59] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်သက်သည့်‌နေရာများကို အမှန်ပင် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [60] ဤသည် (ငါအရှင်မြတ် အမိန့်ရှိ‌တော်မူ‌သော အရာများပင်ဖြစ်သည်)။ ထို့ပြင် အကြင်သူသည် သူဒုက္ခ‌ပေးခြင်း ခံခဲ့ရသည်နှင့်အမျှ ပြန်လှန်ဒုက္ခ‌ပေး(၍ လက်စား‌ချေ)ခဲ့သည်။ ထို့‌နောက် ထပ်မံ၍ ကျူး‌ကျော်‌စော်ကား ဒုက္ခ‌ပေးခံရပြန်သည်ဆိုလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ူကူညီ‌တော်မူမည်ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [61] ဤ(ကဲ့သို့ ကူညီ‌တော်မူခြင်းမှာမူ) အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ညကို ‌နေ့ထဲတွင် ဝင်‌စေ‌တော်မူ၍ ‌နေ့ကို ညထဲတွင် ဝင်‌စေ‌တော်မူသည့်အတွက်၊ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်‌ကြောင့်ပင် ဖြစ်သည်။

    [62] ဤ(ကဲ့သို့ ကူညီ‌တော်မူခြင်းမှာမူ) အလ္လာဟ်အရှင်မြတ်သည်ပင် မှန်ကန်သည့်အရှင် ဖြစ်‌တော်မူပြီး သူတို့ဟစ်‌ခေါ်ကြသည့်အရာများသည် မုချ မှားသည့်အတွက်‌ကြောင့်နှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပင် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်‌ကြောင့်ဖြစ်သည်။

    [63] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည့်အတွက် ‌မြေပထဝီတွင် စိမ်းလန်းစို‌ပြေမှု ဖြစ်လာသည်ကို အသင်သည် မသိမမြင်ပါသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [64] မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှကို အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူခြင်းဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [65] အသင် မသိမမြင်သ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီတွင် ရှိသည်များကို နိုင်နင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သ‌ဘေင်္ာ(စသည်များ)ကိုလည်း (နိုင်နင်း‌စေ‌တော်မူခဲ့သည်)။ ထိုသ‌ဘေင်္ာသည် အရှင်မြတ်၏အမိန့်‌တော်နှင့် ပင်လယ်တွင် သွားလာလှုပ်ရှား‌နေသည်။ ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်အား ‌မြေပထဝီ‌ပေါ်ပြိုကျမသွား‌စေရန်အတွက် တားဆီးထား‌တော်မူသည်။ သို့ရာတွင် အရှင်မြတ်၏အမိန့်‌တော်ကျ‌ရောက်သည့်အခါ (ပြိုကျသွားမည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားများအ‌ပေါ်တွင် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သော၊ အလွန်သနားကြင်နာ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [66] ထို့ပြင် အရှင်မြတ်ပင် အသင်တို့အား အသက်ရှင်ခြင်းကို ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ‌သေ‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ရှင်‌စေ‌တော်မူဦးမည်ဖြစ်သည်။ အမှန်စင်စစ် လူသားသည် အလွန်‌ကျေးဇူးကန်းသူ အမှန်ပင်ဖြစ်သည်။

    [67] ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် (ကိုးကွယ်ရန်)နည်းလမ်းတစ်ခုကို သတ်မှတ်‌ပေး‌တော်မူခဲ့သည့်အတွက်* သူတို့သည် ထိုနည်းလမ်းအတိုင်း ကိုးကွယ်လိုက်နာသူများ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ (သူတို့သည်) ထိုအ‌ရေးကိစ္စတွင် အသင်နှင့် ငြင်းခုံမှု မပြုရ‌ပေ။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဘက်သို့ ဖိတ်‌ခေါ်‌နေပါ။ အမှန်စင်စစ် အသင်သည် ‌ဖြောင့်မတ်မှန်ကန်‌သော လမ်း‌ပေါ်တွင် အမှန် တည်ရှိသည်။

    [68] ထို့ပြင် အကယ်၍ သူတို့သည် အသင်နှင့် အငြင်းအခုံပြုခဲ့လျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူသည်များကို အသိဆုံးအရှင် ဖြစ်‌တော်မူသည်။

    [69] အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကြားတွင် ကိယာမသ်‌နေ့၌ အသင်တို့ကွဲလွဲ‌နေခဲ့ကြ‌သော ကိစ္စများနှင့်ပတ်သက်၍ စီရင် ဆုံးဖြတ်‌တော်မူမည်။

    [70] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်တွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှအား သိ‌တော်မူသည်ကို အသင်မသိသ‌လော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။

    [71] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများ(အား ကိုးကွယ်ရန်)အရှင်မြတ်က မည်သည့်သက်‌သေခံမှ ချ‌ပေး‌တော်မူခဲ့သည် မရှိ‌ပေ။ ထိုအရာများနှင့်ပတ်သက်၍ (ကိုးကွယ်ရန်)သူတို့တွင် မည်သည့် အသိပညာအ‌ထောက်အထားမှလည်း မရှိ‌ပေ။* ထို့ပြင် မတရားသူများအား ကူညီမည့်သူလည်း တစ်ဦးမှရှိမည် မဟုတ်‌ပေ။

    [72] ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များ ဖတ်ကြားသည့်အခါ အသင်(တမန်‌တော်)သည် ကာဖိရ်များ၏မျက်နှာများတွင် မနှစ်မြို့မှု၊ ငြင်းဆန်မှုကို ‌တွေ့မြင်ရမည်။ သူတို့သည် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များ ဖတ်ကြားသူများကို တိုက်ခိုက်မည့်ဆဲဆဲ ဖြစ်ကြသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်လျှင် ငါသည် အသင်တို့အား ထို့ထက် ပိုဆိုးသည်ကို အသိ‌ပေးရမည်‌လော။ (ထိုအရာသည်)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို ထိုမီးထဲတွင် ချိန်းဆိုထား‌တော်မူသည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှ ဆိုးဝါးလှ‌သော ပြန်လည်ရာဌာန ဖြစ်လိုက်ပါသနည်း။

    [73] အိုလူသားအ‌ပေါင်းတို့၊ ပမာတစ်ခု ခိုင်းနှိုင်းပြမည်ဖြစ်သည့်အတွက် အသင်တို့သည် ထိုအရာကို ‌သေချာစွာ နား‌ထောင်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်‌ခေါ်(ကိုးကွယ်)ကြသည့်အရာများသည် သူတို့အားလုံးစု‌ပေါင်း၍ (ကြိုးပမ်း)ကြလျှင်လည်း ယင်‌ကောင်တစ်‌ကောင်ကိုပင် လုံးဝ ဖန်ဆင်းနိုင်ကြမည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ ထိုယင်‌ကောင်သည် သူတို့ထံမှ တစ်စုံတစ်ခု လုယူ(သုတ်ချီသွား)လျှင် သူတို့သည် ထိုအရာကိုပင် ထိုယင်‌ကောင်ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်‌ပေ။ လိုလားဟစ်‌ခေါ်(ကိုးကွယ်)သူ‌ရော၊ လိုလားဟစ်‌ခေါ်(ကိုးကွယ်)ခံရသူပါ အားအင်ချည့်နဲ့ကြသည်။

    [74] သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရို‌သေ‌လေးစားထိုက်သည်နှင့်အမျှ ရို‌သေ‌လေးစားခြင်းမရှိကြ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားပြည့်စုံ‌တော်မူ‌သောအရှင်၊ အလွန်တန်ခိုး‌တော်နှင့် လွှမ်းမိုး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [75] အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်တမန်များနှင့် လူများထဲမှ တမန်‌တော်များကို ‌ရွေးချယ်‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [76] အရှင်မြတ်သည် သူတို့၏‌ရှေ့‌နောက် အဖြစ်အပျက်အားလုံးကို သိ‌တော်မူသည်။ ထို့ပြင် အ‌ရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်‌ရောက်ကြမည်ဖြစ်သည်။

    [77] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ‌အောင်မြင်ကြရန်အတွက် ရုကူအ်ဦးညွှတ်ကြပါ။ ထို့ပြင် စဂျ်ဒဟ်ဦးချကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း ပြုလုပ်ကြပါ။

    [78] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သက်စွန့်ကြိုးပမ်း ‌ဆောင်ရွက်ထိုက်သည်နှင့်အမျှ ကြိုးပမ်း‌ဆောင်ရွက်ကြပါ။* အရှင်မြတ်သည် အသင်တို့အား (အရှင်မြတ်၏သာသနာအတွက်)‌ရွေးချယ်‌တော်မူခဲ့ခြင်းဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ဒီန်သာသနာ‌တော်၌ မည်သည့်ကျပ်တည်းခဲယဉ်းမှုကိုမှ ပြုလုပ်‌တော်မမူခဲ့‌ပေ။ အသင်တို့၏ (သာသနာ‌ရေး)ဖခင် (တမန်‌တော်)အိဗ်ရာဟီမ်၏သာသနာကို ခိုင်မြဲစွာ စွဲကိုလိုက်နာကြပါ။ ထိုအရှင်မြတ်သည် အသင်တို့အား ယခင်(ကျမ်းဂန်များထဲ)တွင်လည်း မွတ်စ်လင်မ်များဟု အမည်တပ်ခဲ့သည်။ ထို့ပြင် (ယခု) ဤ(ကုရ်အာန် ကျမ်း‌တော်မြတ်)ထဲတွင်လည်း မွတ်စ်လင်မ်များဟုပင် အမည်တပ်ထား‌တော်မူသည်။* အ‌ကြောင်းမှာမူ တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့နှင့်ပတ်သက်၍ အသိသက်‌သေဖြစ်ရန်အတွက်၊ ထို့ပြင် အသင်တို့လည်း လူများအားလုံးနှင့်ပတ်သက်၍ အသိသက်‌သေများ ဖြစ်ကြရန်အတွက်*ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြပါ။ ထို့ပြင် ဇကာသ်ကိုလည်း ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ အရှင်မြတ်ကပင် အသင်တို့၏ကိစ္စအဝဝကို ပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော သခင်အစစ်အမှန် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ (အရှင်မြတ်သည်)ကိစ္စများကို ပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော အဘယ်မျှ‌ကောင်းသည့် သခင်အစစ်အမှန် ဖြစ်‌တော်မူလိုက်သနည်း။ ထို့ပြင် အဘယ်မျှ‌ကောင်း‌သော အလွန်ကူညီ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်သနည်း။

    Surah 23
    ယုံကြည်သူများ

    [1] အမှန်စင်စစ် မုအ်မင်ယုံကြည်သူများသည် မလွဲမ‌သွေ ‌အောင်မြင်ခဲ့ကြပြီဖြစ်သည်။

    [2] ထိုသူများသည် သူတို့ စွလာသ်ဝတ်ပြုရာတွင် ကျိုးနွံသူများဖြစ်ကြသည်။

    [3] ထို့ပြင် သူတို့သည် အကျိုးမဲ့ကိစ္စရပ်များမှ ‌ရှောင်ကြဉ်သူများလည်း ဖြစ်ကြသည်။

    [4] ထို့ပြင် သူတို့သည် စင်ကြယ်သန့်ရှင်းရန် (‌ကောင်းမှု)ပြုလုပ်သူများလည်း ဖြစ်ကြသည်။

    [5] ထို့ပြင် သူတို့သည် (တရားမဝင်ကာမ ကျူးလွန်ခြင်းမှ) သူတို့၏အရှက်အဂင်္ါများကို ထိန်းသိမ်းသူများဖြစ်ကြသည်။

    [6] သူတို့၏ဇနီးကြင်ရာများ၊ သို့မဟုတ် သူတို့ လက်ယာလက်များက ပိုင်ဆိုင်‌သော (တရားဝင်)ကျွန်မများမှလွဲ၍ (သူတို့၏)အရှက်အဂင်္ါများကို ထိန်းသိမ်းကြသည်။ အမှန်စင်စစ် (ထိုသူမများနှင့် ကာမဆက်ဆံသည့်အတွက်) သူတို့သည် ပြစ်တင်ခြင်း ခံထိုက်သူများ မဟုတ်ကြ‌ပေ။

    [7] ထို့‌နောက် မည်သူမဆို ‌ကျော်လွန်ပြီး (နိကာဟ်မပြုဘဲ အခြားအမျိုးသမီးများကို) ‌တောင့်တရှာ‌ဖွေခဲ့လျှင် ထိုသူများသည်ပင် စည်းကမ်းကျူးလွန်သူများ ဖြစ်ကြသည်။

    [8] ထို့ပြင် ထို(အီမာန်ယုံကြည်)သူများသည် သူတို့ ယုံကြည်လွှဲအပ်ခြင်းခံရ‌သော တာဝန်များနှင့် သူတို့၏ကတိဝန်ခံချက်များကို ‌စောင့်ထိန်းသူများဖြစ်ကြသည်။

    [9] ထို့ပြင် သူတို့သည် သူတို့၏စွလာသ်ဝတ်ပြုမှုများကို ထိန်းသိမ်းသူများလည်း ဖြစ်ကြသည်။

    [10] သူတို့ပင် အ‌မွေဆက်ခံမည့်သူများ ဖြစ်ကြသည်။

    [11] သူတို့သည် ဖိရ်‌ဒေါင်စ်ဥယျာဉ်ကို အ‌မွေဆက်ခံကြမည်။ သူတို့သည် ၎င်းထဲတွင် အမြဲ‌နေထိုင်ရမည့်သူများ ဖြစ်ကြသည်။

    [12] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား ရွှံ့‌မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [13] ထို့‌နောက် ငါအရှင်မြတ်သည် ထိုလူသား(ဖြစ်မည့်အရာ)ကို လုံခြုံသည့်‌နေရာတစ်ခု(ဖြစ်သည့် သားအိမ်ထဲ)တွင် သုက်ရည်(မှ မျိုး‌အောင်ပြီး သားဥအဖြစ်ဖြင့် စတင်)ပြုလုပ်ထား‌တော်မူခဲ့သည်။

    [14] ထို့‌နောက် ငါအရှင်မြတ်သည် ထိုသုက်ရည်မှ(မျိုး‌အောင်ပြီး‌နောက် သားဥသ‌န္ဓေသားအဖြစ်မှ) ‌သွေးခဲအဖြစ် ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် ထို‌သွေးခဲကို ဝါးဖတ်ကဲ့သို့ အသားတုံးအဖြစ် ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် ထိုဝါးဖတ်ကဲ့သို့ အသားတုံးကို အရိုးများ(ထည့်ပြီး) ဖန်ဆင်း‌တော်မူသည်။ ထိုု့ပြင် ထိုအရိုးများကို အသားနှင့် ဆင်မြန်း‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထို(အသားဖြည့်ထားသည့်အရိုး)ကို အခြားဖန်ဆင်းခံတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာ‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အားလုံး‌သော ပြုလုပ်ဖန်ဆင်းသူများထက် အ‌ကောင်းဆုံး ဖန်ဆင်းပြုလုပ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်‌တော်မူလိုက်‌လေသနည်း။

    [15] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထို့‌နောက်တွင် အမှန်ပင် ‌သေဆုံးကြရမည့်သူများဖြစ်သည်။

    [16] ထို့‌နောက် အမှန်စင်စစ် အသင်တို့သည် ကိယာမသ်‌နေ့တွင် ရှင်ပြန်ထကြရဦးမည်ဖြစ်သည်။

    [17] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏အထက်တွင် (မိုး)ခုနစ်ထပ်ကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အဖန်ဆင်းခံများကို ‌မေ့‌လျော့‌နေ‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [18] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်မှ(မိုး)‌ရေကို အတိုင်းအတာ အချိန်အဆနှင့်တကွ ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို(မိုး)‌ရေကို ‌မြေပထဝီတွင် ရပ်တည်(ကိန်း‌အောင်း)‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို(မိုး)‌ရေကို ပ‌ပျောက်‌အောင် လုပ်နိုင်‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။

    [19] ထို့‌နောက် ငါအရှင်မြတ်သည် ထို(မိုး)‌ရေနှင့် အသင်တို့အတွက် စွန်ပလွံခြံများနှင့် စပျစ်ခြံများကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။ အသင်တို့အတွက် ထိုခြံများတွင် သစ်သီးဝလံ အ‌မြောက်အမြားရှိသည်။ ထို့ပြင် အသင်တို့သည် ထိုခြံများမှ စားသုံးကြသည်။

    [20] ထို့ပြင် (သံလွင်ပင်‌ခေါ်) သစ်ပင်တစ်မျိုးကိုလည်း (‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်)။ ထိုသစ်ပင်သည် သွူရ်‌တောင်တန်းတွင် ‌ပေါက်‌ရောက်‌လေ့ရှိသည်။ ထိုသစ်ပင်သည် စားသုံးသူများအတွက် ဆီနှင့်ဟင်းလျာကို ထွက်‌စေသည်။

    [21] ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန် (ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ်)များတွင် စဉ်းစားဆင်ခြင်ရန်အချက် အမှန်ပင်ရှိသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်း(‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်)တို့ရဲ့ဗိုက်ထဲမှအရာ(နို့)ကို တိုက်‌ကျွေး‌တော်မူသည်။ ထို့ပြင် အသင်တို့အတွက် သူတို့တွင် အကျိုး‌ကျေးဇူး အ‌မြောက်အမြားလည်းရှိသည်။ ထို့ပြင် အသင်တို့သည် သူတို့ထဲမှ စားသုံးကြသည်။

    [22] ထို့ပြင် အသင်တို့သည် ထိုတိရစာ္ဆန်များနှင့် သ‌ဘေင်္ာများ‌ပေါ်တွင် စီးနင်းကြသည်။

    [23] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်းက‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွက် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့် အရှင်မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမှ မ‌ကြောက်ရွံ့ကြသ‌လော။

    [24] သို့ဖြစ်ရာ ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်သူ အကြီးအကဲများက ‌ပြောဆိုကြသည်- ဤသူသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးသာဖြစ်သည်။ ၎င်းသည် အသင်တို့ထက် မြင့်မြတ်ရန် ကြံရွယ်‌နေခြင်းဖြစ်သည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့ကို လမ်းမှန်ရ‌စေရန်) အလိုရှိ‌တော်မူခဲ့လျှင် အမှန်စင်စစ် ‌ကောင်းကင်တမန်များကို ‌စေလွှတ်‌တော်မူမည် အမှန်ပင်။ ကျွန်ုပ်တို့သည် ဤစကားကို ကျွန်ုပ်တို့၏‌ရှေး‌ဟောင်းများဖြစ်‌သော ဘိုး‌ဘေးများထံမှ မကြားခဲ့ဖူး‌ပေ။

    [25] ၎င်းသည် ရူးသွပ်ခြင်း(‌ဝေဒနာ)စွဲ‌နေ‌သော သူတစ်ဦးသာဖြစ်သည့်အတွက် အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ အချိန်ကြာကြာအထိ ‌စောင့်ကြည့်ကြပါ။

    [26] ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆို‌လျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ သူတို့သည် ကျွန်ုပ်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည့်အတွက် အရှင်မြတ်သည် ကျွန်ုပ်ကို ကူညီ‌တော်မူပါ။

    [27] သို့ဖြစ်ရာ ငါအရှင်မြတ်က ၎င်းထံသို့ ဝဟီအမိန့်‌တော် ထုတ်ပြန်‌တော်မူခဲ့သည်။ အသင်သည် ငါ၏အမိန့်‌တော်ဖြင့် ငါအရှင်မြတ်၏မျက်စိ‌အောက်တွင် သ‌ဘေင်္ာတည်‌ဆောက်လိုက်ပါ။ ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော်‌ရောက်ရှိလာပြီး မုန့်ဖိုသည် ဆူပွက်လာသည့်အခါ* အသင်သည် (တိရစာ္ဆန်)အမျိုးစားတိုင်းမှ တစ်စုံစီနှင့် အသင်၏အိမ်‌ထောင်စုထဲမှ အမိန့်ထုတ်ပြန်ပြီးဖြစ်သူမှလွဲ၍ ကျန်အားလုံးကို ထိုသ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်ပါ။ ထို့ပြင် သူတို့ကိုယ်ကိုသူတို့ နှိပ်စက်မှုပြုသူများနှင့်ပတ်သက်၍ အသင်သည် ငါအရှင်မြတ်ထံ‌တော်တွင် ‌လျှောက်ထားပန်ကြားမှု မပြု‌လေနှင့်။ အမှန်စင်စစ် သူတို့သည် နစ်မြုပ်‌စေခြင်း ခံကြရမည့်သူများပင် ဖြစ်ကြသည်။

    [28] ထို့‌နောက် အသင်နှင့်တကွ အသင့်အ‌ဖော်များသည် သ‌ဘေင်္ာ‌ပေါ်တွင် ‌နေသားတကျ ထိုင်ပြီးကြသည့်အခါ အသင်သည် (ဤသို့)‌ပြောဆိုပါ- “ချီးမွမ်းခြင်းအ‌ပေါင်းသည် ကျွန်ုပ်တို့အား မတရားနှိပ်စက်ကြ‌သော အမျိုးသားများမှ ကယ်တင်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်“ (အရှင်မြတ်အား ‌ကျေးဇူးတင်ပါသည်)။

    [29] ထို့ပြင် အသင်သည် (သ‌ဘေင်္ာ‌ပေါ်မှ ဆင်းသည့်အခါ) ‌ပြောဆိုပါ- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံသည့်‌နေရာကို ဆင်းသက်‌စေ‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး ဆင်းသက်‌စေ‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူပါသည်။“

    [30] အမှန်စင်စစ် ထိုအထဲတွင် သက်‌သေလက္ခဏာများရှိသည်။ ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် စမ်းသပ်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏‌နောက်တွင် အခြားမျိုးနွယ်ကို ဖန်ဆင်း‌တော်မူခဲ့သည်။

    [32] ထို့‌နောက် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တွင် သူတို့ထဲမှပင် တမန်‌တော်တစ်ပါးကို ‌စေလွှတ်‌တော်မူခဲ့၍ (ဤသို့ ‌ပြောခိုင်းခဲ့သည်) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်သည့် အရှင်မရှိ‌ပေ။ သို့ဖြစ်ပါလျက် အသင်တို့သည် မ‌ကြောက်ရွံ့ကြ‌လေသ‌လော။

    [33] ထို့ပြင် ထိုတမန်‌တော်၏အမျိုးသားများထဲမှ အကြင်အကြီးအကဲများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝနှင့် ‌တွေ့ကြုံရမည်ကိုလည်း မဟုတ်မမှန်ဟု ငြင်းဆိုခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင် စည်းစိမ်ချမ်းသာမှု ‌ပေး‌တော်မူခဲ့သည်။ ထိုသူများက (သူတို့အချင်းချင်း)‌ပြောဆိုခဲ့ကြသည်- ဤသူသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ ၎င်းသည် အသင်တို့ စားသည့်အရာများပင် စားသည်။ ထို့ပြင် အသင်တို့ ‌သောက်သည့်အရာများကိုပင် ‌သောက်သည်။

    [34] ထို့ပြင် အကယ်၍ အသင်တို့သည် အသင်တို့ကဲ့သို့ လူသားတစ်ဦး(၏အမိန့်)ကို လိုက်နာခဲ့လျှင် အမှန်စင်စစ် အသင်တို့သည် ဆုံးရှုံးသူများဖြစ်ကြသည်။

    [35] အသင်တို့ ‌သေဆုံးကြပြီး‌နောက် ‌မြေကြီးဖြစ်ပြီး အရိုးသာကျန်သည့်အခါ အမှန်စင်စစ် အသင်တို့သည် (သချင်္ီုင်းထဲမှ)ပြန်ထွက်ကြရမည့်သူများဖြစ်ကြသည်ဟု အသင်တို့ကို ၎င်းက ‌ပြောဆိုကတိ‌ပေးသည် မဟုတ်‌လော။

    [36] အသင်တို့ ‌ပြောဆိုကတိ‌ပေးခြင်းခံကြရသည့်ကိစ္စအတွက် ‌ဝေး‌လေစွ၊ ‌ဝေး‌လေစွ၊* (လုံးဝ မဖြစ်နိုင်‌ပေ)။

    [37] ကျွန်ုပ်တို့၏အသက်ရှင်ခြင်းသည် ဤဘဝတွင် အသက်ရှင်ခြင်းမှလွဲ၍ အခြားမရှိ‌တော့‌ပေ။ ကျွန်ုပ်တို့(ထဲမှသူများ)သည် ‌သေဆုံးကြသည်။ ထို့ပြင် ကျွန်ုပ်တို့(ထဲမှသူများ)သည် အသက်ရှင်‌နေကြသည်။ ကျွန်ုပ်တို့သည် ရှင်ပြန်ထရမည့်သူများ မဟုတ်ကြ‌ပေ။

    [38] ၎င်း(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလုပ်ကြံ ‌ပြောဆိုသူတစ်ဦးသာ ဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ၎င်း(တမန်‌တော်)အား ယုံကြည်မည့်သူများ မဟုတ်ကြ‌ပေ။

    [39] ၎င်း(တမန်‌တော်)က ‌ပြောဆိုပန်ကြားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ သူတို့သည် ကျွန်ုပ်အား မဟုတ်မမှန်ငြင်းပယ်ကြသည့်အတွက် အရှင်မြတ်သည် ကျွန်ုပ်အား သူညီ‌တော်မူပါ။

    [40] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- သူတို့သည် အမှန်ပင် မကြာမီ ‌နောင်တရမည့်သူများ ဖြစ်ကြသည်။

    [41] ထို့‌နောက် အလွန်ပြင်းထန်ကျယ်‌လောင်သည့် အသံသည် မှန်ကန်‌သော ချိန်းဆိုချက်အတိုင်း သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား အမှိုက်သရိုက်များကဲ့သို့ ‌ချေမှုန်း‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မတရားကျူးလွန်‌သော (ကာဖိရ်)အမျိုးသားများသည် (ကရုဏာမှ)ကင်း‌ဝေးခဲ့ကြရသည်။

    [42] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် အခြားမျိုးနွယ်များကို ဖန်ဆင်း‌တော်မူခဲ့သည်။

    [43] မည်သည့်အုပ်စာမှ သူတို့၏သတ်မှတ်အချိန်ကာလထက် ‌စောလည်းမ‌စောနိုင်‌ပေ၊ ‌နောက်လည်း မကျနိုင်‌ပေ။

    [44] ထို့‌နောက် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်‌တော်များကို တစ်ပါးပြီးတစ်ပါး ‌စေလွှတ်‌တော်မူခဲ့သည်။ မည်သည့်အခါဖြစ်‌စေ အုပ်စုတစ်စုထံသို့ တမန်‌တော်‌ရောက်လာခဲ့လျှင် ထိုအုပ်စုသည် ထိုတမန်‌တော်အား မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်ချည်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တစ်ဦး၏‌နောက်ကို တစ်ဦး လိုက်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သင်ခန်းစာယူဖွယ်ရာ) အ‌ကြောင်းများ ပြုလုပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မယုံကြည်သည့်သူများသည် (ကရုဏာမှ) ကင်း‌ဝေးခဲ့ကြရသည်။

    [45] ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် ၎င်း၏အစ်ကို (တမန်‌တော်)ဟာရူန်ကို အရှင်မြတ်၏အာယသ်‌တော်များသာမက ထင်ရှား‌သော သက်‌သေသာဓက (လွှမ်းမိုး‌အောင်နိုင်မှု)များနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။

    [46] ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များထံသို့ (‌စေလွှတ်‌တော်မူခဲ့သည်)၊ ထို့ပြင် သူတို့(ဖိရ်‌အောင်န်နှင့်မှူးမတ်များ)သည် ‌မောက်မာခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ယခင်ကတည်းက) ‌မောက်မာသူများပင်ဖြစ်ခဲ့ကြသည်။

    [47] သို့ဖြစ်ရာ သူတို့သည် (ဤသို့)‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားနှစ်ဦးကို ယုံကြည်ရမည်‌လော။ ထို့ပြင် ၎င်းတို့နှစ်ဦး၏အမျိုးသားများသည် ကျွန်ုပ်တို့၏လက်‌အောက်ခံ ‌ကျေးကျွန်များပင်ဖြစ်ကြသည်။

    [48] ထို့‌နောက် ၎င်းတို့သည် ၎င်းတို့နှစ်ဦးကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ထိုသူများသည် ပျက်စီးသူများတွင် အပါအဝင်ဖြစ်ခဲ့ကြရသည်။

    [49] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့(အစ္စရာအီလ်မျိုးနွယ်ဝင်များ) တရားလမ်းမှန်ရရှိကြရန်အတွက် (တမန်‌တော်)မူစာကို ‌သောင်ရာသ်ကျမ်း ‌ပေးသနား‌တော်မူခဲ့သည်။

    [50] ထို့ပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား(အီစာ)နှင့် ၎င်း၏မိခင်ကို သက်‌သေလက္ခဏာ‌တော်တစ်ပါး ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသားအမိနှစ်ဦးစလုံးကို တည်းခိုရန် သင့်‌တော်၍စိုပြည်ပြီး စီး‌တွေသည့်‌ရေရှိ‌သော ‌တောင်ကုန်းတွင် ခိုလှုံ‌စေ‌တော်မူခဲ့သည်။

    [51] အို- တမန်‌တော်အ‌ပေါင်းတို့၊ အသင်တို့သည် စင်ကြယ်သန့်ရှင်း‌သောအရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် ‌ကောင်းမြတ်သည့် လုပ်ရပ်များကို ပြုလုပ်ကြပါ။* အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [52] ထို့ပြင် အမှန်စင်စစ် ဤ(အစ္စလာမ်)သာသနာသည် အသင်တို့၏ တစ်ခုတည်းရှိ‌သော သာသနာအုပ်စုပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်သည့်အတွက် အသင်တို့သည် ငါအရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြပါ။

    [53] ထို့ပြင် ထို‌နောက်လိုက်သားများသည် သူတို့အချင်းချင်းတွင် သူတို့၏သာသနာကို အပိုင်းပိုင်းဖြတ်(၍ အုပ်စုကိုယ်စီ ဖြစ်သွား)ခဲ့ကြသည်။ အုပ်စုတိုင်းသည် သူတို့တွင်ရှိ‌သောအရာ(သာသနာ)နှင့် ‌ပျော်ပိုက်‌နေကြ‌တော့သည်။

    [54] သို့ဖြစ်ရာ အသင်သည် သူတို့အား သူတို့၏လမ်းမှားမှု၌ပင် သတ်မှတ်ထား‌သောအချိန်ကာလအထိ စွန့်ပစ်ထားလိုက်ပါ။

    [55] သူတို့သည် (ဤသို့)ထင်မှတ်‌နေကြသ‌လော။ ငါအရှင်မြတ်သည် သူတို့အား ပစ္စည်းဥစ္စာများနှင့် သားရတနာများကို ‌ပေးသနား‌တော်မူခြင်းသည်၊

    [56] သူတို့အား ငါအရှင်မြတ်က ‌ကောင်းကျိုးများကို ‌ဆောလျင်စွာ ‌ပေး‌နေ‌တော်မူခြင်း ဖြစ်သည်ဟု(ထင်မှတ်ကြသ‌လော)၊ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် မသိနားမလည်ကြခြင်းသာ ဖြစ်သည်။

    [57] အမှန်စင်စစ် အကြင်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့မှု‌ကြောင့် စိုးရိမ်‌နေကြသည့်သူများဖြစ်သည်၊

    [58] ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို ယုံကြည်ကြသည့်သူများ ဖြစ်ကြသည်။

    [59] ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် (မည်သူ့ကိုမျှ) တွဲဖက်ကိုးကွယ်ခြင်း မပြုကြသည့်သူများဖြစ်ကြသည်။

    [60] ထို့ပြင် ထိုသူများသည် သူတို့ ‌ပေးကမ်းစွန့်ကြဲမည့်အရာများကို ‌ပေးကမ်း‌နေသည့်ကြားမှ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ အမှန်ပင် ပြန်သွားကြရမည်ဖြစ်သည့်အတွက် သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်စိုးရိမ်လျက် ရှိကြသည်။

    [61] ထိုသူများသည် ‌ကောင်းမှုများကို ကြိုးပမ်း‌ဆောင်ရွက်ကြသည့်အတွက် သူတို့ပင် ထို‌ကောင်းကျိုးများကို ဦးစွာရရှိကြမည့်သူများ ဖြစ်ကြသည်။

    [62] ထို့ပြင် ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူ၏တတ်စွမ်းနိုင်မှုထက်ပိုပြီး တာဝန် ထမ်း‌ဆောင်ခိုင်း‌တော်မမူ‌ပေ။* ထို့ပြင် ငါအရှင်မြတ်ထံ‌တော်တွင် မှတ်တမ်းစာအုပ်တစ်အုပ်ရှိ‌နေသည့်အတွက် ထိုမှတ်တမ်းစာအုပ်က တိကျမှန်ကန်စွာ ထုတ်‌ဖော်‌ပြောဆိုမည် ဖြစ်သည်။ ထို့ပြင် သူတို့သည် (အနည်းငယ်မျှ) မတရားနှိပ်စက်ခြင်းကို ခံကြရမည်မဟုတ်‌ပေ။

    [63] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်ထဲရှိ လမ်းမှန်ညွှန်ကြား ပြသချက်များ)မှ အသိမရှိဘဲ မိုက်မဲ‌သော(ရှိရ်က်)ထဲတွင်ပင် နစ်မွန်း‌နေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့တွင် ထို(ရှိရ်က်)မှလွဲ၍ သူတို့ပြုလုပ်‌နေကြသည့် အခြားလုပ်ရပ်(မ‌ကောင်းမှုများလည်း)ရှိကြ‌သေးသည်။

    [64] ‌နောက်ဆုံးတွင် ငါအရှင်မြတ်သည် သူတို့ထဲမှ စည်းစိမ်ရှင်များကို ပြစ်ဒဏ်နှင့် ဖမ်းဆီးကွပ်မျက်‌တော်မူ‌သောအခါ သူတို့သည် ရုတ်တရက် ‌အော်ဟစ် ငို‌ကြွေးကြသည်။

    [65] (အရှင်မြတ်ဘက်မှ အမိန့်ရှိသည်) အသင်တို့သည် ယ‌နေ့တွင် ‌အော်ဟစ်ငို‌ကြွေးပြီး အသနားခံမှုကို မပြုလုပ်ကြနှင့်၊ (ယ‌နေ့မူ အသင်တို့သည် မည်မျှပင် ‌အော်သည်ဖြစ်‌စေ) အမှန်ပင် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်မှ မည်သည့် အကူအညီမှ ရမည်မဟုတ်‌တော့‌ပေ။

    [66] အမှန်စင်စစ် ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင်တို့၏‌ရှေ့တွင် ဖတ်ကြားခြင်း ခံခဲ့ကြရသည်။ ထိုအခါ အသင်တို့သည် အသင်တို့၏‌ခြေဖ‌နောင့်များဘက်သို့ ပြန်လှည့်ဆုတ်ခွာခဲ့ကြသည်။

    [67] မာန‌ထောင်‌မောက်မာကြလျက်၊ ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)နှင့်ပတ်သက်၍ ညအချိန်များတွင် (လူစု၍) အကျိုးမဲ့စကားများ ‌ပြောဆိုကြသည်။

    [68] သို့ဖြစ်ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကလာမ် စကား‌တော်ကို စဉ်းစားဆင်ခြင်ခြင်း မပြုခဲ့ကြသ‌လော။ သို့မဟုတ် သူတို့၏ ပထမဆုံးသူများဖြစ်‌သော အဘ၊ ဘိုး၊ ‌ဘေးများထံသို့ မ‌ရောက်လာဖူးသည့်အရာသည် (ယခု) သူတို့ထံသို့ ‌ရောက်လာခဲ့သ‌လော။

    [69] သို့မဟုတ် သူတို့သည် သူတို့(ထံသို့ ‌ရောက်လာ‌သော) တမန်‌တော်ကို မသိခဲ့ကြသည့်အတွက် ငြင်းပယ်ခဲ့ကြသ‌လော။

    [70] သို့မဟုတ် သူတို့သည် ထိုတမန်‌တော်၌ ရူးသွပ်ခြင်း‌ဝေဒနာရှိသည်ဟု ‌ပြောဆိုကြသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ထိုတမန်‌တော်သည် သူတို့ထံသို့ အမှန်တရား ယူ‌ဆောင်လာခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် အမှန်တရားကို မလိုလားသည့်သူများပင် ဖြစ်ကြသည်။

    [71] ထို့ပြင် အကယ်၍ အမှန်တရား(အလ္လာဟ်အရှင်မြတ်)သည် သူတို့၏အလိုဆန္ဒများကို လိုက်နာခဲ့လျှင်၊ မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီအပြင်၊ ထိုမိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသည့်သူများလည်း အမှန်ပင် ပျက်စီးသွားခဲ့ကြလိမ့်မည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ သူတို့အတွက် ဆုံးမဩဝါဒကို ပို့‌ဆောင်‌တော်မူခဲ့ခြင်းသာဖြစ်သည်။ ထို့‌နောက် သူတို့သည် သူတို့အတွက်ဖြစ်‌သော ဆုံးမဩဝါဒကိုပင် မျက်နှာလွှဲခဲ့ကြသည်။

    [72] သို့မဟုတ် (သူတို့ငြင်းပယ်ကြခြင်းသည်) အသင်က သူတို့ထံတွင် အဖိုးအခတစ်စုံတစ်ရာ ‌တောင်းဆိုသည့်အတွက်‌ကြောင့်‌လော။ (ဤသည်လည်း မဟုတ်‌ပေ၊ အဘယ့်‌ကြောင့်ဆို‌သော်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အသင့်အား ‌ပေးထား‌သောအဖိုးအခသည် များစွာ ပို‌ကောင်းသည်။ ထို့ပြင် အရှင်မြတ်သည် ရိက္ခာ‌ပေးသူများထဲတွင် အ‌ကောင်းဆုံး အရှင်မြတ်ပင် ဖြစ်သည်။

    [73] ထို့ပြင် အမှန်စင်စစ် အသင်သည် သူတို့အား ‌ဖြောင့်မတ်မှန်ကန်‌သော လမ်းဘက်သို့ အမှန်ပင် ဖိတ်‌ခေါ်လျက်ရှိသည်။

    [74] ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများသည် ထို(‌ဖြောင့်မတ်သည့်)လမ်းမှ လွှဲဖယ်သူများပင်ဖြစ်ကြသည်။

    [75] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် သနားကြင်နာခဲ့ပြီး ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ကျ‌ရောက်‌နေ‌သော ဒုက္ခကို ဖယ်ရှား‌ပေး‌တော်မူခဲ့လျှင်၊ သူတို့သည် သူတို့၏လမ်းမှားမှု၌ပင် တဝဲလည်လည်ဖြစ်ပြီး ‌ခေါင်းမာမြဲ ‌ခေါင်းမာ‌နေကြဦးမည်မှာ အမှန်ပင်ဖြစ်သည်။

    [76] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ ထို့‌နောက်လည်း သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ ကျိုးနွံလာခဲ့ခြင်း မရှိ‌ပေ။ ထို့ပြင် ‌တောင်းပန်အသနားခံခြင်းလည်း မရှိ‌ပေ။

    [77] ‌နောက်ဆုံးတွင် ငါအရှင်မြတ်က သူတို့အ‌ပေါ်တွင် ပြင်းထန်‌သော အပြစ်ဒဏ်၏တံခါးကို ဖွင့်လိုက်သည့်အခါတွင်မူ သူတို့သည် ၎င်း(ပြစ်ဒဏ်)ထဲတွင် ချက်ချင်း ‌မျှော်လင့်ချက် ကင်းသွားကြမည်ဖြစ်သည်။

    [78] ထို့ပြင် အရှင်မြတ်ကပင် အသင်တို့အတွက် နားများ၊ မျက်စိများ၊ စိတ်နှလုံးများကို ဖန်ဆင်း‌တော်မူခဲ့သည်။ (သို့ရာတွင်) အသင်တို့သည် အနည်းငယ်သာ ‌ကျေးဇူးသိတတ်ကြသည်။

    [79] ထို့ပြင် အရှင်မြတ်ကပင် အသင်တို့ကို ‌မြေပထဝီတွင် ဖန်ဆင်းပြီး ပျံ့နှံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် စုရုံးကြရမည်ဖြစ်သည်။

    [80] ထို့ပြင် အရှင်မြတ်ကပင် ရှင်‌စေ‌တော်မူသည်၊ ထို့ပြင် ‌သေ‌စေ‌တော်မူသည်၊ ထို့ပြင် ညနှင့်‌နေ့၏ အ‌ပြောင်းအလဲသည်လည်း အရှင်မြတ်(၏ ပိုင်ဆိုင်မှုထဲ)၌ပင် ရှိသည်။ သို့ဖြစ်ပါလျက် အသင်တို့သည် အသိဉာဏ်နှင့် စဉ်းစားဆင်ခြင်မှု မပြုကြ‌လေသ‌လော။

    [81] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် ယခင်ကသူများ ‌ပြောဆိုခဲ့ကြသကဲ့သို့ ‌ပြောဆိုကြခြင်းဖြစ်သည်။

    [82] ထိုသူများက ‌ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် ‌သေပြီး‌နောက် ‌မြေကြီးဖြစ်ပြီး အရိုးများပင်ကျန်သည့်အခါ ကျွန်ုပ်တို့သည် အမှန်ပင် ရှင်ပြန်ထ‌စေခြင်းကို ခံကြရဦးမည်‌လော။

    [83] စင်စစ် ဤသည်ကို ကျွန်ုပ်တို့နှင့်၊ ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးတို့သည်လည်း ယခင်ကတည်းက ကတိ‌ပေးချိန်းဆိုခြင်းကို ခံခဲ့ကြရပြီးဖြစ်သည်။ ဤသည် ‌ရှေးလူများ၏ပုံပြင်ပင် ဖြစ်သည်။

    [84] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ‌မြေပထဝီနှင့် ၎င်းထဲတွင်ရှိသူများကို မည်သူ စိုုးပိုင်သနည်းဆိုသည်ကို အသင်တို့သိကြလျှင် (ငါ့အား ‌ပြောပြကြပါ)။

    [85] သူတို့က ‌ပြောဆိုကြလိမ့်မည်- အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်လျှင် အဘယ့်‌ကြောင့် အသင်တို့ သတိတရားမရကြသနည်း။

    [86] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- မိုးခုနစ်ထပ်ကို စိုးပိုင်‌တော်မူ‌သောအရှင်နှင့် အလွန်ကြီးကျယ်မြင့်မြတ်‌သော အရ်ရှ်ပလ္လင်‌တော်ကို စိုုးပိုင်‌တော်မူ‌သောအရှင်သည် မည်သူနည်း။

    [87] သူတို့က ‌ပြောကြလိမ်မည်- ဤအရာများကိုလည်း အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်လျှင် အဘယ့်‌ကြောင့် အသင်တို့သည် (ထိုအရှင်ကို) မ‌ကြောက်ကြသနည်း။

    [88] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုအရှင်သည် မည်သူနည်း၊ အရာအားလုံး၏ စိုးပိုင်ခွင့်သည် ထိုအရှင်၏လက်ထဲ၌ပင် ရှိသည်။ ထို့ပြင် ထိုအရှင်သည် ကာကွယ်‌စောင့်‌ရှောက်‌တော်မူသည်။ ထို့ပြင် ထိုအရှင်နှင့် ဆန့်ကျင်ပြီး မည်သူမျှ ကာကွယ်‌စောင့်‌ရှောက်နိုင်ခြင်း မရှိ‌ပေ။ အကယ်၍ အသင်တို့သိကြလျှင် (ထိုအရှင်သည် မည်သူနည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ)။

    [89] သူတိုုု့က ‌ပြောကြလိမ့်မည်- ထိုအရာများသည်လည်း အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်လျှင် အသင်တို့သည် မည်သို့ စုန်းပြုစားခြင်း(လှည့်စားမှု)ကို ခံလိုက်ရသနည်း။

    [90] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ အမှန်တရား ပို့‌ဆောင်‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမှန်ပင် သူတို့သည် မုသားလိမ်လည်‌ပြောသည့်သူများပင် ဖြစ်ကြသည်။

    [91] အလ္လာဟ်အရှင်မြတ်သည် သား‌တော်ဟူ၍ မည်သူ့ကိုမှ ‌ရွေးချယ်ပြုလုပ်‌တော်မမူ‌ပေ။ ထို့ပြင် အရှင်မြတ်နှင့်အတူ ကိုးကွယ်ထိုက်သူဟူ၍လည်း မည်သူမျှ မရှိ‌ပေ။* ထိုသို့ရှိခဲ့လျှင် ကိုကွယ်ရာတိုင်းသည် သူဖန်ဆင်းထားသည့်အရာများကို အမှန်ပင် ‌ခေါ်‌ဆောင်ထွက်ခွာသွားခဲ့မည်သာမက ထိုကိုးကွယ်ထိုက်သူများထဲမှ တစ်ဦးသည် တစ်ဦးအ‌ပေါ်တွင် အမှန်ပင်(တိုက်ခိုက်)လွှမ်းမိုးခဲ့မည်ဖြစ်သည်။ (ထိုသို့ ကိုးကွယ်ထိုက်သူ အခြားတစ်ဦးမှမရှိခဲ့သည့်အတွက် အရှင်မြတ်တစ်ပါးတည်းပင် အမြဲတည်ရှိ‌နေခြင်းဖြစ်သည်။) အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲ‌ပြောဆိုကြသည့်အရာများမှ လုံးဝ စင်ကြယ်‌တော်မူသည်။

    [92] မျက်ကွယ်တွင် ရှိသည်များနှင့် မျက်‌မှောက်တွင်ရှိသည်များကို အလွန်သိ‌တော်မူ‌သော အရှင်ဖြစ်သည့်အတွက် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မား‌တော်မူလှသည်။

    [93] (အို- တမန်‌တော်)အသင်သည် (ဤသို့)‌ပြောဆို‌လျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ထိုသူများ ခြိမ်း‌ခြောက်ခံထားရ‌သော (ပြစ်ဒဏ်)ကို ကျွန်ုပ်အား ပြသ‌တော်မူပါလျှင်၊

    [94] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား မတရားကျူးလွန်‌သော အမျိုးသားများထဲတွင် ပါဝင်‌စေ‌တော်မမူပါနှင့်။

    [95] ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် သူတို့အား ချိန်းဆိုထား‌သော(ပြစ်ဒဏ်)ကို အသင့်အား ပြသ‌တော်မူရန် တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် အမှန်ပင်ဖြစ်‌တော်မူသည်။

    [96] အသင်သည် ဆိုးရွားမှုကို အ‌ကောင်းဆုံးနည်းဖြင့် တွန်းလှန်ပါ။* ငါအရှင်မြတ်သည် လုပ်ကြံစွပ်စွဲ ‌ပြောဆိုသည်များကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။

    [97] ထို့ပြင် (အို- တမန်‌တော်)အသင်သည် (ဤသို့)‌ပြောဆို‌လျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် ရှိုင်သွာန်၏တိုက်တွန်းနှိုး‌ဆော်ချက်များမှ (လွတ်ကင်းရန်) အရှင်မြတ်ထံတွင် ခိုလှုံပါသည်။

    [98] ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ သူတို့ ‌ရောက်ရှိမလာနိုင်ကြ‌အောင်လည်း ရှင်မြတ်ထံ‌တော်တွင် ခိုလှုံပါသည်။

    [99] ‌နောက်ဆုံးတွင် သူတို့(ကာဖိရ်)များထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်း‌ရောက်လာသည့်အခါ ထိုသူသည် (ဤသို့) ‌ပြောဆိုသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ပြန်လွှတ်‌တော်မူပါ။

    [100] ကျွန်ုပ်သည် ကျွန်ုပ်စွန့်လွှတ်ခဲ့‌သော (‌လောကကို ပြန်သွား၍) ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်နိုင်ရန်အတွက် (ဖြစ်ပါသည်)၊ လုံးဝမဖြစ်နိုင်‌ပေ။ အမှန်စင်စစ် ဤသည် သူ‌ပြောလိုက်‌သော စကားတစ်ခွန်းသာဖြစ်သည်။ ထို့ပြင် သူတို့‌နောက်တွင် သူတို့ ရှင်ပြန်ထရမည့်‌နေ့အထိ အကာအဆီးတစ်ခု ရှိ‌နေပြီဖြစ်သည်။

    [101] ထို့‌နောက် တံပိုးမှုတ်သည့်အခါ ထို‌နေ့တွင် သူတို့အချင်းချင်း ‌သွေးသား‌တော်စပ်မှုများလည်း ရှိမည်မဟုတ်‌တော့‌ပေ။ ထို့ပြင် အချင်းချင်း တစ်ဦးကိုတစ်ဦး ‌မေးမြန်းကြမည်လည်း မဟုတ်‌တော့‌ပေ။

    [102] ထို့‌နောက် အကြင်သူ၏(‌ကောင်းမှုသည်)အ‌လေးချိန်စီးခဲ့လျှင် ထိုသူများပင် ‌အောင်မြင်မှု ရရှိသူများဖြစ်ကြမည်။

    [103] ထို့ပြင် အကြင်သူ၏(‌ကောင်းမှု၏)အ‌လေးချိန်သည်‌ပေါ့‌နေခဲ့လျှင် ထိုသူများပင် သူတို့ကိုယ်ကိုသူတို့ ဆုံးရှုံး‌အောင်ပြုလုပ်သူများဖြစ်ကြသည်။ (သူတို့သည်) ဂျဟန္နမ်ငရဲဘုံတွင် အမြဲ‌နေကြရမည်။

    [104] ငရဲမီးသည် သူတို့၏မျက်နှာများကို ‌လောင်ကျွမ်း‌နေလိမ့်မည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံတွင် ရုပ်ဆင်းသဏ္ဍာန်များ ပျက်‌နေကြမည်ဖြစ်သည်။

    [105] (အရှင်မြတ်က မိန့်ကြား‌တော်မူမည်)။ ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင်တို့‌ရှေ့‌မှောက်တွင် ဖတ်ကြားခြင်းခံခဲ့ရသည့်အခါ၊ အသင်တို့သည် ထိုအာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်‌လေ့ရှိခဲ့ကြသည်မဟုတ်‌လော။

    [106] သူတို့က ‌ပြောဆို‌လျှောက်ထားကြမည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်တို့၏နဖူးစာဆိုးမှုသည် ကျွန်ုပ်တို့အ‌ပေါ်တွင် လွှမ်းမိုးဖိစီးခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် လမ်းမှားသူများလည်း ဖြစ်ခဲ့ကြပါသည်။

    [107] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ငရဲဘုံမှ ထုတ်ယူ‌တော်မူပါ။ ထို့‌နောက် အကယ်၍ ကျွန်ုပ်တို့သည် (ဤသို့ပင်)ထပ်၍ ပြုလုပ်ခဲ့ကြလျှင်၊ ကျွန်ုပ်တို့သည် အမှန်ပင် ပြစ်မှုကျူးလွန်သူများ ဖြစ်ကြပါလိမ့်မည်။

    [108] အရှင်မြတ်က မိန့်ကြား‌တော်မူမည်- အသင်တို့သည် ထိုငရဲဘုံတွင် ‌သေးသိမ်မှုနှင့် ‌မောင်းထုတ်ခံရသူများအဖြစ် ရှိ‌နေကြ‌ပေ‌တော့။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်နှင့် စကားမ‌ပြောကြနှင့်‌တော့။

    [109] အမှန်စင်စစ် ငါအရှင်မြတ်၏ကျွန်များထဲတွင် လူတစ်စုရှိခဲ့သည်။ သူတို့သည် (ဤသို့)‌ပြောဆို ‌လျှောက်ထား‌နေခဲ့ကြသည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားကြင်နာ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူအားလုံးထက် သာပို(အ‌ကောင်းဆုံး) သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [110] သို့ဖြစ်ရာ အသင်တို့သည် သူတို့အား ‌ပြောင်‌လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့(အား အသင်တို့၏‌ပြောင်‌လှောင်မှု)သည် အသင်တို့အား ငါအရှင်မြတ်၏သတိရခြင်းမှ ‌မေ့‌ပျောက်‌စေခဲ့သည်။ ထို့ပြင် အသင်တို့သည် သူတို့အ‌ပေါ်တွင် ရယ်‌မော‌နေခဲ့ကြသည်။

    [111] ယ‌နေ့မူ အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏သည်းခံမှု‌ကြောင့် ‌ကောင်းကျိုးကို ‌ပေးသနား‌တော်မူလိုက်ပြီဖြစ်သည်။ အမှန်စင်စစ် သူတို့ပင် ‌အောင်မြင်သည့်သူများဖြစ်ကြသည်။

    [112] အရှင်မြတ်သည် (သူတို့အား)မိန့်ကြား‌တော်မူမည်- အသင်တို့သည် ကမာ္ဘ‌မြေတွင် ‌ရေတွက်ရသည့်နှစ်ကာလအ‌နေဖြင့် မည်မျှကြာရှည်စွာ ‌နေခဲ့ကြသနည်း။

    [113] သူတို့က ‌ပြောဆို‌လျှောက်ထားကြမည်- ကျွန်ုပ်တို့သည် တစ်‌နေ့ သို့မဟုတ် တစ်‌နေ့‌လျော့‌လျော့ ‌နေခဲ့ကြပါသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် ‌ရေတွက်သူ(များဖြစ်ကြ‌သော ‌ကောင်းကင်တမန်)များအား ‌မေးမြန်းကြည့်‌တော်မူပါ။

    [114] အရှင်မြတ်က မိန့်ကြား‌တော်မူမည်- အသင်တို့သည် (ကမာ္ဘ‌မြေတွင်) အနည်းငယ်သာ ကြာ‌ညောင်းခဲ့ကြသည်။ အကယ်၍ အသင်တို့သည် (ဤသည်ကို ယခင်က)သိရှိခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။

    [115] အသင်တို့သည် အသင်တို့အား ငါအရှင်မြတ်က အကျိုးမဲ့ဖန်ဆင်း‌တော်မူခဲ့သည်ဟု၊ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လည်‌ရောက်ရှိကြမည်မဟုတ်‌ပေဟု ထင်မှတ်ခဲ့ကြသ‌လော။

    [116] ထို့ပြင် ဘုရင်မင်းမြတ်အစစ်အမှန်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် (ထိုသို့ အကျိုးမဲ့ပြုလုပ်‌တော်မူသည်များထက်) အလွန်မြင့်မားလှ‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ (အရှင်မြတ်သည်) မြင့်မြတ်လှ‌သော အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [117] ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ မည်သည့်အ‌ထောက်အထားမှ မရှိဘဲ အခြားကိုးကွယ်ရာတစ်စုံတစ်ခုကို ဟစ်‌ခေါ်ကိုးကွယ်လျှင်၊ ထိုသူ့ကို စစ်‌ဆေးရန်အတွက် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာ ရှိသည်။ အမှန်စင်စစ် ငြင်းပယ်သူများသည် ‌အောင်မြင်မည် မဟုတ်‌ပေ။

    [118] (အို- တမန်‌တော်)အသင်သည် (ဤသို့)‌ပြောဆို‌လျှောက်ထားပါ- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်ုပ်တို့၏အပြစ်များကို)ခွင့်လွှတ်‌တော်မူပါ။ ထို့ပြင် သနားကြင်နာ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူအားလုံးထက် ပိုမို သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူပါသည်။

    Surah 24
    အလင်းရောင်

    [1] (ဤသည်) ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ပြဋ္ဌာန်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် ဤကဏ္ဍတွင် ထင်ရှား‌သောအာယသ်‌တော်များကို ချ‌ပေး‌တော်မူခဲ့သည်။

    [2] တရားမဝင်ကာမကျူးလွန်‌သော မိန်းမနှင့် တရားမဝင်ကာမကျူးလွန်‌သော ‌ယောက်ျားကို အသင်တို့သည် သူတို့နှစ်ဦးထဲမှ တစ်ဦးစီအား ကြိမ်ဒဏ်အချက်‌ပေါင်းတစ်ရာစီ ရိုက်ကြပါ။* ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကိုယုံကြည်ကြလျှင် သူတို့နှစ်ဦးအ‌ပေါ်တွင် သနားခြင်းသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်များကို လိုက်နာရာတွင် ‌လျော့နည်းခြင်း မရှိ‌စေရ‌ပေ။* ထို့ပြင် သူတို့နှစ်ဦးအား ပြစ်ဒဏ်‌ပေးခြင်းကို အီမာန်ယုံကြည်သည့် အုပ်စုတစ်စုသည် လာ‌ရောက်ကြည့်ရှုကြရမည် ဖြစ်သည်*။

    [3] တရားမဝင်ကာမကျူးလွန်‌သော ‌ယောက်ျားသည် တရားမဝင်ကာမကျူးလွန်‌သောမိန်းမ၊ သို့မဟုတ် ရှိရ်က်ပြုလုပ်‌သောမိန်းမမှလွဲ၍ အခြားမိန်းမများနှင့် ထိမ်းမြားခြင်းမရှိ‌ပေ။ ထို့ပြင် တရားမဝင်ကာမကျူးလွန်သည့်မိန်းမနှင့်လည်း တရားမဝင်ကာမကျူးလွန်သည့်‌ယောက်ျား၊ သို့မဟုတ် ရှိရ်က်ပြုလုပ်‌သော ‌ယောက်ျားသာ ထိမ်းမြားသည်။* ထို့ပြင် ဤ(သို့ တရားမဝင်ကာမကျူးလွန်သည့် ‌ယောက်ျား၊ မိန်းမများနှင့် ထိမ်းမြားမှု)သည် အီမာန်ယုံကြည်သူ(‌ယောက်ျား၊ မိန်းမ)များအ‌ပေါ်တွင် ဟရာမ်ဟု တားမြစ်ထားပြီးဖြစ်သည်။

    [4] ထို့ပြင် အပြစ်ကင်းသည့်အမျိုးသမီးများအား (တရားမဝင် ကာမကျူးလွန်သည်ဟု)စွပ်စွဲပြီး‌နောက် သက်‌သေ‌လေး‌ယောက် မတင်ပြနိုင်ခဲ့ကြသည့်သူများကို အသင်တို့သည် ကြိမ်ဒဏ်အချက်‌ပေါင်း ရှစ်ဆယ်ရိုက်ကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့်အခါမှ သူတို့၏ မည်သို့ သက်‌သေခံချက်ကိုမှ လက်မခံကြနှင့်။ ထို့ပြင် သူတို့သည် စည်းကမ်း‌ဖောက်ဖျက်သည့်သူများ ဖြစ်ကြသည်။

    [5] သို့ရာတွင် အကြင်သူများသည် ထို(သို့စွပ်စွဲပြီး)‌နောက် ဝန်ချ‌တောင်းပန်ကြပြီး ပြုပြင်‌နေခဲ့ကြသည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။

    [6] ထို့ပြင် သူတို့၏ဇနီးကြင်ရာများကို (တရားမဝင် ကာမကျူးလွန်သည်ဟု)စွပ်စွဲသူများသည် သူတို့တွင် သူတို့အပြင် အခြားသက်‌သေများမရှိကြလျှင် ထိုစွပ်စွဲသူထဲမှ တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်(ကျိန်ဆို)၍ အမှန်စင်စစ် သူသည် မှန်ကန်သူဖြစ်‌ကြောင်း ‌လေးကြိမ်သက်‌သေထွက်ဆိုရမည်။

    [7] ထို့ပြင် ပဉ်စမအကြိမ်တွင် အကယ်၍ သူသည် လိမ်လည်သူဖြစ်ခဲ့လျှင် သူ့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏လအ်နသ်(ကျိန်စာ) ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေမှုသည် အမှန်ကျ‌ရောက်ပါ‌စေဟု ဆိုရမည်။

    [8] ထို့ပြင် ဇနီးကြင်ရာသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်(ကျိန်ဆို)၍ အမှန်စင်စစ် ထို‌ယောက်ျားသည် လိမ်လည်သူဖြစ်‌ကြောင်း ‌လေးကြိမ်သက်‌သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်ကို ဖယ်ရှားမည်ဖြစ်သည်။

    [9] ထို့ပြင် ပဉ်စမအကြိမ်တွင် အကယ်၍ ထို‌ယောက်ျားသည် မှန်ကန်သူဖြစ်ခဲ့လျှင် သူမအ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏အမျက်‌တော် အမှန်ကျ‌ရောက်ပါ‌စေဟု ထွက်ဆိုရမည်ဖြစ်သည်။

    [10] ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏အသနား‌တော်သည် မရှိခဲ့လျှင် (အမှန်ကို ‌ဖော်ထုတ်‌ပေးလိုက်မည်ဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည့်အတွက် (အသင်တို့အား ဝန်ချ‌တောင်းပန်နိုင်‌အောင် အခွင့်အ‌ရေး‌ပေး‌တော်မူခြင်း ဖြစ်သည်)။

    [11] အမှန်စင်စစ် မုသားစွပ်စွဲချက်ကို ဖြန့်ချိခဲ့သည့်သူများသည် အသင်တို့ထဲမှ အုပ်စုတစ်စုပင်ဖြစ်သည်။* အသင်တို့သည် အသင်တို့နှင့်ပတ်သက်၍ ထိုလိမ်လည်စွပ်စွဲချက်ကို ဆိုးရွားသည်ဟု မယူဆကြနှင့်။ အမှန်စင်စစ် ထိုလိမ်လည်စွပ်စွဲချက်သည် အသင်တို့နှင့်ပတ်သက်၍ ‌ကောင်းသည်။ ထိုအုပ်စုထဲမှ လူတိုင်းအတွက် သူရှာ‌ဖွေဆည်းပူးခဲ့‌သော ပြစ်မှုရှိသည်။ ထို့ပြင် ထိုလိမ်လည်စွပ်စွဲမှု(အများဆုံး ဖြန့်ချိ‌သော)သူမှာ အလွန်ကြီး‌လေး‌သော ပြစ်ဒဏ်ရှိသည်။

    [12] ထိုလိမ်လည်စွပ်စွဲမှုကို အသင်တို့ကြားစဉ်က အီမာန်ရှင်‌ယောက်ျား၊ မိန်းမသည် သူတို့အချင်းချင်းနှင့်ပတ်သက်၍ အဘယ့်‌ကြောင့် ‌ကောင်းမွန်‌သော ထင်မြင်ချက်ကို မထင်မြင်ခဲ့ကြသနည်း။ ထို့ပြင် အီမာန်ရှင်‌ယောက်ျား၊ မိန်းမများက ဤသည် ထင်ရှား‌သော လိမ်လည်စွပ်စွဲမှုပင်ဖြစ်သည်ဟု အဘယ့်‌ကြောင့် မ‌ပြောဆိုခဲ့ကြသနည်း။

    [13] ထိုလူတစ်စုသည် အဘယ့်‌ကြောင့် ထိုစွပ်စွဲမှုနှင့်ပတ်သက်၍ သက်‌သေ‌လေး‌ယောက်ကို မတင်ပြခဲ့ကြသနည်း။ ထို့ပြင် သူတို့သည် သက်‌သေမတင်ပြခဲ့ကြသည့်အတွက် သူတို့ပင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် လိမ်လည်သူများဖြစ်ကြသည်။

    [14] ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏အသနား‌တော်သည် ဤဘဝနှင့် တမလွန်ဘဝတွင် မရှိခဲ့လျှင် အသင်တို့နစ်မွန်း‌နေခဲ့ကြ‌သော ကိစ္စနှင့်ပတ်သက်၍ အသင်တို့တွင် အလွန်ကြီး‌လေးသည့်အပြစ်ဒဏ်သည် အမှန်ပင် ကျ‌ရောက်ခဲ့ပြီးဖြစ်သည်။

    [15] တစ်ခါက အသင်တို့သည် ထိုကိစ္စကို အသင်တို့၏နှုတ်လျှာများနှင့် လက်ခံ‌ပြောဆို‌နေခဲ့ကြသည်။ ထို့ပြင် အသင်တို့မသိသည့်အ‌ကြောင်းကို အသင်တို့ နှုတ်များနှင့် ‌ပြောဆို‌နေခဲ့ကြသည်။ ထို့ပြင် ထိုကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလွန်ကြီး‌လေး‌သော ကိစ္စဖြစ်ပါလျက် အသင်တို့သည် ထိုကိစ္စကို ‌ပေါ့ဆစွာ သာမန်ကိစ္စဟု ထင်မှတ်‌နေကြသည်။

    [16] ထို့ပြင် အသင်တို့သည် ထိုလိမ်လည်စွပ်စွဲမှုကို ကြားခဲ့ကြသည့်အခါ “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်တို့သည် ဤသည်ကို ‌ပြောဆိုကြရန် မသင့်ပါ။ ဤသည် ကြီးကျယ်‌သော မတရား‌ပြောဆိုချက်ပင် ဖြစ်ပါသည်“ဟု အဘယ့်‌ကြောင့် မ‌ပြောဆိုခဲ့ကြသနည်း။

    [17] အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အသင်တို့သည် ထိုသို့ အပြစ်မျိုးကို ‌နောက်ထပ်မည်သည့်အခါမှ မပြုကြရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမ‌တော်မူသည်။

    [18] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အမိန့်ပညတ်‌တော်များကို ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [19] အမှန်စင်စစ် အီမာန်ယုံကြည်သူများထဲတွင် ညစ်ညမ်းသည့်စကား ပျံ့ပွားသည်ကို နှစ်သက်သည့်သူများအတွက် ဤဘဝနှင့် တမလွန်ဘဝတွင် သူတို့အတွက် ပြင်းထန်‌သော ပြစ်ဒဏ်ရှိမည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သိရှိ‌တော်မူသည်၊ အသင်တို့ကမူ မသိနားမလည်ကြ‌ပေ။

    [20] ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အသနား‌တော် မရှိခဲ့လျှင် (အမှန်ပင် အသင်တို့အ‌ပေါ်တွင် ပြစ်ဒဏ်ကို ‌စောလျင်စွာ ကျ‌ရောက်‌စေ‌တော်မူခဲ့မည်ဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (သို့ဖြစ်ရာ အသင်တို့ကို ဝန်ချ‌တောင်းပန်နိုင်ရန် အ‌ခြေအ‌နေကို ဖန်တီး‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။)

    [21] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို မလိုက်ကြနှင့်။ ထို့ပြင် မည်သူမဆို ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို လိုက်ပါလျှင် အမှန်စင်စစ် ထိုရှိုင်သွာန်သည် ရှက်စရာကိစ္စနှင့် မ‌ကောင်းမှုကိုသာ လုပ်ရန် ညွှန်ကြားလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အသနား‌တော်မရှိခဲ့လျှင် အသင်တို့ထဲတွင် မည်သူမျှ မည်သည့်အခါမှ (ဝန်ချ‌တောင်းပန်ပြီး) စင်ကြယ်ခဲ့ကြမည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို (ဝန်ချ‌တောင်းပန်ခွင့် ပြု‌တော်မူပြီး) စင်ကြယ်‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [22] ထို့ပြင် အသင်တို့ထဲမှ ဂုဏ်သ‌ရေနှင့် ကြွယ်ဝချမ်းသာသည့်သူများသည် ‌ဆွေမျိုးသားချင်းများနှင့်၊ ဆင်းရဲသားများအပြင် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် (အိုးအိမ်စွန့်လွှတ်)‌ပြောင်း‌ရွှေ့လာခဲ့ကြ‌သော မုဟာဂျိရ်များအား ‌ပေးကမ်း‌တော့မည်မဟုတ်ဟူ၍ ကျိန်ဆိုခြင်း မပြုရ‌ပေ။ ထို့ပြင် သူတို့သည် (ထိုသူများအား)ခွင့်လွှတ်သင့်သည်။ ထို့ပြင် (သူတို့‌ခြေ‌ချော် မှားယွင်းမှုကို) လျစ်လျူရှုသင့်သည်။ အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူသည်ကို မနှစ်သက်ကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [23] အမှန်စင်စစ် ကာမဂုဏ်ကို ချုပ်တည်း‌သော၊ ရိုးသား‌ဖြောင့်မတ်၍၊ သတိမမူဘဲ ‌မေ့‌မေ့‌လျော့‌လျော့‌နေတတ်‌သော မုအ်မင်န်အမျိုးသမီးများကို စွပ်စွဲသူများသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့အတွက် ကြီး‌လေး‌သောပြစ်ဒဏ်လည်း ရှိမည်။

    [24] ထို‌နေ့တွင် သူတို့၏နှုတ်လျှာများ၊ လက်များနှင့် ‌ခြေ‌ထောက်များသည် သူတို့နှင့်ဆန့်ကျင်ပြီး သူတို့ပြုကျင့်ခဲ့သည်များကို သက်‌သေခံကြမည်။

    [25] ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့နှင့်ထိုက်တန်‌သောအစားကို ပြည့်ဝစွာ‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင်၊ ထင်ရှား‌စေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ကို သိရှိကြလိမ့်မည်။

    [26] မ‌ကောင်းသည့်မိန်းမများသည် မ‌ကောင်းသည့်‌ယောက်ျားများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် မ‌ကောင်းသည့်‌ယောက်ျားများသည်လည်း မ‌ကောင်းသည့်မိန်းမများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် ‌ကောင်းသည့်မိန်းမများသည် ‌ကောင်းသည့်‌ယောက်ျားများနှင့်သာ ထိုက်တန်ကြသည်။ ထို့ပြင် ‌ကောင်းသည့်‌ယောက်ျားများသည် ‌ကောင်းသည့်မိန်းမများနှင့် ထိုက်တန်ကြသည်။* ထိုသူ(‌ကောင်း‌သော‌ယောက်ျားနှင့် မိန်းမ)များသည် သူတို့၏‌ပြောဆို(စွပ်စွဲ)မှုများမှ ကင်းရှင်းသူများပင်ဖြစ်ကြသည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မွန်မြတ်‌သော စားနပ်ရိက္ခာရှိ‌ပေသည်။

    [27] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အိမ်မှလွဲ၍ အခြားအိမ်များထဲသို့ (ထိုအိမ်များ၏) အိမ်သူအိမ်သားများထံမှ ခွင့်ပြုချက်ရယူပြီး အိမ်သူအိမ်သားများအ‌ပေါ် စလာမ်‌မေတ္တာပို့သခြင်း မပြုသမျှ ဝင်‌ရောက်ခြင်းမပြုကြနှင့်။* ဤသည် အသင်တို့အတွက် သတိပြုရန် အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [28] ထို့‌နောက် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးမှ မ‌တွေ့ခဲ့ကြလျှင်၊ အသင်တို့သည် အသင်တို့အတွက် အခွင့်မရရှိသမျှ ထိုအိမ်များထဲသို့ မဝင်ကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့ကို ပြန်ကြရန် ‌ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြပါ။ ထိုအရာသည် အသင်တို့အတွက် အစင်ကြယ်ဆုံးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [29] အသင်တို့သည် လူမ‌နေသည့် အကြင်အိမ်များတွင် ဝင်‌ရောက်ခဲ့လျှင် အသင်တို့တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ ထိုအိမ်များတွင် အသင်တို့အတွက် အကျိုးခံစား၍ရ(‌သော ပစ္စည်းတစ်စုံတစ်ရာ)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှား‌စေသည့်ကိစ္စများနှင့် အသင်တို့ လျှို့ဝှက်ကြ‌သောကိစ္စများကို သိရှိ‌တော်မူသည်။

    [30] (အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူများကို သူတို့၏မျက်စိများကို နှိမ့်ချထားရန်နှင့် သူတို့၏အရှက်အဂင်္ါများကို ထိန်းသိမ်းကြရန် ‌ပြောကြားပါ။ ဤသည် သူတို့အတွက် အစင်ကြယ်ဆုံးပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် (အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူအမျိုးသမီးများကို ‌ပြောလိုက်ပါ၊ သူမတို့သည် သူမတို့၏မျက်စိများကို ‌အောက်ကိုနှိမ့်ချ ထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အရှက်အဂင်္ါများကို (တရားမဝင် ကာမကျူးလွန်ခြင်းမှ)ထိန်းသိမ်းကြရမည်။ ထို့ပြင် သူမတို့သည် (မလွှဲမ‌ရှောင်သာ)‌ပေါ်‌သော သူမတို့၏အလှအပမှလွဲ၍* ကျန်အလှအပများကို မ‌ဖော်ကြရ‌ပေ။ ထို့ပြင် သူမတို့သည် သူမတို့၏အ‌ပေါ်ရုံ(ပဝါ)များကို သူမတို့၏ရင်ဘတ်များ‌ပေါ်သို့ ချထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အလှအပကို သူမတို့၏ လင်‌ယောက်ျားများ သို့မဟုတ် သူမတို့၏ဖခင်များ သို့မဟုတ် သူမတို့၏လင်‌ယောက်ျား၏ဖခင်များ သို့မဟုတ် သူမတို့၏သားများ သို့မဟုတ် သူမတို့၏လင်ပါသားများ သို့မဟုတ် သူမတို့၏အစ်ကိုများ သို့မဟုတ် သူမတို့၏အစ်ကို၊‌မောင်များ၏သားများ သို့မဟုတ် သူမတို့၏အစ်မ၊ညီမများ၏သားများ သို့မဟုတ် သူမတို့၏မိန်းမအချင်းချင်းများ သို့မဟုတ် သူမတို့၏လက်ယာလက်များက ပိုင်ဆိုင်သည့်ကျွန်များ သို့မဟုတ် ‌ယောက်ျားများထဲမှ (မိန်းမများကို) အလိုမရှိ‌သော (သူမတို့၏)လက်‌အောက်ခံ‌နောက်လိုက်များ သို့မဟုတ် မိန်းမများ၏အတွင်း‌ရေးလျှို့ဝှက်ချက်များကို မသိနားမလည်ကြ‌သေး‌သော က‌လေးသူငယ်များ (ထိုသူများ)၏‌ရှေ့မှလွဲ၍ အခြားမည်သူ့‌ရှေ့၌မှ မ‌ဖော်ကြရ‌ပေ။* ထို့ပြင် သူမတို့သည် သူမတို့လျှို့ဝှက်ထားကြ‌သော လက်ဝတ်တန်ဆာများကို (သူများ)သိရှိရန် သူမတို့၏‌ခြေများကို ‌ဆောင့်မနင်းကြရ‌ပေ။ ထို့ပြင် အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ‌အောင်မြင်မှုရရှိရန်အတွက် အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်တွင် ဝန်ချ‌တောင်းပန်ကြပါ။

    [32] ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ ဇနီးခင်ပွန်းမရှိ‌သော ‌ယောက်ျားမိန်းမများကိုလည်း‌ကောင်း* အသင်တို့၏ကျွန်၊ ကျွန်မများထဲမှ (ထိမ်းမြားရန်)အရည်အချင်းရှိ‌သော ကျွန်၊ ကျွန်မများ*ကိုလည်း‌ကောင်း ထိမ်းမြား‌ပေးကြပါ။ အကယ်၍ သူတို့သည် ဆင်းရဲသားများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ချမ်းသာ‌စေ‌တော်မူမည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [33] ထို့ပြင် ထိမ်းမြားရန်(စရိတ်)မရှိကြသည့်သူများကမူ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ချမ်းသာ‌စေ‌တော်မူသည်အထိ (သူတို့၏)သိက္ခာကို ‌စောင့်ထိန်းကြရမည်။* ထို့ပြင် အသင်တို့၏ကျွန်များထဲမှ အကြင်သူများသည် (ကျွန်ဘဝမှ လွတ်‌မြောက်ရန်)ကတိစာချုပ် ချုပ်ဆိုလိုကြသည်။ အကယ်၍ အသင်တို့သည် သူတို့တွင် အ‌ကောင်းတစ်စုံတစ်ရာ ‌တွေ့ရှိခဲ့ကြလျှင် သူတို့နှင့် ကတိစာချုပ် ချုပ်ဆိုကြပါ။ ထို့ပြင် အသင်တို့သည် သူတို့အား အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ချီးမြှင့်ထား‌တော်မူ‌သော ပစ္စည်းများထဲမှ ‌ပေးကမ်းကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့၏ကျွန်မများကို သူမတို့သည် သူမတို့၏အရှက်သိက္ခာကို ထိန်းသိမ်းရန် လိုလားကြလျှင် အသင်တို့သည် ဤဘဝ၏ပစ္စည်းဥစ္စာရရှိရန်အတွက် (ထိုကျွန်မများကို) ပြည့်တန်ဆာလုပ်ငန်းပြုလုပ်ကြရန် အတင်းအကျပ် မခိုင်းကြနှင့်။ ထို့ပြင် မည်သူမဆို သူမတို့အား အတင်းအကျပ်‌စေခိုင်းခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ် ‌စေခိုင်းခံကြရပြီးသည့်‌နောက် (ထိုကျွန်မများအား) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [34] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအမိန့်‌တော်များနှင့် အသင်တို့မတိုင်မီက ‌ကျော်လွန်ခဲ့သည့်သူများ၏ အလားတူအ‌ကြောင်းများအပြင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအတွက် ဆုံးမဩဝါဒကို ချ‌ပေး‌တော်မူခဲ့သည်။

    [35] အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ ‌ရောင်ခြည်‌တော်ဖြစ်‌တော်မူသည်။ (အားလုံးကို လမ်းမှန်‌ရောင်ခြည် ညွှန်ကြားပြသ‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်)။ အရှင်မြတ်၏‌ရောင်ခြည်၏သာဓကသည် နံရံထဲမှ အကြင်လိုဏ်ဂူနှင့်တူသည်။ ထိုလိုဏ်ဂူထဲတွင် ဆီမီးတစ်ခုရှိသည်။ ထိုဆီမီးသည် မှန်အိမ်တစ်ခုအတွင်းတွင်ရှိသည်။ ထိုမှန်အိမ်သည် လင်းဝင်း‌တောက်ပ‌သော ကြယ်တစ်လုံးကဲ့သို့ဖြစ်၍ ထိုဆီမီးကို မဂင်္လာရှိ‌သောသစ်ပင်က သံလွင်ဆီနှင့် ထွန်းထားသည်။ ထိုသစ်ပင်သည် အ‌ရှေ့ဘက်လည်းမကျ၊ အ‌နောက်ဘက်လည်းမကျဘဲ (‌နေ‌ရောင်ခြည် အမြဲရသည့်‌နေရာဖြစ်၍) ထိုသစ်ပင်၏အဆီသည် မီးနှင့်လုံးဝမထိ‌သေးဘဲနှင့်ပင် ထ‌တောက်လုမတတ် (ကြည်လင်‌တောက်ပမှု)ဖြစ်‌နေသည်။ ‌ရောင်ခြည်‌ပေါ်တွင် ‌ရောင်ခြည်ရှိ‌နေသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏‌ရောင်ခြည်‌တော် (အမှန်တရား)ထံသို့ လမ်းညွှန်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [36] (ထိုမှန်အိမ်သည်) အကြင်အိမ်‌တော်များတွင်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်‌တော်များကို ‌လေးစားမှုမြှင့်တင်ရန်နှင့် ထိုအိမ်‌တော်များတွင် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို သတိရတသရန် အမိန့်‌ပေးထား‌တော်မူသည်။ ထိုအိမ်‌တော်များတွင် (အီမာန်ရှင်များသည်) နံနက်နှင့်ည‌နေများတွင် အရှင်မြတ် သန့်ရှင်း‌တော်မူ‌ကြောင်း ‌ပြောဆိုလျက်ရှိကြသည်။

    [37] (အကြင်)‌ယောက်ျားများ၊ ထို‌ယောက်ျားများအား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့် ‌ရောင်းဝယ်‌ဖောက်ကားမှုကမှ အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း၊ စွလာသ်ဝတ်ပြုမှုတည်‌ဆောက်ခြင်းနှင့် ဇကာသ်‌ပေး‌ဆောင်ခြင်းများမှ အာရုံ‌ပြောင်း‌စေခြင်းမရှိ‌ပေ။ ထို‌ယောက်ျားများသည် စိတ်နှလုံးများနှင့် မျက်စိများ ‌ဗြောင်းဆန်‌နေမည့်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်လျက်ရှိကြသည်။

    [38] (ထိုသို့ ပြုလုပ်ရခြင်းမှာ) အလ္လာဟ်အရှင်မြတ်က သူတို့ပြုလုပ်ခဲ့ကြ‌သော ‌ကောင်းသည့်လုပ်ရပ်များနှင့် ပတ်သက်၍ အ‌ကောင်းဆုံးအကျိုးကို ‌ပေးသနား‌တော်မူရန်အတွက်သာမက အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့အား ပို့‌ပေးသနား‌တော်ရန်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အကန့်အသတ်မရှိ ‌ပေးသနား‌တော်မူသည်။

    [39] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ သူတို့၏လုပ်ရပ်များသည် လွင်တီး‌ခေါင်ပြင်တွင်ရှိ‌နေ‌သောတံလျှပ် (‌နေအပူရှိန်‌ကြောင့် ‌မြေ‌ပေါ်တွင် ‌ရေပြင်ကဲ့သို့ တလှုပ်လှုပ်‌ပေါ်‌နေ‌သော အရိပ်အ‌ယောင်)ကဲ့သို့ဖြစ်သည့်အတွက် ‌ရေဆာသည့်သူသည် ထိုတံလျှပ်‌ပေါ်တွင် ‌ရေဟု ထင်မှတ်‌တော့သည်။ ထိုသူသည် ‌နောက်ဆုံးတွင် ထိုတံလျှပ်အနီးသို့‌ရောက်သည့်အခါ ထိုအရာကို မည်သည့်အရာမျှ မဟုတ်သည့်အဖြစ်နှင့် ‌တွေ့ခဲ့ရသည့်အပြင် ထိုအနီးတွင် အလ္လာဟ်အရှင်မြတ်ကိုသာ ‌တွေ့လိုက်ရ‌တော့သည်။ ထို့‌နောက် အရှင်မြတ်သည် သူ၏စာရင်းကို အပြည့်အဝရှင်း‌တော်မူခဲ့လိုက်သည်။ (သူ၏သက်တမ်းကို ကုန်ဆုံး‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [40] သို့မဟုတ်(ထိုကာဖိရ်များ၏ မ‌ကောင်းမှုများသည်) အကြင်နက်ရှိုင်း‌သော ပင်လယ်ထဲမှ အ‌မှောင်ထုများနှင့်တူသည်။ ထိုပင်လယ်အား လှိုင်းကမိုး‌နေသည်။ ထိုလှိုင်း‌ပေါ်တွင် အခြားလှိုင်းက ထပ်၍ လွှမ်းမိုးထားပြန်သည်။ ထိုလှိုင်းအထက်တွင် မိုးတိမ်များက ရှိပြန်သည်။ အ‌မှောင်‌ပေါ်တွင် အ‌မှောင်ထပ်‌နေသည့်အတွက် တစ်ဦးတစ်‌ယောက်သည် သူ၏လက်ကိုထုတ်(ကြည့်)လျှင် မြင်ရန်ပင် မနီးစပ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်က အကြင်သူ့အတွက် အလင်း‌ရောင်ပြုလုပ်‌ပေး‌တော်မမူဟုဆိုလျှင် ထိုသူသည် အနည်းငယ်မျှပင် အလင်း‌ရောင်ရမည် မဟုတ်‌တော့‌ပေ။

    [41] အမှန်စင်စစ် မိုး‌ကောင်းကင်များတွင် ရှိ‌နေသူများ၊ ‌မြေပထဝီတွင် ရှိ‌နေသည့်သူများနှင့် အ‌တောင်ပံများဖြန့်(၍ ပျံဝဲ)‌နေကြသည့်ငှက်များသည်လည်း အလ္လာဟ်အရှင်မြတ် သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း ‌ပြောဆို‌နေကြသည်ကို အသင် မသိမြင်ခဲ့သ‌လော။ သူတို့ကိုယ်စီသည် မိမိတို့၏ဆု‌တောင်းနည်းကိုသာမက သူတို့၏သတ်စ်ဗီဟ်(သန့်ပြန့်စင်ကြယ်‌ကြောင်းရွတ်ဆိုမှု) ပြုလုပ်နည်းကိုလည်း အမှန်စင်စစ် သိရှိပြီးဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်‌နေကြသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [42] ထို့ပြင် မိုး‌ကောင်းကင်များတွင် စိုးမိုးအုပ်ချုပ်မှုနှင့် ‌မြေပထဝီတွင် စိုးမိုးအုပ်ချုပ်မှုကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ ထို့ပြင် ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။

    [43] အသင်သည် မသိမမြင်ခဲ့‌လေသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း‌မောင်းနှင်‌တော်မူသည်။ ထို့‌နောက် ထိုမိုးတိမ်များကို အချင်းချင်း ‌ပေါင်းစပ်‌စေ‌တော်မူသည်။ ထို့‌နောက် သူတို့အား အထပ်ထပ်ဖြစ်‌စေ‌တော်မူသည်။ ထိုအခါ အသင်သည် ထိုမိုးတိမ်များကြားမှ မိုး‌ပေါက်များ ထွက်ကျလာသည်ကို ‌တွေ့မြင်ရသည်။* ထို့ပြင် အရှင်မြတ်သည် (ကြီးကျယ်မှုတွင် ‌တောင်ကြီးများကဲ့သို့) ထိုမိုးတိမ်၏အစိုင်အခဲကြီးများမှ မိုးသီးများကို ကျ‌စေ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုမိုးသီးများနှင့် အရှင်မြတ်အလိုရှိသည့်သူများကို ထိခိုက်‌စေ‌တော်မူပြီး အရှင်မြတ်အလိုရှိသည့်သူများမှ ထိုမိုးသီးများကို ဖယ်ရှား‌တော်မူသည်။ ထိုမိုးတိမ်၏ လျှပ်စီးလက်ခြင်းသည် မျက်စိအလင်းကို သိမ်းယူသွားမည့်ဆဲဆဲဖြစ်သည်။

    [44] အလ္လာဟ်အရှင်မြတ်သည် ညနှင့်‌နေ့ကို (တစ်လှည့်စီ)‌ပြောင်းလဲ‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင်(မြင်တတ်သည့်)မျက်စိရှိသည့်သူများအတွက် သင်ခန်းစာ အမှန်ပင်ရှိသည်။

    [45] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (‌မြေ‌ပေါ်တွင်)သွားလာလှုပ်ရှား‌နေ‌သော သတ္တဝါတိုင်းကို ‌ရေနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ထိုသတ္တဝါများထဲတွင် သူ၏ဝမ်းဗိုက်နှင့်သူ တွားသွား‌သောသတ္တဝါမျိုးလည်း ရှိသည်။ ထို့ပြင် ထိုအထဲတွင် ‌ခြေနှစ်‌ချောင်းနှင့် သွားသည့်သတ္တဝါမျိုးလည်း ရှိသည်။ ထို့ပြင် ထိုအထဲတွင် ‌ခြေ‌လေး‌ချောင်းနှင့် သွားသည့်သတ္တဝါမျိုးလည်း ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [46] အမှန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှား‌သော သက်‌သေသာဓကများကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ညွှန်ကြားပြသ‌တော်မူသည်။

    [47] ထို့ပြင် ထို(အ‌ယောင်‌ဆောင်များက) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်မြတ်ကို ယုံကြည်ကြပြီဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် (အမိန့်‌တော်များကိုလည်း) နာခံကြပါပြီဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့ထဲမှ လူတစ်စုသည် ထို(ကဲ့သို့ ‌ပြောဆိုပြီး)‌နောက် သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်ကြဘဲလျက်* ‌သွေဖည်ကြသည်။

    [48] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ထံသို့ တမန်‌တော်က သူတို့ကြားတွင် စီရင်ဆုံးဖြတ်‌ပေးရန် အ‌ခေါ်ခံကြရသည့်အခါ သူတို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် ‌ရှောင်တိမ်းသွားကြသည်။

    [49] ထို့ပြင် အကယ်၍ သူတို့တွင် အခွင့်အ‌ရေးရှိလျှင် သူတို့သည် တမန်‌တော်ထံသို့ ကျိုးနွံစွာဖြင့် ‌ရောက်လာကြသည်။

    [50] သူတို့၏စိတ်နှလုံးများထဲတွင် ‌ရောဂါရှိ‌နေသ‌လော၊ သို့မဟုတ် သူတို့သည် သံသယဖြစ်‌နေကြသ‌လော၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်မြတ်သည် သူတို့အ‌ပေါ်တွင် မတရားပြုလုပ်‌တော်မူမည်ကို စိုးရိမ်‌နေကြသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့ကိုယ်တိုင်ကပင် မတရားပြုလုပ်သည့်သူများဖြစ်ကြသည်။

    [51] အီမာန်ယုံကြည်သည့်သူများ၏စကားကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်ထံသို့ တမန်‌တော်မြတ်သည် သူတို့အကြားတွင် စီရင်ဆုံးဖြတ်‌ပေးရန် အ‌ခေါ်ခံကြရသည့်အခါ သူတို့က ကျွန်ုပ်တို့သည် ကြားနာကြ၍ လိုက်နာကြပြီဖြစ်ပါသည်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုသူများပင် ‌အောင်မြင်မှုရရှိသူများဖြစ်ကြသည်။

    [52] ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များနှင့် အရှင့်တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာလျှင်၊ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ကိုလည်း ‌ကြောက်ရွံ့ပြီး အရှင်မြတ်(၏ အမိန့်ဖီဆန်ခြင်း)မှ ‌ရှောင်ကြဉ်လျှင် ထိုသူများပင် ‌အောင်မြင်သည့်သူများဖြစ်ကြသည်။

    [53] ထို့ပြင် သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) သူတို့၏ အစွမ်းကုန်တိုင်တည်မှုဖြင့် အကယ်၍ သူတို့အား အမိန့်‌ပေးခဲ့လျှင် အမှန်စင်စစ် သူတို့သည် (အိုးအိမ်များစွန့်ပြီး စစ်တိုက်)ထွက်ကြပါမည်ဟု ကျိန်တွယ်‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် မကျိန်တွယ်ကြနှင့်။ (အသင်တို့၏)အမိန့်နာခံမှုသည် ထင်ရှားပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်‌နေသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [54] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်၏အမိန့်‌တော်များကိုလည်း လိုက်နာကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် ‌ရှောင်တိမ်းသွားခဲ့ကြလျှင် တမန်‌တော်၏အ‌ပေါ်တွင် ၎င်းတာဝန်‌ပေးခြင်းခံခဲ့ရသည်မျှ (ပို့ချရမည့် တာဝန်)သာရှိသည်။ ထို့ပြင် အသင်တို့အ‌ပေါ်တွင်လည်း အသင်တို့ တာဝန်‌ပေးခြင်းခံခဲ့ရသည်မျှ (လိုက်နာရန်)သာရှိသည်။* ထို့ပြင် အကယ်၍ အသင်တို့သည် တမန်‌တော်(၏ အမိန့်‌တော်များ)ကို လိုက်နာကြလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြမည်ဖြစ်သည်။ ထို့ပြင် တမန်‌တော်အ‌ပေါ်တွင် ထင်ရှားပြတ်သားစွာ ပို့ချ‌ပေးခြင်းမှလွဲ၍ အခြား မည်သည့်တာဝန်မှ မရှိ‌ပေ။

    [55] အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုလုပ်ကြသည့်သူများအား ကတိ‌ပေး‌တော်မူသည်- အရှင်မြတ်သည် သူတို့မတိုင်မီကရှိခဲ့သည့်သူများအား (ကမာ္ဘ‌မြေတွင်)အုပ်ချုပ်‌စေ‌တော်မူသကဲ့သို့ပင် သူတို့အားလည်း အမှန်စင်စစ် အုပ်ချုပ်‌စေ‌တော်မူမည်။ ထို့ပြင် သူတို့အတွက် အရှင်မြတ်နှစ်သက်‌တော်မူ‌သော (အစ္စလာမ်)သာသနာ‌တော်ကို သူတို့အကျိုးအတွက် အမှန်ပင် မြဲမြံခိုင်ခံ့‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ကြောက်ရွံ့စိုးရိမ်မှု‌နောက်တွင် ငြိမ်းချမ်းမှုကို အမှန်စင်စစ် ‌ပြောင်းလဲ‌ပေး‌တော်မူမည်။* (အကယ်၍)သူတို့သည် ငါအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝ တွဲဖက်ကိုးကွယ်ခြင်း မပြုဘဲ ငါအရှင်မြတ်ကိုသာ ကိုးကွယ်‌နေကြလျှင်၊ ထို့ပြင် မည်သူမဆို ထို့‌နောက်တွင် ‌ကျေးဇူးကန်းခဲ့လျှင် ထိုသူများပင် အမိန့်‌တော်ကို ဖီဆန်သည့်သူများဖြစ်ကြသည်။

    [56] ထို့ပြင် အသင်တို့သည် ကရုဏာပြုခြင်းကို ခံကြရရန်အတွက် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ဇကာသ်‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်၏အမိန့်ကို လိုက်နာကြပါ။

    [57] ကာဖိရ်များသည် (ငါအရှင်မြတ်အား) ကမာ္ဘ‌မြေတွင် မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြလိမ့်မည်ဟု လုံးဝ အသင်မထင်မှတ်လိုက်‌လေနှင့်။ ထို့ပြင် သူတို့၏ခိုလှုံရာ‌နေရာသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှဆိုးရွားလိုက်‌သောစခန်း အမှန်ဖြစ်လိုက်သနည်း။

    [58] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့၏ကျွန်၊ ကျွန်မများနှင့် အသင်တို့ထဲမှ အရွယ်မ‌ရောက်ကြ‌သေး‌သော ‌ယောက်ျား‌လေးများကို (အသင်တို့အိမ်ထဲတွင် ဝင်ထွက်သွားလာရန်) အချိန်သုံးချိန်တွင် ဝင်ခွင့်‌တောင်းကြရမည်ဖြစ်သည်။ ဖဂျရ်စွလာသ်မတိုင်မီ(တစ်ချိန်)၊ အသင်တို့သည် အသင်တို့၏အဝတ်အစားများကို ချွတ်၍ထား‌လေ့ရှိကြ‌သော ‌နေ့လယ်အချိန်တွင် (တစ်ချိန်)နှင့် အိရှာစွလာသ်အပြီးတွင်(တစ်ချိန်၊ ဤ)သုံးချိန်သည် အသင်တို့၏ ဖုံးအုပ်ရမည့်အစိတ်အပိုင်းများ လစ်လပ်(‌ကောင်းလစ်လပ်)‌နေမည့်အချိန်များဖြစ်ကြသည်။* ထိုအချိန်များမှလွဲလျင် (ခွင့်မ‌တောင်းဘဲ ဝင်ထွက်သွားလာခြင်းသည်) အသင်တို့အ‌ပေါ်နှင့် သူတို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ သူတို့သည် အသင်တို့ထံသို့ မကြာခဏ ဝင်ထွက်သွားလာသူများပင်ဖြစ်ကြသည်။ အသင်တို့ထဲမှ တစ်ဦးသည် တစ်ဦးထံသို့ (မကြာခဏ သွားလာ‌နေရခြင်းပင်ဖြစ်သည်)။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်များကို အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [59] ထို့ပြင် အသင်တို့ထဲမှ ‌ယောက်ျား‌လေးများသည် အရွယ်‌ရောက်လာခဲ့လျှင်၊ သူတို့သည်လည်း သူတို့အလျင် ခွင့်‌တောင်းခဲ့ကြသည့်သူများကဲ့သို့ ခွင့်‌တောင်းကြရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အရှင်မြတ်၏အမိန့်ပညတ်များကို အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [60] ထို့ပြင် ထိမ်းမြားရန် ‌မျှော်လင့်ဖွယ်ရာမရှိ‌သော အဖွားအိုများသည် လှပမှုကို ‌ဖော်ပြခြင်းမဟုတ်ဘဲ သူမတို့၏(အပို)အဝတ်များကို ချွတ်ထားသည့်အတွက် သူမတို့အ‌ပေါ်တွင် မည်သည့်အပြစ်မျှ မရှိ‌ပေ။ သို့ရာတွင် သူမတို့လည်း (ထိုသို့ အပို အဝတ်များ ချွတ်ခြင်းမှ) ‌ရှောင်ကြဉ်ကြလျှင် သူမတို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [61] မျက်ကန်းများအ‌ပေါ်တွင် မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် ‌ခြေမသန်စွမ်းသူအ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် မကျန်းမာသူအ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ ထို့ပြင် အသင်တို့ကိုယ်တိုင်အ‌ပေါ်တွင်လည်း မည်သည့်အရာမျှ တားမြစ်မထား‌ပေ။* အသင်တို့သည် အသင်တို့၏အိမ်များ၊ အသင်တို့၏ဖခင်များ၏အိမ်များ၊ အသင်တို့၏မိခင်များ၏အိမ်များ၊ အသင်တို့၏ညီ၊အစ်ကိုများ၏အိမ်များ၊ အသင်တို့၏အစ်မ၊နှမများ၏အိမ်များ၊ အသင်တို့၏ဘကြီး၊ဘ‌ထွေးများ၏အိမ်များ၊ အသင်တို့၏အရီးကြီး၊အရီး‌လေးများ၏အိမ်များ၊ အသင်တို့၏ဦးကြီး၊ဦး‌လေးများ၏အိမ်များ၊ အသင်တို့၏အ‌ဒေါ်ကြီး၊အ‌ဒေါ်‌လေးများ၏အိမ်များ၊ အသင်တို့‌သော့ထိန်းကြရသည့်အိမ်များ၊ အသင်တို့၏မိတ်‌ဆွေများ၏အိမ်များ (ထိုအိမ်များ)မှ အသင်တို့၏စားသုံးခြင်းကို မည်သည့်အရာမျှ တားမြစ်ထားခြင်းမရှိ‌ပေ။ အသင်တို့သည် ‌ရော‌နှောစု‌ပေါင်းပြီး စားသုံးသည်ဖြစ်‌စေ၊ တခြားစီစားသုံးသည်ဖြစ်‌စေ အသင်တို့အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် အိမ်များသို့ဝင်‌ရောက်သည့်အခါ အသင်တို့ကိုယ်များ(အချင်းချင်း)အ‌ပေါ်တွင် စလာမ်‌မေတ္တာပို့သကြပါ။* (ထိုစလာမ်သည်)‌ကောင်းမြတ်‌သောဒုအာအဖြစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ သတ်မှတ်ထားသည်။ (အကျိုးဆဝါးဗ်ရရှိမည်ဖြစ်သည့်အတွက်) ဗရကသ်မဂင်္လာလည်းရှိသည်။ (‌ရှေ့၌ရှိသူ၏စိတ်ကို ‌ပျော်ရွှင်မှုဖြစ်‌စေသည့်အတွက်) ‌ကောင်းမွန်သည့်အရာလည်းဖြစ်သည်။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အတွက် အမိန့်ပညတ်ချက်များကို ရှင်းလင်းပြသ မိန့်ကြား‌တော်မူသည်။

    [62] အကြင်သူတို့ပင် အီမာန်ယုံကြည်သူများဖြစ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ယုံကြည်ခဲ့ကြသည့်အပြင် စု‌ပေါင်းပြုလုပ်‌သောကိစ္စတွင် တမန်‌တော်မြတ်နှင့်အတူရှိကြသည့်အခါ၊ တမန်‌တော်ထံတွင် ခွင့်မ‌တောင်းသမျှ ထွက်မသွားကြ‌ပေ။* အမှန်စင်စစ်အသင်၏ထံတွင် ခွင့်‌တောင်းသည့်သူများပင် အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်ကို ယုံကြည်ကြသည်။ သို့ဖြစ်ရာ သူတို့သည် အသင်၏ထံတွင် သူတို့၏ကိစ္စတစ်စုံတစ်ခုအတွက် ခွင့်‌တောင်းခဲ့လျှင် အသင်သည် သူတို့ထဲမှ အသင်အလိုရှိသူကို ခွင့်ပြုုလိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပါ။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [63] အသင်တို့သည် တမန်‌တော်မြတ်၏‌ခေါ်ခြင်းကို အသင်တို့အချင်းချင်း တစ်ဦးက တစ်ဦးကို‌ခေါ်သကဲ့သို့ မပြုလုပ်ကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ ကွယ်ဝှက်ပြီး တိတ်ဆိတ်စွာ ခိုးထွက်သွားကြသူများကို သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ တမန်‌တော်မြတ်၏အမိန့်ကို ‌ရှောင်တိမ်းသူများသည် သူတို့အ‌ပေါ်တွင် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်မည် သို့မဟုတ် သူတို့အ‌ပေါ်နာကျင်‌စေ‌သော ပြစ်ဒဏ်တစ်စုံတစ်ခုကျ‌ရောက်မည်ကို စိုးရိမ်‌နေကြရမည်ဖြစ်သည်။

    [64] သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်သည့်အရာများပင်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့၏ လက်ရှိအ‌ခြေအ‌နေကို သိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ သူတို့ပြန်‌ရောက်ကြရမည့်‌နေ့ကိုလည်း သိ‌တော်မူသည်။ (ထို‌နေ့တွင်) အရှင်မြတ်သည် သူတို့အား သူတို့ပြုလုပ်ခဲ့သမျှကို ထုတ်‌ဖော်အသိ‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 25
    စံနှုန်း

    [1] အကြင်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူပါသည်။ ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျွန်*အ‌ပေါ်တွင် ထိုကျွန်အ‌နေနှင့် စကြဝဠာအ‌ပေါင်းတို့အား သတိ‌ပေးနှိုး‌ဆော်သူဖြစ်ရန်အတွက် အမှားအမှန်ခွဲခြား‌ပေး‌သော* (ကျမ်းဂန် ကုရ်အာန်)ကို ချ‌ပေး‌တော်မူခဲ့သည်။

    [2] ထိုအရှင်မြတ်သည် အရှင်မြတ်၏ပိုင်ဆိုင်မှုထဲတွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏စိုးမိုးအုပ်ချုပ်မှုရှိသည်။ ထို့ပြင် အရှင်မြတ်သည် မည်သူ့ကိုမျှ သားအဖြစ်ပြုလုပ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် အရှင်မြတ်အတွက် စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်လည်း မည်သူမျှ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ဖန်ဆင်း‌တော်မူ၍ ထိုအရာများကို တိုင်းဆထားခဲ့သည်။

    [3] ထို့ပြင် ထို(မုရှ်ရိက်)များသည် အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုကိုးကွယ်ရာများသည် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသည့်အပြင် သူတို့ကိုယ်တိုင်ပင် ပြုလုပ်ဖန်ဆင်းခံထားကြရသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်တိုင်နှင့်ပတ်သက်၍ပင် မည်သည့် ဆိုးကျိုး‌ကောင်းကျိုးမှ ပိုင်ဆိုင်ကြသည်မဟုတ်‌ပေ။ ထို့ပြင် (မည်သူ့ကိုမျှ)အသက်‌သေ‌စေခြင်း၊ ရှင်‌စေခြင်း၊ ပြန်ရှင်ထ‌စေခြင်းတို့အား ပိုင်ဆိုင်ကြသည်လည်း မဟုတ်‌ပေ။

    [4] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက ဤကုရ်အာန်ကျမ်း‌တော်မြတ်သည် ဤသူ(တမန်‌တော်)လုပ်ကြံဖန်တီးထား‌သော မုသားပင်ဖြစ်သည်။ ထို့ပြင် ဤကိစ္စသည် ၎င်းအား အခြားလူမျိုးများကလည်း ကူညီခဲ့ကြသည်ဟု ‌ပြောဆိုကြသည်။* ထိုသို့(‌ပြောဆိုမှု‌ကြောင့်) အမှန်ပင် ထိုကာဖိရ်များသည် မတရားမှုနှင့် မုသားလိမ်လည်မှုကို ယူ‌ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

    [5] ထို့ပြင် ထိုကာဖိရ်များက “(ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်) ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)‌ရေးခိုင်းထား‌သော ‌ရှေးယခင်ကလူများ၏ အ‌ခြေအမြစ်မရှိသည့် ပုံပြင်များပင်ဖြစ်သည်။ ထို့ပြင် ထိုအ‌ခြေအမြစ်မရှိသည့်ပုံပြင်များကို ၎င်း၏‌ရှေ့၌ နံနက်နှင့်ည‌နေတွင် ဖတ်ကြားခံရသည်“ဟု ‌ပြောဆိုကြသည်။

    [6] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ဤက(ကုရ်အာန်ကျမ်း‌တော်မြတ်)အား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော လျှို့ဝှက်ချက်ကို သိ‌တော်မူ‌သောအရှင်မြတ်က ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။* အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။“

    [7] ထို့ပြင် ထိုကာဖိရ်များက ‌ပြောဆိုကြသည်- ဤတမန်‌တော်သည် မည်သို့တမန်‌တော်နည်း။ ၎င်းသည် အစားအစာကို စားသည်။ ထို့ပြင် ‌ဈေးများတွင်လည်း သွားလာသည်။ ၎င်း၏ထံသို့ ‌ကောင်းကင်တမန်တစ်ပါးပါး အဘယ့်‌ကြောင့် ‌စေလွှတ်ခြင်းမခံရသနည်။ သို့ဖြစ်လျှင် ထို‌ကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိ‌ပေးနှိုး‌ဆော်သူဖြစ်မည်။

    [8] သို့မဟုတ် ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခု အဘယ့်‌ကြောင့် ချ‌ပေးခြင်းမခံရသနည်း။ သို့မဟုတ် ၎င်းတွင် ဥယျာဉ်တစ်ခု အဘယ့်‌ကြောင့် မရှိရသနည်း။ ထိုသို့ရှိခဲ့လျှင် ၎င်းသည် ထိုဥယျာဉ်မှ(သစ်သီးဝလံများကို) စားသုံးနိုင်မည်။ ထို့ပြင် ထိုမတရားသူများက “အသင်တို့သည် စုန်းပြုစားခြင်းခံရ‌သော ‌ယောက်ျားတစ်ဦး၏‌နောက်ကို လိုက်‌နေကြခြင်းပင်ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [9] သူတို့သည် အသင်(တမန်‌တော်)နှင့်ပတ်သက်၍ မည်သို့ ပုံပမာများ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ကြည့်လိုက်ပါ။ သို့ဖြစ်ရာ သူတို့သည် လမ်းလွဲခဲ့ကြပြီးဖြစ်သည်။ ထို့‌နောက် သူတို့သည် မည်သည့်(ထွက်)လမ်းကိုမှ ‌တွေ့ရှိနိုင်‌တော့မည် မဟုတ်‌ပေ။

    [10] အကြင်အရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံ‌တော်မူသည်။ အကယ်၍ ထိုအရှင်မြတ် အလိုရှိ‌တော်မူလျှင် အသင့်အား ထို့ထက်ပင်ပို‌ကောင်း‌သော အကြင်ဥယျာဉ်များကို ‌ပေးသနား‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ ‌ချောင်းများ စီးဆင်း‌နေမည်။ ထို့ပြင် အရှင်မြတ်သည် အသင့်အား ခမ်းနား‌သော အ‌ဆောက်အအုံကိုလည်း ပြုလုပ်ဖန်ဆင်း‌ပေးသနား‌တော်မူမည်။

    [11] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြခြင်းသာ ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်‌နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်သူများအတွက် မီး‌တောက်မီးလျှံကို အဆင်သင့် ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။

    [12] ထိုမီး‌တောက်မီးလျှံသည် သူတို့ကို အ‌ဝေးကမြင်သည့်အခါ ထိုကာဖိရ်များသည် ထိုမီး‌တောက်မီးလျှံ၏ဆူညံမှုနှင့် အမျက်‌ဒေါသထွက်သံ၊ မြည်ဟိန်းသံ(‌တောက်‌လောင်သံ)ကို ကြားကြရမည်ဖြစ်သည်။

    [13] ထို့ပြင် သူတို့သည် ထိုငရဲထဲတွင် ကျဉ်း‌မြောင်းသည့်‌နေရာတစ်‌နေရာတွင် ‌ခြေလက်များ တုပ်‌နှောင်လျက် ပစ်ချခြင်းခံရသည့်အခါ သူတို့သည် ထို‌နေရာတွင် ‌သေခြင်းကို ဟစ်‌ခေါ်(‌တောင်းတ)ကြမည်။

    [14] “အသင်တို့သည် ယ‌နေ့ တစ်ခုတည်း‌သော ‌သေခြင်းတရားကို မဟစ်‌ခေါ်ကြနှင့်၊ ‌မြောက်မြားစွာ‌သော ‌သေခြင်းတရားကို ဟစ်‌ခေါ်ကြ‌လော့။“ (ဟု သူတို့သည် ‌ပြောဆိုခြင်းခံကြရမည်)။

    [15] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ဤသည်က ‌ကောင်းသ‌လော၊ သို့မဟုတ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌သော မုသ်သကီများကို ကတိ‌ပေးခြင်းခံကြရ‌သော အမြဲ‌နေရမည့် ဂျန္နသ်သုခဘုံက ‌ကောင်းသ‌လော။* ထိုသုခဘုံသည် သူတို့အတွက် အကျိုးရလဒ်လည်း ဖြစ်သည်။ ထို့ပြင် ‌နောက်ဆုံးပြန်လည်ရာဌာနလည်းဖြစ်သည်။

    [16] သူတို့သည် ထိုသုခဘုံတွင် အမြဲ‌နေကြရမည့်သူများဖြစ်လျက် သူတို့အလိုရှိသည်များကို ရရှိကြလိမ့်မည်။ (ဤစည်းစိမ်များကို ချီးမြှင့်‌ပေးသနား‌တော်မူရန်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင် တာဝန်ယူထားသည့် ကတိပင်ဖြစ်သည်။

    [17] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့နှင့်၊ အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်ခဲ့သည့်သူများကို စုရုံး‌စေ‌တော်မူပြီး “အသင်တို့ကပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲ‌စေခဲ့သ‌လော၊ သို့မဟုတ် သူတို့ကိုယ်တိုင် လမ်းလွဲခဲ့ကြသ‌လော“ဟု ‌မေးမြန်း‌တော်မူမည်။

    [18] သူတို့က ‌ပြောဆိုကြမည်- အရှင်မြတ်သည် စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်တို့အတွက် အရှင်မြတ်မှလွဲ၍ အခြားကာကွယ်‌စောင့်‌ရှောက်မည့်သူများပြုလုပ်ရန် မအပ်စပ်ကြ‌ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့နှင့် သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများကို စည်းစိမ်ချမ်းသာ ချီးမြှင့်‌တော်မူခဲ့ပါသည်။ ‌နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်အား)သတိရမှုကိုပင် ‌မေ့‌လျော့ကြသည့်အပြင် သူတို့ကိုယ်တိုင် ပျက်စီးသွားခဲ့ကြခြင်းဖြစ်ပါသည်။

    [19] ထို့‌နောက် အမှန်စင်စစ် သူတို့သည် အသင်တို့ကို အသင်တို့ ‌ပြောဆိုကြသည်များနှင့်ပတ်သက်၍ မဟုတ်‌ကြောင်း ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သို့မျှ ‌ရှောင်လွှဲနိုင်ကြမည်လည်း မဟုတ်‌ပေ။ ထို့ပြင် မည်သည့်အကူအညီမျှလည်း ရနိုင်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူ့အား ကြီး‌လေးသည့်ပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။

    [20] ထို့ပြင် ငါအရှင်မြတ်က အသင်၏မတိုင်မီ ‌စေလွှတ်‌တော်မူခဲ့‌သော တမန်‌တော်များသည်လည်း အမှန်စင်စစ် အစားအစာကို စားသုံးခဲ့ကြသည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် ‌ဈေးများတွင်လည်း သွားလာခဲ့ကြသည်ပင်ဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထဲမှ တစ်ဦးကိုတစ်ဦးအတွက် စမ်းသပ်မှု ပြုလုပ်‌တော်မူခဲ့သည်။ (သို့ဖြစ်ရာ) အသင်တို့သည်လည်း သည်းခံကြမည်‌လော။* ထိုု့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [21] ထို့ပြင် ငါအရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို မ‌မျှော်လင့်ကြ‌သောသူများက အဘယ့်‌ကြောင့် ‌ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံသိုပ ဆင်းသက်မလာကြသနည်း။ သို့မဟုတ် အဘယ့်‌ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို မဖူး‌မြော်ကြရပါသနည်းဟု ‌ပြောဆိုကြသည်။ အမှန်စင်စစ် သူတို့သည် သူတို့စိတ်ထဲတွင် သူတို့ကိုယ်ကို အထင်ကြီးခဲ့ကြသည်။ ထို့ပြင် သူတို့သည် အကြီးအကျယ်ဆိုးသွမ်းမှုနှင့် စည်း‌ဖောက်ကျူးလွန်ခဲ့ကြသည်။

    [22] အကြင်‌နေ့တွင် သူတို့သည် ‌ကောင်းကင်တမန်များကို ‌တွေ့မြင်ကြမည်။ ထို‌နေ့တွင် အပြစ်ရှိသူများအတွက် မည်သည့်ဝမ်းသာဖွယ်ရာမှ မရှိသည့်အပြင်၊ သူတို့(‌ကောင်းကင်တမန်များ)က ‌ပြောကြဦးမည်- (အရှင်မြတ်သည် အသင်တို့အ‌ပေါ် ဂျန္နသ်ကို)တားမြစ်‌တော်မူပါ‌စေ၊ (အသင်တို့သည်) တားမြစ်ခြင်းခံရပါ‌စေ။

    [23] ထို့ပြင် ငါအရှင်မြတ်သည် (ထို‌နေ့တွင်) သူတို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်ဘက်သို့ လှည့်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုလုပ်ရပ်ကို ဖြန့်ကြဲထား‌သော မြူမှု့န်များ ဖြစ်‌စေ‌တော်မူမည်။

    [24] ဂျန္နသ်သုခဘုံသားများကမူ ထို‌နေ့တွင် ‌နေရာဌာနအ‌နေဖြင့် အ‌ကောင်းဆုံးဖြစ်ကြမည်။ ထို့ပြင် ‌နေ့လယ်အချိန် အပန်း‌ဖြေသည့်‌နေရာအဖြစ်လည်း အ‌ကောင်းဆုံးပင် ဖြစ်ကြလိမ့်မည်။

    [25] ထို့ပြင် ထို‌နေ့တွင် မိုး‌ကောင်းကင်သည် မိုးတိမ်နှင့်တကွ အက်ကွဲသွားမည်။ ထို့ပြင် ‌ကောင်းကင်တမန်များသည် ဆင်းသက်လာမည်။

    [26] ထို‌နေ့တွင် စိုးမိုးအုပ်ချုပ်မှု အစစ်အမှန်သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်သာ ပိုင်ဆိုင်‌တော်မူမည်။ ထို့ပြင် ထို‌နေ့သည် ကာဖိရ်များအတွက် အလွန်ခက်ခဲသည့်‌နေ့ပင် ဖြစ်လိမ့်မည်။

    [27] ထို့ပြင် ထို‌နေ့တွင် မတရားပြုလုပ်သည့်သူသည် သူ၏လက်နှစ်ဖက်ကို ကိုက်ပြီး‌ပြောဆိုလိမ့်မည်- “‌ဪ- ကျွန်ုပ်သည် တမန်‌တော်မြတ်နှင့်အတူ တရားလမ်းမှန်ကို လိုက်ခဲ့လျှင် ‌ကောင်း‌လေစွပင်။“

    [28] “‌ဪ- ကျွန်ုပ်ပျက်စီးရ‌လေခြင်း၊ ကျွန်ုပ်သည် မည်သူမည်ဝါကို အ‌ဆွေခင်ပွန်း မပြုခဲ့လျှင် ‌ကောင်း‌လေစွ။“

    [29] “အမှန်စင်စစ် ထိုသူ(မည်သူမည်ဝါ)သည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒ ‌ရောက်လာပြီး‌နောက်မှပင် ကျွန်ုပ်ကို ထိုဆုံးမဩဝါဒမှ လွဲ‌ချော်‌စေခဲ့သည်။“ (အရှင်မြတ်က မိန့်‌တော်မူမည်) ထို့ပြင် ရှိုင်သွာန်သည် လူသားများကို မကူညီဘဲ စွန့်ပစ်တတ်သူဖြစ်သည်။

    [30] ထို့ပြင် တမန်‌တော်မြတ်က ‌ပြောဆို‌လျှောက်ထားမည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အမျိုးသားများသည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ကို စွန့်ပစ်ပြီးထားခဲ့ကြပါသည်။“

    [31] ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် တမန်‌တော်တိုင်းအတွက် အပြစ်ရှိသူများထဲမှ ရန်သူများ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသ‌တော်မူ‌သောအရှင်အဖြစ်နှင့် ကူညီ‌စောင်မ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [32] ထို့ပြင် ကာဖိရ်များက “အဘယ့်‌ကြောင့် ကုရ်အာန်ကျမ်း‌တော်မြတ်သည် ၎င်းအ‌ပေါ်တွင် တစ်ကြိမ်တည်း အားလုံး ချ‌ပေးခြင်းမခံခဲ့ရပါသနည်း“ဟု ‌ပြောဆိုကြသည်။ ထို(သို့ အနည်းငယ်ချင်း ချ‌ပေး‌တော်မူခြင်း)သည် ငါအရှင်မြတ်က ထို(ကုရ်အာန်)ဖြင့် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်‌စေ‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် (၎င်းအတွက်ပင်) ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို တဖြည်းဖြည်းချင်း ဆိုင်းငံ့ချ‌ပေး‌တော်မူခဲ့သည်။

    [33] pg

    [34] pg

    [35] pg

    [36] ထို့‌နောက် ငါအရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်- “အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏သက်‌သေသာဓကများကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြ‌သော အမျိုးသားများထံသို့ သွားကြပါ။“ (သူတို့သည် လက်မခံကြသည့်အ‌ပေါ်) ငါအရှင်မြတ်သည် ထိုအမျိုးသားများကို ဖျက်ဆီး‌တော်မူခဲ့သည်။

    [37] ထို့ပြင် (တမန်‌တော်)နူးဟ်၏အမျိုးသားများကို သူတို့သည် တမန်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည့်အခါ ငါအရှင်မြတ်သည် သူတို့ကိုလည်း နစ်မြုပ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လူများအတွက် သက်‌သေသာဓကတစ်ခုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မတရားပြုလုပ်သူများအတွက် နာကျင်‌စေ‌သောပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထား‌တော်မူသည်။

    [38] ထို့ပြင် အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများ၊ ရတ်စ်မြို့သားများနှင့် သူတု့ိအကြားတွင် မျိုးနွယ်အ‌မြောက်အမြားကို (ငါအရှင်မြတ်သည် ဖျက်ဆီး‌တော်မူခဲ့သည်)။

    [39] ထို့ပြင် ငါအရှင်မြတ်သည် သူတို့ကိုယ်စီအတွက် သာဓကများ ခိုင်းနှိုင်းပြ‌တော်မူခဲ့သည်။ (ထို့‌နောက်လည်း သူတို့သည် မဟုတ်မမှန်ဟုပင် ငြင်းပယ်ခဲ့ကြသည်၊) ထို့‌နောက် ငါအရှင်မြတ်သည် (ထိုငြင်းပယ်)သူတိုင်းအား လုံးဝ ဖျက်ဆီး‌တော်မူခဲ့သည်။

    [40] ထို့ပြင် အမှန်စင်စစ် သူတို့သည် အလွန်ဆိုးရွား‌သော မိုးရွာသွန်း‌စေခြင်းခံရ‌သော မြို့ရွာကို အမှန်‌ရောက်ရှိခဲ့ကြပါလျက် သူတို့သည် ထို(ပြစ်ဒဏ်၏ သ‌ကေင်္တများ)ကို မမြင်ခဲ့ကြသ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့သည် ရှင်ပြန်ထခြင်းကို ဖြစ်လိမ့်မည်ဟူ၍ပင် မ‌မျှော်လင့်ကြ‌ပေ။

    [41] ထို့ပြင် သူတို့သည် အသင့်အား ‌တွေ့မြင်သည့်အခါ “ အလ္လာဟ်အရှင်မြတ်က တမန်‌တော်အဖြစ် ‌စေလွှတ်လိုက်‌တော်မူသည့်သူသည် ဤသူပင်‌လော“ဟု အသင့်အား ‌ပြောင်‌လှောင်(‌ပြောဆို)ကြသည်။

    [42] “အကယ်၍သာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုးကွယ်ရာ အရှင်သခင်များအ‌ပေါ်တွင် ကြံ့ခိုင်ရပ်တည်မ‌နေခဲ့လျှင် အမှန်စင်စစ် ၎င်းသည် ကျွန်ုပ်တို့ကို ထိုအရှင်သခင်များမှ ‌ဝေး‌အောင်လုပ်ခဲ့ပြီးဖြစ်သည်“(ဟု သူတို့က ‌ပြောဆိုကြသည်)။ ထို့ပြင် သူတို့သည် မကြာမီ ပြစ်ဒဏ်ကိုမြင်ကြသည့်အခါ မည်သူသည် လမ်းလွဲသူဖြစ်သည်ကို သိရှိသွားကြမည်ဖြစ်သည်။

    [43] မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သည့်သူ၏အ‌ကြောင်းကို အသင်သိမြင်ခဲ့ပါ၏‌လော။ ထို့‌နောက် အသင်သည် သူ၏အ‌ပေါ်တွင် အုပ်ထိန်းသူအဖြစ် တာဝန်ယူနိုင်ပါသ‌လော။

    [44] သို့မဟုတ် သူတို့ထဲမှ အ‌မြောက်အမြားသည် ကြားကြသည်၊ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်သ‌လော။ သူတို့သည် (ကုလားအုတ်၊ ကျွဲ၊ နွား)တိရစာ္ဆန်များကဲ့သို့ ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ထို့ထက်ပင် ပိုပြီး လမ်းလွဲကြသည်။

    [45] အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အရိပ်ကို မည်သို့ ပြန့်‌စေ‌တော်မူခဲ့သည်ကို သုံးသပ်မကြည့်ခဲ့သ‌လော။ ထို့ပြင် အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ထိုအရိပ်ကို (မလှုပ်ရှား‌အောင်)တည်ငြိမ်‌အောင် ပြုလုပ်‌တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ‌နေကို ထိုအရိပ်နှင့်ပတ်သက်၍ သက်‌သေသာဓကတစ်ခုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [46] ထို့ပြင် ငါအရှင်မြတ်သည် ထိုအရိပ်ကို ငါအရှင်မြတ်ထံ‌တော် တဖြည်းဖြည်းဆွဲယူရုပ်သိမ်း‌တော်မူခဲ့သည်။

    [47] ထို့ပြင် အရှင်မြတ်ကပင် ညကို အသင်တို့အတွက် အကာအကွယ်အဝတ်အစားအဖြစ် ပြုလုပ်‌တော်မူခဲ့ပြီး အိပ်ခြင်းကို အပန်း‌ဖြေရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ကပင် ‌နေ့ကို ပြန်ရှင်စရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [48] ထို့ပြင် အရှင်မြတ်ကပင် ‌လေများကို အရှင်မြတ်၏ကရုဏာ(မိုး)မရွာခင် ‌ရှေ့‌ပြေးသတင်း‌ကောင်းအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်မှ စင်ကြယ်သန့်ရှင်း‌အောင်ပြုလုပ်‌သော (မိုး)‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။

    [49] (ထို‌ရေချ‌ပေး‌တော်မူခြင်းသည်) ငါအရှင်မြတ်သည် အသက်မရှိသည့်(‌ခြောက်‌သွေ့သည့်)မြို့ရွာကို ထို‌ရေဖြင့် ရှင်‌စေ‌တော်မူရန်(စိမ်းလန်းစို‌ပြေ‌စေ‌တော်မူရန်)အတွက်သာမက ငါအရှင်မြတ် ဖန်ဆင်း‌တော်မူခဲ့‌သော တိရစာ္ဆန်များနှင့် လူအ‌မြောက်အမြားအား ထို‌ရေကို တိုက်‌ကျွေး‌တော်မူရန်အတွက်ဖြစ်သည်။

    [50] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ သတိတရားရရှိကြရန်အတွက် ထို‌ရေကို သူတု့ိအကြားတွင် ‌ပေးကမ်း‌ဝေငှ‌တော်မူသည်။ ထို့‌နောက်လည်း သူတို့ထဲမှ အ‌မြောက်အမြားသည် ‌ကျေးဇူးကန်းခဲ့ကြသည်မှလွဲ၍ (မည်သည်ကိုမှ)လက်ခံခြင်း မရှိခဲ့ကြ‌ပေ။

    [51] ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ရွာတိုင်းကို သတိ‌ပေးနှိုး‌ဆော်သူ တစ်ဦးစီ အမှန်ပင် ‌စေလွှတ်‌တော်မူခဲ့မည်ဖြစ်သည်။

    [52] သို့ဖြစ်ရာ အသင်သည် ကာဖိရ်များ၏စကားကို မလိုက်နာဘဲ၊ ဤကုရ်အာန်ကျမ်း‌တော်မြတ်နှင့် သူတို့ကို အကြီးအကျယ် ကြိုးစားမှုပြု(၍ ငါအရှင်မြတ်၏အမိန့်‌တော်များကို ပို့ချ)ပါ။

    [53] ထို့ပြင် အရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ‌ပေါင်းစပ်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (ထိုပင်လယ်နှစ်ခုထဲတွင်) ဤသည်ကမူ အရသာချိုပြီး ‌ရေငတ်‌ပြေ‌စေသည်၊ ထို့ပြင် ဤသည်ကမူ ငံပြီး ခါးသည်။ ထို့‌နောက် အရှင်မြတ်သည် ထိုပင်လယ်နှစ်ခုကြားတွင် ‌သေးသွယ်‌သော အကာအဆီး(အဆက်)တစ်ခုကို ထား‌တော်မူခဲ့သည်။ ထို့ပြင် (‌ရေငံနှင့် ‌ရေချို တစ်ဖက်နှင့်တစ်ဖက် ‌ရောမသွား‌အောင်) တားဆီးမှု ပြု‌တော်မူခဲ့သည်။

    [54] ထို့ပြင် အရှင်မြတ်သည်ပင် ‌ရေ(သုက်ရည်)နှင့် လူကို ဖန်ဆင်း‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုလူကို(‌သွေးနှင့်)‌ဆွေမျိုး‌တော်စပ်သူများနှင့်၊ ထိမ်းမြားမှုနှင့် ‌ဆွေမျိုး‌တော်စပ်သူများ ဖြစ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] ထို့ပြင် ထိုသူ(မုရှ်ရိက်)များသည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား ‌ကောင်းကျိုးကို‌သော်လည်း‌ကောင်း၊ ဆိုးကျိုးကို‌သော်လည်း‌ကောင်း ပြုလုပ်‌ပေးနိုင်ကြသည် မဟုတ်‌ပေ။ ထို့ပြင် ကာဖိရ်သည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဘက်မှ‌ကျောခိုင်းသူ (အမိန့်ဖီဆန်ခြင်း)ပင်ဖြစ်သည်။

    [56] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သတင်း‌ကောင်း‌ပြောကြားသူနှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ်သာ ‌စေလွှတ်‌တော်မူခဲ့ခြင်းဖြစ်သည်။

    [57] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် ဤ(ကုရ်အာန်)ပို့ချသည်နှင့်ပတ်သက်၍ အသင်တို့ထံမှ မည်သည့်အဖိုးအခမျှ မ‌တောင်းဆို‌ပေ။ သို့ရာတွင် အကြင်သူသည် အလိုရှိခဲ့လျှင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံသို့ သွားသည့်လမ်းကို ‌ရွေးချယ်လိုက်သည်(ဆိုလျှင် ထိုအရာပင် ငါ၏ အဖိုးအခဖြစ်သည်)။

    [58] ထို့ပြင် အသင်(တမန်‌တော်)သည် မည်သည့်အခါမှ မ‌သေဆုံးဘဲ အမြဲရှင်‌နေ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ကို ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်‌ကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အရှင်မြတ်သည် မိမိကျွန်များ၏အပြစ်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [59] ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။ ထိုအရှင်မြတ်သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်နှင့်ပတ်သက်၍ အလွန်သိကျွမ်းသူ တစ်ဦးတစ်‌ယောက်ကို ‌မေးမြန်း စုံစမ်းကြည့်ပါ။

    [60] ထို့ပြင် သူတို့ကို “အသင်တို့သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ကို စဂျ်ဒဟ် ဦးချကြပါ“ဟု ‌ပြောကြားသည့်အခါ သူတို့က “ရဟ်မာန် ဆိုသည်မှာ မည်သူနည်း၊ ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့အား အမိန့်‌ပေး‌သောအရာကို စဂျ်ဒဟ်ဦးချကြရမည်‌လော“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် (အရှင်မြတ်အား) ဦးချခိုင်းခြင်းက သူတို့ကို စက်ဆုပ်မှု ပိုတိုး‌စေခဲ့သည်။

    [61] အကြင် အရှင်မြတ်သည် ဗရကသ်မဂင်္လာနှင့် အလွန်ပြည့်စုံ‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်တွင် ကြီးမား‌သောကြယ်တာရာများကို (သူတို့၏ ရပ်နားစခန်းများနှင့်တကွ)ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်တွင် ထွန်းလင်း‌တောက်ပ‌သော ‌နေနှင့် လင်းဝင်း‌သော လကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။

    [62] ထို့ပြင် အရှင်မြတ်သည် သိနားလည်ရန် သတိတရားရရန် ရည်ရွယ်ခဲ့သူအတွက် သို့မဟုတ် ‌ကျေးဇူးသိတတ်ရန် ရည်ရွယ်ခဲ့သူအတွက် ညကိုလည်း‌ကောင်း၊ ‌နေ့ကိုလည်း‌ကောင်း တစ်ခု၏‌နောက်ကို တစ်ခုက အလှည့်ကျလိုက်‌နေသည့်အရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [63] ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်၏ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ‌မြေပထဝီတွင် ညင်သာစွာ သိက္ခာရှိရှိဖြင့် လမ်း‌လျှောက်ကြသည်။* ထို့ပြင် ပညာမဲ့များသည် သူတို့ကို စကား‌ပြောဆိုကြသည့်အခါ သူတို့သည် ငြိမ်းချမ်းသည့်စကား(စလာမ်‌မေတ္တာကို)ဆိုကြသည်။

    [64] ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌မှောက်တွင် စဂျ်ဒဟ်ဦးချလျက်နှင့် ကိယာမ်မတ်တတ်ရပ်လျက် ညကို ကုန်လွန်‌စေကြသည်။

    [65] ထို့ပြင် ထိုသူများသည် (ဤသို့)‌ပြောဆို‌လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီး၏အပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံမှ ဖယ်ရှား‌တော်မူပါ။ အမှန်စင်စစ် ထိုငရဲမီး၏ပြစ်ဒဏ်သည် ပျက်စီးမှု၊ ပြင်းထန်သည့်ဒုက္ခ၊ အဆက်မပြတ်ကျ‌ရောက်မည့် အပြစ်ဒဏ်ပင် ဖြစ်ပါသည်။

    [66] အမှန်စင်စစ် ထိုအရာသည် စခန်းချရာ‌နေရာအဖြစ်သာမက ‌နေထိုင်ရာ‌နေရာအဖြစ်လည်း အလွန်ဆိုးဝါးလှပါသည်။

    [67] ထို့ပြင် ထိုသူများသည် သုံးစွဲကြသည့်အခါ မဖြုန်းတီးကြ‌ပေ၊ ထို့ပြင် မတွန့်တိုကြ‌ပေ။ ထို့ပြင် ထိုကြားတွင် အလယ်အလတ်ပင် ဖြစ်ကြသည်။

    [68] ထို့ပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး အခြာကိုးကွယ်ရာများကို (လုံးဝ)ဟစ်‌ခေါ်ကိုးကွယ်မှု မပြုကြ‌ပေ။* ထို့ပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟု တားမြစ်ထား‌သော အသက်ကိုလည်း တရားသဖြင့်မှလွဲ၍ (မတရားသဖြင့်) မသတ်ဖြတ်ကြ‌ပေ။* ထို့ပြင် သူတို့သည် တရားမဝင် ကာမလည်း မကျူးလွန်ကြ‌ပေ။ ထို့ပြင် မည်သူမဆို ထိုအပြစ်များကို ကျူးလွန်လျှင် ထိုသူသည် အပြစ်ဒဏ်နှင့် ‌တွေ့ရမည်ဖြစ်သည်။

    [69] ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် ထို(အပြစ်များကျူးလွန်သည့်)သူအတွက် ပြစ်ဒဏ်သည် တိုးခံရမည့်အပြင် ထိုသူသည် ထိုပြစ်ဒဏ်ထဲတွင်ပင် အမြဲ‌သေးသိမ်စွာနှင့် ခံစား‌နေရမည်ဖြစ်သည်။

    [70] သို့ရာတွင် အကြင်သူသည် (ကုဖ်ရ် ရှိရ်က်မှ) ဝန်ချ‌တောင်းပန်ကာ အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏မ‌ကောင်းမှုများအစား ‌ကောင်းမှုနှင့် လဲလှယ်‌ပေး‌တော်မူမည်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [71] ထို့ပြင် မည်သူမဆို (အပြစ်မှ)ဝန်ချ‌တောင်းပန်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ အမှန်စင်စစ် လှည့်သည့်သူပင်ဖြစ်သည်။

    [72] ထို့ပြင် ထိုသူ(ရဟ်မာန်၏ကျွန်)များသည် မုသားလိမ်လည်ပြီး သက်‌သေ မထွက်ဆိုကြ‌ပေ။* (မုသားလိမ်ပြီး သက်‌သေမခံကြ‌ပေ)။ ထို့ပြင် သူတို့သည် အကျိုးမဲ့လုပ်ရပ်၏အနီးမှ ဖြတ်သန်းသွားကြသည့်အခါ၊ (မျက်လွှာချပြီး) သိက္ခာရှိရှိ ဖြတ်သန်းသွားကြသည်။

    [73] ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အာယသ်‌တော်များနှင့် ဆုံးမခြင်းခံကြရသည့်အခါ သူတို့သည် ထိုအာယသ်‌တော်များအ‌ပေါ်တွင် နားပင်သူများ၊ မျက်စိကန်းသူများကဲ့သို့ ကျလာကြသည်မဟုတ်‌ပေ။

    [74] ထို့ပြင် ထိုသူများသည် (အရှင်မြတ်ထံ‌တော်တွင်) ‌ပြောဆို‌လျှောက်ထားကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကြင်ရာများနှင့် ကျွန်ုပ်တို့၏ သား‌မြေးများထံမှ မျက်စိကြည်လင်‌အေးမြမှုကို ‌ပေးသနား‌တော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများ၏ အီမာမ်‌ရှေ့‌ဆောင်အဖြစ် ပြုလုပ်‌တော်မူပါ။“

    [75] ထိုသူများသည် သူတို့၏သည်းခံကြံ့ခိုင်မှု‌ကြောင့် (ဂျန္နသ်သုခဘုံ၏ မြင့်မြတ်သည့်)အ‌ဆောင်ကို အစား‌ပေးခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ထိုအ‌ဆောင်များထဲတွင် (‌ကောင်းကင်တမန်များ၏)လှိုက်လှဲစွာ ကြိုဆိုမှုနှင့် စလာမ်‌မေတ္တာပို့သမှုတို့ကို ခံကြရမည်ဖြစ်သည်။

    [76] ၎င်းထဲတွင်ပင် အမြဲ‌နေကြရမည်ဖြစ်သည်။ ထိုအရာသည် အဘယ်မျှ‌ကောင်းမြတ်‌သော နား‌နေရာစခန်းနှင့် ‌နေထိုင်ရာဌာန ဖြစ်လိုက်သနည်း။

    [77] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် အသင်တို့၏ဆု‌တောင်း (ခဝပ်ကိုးကွယ်မှု)မရှိကြလျှင် (ဆုမ‌တောင်းကြလျှင်) ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့ကို လုံးဝ ဂရုစိုက်‌တော်မူမည် မဟုတ်‌ပေ။ ထို့‌နောက် (ယခုမူ) အမှန်စင်စစ် အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲ‌ပြောဆိုခဲ့ကြပြီးဖြစ်သည့်အတွက် မကြာမီ ထိုစွပ်စွဲ‌ပြောဆိုမှုသည် (အသင်တို့အ‌ပေါ်တွင်) အန္တရာယ်ဖြစ်‌နေလိမ့်မည်။

    Surah 26
    ကဗျာဆရာများ

    [1] သွာ စီမ် မီမ်။

    [2] ဤသည် ထင်ရှား‌သော ကျမ်းဂန်၏အာယသ်‌တော်များပင်ဖြစ်သည်။

    [3] သူတို့သည် အီမာန်မယုံကြည်သည်နှင့် အသင်သည် မိမိကိုယ်ကို သတ်‌သေမည့်ဆဲဆဲ ဖြစ်‌နေသည်နှင့်တူသည်။

    [4] အကယ်၍ ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် မိုး‌ကောင်းကင်မှ သက်‌သေသာဓကတစ်ခုကို သူတို့အ‌ပေါ်တွင် ချ‌ပေးလိုက်‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် သူတို့၏လည်တိုင်များသည် ထိုသက်‌သေသာဓက၏‌ရှေ့၌ ယိမ်းညွတ်လာကြမည်ဖြစ်သည်။

    [5] ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်၏ထံမှ မည်သည့်ဆုံးမဩဝါဒအသစ်သည် သူတို့ထံသို့ ‌ရောက်လာသည်ပင်ဖြစ်‌စေ၊ သူတို့သည် ထိုဆုံးမမှုမှ မျက်နှာလွှဲ‌နေခဲ့ကြသည်ချည်းပင်ဖြစ်သည်။

    [6] ထို့‌နောက် အမှန်ပင် သူတို့သည် မဟုတ်မမှန်ငြင်းပယ်ခဲ့ကြပြီဖြစ်သည့်အတွက်‌ကြောင့် သူတို့ ‌ပြောင်‌လှောင်‌နေခဲ့သည်များ၏အဖြစ်မှန်သည် မကြာမီ သူတို့ထံသို့ ‌ရောက်လာမည်ဖြစ်သည်။

    [7] သူတို့သည် ‌မြေပထဝီကို မမြင်ခဲ့ကြသ‌လော။ ငါအရှင်မြတ်သည် ထို‌မြေတွင် ‌ကောင်းမြတ်‌သော အမျိုးအစားတိုင်းမှ အဘယ်မျှ များစွာ(အပင်များ)‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သနည်း။

    [8] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ကြ‌ပေ။

    [9] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [10] ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မူစာကို အသင်သည် ညှဉ်းပန်းနှိပ်စက်သည့်သူများထံသို့ သွားပါဟု မိန့်ကြား‌တော်မူခဲ့သည်။

    [11] ဖိရ်‌အောင်န်၏အမျိုးသားများပင်၊ သူတို့သည် မ‌ကြောက်ရွံ့ကြသ‌လော။

    [12] ၎င်း(မူစာ)က ‌လျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ သူတို့က ကျွန်ုပ်ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြမည်ကို အမှန်စင်စစ် ကျွန်ုပ်စိုးရိမ်ပါသည်။

    [13] ထို့ပြင် ကျွန်ုပ်သည် စိတ်ကျဉ်းကျပ်သည့်အပြင် ကျွန်ုပ်၏လျှာသည်လည်း သွက်လက်မှုမရှိ‌ပေ။ သို့ဖြစ်ရာ အရှင်မြတ်သည် (ကျွန်ုပ်၏အစ်ကို)ဟာရူန်ထံသို့လည်း (နဗီဖြစ်ခြင်း၏အမိန့်‌တော်)ပို့‌တော်မူပါ။

    [14] ထို့ပြင် သူတို့နှင့်ပတ်သက်၍ ကျွန်ုပ်အ‌ပေါ်တွင် အပြစ်တစ်ခုလည်း ရှိ‌နေသည့်အတွက် သူတို့က ကျွန်ုပ်ကို သတ်ဖြတ်လိုက်ကြမည်ကိုလည်း ကျွန်ုပ်စိုးရိမ်ပါသည်။

    [15] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- လုံးဝမဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်‌သေသာဓကများနှင့်အတူ သွားကြပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ နား‌ထောင်လျက် ရှိ‌နေ‌တော်မူသည်။

    [16] သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် ဖိရ်‌အောင်န်ထံသို့သွား၍ (ဤသို့)‌ပြောဆိုကြပါ- အမှန်စင်စစ် ကျွန်ုပ်တို့သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ‌စေလွှတ်လိုက်‌တော်မူ‌သော တမန်‌တော်ဖြစ်ကြသည်။

    [17] အသင်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို (သူတို့၏အမိနိုင်ငံသို့ပြန်ရန်) ကျွန်ုပ်တို့နှင့်အတူ လွှတ်လိုက်ပါ။

    [18] သူ(ဖိရ်‌အောင်န်)က ‌ပြောဆိုခဲ့သည်- ကျွန်ုပ်သည် အသင့်အား က‌လေးဘဝတွင် ကျွန်ုပ်တို့ထံ၌သာ ‌ကျွေး‌မွေး‌စောင့်‌ရှောက်ခဲ့သည် မဟုတ်‌လော။ ထို့ပြင် အသင်သည် အသင်၏သက်တမ်းထဲမှ နှစ်‌ပေါင်းအ‌မြောက်အမြား ကျွန်ုပ်တို့ထံတွင် ‌နေထိုင်ခဲ့သည် မဟုတ်‌လော။

    [19] ထို့ပြင် အသင်သည် အသင်ပြုခဲ့‌သော ပြစ်မှုကိုလည်း အသင်သည် ‌ကျေးဇူးမသိတတ်သည့်သူများထဲမှဖြစ်လျက် ကျူးလွန်ခဲ့သည် မဟုတ်‌လော။

    [20] ၎င်း(တမန်‌တော်မူစာ)က ‌ပြောဆိုသည်- ကျွန်ုပ်သည် ထိုလုပ်ရပ်ကို ထိုစဉ်က မ‌တော်တဆ မှားယွင်းပြီး ပြုမိခဲ့ခြင်းသာဖြစ်သည်။

    [21] ထို့‌နောက် ကျွန်ုပ်သည် အသင်တို့အား ‌ကြောက်ရွံ့သည့်အခါ အသင်တို့ထံမှ တိမ်း‌ရှောင်‌နေခဲ့သည်။ ထို့‌နောက် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကျွန်ုပ်ကို ပညာဉာဏ်အ‌မြော်အမြင်‌ပေးသနား‌တော်မူ၍ ကျွန်ုပ်ကို တမန်‌တော်များထဲတွင် အပါအဝင်ဖြစ်‌စေ‌တော်မူခဲ့သည်။

    [22] ထို့ပြင် ထိုအရာသည် ‌ကျေးဇူး‌တော်တစ်ခုပင်ဖြစ်သည်။ ထို‌ကျေးဇူးနှင့် အသင်သည် ကျွန်ုပ်အ‌ပေါ်တွင် ဂုဏ်‌ဖော်ပြီး အစ္စရာအီလ်မျိုးနွယ်ဝင်များကို ကျွန်ပြုလုပ်ထားခြင်းပင်ဖြစ်သည်။

    [23] ဖိရ်‌အောင်န်က ‌ပြောသည်- စကြဝဠာအ‌ပေါင်းကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဆိုသည်မှာ မည်သည့်အရာနည်း။

    [24] ၎င်း(တမန်‌တော် မူစာ)က‌ပြောသည်- အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြသည်ဆိုလျှင် (ထိုအရှင်သည်) မိုး‌ကောင်းကင်များ၊ ‌မြေပထဝီနှင့် ထိုမိုးနှင့်‌မြေကြားရှိသမျှအရာများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်သည်။

    [25] သူ(ဖိရ်‌အောင်န်)က သူ၏အနီးတွင် ရှိကြသည့်သူများကို ‌ပြောသည်- အသင်တို့ ‌သေချာစွာ မကြားကြသ‌လော။

    [26] ၎င်း(တမန်‌တော် မူစာ)က‌ပြောသည်- (ထိုအရှင်မြတ်သည်) အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်သည်သာမက အသင်တို့၏မတိုင်မီရှိခဲ့ကြ‌သော အဘ၊ ဘိုး၊ ‌ဘေးများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်း ဖြစ်‌တော်မူသည်။

    [27] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- အမှန်ပင် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံရ‌သော တမန်‌တော်သည် မုချ ရူးသွပ်သူပင်ဖြစ်သည်။

    [28] ၎င်း(တမန်‌တော် မူစာ)က‌ပြောသည်- အကယ်၍ အသင်တို့သည် သိနားလည်ကြသည်ဆိုလျှင် (ထိုအရှင်မြတ်သည်) အ‌ရှေ့‌နေထွက်ရာအရပ်၊ အ‌နောက်‌နေဝင်ရာအရပ်နှင့် ထိုအရပ်၏နှစ်ခုကြားတွင်ရှိသမျှအရာများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [29] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- အမှန်ပင် အကယ်၍ အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားကိုးကွယ်ရာတစ်ပါးကို ‌ရွေးချယ်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား အကျဉ်း‌ထောင်၌ချထားမည်။

    [30] ၎င်း(တမန်‌တော် မူစာ)က‌ပြောသည်- ကျွန်ုပ်သည် အသင်၏ထံသို့ ထင်ရှား‌သော တန်ခိုး‌တော်တစ်စုံတစ်ခု ယူ‌ဆောင်လာခဲ့လျှင်လည်း (ကျွန်ုပ်ကို အကျဉ်းချထားဦးမည်‌လော)။

    [31] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်‌ပြောဆိုသူတစ်ဦးဖြစ်ခဲ့လျှင် ထိုအရာ(တန်ခိုး‌တော်)ကို ယူလာပါ။

    [32] ထို့‌နောက်(တမန်‌တော်)မူစာသည် ၎င်း၏‌တောင်‌ဝှေးကို ပစ်ချလိုက်သည် ချက်ချင်းပင် ထင်ရှား‌သော ‌မြွေတစ်‌ကောင်ဖြစ်သွားခဲ့သည်။

    [33] ထို့ပြင် (တမန်‌တော်)မူစာသည် ၎င်း၏လက်ကို ဆွဲထုတ်လိုက်သည့်အခါ ချက်ချင်းပင် ထိုလက်သည် ကြည့်ရှုသူများ‌ရှေ့၌ ဖြူ‌ဖွေး‌တောက်ပလျက်ရှိ‌နေခဲ့သည်။

    [34] သူ(ဖိရ်‌အောင်န်)က သူ၏အနီးတွင်ရှိ‌သော မှူးကြီးမတ်ရာများအား ‌ပြောခဲ့သည်- အမှန်စင်စစ် ဤသူသည် ကျွမ်းကျင်‌သော‌မှော်ဆရာတစ်ဦးဖြစ်သည်။

    [35] ၎င်းသည် ၎င်း၏‌မှော်အတတ်ပညာဖြင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်‌နေသည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်အမိန့်(အကြံ)‌ပေးကြမည်နည်း။

    [36] ထိုမှူးကြီးမတ်ရာများက ‌ပြောဆိုကြသည်- ဘုရင်မင်းမြတ်သည် ၎င်း(တမန်‌တော်မူစာ)နှင့် ၎င်း၏အစ်ကိုအား ဆိုင်းငံ့ထားပြီး မင်း‌စေများအား အမြို့မြို့အရွာရွာသို့ ‌စေလွှတ်‌တော်မူပါ။

    [37] ထိုမင်း‌စေများသည် အလွန်ကျွမ်းကျင်‌သော‌မှော်ဆရာများအားလုံးကို ဘုရင်မင်းမြတ်ထံသို့ ‌ခေါ်‌ဆောင်လာကြမည်။

    [38] ထို့‌နောက် ‌မှော်ဆရာများသည် သတ်မှတ်ထား‌သော‌နေ့၏ အထူးချိန်းဆိုထားသည့်အချိန်တွင် စု‌ဝေးခဲ့ကြရမည်။

    [39] ထို့ပြင် လူများကိုလည်း ‌ပြောထားခဲ့သည်- အသင်တို့သည် စုရုံးကြမည့်သူများ‌လော(စုရုံးကြမည်‌လော)။

    [40] သို့မှသာ ကျွန်ုပ်တို့သည် ‌မှော်ဆရာများ(၏လမ်းစဉ်)ကိုပင် အကယ်၍ သူတို့ ‌အောင်နိုင်ကြမည်ဆိုလျှင် လိုက်နာနိုင်ကြမည်ဖြစ်သည်။

    [41] ထို့‌နောက် ‌မှော်ဆရာများ ‌ရောက်ရှိလာကြသည့်အခါ သူတို့က ဖိရ်‌အောင်န်ကို အကယ်၍ ကျွန်ုပ်တို့သည် ‌အောင်နိုင်သူများဖြစ်ခဲ့ကြလျှင် အမှန်ပင် ကျွန်ုပ်တို့သည် ဆုလာဘ်ကို မုချရရှိကြမည်‌လောဟု ‌ပြောဆိုကြသည်။

    [42] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- ဟုတ်သည်။ ထို့ထက်မက ထိုသို့ဖြစ်ခဲ့လျှင် အမှန်ပင် အသင်တို့သည် အနီးကပ်(မင်းမှုထမ်း)သည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။

    [43] (တမန်‌တော်)မူစာက သူတို့(‌မှော်ဆရာများ)ကို‌ပြောသည်- အသင်တို့သည် အသင်တို့ ပစ်ချမည့်အရာများကို ပစ်ချကြပါ။

    [44] ထို့‌နောက် ‌မှော်ဆရာများသည် သူတို့၏ကြိုးများနှင့် သူတို့၏တုတ်များကို ပစ်ချခဲ့ကြသည်။ ထို့ပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်- ဖိရ်‌အောင်န်ဘုရင်၏တန်ခိုး‌တော်အား တိုင်တည်ကျိန်ဆိုပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် ‌အောင်နိုင်သူများဖြစ်ကြမည်။

    [45] ထို့‌နောက်(တမန်‌တော်)မူစာသည် ၎င်း၏‌တောင်‌ဝှေးကို ပစ်ချလိုက်သည်နှင့် ချက်ချင်းပင်(‌မြွေနဂါးဖြစ်သွား၍) ‌မှော်ဆရာများက လှည့်စားထား‌သောအရာများကို မျိုချလိုက်‌တော့သည်။

    [46] ထို့‌နောက် ‌မှော်ဆရာများသည် ဝပ်တွားပြီး ဦးချကြ‌တော့သည်။

    [47] သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ယုံကြည်ကြပါပြီဖြစ်သည်။

    [48] (ထိုအရှင်သည်)မူစာနှင့်ဟာရူန်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [49] သူ(ဖိရ်‌အောင်န်)က‌ပြောသည်- အသင်တို့အား ကျွန်ုပ် ခွင့်မပြုမီ အသင်တို့သည် ၎င်း(မူစာ)ကို ယုံကြည်ခဲ့ကြသည်။ အမှန်ပင် ၎င်းသည် အသင်တို့အား ‌မှော်အတတ်ပညာ သင်ကြား‌ပေးခဲ့‌သော အသင်တို့၏အကြီးအကဲဖြစ်သည်။ သို့ဖြစ်ရာ မကြာမီ အသင်တို့ သိကြရမည်။ ငါ(ဖိရ်‌အောင်ဘုရင်)သည် အသင်တို့၏လက်များနှင့်‌ခြေများကို ဘက်လွှဲပြီး အမှန်ပင် ဖြတ်ပစ်မည်။ ထို့ပြင် အမှန်ပင် ငါသည် အသင်တို့အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။

    [50] သူတို့က ‌ပြောကြသည်- (ကျွန်ုပ်တို့မှာ) လုံးဝ အကျိုးယုတ်ပျက်စီးမှုရှိမည် မဟုတ်‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်သွားရမည့်သူများပင်ဖြစ်သည်။

    [51] အမှန်စင်စစ် ကျွန်ုပ်တို့သည် ပထမဦးဆုံး အီမာန်ယုံကြည်သူများဖြစ်သည့်အတွက် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူလိမ့်မည်ဟု ကျွန်ုပ်တို့ ‌မျှော်လင့်ကြပါသည်။

    [52] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ ဝဟီအမိန့်‌တော် ထုတ်ပြန်‌တော်မူခဲ့သည်။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်တွင် ‌ခေါ်‌ဆောင်သွားပါ။ အမှန်ပင် အသင်တို့သည် ‌နောက်မှ လိုက်လံခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။

    [53] ထို့‌နောက် ဖိရ်‌အောင်န်သည် မင်း‌စေများကို အမြို့မြို့အရွာရွာတွင် ‌စေလွှတ်ခဲ့သည်။

    [54] အမှန်စင်စစ် ဤသူများသည် အနည်းငယ်မျှသာရှိ‌သော အုပ်စုက‌လေးပင်ဖြစ်သည်။

    [55] ထို့ပြင် အမှန်ပင် သူတို့သည် ကျွန်ုပ်တို့အား ‌ဒေါသဖြစ်‌အောင် လုပ်သူများဖြစ်ကြသည်။

    [56] ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် လက်နက်ကိရိယာ တန်ဆာပလာများနှင့် အဆင်သင့်ဖြစ်‌နေ‌သောအုပ်စု ဖြစ်သည်။ (ကျွန်ုပ်တို့သည် စိုးရိမ်ကြသည့်အုပ်စုဖြစ်သည်)။

    [57] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ကို ဥယျာဉ်များနှင့် စမ်း‌ချောင်းများမှ ထုတ်ပစ်‌တော်မူခဲ့သည်။

    [58] ထို့ပြင် စု‌ဆောင်းထားသည့် ‌ရွှေ‌ငွေများနှင့်၊ ခမ်းနားသည့်‌နေအိမ်များကပါ (ထုတ်ပစ်‌တော်မူခဲ့သည်)။

    [59] ဤသို့ပင်၊ ထို့ပြင် ငါအရှင်မြတ်သည် ထိုပစ္စည်းများကို အစ္စရာအီလ်မျိုးနွယ်ဝင်များအား အ‌မွေအဖြစ် ပိုင်ဆိုင်‌စေ‌တော်မူခဲ့သည်။

    [60] ထို့‌နောက် ထိုသူ(ဖိရ်‌အောင်န်နှင့် အ‌ခြွေအရံ)များသည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို ‌နေထွက်ချိန်၌ ‌နောက်မှလိုက်၍ မီသွားခဲ့ကြသည်။

    [61] ၎င်းပြင် အုပ်စုနှစ်ခုလုံးသည် တစ်ဖက်နှင့်တစ်ဖက် ‌တွေ့မြင်ကြသည့်အခါ (တမန်‌တော်)မူစာ၏အ‌ပေါင်းအပါများက စင်စစ် ကျွန်ုပ်တို့သည် အမှန်ပင် အဖမ်းခံကြရပြီဟု ‌ပြောဆိုခဲ့ကြသည်။

    [62] (တမန်‌တော်)မူစာက ‌ပြောသည်- လုံးဝ မဟုတ်‌ပေ။ အမှန်စင်စစ် ငါ့အား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်သည် ငါနှင့်အတူ ရှိ‌တော်မူသည်။ အရှင်မြတ်သည် ငါ့အား လမ်းညွှန်ကြားပြသ‌တော်မူလိမ့်မည်။

    [63] ထို့‌နောက် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ အသင်သည် အသင်၏‌တောင်‌ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်လိုက်ပါဟု အမိန့်‌ပေး‌တော်မူခဲ့သည်။ ထိုအခါ ပင်လယ်သည် ကွဲသွားပြီး ‌ရေပြင်ကြီးများသည် ကြီးမားသည့်‌တောင်ကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။

    [64] ထို့ပြင် ငါအရှင်မြတ်သည် အခြားအုပ်စု(ဖြစ်‌သော ဖိရ်‌အောင်န်နှင့် အ‌ခြွေအရံများ)ကိုလည်း ထို‌နေရာသို့ နီးကပ်‌စေ‌တော်မူခဲ့သည်။

    [65] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် ၎င်း၏အ‌ပေါင်းအပါများအားလုံးကို ကယ်တင်‌တော်မူခဲ့သည်။

    [66] ထို့ပြင် ငါအရှင်မြတ်သည် အခြားအုပ်စုကို နစ်မြုပ်ပစ်‌တော်မူခဲ့သည်။

    [67] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေလက္ခဏာတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [68] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [69] ထို့ပြင် အသင်သည် သူတို့‌ရှေ့၌ (တမန်‌တော်)အိဗ်ရာဟီမ်၏အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။

    [70] တစ်ခါက ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆို‌မေးမြန်းခဲ့သည်- အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်‌နေကြသနည်း။

    [71] သူတို့က ‌ပြောကြသည်- ကျွန်ုပ်တို့သည် ရုပ်တုများကို ကိုးကွယ်ကြသည့်အပြင် ထိုရုပ်တုများအပါး၌ပင် အမြဲစွဲလမ်း တွယ်ကပ်လျက်ရှိကြသည်။

    [72] ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောသည်- အသင်တို့ ဟစ်‌ခေါ်ကြသည့်အခါ ထိုရုပ်တုများသည် အသင်တို့(၏ဟစ်‌ခေါ်သံ)ကို ကြားကြသ‌လော။

    [73] သို့မဟုတ် သူတို့သည် အသင်တို့အား ‌ကောင်းကျိုးပြုကြသ‌လော၊ သို့မဟုတ် ဆိုးကျိုးပြုကြသ‌လော။

    [74] သူတို့က ‌ပြောဆိုကြသည်- ထိုသို့မဟုတ်‌ပေ။ စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများအား ဤသို့ပြုမူ‌နေကြသည်ကို ‌တွေ့ရှိခဲ့ကြခြင်းဖြစ်ပါသည်။

    [75] ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောသည်- အသင်တို့သည် အသင်တို့ ကိုးကွယ်‌နေခဲ့သည့်အရာများကို စဉ်းစားကြည့်ကြသ‌လော။

    [76] အသင်တို့နှင့် အသင်တို့၏‌ရှေး‌ဟောင်း အဘ၊ ဘိုး၊ ‌ဘေးများ။

    [77] အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်မှလွဲ၍ သူတို့သည် ကျွန်ုပ်တို့၏ရန်သူများပင် ဖြစ်ကြသည်။

    [78] ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည်။

    [79] ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား ‌ကျွေး‌မွေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား တိုက်‌ကျွေး‌တော်မူသည်။

    [80] ထို့ပြင် ကျွန်ုပ်သည် ‌ရောဂါဖြစ်သည့်အခါ အရှင်မြတ်သည်ပင် ကျွန်ုပ်ကို ‌ပျောက်ကင်း‌စေ‌တော်မူသည်။

    [81] ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား ‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား ရှင်‌စေ‌တော်မူမည်ဖြစ်သည်။

    [82] ထို့ပြင် အရှင်မြတ်သည် တရားစီရင်မည့်‌နေ့တွင် ကျွန်ုပ်၏ချွတ်‌ချော်မှားယွင်းမှုများကို ခွင့်လွှတ်‌တော်မူလိမ့်မည်ဟု ကျွန်ုပ်‌မျှော်လင့်လျက်ရှိသည်။

    [83] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အား ဉာဏ်ပညာကို ‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ‌ကောင်းမြတ်သည့်သူများနှင့်အတူ ‌ပေါင်းဖက်ပါဝင်‌စေ‌တော်မူပါ။

    [84] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အတွက် ‌နောင်လာ‌နောက်သားများတွင် အမည်‌ကောင်းခြင်း (‌ကောင်းခြင်းဖြင့် ‌ကျော်ကြားခြင်း)ကို* ပြုလုပ်‌ပေးသနား‌တော်မူပါ။

    [85] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ‌ကျေးဇူး‌တော်နှင့်ပြည့်စုံ‌သော ဂျန္နသ်သုခဘုံ၏ အ‌မွေစားအ‌မွေခံများထဲမှ ပြုလုပ်‌တော်မူပါ။

    [86] ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။* အမှန်စင်စစ် သူသည် လမ်းလွဲသူများထဲတွင် အပါအဝင်ဖြစ်ပါသည်။

    [87] ထို့ပြင် အရှင်မြတ်သည် ရှင်ပြန်ထရမည့်‌နေ့တွင် ကျွန်ုပ်အား အရှက်တကွဲ ဖြစ်‌စေ‌တော်မမူပါနှင့်။

    [88] ထို‌နေ့တွင် ပစ္စည်းဥစ္စာနှင့်သား(သမီး)များသည် အသုံးဝင်မည် မဟုတ်‌ပေ။

    [89] သို့ရာတွင် အရှင်မြတ်ထံ‌တော်သို့ စင်ကြယ်သန့်ရှင်း‌သော စိတ်နှလုံးနှင့်တကွ ‌ရောက်လာခဲ့သည့်သူသာ (လွတ်‌မြောက်မည်)။

    [90] ထို့ပြင် ဂျန္နသ်သုခဘုံသည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့် နီးကပ်စွာ ထားမည်ဖြစ်သည်။

    [91] ထို့ပြင် ဂျဟန္နမ်ငရဲသည် လမ်းလွဲသည့်သူများ၏‌ရှေ့၌ ထင်ရှား‌စေခြင်းခံရမည်။

    [92] ထို့ပြင် သူတို့သည် ‌ပြောဆိုခြင်းခံကြရမည်- အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြ‌သော ကိုးကွယ်ရာများသည် မည်သည့်‌နေရာတွင် ရှိကြသနည်း။

    [93] အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး အသင်တို့ (ကိုးကွယ်ခဲ့ကြသည့်) ကိုးကွယ်ရာများသည် အသင်တို့ကို ကူညီနို်င်ကြသ‌လော။ သို့မဟုတ် သူတို့သည် သူတို့ကိုယ်တိုင်ကို‌ရော ကယ်တင်နိုင်ကြသ‌လော။

    [94] ထို့ပြင် သူတို့နှင့် လမ်းလွဲသည့်သူများကို ဂျဟန္နမ်ငရဲထဲတွင် ‌စောက်ထိုးပစ်ချခြင်းခံကြရမည်။

    [95] ထို့ပြင် အိဗ်လီစ်၏စစ်တပ်အားလုံးလည်း (ပစ်ချခံကြရမည်)။

    [96] သူတို့သည် ထို(ငရဲ)ထဲတွင် ငြင်းခုံလျက်(သူတို့၏ကိုးကွယ်ရာများအား)‌ပြောဆိုကြမည်။

    [97] အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှ‌သော လမ်းလွဲမှု၌ပင် ရှိခဲ့ကြသည်။

    [98] တစ်ခါက ကျွန်ုပ်တို့သည် (ကိုးကွယ်ရာအတုများဖြစ်သည့်) အသင်တို့ကို စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူများ ပြုလုပ်လျက်ရှိခဲ့ကြသည်။

    [99] ထို့ပြင် ကျွန်ုပ်တို့အား ပြစ်မှုကျူးလွန်သည့်သူများကပင် လမ်းလွဲ‌စေခဲ့ကြသည်။

    [100] သို့ဖြစ်ရာ ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံ‌ပေးမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။

    [101] ထို့ပြင် ရင်းနှီး‌သောမိတ်‌ဆွေလည်း မည်သူမျှ မရှိ‌တော့‌ပေ။

    [102] သို့ဖြစ်ရာ အကယ်၍ ကျွန်ုပ်တို့အတွက် (‌လောကကို) ‌နောက်တစ်ကြိမ် ပြန်သွားခွင့်ရရှိကြမည်ဆိုလျှင် ‌ကောင်း‌လေစွ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်သူများထဲတွင် ဖြစ်ကြမည်။

    [103] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေလက္ခဏာတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [104] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [105] (တမန်‌တော်)နူးဟ်၏အမျိုးသားများသည် တမန်‌တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [106] တစ်ခါက သူတို့အား သူတို့၏‌နောင်‌တော် (တမန်‌တော်)နူးဟ်က ‌ပြောကြားခဲ့သည်။ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မ‌ကြောက်ရွံ့ကြသ‌လော။

    [107] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။

    [108] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [109] ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အ‌ပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ ‌တောင်းဆိုခြင်းမရှိ‌ပေ။ ကျွန်ုပ်ကို အကျိုး‌ပေးရန်တာဝန်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။

    [110] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [111] သူတို့က ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ရမည်‌လော။ ထို့ပြင်လည်း ဂုဏ်သ‌ရေ‌သေးသိမ်သည့်သူများသာ အသင်၏‌နောက်လိုက်များ ဖြစ်‌နေကြပြန်သည်။

    [112] ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောသည်- ထို့ပြင် ကျွန်ုပ် သူတို့၏အလုပ်အကိုင်နှင့်ပတ်သက်၍ မည်သို့သိမည်နည်း။

    [113] သူတို့အား စစ်‌ဆေးရန်တာဝန်သည် ကျွန်ုပ်အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာ ရှိသည်ကို အသင်တို့သိကြလျှင် ‌ကောင်း‌လေစွ။

    [114] ထို့ပြင် ကျွန်ုပ်သည် အီမာန်ယုံကြည်သူများကို နှင်ထုတ်မည့်သူ မဟုတ်‌ပေ။

    [115] ကျွန်ုပ်သည် ရှင်းလင်းစွာ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။

    [116] သူတို့က ‌ပြောဆိုကြသည်- အို- နူးဟ်၊ အကယ်၍ အသင်သည် မရပ်တန့်ခဲ့လျှင် အမှန်ပင် အသင်သည် ခဲပစ်‌ပေါက်(၍ သတ်ဖြတ်)ခြင်း ခံရမည့်သူများထဲတွင် အပါအဝင် ဖြစ်သွားမည်။

    [117] ၎င်း(တမန်‌တော်နူးဟ်)က ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အမျိုးသားများသည် ကျွန်ုပ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြပြီဖြစ်ပါသည်။

    [118] သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်နှင့် သူတို့ကြားတွင် ထင်ရှား‌သော အဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်ကိုသာမက ကျွန်ုပ်နှင့်အတူရှိ‌သော အီမာန်ယုံကြည်သူများကိုလည်း ကယ်တင်‌တော်မူပါ။

    [119] သို့ဖြစ်ရာ ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကိုသာမက ၎င်းနှင့်အတူ ဝန်အပြည့်တင်ထား‌သော သ‌ဘေင်္ာ‌ပေါ်တွင် ပါလာကြ‌သော အီမာန်ယုံကြည်သူများကိုလည်း ကယ်တင်‌တော်မူခဲ့သည်။

    [120] ထို့‌နောက် ငါအရှင်မြတ်သည် ကျန်ရှိသူများကို နှစ်မြှုပ်‌တော်မူခဲ့သည်။

    [121] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [122] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [123] အာဒ်အမျိုးသားများလည်း တမန်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [124] တစ်ခါက သူတို့၏‌နောင်‌တော် (တမန်‌တော်)ဟူဒ်က သူတို့ကို ‌ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မ‌ကြောက်ကြ‌လေသ‌လော။

    [125] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။

    [126] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [127] ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အ‌ပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ ‌တောင်းဆိုခြင်းမရှိ‌ပေ။ ကျွန်ုပ်အား အကျိုး‌ပေးရန်တာဝန်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။

    [128] အသင်တို့သည် ကုန်းမြင့်တိုင်းတွင် အထိမ်းအမှတ်တစ်ခု အကျိုးမဲ့တည်‌ဆောက်ကြသ‌လော။

    [129] ထို့ပြင် အသင်တို့သည် ကြီးကျယ်ခမ်းနား‌သော တိုက်တာ‌ဂေဟာများကို အသင်တို့ အမြဲ‌နေထိုင်ကြရမည်ကဲ့သို့ တည်‌ဆောက်ကြသည်။

    [130] ထို့ပြင် အသင်တို့သည် ဖမ်းဆီးအ‌ရေးယူကြသည့်အခါ ရက်စက်ကြမ်းကြုတ်သူများအဖြစ် ဖမ်းဆီးအ‌ရေးယူကြသည်။

    [131] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [132] ထို့ပြင် အသင်တို့သည် အသင်တို့သိရှိသည့်အရာများနှင့် ကူညီ‌စောင်မ‌တော်မူခဲ့‌သော အကြင်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [133] ထိုအရှင်မြတ်သည် အသင်တို့အား ကျွဲ၊ နွား တိရစာ္ဆန်များနှင့် သား(သမီး)များဖြင့် ကူညီ‌စောင်မ‌တော်မူခဲ့သည်။

    [134] ထို့ပြင် ဥယျာဉ်များနှင့် စမ်း‌ချောင်းများဖြင့်လည်း (ကူညီ‌တော်မူခဲ့သည်)။

    [135] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှသည့်‌နေ့၏ပြစ်ဒဏ်ကို စိုးရိမ်မိသည်။

    [136] သူတို့က ‌ပြောဆိုခဲ့ကြသည်- အသင်သည် ဆုံးမသည်ဖြစ်‌စေ၊ မဆုံးမဘဲ‌နေသည်ဖြစ်‌စေ၊ ကျွန်ုပ်တို့အတွက် အတူတူပင်ဖြစ်သည်။ (မည်သည့်အ‌ကြောင်းမှ ထူးမည်မဟုတ်‌ပေ)။

    [137] ဤသည် ‌ရှေးယခင်ကလူများ၏ ဓ‌လေ့ထုံးစံမျှသာဖြစ်သည်။

    [138] ထို့ပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်‌ပေးခြင်းခံရမည့်သူများ မဟုတ်‌ပေ။

    [139] ထို့‌နောက် သူတို့သည် (တမန်‌တော်)ဟူဒ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ဖျက်ဆီး‌တော်မူခဲ့သည်။အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [140] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [141] ဆမူဒ်အမျိုးသားများသည်လည်း တမန်‌တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [142] တစ်ခါက သူတို့အား သူတို့၏‌နောင်‌တော် (တမန်‌တော်)စွာလိဟ်က ‌ပြောဆိုခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မ‌ကြောက်ကြ‌လေသ‌လော။

    [143] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။

    [144] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [145] ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အ‌ပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ ‌တောင်းဆိုခြင်းမရှိ‌ပေ။ ကျွန်ုပ်အား အကျိုး‌ပေးရန်တာဝန်မှာ စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။

    [146] အသင်တို့သည် ဤဘဝ၌ရှိသည့်အရာများထဲတွင် ‌အေးချမ်းစွာ(နှင့် အမြဲ‌နေထိုင်ရန်) စွန့်လွှတ်ထားခြင်းကို ခံကြရမည်‌လော။

    [147] ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင်။

    [148] ထို့ပြင် လယ်ယာများနှင့် စွန်ပလွံသီးအခိုင်များပြွတ်‌နေ‌သော စွန်ပလွံခြံများတွင်။

    [149] ထို့ပြင် အသင်တို့သည် ‌တောင်များကို အိမ်များဖြစ်‌အောင် ကျွမ်းကျင်စွာ ထွင်းကြသည်။

    [150] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [151] ထို့ပြင် အသင်တို့သည် စည်းကမ်းကျူးလွန်သူများ၏ အမိန့်ကို မလိုက်နာကြနှင့်။

    [152] ထိုသူများသည် တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ကြသည်။ ထို့ပြင် (တိုင်းပြည်ကို)‌ကောင်းမွန်‌အောင် မပြုပြင်ကြ‌ပေ။

    [153] သူတို့က ‌ပြောဆိုခဲ့ကြသည်- အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူတစ်ဦးသာဖြစ်သည်။

    [154] အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦးမှလွဲ၍ မည်သည့်အရာမျှ မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် မှန်ကန်သူတစ်ဦးဖြစ်ခဲ့လျှင် သက်‌သေသာဓကတစ်ခု ယူ‌ဆောင်လာခဲ့ပါ။

    [155] ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောဆိုခဲ့သည်- ဤသည် ကုလားအုတ်မတစ်‌ကောင်ဖြစ်သည်။ သူ့အတွက် ‌ရေ‌သောက်ရန် အလှည့်တစ်လှည့်ရှိပြီး အသင်တို့အတွက်လည်း သတ်မှတ်ထား‌သော ‌နေ့တစ်‌နေ့တွင် ‌ရေ‌သောက်ရန် အလှည့်တစ်လှည့်ရှိသည်။

    [156] ထို့ပြင် အသင်တို့သည် ထိုကုလားအုတ်မကို မ‌ကောင်း(သာရည်ရွယ်ချက်)နှင့် မထိပါးကြနှင့်။ ထိုသို့ ထိပါးခဲ့လျှင် ကြီးကျယ်သည့်‌နေ့၏ပြစ်ဒဏ်သည် အသင်တို့ကို ဖမ်းဆီးကွပ်မျက်လိမ့်မည်။

    [157] ထို့‌နောက် သူတို့သည် ကုလားအုတ်မ၏‌ခြေများကို ဖြတ်‌တောက်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် အရှက်တကွဲ ‌နောင်တရမည့်သူများ ဖြစ်သွားခဲ့ကြသည်။

    [158] သို့ဖြစ်ရာ ပြင်ဒဏ်သည် သူတို့ကို ဖမ်းဆီးကွပ်မျက်ခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [159] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [160] (တမန်‌တော်)လူသွ်၏အမျိုးသားများသည် တမန်‌တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [161] တစ်ခါက သူတို့အား သူတို့၏‌နောင်‌တော် (တမန်‌တော်)လူသွ်က ‌ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မ‌ကြောက်ကြ‌လေသ‌လော။

    [162] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။

    [163] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [164] ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အ‌ပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ ‌တောင်းဆိုခြင်းမရှိ‌ပေ။ ကျွန်ုပ်ကို အကျိုး‌ပေးရန်တာဝန်မှာ စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။

    [165] အသင်တို့သည် ကမာ္ဘသူ ကမာ္ဘသားများထဲမှ ‌ယောက်ျားများထံသို့ လာ(၍ ကာမလိုက်စား)ကြသ‌လော။

    [166] ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အသင်တို့အတွက် ဖန်ဆင်းထား‌တော်မူ‌သော ဇနီးမိန်းမများကိုမူ စွန့်ထားကြသ‌လော။ အမှန်စင်စစ် အသင်တို့သည် စည်းကမ်းကျူးလွန်‌သော ‌ယောက်ျားများပင် ဖြစ်ကြသည်။

    [167] သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- လူသွ်၊ အကယ်၍ အသင်သည် မရပ်တန့်ခဲ့လျှင် အမှန်ပင် အသင်သည် (တိုင်းပြည်က)နှင်ထုတ်ခံရမည့်သူတစ်ဦးဖြစ်သွားမည်။

    [168] ၎င်းက ‌ပြောကြားခဲ့သည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏လုပ်ရပ်ကို အလွန်စက်ဆုပ်သူတစ်ဦးပင် ဖြစ်သည်။

    [169] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အိမ်သူအိမ်သား (‌နောက်လိုက်ငယ်သား)များကို သူတို့ပြုကျင့်‌နေကြ‌သောအရာများမှ လွတ်ကင်း‌စေ‌တော်မူပါ။

    [170] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်သူအိမ်သား (တပည့်သား)အားလုံးကို ကယ်တင်‌တော်မူခဲ့သည်။

    [171] သို့ရာတွင် အဖွားအိုတစ်ဦးမှာမူ ‌နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် ကျန်ရစ်ခဲ့သည်။

    [172] ထို့‌နောက် ငါအရှင်မြတ်သည် ကျန်သူအားလုံးကို ဖျက်ဆီး‌တော်မူခဲ့သည်။

    [173] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရသူများ၏(အ‌ပေါ်တွင် ရွာသွန်းချခဲ့သည့်)မိုးသည် အလွန်ဆိုးရွားလှသည်။

    [174] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [175] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [176] ‌တောအုပ်တွင် ‌နေထိုင်ကြ‌သောအမျိုးသားများသည် တမန်‌တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [177] တစ်ခါက သူတို့အား (တမန်‌တော်)ရှုအိုင်ဗ်က ‌ပြောကြားခဲ့သည်၊ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မ‌ကြောက်ကြ‌လေသ‌လော။

    [178] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးဖြစ်သည်။

    [179] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။

    [180] ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အ‌ပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ ‌တောင်းဆိုခြင်းမရှိ‌ပေ။ ကျွန်ုပ်အား အကျိုး‌ပေးရန်တာဝန်မှာ စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။

    [181] အသင်တို့သည် အခြင်အတွယ်ကို အပြည့်(ခြင်ပြီး)‌ပေးကြပါ။ ထို့ပြင် အသင်တို့သည် (သူတစ်ပါးအား) ‌လျော့နည်းဆုံးရှုံး‌အောင် လုပ်သည့်သူများ မဖြစ်ကြနှင့်။

    [182] ထို့ပြင် အသင်တို့သည် မှန်ကန်‌သော ချိန်ခွင်နှင့် ချိန်တွယ်ကြပါ။

    [183] ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းများကို ‌လျှော့၍မ‌ပေးကြနှင့်။ ထို့ပြင် အသင်တို့သည် တိုင်းပြည်တွင် ဖျက်ဆီးသူများအဖြစ် သွားလာလှုပ်ရှား ‌သောင်းကျန်းမှု မပြုကြနှင့်။

    [184] ထို့ပြင် အသင်တို့သည် အသင်တို့နှင့် အသင်တို့မတိုင်မီ အဖန်ဆင်းခံများကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်အား ‌ကြောက်ရွံ့ကြပါ။

    [185] သူတို့က ‌ပြောဆိုခဲ့ကြသည်- အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူတစ်ဦးသာဖြစ်သည်။

    [186] ထို့ပြင် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှလွဲ၍ မည်သည့်အရာမျှ မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား လိမ်လည်သူတစ်ဦးဖြစ်သည်ဟုပင် ထင်မှတ်ကြသည်။

    [187] သို့ဖြစ်ရာ အသင်သည် မှန်ကန်သူများထဲမှဖြစ်လျှင် ကျွန်ုပ်တို့အ‌ပေါ်တွင် မိုး‌ကောင်းကင်မှ အစိတ်အပိုင်းတစ်စုံတစ်ခု ကျလာ‌အောင် အသင် ပြုလုပ်ပါ။

    [188] ၎င်းက ‌ပြောကြားခဲ့သည်- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်များကို အသိဆုံးအရှင်မြတ် ဖြစ်‌တော်မူသည်။

    [189] ထို့‌နောက် သူတို့သည် ၎င်းအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် တိမ်အရိပ်များကျလာသည့်‌နေ့၏ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။ အမှန်စင်စစ် ထိုပြစ်ဒဏ်သည် ကြီးကျယ်သည့်‌နေ့၏ပြစ်ဒဏ်ပင် ဖြစ်ခဲ့သည်။

    [190] အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။

    [191] ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။

    [192] ထို့ပြင် အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ချ‌ပေး‌တော်မူ‌သောအရာ(ကျမ်းဂန်)ဖြစ်သည်။

    [193] ယုံကြည်စိတ်ချရ‌သော ဝိညာဉ်‌တော်(‌ကောင်းကင်တမန် ဂျိဗ်ရီလ်)သည် ထို(ကုရ်အာန်)ကို ယူ‌ဆောင်ချ‌ပေးခဲ့ခြင်းဖြစ်သည်။

    [194] အသင်၏စိတ်နှလုံးအ‌ပေါ်တွင် အသင်သည် သတိ‌ပေးနှိုး‌ဆော်သူများထဲမှ ဖြစ်ရန်အတွက် (ချ‌ပေးခဲ့ခြင်းဖြစ်သည်)။

    [195] ရှင်းလင်းထင်ရှား‌သော အရဗီစကားဖြင့်။

    [196] ထို့ပြင် အမှန်စင်စစ် ၎င်း(ကုရ်အာန် ကျမ်း‌တော်မြတ်၏အ‌ကြောင်း)မှာ ‌ရှေး‌ဟောင်းလူများ၏ ကျမ်းများထဲတွင်လည်းပါရှိသည်။

    [197] အစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ ပညာရှင်များက ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို သိရှိကြခြင်းသည် သူတို့(ကုရိုင်းရှ်မျိုးနွယ်ဝင်များ)အတွက် သက်‌သေသာဓက မဖြစ်ခဲ့သ‌လော။

    [198] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို အရဗ် အမျိုးသားမဟုတ်သူတစ်ဦးတစ်‌ယောက်၏အ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့လျှင်။

    [199] ထို့ပြင် ထိုသူက သူတို့(ကုရိုင်းရှ်မျိုးနွယ်ဝင်များ)၏‌ရှေ့၌ ထိုအရာကို ဖတ်ကြားခဲ့လျှင်လည်း သူတို့သည် ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ကြ‌ပေ။

    [200] ဤသို့ပင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများ၏စိတ်ထဲတွင် ထိုငြင်းပယ်မှုကို ထည့်သွင်း‌တော်မူခဲ့သည်။

    [201] သူတို့သည် နာကျင်‌စေ‌သောပြစ်ဒဏ်ကို မမြင်မချင်း ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ကြမည် မဟုတ်‌ပေ။

    [202] ထို့ပြင် ထိုပြစ်ဒဏ်သည် သူတို့ထံသို့ သူတို့ ‌မေ့‌လျော့‌နေလျက်ရှိသည့်အခါတွင် ရုတ်တရက် ‌ရောက်လာလိမ့်မည်။

    [203] သို့ဖြစ်ရာ သူတို့က ကျွန်ုပ်တို့သည် ဆိုင်းငံ့ခွင့် ရရှိနိုင်ဦးမည်‌လောဟု ‌ပြောဆိုကြမည်။

    [204] သို့ဖြစ်ပါလျက် သူတို့က ငါအရှင်မြတ်၏ပြစ်ဒဏ်ကို အလျင်စလို ‌တောင်းဆို‌နေကြသ‌လော။

    [205] အသင် မည်ကဲ့သို့ ယူဆမည်နည်း၊ အကယ်၍ ငါအရှင်မြတ်သည် သူတို့အား နှစ်ကာလရှည်လျားစွာ အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့လျှင်။

    [206] ထို့‌နောက် သူတို့ ချိန်းဆိုခံကြရသည့်အရာ(ပြစ်ဒဏ်)သည် သူတို့ထံသို့ ‌ရောက်လာခဲ့လျှင်။

    [207] (ထိုအခါ) သူတို့အတွက် သူတို့ အကျိုးခံစားခွင့်ရရှိခဲ့ကြသည့်အရာများသည် မည်သည့်အရာမျှ အသုံးဝင်မည် မဟုတ်‌ပေ။

    [208] ထို့ပြင် ငါအရှင်မြတ် ဖျက်ဆီး‌တော်မူခဲ့‌သောမြို့ရွာတိုင်းတွင် သတိ‌ပေးနှိုး‌ဆော်သူများ ‌ရောက်ရှိခဲ့ကြသည်ချည်းသာဖြစ်သည်။

    [209] သတိ‌ပေးဆုံးမဩဝါဒ(‌ပေးရန်ဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် မတရားနှိပ်စက်ညှဉ်းပန်း‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [210] ထို့ပြင် ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ရှိုန်သွာန်များက ယူ‌ဆောင်လာသည် မဟုတ်‌ပေ။

    [211] ထို့ပြင် ၎င်း(ကုရ်အာန်ကျမ်း‌တော်မြတ်ကို ယူ‌ဆောင်လာခြင်း)ကိစ္စသည် သူတို့နှင့် အပ်စပ်ခြင်းလည်း မရှိ‌ပေ။ ထို့ပြင် သူတို့သည် (ယူ‌ဆောင်လာရန်) တတ်စွမ်းနိုင်သည်လည်း မဟုတ်‌ပေ။

    [212] အမှန်စင်စစ် ထိုသူ(ရှိုန်သွာန်)များသည် (ဝဟီအမိန့်‌တော်ကို)ကြားနာမှုမှ အမှန်ပင် ဖယ်ရှားခြင်း ခံခဲ့ကြရပြီးဖြစ်သည်။

    [213] သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမှ ဟစ်‌ခေါ်တသခြင်း မပြုနှင့်။ ထိုသို့ပြုခဲ့လျှင် အသင်လည်း ပြစ်ဒဏ်‌ပေးခြင်းခံရသူများထဲတွင် အပါအဝင်ဖြစ်သွားမည်။

    [214] ထို့ပြင် အသင်သည် အသင်၏နီးစပ်‌သော ‌ဆွေမျိုးသားချင်းများကို သတိ‌ပေးနှိုး‌ဆော်ပါ။

    [215] ထို့ပြင် အသင်သည် အသင်၏‌နောက်သို့လိုက်ကြ‌သော အီမာန်ယုံကြည်သူများ၏‌ရှေ့၌ (ကရုဏာသက်သည့်‌နေဖြင့်)ကျိုးနွံပါ။

    [216] ထို့‌နောက် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)၏အမိန့်ကို ဖီဆန်ခဲ့ကြလျှင် (အို- တမန်‌တော်)အသင်သည် (သူတို့အား) ငါသည် အသင်တို့၏လုပ်ရပ်များမှ အမှန်စင်စစ် ကင်းလွတ်သည်ဟု ‌ပြောလိုက်ပါ။

    [217] ထို့ပြင် အသင်(တမန်‌တော်)သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော အလွန်ကြင်နာသနား‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ထားပါ။

    [218] ထိုအရှင်မြတ်သည် အသင်(အိဗာဒသ်အတွက်)မတ်တတ်ရပ်သည့်အခါ အသင့်အား မြင်‌တော်မူသည်။

    [219] ထို့ပြင် (အရှင်မြတ်သည်) စွလာသ်ဝတ်ပြုသူများထဲတွင် အသင်၏ပါဝင် ‌နေထိုင်သွားလာမှုကိုလည်း (မြင်‌တော်မူသည်)။

    [220] အမှန်စင်စစ် အရှင်မြတ်ပင် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [221] ငါသည် မည်သူ၏အ‌ပေါ်တွင် ရှိုင်သွာန်များဆင်းသက်ကြသည်ကို အသင်တို့အား ‌ပြောပြရမည်‌လော။

    [222] ထိုရှိုင်သွာန်များသည် အလွန်အပြစ်ကျူးလွန်သည့်သူ၊ အလွန်လိမ်လည်သည့်သူတိုင်းအ‌ပေါ်တွင် ဆင်းသက်ကြသည်။

    [223] အကြင်သူများသည် (ရှိုင်သွာန်ဘက်သို့)နားစွင့်ပြီး‌နေကြသည်၊ ထို့ပြင် ထိုအထဲမှ အများစုသည် လိမ်လည်သူများပင်ဖြစ်ကြသည်။

    [224] ထို့ပြင် ကဗျာဆရာများမှာမူ သူတို့‌နောက်သို့ လမ်းလွဲသူများသာ လိုက်ကြသည်။

    [225] အမှန်စင်စစ် သူတို့သည် (စိတ်ကူးယဉ်)လျှို‌မြောင်‌ချောင်းရိုးတိုင်း၌ ‌ခြေဦးလှည့်ရာ(စိတ်ကူးတည့်ရာ) သွားလာ‌နေကြသည်ကို အသင် မမြင်‌လေသ‌လော။

    [226] ထို့ပြင် သူတို့သည် သူတို့ မပြုလုပ်သည့်ကိစ္စကို (ပြုလုပ်ကြသည်ဟု) ‌ပြောဆို‌လေ့ရှိကြသည်။

    [227] သို့ရာတွင် (ကဗျာဆရာများထဲမှ) အကြင်သူများသည် ခြွင်းချက်ဖြစ်သည်၊ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ‌ကောင်းမြတ်‌သော အကျင့်သီလများကိုလည်း ‌ဆောက်တည်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အားလည်း များစွာ သတိရခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့ မတရားနှိပ်စက်မှုခံခဲ့ကြရပြီး‌နောက် လက်စား‌ချေခဲ့ကြသည်။* ထို့ပြင် မတရားနှိပ်စက်ကြသည့်သူများသည် သူတို့ မည်သည့်‌နေရာ ပြန်လှည့်ကြမည်ကို မကြာမီ သိရှိကြလိမ့်မည်။

    Surah 27
    ပုရွက်ဆိတ်

    [1] သွာ စီန်။ ဤအရာများသည် ထင်ရှား‌သောကျမ်းဂန် ကုရ်အာန်၏အာယသ်‌တော်များပင်ဖြစ်သည်။

    [2] အီမာန်ယုံကြည်သူများအတွက် လမ်းမှန် ညွှန်ကြားပြသချက်နှင့် သတင်း‌ကောင်းဖြစ်သည်။

    [3] ထိုယုံကြည်သူများသည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြပြီး ဇကာသ်လည်း ‌ပေး‌ဆောင်ကြသည့်အပြင် အာခိရသ် တမလွန်ဘဝကိုလည်း ယုံကြည်ကြသည်။

    [4] အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများ၏အမြင်တွင် ငါအရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို လှပတင့်တယ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် တဝဲလည်လည် ဖြစ်‌နေကြသည်။

    [5] ဤလူများပင် ဖြစ်ကြသည်၊ ထိုသူများအတွက် (ဤဘဝတွင်လည်း)အလွန်ဆိုးရွား‌သော ပြစ်ဒဏ်ရှိသည်။ တမလွန်ဘဝတွင်လည်း သူတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြမည်။

    [6] ထို့ပြင် အမှန်စင်စစ် အသင်(တမန်‌တော်)သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌သော အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ရရှိခြင်းဖြစ်သည်။

    [7] တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အိမ်သူအိမ်သားများအား ‌ပြောခဲ့သည်။ အမှန်စင်စစ် ငါသည် မီးတစ်ခုကို မြင်ရသည်။ ငါသည် မကြာမီ အသင်တို့ထံသို့ မီးရှိရာမှ သတင်းတစ်စုံတစ်ခု ယူလာမည်။ သို့မဟုတ် ငါသည် အသင်တို့ထံသို့ အ‌နွေးဓာတ်ရ‌အောင် မီးလှုံနိုင်ကြရန်အတွက် မီး‌တောက်တစ်ခုကူးပြီး အသင်တို့ထံသို့ ယူ‌ဆောင်လာခဲ့မည်။

    [8] ထို့‌နောက် ၎င်းသည် ထိုမီးရှိရာသို့‌ရောက်‌သောအခါ (ဤသို့ အသံ‌ပေးခြင်းခံခဲ့ရသည်)၊ “မီးတွင်ရှိသည့်သူနှင့် မီးပတ်ဝန်းကျင်တွင် ရှိ‌သောသူများသည်* ဗရကသ်မဂင်္လာကို ရရှိကြပါ‌စေ“၊ “ထို့ပြင် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။“

    [9] အို- မူစာ၊ ၎င်းသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော ငါ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [10] ထို့ပြင် အသင်သည် အသင်၏‌တောင်‌ဝှေးကိုပစ်ချလိုက်ပါ။ ထို့‌နောက် (တမန်‌တော်)မူစာသည် (ပစ်ချလိုက်‌သောအခါ) ထို‌တောင်‌ဝှေးအား ‌မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားသည်ကို မြင်သည်နှင့် ‌နောက်သို့ လှည့်မကြည့်‌တော့ဘဲ ‌ကျောခိုင်းထွက်သွားခဲ့သည်။ (အရှင်မြတ်က မိန့်ကြား‌တော်မူသည်) အို-မူစာ၊ အသင်သည် မ‌ကြောက်‌လေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်ထံ‌တော်တွင် တမန်‌တော်များသည် ‌ကြောက်ရွံ့‌လေ့မရှိကြ‌ပေ။

    [11] သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် ထို့ပြင် သူသည် မ‌ကောင်းမှု၏‌နောက်တွင် ‌ကောင်းမှုကို ‌ပြောင်းလဲပြီးပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [12] ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏ချိုင်းကြားတွင်သွင်းလိုက်ပါ။ (ထို့ပြင် ပြန်ထုတ်လိုက်လျှင်) ထိုလက်သည် မည်သည့်အပြစ်အနာအဆာမျှမရှိဘဲ လင်းဝင်း‌တောက်ပလျက် ထွက်‌ပေါ်လာမည်ဖြစ်သည်။ (ဤသည်) ဖိရ်‌အောင်န်နှင့်တကွ သူ၏အမျိုးသားများနှင့် ယှဉ်ပြိုင်ရန်အတွက် တန်ခိုး‌တော်ကိုးပါးတွင် အပါအဝင်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်ကြ‌သော အမျိုးသားများပင်ဖြစ်ကြသည်။

    [13] ထို့‌နောက် သူတို့ထံသို့ ငါအရှင်မြတ်၏ ထင်ထင်ရှားရှားမြင်သာ‌သော တန်ခိုး‌တော်များ ‌ရောက်ရှိလာခဲ့‌သောအခါ သူတို့က ဤသည် ထင်ရှား‌သော ‌မှော်အတတ်ပညာပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [14] ထို့ပြင် သူတို့၏စိတ်နှလုံးများသည် ထိုတန်ခိုးများအား ယုံကြည်‌သော်လည်း သူတို့ကမူ မတရားသဖြင့် ‌မောက်မာပလွှားပြီး ထိုတန်ခိုး‌တော်များအား ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပျက်စီးရာပျက်စီး‌ကြောင်းကို ပြုလုပ်ကြ‌သော သူများ၏‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ကြည့်လိုက်ပါ။

    [15] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်နှင့် (တမန်‌တော်)စုလိုင်မာန်အား အသိပညာတစ်ရပ်ကို ‌ပေးသနား‌တော်မူခဲ့သည်။* ထို့ပြင် သူတို့နှစ်ဦးက ‌ပြောဆို‌လျှောက်ထားခဲ့သည်- ကျွန်ုပ်တို့အား အရှင်မြတ်၏ယုံကြည်သူ ကျွန်အများစုထက်မြင့်မြတ်‌စေ‌တော်မူခဲ့‌သော အလ္လာဟ်အရှင်မြတ်သည်ပင် ချီးမွမ်းခြင်းအ‌ပေါင်းတို့ကို ခံယူထိုက်‌တော်မူသည်။

    [16] ထို့ပြင် (တမန်‌တော်)စုလိုင်မာန်သည် (တမန်‌တော်)ဒါဝူဒ်၏အ‌မွေကို ဆက်ခံခဲ့သည်။ ထို့ပြင် (တမန်‌တော်)စုလိုင်မာန်က‌ပြောဆိုသည်- အို- လူသားအ‌ပေါင်းတို့၊ ငါတို့သည် ငှက်များ၏စကားကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ ထို့ပြင် ငါတို့သည် (အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သမျှ)အရာများကို ‌ပေးသနား‌တော်မူခြင်း ခံခဲ့ကြရသည်။ အမှန်စင်စစ် ဤသည် ထင်ရှားလှ‌သော ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။

    [17] ထို့ပြင် (တမန်‌တော်)စုလိုင်မာန်‌ရှေ့‌မှောက်တွင် ဂျင်န်များ၊ လူများနှင့် ငှက်များထဲမှ ၎င်း၏စစ်တပ်များသည် စုရုံး‌စေခြင်းခံခဲ့ကြရသည်။ ထို့ပြင် ထိုစစ်တပ်များသည် (ပြန့်ကျဲမသွား‌အောင် တန်းစီချီတက်နိုင်ရန်)တားဆီးခံကြရသည်။ (ဝါ) ထိုစစ်တပ်များအား သူအဆင့်နှင့်သူ ခွဲ‌ဝေ‌နေရာချထား‌ပေးခြင်းခံကြရသည်။

    [18] ‌နောက်ဆုံးတွင် အကြင်အခါ ထိုစစ်တပ်ကြီးသည် ပုရွက်ဆိတ်များရှိ‌သော လျှို‌မြောင်‌ချောင်းရိုးကို ‌ရောက်‌သောအခါ ပုရွက်ဆိတ်တစ်‌ကောင်က အို- ပုရွက်ဆိတ်အ‌ပေါင်းတို့၊ (တမန်‌တော်)စုလိုင်မာန်နှင့်တကွ ၎င်း၏စစ်တပ်များသည် အသင်တို့ကို မသိမမြင်ကြဘဲလျက် (မ‌တော်တဆ)တက်နင်း ‌ချေမှုန်းမပစ်မိကြရန်အတွက် အသင်တို့သည် တွင်းများထဲသို့ဝင်‌ရောက်ကြပါဟု ‌ပြောဆိုခဲ့သည်။

    [19] သို့ဖြစ်ရာ (တမန်‌တော်)စုလိုင်မာန်သည် ထိုသူ(ပုရွက်ဆိတ်)၏စကား‌ကြောင့် ပြုံးရယ်ခဲ့သည်။* ထို့ပြင် ၎င်းသည် (အရှင်မြတ်ထံ‌တော်တွင်)‌ပြောဆိုပန်ကြားခဲ့သည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အ‌ပေါ်တွင်လည်း‌ကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးအ‌ပေါ်တွင်လည်း‌ကောင်း အရှင်မြတ်ပြု‌တော်မူ‌သော ‌ကျေးဇူး‌တော်နှင့်ပတ်သက်၍ ကျွန်ုပ်အား အမြဲ‌ကျေးဇူးသိတတ်‌စေသည့်အသိကို ထည့်‌ပေး‌တော်မူပါ။ ထို့ပြင် ကျွန်ုပ်အား အရှင်မြတ်နှစ်သက်‌တော်မူ‌သော ‌ကောင်းမြတ်သည့်လုပ်ရပ်ကိုလည်း အမြဲပြုလုပ် ‌ဆောက်တည်နိုင်စွမ်း ‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်၏ ကရုဏာ‌တော်နှင့် ‌ကောင်းမြတ်‌သောကျွန်များထဲတွင် ဝင်‌ရောက်ပါဝင်‌စေ‌တော်မူပါ။

    [20] ထို့ပြင် ၎င်းသည် ငှက်များအား စစ်‌ဆေးခဲ့ပြီး ‌ပြောဆိုသည်- ငါသည် အဘယ့်‌ကြောင့် ဘီး‌တောင်ပိုငှက်ကို မမြင်ရသနည်း။ သို့မဟုတ် သူသည် ပျက်ကွက်‌ပျောက်ကွယ်‌နေသ‌လော။

    [21] အမှန်ပင် ငါသည် သူ့အား မုချ ပြင်းထန်စွာ ပြစ်ဒဏ်‌ပေးမည်။ သို့မဟုတ် အမှန်ပင် ငါသည် သူ့အား လှီးဖြတ်မည်။ သို့မဟုတ် သူသည် ငါ့ထံသို့ ထင်ရှား‌သော သက်‌သေအ‌ထောက်အထားကို အမှန်ပင် ယူ‌ဆောင်လာရမည်။

    [22] ထို့‌နောက် မကြာမီ ထိုဘီး‌တောင်ပိုငှက်သည် လာ‌ရောက်‌ပြောဆို‌လျှောက်ထားသည်။ ကျွန်ုပ်သည် ကိုယ်‌တော်မသိသည့်အ‌ကြောင်းကို သိခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်သည် ကိုယ်‌တော်၏ထံသို့ ရှီဗာ(စဗအ်)နိုင်ငံက မှန်ကန်သည့် သတင်းတစ်ခုကို ယူလာခဲ့ပါသည်။

    [23] အမှန်စင်စစ် ကျွန်ုပ်သည် ထိုရှီဗာကို အုပ်ချုပ်‌နေ‌သော အမျိုးသမီးတစ်ဦးကို ‌တွေ့ခဲ့ပါသည်။ ထို့ပြင် ထိုအမျိုးသမီးသည် အရာအားလုံးကို ‌ပေးသနားခံရသည့်အပြင် သူမတွင် ကြီးကျယ်‌သော ပလ္လင်တစ်ခုလည်း ရှိပါသည်။

    [24] ကျွန်ုပ်သည် ထိုအမျိုးသမီးနှင့် သူမ၏အမျိုးသားများအား အလ္လာဟ်အရှင်မြတ်ကိုစွန့်ပြီး ‌နေကို ဦးချ(ကိုးကွယ်)‌နေကြသည်ကို ‌တွေ့ခဲ့ပါသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့၏လုပ်ရပ်များကို သူတို့အမြင်တွင် လှပတင့်တယ်‌အောင် ပြုလုပ်ထားပါသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့အား လမ်း(မှန်)မှပိတ်ဆို့ထားသည့်အတွက် သူတို့သည် လမ်းမှန်မရကြ‌တော့‌ပေ။

    [25] (သို့ဖြစ်ရာ သူတို့သည်) အကြင် အလ္လာဟ်အရှင်မြတ်ကိုပင် ဦးမချ(မကိုးကွယ်)‌တော့‌ပေ၊ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ဖုံးအုပ်‌နေသည့်အရာများအား အပြင်သို့ ထွက်‌စေ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ကြသည့်အရာများနှင့် အသင်တို့ ထုတ်‌ဖော်ကြသည့်အရာများကို သိရှိ‌တော်မူသည်။

    [26] အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်ပင်ဖြစ်သည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထိုအရှင်သည် ကြီးကျယ်‌သော အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [27] ၎င်း(တမန်‌တော်စုလိုင်မာန်)က‌ပြောသည်- အသင်သည် အမှန်‌ပြောခဲ့‌လေသ‌လော၊ သို့မဟုတ် လိမ်‌ပြောခဲ့သ‌လောဆိုသည်ကို ငါကြည့်မည်။

    [28] အသင်သည် ငါ၏ ဤစာကို ယူသွားပါ၊ ၎င်းပြင် အသင်သည် ထိုစာကို သူတို့ထံသို့ချ‌ပေးပြီးလျှင် သူတို့အနီးမှ ‌ဘေးဖယ်၍‌နေပါ။ ထို့‌နောက် အသင်သည် သူတို့ မည်သို့ အ‌ကြောင်းပြန်ကြသနည်းဆိုသည်ကို ကြည့်ပါ။

    [29] သူ(ရှီဗာဘုရင်)မက ‌ပြောခဲ့သည်- အို- မှူးမတ်အ‌ပေါင်းတို့၊ အမှန်စင်စစ် မြင့်မြတ်သည့် စာတစ်‌စောင်သည် ကျွန်မထံသို့ ‌ပေးပို့ခြင်းခံခဲ့ရသည်။

    [30] အမှန်စင်စစ် ထိုစာသည် (တမန်‌တော်)စုလိုင်မာန်ထံမှဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် ဤသို့ဖြစ်သည်- အနန္တကရုဏာရှင်ဖြစ်‌တော်မူ‌သော အလွန်သနားကြင်နာ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၏ နာမ‌တော်ဖြင့် (ကျွန်ုပ်အစပြုပါသည်)။

    [31] အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်ပြီး ဘဝင်မမြင့်ကြနှင့်။ ထို့ပြင် အသင်တို့သည် ငါ၏ထံသို့ မွတ်စ်လင်မ် အမိန့်နာခံသူများအဖြစ်နှင့် လာ‌ရောက်ကြပါ။

    [32] သူမက အို- မှူးမတ်အ‌ပေါင်းတို့၊ အသင်တို့သည် ကျွန်မ၏အ‌ရေးကိစ္စနှင့်စပ်လျဉ်း၍ ကျွန်မကို အကြံ‌ပေးကြပါ။ အသင်တို့သည် ကျွန်မ၏အနားတွင် မရှိသမျှ ကျွန်မသည် မည်သည့်ကိစ္စမျှ စီရင်ဆုံးဖြတ်‌လေ့မရှိ‌ပေဟု ‌ပြောကြားခဲ့သည်။

    [33] ထိုမှူးမတ်များက ကျွန်ုပ်တို့သည် အင်အားရှိသူများနှင့် ပြင်းထန်စွာ တိုက်ခိုက်ကြသည့်သူများ ဖြစ်ကြပါသည်။ ထို့ပြင် အမိန့်အာဏာကမူ အသင်ဘုရင်မ၏လက်ထဲတွင်ပင် ရှိသည့်အတွက် အသင်ဘုရင်မသည် မည်သို့ အမိန့်‌ပေးမည်ကိုသာ စဉ်းစားကြည့်ပါဟု ‌ပြောဆို‌လျှောက်ထားခဲ့ကြသည်။

    [34] သူမက ‌ပြောခဲ့သည်- အမှန်စင်စစ် ဘုရင်မင်းများဆိုသည်မှာ မြို့ရွာတစ်ခုကို ဝင်‌ရောက်ကြသည့်အခါ ထိုမြို့ရွာအား ဖျက်ဆီး‌လေ့ရှိကြသည်။ ထို့ပြင် သူတို့သည် ထိုမြို့ရွာမှ ဂုဏ်သိက္ခာရှိသည့်သူများကို ဂုဏ်သိက္ခာမဲ့သူများဖြစ်‌စေသည်။ ထို့ပြင် သူတို့သည်လည်း ဤသို့ပင် ပြုမူကြမည်ဖြစ်သည်။

    [35] ထို့ပြင် အမှန်ပင် ကျွန်မကမူ ၎င်းတို့ထံသို့ လက်‌ဆောင်တစ်စုံတစ်ရာ‌ပေးပြီး‌နောက် ‌စေတမန်များသည် မည်သည်ကို ပြန်ယူလာကြသနည်းဆိုသည်ကို ‌စောင့်ကြည့်ဦးမည်ဖြစ်သည်။

    [36] ထို့‌နောက် ထို(သံတမန်)များသည် (တမန်‌တော်)စုလိုင်မာန်ထံသို့ ‌ရောက်သည့်အခါ သူက‌ပြောဆိုသည်- အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာနှင့် ကူညီချင်ကြသ‌လော။ (အမှန်စင်စစ်) ငါ့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနားထား‌တော်မူသည်များမှာ အရှင်မြတ်က အသင်တို့အား ‌ပေးသနားထား‌တော်မူသည်များထက် ပို‌ကောင်းသည်။ ထို့‌နောက် အမှန်စင်စစ်မှာ အသင်တို့သာ အသင်တို့၏လက်‌ဆောင်များနှင့် ‌ပျော်မြူး‌နေကြခြင်းဖြစ်သည်။

    [37] အသင်သည် သူတို့ထံသို့ ပြန်သွားပါ။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သူတို့ထံသို့ သူတို့ မယှဉ်ပြိုင်နိုင်‌သော စစ်တပ်နှင့် ‌ရောက်ရှိလာကြမည်။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သူတို့ကို ထို(တိုင်းပြည်)မှ ‌သေးသိမ်သူများအဖြစ်နှင့် သူတို့သည် အရှက်တကွဲ အကျိုးနည်းသူများဖြစ်ကြလျက်* နှင်ထုတ်ကြမည်။

    [38] ၎င်း(တမန်‌တော်စုလိုင်မာန်)က ‌ပြောသည်- အို- မှူးမတ်အ‌ပေါင်းတို့၊ သူတို့သည် ငါ့ထံသို့ မွတ်စ်လင်မ်အဖြစ် မ‌ရောက်လာမီ၊ အသင်တို့ထဲမှ မည်သူသည် ထိုဘုရင်မ၏ပလ္လင်ကို ငါ့ထံ ယူလာနိုင်မည်သနည်း။

    [39] ဂျင်န်သတ္တဝါများထဲမှ အလွန်အင်အားကြီး‌သော ဂျင်န်တစ်ဦးက ‌ပြောဆို‌လျှောက်ထားသည်- ကိုယ်‌တော်သည် ကိုယ်‌တော်(စီရင်ဆုံးဖြတ်သည့်တရားခွင်)‌နေရာမှ မထမီ(တရားစီရင်မှုအစီအစဉ်မပြီးမီ) ကျွန်ုပ်သည် ထိုပလ္လင်ကို ကိုယ်‌တော်၏ထံသို့ ယူလာပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အမှန်ပင် ဤကိစ္စနှင့်ပတ်သက်၍ပြုလုပ်ရန် အင်အားရှိသူ၊ ယုံကြည်စိတ်ချရသူ တစ်ဦးပင်ဖြစ်ပါသည်။

    [40] ကျမ်းဂန်၏အသိပညာရှိသူတစ်ဦးက ကျွန်ုပ်သည် ထိုပလ္လင်ကို ကိုယ်‌တော်၏မျက်စိတစ်မှတ်အတွင်း ကိုယ်‌တော်၏ထံသို့ ယူခဲ့ပါမည်ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက် ၎င်းသည် ထိုပလ္လင်ကို ၎င်းအနီး၌ တည်ငြိမ်‌ရောက်ရှိ‌နေသည်ကို ‌တွေ့မြင်သည့်အခါ ၎င်းက ‌ပြောဆိုသည်- ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏‌ကျေးဇူး‌တော်ထဲမှ တစ်ခုဖြစ်သည်။ ငါသည် ‌ကျေးဇူးတင်သ‌လော၊ သို့မဟုတ် ငါသည် ‌ကျေးဇူးကန်းသ‌လောဆိုသည်ကို အရှင်မြတ်က ငါ့အား စမ်းသပ်‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် မည်သူမဆို ‌ကျေးဇူးတင်ခဲ့လျှင် သူ၏အကျိုးအတွက် ‌ကျေးဇူးတင်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သူမဆို ‌ကျေးဇူးကန်းခဲ့လျှင် အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် အလွန်ရက်‌ရော‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [41] ၎င်း(တမန်‌တော်စုလိုင်မာန်)က ‌ပြောဆိုခဲ့သည်- အသင်တို့သည် ထိုဘုရင်မ၏ပလ္လင်ကို အသွင်‌ပြောင်းထားလိုက်ကြပါ။ သူမသည် (သူမ၏ပလ္လင်မှန်းမှတ်မိပြီး ဤသည်မှာ တန်ခိုး‌တော်နှင့် ယူထားခြင်းဖြစ်သည်ကို သိပြီး) လမ်းမှန်ရသည့်သူ‌လော၊ သို့မဟုတ် (ထိုအရာများကို မသိဘဲ) လမ်းမှန် မရ‌သေးသည့်သူများထဲမှ ဖြစ်သ‌လောဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ရှုကြမည်။

    [42] ထို့‌နောက် ဘုရင်မ‌ရောက်ရှိလာသည့်အခါ တစ်‌ယောက်‌ယောက်က “အသင်မ၏ပလ္လင်သည် ဤသို့ပင်‌လော“ဟု ‌မေးလိုက်သည်။ သူမက‌ပြောသည်- “ဤသည် ထိုပလ္လင်ဖြစ်မည်နှင့်တူသည်။“* ထို့ပြင် ကျွန်ုပ်တို့သည် ဤသည့်အလျင်ကတည်းက အသိပညာကို ‌ပေးသနားခံခဲ့ကြရပြီဖြစ်သည်သာမက ကျွန်ုပ်တို့သည် မွတ်စ်လင်မ် အမိန့်နာခံသူများပင် ဖြစ်ခဲ့ကြပြီဖြစ်သည်။

    [43] ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး ထိုဘုရင်မ ကိုးကွယ်‌နေခဲ့‌သောအရာများက သူမကို တားဆီးထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် သူမသည် ကာဖိရ်အုပ်စုများထဲတွင်ပင် ဖြစ်ခဲ့သည်။

    [44] သူမအား အသင်မသည် နန်း‌တော်ဧည့်ခန်းထဲသို့ ဝင်ပါဟု တစ်ဦးတစ်‌ယောက်က ‌ပြောခဲ့သည်။ သို့ဖြစ်ရာ သူမသည် နန်း‌တော်ဧည့်ခန်းကိုမြင်သည့်အခါ ထိုနန်း‌တော်ဧည့်ခန်းကို နက်သည့်‌ရေ(ကန်ထဲတွင် ‌ဆောက်လုပ်ထားသည်)ဟု ထင်မှတ်ပြီး (ထို‌ရေများထဲမှ ဖြတ်သွားရန်) သူမ၏‌ခြေသလုံးနှစ်ဖက်(‌ပေါ်တွင်ရှိ‌သော ဝတ်ရုံကို ပင့်မပြီး)‌ဖော်ခဲ့သည်။ (ထိုအခါ) ၎င်း(တမန်‌တော်စုလိုင်မာန်)က ‌ပြောလိုက်သည်- ဤသည် (‌ရေကန်‌ပေါ်တွင်) ဖန်များနှင့် ‌ချောမွတ်‌အောင် ပြုလုပ်(ခင်းကျင်း)ထား‌သော ဧည့်ခန်းပင်ဖြစ်သည်။ သူမက ‌ပြောဆိုသည်- အို- ကျွန်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်မသည် မိမိကိုယ်မိမိ နှိပ်စက်မိပြီဖြစ်ပါသည်။ ထို့‌နောက် ကျွန်မသည် (တမန်‌တော်)စုလိုင်မာန်နှင့်အတူ စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်(၏အမိန့်‌တော်)ကို လိုက်နာပြီဖြစ်ပါသည်။

    [45] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဆမူဒ်အမျိုးသားများထံသို့ သူတို့၏‌နောင်‌တော်(တမန်‌တော်)စွာလိဟ်ကို အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ရမည်ဟု (အမိန့်‌တော်နှင့်တကွ) ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုအခါ (မုအ်မင်န်နှင့် ကာဖိရ်)အုပ်စုနှစ်စုသည် (သူမှန်သည်၊ ငါမှန်သည်နှင့်) အငြင်းအခုံပြုကြ‌တော့သည်။

    [46] ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ့်‌ကြောင့် ကရုဏာထက်အလျင် အပြစ်ဒဏ်ကို ‌ဆောလျင်စွာ လိုလားကြသနည်း။ အသင်တို့သည် သနားခြင်းခံရရန် အဘယ့်‌ကြောင့် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ချမ်းသာခွင့်ကို ‌တောင်းခံမှု မပြုကြသနည်း။

    [47] ထိုအမျိုးသားများက ကျွန်ုပ်တို့သည် အသင်နှင့် အသင်၏အ‌ပေါင်းအပါများ‌ကြောင့် (နိမိတ်ဆိုးဖြစ်ပြီး) လာဘ်ပိတ်‌နေခဲ့သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောဆိုသည်- အသင်တို့၏နိမိတ်ဆိုးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည့် အမျိုးသားများပင်ဖြစ်သည်။

    [48] ထို့ပြင် မြို့တွင်း၌ ‌ယောက်ျားကိုးဦး ရှိခဲ့သည်။ သူတို့သည် တိုင်းပြည်ကို ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုသာ ပြုလုပ်လျက်ရှိကြသည်။

    [49] သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အမှန်ပင် ကျွန်ုပ်တို့သည် (တမန်‌တော်)စွာလိဟ်နှင့် ၎င်း၏လူများအား ညအချိန်တွင် သွား‌ရောက်သတ်ဖြတ်ကြမည်၊ ထို့ပြင် ၎င်း၏ အ‌မွေစားအ‌မွေခံများအား ၎င်းနှင့်ပတ်သက်သည့်သူများ အသတ်ခံကြရသည့်အချိန်တွင် ကျွန်ုပ်တို့ ‌တွေ့မြင်ခဲ့ကြသည် မဟုတ်‌ပေ၊ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မှန်ကန်သည့်သူများဖြစ်ကြသည်ဟု ‌ပြောဆိုကြမည့်အ‌ကြောင်း အချင်းချင်း ‌ပြောဆိုခဲ့ကြသည်။

    [50] ထို့ပြင် သူတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်ကလည်း စီမံခန့်ခွဲမှုတစ်ခုကို သူတို့မသိလိုက်ကြဘဲလျက် စီမံခန့်ခွဲ‌တော်မူခဲ့သည်။

    [51] သို့ဖြစ်ရာ အသင်သည် သူတို့၏ အကြံအစည်၏‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်လိုက်ပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် သူတို့၏အမျိုးသားများအားလုံးကို ဖျက်ဆီး‌တော်မူခဲ့သည်။

    [52] ဤသည် သူတို့၏‌သွေဖည်မှု‌ကြောင့် ပျက်စီး‌နေ‌သော သူတို့၏‌နေအိမ်များဖြစ်သည်။ အမှန်စင်စစ် ထိုအထဲတွင် သိနားလည်ကြသည့်သူအတွက် အမှန်ပင် သက်‌သေသာဓကရှိသည်။

    [53] ထို့ပြင် ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြသည့်သူများကို ကယ်ဆယ်‌တော်မူခဲ့သည်။

    [54] ထို့ပြင် ငါအရှင်မြတ်သည် လူသွ်ကို(လည်း တမန်‌တော်အဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်)၊ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို ‌ပြောဆိုခဲ့သည်။ အသင်တို့သည် သိလျက်နှင့် စက်ဆုပ်ဖွယ်ရာအမှုကို ကျူးလွန်ကြသ‌လော။

    [55] အသင်တို့သည် မိန်းမများအားစွန့်ပြီး ‌ယောက်ျားများထံတွင် ကာမဂုဏ်ခံစားရန်လာကြသ‌လော။ အမှန်စင်စစ် အသင်တို့သည် ကျူး‌ကျော်မိုက်မဲ‌သော အမျိုးသားများပင်ဖြစ်ကြသည်။

    [56] ထိုအမျိုးသားများက သူတို့အချင်းချင်း အသင်တို့သည် (တမန်‌တော်)လူသွ်နှင့် ပတ်သက်သည့်သူများအား အသင်တို့မြို့ရွာမှ နှင်ထုတ်ကြပါ။ အမှန်စင်စစ် ၎င်းတို့သည် သန့်ရှင်းဟန်‌ဆောင်သူများပင်ဖြစ်ကြသည်ဟု (‌ပြောင်‌လှောင်)‌ပြောဆိုခဲ့ကြသည်မှလွဲ၍ သူတို့တွင် အခြားအ‌ဖြေမရှိခဲ့ကြ‌ပေ။

    [57] သို့ဖြစ်ရာ ငါအရှင်မြတ်သည် (တမန်‌တော်)လူသွ်နှင့် ၎င်း၏အိမ်သူအိမ်သားများကို ကယ်ဆယ်‌တော်မူခဲ့သည်။ သို့ရာတွင် ၎င်း၏ဇနီးကိုမူ ငါအရှင်မြတ်သည် သူမအား ကျန်ရစ်သူများထဲတွင် သတ်မှတ်‌တော်မူခဲ့သည်။

    [58] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုးတစ်မျိုးကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သတိ‌ပေးနှိုး‌ဆော်ခြင်းခံခဲ့ကြရ‌သောသူများ၏မိုးသည် အလွန်ဆိုးရွားလှသည်။

    [59] (အို- တမန်‌တော်)အသင်‌ပြောဆိုပါ- ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်။ ထို့ပြင် ငြိမ်းချမ်းသာယာမှုသည် အရှင်မြတ်‌ရွေးချယ်‌တော်မူခဲ့‌သော ကျွန်များအ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ။ အလ္လာဟ်အရှင်မြတ်သည် ပိုပြီး မြင့်မြတ်သ‌လော၊ သို့မဟုတ် သူတို့ တွဲဖက်ကိုးကွယ်ကြ‌သော အရာများသည် (ပိုပြီးမြင့်မြတ်ကြသ‌လော)။

    [60] (ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် မိုး‌ကောင်းကင်မှ (မိုး)‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် စိမ်းလန်းစို‌ပြေ‌သော ခြံဥယျာဉ်များကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။ အသင်တို့သည် ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ‌ပေါက်‌ရောက်‌စေနိုင်သည် မဟုတ်‌ပေ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် (သူတို့သည် အမှန်စင်စစ် ‌သွေဖည်သွားကြသည့်အတွက်) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို ဂုဏ်ရည်တူ ပြုလုပ်သည့်သူများ ဖြစ်ကြ‌တော့သည်။

    [61] (ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် ‌မြေပထဝီကို တည်တံ့‌နေထိုင်ရာ အဖြစ်ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီ၏အကြားတွင် စမ်း‌ရေ‌ချောင်းများကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို (တည်ငြိမ်‌စေရန်)အတွက် ‌တောင်များကို (‌ကျောက်ဆူးများအဖြစ်) ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ပင်လယ်နှစ်ခု၏အကြား၌ အတားအဆီးကို ပြုလုပ်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။

    [62] (ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် အကျဉ်းအကျပ်ဖြစ်‌နေသည့်သူ(ဒုက္ခသည်)က အရှင်မြတ်ကို ဟစ်‌ခေါ်သည့်အခါ သူ့အား ပြန်‌ဖြေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ဆိုးရွားမှု(ဒုက္ခ)ကို ဖယ်ရှား‌တော်မူသည်။ ထိုအရှင်မြတ်သည် ကမာ္ဘ‌မြေတွင် အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ အသင်တို့သည် အနည်းငယ်သာ စဉ်းစားကြသည်။

    [63] (ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် အသင်တို့အား ကုန်း‌မြေနှင့် ပင်လယ်၏အ‌မှောင်ထုများတွင် လမ်းညွှန်ကြားပြသ‌တော်မူသည်။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာမိုး မရွာမီ ‌လေများကို ‌ရှေ့‌ပြေးသတင်း‌ကောင်းအဖြစ် ‌စေလွှတ်‌တော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ အလ္လာဟ်အရှင်မြတ်သည် သူတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည့် အရာများထက် အလွန်မြင့်မား‌တော်မူသည်။

    [64] (ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် အဖန်ဆင်းခံများအား (ပထမအကြိမ်)စတင် ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား ‌နောက်တစ်ကြိမ် ထပ်မံပြီး ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီမှ စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ကြလျှင် (ထိုအရာများနှင့် ပတ်သက်၍) အသင်တို့၏သက်‌သေသာဓကကို ယူ‌ဆောင်လာခဲ့ကြပါ။

    [65] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကွယ်တွင်ရှိသည့်အရာများအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိုး‌ကောင်းကင်များတွင် ရှိသည့်သူများသာမက ‌မြေပထဝီတွင် ရှိသည့်သူများလည်း မည်သူမျှ မသိ‌ပေ။ ထို့ပြင် သူတို့သည် မည်သည့်အချိန်တွင် ရှင်ပြန်ထ‌စေခြင်းခံကြရမည်နည်းဆိုသည်ကိုလည်း သူတို့မသိကြ‌ပေ။

    [66] အမှန်စင်စစ် တမလွန်ဘဝနှင့်ပတ်သက်၍ သူတို့၏အသိသည် ‌ပျောက်ပျက်သွားပြီဖြစ်သည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝနှင့်ပတ်သက်၍ သံသယ၌ပင် ရှိ‌နေကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝနှင့်ပတ်သက်၍ မျက်စိကန်း‌နေကြသည့်သူများပင် ဖြစ်ကြသည်။

    [67] ထို့ပြင် ကာဖိရ်များက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ ဘိုး ‌ဘေးများသည် ‌မြေကြီးဖြစ်သွားပြီးသည့်အခါ ကျွန်ုပ်တို့သည် (သချင်္ီုင်းထဲမှ) အမှန်ပင် ထွက်‌စေခြင်းကို ခံကြရဦးမည်‌လောဟု ‌ပြောဆိုကြသည်။

    [68] အမှန်စင်စစ် ဤသည်ကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ ဘိုး ‌ဘေးတို့ကို ယခင်ကတည်းက ကတိ‌ပေးခြင်းကို ခံခဲ့ကြရသည်။ ဤသည် ယခင်ကသူများ၏ အ‌ခြေအမြစ်မရှိ‌သော ပုံပြင်များပင်ဖြစ်သည်။

    [69] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာကြပြီးလျှင် အပြစ်ကျူးလွန်သည့်သူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို ကြည့်ကြပါ။

    [70] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့နှင့်ပတ်သက်၍ မပူ‌ဆွေးနှင့်။ ထို့ပြင် အသင်သည် သူတို့၏ လျှို့ဝှက်ကြံစည်မှု‌ကြောင့် စိတ်ဆင်းရဲမှုလည်း မဖြစ်နှင့်။

    [71] ထို့ပြင် သူတို့က အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါဖြစ်မည်နည်းဟု ‌ပြောဆိုကြသည်။

    [72] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့ အလျင်စလို ‌တောင့်တ‌နေကြ‌သော ပြစ်ဒဏ်တစ်ချို့တစ်ဝက်သည် အသင်တို့၏‌နောက်မှ လိုက်လာ‌နေပြီဖြစ်သည်။

    [73] ထို့ပြင် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် လူမျာအ‌ပေါ်တွင် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။ သို့ရာတွင် လူများထဲမှ အများစုသည် ‌ကျေးဇူးမသိတတ်ကြ‌ပေ။

    [74] ထို့ပြင် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏ရင်များက လျှို့ဝှက်ထားကြသည့်များနှင့် သူတို့က ထုတ်‌ဖော်‌ပြောကြားသည်များကို အမှန်ပင် သိရှိ‌တော်မူသည်။

    [75] ထို့ပြင် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် လျှို့ဝှက်သည့်အရာဟူသည် မရှိ‌ပေ။ သို့ရာတွင် (ထိုအရာများသည်) ထင်ရှား‌သော(မှတ်တမ်း)စာအုပ်၌ မှတ်သားထားပြီးဖြစ်သည်။

    [76] အမှန်စင်စစ် ဤကုရ်အာန်ကျမ်း‌တော်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များ၏ ‌ရှေ့၌ သူတို့ ကွဲလွဲ‌နေကြ‌သော အ‌ကြောင်းအရာများထဲမှ အ‌ကြောင်းအရာများစွာကို ‌ဖော်ပြသည်။

    [77] ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် အီမာန်ယုံကြည်သူများအတွက် အမှန်ပင် လမ်းမှန် ညွှန်ကြားပြသချက်နှင့် ကရုဏာဖြစ်သည်။

    [78] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့အကြားတွင် အရှင်မြတ်၏အမိန့်‌တော်ဖြင့် စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [79] သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်လိုက်ပါ။ အမှန်စင်စစ် အသင်သည် ထင်ရှား‌သော အမှန်အ‌ပေါ်တွင် တည်ရှိ‌နေသည်။

    [80] အမှန်စင်စစ် အသင်(တမန်‌တော်)သည် ‌သေသူများကို ကြား‌စေနိုင်သည်လည်း မဟုတ်‌ပေ။ ထို့ပြင် နားပင်းသူများကိုလည်း သူတို့သည် ‌ကျောခိုင်းလှည့်ထွက်သွားသည့်အခါ အသင်၏‌ခေါ်သံကို ကြား‌အောင် မပြုလုပ်နိုင်‌ပေ။

    [81] ထို့ပြင် အသင်သည် မျက်စိကန်းသူများအားလည်း သူတို့၏လမ်းလွဲမှုမှ (လမ်းမှန်‌အောင်)ညွှန်ကြားပြသ‌ပေးနိုင်သူ မဟုတ်‌ပေ။ သို့ရာတွင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ပြီး‌နောက် အမိန့်‌တော်ကို လိုက်နာသူများကိုသာ အသင်သည် ကြား‌စေနိုင်ခြင်း ဖြစ်သည်။

    [82] ထို့ပြင် ချိန်းဆိုချက်သည် သူတို့အ‌ပေါ်တွင် ဆိုက်‌ရောက်လာသည့်အခါ ငါအရှင်မြတ်သည် သူတို့အတွက် ‌မြေကြီးမှ အကြင်သတ္တဝါကို ထွက်‌စေ‌တော်မူမည်။* ထိုသတ္တဝါသည် သူတို့အား (ဤသို့)စကား‌ပြောဆိုမည်ဖြစ်သည်- “လူများသည် အရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ခြင်း မရှိခဲ့ကြ‌ပေ။“

    [83] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးထဲမှ ငါအရှင်မြတ်၏အာယသ်‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည့်သူများအား တစ်အုပ်စုစီ စုရုံး‌စေ‌တော်မူမည်။ ထို့ပြင် သူတို့သည် တန်းစီရပ်‌စေခြင်းကို ခံကြရမည်။

    [84] ‌နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်ထံ‌တော်)‌ရောက်ရှိလာခဲ့ကြသည့်အခါ အရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို အသင်တို့ အသိပညာနှင့် ဝန်းခြုံသိရှိခြင်းမရှိ‌သေးမီ၌ပင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသ‌လော။ သို့မဟုတ် အသင်တို့သည် မည်သည့်အရာများကို ပြုလုပ်‌နေခဲ့ကြသနည်းဟု မိန့်ကြား‌တော်မူမည်။

    [85] ထို့‌နောက် သူတို့၏ကျူးလွန်မှုများ‌ကြောင့် ကတိချိန်းဆိုချက်သည် သူတို့အ‌ပေါ်တွင် အတည်ဖြစ်ခဲ့သည့်အတွက် သူတို့သည် စကား‌ပြောဆိုနိုင်ကြ‌တော့မည် မဟုတ်‌ပေ။

    [86] အမှန်စင်စစ် ငါအရှင်မြတ်သည် ညကို သူတို့ ထိုညတွင် အနားယူနိုင်ရန်အတွက်နှင့် ‌နေ့ကို မြင်‌စေနိုင်သည့်အရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်ကို သူတို့သည် မမြင်ခဲ့ကြသ‌လော။ အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်‌သေသာဓကများ အမှန်ပင်ရှိသည်။

    [87] ထို့ပြင် တံပိုးခရာမှုတ်မည့်‌နေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူမှလွဲ၍ မိုး‌ကောင်းကင်များတွင်ရှိသူများနှင့် ‌မြေပထဝီတွင်ရှိသူများသည် ထိတ်လန့်သွားကြလိမ့်မည်။* ထို့ပြင် အားလုံးသည် ‌သေးသိမ်စွာနှင့် အရှင်မြတ်ထံ‌တော်သို့ ‌ရောက်ရှိလာကြမည်။

    [88] ထို့ပြင် အသင်သည် ‌တောင်များကို မြင်သည်။ အသင်သည် ထို‌တောင်များကို အစိုင်အခဲများပင်ဟု ထင်မှတ်ထားသည်။ သို့ရာတွင် (ထို‌နေ့တွင်) ထို‌တောင်များသည် မိုးတိမ်များ လွင့်‌မျော‌နေသကဲ့သို့ လွင့်‌မျော‌နေမည်။ (ဤသည်) အရာအားလုံးတို့ကို ခိုင်ခံ့‌အောင်ပြုလုပ်ထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၏ အစွမ်းအစပင် ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [89] မည်သူမဆို (အီမာန်ယုံကြည်၍)‌ကောင်းမှုနှင့်တကွ လာခဲ့လျှင် ထိုသူ့အတွက် ထိုထက်‌ကောင်း‌သော အကျိုးရှိမည့်အပြင် သူတို့သည် ထို‌နေ့တွင် ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြမည်။

    [90] ထို့ပြင် မည်သူမဆို (ကုဖ်ရ် ငြင်းပယ်၍) မ‌ကောင်းမှုနှင့်တကွ ‌ရောက်ရှိလာခဲ့လျှင် ထိုသူများသည် မျက်နှာ‌မှောက်‌စေပြီး မီးထဲသို့ ပစ်ချခြင်းခံကြရမည်ဖြစ်သည်။ (ထို့ပြင်)အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့‌သော လုပ်ရပ်များ၏ အစား‌ပေးခြင်းကို ခံကြရခြင်းသာဖြစ်သည်(ဟု ‌ပြောဆိုခံကြရမည်)။

    [91] (အို- တမန်‌တော် အသင်‌ပြောလိုက်ပါ)- ငါသည် ဤ(မက္ကဟ်)မြို့၏အရှင်သခင်အား ကိုးကွယ်ရန် အမိန့်‌ပေး‌တော်မူခြင်းကို ခံရသည်။ ထိုအရှင်မြတ်သည် ဤမြို့‌တော်ကို ထွတ်မြတ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရာအားလုံးသည် အရှင်မြတ်ပိုင်ဆိုင်‌တော်မူ‌သောအရာများပင် ဖြစ်ကြသည်။ ထို့ပြင် ငါသည် မွတ်စ်လင်မ် အမိန့်နာခံသူထဲတွင် ပါဝင်ဖို့ အမိန့်‌ပေး‌တော်မူခြင်းကို ခံရသည်။

    [92] ထို့ပြင် ငါသည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ဖတ်ကြားရန် (အမိန့်‌ပေး‌တော်မူခြင်းခံရသည်)။ သို့ဖြစ်ရာ မည်သူမဆို လမ်းမှန်ကို ရရှိခဲ့လျှင် ထိုသူသည် သူ၏အတွက်ပင် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို လမ်းလွဲ‌နေခဲ့လျှင် ငါသည် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာ ဖြစ်သည်ဟု (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ။

    [93] ထို့ပြင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ ထို့‌နောက် အသင်တို့သည် ထိုအရာများကို သိရှိကြလိမ့်မည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေကြ‌သောလုပ်ရပ်များကို သတိမမူ ‌မေ့‌လျော့‌နေ‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    Surah 28
    ပုံပြင်များ

    [1] သွာ စီန် မီမ်။

    [2] ဤအရာများသည် ထင်ရှား‌သောကျမ်းဂန်၏ အာယသ်‌တော်များဖြစ်သည်။

    [3] ငါအရှင်မြတ်သည် အီမာန်ယုံကြည်သူ အမျိုးသားများအတွက် (တမန်‌တော်)မူစာနှင့် ဖိရ်‌အောင်န်၏ အဖြစ်အပျက်အ‌ကြောင်းအရာအချို့ကို အသင်၏‌ရှေ့၌ တိကျမှန်ကန်စွာ ဖတ်ကြား(ပြ)‌တော်မူသည်။

    [4] အမှန်စင်စစ် ဖိရ်‌အောင်န်သည် တိုင်းပြည်တွင် အလွန်‌မောက်မာလာပြီး သူသည် ထိုတိုင်းသူပြည်သားများအား အုပ်စုများခွဲ၍ ပြုလုပ်ထားသည်။ သူသည် ထိုအုပ်စုများထဲမှ အုပ်စုတစ်ခုကို အင်အား‌လျော့နည်း‌အောင် ပြုလုပ်ထားသည်။ သူတို့၏သား‌ယောက်ျား‌လေးများအား သတ်ဖြတ်၍ သူတို့၏(သမီး)မိန်းမများကိုမူ မသတ်ဘဲ အရှင်ထားသည်။ အမှန်စင်စစ် ဖိရ်‌အောင်န်သည် ဖျက်ဆီးသူတစ်ဦးဖြစ်သည်။

    [5] ထို့ပြင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အင်အား‌လျော့နည်း‌အောင် ပြုလုပ်ခံခဲ့ကြရသူများအား ‌ကျေးဇူးပြု‌တော်မူရန်၊ ထို့ပြင် သူတို့အား ‌ရှေ့‌ဆောင်‌ရှေ့ရပ်များ ပြုလုပ်‌တော်မူရန်နှင့် သူတို့အား အ‌မွေစားအ‌မွေခံများ ပြုလုပ်‌တော်မူရန်အတွက် အလိုရှိ‌တော်မူသည်။

    [6] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကမာ္ဘ‌မြေတွင် အုပ်ချုပ်သူများအဖြစ် ပြုလုပ်‌တော်မူရန်အပြင် ဖိရ်‌အောင်န်၊ ဟာမာန်*နှင့် ထိုနှစ်ဦးတို့၏စစ်တပ်များအား သူတို့စိုးရိမ်‌နေကြသည့်အရာများကို ငါအရှင်ပြသရန် (ရည်ရွယ်‌တော်မူသည်)။

    [7] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာ၏မိခင်ထံသို့ အသိ‌ပေး‌တော်မူခဲ့သည်- အသင်မသည် ၎င်းအား နို့တိုက်ပါ။ ထို့ပြင် အသင်မသည် ၎င်းနှင့်ပတ်သက်၍ စိုးရိမ်သည့်အခါ ၎င်းကို မြစ်ထဲ(‌မျှော)ပစ်လိုက်ပါ။ ထို့ပြင် အသင်မသည် မစိုးရိမ်‌လေနှင့်၊ ထို့ပြင် မပူ‌ဆွေး‌လေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းကို အသင်မထံ ပြန်ပို့‌ပေး‌တော်မူမည့်အရှင်၊ ထို့ပြင် ၎င်းကို တမန်‌တော်များထဲတွင် တစ်ပါးအပါအဝင် ပြုလုပ်‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    [8] ထို့‌နောက် ဖိရ်‌အောင်န်၏အိမ်သူအိမ်သားများသည် ထိုမူစာအား(‌နောက်ဆုံးတွင်) ၎င်း(မူစာ)သည် သူတို့၏ရန်သူဖြစ်ရန်နှင့် (သူတို့ကို)ပူ‌ဆွေး‌စေမည့်သူဖြစ်ရန် ‌ကောက်ယူခဲ့ကြသည်။ အမှန်စင်စစ် ဖိရ်‌အောင်န်နှင့် ဟာမာန်အပြင် သူတို့နှစ်ဦး၏တပ်သားများသည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။

    [9] ထို့ပြင် ဖိရ်‌အောင်န်၏မိန်းမက “ကျွန်မနှင့် ရှင်၏အတွက် မျက်စိ‌အေးဖွယ်ရာဖြစ်သည်။ (သို့ဖြစ်ရာ) အသင်သည် ၎င်း(မူစာ)အား မသတ်ကြ‌လေနှင့်။ ၎င်းသည် ကျွန်မတို့ကို အကျိုး‌ပေး‌ကောင်း‌ပေးလိမ့်မည်။ သို့မဟုတ် ကျွန်မတို့သည် ၎င်းအား သားအဖြစ် ‌မွေးစားထားကြမည်“ဟု သူတို့သည် (၎င်း‌ကြောင့် သူတို့ပျက်စီးမည်ကို) မသိကြဘဲလျက်* ‌ပြောဆိုခဲ့သည်။

    [10] ထို့ပြင် မူစာ၏မိခင်၏စိတ်နှလုံးသည် ဟာသွားခဲ့သည်။ အကယ်၍သာ ငါအရှင်မြတ်က သူမကို ယုံကြည်သူများထဲတွင် အပါအဝင်ဖြစ်‌စေရန်အတွက် သူမ၏စိတ်နှလုံးကို ခိုင်မြဲ‌စေ‌တော်မမူခဲ့လျှင် အမှန်စင်စစ် သူမသည် မူစာ၏အ‌ကြောင်းကို ထုတ်‌ဖော်‌ပြောဆိုမည့်ဆဲဆဲဖြစ်သွားခဲ့သည်။

    [11] ထို့ပြင် သူမ(မူစာ၏မိခင်)သည် ၎င်း(မူစာ)၏အစ်မကို ‌ပြောဆိုခဲ့သည်- အသင်မသည် ထိုမူစာ၏‌နောက်ကို လိုက်သွားပါ။ သို့ဖြစ်ရာ ၎င်း၏အစ်မသည် ၎င်းကို အ‌ဝေးမှ သူတို့သည် (သူမ‌စောင့်ကြည့်‌နေသည်ကို) မသိကြဘဲလျက် (‌စောင့်)ကြည့်‌နေခဲ့သည်။

    [12] ထို့ပြင် ငါအရှင်မြတ်သည် ယခင်ကတည်းက ကြိုတင်ပြီး နို့ထိန်းသည်များ၏နို့ရည်ကို (မစို့ရန်)၎င်း၏အ‌ပေါ်တွင် တားမြစ်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်း၏အစ်မက ကျွန်မသည် အသင်တို့အား အသင်တို့အတွက် ထိုက‌လေးငယ်ကို ၎င်း၏‌ကောင်းကျိုးလိုလားသူများဖြစ်ကြလျက် ‌မွေးမြူ‌စောင့်‌ရှောက်‌ပေးကြမည့် အိမ်‌ထောင်စုများကို ညွှန်ပြရမည်‌လောဟု ‌ပြောဆိုခဲ့သည်။

    [13] ထို့‌နောက် သူမ၏မျက်စိ‌အေးမြရန်အတွက်နှင့်၊ သူမ ပူ‌ဆွေးမ‌နေရန်အတွက် အပြင်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် မှန်ကန်သည်ကို သူမ သိရှိရန်အတွက် ငါအရှင်မြတ်သည် (ကတိအတိုင်း) ထိုသားငယ်ကို ၎င်း၏မိခင်ထံ ပြန်ပို့‌ပေး‌တော်မူခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိကြ‌ပေ။

    [14] ထို့ပြင် ၎င်း(မူစာ)သည် ၎င်း၏လူလား‌မြောက်သည့်အရွယ်သို့‌ရောက်ပြီး ရင့်ကျက်လာသည့်အခါ ငါအရှင်မြတ်သည် ၎င်းကို ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် ‌ကောင်းကျိုးပြုလုပ်သူများကို အစား‌ပေး‌တော်မူသည်။

    [15] ထို့ပြင် ၎င်းသည် မြို့ထဲသို့ သူတို့အမှတ်မထင်ဖြစ်‌နေသည့်အချိန်* ဝင်‌ရောက်ခဲ့သည့်အခါ ထိုမြို့ထဲတွင် စကားများရန်ဖြစ်‌နေကြ‌သော လူနှစ်ဦးကို ‌တွေ့ခဲ့ရသည်။ (ထိုအထဲမှ)ဤတစ်‌ယောက်သည် ၎င်း၏အုပ်စုထဲမှဖြစ်ပြီး အခြားတစ်‌ယောက်ကမူ ၎င်း၏ရန်သူများထဲမှ ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်း၏အုပ်စုထဲမှသူက ၎င်း၏ရန်သူအုပ်စုထဲမှသူနှင့် ဆန့်ကျင်ပြီး အကူအညီ အတင်းအကျပ်‌တောင်းခံခဲ့သည်။ သို့ဖြစ်ရာ မူစာသည် (၎င်း၏ရန်သူအုပ်စုမှဖြစ်သည့်)သူကို လက်သီးနှင့်ထိုးလိုက်သည်။ သို့ဖြစ်ရာ ထိုသူသည် ‌သေဆုံးသွားခဲ့သည်။ ၎င်း(မူစာ)က ဤသည် ရှိုင်သွာန်၏လုပ်ရပ်*ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရှိုင်သွာန်သည် ထင်ရှားစွာ လမ်းလွဲ‌စေ‌သော ရန်သူပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။

    [16] ၎င်းက (အရှင်မြတ်ထံ‌တော်တွင်) အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် မိမိကိုယ်မိမိ နှိပ်စက်မိပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်မသည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူပါဟု ‌ပြောဆို‌လျှောက်ထားခဲ့သည့်အတွက် အရှင်မြတ်က ၎င်းအား ခွင့်လွှတ်ချမ်းသာ‌ပေးသနား‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည့်အတွက် ကျွန်ုပ်သည်လည်း အပြစ်ရှိသည့်သူများကို မည်သည့်အခါမှ အကူအညီ‌ပေးသူ ဖြစ်‌တော့မည် မဟုတ်ပါ။

    [18] ထို့‌နောက် ၎င်းသည် မြို့ထဲသို့ နံနက်အချိန်တွင် ‌ကြောက်ရွံ့စွာ သတင်း‌ထောက်လှမ်း‌နေစဉ် ရုတ်တရက် မ‌နေ့က ၎င်းထံသို့ အကူအညီ‌တောင်းခဲ့သည့်သူသည် ၎င်းကို ဟစ်‌ခေါ်‌နေပြန်သည်။ ၎င်း(မူစာ)က သူ့ကို အမှန်စင်စစ် အသင်သည် ထင်ရှား‌သော ဆိုးသွမ်းသူတစ်ဦးပင်ဖြစ်သည်ဟု ‌ပြောကြားခဲ့သည်။

    [19] ထို့‌နောက် ၎င်းသည် ၎င်းတို့နှစ်ဦးစလုံး၏ရန်သူဖြစ်သူကို (ရန်မဖြစ်‌အောင်တားဆီး) ချုပ်ကိုင်ရန် ကြံရွယ်သည့်အခါ (၎င်း၏အုပ်စုထဲမှသူက သူ့ကို ထင်ရှား‌သော ဆိုးသွမ်းသူဟု ‌ပြောထားသည့်အတွက် သူ့ကို သတ်‌တော့မည်ဟုထင်ပြီး)သူက ‌ပြော‌တော့သည်- အို- မူစာ၊ အသင်သည် မ‌နေ့က လူတစ်ဦးအား သတ်ဖြတ်ခဲ့သကဲ့သို့ ကျွန်ုပ်ကို သတ်ဖြတ်လိုသ‌လော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်သည့်သူဖြစ်ရန်သာ အလိုရှိသည်။ ထို့ပြင် အသင်သည် ဖျန်‌ဖြေ‌စေ့စပ်‌ပေးသူအဖြစ် အလိုမရှိ‌ပေ(ဟု ‌ပြောဆိုခဲ့သည်။ သူ၏ထိုစကား‌ကြောင့် ရန်သူဖြစ်သူသည် မ‌နေ့က လူတစ်‌ယောက်ကို သတ်ဖြတ်သူသည် မူစာပင်ဖြစ်သည်ကို သိသွားပြီး ဖိရ်‌အောင်န်ထံသို့ သတင်းသွား‌ပေးလိုက်သည်)။

    [20] ထို့‌နောက် မြို့အစွန်မှ လူတစ်‌ယောက်*သည် ‌ပြေးလာ၍၊ အို- မူစာ၊ အမှန်ပင် မှူးကြီးမတ်ရာများသည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ‌ဆွေး‌နွေးတိုင်ပင်‌နေကြသည်။ သို့ဖြစ်ရာ အသင် ထွက်သွားလိုက်ပါ၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်၏‌ကောင်းကျိုးကို လိုလားသူတစ်ဦးဖြစ်သည်ဟု ‌ပြောခဲ့သည်။

    [21] ထို့‌နောက် ၎င်း(မူစာ)သည် ‌ကြောက်ရွံ့စိုးရိမ်လျက်၊ အ‌ခြေအ‌နေအကဲခတ် ‌စောင့်ကြည့်လျက် ထိုမြို့မှ ထွက်ခွာသွားခဲ့သည်။ ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား မတရားသူများမှ လွတ်‌မြောက်‌စေ‌တော်မူပါ။

    [22] ထို့ပြင် ၎င်းသည် မဒ်ယန်မြို့ဘက်သို့ မျက်နှာမူသည့်အခါ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ငါ့အား အ‌ကောင်းဆုံးလမ်းသို့ ညွှန်ကြားပြသ‌တော်မူမည်ကို ‌မျှော်လင့်သည်ဟု ‌ပြောဆိုသည်။

    [23] ထို့ပြင် ၎င်းသည် မဒ်ယန်မြို့၏‌ရေတွင်းသို့ ‌ရောက်သည့်အခါ ထို‌ရေတွင်းအနီးတွင် လူတစ်စုသည် (သူတို့၏တိရစာ္ဆန်များအား) ‌ရေတိုက်‌နေသည်ကို ‌တွေ့ရသည်။ ထို့ပြင် အမျိုးသမီးနှစ်ဦးကိုလည်း ‌တွေ့ရသည်၊ သူမတို့နှစ်ဦးသည် (သူမတို့၏တိရစာ္ဆန်များအား အခြားတိရစာ္ဆန်များနှင့် ‌ရော‌နှောမသွား‌အောင်) တားဆီးထိန်းသိမ်း‌နေကြသည်ကိုလည်း ‌တွေ့ရှိခဲ့သည်။ ၎င်းက အသင်မတို့နှစ်ဦးသည် မည်သို့နည်းဟု ‌မေးသည့်အခါ သူမတို့နှစ်ဦးက ‌ပြောဆိုခဲ့ကြသည်- ထိုထိန်း‌ကျောင်းသူများသည် (သူတို့၏တိရစာ္ဆန်များကို) ပြန်ထုတ်မသွားသမျှ ကျွန်မတို့သည် (ကျွန်မတို့၏တိရစာ္ဆန်များကို) ‌ရေတိုက်‌ကျွေးခြင်း မပြုလုပ်နိုင်‌ပေ။ ထို့ပြင် ကျွန်မတို့၏ဖခင်သည်လည်း အသက်အရွယ် အိုမင်းရင့်‌ရော်‌နေသူဖြစ်သည်။

    [24] သို့ဖြစ်ရာ ၎င်းသည် သူမတို့နှစ်ဦးအား သက်ညှာပြီး (သူမတို့၏တိရစာ္ဆန်များကို) ‌ရေ(ငင်ပြီး)တိုက်လိုက်သည်။ ထို့‌နောက် အရိပ်ရှိရာသို့သွား(‌ရောက်ထိုင်)ပြီး ၎င်းက‌ပြောဆိုသည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ် ကျွန်ုပ်အား ချ‌ပေးသနား‌တော်မူမည့် မည်သည့်‌ကောင်းမြတ်သည့်အရာကိုမဆို လိုလား‌တောင့်တသူ ဖြစ်ပါသည်။“

    [25] ထို့‌နောက် သူမတို့နှစ်‌ယောက်ထဲမှ တစ်‌ယောက်က ၎င်း၏ထံသို့ ရှက်ရှက်နှင့်‌လျှောက်လာပြီး “အသင်သည် ကျွန်မတို့အား သက်ညှာပြီး ‌ရေတိုက်‌ပေးခဲ့သည့်အကျိုး‌ကျေးဇူးကို အသင့်အား ပြန်ဆပ်ရန် ကျွန်မတို့ဖခင်က အသင့်အား အမှန်ပင် ‌ခေါ်‌နေပါသည်“ဟု ‌ပြောဆိုသည်။ ထို့‌နောက် ၎င်း(မူစာ)သည် သူ(သူမတို့၏ဖခင်)၏ထံသို့ ‌ရောက်လာပြီး အဖြစ်အပျက်အ‌ကြောင်းအရာများကို ၎င်း၏‌ရှေ့၌ ‌ပြောပြသည့်အခါ သူမတို့၏ဖခင်က “အသင်မစိုးရိမ်ပါနှင့်၊ အသင်သည် မတရားသူများမှ လွတ်‌မြောက်လာခဲ့ပြီဖြစ်သည်“ဟု ‌ပြောဆိုသည်။

    [26] သူမတို့နှစ်ဦးထဲမှ တစ်ဦးက “အို- ဖခင်၊ ဖခင်သည် ၎င်းကို (အလုပ်လုပ်မည့်သူ အဖြစ်)ငှားလိုက်ပါ။ အမှန်စင်စစ် ဖခင်ငှားမည့်သူများထဲတွင် အင်အား‌တောင့်တင်းသူ၊ ယုံကြည်စိတ်ချရသူသည် အ‌ကောင်းဆုံးဖြစ်ပါသည်“ဟု ‌ပြောဆိုသည်။

    [27] သူ(ဖခင်)က ‌ပြောဆိုသည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ကျွန်ုပ်၏သမီးနှစ်‌ယောက်ထဲမှ တစ်‌ယောက်နှင့် အသင်သည် ကျွန်ုပ်ထံတွင် ရှစ်နှစ်အလုပ်လုပ်‌ပေးရန် စည်းကမ်းချက်ဖြင့် ထိမ်းမြား‌ပေးရန် ရည်ရွယ်သည်။ ထို့ပြင် အသင်သည် ဆယ်နှစ်ပြည့်‌အောင်လုပ်ခဲ့လျှင် အသင့်ဘက်မှ(‌ကျေးဇူး)ပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် အသင်၏အ‌ပေါ်တွင် ကျပ်တည်း‌စေရန် မလိုလား‌ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် မကြာမီ အသင်သည် ကျွန်ုပ်ကို ‌ကောင်းမြတ်သူတစ်ဦးအဖြစ် ‌တွေ့ရှိရပါလိမ့်မည်။

    [28] ၎င်း(မူစာ)က ‌ပြောဆိုသည်- “ဤစည်းကမ်းချက်သည် အသင်နှင့် ကျွန်ုပ်အကြားတွင် ရှိခဲ့ပြီဖြစ်သည်။ ကန့်သတ်ထား‌သော ကာလနှစ်ခုထဲမှ မည်သည့်ကာလကိုမဆို ကျွန်ုပ်သည် ပြည့်‌အောင်ပြုလုပ်ခဲ့လျှင် ကျွန်ုပ်အ‌ပေါ်တွင် အတင်းအကျပ်ပြုရန် အ‌ကြောင်းမရှိ‌တော့‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့‌ပြောဆိုကြ‌သော ကိစ္စနှင့်ပတ်သက်၍ (သက်‌သေအဖြစ်)အလွန်ယုံပုံလွှဲအပ်ခြင်း ခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“

    [29] ထို့‌နောက် (တမန်‌တော်)မူစာသည် ကန့်သတ်ထား‌သောကာလ ပြီး‌မြောက်‌အောင်ပြုလုပ်ခဲ့ပြီး ၎င်း၏အိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့သည့်အခါ ၎င်းသည် သွူရ်‌တောင်ဘက်တွင် မီး‌ရောင်တစ်ခုကို ‌တွေ့မြင်ခဲ့သည်။ ၎င်းက ၎င်း၏အိမ်သူအိမ်သားများကို ‌ပြောသည်- အသင်တို့သည် ‌စောင့်‌နေခဲ့ကြပါ။ အမှန်ပင် ကျွန်ုပ်သည် မီး‌ရောင်တစ်ခုကို မြင်ရပြီဖြစ်သည်။ ကျွန်ုပ်သည် ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ခု သို့မဟုတ် မီးစ တစ်စုံတစ်စုံကို အသင်တို့ အ‌နွေးဓာတ်ရ‌အောင် မီးလှုံနိုင်ကြရန် ယူ‌ဆောင်လာနိုင်မည်ဖြစ်သည်။

    [30] ထို့‌နောက် ၎င်းသည် မီးရှိရာသို့‌ရောက်သည့်အခါ မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံသည့်‌နေရာတွင် (မူစာ၏)လက်ယာဘက်ဖြစ်‌သော ‌တောင်ကြားအရပ်၏ အစွန်း၌ရှိ‌သော သစ်ပင်မှ အသံကြားလိုက်ရသည်။ “အို- မူစာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။“

    [31] ထို့ပြင် အသင်သည် အသင်၏‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။ ထို့‌နောက် ၎င်းသည် ထို‌တောင်‌ဝှေးအား ‌မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှား‌နေသည်ကို ‌တွေ့မြင်သည့်အခါ ပြန်လှည့်၍ပင် မကြည့်ဘဲ ‌နောက်သို့ လှည့်ထွက်သွား‌တော့သည်။ (အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်)။ အို- မူစာ၊ အသင်သည် ‌ရှေ့သို့လာခဲ့ပါ။ ထို့ပြင် အသင်သည် မ‌ကြောက်ပါနှင့်။ အမှန်စင်စစ် အသင်သည် ‌ဘေးကင်းသူတစ်ဦးဖြစ်သည်။

    [32] အသင်သည် အသင်၏လက်ကို အကင်္ျီကွဲ‌ကြောင်း(မှချိုင်းကြား)ကို ထည့်သွင်းလိုက်ပါ။ ထိုလက်သည် အပြစ်အနာအဆာမရှိဘဲ လင်းဝင်း‌တောက်ပလျက်ထွက်လာမည်။ ထို့ပြင် အသင်သည် ‌ကြောက်ရွံ့မှုကင်းရန်အတွက် အသင်၏လက်ကို အသင်၏ကိုယ်နှင့် ပူးကပ်ထားလိုက်ပါ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များထံသို့(ယူသွားရန်) ထင်ရှား‌သော သက်‌သေသာဓကနှစ်ခုပင် ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် အမိန့်‌တော်ကို ‌သွေဖည်ကြ‌သော အမျိုးသားများပင် ဖြစ်ကြသည်။

    [33] ၎င်းက ‌ပြောဆို‌လျှောက်ထားသည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် သူတို့ထဲမှ လူတစ်ဦးကို သတ်ဖြတ်မိခဲ့သည့်အတွက် သူတို့သည် ကျွန်ုပ်အား သတ်ဖြတ်မည်ကို ကျွန်ုပ်စိုးရိမ်မိပါသည်။

    [34] ထို့ပြင် ကျွန်ုပ်အစ်ကို ဟာရူန်ကမူ စကား‌ပြောဆိုရာတွင် ကျွန်ုပ်ထက်ပို၍ စကားကြွယ်သည့်သူဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်၏အစ်ကိုကိုလည်း ကျွန်ုပ်နှင့်အတူ ကျွန်ုပ်ကို‌ထောက်ခံ(‌ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် ‌စေလွှတ်‌တော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်အား သူတို့က မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။

    [35] အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- ငါအရှင်မြတ်သည် အသင်၏အစ်ကိုနှင့် အသင်၏လက်ရုံးရည်ကို အားပိုရှိ‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား အရှိန်အဝါတစ်မျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည့်အတွက် သူတို့သည် အသင်တို့အ‌ပေါ်တွင် မည်သို့မှ ထိပါးနိုင်ကြမည် မဟုတ်‌ပေ။ (အသင်တို့နှစ်ဦးသည်) ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်တကွ(သွားကြပါ)။ အသင်တို့နှစ်ဦးနှင့် အသင်တို့နှစ်ဦး‌နောက်သို့ လိုက်ကြသည့်သူများသည် ‌အောင်နိုင်သူများဖြစ်ကြလိမ့်မည်။

    [36] ထို့‌နောက် (တမန်‌တော်)မူစာသည် သူတို့ထံသို့ ငါအရှင်မြတ်၏ ထင်ရှားသည့်သက်‌သေလက္ခဏာ‌တော်များကို ယူ‌ဆောင်လာခဲ့သည့်အခါ သူတို့က ဤသည် လုပ်ကြံဖန်တီးထား‌သော ‌မှော်အတတ်ပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏‌ရှေးက အဘ၊ ဘိုး၊ ‌ဘေးများ(လက်ထက်)တွင် ဤသို့စကားမျိုး မကြားဖူးခဲ့ကြပါဟု ‌ပြောဆိုကြသည်။

    [37] ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောခဲ့သည်- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ မည်သူသည် လမ်းမှန် ညွှန်ကြားပြသချက်ကို ယူ‌ဆောင်ခဲ့သည်ကိုသာမက ဤဘဝ၏ ‌နောက်ဆုံးအကျိုးသည် မည်သူ့အတွက် ဖြစ်သည်ဆိုသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် ‌အောင်မြင်မှုကို ရရှိကြမည်မဟုတ်‌ပေ။

    [38] ထို့ပြင် ဖိရ်‌အောင်န်က ‌ပြောဆိုသည်။ အို- မှူးမတ်တို့၊ ကျွန်ုပ်သည် ကျွန်ုပ်မှလွဲ၍ အသင်တို့တွင် အခြားကိုးကွယ်ရာရှိသည်ဟု မသိ‌ပေ။ သို့ဖြစ်ရာ အို- ဟာမာန်၊ ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ထိုက်သည့်အရှင်ကို ကြည့်ရန် အသင်သည် ကျွန်ုပ်အတွက် ရွှံ့‌မြေကိုမီးဖုတ်ပြီး မြင့်သည့်အ‌ဆောက်အအုံ(‌မျှော်စင်)တစ်ခုပြုလုပ်ပါ။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် သူ့ကို လိမ်လည်သူဖြစ်သည်ဟု ထင်သည်။

    [39] ထို့ပြင် ထိုဖိရ်‌အောင်န်နှင့် သူ၏တပ်သားများသည် တိုင်းပြည်တွင် မတရား မာန‌ထောင်ကြရုံသာမက အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်ထံသို့ ပြန်လည်‌ရောက်ရှိကြမည်မဟုတ်‌ပေဟု ထင်မှတ်‌နေခဲ့ကြခြင်းဖြစ်သည်။

    [40] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ထိုဖိရ်‌အောင်န်နှင့် သူ၏တပ်သားများကို ဖမ်းဆီးပြီး ပင်လယ်ထဲသို့ ပစ်ချ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မတရားသူများ၏‌နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သနည်းဆိုသည်ကို အသင်ကြည့်လိုက်ပါ။

    [41] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ငရဲဘက်သို့ ဖိတ်‌ခေါ်ကြ‌သောအခါ ‌ရှေ့‌ဆောင်‌ရှေ့ရပ်များအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့သည် ကူညီမှု ခံရမည်မဟုတ်‌ပေ။

    [42] ထို့ပြင် ငါအရှင်မြတ်သည် ဤဘဝတွင်လည်း ကရုဏာ‌တော်မှကင်း‌ဝေးမှုကို သူတို့၏‌နောက်မှ လိုက်ပါ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင်လည်း သူတို့သည် အ‌ခြေအ‌နေ အလွန်ဆိုးရွားသူများထဲမှပင် ဖြစ်ကြလိမ့်မည်။

    [43] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ယခင်ကမျိုးဆက်များကို ဖျက်ဆီး‌တော်မူခဲ့ပြီး‌နောက် လူများ တရားရကြရန်အတွက် ထင်ရှား‌သောသက်‌သေခံများအဖြစ်၊ လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်နှင့် ကရုဏာ‌တော်အဖြစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [44] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ အမိန့်‌တော်ပို့ချ‌တော်မူခဲ့စဉ်က အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အ‌နောက်ဘက်အရပ်တွင် ရှိခဲ့သည်လည်းမဟုတ်‌ပေ။ ထို့ပြင် အသင်(တမန်‌တော်)သည် ကြည့်ရှုသူများထဲတွင် ပါဝင်ခဲ့သည်လည်း မဟုတ်‌ပေ။

    [45] သို့ရာတွင် ငါအရှင်မြတ်သည် မျိုးဆက်အ‌မြောက်အမြားကို ‌ပေါက်ဖွား‌စေ‌တော်မူခဲ့သည်။ သူတို့အ‌ပေါ်တွင်လည်း သက်တမ်းနှစ်များ(များစွာ)ကြာ‌ညောင်း(‌နေထိုင်‌စေ)ခဲ့သည်။ ထို့ပြင် အသင်(တမန်‌တော်)သည် မဒ်ယန်မြို့သားများထဲတွင် ‌နေထိုင်ပြီး သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြား‌နေခဲ့ဖူးသည်လည်း မဟုတ်‌ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား တမန်‌တော်အဖြစ်)‌စေလွှတ်‌တော်မူမည့် အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [46] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်မူစာကို) ဟစ်‌ခေါ်‌တော်မူခဲ့သည့်အခါတွင် အသင်သည် သွူရ်‌တောင်၏နံ‌ဘေးတွင် ရှိခဲ့သည်လည်းမဟုတ်‌ပေ။ သို့ရာတွင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်ဖြင့် အကြင်အမျိုးသားများအား တရားရကြ‌အောင် သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခြင်းကို ခံခဲ့ရသည်)။ ထိုအမျိုးသားများထံသို့ အသင်၏မတိုင်မီ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးမျှ ‌ရောက်ရှိလာခဲ့သည် မရှိ‌ပေ။

    [47] ထို့ပြင် အကယ်၍သာ သူတို့အ‌ပေါ်တွင် သူတို့လက်များက ကြိုတင်ပို့ထားသည့်အရာ(အပြစ်)များ‌ကြောင့် ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်လာလျှင် သူတို့က အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်တို့ထံသို့ တမန်‌တော်တစ်ပါးပါး ‌စေလွှတ်‌တော်မမူခဲ့ပါသနည်း။ ထိုသို့ ‌စေလွှတ်‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်သူများထဲတွင် အပါအဝင်ဖြစ်ကြမည်ဟု မ‌ပြောဆိုနိုင်ကြရန်အတွက် (တမန်‌တော်ကို ‌စေလွှတ်လိုက်ခြင်း)ဖြစ်သည်။

    [48] ထို့‌နောက် သူတို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရား‌တော်‌ရောက်ရှိလာသည့်အခါ သူတို့က အဘယ့်‌ကြောင့် (ဤတမန်‌တော်သည် တမန်‌တော်)မူစာ ချီးမြှင့်ခံရသည့်အရာမျိုး* ချီးမြှင့်ခြင်း မခံခဲ့ရပါသနည်းဟု ‌ပြောဆိုခဲ့ကြသည်။ သူတို့သည် ယခင်က (တမန်‌တော်)မူစာချီးမြှင့်ခံရသည့်အရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်‌လော။ သူတို့က (‌သောင်ရသ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးသည် အချင်းချင်းတစ်ခုကိုတစ်ခု ‌ထောက်ခံ‌သော ‌မှော်အတတ်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် သူတို့က အမှန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကို ငြင်းပယ်သူများဖြစ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [49] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် အမှန်‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ဤ(ကျမ်း)နှစ်‌စောင်လုံးထက်ပို၍ တရားလမ်းညွှန်ဖြစ်‌သော ကျမ်းတစ်‌စောင်ကို ယူ‌ဆောင်လာကြပါ။ ငါသည် ထိုကျမ်းနှင့်အညီ လိုက်နာပါမည်။

    [50] ထို့‌နောက် အကယ်၍ သူတို့သည် အသင်၏‌ပြောကြားချက်ကို သ‌ဘောမတူခဲ့ကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်စားသူများဖြစ်ကြသည်ဟုပင် အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ တရားလမ်းညွှန်မှု တစ်စုံတစ်ရာမရှိဘဲ မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသူထက် ပိုမိုလမ်းလွဲသူ မည်သူရှိဦးမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူး‌ကျော်‌စော်ကား‌သော အမျိုးသားများအား လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ပေ။

    [51] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အတွက် သူတို့ တရားရကြရန် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အဆက်မပြတ်(တဖြည်းဖြည်း)ပို့‌ဆောင်သည်။

    [52] ဤ(ကုရ်အာန်၏)မတိုင်မီ ငါအရှင်က ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည့်သူများသည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ကြသည်။

    [53] ထို့ပြင် ဤ(ကျမ်း)ကို သူတို့‌ရှေ့၌ ဖတ်ကြားသည့်အခါ သူတို့က ကျွန်ုပ်တို့သည် ဤ(ကျမ်း)ကို ယုံကြည်ကြပြီဖြစ်ပါသည်။ အမှန်စင်စစ် ဤ(ကျမ်း)သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်တရားပင်ဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤ(ကျမ်းမကျမီ) ယခင်ကတည်းက အမိန့်‌တော်ကို လိုက်နာသည့်သူ မွတ်စ်လင်မ်များဖြစ်ခဲ့ကြပါသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [54] သူတို့သည် သည်းခံခဲ့ကြသည့်အတွက်နှင့် အဆိုးကို အ‌ကောင်းနှင့် တွန်းလှန်ကြသည့်အတွက်အပြင် သူတို့ကို ငါအရှင်မြတ်က ‌ပေးသနား‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြသည့်အတွက်‌ကြောင့် သူတို့၏အကျိုးကို နှစ်ဆ‌ပေး‌တော်မူခြင်း ခံကြရမည်ဖြစ်သည်။

    [55] ထို့ပြင် သူတို့သည် အကျိုးမဲ့စကားကို ကြားကြသည့်အခါ ထိုအကျိုးမဲ့စကားမှ မျက်နှာလွှဲသွားကြသည့်အပြင် ကျွန်ုပ်တို့၏လုပ်ရပ်များသည် ကျွန်ုပ်တို့အတွက်ဖြစ်ပြီး အသင်တို့၏လုပ်ရပ်များသည် အသင်တို့အတွက်ဖြစ်သည်။ အသင်တို့အ‌ပေါ် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ။ ကျွန်ုပ်တို့သည် အသိပညာကင်းမဲ့သူများ(နှင့် စကားများရန်)ကို အလိုမရှိကြပါဟု ‌ပြောဆိုခဲ့ကြသည်။

    [56] အမှန်ပင် အသင်သည် အသင်နှစ်သက်သည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်မ‌ပေးနိုင်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်‌ပေး‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် တရားလမ်းမှန်ရရှိမည့်သူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။

    [57] ထို့ပြင် သူတို့က အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရမည်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ငါအရှင်မြတ်သည် သူတို့အား ‌ဘေးရန်ကင်းငြိမ်း‌သော အကြင်ဟရာမ်ထဲတွင် အတည်တကျ ‌နေရာချ‌ပေး‌တော်မူခဲ့ပြီး ထိုဟရာမ်ထံသို့ အသီးအနှံအမျိုးမျိုးသည် ငါအရှင်မြတ်ထံ‌တော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူ‌ရောက်ရှိလာခဲ့သည် မဟုတ်‌လော။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိနားမလည်ကြ‌ပေ။

    [58] ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏ ပစ္စည်းဥစ္စာချမ်းသာမှု‌ကြောင့် ‌မော်ကြွားရွှင်မြူးခဲ့ကြ‌သော မြို့ရွာအများအပြားအား ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ဤအရာများသည် သူတို့၏အိမ်များပင်ဖြစ်ကြသည်။ ထိုအိမ်များတွင် သူတို့မရှိကြသည့်‌နောက် အနည်းငယ်(လူများ)မှလွဲ၍ စည်ကားခဲ့ခြင်း ‌နေထိုင်ခဲ့ခြင်း မရှိ‌တော့‌ပေ။ ထို့ပြင် ငါအရှင်မြတ်ပင် (သူတို့၏ပစ္စည်းများကို) ပိုင်ဆိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူခဲ့သည်။

    [59] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ဌာနချုပ်တွင် ငါအရှင်မြတ်၏အာယသ်‌တော်များကို သူတို့‌ရှေ့၌ဖတ်ကြားမည့် တမန်‌တော်တစ်ပါးပါးအား ပွင့်‌ပေါ်‌စေ‌တော်မူခြင်း မရှိသမျှ ဖျက်ဆီး‌တော်မူ‌သောအရှင် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ထိုမြို့သူရွာသားများသည် မတရားသူများ မဖြစ်သမျှ ဖျက်ဆီး‌တော်မူ‌သောအရှင် မဟုတ်‌ပေ။

    [60] ထို့ပြင် အသင်တို့ကို ‌ပေးသနားခြင်းခံခဲ့ကြရသည့်အရာများသည် ဤဘဝ၏အသုံးအ‌ဆောင်နှင့် ဤဘဝ၏တင့်တယ်မှုသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှိသည့်အရာများကမူ အ‌ကောင်းဆုံးဖြစ်သည့်အပြင် အတည်မြဲဆုံးလည်းဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။

    [61] သို့ဖြစ်ရာ မည်သူ့အား ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်ကတိ ‌ပေး‌တော်မူခဲ့သည်၊ ထို(‌ပေးခဲ့သည့်)အတွက် ထိုသူသည် ထိုကတိအတိုင်း ဆုံ‌တွေ့ရမည့်သူလည်းဖြစ်သည်။ ထိုသူသည် အကြင်သူနှင့် တူနိုင်ပါမည်‌လော။ ငါအရှင်မြတ်သည် ထိုသူကို ဤဘဝတွင် အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင် သူသည် (ဖမ်းဆီးခံရပြီး) ‌ရှေ့သို့ ပို့ခံကြရမည့်သူများထဲမှဖြစ်သည်။

    [62] ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သူတို့အား ‌ခေါ်ဆိုမိန့်ကြား‌တော်မူမည်- “အသင်တို့က ထင်မှတ်(ကိုးကွယ်ခဲ့ကြသည့်)ငါ၏ရှယ်ယာဝင်များ (ငါနှင့်တွဲဖက်ကိုးကွယ်ရာများ) အဘယ်မှာနည်း။“

    [63] အကြင်သူတို့၏အ‌ပေါ်တွင် ငါအရှင်မြတ်၏အမိန့်‌တော်(ပြစ်ဒဏ်) အတည်ဖြစ်သွားသည့်သူ(‌ခေါင်း‌ဆောင်)များက ‌ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ဤသူများကိုပင် ကျွန်ုပ်တို့သည် လမ်းလွဲ‌စေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင် လမ်းမှားခဲ့ကြသကဲ့သို့ သူတို့ကိုလည်း လမ်းမှား‌စေခဲ့ကြသည်ပင်ဖြစ်ပါသည်။ (ယခုမူ) အရှင်မြတ်၏‌ရှေ့၌ (သူတို့နှင့် ကျွန်ုပ်တို့သည် မည်သို့မျှ) မသက်ဆိုင်‌ကြောင်း တင်ပြပါသည်။ (အမှန်စင်စစ်) သူတို့သည် ကျွန်ုပ်တို့အား ကိုးကွယ်ခဲ့ကြသည် မဟုတ်‌ပေ။ (သူတို့သည် ရှိုင်သွာန်များကို ကိုးကွယ်‌နေကြခြင်းသာဖြစ်ပါသည်။)

    [64] ထို့ပြင် (ထိုကာဖိရ်များသည် ဤသို့)အမိန့်‌ပေး‌တော်မူခြင်း ခံကြရမည်- “အသင်တို့သည် အသင်တို့ (ကိုးကွယ်ခဲ့ကြသည့်)ယှဉ်တွဲကိုးကွယ်ရာ တွဲဖက်များကို ‌ခေါ်ကြ‌လော့“။ ထို့‌နောက် သူတို့သည် သူတို့၏တွဲဖက်များအား ဟစ်‌ခေါ်ကြ‌သော်လည်း ထိုတွဲဖက်များက သူတို့အား ပြန်‌ဖြေကြား‌တော့မည် မဟုတ်‌တော့‌ပေ။ ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို ‌တွေ့မြင်ကြမည်။ (ထိုအခါ သူတို့ ‌တောင့်တကြမည်) အကယ်၍ သူတို့သည် ‌လောကတွင် ရှိ‌နေခဲ့ကြစဉ်က လမ်းမှန်လိုက်ခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။

    [65] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား ဟစ်‌ခေါ်ပြီး ‌မေးမြန်း‌တော်မူမည်- “အမှန်စင်စစ် အသင်တို့သည် တမန်‌တော်များအား မည်သို့ လက်ခံ‌ဖြေကြားခဲ့ကြသနည်း။“

    [66] ထို့‌နောက် သူတို့အ‌ပေါ်တွင် ထို‌နေ့၌ သတင်းစကားအားလုံးသည် ဖုံးအုပ်‌ပျောက်ကွယ်သွားမည်။ သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ‌မေးမြန်းခြင်းလည်း ပြုနိုင်ကြမည်မဟုတ်‌ပေ။

    [67] သို့ရာတွင် မည်သူမဆို ဝန်ချ‌တောင်းပန်ပြီး အီမာန်ယုံကြည်ခဲ့သည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်ကိုလည်း ပြုလုပ်ခဲ့လျှင် ထိုသူသည် ‌အောင်မြင်မှုရရှိသည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။

    [68] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူပြီး ‌ရွေးချယ်‌တော်မူသည်။ ထိုသူ(မုရှ်ရိက်)များတွင် ‌ရွေးချယ်ခွင့် လုံးဝမရှိ‌ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း‌တော်မူသည့်အပြင် (ထိုအရာများထက် အနှိုင်းမရှိ) အလွန်မြင့်မား‌တော်မူလှသည်။

    [69] ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများတွင် ကိန်း‌အောင်း‌နေသည်များနှင့် သူတို့ထုတ်‌ဖော်‌ပြောကြားသည်များကို သိရှိ‌တော်မူသည်။

    [70] ထို့ပြင် အရှင်မြတ်ပင် (ကိုးကွယ်ခြင်းခံထိုက်သည့်) အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ဤဘဝနှင့် တမလွန်ဘဝတွင် အရှင်မြတ်သာ ချီးမွမ်းခြင်းကို ခံထိုက်‌တော်မူသည်။ ထို့ပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [71] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့‌ပြောကြစမ်းပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ထိ ညကို အသင်တို့အ‌ပေါ်တွင် အမြဲတစ်ဆက်တည်း ပြုလုပ်ထားခဲ့လျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ထံသို့ အလင်း‌ရောင် ယူ‌ဆောင်လာမည့် အခြားကိုးကွယ်ရာ မည်သူရှိ‌သေးသနည်း။ ထို့‌နောက်လည်း အသင်တို့သည် မကြားကြသ‌လော။“

    [72] (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့‌ပြောကြစမ်းပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ထိ ‌နေ့ကို အသင်တို့အ‌ပေါ်တွင် အမြဲတစ်ဆက်တည်း ပြုလုပ်ထားခဲ့လျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ အနားယူရန် ညကို အသင်တို့ထံသို့ ယူ‌ဆောင်လာမည့် အခြားကိုးကွယ်ရာ မည်သူရှိ‌သေးသနည်း။ ထို့‌နောက်လည်း အသင်တို့သည် မမြင်ကြသ‌လော။“

    [73] ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ‌တော်နှင့် အသင်တို့အတွက် ညနှင့်‌နေ့ကို အသင်တို့သည် ည၌ အနားယူကြရန်နှင့် (‌နေ့တွင်) အရှင်မြတ်၏‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေကြရန်အတွက် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန် ပြုလုပ်ဖန်ဆင်းထား‌တော်မူခဲ့သည်။

    [74] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား ဟစ်‌ခေါ်မိန့်ကြား‌တော်မူမည်- “အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)‌နေခဲ့ကြ‌သော တွဲဖက်များသည် အဘယ်မှာနည်း။“

    [75] ထို့ပြင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီကို ထုတ်ပြ‌တော်မူပြီး (ကာဖိရ်)များအား အမိန့်ရှိ‌တော်မူမည်- “အသင်တို့သည် (အသင်တို့၏ တွဲဖက်ကိုးကွယ်မှု မှန်ကန်‌ကြောင်းနှင့် ပတ်သက်၍) အသင်တို့၏ သက်‌သေသာဓက အ‌ထောက်အထားကို တင်ပြကြပါ“။ ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၌ပင် မှန်ကန်မှုရှိ‌ကြောင်း သိရှိသွားကြမည်။ ထို့ပြင် သူတို့ လုပ်ကြံဖန်တီးခဲ့ကြသည့်အရာများသည် သူတို့ထံမှ ‌ပျောက်ကွယ်သွားကြလိမ့်မည်။

    [76] အမှန်စင်စစ် ကာရူန်သည် (တမန်‌တော်)မူစာ၏ (‌ဆွေမျိုးသားချင်းများ)ထဲမှပင် ဖြစ်ခဲ့သည်။ ထို့ပြင် ထိုကာရူန်သည် ထိုအမျိုးသားများအ‌ပေါ်တွင် မာန‌ထောင်ခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် သူ့အား အဘယ်မျှ ‌ရွှေ‌ငွေဘဏ္ဍာများကို ‌ပေးသနားထားသနည်းဆိုလျှင်၊ ထို‌ရွှေ‌ငွေဘဏ္ဍာများ(ကို သို‌လှောင်ထား‌သော ဘဏ်တိုက်များ)၏‌သော့များသည် ခွန်အားဗလနှင့်ပြည့်စုံ‌သော လူတစ်စုကိုပင် အမှန်ပင် မနိုင့်တနိုင်ဖြစ်‌စေသည်။ တစ်ခါက သူ၏အမျိုးသားများက သူ့ကို ‌ပြောဆိုကြသည်- “အသင်သည် ဂုဏ်မ‌မောက်နှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်‌မောက်သည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။“

    [77] ထို့ပြင် အသင်သည် အသင့်အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနား‌တော်မူခဲ့‌သော (‌ရွှေ‌ငွေများ)အထဲမှ တမလွန်ဘဝကို ရှာ‌ဖွေပါ။ ထို့ပြင် အသင်သည် ဤဘဝမှ အသင်၏‌ဝေစုကို (တမလွန်ဘဝသို့ ယူ‌ဆောင်သွားရန်) မ‌မေ့နှင့်။ ထို့ပြင် အသင့်အား အလ္လာဟ်အရှင်မြတ်က ‌ကျေးဇူးပြုသကဲ့သို့ အသင်လည်း (သူများအား)‌ကျေးဇူးပြုပါ။ ထို့ပြင် အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [78] ထို ကာရူန်က ‌ပြောဆိုသည်- “ငါသည် ဤအရာများကို ငါ၏ထံတွင်ရှိသည့် အတတ်ပညာတစ်ခု‌ကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူ၏မတိုင်မီ သူ့ထက်ပိုပြီး အင်အားကြီးသည့်၊ သူ့ထက်ပိုပြီး အ‌ခြွေအရံများသည့်မျိုးဆက်များကို ဖျက်ဆီး‌တော်မူခဲ့‌ကြောင်း သူမသိခဲ့သ‌လော။ ထို့ပြင် အပြစ်ရှိသည့်သူများကို သူတို့၏အပြစ်များနှင့်ပတ်သက်၍ ‌မေးမြန်းစရာလိုမည် မဟုတ်‌ပေ။

    [79] ထို့‌နောက် သူသည် သူ၏အမျိုးသားများ‌ရှေ့၌ သူ၏အခမ်းအနားနှင့်တကွ ထွက်ခဲ့သည်။ ဤဘဝကို အလိုရှိသူများက (ဤသို့)‌ပြောဆိုခဲ့ကြသည်- “‌ဪ- ကာရူန်ရရှိခဲ့‌သော ပစ္စည်းဥစ္စာများသည် ကျွန်ုပ်တို့တွင်လည်း ရှိခဲ့လျှင် ‌ကောင်း‌လေစွ၊ အမှန်စင်စစ် သူသည် ကြီးကျယ်‌သော နဖူးစာ‌ဝေစုကို ပိုင်ဆိုင်သူဖြစ်သည်။“

    [80] ထို့ပြင် အသိပညာကို ‌ပေးသနား‌တော်မူခြင်းခံကြရသည့်သူများကမူ (ဤသို့)‌ပြောဆိုခဲ့ကြသည်- အသင်တို့ ပျက်စီးပါ‌စေ၊ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်ကြသည့်သူများအတွက် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (‌ပေးသနား‌တော်မူမည့်) အကျိုးကုသိုလ်သည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် ထိုအကျိုးကုသိုလ်ကို သည်းခံသူများမှလွဲ၍ (မည်သူမျှ)ရမည် မဟုတ်‌ပေ။“

    [81] ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား သူ၏အိမ်နှင့်တကွ ‌မြေမျို‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူ့အတွက် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး သူ့ကို ကူညီမည့်အုပ်စုလည်း မရှိခဲ့‌ပေ။ ထို့ပြင် သူသည် သူ့ကိုယ်သူ ကယ်တင်နိုင်သည့်သူများထဲတွင်လည်း အပါအဝင် မဖြစ်ခဲ့‌ပေ။

    [82] ထို့ပြင် မ‌နေ့က သူကဲ့သို့ဖြစ်ရန် ‌တောင့်တခဲ့ကြသည့်သူများက (ယခု ဤသို့)‌ပြောဆိုကြ‌တော့သည်- “အို- ဆုံးရှုံးရ‌လေခြင်း၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူပြီး (အရှင်မြတ်အလိုရှိသည့်သူကို) ကျပ်တည်း‌စေ‌တော်မူသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မမူခဲ့လျှင် ကျွန်ုပ်တို့အားလည်း အမှန်ပင် ‌မြေမျို‌စေ‌တော်မူခဲ့မည်ဖြစ်သည်။ အသင်တို့ မသိမမြင်ကြ‌လေသ‌လော၊ ‌ကျေးဇူးကန်းသည့်သူများသည် မည်သည့်အခါမှ မ‌အောင်မြင်ကြ‌ပေ။“

    [83] ဤသည် တမလွန်ဘဝ၏အ‌ဆောင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအ‌ဆောင်ကို တိုင်းပြည်တွင် မာန‌ထောင်လွှားမှုနှင့် ဖျက်လိုဖျက်ဆီးမှုကို မလိုလားကြ‌သောသူများအတွက် သတ်မှတ်ထား‌တော်မူသည်။ ထို့ပြင် (‌ကောင်းမြတ်သည့်)‌နောက်ဆုံးအကျိုးဆက်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြသည့်သူများအတွက်ပင် ဖြစ်သည်။

    [84] မည်သူမဆို ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် ထိုသူ့အတွက် ထို‌ကောင်းမှုထက် ပို‌ကောင်း‌သောအရာ(အကျိုး)ရှိသည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် သူတို့ကျူးလွန်ခဲ့ကြ‌သော မ‌ကောင်းမှုများမှလွဲ၍ (အခြားအရာကို) အစား‌ပေးခြင်းခံကြရမည် မဟုတ်‌ပေ။

    [85] အမှန်စင်စစ် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့‌သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိ‌နေရပ်သို့ အမှန်ပင် ပြန်ပို့‌ပေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တရားလမ်းမှန်ကို ယူ‌ဆောင်လာ‌သောသူနှင့် ထင်ရှား‌သော လမ်းမှားတွင်ရှိ‌နေသည့်သူကို အသိဆုံးဖြစ်‌တော်မူသည်။

    [86] ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ကျမ်းဂန်ချ‌ပေး‌တော်မူခြင်းခံရမည်ဟု မ‌မျှော်လင့်ခဲ့‌ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ကရုဏာ‌တော်ဖြင့် (ကျ‌ရောက်လာခဲ့ပြီဖြစ်သည်)။ သို့ဖြစ်ရာ အသင်သည် ကာဖိရ်ငြင်းပယ်သူများကို ကူညီသူ လုံးဝမဖြစ်‌လေနှင့်။

    [87] ထို့ပြင် အသင်(တမန်‌တော်)ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များ ကျ‌ရောက်လာခဲ့ပြီး‌နောက်၊ သူတို့သည် အသင့်အား ထိုအမိန့်‌တော်များမှ လုံးဝ တားဆီးခြင်း မပြုနိုင်ကြ‌စေနှင့်။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်‌နေပါ။ ထို့ပြင် အသင်သည် မုရှ်ရိက်များထဲတွင် အပါအဝင် လုံးဝ မဖြစ်‌လေနှင့်။

    [88] ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမှ ဟစ်‌ခေါ်(အကူအညီ‌တောင်းခံခြင်း) မပြုပါနှင့်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်မှလွဲ၍ အခြားအရာအားလုံးသည် ပျက်စီးမည့်အရာများသာလျှင် ဖြစ်သည်။* အမိန့်အာဏာအားလုံးသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    Surah 29
    ပင့်ကူ

    [1] အလိဖ် လာမ် မီမ်။

    [2] လူများသည် သူတို့က “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ကြပြီဖြစ်ပါသည်“ဟု ‌ပြောကြသည့်အတွက် သူတို့သည် စမ်းသပ်ခြင်းမခံကြရဘဲလျက် လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြသ‌လော။

    [3] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီက သူများကိုလည်း စမ်းသပ်‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာ ‌ပြောဆိုကြ‌သောသူများကို ‌ပေါ်လွင်ထင်ရှား သိသာ‌စေနိုင်‌အောင် ပြုလုပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်ပင် ထိုအရှင်မြတ်သည် မုသားလိမ်လည်သူများကိုလည်း ခွဲခြားသိမြင်နိုင်‌အောင် ပြုလုပ်‌တော်မူမည်ဖြစ်သည်။

    [4] သို့မဟုတ် မ‌ကောင်းမှုကျူးလွန်သူများသည် သူတို့အ‌နေနှင့် ငါအရှင်မြတ်(၏ဖမ်းဆီးခြင်း)မှ ထွက်‌ပြေးလွတ်‌မြောက်သွားကြမည်ဟု ထင်မှတ်ကြသ‌လော။ သူတို့၏အဆုံးအဖြတ်သည် အလွန်ဆိုုးရွားလှသည်။

    [5] မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံရန် ‌မျှော်လင့်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထား‌သော အချိန်ကာလသည် အမှန်ပင် ဆိုက်‌ရောက်လာမည် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] ထို့ပြင် မည်သူမဆို ကြိုးစားအားထုတ်ခဲ့လျှင် ထိုသူသည် သူ့အတွက် ကြိုးစားအားထုတ်‌နေခြင်းသာဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးမှ မုချ လိုလား‌တောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [7] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြ၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏မ‌ကောင်းမှုများကို သူတို့ထံမှ ပ‌ပျောက်‌စေ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ကို သူတို့ပြုလုပ်ခဲ့ကြသည်များထက် အ‌ကောင်းဆုံးအစားကို ‌ပေးသနား‌တော်မူမည်။

    [8] ထို့ပြင် ငါအရှင်မြတ်သည် လူသားအား(ညွှန်ကြား‌တော်မူသည်၊) အသင်သည် အသင်၏မိဘနှစ်ပါးအား ‌ကောင်းမွန်စွာ ပြုစုရမည်။ ထို့ပြင် အကယ်၍ အသင်မသိသည့်အရာနှင့်ပတ်သက်၍ အသင့်အား ငါအရှင်မြတ်နှင့်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးစားအားထုတ်ခဲ့ကြလျှင် အသင်သည် သူတို့၏(ထို)စကားကို မလိုက်နာနှင့်။* အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လာကြရမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များနှင့်ပတ်သက်၍ အသိ‌ပေး‌တော်မူမည်။

    [9] ထို့ပြင် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများကို အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်‌စေ‌တော်မူမည်။

    [10] ထို့ပြင် လူများထဲတွင် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့ကြပါပြီ“ဟု ‌ပြောဆိုသူများလည်း ရှိကြသည်။ ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဒုက္ခ‌ပေးခြင်းကိုခံခဲ့ကြရသည့်အခါ သူတို့က လူများ၏ဒုက္ခ‌ပေးခြင်းကို အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကဲ့သို့ မှတ်ယူကြသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အကူအညီတစ်စုံတစ်ခု ‌ရောက်လာခဲလျှင် သူတို့က “ကျွန်ုပ်တို့သည်လည်း အမှန်ပင် အသင်တို့နှင့်အတူ ရှိခဲ့ကြသည်“ဟု အမှန်ပင် ‌ပြောဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံး(တွင်ရှိသည့်လူများ)၏ စိတ်နှလုံးများထဲတွင်ရှိသည်များကို အသိဆုံးအရှင်ပင် မဟုတ်‌လော။

    [11] ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို သိသာထင်ရှား‌အောင် ပြုလုပ်‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် မုနာဖိက် အ‌ယောင်‌ဆောင်များကိုလည်း သိသာထင်ရှား‌အောင် ပြုလုပ်‌တော်မူမည်ဖြစ်သည်။

    [12] ထို့ပြင် ကာဖိရ်များက အီမာန်ယုံကြည်သူများအား “အသင်တို့သည် ကျွန်ုပ်တို့၏လမ်းစဉ်ကို လိုက်နာကြပါ၊ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၏အပြစ်များကို ထမ်းရွက်ကြမည်“*ဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ထိုယုံကြည်သူများ၏ အပြစ်များထဲမှ အနည်းငယ်မျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်‌ပေ။ အမှန်စင်စစ် သူတို့သည် လိမ်‌ပြောသူများပင်ဖြစ်ကြသည်။

    [13] ထို့ပြင် အမှန်စင်စစ် သူတို့သည် သူတို့၏(အကုသိုလ်)ဝန်ထုပ်များအပြင် သူတို့၏(အကုသိုလ်)ဝန်ထုပ်များနှင့်အတူ အခြား(အကုသိုလ်)ဝန်ထုပ်များကိုလည်း* ထမ်းပိုးကြရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ လုပ်ကြံဖန်တီးထားသည့်အရာများနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်းခြင်းကိုလည်း ခံကြရဦးမည်ဖြစ်သည်။

    [14] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည့်အတွက် ၎င်းသည် သူတို့ထဲတွင် နှစ်‌ပေါင်းကိုးရာ့ငါးဆယ်‌နေထိုင်ခဲ့သည်။ ထို့‌နောက် ‌ရေလွှမ်းမိုးမှု(ပြစ်ဒဏ်)သည် ထိုအမျိုးသားများအား သူတို့သည် မတရားကျူးလွန်သူများ ဖြစ်ကြလျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [15] ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်နူးဟ်)ကိုလည်း‌ကောင်း၊ သ‌ဘေင်္ာ‌ပေါ်တွင် ပါရှိသူများကိုလည်း‌ကောင်း ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသ‌ဘေင်္ာကို စကြဝဠာအားလုံး(၌ရှိသမျှသူများ)အတွက် သက်‌သေသာဓကတစ်ခုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [16] ထို့ပြင် (တမန်‌တော်)အိဗ်ရာဟီမ်ကို(လည်း ‌စေလွှတ်‌တော်မူခဲ့သည်)။ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို (ဤသို့)‌ပြောဆိုခဲ့သည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အကယ်၍ အသင်တို့သည် သိရှိနားလည်ကြမည်ဆိုလျှင် ဤ(အီမာန်ယုံကြည်ခြင်း)သည် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။

    [17] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အံတုပြီး ရုပ်တုများကို ကိုးကွယ်ကြသည်။ ထို့ပြင် အသင်တို့သည် မုသားကို လုပ်ကြံဖန်တီးကြသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား အံတုပြီး အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် အသင်တို့၏စားနပ်ရိက္ခာကို လုံးဝ ပိုင်ဆိုင်ကြသည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှာ‌ဖွေ(‌တောင်းခံ)ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို သိတတ်ကြပါ။ အသင်တို့အားလုံးသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [18] ထို့ပြင် အကယ်၍ အသင်တို့သည် (တမန်‌တော်ကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြလျှင် (အသင်တို့ ငြင်းပယ်‌သော‌ကြောင့် တမန်‌တော်တွင် မည်သည့်‌လျော့နည်းမှုမှ မဖြစ်‌ပေ။) အမှန်စင်စစ် အသင်တို့မတိုင်မီက အုပ်စုများသည်လည်း မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာဖြစ်သည်။ ထို့ပြင် တမန်‌တော်အ‌ပေါ်တွင် (အရှင်မြတ်၏အမိန့်‌တော်များကို လူသားများထံ) ရှင်းလင်းထင်ရှားစွာ ပို့ချ‌ပေးရန်သာ တာဝန်ရှိသည်။

    [19] အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများအား မည်သို့ စတင်ဖန်ဆင်း‌တော်မူခဲ့သည်ကို သူတို့သည် စဉ်းစားမကြည့်ကြသ‌လော။ ထို့‌နောက် အရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံများအား ပြန်လည် ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူလှသည်။

    [20] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာ၍ အရှင်မြတ်သည် အဖန်ဆင်းခံများအား မည်သို့ စတင်ဖန်ဆင်း‌တော်မူခဲ့သနည်းဆိုသည်ကို ကြည်ရှု‌လေ့လာကြပါ။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ‌နောက်တစ်ကြိမ် ထပ်မံ၍ ဖန်ဆင်း‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [21] အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ပြစ်ဒဏ်‌ပေး‌တော်မူမည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သနားကြင်နာ‌တော်မူမည်။* ထို့ပြင် အသင်တို့အားလုံးသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [22] ထို့ပြင် အသင်တို့သည် ကမာ္ဘ‌မြေနှင့် မိုး‌ကောင်းကင်တွင် (အရှင်မြတ်၏ပြစ်ဒဏ်‌ပေးခြင်းမှ) လွတ်ကင်း‌အောင် စွမ်း‌ဆောင်နိုင်ကြသည် မဟုတ်‌ပေ။ ထို့ပြင် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ပြီးစီး‌အောင်(ပဲ့ကိုင်)ပြုလုပ်‌ပေးမည့်သူနှင့် ကူညီမည့်သူ မည်သူမှ မရှိ‌ပေ။

    [23] ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များနှင့် အရှင်မြတ်၏‌တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ကြသည့်သူများသာ ငါအရှင်မြတ်၏ ကရုဏာ‌တော်မှ ‌မျှော်လင့်ချက်ကင်းမဲ့ကြသည်။ ထို့ပြင် ထိုသူများအတွက်ပင် အလွန်နာကျင်‌စေသည့်ပြစ်ဒဏ်ရှိသည်။

    [24] ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)၏အမျိုးသားများတွင် “အသင်တို့သည် ၎င်းအား သတ်ပစ်ကြပါ၊ သို့မဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြပါ“ဟု (လှုံ့‌ဆော်)‌ပြောဆို ‌ဖြေကြားသည်မှလွဲ၍ အခြား မည်သည့်အရာမျှ အ‌ဖြေမ‌ပေးနိုင်ခဲ့ကြ‌ပေ။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအား မီး‌ဘေးမှ ကယ်တင်‌တော်မူခဲ့သည်။* အမှန်စင်စစ် ထို(ဖြစ်ရပ်)အထဲတွင် ယုံကြည်သည့်အမျိုးသားများအတွက် သက်‌သေသာဓကများရှိသည်။

    [25] ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က ‌ပြောကြားခဲ့သည်။ အသင်တို့သည် ဤဘဝတွင် အသင်တို့အချင်းချင်း ချစ်ခင်ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်ကိုစွန့်ပြီး ရုပ်တုများအား ‌ရွေးချယ်ပြုလုပ်ကြခြင်းဖြစ်သည်။ ထို့‌နောက် ကိယာမသ်‌နေ့တွင်မူ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ ထို့ပြင် အချင်းချင်း အချို့က အချို့ကို ကျိန်ဆဲကြမည်။ ထို့ပြင် ငရဲသည် အသင်တို့၏ခိုလှုံရာ‌နေရာဌာနဖြစ်မည်။ ထို့ပြင် အသင်တို့အတွက် ကူညီမည့်သူလည်း မည်သူမျှ ရှိမည်မဟုတ်‌ပေ။

    [26] ထို့‌နောက် (တမန်‌တော်)လူသွ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကို ယုံကြည်‌ထောက်ခံခဲ့သည်။* ထို့ပြင် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)က “အမှန်စင်စစ် ငါသည် နဂို‌နေရင်း အရပ်‌ဒေသကို စွန့်ခွာ၍ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်(ညွှန်ကြားပြသ‌တော်မူသည့်ဘက်)သို့ ထွက်ခွာသွားမည်။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုခဲ့သည်။

    [27] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား(သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်ဖြစ်ခြင်းနှင့် ကျမ်းဂန်ကို ၎င်း၏သား‌မြေးများထဲတွင် တည်တံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)အား ၎င်း၏အကျိုးကို ဤဘဝတွင်လည်း‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အမှန်ပင် ၎င်းသည် တမလွန်ဘဝတွင်လည်း ‌ကောင်းမြတ်သည့်သူများထဲမှ ဖြစ်လိမ့်မည်။

    [28] ထို့ပြင် (တမန်‌တော်)လူသွ်ကို(လည်း ‌စေလွှတ်‌တော်မူခဲ့သည်)။ တစ်ခါက ၎င်း(တမန်‌တော်လူသွ်)သည် မိမိ၏အမျိုးသားများကို (ဤသို့)‌ပြောကြားခဲ့သည်- အမှန်စင်စစ် အသင်တို့သည် စကြဝဠာအားလုံးထဲတွင် အသင်တို့မတိုင်မီ မည်သူမျှ ကျူးလွန်ခဲ့ခြင်းမရှိ‌သော အလွန် စက်ဆုပ်ရွံရှာဖွယ်ရာအမှုကို ကျူးလွန်ကြခြင်းဖြစ်သည်။

    [29] အမှန်စင်စစ် အသင်တို့သည် ‌ယောက်ျားများထံသို့ (ကာမဂုဏ်ခံစားရန်)လာကြသ‌လော။* ထို့ပြင် အသင်တို့သည် လမ်းတွင် လုယက်တိုက်ခိုက်ကြသ‌လော။ ထို့ပြင် အသင်တို့သည် အသင်တို့ အသိုင်းအဝိုင်းတွင် စက်ဆုပ်ရွံရှာဖွယ်ကိစ္စများကို ကျူးလွန်ကြသ‌လော(ဟု ‌မေးမြန်း‌ပြောဆိုသည်)။* ထို့‌နောက် ၎င်း၏အမျိုးသားများက “အကယ်၍ အသင်သည် မှန်ကန်သည့်သူတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်ကို ယူ‌ဆောင်လာခဲ့ပါ“ဟု ‌ပြောဆိုသည်မှလွဲ၍ အခြား အ‌ဖြေမရှိခဲ့‌ပေ။

    [30] ၎င်းက “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ဖျက်ဆီးမှုပြုသည့်အမျိုးသားများအ‌ပေါ်တွင် ‌အောင်နိုင်မှုကို ‌ပေးသနား‌တော်မူပါ“ဟု ‌ပြောဆို ‌လျှောက်ထားပန်ကြားခဲ့သည်။

    [31] ထို့ပြင် ငါအရှင်မြတ်၏(‌ကောင်းကင်)‌စေတမန်များသည် ဝမ်း‌မြောက်ဖွယ်သတင်းကို (တမန်‌တော်)အိဗ်ရာဟီမ်ထံသို့ ယူ‌ဆောင်လာကြသည့်အခါ၊ သူတို့က “အမှန်ပင် ကျွန်ုပ်တို့သည် ဤမြို့ရွာသားများအား ဖျက်ဆီးပစ်မည့်သူများဖြစ်သည်။ အမှန်စင်စစ် ထိုမြို့ရွာ၌ ‌နေထိုင်သူများသည် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည်“ဟု ‌ပြောဆိုခဲ့ကြသည်။

    [32] ၎င်းက ‌ပြောဆိုသည်- အမှန်စင်စစ် ထိုအထဲတွင် (တမန်‌တော်)လူသွ်ရှိ‌နေသည်။ (‌ကောင်းကင်)‌စေတမန်များက ‌ပြောဆိုကြသည်- ထိုအထဲတွင် မည်သူရှိ‌နေသည်ကို ကျွန်ုပ်တို့ ပိုသိကြသည်။ အမှန်ပင် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံရန်)ကျန်ရစ်သူများထဲတွင် အပါအဝင်ဖြစ်မည့် (တမန်‌တော်)လူသွ်၏ဇနီးမှလွဲ၍ ၎င်း၏အိမ်သူအိမ်သား(သက်ဆိုင်သူ)များကို ကယ်ဆယ်ကြမည်ဖြစ်သည်။

    [33] ထို့ပြင် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)လူသွ်ထံသို့‌ရောက်လာသည့်အခါ ၎င်းသည် သူတို့‌ကြောင့် စိတ်ဒုက္ခ‌ရောက်ခဲ့ရသည့်အပြင် သူတို့နှင့်ပတ်သက်၍ စိတ်ကျဉ်းကျပ်မှုလည်းဖြစ်ခဲ့သည်။* ထို့ပြင် ၎င်း(‌ကောင်းကင်တမန်)တို့က ‌ပြောကြသည်၊ အသင်သည် ‌ကြောက်ရွံ့စိုးရိမ်မှု မဖြစ်ပါနှင့်၊ ပူ‌ဆွေးမှုလည်း မဖြစ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံစားရန်)ကျန်ရစ်ခဲ့ကြသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်‌သော အသင်၏ဇနီးမှလွဲ၍ အသင်နှင့် အသင်၏အိမ်သူအိမ်သားများကို ကယ်ဆယ်မည့်သူများ ဖြစ်ကြပါသည်။

    [34] အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤမြို့ရွာသားများအ‌ပေါ်တွင် သူတို့သည် (မ‌ကောင်း‌သောအကျင့်များ ကျူးလွန်၍) အမိန့်ဖီဆန်‌နေခဲ့သည့်အတွက်‌ကြောင့် မိုး‌ကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချ‌ပေးမည့်သူများပင် ဖြစ်ကြသည်။

    [35] ထို့‌နောက် အမှန်စင်စစ် ငါအရှင်မြတ်သည်သည် သိနားလည်သူများအတွက် ထိုမြ့ိုရွာမှ ထင်ရှား‌သော သက်‌သေလက္ခဏာတစ်ခုကို ချန်လှပ်ထားရှိ‌တော်မူခဲ့သည်။

    [36] ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏‌နောင်‌တော်(တမန်‌တော်)ရှုအိုင်ဗ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ သို့ဖြစ်ရာ ၎င်းက‌ပြောခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် ‌နောက်ဆုံး‌နေ့ကို ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင် (လှည့်လည်)‌သောင်းကျန်းမှု မပြုလုပ်ကြနှင့်။

    [37] ထို့‌နောက် သူတို့သည် ၎င်း(တမန်‌တော်)ရှုအိုင်ဗ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ‌မြေငလျင်သည် သူတု့ိအား ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် သူတို့၏‌နေအိမ်များတွင် ‌မှောက်လျက်သား (‌သေ‌ကြေပျက်စီး)လဲကျ‌နေသူများ ဖြစ်ခဲ့ကြသည်။

    [38] ထို့ပြင် အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများကိုလည်း (ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် သူတို့၏‌နေအိမ်များ(ကို ကြည့်ရှု‌လေ့လာခြင်းဖြင့် သူတို့ပြစ်ဒဏ်‌ပေးခြင်းခံခဲ့ရ‌ကြောင်း) ထင်ရှားခဲ့ပြီဖြစ်သည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့၏(ကုဖ်ရ်)လုပ်ရပ်များကို သူတို့၏အမြင်တွင် လှပတင့်တယ်‌အောင် ပြုလုပ်ပြီး သူတို့အား (အီမာန်တည်းဟူ‌သော မှန်ကန်သည့်)လမ်းမှ တားဆီးပိတ်ပင်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့သည် အမြင်ကျယ်သည့်သူများပင်ဖြစ်ခဲ့ကြသည်။

    [39] ထို့ပြင် ကာရူန်၊ ဖိရ်‌အောင်န်နှင့် ဟာမာန်တို့ကိုလည်း (ဖျက်ဆီး‌တော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် (တမန်‌တော်)မူစာသည် သူတို့ထံသို့ ထင်ရှားသည့် သက်‌သေသာဓကများနှင့်တကွ ‌ရောက်ရှိလာခဲ့သည်။ ထို့‌နောက်လည်း သူတို့သည် တိုင်းပြည်တွင် မာန‌ထောင် ဆိုးသွမ်းခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ) လွတ်‌မြောက်သွားနိုင်ကြသူများ မဖြစ်ခဲ့ကြ‌ပေ။

    [40] သို့ဖြစ်ရာ ငါအရှင်မြတ်သည် တစ်ဦးချင်းစီအား သူတို့၏အပြစ်‌ကြောင့် ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ ထို့ပြင် အချို့အား ငါအရှင်မြတ်သည် ‌မြေမျို‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အချို့အား ‌ရေနစ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မမူခဲ့‌ပေ။ (အပြစ်ရှိသူအား အပြစ်‌ပေးခြင်းသည် အပြစ်မရှိသူအား ဆုလာဘ်‌ပေးခြင်းပင်ဖြစ်သည်။) သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်‌နေခဲ့ကြခြင်းဖြစ်သည်။

    [41] အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး အခြားအရာကို အစစအရာရာ ပြုလုပ်‌ဆောင်ရွက်‌ပေး‌သော အုပ်ထိန်းသူအဖြစ် ပြုလုပ်ကြသည့်သူများ၏ဥပမာသည် အိမ်တစ်လုံးပြုလုပ်တည်‌ဆောက်ခဲ့‌သော ပင့်ကူ‌ကောင်နှင့်တူသည်။ ထို့ပြင် အမှန်စင်စစ် အချည့်နဲ့ဆုံးအိမ်သည် ပင့်ကူအိမ်ပင်ဖြစ်‌ကြောင်း သူတို့ သိရှိကြလျှင် ‌ကောင်း‌လေစွ။

    [42] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုစွန့်ပြီး သူတို့ ဟစ်‌ခေါ်ကြ‌သော မည်သည့်အရာကိုမဆို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [43] ငါအရှင်မြတ်သည် ဤဥပမာအား လူများအတွက် ခိုင်းနှိုင်းပြခြင်းဖြစ်သည်။ ထို့ပြင် အာလင်မ်ပညာရှင်များသာ ထိုဥပမာများအား သိနားလည်ကြသည်။

    [44] အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို တိကျမှန်ကန်မှုနှင့် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်‌သေလက္ခဏာ အမှန်ပင်ရှိသည်။

    [45] အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ပို့ချခြင်းခံရ‌သော ကျမ်း‌တော်မြတ်(ကုရ်အာန်)ကိုရွတ်ဖတ်ပါ။* ထို့ပြင် အသင်သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ အမှုကိစ္စများနှင့် မဖွယ်မရာ ညစ်ညမ်း‌သောကိစ္စများမှ ကာကွယ်မှုပြု‌ပေးသည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် အကြီးကျယ်ဆုံး(အမြင့်မြတ်ဆုံး)ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှအား သိရှိ‌တော်မူသည်။

    [46] ထို့ပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသည့်သူများကို (‌သောင်ဟီဒ်နှင့် ရိစာလသ်နှင့်ပတ်သက်‌သော ကွဲလွဲမှုကိစ္စများတွင်) ‌ကောင်းမွန်(သိမ်‌မွေ့)သည့်နည်းဖြင့်သာ အပြန်အလှန် ‌ပြောဆိုကြပါ။ သို့ရာတွင် သူတို့ထဲမှ မတရားသူများကိုမူ (ပြတ်သားစွာ ‌ပြောဆိုနိုင်သည်)။ ထို့ပြင် အသင်တို့သည် (ဤသို့)‌ပြောဆိုကြပါ- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ကျ‌ရောက်ခဲ့‌သောကျမ်းနှင့် အသင်တို့ထံသို့ ကျ‌ရောက်ခဲ့သည့်ကျမ်းများကို ယုံကြည်ကြသည်။ ထို့ပြင် ကျွန်ုပ်တို့၏ကိုးကွယ်ထိုက်သည့်အရှင်နှင့် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင်သည် တစ်ပါးတည်းပင်ဖြစ်‌တော်မူသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်‌တော်ကိုသာ လိုက်နာသူများဖြစ်ကြသည်။

    [47] ထို့ပြင် ထိုသို့ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ကျမ်းဂန်ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်ချ‌ပေး‌တော်မူခဲ့သည့်သူများသည် ဤကျမ်းကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် ဤသူ(မက္ကဟ်သား)များထဲမှလည်း ဤကျမ်းကို ယုံကြည်သူများရှိကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များအား ကာဖိရ်များသာ ငြင်းပယ်ကြသည်။

    [48] (အရှင်မြတ်က လူတိုင်း၏အသိဉာဏ်ဖြင့် စဉ်းစားပြီး သိရှိယုံကြည်နိုင်‌အောင် ထင်ရှား‌သော အ‌ထောက်အထားတစ်ခုကို ‌ဖော်ပြလိုက်သည်။) ထို့ပြင် အသင်သည် ဤကျမ်း‌တော်မတိုင်မီက မည်သည့်ကျမ်း‌တော်ကိုမျှ ဖတ်ရွတ်ခဲ့သည်လည်း မရှိ‌ပေ။ မည်သည့်ကျမ်းကိုမျှ အသင်၏လက်ယာလက်ဖြင့် ‌ရေးသားခဲ့သည်လည်း မရှိ‌ပေ။* ထိုသို့ဖြစ်လျှင် အမှားကိုလိုက်စားကြသည့်သူများသည် အမှန်ပင် သံသယဖြစ်ကြလိမ့်မည်။

    [49] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ဤကျမ်းသည် အသိပညာကို‌ပေးခြင်းခံရသူများ၏စိတ်နှလုံးများတွင် အလွန်ထင်ရှား‌သော သက်‌သေလက္ခဏာများပင်ဖြစ်သည်။ ထို့ပြင် တရားမျှတမှုမရှိသူများသာ ငါအရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ကြသည်။

    [50] ထို့ပြင် သူတို့က “အဘယ့်‌ကြောင့် ဤ(တမန်‌တော်)၏အ‌ပေါ်တွင် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်သလက္ခဏာများ ကျ‌ရောက်မလာသနည်း“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သက်‌သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏လက်‌တော်ထဲ၌ပင် ရှိသည်။ ထို့ပြင် ငါသည် ထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။

    [51] သူတို့‌ရှေ့၌ ဖတ်ကြားခြင်းခံရ‌သော (ကုရ်အာန်)ကျမ်း‌တော်မြတ်ကို ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် အမှန်စင်စစ် ချ‌ပေး‌တော်မူခဲ့ခြင်းသည် သူတို့အတွက် (သက်‌သေလက္ခဏာအဖြစ်)မလုံ‌လောက်‌လေသ‌လော။ ထိုအထဲတွင် ယုံကြည်သူများအတွက် ကရုဏာနှင့် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။

    [52] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် ငါနှင့် အသင်တို့၏ကြားတွင် သက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။ အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အမှားကို ယုံကြည်လက်ခံပြီး အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ကြ‌သောသူများမှာမူ သူတို့ပင် ဆုံးရှုံးပျက်စီးသည့်သူများ ဖြစ်ကြသည်။

    [53] ထို့ပြင် သူတို့သည် ပြစ်ဒဏ်နှင့်ပတ်သက်၍ အသင့်ထံတွင် အလျင်စလို ‌တောင်းဆိုကြသည်။ ထို့ပြင် အကယ်၍ အချိန်ကာလတစ်ခုသာ ပြဋ္ဌာန်းပြီးမဟုတ်ခဲ့လျှင် ပြစ်ဒဏ်သည် သူတို့ထံသို့ အမှန်ပင် ဆိုက်‌ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ထိုပြစ်ဒဏ်သည် အမှန်ပင် သူတို့ထံသို့ သူတို့သည် သိပင်မသိလိုက်ဘဲလျက်* ရုတ်တရက် ‌ရောက်လာမည်ဖြစ်သည်။

    [54] သူတို့သည် အသင့်ထံတွင် ပြစ်ဒဏ်ကို အလျင်စလို ‌တောင်းဆိုကြသည်။ ထို့ပြင် အမှန်စင်စစ် ဂျဟန္နမ်ငရဲဘုံသည် ကာဖိရ်များအား ဝိုင်းရံလျက်ပင်ရှိသည်။

    [55] ထို‌နေ့တွင် ပြစ်ဒဏ်သည် သူတို့အား သူတို့၏အထက်နှင့် သူတို့၏‌ခြေများ‌အောက်မှ ဝန်းရံ‌နေမည်။ ထို့ပြင် အရှင်မြတ်က “အသင်တို့သည် အသင်တို့ပြုလုပ်‌နေခဲ့ကြသည့်အရာများ၏ အရသာကို မြည်းစမ်းကြပါ“ဟု မိန့်ကြား‌တော်မူမည်။

    [56] အို- အီမာန်ယုံကြည်‌သော ငါအရှင်မြတ်၏‌ကျေးကျွန်အ‌ပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်၏ကမာ္ဘ‌မြေသည် အလွန်ကျယ်ဝန်းလှသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။

    [57] သက်ရှိသတ္တဝါတိုင်းသည် ‌သေခြင်း၏အရသာကို မြည်းစမ်းကြရမည်ပင်ဖြစ်သည်။ ထို့‌နောက် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်ပို့‌ဆောင်ခြင်းကို ခံကြရမည်ပင်ဖြစ်သည်။

    [58] ထို့ပြင် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြသည့်သူများကမူ အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ဂျန္နသ်သုခဘုံမှ (မြင့်မားသည့်)အ‌ဆောင်များတွင် ‌နေရာချ‌ပေး‌တော်မူမည်ဖြစ်သည်။ ထိုအ‌ဆောင်များ‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ (သူတို့သည်) ထိုအထဲတွင် အမြဲ‌နေကြရမည်။ (‌ကောင်းမြတ်‌သော)အလုပ် ပြုလုပ်ခဲ့သူများ၏အကျိုးသည် အဘယ်မျှ ‌ကောင်းမြတ်လိုက်သနည်း။

    [59] ထိုသူများသည် (အမျိုးမျိုးနှိပ်စက်မှုဒဏ်များကိုလည်း)သည်းခံခဲ့ကြရသည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်တွင် (ကိစ္စဟူသမျှကို)ယုံပုံလွှဲအပ်ကြသည်။

    [60] ထို့ပြင် တိရစာ္ဆန်အ‌မြောက်အမြားသည် သူတို့၏စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်‌ပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ထိုတိရစာ္ဆန်များနှင့် အသင်တို့အား စားနပ်ရိက္ခာ‌ပေးသနား‌တော်မူခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [61] ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့အား “မည်သူသည် ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သနည်း၊ ထို့ပြင် မည်သူသည် ‌နေနှင့်လကို အမိန့်နာခံခိုင်းခဲ့သနည်း“ဟု ‌မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ပင်ဟု အမှန်စင်စစ် ‌ပြောဆိုကြမည်။ ထို့‌နောက် (ထိုသို့အ‌ဖြေ‌ပေးပြီး‌နောက် ဆက်လက်ယုံကြည်လက်ခံသင့်သည့် အချက်အလက်များကို မယုံကြည်ဘဲ)သူတို့သည် မည်သည့်‌နေရာမှ အလှည့်စားခံလိုက်ရသနည်း။ (အဘယ်သို့ လှည့်သွားကြသနည်း)။

    [62] အလ္လာဟ်အရှင်မြတ်သည် မိမိ၏‌ကျေးကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ကျပ်တည်းစွာ ‌ပေး‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [63] ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မည်သူသည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်း‌စေသနည်း၊ ထို့ပြင် ‌သေပြီး‌သော (‌ခြောက်‌သွေ့‌နေ‌သော) ‌မြေပထဝီကို ထိုမိုး‌ရေနှင့် မည်သူက ရှင်‌စေခဲ့သနည်း (စိမ်းလန်းစို‌ပြေ‌အောင် မည်သူလုပ်ခဲ့သနည်း)“ဟု ‌မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ဟု အမှန်စင်စစ် ‌ပြောဆိုကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်။ အမှန်စင်စစ် သူတို့ထဲမှ အများစုသည် (မိမိတို့၏ဝန်ခံချက်မှ ‌နောက်ဆက်တွဲ သက်‌ရောက်မှုများကို လက်မခံကြသည့်အတွက်) အသိဉာဏ်မရှိကြ‌ပေ။

    [64] ထို့ပြင် ဤဘဝသည် ‌ပျော်မြူးဖွယ်ရာနှင့် ကစားစရာမှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသာ စစ်မှန်သည့် အသက်ရှင်ခြင်းဖြစ်သည်ကို သူတို့ သိကြမည်ဆိုလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။

    [65] ထို့ပြင် သူတို့သည် သ‌ဘေင်္ာ‌ပေါ်စီးနင်းလိုက်ပါကြသည့်အခါ အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်‌စေတနာဖြူစင်စွာဖြင့် ဟစ်‌ခေါ်တသကြသည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့အား ကယ်တင်ပြီး ကုန်း‌ပေါ်ပို့လိုက်သည့်အခါ သူတို့သည် ချက်ချင်းပင် အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ကြ‌တော့သည်။

    [66] သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်များအား ငြင်းပယ်‌ကျေးဇူးကန်ရန်အတွက် (တွဲဖက် ကိုးကွယ်ကြခြင်းဖြစ်သည်)။ သို့ဖြစ်ရာ သူတို့သည် ‌ခေတ္တအကျိုးခံစားကြရမည်၊ ထို့‌နောက် မကြာမီပင်(၎င်း၏အကျိုးဆက်ကို) သူတို့သည် သိရှိကြလိမ့်မည်။

    [67] အမှန်စင်စစ် ငါအရှင်မြတ်သည် (သူတို့‌နေထိုင်‌သော မက္ကဟ်မြို့‌တော်ကို) ‌ဘေးရန်ကင်းငြိမ်း‌သော ဟရမ်ပြုလုပ်‌တော်မူခဲ့သည်ကို သူတု့ိသည် မ‌တွေ့မမြင်ခဲ့ကြသ‌လော။ ထို့ပြင် သူတို့၏ပတ်ဝန်းကျင်းတွင် လူများသည် လုယက်တိုက်ခိုက်ခြင်း ခံ‌နေကြရသည်။ သို့ပါလျက် သူတို့သည် အမှားကို ယုံကြည်လက်ခံပြီး အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များအား ငြင်းပယ်ကြသ‌လော။

    [68] ထို့ပြင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားကို လုပ်ကြံစွပ်စွဲသူ၊ သို့မဟုတ် မိမိထံသို့ အမှန်တရား ‌ရောက်ရှိလာပြီး‌နောက် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူထက် ပို၍မတရားသည့်သူ မည်သူရှိ‌သေးသနည်း။ ကာဖိရ်များ၏‌နေထိုင်ရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင် ရှိမည်မဟုတ်‌လော။

    [69] ထို့ပြင် ငါအရှင်မြတ်၏လမ်း‌တော်တွင် သက်စွန့်ကြိုးပမ်း‌ဆောင်ရွက်ကြ‌သောသူများကမူ* ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ၏လမ်းများကို အမှန်စင်စစ် ပြသ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများနှင့်အတူတကွ ရှိ‌တော်မူသည်။

    Surah 30
    ရောမလူမျိုးများ

    [1] အလိဖ်၊ လာမ်၊ မီမ်။

    [2] ‌ရောမနိုင်ငံသားများသည် (စစ်)ရှုံးကြပြီဖြစ်သည်။

    [3] (စအူဒီ အရဗ်နှင့်)နီးကပ်ဆက်စပ်‌နေ‌သော (ဆီးရီးယား)တိုင်းပြည်တွင်၊ ထို့ပြင် သူတို့သည် သူတို့(စစ်)ရှုံးကြပြီး‌နောက် မကြာမီ သူတို့သည် ‌အောင်နိုင်ကြမည်။

    [4] အနည်းငယ်နှစ်ကာလ၌ပင်ဖြစ်သည်။ အမိန့်အာဏာသည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်၌ပင် ရှိခဲ့သည်။ ‌နောင်တွင်လည်း (အရှင်မြတ်ထံ‌တော်၌သာ ရှိ‌နေမည်ဖြစ်သည်)။ ထို‌နေ့တွင် အီမာန်ယုံကြည်သူများသည် ဝမ်း‌မြောက်ကြလိမ့်မည်။

    [5] အလ္လာဟ်အရှင်မြတ်၏ ကူညီမှု‌ကြောင့်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ကူညီ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] (ဤသည်)အလ္လာဟ်အရှင်မြတ်၏ကတိပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထား‌တော်မူသည့်ကတိကို ‌ဖောက်ဖျက်‌တော်မမူ‌ပေ။ သို့ရာတွင် လူအများစုသည် မသိကြ‌ပေ။

    [7] သူတို့သည် တမလွန်ဘဝကို လျစ်လျူရှုသည့်သူများဖြစ်ကြလျက် သူတို့သည် ဤဘဝ၏အ‌ပေါ်ယံကိုသာ သိရှိကြသည်။

    [8] သူတို့သည် သူတို့၏စိတ်နှလုံးများထဲတွင် မစဉ်းစားခဲ့ကြသ‌လော။ အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှများကို တိကျမှန်ကန်မှုနှင့် ကန့်သတ်ချိန်ကာလအတွက်သာ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် လူအများစုသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို ငြင်းပယ်သူများ အမှန်ပင်ဖြစ်ကြသည်။

    [9] သူတို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာမှု မပြုခဲ့ကြ‌လေသ‌လော၊ ထိုသို့သွားလာခဲ့လျှင် သူတို့မ‌နေဖြင့် သူတို့မတိုင်မီက လူများ၏‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို ‌တွေ့မြင်ကြမည်ဖြစ်သည်။ ထိုယခင်ကလူများသည် သူတို့ထက် အင်အား‌တောင့်တင်းသူများဖြစ်ခဲ့ကြသည်သာမက သူတို့သည် ကမာ္ဘ‌မြေပြင်ကို ဤသူများ စည်ကား‌အောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက်စိုက်ပျိုးပြီး စည်ကား‌အောင်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့ထံသို့လည်း သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေသာဓကများနှင့်တကွ ‌ရောက်ရှိလာခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတု့ိအား မတရားနှိပ်စက်‌တော်မူမည် မဟုတ်‌ပေ။ ိသို့ရာတွင် သူတို့ကိုယ်ကို သူတို့ပင် မတရားနှိပ်စက်ခဲ့ကြခြင်းဖြစ်သည်။

    [10] ထို့‌နောက် ဆိုးယုတ်သည့်အမှုကိစ္စကို ပြုလုပ်ခဲ့ကြသည့်သူများ၏‌နောက်ဆုံးအကျိုးဆက်သည် အဆိုးပင်ဖြစ်ခဲ့သည်။ အ‌ကြောင်းကမူ သူတို့သည် အလ္လာဟ်အရှင်မြတ်၏သက်‌သေ သာဓကများအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာမက ထိုသက်‌သေသာဓကများအား ‌ပြောင်‌လှောင်မှုလည်း ပြုခဲ့ကြ‌သေးသည်။

    [11] အလ္လာဟ်အရှင်မြတ်ပင် အဖန်ဆင်းခံများအား စတင်ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား ‌နောက်တဖန် ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြမည်ဖြစ်သည်။

    [12] ထို့ပြင် ကိယာမသ်ဆိုက်‌ရောက်သည့်‌နေ့တွင် အပြစ်ရှိသူများသည် ‌မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ပျက်သွားကြမည်။

    [13] ထို့ပြင် သူတို့၏တွဲဖက်များထဲမှ သူတို့အား ကြားဝင်အသနားခံ‌ပေးမည့်သူလည်း ရှိမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့ တွဲဖက်ကိုးကွယ်ခဲ့ကြသည့် ကိုးကွယ်ရာများကိုယ်တိုင်ကပင် (မိမိတို့အား လူများသည် တွဲဖက်ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါဟု) ငြင်းဆိုကြလိမ့်မည်။

    [14] ထို့ပြင် ကိယာမသ်ဆိုက်‌ရောက်မည့်‌နေ့တွင် (လူအားလုံးသည်) သီးခြားစီဖြစ်သွားကြပြီး အတန်းအစား အမျိုးမျိုး ကွဲပြားသွားကြမည်။

    [15] ထို့‌နောက် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများသည် ဥယျာဉ်‌တော်တွင် ဂုဏ်ပြုဧည့်ခံမှုကို ခံကြရပြီး ဝမ်းသာကြရမည်ဖြစ်သည်။

    [16] ထို့ပြင် ကုဖ်ရ်ငြင်းပယ်ပြီး ငါအရှင်မြတ်၏သက်‌သေသာဓက‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲခဲ့ကြသည့်သူများနှင့် တမလွန်ဘဝ၏‌တွေ့ဆုံမှုကို ငြင်းပယ်ကြ‌သောသူများကမူ သူတို့သည်ပင် ပြစ်ဒဏ်တွင် အဆင်သင့်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်ဖြစ်သည်။

    [17] သို့ဖြစ်ရာ အသင်တို့သည် ည‌နေအချိန်‌ရောက်သည့်အခါနှင့် နံနက်အချိန်‌ရောက်သည့်အခါတွင် အလ္လာဟ်အရှင်မြတ် စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြပါ။

    [18] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ချီးမွမ်းခြင်းအ‌ပေါင်းသည် အရှင်မြတ်အတွက်ပင်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် မွန်းလွဲပြီးအချိန်နှင့် ‌နေ့လယ်အချိန်ဝင်သည့်အခါတွင် (အရှင်မြတ် စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြပါ)။

    [19] အရှင်မြတ်သည် သက်ရှိကို သက်မဲ့မှ ထုတ်ယူ‌တော်မူသည်။ ထို့ပြင် သက်မဲ့ကို သက်ရှိမှ ထုတ်ယူ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို ထို‌မြေသည် ‌သေပြီး‌နောက် ပြန်ရှင်‌စေ‌တော်မူသည်။ (‌သွေ့‌ခြောက်ပြီး‌နောက် ပြန်လည်စို‌ပြေ‌စေ‌တော်မူသည်)။ ထို့ပြင် အသင်တို့သည်လည်း ဤသို့ပင် ထုတ်ခြင်းခံကြရမည်ဖြစ်သည်။

    [20] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် ရုတ်တရက် လူသားများဖြစ်လာကြပြီး (ကမာ္ဘတွင်)ပျံ့နှံ့‌နေကြသည်။

    [21] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမျိုးအစားထဲမှပင် ဇနီးကြင်ရာများအား သူတို့ထံတွင် အသင်တို့ စိတ်ချမ်းသာမှုနှင့် အနားယူကြရန်အတွက် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ကြားတွင် ချစ်ခင်မှုနှင့် ကြင်နာမှုကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများ ရှိသည်။

    [22] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကိုဖန်ဆင်းခြင်း၊* ထို့ပြင် အသင်တို့၏ဘာသာစကားများနှင့် အ‌သွေးအ‌ရောင်များ ကွဲပြားခြားနား‌နေခြင်း* (လည်းပါဝင်သည်)။ အမှန်စင်စစ် ထိုအထဲတွင် ပညာရှင်များအတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။

    [23] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် ညနှင့်‌နေ့၌ အသင်တို့ အိပ်စက်မှုနှင့် အရှင်မြတ်၏‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို အသင်တို့ ရှာ‌ဖွေမှု(လည်းပါဝင်သည်)။ အမှန်စင်စစ် ထိုအထဲတွင် ကြားနာသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [24] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အား လျှပ်စီးလက်ခြင်းကို ‌ကြောက်ရွံ့‌စေရန်နှင့် ‌မျှော်လင့်‌စေရန် ပြသ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်း‌စေ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် ထိုမိုး‌ရေနှင့် ‌မြေပထဝီကို ထို‌မြေသည် ‌သေပြီး‌နောက် (‌ခြောက်‌သွေ့ပြီး‌နောက်) ရှင်ပြန်(စို‌ပြေ)‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် သိနားလည်ကြသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [25] ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် အရှင်မြတ်၏အမိန့်‌တော်ဖြင့် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီ၏ရပ်တည်‌နေခြင်းလည်း ပါဝင်သည်။* ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးထဲမှ(ထုတ်ယူ‌တော်မူရန်) ဟစ်‌ခေါ်မှု တစ်ကြိမ်ဟစ်‌ခေါ်လိုက်သည်နှင့် အသင်တို့သည် ချက်ချင်းထွက်လာကြလိမ့်မည်။

    [26] ထို့ပြင် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသူများသည် အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ အားလုံးကိုယ်စီသည် အရှင်မြတ်၏အမိန့်‌တော်ကို လိုက်နာ‌နေကြခြင်းဖြစ်သည်။

    [27] ထို့ပြင် အရှင်မြတ်ပင် အဖန်ဆင်းခံများအား စတင်ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား ထပ်၍ ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။ ထို့ပြင် ဤသည် အရှင်မြတ်အတွက် ပို၍ပင် လွယ်ကူသည်။* ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ်၌သာ အလွန်ထူးကဲမြင့်မား‌သော ဂုဏ်ထူးဝိ‌သေသ ရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [28] အရှင်မြတ်သည် အသင်တို့ထဲမှပင် အသင်တို့အတွက် ပမာ ခိုင်းနှိုင်းပြ‌တော်မူသည်။ အသင်တို့ ပိုင်ဆိုင်ကြ‌သော လက်‌အောက်ခံကျွန်များထဲတွင် ဤသို့‌သော ကျွန်မျိုးရှိကြသ‌လော။ ထိုကျွန်သည် ငါအရှင်မြတ်က အသင်တို့ကို ‌ပေးသနားထား‌တော်မူ‌သော ပစ္စည်းဥစ္စာများ၌ အတူတူ ဖက်စပ်ပိုင်ဆိုင်သည်ဆိုသည်မှာ ရှိသ‌လော။ ထို့ပြင် အသင်တို့သည် အသင်တို့(လွတ်လပ်သူ)အချင်းချင်းကို ‌ကြောက်ရွံ့စိုးရိမ်ကြသကဲ့သို့ ထိုကျွန်များအားလည်း အသင်တို့ ‌ကြောက်ရွံ့စိုးရိမ်ကြသည်ဆိုသည်မှာ ရှိသ‌လော။* ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူများအတွက် သက်‌သေသာဓကများအား ဤသို့ပင် ရှင်းလင်းထင်ရှားစွာ အ‌သေးစိတ် မိန့်ကြား‌တော်မူသည်။

    [29] သို့ရာတွင် အမှန်စင်စစ် မတရားသူများသည် ပညာအ‌ထောက်အထားမရှိဘဲနှင့် သူတို့၏စိတ်အလိုဆန္ဒ‌နောက်ကိုသာ လိုက်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်က လမ်းမှား၌ပင် ထားလိုက်ပြီဖြစ်သည့်သူကို လမ်းမှန် မည်သူပြ‌ပေးနိုင်ဦးမည်နည်း။ ထို့ပြင် သူတို့တွင် ကူညီမည့်သူများလည်း ရှိကြမည်မဟုတ်‌တော့‌ပေ။

    [30] သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်က လူသားများကို ဖန်ဆင်း‌တော်မူခဲ့‌သော သဘာဝအရည်အချင်းအတိုင်း* အသင်၏မျက်နှာကို (မှန်ကန်သည့်)သာသနာ‌ပေါ်တွင် တစ်စိတ်တစ်လက်တည်း အာရုံစိုက်ပြီး ခိုင်မြဲစွာထားပါ။ အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းမှုတွင် မည်သည့် ‌ပြောင်းလဲမှုမျှမရှိ‌ပေ။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော သာသနာဖြစ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြ‌ပေ။

    [31] အရှင်မြတ်ဘက်သို့ပင် လှည့်‌နေသူများအဖြစ်နှင့် (အရှင်မြတ်၏အမိန့်များကို လိုက်နာကြပါ)။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် စွလာသ်ဝတ်ပြုမှုကိုလည်း တည်‌ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် မုရှ်ရိက်များထဲမှ မဖြစ်ကြနှင့်။

    [32] အကြင်(မုရှ်ရိက်)များထဲမှ (မဖြစ်ကြနှင့်) ထိုသူများသည် သူတို့၏သာသနာကို အစိတ်စိတ် အပိုင်းပိုင်း ပြုလုပ်ခဲ့ကြသည့်အပြင် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်သွားခဲ့ကြသည်။ ဂိုဏ်းအဖွဲကိုယ်စီသည် သူတို့တွင်ရှိသည့်အရာ (လမ်းစဉ်)နှင့်သာ ‌ပျော်‌မွေ့‌နေကြ‌တော့သည်။

    [33] ထို့ပြင် လူများတွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်ခဲ့လျှင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဘက်သို့လှည့်လျက် အရှင်မြတ်အား ဟစ်‌ခေါ်ကြသည်။ ထို့‌နောက် အရှင်မြတ်သည် သူတို့အား အရှင်မြတ်ထံ‌တော်မှ ကြင်နာသနားမှု (‌ကျေးဇူး‌တော်)အနည်းငယ်မြည်းစမ်း‌စေ‌တော်မူသည့်အခါ သူတို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် (အခြားအရာများကို) သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြ‌တော့သည်။

    [34] သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်များအား ငြင်းပယ်ကြရန်အတွက် (တွဲဖက်ကိုးကွယ်ကြသည်)။ သို့ဖြစ်ရာ အသင်တို့သည် (‌ခေတ္တ)အကျိုး‌ကျေးဇူးခံစားကြပါ။ ထို့ပြင် မကြာမီ၌ပင် အသင်တို့သည် သိရှိကြရမည်ဖြစ်သည်။

    [35] ငါအရှင်မြတ်က သူတို့အ‌ပေါ်တွင် အ‌ထောက်အထား တစ်စုံတစ်ခုချ‌ပေးခဲ့၍ ထိုအ‌ထောက်အထားက ‌ပြောသည့်အတွက် သူတို့သည် တွဲဖက်ကိုးကွယ်ကြသ‌လော။

    [36] ထို့ပြင် ငါအရှင်မြတ်သည် လူသားများအား ‌ကျေးဇူး‌တော် အနည်းငယ်၏အရသာကို မြည်းစမ်း‌စေ‌တော်မူ‌သောအခါ သူတို့သည် ထို‌ကျေးဇူး‌တော်နှင့်ပတ်သက်၍ ရွှင်မြူးလျက်ရှိကြသည်။ ထို့ပြင် အကယ်၍ သူတို့၏လက်များက ကြိုတင်ပို့နှင့်ခဲ့ကြသည့်အရာ (သူတို့ကိုယ်တိုင်ပြုကျင့်ခဲ့‌သောအပြစ်)များ‌ကြောင့် သူတို့တွင် ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်ခဲ့လျှင် သူတို့သည် ချက်ချင်းပင် ‌မျှော်လင့်ချက် ကင်းမဲ့သွား‌တော့သည်။

    [37] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား စာနပ်ရိက္ခာကို ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ကျပ်တည်း‌စေ‌တော်မူသည်ကို သူတို့သည် မမြင်ခဲ့ကြသ‌လော။* အမှန်စင်စစ် ထိုအထဲတွင် ယုံကြည်သူများအတွက် သက်‌သေသာဓကများရှိသည်။

    [38] သို့ဖြစ်ရာ အသင်သည် ‌ဆွေမျိုးသားချင်းများ၏အခွင့်အ‌ရေးကို ‌ပေး‌ဆောင်ပါ။ ထို့ပြင် ဆင်းရဲသားနှင့် ခရီးသည်ကိုလည်း(‌ပေးပါ)။ ဤသည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို လိုလားသူများအတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ ထို့ပြင် ထိုသူများပင် ‌အောင်မြင်မည့်သူများဖြစ်ကြသည်။

    [39] ထို့ပြင် အသင်တို့သည် လူများ၏ပစ္စည်းဥစ္စာများထဲတွင် ‌ပေါင်းစပ်ပြီး အတိုးရရန်အတွက် ‌ပေးခဲ့‌သောပစ္စည်း (အတိုး‌ချေးစားခြင်း)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် မတိုးပွား‌ပေ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို လိုလား၍ တစ်စုံတစ်ခု‌ပေးကမ်းလှူဒါန်းကြလျှင် ထိုသူများပင် (သူတို့ ‌ပေးကမ်းကြသည်များအား အရှင်မြတ်ထံ‌တော်တွင်) တိုးပွား‌စေကြသူများဖြစ်ကြသည်။

    [40] အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ရှင်‌စေ‌တော်မူမည်။ အသင်တို့၏တွဲဖက်ကိုးကွယ်ရာများသည် ဤအရာများထဲမှ မည်သည့်အရာတစ်ခုမျှကိုပင်ဖြစ်‌စေ ပြုလုပ်နိုင်ကြသူဟူ၍ ရှိပါသ‌လော။ အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များ(၏ချို့တဲ့ချွတ်ယွင်းမှုအ‌ပေါင်း)မှ သန့်ရှင်းစင်ကြယ်‌တော်မူပြီး (ဂုဏ်ဒြပ်)အလွန်မြင့်မား‌တော်မူလှသည်။

    [41] လူများ၏လက်များက ရှာ‌ဖွေ(ကျူးလွန်)ခဲ့ကြသည့်အရာ(မ‌ကောင်းမှု)များ‌ကြောင့် ကုန်း‌မြေနှင့် ပင်လယ်တွင် ပျက်စီးမှု(ဒုက္ခ)များသည် ဖြစ်‌ပေါ်‌နေရသည်။ (ထိုသို့ဖြစ်ရခြင်းမှာ) သူတို့သည် (မ‌ကောင်းမှုများမှ) ပြန်လှည့်လာကြရန် သူတို့ပြုလုပ်ခဲ့‌သော လုပ်ရပ်အချို့၏အရသာကို အရှင်မြတ်က သူတို့အား မြည်းစမ်း‌စေ‌တော်မူရန်ဖြစ်သည်။

    [42] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာကြပြီး‌နောက် ယခင်လူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ဆိုသည်ကို ကြည့်ရှု(‌လေ့လာ)ကြပါ။ သူတို့ထဲမှ အများစုသည် မုရှ်ရိက်များပင်ဖြစ်ခဲ့ကြသည်။

    [43] ထို့‌နောက် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌ပြောင်း‌ရွှေ့‌ပေးမှု လုံးဝမရှိမည့်‌နေ့၊ လူများသည် တကွဲတပြားစီဖြစ်ကြမည့်‌နေ့ မတိုင်မီတွင် အသင်သည် အသင်၏မျက်နှာ(ဦးတည်ရာ)ကို ‌ဖြောင့်မတ်‌သော သာသနာ‌ပေါ်တွင် တည်တံ့ခိုင်မြဲစွာထားပါ။

    [44] မည်သူမဆို ငြင်းပယ်ခဲ့လျှင် သူ၏ငြင်းပယ်မှု(၏ဆိုးကျိုးများ)သည် သူ၏အ‌ပေါ်၌ပင် ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် သူတို့သည် သူတို့၏အကျိုးအတွက်ပင် စီမံပြုလုပ်‌နေကြခြင်းဖြစ်သည်။

    [45] (‌နောက်ဆုံးရလဒ်ကမူ) အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများအား အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် (‌ကောင်းမြတ်သည့်)အစား‌ပေး‌တော်မူရန် ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် ကာဖိရ်များအား နှစ်သက်‌တော်မမူ‌ပေ။

    [46] ထို့ပြင် အရှင်မြတ်၏ကရုဏာ‌တော်၏အရသာကို အသင်တို့အား မြည်းစမ်း‌စေ‌တော်မူရန်အတွက်လည်း‌ကောင်း၊ အရှင်မြတ်၏အမိန့်‌တော်နှင့် ရွက်သ‌ဘေင်္ာများ သွားလာနိုင်ရန်အတွက်လည်း‌ကောင်း၊ အသင်တို့သည် အရှင်မြတ်၏‌ကျေးဇူး‌တော်(စာနပ်ရိက္ခာ)ကို ရှာ‌ဖွေနိုင်ကြရန်အတွက်လည်း‌ကောင်း၊ အသင်တို့သည် ‌ကျေးဇူး‌တော်ကို သိတတ်ကြရန်အတွက်လည်း‌ကောင်း အရှင်မြတ်က ‌ရှေ့‌ပြေးသတင်း‌ကောင်းအဖြစ် (မိုးမရွာမီ)‌လေများအား ‌စေလွှတ်‌တော်မူခြင်းသည် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲမှပင် ဖြစ်သည်။

    [47] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်‌တော်များအား ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည့်အတွက် ထိုတမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓကများနှင့်တကွ ‌ရောက်ရှိလာခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများအား တန်ပြန် အ‌ရေးယူ‌တော်မူခဲ့သည်။ ထို့ပြင် အီမာန်ယုံကြည်သူများအား ကူညီ‌တော်မူခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်‌တော်မူသည်။

    [48] အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်၊ ထိုအရှင်မြတ်သည် ‌လေများအား ‌စေလွှတ်‌တော်မူသည်။ ထို့‌နောက် ‌လေများသည် မိုးတိမ်များအား သယ်‌ဆောင်သွားကြသည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးတိမ်များအား အရှင်မြတ်အလိုရှိ‌တော်မူသည့်အတိုင်း မိုး‌ကောင်းကင်တွင် ဖြန့်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးတိမ်များကို အပိုင်းများပြုလုပ်‌တော်မူသည်။ ထို့‌နောက် အသင်သည် ထိုမိုးတိမ်များကြားမှ မိုး‌ရေ(ကျလာသည်)ကို မြင်ရသည်။ ထို့‌နောက် အရှင်မြတ်သည် ထိုမိုး‌ရေကို အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူသူထံ ကျ‌ရောက်‌စေ‌တော်မူသည့်အခါ သူတို့သည် ချက်ချင်းပင် ဝမ်း‌မြောက်‌ပျော်ရွှင်သွားကြသည်။

    [49] ထို့ပြင် သူတို့သည် ထိုသို့ ဝမ်း‌မြောက်‌ပျော်ရွှင်မှု မဖြစ်ရ‌သေးမီ ထိုမိုးမရွာမီက အမှန်ပင် ‌မျှော်လင့်ချက် ကင်းမဲ့လျက်ရှိခဲ့ကြသည်။

    [50] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်(မိုး)၏သ‌ကေင်္တများအား ကြည့်ပါ။ အရှင်မြတ်သည် ‌မြေပထဝီကို ထို‌မြေ(‌ခြောက်‌သွေ့)‌သေပြီး‌နောက် မည်သို့ရှင်‌စေ‌တော်မူခဲ့သနည်းဆိုသည်ကို ကြည့်ပါ။ အမှန်စင်စစ် ဤ‌မြေပထဝီကို ရှင်သန်‌စေသည့်အရှင်သည် ‌သေသူများအား ရှင်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [51] ထို့‌နောက် အမှန်ပင် အကယ်၍ ငါအရှင်မြတ်က (အခြား)‌လေ(ပူကြမ်း)တစ်မျိုးကို ‌စေလွှတ်‌တော်မူ၍ သူတို့သည် ထို လယ်ယာအား(‌ခြောက်‌သွေ့၍)ဝါ‌နေသည်ကို ‌တွေ့မြင်ခဲ့ကြလျှင် သူတို့သည် ထို(ကဲ့သို့ ဝါသွားပြီးသည့်)‌နောက်တွင် အမှန်ပင် ‌ကျေးဇူးကန်းကြလိမ့်ဦးမည်။

    [52] ထို့‌နောက် အမှန်ပင် အသင်(တမန်‌တော်)သည် (မိမိ၏စကားကို)‌သေသူများအား ကြား‌စေနိုင်မည် မဟုတ်‌ပေ။* ထို့ပြင် အသင်သည် နားပင်းသူများအားလည်း သူတို့‌ကျောခိုင်းလှည့်ထွက်သွားသည့်အခါ (မိမိ၏)ဟစ်‌ခေါ်သံကို ကြား‌စေနိုင်မည်မဟုတ်‌ပေ။

    [53] ထို့ပြင် အသင်သည် မျက်စိကန်းသူများအားလည်း သူတို့၏လမ်းလွဲခြင်းမှ(ကယ်တင်ရန်) လမ်းမှန်ကို ညွှန်ကြားပြသနိုင်မည်မဟုတ်‌ပေ။ အသင်သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်၍နာခံသူများကိုသာ ကြား‌စေနိုင်မည်ဖြစ်သည်။

    [54] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ချည့်နဲ့ရာမှ ဖန်ဆင်း‌တော်မူသည့်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် ချည့်နဲ့မှု၏‌နောက်တွင် အင်အားကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် အင်အား၏‌နောက်တွင် ချည့်နဲ့မှုနှင့် အိုမင်းရင့်‌ရော်မှုကို ပြုလုပ်‌တော်မူခဲ့သည်။* အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်အရာအား ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] ထို့ပြင် ကိယာမသ်ဆိုက်‌ရောက်မည့်‌နေ့တွင် အပြစ်ကျူးလွန်ခဲ့ကြသည့်သူများက သူတို့သည် အချိန်အနည်းငယ်ထက် ပိုမ‌နေခဲ့ကြရ‌ပေဟု ကျိန်‌ပြောကြမည်။ သူတို့သည် ဤသို့ပင်(‌လောကီတွင် လိမ်လည်ကျိန်ဆိုပြီး) လှည့်စားခံခဲ့ကြရသည်။

    [56] ထို့ပြင် အသိပညာနှင့် အီမာန်‌ပေးသနားခံခဲ့ကြရသည့်သူများကမူ “အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတွင်ပါရှိသည့်အတိုင်း ရှင်ပြန်ထမည့်‌နေ့အထိ ‌နေခဲ့ကြခြင်းဖြစ်သည်။ ထို့‌နောက် ဤသည် ရှင်ပြန်ထမည့်‌နေ့ပင်ဖြစ်သည်။ သို့ရာတွင် အသင်တို့သည် မယုံကြည်ခဲ့ကြ‌ပေ“*ဟု ‌ပြောဆိုကြမည်။

    [57] ထို့ပြင် ထို‌နေ့တွင် မတရားပြုလုပ်ခဲ့ကြသည့်သူများကို သူတို့၏အ‌ကြောင်းပြချက်သည် အကျိုး‌ပေးမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ‌ကျေနပ်‌အောင် နှစ်သိမ့်ခိုင်းခြင်းခံကြရမည်လည်း မဟုတ်‌ပေ။

    [58] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်း‌တော်မြတ်ထဲတွင် ပမာမျိုးစုံကို ခိုင်းနှိုင်းပြထား‌တော်မူသည်။ ထို့‌နောက် အကယ်၍ အသင်သည် သူတို့ထံသို့(အဘယ်မျှကြီးသည့်) သက်‌သေသာဓကတစ်ခုကိုဖြစ်‌စေ ယူ‌ဆောင်လာခဲ့လျှင်လည်း အမှန်စင်စစ် ငြင်းပယ်သူများက “အသင်တို့သည် (‌မှော်အတတ်နှင့်) အမှားပြုလုပ်(လိမ်လည်ကြံရွယ်)သူများပင် ဖြစ်ကြသည်“ဟု ‌ပြောဆိုကြမည်ပင်ဖြစ်သည်။

    [59] အလ္လာဟ်အရှင်မြတ်သည် မသိနားမလည်သည့်(အပြင် နားလည်ရန်ပင် မလိုလား‌သော)သူများ၏ စိတ်နှလုံးများအ‌ပေါ်တွင် ဤသို့ပင် တံဆိပ်ခတ်နှိပ်‌တော်မူသည်။

    [60] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် မှန်ကန်‌သော ကတိ‌တော်ပင်ဖြစ်သည်။ ထို့ပြင် (ပွင့်လင်းမြင်သာ‌သော သက်‌သေလက္ခဏာ အ‌ထောက်အထားများအား) မယုံကြည်သူများက အသင့်ကို သည်းမခံနိုင်သည်အထိ(စိတ်)ကျဉ်းကျပ် ချည့်နဲ့မှုမျိုးဖြစ်‌အောင် မပြုလုပ်‌စေနှင့်။

    Surah 31
    လုက္ကမန်

    [1] အလိဖ် လာမ် မီမ်။

    [2] ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံ‌သော ကျမ်းဂန်၏အာယသ်‌တော်များဖြစ်သည်။

    [3] (ထိုအာယသ်‌တော်များသည်) ‌ကောင်းမြတ်သည့်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာ‌တော်ဖြစ်သည်။

    [4] ထိုသူများသည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြသည်။ ထို့ပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ထို့ပြင် သူတို့သည် တမလွန်ဘဝကိုလည်း ယုံကြည်ကြသည်။

    [5] သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ တရားလမ်းမှန်‌ပေါ်တွင် ရှိကြသည်။ သူတို့ပင် ‌အောင်မြင်မှုရရှိသူများ ဖြစ်ကြသည်။

    [6] ထို့ပြင် လူများထဲတွင် အသိပညာအ‌ထောက်အထားမရှိဘဲ (သူတစ်ပါးအား) အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲ‌ချော်‌အောင်အတွက်နှင့် ထိုလမ်းကို ‌ပြောင်‌လှောင်မှုပြုလုပ်ရန်အတွက် အကျိုးမဲ့စကား*ကို ဝယ်ယူသူလည်းရှိသည်။ ထိုသူများအတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ရှိသည်။

    [7] ထို့ပြင် သူ၏‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များ ဖတ်ကြားသည့်အခါ သူသည် ထိုအာယသ်‌တော်များအား မကြားသည့်ပမာနှင့် သူ၏နားနှစ်ဖက်သည် ပင်း‌နေသကဲ့သို့ မာန‌ထောင်လျက် မျက်နှာလွှဲသွားသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူ့အား နာကျင်‌စေသည့်ပြစ်ဒဏ်နှင့်ပတ်သက်‌သော သတင်းကို‌ပြောလိုက်ပါ။

    [8] အမှန်စင်စစ် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များအား ပြုလုပ်ကြသူများအတွက် စည်းစိမ်ချမ်းသာနှင့်ပြည့်စုံ‌သော ဥယျာဉ်များရှိသည်။

    [9] (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြု‌တော်မူထားသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [10] အရှင်မြတ်သည် မိုး‌ကောင်းကင်များအား အသင်တို့ ‌တွေ့မြင်နိုင်သည့်တိုင်များမပါဘဲ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီတွင် ထို‌မြေသည် အသင်တု့ိနှင့် ယိုင်မသွား‌စေရန် ‌တောင်များအား (‌ကျောက်ဆူးကဲ့သို့)ချထား‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထို‌မြေ‌ပေါ်တွင် သတ္တဝါအမျိုးမျိုးအား ပြန့်ပွား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူပြီး‌နောက် ထို‌မြေတွင် ‌ကောင်းမြတ်‌သော(အပင်)အမျိုးမျိုးကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [11] ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုများပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ တခြားသူများက မည်သည့်အရာများအား ဖန်ဆင်းခဲ့ကြသနည်းဆိုသည်ကို ငါ့အား ပြကြပါ။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် မတရားသူများသည် ထင်ရှား‌သော လမ်းလွဲမှုထဲတွင် ရှိ‌နေကြခြင်းဖြစ်သည်။

    [12] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် လွတ်က်မာန်ကို ဉာဏ်ပညာ အ‌မြော်အမြင်‌ပေးသနား‌တော်မူခဲ့သည်။* (သို့ဖြစ်ရာ)အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကျေးဇူးတင်ပါ။* ထို့ပြင် မည်သူမဆို ‌ကျေးဇူးတင်လျှင် မိမိအတွက် ‌ကျေးဇူးတင်ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သူမဆို ‌ကျေးဇူးကန်းခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ (ထို‌ကျေးဇူးကန်းခြင်းသည် အလ္လာဟ်အရှင်မြတ်အား မည်သို့မျှ ထိခိုက်နစ်နာ‌စေမည်မဟုတ်‌ပေ။)

    [13] ထို့ပြင် တစ်ခါက လွတ်က်မာန်သည် သူ၏သားကို (ဤသို့)ဆုံးမလျက် သူက ‌ပြောဆိုခဲ့သည်၊ “အို- ချစ်သား၊ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်မှု မပြုနှင့်။ အမှန်စင်စစ် တွဲဖက်ကိုးကွယ်ခြင်းသည် အမှန်ပင် ကြီး‌လေး‌သောမတရားမှုဖြစ်သည်။“

    [14] ထို့ပြင် ငါအရှင်မြတ်သည် လူသားအား သူ၏မိဘနှစ်ပါးနှင့်ပတ်သက်၍ အမိန့်‌ပေး‌တော်မူခဲ့သည်။ သူ၏မိခင်သည် ချည့်နဲ့မှုအ‌ပေါ်တွင် ချည့်နဲ့မှုနှင့် သူ့အား လွယ်ပိုက်ထားခဲ့သည်။ ထို့ပြင် ၂နှစ်‌ရောက်သည့်အခါ(မှသာလျှင်) နို့ဖြတ်သည်။ (သို့ဖြစ်ရာ) အသင်သည် ငါအရှင်မြတ်နှင့် အသင်၏မိဘနှစ်ပါးအား ‌ကျေးဇူးတင်ပါ။ (အသင်၏)ပြန်လှည့်ရာဌာနသည် ငါအရှင်မြတ်ထံ‌တော်၌သာဖြစ်သည်။

    [15] ထို့ပြင် အကယ်၍ အသင်၏မိဘနှစ်ပါးက အသင့်တွင် အ‌ထောက်အထားမရှိသည့်အရာတစ်စုံတစ်ခုကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်မ အသင့်အား အကျပ်ကိုင်ကြိုးစားခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါး၏(ထို)အမိန့်ကို မနာခံနှင့်။* ထို့ပြင် အသင်သည် ဤဘဝတွင် ထိုမိဘနှစ်ပါးနှင့် ‌ကောင်းမွန်စွာ ဆက်ဆံပါ။ ထို့ပြင် အသင်သည် ငါအရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်နှင့် ပြန်လှည့်သူ၏လမ်းစဉ်ကို လိုက်နာပါ။ ထို့‌နောက် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လှည့်လာကြရမည်ဖြစ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့သည်များကို အသင်တို့အား အသိ‌ပေး‌တော်မူမည်ဖြစ်သည်။

    [16] (လွတ်က်မာန်က မိမိသားကို ဆုံးမသည်မှာ)အို- ချစ်သား၊ အမှန်စင်စစ် (အ‌ကောင်း သို့မဟုတ် အဆိုး)လုပ်ရပ်တစ်စုံတစ်ခုသည် မုန်ညှင်း‌စေ့ခန့်မျှသာဖြစ်ပြီး၊ ‌ကျောက်‌ဆောင်တစ်စုံတစ်ခုတွင်ရှိ‌နေသည်ဖြစ်‌စေ၊ မိုး‌ကောင်းကင်များတွင် ရှိသည်ဖြစ်‌စေ၊ ‌မြေကြီးအတွင်း၌ ရှိ‌နေသည်ဖြစ်‌စေ အလ္လာဟ်အရှင်မြတ်သည် ထိုလုပ်ရပ်ကို (အရှင်မြတ်‌ရှေ့၌) အသင့်‌ရောက်‌စေ‌တော်မူမည်ပင် ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] အို- ချစ်သား၊ အသင်သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ပါ။ ထို့ပြင် အသင်သည် ‌ကောင်းမှုနှင့်ပတ်သက်၍ ညွှန်ကြားပါ။ ထို့ပြင် အသင်သည် မ‌ကောင်းမှုမှ တားမြစ်ပါ။ ထို့ပြင် အသင်သည် အသင့်တွင် ကျ‌ရောက်သည့်ဒုက္ခအ‌ပေါ်တွင် ကြံ့ကြံ့ခံပါ။ အမှန်စင်စစ် ထိုအရာသည် ဇွဲသတ္တိနှင့်ဆိုင်‌သော အမှုကိစ္စများထဲမှပင်ဖြစ်သည်။

    [18] ထို့ပြင် အသင်သည် လူများ‌ရှေ့၌ အသင်၏မျက်နှာကို (မျက်နှာချင်းမဆိုင်ချင်သည့်ပုံစံမျိုးနှင့်) လှည့်မထားနှင့်။ ထို့ပြင် အသင်သည် ‌မြေ‌ပေါ်တွင် ‌မော်ကြွားပြီး လမ်းမ‌လျှောက်နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အထင်ကြီးသူ၊ ဂုဏ်‌မောက်သူကိုမှ နှစ်သက်‌တော်မမူ‌ပေ။

    [19] ထို့ပြင် အသင်သည် အသင်၏လမ်း‌လျှောက်မှုတွင် အလယ်အလတ်ပြုလုပ်ပါ။ (သိက္ခာ‌စောင့်စည်းပါ)။ ထို့ပြင် အသင်သည် အသင်၏အသံကို နှိမ့်ချပါ။ အမှန်စင်စစ် စက်ဆုပ်ဖွယ်အဖြစ်ဆုံးအသံကမူ မြည်း၏အသံပင်ဖြစ်သည်။

    [20] အသင်တို့သည် မမြင်ခဲ့ကြသ‌လော၊ အမှန်စင်စစ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အကျိုး)အတွက် ‌ကောင်းကင်များတွင်ရှိ‌သောအရာများနှင့် ‌မြေပထဝီတွင်ရှိ‌သောအရာများကို အသုံးချထား‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏မြင်သာ‌သော ‌ကျေးဇူး‌တော်များနှင့် မမြင်သာ‌သော‌ကျေးဇူး‌တော်များအား* အသင်တို့အ‌ပေါ်တွင် ပြည့်စုံစွာ ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် လူများထဲမှ အချို့သည် မည်သည့်ပညာမှမရှိ၊ မည်သည့်လမ်းညွှန်မှုမှမရှိ၊ မည်သည့်ထွန်းလင်းသည့်ကျမ်းမှ မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်းသာ ကိုးကွယ်ခြင်းခံထိုက်မှု)နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်‌လေ့ရှိကြသည်။

    [21] ထို့ပြင် သူတို့အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေးသနား‌တော်မူခဲ့သည်ကို လိုက်နာကြပါဟု ‌ပြောခဲ့လျှင်၊ သူတို့က ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများ လိုက်နာခဲ့ကြသည်ကို ‌တွေ့ရှိကြရသည့်လမ်းစဉ်ကိုပင် ကျွန်ုပ်တို့ လိုက်နာကြမည်ဟု ‌ဖြေကြားခဲ့သည်။ ထိုအဘ၊ ဘိုး၊ ‌ဘေးများကို ရှိုင်သွာန်သည် ငရဲဘုံ၏ပြစ်ဒဏ်ဘက်သို့ ဖိတ်‌ခေါ်‌နေသည်ဆိုလျှင်လည်း (သူတို့သည် ထိုသူများ၏လမ်းစဉ်ကို လိုက်နာကြဦးမည်‌လော)။

    [22] ထို့ပြင် မည်သူမဆို (အမှန်‌နောက်လိုက်ပြီး) မိမိ၏ဦးတည်ချက်ကို အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်၍(လိုက်နာမှုပြုလျှင်) ထိုသူသည် (စိတ်ထား‌ကောင်းမွန်စွာဖြင့်) ‌ကောင်းကျိုး‌ဆောင်ရွက်သူလည်းဖြစ်လျှင် အမှန်စင်စစ် ထိုသူသည် ခိုင်မြဲ‌သောကြိုးကွင်းကို ဆွဲကိုင်ထားလိုက်ပြီဖြစ်သည်။ ထို့ပြင် ကိစ္စဟူသမျှ၏အဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။

    [23] ထို့ပြင် မည်သူမဆို ငြင်းပယ်ခဲ့လျှင်၊ သူ၏ငြင်းပယ်မှု‌ကြောင့် အသင်(တမန်‌တော်)မပူ‌ဆွေးပါနှင့်။ သူတို့ ပြန်လည်ရာသည် ငါအရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် (လျှို့ဝှက်ထား)ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [24] ငါအရှင်မြတ်သည် သူတို့အား အချိန်အနည်းငယ်ပင် အကျိုးခံစားခွင့်‌ပေး‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်‌သော ပြစ်ဒဏ်ထံသို့ မလွဲမ‌သွေ ‌မောင်းနှင်ပို့‌ဆောင်‌တော်မူမည် ဖြစ်သည်။

    [25] ထို့ပြင် အကယ်၍ အသင်သည် သူတို့အား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟု ‌မေးလျှင် အမှန်စင်စစ် သူတို့က အလ္လာဟ်အရှင်မြတ်ပင်ဟု ‌ပြောဆိုကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် အသိမရှိကြ‌ပေ။

    [26] မိုး‌ကောင်းကင်တွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သည့်အရာများသာလျှင် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [27] ထို့ပြင် အကယ်၍ ‌မြေပထဝီတွင် ရှိသမျှသစ်ပင်များသည် က‌လောင်များဖြစ်၍ ပင်လယ်သည် (မင်ဖြစ်ကာ ထိုပင်လယ်ကုန်ခန်းသွားပြီး‌နောက်) ပင်လယ်ခုနစ်ခုသည် ထို(ခန်း‌ခြောက်သွားသည့်)ပင်လယ်အား ထပ်ဖြည့်လျှင်လည်း အလ္လာဟ်အရှင်မြတ်၏စကား‌တော်များသည် ကုန်ဆုံးမည်မဟုတ်‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [28] အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူခြင်းနှင့် အသင်တို့အား ရှင်ပြန်ထ‌စေ‌တော်မူခြင်းသည် လူတစ်‌ယောက်(ကို ဖန်ဆင်း‌တော်မူပြီး ရှင်ပြန်ထ‌အောင်ပြုလုပ်သ)ကဲ့သို့ဖြစ်သည်။ (အရှင်မြတ်အတွက် မည်သို့မျှ ခက်ခဲမှုမရှိ‌ပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [29] အသင် မသိမြင်ခဲ့သ‌လော၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို ‌နေ့ထဲတွင်၊ ‌နေ့(၏အစိတ်အပိုင်းများ)ကို ညထဲတွင် ဝင်‌စေ‌တော်မူခဲ့သည်။ (သို့ဖြစ်ရာ ညတာ တိုခြင်း ရှည်ခြင်း၊ ‌နေ့တာ တိုခြင်း ရှည်ခြင်း ဖြစ်‌ပေါ်လာရသည်)။ ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို နိုင်နင်း‌စေ‌တော်မူခဲ့သည်။ သူတို့တစ်ခုစီသည် သတ်မှတ်ပြဋ္ဌာန်းထား‌သော အချိန်အထိ သွားလာလှုပ်ရှား‌နေကြမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [30] ဤ(အစီစဉ်များဖြစ်‌နေသည့်အ‌ကြောင်းရင်း)ကမူ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် (တည်ရှိ‌နေသည်မှာ) မှန်ကန်သည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်‌ခေါ်‌နေသည့်အရာများသည် မုချ မှားသည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။

    [31] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် ပင်လယ်ထဲတွင် ရွက်သ‌ဘေင်္ာများ သွားလာလှုပ်ရှား‌နေကြခြင်းသည် အရှင်မြတ်က အသင်တို့အား အရှင်မြတ်၏အချို့သက်‌သေသာဓကများကို ပြသ‌တော်မူရန်အတွက်ဖြစ်‌ကြောင်း အသင် မမြင်ခဲ့‌လေသ‌လော။ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံ‌သော အလွန်‌ကျေးဇူးသိတတ်‌သော သူတိုင်းအတွက် အမှန်ပင် သက်‌သေသာဓကများ ရှိသည်။

    [32] ထို့ပြင် သူတို့အား လှိုင်းများသည် အရိပ်များ(အမိုးများ)ကဲ့သို့ လွှမ်းမိုးသည့်အခါ သူတို့သည် ယုံကြည်ချက်ကို အရှင်မြတ်တစ်ပါးတည်းအတွက်သာ သီးသန့်ပြုလုပ်ကြသည့်သူများအဖြစ်နှင့် အလ္လာဟ်အရှင်မြတ်အား ဟစ်‌ခေါ်တသကြသည်။ ထို့‌နောက် ငါအရှင်မြတ်က သူတို့အား ကယ်တင်ပြီး ကုန်း‌ပေါ်သို့ပို့လိုက်သည့်အခါ သူတို့ထဲမှ အချို့ကမူ အလယ်အလတ်လမ်းစဉ်ကို လိုက်ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော် (ထင်ရှား‌သော‌ကျေးဇူး‌တော်)များကို ‌ကျေးဇူးကန်းကတိ‌ဖောက်ဖျက်သည့်သူ‌တွေသာ ငြင်းပယ်‌လေ့ရှိကြသည်။

    [33] အို- လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့်ဖခင်တစ်ဦးကမှ သူ၏သားအတွက် အ‌ထောက်အကူမပြုနိုင်သည့်အပြင်၊ မည်သည့်သားတစ်ဦးကမှလည်း သူ၏ဖခင်အတွက် အ‌ထောက်အကူပြုနိုင်မည်မဟုတ်သည့်‌နေ့အား စိုးရိမ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကတိ‌တော်သည် မှန်ကန်သည်။ သို့ဖြစ်ရာ ဤဘဝတွင် အသက်ရှင်ခြင်းက အသင်တို့အား လုံးဝ မလှည့်ဖြား‌စေနှင့်။ ထို့ပြင် ထိုလှည့်စားသူ (ရှိုင်သွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မလှည့်ဖြား‌စေနှင့်။

    [34] အမှန်စင်စစ် ရှင်ပြန်ထမည့်‌နေ့၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အရှင်မြတ်ပင် မိုး‌ရေကို ရွာချ‌ပေး‌တော်မူသည်။ ထို့ပြင် (မိခင်များ၏) သားအိမ်များတွင် မည်သည့်အရာများရှိသည်ဆိုသည်ကိုလည်း အရှင်မြတ်ပင်သိ‌တော်မူသည်။ ထို့ပြင် မည်သူမျှ နက်ဖြန်တွင် သူမည်သည့်အရာပြုလုပ်မည်ကို မသိ‌ပေ။ ထို့ပြင် မည်သူမျှ မည်သည့်‌နေရာတွင် သူ‌သေဆုံးမည်ကို မသိ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပင် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 32
    ဦးညွှတ်ခြင်း

    [1] အလိဖ် လာမ် မီမ်။

    [2] ကျမ်းဂန်ကို ချ‌ပေးခြင်းသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ဖြစ်သည်။ ထိုအထဲတွင် သံသယဖြစ်ဖွယ်ရာ မရှိ‌ပေ။

    [3] သူတို့က ၎င်း(တမန်‌တော်)သည် ဤကျမ်းကို လုပ်ကြံဖန်တီးထားသည်ဟု ဆိုကြသ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ဤကျမ်းသည် အသင်၏မတိုင်မီက သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးမျှ လာ‌ရောက်ခြင်းမရှိ‌သေး‌သော အမျိုးသားများအား သူတို့ တရားလမ်းမှန်ရကြရန်အတွက် အသင် သတိ‌ပေးနှိုး‌ဆော်ရန် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ (ချ‌ပေး‌တော်မူ‌သောကျမ်း) အမှန်ပင်ဖြစ်သည်။

    [4] အလ္လာဟ်အရှင်မြတ်သည်ပင် မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်းပြီး‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။ အသင်တို့အတွက် ထိုအရှင်မြတ်အပြင် ကူညီမည့်သူနှင့် ကြားဝင်အသနားခံ‌ပေးမည့်သူဟူ၍ မည်သူမျှမရှိ‌ပေ။ ထို့‌နောက်လည်း အသင်တို့သည် သတိတရားမရကြ‌လေသ‌လော။

    [5] အရှင်မြတ်သည် မိုး‌ကောင်းကင်မှ ‌မြေပထဝီအထိ ကိစ္စဟူသမျှကို စီမံခန့်ခွဲ‌တော်မူသည်။* ထို့ပြင် ထိုကိစ္စများသည် အသင်တို့‌ရေတွက်ကြ‌သော အ‌ရေအတွက်နှင့် နှစ်‌ပေါင်းတစ်‌ထောင်အတိုင်းအတာရှိသည့် ‌နေ့တစ်‌နေ့တွင်* အရှင်မြတ်ထံ‌တော်သို့ တက်သွားမည်ဖြစ်သည်။

    [6] အရှင်မြတ်သည် ဖုံးကွယ်‌နေသည်များနှင့် ထင်ရှား‌နေသည်များကို သိ‌တော်မူ‌သော တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [7] အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သောအရာတိုင်းအား အ‌ကောင်းဆုံးပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် လူသားဖန်ဆင်းခြင်းကို ရွှံ့ညွှန်နှင့် အစပြု‌တော်မူခဲ့သည်။

    [8] ထို့‌နောက် အရှင်မြတ်သည် လူသား၏အဆက်အနွယ်များကို ညှစ်ထုတ်ထား‌သော (ပန်းထွက်သည့်) အဖိုးမတန်သည့်(သုက်)ရည်ဖြင့် ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။

    [9] ထို့‌နောက် အရှင်မြတ်သည် သူ့ကို ‌နေသားတကျ ပြုလုပ်‌တော်မူပြီး (သူ၏ခန္ဓာကိုယ်)ထဲတွင် အရှင်မြတ်ထံ‌တော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် နား၊ မျက်စိနှင့် စိတ်နှလုံးများကို ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။ (သို့ပါလျက်နှင့်) အသင်တို့သည် အနည်းငယ်သာ ‌ကျေးဇူးတင်ကြသည်။

    [10] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ‌မြေကြီးထဲတွင် ‌ဆွေးမြည့်‌ပျောက်ကွယ်သွားကြသည့်အခါ အသစ်ပြန် ဖန်ဆင်းခြင်းခံကြရဦးမည်‌လော။“ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ‌တွေ့ဆုံမှုကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသည်။

    [11] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ခြင်းခံရ‌သော ‌သေမင်းတမန်သည် အသင်တို့၏အသက်ကို နှုတ်သိမ်းမည်။ ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် ပြန်‌ရောက်‌စေခြင်းကို ခံကြရမည်။

    [12] အကယ်၍ (ထို‌နေ့၏မြင်ကွင်းကို) အသင်‌တွေ့မြင်လျှင် (အဘယ်မျှ အံ့ဩလိုက်မည်နည်း)။ ထို‌နေ့တွင် အပြစ်ရှိသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ သူတို့၏ဦး‌ခေါင်းများကို ငိုက်စိုက်ချ၍ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ (ယခုမူ) ကျွန်ုပ်တို့သည် မြင်လည်းမြင်ကြပြီဖြစ်ပါသည်၊ ကြားလည်းကြားကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား (‌လောကသို့)ပြန်ပို့‌ပေး‌တော်မူပါ။ (ဤတစ်ခါမူ) ကျွန်ုပ်တို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကိုသာ ပြုလုပ်ကြပါ‌တော့မည်။ (ယခု) ကျွန်ုပ်တို့သည် အမှန်ပင် ယုံကြည်သူများ ဖြစ်ကြပါပြီ“ဟု ‌ပြောဆိုကြလိမ့်မည်။

    [13] ထို့ပြင် အကယ်၍ ငါအရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် လူတိုင်းကို သူတို့၏ လမ်းမှန်ညွှန်ကြားပြသချက် အမှန်ပင် ‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များ၊ လူများနှင့် စု‌ပေါင်းပြီး ဖြည့်‌တော်မူမည်ဟု ငါအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်သည် စင်စစ် အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။

    [14] “ယခုမူ အသင်တို့သည် အသင်တို့၏ ဤ‌နေ့ဤရက်တွင် ‌တွေ့ဆုံကြရမည်ကို ‌မေ့‌နေခဲ့ခြင်း၏အရသာကို မြည်းစမ်းကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့အား ‌မေ့ထား‌တော်မူလိုက်ပြီဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ‌ကြောင့် ထာဝရ ပြစ်ဒဏ်၏အရသာကို မြည်းစမ်းလိုက်ကြပါ။“

    [15] ငါအရှင်မြတ်၏အာယသ်‌တော်များကို အကြင်သူများပင် ယုံကြည်ကြသည်။ ထိုသူများသည် ထိုအာယသ်‌တော်များနှင့် သတိ‌ပေးခြင်းခံခဲ့ကြရသည့်အခါ သူတို့သည် မာန‌ထောင်လွှားခြင်းမရှိကြဘဲလျက် စဂျ်ဒဟ်ဦးချကာ ကျလာခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆိုခဲ့ကြသည်။

    [16] သူတို့၏နံ‌ဘေးများသည် အိပ်ရာများမှ ခွဲခွာလျက်ရှိကြသည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့လျက်၊ ‌မျှော်လင့်လျက်နှင့် ဟစ်‌ခေါ်တသကြသည့်အပြင် သူတို့အား ငါအရှင်မြတ်က ‌ပေး‌တော်မူထားသည့်အရာများထဲမှ သုံးစွဲလှူဒါန်းမှုကိုလည်း ပြုလုပ်ကြသည်။

    [17] ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့်လုပ်ရပ်များ၏ အကျိုး‌ကျေးဇူးအဖြစ် လျှို့ဝှက်ထား‌သော မျက်စိ‌အေးမြကြည်လင်မှုကို မည်သူမျှ မသိ‌ပေ။

    [18] သို့ဖြစ်ရာ အီမာန်ယုံကြည်သူသည် အမိန့်ဖီဆန်သည့်သူနှင့် တူသ‌လော။ သူတို့သည် မတူကြ‌ပေ။

    [19] မည်သို့ပင်ဖြစ်‌စေ၊ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအတွက် သူတို့ပြုလုပ်ခဲ့ကြသည်များကို ဧည့်သည်အ‌နေနှင့် ခိုလှုံ‌နေထိုင်ရာဥယျာဉ်များမရှိလိမ့်မည်။

    [20] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ အမိန့်‌တော်ကို ဖီဆန်ခဲ့ကြသည့်သူများ၏ ‌နေထိုင်ရာဌာနကမူ ငရဲပင်ဖြစ်သည်။ သူတို့သည် မည်သည့်အခါပင်ဖြစ်‌စေ ငရဲထဲမှထွက်ရန် ကြံရွယ်ခဲ့လျှင် ထိုငရဲမီးထဲသို့ပင် ပြန်တွန်းပို့ခြင်းခံကြရမည်။ ထို့ပြင် သူတို့အား “အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲကြ‌သော ထိုငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“ဟု ‌ပြောဆိုခြင်းကို ခံကြရဦးမည်ဖြစ်သည်။

    [21] ထို့ပြင် သူတို့သည် (သူတု့ိ၏တွဲဖက်ကိုးကွယ်ရာများမှစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ထိုပြစ်ဒဏ်ကြီးမ‌ပေး‌သေးမီ ဤဘဝတွင် ပြစ်ဒဏ်ငယ်‌လေးနှင့် (သတိ‌ပေး)မြည်းစမ်း‌စေဦးမည်ဖြစ်သည်။

    [22] အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အာယသ်‌တော်များနှင့် သတိ‌ပေးခြင်းခံခဲ့ရသည်။ ထို့‌နောက် သူသည် ထိုအာယသ်‌တော်များမှ မျက်နှာလွှဲခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အပြစ်ရှိသူများကို တန်ပြန်အ‌ရေးယူ‌တော်မူမည့် အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [23] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကိုလည်း (အသင်တမန်‌တော်ကို ‌ပေးသကဲ့သို့) ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် ၎င်း(ကျမ်းဂန်)ကို‌တွေ့ဆုံမှု* နှင့်ပတ်သက်၍ မည်သည့်သံသယမျှ မရှိ‌လေနှင့်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်မူစာကို ‌ပေး‌တော်မူခဲ့သည့်)ကျမ်းဂန်ကို အစ္စရာအီလ်မျိုးနွယ်ဝင်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [24] ထို့ပြင် ငါအရှင်မြတ်သည် ထိုအစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ သူများအား သည်းခံခဲ့ကြသည့်အခါ ‌ရှေ့‌ဆောင်အီမာမ်များ ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်‌တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ယုံကြည်သူများလည်းဖြစ်ခဲ့ကြသည်။

    [25] အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ်‌နေ့တွင် သူ(မုအ်မင်န်များ နှင့် မုရှ်ရိက်များ)တို့၏အကြားတွင် သူတို့ ကွဲလွဲခဲ့‌နေကြသည့် ကိစ္စများနှင့်ပတ်သက်၍ (အမှား အမှန်ကို ယတိပြတ်)စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။

    [26] ငါအရှင်မြတ်သည် သူတို့မတိုင်မီ မျိုးနွယ်အ‌မြောက်အမြားကို (သူတို့၏ပြစ်မှုများ‌ကြောင့်) ဖျက်ဆီး‌တော်မူခဲ့သည်။ သူတို့သည် ထို‌နေရာ‌ဒေသများတွင် သွားလာ‌နေကြသည်။ ထို့‌နောက်လည်း (ဤသည်) သူတို့အတွက် လမ်းမှန်ညွှန်ကြားပြသချက် မဖြစ်သ‌လော။ အမှန်စင်စစ် ထိုအထဲတွင် သက်‌သေသာဓကများ မုချရှိသည်။ ထို့‌နောက်လည်း သူတို့သည် မကြားကြ‌လေသ‌လော။

    [27] ထို့ပြင် သူတို့သည် မမြင်ကြ‌လေသ‌လော၊ အမှန်စင်စစ် ငါအရှင်မြတ်သည် မိုး‌ရေကို ‌ခြောက်‌သွေ့‌သော ‌မြေယာထံသို့ ‌မောင်းနှင်ပို့‌ပေး‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုး‌ရေနှင့် ‌ကောက်ပဲသီးနှံများအား ထွက်‌စေ‌တော်မူသည်။ ထိုအပင်များထဲမှ သူတို့၏ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များလည်း စားကြသည်။ သူတို့ကိုယ်တိုင်လည်း စားကြသည်။ ထို့‌နောက်လည်း သူတို့သည် မမြင်ကြသ‌လော။

    [28] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် ဤ(ကိယာမသ်)စီရင်ဆုံးဖြတ်ချက်သည် မည်သည့်အခါဖြစ်မည်နည်း။“

    [29] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုစီရင်ဆုံးဖြတ်မည့်‌နေ့တွင် ကာဖိရ်များ၏ယုံကြည်မှုသည် သူတို့အား အကျိုး‌ပေးမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ဆိုင်းငံ့ခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။

    [30] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့(၏‌ပြောဆိုမှုများ)အား လျစ်လျူရှုပြီး (အရှင်မြတ်၏ အဆုံးအဖြတ်ကိုသာ) ‌စောင့်ဆိုင်း‌နေပါ။ အမှန်စင်စစ် သူတို့လည်း (သူတို့ အထင်အမြင်အရ အသင်၏အ‌ပေါ် ဒုက္ခကျ‌ရောက်ရန်) ‌စောင့်ဆိုင်း‌နေကြသူများပင် ဖြစ်ကြသည်။

    Surah 33
    မဟာမိတ်များ

    [1] အို- တမန်‌တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ပြီး‌နေပါ၊ ထို့ပြင် အသင်သည် ကာဖိရ်များ၏‌ပြောဆိုချက်နှင့် မုနာဖိက် အ‌ယောင်‌ဆောင်များ၏ ‌ပြောဆိုချက်ကို မလိုက်နာပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [2] ထို့ပြင် အသင်သည် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ပို့ချခြင်းခံရ‌သော အမိန့်‌တော်များကိုပင် လိုက်နာပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။

    [3] ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ထားပါ။ အလ္လာဟ်အရှင်မြတ်သည် ကိစ္စဟူသမျှကို ပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ် လုံ‌လောက်‌တော်မူသည်။

    [4] အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားကိုမျှ သူ၏ခန္ဓာကိုယ်တွင် စိတ်နှလုံးနှစ်ခု ပြုလုပ်‌တော်မမူခဲ့‌ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများအား “အသင်မသည် ကျွန်ုပ်အ‌ပေါ်တွင် မိခင်ကဲ့သို့ ဟရာမ်ဖြစ်သည်“ဟု ‌ပြောဆို(ပြီး ဇွိဟာရ်ပြုလုပ်)ကြ‌သော‌ကြောင့် အသင်တို့၏ မိခင်များအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏‌မွေးစားသားများကိုလည်း အသင်တို့၏သား(အရင်း)များအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။* ထိုအရာများသည် အသင်တို့က အသင်တို့နှုတ်များဖြင့် ‌ပြောဆိုကြ‌သော အသင်တို့၏ (‌ဘောင်မဝင်‌သော)‌ပြောဆိုချက်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ အမှန်ကို မိန့်ကြား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ကပင် (မှန်ကန်သည့်)လမ်းကို ညွှန်ကြားပြသ‌တော်မူသည်။

    [5] အသင်တို့သည် သူတို့အား သူတို့၏ဖခင်(အရင်း)များနှင့် ဆက်စပ်ပြီး (မည်သူမည်ဝါ၏သားဖြစ်သည်ဟု) ‌ခေါ်‌ဝေါ်ကြပါ။ ထိုအရာပင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် တရားမျှတဆုံးဖြစ်သည်။* ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့၏ဖခင်များကို မသိခဲ့ကြလျှင် သူတို့သည် အသင်တို့၏ သာသနာဝင် ညီအစ်ကိုများဖြစ်ကြသည့်အပြင်၊ အသင်တို့၏မိတ်‌ဆွေများလည်း ဖြစ်ကြသည်။ ထို့ပြင် အသင်တို့အ‌ပေါ်တွင် အသင်တို့ ‌မေ့မှားပြီး ပြုလုပ်ခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်၍ မည်သည့်အပြစ်မျှ မရှိ‌ပေ။ သို့ရာတွင် အသင်တု့ိ၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြ‌သောကိစ္စမှာမူ (အပြစ်)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] တမန်‌တော်မြတ်သည် အီမာန်ယုံကြည်သူများနှင့် သူတို့ကိုယ်တိုင်ထက်ပင် ပို၍နီးစပ်သည်။* ထို့ပြင် ၎င်းတမန်‌တော်မြတ်၏ကြင်ရာ‌တော်များသည် အီမာန်ယုံကြည်သူများ၏မိခင်းများပင် ဖြစ်ကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်တွင် ‌သွေး‌တော်စပ်သူများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အခြားအီမာန်ယုံကြည်သူများနှင့် မုဟာဂျရ် စွန့်ခွာ‌ပြောင်း‌ရွှေ့သူများထက် ပိုမို၍ နီးစပ်သူများဖြစ်ကြသည်။* သို့ရာတွင် အသင်တို့သည် အသင်တို့၏မိတ်‌ဆွေများအား တစ်စုံတစ်ရာ ‌ကျေးဇူးပြုလိုပါက (ပြုပိုင်ခွင့်ရှိသည်)။ ဤသည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်း‌တော်တွင် ‌ရေးသားပြီးဖြစ်သည်။

    [7] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် တမန်‌တော်များထံသို့ ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ (ထိုတမန်‌တော်များထဲတွင်) အသင်၏ထံမှသာမက၊ (တမန်‌တော်များဖြစ်ကြသည့်) နူးဟ်၊ အိဗ်ရာဟီမ်၊ မူစာ၊ မရ်ယမ်၏သား အီစာတို့ထံမှလည်း (ကတိဝန်ခံချက် ယူ‌တော်မူခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။

    [8] (ထိုသို့ ဝန်ခံချက်ယူ‌တော်မူခဲ့ခြင်းမှာ) အရှင်မြတ်သည် မှန်ကန်သူများအား (ကိယာမသ်‌နေ့တွင်) သူတို့၏မှန်ကန်မှုနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်း‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအတွက် နာကျင်‌စေသည့်ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။

    [9] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အ‌ပေါ်တွင် (ပြု‌တော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ကို ပြန်လည် သတိရကြပါ။ တစ်ခါက အသင်တို့ထံသို့ စစ်တပ်အ‌မြောက်အမြားသည် (တိုက်ခိုက်ရန်) ချီတက်လာခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုစစ်တပ်များအ‌ပေါ်တွင် ‌လေပြင်းတစ်ခုနှင့် အသင်တို့မမြင်ရ‌သော စစ်တပ်များကို* ‌စေလွှတ်(သုတ်သင်‌စေ)‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေသည်များကို အလွန်မြင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [10] ထိုစဉ်က ထိုစစ်တပ်များသည် အသင်တို့၏အထက်ဘက်မှသာမက အသင်တို့၏‌အောက်ဘက်မှလည်း ချီတက်လာခဲ့ကြသည်။ ထို့ပြင် ထိုစဉ်က(‌ကြောက်လန့်ပြီး)မျက်စိများသည် ပြူးကျယ်သွားခဲ့ကြသည်။ ထို့ပြင် နှလုံးများသည်လည်း လည်မျိုများသို့ ‌ရောက်ရှိသွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမျိုးမျိုး ထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြသည်။

    [11] ထိုအခါတွင် အီမာန်ယုံကြည်သူများသည် စမ်းသပ်မှုခံခဲ့ရသည့်အပြင် ပြင်းထန်စွာ တုန်လှုပ်‌ချောက်ချား‌စေခြင်းကိုလည်း ခံခဲ့ကြရသည်။

    [12] ထို့ပြင် ထိုစဉ်က မုနာဖိက်အ‌ယောင်‌ဆောင်များနှင့် စိတ်နှလုံးများတွင် ‌ရောဂါရှိသူများက (ဤသို့)‌ပြောဆို‌နေခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် ကျွန်ုပ်တို့အား ဖြား‌ယောင်းသည်မှလွဲ၍ မှန်ကန်သည့်ကတိကို ‌ပေးခဲ့ကြသည်မဟုတ်‌ပေ“။

    [13] ထို့ပြင် ထိုစဉ်က ထိုသူများထဲမှ လူတစ်စုသည် ‌ပြောဆိုကြသည်- “အို- ယဆ်ရိဗ်မြို့သားတို့၊* အသင်တို့အတွက် ရပ်တည်ရာမရှိ‌တော့သည့်အတွက် အသင်တို့သည် ပြန်သွားကြပါ‌တော့“။ ထို့ပြင် သူတို့ထဲမှ လူတစ်စုက “အမှန်စင်စစ် ကျွန်ုပ်တို့၏အိမ်များသည် လုံခြုံမှုမရှိပါ“ဟု ‌ပြောဆိုပြီး တမန်‌တော်၏ထံတွင် ခွင့်ပန်‌နေကြသည်။ ထိုအိမ်များသည် မလုံခြုံသည့်အိမ်များမဟုတ်ဘဲလျက် သူတို့က ထွက်‌ပြေးရန်ပင် ကြံရွယ်‌နေကြခြင်းဖြစ်သည်။

    [14] ထို့ပြင် သူတို့ထံသို့ ထိုယဆ်ရိဗ်မြို့၏‌ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ်စစ်သည်များသည်)ဝင်‌ရောက်ခဲ့ကြလျှင် ထို့‌နောက် သူတို့သည် ဖျက်ဆီးမှုပြုရန် (မွတ်စ်လင်မ်များနှင့် တိုက်ခိုက်ရန်) ‌တောင်းဆို‌နေခြင်းကို ခံခဲ့ကြရလျှင် သူတို့သည် ထိုအိမ်များတွင် ‌ခေတ္တသာ‌နေ၍ ချက်ချင်းပင် ထိုဖျက်ဆီး(တိုက်ခိုက်)မှုကို အမှန်ပင် လက်ခံ ပြုလုပ်ကြမည်ဖြစ်သည်။

    [15] ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်ကတည်းက “‌ကျောခိုင်း ထွက်မ‌ပြေးပါ“ဟု အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုခဲ့ပြီးဖြစ်ကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ပြုခဲ့‌သော ကတိဝန်ခံချက်သည် စစ်‌ဆေး‌မေးမြန်းခြင်းခံရမည့် ကတိဝန်ခံချက်ပင်ဖြစ်သည်။

    [16] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့သည် ‌သေ‌ဘေးနှင့် အသတ်ခံရမည့်‌ဘေးမှ ထွက်‌ပြေးခဲ့ကြလျှင် အသင်တို့အား ထိုထွက်‌ပြေးခြင်းက မည်သည့်အရာမျှ အကျိုးရှိ‌စေမည် မဟုတ်‌ပေ။ ထို့ပြင် သို့ဖြစ်လျှင် အသင်တို့သည် (ထွက်‌ပြေးပြီး)အချိန်အနည်းငယ်မှလွဲ၍ အကျိုးခံစားရမည်လည်း မဟုတ်‌ပေ။“

    [17] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ‌ဘေးဒုက္ခတစ်စုံတစ်ခုကို ရည်ရွယ်‌တော်မူခဲ့လျှင် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ မည်သူသည် ကာကွယ်‌စောင့်‌ရှောက်မည်နည်း။ သို့မဟုတ် အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ‌ကျေးဇူးတစ်စုံတစ်ခုကို ရည်ရွယ်‌တော်မူလျှင် (မည်သူ ပိတ်ပင်နိုင်သနည်း)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတို့အတွက် ကူညီမည့်သူ မည်သူမျှ ‌တွေ့ရမည်မဟုတ်‌ပေ။ ကာကွယ်မည့်သူလည်း မည်သူမျှ ‌တွေ့ရမည်မဟုတ်‌ပေ။

    [18] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ တားဆီး‌နှောင့်ယှက်သူများနှင့် သူတို့၏ညီအစ်ကိုများအား “အသင်တို့သည် ကျွန်ုပ်တို့ထံသို့ လာခဲ့ကြပါ“ဟု ‌ပြောဆိုကြသည့်သူများကို သိရှိ‌တော်မူသည်။ ထို့ပြင် သူတို့ကိုယ်တိုင်မှာမူ စစ်တိုက်ရာသို့ လာကြသည်မရှိ‌ပေ၊ သို့ရာတွင် အနည်းငယ်မျှသာ လာကြသည်ဖြစ်၏။

    [19] အသင်တို့အ‌ပေါ်တွင် တွန့်တိုကြလျက်၊ ထို့ပြင် စိုးရိမ်ဖွယ်ရာတစ်စုံတစ်ခု ‌ပေါ်‌ပေါက်လာလျှင် သူတို့သည် ‌သေခြင်းဆိုက်‌ရောက်လာ၍ ‌မေ့‌မြော‌နေသူကဲ့သို့ မျက်စိများမူး‌ဝေလျက် အသင်၏ဘက်သို့ စိုက်ကြည့်‌နေကြသည်ကို အသင်‌တွေ့မြင်ရသည်။ ထို့‌နောက် စိုးရိမ်မှုပ‌ပျောက်သွားသည့်အခါ သူတို့သည်(သုံ့ပန်း)ပစ္စည်းများအ‌ပေါ်တွင် ‌လောဘတက်လျက် ထက်မြက်သည့်နှုတ်သီးများနှင့် အသင်တို့အား နာကျည်း‌စေရန် ‌စောင်း‌မြောင်း‌ပြောဆိုကြသည်။ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏လုပ်ရပ်များအား အကျိုးမဲ့ဖြစ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။

    [20] သူတို့သည် “‌ပေါင်းစည်းထားသည့်(ကာဖိရ် မဟာမိတ်)အုပ်စုများသည် (ယခုထိ)မသွားကြ‌သေး‌ပေ“ဟု ထင်မှတ်‌နေကြသည်။ ထို့‌နောက် ထိုစု‌ပေါင်းထားသည့်အုပ်စုများ‌ရောက်လာကြလျှင်၊ အမှန်စင်စစ် သူတို့သည် “အကယ်၍ ကျွန်ုပ်တို့သည် ‌ကျေးလက်‌တောရွာများတွင် ‌နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်း‌မေးမြန်း‌နေခဲ့လျှင် ‌ကောင်း‌လေစွ“ဟု ‌တောင့်တကြမည်။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့နှင့်အတူ ရှိ‌နေခဲ့ကြလျှင်လည်း အနည်းငယ်သာ တိုက်ခိုက်ကြမည်ဖြစ်သည်။

    [21] အမှန်စင်စစ် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်တွင် ‌ကောင်းမြတ်‌သော စံနမူနာရှိသည်။* အကြင်သူများအတွက်လည်းဖြစ်သည်၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့အား ‌ကြောက်ရွံ့ကြသည့်အပြင် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသလျက်ရှိကြသည်။

    [22] ထို့ပြင် အီမာန်ယုံကြည်သူများသည် စု‌ပေါင်းထားသည့် မဟာမိတ်အုပ်စုများကို ‌တွေ့မြင်ကြသည့်အခါ “ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ချိန်းဆို‌တော်မူခဲ့သည့်ကိစ္စပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်သည် မှန်ကန်စွာ မိန့်‌တော်မူခြင်းဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုကိစ္စသည် သူတို့တွင် အီမာန်ယုံကြည်မှုနှင့် လိုက်နာမှုကိုပင် တိုးပွား‌စေခဲ့သည်။

    [23] အီမာန်ယုံကြည်သူများထဲတွင် အလ္လာဟ်အရှင်မြတ်နှင့် သူတို့ပြုလုပ်ထား‌သော ကတိဝန်ခံချက်အတိုင်း မှန်ကန်စွာ ပြုလုပ်ခဲ့ကြသည့်သူများလည်း ရှိကြသည်။ ထို့ပြင် သူတို့ထဲတွင် သူတို့၏အဓိဋ္ဌာန်ကိုပြီးစီး‌အောင် ‌ဆောင်ရွက်ခဲ့သူများလည်း ရှိကြသည်။ ထို့ပြင် သူတို့ထဲတွင် (သူတို့၏အဓိဋ္ဌာန်ကိုပြီးစီး‌အောင် ‌ဆောင်ရွက်ရန်) ‌စောင့်စား‌နေသူများလည်း ရှိကြသည်။ သူတို့သည် အနည်းငယ်မျှပင် မ‌ပြောင်းလဲခဲ့ကြ‌ပေ။

    [24] (ထိုသို့ဖြစ်ရခြင်းကမူ) အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သူများအား သူတို့၏မှန်ကန်မှု‌ကြောင့် အစား‌ပေး‌တော်မူရန်အတွက်နှင့် အကယ်၍ အလိုရှိ‌တော်မူလျှင် မုနာဖိက်အ‌ယောင်‌ဆောင်များကို ပြစ်ဒဏ်‌ပေး‌တော်မူရန် သို့မဟုတ် သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [25] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား သူတို့သည် မည်သည့်အကျိုးမျှ မရရှိကြဘဲလျက် သူတို့၏ အမျက်‌ဒေါသများနှင့်တကွ ပြန်သွား‌စေ‌တော်မူခဲ့သည်။* ထို့ပြင် စစ်တိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများအတွက် လုံ‌လောက်‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားရှိ‌တော်မူ‌သော၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [26] ထို့ပြင် အရှင်မြတ်သည် သူတို့(ကာဖိရ် မဟာမိတ်များ)ကို ကူညီခဲ့ကြ‌သော ကျမ်းဂန်ရရှိသူများအား သူတို့၏ခံတပ်များမှ ထွက်‌စေ‌တော်မူခဲ့သည့်အပြင် သူတို့၏စိတ်နှလုံးများထဲတွင် ‌ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်း‌တော်မူခဲ့သည့်အတွက် အသင်တို့သည် သူတို့ထဲမှ လူတစ်စုအား သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူ (သုံ့ပန်းများအဖြစ်)ဖမ်းဆီးချုပ်‌နှောင်ကြသည်။

    [27] ထို့ပြင် အရှင်မြတ်သည် သူတို့၏‌မြေများ၊ သူတို့၏‌နေအိမ်များ၊ သူတို့၏ဥစ္စာပစ္စည်းများနှင့် အသင်တို့ ‌ခြေပင်မချရ‌သေး‌သော‌မြေများကို* အသင်တို့အား အ‌မွေဆက်ခံ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [28] အို- တမန်‌တော်၊ အသင်သည် အသင်၏ကြင်ရာများကို ‌ပြောလိုက်ပါ- အကယ်၍ အသင်မတို့သည် ဤဘဝနှင့် ဤဘဝ၏လှပတင့်တယ်မှုကို အလိုရှိကြလျှင် အသင်မတို့လာကြပါ၊ ငါသည် အသင်မတို့အား ‌ကျေနပ်‌အောင် အကျိုးခံစားခွင့်‌ပေးပြီး ‌ကောင်းမွန်စွာ စွန့်လွှတ်လိုက်မည်။

    [29] ထို့ပြင် အကယ်၍ အသင်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် တမလွန်ဘဝကို ရည်ရွယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့ထဲမှ ‌ကောင်းမြတ်သည့်လုပ်ရပ်များ ပြုလုပ်ကြသည့်သူမတို့အတွက် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။

    [30] အို- တမန်‌တော်၏ကြင်ရာအ‌ပေါင်းတို့၊ အသင်မတို့ထဲမှ မည်သူမဆို ထင်ရှား‌သော စက်ဆုပ်ဖွယ်ရာအမှုကို ပြုလုပ်လျှင် ထိုသူမသည် ပြစ်ဒဏ်နှစ်ဆတိုး‌ပေးခြင်းခံရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ထိုသို့ပြုလုပ်ရန် လွယ်ကူလှသည်။

    [31] ထို့ပြင် အသင်မတို့(ကြင်ရာ‌တော်များ)ထဲမှ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာသည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်လျှင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်၏ကြင်ရာ)အား သူမ၏အကျိုးနှစ်ဆ ‌ပေးသနား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမတို့အတွက် မြင့်မြတ်သည့်ချီးမြှင့်မှုကိုလည်း အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။

    [32] အို- တမန်‌တော်၏ကြင်ရာအ‌ပေါင်းတို့၊ အသင်မတို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြ‌ပေ။* သို့ဖြစ်ရာ အကယ်၍ အသင်မတို့သည် အပြစ်မှ‌ရှောင်ကြဉ်ကြလျှင် အသင်မတို့သည် စကား‌ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြနှင့်။ ထိုသို့‌ပြောဆိုမည်ဆိုလျှင် စိတ်တွင်း၌‌ရောဂါရှိသူသည် အလိုရမ္မက်ထားရှိကြလိမ့်မည်။ ထို့ပြင် အသင်မတို့သည် ‌ကောင်းမွန်‌သောစကားကိုသာ ‌ပြောဆိုကြပါ။

    [33] ထို့ပြင် အသင်မတို့သည် အသင်မတို့၏‌နေအိမ်များ၌ တည်ငြိမ်စွာ ‌နေထိုင်ကြပါ။* ထို့ပြင် ယခင် အမိုက်‌ခေတ်က အလှအပကို (အခြားအမျိုးသမီးများ)ထုတ်‌ဖော်ပြကြသကဲ့သို့ အသင်မတို့သည် အသင်မတို့၏အလှအပကို ထုတ်‌ဖော်မပြသကြနှင့်။ ထို့ပြင် အသင်မတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြပါ။ ထို့ပြင် အသင်မတို့သည် ဇကာသ်‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်မတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်ကို လိုက်နာကြပါ။ အို- တမန်‌တော်၏အိမ်သူအိမ်သားအ‌ပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်မတို့မှ အညစ်အ‌ကြေးကို ပ‌ပျောက်‌စေ‌တော်မူရန်နှင့် စင်ကြယ်သန့်ရှင်း‌စေ‌တော်မူရန်ကိုပင် ရည်ရွယ်‌တော်မူခဲ့ခြင်းဖြစ်သည်။

    [34] ထို့ပြင် အသင်မတို့သည် အသင်မတို့၏အိမ်များတွင် ဖတ်ကြားခြင်းခံရ‌သော အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များနှင့် (တမန်‌တော်မိန့်ကြားသည့်) ‌တွေး‌ခေါ်‌မြော်မြင်မှုပညာရပ်များကို ကျက်မှတ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [35] အမှန်စင်စစ် မွတ်စ်လင်မ်‌ယောက်ျားများနှင့် မွတ်စ်လင်မ်မိန်းမများ၊ မုအ်မင်န်‌ယောက်ျားများနှင့် မုအ်မင်န်မိန်းမများ၊ အမိန့်နာခံ‌သော ‌ယောက်ျားများနှင့် အမိန့်နာခံသည့်မိန်းမများ၊ မှန်ကန်‌သော‌ယောက်ျားများနှင့် မှန်ကန်သည့်မိန်းမများ၊ သည်းခံ‌သော‌ယောက်ျားများနှင့် သည်းခံ‌သောမိန်းမများ၊ ‌ကြောက်ရွံ့ရိုကျိုး‌သော‌ယောက်ျားများနှင့် ‌ကြောက်ရွံ့ရိုကျိုး‌သောမိန်းမများ၊ အလှူဒါနပြု‌သော‌ယောက်ျားများနှင့် အလှူဒါနပြု‌သောမိန်းမများ၊ စွိယာမ်ဥပုသ်‌စောင့်ထိန်းသည့်‌ယောက်ျားများနှင့် စွိယာမ်ဥပုသ်‌စောင့်ထိန်းသည့်မိန်းမများ၊ မိမိအရှက်အဂင်္ါကို ထိန်းသိမ်းကြ‌သော‌ယောက်ျားများနှင့် မိမိအရှက်အဂင်္ါကိုထိန်းသိမ်းကြ‌သောမိန်းမများ၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသ‌သော‌ယောက်ျားများနှင့် အလ္လာဟ်အရှင်မြတ်အား များစွာသတိရတသ‌သောမိန်းမများ၊ ထိုသူများ (အားလုံး)အတွက် အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။

    [36] အီမာန်ယုံကြည်သူ မည်သည့်‌ယောက်ျားဖြစ်‌စေ၊ အီမာန်ယုံကြည်သူ မည်သည့်မိန်းမဖြစ်‌စေ အ‌ရေးကိစ္စတစ်စုံတစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က အမိန့်ချမှတ်‌တော်မူလိုက်လျှင် သူတို့၏ ထိုအ‌ရေးကိစ္စနှင့်ပတ်သက်၍ သူတို့မှာ ‌ရွေးချယ်ပိုင်ခွင့်မရှိ‌တော့‌ပေ။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်၏အမိန့်ကို ဖီဆန်လျှင် အမှန်စင်စစ် ထိုသူသည် ထင်းရှားသည့်လမ်းလွဲခြင်းကို ‌ရောက်ရှိခဲ့ပြီဖြစ်သည်။

    [37] ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သာမက အသင်(တမန်‌တော်)ကိုယ်တိုင်လည်း ‌ကျေးဇူးပြု‌တော်မူခဲ့သည့်သူကို အသင်က “အသင်သည် အသင်၏ဇနီးကို(မကွာရှင်းဘဲ) အသင်၏ထံ၌သာ (တရားဝင်ဇနီးအဖြစ်နှင့်)ထားပါ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ပါ“ဟု ‌ပြောဆိုဆုံးမ‌နေခဲ့သည်။ ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏စိတ်ထဲတွင် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်ပြီးထားသည်။ ထိုကိစ္စအား အလ္လာဟ်အရှင်မြတ်သည် (‌နောက်ဆုံးတွင်) ထင်ရှား‌စေ‌တော်မူမည်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ပိုပြီးစိုးရိမ်‌ကြောက်ရွံ့ထိုက်ပါလျက်နှင့် အသင်သည် လူများအား စိုးရိမ်‌ကြောက်ရွံ့‌နေခဲ့သည်။ ထို့‌နောက် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် သူတို့၏‌မွေးစားသားများ၏ဇနီးမိန်းမများနှင့်ပတ်သက်၍ ထို‌မွေးစားသားများက သူမတို့အား အလိုမရှိကြ‌တော့သည့်အခါ (သူမတို့အား လက်ထပ်ယူခြင်းဖြင့်) မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်‌စေရန် ဇိုင်ဒ်သည် ထိုမိန်းမကို အလိုမရှိ‌တော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား‌ပေး‌တော်မူလိုက်သည်။ ထို့ပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည် ပြီး‌မြောက်မည်ပင်ဖြစ်သည်။

    [38] အလ္လာဟ်အရှင်မြတ်က တမန်‌တော်မြတ်‌ပေါ်တွင် သတ်မှတ်ပြဋ္ဌာန်း‌တော်မူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုအမိန့်‌တော်အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်တင်စရာမရှိ‌ပေ။ (ဤသည်) ယခင်က ကုန်လွန်ခဲ့‌သော ၎င်း(တမန်‌တော်)တို့နှင့်ပတ်သက်‌သော အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်းအတိုင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည် စီမံထားသည့်အတိုင်း သတ်မှတ်ပြဋ္ဌာန်းပြီးသားဖြစ်သည်။

    [39] ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များအား ပို့‌ဆောင်ကြသည့်သူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ လုံးဝမ‌ကြောက်ကြ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်စစ်‌ဆေး‌တော်မူမည့်အရှင်မြတ်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [40] (တမန်‌တော်)မုဟမ္မဒ်သည် အသင်တို့ ‌ယောက်ျားများထဲမှ မည်သူ၏ဖခင်မှ မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်နှင့် တမန်‌တော်အားလုံးကို အဆုံးသတ်သူ(‌နောက်ဆုံးတမန်‌တော်)* ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [41] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသကြပါ။

    [42] ထို့ပြင် အသင်တို့သည် နံနက်နှင့်ည‌နေတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုကြပါ။

    [43] အရှင်မြတ်သည် ထိုအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် အရှင်မြတ်က အသင်တို့အား အ‌မှောင်ထုမှ အလင်းသို့ ထွက်‌စေ‌တော်မူရန်အတွက် အသင်တို့အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့လျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [44] သူတို့သည် အရှင်မြတ်နှင့် ‌တွေ့ဆုံကြမည့်‌နေ့တွင် သူတို့အား (အရှင်မြတ်က) နှုတ်ခွန်းဆက်သ‌တော်မူမည့်စကားမှာ စလာမ်(ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေ)ဟူ၍ဖြစ်မည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မြင့်မြတ်‌သောအကျိုးကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။

    [45] အို- တမန်‌တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်‌သေအဖြစ်သာမက သတင်း‌ကောင်း‌ပြောသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။

    [46] ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်သို့ အရှင်မြတ်၏အမိန့်‌တော်ဖြင့် ဖိတ်‌ခေါ်သူအဖြစ်နှင့် လင်းဝင်း‌တောက်ပ‌သော မီးတိုင်အဖြစ်(‌စေလွှတ်‌တော်မူခဲ့သည်)။

    [47] ထို့ပြင် အသင်(တမန်‌တော်)သည် အီမာန်ယုံကြည်သူများအား အမှန်ပင် သူတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်ထံမှ ကြီးကျယ်သည့်‌ကျေးဇူး‌တော်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပြောလိုက်ပါ။

    [48] ထို့ပြင် အသင်(တမန်‌တော်)သည် ကာဖိရ်များ၏‌ပြောဆိုချက်နှင့် မုနာဖိက်အ‌ယောင်‌ဆောင်များ၏ ‌ပြောဆိုချက်ကို မလိုက်နာပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ပုတ်ခတ်‌ပြောဆိုမှုကို လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ထားပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော အရှင်မြတ်အဖြစ် လုံ‌လောက်‌တော်မူသည်။

    [49] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူ အမျိုးသမီးများနှင့် နိကာဟ်ပြု ထိမ်းမြားလက်ထပ်ခဲ့ကြပြီး‌နောက် သူမတို့အား ထိ‌တွေ့ခြင်းမပြုမီ အသင်တို့သည် သွလာက်‌ပေး ကွာရှင်းခဲ့ကြလျှင်၊ အသင်တို့နှင့်ပတ်သက်၍ သူမတို့အ‌ပေါ်တွင် မည်သည့်အိဒ်ဒသ်ရက်မျှ ဆိုင်းငံ့ပြီး ‌ရေတွက်စရာမရှိ‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် သူမတို့အား အကျိုး‌ကျေးဇူးခံစားခွင့်*‌ပေးပြီး ‌ကောင်းမွန်စွာ စွန့်လွှတ်လိုက်ကြပါ။

    [50] အို- တမန်‌တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(ထိမ်းမြားဖို့ သ‌ဘောတူထားသည့်)မဟရ်ပစ္စည်း‌ပေးခဲ့‌သော အသင်၏ကြင်ရာများ၊ အသင့်အား အလ္လာဟ်အရှင်မြတ်က သုံ့ပန်းအဖြစ်‌ပေး‌တော်မူခဲ့သဖြင့် အသင်ပိုင်ဆိုင်ခဲ့‌သော ကျွန်မများ၊ အသင်နှင့်အတူ ‌ရွှေ့‌ပြောင်းလာခဲ့ကြ‌သော အသင်၏ ဘကြီး၊ ဘ‌ထွေး၏သမီးများ၊ အသင်၏အ‌ဒေါ်ကြီးအ‌ဒေါ်‌လေး၏သမီးများ၊ အသင်၏ဦးကြီးဦး‌လေးများ၏သမီးများ၊ အသင်၏အရီးကြီးအရီး‌လေးများ၏သမီးများကို အသင့်အတွက် (လက်ထပ်လိုက လက်ထပ်ရန်) ဟလာလ် တရားဝင် ခွင့်ပြု‌ပေးထား‌တော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူ အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍ တမန်‌တော်မြတ်အား (ထိမ်းမြားဖို့ သ‌ဘောတူထားသည့် မဟရ်ပစ္စည်းမယူဘဲ) သက်သက်‌ပေးအပ်ခဲ့၍ တမန်‌တော်ကလည်း ထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်ရွယ်ခဲ့လျှင် ထိုအမျိုးသမီးကိုလည်း (တရားဝင်ပြုလုပ်‌တော်မူသည်။ ဤခွင့်ပြုချက်မှာ) အခြား အီမာန်ယုံကြည်သူများအတွက် မဟုတ်ဘဲ အသင်(တမန်‌တော်)အတွက် သက်သက် အထူး(ခွင့်ပြုခြင်းသာ)ဖြစ်သည်။* ငါအရှင်မြတ်သည် ထိုအီမာန်ယုံကြည်သူများအ‌ပေါ်တွင် သူတို့၏ဇနီးမိန်းမများ၊ သူတို့၏ကျွန်မများနှင့်ပတ်သက်၍ ချမှတ်‌တော်မူခဲ့‌သော အမိန့်‌တော်များအား အမှန်စင်စစ် ငါအရှင်မြတ် သိ‌တော်မူသည်။ (အသင့်အတွက် ထိုအမိန့်ထုတ်ပြန်‌တော်မူခြင်းသည်) အသင်၏အပါ်တွင် မည်သည့်အရာမျှ ကျပ်တည်းမှု မရှိရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [51] အသင်သည် ထိုကြင်ရာများထဲမှ အသင်အလိုမရှိသူကို ခွဲထားပြီး အသင်အလိုရှိသူကို အသင်၏အပါး၌ ထားရှိနိုင်သည်။ ထို့ပြင် အသင်သည် ‌ဘေးဖယ်ထားခဲ့သူမကိုလည်း အလိုရှိလျှင် ပြန်ထားနိုင်သည်။ အသင်၏အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်မရှိ‌ပေ။* ဤသည် ထိုကြင်ရာများ၏မျက်စိ‌အေးရန်၊ သူမတို့သည် ‌သောကမဖြစ်‌စေရန်နှင့် သူမတို့အားလုံးသည် အသင်‌ပေးသမျှနှင့် နှစ်သိမ့်‌ကျေနပ်ကြရန် ပိုမိုနီးစပ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်သည်းခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [52] ဤ‌နောက်တွင် အခြားအမျိုးသမီးများသည် အသင့်အတွက်(လက်ထပ်ရန်)ခွင့်မပြု‌တော့‌ပေ။ ထို့ပြင် လက်ရှိကြင်ရာများ၏အစား အခြားအမျိုးသမီးများကို သူမတို့၏လှပမှုသည် အသင့်အား နှစ်သက်‌စေ(‌လောက်)လျှင်လည်း အသင်သည် ‌ပြောင်းလဲ(လက်ထပ်)ပိုင်ခွင့်မရှိ‌ပေ။* သို့ရာတွင် အသင်ပိုင်ဆိုင်‌သော ကျွန်မများကိုမူ (‌ပြောင်းလဲပိုင်ခွင့်နှင့် ယူပိုင်ခွင့်ရှိသည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန် ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သော အရှင်မြတ် ဖြစ်‌တော်မူသည်။

    [53] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အစားအစာစားရန် ခွင့်ပြုခြင်းခံရသည့်အခါမှလွဲ၍ တမန်‌တော်၏အိမ်များသို့ မဝင်ကြ‌လေနှင့်။ (ထိုအခါတွင်လည်း) စား‌သောက်ရန်အချိန်ကို ‌စောင့်‌မျှော်သူများ မဖြစ်ကြဘဲလျက် ဖိတ်‌ခေါ်ခံကြရ‌သော အခါမျိုးမှသာ ဝင်‌ရောက်ကြပါ။ ထို့‌နောက် စား‌သောက်ပြီးသည့်အခါ အသင်တို့သည် လူစုခွဲပြီးပြန်ကြပါ။ ထို့ပြင် စကားစမြည်‌ပြောဆိုခြင်းတွင် စိတ်ဝင်စားပြီး ထိုင်မ‌နေကြနှင့်။ အမှန်စင်စစ် ဤသည် တမန်‌တော်ကို စိတ်ဒုက္ခဖြစ်‌စေသည်။ ထို့‌နောက်လည်း တမန်‌တော်သည် အသင်တို့အား အားနာ(ရှက်)‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ကမူ မှန်ကန်သည့်စကား‌ပြော‌တော်မူရန် အားနာ(ရှက်)‌တော်မမူ‌ပေ။* ထို့ပြင် အသင်တို့သည် ထိုတမန်‌တော်၏ကြင်ရာများထံတွင် ပစ္စည်းတစ်စုံတစ်ခု ‌တောင်းသည့်အခါ လိုက်ကာ၏‌နောက်မှ ‌တောင်းကြပါ။* ဤသည် အသင်တို့၏စိတ်နှလုံးများနှင့် ထိုကြင်ရာများ၏စိတ်နှလုံးများကို ပိုမိုသန့်စင်‌စေသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်အား စိတ်ဒုက္ခ‌ပေးပိုင်ခွင့်မရှိ‌ပေ။* ထိုတမန်‌တော်မရှိသည့်‌နောက်တွင် သူ၏ကြင်ရာ‌တော်များနှင့် မည်သည့်အခါမှ ထိမ်မြားပိုင်ခွင့်လည်းမရှိ‌ပေ။* အမှန်စင်စစ် ဤ(တမန်‌တော်ကို စိတ်ဒုက္ခ‌ပေးခြင်းနှင့် တမန်‌တော်မရှိသည့်‌နောက် ကြင်ရာ‌တော်များကို ထိမ်းမြားခြင်း)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလွန်ကြီး‌လေး‌သောအပြစ်ဖြစ်သည်။

    [54] အကယ်၍ အသင်တို့သည် တစ်စုံတစ်ခုကို ထုတ်‌ဖော်ကြသည်ပင်ဖြစ်‌စေ၊ အသင်တို့သည် ထိမ်ချန် လျှို့ဝှက်ထားသည်ဖြစ်‌စေ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [55] ထိုအမျိုးသမီးများအ‌ပေါ်တွင် သူမတို့၏ဖခင်များ၊ သူမတို့၏သားများ၊ သူမတို့၏အစ်ကိုများ‌မောင်များ၊ သူမတို့၏အစ်ကိုများ‌မောင်များ၏သားများ၊ သူမတို့၏အစ်မ ညီမများ၏သားများ၊ သူမတို့၏မိန်းမအချင်းချင်းများ၊ သူမတို့၏လက်ယာလက်က ပိုင်ဆိုင်ကြ‌သောကျွန်များ(၏ ‌ရှေ့များသို့ထွက်ခြင်း)မှာ မည်သည့်အပြစ်မျှ မရှိ‌ပေ။* ထို့ပြင် သူမတို့သည် အလ္လာဟ်အရှင်မြတ် ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [56] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် တမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သ‌နေကြသည်။ အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည်လည်း ထိုတမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သခြင်းနှင့် စလာမ်‌မေတ္တာပို့သခြင်းကို လွန်စွာပြုလုပ်ကြပါ။

    [57] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို စိတ်ဒုက္ခ‌ပေးကြသည့်သူများအား အလ္လာဟ်အရှင်မြတ်သည် ဤဘဝနှင့် ‌နောင်ဘဝတွင် ကရုဏာမှ ကင်း‌ဝေး‌စေ‌တော်မူသည့်အပြင် အရှင်မြတ်သည် သူတို့အတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။

    [58] ထို့ပြင် အီမာန်ယုံကြည်သူ‌ယောက်ျား၊မိန်းမများကို သူတို့ မည်သည့်အရာမျှ ကျူးလွန်ခြင်းမရှိဘဲနှင့် စိတ်ဒုက္ခ‌ပေးကြသည့်သူများသည် အမှန်ပင် မတရားစွပ်စွဲမှုနှင့် ထင်ရှား‌သောပြစ်မှုကို ထမ်း‌ဆောင်ခဲ့ကြသည်။

    [59] အို- တမန်‌တော်၊ အသင်သည် အသင်၏ကြင်ရာ‌တော်များနှင့် အသင်၏သမီး‌တော်များအပြင် အီမာန်ယုံကြည်သူများ၏ဇနီးမိန်းမများကိုလည်း “သူမတို့သည် သူမတို့၏ အ‌ပေါ်ခြုံထည်(‌စောင် သို့မဟုတ် ပဝါစသည်)များကို သူမတို့အ‌ပေါ်တွင် (ဖုံးကွယ်နိုင်‌အောင်) တွဲ‌လောင်းချထားကြရမည်“ဟု ‌ပြောလိုက်ပါ။ ဤသည် သူမတို့ကို ခွဲခြားမှတ်မိရန် ပိုနီးစပ်သည်။ သို့ဖြစ်ရာ သူမတို့အ‌နေနှင့် ‌နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [60] အကယ်၍ မုနာဖိက်အ‌ယောင်‌ဆောင်များနှင့် စိတ်ထဲတွင် ‌ရောဂါရှိသူများအပြင် မဒီနဟ်မြို့ထဲတွင် ထိတ်လန့်ဖွယ်ရာ သတင်းလွှင့်သူများပါ (သူတို့၏လုပ်ရပ်များကို) မရပ်စဲကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်တွင် လွှမ်းမိုး‌စေ‌တော်မူမည်။ ထို့‌နောက် သူတို့သည် အသင်၏ထံ မဒီနဟ်မြို့၌ အနည်းငယ်ကာလမှလွဲ၍ ‌နေကြရ‌တော့မည်မဟုတ်‌ပေ။

    [61] (ထို ‌ခေတ္တ‌နေကြရသည့်အခါတွင်လည်း သူတို့သည်) ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းခံကြရသူများအဖြစ် (‌နေကြရသည့်အပြင်) မည်သည့်‌နေရာ၌မဆို ‌တွေ့ရှိခဲ့ကြလျှင်လည်း သူတို့သည် ဖမ်းဆီးခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ပြင်းထန်စွာ သတ်ဖြတ်ခြင်းကို ခံကြရမည်ဖြစ်သည်။

    [62] (ဤသည်) ယခင် လွန်ခဲ့သည့်သူများနှင့်ပတ်သက်‌သော အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်းပင် ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်း‌တော်တွင် မည်သည့်‌ပြောင်းလဲမှုကိုမှ လုံးဝ‌တွေ့ရမည်မဟုတ်‌ပေ။

    [63] ကိယာမသ် ကမာ္ဘပျက်မည့်‌နေ့ ရှင်ပြန်ထမည့်‌နေ့နှင့်ပတ်သက်၍ လူများက အသင့်အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထို‌နေ့၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ အသင် မည်သို့ သိမည်နည်း၊ ထိုကိယာမသ်သည် နီး‌နေသည်လည်း ဖြစ်နိုင်သည်။

    [64] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မီး‌တောက်မီးလျှံကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။

    [65] သူတို့သည် ထိုမီးထဲတွင် အမြဲ‌နေကြရမည်။ သူတို့သည် မည်သည့်‌စောင့်‌ရှောက်သူကိုမှ ‌တွေ့ရမည်မဟုတ်‌ပေ။ မည်သည့်ကာကွယ်‌ပေးမည့်သူကိုမှလည်း ‌တွေ့ရမည်မဟုတ်‌ပေ။

    [66] သူတို့၏မျက်နှာများသည် မီးထဲတွင် (အ‌နေအထားအမျိုးမျိုးနှင့်) လှည့်‌ပြောင်းခံကြရ‌သော‌နေ့တွင် သူတို့က ‌ပြောဆိုကြမည်- “‌ဪ- ငါတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို လိုက်နာခဲ့ကြလျှင်၊ ထို့ပြင် တမန်‌တော်၏အမိန့်ကို လိုက်နာခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။“

    [67] ထို့ပြင် သူတို့က ‌ပြောဆိုကြဦးမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏‌ခေါင်း‌ဆောင်များနှင့် ကျွန်ုပ်တို့၏အကြီးအကဲများ၏စကားကို နား‌ထောင်လိုက်နာမိခဲ့ကြပါသည်။ သူတို့သည် ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြပါသည်။“

    [68] “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှစ်ဆ ‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ကရုဏာ‌တော်မှ ကြီးကျယ်စွာ ‌ဝေးကွာ‌စေ‌တော်မူပါ။“

    [69] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်။ ထိုသူများသည် (တမန်‌တော်)မူစာကို စိတ်ဒုက္ခ‌ပေးခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်မူစာ)ကို သူတို့၏‌ပြောဆိုစွပ်စွဲမှုများမှ အပြစ်ကင်း‌ကြောင်း ထင်ရှား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဂုဏ်ရှိသည့်သူဖြစ်သည်။

    [70] အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ‌ဖြောင့်မတ်မှန်ကန်‌သော စကားကို ‌ပြောဆိုကြပါ။

    [71] အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏လုပ်ရပ်များကို ပြုပြင်‌ပေးသနား‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ မ‌ကောင်းမှုအပြစ်များကို ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာလျှင် အမှန်စင်စစ် ထိုသူသည် ကြီးကျယ်စွာ ‌အောင်မြင်သွားပြီဖြစ်သည်။

    [72] အမှန်စင်စစ် ငါအရှင်မြတ်သည် တာဝန်‌ပေးအပ်မှုကို မိုး‌ကောင်းကင်များ‌ရှေ့၌၊ ၎င်းပြင် ‌မြေပထဝီ‌ရှေ့၌၊ ၎င်းပြင် ‌တောင်များ‌ရှေ့၌ ‌ဖော်ပြ‌တော်မူခဲ့သည့်အတွက် သူတို့က ထိုတာဝန်ကို တာဝန်ယူခြင်းမှ ငြင်းဆန်ခဲ့ကြသည်။ ထို့ပြင် ထိုတာဝန်ကို ထမ်း‌ဆောင်ရန် ‌ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည်။ ထို‌နောက် လူသားက ထိုတာဝန်ကို ထမ်း‌ဆောင်ခဲ့သည်။ အမှန်ပင် လူသားသည် အလွန်ရက်စက်သူ၊ အလွန်အသိတရား ‌ခေါင်းပါးသူပင်ဖြစ်သည်။

    [73] (ထိုတာဝန်ကို လူသားအား ‌ပေးရသည့်အ‌ကြောင်းကမူ) အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်အ‌ယောင်‌ဆောင် ‌ယောက်ျား၊မိန်းမများနှင့် မုရှ်ရိက်‌ယောက်ျား၊ မိန်းမများကို ပြစ်ဒဏ်‌ပေး‌တော်မူရန်အတွက်နှင့် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူ ‌ယောက်ျား၊မိန်းမတို့၏‌သောင်ဗဟ်ကို လက်ခံပြီး ရဟ်မသ်ဖြင့်လှည့်ကာ ခွင့်လွှတ်‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    Surah 34
    ရှေဗ

    [1] ချီးမွမ်းခြင်းအ‌ပေါင်းသည် အကြင်အရှင်မြတ်ပင် ခံထိုက်‌တော်မူသည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် ထိုအရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် တမလွန်ဘဝတွင် ချီးမွမ်းခြင်းမှုဟူသမျှသည်လည်း အရှင်မြတ်ပင် ခံထိုက်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [2] ထိုအရှင်မြတ်သည် ‌မြေပထဝီထဲသို့ ဝင်သည့်အရာများကိုလည်း‌ကောင်း၊ ၎င်းထဲအလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မှ ထွက်သည့်အရာများကိုလည်း‌ကောင်း၊ မိုး‌ကောင်းကင်မှ ဆင်းသက်သည့်အရာများကိုလည်း‌ကောင်း၊ ၎င်းသို့တက်သွားသည့်အရာများကိုလည်း‌ကောင်း သိရှိ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] ထို့ပြင် ကာဖိရ်များက ကျွန်ုပ်တို့ထံသို့ “ကိယာမသ်‌နေ့ဆိုက်‌ရောက်လာမည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်‌သော အကွယ်၌ရှိသည်များကို သိမြင်‌တော်မူ‌သော အရှင်မြတ်ကို တိုင်တည်‌ပြောသည်၊ ထို‌နေ့သည် အမှန်ပင် အသင်တို့ထံသို့ ‌ရောက်လာလိမ့်မည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အဏုမြူခန့်ရှိသည့်အရာသည်လည်း အရှင်မြတ်၏အသိမှ ‌ပျောက်ကွယ်မ‌နေ‌ပေ။ ထို့ပြင် ထိုအဏုမြူခန့်ရှိသည့်အရာထက်‌သေးသည့်အရာဖြစ်‌စေ၊ ကြီးသည့်အရာဖြစ်‌စေ ထင်ရှား‌သော မှတ်တမ်းစာအုပ်တွင် (‌ရေးမှတ်ထားပြီး)ဖြစ်သည်။

    [4] (ကိယာမသ်‌နေ့ဆိုက်‌ရောက်လာ‌စေခြင်းသည်) အရှင်မြတ်က အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုပြုလုပ်ခဲ့သည့်သူများအား အစား‌ပေးရန်ဖြစ်သည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်‌သော စားနပ်ရိက္ခာရှိသည်။

    [5] ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ပျက်ပြား‌အောင် ကြိုးပမ်း‌နေသည့်သူများကမူ သူတို့အတွက် နာကျင်‌စေသည့် အဆိုးဆုံးပြစ်ဒဏ်တစ်မျိုးရှိသည်။

    [6] ထို့ပြင် အသိပညာ‌ပေးသနားခြင်းခံခဲ့ကြရသည့်သူများသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင့်ထံသို့ ချ‌ပေးခြင်းခံရ‌သောအရာ(ကုရ်အာန်)သည် မှန်ကန်သည်ဟု မြင်ကြသည်။ ထို့ပြင် ထိုအရာသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော ချီးမွမ်းခြင်းအလွန်ခံထိုက်‌တော်မူ‌သော အရှင်မြတ်၏လမ်းကို ညွှန်ကြားပြသသည်ဟု (မြင်ကြသည်)။

    [7] ထို့ပြင် ကာဖိရ်များက (အချင်းချင်း)‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား အကြင်‌ယောက်ျားတစ်ဦးကို ညွှန်ပြရမည်‌လော။ ၎င်းသည် အသင်တို့အား (ဤသို့)သတင်း‌ပေးသည်- “အသင်တို့သည် ‌ကြေမွသွား‌အောင် ‌ချေပစ်ခံခဲ့ကြရသည့်အခါ အမှန်စင်စစ် အသင်တို့သည် အသစ်တစ်ဖန်ပြန်ပြီး ဖန်ဆင်းခြင်းကို ခံကြရမည်“။

    [8] ၎င်းသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲခဲ့သ‌လော၊ သို့မဟုတ် ၎င်းတွင် ရူးသွပ်ခြင်း‌ဝေဒနာ ရှိ‌နေသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများပင် ပြစ်ဒဏ်နှင့် ‌ဝေးလံ‌သောလမ်းမှားမှုတွင် ရှိ‌နေကြခြင်းဖြစ်သည်။

    [9] သူတို့သည် သူတို့၏ ‌ရှေ့နှင့်‌နောက်(ထက်‌အောက်)တွင်ရှိ‌နေ‌သော မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို မမြင်ကြသ‌လော။ အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူလျှင် သူတို့အား ‌မြေမျို‌စေ‌တော်မူမည်။ သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုး‌ကောင်းကင်မှ အပိုင်းအစများ ကျ‌ရောက်‌စေ‌တော်မူမည်။ အမှန်စင်စစ် ထိုအထဲတွင် (ငါအရှင်မြတ်ဘက်သို့) ပြန်လှည့်ကြ‌သော ကျွန်များအတွက် သက်‌သေသာဓကများ ရှိသည်။

    [10] အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်ကို အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော် ‌ပေးသနား‌တော်မူခဲ့သည်။ (ငါအရှင်မြတ်က) “အို- ‌တောင်များ၊ အသင်တို့သည် ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း လိုက်ဆိုကြ“(ဟု မိန့်ကြား‌တော်မူခဲ့သည်)။ ထို့ပြင် ငှက်များကိုလည်း (ဤသို့ပင် အမိန့်ရှိခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် သံကို ‌ပျော့‌ပျောင်း‌စေ‌တော်မူခဲ့သည်။

    [11] (အရှင်မြတ်က သူ့ကို မိန့်ကြား‌တော်မူသည်) “အသင်သည် သံချပ်အကျင်္ီရှည်များကို ပြုလုပ်ပါ။ ထို့ပြင် အသင်သည် (သံကြိုးကွင်းဆက်များကို) ဆက်ရာမှာ ချိန်ဆခန့်မှန်းပြုလုပ်ပါ။ ထို့ပြင် (အို- ဒါဝူဒ်၏သား‌မြေးတို့) အသင်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြပါ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။“

    [12] ထို့ပြင် (ငါအရှင်မြတ်သည်)‌လေကို (တမန်‌တော်)စုလိုင်မာန်အတွက် (နာခံ‌စေ‌တော်မူခဲ့သည်)။ ထို‌လေ၏ တစ်နံနက်ခရီးသည် တစ်လခရီးဖြစ်ပြီး ထို‌လေ၏ တစ်ည‌နေခရီးသည်လည်း တစ်လခရီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ‌ကြေးနီ‌ချောင်းများကို စီးဆင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ဂျင်န်များထဲမှ အချို့သည် ၎င်း၏‌ရှေ့၌ ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်နှင့် (၎င်းခိုင်းသမျှ) လုပ်ကိုင်‌ဆောင်ရွက်‌ပေးလျက်ရှိခဲ့သည်။ ထို့ပြင် ထိုဂျင်န်များထဲမှ မည်သူမဆို ငါအရှင်မြတ်၏အမိန့်‌တော်မှ ‌သွေဖည်လျှင် ငါအရှင်မြတ်သည် သူ့အား မီး‌တောက်မီးလျှံ ပြစ်ဒဏ်၏အရသာကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။

    [13] ထိုဂျင်န်များသည် ၎င်းအတွက် ၎င်းအလိုရှိ‌သော ကြီးကျယ်သည့်အ‌ဆောက်အအုံများ၊ ရုပ်တုများ၊ ‌ရေကန်ကြီးခန့်ရှိသည့် ဇလုံများ၊ မ‌ပြောင်းမ‌ရွှေ့နိုင်‌သော အိုးကြီးများကို ပြုလုပ်‌ပေးကြသည်။ (ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြား‌တော်မူခဲ့သည်)။ အို- ဒါဝူဒ်၏မျိုးနွယ် အိမ်သူအိမ်သားအ‌ပေါင်းတို့၊ အသင်တို့သည် ‌ကျေးဇူးသိတတ်သည့်အ‌နေဖြင့် ‌ကောင်းမှုပြုကြပါ။ ထို့ပြင် အရှင်မြတ်၏ကျွန်များထဲတွင် ‌ကျေးဇူးသိတတ်သူများသည် အလွန်နည်းသည်။

    [14] ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်)စုလိုင်မာန်၏အ‌ပေါ်တွင် ‌သေခြင်းကို ပြဋ္ဌာန်‌တော်မူသည့်အခါ ၎င်း၏‌တောင်‌ဝှေးကိုစား‌နေ‌သော ‌မြေပိုး(ခြ‌ကောင်)မှလွဲ၍ ၎င်း‌သေဆုံးပြီဖြစ်‌ကြောင်း ထိုဂျင်န်များအား မည်သူကမျှ ညွှန်ပြအသိမ‌ပေးခဲ့ကြ‌ပေ။ ထို့‌နောက် ၎င်းသည် လဲကျသွားသည့်အခါ ဂျင်န်များသည် အမှန်စင်စစ် သူတို့သည် အကွယ်ကိုသာ သိကြလျှင် ဤ‌သေးသိမ်‌စေ‌သော ဒုက္ခထဲတွင် ဆက်လက်‌နေခဲ့ကြမည် မဟုတ်‌ပေဆိုသည်ကို သိသွားခဲ့ကြသည်။

    [15] အမှန်စင်စစ် စဗအ်မျိုးနွယ်ဝင်များအတွက် သူတို့၏ ‌နေထိုင်ရာ‌ဒေသ၌ ကြီးကျယ်‌သော သက်‌သေသာဓကရှိခဲ့သည်။ သူတို့မြို့ရွာများ၏ လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ဥယျာဉ်နှစ်ခုရှိခဲ့သည်။ (တမန်‌တော်များက တစ်ဆင့်‌ပြောခံခဲ့ရသည်)။ “အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က (‌ပေးသနားထား‌တော်မူ‌သော)စားနပ်ရိက္ခာကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ‌ကျေးဇူးတင်ကြပါ။ (အသင်တို့၏မြို့ရွာသည်) ‌ကောင်းမွန်သန့်ပြန့်‌သော မြို့ရွာဖြစ်ပြီး (အသင်တို့၏ အရှင်မြတ်သည်လည်း) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သော ဖန်ဆင်း‌မွေးမြူရှင် ဖြစ်‌တော်မူသည်။

    [16] ထို့‌နောက် သူတို့သည် (အမိန့်‌တော်ကို) မျက်နှာလွှဲခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် အရင်မ် ‌ရေကာတာမှ အပြင်းအထန် စီးဆင်းသည့်‌ရေကို လွှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏ ဥယျာဉ်နှစ်ခု၏အစား (အခြား)ဥယျာဉ်နှစ်ခုကို လဲလှယ်‌ပေး‌တော်မူခဲ့သည်။ ထိုနှစ်ခုတွင် ဖန်‌သော၊ ခါး‌သော၊ အရသာမ‌ကောင်း‌သော သစ်သီးဝလံများ၊ အသားမာ‌သော မန်ကျည်းပငများနှင့် ဆီးပင်အနည်းငယ်သာရှိ‌သော ဥယျာဉ်နှစ်ခုဖြစ်ခဲ့သည်။

    [17] ဤသည်မှာ ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ကျေးဇူးကန်းမှု‌ကြောင့် ‌ပေး‌တော်မူခဲ့‌သော အပြစ်ဒဏ်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အလွန်‌ကျေးဇူးကန်းသည့်သူများကိုသာ အပြစ်‌ပေး‌လေ့ရှိ‌တော်မူသည်။

    [18] ထို့ပြင် ငါအရှင်မြတ်သည် ထိုသူများနှင့် ငါအရှင်မြတ်က သုခချမ်းသာနှင့် ပြည့်စုံ‌စေ‌တော်မူခဲ့‌သော မြို့ရွာများ၏ကြားတွင် မြင်လွယ်‌သောမြို့ရွာများကို စည်းကား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများတွင် (‌ခေတ္တ တစ်‌ထောက်နားနိုင်သည့်) ခရီး‌ထောက်များကိုလည်း သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ (ထို့ပြင် ငါအရှင်မြတ် မိန့်ကြား‌တော်မူခဲ့သည်)။ အသင်တို့သည် ထိုမြို့ရွာများတွင် အန္တရာယ်မရှိဘဲ ‌နေ့သာမက ညလည်း ခရီးသွားလာကြပါ။

    [19] ထို့‌နောက် သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့၏ခရီးလမ်းများကို ‌ဝေးကွာ‌စေ‌တော်မူပါ“ဟု ‌ပြောဆို‌လျှောက်ထားကြသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်ကိုလည်း နှိပ်စက်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့(၏အ‌ကြောင်းကို) ယုံတမ်းစကားများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လုံးဝအစိတ်စိတ်အမြွှာမြွှာ ဖြစ်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံသည့်၊ အလွန်‌ကျေးဇူးသိတတ်သည့်သူတိုင်းအတွက် သက်‌သေသာဓကများ အမှန်ပင်ရှိသည်။

    [20] ထို့ပြင် အမှန်စင်စစ် အိဗ်လီစ်သည် သူတို့(အာဒမ်၏ သားသမီးများ)နှင့်ပတ်သက်‌သော သူ၏ထင်မြင်ယူဆချက်ကို မှန်ကန်‌ကြောင်း‌တွေ့ရှိခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် အီမာန်ယုံကြည်‌သော လူတစ်စုမှလွဲ၍ သူတို့သည် အိဗ်လီစ်၏‌နောက်ကို လိုက်ခဲ့သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။

    [21] ထို့ပြင် ထိုအိဗ်လီစ်သည် သူတို့အ‌ပေါ်တွင် လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်က တမလွန်ဘဝကို ယုံကြည်သူများအား ထိုတမလွန်ဘဝနှင့်ပတ်သက်ပြီး သံသယရှိသူများနှင့် ခွဲခြားသိ‌တော်မူရန်အတွက်ပင် ဖြစ်ခဲ့သည်။* ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [22] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ထင်မှတ်ကိုးကွယ်ခဲ့ကြသည့်သူများကို ဟစ်‌ခေါ်ကြပါ။ သူတို့သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် နှမ်း‌စေ့မျှပင် ပိုင်ဆိုင်ကြသည်မဟုတ်‌ပေ။ ထို့ပြင် ထိုနှစ်ခု၌ သူတို့၏ဖက်စပ်ပါဝင်မှုလည်း လုံးဝမရှိ‌ပေ။ ထို့ပြင် သူတို့ထဲမှ အရှင်မြတ်အား ရိုင်းပင်းကူညီသူလည်း မည်သူမျှမရှိ‌ပေ။

    [23] ထို့ပြင် အရှင်မြတ်ထံ‌တော်တွင် အရှင်မြတ်ခွင့်ပြု‌တော်မူ‌သောသူမှလွဲ၍ အခြားမည်သူ၏ ကြားဝင်အသနားခံ‌ပေးမှုမှ အကျိုးရှိမည်မဟုတ်‌ပေ။ ‌နောက်ဆုံးတွင် ‌ကြောက်ရွံ့ထိတ်လန့်မှုသည် သူတို့၏စိတ်နှလုံးများထဲမှ ပ‌ပျောက်သွားသည့်အခါ “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မည်သည့်အရာကို မိန့်ကြား‌တော်မူလိုက်ပါသနည်း“ဟု (သူတို့အချင်းချင်း)‌မေးမြန်းကြမည်။ သူတို့က အမှန်ကို (မိန့်ကြား‌တော်မူခြင်းဖြစ်သည်)ဟု ‌ဖြေကြားကြမည်။* ထို့ပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [24] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီမှ အသင်တို့အား မည်သူက စားနပ်ရိက္ခာ‌ပေးသနည်း။ (အို- တမန်‌တော်)အသင်ကပင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည်ပင် ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သို့မဟုတ် အသင်တို့သည် တရားလမ်းမှန်‌ပေါ်တွင် သို့မဟုတ် ထင်ရှား‌သော လမ်းမှားမှုတွင် ရှိကြသည်။

    [25] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ငါတို့ကျူးလွန်ခဲ့‌သော ပြစ်မှုများနှင့်ပတ်သက်၍ စစ်‌ဆေးခြင်းခံကြရမည် မဟုတ်‌ပေ။ ငါတို့လည်း အသင်တို့ ပြုလုပ်ခဲ့သည်များနှင့်ပတ်သက်ပြီး စစ်‌ဆေးခြင်းခံကြရမည် မဟုတ်‌ပေ။

    [26] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ငါတို့အား (ကိယာမသ်‌နေ့တွင်) စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် အရှင်မြတ်သည် ငါတို့၏ကြားတွင် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အလွန်မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [27] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် တွဲဖက်များအဖြစ် အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခဲ့ကြသည့်သူများကို ငါ့အား ပြကြပါ။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ကိုးကွယ်ရာအစစ်ဖြစ်‌သော အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [28] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား လူအားလုံးအတွက် ဝမ်း‌မြောက်ဖွယ်သတင်း‌ပြောကြားသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။* သို့ရာတွင် လူအများစုသည် မသိနားမလည်ကြ‌ပေ။

    [29] ထို့ပြင် သူတို့က “အကယ်၍ အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ခဲ့လျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ ဖြစ်မည်နည်း“ဟု (‌ပြောဆို)‌မေးမြန်းကြသည်။

    [30] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့အား ချိန်းဆိုထားသည့်‌နေ့သည် သတ်မှတ်ထားပြီးသည့်‌နေ့ပင် ဖြစ်သည်။ အသင်တို့သည် ထို‌နေ့မှ အချိန်အနည်းငယ် ‌နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်‌ပေ၊ ‌ရှေ့တိုုးနိုင်ကြမည်လည်း မဟုတ်‌ပေ။

    [31] ထို့ပြင် ကာဖိရ်များက “ကျွန်ုပ်တို့သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်နှင့် ၎င်းမတိုင်မီက ကျမ်းများအား လုံဝ ယုံကြည်ကြမည်မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် မတရားကျူးလွန်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌မှောက်တွင် မတ်တတ်ရပ်‌စေခြင်းခံရပြီး အချင်းချင်း တစ်ဦးအ‌ပေါ်တစ်ဦး အပြစ်ပုံချသည်ကို အသင်မြင်ရလျှင် အဘယ်မျှ အံ့ဩလိုက်မည်နည်း။ (ထိုအခါ) ‌နောက်လိုက်များက အကြီးအကဲများအား “အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလိမ့်မည်“ဟု ‌ပြောဆိုကြမည်။

    [32] (ထိုအခါ) အကြီးအကဲများက ‌နောက်လိုက်များအား ‌ပြောဆိုကြမည်။ “အသင်တို့ထံသို့ တရားလမ်းမှန်‌ရောက်လာပြီး‌နောက် ကျွန်ုပ်တို့သည် အသင်တို့အား ထိုတရားလမ်းမှန်မှ ပိတ်ပင်ခဲ့သ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် အသင်တို့ပင် အပြစ်ကျူးလွန်သူများ ဖြစ်ခဲ့ကြသည်။“

    [33] ထို့ပြင် ‌နောက်လိုက်များက အကြီးအကဲများအား ‌ပြောဆိုကြမည်- “ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ‌နေ့ည (အသင်တို့ကြံစည်‌နေကြသည့်) အကြံအစည်များကပင် (ပိတ်ပင်ခဲ့ခြင်းဖြစ်သည်)။ ထိုစဉ်က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြည်ရန်နှင့် ကျွန်ုပ်တို့သည် အရှင်မြတ်နှင့် ဂုဏ်ရည်တူများပြုလုပ်ကြရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား အမိန့်‌ပေးလျက်ရှိခဲ့ကြသည်။“ ထို့ပြင် သူတို့သည် အပြစ်ဒဏ်ကို မြင်သည့်အခါ (သူတို့၏)‌နောင်တရမှုကို လျှို့ဝှက်ထားကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် ကာဖိရ်များ၏လည်ကုတ်များတွင် လည်ထိပ်*များ စွပ်‌ပေး‌တော်မူမည်။ သူတို့သည် သူတို့ပြုလုပ်ခဲ့ကြသည်များမှလွဲ၍ အစား‌ပေးခြင်း ခံကြရမည်မဟုတ်‌ပေ။

    [34] ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိ‌ပေးနှိုး‌ဆော်သူ တစ်ပါးပါး‌စေလွှတ်‌တော်မူသည့်အခါ ထိုမြို့ရွာမှ စည်းစိမ်ရှင်များက “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား‌ပေးပြီး ‌စေလွှတ်ခြင်းခံကြရသည့်အရာ (သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်“ဟု ‌ပြောဆိုခဲ့ကြသည်ချည်းပင်ဖြစ်သည်။

    [35] ထို့ပြင် သူတို့က “ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာနှင့်သားသမီးများ (အသင်တို့ထက်)‌ပေါများကြွယ်ဝသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်‌ပေးခြင်းခံကြရမည့်သူများ မဟုတ်‌ပေ“ဟု ‌ပြောဆိုခဲ့ကြသည်။

    [36] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူပြီး (အရှင်မြတ်အလိုရှိသည့်သူကို) ကျပ်တည်း‌စေ‌တော်မူသည်။ သို့ရာတွင် လူအများစုသည် မသိကြ‌ပေ။

    [37] ထို့ပြင် အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် အသင်တို့၏သားသမီးများသည် အသင်တို့အား မည်သည့်‌နေရာတွင်မှ ငါအရှင်မြတ်ထံ‌တော်သို့ နီးကပ်‌စေသည့်အရာများ မဟုတ်‌ပေ။ သို့ရာတွင် မည်သူမဆို အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် ထိုသူများအတွက် သူတို့ပြုလုပ်ခဲ့သည့်လုပ်ရပ်များ‌ကြောင့် သာပိုတိုးပွားမည့်အစားရရှိမည့်အပြင် သူတို့သည် မြင့်မားသည့်အ‌ဆောင်များတွင် ငြိမ်းချမ်းစွား ‌နေထိုင်ကြရမည်ဖြစ်သည်။

    [38] ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ‌ပျောက်ပျက်‌အောင် ကြိုးပမ်း‌နေကြသည့်သူများကမူ သူတို့ပင် ပြစ်ဒဏ်တွင် အသင့်‌ရောက်ရှိ‌စေခြင်း ခံကြရမည့်သူများပင် ဖြစ်ကြသည်။

    [39] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူပြီး (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် မည်သည့်အရာကိုမဆို သုံးစွဲလှူဒါန်းခဲ့ကြလျှင် အရှင်မြတ်သည် ၎င်း၏အစားကို ‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် စားနပ်ရိက္ခာ‌ပေးသနားသူများထဲတွင် အ‌ကောင်းဆုံးပင်ဖြစ်‌တော်မူသည်။

    [40] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူပြီး‌နောက် ‌ကောင်းကင်တမန်များအား “ဤသူများသည် အသင်တို့အား ကိုးကွယ်ခဲ့ကြသ‌လော“ဟု ‌မေးမြန်း‌တော်မူမည်။

    [41] ‌ကောင်းကင်တမန်များက ‌ပြောဆိုကြလိမ့်မည်- အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်တို့သည် အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ သူတို့နှင့် ပတ်သက်မှုမရှိကြပါ။ အမှန်စင်စစ် သူတို့သည် ဂျင်န်များကိုပင် ကိုးကွယ်ခဲ့ကြသည်ဖြစ်ပါသည်။ သူတို့ထဲမှ အများစုသည် ဂျင်န်များကိုပင် ယုံကြည်သူများဖြစ်ခဲ့ကြပါသည်။

    [42] သို့ဖြစ်ရာ ယ‌နေ့မူ အသင်တို့ထဲမှ အချို့သည် အချို့အား အကျိုးပြုရန်နှင့် အကျိုးယုတ်‌စေရန် ပိုင်ဆိုင်ခွင့်မရှိ‌တော့‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် မတရားသူများအား “အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ‌သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြ“ဟု မိန့်ကြား‌တော်မူမည်ဖြစ်သည်။

    [43] ထို့ပြင် ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များသည် သူတို့၏‌ရှေ့၌ ဖတ်ကြားခြင်းခံကြရသည့်အခါ သူတို့က “ဤသူသည် အသင်တို့အား အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးတို့ကိုးကွယ်‌နေခဲ့ကြ‌သော ကိုးကွယ်ရာများမှ ပိတ်ပင်တားဆီးချင်သည့်သူတစ်ဦးပင်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည့်အပြင် “ဤကုရ်အာန်သည် လုပ်ကြံဖန်တီးထား‌သော မုသားတစ်ခုပင်ဖြစ်သည်“ဟုလည်း ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် ကာဖိရ်များက သူတို့ထံသို့ အမှန်တရား ‌ရောက်ရှိလာသည့်အခါ ထိုအမှန်တရားကို “ဤသည် ထင်ရှား‌သော ‌မှော်အတတ်ပညာတစ်ခုပင်ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။

    [44] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကျမ်းဂန်များ ‌ပေးသနား‌တော်မူခဲ့သည် မဟုတ်‌ပေ။ သူတို့သည် ထိုကျမ်းဂန်များကို ဖတ်ရွတ်သင်ကြား‌နေခဲ့ကြသည်လည်း မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ သူတို့ထံသို့ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးဦး ‌စေလွှတ်‌တော်မူခဲ့သည်လည်း မဟုတ်‌ပေ။

    [45] ထို့ပြင် သူတို့မတိုင်မီသူများကလည်း မဟုတ်မမှန်ဟုပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည်ဖြစ်သည်။ ထို့ပြင် ဤသူများသည် ယခင်ကသူများအား ငါအရှင်မြတ်‌ပေး‌တော်မူခဲ့သည်များ၏ ဆယ်ပုံတစ်ပုံပင် ရရှိ‌သေးသည်မဟုတ်‌ပေ။ ထို့ပြင် ထိုသူများသည် ငါအရှင်မြတ်၏တမန်‌တော်များအား မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။

    [46] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာ ဆုံးမလိုသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားရည်ရွယ်ပြီး တစ်ဦးစီ၊နှစ်ဦးစီထ၍ အသင်တို့၏အ‌ဖော်ဖြစ်သူ(ငါ့)တွင် ရူးသွပ်ခြင်း‌ဝေဒနာ ရှိပါ၏‌လော“ဟု စဉ်းစားဆင်ခြင်ကြပါ။ ထိုအသင်တို့ရဲ့အ‌ဖော်ဖြစ်သူ(ငါ)သည် အသင်တို့ကို ပြင်းထန်သည့်ပြစ်ဒဏ်မ‌ရောက်ခင်(ကြိုတင်)သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။

    [47] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အသင်တို့ထံတွင် (အကျိုး)တစ်စုံတစ်ရာ‌တောင်းခဲ့လျှင် ထိုအကျိုးသည် အသင်တို့ထံ၌သာ ရှိပါ‌စေ။ အဘယ့်‌ကြောင့်ဆို‌သော် ငါ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ တာဝန်ရှိသည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူသည့်‌သောအရှင် ဖြစ်‌တော်မူသည်။“

    [48] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် (အမှားကို) အမှန်တရားနှင့် နှိမ်နှင်း‌တော်မူသည်။ အကွယ်၌ရှိသမျှကို အလွန်သိရှိ‌တော်မူ‌သော အရှင်မြတ်လည်း ဖြစ်‌တော်မူသည်။“

    [49] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်တရားသည် ‌ရောက်ရှိလာပြီဖြစ်သည်။ ထို့ပြင် အမှားသည် (မည်သည့်အရာတစ်ခုမျှ) ဖြစ်‌ပေါ်‌စေနိုင်သည်လည်း မဟုတ်‌ပေ။ ထို့ပြင် (မည်သည့်အရာတစ်ခုမျှ) ပြန်ယူလာနိုင်သည်လည်းမဟုတ်‌ပေ။ (အမှားသည် ချည့်နဲ့သွားသည်သာမက ‌နောက်တစ်ကြိမ်လည်း မည်သည့်အရာမျှ ပြန်လုပ်မနိုင်‌တော့‌ပေ)။“

    [50] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ ငါသည် လမ်းမှားခဲ့လျှင်၊ ငါသည် င့ါကိုယ်ငါ ဆန့်ကျင်၍ပင် လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားကို ငါသာလျှင်ခံရမည်)။ သို့ရာတွင် အကယ်၍ ငါသည် လမ်းမှန်ခဲ့လျှင်လည်း ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ငါ၏ထံသို့ ဝဟီအမိန့်‌တော် ချ‌ပေး‌တော်မူခြင်း‌ကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားသိ‌တော်မူ‌သော အလွန်နီးကပ်စွာရှိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။“

    [51] ထို့ပြင် အကယ်၍ အသင်သည် သူတို့ ထိတ်လန့်‌ကြောက်ရွံ့‌နေသည့်အခါတွင် ‌တွေ့မြင်ရလျှင် ‌ကောင်း‌လေစွ။ ထိုအခါ သူတို့သည် ထွက်‌ပြေးစရာလမ်းမရှိ‌တော့ဘဲ အနီးမှကပ်ပြီး အဖမ်းခံလိုက်ရ‌တော့မည်ပင်ဖြစ်သည်။

    [52] ထို့‌နောက် သူတို့က “ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်ကြပါပြီ“ဟု ‌ပြောဆိုကြမည်။ ထို့ပြင် သူတို့သည် ဤမျှ‌ဝေးလံသည့်‌နေရာမှ (အီမာန်)မည်သို့ ရယူနိုင်ကြမည်နည်း။

    [53] ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်ကတည်းက ထိုအရာကို ငြင်းပယ်‌နေခဲ့ကြသည်သာမက မသိဘဲနှင့် အ‌ဝေးမှ ရမ်းဆ‌ပြောဆို စွပ်စွဲ‌နေခဲ့ကြသည်ဖြစ်သည်။

    [54] ထို့ပြင် (ထို‌နေ့တွင်) ယခင်က သူတို့ကဲ့သို့သူများကို ပြုလုပ်ခဲ့သည့်နည်းသူပင် သူတို့နှင့် သူတို့လိုလားသည့်အရာများ၏ကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရမည်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ပင် ရှိ‌နေခဲ့ကြသည်ဖြစ်သည်။

    Surah 35
    အစပြုသူ

    [1] ချီးမွမ်းခြင်းအ‌ပေါင်းသည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စတင်ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် အ‌တောင်ပံနှစ်ခုနှစ်ခု၊ သုံးခုသုံးခု၊ ‌လေးခု‌လေးခုရှိ‌သော ‌ကောင်းကင်တမန်များကို ‌စေတမန်များအဖြစ် ပြုလုပ်‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။* အရှင်မြတ်သည် ဖန်ဆင်းမှုတွင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို တိုးပွား‌စေ‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [2] လူများအတွက် အလ္လာဟ်အရှင်မြတ်ဖွင့်‌ပေးထား‌တော်မူ‌သော ရဟ်မသ် သနားကရုဏာကို ပိတ်နိုင်သူမရှိ‌ပေ။ ထို့ပြင် အရှင်မြတ်ပိတ်ထား‌တော်မူ‌သော အရာကိုလည်း အရှင်မြတ်ပိတ်ထားပြီးသည့်‌နောက် ထိုအရာကို (ဖွင့်)လွှတ်မည့်သူ မရှိ‌တော့‌ပေ။* ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [3] အို- လူသားအ‌ပေါင်းတို့ အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က ပြု‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်များကို သတိရကြပါ။ အလ္လာဟ်အရှင်မြတ်၏အပြင် အသင်တို့အား မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ စားနပ်ရိက္ခာ‌ပေးမည့် ဖန်ဆင်းရှင်တစ်ဦးတစ်‌ယောက်ရှိ‌သေးသ‌လော၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထို့‌နောက် အသင်တို့သည် မည်သည့်ဘက်သို့ ပြန်လှည့်သွားကြသနည်း။

    [4] အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား လိမ်လည်သူဟု စွပ်စွဲကြလျှင်၊ (စိတ်ဆင်းရဲမှုမဖြစ်ပါနှင့်)၊ အမှန်စင်စစ် အသင်၏မတိုင်မီက တမန်‌တော်များသည်လည်း လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခြင်းကို ခံခဲ့ကြရသည်သာဖြစ်သည်။ ထို့ပြင် အ‌ရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။

    [5] အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပြုထား‌သော ကတိ‌တော်သည် မှန်သည်။ သို့ဖြစ်ရာ ဤဘဝ၏အသက်ရှင်မှုသည် အသင်တို့အား မလှည့်ဖြား‌စေနှင့်။ ထို့ပြင် လှည့်စားသူ(ရှိုင်သွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မလှည့်ဖြား‌စေနှင့်။

    [6] အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏ရန်သူပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် သူ့အား အသင်တို့၏ရန်သူဟုပင် အသိအမှတ်ပြုထားကြပါ။ သူသည် သူ၏ဘက်သားများအား မီး‌တောက်မီးလျှံထဲ၌ရှိသည့်သူများထဲတွင် အပါအဝင်ဖြစ်‌စေရန်ပင် ဖိတ်‌ခေါ်သည်။

    [7] ကာဖိရ်များအတွက် ပြင်းထန်‌သော အပြစ်ဒဏ်ရှိသည်။ ထို့ပြင် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုး‌ကျေးဇူးရှိသည်။

    [8] ထို့ပြင် အကြင်သူ၏မ‌ကောင်းမှုများသည် သူ၏အမြင်တွင် လှပတင့်တယ်‌အောင် ပြုလုပ်ခြင်းခံရသည့်အတွက် ထိုအရာ(အမှား)ကို အ‌ကောင်း(အမှန်)ဟုထင်မြင်သည့်သူသည် (အမှားကိုအမှား၊ အမှန်ကို အမှန်ဟု မြင်သည့်သူနှင့် တူနိုင်ပါမည်‌လော)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသူကို လမ်းမှား၌ပင် ထား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူသူကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် သူတို့အတွက် ပူ‌ဆွေး‌သောကဖြစ်လျက် အသင်၏အသက်ကိုပျက်စီး‌အောင် မလုပ်လိုက်နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [9] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ‌လေများကို ‌စေလွှတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့‌နောက် ထို‌လေများသည် မိုးတိမ်များကို သယ်‌ဆောင်သွားကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုးတိမ်များအား (‌ခြောက်‌သွေ့ပြီး)‌သေ‌နေ‌သော ‌မြေ‌နေရာများထံသို့ ‌မောင်းနှင်‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များက ရွာချသည့်မိုး)‌ရေနှင့် ‌သေ‌နေ‌သော‌မြေကို ပြန်လည် စို‌ပြေ‌စေ‌တော်မူခဲ့သည်။ ရှင်ပြန်ထခြင်းသည်လည်း ဤသို့ပင်ဖြစ်သည်။

    [10] မည်သူမဆို ဂုဏ်သိက္ခာကို အလိုရှိလျှင် (အရှင်မြတ်ထံ‌တော်၌သာ ‌တောင်းခံပါ၊ အဘယ့်‌ကြောင့်ဆို‌သော်) ဂုဏ်သိက္ခာဟူသမျှသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ သန့်ပြန့်စင်ကြယ်သည့်စကားများသည် အရှင်မြတ်ထံ‌တော်သို့ပင် တက်သွားကြသည်။ ထို့ပြင် ‌ကောင်းမြတ်‌သောလုပ်ရပ်သည် ထိုစင်ကြယ်သည့်စကားကို မြှင့်တင်ပို့‌ဆောင်‌ပေးသည်။* ထို့ပြင် မ‌ကောင်သည့်အကြံအစည်များကို ကြံစည်သည့်သူများအတွက်ကမူ ပြင်းထန်‌သောပြစ်ဒဏ်ရှိသည်။ ထို့ပြင် သူတို့၏အကြံအစည်များသည်လည်း ပျက်စီးသွားကြမည်ဖြစ်သည်။

    [11] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုက်ရည်ဖြင့်(ဖန်ဆင်း‌တော်မူခဲ့သည်)။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား စုံတွဲများပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် မည်သည့်မိန်းမတစ်ဦးမှ အရှင်မြတ်သိ‌တော်မမူဘဲ ကိုယ်ဝန်‌ဆောင်သည်လည်း မရှိ‌ပေ၊ သားဖွားခြင်းလည်း မရှိ‌ပေ။ ထို့ပြင် မည်သည့်အသက်ရှည်သူတစ်ဦး၏ အသက်ကိုမှ ပိုသတ်မှတ်‌ပေးသည်လည်း မရှိ‌ပေ။ မည်သူ၏အသက်ကိုမှ ‌လျှော့ပြီးသတ်မှတ်သည်လည်း မရှိ‌ပေ။ သို့ရာတွင် ၎င်းသည် ထိုမှတ်တမ်း‌တော်တွင် ‌ရေးမှတ်ပြီးသားပင်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် အလွန်လွယ်ကူသည်။

    [12] ထို့ပြင် ပင်လယ်နှစ်ခုသည် မတူကြ‌ပေ။ ဤသည် ‌ရေချိုဖြစ်သည်။ ထို‌ရေကို ‌သောက်သုံးခြင်းသည် အဝင်‌ကောင်းပြီး ‌ရေငတ်‌ပြေ‌စေသည်။ ဤသည်ကမူ ငံသည်၊ ခါးသည်။ ထို့ပြင် အသင်တို့သည် ထို(ပင်လယ်)တိုင်းက လတ်ဆတ်‌သော အသားငါးများကို စားသုံးကြသည်။ ထို့ပြင် အသင်တို့သည် ၎င်းထဲမှ အသင်တို့ ဝတ်ဆင်ကြ‌သော လက်ဝတ်လက်စား တန်ဆာပလာများကို ထုတ်ယူကြသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ ‌ကျေးဇူး‌တော်စားနပ်ရိက္ခာကို ရှာ‌ဖွေရန်အတွက် ထိုပင်လယ်ထဲတွင် ‌ရေကိုခွဲပြီး သ‌ဘေင်္ာများသွားလာ‌နေသည်ကို အသင်‌တွေ့မြင်ရမည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို သိတတ်ကြရန်အတွက် (ထိုကဲ့သို့ ပြုလုပ်‌ပေးထားခြင်း)ဖြစ်သည်။

    [13] အရှင်မြတ်သည် ညကို‌နေ့ထဲတွင် ဝင်‌စေ‌တော်မူပြီး ‌နေ့ကိုညထဲတွင် ဝင်‌စေ‌တော်မူသည်။ (ညတာတိုခြင်း၊ရှည်ခြင်းနှင့် ‌နေ့တာတိုခြင်း၊ရှည်ခြင်းတို့ ဖြစ်‌ပေါ်‌စေသည်)။ ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လအား အမိန့်နာခံခိုင်းထားသည့်အတွက် သူတို့အသီးသီးသည် သတ်မှတ်ပြဋ္ဌာန်းထား‌သော အချိန်ကာလအထိ သွားလာလှုပ်ရှား‌နေကြသည်။ ဤသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်တသ‌နေကြသည့်သူများသည် စွန်ပလွံ‌စေ့၌ကပ်‌နေ‌သော အ‌မြှေးပါးမျှပင် ပိုင်ဆိုင်ကြသည် မဟုတ်‌ပေ။

    [14] အသင်တို့သည် အကယ်၍ သူတို့အား ဟစ်‌ခေါ်ကြလျှင် သူတို့သည် အသင်တို့၏ဟစ်‌ခေါ်မှုကို ကြားကြမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ သူတို့သည် ကြားခဲ့ကြလျှင်လည်း အသင်တို့အား ပြန်ထူးကြမည် မဟုတ်‌ပေ။ ထို့ပြင် ကိယာမသ်‌နေ့တွင် သူတို့သည် အသင်တို့၏တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြဦးမည်ဖြစ်သည်။ ထို့ပြင် အရာအားလုံးကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သော အရှင်မြတ်ကဲ့သို့ မည်သူမျှ အသင့်အား ထုတ်‌ဖော်‌ပြောကြားမည် မဟုတ်‌ပေ။

    [15] အို- လူသားအ‌ပေါင်းတို့၊ အသင်တို့ပင် အလ္လာဟ်အရှင်မြတ်(၏ကူညီမှုဘက်)သို့ လိုလား‌တောင့်တ‌နေကြရသည့်သူများဖြစ်ကြသည်။ ထို့ပြင် အရှင်မြတ်ကမူ လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [16] အကယ်၍ အရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အသင်တို့အား ဖယ်ရှား‌တော်မူပြီး အဖန်ဆင်းခံအသစ်အား ယူလာနိုင်‌တော်မူသည်။

    [17] ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မခဲယဉ်း‌ပေ။

    [18] ထို့ပြင် မည်သည့်ဝန်ထုပ်ထမ်းသူ (အပြစ်ရှိသူ)တစ်ဦးကမျှ သူတစ်ပါး၏(အပြစ်)ဝန်ထုပ်ကို သယ်ပိုးထမ်းရွက်မည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ ဝန်ထုပ်ထမ်း‌နေသူတစ်ဦးက သူ၏ဝန်ထုပ်ကို ထမ်းခိုင်ရန် တစ်ဦးဦးကို ဟစ်‌ခေါ်မည်ဆိုလျှင်လည်း ထိုဟစ်‌ခေါ်ခြင်းခံရသူသည် သူ၏‌ဆွေမျိုးသားချင်း ဖြစ်ခဲ့လျှင်လည်း သူ၏ဝန်ထုပ်မှ အနည်းငယ်မျှ သယ်ပိုးထမ်းရွက်‌ပေးမည် မဟုတ်‌ပေ။ အသင်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား မမြင်ဘဲ ‌ကြောက်ရွံ့၍ စွလာသ်ဝတ်ပြုမှု တည်‌ဆောက်ကြသည့်သူများကိုသာ သတိ‌ပေးနှိုး‌ဆောင်နိုင်သည်။ ထို့ပြင် မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့လျှင် ထိုသူသည် သူ့အတွက် စင်ကြယ်သန့်ရှင်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ‌နောက်ဆုံးပြန်ကြရမည်ဖြစ်သည်။

    [19] မျက်ကန်းနှင့် မျက်မြင်သည် မတူ‌ပေ။

    [20] အ‌မှောင်များနှင့် အလင်းသည်လည်း မတူ‌ပေ။

    [21] အရိပ်နှင့် အပူရှိန်သည်လည်း မတူ‌ပေ။

    [22] အသက်ရှင်သူများနှင့် ‌သေသူများသည်လည်း မတူ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ကြား‌စေ‌တော်မူသည်။ ထို့ပြင် အသင်သည် သချင်္ီုင်းများထဲတွင် ရှိသူများအား ကြား‌အောင်ပြုနိုင်သူ မဟုတ်‌ပေ။

    [23] အသင်(တမန်‌တော်)သည် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။

    [24] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အမှန်တရားနှင့်တကွ ဝမ်း‌မြောက်ဖွယ်သတင်း‌ကောင်း‌ပေးသူ အဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် သာသနာဝင်အုပ်စုတိုင်းတွင် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦး ‌ရောက်လာခဲ့သည်ပင်ဖြစ်သည်။

    [25] ထို့ပြင် အကယ်၍ သူတို့သည် အသင့်အား လိမ်လည်သူဟု စွပ်စွဲငြင်းပယ်ကြလျှင် စစ်စစ် သူတို့မတိုင်မီသူများကလည်း မဟုတ်မမှန်ဟုပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည် ဖြစ်သည်။ ထိုသူများထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်၊ (အမိန့်ပညတ်ချက်များ စုထားသည့်)ကျမ်းငယ်များသာမက လင်းဝင်းသည့်ကျမ်း‌တော်ကိုလည်း ယူ‌ဆောင်လာခဲ့ကြသည်ဖြစ်သည်။

    [26] ထို့‌နောက် ငါအရှင်မြတ်သည် ငြင်းပယ်သူများအား ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ (ယခု အသင်ကြည့်ပါ)ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ဖြစ်သွားခဲ့သနည်း။

    [27] အသင် မမြင်ခဲ့သ‌လော၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေနှင့် အ‌ရောင်အ‌သွေး အမျိုးမျိုးကွဲပြားခြားနား‌သော သစ်သီးဝလံများကို ထွက်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ‌တောင်များတွင်လည်း အ‌ရောင်အမျိုးမျိုးရှိ‌သော အလွှာအထပ်ထပ် အပိုင်းအပိုင်း(‌တောင်ကြားလမ်း)များရှိကြသည်။ အချို့သည်အဖြူ အချို့သည်အနီများ ဖြစ်ကြပြီး အလွန်မည်းနက်သည်များလည်းရှိသည်။

    [28] ထို့ပြင် လူများ၊ သက်ရှိသတ္တဝါများနှင့် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များတို့တွင် ထိုကဲ့သို့ အ‌ရောင်အဆင်း အမျိုးမျိုးရှိကြသည်။ အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏ကျွန်များထဲမှ ပညာရှင်များသာ ‌ကြောက်ရွံ့ကြသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့် အလွန်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [29] အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်ကို ရွတ်ဖတ်ကြသည်။ ထို့ပြင် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြသည်။ ထို့ပြင် သူတို့အား ငါအရှင်မြတ် ‌ပေးသနား‌တော်မူခဲ့‌သော အရာများထဲမှ လုံးဝ မဆုံးရှုံး မပျက်စီး‌သော ‌ရောင်းဝယ်‌ဖောက်ကားမှုမျိုး(ဖြစ်‌သော ဂျန္နသ်သုခဘုံ)ကို ‌မျှော်လင့်‌တောင့်တ‌နေကြလျှက် တိတ်ဆိတ်စွာနှင့် ထင်‌ပေါ်စွာ လှူဒါန်းကြသည်။

    [30] (‌နောက်ဆုံးတွင်) အရှင်မြတ်သည် သူတို့အား သူတို့၏အကျိုးများ ပြည့်ပြည့်ဝဝ ‌ပေး‌တော်မူသည့်အပြင် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့အား ပို့‌ပေး‌တော်မူမည်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ ‌ကျေးဇူးသိတတ်သူကို အလွန်အစား‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သောကျမ်းသည် ၎င်းမတိုင်မီက ကျမ်းများကိုလည်း မှန်သည်ဟု ‌ထောက်ခံလျက်ရှိ‌သော လုံးဝ မှန်သည့်ကျမ်းဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်မျာနှင့်ပတ်သက်၍ အလွန်သိကျွမ်း‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [32] ထို့‌နောက် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျွန်များထဲမှ ငါအရှင်မြတ် ‌ရွေးချယ်‌တော်မူ‌သောသူများအား (ဤ)ကျမ်းကို အ‌မွေအဖြစ် ‌ပေးသနား‌တော်မူသည်။ ထို့ပြင် သူတို့ထဲမှ အချို့မှာ သူ့ကိုယ်သူ နှိပ်စက်သည့်သူများရှိသည်။ အချို့မှာ အလယ်အလတ် လိုက်သည့်သူရှိသည်။ အချို့ကမူ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ဖြင့် ‌ကောင်းမှုများနှင့် ‌ရှေ့ကသွားသူ ရှိသည်။ ဤသည် ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။

    [33] အမြဲ‌နေထိုင်ရမည့် ဥယျာဉ်များ၊ သူတို့သည် ထိုဥယျာဉ်များတွင် ဝင်‌ရောက်ကြမည်။ သူတို့သည် ၎င်းထဲတွင် ‌ရွှေလက်‌ကောက်များ၊ ပုလဲများနှင့် တန်ဆာဆင်ယင်‌ပေးခြင်း ခံကြရမည်ဖြစ်သည်။ ထို့ပြင် ၎င်းထဲတွင် သူတို့၏ အဝတ်အစားမှာ ပိုးထည်ဖြစ်မည်။

    [34] ထို့ပြင် သူတို့သည် (ဤသို့)‌ပြောဆိုကြမည်- “ချီးမွမ်းခြင်းအ‌ပေါင်းသည် ကျွန်ုပ်တို့ထံမှ ပူပင်‌သောကကို ပ‌ပျောက်‌စေ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ ‌ကျေးဇူးသိတတ်သူကို အလွန်အစား‌ပေး‌တော်မူ‌သောအရှင် အမှန်ပင် ဖြစ်‌တော်မူသည်။“

    [35] အကြင် အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ကျွန်ုပ်တို့အား အမြဲ‌နေရမည့်ဌာနတွင် ‌နေရာချ‌ပေး‌တော်မူသည်။ ၎င်းထဲတွင် ကျွန်ုပ်တို့အား မည်သည့်ပင်ပန်းမှုမျှ သက်‌ရောက်မည်မဟုတ်‌ပေ။ ထို့ပြင် ကျွန်ုပ်တို့အား ၎င်းတွင် မည်သည့်‌မောပန်းငြီး‌ငွေ့မှုမှလည်း သက်‌ရောက်မည် မဟုတ်‌ပေ။

    [36] ထို့ပြင် ကာဖိရ်များအတွက် ဂျဟန္နမ်ငရဲဘုံ၏မီးရှိမည်။ သူတို့အ‌ပေါ်တွင် သူတို့‌သေဆုံးနိုင်ကြရန် (အပြီးသတ်)အမိန့်‌ပေးခံရမည်လည်း မဟုတ်‌ပေ။ ထို့ပြင် ထိုငရဲဘုံ၏ပြစ်ဒဏ်သည် သူတို့ထံမှ ‌ပေါ့‌လျော့‌စေခြင်း ခံရမည်လည်း မဟုတ်‌ပေ။ ငါအရှင်မြတ်သည် ဤသို့ပင် အလွန်‌သွေဖည်သူတိုင်းကို အစား‌ပေး‌တော်မူသည်။

    [37] ထို့ပြင် သူတို့သည် ထိုငရဲဘုံတွင် (ဤသို့)‌အော်ဟစ်‌လျှောက်ထားကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား (ဤငရဲဘုံမှ) ထုတ်‌တော်မူပါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုလုပ်‌နေခဲ့‌သော လုပ်ရပ်များမှလွဲ၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြပါမည်။“ (သူတို့သည် ဤသို့ ‌ပြောခံကြရမည်) - ငါအရှင်မြတ်သည် စဉ်းစားဆင်ခြင်လိုသည့်သူများ စဉ်းစားဆင်ခြင်နိုင်သည့် သက်တမ်းကို အသင်တို့အား ‌ပေး‌တော်မူခဲ့သည် မဟုတ်‌လော။ ထို့ပြင် အသင်တို့ထံသို့ သတိ‌ပေးနှိုး‌ဆော်သူလည်း ‌ရောက်လာခဲ့သည် (မဟုတ်‌လော)။ သို့ဖြစ်ရာ အသင်တို့သည် (ယခုမူပြစ်ဒဏ်ကိုသာ) မြည်းစမ်းလိုက်ကြပါ။ ထို့ပြင် မတရားသူများအတွက် ကူညီရိုင်းပင်းမည့်သူ မည်သူမျှ မရှိ‌ပေ။

    [38] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင် ဖုံးကွယ်‌နေသည်များနှင့် ‌မြေပထဝီတွင် ဖုံးကွယ်‌နေသည်များကို သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်များကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [39] အရှင်မြတ်သည်ပင် အသင်တို့အား ကမာ္ဘ‌မြေတွင် ကိုယ်စားလှယ်ဆက်ခံသည့်သူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည့်အရှင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ မည်သူမဆို ‌ကျေးဇူးကန်ခဲ့လျှင် သူ၏‌ကျေးဇူးကန်းမှုသည် သူ၏အ‌ပေါ်၌ပင် ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် ကာဖိရ်များအ‌ပေါ်တွင် သူတို့၏‌သွေဖည်မှုသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာ တိုးပွား‌စေမည်ဖြစ်သည်။ ထို့ပြင် ကာဖိရ်များအ‌ပေါ်တွင် သူတို့၏‌သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာ တိုးပွား‌စေမည်ဖြစ်သည်။

    [40] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး ဟစ်‌ခေါ်တသကြ‌သော အသင်တို့၏တွဲဖက်ကိုးကွယ်ရာများအား မမြင်ကြသ‌လော။ အသင်တို့သည် ငါ့အား ပြသကြပါ- ထိုသူများသည် ‌မြေပထဝီ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်းခဲ့ကြသနည်း။ သို့မဟုတ် မိုး‌ကောင်းကင်များတွင် သူတို့၏ဖက်စပ်ပိုင်ဆိုင်မှုဟူ၍ မည်သည်ရှိသနည်း။ သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အား ကျမ်းတစ်‌စောင်‌ပေး‌တော်မူခဲ့၍ သူတို့သည် ထိုကျမ်း၏အ‌ထောက်အထား တစ်စုံတစ်ခုအ‌ပေါ်တွင် ရပ်တည်‌နေကြသ‌လော။ ထိုသို့လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် မတရားသူများသည် သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြား‌နေကြသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကတိ‌ပေးသည် မရှိကြ‌ပေ။

    [41] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့်‌မြေပထဝီကို ‌ရွေ့‌လျောတိမ်း‌စောင်းမသွားရန် ထိန်းထား‌တော်မူသည်။ ထို့‌နောက် အကယ်၍ ‌ရွေ့‌လျောတိမ်း‌စောင်းသွားခဲ့လျှင် အရှင်မြတ်မှလွဲ၍ မည်သူကမှ ထိုမိုး‌ကောင်းကင်များနှင့်‌မြေပထဝီကို ထိန်းနိုင်မည်မဟုတ်‌ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [42] ထို့ပြင် သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုခဲ့ကြသည်- “အမှန်ပင် အကယ်၍ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးတစ်‌ယောက်သည် သူတို့ထံသို့လာခဲ့လျှင် အမှန်စင်စစ် သူတို့သည် သာသနာဝင်အုပ်စုတိုင်းထက်ပိုပြီး တရားလမ်းမှန်ကို လိုက်နာသူများဖြစ်ကြပါမည်။“ ထို့‌နောက် သတိ‌ပေးနှိုး‌ဆော်သူသည် သူတို့ထံသို့ ‌ရောက်လာသည့်အခါ ထိုအရာသည် သူတို့တွင် စက်ဆုပ်မှုကိုသာ တိုးပွား‌စေခဲ့သည်။

    [43] (သူတို့သည် အမှန်တရားကို လိုလား၍ ထိုသို့ ကျိန်ဆိုခဲ့ကြသည် မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည်) သူတို့ကိုယ်ကို ကမာ္ဘ‌မြေ‌ပေါ်တွင် အထင်ကြီးခဲ့သည့်အတွက်‌ကြောင့် (ကျိန်ဆိုခဲ့ကြခြင်းဖြစ်သည်)၊ ထို့ပြင် (သူတို့သည် ထိုကျိန်ဆိုမှုနှင့်)မ‌ကောင်းကြံစည်မှုကို (ပြုလုပ်ကြရန် လူများအား လှည့်စားကြရန် ရည်ရွယ်ခြင်းဖြစ်သည်)။ ထို့ပြင် မ‌ကောင်းကြံစည်မှု၏အကျိုးဆက်သည် ထိုမ‌ကောင်းကြံစည်မှုကို ကြံစည်သည့်သူများအ‌ပေါ်၌ပင် သက်‌ရောက်သည်။ သို့ဖြစ်ရာ သူတို့သည် ယခင်က လူများ(အ‌ပေါ် အရှင်မြတ်၏)လုပ်ထုံးလုပ်နည်းကိုပင် ‌စောင့်‌မျှော်‌နေကြသည်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏လုပ်ထုံးလုပ်နည်းတွင် မည်သည့်‌ပြောင်းလဲမှုကိုမျှ လုံးဝ‌တွေ့ရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏လုပ်ထုံးလုပ်နည်းတွင် မည်သည့် လဲလှယ်မှုကိုမျှလည်း ‌တွေ့ရမည်မဟုတ်‌ပေ။

    [44] သူတို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်မသွားလာခဲ့ကြသ‌လော။ ထိုသို့သွားလာခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သနည်းဆိုသည်ကို ‌တွေ့မြင်ကြမည်ဖြစ်သည်။ ထို့ပြင် ထိုသူများသည် သူတို့ထက် အင်အား ပိုကြီးမားပြင်းထန်ခဲ့သည့်သူများပင် ဖြစ်ခဲ့ကြသည်။ ထို့ပြင် မိုး‌ကောင်းကင်များတွင်ဖြစ်‌စေ၊ ‌မြေပထဝီတွင်ဖြစ်‌စေ၊ မည်သည့်အရာကမှ အလ္လာဟ်အရှင်မြတ်အား မစွမ်း‌ဆောင်နိုင်‌အောင် ပြုလုပ်နိုင်ကြသည် မဟုတ်‌ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်တတ်စွမ်းနိုင်သည့်အရှင်ဖြစ်‌တော်မူသည်။

    [45] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား သူတို့ရှာ‌ဖွေ ဆည်းပူးခဲ့ကြသည့် ပြစ်မှုများ‌ကြောင့် အ‌ရေးယူမည်ဆိုလျှင် ကမာ္ဘ‌မြေ၏‌ကျောကုန်း‌ပေါ်တွင် လှုပ်ရှားသွားလာ‌နေ‌သော မည်သည့်သတ္တဝါကိုမျှ ချန်လှပ်ထား‌တော်မူမည် မဟုတ်‌ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့အား သတ်မှတ်ထားသည့်အချိန်အထိ ဆိုင်းငံ့ထား‌တော်မူသည်။ ထို့‌နောက် သူတို့၏အချိန်ကာလ ‌ရောက်လာသည့်အခါ (သူတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အကျိုးအပြစ်‌ပေး‌တော်မူမည်ဖြစ်သည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 36
    ယာစင်

    [1] ယာစီန်။

    [2] (ငါအရှင်မြတ်သည်)ပညာဉာဏ်အ‌မြော်အမြင်နှင့်ပြည့်စုံ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို သက်‌သေထူ‌တော်မူသည်။

    [3] အမှန်စင်စစ် အသင်သည် တမန်‌တော်များထဲတွင် အမှန်ပင် တစ်ပါးအပါအဝင်ဖြစ်သည်။

    [4] ‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင် တည်ရှိ‌နေသည်။

    [5] တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်(မူ‌သော ကျမ်းဖြစ်)သည်။

    [6] (ထိုသို့ချ‌ပေး‌တော်မူခြင်းမှာ) အသင်(တမန်‌တော်)သည် အကြင်အမျိုးသားများကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက်ဖြစ်သည်။* ထိုအမျိုးသားများ၏ အဘ၊ ဘိုး၊ ‌ဘေးများသည် သတိ‌ပေးနှိုး‌ဆော်ခြင်း မခံခဲ့ကြရ‌ပေ။ သို့ဖြစ်ရာ သူတို့သည် (တရား)မသိသူများဖြစ်‌နေကြသည်။

    [7] အမှန်စင်စစ် သူတို့ထဲမှ အ‌မြောက်အမြားအ‌ပေါ်တွင် အမိန့်‌တော်သည် အတည်ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်‌ပေ။

    [8] အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏လည်ကုပ်များတွင် လည်ထိပ်*များကို စွပ်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုလည်ထိပ်များသည် ‌မေး‌စေ့များအထိ ‌ရောက်‌နေပြီဖြစ်သည်။ ထိုအရာ‌ကြောင့် သူတို့သည် ‌ခေါင်း‌မေ့ာ‌နေကြသည်။

    [9] ထို့ပြင် ငါအရှင်မြတ်သည် သူတို့‌ရှေ့၌ အကာအဆီးတစ်ခု၊ ထို့ပြင် သူတို့‌နောက်တွင် အကာအဆီးတစ်ခု ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား (အကာများနှင့်)ဖုံးလွှမ်းထားလိုက်သည့်အတွက် သူတို့သည် (မည်သည့်အရာကိုမျှ) မမြင်နိုင်ကြ‌တော့‌ပေ။

    [10] ထို့ပြင် သူတို့အ‌ပေါ်၌ အတူတူပင်၊ အသင်(တမန်‌တော်)သည် သူတို့အား သတိ‌ပေးနှိုး‌ဆော်ခဲ့သည်ပင်ဖြစ်‌စေ၊ သတိ‌ပေးနှိုး‌ဆော်မှု မပြုခဲ့သည်ပင်ဖြစ်‌စေ၊ သူတို့ကမူ ယုံကြည်ကြမည် မဟုတ်‌ပေ။

    [11] အသင်(တမန်‌တော်)သည် ဆုံးမဩဝါဒကို လိုက်နာပြီး ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်အား အကွယ်မှ ‌ကြောက်ရွံ့သည့်သူကိုပင် သတိ‌ပေးနှိုး‌ဆော်နိုင်မည်ဖြစ်သည်။* သို့ဖြစ်ရာ အသင်သည် ထိုသူကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်သည့်အကျိုးရှိသည့်အ‌ကြောင်း ဝမ်း‌မြောက်ဖွယ်ရာသတင်းကို ‌ပြောလိုက်ပါ။

    [12] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌သေသူများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ကြိုတင်ပို့ခဲ့ကြသည်များနှင့် သူတို့ ‌နောက်ချန်ထားခဲ့ကြသည်များကို ‌ရေးသားထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို ထင်ရှား‌သောမှတ်တမ်းစာအုပ်တွင် ‌ရေးမှတ်ထားပြီးဖြစ်သည်။

    [13] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား ထိုမြို့သူမြို့သားများ၏အ‌ကြောင်းတစ်ခုကို ‌ပြောပြလိုက်ပါ- တစ်ခါက ထိုမြ့ိုသူမြ့ိုသားများထံသို့ တမန်‌တော်များသည် ‌ရောက်ရှိလာခဲ့ကြသည်။

    [14] ထိုစဉ်က ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်‌တော်နှစ်ပါးကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့က ထိုနှစ်ပါးလုံးအား လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် တတိယ တမန်‌တော်တစ်ပါးနှင့် အင်အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံကြရ‌သော တမန်‌တော်များဖြစ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [15] ထိုမြို့သားများက “အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်ကြသည်။ ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်သည် အသင်တို့အ‌ပေါ်တွင် မည်သည့်အရာမျှ ချ‌ပေး‌တော်မူသည်မဟုတ်‌ပေ၊ အသင်တို့သည် လိမ်လည်‌ပြောဆို‌နေကြသည်သာဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။

    [16] ထိုတမန်‌တော်များက ‌ပြောကြားခဲ့ကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံကြရသည့်သူများဖြစ်‌ကြောင်းကို ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် သိရှိ‌တော်မူသည်။“

    [17] ထို့ပြင် ကျွန်ုပ်တို့အ‌ပေါ်မှာမူ (အရှင်မြတ်၏အမိန့်‌တော်များကို) ထင်ရှားစွာ ပို့‌ဆောင်ရန်တာဝန်မှလွဲ၍ အခြား တာဝန်မရှိ‌ပေ။“

    [18] ထိုမြ့ိုသားများက ‌ပြောဆိုခဲ့ကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား နမိတ်မ‌ကောင်းသည့်သူများဟု ယူဆကြသည်။ အကယ်၍ အသင်တို့သည် မရပ်စဲကြလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ခဲများဖြင့် ပစ်‌ပေါက်သတ်ကြမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ထံမှ အသင်တို့ထံသို့ နာကျင်‌စေသည့်ပြစ်ဒဏ်လည်း အမှန်စင်စစ် ကျ‌ရောက်မည်ဖြစ်သည်။“

    [19] တမန်‌တော်များက ‌ပြောဆိုခဲ့ကြသည်- “အသင်တို့၏ မ‌ကောင်းသည့်အတိတ်နမိတ်သည် အသင်တို့၌ပင် ရှိ‌နေသည်။ အသင်တို့အ‌နေဖြင့် ဆုံးမဩဝါဒ‌ပေးခံရခြင်းသည် မ‌ကောင်း‌သော အတိတ်နမိတ်‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့ပင် စည်း‌ဖောက်သူများဖြစ်ကြသည်။“

    [20] ထို့‌နောက် မြို့စွန်မှ လူတစ်‌ယောက်‌ပြေးလာပြီး ‌ပြောဆိုသည်- “အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် တမန်‌တော်များ၏စကားကို နား‌ထောင်ကြပါ။“

    [21] “အသင်တို့ထံမှ မည်သည့်အကျိုးမျှမ‌တောင်းဘဲ လမ်းမှန်ရရှိ‌နေကြသည့်သူများ၏‌နောက်ကို အသင်တို့လိုက်ကြပါ။“

    [22] ကျွန်ုပ်မှာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား မကိုးကွယ်ရန် မည်သည့်အ‌ကြောင်းရှိသနည်း။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။

    [23] ကျွန်ုပ်တို့သည် အရှင်မြတ်အား စွန့်၍ ထိုသို့‌သော အခြားအရာများအား ကိုးကွယ်ရမည်‌လော၊ အကယ်၍ ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်သည် ကျွန်ုပ်တို့တွင် ဒုက္ခတစ်စုံတစ်ခု သက်‌ရောက်‌စေရန် ရည်ရွယ်‌တော်မူလျှင် ထိုကိုးကွယ်ရာများ၏ ကြားဝင်အသနားခံ‌ပေးမှုသည်လည်း ကျွန်ုပ်အတွက် အနည်းငယ်မျှ အသုံးဝင်မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ကျွန်ုပ်အား ကယ်တင်နိုင်ကြမည်လည်း မဟုတ်‌ပေ။

    [24] ထိုသို့ဖြစ်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် ထင်ရှား‌သောလမ်းမှားမှုထဲတွင် ရှိ‌နေပြီဖြစ်သည်။

    [25] အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ယုံကြည်ခဲ့ပြီဖြစ်သည့်အတွက် အသင်တို့သည် ကျွန်ုပ်(၏စကား)ကို နား‌ထောင်ကြပါ။

    [26] (ထို့‌နောက် မြို့သားများသည် သူ့အား သတ်လိုက်သည့်အခါ အရှင်မြတ်ဘက်မှ သူ့အား)မိန့်ကြား‌တော်မူခြင်းခံရသည်- “အသင်သည် ဂျန္နသ်သုခဘုံထဲသို့ ဝင်‌ရောက်ပါ“။ ထို(အသတ်ခံရ)သူက‌ပြောသည်- “‌ဪ- ကျွန်ုပ်၏အမျိုးသားများသည် သိရှိကြလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။“

    [27] “ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူခဲ့သည်သာမက ကျွန်ုပ်ကို ဂုဏ်ရှိသူများထဲတွင် ပါဝင်‌စေ‌တော်မူခဲ့သည်ကို (သူတို့ သိရှိကြလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း)။“

    [28] ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူ(‌သေဆုံးပြီး)‌နောက်တွင် သူ၏အမျိုးသားများအ‌ပေါ်တွင် မိုး‌ကောင်းကင်မှ မည်သည့် စစ်တပ်ကိုမျှ ‌စေလွှတ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်အတွက် ‌စေလွှတ်ရန်လည်း မလို‌ပေ။

    [29] (သူတို့အတွက် ပြစ်ဒဏ်မှာ) ပြင်းထန်‌သောဟစ်‌အော်သံတစ်ခုပင် ဖြစ်ခဲ့သည်။ ထို့‌နောက် သူတို့သည် ချက်ချင်းပင် အသက်ချုပ်ငြိမ်းသွားသူများဖြစ်ခဲ့ကြရသည်။

    [30] ‌ဪ- ဤသို့ကျွန်များအ‌ပေါ်တွင် ဝမ်းနည်းဖွယ်ရာပင်၊ ထိုသူများထံသို့ မည်သည့်တမန်‌တော် ‌ရောက်လာသည်ဖြစ်‌စေ၊ သူတို့သည် ထိုတမန်‌တော်အား ‌ပြောင်‌လှောင်ခဲ့ကြသည်ချည်းသာဖြစ်သည်။

    [31] ငါအရှင်မြတ်သည် သူတို့မတိုင်မီ လူမျိုးဆက် အ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့‌နောက် ပျက်စီးသွားခဲ့‌သော လူမျိုးဆက်များသည် အမှန်စင်စစ် သူတို့ထံ ပြန်မလာကြသည်ကို သူတို့သည် မမြင်ခဲ့ကြသ‌လော။

    [32] ထို့ပြင် အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ပင် အသင့်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။

    [33] ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ (‌ခြောက်‌သွေ့သည့်)‌မြေ‌သေဖြစ်သည်။ ငါအရှင်မြတ်သည် ထို‌မြေ‌သေကို ရှင်‌စေ‌တော်မူပြီး‌နောက် ထို‌မြေမှ ‌ကောက်ပဲသီးနှံကို ထွက်‌စေ‌တော်မူခဲ့သည့်အတွက် သူတို့သည် ထို‌ကောက်ပဲသီးနှံများကို စားသုံး‌နေကြသည်။

    [34] ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေတွင် စွန်ပလွံခြံများနှင့် စပျစ်ခြံများကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်သာမက ထို‌မြေတွင် စမ်း‌ရေ‌ချောင်းများကိုလည်း ပန်းထွက်စီးဆင်း‌စေ‌တော်မူခဲ့သည်။

    [35] သူတို့သည် သူတို့၏လက်များက ပြုလုပ်ခဲ့ကြသည်မဟုတ်ပါဘဲလျက် ထိုစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများကို စားသုံးကြရန်ဖြစ်သည်။ သို့ပါလျက် သူတို့သည် ‌ကျေးဇူးမတင်ကြ‌လေသ‌လော။

    [36] အကြင်အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူသည်၊ ထိုအရှင်မြတ်သည် ‌မြေကြီးမှ ‌ပေါက်‌ရောက်သည့်အရာများနှင့် သူတို့ကိုယ်များတွင်သာမက သူတို့မသိသည့်အရာများတွင်လည်း ဖိုမ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်း‌တော်မူခဲ့သည်။

    [37] ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ ညဖြစ်သည်။ ငါအရှင်မြတ်သည် ထိုညမှ ‌နေ့ကို ချွတ်ခွာယူ‌တော်မူသည်နှင့် တစ်ပြိုင်နက် သူတို့သည် အ‌မှောင်ထဲတွင် ရှိ‌နေကြရ‌တော့သည်။

    [38] ထို့ပြင် ‌နေသည် သူ၏လမ်‌ကြောင်းအတိုင်းသွားလာ‌နေသည်။ ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်၏ တိုင်းတာသတ်မှတ်ချက်ဖြစ်သည်။

    [39] ထို့ပြင် လကို ငါအရှင်မြတ်က ခရီးစခန်းများ သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ ‌နောက်ဆုံးထိုလသည် ‌ကွေး‌နေ‌သော စွန်ပလွံခိုင်‌ခြောက်‌ဟောင်းပမာ ပြန်ဖြစ်သွား‌တော့သည်။

    [40] ‌နေသည် လကို မမီနိုင်သကဲ့သို့ ညသည်လည်း ‌နေ့ကို မ‌ကျော်လွန်နိုင်‌ပေ။ ထို့ပြင် အားလုံးကိုယ်စီသည် ပတ်လမ်း‌ကြောင်းတစ်ခုစီတွင် ကူးခတ်သွားလာ‌နေကြသည်ဖြစ်သည်။

    [41] ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏သား‌မြေးများကို ဝန်အပြည့်တင်ထား‌သော သ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်စီးနင်း‌စေ‌တော်မူခြင်းပင် ဖြစ်သည်။

    [42] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် ထိုသ‌ဘေင်္ာကဲ့သို့ပင် သူတို့ စီးနင်းကြ‌သော အခြားအရာများကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။

    [43] ထို့ပြင် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် သူတို့အား နစ်မြှပ်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုအခါ သူတို့အား ကူညီမည့်သူလည်း မည်သူမျှ ရှိမည်မဟုတ်‌ပေ။ သူတို့သည် ကယ်တင်ခြင်းခံကြရမည်လည်း မဟုတ်‌ပေ။

    [44] သို့ရာတွင် (၎င်းသည်) ငါအရှင်မြတ်၏ကရုဏာပင်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ပြီး‌သော အချိန်ကာလထိ (သူတို့အား) အကျိုးခံစား‌စေခြင်းလည်း ဖြစ်သည်။

    [45] ထို့ပြင် သူတို့အား အသင်တို့သည် သနား‌တော်မူခြင်းခံကြရရန်အတွက် အသင်တို့၏‌ရှေ့‌မှောက်၌ ရှိသည့်အရာ(ပြစ်ဒဏ်)နှင့် အသင်တို့၏‌နောက်တွင် ရှိသည့်အရာ(ပြစ်ဒဏ်)ကိုပါ ‌ကြောက်ရွံ့စိုုးရိမ်ကြပါဟု ‌ပြောခဲ့သည့်အခါ (သူတို့သည် မျက်နှာလွှဲခဲ့ကြသည်)။

    [46] ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်များထဲမှ အမိန့်‌တော်တစ်စုံတစ်ခုသည် သူတို့ထံသို့ ‌ရောက်လာတိုင်း သူတို့သည် ထိုအမိန့်‌တော်မှ မျက်နှာလွှဲခဲ့ကြသည်ချည်းပင်ဖြစ်သည်။

    [47] ထို့ပြင် သူတို့အား အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်‌ပေးသနား‌တော်မူခဲ့သည့်အထဲမှ သုံးစွဲလှူဒါန်းကြပါဟု ‌ပြောဆိုသည့်အခါ ကာဖိရ်ငြင်းပယ်သူများက အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် အရှင်မြတ်ကိုယ်တိုင် ‌ကျွေး‌မွေး‌တော်မူမည်ဖြစ်သည့်သူများကို ကျွန်ုပ်တို့က ‌ကျွေး‌မွေးကြရမည်‌လော၊ အသင်တို့သည် ထင်ရှား‌သောလမ်းမှားတွင် ရှိ‌နေကြသည်ဖြစ်သည်ဟု အီမာန်ယုံကြည်သူများအား ‌ပြောဆိုကြသည်။

    [48] ထို့ပြင် သူတို့က အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါဖြစ်သနည်းဟု ‌ပြောဆို‌မေးမြန်းကြသည်။

    [49] သူတို့သည် မိမိတို့အချင်းချင်း အငြင်းပွား‌နေလျက်ရှိစဉ်၌ပင် သူတို့အား ဖမ်းဆီးဖျက်ဆီးမည့် ဟစ်‌အော်သံတစ်ခုကိုသာ ‌စောင့်‌မျှော်‌နေကြခြင်းဖြစ်သည်။

    [50] သို့ဖြစ်ရာ ထိုအသံကြားကြရ‌သောအခါ သူတို့သည် မည်သည့်‌သေတမ်းစကားကိုမျှ မှာကြားနိုင်ကြမည်မဟုတ်‌ပေ။ သူတို့၏အိမ်သူအိမ်သားများထံသု့ိ ပြန်သွားနိုင်ကြမည်လည်း မဟုတ်‌ပေ။

    [51] ထို့ပြင် တံပိုးခရာမှုတ်သည့်အခါ သူတို့သည် ချက်ချင်း သချင်္ီုင်းများမှ ထွက်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ‌ပြေးလွှားလျက်လာကြမည်။

    [52] သူတို့က ‌ဪ- ငါတို့သည် ပျက်စီးရ‌လေခြင်းပင်။ မည်သူက ငါတို့အား ငါတို့၏အိပ်ရာမှ ထ‌စေသနည်းဟု ‌ပြောဆိုညည်းညူကြမည်ဖြစ်သည်။ (‌ကောင်းကင်တမန်များက ‌ဖြေကြားမည်)- ဤသည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်က ချိန်းဆိုထား‌တော်မူခဲ့‌သော ချိန်းဆိုချက်ပင်ဖြစ်သည်။ ထို့ပြင် တမန်‌တော်များသည် မှန်ကန်စွာပင် ‌ပြောဆိုခဲ့ကြသည်ဖြစ်သည်။

    [53] ထိုအရာ(တံပိုးခရာမှုတ်ခြင်း)သည် ပြင်းထန်‌သော ဟစ်‌အော်သံတစ်ခုပင်ဖြစ်မည်။ ထို့‌နောက် သူတို့အားလုံးသည် ချက်ချင်းပင် ငါအရှင်မြတ်ထံသို့ ‌ခေါ်‌ဆောင်လာခြင်းခံကြရမည်ဖြစ်သည်။

    [54] ယ‌နေ့မူ မည်သူမျှ အနည်းငယ်မျှ မတရားပြုလုပ်ခြင်းခံရမည် မဟုတ်‌ပေ။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များကိုပင် အစား‌ပေးခြင်း ခံရမည်ဖြစ်သည်။

    [55] အမှန်စင်စစ် ဂျန္နသ်သုခဘုံသားများသည် ယ‌နေ့(သူတို့၏)အ‌ရေးကိစ္စများ၌ပင် ‌မွေ့‌လျော်‌ပျော်ရွှင်‌နေကြမည်။

    [56] သူတို့နှင့် သူတို့၏ဇနီးကြင်ရာများသည် အရိပ်များ‌အောက်တွင် မြင့်မား‌သော ထိုင်ခုံများ‌ပေါ်တွင် မှီအုံးများအားမှီ၍ ထိုင်‌နေကြမည်။

    [57] သူတို့အတွက် ထိုသုခဘုံတွင် သစ်သီးဝလံ(မျိုးစုံ)လည်း ရှိကြမည်။ ထို့ပြင် သူတို့အတွက် သူတို့‌တောင်းသမျှ အရာများလည်း ရှိကြမည်။

    [58] အလွန်သနားကြင်နာ‌တော်မူ‌သော ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဘက်မှ စလာမ်ငြိမ်းချမ်းပါ‌စေဟု မိန့်ကြား‌တော်မူမည်။

    [59] ထို့ပြင် အို- အပြစ်ရှိသူအ‌ပေါင်းတို့၊ အသင်တို့သည် ယ‌နေ့ သီးခြား‌နေကြ‌ပေ‌တော့(ဟု အရှင်မြတ်က မိန့်ကြား‌တော်မူလိမ့်မည်)။

    [60] အို- အာဒမ်၏သားသမီးအ‌ပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့အ‌နေနှင့် ရှိုင်သွာန်ကို မကိုးကွယ်ကြနှင့်ဟု မိန့်မှာ‌တော်မူခဲ့သည်မဟုတ်‌လော။ အမှန်စင်စစ် သူသည် အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။

    [61] ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ကိုပင် ကိုးကွယ်ကြပါ၊ ဤသည်ပင် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းဖြစ်သည်။

    [62] ထို့ပြင် အမှန်စင်စစ် ထိုရှိုင်သွာန်သည် အသင်တို့ထဲမှ အဖန်ဆင်းခံအ‌မြောက်အမြားအား လမ်းလွဲ‌စေခဲ့ပြီဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။

    [63] ဤသည် အသင်တို့ ကတိ‌ပေးချိန်းဆိုခြင်းခံခဲ့ကြရ‌သော ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။

    [64] အသင်တို့သည် အသင်တို့ငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့် ယ‌နေ့ ထိုငရဲဘုံထဲသို့ ဝင်ကြ‌ပေ‌တော့။

    [65] ယ‌နေ့မူ ငါအရှင်မြတ်သည် သူတို့၏ နှုတ်လျှာများအ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူမည်။ ထို့ပြင် သူတို့၏လက်များသည် ငါအရှင်မြတ်နှင့် စကား‌ပြောဆိုကြမည်။ ထို့ပြင် သူတို့၏‌ခြေများသည်လည်း သူတို့ပြုလုပ်ခဲ့သမျှများကို သက်‌သေခံကြမည်။

    [66] ထို့ပြင် အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူလျှင် (‌လောက ကတည်းက) သူတို့၏မျက်စိများကို ကွယ်‌ပျောက်‌စေ‌တော်မူခဲ့မည်။ ထို့‌နောက် သူတို့သည် လမ်းကို ‌ပြေးကြမည်။ သို့ဖြစ်ရာ သူတို့သည် အဘယ်သို့ မြင်ကြရ‌တော့မည်နည်း။

    [67] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် သူတို့၏‌နေရာ၌ပင် သူတို့အား ပုံ‌ပြောင်းပစ်လိုက်‌တော်မူခဲ့မည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ‌ရှေ့သို့လည်းမသွားနိုင်၊ ‌နောက်သို့လည်း မဆုတ်နိုင်ဖြစ်ကြလိမ့်မည်။

    [68] ထို့ပြင် ငါအရှင်မြတ်သည် အိုမင်းရင့်‌ရော်‌စေ‌တော်မူ‌သောသူကို သူ၏ဖန်ဆင်းမှုတွင် ‌ပြောင်းပြန်ဖြစ်‌စေ‌တော်မူလိုက်သည်။ (သူငယ်ပြန်‌စေ‌တော်မူလိုက်သည်)။ သို့ပါလျက် သူတို့သည် မသိနားမလည်ကြသ‌လော။

    [69] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို ကဗျာသင်‌ပေးခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် ထိုကဗျာသည် ၎င်း(တမန်‌တော်)နှင့်လည်း မအပ်စပ်‌ပေ။ အမှန်စင်စစ် ထိုအရာသည် ဆုံးမဩဝါဒနှင့် ထင်ရှား‌သောကုရ်အာန်ကျမ်း‌တော်မြတ်ပင် ဖြစ်သည်။

    [70] (ထို ကုရ်အာန်သည်) ၎င်း(တမန်‌တော်)အ‌နေနှင့် (စိတ်နှလုံး)ရှင်သူများကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက်နှင့် ကာဖိရ်များအ‌ပေါ်တွင် စွဲချက်အတည်ဖြစ်ရန်အတွက်ဖြစ်သည်။

    [71] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အတွက် ငါအရှင်မြတ်၏လက်‌တော်နှင့် ပြုလုပ်‌တော်မူခဲ့‌သော အရာများထဲမှ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များကို ဖန်ဆင်း‌တော်မူခဲ့သည့်အတွက် သူတို့သည် ထိုတိရစာ္ဆန်များကို ပိုင်ဆိုင်သူများ ဖြစ်သွားခဲ့ကြသည်ကို သူတို့ မမြင်ခဲ့ကြသ‌လော။

    [72] ထို့ပြင် ငါအရှင်မြတ်သည် ထိုတိရစာ္ဆန်များအား အနွံအတာခံ‌စေ‌တော်မူခဲ့သည့်အတွက် ၎င်းတို့ထဲမှ အချို့မှာ သူတို့၏ အစီးအနင်းများဖြစ်‌နေကြသည်။ ထို့ပြင် ၎င်းတို့ထဲမှ အချို့ကို သူတို့စားသုံးကြသည်။

    [73] ထို့ပြင် သူတို့အတွက် ထိုအထဲတွင် အခြား‌ကျေးဇူးများနှင့် ‌သောက်သုံးစရာများလည်းရှိကြသည်။ ထို့‌နောက်လည်း သူတို့သည် ‌ကျေးဇူးမတင်ကြသ‌လော။

    [74] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို သူတို့သည် ကူညီကြရလိမ့်မည်ထင်ပြီး သတ်မှတ်ခဲ့ကြသည်။

    [75] ထိုကိုးကွယ်ရာများသည် သူတို့အား မကူညီနိုင်သည့်အပြင် (သူတိုု့ကိုယ်သူတို့ပင် မကူညီနိုင်၍) သူတို့သည်ပင် ထိုကိုးကွယ်ရာများ(အား မွမ်းမံပြုပြင်‌ပေးရန်၊ ကာကွယ်‌စောင့်‌ရှောက်‌ပေးရန်၊ မ‌ကောင်း‌ပြောခံရလျှင် ကိုယ်စားပြန်‌ပြော‌ပေးကြရန်)အတွက် ‌ရှေ့၌ အသင့်‌ရောက်ရှိ‌နေကြရ‌သော အုပ်စုတပ်သားများ ဖြစ်‌နေကြရသည်။

    [76] သို့ဖြစ်ရာ သူတို့၏‌ပြောဆိုမှုသည် အသင့်အား စိတ်မဆင်းရဲ‌စေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ လျှို့ဝှက်သမျှနှင့် သူတို့ထုတ်‌ဖော်သမျှကို သိရှိ‌တော်မူသည်။

    [77] လူသားသည် စဉ်းစားမကြည့်ခဲ့သ‌လော။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့အား သုက်ရည်တစ်စက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် ချက်ချင်းပင် သူသည် ထင်ရှား‌သော ငြင်းခံသူဖြစ်လာခဲ့သည်။

    [78] ထို့ပြင် လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ ပမာတစ်ခု ခိုင်းနှိုင်း‌ပြောဆိုခဲ့သည်။ ထို့ပြင် သူသည် သူဖန်ဆင်းခြင်းခံရသည့်အဖြစ်ကို ‌မေ့သွားခဲ့သည်။ သူက “အရိုးများသည် ‌ဆွေးမြည့်သွားသည့်အခါ မည်သူက ထိုအရိုးများအား ရှင်‌စေဦးမည်နည်း“ဟု ခိုင်းနှိုင်း‌ပြောဆိုခဲ့သည်။

    [79] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ပထမအကြိမ် ထိုအရိုးများကို ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်မြတ်ပင် ထိုအရိုးများကို ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ဖန်ဆင်းနည်းမျိုးစုံကိုလည်း အလွန်သိရှိ‌တော်မူ‌သော အရှင်ပင်ဖြစ်‌တော်မူသည်။

    [80] အကြင်အရှင်မြတ်သည် စိမ်းစို‌သောသစ်ပင်မှ အသင်တို့အတွက် မီးကို ဖန်ဆင်း‌တော်မူခဲ့သည့်အတွက် အသင်တို့သည် (အချင်းချင်းပင်) ထိုသစ်ပင်မှ မီး‌မွှေး‌နေကြသည်။

    [81] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်သည် သူတိုု့ကဲ့သို့လူမျိုးကို (‌နောက်တစ်ကြိမ်)ဖန်ဆင်းရန် တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်မြတ် မဟုတ်သ‌လော။ အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် အရှင်မြတ်သည် အကြိမ်ကြိမ်ဖန်ဆင်း‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [82] အရှင်မြတ်၏အမိန့်ကမူ တစ်စုံတစ်ခုကို အရှင်မြတ်သည် (ဖန်ဆင်း‌တော်မူရန်)ရည်ရွယ်‌တော်မူလျှင် ထိုအရာကို“ဖြစ်‌စေ“ဟု မိန့်လိုက်ရုံပင်ဖြစ်သည်။ ထို့‌နောက် ထိုအရာသည် ဖြစ်လာ‌တော့သည်။

    [83] သို့ဖြစ်ရာ အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။ ထိုအရှင်၏လက်ထဲတွင် အရာအားလုံး၏ စိုးမိုးအုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်သွားကြရမည်ဖြစ်သည်။

    Surah 37
    အတန်းလိုက်စီသူများ

    [1] (ငါအရှင်မြတ်သည်)ကျနစွာ တန်းစီ မတ်တတ်ရပ်‌နေကြသူများအား သက်‌သေထူ‌တော်မူသည်။

    [2] ‌ငေါက်ငမ်း‌မောင်းနှင်သူများအား သက်‌သေထူ‌တော်မူသည်။

    [3] သတိရတသမှုကို ရွတ်ဖတ်‌နေသူများအား သက်‌သေထူ‌တော်မူသည်။

    [4] အမှန်စင်စစ် အသင်တို့၏ကိုးကွယ်ထိုက်ည့်အရှင်သည် တစ်ပါးတည်းသာ ဖြစ်‌တော်မူသည်။

    [5] (ထိုအရှင်သည်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက ထိုနှစ်ခုကြားထဲမှ ရှိသမျှကိုလည်း ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ထို့ပြင် ‌နေထွက်ရာအရပ်များ*ကိုလည်း ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌အောက်ဆုံးဖြစ်‌သော မိုး‌ကောင်းကင်ကို ကြယ်နက္ခတ်များနှင့် တန်ဆာဆင်မြန်း‌တော်မူခဲ့သည်။

    [7] ထို့ပြင် (ငါအရှင်မြတ်သည်) ဆိုးသွမ်း‌သော ရှိုင်သွာန်တိုင်းမှ အကာအကွယ်(အဖြစ် ဤကြယ်တာရာများကို)ပြုလုပ်‌တော်မူခဲ့သည်။

    [8] သူတို့သည် အထက်‌ကောင်းကင်ဘုံသို့(ကပ်ပြီး)နားစွင့်နိုင်ခြင်း မရှိကြသည့်အပြင် သူတို့သည် အဘက်ဘက်မှ (မီး‌တောက်မီးလျှံနှင့်)ပစ်‌ပေါက်ခြင်းကို ခံကြရသည်။

    [9] နှင်ထုတ်ခံကြရလျက်၊ ထို့ပြင် သူတို့အတွက် အမြဲခံစားကြရမည့် ပြစ်ဒဏ်လည်းရှိဦးမည်။

    [10] သို့ရာတွင် အကြင်ရှိုင်သွာန်သည် (သတင်းတစ်စုံတစ်ခုကို) ရုတ်တရက်အမြန်ယူ(ထွက်‌ပြေးသွား)ခဲ့လျှင် ‌တောက်‌လောင်သည့် မီး‌တောက်တစ်ခုသည် သူ၏‌နောက်သို့ လိုက်‌တော့သည်။

    [11] ထို့‌နောက် အသင်(တမန်‌တော်)သည် သူတို့အား ‌မေးမြန်းလိုက်ပါ- သူတို့အား ဖန်ဆင်းခြင်းသည် ပို၍ခက်ခဲသ‌လော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်း‌တော်မူခဲ့သည့်အရာများ(ထိုအဖန်ဆင်းခံများအားလုံးကို ဖန်ဆင်း‌တော်မူခြင်းသည် ပို၍ခက်ခဲသ‌လော)။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ရွွှံ့‌စေးနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [12] အမှန်စင်စစ် အသင်သည် (သူတို့၏ငြင်းပယ်မှု‌ကြောင့်)အံ့ဩ‌နေသည်။ ထို့ပြင် သူတို့ကမူ (အသင့်အား) ‌ပြောင်‌လှောင်‌နေကြသည်။

    [13] ထို့ပြင် သတိ‌ပေးဆုံးမခြင်း ခံကြရသည့်အခါတွင်လည်း သူတို့သည် တရားရကြသည် မဟုတ်‌ပေ။

    [14] ထို့ပြင် သူတို့သည် သက်‌သေသာဓကတစ်စုံတစ်ခုကို ‌တွေ့မြင်သည့်အခါ ‌ပြောင်‌လှောင်ကြသည်။

    [15] ထို့ပြင် သူတို့က ဤသည် ထင်ရှား‌သော ‌မှော်အတတ်ပညာပင်ဖြစ်သည်ဟု ‌ပြောဆိုကြသည်။

    [16] ကျွန်ုပ်တို့သည် ‌သေဆုံးကြပြီး ‌မြေကြီးဖြစ်သွား၍ အရိုးများသာ ကျန်ရှိသည့်အခါ ကျွန်ုပ်တို့သည် အမှန်စင်စစ် ရှင်ပြန်ထ‌စေခြင်းကို ခံကြရဦးမည်‌လော။

    [17] ထို့ပြင် ယခင်က ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများလည်း (ရှင်ပြန်ထကြရဦးမည်‌လော)။

    [18] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ဟုတ်သည်၊ (အမှန်ပင် ရှင်ပြန်ထကြရမည်)၊ ထို့ပြင် အသင်တို့သည် ‌သေးသိမ်သူများလည်း ဖြစ်ကြရဦးမည်။

    [19] ထို့ပြင် ထိုအရာသည် တံပိုးခရာမှုတ်ခြင်း (ပြင်းထန်သည့်အသံ)တစ်ခုသာဖြစ်မည်။ ထိုအခါ ရုတ်တရက် သူတို့သည်(သချင်္ီုင်းထဲမှထပြီး ‌ကြောက်ရွံ့စွာဖြင့်)ကြည့်‌နေကြလိမ့်မည်။

    [20] ထို့ပြင် သူတို့က ‌ဪ- ငါတို့သည် ပျက်စီးကြရ‌လေခြင်း၊ ဤသည် အစား‌ပေးမည့်‌နေ့ပင်‌လောဟု ‌ပြောဆိုကြမည်။

    [21] ဤသည် မဟုတ်မမှန်ဟု အသင်တို့ငြင်းပယ်‌နေခဲ့ကြ‌သော စီရင်ဆုံးဖြတ်မည့်‌နေ့ပင် ဖြစ်သည်။

    [22] (အရှင်မြတ်က ‌ကောင်းကင်တမန်များကို မိန့်ကြား‌တော်မူမည်)၊ အသင်တို့သည် မတရားနှိပ်စက်ခဲ့ကြသည့်သူများနှင့်၊ သူတို့ကဲ့သို့ အယူအဆတူ‌သော အ‌ပေါင်းအ‌ဖော်များသာမက သူတို့ ကိုးကွယ်ခဲ့ကြသည့်အရာများကိုလည်း စုရုံးလိုက်ကြပါ။

    [23] အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး (သူတို့ ကိုးကွယ်ခဲ့ကြသည့်အရာများကို စုရုံးပါ)။ ထို့ပြင် အသင်တို့သည် သူတို့အားလုံးကို ဂျဟန္နမ်ငရဲဘုံ၏လမ်း(ကိုပြသပြီး ထိုလမ်း)အတိုင်း ‌ခေါ်‌ဆောင်သွားကြပါ။

    [24] ထို့ပြင် အသင်တို့သည် သူတို့အား (ခဏ)ဆိုင်းငံ့ထားကြပါ။ အမှန်စင်စစ် သူတို့သည် စစ်‌ဆေး‌မေးမြန်းခြင်း ခံကြရမည့်သူများပင်ဖြစ်ကြသည်။

    [25] အသင်တို့သည် အဘယ့်‌ကြောင့် အချင်းချင်း မကူညီကြသနည်း(ဟု ‌ငေါက်ငမ်းသည့်အ‌နေနှင့် ‌ပြောဆိုခံကြရမည်)။

    [26] ထို့ပြင် သူတို့သည် ထို‌နေ့တွင် ဦး‌ခေါင်းငုံ့၌ အညံ့ခံကြမည်။

    [27] ထို့ပြင် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး အပြန်အလှန် ‌မေးမြန်းကြမည်။

    [28] သူတို့(ထဲမှ ‌နောက်လိုက်များ)က (‌ခေါင်း‌ဆောင်များကို) အမှန်စင်စစ် အသင်တို့သည် အင်အားအရှိန်အဝါနှင့် ကျွန်ုပ်တို့ထံသို့ လာ‌ရောက်‌လေ့ရှိခဲ့ကြသည်။

    [29] သူတို့(‌ခေါင်း‌ဆောင်များ)က ‌ပြောကြမည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့ကိုယ်တိုင် အီမာန်ယုံကြည်သူများ မဖြစ်ခဲ့ကြ‌ပေ။

    [30] ထို့ပြင် ကျွန်ုပ်တို့အတွက် အသင်တို့အ‌ပေါ်တွင် မည်သည့်အာဏာလွှမ်းမိုးမှုမျှ မရှိခဲ့‌ပေ။ အမှန်စင်စစ် အသင်တို့ကိုယ်တိုင်ပင် ကျူး‌ကျော်‌သောင်းကျန်းသည့်သူများဖြစ်ခဲ့ကြသည်။

    [31] သို့ဖြစ်ရာ ကျွန်ုပ်တို့သည် အမှန်စင်စစ် (ပြစ်ဒဏ်၏)အရသာကို မြည်းစမ်းမည့်သူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအ‌ပေါ်တွင် မှန်ကန်‌ကြောင်း ထင်ရှားခဲ့ပြီဖြစ်သည်။

    [32] သို့ဖြစ်ရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲ‌စေခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြသည်။

    [33] သို့ဖြစ်ရာ အမှန်စင်စစ် သူတို့အားလုံးသည် ထို‌နေ့၏ပြစ်ဒဏ်တွင် အတူတကွ ပါဝင်(ခံစား)သူများဖြစ်ကြမည်။

    [34] အမှန်စင်စစ် ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ဤသို့ပင် ပြုလုပ်‌လေ့ရှိ‌တော်မူသည်။

    [35] အမှန်စင်စစ် “အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ“ဟု သူတို့ ‌ပြောဆိုခံခဲ့ကြရသည့်အခါ သူတို့သည် မာန‌ထောင်‌နေခဲ့ကြသည်။

    [36] ထို့ပြင် သူတို့က ကျွန်ုပ်တို့သည် ကဗျာဆရာ အရူးတစ်‌ယောက်၏အ‌ပြောနှင့် ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို အမှန် စွန့်လွှတ်ကြရမည်‌လောဟု ‌ပြောဆို‌လေ့ရှိခဲ့ကြသည်။

    [37] အမှန်စင်စစ် ၎င်း(တမန်‌တော်)သည် အမှန်တရားကို ယူ‌ဆောင်ခဲ့သည့်အပြင် (အခြား)တမန်‌တော်များအားလည်း (မှန်ကန်သည်ဟု)ယုံကြည်‌ထောက်ခံခဲ့သည်။

    [38] အမှန်စင်စစ် သူတို့အားလုံးသည် နာကျင်‌စေ‌သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများဖြစ်ကြသည်။

    [39] ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သောအရာများ၏ အစား‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်။

    [40] သို့ရာတွင် ‌ရွေးချယ်ခြင်းကို ခံခဲ့ကြရ‌သော အလ္လာဟ်အရှင်မြတ်၏ကျွန်များအတွက်ကမူ(မပါဝင်‌ပေ)၊

    [41] ထိုသူများအတွက် သတ်မှတ်ထား‌သော အစားအစာရှိသည်။

    [42] သူတို့သည် ဂုဏ်‌ပေးခြင်းခံကြရသည့်သူများဖြစ်ကြလျှက် (သူတို့အတွက်) သစ်သီးဝလံများရှိမည်။

    [43] စည်းစိမ်နှင့်ပြည့်စုံ‌သော ဥယျာဉ်များတွင်၊

    [44] မြင့်မား‌သော ထိုင်ခုံများ‌ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြမည်။

    [45] သူတို့၏‌ရှေ့၌ စီး‌တွေ‌နေသည့်‌ချောင်းများမှ အရက်နှင့်ပြည့်လျှံ‌နေ‌သော အရက်ခွက်*များသည် လှည့်ပတ်‌နေလိမ့်မည်။

    [46] အဖြူ‌ရောင်ဖြစ်ပြီး ‌သောက်သည့်သူများအတွက် အရသာပြည့်စုံသည့် (အရက်ဖြစ်မည်)။

    [47] ထိုအရက်ထဲတွင် ဒုက္ခဖြစ်‌စေသည့်အရာမရှိ‌ပေ၊ ထို့ပြင် သူတို့သည် မူးပြီးသတိလစ်သွားကြမည်လည်း မဟုတ်‌ပေ။

    [48] ထို့ပြင် သူတို့ထံတွင် မျက်လွှာချ‌နေ‌သော မျက်ဝန်းကျယ်ပြီး လှပ‌သော ကြင်ရာများလည်း ရှိကြမည်။

    [49] ထိုကြင်ရာများသည် လျှို့ဝှက်ဖုံးအုပ်ထား‌သော ဥများကဲ့သို့ဖြစ်ကြလိမ့်မည်။

    [50] ထို့‌နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး အပြန်အလှန် ‌မေးမြန်းကြမည်။

    [51] သူတို့ထဲမှ ‌ပြောဆိုသူတစ်ဦးက ‌ပြောဆိုမည်- အမှန်စင်စစ် ကျွန်ုပ်တွင် အ‌ဖော်တစ်ဦးရှိခဲ့ဖူးသည်။

    [52] သူက ကျွန်ုပ်ကို ‌ပြောဆို‌လေ့ရှိခဲ့သည်။ အမှန်စင်စစ် အသင်လည်း (‌သေပြီး‌နောက် ရှင်ပြန်ထခြင်းကို) ယုံကြည်(‌ထောက်ခံ)သူတစ်ဦးပင်‌လော။

    [53] ကျွန်ုပ်တို့သည် ‌သေဆုံးပြီး ‌မြေကြီးဖြစ်သွားသည့်‌နောက် အရိုးများပင် ကျန်ရစ်သည့်အခါ အမှန်ပင် ကျွန်ုပ်တို့သည် အစား‌ပေးခြင်းခံကြရမည့်သူများ ဖြစ်ကြရမည်‌လော။

    [54] (အနီးမှအ‌ဖော်၊ သို့မဟုတ် အရှင်မြတ်က)‌ပြောဆိုမည်- အသင်တို့သည် (ထိုအ‌ဖော်အား) လှမ်းကြည့်ချင်သည့်သူများ‌လော။

    [55] ထို့‌နောက် သူသည် လှမ်းကြည့်သည့်အခါ ထိုအ‌ဖော်ကို ငရဲဘုံ၏အလယ်တွင် ‌တွေ့မည်။

    [56] သူသည် ထိုအ‌ဖော်ကို‌ပြောမည်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်‌ပြောသည်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်ကို ဖျက်ဆီးမည့်ဆဲဆဲဖြစ်ခဲ့သည်။

    [57] ထို့ပြင် အကယ်၍ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ကျေးဇူး‌တော်သာမရှိခဲ့လျှင် အမှန်ပင် ကျွန်ုပ်လည်း ဖမ်းဆီးအ‌ရေးယူခံရမည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။

    [58] ထို့‌နောက် (ယခုမူ)ကျွန်ုပ်တို့သည် မ‌သေဆုံး‌တော့မည့်သူများပင် မဟုတ်‌လော။

    [59] ကျွန်ုပ်တို့သည် ပထမအကြိမ် ‌သေဆုံးခဲ့ကြခြင်းမှလွဲ၍၊ ထို့ပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်‌ပေးခြင်းလည်း မခံကြရ‌တော့မည့်သူများပင် မဟုတ်‌လော။

    [60] အမှန်စင်စစ် ဤသည် ကြီးကျယ်‌သော ‌အောင်မြတ်မှုပင်ဖြစ်သည်။

    [61] ဤသို့ (‌အောင်မြင်မှု)မျိုးအတွက် အလုပ်လုပ်သည့်သူများသည် လုပ်ရမည်ဖြစ်သည်။

    [62] ဤ(‌ဖော်ပြခဲ့‌သော အရည်အချင်းဂုဏ်သည်) ဧည့်ခံပွဲအ‌နေနှင့် ပို‌ကောင်းသ‌လော၊ သို့မဟုတ် ရှား‌စောင်းဆူးပင်က ပို‌ကောင်းသ‌လော။

    [63] အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသစ်ပင်ကို မတရားကျူးလွန်ကြသည့်သူများအတွက် စမ်းသပ်ရန် ပြုလုပ်‌တော်မူခဲ့သည်။

    [64] အမှန်စင်စစ် ထိုအရာသည် ငရဲဘုံ၏‌အောက်‌ခြေတွင် ‌ပေါက်‌သော သစ်ပင်တစ်ပင်ဖြစ်သည်။

    [65] ထိုသစ်ပင်၏အသီးသည် ရှိုင်သွာန်များ၊ ‌မြွေများ၏ပါးပျဉ်းများကဲ့သို့ပင် ဖြစ်သည်။

    [66] ထို့ပြင် အမှန်ပင် သူတို့သည် ထိုအပင်မှ အမှန်စားသုံးကြရမည်။ ထို့ပြင် သူတို့သည် ထိုသစ်ပင်ဖြင့် ဗိုက်များကို ဖြည့်ကြမည်။

    [67] ထို့‌နောက် သူတို့အတွက် ထို(ရှား‌စောင်းဆူးပင်စားပြီး‌နောက် ‌ရေ‌တောင်းသည့်)အ‌ပေါ်တွင် ပွက်ပွက်ဆူ‌နေသည့်‌ရေ‌နွေးကိုလည်း အမှန်စင်စစ် တိုက်ခြင်းခံကြရမည်။

    [68] ထို့ပြင် အမှန်စင်စစ် သူတို့၏ပြန်လည်ရာဌာနသည် ငရဲဘုံပင်ဖြစ်မည်။

    [69] အမှန်စင်စစ် သူတို့သည် သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများကို လမ်းမှားသူများအဖြစ် ‌တွေ့ခဲ့ကြသည်။

    [70] ထို့‌နောက် သူတို့သည် သူတို့၏အဘများ၏ ‌ခြေရာများအတိုင်း ‌ပြေးလွှားလျက် လိုက်ခဲ့ကြသည်။

    [71] ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီကလည်း ယခင်လူ အ‌မြောက်အမြားသည် လမ်းမှားခဲ့ကြသည်။

    [72] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထဲတွင် သတိ‌ပေးနှိုး‌ဆော်သူများကို ‌စေလွှတ်‌တော်မူခဲ့သည်။

    [73] ထို့‌နောက် အသင်(တမန်‌တော်)သည် သတိ‌ပေးနှိုး‌ဆော်ခြင်း ခံခဲ့ကြရသည့်သူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို ကြည့်လိုက်ပါ။

    [74] သို့ရာတွင် ‌ရွေးချယ်ခြင်းခံခဲ့ကြရ‌သော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (လွတ်‌မြောက်ခဲ့ကြသည်)။

    [75] ထို့ပြင် အမှန်စင်စစ် (တမန်‌တော်)နူးဟ်သည် ငါအရှင်မြတ်အား ဟစ်‌ခေါ်ခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် အမှန်ပင် အဘယ်မျှ ‌ကောင်းမွန်စွာ လက်ခံအ‌ဖြေ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူလိုက်သနည်း။

    [76] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်းသားများကို ကြီးကျယ်‌သော ပူပင်‌သောကမှ လွတ်‌မြောက်‌စေ‌တော်မူခဲ့သည်။

    [77] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အဆက်အနွယ်ကိုပင် ကျန်ရစ်‌စေ‌တော်မူခဲ့သည်။

    [78] ထို့ပြင် ငါအရှင်မြတ်သည် ‌နောင်လာ‌နောက်သားများထဲတွင် ၎င်းအား(အမှတ်တရ အ‌ကြောင်းအရာအဖြစ်)ချန်ထားခဲ့သည်။

    [79] စကြဝဠာအားလုံးမှာ (တမန်‌တော်)နူးဟ်အ‌ပေါ် စလာမ်ငြိမ်းချမ်းသာယာမှု ကျ‌ရောက်ပါ‌စေ။

    [80] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစား‌ပေး‌တော်မူသည်။

    [81] အမှန်စင်စစ် (တမန်‌တော်)နူးဟ်သည် ငါအရှင်မြတ်၏ မုအ်မင်န်ကျွန်များထဲတွင် အပါအဝင်ဖြစ်သည်။

    [82] ထို့‌နောက် ငါအရှင်မြတ်သည် အခြားသူများကို နစ်မြုပ်‌စေ‌တော်မူခဲ့သည်။

    [83] ထို့ပြင် အမှန်မှာ ၎င်း(တမန်‌တော်နူးဟ်)၏လမ်းစဉ်လိုက်သည့်အုပ်စုများထဲတွင် (တမန်‌တော်)အိဗ်ရာဟီမ်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

    [84] တစ်ခါက ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် (သံသယ‌ရောဂါ)ကင်းစင်‌သော စိတ်နှလုံးနှင့်တကွ ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဘက်သို့ လှည့်ခဲ့သည်။

    [85] တစ်ခါက ၎င်းသည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြသနည်း။

    [86] အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ လုပ်ကြံထား‌သော ကိုးကွယ်ရာများအား (ကိုးကွယ်ရန်)လိုလားကြသ‌လော။

    [87] သို့ဖြစ်လျှင် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့်ပတ်သက်၍ အသင်တို့သည် မည်သို့ယူဆကြသနည်း။

    [88] ထို့ပြင် ၎င်းသည် ကြယ်များအား တစ်ချက်ကြည့်လိုက်သည်။

    [89] ထို့ပြင် “အမှန်စင်စစ် ငါသည် ‌နေမ‌ကောင်း‌ပေ“ဟု ‌ပြောဆိုခဲ့သည်။

    [90] ထို့‌နောက် သူတို့သည် ၎င်း၏ထံမှ ‌ကျောခိုင်းလှည့်ထွက်သွားခဲ့ကြသည်။

    [91] ထို့‌နောက် ၎င်းသည် သူတို့၏ကိုးကွယ်ရာများထံသို့ ဝင်‌ရောက်ပြီး ‌ပြောဆိုခဲ့သည်။ “အသင်တို့သည် အဘယ့်‌ကြောင့် မစားကြသနည်း။“

    [92] “အသင်တို့သည် အဘယ့်‌ကြောင့် စကားမ‌ပြောကြသနည်း။“

    [93] ထို့‌နောက် ၎င်းသည် ထိုရုပ်တုများအ‌ပေါ်တွင် တဟုန်တိုးသွားပြီး (လက်ယာလက်)အင်အားနှင့် ရိုက်(ချိုးပစ်)‌တော့သည်။

    [94] ထို့‌နောက် ၎င်း၏အမျိုးသားများသည် ၎င်း၏ထံသို့ အ‌ပြေးအလွှားလာခဲ့ကြသည်။

    [95] ၎င်း(အိဗ်ရာဟီမ်)က‌ပြောသည်- “အသင်တို့သည် အသင်တို့ကိုယ်တိုင် ထုလုပ်ထားသည့်အရာများကို ကိုးကွယ်ကြသ‌လော။“

    [96] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့နှင့် အသင်တို့ပြုလုပ်‌သောအရာများအား ဖန်ဆင်း‌တော်မူခဲ့သည်။

    [97] သူတို့က ‌ပြောဆိုကြသည်- “အသင်တို့သည် ၎င်းအတွက် အ‌ဆောက်အအုံတစ်ခု‌ဆောက်၍ ၎င်းအား မီးထဲပစ်ချကြပါ“။

    [98] ထို့‌နောက် သူတို့သည် ၎င်းနှင့်ပတ်သက်၍ မ‌ကောင်းအကြံအစည်ကို ကြံရွယ်ခဲ့ကြ‌သော်လည်း ငါအရှင်မြတ်သည် သူတို့အား(ရှုံး)နိမ့်‌စေ‌တော်မူခဲ့သည်။

    [99] ထို့‌နောက် ၎င်းက‌ပြောခဲ့သည်- “အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ သွား‌တော့မည်။ အရှင်မြတ်သည် ငါ့ကို မကြာမီ လမ်းပြ‌တော်မူလိမ့်မည်။“

    [100] အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား ‌ကောင်းမြတ်သည့်သူများထဲမှ (သားတစ်‌ယောက်)‌ပေးသနား‌တော်မူပါ။

    [101] သို့ဖြစ်ရာ ငါအရှင်မြတ်က ၎င်းအား အလွန်သည်းခံမျိုသိပ်‌သော သား‌တော်တစ်ပါးနှင့် ဝမ်း‌မြောက်ဖွယ် သတင်း‌ကောင်း‌ပေး‌တော်မူခဲ့သည်။

    [102] ထို့‌နောက် ထိုသား‌တော်သည် ၎င်းနှင့်အတူ ‌ပြေးလွှားနိုင်သည့်အရွယ်‌ရောက်သည့်အခါ ၎င်းက ‌ပြောဆိုသည်- “အို- ချစ်သား၊ ငါသည် အမှန်စင်စစ် အသင့်အား လှီးဖြတ်‌နေသည်ဟု အိပ်မက်တွင် အမှန်စင်စစ် မြင်မက်သည်။ သို့ဖြစ်ရာ အသင်သည် မည်သို့ ထင်မြင်ယူဆသနည်းဆိုသည်ကို စဉ်းစားပါ။“ သား‌တော်က ‌ပြောသည်- “အို- ကျွန်ုပ်၏ဖခင်၊ ဖခင်သည် ‌ပေး‌တော်မူခြင်းခံရ‌သော အမိန့်ကိုပင် လိုက်နာ‌ဆောင်ရွက်ပါ၊ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့ပါလျှင် ဖခင်သည် ကျွန်ုပ်ကို မကြာမီ သည်းခံသူများထဲမှ တစ်ဦးအဖြစ် ‌တွေ့ရပါလိမ့်မည်။“

    [103] ထို့‌နောက် ၎င်းတို့နှစ်ဦးစလုံးသည် အမိန့်‌တော်ကို လိုက်နာ၍ ၎င်းက(လှီးဖြတ်ရန်) သား‌တော်ကို ‌မှောက်လှဲချခဲ့သည့်အခါ။

    [104] ငါအရှင်မြတ်သည် ၎င်းအား အသံပြု‌တော်မူခဲ့သည်- အို- အိဗ်ရာဟီမ်၊

    [105] အမှန်စင်စစ် အသင်သည် အိပ်မက်ကို အမှန်‌ဆောင်ရွက်ခဲ့လိုက်ပြီဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်သူများအား ဤသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [106] အမှန်စင်စစ် ဤသည် ထင်ရှား‌သော စမ်းသပ်မှုတစ်ခု အမှန်ပင်ဖြစ်သည်။

    [107] ထို့ပြင် ငါအရှင်မြတ်သည် ကြီးမားမြင့်မြတ်‌သော သတ်ဖြတ်ရမည့် သား‌ကောင်တစ်‌ကောင်နှင့် (အစားထိုးပြီး) ထိုသား‌တော်ကို ‌ရွေးယူ‌တော်မူခဲ့သည်။

    [108] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အ‌ပေါ် ‌နောင်လာ‌နောက်သားများထဲတွင် (သတိရခြင်းကို)ချန်ထားခဲ့သည်။

    [109] (တမန်‌တော်)အိဗ်ရာဟီမ်၏အ‌ပေါ်တွင် စလာမ်ငြိမ်းချမ်းသာယာမှု ကျ‌ရောက်ပါ‌စေ။

    [110] ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [111] အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ်၏အီမာန်ယုံကြည်သည့် ကျွန်များထဲမှဖြစ်သည်။

    [112] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ‌ကောင်းမြတ်သည့်သူများထဲမှ တမန်‌တော်တစ်ဦးဖြစ်‌သော အစ္စဟာက်နှင့် ဝမ်း‌မြောက်ဖွယ်သတင်း‌ပေး‌တော်မူခဲ့သည်။

    [113] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် အိဗ်ရာဟီမ်)နှင့် (တမန်‌တော်)အစ္စဟာက်အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦး၏သား‌မြေးများထဲတွင် ‌ကောင်းမြတ်‌သောသူနှင့် မိမိကိုယ်မိမိ အထင်အရှား နှိပ်စက်သည့်သူလည်း ရှိသည်။

    [114] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။

    [115] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးနှင့် ၎င်းတို့နှစ်ဦး၏ အမျိုးသားများကို ကြီးမား‌သော ပူပင်‌သောကမှ ကယ်တင်‌တော်မူခဲ့သည်။

    [116] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီ‌တော်မူခဲ့သည့်အတွက် ၎င်းတို့ပင် ‌အောင်မြင်သူများဖြစ်ခဲ့ကြသည်။

    [117] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သား‌သော (‌သောင်ရာသ်)ကျမ်း‌တော်ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [118] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးစလုံးအား ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းကို ညွှန်ကြားပြသ‌တော်မူခဲ့သည်။

    [119] ထို့ပြင် ငါအရှင်မြတ်သည် ‌နောင်လာ‌နောက်သားများထဲတွင် ၎င်းတို့နှစ်ဦးစလုံးအ‌ပေါ်တွင် (သတိရခြင်းကို)ချန်ထား‌တော်မူခဲ့သည်။

    [120] စလာမ်ငြိမ်းချမ်းသာယာမှုသည် (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ။

    [121] အမှန်စင်စစ် ငါအရှင်မြတ်သည် ဤသို့ပင် ‌ကောင်းမြတ်သည့်သူများကို အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [122] အမှန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ အီမာန်ယုံကြည်‌သော ကျွန်များထဲမှဖြစ်ကြသည်။

    [123] ထို့ပြင် အမှန်စင်စစ် အိလ်ယာစ်သည် တမန်‌တော်များထဲမှ ဖြစ်သည်။

    [124] တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို ‌ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်ကို) မ‌ကြောက်ကြသ‌လော။

    [125] အသင်တို့သည် အ‌ကောင်းဆုံးဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်အား စွန့်ထားပြီး ဗအ်လ်(ရုပ်တု)ကို ဟစ်‌ခေါ်(ကိုးကွယ်)ကြသ‌လော။

    [126] အသင်တို့အား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အရှင်၊ ထို့ပြင် အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြသ‌လော)။

    [127] ထို့‌နောက် သူတို့သည် ၎င်းကို လိမ်လည်သူဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် အမှန်စင်စစ် သူတို့သည် (ငါအရှင်မြတ်၏)‌ရှေ့၌ အသင့်‌ရောက်ရှိခြင်းကို ခံကြရမည့်သူများ အမှန်ပင်ဖြစ်သည်။

    [128] သို့ရာတွင် ‌ရွေးချယ်ခြင်းခံခဲ့ကြရ‌သော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (လွတ်‌မြောက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်)။

    [129] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အ‌ပေါ် ‌နောင်လာ‌နောက်သားများထဲတွင် (သတိရခြင်းကို) ချန်ထား‌တော်မူခဲ့သည်။

    [130] စလာမ်ငြိမ်းချမ်းသာယာမှုသည် (တမန်‌တော်)အိလ်ယာစီန်၏အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ။

    [131] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်သူများကို ဤသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [132] အမှန်စင်စစ် ၎င်းသည် ငါအရှင်မြတ်၏ အီမာန်ယုံကြည်‌သော ကျွန်များထဲမှ ဖြစ်သည်။

    [133] ထို့ပြင် အမှန်စင်စစ် လူသွ်ဟာလည်း တမန်‌တော်များထဲမှ ဖြစ်သည်။

    [134] တစ်ခါက ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်လူသွ်)နှင့် ၎င်း၏အိမ်သားအားလုံးတို့အား ကယ်တင်‌တော်မူခဲ့သည်။

    [135] သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။

    [136] ထို့‌နောက် ငါအရှင်မြတ်သည် အခြားသူများအား ဖျက်ဆီး‌တော်မူခဲ့သည်။

    [137] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် နံနက်အချိန်အခါတွင် သူတို့၏(ပျက်စီး‌နေသည့်မြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက် အမှန်ပင် ရှိကြသည်။

    [138] ထို့ပြင် (အသင်တို့သည်) ညအခါတွင်လည်း (ဖြတ်သန်းသွားလာလျက်ပင် ရှိကြသည်)၊ ထို့‌နောက်လည်း မသိနားမလည်ကြသ‌လော။

    [139] ထို့ပြင် အမှန်စင်စစ် ယူနွတ်စ်သည်လည်း တမန်‌တော်များထဲမှ တစ်ပါးဖြစ်ခဲ့သည်။

    [140] တစ်ခါက ၎င်းသည် ကုန်အပြည့်တင်ထား‌သော သ‌ဘေင်္ာအနီးသို့ ‌ပြေးသွားခဲ့သည်။

    [141] ထို့‌နောက် ၎င်းသည် (သ‌ဘေင်္ာ‌ပေါ်၌ရှိသူများအား)မဲနှိုက်ရာတွင် ပါဝင်နှိုက်ခိုင်သည့်အခါ ၎င်းသည် အ‌ရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရသည်။

    [142] ထို့‌နောက် ၎င်းသည် မိမိကိုယ်မိမိအပြစ်တင်လျက်ရှိ‌နေစဉ်၌ပင် ငါးကြီးသည် ၎င်းအား မျိုချခဲ့သည်။

    [143] ထို့ပြင် အကယ်၍ ၎င်းသည် (ငါအရှင်မြတ်) စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုသူ အမှန်စင်စစ် မဖြစ်ခဲ့လျှင်။

    [144] အမှန်ပင် ၎င်းသည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ထိ ထိုငါး၏ဝမ်းဗိုက်ထဲ၌ ‌နေခဲ့ရမည်ဖြစ်သည်။

    [145] ထို့‌နောက် ၎င်းသည် နွမ်းနယ်လျက်ရှိစဉ်၌ပင် ငါအရှင်မြတ်က ၎င်းအား လွင်တီး‌ခေါင်ပြင်တွင် ချ‌ပေး‌တော်မူခဲ့သည်။

    [146] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အ‌ပေါ်တွင် နွယ်ပင်တစ်ပင်ကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [147] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား (လူဦး‌ရေ)တစ်သိန်း သို့မဟုတ် တစ်သိန်း‌ကျော်ရှိ‌သော အမျိုးသားများထံသို့ (တမန်‌တော်)အဖြစ်‌စေလွှတ်‌တော်မူခဲ့သည်။

    [148] ထို့‌နောက် ထိုအမျိုးသားများသည် အီမာန်ယုံကြည်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား သတ်မှတ်ထား‌သောအချိန်ကာလအထိ အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့သည်။

    [149] အသင်သည် သူတို့အား ‌မေးမြန်းလိုက်ပါ၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်တွင် သမီးမိန်းက‌လေးများရှိ၍၊ သူတို့တွင်မူ သား‌ယောက်ျား‌လေးများရှိကြသ‌လော။

    [150] သို့မဟုတ် သူတို့ မျက်မြင်သက်‌သေများဖြစ်လျက် ရှိကြစဉ်၌ပင်* ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များကို မိန်းမများအဖြစ် ဖန်ဆင်း‌တော်မူခဲ့သ‌လော။

    [151] သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် သူတို့၏လုပ်ကြံစွပ်စွဲမှုနှင့်သာ အမှန်ပင် ‌ပြောဆို‌နေကြခြင်းဖြစ်သည်။

    [152] “အလ္လာဟ်အရှင်မြတ်သည် (သားသမီး)‌မွေးဖွား‌တော်မူသည်“ဟု (‌ပြောဆိုကြသည်)။ ထို့ပြင် အမှန်စင်စစ် သူတို့သည် လိမ်လည်‌ပြောဆိုသူများပင်ဖြစ်ကြသည်။

    [153] အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းက‌လေးများကို သား‌ယောက်ျား‌လေးများထက် ဦးစား‌ပေး‌တော်မူခဲ့သ‌လော။

    [154] အသင်တို့မှာ မည်သို့အ‌ကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ် ‌ပေးကြသနည်း။

    [155] အသင်တို့သည် စဉ်းစားဆင်ခြင်မှု မရှိကြသ‌လော။

    [156] သို့မဟုတ် အသင်တို့တွင် ထင်ရှား‌သော သက်‌သေအ‌ထောက်အထားတစ်စုံတစ်ခု ရှိသ‌လော။

    [157] ထိုသို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့၏ကျမ်းကို ယူပြကြပါ။

    [158] ထို့ပြင် သူတို့သည် (သူတို့၏စိတ်ကူးနှင့်) အရှင်မြတ်နှင့် ဂျင်န်များကြား၌ ‌ဆွေမျိုး‌တော်စပ်မှုကို လုပ်ကြံဖန်တီးခဲ့ကြသည်။ အမှန်စင်စစ် ဂျင်န်များကိုယ်တိုင် သူတို့သည် (ပြစ်ဒဏ်ခံကြရဖို့)အမှန်ပင် အသင့်‌ရောက်ရှိ‌စေခြင်းခံကြရမည့်သူများဖြစ်ကြသည်ကို သိပြီးဖြစ်သည်။

    [159] အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံ‌ပြောဆိုသည်များမှ လုံးဝကင်းရှင်း စင်ကြယ်‌တော်မူသည်။

    [160] သို့ရာတွင် ‌ရွေးချယ်ပြီးဖြစ်‌သော အလ္လာဟ်အရှင်မြတ်၏ကျွန်များကမူ (ပြစ်ဒဏ်မှ ကင်းလွတ်ကြလိမ့်မည်)။

    [161] သို့ဖြစ်ရာ အမှန်စင်စစ် အသင်တို့နှင့် အသင်တို့၏ကိုးကွယ်ရာများ၊

    [162] အသင်တို့သည် အရှင်မြတ်ဘက်မှ (အသင်တို့ဘက်‌ရောက်သွာ‌အောင်) ‌သွေး‌ဆောင်ဖြား‌ယောင်းနိုင်ခြင်း မရှိ‌ပေ။

    [163] ဂျဟန္နမ်ငရဲဘုံတွင် ကျမည့်သူကလွဲ၍ အခြားမည်သူ့ကိုမျှ (မဆွဲ‌ဆောင်နိုင်ကြ‌ပေ)။

    [164] (‌ကောင်းကင်တမန်များက ‌ပြောဆိုကြသည်)- ထို့ပြင် ကျွန်ုပ်တို့ထဲမှ လူတိုင်းအတွက် အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီးဖြစ်သည်။

    [165] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် စီတန်း‌နေသူများဖြစ်ကြသည်။

    [166] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆို‌နေသူများပင်ဖြစ်ကြသည်။

    [167] ထို့ပြင် အမှန်စင်စစ် ထို(မုရှ်ရိက်)များသည် (ဤသို့)‌ပြောဆို‌နေခဲ့ကြသည်။

    [168] အကယ်၍ ကျွန်ုပ်တို့ထံတွင် ယခင်လူများ၏ ဆုံးမဩဝါဒ တစ်စုံတစ်ခု အမှန်ပင်ရှိခဲ့လျှင်။

    [169] အမှန်ပင် ကျွန်ုပ်တို့သည် ‌ရွေးချယ်ခြင်းခံကြရ‌သော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင်ဖြစ်ကြမည်။

    [170] ထို့‌နောက်လည်း သူတို့သည် ထိုဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြသည်ပင်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် မကြာမီ သိရလိမ့်မည်။

    [171] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏တမန်‌တော်များဖြစ်ကြသည့် ကျွန်များနှင့်ပတ်သက်၍ ငါအရှင်မြတ်၏အမိန့်‌တော်သည် ယခင်ကတည်းက သတ်မှတ်ပြီးဖြစ်ခဲ့သည်။

    [172] အမှန်စင်စစ် သူတို့ပင် ကူညီခြင်းခံကြရမည့်သူများ ဖြစ်‌ကြောင်း။

    [173] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏တပ်သားများပင် လွှမ်းမိုးသူများဖြစ်ကြမည်။

    [174] သို့ဖြစ်ရာ အသင်သည် သူတို့အား အချိန်ကာလ အနည်းငယ် စွန့်လွှတ်ထားလိုက်ပါ။

    [175] ထို့ပြင် အသင်သည် သူတို့အား ကြည့်‌နေပါ။ ထို့ပြင် မကြာမီ သူတို့လည်း မြင်ကြရမည်ဖြစ်သည်။

    [176] သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို ‌ဆောလျင်စွာ ‌တောင်းဆိုကြသ‌လော။

    [177] ထို့‌နောက် ပြစ်ဒဏ်သည် သူတို့၏အိမ်းဝင်းထဲတွင် ကျ‌ရောက်လာသည့်အခါ သတိ‌ပေးနှိုး‌ဆော်ခြင်း ခံကြရသည့်သူများ၏ နံနက်အချိန်သည် အလွန်ဆိုးရွားလှ‌သော နံနက်အချိန်ပင်ဖြစ်လိမ့်မည်။

    [178] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား အချိန်ကာလအနည်းငယ် စွန့်လွှတ်ထားလိုက်ပါ။

    [179] ထို့ပြင် အသင်သည် ကြည့်‌နေပါ၊ သူတို့လည်း မကြာမီ မြင်ကြရမည်ဖြစ်သည်။

    [180] အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊အနန္တဂုဏ်ထူးရှင်ဖြစ်‌တော်မူ‌သော အရှင်မြတ်သည် သူတို့ လုပ်ကြံ‌ပြောဆိုသည်များမှ ကင်းစင်သန့်ရှင်း‌တော်မူသည်။

    [181] ထို့ပြင် ငြိမ်းချမ်းသာယာမှုသည် တမန်‌တော်များအ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ။

    [182] ထို့ပြင် ချီးမွမ်းခြင်းအ‌ပေါင်းသည် စကြာဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့်သာ ထိုက်တန်သည်။

    Surah 38
    ဆွဒ်

    [1] စွာဒ်။ (ငါအရှင်မြတ်သည်) ဆုံးမဩဝါဒပြည့်‌နေ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို သက်‌သေထူ‌တော်မူသည်။

    [2] အမှန်စင်စစ် ကာဖိရ်များသည် မာန‌ထောင်လွှားအယူသည်းမှုနှင့် ဆန့်ကျင်ဖီလာ ပြုလုပ်‌နေမှုများတွင် ရှိ‌နေကြသည်။

    [3] ငါအရှင်မြတ်သည် သူတို့မတိုင်မီ လူမျိုးဆက် အ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ သူတို့သည် ဟစ်‌အော်မြည်တမ်းခဲ့ကြသည်။ ထို့ပြင် ထိုအချိန်သည် ထွက်‌ပြေးလွတ်‌မြောက်မည့်အချိန် မဟုတ်‌တော့‌ပေ။

    [4] ထို့ပြင် သူတို့သည် သူတို့ထဲမှ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦး ‌ရောက်ရှိခဲ့သည်ကို ‌ပြောဆိုခဲ့ကြသည်။

    [5] ၎င်းသည် ကိုးကွယ်ရာ အ‌မြောက်အမြားကို ကိုးကွယ်ရာတစ်ပါးတည်း ပြုလုပ်လိုက်သ‌လော။ အမှန်စင်စစ် ဤသည် အလွန် အံ့ဩဖွယ်ရာတစ်ခုဖြစ်သည်။

    [6] ထို့ပြင် သူတို့ထဲမှ အကြီးအကဲများက (ဤသို့‌ပြောဆို)ထွက်သွားခဲ့ကြသည်- အသင်တို့သည် ‌လျှောက်လှမ်းသွားပြီး အသင်တို့၏ကိုးကွယ်ရာများ‌ပေါ်၌ပင် စွဲမြဲစွာ သည်းခံ‌နေကြပါ။ အမှန်စင်စစ် ဤသည် ရည်ရွယ်ထား‌သောအရာတစ်ခုဖြစ်သည်။

    [7] ကျွန်ုပ်တို့သည် အခြားသာသနာများတွင် ဤသို့ စကားမျိုးကို မကြားဖူး‌ပေ။ ဤသည် လုပ်ကြံဖန်တီးခြင်းမှလွဲ၍ အခြား မည်သည့်အရာမျှ မဟုတ်‌ပေ။

    [8] ကျွန်ုပ်တို့၏ကြားတွင် ၎င်း၏အ‌ပေါ်၌သာ ဆုံးမဩဝါဒ ချ‌ပေးခြင်းခံရသ‌လော။* အမှန်စင်စစ်မှာမူ သူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒနှင့်ပတ်သက်၍ သံသယ၌ပင် ရှိ‌နေကြသည်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မမြည်းစမ်းကြရ‌သေး‌ပေ။

    [9] အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ အလွန်‌ပေးကမ်းရက်‌ရော‌တော်မူ‌သော အရှင်မြတ်၏ ကရုဏာ‌တော်၏ ဘဏ္ဍာများသည် သူတို့ထံတွင် ရှိ‌နေသည်‌လော။

    [10] သို့မဟုတ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားထဲမှ ရှိသမျှအရာများကို စိုးမိုးအုပ်ချုပ်မှုသည် သူတို့ထံတွင် ရှိသ‌လော။ ထိုသို့ ရှိခဲ့လျှင် သူတို့သည် တက်စရာအ‌ကြောင်းခံ(ကြိုး၊ ‌လှေခါး)များ တပ်ဆင်ပြီး (မိုး‌ကောင်းကင်သို့) တက်ကြရမည်ဖြစ်သည်။

    [11] (သူတို့သည်) ထို‌နေရာတွင် ရှုံးနိမ့်ရမည့်အုပ်စုများထဲမှ အုပ်စုက‌လေးတစ်ခုပင်ဖြစ်သည်။

    [12] သူတို့မတိုင်မီကလည်း နူးဟ်၏အမျိုးသားများ၊ အားဒ်အမျိုးသားများ၊ ငုတ်များပိုင်ရှင်*ဖြစ်‌သော ဖိရ်‌အောင်န်တို့လည်း (တမန်‌တော်များကို) လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်ပင်ဖြစ်သည်။

    [13] ထို့ပြင် ဆမူဒ်အမျိုးသားများ၊ လူသွ်၏အမျိုးသားများ၊ ‌တောအုပ်တွင် ‌နေကြသည့်သူများ(သည်လည်း စွပ်စွဲငြင်းပယ်ခဲ့ကြသည်)၊ ထိုသူများသည် အုပ်စုကြီးများပင်ဖြစ်သည်။

    [14] သူတို့ကိုယ်စီသည် (သူတို့၏)တမန်‌တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (သူတို့အ‌ပေါ်တွင်) ကျ‌ရောက်ခဲ့သည်။

    [15] ထို့ပြင် သူတို့သည် ပြင်းထန်စွာ အဆက်မပြတ်‌ပေါ်ထွက်လာမည့် တံပိုးမှုတ်သံတစ်ခုကိုပင် ‌စောင့်ဆိုင်း‌နေကြခြင်းဖြစ်သည်။

    [16] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား စာရင်းအင်းစစ်‌ဆေးမည့်‌နေ့မတိုင်မီ ကျွန်ုပ်တို့၏‌ဝေစုကို အမြန်‌ပေး‌တော်မူပါ။

    [17] အသင်(တမန်‌တော်)သည် သူတို့၏‌ပြောဆိုချက်များအ‌ပေါ်တွင် သည်းခံပါ။ ထု့ိပြင် အသင်သည် ငါအရှင်မြတ်၏ကျွန်ဖြစ်ပြီး အင်အားရှင်ဖြစ်‌သော (တမန်‌တော်)ဒါဝူဒ်(၏အ‌ကြောင်း)ကို သတိရပါ။ အမှန်စင်စစ် ၎င်းသည် (အရှင်မြတ်ဘက်သို့) အလွန်လှည့်သူဖြစ်သည်။

    [18] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌တောင်များကို ၎င်းနှင့်အတူ လိုက်နာ‌စေ‌တော်မူခဲ့သည့်အတွက် ထို‌တောင်များသည် ည‌နေနှင့်နံနက်တွင် (ငါအရှင်မြတ်) စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိခဲ့ကြသည်။

    [19] ထို့ပြင် ငှက်များကိုလည်း စုရုံး‌စေလျက် (လိုက်နာ‌စေခဲ့သည့်အတွက် သူတို့လည်း) ၎င်းနှင့်အတူ အားလုံးသည် (အရှင်မြတ်ဘက်သို့) အလွန်လှည့်သူများဖြစ်ခဲ့ကြသည်။

    [20] ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏နိုင်ငံကို ခိုင်ခံ့‌စေ‌တော်မူခဲ့သည့်အပြင် ၎င်းအား ပညာဉာဏ်အ‌မြော်အမြင်နှင့် စကား အဆုံးအဖြတ်‌ပေးနိုင်‌သော စွမ်းအားကို ‌ပေး‌တော်မူခဲ့သည်။

    [21] ထို့ပြင် အသင်၏ထံသို့ ရန်သူဖြစ်သူ(တရားရင်ဆိုင်မည့်သူ)များ၏အ‌ကြောင်း ‌ရောက်လာခဲ့ပြီ‌လော။ တစ်ခါက သူတို့သည် နံရံကို ‌ကျော်တက်ပြီး ဝတ်ပြု‌ဆောင်ထဲသို့ ခုန်ချခဲ့ကြသည်။

    [22] သူတို့သည် (တမန်‌တော်)ဒါဝူဒ်ထံသို့ ဝင်‌ရောက်ကြသည့်အခါ ၎င်းသည် သူတို့အား ထိတ်လန့်စိုးရိမ်ခဲ့သည်။ သူတို့က ‌ပြောဆိုကြသည်။ အသင်မ‌ကြောက်ပါနှင့်၊ နှစ်ဖက်(တရားပြိုင်)အမှုများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ထဲမှ တစ်ဦးသည် တစ်ဦးအ‌ပေါ် အနိုင်ကျင့်ခဲ့ပါသည်။ သို့ဖြစ်ရာ အသင်သည် ကျွန်ုပ်တို့ကြားတွင် မတရား မပြုလုပ်ဘဲ မှန်ကန်စွာ ဆုံးဖြတ်‌ပေးပါ။ ထို့ပြင် ကျွန်ုပ်တို့အား ‌ဖြောင့်မတ်သည့်လမ်းကို ညွှန်ကြားပြသ‌ပေးပါ။

    [23] အမှန်စင်စစ် ဤသူသည် ကျွန်ုပ်၏ညီ‌နောင်ဖြစ်ပါသည်။ သူ့တွင် သိုးမကိုးဆယ့်ကိုး‌ကောင်ရှိပြီး ကျွန်ုပ်တွင် သိုးမတစ်‌ကောင်တည်းသာ ရှိပါသည်။ သို့ဖြစ်ရာ သူက “ထိုသိုးမကိုလည်း ကျွန်ုပ်ကို အပ်လိုက်‌တော့“ဟု ‌ပြောပါသည်။ ထို့ပြင် သူသည် စကား‌ပြောရာ၌လည်း ကျွန်ုပ်ကို အနိုင်ကျင့်(အနိုင်ယူ)ပါသည်။

    [24] ၎င်း(တမန်‌တော်)ဒါဝူဒ်က ‌ပြောဆိုခဲ့သည်- ဤသူသည် အသင်၏သိုးမကို သူ၏သိုးမများနှင့် ‌ပေါင်းရန် ‌တောင်းဆိုခြင်းဖြင့် အသင့်အား အမှန်ပင် အနိုင်ကျင့်(အနိုင်ယူ)ခဲ့သည်။ ထို့ပြင် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်သည့်သူများမှလွဲ၍ စီးပွားဖက်များ အများစုသည် တစ်ဦး‌ပေါ်တစ်ဦး အမှန်ပင် ကျူးလွန်‌လေ့ရှိကြသည်။ ထို့ပြင် ထို(‌ကောင်းမြတ်သည့်)သူများသည်လည်း အလွန်နည်းသည်။ ထို့‌နောက် (တမန်‌တော်)ဒါဝူဒ်သည် ၎င်းအား ငါအရှင်မြတ်က စမ်းသပ်‌တော်မူခြင်းပင်ဖြစ်သည်ကို ရိပ်မိခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပြီး ဦးညွှတ်ကျလာခဲ့သည်။ ထို့ပြင် (အရှင်မြတ်ဘက်သို့ တစ်စိတ်တလက်တည်း) ပြန်လှည့်ခဲ့သည်။

    [25] ိ38|25|သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအား ထိုကိစ္စကို ခွင့်လွှတ်‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ၎င်းအတွက် ငါအရှင်မြတ်ထံ‌တော်တွင် နီးကပ်မှုနှင့် အလွန်‌ကောင်းမွန်သည့်‌နေရာ ရှိသည်။

    [26] အို- ဒါဝူဒ်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမာ္ဘ‌ပေါ်တွင် ကိုယ်စားလှယ် ခန့်အပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် လူများကြားတွင် မှန်ကန်စွာ ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် စိတ်ဆန္ဒ‌နောက်ကို မလိုက်ပါနှင့်။ ထိုသို့လိုက်လျှင် ထိုစိတ်ဆန္ဒက အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ အသင့်ကို လွဲ‌ချော်‌စေလိမ့်မည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်ကြသူများအတွက် သူတို့သည် စာရင်းစစ်မည့်‌နေ့ကို ‌မေ့‌လျော့‌နေကြသည့်အတွက်‌ကြောင့် ပြင်းထန်‌သော ပြစ်ဒဏ်ရှိလိမ့်မည်။

    [27] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင်ရှိသမျှကို အလဟဿ ဖန်ဆင်း‌တော်မူခဲ့သည် မဟုတ်‌ပေ။ ဤသည် ကာဖိရ်များ၏ ထင်မြင်ယူဆချက်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ထိုကာဖိရ်များအတွက် ငရဲမီးထဲမှ ပျက်စီးမှုရှိသည်။

    [28] ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအား တိုင်းပြည်တွင် ‌သောင်းကျန်းဖျက်ဆီးကြသူများကဲ့သို့ ပြုလုပ်ပါမည်‌လော။ သို့မဟုတ် အပြစ်‌ရှောင်ကြဉ်သူများကို အမိန့်ဖီဆန်‌သွေဖည်သူများကဲ့သို့ ပြုလုပ်‌တော်မူပါသည်‌လော။

    [29] (ဤသည်) အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ဗရကသ်မဂင်္လာနှင့် ပြည့်စုံသည့် ကျမ်းတစ်ကျမ်းဖြစ်သည်။ လူများသည် ထိုကျမ်း၏အာယသ်‌တော်များကို စဉ်းစားကြရန်နှင့် အသိဉာဏ်ရှိသည့်သူများသည် တရားရယူကြရန်အတွက် (ချ‌ပေး‌တော်မူခြင်း)ဖြစ်သည်။

    [30] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်အတွက် (တမန်‌တော်)စုလိုင်မာန်ကို ‌ပေး‌တော်မူခဲ့သည်။ (၎င်းတမန်‌တော် စုလိုင်မာန်သည်) အဘယ်မျှ ‌ကောင်းလိုက်သည့်ကျွန်လဲ။ အမှန်စင်စစ် (တမန်‌တော်)စုလိုင်မာန်သည် (ငါအရှင်မြတ်ဘက်သို့) အလွန်ပြန်လှည့်သူဖြစ်သည်။

    [31] တစ်ခါက လျင်မြန်သွက်လက်‌သော အမျိုး‌ကောင်းမြင်းများသည် ည‌နေခင်း(အစွရ်အချိန်)တွင် ၎င်း၏‌ရှေ့၌ တင်ပြခြင်းခံရသည်။

    [32] ထို့ပြင် ၎င်းက‌ပြောသည်- အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ သတိရတသမှု‌ကြောင့် (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ် တိုက်ခိုက်ကြသည့်) မြင်းများ၏ နှစ်သက်မြတ်နိုးမှုကို ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။* ‌နောက်ဆုံး ထိုမြင်းများသည် အကွယ်တွင် ‌ပျောက်ကွယ်သွားခဲ့သည်။

    [33] အသင်တို့သည် ထိုမြင်းများအား ငါ၏‌ရှေ့၌ ပြန်သွင်းခဲ့ကြပါ(ဟု ၎င်းက အမိန့်‌ပေးခဲ့သည်)။ ထို့‌နောက် ၎င်းသည် (ထိုမြင်းများ၏) ‌ခြေသလုံးများနှင့် လည်ကုပ်များကို (ကြင်နာမှုဖြင့်) စတင် ပွတ်သပ်မှုကို ပြုလုပ်ခဲ့သည်။

    [34] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)စုလိုင်မာန်အား စမ်းသပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်‌ပေါ်တွင် ခန္ဓာကိုယ်တစ်ခုကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်းသည် (အရှင်မြတ်ဘက်သို့) ပြန်လှည့်ခဲ့သည်။

    [35] ၎င်းက‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်မှလွဲ၍ ကျွန်ုပ်၏‌နောက်တွင် မည်သူမျှ မရထိုက်‌သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်ုပ်ကို ‌ပေးသနား‌တော်မူပါ၊ အမှန်စင်စစ် အရှင်မြတ်သည်သာ အလွန် ရက်‌ရောစွာ ‌ပေးကမ်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [36] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအတွက် ‌လေကို ၎င်း၏လက်‌အောက်ခံအဖြစ် လိုက်နာ‌စေ‌တော်မူခဲ့သည်။ ထို‌လေသည် ၎င်းအလိုရှိရာအရပ်ကို ၎င်း၏အမိန့်ဖြင့် ညင်သာစွာ တိုက်ခတ်သွားလာသည်။

    [37] ထို့ပြင် ‌ဆောက်လုပ်‌ရေးဝန်ထမ်းတိုင်းနှင့် ‌ရေငုပ်သမားတိုင်းပါဝင်ခဲ့‌သော (ဆိုးသွမ်းသည့်) ဂျင်န် ရှိုင်သွာန်များကိုလည်း ၎င်း၏အမိန့်ကို နာခံ‌စေ‌တော်မူခဲ့သည်။

    [38] သံကြိုးများနှင့် ပူးတွဲတုပ်‌နှောင်ထားခြင်းခံရ‌သော အခြားဂျင်န်များကိုလည်း (နာခံ‌စေ‌တော်မူခဲ့သည်)။

    [39] ဤသည် ငါအရှင်မြတ်၏‌ပေးကမ်းမှုဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် (သူများကို)‌ပေးသည်ပင်ဖြစ်‌စေ၊ မ‌ပေးသည်ပင်ဖြစ်‌စေ စာရင်းရှင်းစရာမရှိ‌ပေ။

    [40] ထို့ပြင် အမှန်စင်စစ် ၎င်းအတွက် ငါအရှင်မြတ်ထံတွင် နီးကပ်မှုနှင့် အလွန်‌ကောင်းမွန်သည့်‌နေရာရှိသည်။

    [41] ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်၏ကျွန် (တမန်‌တော်)အိုင်ယူဗ်၏အ‌ကြောင်းကို သတိရပါ။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား “အမှန်စင်စစ် ရှိုင်သွာန်သည် ကျွန်ုပ်ကို ‌ရောဂါ‌ဝေဒနာနှင့်‌ဘေးဒုက္ခကို သက်‌ရောက်‌စေခဲ့ပါသည်“ဟု ဟစ်‌ခေါ်‌လျှောက်ထားခဲ့သည်။

    [42] (အရှင်မြတ်က မိန့်‌တော်မူသည်) အို- အိုင်ယူဗ်၊ အသင်သည် အသင်၏‌ခြေ‌ထောက်ဖြင့် (‌မြေကြီးကို)‌ဆောင့်လိုက်ပါ၊ ဤသည် ‌အေးမြသည့်ချိုး‌ရေနှင့် ‌သောက်‌ရေဖြစ်သည်။

    [43] ထို့ပြင် ငါအရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်နှင့်၊ အသိဉာဏ်ရှိသည့်သူများ သတိရ‌စေရန်အတွက် ၎င်းအား ၎င်း၏အိမ်သူအိမ်သားများကို ‌ပေးသနား‌တော်မူသည့်အပြင် ထို(အ‌ရေအတွက်)နှင့်အညီကိုလည်း ၎င်းတို့နှင့်အတူ ထပ်မံ‌ပေးသနား‌တော်မူခဲ့သည်။

    [44] ထို့ပြင် (ငါအရှင်မြတ်က မိန့်ကြား‌တော်မူခဲ့သည်) အသင်သည် အသင့်လက်ထဲတွင် (‌သေးမျှင်သည့်)အခက်အလက်တစ်ဆုပ်ကိုယူ၍ ထိုအရာဖြင့် ရိုက်ပါ။ ထို့ပြင် အသင်သည် ကျိန်ဆိုမှုကို မချိုးဖျက်နှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိုင်ယူဗ်)ကို သည်းခံသူအဖြစ် ‌တွေ့ရှိ‌တော်မူခဲ့သည်။ အဘယ်မျှ‌ကောင်းလိုက်‌သော ကျွန်တစ်ပါးဖြစ်သနည်း။ အမှန်စင်စစ် ၎င်း(တမန်‌တော်အိုင်ယူဗ်)သည် (ငါအရှင်မြတ်ဘက်သို့) အလွန်ပြန်လှည့်သူဖြစ်ခဲ့သည်။

    [45] ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်၏ကျွန်များဖြစ်‌သော စွမ်းရည်သတ္တိရှိသူများ၊ ဉာဏ်အ‌မြော်အမြင်ရှိသူများဖြစ်ကြ‌သော (တမန်‌တော်)အိဗ်ရာဟီမ်၊ (တမန်‌တော်)အစ္စဟာက်နှင့် (တမန်‌တော်)ယအ်ကူဗ်တို့(၏ အ‌ကြောင်းများ)ကို သတိရပါ။

    [46] အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား (အာခိရသ်)အိမ်၏ သတိရမှုနှင့် သီးသန့်‌ရွေးချယ်‌တော်မူခဲ့သည်။

    [47] ထို့ပြင် အမှန်စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်ထံ‌တော်တွင် အ‌ကောင်းဆုံး‌ရွေးချယ်ခြင်း ခံခဲ့ကြရသည့်သူများထဲမှပင် ဖြစ်ကြသည်။

    [48] ထို့ပြင် အသင်သည် (တမန်‌တော်)အစ္စမာအီလ်၊ (တမန်‌တော်)အလ်ယစအ်*နှင့် (တမန်‌တော်)ဇွလ်ကိဖ်လ်*တို့(၏အ‌ကြောင်းများ)ကို သတိရပါ။ ထို့ပြင် ၎င်းတို့အသီးသီးသည်လည်း အ‌ကောင်းဆုံးသူများထဲမှပင် ဖြစ်ခဲ့ကြသည်။

    [49] ဤသည် ဆုံးမဩဝါဒတစ်ခုဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အပြစ်‌ရှောင်ကြဉ်သူများအတွက် အလွန်‌ကောင်းမွန်သည့်‌နေရာ အမှန်ပင်ရှိသည်။

    [50] သူတို့အတွက် တံခါးများဖွင့်ထား‌သော အမြဲ‌နေထိုင်ရမည့် ဥယျာဉ်များရှိကြသည်။

    [51] ၎င်းထဲတွင် မှီအုံးများနှင့် မှီ‌နေကြမည်။ သူတို့သည် သစ်သီးဝလံ အများအပြားနှင့် ‌သောက်စရာများကို ၎င်းထဲတွင် မှာယူ(သုံး‌ဆောင်)ကြမည်။

    [52] ထို့ပြင် သူတို့ထံတွင် မျက်လွှာချ၍‌နေတတ်‌သော သက်တူရွယ်တူမိန်းမများလည်း ရှိကြမည်။

    [53] ဤသည် စစ်‌ဆေးမည့်‌နေ့နှင့်ပတ်သက်၍ အသင်တို့အား ကတိ‌ပေးခြင်း ခံကြရသည့်အရာပင် ဖြစ်သည်။

    [54] အမှန်စင်စစ် ဤသည် ငါအရှင်မြတ်၏‌ကျေးဇူး‌တော် ရိက္ခာဖြစ်သည်။ ထိုအရာသည် မည်သည့်အခါမှ မကုန်ခန်းမည့်အရာပင်ဖြစ်သည်။

    [55] ဤသည် (‌ကောင်းမြတ်သည့်သူများ၏အ‌ကြောင်း ပြီးသွားခြင်းဖြစ်သည်)။ ထို့ပြင် အမှန်စင်စစ် ဆိုးသွမ်းကျူးလွန်သူများအတွက် ဆိုးရွား‌သော ပြန်လှည့်ရာစခန်း အမှန်ပင်ရှိသည်။

    [56] (ထိုအရာသည်) ငရဲဘုံပင်ဖြစ်သည်။ သူတို့သည် ထိုအထဲသို့ ဝင်‌ရောက်ကြရမည်။ အဘယ်မျှ ဆိုးရွားလိုက်‌သော အပန်း‌ဖြေစခန်းနည်း။

    [57] ဤသည် ဆူပွက်‌နေ‌သော ‌ရေပူနှင့် ပြည်ပုပ်ဖြစ်သည်။ ထို့ပြင် ထိုအရာအား သူတို့ မြည်းစမ်းကြပါ‌စေ။

    [58] ထို့ပြင် ဤအမျိုးအစားထဲမှပင် အခြား(မြည်းစရာပြစ်ဒဏ်)အမျိုးမျိုးလည်း ရှိလိမ့်မည်။

    [59] (လူဆိုးအကြီးအကဲများက ‌ပြောဆိုကြသည်) ဤသည် အသင်တို့နှင့်အတူ တိုးဝင်‌နေကြ‌သော အုပ်စုတစ်စုဖြစ်သည်။ သူတို့အား မကြိုဆိုပါ‌စေနှင့်။ အမှန်စင်စစ် သူတို့သည် ငရဲမီးထဲသို့ ဝင်‌ရောက်ကြမည့်သူများဖြစ်သည်။

    [60] သူတို့(‌နောက်လိုက်)များက ‌ပြောဆိုကြသည်။ အဘယ်မျှ ဆိုးရွားလိုက်‌သော ‌နေရာထိုင်ခင်းနည်း။

    [61] သူတို့က ‌လျှောက်ထားကြမည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်တို့‌ရှေ့၌ ဤဒုက္ခကို ယူ‌ဆောင်လာခဲ့သည့်သူကို အရှင်မြတ်သည် ငရဲဘုံတွင် ပြစ်ဒဏ် နှစ်ဆတိုး‌စေ‌တော်မူပါ။

    [62] ထို့ပြင် သူတို့က(အချင်းချင်း)‌ပြောဆိုကြမည်- ဆိုးသွမ်းသူများထဲမှဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ‌ရေတွက်မှတ်သား‌နေခဲ့‌သော ပုဂ္ဂိုလ်များအား (မွတ်စ်လင်မ်များအား ငရဲဘုံတွင်)အဘယ့်‌ကြောင့် ကျွန်ုပ်တို့ မ‌တွေ့ကြရသနည်း။

    [63] ကျွန်ုပ်တို့ကပင် သူတို့အား ပျက်‌ချော်‌ပြောင်‌လှောင်မှု လုပ်ခဲ့ကြသည်(မှာ မှား‌နေသည်)‌လော၊ သို့မဟုတ် (ကျွန်ုပ်တို့၏)မျက်စိများကပင် သူတို့(အား မြင်နိုင်ခြင်း)မှ လွဲ‌ချော်တိမ်း‌မှောက်‌နေကြသ‌လော။

    [64] အမှန်စင်စစ် ငရဲကျသည့်သူများ အချင်းချင်း ထို(သို့)စကားများကြခြင်းသည် လုံးဝ အမှန်ပင်ဖြစ်သည်။

    [65] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာ ဖြစ်သည်။ ထို့ပြင် တစ်ပါးတည်းဖြစ်‌တော်မူ‌သော အဖန်ဆင်းခံအားလုံးအ‌ပေါ် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင် မရှိ‌ပေ။

    [66] (ထိုအရှင်ပင်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [67] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထို(ကုရ်အာန်)သည် ကြီးကျယ်‌သော သတင်းပင်ဖြစ်သည်။

    [68] အသင်တို့သည် ထိုသတင်းမှ မျက်နှာလွှဲ‌နေကြ‌သော သူများပင်ဖြစ်ကြသည်။

    [69] ငါသည် အထက်‌ကောင်းကင်တွင်ရှိ‌သော ‌ကောင်းကင်တမန်များနှင့်ပတ်သက်၍ သူတို့အချင်းချင်း ‌ပြောဆို အငြင်းပွား‌နေခဲ့ကြစဉ်က (တမန်‌တော်အာဒမ်ကို ဖန်ဆင်း‌တော်မူမည့်)ကိစ္စကို ငါသည် မည်သည့်အရာမျှ မသိခဲ့‌ပေ။

    [70] ငါသည် ထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးဖြစ်သည့်အတွက် ငါ့ထံသို့ ဝဟီအမိန့်‌တော်ပို့ချခြင်းခံရခြင်း ဖြစ်သည်။

    [71] တစ်ခါက အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ‌ကောင်းကင်တမန်များအား မိန့်ကြား‌တော်မူသည်- အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးကို ရွှံ့‌မြေဖြင့် ဖန်ဆင်း‌တော်မူမည်။

    [72] ထို့‌နောက် ငါအရှင်မြတ်သည် ထိုလူသားအား ‌နေသားတကျ ပြုလုပ်‌တော်မူ၍ ၎င်းထံသို့ ငါအရှင်မြတ်ထံ‌တော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်း‌တော်မူသည့်အခါ* အသင်တို့အားလုံး ၎င်း၏‌ရှေ့၌ စဂျ်ဒဟ်ဦးချကြရမည်။

    [73] ထို့‌နောက် ‌ကောင်းကင်တမန်များအားလုံးသည် ဦးချကြသည်။

    [74] သို့ရာတွင် အိဗ်လီစ်ကမူ (ဦးမချခဲ့ဘဲ)မာန‌ထောင်ပြီး ငြင်းပယ်သူများထဲတွင် အပါအဝင်ဖြစ်သွားခဲ့သည်။

    [75] အရှင်မြတ်က မိန့်‌တော်မူသည်- အို- အိဗ်လီစ်၊ ငါအရှင်မြတ်က ငါအရှင်မြတ်၏လက်‌တော်နှစ်ဖက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သူ၏ ‌ရှေ့၌ဦးချခြင်းမှ အသင့်အား မည်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာန‌ထောင်သ‌လော၊ သို့မဟုတ် အသင်သည် အလွန်မြင့်မားသည့်သူတစ်ဦးဖြစ်သ‌လော။

    [76] သူက ‌ပြောသည်- ကျွန်ုပ်သည် လူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်အား မီးဖြင့် ဖန်ဆင်း‌တော်မူပြီး ၎င်းကို ရွှံ့‌မြေဖြင့် ဖန်ဆင်း‌တော်မူခဲ့ပါသည်။

    [77] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- သို့ဖြစ်လျှင် အသင်သည် ဤဂျန္နသ်မှ ထွက်သွား‌ပေ‌တော့၊ ထို့ပြင် အမှန်ပင် အသင်သည် နှင်ထုတ်ခြင်းခံရသူပင်ဖြစ်သည်။

    [78] ထို့ပြင် အမှန်စင်စစ် အသင့်အ‌ပေါ်တွင် ငါအရှင်မြတ်၏ လအ်နသ် ကရုဏာကင်း‌ဝေးမှုသည် အစား‌ပေးမည့်(ကိယာမသ်)‌နေ့ထိ ရှိမည်။

    [79] သူက ‌ပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သို့ဖြစ်လျှင် အရှင်မြတ်သည် ကျွန်ုပ်အား ကိယာမသ်‌နေ့ထိ (‌သေခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ) ဆိုင်းငံ့ထား‌ပေး‌တော်မူပါ။

    [80] အရှင်မြတ်က မိန့်ကြား‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် အမှန်စင်စစ် ဆိုင်းငံ့ခြင်းခံရသူတစ်ဦးပင်ဖြစ်သည်။

    [81] သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်‌သော အချိန်ကာလ(‌ရောက်မည့်)‌နေ့ထိ။

    [82] သူက ‌ပြောသည်- သို့ဖြစ်လျှင် အရှင်မြတ်၏တန်ခိုး‌တော်ကို တိုင်တည်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည် ထိုသူများအားလုံးကို လမ်းလွဲ‌အောင် ပြုလုပ်မည်ဖြစ်ပါသည်။

    [83] သို့ရာတွင် သူတို့ထဲမှ ‌ရွေးချယ်ထား‌သော အရှင်မြတ်၏ကျွန်များကိုမူ(ကျွန်ုပ်သည် လမ်းလွဲ‌အောင်လုပ်နိုင်မည် မဟုတ်ပါ)။

    [84] အရှင်မြတ်က မိန့်ကြား‌တော်မူသည်- သို့ဖြစ်ရာ အမှန်ပင်ဖြစ်သည်၊ ထို့ပြင် ငါအရှင်မြတ်သည် အမှန်ကိုပင် မိန့်‌တော်မူ‌လေ့ရှိသည်။

    [85] အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို အသင်နှင့် လူများထဲမှ အသင်၏‌နောက်လိုက်သူများအားလုံးဖြင့် ဖြည့်‌တော်မူမည်။

    [86] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ထံတွင် ဤ(ကုရ်အာန်)နှင့်ပတ်သက်၍ မည်သည့်အကျိုးမျှ ‌တောင်းခံသည်မရှိ‌ပေ။ ထို့ပြင် ငါသည် လုပ်ကြံဟန်‌ဆောင်‌ပြောဆိုသူတစ်ဦးလည်း မဟုတ်‌ပေ။

    [87] ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် စကြဝဠာအားလုံး(တွင်ရှိသူများ)အတွက် ဆုံးမဩဝါဒတစ်ခုပင်ဖြစ်သည်။

    [88] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် အချိန်အနည်းငယ်‌နောက်တွင် ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)၏ သတင်းမှန်ကန်‌ကြောင်းကို သိကြလိမ့်မည်။

    Surah 39
    အုပ်စုများ

    [1] တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူသည့် ကျမ်း‌တော်မြတ်ပင် ဖြစ်သည်။

    [2] စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ထံသို့ ဤကျမ်းကို တိကျမှန်ကန်စွာ ချ‌ပေး‌တော်မူသည့်အတွက် အသင်သည် ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေလျက် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။

    [3] သတိပြုကြပါ။ သီးသန့်သက်သက်ဖြစ်‌သော ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အကြင်သူများသည် အရှင်မြတ်မှလွဲ၍ အခြားကာကွယ်‌စောင့်‌ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး (ဤသို့ ‌ပြောဆိုကြသည်-) ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်‌စေရန်အတွက်သာ ကျွန်ုတို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) သူတို့အချင်းချင်း ကွဲလွဲငြင်းခုံ‌နေကြသည့်ကိစ္စနှင့်ပတ်သက်၍ သူတို့အကြားတွင် စီရင်ဆုံးဖြတ်‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်‌ကျေးဇူးကန်းသူကို လမ်းမှန်ညွှန်ကြား ပြသ‌တော်မူမည်မဟုတ်‌ပေ။

    [4] အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သား‌တော်တစ်ပါးပါး ‌ရွေးချယ်ပြုလုပ်ရန် ရည်ရွယ်‌တော်မူလျှင် အမှန်ပင် အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်းထား‌တော်မူ‌သော အဖန်ဆင်းခံများထဲမှ အရှင်မြတ်အလိုရှိသူကို ‌ရွေးချယ်‌တော်မူခဲ့မည်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် (သာသမီးအလိုရှိ‌တော်မူခြင်းမှ) စင်ကြယ်သန့်ရှင်း‌တော်မူသည်။ အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိ‌တော်မူ‌သောအရှင်၊ အဖန်ဆင်းခံအားလုံးအ‌ပေါ်တွင် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။

    [5] အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို တိကျမှန်ကန်စွာ ဖန်ဆင်း‌တော်မူခဲ့သည်။ အရှင်မြတ်သည် ညကို ‌နေ့အ‌ပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထား‌တော်မူသည်။ ထို့ပြင် ‌နေ့ကို ည၏အ‌ပေါ်တွင် ဖုံးအုပ်လွှမ်းခြုံထား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ‌နေနှင့်လကို အမိန့်နာခံ‌စေ‌တော်မူခဲ့သည်။ အသီးသီးသည် သတ်မှတ်ထားသည့်အချိန်အထိ လှုပ်ရှားသွားလာ‌နေကြလိမ့်မည်။ သတိပြုကြပါ၊ အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] အရှင်မြတ်သည် အသင်တို့အား အသက်တစ်‌ချောင်းတည်းမှ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ထိုအသက်ကပင် ၎င်း၏ကြင်ရာကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များမှ (အထီးနှင့်အမ)ရှစ်မျိုး*ကို (ဖန်ဆင်းပြီး)ချ‌ပေး‌တော်မူခဲ့သည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်များ၏ ဝမ်းဗိုက်ထဲတွင် အ‌မှောင်သုံးထပ်အတွင်း၌* ဖန်ဆင်းမှုတစ်မျိုးပြီးတစ်မျိုး (အဆင့်ဆင့်‌ပြောင်းလဲပြီး)ဖန်ဆင်း‌တော်မူခဲ့သည်။ ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာ မရှိ‌ပေ။ ုထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။

    [7] အကယ်၍ အသင်တို့သည် ‌ကျေးဇူးကန်းငြင်းပယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များနှင့်ပတ်သက်၍ ‌ကျေးဇူးကန်းငြင်းပယ်မှုကို နှစ်သက်‌တော်မမူ‌ပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် ‌ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ထို‌ကျေးဇူးသိတတ်ခြင်းကို နှစ်သက်‌တော်မူသည်။ ထို့ပြင် မည်သည့်ဝန်ထုပ်ထမ်းပိုးသူတစ်ဦးကမျှ သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးမည်မဟုတ်‌ပေ။ ထို့‌နောက် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ခဲ့သမျှကို အသင်တို့အား အသိ‌ပေး‌တော်မူလိမ့်မည်။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [8] ထို့ပြင် လူသားတွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်သည့်အခါ သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်းလှည့်ပြီး အရှင်မြတ်အား ဟစ်‌ခေါ်သည်။ ထို့‌နောက် သူ့ကို အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်တစ်စုံတစ်ခုကို အရှင်မြတ်က ‌ပေးသနား‌တော်မူသည့်အခါ သူသည် သူ့အ‌နေနှင့် အရှင်မြတ်အား ယခင်က သူဟစ်‌ခေါ်‌နေခဲ့သည်ကို ‌မေ့သွား‌တော့သည်။ ထို့ပြင် သူသည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းမှ လွဲသွား‌စေရန်အတွက် အရှင်မြတ်တွင် ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်ခဲ့သည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်သည် အသင်၏‌ကျေးဇူးကန်းမှုနှင့် (အချိန်)အနည်းငယ် အကျိုး‌ကျေးဇူးခံစားလိုက်ပါ၊ အမှန်စင်စစ် အသင်သည် ငရဲသားများထဲမှပင် ဖြစ်သည်။

    [9] အကြင်သူသည် ညပိုင်းများတွင် စဂျ်ဒဟ်ဦးချလျက်၊ မတ်တတ်ရပ်လျက် ဝတ်ပြုလျက် အမိန့်နာခံသည်။ အာခိရတ် တမလွန်ဘဝကိုလည်း စိုးရိမ်သည်။ သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဟ ရဟ်မသ် ကရုဏာကိုလည်း ‌မျှော်လင့်သည်။ (ထိုသူသည် အထက်က မုရှ်ရိက်နှင့်တူသ‌လော)။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သိ‌သောသူနှင့် မသိ‌သောသူသည် တူကြသ‌လော။ (အမှန်စင်စစ်) ဉာဏ်ရှင်များပင် တရားရယူကြသည်။

    [10] (အို- တမန်‌တော်)အသင်သည် (ငါအရှင်၏ကိုယ်စား)‌ပြောလိုက်ပါ- အို- ငါအရှင်မြတ်၏ အီမာန်ယုံကြည်သူကျွန်အ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ‌ကောင်းကျိုးပြုလုပ်ခဲ့ကြသည့်သူများအတွက် ဤဘဝတွင်လည်း ‌ကောင်းကျိုးရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌မြေပထဝီသည် ကျယ်ဝန်းသည်။ စွဲမြဲစွာ ကြံ့ခိုင်သည်းခံ‌သောသူများပင် သူတို့၏အကျိုးကို မ‌ရေမတွက်နိုင်‌အောင် အပြည့်အဝ ‌ပေးဆပ်ခြင်းခံကြရမည်ဖြစ်သည်။

    [11] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေလျက် ကိုးကွယ်ရန် အမိန့်‌ပေး‌တော်မူခြင်းကိုခံရသည်။

    [12] ထို့ပြင် ကျွန်ုပ်သည် ပထမဦးဆုံးမွတ်စ်လင်မ်ဖြစ်ရန်လည်း အမိန့်‌ပေး‌တော်မူခြင်းခံရသည်။

    [13] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို ဖီဆန်ခဲ့လျှင် အမှန်ပင် ငါသည် ကြီးကျယ်‌သော(ကိယာမသ်)‌နေ့၏ပြစ်ဒဏ်ကို ‌ကြောက်သည်။

    [14] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ကိုပင် ငါ၏ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေလျက် ကိုးကွယ်သည်။

    [15] သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား စွန့်လွှတ်ပြီး အသင်တို့အလိုရှိရာကို ကိုးကွယ်ကြပါ။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သူတို့ကိုယ်တိုင်နှင့် သူတို့၏အိမ်သူအိမ်သားများကို ကိယာမသ်‌နေ့တွင် ဆုံးရှုံး‌အောင်လုပ်သည့်သူများပင် အမှန်စင်စစ် ဆုံးရှုံးသူများ ဖြစ်ကြသည်။ သတိပြုကြပါ၊ ဤသည် ထင်ရှား‌သော ဆုံးရှုံးမှုဖြစ်သည်။

    [16] သူတို့အတွက် သူတို့၏အထက်၌လည်း မီးအမိုးများရှိပြီး သူတို့၏‌အောက်၌လည်း မီးအခင်းများရှိမည်။ ဤသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျွန်များအား ‌ကြောက်ရွံ့‌စေ‌တော်မူ‌သောအရာ(ပြစ်ဒဏ်)ပင် ဖြစ်သည်။ သို့ဖြစ်ရာ အို- ငါအရှင်မြတ်၏ကျွန်အ‌ပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [17] ထို့ပြင် မမှန်ကန်‌သော ကိုးကွယ်ရာများအား ကိုးကွယ်ခြင်းမှ‌ရှောင်ကြဉ်ပြီး အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ခဲ့ကြသည့်သူများအတွက်မှာမူ ဝမ်း‌မြောက်ဖွယ်ရာ သတင်းရှိသည်။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဝမ်း‌မြောက်ဖွယ်ရာ သတင်းကို‌ပြောလိုက်ပါ။

    [18] ထိုကျွန်များသည် အာယသ်(အရှင်မြတ်၏စကား‌တော်)ကို အားရုံစိုက်ပြီး နား‌ထောင်ကြသည်။ ထို့ပြင် ၎င်း၏အ‌ကောင်းဆုံးအချက်များကို လိုက်နာကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့အား လမ်းမှန်ကို ပို့‌ဆောင်‌တော်မူခဲ့သည့် သူများပင်ဖြစ်သည်။ ထို့ပြင် ထိုသူများပင် ဉာဏ်ရှင်များဖြစ်ကြသည်။

    [19] အကြင်သူသည် သူ၏အ‌ပေါ်တွင် ပြစ်ဒဏ်စီရင်မှု၏အမိန့်‌တော်သည် အတည်ဖြစ်သွားခဲ့ပြီးဖြစ်သည်၊ ထို့‌နောက် အသင်သည် ငရဲမီးထဲတွင်ရှိသူကို ကယ်တင်နိုင်ပါသ‌လော။

    [20] သို့ရာတွင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ‌ကြောက်ရွံ့သည့်သူများအတွက်မှာမူ မြင့်မားသည့်အ‌ဆောင်များရှိမည်။ ထိုအ‌ပေါ်တွင် (ထပ်ပြီး)‌ဆောက်လုပ်ထား‌သော ဘုံအဆင့်ဆင့်များ*ရှိဦးမည်။ ထိုအ‌ဆောင်များ‌အောက်တွင် ‌ချောင်း‌ရေများသည် စီးဆင်း‌နေကြမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကတိ‌တော်ကို ‌ဖောက်ဖျက်‌တော်မမူ‌ပေ။

    [21] အသင်မမြင်ခဲ့သ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ရေကို ‌မြေထဲမှ ‌ရေ‌ကြောများထဲသို့ ဝင်သွား‌စေခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ထို‌ရေနှင့် အ‌ရောင်အဆင်း အမျိုးမျိုး အစားစားဖြစ်‌သော ‌ကောက်ပဲသီးနှံကို ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ကောက်ပဲသီးနှံသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအရာများ ဝါ‌နေသည်ကို ‌တွေ့မြင်ရသည်။ ထို့‌နောက် အရှင်မြတ်သည် ထို‌ကောက်ပဲသီးနှံများအား အစိတ်စိတ် အမြွှာမြွှာဖြစ်‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် ဉာဏ်ရှင်များအတွက် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။

    [22] ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာအတွက် ဖွင့်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ရှင်မြတ်၏‌ရောက်ခြည်‌ပေါ်တွင် ရှိ‌နေသည်။ (ထိုသူနှင့် စိတ်နှလုံးမာ‌ကျောခက်ထန်သည့်သူသည် တူညီနိုင်ပါသ‌လော)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်းမရှိဘဲ စိတ်နှလုံးမာ‌ကျောခက်ထန်‌နေသည့်သူများတွင် ပျက်စီးခြင်းရှိသည်။ သူတို့သည် ထင်ရှား‌သောလမ်းမှား၌ပင် ရှိ‌နေကြသည်။

    [23] အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး အာယသ်‌တော်၊ အချင်းချင်း တစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သည့်၊ အကြိမ်ကြိမ်မိန့်ကြားထား‌တော်မူ‌သော ကျမ်းတစ်‌စောင်ကို ချ‌ပေး‌တော်မူခဲ့သည်။ ထို အာယသ်‌တော်(ကို ကြားနာရသည့်)အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ‌ကြောက်ရွံ့ကြသည့်သူများ၏ အသားအ‌ရေများသည် ကြက်သီး‌မွေးညင်းထလာကြသည်။ ထို့‌နောက် သူတို့၏ အသားအ‌ရေများနှင့် စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန်အတွက် နူးညံ့‌ပျော့‌ပျောင်းလာ‌တော့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းညွှန်ပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုတရားလမ်းညွှန်နှင့် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ပင် ထား‌တော်မူလျှင် ထိုသူကို မည်သူမျှ တရားလမ်းမှန်သို့ ပို့‌ဆောင်မည့်သူ မရှိ‌တော့‌ပေ။

    [24] ထို့‌နောက် အကြင်သူသည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် ပြင်းထန်‌သောပြစ်ဒဏ်ကို (ကာကွယ်ရန် ‌ခြေလက်များသည်လည်း တုပ်ထားခြင်းခံထားရ‌လေရာ မည်သည့်အရာမျှ မရှိ‌တော့သည့်အဆုံး အနာခံပြီး) သူ၏မျက်နှာနှင့်သာ ကာကွယ်(ရ‌တော့)မည်ဖြစ်သည်၊ (ပြစ်ဒဏ်သည် မျက်နှာ‌ပေါ်ကျသည့်အခါ ပိုနာပြီး ပိုခံရမည်ဖြစ်သည်)။ ထို့ပြင် မတရားပြုလုပ်သူများအား “အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော အရသာကို မြည်းစမ်းကြ“ဟု ‌ပြောဆိုခြင်း ခံရမည်ဖြစ်သည်။ (ထိုကဲ့သို့သူနှင့် ပြစ်ဒဏ်မှလွတ်ကင်းသည့်သူတို့သည် တူပါသ‌လော)။

    [25] သူတို့မတိုင်မီက သူများလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြစ်ဒဏ်သည် သူတို့ထံသို့ သူတို့ မထင်မှတ် မသိရှိသည့်ဘက်မှ ‌ရောက်ရှိလာခဲ့သည်။

    [26] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤ‌လောကီဘဝတွင် ‌သေးသိမ်မှု၏အရသာကို မြည်းစမ်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပိုကြီးသည်၊ အကယ်၍ သူတို့ သိကြလျှင် ‌ကောင်း‌လေစွ။

    [27] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်တွင် လူများအတွက် သူတို့ တရားရကြ‌စေရန် ပမာပုံ‌ဆောင်ချက်မျိုးစုံကို ခိုင်းနှိုင်းပြ‌တော်မူခဲ့သည်။

    [28] သူတို့သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြရန်အတွက် (ငါအရှင်မြတ်သည်) စကားအသုံးအနှုန်း အဖွဲ့အနွဲ့‌ကောင်းမွန်ကြွယ်ဝ‌သော အ‌ကွေ့အ‌ကောက်ကင်းမဲ့‌သော အရဗီဘာသာစကားနှင့် ကုရ်အာန်ကျမ်း‌တော်မြတ်ကို (ချ‌ပေး‌တော်မူခဲ့သည်)။

    [29] အလ္လာဟ်အရှင်မြတ်သည် ပမာတစ်ခုကို ခိုင်းနှိုင်းပြ‌တော်မူသည်။ ကျွန်‌ယောက်ျားတစ်ဦးရှိသည်။ သူ့တွင် အချင်းချင်း ကွဲလွဲမသင့်မြတ်ဘဲ ဖက်စပ်ပိုင်ဆိုင်‌နေကြ‌သောသူ(သခင်)များရှိကြသည်။ ထို့ပြင် အခြားကျွန်‌ယောက်ျားတစ်ဦးမှာမူ (သခင်)တစ်ဦးတည်းပိုင်ဖြစ်သည်။ ထိုကျွန်‌ယောက်ျားနှစ်ဦးသည် (အ‌ခြေအ‌နေအရပ်ရပ်တွင်) တူညီနိုင်ကြသ‌လော။* ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိရှိကြ‌ပေ။

    [30] အမှန်စင်စစ် အသင်(တမန်‌တော်)သည်လည်း ‌သေဆုံးမည့်သူဖြစ်သည်။ ထို့ပြင် သူတို့သည်လည်း ‌သေဆုံးကြမည့်သူများပင် ဖြစ်ကြသည်။

    [31] ထို့‌နောက် အသင်တို့သည် ကိယာမသ်‌နေ့တွင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌မှောက်တွင် အမှန်ပင် အငြင်းအခုံ ပြုကြဦးမည်ဖြစ်သည်။

    [32] ထို့ပြင် အကြင်သူထက်ပိုပြီး မတရားသူသည် မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားစကားကို ‌ပြောဆိုခဲ့သည်။ ထို့ပြင် အမှန်တရားသည် သူ့ထံသို့ ‌ရောက်လာသည့်အခါ ထိုအရာကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ (ထို)ကာဖိရ်များအတွက် ‌နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ရှိသည်မဟုတ်‌လော။

    [33] ထို့ပြင် အကြင်သူသည် အမှန်တရားကို ယူ‌ဆောင်ခဲ့သည်။ ထို့ပြင် ထိုအမှန်တရားကို မှန်ကန်‌ကြောင်း ‌ထောက်ခံခဲ့သည်။ ထိုသူများပင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌သော မုသ်သကီများဖြစ်ကြသည်။

    [34] သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် သူတို့လိုချင်သည့်အရာအတိုင်း ရရှိမည်ဖြစ်သည်။ ဤသည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏ အကျိုးပင်ဖြစ်သည်။

    [35] (ထိုသို့ အကျိုး‌ပေးရသည့်အ‌ကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့ထံမှ သူတို့ ကျင့်မူခဲ့ကြ‌သောအဆိုးကို ပ‌ပျောက်‌စေရန်အပြင်၊ သူတို့အား သူတို့ပြုလုပ်‌လေ့ရှိခဲ့ကြ‌သော အ‌ကောင်း၏အစားကို ‌ပေးသနား‌တော်မူရန်အတွက် ဖြစ်သည်။

    [36] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်အတွက် လုံ‌လောက်‌သောအရှင် မဟုတ်သ‌လော။ ထို့ပြင် သူတို့ကပင် အရှင်မြတ်မှလွဲ၍ အခြားအရာများနှင့် အသင်(တမန်‌တော်)အား ခြိမ်း‌ခြောက်‌နေကြ‌သေးသည်။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင်ထားလိုက်ပြီဆိုလျှင် ထိုသူ့အား လမ်းမှန်ပို့‌ဆောင်‌ပေးမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။

    [37] ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို ပို့‌ဆောင်‌တော်မူလျှင်၊ ထိုသူ့အား လမ်းမှား‌စေမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် လွှမ်းမိုး‌တော်မူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည် မဟုတ်‌လော။

    [38] ထို့ပြင် အသင်သည် အကယ်၍ သူတို့အား “မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို မည်သူ ဖန်ဆင်းခဲ့သနည်း“ဟု ‌မေးမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်ဟု သူတို့သည် အမှန်ပင် ‌ပြောကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် (ငါ့အား)‌ပြောပြကြစမ်းပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့အား ဒုက္ခတစ်စုံတစ်ခု‌ပေးလို‌တော်မူခဲ့လျှင် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး အသင်တို့ ဟစ်‌ခေါ်‌နေကြသည့်အရာများက အရှင်မြတ်သက်‌ရောက်‌စေတာ်မူ‌သော ဒုက္ခကို ဖယ်ရှား‌ပေးနိုင်ကြသည်‌လော။ သို့မဟုတ် အရှင်မြတ်သည် င့ါအား သနားကရုဏာတစ်စုံတစ်ခု ပြုလုပ်လို‌တော်မူခဲ့လျှင် သူတို့သည် အရှင်မြတ်၏ကရုဏာကို တားဆီးနိုင်ကြမည်‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် ငါ့အတွက် လုံ‌လောက်‌တော်မူသည်။ ယုံပုံလွှဲအပ်သူများသည် အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ကြသည်။

    [39] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ။ အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့နည်းလမ်းအတိုင်းပင် အသင်တို့(လုပ်မြဲအတိုင်း)လုပ်‌နေကြ‌ပေ‌တော့၊ ငါလည်း (လုပ်မြဲတိုင်းပင်) ပြုလုပ်‌နေမည်၊ မကြာမီ အသင်တို့ သိရလိမ့်မည်။

    [40] (ဤဘဝတွင်) မည်သူ၏ထံသို့ ‌သေးသိမ်း‌စေ‌သော ပြစ်ဒဏ်‌ရောက်ရှိလာပြီး (တမလွန်ဘဝတွင်) မည်သူ၏အ‌ပေါ်တွင် အမြဲတည်ရှိမည့်ပြစ်ဒဏ်ကျ‌ရောက်မည်ကို (မကြာမီ အသင်တို့ သိရလိမ့်မည်)။

    [41] စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏အ‌ပေါ် ကျမ်း‌တော်မြတ်ကို လူများအတွက် တိကျမှန်ကန်စွာ ချ‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် သူ၏အတွက်ပင်(အကျိုးရှိမည်)ဖြစ်သည်။ ထို့ပြင် မည်သူမဆို လမ်းလွဲခဲ့လျှင် သူ၏အ‌ပေါ်၌ပင် (ဆုံးရှုံးမှု)ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် တာဝန်ခံအဖြစ် (‌စေလွှတ်ခံရသည်)မဟုတ်‌ပေ။

    [42] အလ္လာဟ်အရှင်မြတ်သည်ပင် အသက်ဝိညာဉ်များကို သူတို့ ‌သေဆုံးချိန်တွင် နှုတ်သိမ်း‌တော်မူသည်။ ထို့ပြင် ‌သေဆုံးချိန်မ‌ရောက်‌သေး‌သော အသက်ဝိညာဉ်များကိုလည်း သူတို့ အိပ်စက်သည့်အခါတွင် (နှုတ်သိမ်းထား‌တော်မူသည်)။ ထို့‌နောက် ‌သေဆုံးရန် စီရင်ဆုံးဖြတ်‌တော်မူ‌သောအသက်ဝိညာဉ်များအား အရှင်မြတ်က တားဆီးထားလိုက်‌တော်မူသည်။ ထို့ပြင် ကျန်အသက်ဝိညာဉ်များကိုမူ သတ်မှတ်ချိန်‌ရောက်သည်ထိ လွှတ်ထား‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။

    [43] သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများအား ကြားဝင်အသနားခံ‌ပေးမည့်သူများအဖြစ် ပြုလုပ်ခဲ့ကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သူတို့သည် မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အပြင် မည်သည့်အရာမျှလည်း မသိနားမလည်ကြလျှင်လည်း (ကြားဝင်အသနားခံ‌ပေးနိုင်ကြမည်‌လော)။

    [44] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကြားဝင် အသနားခံမှုအားလုံးသည် အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။* မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏အုပ်ချုပ်မှုအာဏာသည် အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။

    [45] ထို့ပြင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား သတိရတသခြင်းခံရ‌တော်မူသည့်အခါ တမလွန်ဘဝကို မယုံကြည်သူများ၏စိတ်နှလုံးများသည် စက်ဆုပ်ကြသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အခြားအရာများအား သတိရခြင်းခံရသည့်အခါတွင်မူ သူတို့သည် ရုတ်တရက် ချက်ချင်း ဝမ်း‌မြောက်သွားကြသည်။

    [46] (အို- တမန်‌တော်)အသင်သည် (ဤသို့)‌လျှောက်ထားပါ- အို- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား ဖန်ဆင်း‌တော်မူ‌သော၊ အကွယ်နှင့်‌ရှေ့တွင်ရှိသည်ကို သိ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအကြားတွင် သူတို့အချင်းချင်း ကွဲလွဲ‌နေခဲ့သည့်အရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည် ဖြစ်ပါသည်။

    [47] ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသည့်သူများအတွက် ‌မြေပထဝီထဲတွင် ရှိသမျှနှင့်အတူ ‌နောက်ထပ် ထိုမျှရှိလျှင်လည်း ကိယာမသ်‌နေ့၏ပြစ်ဒဏ်များမှ လွတ်‌မြောက်ရန် ထိုအပြစ်ကျူးလွန်သည့်သူများက အမှန်ပင် ‌လျော်‌ကြေး‌ပေးကြမည်ဖြစ်သည်။ ထို့ပြင် သူတို့‌ရှေ့၌ သူတို့မ‌မျှော်လင့်(မထင်မှတ်)သည့်ကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌ပေါ်လွင်လာလိမ့်မည်။

    [48] ထို့ပြင် သူတို့ဆည်းပူးခဲ့ကြ‌သော မ‌ကောင်းမှုများ၏ အန္တရာယ်များသည်လည်း သူတို့‌ရှေ့၌ ‌ပေါ်လွင်ထင်ရှားလာခဲ့မည် ဖြစ်သည်။ ထို့ပြင် သူတို့‌ပြောင်‌လှောင်‌နေခဲ့‌သော ပြစ်ဒဏ်သည်လည်း သူတို့အား ဝန်းရံ‌နေလိမ့်မည်။

    [49] ထို့ပြင် လူသားတွင် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်သည့်အခါ သူသည် ငါအရှင်မြတ်အား ဟစ်‌ခေါ်တမ်းတသည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား ငါအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်(စည်းစိမ်) တစ်စုံတစ်ခုကို ‌ပေး‌တော်မူသည့်အခါ သူက“ငါသည် ဤ‌ကျေးဇူး‌တော်(စည်းစိမ်)ကို (ငါ၏)အကြံအစည်တစ်ခု‌ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်“*ဟု ‌ပြောဆိုသည်။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ဤ‌ကျေးဇူး‌တော်(စည်းစိမ်)သည် စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ သို့ရာတွင် ထိုလူသားများထဲမှ အများစုသည် မသိရှိကြ‌ပေ။

    [50] အမှန်စင်စစ် ဤ‌ပြောဆိုမှုကို သူတို့မတိုင်မီကသူများလည်း ‌ပြောဆိုခဲ့ကြဖူးသည်။ ထို့‌နောက်လည်း သူတို့ ဆည်းပူးခဲ့ကြသည်များမှာ သူတို့အတွက် (ပြစ်ဒဏ်ကာကွယ်ရန်) မည်သည့်အရာမျှ အသုံးမဝင်ခဲ့‌ပေ။

    [51] ထို့‌နောက် သူတို့ဆည်းပူးခဲ့‌သော မ‌ကောင်းမှုများ၏အန္တရာယ်များသည် သူတို့အ‌ပေါ်တွင် ကျ‌ရောက်ခဲ့သည်။ ထို့ပြင် ဤသူများထဲမှ မတရားကျူးလွန်ခဲ့ကြ‌သောသူများအ‌ပေါ်တွင်လည်း သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်း‌ဆောင်နိုင်‌အောင် မပြုလုပ်နိုင်ဘဲလျက် မကြာမီ သူတို့ဆည်းပူးခဲ့‌သော မ‌ကောင်းမှုများ၏ အန္တရာယ်များသည် ကျ‌ရောက်မည်ဖြစ်သည်။

    [52] သူတို့သည် မသိရှိခဲ့ကြသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူ၍ အရှင်မြတ်(အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ စင်စစ် ထိုအထဲတွင် ယုံကြည်သူအမျိုးသားများအတွက် သက်‌သေအ‌ထောက်အထားများ အမှန်ပင်ရှိသည်။

    [53] (အို- တမန်‌တော်)အသင်သည် (ငါအရှင်မြတ်၏ကိုယ်စား)‌ပြောလိုက်ပါ- အို- မိမိကိုယ်မိမိ အလွန်အမင်း ကျူးလွန်ခဲ့ကြ‌သော ငါအရှင်မြတ်၏ကျွန်အ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်မှ ‌မျှော်လင့်ချက် မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များအားလုံးကို ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [54] ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ပြစ်ဒဏ်ကျ‌ရောက်မလာခင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ဘက်သို့ ပြန်လှည့်၍ အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြပါ။ ထို(ပြစ်ဒဏ်ကျ‌ရောက်လာပြီး)‌နောက်တွင်မူ အသင်တို့သည် မည်သည့်အရာမျှ ကူညီခံကြရမည် မဟုတ်‌ပေ။

    [55] ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ပြစ်ဒဏ်သည် အသင်တို့ပင် မသိလိုက်ဘဲလျက် ရုတ်တရက် ဆိုက်‌ရောက်မလာမီ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ချ‌ပေးခြင်းခံရ‌သော အ‌ကောင်းဆုံးအမိန့်‌တော်(ကျမ်း‌တော်မြတ် ကုရ်အာန်)ကို လိုက်နာ(ကျင့်သုံး)ကြပါ။

    [56] (ဤသည်ကို မိန့်ရခြင်းကမူ) မည်သူမျှ “‌ဪ- ငါသည်- အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို လိုက်နာမှုနှင့်ပတ်သက်၍ ‌ပေါ့ဆပျက်ကွက်သည့်အ‌ပေါ်တွင် ဝမ်းနည်းဖွယ်ရာပင်၊ ထို့ပြင် ငါသည် အမှန်ပင် ‌ပြောင်‌လှောင်သည့်သူများထဲ၌ပင် ရှိ‌နေခဲ့သည်“ဟု မ‌ပြောဆိုနိုင်ရန်အတွက် ဖြစ်သည်။

    [57] သို့မဟုတ်(မည်သူမဆို) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကယ်၍ ငါ့အား တရားလမ်းမှန်သို့ ပို့‌ပေး‌တော်မူခဲ့ပါလျှင် ငါသည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်ကျိုး‌ဆောင်သူများထဲမှ အမှန်ပင် အပါအဝင် ဖြစ်ခဲ့မည်“ဟု မ‌ပြောဆိုနိုင်ရန်ဖြစ်သည်။

    [58] သို့မဟုတ် ပြစ်ဒဏ်ကို ‌တွေ့မြင်သည့်အခါတွင် “အမှန်စင်စစ် ငါသည် အကယ်၍သာ (‌လောကကို)ပြန်သွားနိုင်လျှင် အဘယ်မျှ ‌ကောင်းမည်နည်း။ ထိုသို့ဆိုလျှင် ငါသည် ‌ကောင်းမြတ်သည့်သူများထဲမှ အပါအဝင်ဖြစ်ခဲ့မည်“ဟု မ‌ပြောဆိုနိုင်ရန် (ထုတ်ပြန်‌တော်မူခဲ့ခြင်းဖြစ်သည်။)

    [59] အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း။ အမှန်ပင် ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင်၏ထံသို့ အမှန်စင်စစ် ‌ရောက်လာခဲ့သည်။ ထို့‌နောက် အသင်သည် ထိုအာယသ်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ ထို့ပြင် အသင်သည် ကာဖိရ်ငြင်းပယ်သူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။

    [60] ထို့ပြင် ကိယာမသ်‌နေ့တွင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်စွပ်စွဲ ‌ပြောဆိုခဲ့ကြသည့်သူများကို သူတို့၏မျက်နှာများ မည်း‌နေကြသည်ကို အသင် ‌တွေ့မြင်ရမည်။ မာန‌ထောင်သူများအတွက် ‌နေရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင် မဟုတ်‌လော။

    [61] ထို့ပြင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌သော မုသ်သကီများကို‌တော့ အလ္လာဟ်အရှင်မြတ်သည် သူတို့၏‌အောင်မြင်မှုနှင့်တကွ လွတ်‌မြောက်‌စေ‌တော်မူမည်။ သူတို့တွင် ဒုက္ခလည်းကျ‌ရောက်မည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။

    [62] အလ္လာဟ်အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူ‌သောအရှင်ဖြစ်သည့်အပြင် အရှင်မြတ်သည်ပင် အရာအားလုံးအ‌ပေါ်တွင် ထိန်းသိမ်း‌တော်မူ‌သော အရှင်လည်းဖြစ်‌တော်မူသည်။

    [63] မိုး‌ကောင်းကင်များ၏ ‌သော့များနှင့် ‌မြေပထဝီ၏‌သော့များသည် အရှင်မြတ်ထံ‌တော်၌သာ ရှိသည်။* ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည်။ ထိုသူများပင် ဆုံးရှုံးသည့်သူများဖြစ်ကြမည်။

    [64] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သို့ဖြစ်ရာ အို- အသိပညာမဲ့သူအ‌ပေါင်းတို့၊ ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ကိုးကွယ်ရန် အသင်တို့သည် ငါ့အား အမိန့်‌ပေး‌နေကြသ‌လော။

    [65] ထို့ပြင် အမှန်စင်စစ် အသင်နှင့် အသင်၏မတိုင်မီကသူများထံသို့ အမှန်ပင် ဝဟီအမိန့်(ဤသို့)ချ‌ပေးခြင်းခံခဲ့ရသည်။ “အကယ်၍ အသင်သည် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့လျှင် အမှန်စင်စစ် အသင်၏လုပ်ရပ်များသည် အချည်းအနှီးဖြစ်သွားမည့်အပြင် အသင်သည် ဆုံးရှုံးသူများထဲတွင် အမှန်စင်စစ် အပါအဝင်ဖြစ်လိမ့်မည်။“

    [66] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ကိုသာ အသင်သည် ကိုးကွယ်ပါ၊ ထို့ပြင် အသင်သည် ‌ကျေးဇူးသိတတ်သူများထဲတွင် အပါအဝင်ဖြစ်လိုက်ပါ။

    [67] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရို‌သေ‌လေးစားသင့်သ‌လောက် ရို‌သေ‌လေးစားခြင်း မရှိကြ‌ပေ။* ထို့ပြင် ကိယာမသ်‌နေ့တွင် ကမာ္ဘ‌မြေသည် အရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိရုံမက၊ မိုး‌ကောင်းကင်များသည်လည်း အရှင်မြတ်၏လက်ယာလက်ထဲတွင် ‌ခေါက်လိပ်ထားလိမ့်မည်။ အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြ‌သောအရာများမှ စင်ကြယ်သန့်ရှင်း‌တော်မူသည့်အပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူလှသည်။

    [68] ထို့ပြင် စွူရ် တံပိုးခရာမှုတ်ခြင်းခံရသည့်အခါ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူမှလွဲ၍* မိုး‌ကောင်းကင်များတွင် ရှိသမျှသူများနှင့် ‌မြေပထဝီတွင် ရှိသမျှသူများသည် သတိ‌မေ့သွားကြမည်။ ထို့‌နောက်တစ်ဖန် ဒုတိယအကြိမ် ထိုစွူရ်တံပိုးမှုတ်ခြင်းခံရပြန်သည့်အခါ သူတို့သည် ရုတ်တရက် မတ်တတ်ရပ်လျက် ကြည့်‌နေကြမည်ဖြစ်သည်။

    [69] ထို့ပြင် ‌မြေပထဝီသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နူရ်‌ရောက်ခြည်နှင့် လင်းထိန်သွားမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များလည်း (အဆင်သင့်)ထားရှိပြီးဖြစ်မည်။ ထို့ပြင် တမန်‌တော်များနှင့် သက်‌သေများလည်း ‌ရောက်လာကြမည်။ ထို့ပြင် သူတို့အကြားတွင် သူတို့သည် (အနည်းငယ်မျှပင်) မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်။

    [70] ထို့ပြင် လူတိုင်းသည် သူတို့ ပြုလုပ်ခဲ့ကြသည့်အစားကို အပြည့်အဝ ‌ပေးဆပ်ခြင်း ခံကြရမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အသိဆုံးဖြစ်‌တော်မူသည်။

    [71] ထို့ပြင် ကာဖိရ်များသည် ဂျဟန္နမ်ငရဲဘုံသို့ အုပ်စုလိုက် ‌မောင်းနှင့်ခြင်းခံကြရမည်။ ‌နောက်ဆုံးတွင် သူတို့သည် ထိုငရဲဘုံသို့ ‌ရောက်ရှိလာခဲ့ကြသည့်အခါ ၎င်း၏တံခါးများသည် ဖွင့်‌ပေးခြင်းခံကြရမည်။ ထို့ပြင် ထိုငရဲဘုံအား ‌စောင့်ကြပ်သူများက သူတို့အား ‌ပြောဆိုကြလိမ့်မည်- “အသင်တို့ထံသို့ အသင်တို့ထဲမှပင် အကြင်တမန်‌တော်များ ‌ရောက်ရှိလာခဲ့ကြသည် မဟုတ်‌လော၊ ထိုတမန်‌တော်များသည် အသင်တို့‌ရှေ့၌ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အာယသ်‌တော်များကိုလည်း ဖတ်ကြားခဲ့ကြသည်။ ထို့ပြင် အသင်တို့အား ဤ‌နေ့နှင့် အသင်တို့ ‌တွေ့ဆုံကြရမည်ကိုလည်း သတိ‌ပေးနှိုး‌ဆော်ခဲ့ကြသည် (မဟုတ်‌လော)။“ သူတို့က ‌ပြောဆိုကြမည်- “ဟုတ်ပါသည်၊ သို့ရာတွင် ကာဖိရ်များအ‌ပေါ်တွင် ပြစ်ဒဏ်၏အမိန့်‌တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်။

    [72] သူတို့သည် (ဤသို့)‌ပြောဆိုခြင်းခံကြရမည်- “အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏တံခါးများထဲသို့ အမြဲ‌နေရမည့်သူများအဖြစ် ဝင်ကြ‌ပေ‌တော့“။ မာန‌ထောင်ကြသည့်သူများအတွက် အဘယ်မျှဆိုးရွား‌သော ‌နေရာဌာနဖြစ်လိုက်သနည်း။

    [73] ၎င်း‌နောက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ဂျန္နသ်သုခဘုံသို့ အုပ်စုလိုက် ပို့‌ပေးခြင်းကို ခံကြရမည်။ ‌နောက်ဆုံးတွင် သူတို့သည် ထိုသုခဘုံသို့ ‌ရောက်လာကြမည်။ ထိုဂျန္နသ်၏တံခါးများသည် ပွင့်‌နေမည်။ ထို့ပြင် သုခဘုံကို ‌စောင့်ကြပ်သည့်သူများက သူတို့အား “ငြိမ်းချမ်းသာယာမှုသည် အသင်တို့အ‌ပေါ် ကျ‌ရောက်ပါ‌စေ။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်သည့်အတွက် ထိုသုခဘုံထဲသို့ အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်ကြပါ“ဟု ‌ပြောဆိုကြမည်။

    [74] ထို့ပြင် သူတို့က ‌ပြောဆိုကြမည်- “ချီးမွမ်းခြင်းအ‌ပေါင်းသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်‌တော်မူပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အရှင်မြတ်ပြုလုပ်‌တော်မူခဲ့သည့်ကတိအား မှန်ကန်‌စေ‌တော်မူခဲ့သည့်အပြင် ဤ(ဂျန္နသ်)‌မြေကို ကျွန်ုပ်တို့အား အ‌မွေအဖြစ် ပိုင်ဆိုင်‌စေ‌တော်မူခဲ့သည့်အတွက် ကျွန်ုပ်တို့သည် ထိုအထဲတွင် ကျွန်ုပ်တို့အလိုရှိ‌သော‌နေရာများ၌ ‌နေထိုင်နိုင်ကြသည်“။* ထို့ပြင် (‌ကောင်းမြတ်‌သော)အလုပ် လုပ်ကိုင်‌သောသူများ၏အကျိုးအမြတ်သည် အဘယ်မျှ ‌ကောင်းလိုက်သနည်း။

    [75] ထို့ပြင် အသင်(တမန်‌တော်)သည် ‌ကောင်းကင်တမန်များအား အရ်ရှ်ပလ္လင်‌တော်၏ပတ်လည်တွင် ဝန်းရံလျက် ‌တွေ့ရမည်၊ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိ‌နေကြသည်(ကို အသင်မြင်‌တွေ့ရလိမ့်မည်)။ ထို့ပြင် ထို(လူသား)များ၏ကြားတွင် တိကျစွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ချီးမွမ်းခြင်းအ‌ပေါင်းသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အတွက်ပင် ဖြစ်သည်ဟု ‌ပြောဆိုခြင်းခံရမည်။

    Surah 40
    အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်

    [1] ဟာ မီမ်။

    [2] (ဤသည်) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော အကြွင်းမဲ့သိ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူသည့် ကျမ်းဂန်ဖြစ်သည်။

    [3] (အရှင်မြတ်သည်) အပြစ်များကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ ဝန်ချ‌တောင်းပန်ခြင်းကို လက်ခံ‌တော်မူ‌သောအရှင်၊ ပြင်းထန်စွာ ဒဏ်ခတ်‌တော်မူ‌သောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံ‌တော်မူ‌သော (ရက်‌ရောစွာ‌ပေးကမ်း‌တော်မူ‌သော)အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ‌နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံ‌တော်၌သာ ဖြစ်သည်။

    [4] အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များနှင့်ပတ်သက်၍ ကာဖိရ်များပင် အငြင်းအခုံပြုကြသည်။ သို့ဖြစ်ရာ တိုင်းပြည်များထဲတွင် သူတို့သွားလာလှုပ်ရှားမှုများသည် အသင့်အား မလှည့်စား‌စေနှင့်။

    [5] ဤသူများမတိုင်မီက (တမန်‌တော်)နူးဟ်၏အမျိုးသားများနှင့် သူတို့‌နောက်မှ အုပ်စုများသည်လည်း မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အုပ်စုတိုင်းသည် သူတို့၏တမန်‌တော်ကို ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်အပြင် သူတို့သည် အမှားကို လက်ကိုင်ထားပြီး ထိုအမှားနှင့်အမှန်ကို ‌ဝေခွဲရခက်‌စေဖို့ (တမန်‌တော်မျာနှင့်) အငြင်းအခုံပြုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။

    [6] ဤသို့ပင် ကာဖိရ်များနှင့်ပတ်သက်၍ “အမှန်စင်စစ် သူတို့သည် ငရဲသားများဖြစ်ကြသည်“ဆိုသည့် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မိန့်ခွန်း‌တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်။

    [7] အရ်ရှ်ပလ္လင်‌တော်ကို ထမ်းရွက်ထားကြ‌သော သူ(‌ကောင်းကင်တမန်)များနှင့်၎င်းပတ်လည်တွင် ရှိကြသည့်သူ(‌ကောင်းကင်တမန်)များသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် ထို‌ကောင်းကင်တမန်များသည် အရှင်မြတ်အား ယုံကြည်ကြသည်။ ထို့ပြင် သူတို့သည် အီမာန်ယုံကြည်သူများအတွက် (ဤသို့) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားလျက်ရှိကြသည်။ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အရာအားလုံးကို ကရုဏာနှင့်တကွ အသိပညာဖြင့် ဝန်းခြုံလျက်ရှိ‌တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် အကြင်သူများအား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ၊ ထိုသူများသည် ဝန်ချ‌တောင်းပန်ခဲ့ကြသည်၊ ထို့ပြင် သူတို့သည် အရှင်မြတ်၏လမ်းကိုလည်း လိုက်ကြသည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်မှ လွတ်ကင်း‌စေ‌တော်မူပါ။“

    [8] အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် သူတို့အား အရှင်မြတ်ကတိပြု‌တော်မူခဲ့‌သော အမြဲ‌နေရမည့် ဥယျာဉ်များထဲသို့ သူတို့အား ဝင်‌ရောက်‌စေ‌တော်မူပါ။ ထို့ပြင် သူတို့၏ဖခင်(နှင့်မိခင်)များ၊ သူတို့၏ဇနီးကြင်ရာများနှင့် သူတို့၏သား‌မြေးများထဲမှ ‌ကောင်းမြတ်သည့်သူများကိုလည်း ထိုဥယျာဉ်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [9] ထို့ပြင် အရှင်မြတ်သည် သူတို့အား (‌လောကတွင် ကျူးလွန်မိခဲ့သည့်)မ‌ကောင်းမှုများ(၏ အစားခံရမည့်ဒုက္ခများ)မှလည်း လွတ်ကင်း‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ထို‌နေ့တွင် အကြင်သူ့ကို (ထို)ဒုက္ခများမှ လွတ်ကင်း‌စေ‌တော်မူခဲ့လျှင် အရှင်မြတ်သည် အမှန်စင်စစ် ထိုသူကို သနားကြင်နာခဲ့သည်ပင်ဖြစ်သည်။ ထို့ပြင် ဤသည် ကြီးကျယ်မြင့်မြတ်‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။

    [10] အမှန်စင်စစ် ကာဖိရ်များသည် (ဤသို့)ဟစ်‌ခေါ်ခြင်းကို ခံကြရမည်- “အသင်တို့သည် (ယခု)အသင်တို့ကိုယ်ကို စက်ဆုပ်ရွံရှာမုန်းတီး‌နေကြသည်ထက် အသင်တို့သည် အီမာန်ယုံကြည်မှုကို ဖိတ်‌ခေါ်ခံခဲ့ကြရစဉ်က အသင်တို့ငြင်းပယ်ခဲ့ကြသည့်အခါတွင် အမှန်ပင် (အသင်တို့ကို) အလ္လာဟ်အရှင်မြတ်သည် ပိုပြီး စက်ဆုပ် မုန်းတီး‌တော်မူခဲ့သည်။“

    [11] သူတို့က ‌ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ‌သေသူများအဖြစ် နှစ်ကြိမ်ထား‌တော်မူခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ရှင်သူများအဖြစ်လည်း နှစ်ကြိမ်ထား‌တော်မူခဲ့ပါသည်။* ယခုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များကို ဝန်ခံကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ (ဤဒုက္ခမှ)လွတ်‌မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါသ‌လော။

    [12] ထို(အပြစ်ဒဏ်ခံရခြင်း)သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား ဟစ်‌ခေါ်ခံရ‌သောအခါ အသင်တို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်နှင့် တွဲဖက်ရန် ဟစ်‌ခေါ်ခံရ‌သောအခါ၌မူ အသင်တို့သည် ယုံကြည်လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ စီရင်ဆုံးဖြတ်မှုသည် အလွန်မြင့်မား‌တော်မူ‌သော၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။

    [13] ထိုအရှင်မြတ်ပင် အသင်တို့အား အရှင်မြတ်၏သက်‌သေသာဓကများကို ပြသ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အတွက် မိုး‌ကောင်းကင်မှ စားနပ်ရိက္ခာကို ချ‌ပေး‌တော်မူသည်။ ထို့ပြင် (အရှင်မြတ်ဘက်သို့)ပြန်လှည့်သည့်သူမှလွဲ၍ စဉ်းစားဆင်ခြင်တရား ရယူ‌လေ့မရှိ‌ပေ။

    [14] သို့ဖြစ်ရာ ကာဖိရ်များသည် မနှစ်မြို့ကြလျှင်လည်း အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေကြလျက် ကိုးကွယ်ကြပါ။

    [15] (အရှင်မြတ်သည်) အလွန်မြင့်မားသည့် အဆင်းအတန်းများကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၏အမိန့်‌တော်နှင့် ဝိညာဉ်(ဝဟီ)ကို အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအ‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့သည်။ (ထိုသို့ချ‌ပေးခြင်းမှာ) ထိုကျွန်သည် ‌တွေ့ဆုံရမည့်(ကိယာမသ်)‌နေ့နှင့်ပတ်သက်၍ (လူများအား)သတိ‌ပေးနှိုး‌ဆော်ရန်အတွက် ဖြစ်သည်။

    [16] ထို‌နေ့တွင် သူတို့သည် (ဖန်ဆင်းရှင်‌ရှေ့၌) ‌ပေါ်လွင်ထင်ရှားလာမည်။ သူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မည်သည့်အရာမျှ ဖုံးကွယ်‌နေခြင်းရှိမည် မဟုတ်‌ပေ။ “စိုးမိုးအုပ်ချုပ်မှုအာဏာသည် ယ‌နေ့ မည်သူ့ထံတွင် ရှိသနည်း“(ဟု မိန့်ကြား‌တော်မူမည်၊ ထို့ပြင် အရှင်မြတ်ကိုယ်တိုင် မိန့်ကြား‌တော်မူမည်) တစ်ပါးတည်းဖြစ်‌တော်မူ‌သော အဖန်ဆင်းခံအားလုံးအ‌ပေါ် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။

    [17] ယ‌နေ့မူ လူတိုင်းသည် သူတို့ရှာ‌ဖွေပြုလုပ်ခဲ့သမျှနှင့်ပတ်သက်၍ အစား‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်။ ယ‌နေ့ မတရားပြုလုပ်မှုဆိုသည်မှာ မရှိ‌တော့‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်‌ဆေး‌တော်မူ‌သောအရှင်မြတ်*ပင် ဖြစ်‌တော်မူသည်။

    [18] ထို့ပြင် အသင်သည် သူတို့အား နီးကပ်လာ‌သော(ကိယာမသ်)‌နေ့နှင့်ပတ်သက်၍ သတိ‌ပေးနှိုုး‌ဆော်လိုက်ပါ။ ထိုအခါတွင် စိတ်နှလုံးများသည် ပူပင်‌သောကများကို အလွန်ချုပ်တည်းမျိုသိပ်လျက် လည်မျိုများထိပင် ဆို့တက်လာမည်။ မတရားကျူးလွန်သည့်သူများအတွက် ရင်းနှီး‌သောသူလည်း မည်သူမျှရှိမည် မဟုတ်‌ပေ။ ဩဇာ‌ညောင်း‌သော ကြားဝင်အသနားခံ‌ပေးမည့်သူလည်း မည်သူမျှရှိမည် မဟုတ်‌ပေ။

    [19] အရှင်မြတ်သည် မျက်စိများ၏ သစ္စာ‌ဖောက်ခိုးဝှက်မှုကို‌ရော၊ စိတ်နှလုံးများက လျှို့ဝှက်ထားသည်များကိုပါ သိ‌တော်မူသည်။

    [20] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်အား စွန့်ပြီး သူတို့(ကာဖိရ်များ) ဟစ်‌ခေါ်ခဲ့ကြ‌သော ကိုးကွယ်ရာများသည် မည်သည့်အရာတစ်ခုမျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [21] သူတို့သည် ကမာ္ဘ‌ပေါ်တွင် လှည့်လည်သွားလာခြင်း မပြုခဲ့ကြသ‌လော၊ ထိုသို့ပြုခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို မြင်ကြရမည်ဖြစ်သည်။ ၎င်းယခင်က သူများသည် သူတို့ထက်ပင် အင်းအားကြီးသည်သာမက ကမာ္ဘ‌မြေ‌ပေါ်တွင် သူတို့ချန်ထားခဲ့‌သော ‌ခြေရာလက်ရာများသည် ပို၍ ထူးကဲခဲ့ကြသည်။ ထို့‌နောက်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏မ‌ကောင်းမှုပြစ်မှုများ‌ကြောင့် ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သူတို့တွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမျှ မရှိခဲ့‌ပေ။

    [22] ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏တမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သောသက်‌သေသာဓကများ အမှန်စင်စစ် ယူ‌ဆောင်လာခဲ့ကြပြီး‌နောက် သူတို့သည် ငြင်းပယ်လျက်ပင် ရှိခဲ့ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ ပြင်းထန်စွာ အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [23] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ငါအရှင်မြတ်၏အမိန့်‌တော်များအပြင် ထင်ရှား‌သော သက်‌သေသာဓကနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။

    [24] ဖိရ်‌အောင်န်၊ ဟာမာန်နှင့် ကာရူန်တို့ထံသို့။ သို့ဖြစ်ရာ သူတို့က (တမန်‌တော်မူစာသည်)‌မှော်ဆရာတစ်ဦး၊ အလွန်လိမ်လည်သူတစ်ဦးဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [25] ထို့‌နောက် ၎င်း(တမန်‌တော်မူစာ)သည် ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရားကို ယူ‌ဆောင်၍ သူတို့ထံသို့ ‌ရောက်ရှိလာသည့်အခါ သူတို့က “အသင်တို့သည် ထိုမူစာနှင့်တကွ ယုံကြည်သူများ၏ သား‌ယောက်ျား‌လေးများအား သတ်ဖြတ်ကြ၍ သူတို့၏(သမီး)မိန်းမများကို အရှင်ထားလိုက်ကြပါ“ဟု ‌ပြောဆိုခဲ့ကြသည်။ ထို့‌နောက်လည်း ကာဖိရ်များ၏အကြံအစည်သည် လွဲမှားခဲ့သည်သာဖြစ်သည်။

    [26] ထို့ပြင် ဖိရ်‌အောင်န်က ‌ပြောဆိုခဲ့သည်- “အသင်တို့သည် ငါ့ကို မတားကြနှင့်၊ ငါသည် မူစာကို သတ်မည်။ ထို့ပြင် ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ဟစ်‌ခေါ်ပါ‌စေ။ ထိုမူစာသည် သင်တို့၏သာသနာကို ‌ပြောင်းလဲပစ်မည် သို့မဟုတ် တိုင်းပြည်တွင် ဖျက်ဆီးမှုဖြစ်‌ပေါ်‌စေမည်ကို အမှန်ပင် ငါစိုးရိမ်မိသည်။“

    [27] ထို့အတွက် (တမန်‌တော်)မူစာက ‌ပြောဆိုခဲ့သည်။ အမှန်စင်စ်စ ငါသည် စစ်‌ဆေးမည့်‌နေ့ကို မယုံကြည်‌သော မာန‌ထောင်သည့်သူတိုင်းမှ လွတ်ကင်းရန် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်(ဖြစ်သည့် အလ္လာဟ်)ထံတွင် ခိုလှုံခဲ့ပြီဖြစ်သည်။

    [28] ထို့ပြင် ဖိရ်‌အောင်န်၏‌ဆွေမျိုးများထဲမှ သူ၏အီမာန်ကို လျှို့ဝှက်ထား‌သော အီမာန်ရှင်တစ်ဦးက ‌ပြောဆိုခဲ့သည်၊ အသင်တို့သည် လူတစ်‌ယောက်အား ထိုသူက ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုသည်နှင့် သတ်ဖြတ်ကြမည်‌လော။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေအ‌ထောက်အထားများကိုလည်း ယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် အကယ်၍ ၎င်းသည် လိမ်လည်သူဖြစ်လျှင် ၎င်း၏လိမ်လည်မှုသည် ၎င်း၏အ‌ပေါ်၌ပင် ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အကယ်၍ ၎င်းသည် မှန်ကန်သည့်သူဖြစ်လျှင် အသင်တို့ကို ၎င်းကြိုတင်‌ပြောခဲ့‌သော (ပြစ်ဒဏ်)အချို့သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်မည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သည့်၊ အလွန်လိမ်လည်သည့်သူကို တရားလမ်းမှန် ညွှန်ကြားပြသ‌တော်မမူ‌ပေ။

    [29] အို- ကျွန်ုပ်၏အမျိုးသားတို့၊ ယ‌နေ့ အသင်တို့၌ အာဏာရှိ‌နေ၍ အသင်တို့သည် တိုင်းပြည်တွင် လွှမ်းမိုးခြယ်လှယ်‌နေကြသည်ဖြစ်သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်သည် အကယ်၍ ‌ရောက်လာခဲ့လျှင် ထိုပြစ်ဒဏ်မှာ ကျွန်ုပ်တို့အား မည်သူကယ်တင်မည်နည်း။ ဖိရ်‌အောင်န်က‌ပြောသည်- ငါသည် ငါ၏အယူအဆကိုပင် အသင်တို့အား အကြံ‌ပေးခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့အား မှန်ကန်သည့်လမ်းမှလွဲ၍ အခြားမည်သည်ကိုမျှ ညွှန်ကြားပြသခဲ့သည် မဟုတ်‌ပေ။

    [30] ထို့ပြင် ထိုအီမာန်ယုံကြည်သူက ‌ပြောခဲ့သည်- အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အ‌ပေါ်တွင် (ယခင်က)အုပ်စုများ၏(ဆိုးရွားသည့်)‌နေ့မျိုး(ကျ‌ရောက်လာမည်)ကို စိုးရိမ်မိသည်။

    [31] (တမန်‌တော်)နူးဟ်၏အမျိုးသားများ၏အ‌ခြေအ‌နေမျိုး၊ အာဒ်အမျိုးသားများ၏အ‌ခြေအ‌နေမျိုး၊ ဆမူဒ်အမျိုးသားများ၏အ‌ခြေအ‌နေမျိုးနှင့် ထိုသူများ၏‌နောက်တွင် ရှိခဲ့သည့်သူများ၏အ‌ခြေအ‌နေမျိုး (ဖြစ်မည်ကို စိုးရိမ်မိသည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား မတရားပြုလုပ်ရန် ရည်ရွယ်‌တော်မမူ‌ပေ။

    [32] ထို့ပြင် အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ဟစ်‌အော်မည့်‌နေ့(၏ပြစ်ဒဏ်)ကိုလည်း စိုးရိမ်သည်။

    [33] ထို‌နေ့တွင် အသင်တို့သည် ‌ကျောခိုင်းထွက်‌ပြေးကြမည်။ အလ္လာဟ်အရှင်မြတ်နှင့်အံတုပြီး အသင်တို့အတွက် ကာကွယ်‌စောင့်‌ရှောက်‌ပေးမည့်သူ မည်သူမျှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းမှားတွင် (ဆက်)ထား‌တော်မူလျှင် သူ့အတွက် လမ်းမှန်ပို့‌ပေးမည့်သူ မည်သူမျှ မရှိ‌တော့‌ပေ။

    [34] ထို့ပြင် အမှန်စင်စစ် (တမန်‌တော်)ယူစွဖ်သည် (တမန်‌တော်မူစာ)မတိုင်မီက အသင်တို့ထံသို့ ထင်ရှားသည့်သက်‌သေလက္ခဏာများ ယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ၎င်းယူလာခဲ့သည့်အရာများနှင့်ပတ်သက်၍ အမြဲသံသယ၌ပင် ရှိခဲ့ကြသည်။ ‌နောက်ဆုံး အသင်တို့သည် ၎င်းကွယ်လွန်သွားသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏‌နောက်တွင် မည်သည့်တမန်‌တော်မှ လုံးဝ‌စေလွှတ်‌တော်မူမည်မဟုတ်‌တော့ဟု ‌ပြောဆိုခဲ့ကြသည်။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သူ၊ သံသယရှိ‌နေသူကို လမ်းမှား၌ပင် ရှိ‌နေ‌စေ‌တော်မူသည်။

    [35] ထိုသူများသည် သူတို့ထံသို့‌ရောက်လာခဲ့‌သော သက်‌သေအ‌ထောက်အထားတစ်စုံတစ်ခုမပါဘဲ အလ္လာဟ်အရှင်မြတ်၏သက်‌သေသာဓကများနှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသည်။ (သို့ဖြစ်ရာ) အလ္လာဟ်အရှင်မြတ်ထံ‌တော်နှင့် အီမာန်ယုံကြည်သူများတွင် စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် မာန‌ထောင်သူ၊ ဆိုးသွမ်းသူ၏စိတ်နှလုံး‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူသည်။

    [36] ထို့ပြင် ဖိရ်‌အောင်န်က‌ပြောဆိုခဲ့သည်- အို- ဟာမာန်၊ ငါသည် (‌ကောင်းကင်က တံခါး‌ပေါက်များရှိသည့်) လမ်းများကို‌ရောက်ရှိရန် အသင်သည် ငါ့အတွက် မြင့်မား‌သော အ‌ဆောက်အအုံ(‌မျှော်စင်)တစ်ခု‌ဆောက်ပါ။

    [37] (ငါသည်) မိုး‌ကောင်းကင်၏(တံခါး‌ပေါက်များရှိသည့်)လမ်းများကို(‌ရောက်ရှိရန်အတွက်)၊ ထို့‌နောက် ငါသည် မူစာ၏အရှင်သခင်ကို ‌ချောင်းကြည့်မည်။ ထို့ပြင် အမှန်စင်စစ် ငါသည် ၎င်းအား လိမ်လည်သူဟု ထင်သည်။ ထို့ပြင် ဤသို့ပင် ဖိရ်‌အောင်န်၏အမြင်တွင် သူ၏မ‌ကောင်းသည့်လုပ်ရပ်သည် လှပ‌အောင်ဆင်မြန်းပြသခံရသည်။ ထို့ပြင် သူသည် လမ်း(မှန်)မှ တားဆီးခံရ‌တော့သည်။ ထို့ပြင် ဖိရ်‌အောင်န်၏အကြံအစည်သည် ပျက်စီးခဲ့သည်ပင်ဖြစ်သည်။

    [38] ထို့ပြင် အီမာန်ယုံကြည်သူက ‌ပြောဆိုခဲ့သည်- အို- ကျွန်ုပ်၏အမျိုးသားတို့၊ အသင်တို့သည် ကျွန်ုပ်၏‌နောက်ကို လိုက်ခဲ့ကြပါ၊ ကျွန်ုပ်သည် အသင်တို့အား လမ်းမှန်ညွှန်ကြားပြသမည်။

    [39] အို- ကျွန်ုပ်၏အမျိုးသားတို့၊ ဤဘဝသည် အနည်းငယ် အကျိုးခံစားမှုပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည်ပင် အမြဲ‌နေထိုရာဖြစ်သည်။

    [40] မည်သူမဆို မ‌ကောင်းမှု တစ်စုံတစ်ခုပြုကျင့်ခဲ့လျှင် ထိုအတိုင်း အညီအမျှ အစား‌ပေးခံရမည်။ ထို့ပြင် အမှန်မှာ မည်သူမဆို ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ အီမာန်ယုံကြည်သူဖြစ်လျက် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင်၊ ထိုသူများသည် ဂျန္နသ်သုခဘုံသို့ ဝင်‌ရောက်ကြရမည်။ သူတို့သည် ထိုအထဲတွင် အကန့်အသတ်မရှိ စားနပ်ရိက္ခာ ‌ပေးသနားခြင်းခံကြရမည်ဖြစ်သည်။

    [41] ထို့ပြင် အို- ကျွန်ုပ်၏အမျိုးသားတို့၊ မည်သို့နည်း၊ ကျွန်ုပ်သည် အသင်တို့အား (ပြစ်ဒဏ်မှ) လွတ်ကင်းရာဘက်သို့ ဖိတ်‌ခေါ်‌နေသည်။ အသင်တို့ကမူ ကျွန်ုပ်အား ငရဲမီးဘက်သို့ ဖိတ်‌ခေါ်‌နေကြသည်။

    [42] ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ‌သွေဖည်ငြင်းပယ်ရန်အတွက် ကျွန်ုပ်တွင် မည့်သည့်အ‌ထောက်အထားမျှမရှိသည့် မသိသည့်အရာကို ကျွန်ုပ်က အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်အတွက် အသင်တို့သည် ကျွန်ုပ်အား ဖိတ်‌ခေါ်‌နေကြသည်။ ထို့ပြင် ကျွန်ုပ်ကမူ အသင်တို့အား တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်ဘက်သို့ ဖိတ်‌ခေါ်‌နေသည်။

    [43] အမှန်စင်စစ် ကျွန်ုပ်အား အသင်တို့ ဖိတ်‌ခေါ်‌နေသည့်အရာသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း ဟစ်‌ခေါ်ရန် မထိုက်တန်သည့်အရာဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် စည်းကမ်းကျူးလွန်သည့်သူများသည် ငရဲသားများပင် ဖြစ်ကြသည်။

    [44] ထို့‌နောက် မကြာမီ အသင်တို့သည် ကျွန်ုပ် အသင်တို့အား ‌ပြောသည့်စကားများကို မကြာမီ ပြန်သတိရကြလိမ့်မည်။ ထို့ပြင် ကျွန်ုပ်ကမူ ကျွန်ုပ်၏အ‌ရေးကိစ္စကို အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ လွှဲအပ်လိုက်ပြီဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [45] ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် သူ့ကို သူတို့၏ မ‌ကောင်းကြံစည်သည့်အန္တရာယ်များမှ ဖယ်ရှားကာကွယ်‌တော်မူခဲ့သည်။ ထို့ပြင် ဖိရ်‌အောင်န်၏အ‌ခြွေအရံများကိုမူ ဆိုးဝါး‌သော အပြစ်ဒဏ်က ဝိုင်းရံခဲ့သည်။

    [46] သူတို့သည် မီး၏‌ရှေ့၌ နံနက်နှင့်ည‌နေတွင် ထုတ်‌ဖော်ပြသခြင်း ခံကြရသည်။* ထို့ပြင် ကိယာမသ်‌နေ့‌ရောက်သည့်အခါ (အရှင်မြတ်က ‌ကောင်းကင်တမန်များအား မိန့်‌တော်မူမည်) အသင်တို့သည် ဖိရ်‌အောင်န်၏အ‌ခြွေအရံများအား ပြင်းထန်သည့်ပြစ်ဒဏ်တွင် ဝင်‌ရောက်ခိုင်းလိုက်ကြပါ။

    [47] ထို့ပြင် တစ်ခါက သူတို့သည် ငရဲမီးထဲတွင် အငြင်းအခုံပြုလုပ်ကြသည့်အခါ လက်‌အောက်ငယ်သားများက အကြီးအကဲများအား “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏‌နောက်လိုက်များပင် ဖြစ်ခဲ့သည့်အတွက် အသင်တို့သည် ကျွန်ုပ်တို့ထံမှ ငရဲမီးအချို့ ဖယ်ရှား‌ပေးနိုင်ကြသ‌လော“ဟု ‌ပြောဆိုကြမည်။

    [48] အကြီးအကဲတို့က “အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် ဤငရဲမီးထဲ၌ပင် ရှိ‌နေကြသည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကြားတွင် အမှန်ပင် စီရင်ဆုံးဖြတ်‌တော်မူလိုက်ပြီဖြစ်သည်“ဟု ‌ပြောဆိုကြမည်။

    [49] ထို့‌နောက် ငရဲမီးတွင် ရှိကြသည့်သူများက ဂျဟန္နမ်ငရဲဘုံကို ‌စောင့်ကြပ်သည့်သူ(‌ကောင်းကင်တမန်)များအား “ကျွန်ုပ်တို့အ‌ပေါ်ရှိ ပြစ်ဒဏ်ထဲမှ တစ်ရက်ခန့်မျှ ‌လျှော့‌ပေါ့‌ပေးရန် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ‌တောင်းဆို‌လျှောက်ထား‌ပေးပါ“ဟု ‌ပြောဆိုကြမည်။

    [50] ထိုအ‌စောင့်အကြပ်များက ‌ပြောဆိုကြမည်- “အသင်တို့၏တမန်‌တော်များသည် အသင်တို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓကများ ယူ‌ဆောင်လာခဲ့ကြသည် မဟုတ်‌လော“။ သူတို့က ပြန်‌ဖြေကြမည်- “အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် (ယူ‌ဆောင်လာခဲ့ကြပါသည်)“။ အ‌စောင့်များက ‌ပြောမည်- “သို့ဖြစ်လျှင် အသင်တို့ကိုယ်တိုင်ပင် ဆု‌တောင်းကြ‌ပေ‌တော့။“ ထို့ပြင် (တမလွန်ဘဝတွင်) ကာဖိရ်များ၏‌တောင်းဆုသည် (အကျိုးမရှိ‌သော)လွဲမှားမှုပင် ဖြစ်သည်။

    [51] အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်‌တော်များနှင့်၊ အီမာန်ယုံကြည်သူများအား ဤဘဝနှင့် သက်‌သေများရပ်ကြမည့် (ကိယာမသ်)‌နေ့တွင် ကူညီ‌စောင်မ‌တော်မူမည်ဖြစ်သည်။

    [52] ထို‌နေ့တွင် မတရားကျူးလွန်သည့်သူများအား သူတို့၏အ‌ကြောင်းပြချက်များက အကျိုး‌ပေးမည် မဟုတ်သည့်အပြင် သူတို့အတွက် ကရုဏာ‌တော်မှ ‌ဝေး‌စေခြင်းလည်းရှိမည်။ ထို့ပြင် သူတို့အတွက် ဆိုးရွား‌သော‌နေရာလည်းရှိမည်။

    [53] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား လမ်းမှန်ညွှန်ကြားပြသချက်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များအား ကျမ်းဂန်ကို အ‌မွေ‌ပေး‌တော်မူခဲ့သည်။

    [54] အသိဉာဏ်ရှိသူများအတွက် တရားလမ်းညွှန်အဖြစ်နှင့်၊ ဆုံမဩဝါဒအဖြစ် (‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်)။

    [55] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သည်းခံလိုက်ပါ၊ စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် အမှန်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အသင်၏ချို့တဲ့မှုနှင့်ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား၍ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်းကို ည‌နေနှင့်နံနက်တွင် ရွတ်ဆိုပါ။

    [56] အမှန်စင်စစ် သူတို့ထံသို့ မည်သည့်သက်‌သေသာဓကမျှ ‌ရောက်မလာဘဲနှင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို အငြင်းပွား‌နေကြသည့်သူများ၏စိတ်နှလုံးများထဲတွင် မာနကြီးခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိ‌ပေ။ သူတို့သည် မာနကြီးရမည့်အဆင့် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [57] အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်းခြင်းသည် လူများအား ဖန်ဆင်းခြင်းထက် ပိုကြီးကျယ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြ‌ပေ။

    [58] ထို့ပြင် မျက်မမြင်နှင့် မျက်မြင်သည် မတူကြ‌ပေ။ ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်သည့်သူများနှင့် မ‌ကောင်းမှုကို ကျူးလွန်သည့်သူများသည်လည်း မတူကြ‌ပေ။ အသင်တို့သည် အနည်းငယ်သာ သတိတရား ရကြသည်။

    [59] အမှန်စင်စစ် ကိယာမသ်‌နေ့သည် အမှန်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိ‌ပေ။ သို့ရာတွင် လူအများစုသည် မယုံကြည်ကြ‌ပေ။

    [60] ထို့ပြင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က (ဤသို့) မိန့်ကြား‌တော်မူသည်- အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းကြပါ။ အသင်တို့၏ဆု‌တောင်းမှုကို ငါအရှင်လက်ခံ‌တော်မူမည်။ အမှန်စင်စစ် ငါအရှင်မြတ်အား ကိုးကွယ်ခြင်း(ဆု‌တောင်းခြင်း)မှ မာန‌ထောင်‌နေသူများသည် မကြာမီ ‌သေးသိမ်သူများအဖြစ်နှင့် ဂျဟန္နမ်ငရဲဘုံထဲသို့ ဝင်‌ရောက်ကြရမည်။

    [61] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ညကို ထိုညတွင် အနားယူရန်အတွက် ပြုလုပ်‌ပေး‌တော်မူခဲ့သည့်အပြင်၊ ‌နေ့ကို မြင်နိုင်စွမ်း‌ပေးသည့်အရာအဖြစ် ပြုလုပ်ထား‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအ‌ပေါ်တွင် အမှန်ပင် ‌ကျေးဇူးရှင်ဖြစ်‌တော်မူသည်။ သို့ရာတွင်လည်း လူအများစုသည် ‌ကျေးဇူးမသိတတ်ကြ‌ပေ။

    [62] ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရာအားလုံးကို ဖန်ဆင်း‌တော်မူ‌သော အလ္လာဟ်အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။

    [63] ဤသို့ပင် အလ္လာဟ်အရှင်မြတ်၏သက်‌သေသာဓကများကို ငြင်းပယ်ခဲ့ကြသည့်သူများသည်လည်း ပြန်လှည့်ခြင်းခံခဲ့ကြရသည်။

    [64] ထိုအလ္လာဟ်အရှင်မြတ်ပင် အသင်တို့အတွက် ‌မြေပထဝီကို မှီခို‌နေထိုင်ရာအဖြစ်နှင့်၊ မိုး‌ကောင်းကင်ကို အမိုးအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ‌ကောင်းမွန်လှပစွာ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား စင်ကြယ်‌ကောင်းမွန်‌သောအရာများကို ‌ကျွေး‌မွေး‌တော်မူခဲ့သည်။* ထိုအလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။

    [65] အရှင်မြတ်သည်ပင် (အမြဲ)ရှင်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြူစင်စွာ ဖြစ်‌စေကြလျက် ကိုးကွယ်ကြပါ။ ချီးမွမ်းခြင်းအ‌ပေါင်းသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်သည်။

    [66] (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ၏ထံသို့ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေသာဓကများ ‌ရောက်လာခဲ့ပြီးသည့်‌နောက် ငါသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်ကြသည့်သူများကို ကိုးကွယ်ခြင်းမပြုရန် တားမြစ်‌တော်မူခြင်းကို ခံရသည်။ ထို့ပြင် ငါသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကိုပင် လိုက်နာရန် အမိန့်‌ပေး‌တော်မူခြင်းကို ခံရသည်။

    [67] ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုက်ရည်ဖြင့်၊ ထို့‌နောက် ‌သွေးခဲဖြင့်၊ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား က‌လေးသူငယ်အဖြစ်ဖြင့် ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် လူလား‌မြောက်အရွယ်‌ရောက်သည့်အချိန်ထိ ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့‌နောက် အသင်တို့သည် အိုမင်းရင့်‌ရော်သည့်အရွယ်ကို ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အသင်တို့ထဲမှ (ထိုအရွယ်များထိမ‌ရောက်ဘဲ) ယခင်ကတည်းက ‌သေဆုံးကြရသူများလည်း ရှိကြသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ထားသည့်အချိန်ထိ ‌ရောက်‌အောင်အတွက်နှင့် သိနားလည်ကြရန်အတွက် (အရှင်မြတ်က အချိန်ကာလကို ဆိုင်းငံ့‌ပေးထား‌တော်မူသည်)။

    [68] ထိုအရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ထို့ပြင် အသက်‌သေ‌စေ‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် တစ်ခုခုကို ပြဋ္ဌာန်းလို‌တော်မူသည့်အခါ ဖြစ်‌စေဟု မိန့်ကြား‌တော်မူသည်နှင့် ထိုအရာသည် ဖြစ်‌ပေါ်လာသည်။

    [69] အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များတွင် အငြင်းပွား‌နေသည့်သူများကို မမြင်သ‌လော။ ထိုသူများသည် အဘယ်သို့ ပြန်လှည့်သွား‌နေကြသနည်း။

    [70] အကြင်သူများသည် ကျမ်း‌တော်နှင့် ငါအရှင်မြတ်က ငါအရှင်မြတ်၏တမန်‌တော်များအား‌ပေးပြီး ‌စေလွှတ်‌တော်မူ‌သောအရာ (အမိန့်ပညတ်ချက်)များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။ သို့ဖြစ်ရာ မကြာမီ သူတို့သည် သိရှိကြရလိမ့်မည်။

    [71] ထိုအခါတွင် သူတို့၏လည်ကုပ်များတွင် (လည်ကွင်း)သံကြိုးများနှင့် (‌ခြေ‌ထောက်များတွင်)‌ခြေကျင်းများ ရှိ‌နေကြမည်။ သူတို့သည် တရွတ်တိုက် ဆွဲချခြင်းကိုလည်း ခံကြရမည်။

    [72] ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူတွင်။ ထို့ပြင် သူတို့သည် ငရဲမီးထဲသို့ တွန်းပို့ခြင်းခံကြရမည်။

    [73] ထို့‌နောက် သူတို့သည် (ဤသို့)‌ပြောဆိုခြင်းခံကြရမည်- အသင်တို့ တွဲဖက်ကိုးကွယ်ခဲ့သည့်အရာများ အဘယ်မှာနည်း။

    [74] အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အသင်တို့၏ကိုးကွယ်ရာများသည် အသင်တို့အား ကူညီနိုင်ကြမည်‌လော)။ သူတို့က ‌လျှောက်ထားကြမည်- ထိုသူ (ကိုးကွယ်ရာ)များသည် ကျွန်ုပ်တို့ထံမှ ‌ပျောက်သွားကြပြီဖြစ်ပါသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က မည်သည်ကိုမျှ မကိုးကွယ်ခဲ့ကြခြင်းဖြစ်ပါသည်။* အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား လမ်းမှားတွင် ‌နေမြဲ‌နေ‌စေ‌တော်မူသည်။

    [75] ထိုအရာ (ပြစ်ဒဏ်ကို ခံစားကြရခြင်း)မှာ အသင်တို့သည် ကမာ္ဘ‌ပေါ်တွင် မတရား‌ပျော်မြူး‌နေခဲ့ကြသည့်အတွက်နှင့်၊ ‌မော်ကြွား‌နေခဲ့ကြသည့်အတွက်‌ကြောင့် ဖြစ်သည်။

    [76] (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏တံခါး‌ပေါက်များထံသို့ ထိုငရဲဘုံထဲတွင် အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်ကြ‌ပေ‌တော့။ ထို့ပြင် ‌မောက်မာ ပလွှားသည့်သူများ၏ ‌နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။

    [77] သို့ဖြစ်ရာ အသင်သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သည်။ ထို့‌နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်ချိန်းဆိုသည့်အထဲမှ အချို့ကို အသင့်အား ပြသ‌တော်မူသည်ပင်ဖြစ်‌စေ၊ အသင့်အား ‌သေဆုံး‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ သူတို့ကမူ ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လာကြရမည်ပင် ဖြစ်သည်။

    [78] ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏မတိုင်မီ တမန်‌တော်များကို ‌စေလွှတ်‌တော်မူခဲ့သည်။ သူတို့ထဲမှ အချို့၏အ‌ကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ‌ပြောပြ‌တော်မူခဲ့ပြီး အချို့၏အ‌ကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ‌ပြောပြ‌တော်မမူခဲ့‌ပေ။ ထို့ပြင် မည်သည့်တမန်‌တော်ပင်ဖြစ်‌စေ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်မပါရှိဘဲ မည်သည့်တန်ခိုးမျှ မပြနိုင်‌ပေ။* ထို့‌နောက် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်‌ရောက်ရှိလာသည့်အခါ တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်အပြင် အမှားကို လိုက်စားသူများသည် ထို‌နေရာ၌ပင် ပျက်စီးဆုံးရှုံးကြလိမ့်မည်။

    [79] အလ္လာဟ်အရှင်မြတ်ပင် အသင်တို့အတွက် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကို အသင်တို့သည် ထိုအထဲမှ အချို့ကိုစီးနင်းကြရန်နှင့် အသင်တို့သည် ထိုအထဲမှ အချို့ကိုစားသုံးကြရန် ဖန်ဆင်း‌တော်မူခဲ့သည်။

    [80] ထို့ပြင် အသင်တို့အတွက် ထိုတိရစာ္ဆန်များတွင် အကျိုး‌ကျေးဇူး များစွာရှိသည်။ ထို့ပြင် အသင်တို့သည် သူတို့အ‌ပေါ်တွင် (စီးနင်းပြီး) အသင်တို့၏စိတ်ထဲမှ အလိုရှိသည့်‌နေရာသို့ ‌ရောက်ရှိနိုင်ကြရန်အတွက် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထို့ပြင် အသင်တို့သည် ထိုတိရစာ္ဆန်များနှင့် သ‌ဘောင်္များ‌ပေါ်တွင် တင်‌ဆောင်ခြင်းကို ခံကြရသည်။

    [81] ထို့ပြင် အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏သက်‌သေသာဓကများကို ပြသ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့်သက်‌သေသာဓကများကို ငြင်းပယ်ကြမည်နည်း။

    [82] ထို့‌နောက် သူတို့သည် ကမာ္ဘ‌မြေတွင် လှည့်လည်သွားလာခြင်းကို မပြုခဲ့ကြသ‌လော။ ထိုသို့ပြုခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို ‌တွေ့မြင်ကြမည်ဖြစ်သည်။ ၎င်းယခင်ကသူများသည် သူတို့ထက်ပင် အ‌ရေအတွက်များခဲ့ကြသည့်အပြင် အင်အားတွင်သာမက ‌မြေပထဝီ၌ချန်ခဲ့‌သော ‌ခြေရာလက်ရာများတွင်လည်း ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြသည်။ ထို့‌နောက်လည်း သူတို့အတွက် သူတို့ဆည်းပူးခဲ့ကြသည်များသည် အသုံးမဝင် အကျိုးမ‌ပေး‌ပေ။

    [83] ထို့‌နောက် သူတို့၏တမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓကများ ယူ‌ဆောင်လာခဲ့ကြသည့်အခါ သူတို့သည် သူတို့ထံတွင်ရှိ‌နေ‌သော (‌လောကီ)ပညာနှင့်ပတ်သက်၍ ‌ပျော်မြူးလျက် ‌မော်ကြွားခဲ့ကြသည်။ ထို့‌နောက် သူတို့ ‌ပြောင်‌လှောင်ခဲ့သည့်အရာ(ပြစ်ဒဏ်)သည် သူတို့အား ဝိုင်းဝန်းခဲ့‌တော့သည်။

    [84] ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်ခဲ့ကြသည့်အခါ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုပင် ယုံကြည်ကြပြီဖြစ်ပါသည်၊ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့‌သောအရာများကို ငြင်းပယ်လိုက်ကြပြီဖြစ်ပါသည်“ဟု ‌ပြောဆိုခဲ့ကြသည်။

    [85] ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်‌တွေ့ခဲ့ကြ‌သောခါ သူတို့၏ အီမာန်ယုံကြည်မှုသည် သူတို့အား အကျိုးမ‌ပေးခဲ့‌ပေ။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်လုပ်ထုံးလုပ်နည်း‌တော်အတိုင်းဖြစ်သည်။ ထိုလုပ်ထုံးလုပ်နည်း‌တော်သည် အရှင်မြတ်၏ကျွန်များနှင့်ပတ်သက်၍ (ကျင့်သုံးခဲ့သည်မှာ) လွန်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ကာဖိရ်များသည် ထို‌နေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ‌တော့သည်။

    Surah 41
    အသေးစိတ်ရှင်းလင်းဖော်ပြထားသောအရာ

    [1] ဟာမီမ်။

    [2] (ဤသည်)အလွန်သနားကြင်နာ‌တော်မူ‌သော အနန္တကရုဏာ‌တော်ရှင်ထံမှ ချ‌ပေး‌တော်မူခြင်းဖြစ်သည်။

    [3] (ဤသည်) အကြင်ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်၏ အာယသ်‌တော်များသည် သိနားလည်ကြ‌သော အမျို းသားများအတွက် ရှင်းလင်းစွာ အ‌သေးစိတ်‌ဖော်ပြထား‌တော်မူ‌သော၊ အရဗ်စကားနှင့် ထုတ်ပြန်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ပင်ဖြစ်သည်။ ###၁

    [4] သတင်း‌ကောင်း‌ပြောကြား‌သော၊ သတိ‌ပေးနှိုး‌ဆော်‌သောကျမ်းဖြစ်သည်။ ထို့‌နောက်လည်း သူတို့ထဲမှ အများစုသည် မျက်နှာလွှဲခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် နားမ‌ထောင်ကြ‌ပေ။

    [5] ထို့ပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်-ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် အသင်ကျွန်ုပ်တို့အား ဖိတ်‌ခေါ်‌နေ‌သောတရာ(နားလည်ခြင်း)မှဖုံးအုပ်လျက်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့၏နားများသည်လည်း ပင်း‌နေပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့နှင့် အသင်၏အကြားတွင် အကာအကွယ်တစ်ခုရှိ‌နေသည်။ သို့ဖြစ်ရာ အသင်သည် (အသင်၏အလုပ်ကို) လုပ်ကိုင်ပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည်လည်း (ကျွန်ုပ်တို့၏အလုပ်ကို)လုပ်‌နေသူများပင် ဖြစ်ကြသည်။

    [6] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင် ဖြစ်သည်။ (သို့ရာတွင် ငါ့တွင် ထူးခြားခြင်းမှာ) ကိုးကွယ်ထိုက်သည့်အရှင်မြတ်သည် တစ်ပါးတည်းပင်ဖြစ်သည့်အ‌ကြောင်း ငါ့ထံသို့ဝဟီအမိန့်‌တော်ချ‌ပေးခံရသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့ပင်‌ဖြောင့်မတ်စွာလှည့်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်၌သာ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြပါ။ ထို့ပြင် မုရှ်ရိက်များအတွက် ပျက်စီးခြင်းရှိသည်။###၂

    [7] အကြင်သူများသည် ဇကာသ် (ဆင်းရဲသားနှင့်လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ခြင်းမရှိကြ‌ပေ။ ထို့ပြင် သူတို့သည်ပင် တမလွန်ဘဝကို ငြင်းပယ်သူများဖြစ်ကြသည်။

    [8] အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများအတွက် မကုန်ခန်း‌သော အကျိုးရှိသည်။

    [9] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ်အသင်တို့သည် ‌မြေပထဝီကို နှစ်ရက်ထဲတွင် ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်အား အမှန်ပင်ငြင်းပယ်ကြ၍ ထိုအရှင်မြတ်နှင့် ဂုဏ်ရည်တူများကို အသင်တို့ပြုလုပ်ကြသ‌လော။ ထိုအရှင်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [10] ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီထဲတွင် တည်ငြိမ်ခိုင်ခံ့သည့်‌တောင်များအား ထို‌မြေ‌ပေါ်၌် ပြုလုပ်ထား‌တော်မူသည်။ ထို့ပြင် ထို‌မြေပထဝီတွင် အကျိုး‌ကျေးဇူးများ ပွားများ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ထို‌မြေပထဝီ၌ပင် ၎င်းမှထွက်‌သော အစာအာဟာရများကို တိုင်းတာချင့်ချိန်သတ်မှတ်ထား‌တော်မူခဲ့သည်။ (ထိုအရာများအားလုံးသည်) ‌လေးရက်နှင့် (ပြီးခဲ့သည်)။ (ဤသည်) ‌မေးမြန်းသူများအတွက် ညီမျှ(သည့်အ‌ဖြေဖြစ်)သည်။

    [11] ထို့‌နောက် အရှင်မြတ်သည် မိုး‌ကောင်းကင်ဘက်သို့ လှည့်‌တော်မူခဲ့သည်။ ထိုအချိန်၌ ထိုမိုး‌ကောင်းကင်သည် မီးခိုးအခိုးအ‌ငွေ့ပင် ဖြစ်‌နေခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်နှင့် ‌မြေပထဝီအား “အသင်တို့ ‌ကျေနပ်လျက်ဖြစ်‌စေ၊ မ‌ကျေမနပ်ဘဲနှင့် ဖြစ်‌စေ၊ လာကြပါ”ဟု မိန့်ကြား‌တော်မူခဲ့သည်။ သူတို့(‌ကောင်းကင်နှင့် ‌မြေပထဝီ)က “ကျွန်ုပ်တို့သည် ‌ကျေနပ်စွာနှင့်သာ လာခဲ့ကြပြီဖြစ်ပါသည်”ဟု ‌လျှောက်ထားခဲ့ကြသည်။

    [12] ထို့‌နောက် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ် ပြုလုပ်‌တော်မူခဲ့၍ မိုး‌ကောင်းကင်တိုင်းတွင် ၎င်းနှင့်သက်ဆိုင်‌သောအမိန့်‌တော်ကို ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အနီးဆုံး(‌အောက်ဆုံး)မိုး အထပ်ကို မီးတိုင်(ကြယ်)များဖြင့် လှပ‌အောင်တန်ဆာဆင်‌တော်မူခဲ့၍ ထိန်းသိမ်း‌တော်မူခဲ့သည်။ ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။

    [13] ထို့‌နောက်လည်း အကယ်၍ သူတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-ငါသည် အသင်တို့အား အာဒ်အမျိုးသားများ(အ‌ပေါ်တွင်ကျခဲ့သည့်)ပြစ်ဒဏ်မျိုး၊ ဆမူဒ်အမျိုးသားများ(အ‌ပေါ်တွင်ကျခဲ့သည့်)ပြစ်ဒဏ်မျိုးနှင့် ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်သည်။

    [14] ထိုစဉ်က ထိုသူများထံသို့ သူတို့၏ ‌ရှေ့‌နောက်မှ တမန်‌တော်များ ‌ရောက်ရှိလာပြီး အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမျှမကိုးကွယ်ကြနှင့်(ဟု ‌ပြောဆိုခဲ့ကြသည်။ ထိုအခါ)သူတို့က ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် ‌ကောင်းကင်တမန်များကို ‌စေလွှတ်‌တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှန်စင်စစ် ကျွန်ုပ်တို့သည်အသင်တို့ ‌စေလွှတ်ခြင်းခံခဲ့ရ‌သော အ‌ကြောင်းအရာများကို ငြင်းပယ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [15] မည်သို့ပင်ဖြစ်‌စေ၊ အာဒ်အမျိုးသားများကမူ တိုင်းပြည်တွင် မတရားမာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့က ကျွုန်ုပ်တို့ထက် အင်အားကြီးသည့်သူ မည်သူရှိဦးမည်နည်းဟု ‌ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌တော်မူခဲ့‌သော အလ္လာဟ်အရှင်မြတ်သည် သူတို့ထက် အင်အားကြီး‌တော်မူသည်ကို သူတို့သည် မစဉ်းစားမသိမြင်ခဲ့ကြသ‌လော။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ သက်‌သေသာဓကများကို ငြင်းပယ်‌နေခဲ့ကြသည်။

    [16] သို့ဖြစ်ရာ ငါအရှင်မြတ်သည် မဂင်္လာမရှိသည့်‌နေ့ရက်များ ###၃ ၌ ပြင်းထန်‌သော ‌လေမုန်တိုင်းကို သူတို့အ‌ပေါ်တွင် ‌စေလွှတ်‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင်လည်း ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူရန်အတွက် (‌စေလွှတ်‌တော်မူခဲ့ခြင်း)ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပို၍‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ဖြစ်မည်။ ထို့ပြင် သူတို့သည် ကူညီခြင်းခံကြရမည်လည်းမဟုတ်‌ပေ။

    [17] ထို့ပြင် ဆမူဒ်အမျိုးသားတို့ကမူ ငါအရှင်မြတ်သည် သူတို့အား လမ်းမှန်ညွှန်ကြားပြသ‌တော်မူခဲ့‌သော်လည်း သူတို့သည် လမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်း(လမ်းမှား)ကိုသာ နှစ်သက်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အား သူတို့ဆည်းပူးခဲ့ကြသည့်အရာများ‌ကြောင့် ‌သေးသိမ်‌စေသည့်ပြစ်ဒဏ်၏ ‌လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [18] ထို့ပြင် ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌နေခဲ့ကြသည့်သူများကိုမူ ကယ်တင်(လွတ်‌မြောက်‌စေ)‌တော်မူခဲ့သည်။

    [19] ထို့ပြင် ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ရန်သူများသည် ငရဲမီး၏ အနီးသု့ို စုရုံး‌ခေါ်‌ဆောင်ခြင်းခံကြရမည်။ ထို့ပြင် သူတို့သည် တားဆီး (ဆိုင်းငံ့)ခြင်းကို ခံကြရမည်။

    [20] ‌နောက်ဆုံးတွင် သူတို့သည် ထိုငရဲမီး၏ အနီး‌ရောက်ရှိကြသည့်အခါ သူတို့၏နားများ၊ သူတို့၏ မျက်စိများနှင့် သူတို့၏ သား‌ရေ(အသားအ‌ရေ)များသည် သူတို့နှင့် ဆန့်ကျင်ပြီး သူတို့ ပြုလုပ်ခဲ့သည်များကို သက်‌သေခံကြမည်။

    [21] သူတို့က သူတို့၏ သား‌ရေ(အသားအ‌ရေ)များကို “အသင်တို့သည် ကျွန်ုပ်တို့နှင့် ဆန့်ကျင်၍ အဘယ့်‌ကြောင့် သက်‌သေထွက်ဆိုကြသနည်း” ဟု ‌ပြောဆိုကြမည်။ သူတို့က ပြန်‌ဖြေမည်။ အရာအားလုံးအား စကား‌ပြော‌စေ‌တော်မူခဲ့‌သော အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အား စကား‌ပြောဆို‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရသည်။ ###၄

    [22] ထို့ပြင် အသင်တို့သည် အသင်တို့၏နားများ၊ အသင်တို့၏ မျက်စိများနှင့် အသင်တို့၏ အသားအ‌ရေများသည် အသင်တို့နှင့် ဆန့်ကျင်၍ သက်‌သေခံကြမည်ကိုစိုးရိမ်ပြီး သက်‌သေမခံနိုင်‌အောင်ဖုံးကွယ် (တားဆီး) မထားနိုင်ကြ‌ပေ။ ထို့ထက်သာမက အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သည်များထဲမှ များစွာကို အလ္လာဟ် အရှင်မြတ် သိ‌တော်မမူ‌ပေဟု ထင်မှတ်ခဲ့ကြ‌သေးသည်။ ###၅

    [23] ထို့ပြင် ဤသည် အသင်တို့က အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ပတ်သက်၍ ထင်မြင်ခဲ့ကြ‌သော ထိုထင်မြင်ချက်ကပင် အသင်တို့အားဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ပျက်စီးဆုံရှုံးသူများပင် ဖြစ်ခဲ့ကြသည်။

    [24] ထို့‌နောက် အကယ်၍ သူတို့သည် (ဤဆုံးရှုံးမှုအ‌ပေါ်တွင်)သည်းခံ‌နေကြလျှင်လည်း ငရဲမီးသည် သူတို့၏ ‌နေထိုင်ရာဌာနပင် ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် ‌ကျေနပ်မှုကိုရယူလိုကြလျှင်လည်း သူတို့သည် ‌ကျေနပ်မှုကိုရရှိကြမည်မဟုတ်‌ပေ။ ###၆

    [25] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် အ‌ဖော်များပြုလုပ်‌တော်မူခဲ့သည့်အတွက် ထိုအ‌ဖော်များသည် သူတို့၏‌ရှေ့‌နောက်လုပ်ရပ်များကို သူတို့အမြင်တွင် လှပတင့်တယ်‌အောင်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့မတိုင်မီက အမှန်ပင် ကုန်လွန်သွားခဲ့‌သော ဂျင်န်များနှင့် လူများ၊ သူတို့(အားလုံး)အ‌ပေါ်တွင် (အရှင်မြတ်၏ အပြစ်ဒဏ်) အမိန့်‌တော်သည် အမှန်ဖြစ်ခဲ့သည်။ အမှန်စင်စစ်သူတို့(အားလုံး)သည် ပျက်စီးဆုံးရှုံးသူများပင်ဖြစ်ခဲ့ကြသည်။ ###၇

    [26] ထို့ပြင် ကာဖိရ်များက “အသင်တို့သည် ကုရ်အာန်အား နားမ‌ထောင်ကြနှင့်၊ ထို့ပြင် အသင်တို့သည် ထိုကုရ်အာန် (ဖတ်ရွတ်‌နေသည့်)အထဲတွင် ဆူညံမှုပြုကြပါ။ ထိုသို့ဆိုလျှင် အသင်တို့သည် (ကုရ်အာန်ဖတ်ရွတ်သံအ‌ပေါ်တွင်)လွှမ်းမိုးနိုင်ကြလိမ့်မည်။ ###၈

    [27] သို့ဖြစ်ရာ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအား ပြင်းထန်‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်သူတို့အား သူတို့ပြုလုပ်ခဲ့ကြ‌သောအဆိုးဆုံးလုပ်ရပ်များ၏ မ‌ကောင်းကျိုးကို ‌ပေး‌တော်မူမည်ဖြစ်သည်။

    [28] ဤသည် အလ္လာဟ်အရှင်မြတ်၏ ရန်သူများ၏ ဆိုးကျိုးငရဲမီးပင်ဖြစ်သည်။ သူတို့အတွက် ငရဲမီးထဲတွင် အမြဲ‌နေထိုင်ရာဌာနရှိသည်။ (ဤသည်) ငါအရှင်မြတ်၏ အာယသ်‌တော်များအား သူတို့ ငြင်းပယ်‌နေခဲ့ကြသည့်အတွက်အစား‌ပေးခြင်းပင်ဖြစ်သည်။

    [29] ထို့ပြင် ကာဖိရ်များက ‌လျှောက်ထားကြမည်။ “အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ဂျင်န်များနှင့်လူများထဲမှ ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြသည့်သူနှစ်ဦးစလုံးကို အရှင်မြတ်သည်ကျွန်ုပ်တို့အား ပြ‌တော်မူပါ။ သူတို့သည် အ‌သေးသိမ်ဆုံးသူများဖြစ်ကြ‌စေရန်အတွက် သူတို့နှစ်ဦးကို ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ‌ခြေများ‌အောက်တွင် ထားရှိကြပါမည်။”

    [30] အမှန်စင်စစ် အကြင်သူတို့သည် “ကျွန်ုပ်တို့အား ဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်”ဟု ‌ပြောဆိုခဲ့ကြ၍ (ထိုယုံကြည်ချက်‌ပေါ်၌ပင်) စွဲမြဲစွာ ရပ်တည်ခဲ့ကြသည်။ ‌ကောင်းကင်တမန်များသည် ထိုသူများထံသို့ ဆင်းသက်လာပြီး ဤသို့‌ပြောဆိုကြမည်- “အသင်တို့သည် မစိုးရိမ်ကြပါနှင့်၊ မပူ‌ဆွေးကြပါနှင့်၊ ထို့ပြင် အသင်တို့သည် အသင်တို့ကတိ‌ပေးခြင်းခံခဲ့ကြရ‌သော ဂျန္နသ်သုခဘုံရရှိသည့်အတွက် ဝမ်း‌မြောက်‌ပျော်ရွှင်ကြပါ။”

    [31] “ကျွန်ုပ်တို့သည် ‌လောကတွင်လည်း အသင်တို့၏ မိတ်‌ဆွေများဖြစ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝတွင်လည်း မိတ်‌ဆွေများပင်ဖြစ်ကြမည်။ ထို့ပြင် အသင်တို့အတွက် ထိုဂျန္နသ်သုခဘုံတွင် အသင်တို့စိတ်ထဲမှ ဆန္ဒရှိသမျှ ရရှိကြမည့်အပြင် အသင်တို့အတွက် ထိုသုခဘုံတွင် အသင်တို့ထုတ်‌ဖော်‌တောင်းဆိုသမျှလည်း ရရှိကြဦးမည်ဖြစ်သည်။” ###၉

    [32] “(ဤသည် ) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ဧည့်ခံ‌တော်မူခြင်းပင်ဖြစ်သည်။”

    [33] ထို့ပြင် အကြင်သူထက်စကားအရာတွင်ပို‌ကောင်းသည့်သူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်သည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သည်။ ထို့ပြင် အမှန်စင်စစ်ကျွန်ုပ်သည် အမိန့်နာခံသူ မွတ်စ်လင်မ်တစ်ဦးဖြစ်သည်ဟု ‌ပြောဆိုသည်။

    [34] ထို့ပြင် ‌ကောင်းမှုနှင့် မ‌ကောင်းမှုသည်မတူကြ‌ပေ။ အသင်သည်(မ‌ကောင်းမှုကို)အ‌ကောင်း(ဆုံးနည်းလမ်း)နှင့် တုံ့ပြန်တွန်းလှန်လိုက်ပါ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်နှင့်ကြားတွင်ရန်ငြိုးရှိခဲ့လျှင်ပင်ထိုသူသည် မိတ်ရင်း‌ဆွေရင်းကဲ့သို့ဖြစ်သွားလိမ့်မည်။ ###၁၀

    [35] ထို့ပြင် ထိုအ‌ကောင်းဆုံးနည်းလမ်းသည် သည်းခံသည့်သူများသာ ‌ပေးသနားခြင်းခံကြရသည်။ ထို့ပြင် ထိုအရာကို ကြီးကျယ်‌သော နဖူးစာရှင်သာ ‌ပေးသနား‌တော်မူခြင်းခံရသည်။

    [36] ထို့ပြင် အကယ်၍ အသင့်အား ရှိုင်သွာန်၏ဘက်မှ ‌နှောင့်ယှက်မှု တစ်စုံတစ်ခု အမှန်ပင်ပြုလုပ်လျှင် အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [37] ထို့ပြင် ညနှင့်‌နေ့အပြင်၊ ‌နေနှင့်လသည် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်ကြသည်။ (သို့ဖြစ်ရာ) အသင်တို့သည် ‌နေနှင့်လကို စဂျ်ဒဟ် ဦးချ(ကိုးကွယ်)ခြင်း မပြုကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့သည် အမှန်စင်စစ် အရှင်မြတ်ကိုပင် ကိုးကွယ်သူများဖြစ်ကြလျှင် အသင်တို့သည် ထိုအရာများကို ဖန်ဆင်း‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်ကိုပင် စဂျ်ဒဟ်ဦးချမှုပြုကြပါ။

    [38] ထို့‌နောက် အကယ်၍ သူတို့သည် (ဤအမိန့်ကိုမလိုက်နာဘဲ) မာန‌ထောင်‌နေခဲ့ကြလျှင် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိကြ‌သော ‌ကောင်းကင်တမန်များသည် ‌နေ့၌လည်း‌ကောင်း၊ ည၌လည်း‌ကောင်း အရှင်မြတ်သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို သူတို့သည် ငြီး‌ငွေ့ခြင်းမရှိကြဘဲလျက် ရွတ်ဆို‌နေကြသည်။

    [39] ထို့ပြင် (ဤသည်လည်း)အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်သည်။ အသင်သည် ‌မြေပထဝီအား ‌ခြောက်ကပ်‌နေသည်ကို ‌တွေ့မြင်ရသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုအ‌ပေါ်တွင် ‌ရေကို ရွာသွန်း‌စေ‌တော်မူသည့်အခါ၊ ထို‌မြေသည်(အ‌စေ့၊ အ‌ညှောင့်၊ အပင်များနှင့် အသက်ဝင်)လှုပ်ရှားလာပြီး ပွတက်လာသည်။ အမှန်စင်စစ် ထို‌မြေအား ရှင်သန်‌အောင် ပြုလုပ်‌တော်မူ‌သောအရှင်သည် အမှန်ပင် ‌သေသူများအားလည်း ရှင်‌အောင်လုပ်မည့် အရှင်ပင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။

    [40] အမှန်စင်စစ် ငါအရှင်မြတ်၏ အာယသ်‌တော်များနှင့် စပ်လျဉ်းပြီး ‌ကောက်‌ကွေ့သည့်လမ်း(မူရင်းအဓိပ္ပာယ်မှ‌သွေဖည်၍ အမှား‌ကောက်ယူသည့်လမ်း)ကို ###၁၁ ‌ရွေးချယ်သည့်သူများသည် ငါအရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်နိုင်ကြသည်မဟုတ်‌ပေ။ သို့ဖြစ်ရာ ငရဲမီးထဲတွင် ပစ်ချခံရမည့်သူသည် ပို‌ကောင်းသ‌လော၊ သို့မဟုတ် ကိယာမသ်‌နေ့တွင် ငြိမ်းချမ်းစွာ‌ရောက်ရှိလာသူသည် ပို‌ကောင်းသ‌လော။ အသင်တို့သည် အသင်တို့လုပ်လိုရာကို လုပ်ကြ‌ပေ‌တော့။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [41] အမှန်စင်စစ် အကြင်သူများသည် ဤဆုံးမဩဝါဒကို သူတို့ထံ‌ရောက်ရှိလာသည့်အခါ ငြင်းပယ်ကြသည်။ (သူတို့သည် ပျက်စီးဆုံးရှုံးကြမည့်သူများဖြစ်ကြသည်)။ ထို့ပြင် အမှန်စင်စစ် ထိုအရာသည် မြင့်မြတ်သည့် ကျမ်းဂန်ပင်ဖြစ်သည်။

    [42] အမှားသည် ထိုကျမ်းဂန်တွင် သူ၏‌ရှေ့မှသာမက ‌နောက်မှလည်း လာ‌ရောက်စွက်ဖက်နိုင်ခြင်းမရှိ‌ပေ။ ဤကျမ်းသည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ ချီးမွမ်းခြင်းအလွန်ခံထိုက်‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သော ကျမ်း‌တော်မြတ်ပင်ဖြစ်သည်။ ###၁၂

    [43] အသင်(တမန်‌တော်)၏မတိုင်မီက တမန်‌တော်များအား ‌ပြောဆို(စွပ်စွဲ)ခံခဲ့ကြရသည်ကိုပင် အသင်လည်း ‌ပြောဆို(စွပ်စွဲ) ခံရခြင်းဖြစ်သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်‌ပေးခြင်းကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ နာကျင်‌စေသည့်ပြစ်ဒဏ်‌ပေးခြင်းကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [44] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ထိုကျမ်း‌တော်မြတ်ကို အရဗီဘာသာစကားမဟုတ်‌သော လူမျိုးခြားဘာသာစကားနှင့် (ကျ‌ရောက်သည့်)ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် ထုတ်ပြန်‌တော်မူခဲ့လျှင် အမှန်ပင် သူတို့က ထိုကျမ်း‌တော်၏ အာယသ်‌တော်များသည် အဘယ့်‌ကြောင့် ရှင်းလင်းစွာ ‌ဖော်ပြမထားပါသနည်း။ တမန်‌တော်က အရဗ်အမျိုးသားဖြစ်၍ ကျမ်းကလူမျိုးခြားဘာသာစကားနှင့် ကျ‌ရောက်လာသ‌လောဟု ‌ပြောဆိုခဲ့ကြလိမ့်မည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် အီမာန် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ‌ရောဂါ‌ပျောက်ကင်း‌စေ‌သော ‌ဆေးဝါးပင်ဖြစ်သည်။ ထို့ပြင် အီမာန်မယုံကြည်ကြသည့်သူများ၏ နားများတွင် နားပင်းသည့်‌ဝေဒနာရှိ‌နေသည်။ ထို့ပြင် ဤ(ကုရ်အာန် )သည် သူတို့အတွက် (အ‌မှောင်ထဲတွင်)မျက်မမြင်(ဘဲရှာ‌ဖွေ‌နေသည့်ပစ္စည်းတစ်ခု)ဖြစ်သည်။ သူတို့သည် အ‌ဝေးမှဟစ်‌ခေါ်ခံကြရသူများပင်ဖြစ်ကြသည်။ ###၁၃

    [45] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက်လည်း ထိုကျမ်းဂန်ထဲတွင် ကွဲလွဲမှုဖြစ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုသာမရှိခဲ့လျှင် အမှန်ပင် သူတို့အကြား၌ စီရင်ဆုံးဖြတ်ပြီးဖြစ်ခဲ့လိမ့်မည်။ ထို့ပြင် အမှန်စင်စစ်သူတို့သည် ထိုချိန်းဆိုထား‌သော ပြစ်ဒဏ်နှင့် ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ပင်ရှိ‌နေကြသည်။

    [46] မည်သူမဆို ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်လျှင် သူ့အတွက်ပင် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုလုပ်ရပ်များကို ပြုလုပ်လျှင် (၎င်း၏ဆိုးကျိုးသည်)သူ၏အ‌ပေါ်၌ပင် ကျ‌ရောက်မည် ဖြစ်သည်။ ၎င်းပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ကျွန်များအား မတရားပြုလုပ်‌တော်မူ‌သောအရှင် မဟုတ်‌ပေ။###၁၄

    [47] ကိယာမသ် ရှင်ပြန်ထမည့်အချိန်ကာလနှင့် ပတ်သက်သည့် အသိသည် အရှင်မြတ်ဘက်သို့ပင် ပြန်ပို့ခြင်းခံရသည်။###၁၅ ထို့ပြင် မည်သည့် သစ်သီးဝလံမဆို သူတို့၏ အဖူးအငုံများမှ (အရှင်မြတ်မသိဘဲ)ထွက်‌ပေါ်လာသည် မရှိ‌ပေ။ ထို့ပြင် မည်သည့်မိန်းမတစ်ဦးကမျှ အရှင်မြတ်မသိဘဲ ကိုယ်ဝန်‌ဆောင်ခြင်းလည်းမရှိ‌ပေ။ သားဖွားခြင်းလည်း မရှိ‌ပေ။ ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား “ငါအရှင်မြတ်၏တွဲဖက်များသည် အဘယ်မှာနည်း” ဟု ‌မေးမြန်း‌တော်မူမည်။ သူတို့က “(ယ‌နေ့မူ) ကျွန်ုပ်တို့ထဲမှ သက်‌သေခံမည့်သူ မည်သူမျှမရှိ‌တော့သည့်အ‌ကြောင်း အရှင်မြတ်ထံတွင် ဝန်ခံ‌လျှောက်ထားပါသည်” ###၁၆ ဟု ‌ပြောဆိုကြမည်။

    [48] ထို့ပြင် ယခင်က သူတို့ ဟစ်‌ခေါ် (ကိုးကွယ်)ခဲ့ကြသည့်အရာများသည် သူတို့ထံမှ ‌ပျောက်ကွယ်သွားကြမည်။ ထို့ပြင် သူတို့သည် သူတို့အတွက် ထွက်‌ပြေးလွတ်‌မြောက်ရာပုန်းခိုစရာ မရှိ‌တော့‌ကြောင်းကိုလည်း ယုံကြည်သွားကြမည်။

    [49] လူသားသည် ‌ကောင်းကျိုး(ချမ်းသာ) ‌တောင်းခံခြင်းမှ ငြီး‌ငွေ့ခြင်းမရှိ‌ပေ။ ###၁၇ ထို့ပြင် အကယ်၍ သူ့၌ ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်ခဲ့လျှင် (သူသည်) စိတ်ဓာတ်ကျသူ၊ ‌မျှော်လင့်ချက်ကင်းသူ ဖြစ်သွား‌တော့သည်။

    [50] ထို့ပြင် အကယ်၍ သူ၏အ‌ပေါ်ကျ‌ရောက်ခဲ့‌သော ဒုက္ခ‌နောက်တွင် ငါအရှင်မြတ်သည် သူ့အား ငါအရှင်မြတ်ထံ‌တော်မှ ကရုဏာကို မြည်းစမ်း‌စေ‌တော်မူခဲ့လျှင် အမှန်စင်စစ်သူသည် (ဤသို့)‌ပြော‌တော့သည်- “ဤသည် ကျွန်ုပ်အတွက်ပင်ဖြစ်သည်။ ထို့ပြင် ကိယာမသ်‌နေ့သည် ‌ရောက်လာမည်ဟု ကျွန်ုပ်မယူဆ‌ပေ။ ထို့ပြင် အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်သွားခဲ့ရလျှင်လည်း အမှန်စင်စစ် ကျွန်ုပ်အတွက် အရှင်မြတ်ထံ‌တော်တွင် ပို‌ကောင်း‌သော အကျိုးများ အမှန်ပင်ရှိဦးမည်ဖြစ်သည်။” သို့ဖြစ်ရာ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအား သူတို့ ပြုလုပ်ခဲ့သမျှကို အသိ‌ပေး‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်‌သောပြစ်ဒဏ်၏ အရသာကို မြည်းစမ်း‌စေ‌တော်မူမည်။

    [51] ထို့ပြင် ငါအရှင်မြတ်သည် လူသားအ‌ပေါ်တွင်‌ကျေးဇူးပြု‌တော်မူသည့်အခါ သူသည် မျက်နှာလွှဲပြီး အ‌ဝေးသို့ ‌ရှောင်ထွက်သွား‌လေ့ရှိသည်။ ထို့ပြင် သူ့တွင် ဒုက္ခ‌ရောက်လာလျှင်မူ ရှည်လျားစွာ ဆု‌တောင်း‌လေ့ရှိသည်။

    [52] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အသင်တို့ပင် ‌ပြောပြကြပါ၊ အကယ်၍ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှဖြစ်ခဲ့မည်၊ ထို့ပြင် အသင်တို့သည် ထိုအရာကို ငြင်းပယ်ခဲ့ကြမည်ဆိုလျှင် အလွန်‌ဝေး‌သော ကွဲပြားမှု၌ရှိ‌နေသူထက် ပို၍လမ်းလွဲသူ မည်သူရှိဦးမည်နည်း။ ###၁၈

    [53] မကြာမီ ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို ပြသ‌တော်မူမည်ဖြစ်သည်။ ‌နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်း‌တော်မြတ်သည် မှန်ကန်‌ကြောင်း သိသာထင်ရှားလာလိမ့်မည်။ ###၁၉ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူခြင်းသည် မလုံ‌လောက်သ‌လော။

    [54] သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် ‌တွေ့ဆုံကြရမည်(နှင့်ပတ်သက်၍) သံသယတွင် ရှိ‌နေကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးတို့အား ဝန်းခြုံလျက်ရှိ‌တော်မူသည်။

    Surah 42
    ဆွေးနွေးခြင်း

    [1] ဟာမီမ်။

    [2] အိုင်န်စီန်ကာဖ်။

    [3] အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်သည် အသင်(တမန်‌တော်)နှင့် အသင်၏မတိုင်မီက တမန်‌တော်များထံသို့ ဤသို့ပင် ဝဟီထုတ်ပြန်‌လေ့ရှိ‌တော်မူခဲ့သည်။ ###၁

    [4] ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [5] သူတို့အ‌ပေါ်မှ (ရှိ‌သောအထပ်သည်သူနှင့်နီးစပ်သည့်အထပ်ဘက်သို့)အက်ကွဲပြိုကျမည့်ဆဲဆဲဖြစ်ကြသည်။ ###၂ ထို့ပြင် ‌ကောင်းကင်တမန်များသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်)စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်းကို ရွတ်ဆိုလျက်ရှိကြသည့်အပြင် သူတို့သည် ကမ္ဘာ‌မြေတွင်ရှိသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားလျက်ရှိကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [6] အရှင်မြတ်မှလွဲ၍ အခြားအရာများအား အစစအရာရာ စီမံ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ် ‌ရွေးချယ်ပြုလုပ်ခဲ့ကြသူများအား အလ္လာဟ်အရှင်မြတ်အ‌နေနှင့် သူတို့၏ (လုပ်ရပ်)များကို ‌စောင့်ကြည့်‌နေ‌တော်မူသည်။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် တာဝန်ခံမဟုတ်‌ပေ။ ###၃

    [7] ဤသို့ပင် ငါအရှင်မြတ်သည် အသင့်ထံသို့ အရဗီဘာသာစကားဖြင့်ဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့သည်။ အသင်သည် မက္ကဟ်နှင့် ၎င်း၏အနီးပတ်ဝန်းကျင်တွင် ရှိသူများအား သတိ‌ပေးနှိုး‌ဆော်ရန်အတွက်နှင့် သံသယဖြစ်စရာမရှိ‌သော (ကိယာမသ်)စုရုံးရမည့်‌နေ့ကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (ဤကျမ်းကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့ခြင်းဖြစ်သည်)။ (သူတို့ထဲမှ)အုပ်စုတစ်ခုသည် ဂျန္နသ်သုခဘုံတွင်ရှိမည်ဖြစ်၍ အုပ်စုတစ်ခုသည် ဂျဟန္နမ်ငရဲဘုံတွင်ရှိလိမ့်မည်။ ###၄

    [8] အကယ်၍အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် သူတို့အား သာသနာဝင်အုပ်စုတစ်ခုတည်း ပြုလုပ်‌တော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုပင် အရှင်မြတ်၏ကရုဏာထဲသို့ဝင်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် မတရားကျူးလွန်သူများကမူ သူတို့အတွက် ကာကွယ်‌စောင့်‌ရှောက်မည့်သူ၊ ကူညီမည့်သူ မည်သူမျှရှိ‌တော့မည်မဟုတ်‌ပေ။

    [9] အရှင်မြတ်မှ လွဲ၍အခြားသူများအား ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌သောအ‌ဆွေ‌တော်အဖြစ် ‌ရွေးချယ်ပြုလုပ်ခဲ့ကြသ‌လော။ (အမှန်စင်စစ်)အရှင်မြတ်ပင် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ‌သေသူများအား ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ပြုစွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [10] ထို့ပြင် အသင်တို့သည် အကြင်အရာနှင့် ပတ်သက်၍ ကွဲလွဲခဲ့ကြသည်။ ထိုအရာ၏ အဆုံးအဖြတ်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ ငါသည် အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ထားသည်။ ထို့ပြင် ငါသည် အရှင်မြတ်ဘက်သို့ပင်ပြန်လှည့်သည်။

    [11] (အရှင်မြတ်သည်)မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ အရှင်မြတ်ပင် အသင်တို့အတွက် အသင်တို့၏ အမျိုးအစားထဲမှပင် ကြင်ရာများကိုဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှ စုံတွဲများကိုလည်း ဖန်ဆင်း‌တော်မူခဲ့၍ အသင်တို့အား ထို(စုံတွဲများ၏)အ‌ကြောင်းခံဖြင့် ပြန့်ပွားများပြား‌စေ‌တော်မူခဲ့သည်။ အရှင်မြတ်နှင့် တူသည့်အရာ မည်သည့်အရာမျှမရှိ‌ပေ။ အရှင်မြတ်သည် အကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [12] မိုး‌ကောင်းကင်များနှင့်‌မြေပထဝီ၏‌သော့များသည် အရှင်မြတ်ထံ‌တော်၌သာ ရှိကြသည်။ ###၅ အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာ ကျယ်ဝန်းစွာ‌ပေးသနား‌တော်မူပြီး (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [13] အရှင်မြတ်သည် အသင်တို့အတွက် အကြင်သာသနာ‌တော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့သည်။ ထိုသာသနာ‌တော်ကိုပင် လိုက်နာရန် အရှင်မြတ်က (တမန်‌တော်)နူးဟ်ကို အမိန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသာသနာ‌တော်ကိုပင် အသင်၏ထံသို့ ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသာသနာ‌တော်ကိုပင် လိုက်နာရန် (တမန်‌တော်) အိဗ်ရာဟီမ်၊ (တမန်‌တော်)မူစာ၊ (တမန်‌တော်)အီစာ တို့အားလည်း အမိန့်‌ပေး‌တော်မူခဲ့သည်။ ###၆ အသင်တို့သည် သာသနာ‌တော်ကို ခိုင်မြဲစွာတည်‌ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုသာသနာထဲတွင် အုပ်စုကွဲခြင်း၊ ကွဲပြဲခြင်းမရှိကြနှင့် (ဟု အမိန့်‌ပေး‌တော်မူခဲ့သည်)။ မုရှ်ရိက်များအ‌ပေါ်တွင် အသင်သည် သူတို့အား ဖိတ်‌ခေါ်‌နေသည့်(‌သောင်ဟီဒ်)တရား‌တော်သည် အလွန်ကြီး‌လေးခက်ခဲသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်ထံ‌တော်သို့ ‌ရွေးချယ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်ဘက်သို့ ပြန်လှည့်သည့်သူကိုလည်း လမ်းမှန် ညွှန်ကြားပြသ‌တော်မူသည်။ ###၇

    [14] ထို့ပြင် သူတို့သည် သူတို့ထံသို့ အသိပညာ‌ရောက်လာပြီး‌နောက်မှပင် သူတို့အချင်းချင်း မနာလိုမှု‌ကြောင့် အုပ်စုကွဲခဲ့ကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ သတ်မှတ်ထားသည့်အချိန်အထိ (ဆိုင်းငံ့ထားရန်)ယခင်ကတည်းက အမိန့်‌တော်တစ်ခုသည် အတည်မဖြစ်ခဲ့လျှင် သူတို့အကြားတွင် အမှန်ပင်စီရင်ဆုံးဖြတ်ခဲ့ပြီးဖြစ်မည်ပင်။ ထို့ပြင် အမှန်စင်စစ် သူတို့‌နောက်တွင် ကျမ်းဂန်အ‌မွေရရှိလိုက်သည့်သူများသည် ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲတွင်အမှန်ပင် ရှိ‌နေကြသည်။

    [15] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် (ငါအရှင်မြတ်ချ‌ပေးထား‌သောကုရ်အာန်ဘက်ကို)ဖိတ်‌ခေါ်‌နေပါ။ ထို့ပြင် အသင်သည် အသင်အမိန့်‌ပေးခံရသည့်အတိုင်း ‌ဖြောင့်မတ်စွာရှိ‌နေပါ။ ထို့ပြင် အသင်သည်သူတို့၏ အလိုဆန္ဒများကို မလိုက်နာပါနှင့်၊ ထို့ပြင် (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော မည်သည့်ကျမ်းကိုမဆို ယုံကြည်ပြီးဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့အကြားတွင် တရားမျှတရန် အမိန့်‌ပေးခြင်းကိုခံရသည်။ အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်းဖြစ်‌တော်မူသည်၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ ငါတို့၏လုပ်ရပ်များသည် ငါတို့အတွက်ဖြစ်ပြီး အသင်တို့၏ လုပ်ရပ်များသည် အသင်တို့အတွက် ဖြစ်သည်။ ငါတို့နှင့် အသင်တို့ကြားတွင် မည်သည့်အရာမျှအငြင်းအခုံပြုလုပ်စရာမရှိ‌တော့‌ပေ။ အလ္လာဟ်အရှင်မြတ်သည် ငါတို့အားလုံးကို စုရုံး‌တော်မူမည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ###၈

    [16] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အရှင်မြတ်အား မှန်ကန်‌ကြောင်းဝန်ခံပြီးသည့်‌နောက်မှပင် အငြင်းအခုံပြုလုပ်ကြသည့်သူများ၏ ငြင်းခုံမှုသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အ‌ခြေအမြစ်ခိုင်မာမှုမရှိ‌ပေ။ (လွဲ‌ချော်မှုဖြစ်သည်)။ ထို့ပြင် သူတို့အ‌ပေါ်တွင် ‌ဒေါသအမျက်ကျ‌ရောက်မည့်အပြင် သူတို့အတွက် ပြင်းထန်‌သော အပြစ်ဒဏ်လည်းရှိမည်။

    [17] အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်နှင့် တရားမျှတမှုကို တိကျ မှန်ကန်စွာချ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အသင် (တမန်‌တော်)သည် မည်သို့သိမည်နည်း၊ ကိယာမသ်ရှင်ပြန်ထမည့်အချိန်ကာလသည် နီးကပ်‌ကောင်းနီးကပ်နိုင်သည်။

    [18] ထိုကိယာမသ်‌နေ့နှင့်ပတ်သက်၍ ထိုအရာကို မယုံကြည်သည့်သူများပင် ‌ဆောလျင်စွာ ‌တောင့်တ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် ယုံကြည်သူများကမူ ထို‌နေ့အားစိုးရိမ်‌နေကြသည်။ ထို့ပြင် သူတို့သည်ထို‌နေ့ကို မှန်ကန်သည်ဟုလည်း အမှန်ပင်ယုံကြည်ကြသည်။ သတိပြုကြပါ၊ ကိယာမသ်‌နေ့နှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသူများသည် အလွန်‌ဝေးလံ‌သောလမ်းမှားတွင် အမှန်ပင်ရှိ‌နေကြသည်။

    [19] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [20] မည်သူမဆို တမလွန်ဘဝ၏လယ်ယာကို လိုလားလျှင်ငါအရှင်မြတ်သည် သူ့အားသူ၏လယ်ယာတွင် တိုးပွား‌စေ‌တော်မူမည်။ ထို့ပြင် မည်သူမဆို ဤဘဝ၏ လယ်ယာကိုလိုလားလျှင် ငါအရှင်မြတ်သည် သူ့အား ဤဘဝတွင် (အနည်းငယ်)‌ပေး‌တော်မူမည်။ ထို့ပြင် တမလွန်ဘဝတွင် သူ့အတွက် မည်သည့်‌ဝေစုမျှ ရှိမည်မဟုတ်‌တော့‌ပေ။ ###၉

    [21] သူတို့တွင် အလ္လာဟ်အရှင်မြတ်က ခွင့်မပြု‌သော သာသနာမျိုးကို သူတို့အတွက် သတ်မှတ်ပြဋ္ဌာန်း‌ပေးခဲ့ကြ‌သော တွဲဖက်ကိုးကွယ်ရာများရှိကြသ‌လော။ ထို့ပြင် အကယ်၍ စီရင်ဆုံးဖြတ်ရန် အမိန့်‌တော်တစ်ခုသည် (ယခင်ကတည်းက) မရှိခဲ့လျှင် သူတို့အကြား၌အမှန်ပင် စီရင်ဆုံးဖြတ်ပြီးဖြစ်မည်။ ထို့ပြင် မတရားသူများအတွက်ကမူ နာကျင်‌စေ‌သော ပြစ်ဒဏ်အမှန်ပင်ရှိမည်။

    [22] အသင် (တမန်‌တော်)သည် မတရားသူများအား သူတို့၏ဆည်းပူးခဲ့သည့်လုပ်ရပ်များ‌ကြောင့် စိုးရိမ်‌ကြောက်ရွံ့‌နေသည်ကို မြင်ရမည်ဖြစ်သည်။ ထို့ပြင် ထိုလုပ်ရပ်များ၏ ဆိုးကျိုးသည် သူတို့အ‌ပေါ်တွင် ကျ‌ရောက်မည့် အရာပင်ဖြစ်သည်။ ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများကမူ ဂျန္နသ်သုခဘုံများ၏ ဥယျာဉ်များထဲတွင်ရှိကြမည်။ သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် သူတို့လိုချင်သည့်အရာများအားလုံးရှိမည်။ ဤသည် ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။

    [23] ဤသည် အလ္လာဟ်အရှင်မြတ်က အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သော အရှင်မြတ်၏ကျွန်များအား ‌ပြောကြား‌တော်မူ‌သော ဝမ်း‌မြောက်ဖွယ်ရာသတင်းဖြစ်သည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ထံမှ ဤ(တရား‌တော်ပို့ချမှု)နှင့် ပတ်သက်ပြီး ‌ဆွေမျိုးသားချင်း‌တော်စပ်မှုတွင် ချစ်ခင်မှုမှလွဲ၍ ###၁ဝ ဘာအကျိုးမျှ မ‌တောင်းဆို‌ပေ။ ထို့ပြင် မည်သူမဆို ‌ကောင်းမှုတစ်စုံတစ်ခုကို ရှာ‌ဖွေပြုလုပ်ခဲ့လျှင် ငါအရှင်မြတ်သည် သူ့အတွက် ထို‌ကောင်းမှုတွင် ‌ကောင်းမြတ်မှုကို တိုးပွား‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ ‌ကျေးဇူးသိတတ်သူကို အလွန်အစား‌ပေး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [24] သူတို့က ၎င်း(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားကိုလုပ်ကြံစွပ်စွဲခဲ့သည်ဟု ‌ပြောဆိုကြသ‌လော။ သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်(တမန်‌တော်)၏စိတ်နှလုံး‌ပေါ်၌ တံဆိပ်ခတ်နှိပ်‌တော်မူလိုက်မည်ဖြစ်သည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ အာယသ်‌တော်များဖြင့် အမှားကို ပ‌ပျောက်‌စေ‌တော်မူပြီး အမှန်ကို ခိုင်မာ‌အောင်ပြုလုပ်‌တော်မူ‌လေ့ရှိသည်။ အမှန်စင်စစ် အရှင်မြတ်သည်ရင်(စိတ်နှလုံး)များထဲတွင်ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [25] ထို့ပြင် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ၏ ဝန်ချ‌တောင်းပန်ခြင်းကို လက်ခံ‌တော်မူ‌သောအရှင်၊ ထို့ပြင် အရှင်မြတ်သည် အပြစ်များကိုခွင့်လွှတ်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည့်အပြင် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၁

    [26] ထို့ပြင် အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သောသူများ၏ ဆု‌တောင်းမှုကို လက်ခံ‌တော်မူသည်။ ထို့ပြင် သူတို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် တိုးပြီး‌ပေးသနား‌တော်မူသည်။ ထို့ပြင် ကာဖိရ်များကမူ သူတို့အတွက် ပြင်းထန်‌သော ပြစ်ဒဏ်ရှိသည်။

    [27] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအား စားနပ်ရိက္ခာ ကျယ်ဝန်းစွာ‌ပေးသနား‌တော်မူခဲ့လျှင် အမှန်ပင် ထိုကျွန်များသည် ကမ္ဘာ‌မြေ၌ ‌သောင်းကျန်းခဲ့ကြမည်ပင်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် (စားနပ်ရိက္ခာကို)အရှင်မြတ်အလိုရှိ‌တော်မူ‌သောအတိုင်းအတာနှင့် သတ်မှတ်ချ‌ပေး‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရှင်မြတ်၏ ကျွန်များနှင့် ပတ်သက်၍ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [28] ထို့ပြင် အရှင်မြတ်ကပင် လူတို့‌မျှော်လင့်ချက်ကင်းမဲ့ကြပြီးသည့်‌နောက်ပိုင်းတွင် မိုး‌ရေကိုရွာသွန်း‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်၏ကရုဏာ‌တော်ကို ဖြန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [29] ထို့ပြင် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲတွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခြင်း၊ ထို့ပြင် ထိုနှစ်ခုထဲတွင် ပြန့်ပွား‌စေ‌တော်မူထား‌သော သတ္တဝါများကို ဖန်ဆင်း‌တော်မူခြင်းလည်းပါဝင်သည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်အခါ ထိုသတ္တဝါများ၏စုရုံးမှုကို အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [30] ထို့ပြင် အသင်တို့တွင် ကျ‌ရောက်‌သော ဒုက္ခဟူသမျှသည် အသင်တို့၏ လက်များက ဆည်းပူးခဲ့ကြ‌သောလုပ်ရပ်များ‌ကြောင့်ပင် ကျ‌ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ပြစ်မှုများစွာကို ခွင့်လွှတ်‌တော်မူသည်။ ###၁၂

    [31] ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ကမ္ဘာ‌မြေ၏ မည်သည့်အစိတ်အပိုင်း၊ မည်သည့်‌နေရာတွင်မှ မတတ်စွမ်းနိုင်‌အောင် ပြုလုပ်နိုင်စွမ်းရှိသူများမဟုတ်ကြ‌ပေ။ ထို့ပြင် အသင်တို့တွင် အလ္လာဟ်အရှင်မြတ်အပြင် ကာကွယ်‌စောင့်‌ရှောက်မည့်သူလည်းမရှိ‌ပေ။ ကူညီ‌စောင်မမည့်သူလည်းမရှိ‌ပေ။

    [32] ထို့ပြင် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲတွင် ပင်လယ်ထဲ၌ ‌တောင်ကြီးများပမာ သွားလာလှုပ်ရှား‌နေ‌သော ရွက်သ‌ဘေင်္ာများသည်လည်း အပါအဝင်ဖြစ်ကြသည်။

    [33] အကယ်၍ အရှင်မြတ် အလိုရှိ‌တော်မူလျှင် ‌လေကို ငြိမ်သက်‌စေ‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် ထိုသ‌ဘေင်္ာများသည် သွားလာနိုင်ခြင်းမရှိ‌တော့ဘဲ၊ ပင်လယ်၏ မျက်နှာပြင်‌ပေါ်တွင် ရပ်တန့်‌နေကြမည်ဖြစ်သည်။ ###၁၃ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံသည့်သူတိုင်းနှင့် အလွန်‌ကျေးဇူးသိတတ်‌သော သူတိုင်းအတွက် အမှန်ပင်သက်‌သေလက္ခဏာများရှိသည်။

    [34] သို့မဟုတ် အရှင်မြတ်(အလိုရှိ‌တော်မူလျှင်)ထိုသ‌ဘေင်္ာ(သား)များကို သူတို့၏ (မ‌ကောင်းမှု)ပြုလုပ်ဆည်းပူးမှုများ‌ကြောင့် ဖျက်ဆီး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည်များစွာကို ခွင့်လွှတ်ထား‌တော်မူသည်။

    [35] ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များတွင် အငြင်းပွား‌နေကြသည့်သူများသည် သူတို့အတွက် ထွက်‌ပြေးလွတ်‌မြောက်ရာမရှိ‌ပေဆိုသည်ကို သိရှိကြရန်အတွက်ဖြစ်သည်။

    [36] ထို့ပြင် အသင်တို့အား ‌ပေးသနား‌တော်မူခြင်းခံခဲ့ကြရ‌သောပစ္စည်းဥစ္စာများသည် ဤဘဝ၏ အကျိုးခံစားမှုမျှသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှိသမျှကမူ အီမာန်ယုံကြည်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ကြသည့်သူများအတွက် အ‌ကောင်းဆုံးနှင့် အမြဲဆုံးပင် ဖြစ်ကြသည်။

    [37] ထို့ပြင် အကြင်သူများအတွက်လည်း ဖြစ်သည်။ ထိုသူများသည် ကြီး‌လေး‌သော အပြစ်များနှင့် ညစ်ညမ်း‌သော မဖွယ်မရာကိစ္စများမှ ‌ရှောင်ကြဉ်ကြသည်။ ထို့ပြင် သူတို့သည် ‌ဒေါသထွက်သည့်အခါ ခွင့်လွှတ်‌လေ့ရှိကြသည်။

    [38] ထို့ပြင် အကြင်သူများအတွက်လည်းဖြစ်သည်။ ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား လက်ခံနာယူခဲ့ကြသည်။ ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြသည်။ ထို့ပြင် သူတို့၏ အ‌ရေးကိစ္စများတွင် သူတို့အချင်းချင်း ညှိနှိုင်းတိုင်ပင်‌ဆောင်ရွက်ကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေးသနားထား‌တော်မူ‌သော ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြသည်။

    [39] ထို့ပြင် အကြင်သူများအတွက်ဖြစ်သည်။ ထိုသူများသည် မတရားနှိပ်စက်ခံကြရ‌သောအခါ သူတို့သည် (သူတို့ခံကြရသည်မျှသာ) လက်စား‌ချေ‌လေ့ရှိကြသည်။ ###၁၄

    [40] ထို့ပြင် မ‌ကောင်းပြုလုပ်ခြင်း၏ အစားသည် ထိုမ‌ကောင်းမှု၏ အတိုင်းအတာခန့် မ‌ကောင်းပြန်လုပ်ခြင်း ###၁၅ သာဖြစ်သည်။ ထို့‌နောက် မည်သူမဆို ခွင့်လွှတ်ခဲ့လျှင်၊ ထို့ပြင် (အချင်းချင်း‌ပြေလည်)‌ကောင်းမွန်‌အောင် ပြုပြင်ခဲ့လျှင် ထိုသူ့အား အကျိုး‌ပေးရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အမှန်စင်စစ် အရှင်မြတ်သည် မတရားသည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။

    [41] ထို့ပြင် အမှန်မှာ မည်သူမဆို မတရားနှိပ်စက်ခြင်းခံခဲ့ရပြီး‌နောက် (အညီအမျှ)လက်စား‌ချေခဲ့လျှင် ထိုသို့‌သောသူအ‌ပေါ်တွင်အပြစ်တင်စရာ နည်းလမ်းမရှိ‌ပေ။

    [42] အပြစ်တင်စရာနည်းလမ်းကမူ လူများအ‌ပေါ်တွင် နှိပ်စက်ကြ‌သော တိုင်းပြည်တွင် မတရားဆူပူ‌သောင်းကျန်းဆိုးသွမ်းကြ‌သော သူများအ‌ပေါ်၌ပင်ရှိသည်။ ထိုသူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိမည်။

    [43] ထို့ပြင် အမှန်စင်စစ် မည်သူမဆို သည်းခံ၍ ခွင့်လွှတ်ခဲ့လျှင် အမှန်စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် ဇွဲသတ်္တိနှင့်ဆိုင်‌သော ကိစ်္စများထဲတွင် အမှန်ပါဝင်သည်။

    [44] ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိ‌စေ‌တော်မူလျှင် ထိုသူ့အတွက် အရှင်မြတ်မှလွဲ၍ အမှားကိုပြုပြင်‌ပေးနိုင်မည့်သူမရှိ‌တော့‌ပေ။ ထို့ပြင် အသင်သည် (တမလွန်ဘဝတွင်) မတရားသူများအား သူတို့သည် ပြစ်ဒဏ်ကို မြင်ကြသည့်အခါ “(‌လောကသို့)ပြန်သွားရန် နည်းလမ်းတစ်စုံတစ်ရာရှိပါသ‌လော”ဟု ‌ပြောဆို‌နေကြမည်ကို ‌တွေ့မြင်ရမည်ဖြစ်သည်။

    [45] ထို့ပြင် အသင်သည် သူတို့အား ထိုငရဲမီး‌ရှေ့၌ ‌သေးသိမ်မှုနှင့် နိမ့်ကျသူများဖြစ်လျက်ယူ‌ဆောင်လာခြင်းခံရသည်ကို ‌တွေ့မြင်ရလိမ့်မည်။ သူတို့သည် (‌ပြောင်မကြည့်ရဲ၍) ခိုးဝှက်ကြည့်ကြမည်။ ထို့ပြင် အီမာန်ယုံကြည်သူများက (ဤသို့)‌ပြောဆိုကြမည်- အမှန်စင်စစ်ကိယာမသ်‌နေ့တွင် သူတို့အပြင်သူတို့နှင့် ပတ်သက်သည့်သူများအား ဆုံးရှုံးပျက်စီး‌စေသည့်သူများပင် (တကယ်)ဆုံးရှုံးပျက်စီးသည့်သူများဖြစ်ကြသည်။ သတိထားကြပါ၊ အမှန်စင်စစ် မတရားကျူးလွန်သူများသည် အမြဲခံကြရမည့်ပြစ်ဒဏ်၌ပင်ရှိကြမည်။

    [46] ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး(အရှင်မြတ်မှလွဲ၍) သူတို့အား အကူအညီ‌ပေးမည့် ကာကွယ်‌စောင့်‌ရှောက်မည့်သူများထဲမှ သူတို့အတွက် မည်သူမျှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိ‌စေ‌တော်မူလျှင် ထိုသူ့တွင် (လမ်းမှန်ရရန်) မည်သည့်နည်းလမ်းမျှမရှိ‌တော့‌ပေ။

    [47] အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို အကြင်‌နေ့မတိုင်မီ နာခံကြပါ။ အလ္လာဟ်အရှင်မြတ်ဘက်မှ ထို‌နေ့ကို ဖယ်ရှားခြင်း၊ ‌ရွှေ့ဆိုင်းခြင်းရှိမည်မဟုတ်‌ပေ။ ထို‌နေ့တွင် အသင်တို့အတွက် ခိုလှုံစရာ‌နေရာလည်းရှိမည် မဟုတ်‌ပေ။ ထို့ပြင် အသင်တို့အတွက် (ထိုအပြစ်ဒဏ်ကို)ငြင်းဆိုနိုင်ခြင်းလည်း ရှိမည်မဟုတ်‌ပေ။ (အသင်တို့အား မမှတ်မိ‌အောင် ‌ရှောင်တိမ်း‌နေရန်လည်းမရှိ‌ပေ)။

    [48] ထို့‌နောက်လည်း သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်တွင် ‌စောင့်ကြပ်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်မဟုတ်‌ပေ။ အသင်၏တာဝန်မှာ အမိန့်‌တော်များကို ပို့‌ဆောင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို ‌ကျေးဇူးစည်းစိမ်တစ်စုံတစ်ခု မြည်းစမ်း‌စေသည့်အခါ ထိုလူသားသည် ထို‌ကျေးဇူးစည်းစိမ်‌ကြောင့် ဝမ်းသာ‌ပျော်ရွှင်‌လေ့ရှိသည်။ ထို့ပြင် အကယ်၍ သူတို့တွင် သူတို့၏လက်များက ကြိုတင်ပို့လိုက်‌သော လုပ်ရပ်များ‌ကြောင့် ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်လာလျှင် အမှန်စင်စစ် ထိုလူသားသည် အလွန်‌ကျေးဇူးကန်းသူဖြစ်သွား‌တော့သည်။

    [49] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သမီးမိန်းက‌လေးများ‌ပေးသနား‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သား‌ယောက်ျားက‌လေးများ ‌ပေးသနား‌တော်မူသည်။

    [50] သို့မဟုတ် အရှင်မြတ်သည် သူတို့အား သား‌ယောက်ျားက‌လေးနှင့် သမီးမိန်းက‌လေးများကို ‌ရောပြီးစုံလိုက်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အမြုံပြုလုပ်ထား‌တော်မူသည်။ အမှန်စင်စစ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၆

    [51] မည်သည့်လူသားနှင့်မှ အလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်‌တော်အရိပ်အ‌ခြေပြ ပို့ချ‌တော်မူသည်မှလွဲ၍၊ သို့မဟုတ် အကွယ်‌နောက်မှလွဲ၍ စကား‌ပြော‌တော်မမူ‌ပေ။ သို့မဟုတ်အရှင်မြတ်သည် ‌စေတမန်တစ်ပါးပါးကို ‌စေလွှတ်‌တော်မူပြီး ထို‌စေတမန်က အရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သော ဝဟီထုတ်ပြန်ချက်ကို ‌ပေးပို့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၇

    [52] ထိုအတိုင်းပင် ငါအရှင်မြတ်သည် အရှင်မြတ်အမိန့်‌တော်များထဲမှ ရူဟ်ဟူသည့် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အသင့်ထံထုတ်ပြန်‌တော်မူခဲ့သည်။ အသင်သည် ကျမ်းဂန်ဟူသည် မည်သည်နည်း၊ ထို့ပြင် အီမာန်ဟူသည် မည်သည်နည်းဟု သိရှိခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို လင်း‌ရောင်ခြည်ပြုလုပ်‌တော်မူပြီး ထိုလင်း‌ရောင်ခြည်နှင့် ငါအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည်။ ###၁၈ ထို့ပြင် အမှန်စင်စစ် အသင်သည် ‌ဖြောင့်မတ်‌သော တရားလမ်းကို အမှန်ပင် ညွှန်ကြားပြသလျက်ရှိသည်။ ###၁၉

    [53] အကြင် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းကို(ညွှန်ကြားပြသ‌နေခြင်းဖြစ်သည်)။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ သတိပြုကြပါ၊ အ‌ရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြမည်ဖြစ်သည်။

    Surah 43
    ရွှေရောင်အဆင်တန်ဆာများ

    [1] ဟာမီမ်။

    [2] (ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှား‌သော ကျမ်းဂန်ကိုသက်‌သေထူ‌တော်မူသည်။

    [3] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် ထိုကျမ်းဂန်ကို အရဗီဘာသာစကားနှင့် (ထုတ်ပြန်သည့်) ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ်ပြုလုပ်‌တော်မူသည်။ ###၁

    [4] ထို့ပြင် အမှန်စင်စစ် ၎င်းကုရ်အာန်ကျမ်း‌တော်မြတ်သည် ငါအရှင်မြတ်ထံရှိ ပင်မကျမ်း‌တော်ကြီး(ဖြစ်‌သော‌လောင်းဟွမ်မဟ်ဖူဇွ်သင်ပုန်း)တွင်အမှန်ပင်မြင့်မားပြီး ပညာဉာဏ်အ‌မြော်အမြင်နှင့် ပြည့်စုံ‌သောကျမ်းဖြစ်သည်။ ###၂

    [5] ထို့‌နောက် အသင်တို့သည် စည်းကမ်းကျူးလွန်သည့်သူများဖြစ်ခြင်း‌ကြောင့် (ဤ)ဆုံးမဩဝါဒကျမ်းကို ငါအရှင်မြတ်သည် အသင်တို့ထံမှ ပြန်ရုပ်သိမ်းရမည်‌လော။(လွှဲဖယ်လိုက်ရမည်‌လော)။

    [6] ထို့ပြင် ငါအရှင်မြတ်သည် ပထမလူများထံသို့ တမန်‌တော် အ‌မြောက်အမြား ‌စေလွှတ်‌တော်မူခဲ့သည်။

    [7] ထို့ပြင် သူတို့သည် သူတို့ထံသို့ ‌ရောက်လာ‌သောတမန်‌တော်တိုင်းအား ‌ပြောင်‌လှောင်ခဲ့ကြသည်။

    [8] သို့ဖြစ်ရာ ငါအရှင်မြတ်သည် ဤသူများထက် အင်အားပိုပြင်းထန်သည့်သူများကိုပင် ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ပထမလူများ၏ အ‌ကြောင်းသည် လွန်ခဲ့ပြီးဖြစ်သည်။

    [9] ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား မည်သူဖန်ဆင်းခဲ့သနည်း”ဟု ‌မေးခဲ့လျှင် သူတို့က ထိုအရာများကို တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟု အမှန်စင်စစ် ‌ဖြေဆိုကြမည်။

    [10] အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ထို‌မြေပထဝီတွင် အသင်တို့သည် (အသင်တို့လိုရာခရီးများသို့ ‌ရောက်ရှိမည့်)လမ်းမှန်ကို ရရှိကြရန်အတွက် လမ်းပန်း(အဆက်အသွယ်)များကို ပြုလုပ်ဖန်တီး‌ပေးထား‌တော်မူခဲ့သည်။

    [11] ထို့ပြင် အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို အတိုင်းအတာအချိန်အဆဖြင့် ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်ပင် ထိုမိုး‌ရေနှင့် (‌ခြောက်‌သွေ့)‌သေ‌နေ‌သောမြို့ရွာ(‌မြေယာ)များကို ရှင်သန်(စိမ်းစို)‌စေ‌တော်မူခဲ့သည်။ ဤသို့ပင် အသင်တို့လည်း(သချုႋင်းထဲမှ ရှင်ပြန်)ထွက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်။

    [12] ထို့ပြင် အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် ဖိုမစုံတွဲအမျိုးအစားမျိုးစုံကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့စီးနင်းကြ‌သော သ‌ဘေင်္ာများနှင့် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။

    [13] အသင်တို့သည် သူတို့၏ ‌ကျောကုန်းများ‌ပေါ်တွင် ကျနစွာတက်စီးကြရန်အတွက်၊ ထို့ပြင် အသင်တို့သည် ၎င်းအ‌ပေါ်တွင် ကျနစွာတက်စီးခဲ့ကြသည့်အခါ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်ကိုသတိရတသကြရန်အတွက်၊ ထို့ပြင် (ဤသို့)‌ပြောဆိုကြရန်အတွက်ဖြစ်သည်။ “ကျွန်ုပ်တို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများမဟုတ်ခဲ့ပါဘဲလျက် ကျွန်ုပ်တို့အတွက် ဤအစီးအနင်းကို နိုင်နင်း‌စေ‌တော်မူခဲ့သည့် အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူပါသည်။

    [14] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင် အမှန်ပင်ပြန်သွားကြရမည့်သူများဖြစ်ကြသည်။ ###၃

    [15] ထို့ပြင် သူတို့သည် အရှင်မြတ်၏ကျွန်များထဲမှ(အချို့ကို)အရှင်မြတ်၏ အစိတ်အပိုင်းတစ်ခုဟုသတ်မှတ်ခဲ့ကြသည်။ အမှန်စင်စစ် လူသားသည် ထင်ရှား‌သော ‌ကျေးဇူးကန်းသူပင်ဖြစ်သည်။ ###၄

    [16] အရှင်မြတ်သည် အရှင်မြတ်၏အဖန်ဆင်းခံများထဲမှ အရှင်မြတ်အတွက်(အသင်တို့ မလိုလားသည့်)သမီးမိန်းက‌လေးများအား ‌ရွေးချယ်ပြုလုပ်‌တော်မူပြီး အသင်တို့ကိုမူ (အသင်တို့လိုလားသည့်)သား‌ယောက်ျားက‌လေးများဖြင့် ‌မြှောက်စား‌ရွေးချယ်‌ပေး‌တော်မူခဲ့သ‌လော။

    [17] ထို့ပြင် သူတို့ထဲမှ တစ်စုံတစ်ဦးသည် သူကိုယ်တိုင် အနန္တကရုဏာ‌တော်ရှင်အား ခိုင်းနှိုင်း‌ဖော်ပြ‌စော်ကားခဲ့သည့်အရာနှင့် သတင်းစကား‌ပြောကြားခြင်းကို ခံရသည့်အခါ သူသည် စိတ်ထဲမှခံစားမှုကိုမျိုသိပ်ချုပ်တည်းလျက် သူ၏မျက်နှာမှာ ညှိုးနွမ်းမည်း‌မှောင်ပြီး‌နေ‌တော့သည်။ ###၅

    [18] (အ‌ခြေအတင်)စကားမှာ ရှင်းလင်းပြတ်သားစွာမ‌ပြောနိုင်ဘဲလျက် လက်ဝတ်လက်စား အလှဆင်ယင်မှုထဲ၌ပင် ကြီးပြင်းလာရသူသည် (အလ္လာဟ်အရှင်မြတ်၏)သမီး‌တော်ဖြစ်ရန် အရည်အချင်းရှိပါသ‌လော။

    [19] ထို့ပြင် သူတို့သည် အနန္တကရုဏာ‌တော်ရှင်၏ ကျွန်များဖြစ်ကြ‌သော ‌ကောင်းကင်တမန်များကို မိန်းမများဟုသတ်မှတ်ခဲ့ကြသည်။ သူတို့သည် ထို‌ကောင်းကင်တမန်များအား ဖန်ဆင်းသည့်အခါက ‌ရှေ့‌မှောက်၌ရှိ‌နေခဲ့ကြသ‌လော။ သူတို့၏ သက်‌သေထွက်ဆိုချက်သည်မကြာမီ‌ရေးမှတ်ထားခြင်းခံရမည်။ ထို့ပြင် သူတို့သည် (ကိယာမသ် ‌နေ့တွင်)စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရဦးမည်ဖြစ်သည်။

    [20] ထို့ပြင် သူတို့က‌ပြောဆိုခဲ့ကြသည်။ အကယ်၍ အနန္တကရုဏာ‌တော်ရှင်သည် အလိုရှိ‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် ထို‌ကောင်းကင်တမန်များအား ကိုးကွယ်ခဲ့ကြမည်မဟုတ်‌ပေ။ ဤသည်နှင့် ပတ်သက်၍သူတို့တွင် အသိပညာလုံးဝမရှိ‌ပေ။ (အမှန်စင်စစ်)သူတို့သည် ရမ်းဆ‌ပြောဆို‌နေကြသည်ပင်ဖြစ်သည်။

    [21] ငါ အရှင်မြတ်သည် သူတို့အား ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)၏ မတိုင်မီက ကျမ်းဂန်တစ်‌စောင်ကို ‌ပေးသနား‌တော်မူခဲ့သ‌လော။ သို့ဖြစ်ရာ သူတို့သည် ထိုကျမ်းဖြင့် လက်ကိုင်ပြု(၍အ‌ထောက်အထားပြုလုပ်)‌နေ‌သောသူများ‌လော။

    [22] ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည်(ဤသို့)‌ပြောဆိုကြသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများကို သာသနာ့လမ်းစဉ်တစ်ခု‌ပေါ်တွင် ‌တွေ့ခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထို အဘ၊ ဘိုး၊ ‌ဘေးများ‌နောက်သို့ပင် တစ်‌ထေရာတည်း လိုက်နာသူများဖြစ်ကြပါသည်။

    [23] ထို့ပြင် ထိုသို့ပင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိ‌ပေးနှိုး‌ဆော်သူ (တမန်‌တော်)တစ်ပါးပါးကို ‌စေလွှတ်‌တော်မူခဲ့သည့်အခါတိုင်း ထိုမြို့ရွာမှစည်းစိမ်ရှင်များက(ဤသို့)‌ပြောဆိုခဲ့ကြသည်ပင်ဖြစ်သည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများကို သာသနာ့ လမ်းစဉ်တစ်ခု‌ပေါ်တွင်‌တွေ့ခဲ့ကြပါသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့၏ ‌ခြေရာများ‌ပေါ်တွင် လိုက်ကြသူများပင် ဖြစ်ကြပါသည်။”

    [24] ထိုသတိ‌ပေးနှိုး‌ဆော်သူ(တမန်‌တော်)က‌ပြောသည်- “အကယ်၍ ငါသည် အသင်တို့ထံသို့ အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများအား ‌တွေ့ရှိခဲ့ကြ‌သောလမ်းစဉ်ထက်သာပိုပြီး လမ်းမှန်ကို ညွှန်ကြားပြသမည့်တရား‌တော်ကို ယူ‌ဆောင်ခဲ့လျှင်လည်း (အသင်တို့သည် အသင်တို့၏ ဓ‌လေ့ထုံးစံများကိုပင် လိုက်စားကြမည်‌လော)”။ သူတို့က ‌ပြောဆိုကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ယူ‌ဆောင်ခဲ့ကြ‌သော တရား‌တော်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်။”

    [25] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်သူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ဆိုသည်ကို ကြည့်ရှုလိုက်ပါ။

    [26] ထို့ပြင် တစ်ခါက(တမန်‌တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့ ကိုးကွယ်သည့်အရာများမှ ကင်းလွတ်သည်။

    [27] သို့ရာတွင် အကြင်အရှင်မြတ်ကိုပင် (ကျွန်ုပ်ကိုးကွယ်သည်) ထိုအရှင်မြတ်သည် ကျွန်ုပ်အားဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင်မကြာမီ အရှင်မြတ်ကပင် ကျွန်ုပ်အား အမှန်ပင်လမ်းမှန်ဩန်ကြားပြသ‌တော်မူမည်။

    [28] ထို့ပြင် ၎င်းသည် ထို(‌သောင်ဟီဒ်တရား)ကို သူတို့(ထိုဘက်)ပြန်လှည့်ကြရန်အတွက် ၎င်း၏‌နောက်တွင် ဆက်လက်တည်တံ့‌သော စကားရပ်တစ်ခုအဖြစ် ပြုလုပ်ထားခဲ့သည်။

    [29] အမှန်စင်စစ် ငါအရှင်မြတ်သည် ဤသူများနှင့် ဤသူများ၏ အဘ၊ ဘိုး၊ ‌ဘေးများကို သူတို့ထံသို့ အမှန်တရား(ဖြစ်‌သောကုရ်အာန်ကျမ်း‌တော်မြတ်)နှင့်(အမိန့်‌တော်များကို)ထင်ရှား‌စေ‌သော တမန်‌တော်တစ်ပါးသည် ‌ရောက်ရှိလာခဲ့သည်အထိ စည်းစိမ်ချမ်းသာ‌ပေးထား‌တော်မူခဲ့သည်။

    [30] ထို့ပြင် သူတို့ထံသို့ အမှန်တရား‌ရောက်ရှိလာသည့်အခါ သူတို့က “ဤသည် ‌မှော်အတတ်ပညာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤသည်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်”ဟု ‌ပြောဆိုခဲ့ကြသည်။

    [31] ထို့ပြင် သူတို့က ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်(မက်္ကဟ်မြို့နှင့် သွာအိဖ်မြို့)နှစ်မြို့မှ လူကြီးလူ‌ကောင်းတစ်ဦးတစ်‌ယောက်အ‌ပေါ်တွင် အဘယ့်‌ကြောင့်ချ‌ပေးခြင်းမခံခဲ့ရသနည်းဟု ‌ပြောဆိုခဲ့ကြသည်။ ###၆

    [32] အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကရုဏာဖြစ်‌သော တမန်‌တော်အဖြစ်ခန့်အပ်ခြင်းကို သူတို့ကပင် ခွဲ‌ဝေ‌ပေးကြသ‌လော။ (အမှန်စင်စစ်)ငါအရှင်မြတ်သည် ဤဘဝတွင် သူတို့၏ အသက်‌မွေးဝမ်း‌ကျောင်းကိစ္စကိုပင် သူတို့၏ အကြား၌ ခွဲ‌ဝေ‌ပေးထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့သည် အချို့ကို အခိုင်းအ‌စေပြုလုပ်နိုင်ရန် သူတို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းများ မြှင့်တင်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်သည် သူတို့ ရှာ‌ဖွေစု‌ဆောင်း‌နေကြသည်များထက် ပို‌ကောင်းမြတ်သည်။

    [33] ထို့ပြင် အကယ်၍ လူများအားလုံးသည် (ကုဖ်ရ်ငြင်းပယ်သည့်) သာသနာဝင် အုပ်စုတစ်ခုတည်း ဖြစ်သွားကြရန် (စိုးရိမ်စရာ)အ‌ကြောင်းမရှိခဲ့လျှင် အနန္တကရုဏာ‌တော်ရှင်ကို ‌သွေဖည်ငြင်းပယ်သူများအတွက် အမှန်ပင် ငါအရှင်မြတ်သည် သူတို့၏ ‌နေအိမ်များ၏ အမိုးများကို ‌ငွေနှင့်ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် ‌လှေကားများကိုလည်း (‌ငွေနှင့်ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)သူတို့သည် ထို(‌လှေကားများနှင့်)အမိုး‌ပေါ်သို့ တက်ကြမည်ဖြစ်သည်။

    [34] ထို့ပြင် သူတို့‌နေအိမ်များ၏ တံခါးများနှင့်သူတို့မှီထိုင်ကြ‌သော ခုတင်များကိုပါ (‌ငွေနှင့် ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)။###၇

    [35] ထို့ပြင် (ထိုပစ္စည်းများကို) ‌ရွှေနှင့်လည်း (ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)။ သို့ရာတွင် ဤအရာများသည် ဤဘဝ၏ အသုံးအ‌ဆောင်များပင်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကမူ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများအတွက်ဖြစ်သည်။

    [36] ထို့ပြင် မည်သူမဆို အနန္တကရုဏာ‌တော်ရှင်၏ဆုံးမဩဝါဒ(ကုရ်အာန်) ###၈ မှ (မျက်စိ)ကန်း‌နေလျှင်(မျက်နှာလွှဲ‌နေလျှင်) ငါအရှင်မြတ်သည် ထိုသူ့အ‌ပေါ်တွင် ရှိုင်သွာန်တစ်‌ကောင်ကို သတ်မှတ်အာရုံကျ‌စေလိုက်‌တော်မူသည်။ ထို့‌နောက် ထိုရှိုင်သွာန်သည် သူ၏အ‌ဖော်ဖြစ်သွား‌တော့သည်။

    [37] ထို့ပြင် အမှန်စင်စစ် ထိုရှိုင်သွာန်များသည် သူတို့အား လမ်း(မှန်)မှ မုချပိတ်ပင်တားဆီး‌လေ့ရှိကြသည်။ ထို့‌နောက် အမှန်ပင် သူတို့က သူတို့သည် လမ်းမှန်ရရှိသည့်သူများဖြစ်ကြသည်ဟု ထင်မြင်ယူဆကြသည်။

    [38] ‌နောက်ဆုံးတွင် ထို(ဆုံးမဩဝါဒကုရ်အာန်ကို မျက်နှာလွှဲ‌သော)သူသည် ငါအရှင်မြတ်ထံသို့ ‌ရောက်သည့်အခါ (ထိုရှိုင်သွာန်အားဤသို့) ‌ပြောဆိုမည်။ ‌ဪ- ကျွန်ုပ်နှင့် အသင်၏ အကြားတွင် အ‌ရှေ့‌နေထွက်ရာအရပ်နှင့် အ‌နောက် ‌နေဝင်ရာအရပ်မျှ‌ဝေးကွာခဲ့လျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။ သူသည် အဘယ်မျှဆိုး‌သောအ‌ဖော်ဖြစ်လိုက်သနည်း။

    [39] ထို့ပြင် အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသည့်အတွက် ထို(သို့ဝမ်းနည်းပက်လက်ဖြစ်ခြင်း)သည် ဤ‌နေ့ အသင်တို့အတွက် မည်သည့်အရာမျှ အကျိုး‌ပေးမည်မဟုတ်‌ပေ။ အမှန်စင်စစ် အသင်တို့သည် (သူတို့နှင့်အတူ)ပြစ်ဒဏ်တွင် ဖက်စပ်ပါဝင်သူများပင်ဖြစ်ကြသည်။

    [40] သို့ဖြစ်ရာ အသင်သည် နားပင်းသူများအား ကြား‌စေနိုင်ပါသ‌လော။ သို့မဟုတ် အသင်သည် မျက်စိကန်းသူများနှင့် ထင်ရှားသည့်လမ်းမှားတွင် ရှိ‌နေသူများအား တရားလမ်းမှန်ကို ညွှန်ကြားပြသနိုင်ပါသ‌လော။ ###၉

    [41] ထို့‌နောက် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား (ဤဘဝမှ)ယူ‌ဆောင်သွား‌တော်မူလျှင်လည်း အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူမည့် အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [42] သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အား ချိန်းဆိုထားသည့်အပြစ်ဒဏ်ကို အသင့်အား (ဤဘဝတွင်ရှိ‌နေစဉ်)ပြသ‌တော်မူလျှင်လည်း အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ပြစ်ဒဏ်သက်‌ရောက်‌စေခြင်းကို)တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [43] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ဝဟီအမိန့်‌တော် ထုတ်ပြန်ခြင်းခံရ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကိုပင် ခိုင်မြဲစွာ လက်ကိုင်ပြု‌နေပါ။ အမှန်စင်စစ် အသင်သည် ‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင်ရှိသည်။

    [44] ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် အသင်(တမန်‌တော်)နှင့် အသင်၏အမျိုးသားများအတွက် အမှန်ပင် ဆုံးမဩဝါဒဖြစ်သည်။ ထို့ပြင် အသင်တို့အားလုံးသည် မကြာမီစစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။

    [45] ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏မတိုင်မီ ငါအရှင်မြတ်‌စေလွှတ်‌တော်မူခဲ့‌သော တမန်‌တော်များအား “ငါအရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့ပါသ‌လော”ဟု‌မေးမြန်းစုံစမ်းကြည့်ပါ။

    [46] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေသာဓက တန်ခိုး‌တော်များနှင့်တကွ ဖိရ်‌အောင်န်နှင့် သူ၏ မှူးမတ်များထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်းက‌ပြောဆိုသည်-အမှန်စင်စစ် ကျွန်ုပ်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ တမန်‌တော်ဖြစ်သည်။

    [47] ထို့‌နောက် ၎င်းသည် သူတို့ထံသို့ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာတန်ခိုးများကို ယူ‌ဆောင်လာခဲ့သည့်အခါ ရုတ်တရက် သူတို့သည် ထိုတန်ခိုးများကို(မြင်ပြီး‌ပြောင်‌လှောင်သည့်အ‌နေနှင့်)ရယ်‌မောကြသည်။

    [48] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ပြသ‌တော်မူ‌သော တန်ခိုးတိုင်းသည် ၎င်းမတိုင်မီကပြခဲ့‌သော အခြားတန်ခိုး‌တော်ထက် ပိုမိုကြီးကျယ်‌သော တန်ခိုး‌တော်ပင်ဖြစ်ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (‌သွေဖည်ငြင်းပယ်ခြင်းကိုစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် ပြစ်ဒဏ်နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [49] ထို့ပြင် သူတို့က (တမန်‌တော်မူစာကို) ‌ပြောဆိုခဲ့ကြသည်- “အို-‌မှော်ဆရာ၊ အသင်သည် ကျွန်ုပ်တို့အတွက် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင့်ထံတွင် ကတိပြုထားသည့်အတိုင်း ဆု‌တောင်း‌ပေးပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် တရားလမ်းမှန်ကို လိုက်နာကြပါ‌တော့မည်။

    [50] ထို့‌နောက် ငါအရှင်မြတ်သည် ပြစ်ဒဏ်ကိုသူတို့ထံမှ ဖယ်ရှား‌ပေး‌တော်မူလိုက်သည့်အခါ သူတို့သည် ချက်ချင်းပင်ကတိကိုဖျက်လိုက်ကြ‌တော့သည်။

    [51] ထို့ပြင် ဖိရ်‌အောင်န်သည် သူ၏အမျိုးသားများကို ‌ကြေညာခဲ့သည်။ သူက‌ပြောသည်-အို-ငါ၏အမျိုးသားတို့၊ အီဂျစ်နိုင်ငံအား ငါပင်စိုးမိုးအုပ်ချုပ်သည်မဟုတ်‌လော၊ ထို့ပြင် ဤစမ်း‌ရေ‌ချောင်းများသည်ငါ၏ (နန်း‌တော်)‌အောက်မှ စီးဆင်း‌နေကြသည်(မဟုတ်‌လော)။ သို့ဖြစ်ပါလျက် အသင်တို့သည်(ဤဘုန်းတန်ခိုးများကို) မမြင်ကြသ‌လော။

    [52] သို့မဟုတ် ငါသည် ဤ‌သေးသိမ်သူထက် မြင့်မြတ်သည်(ဆိုသည်ကို အသင်တို့ မမြင်ကြသ‌လော)။ ထို့ပြင်၎င်းသည် ရှင်းလင်းစွာ ‌ပြောဆိုနိုင်သည်လည်းမဟုတ်‌ပေ။ ###၁၀

    [53] ထို့ပြင် ၎င်း၏ (လက်များတွင်) ‌ရွှေလက်‌ကောက်များ အဘယ့်‌ကြောင့်ဆင်ယင်‌ပေးခြင်းမခံရသနည်း။ သို့မဟုတ် ‌ကောင်းကင်တမန်များသည် အဘယ့်‌ကြောင့် ၎င်းနှင့် အတူအမြဲလိုက်ပါမလာသနည်း။

    [54] ထို့ပြင် ဖိရ်‌အောင်န်သည် သူ၏ အမျိုးသားများအား ပညာမဲ့များပြုလုပ်လိုက်သည့်အတွက် သူတို့သည် သူ၏စကား‌နောက်သို့ လိုက်ခဲ့ကြ‌တော့သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်းကျူးလွန်သည့်သူများပင်ဖြစ်ခဲ့ကြသည်။

    [55] ထို့‌နောက် သူတို့သည် ငါအရှင်မြတ်အား အမျက်ထွက်‌စေကြသည့်အခါ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်‌စေ‌တော်မူခဲ့သည်။

    [56] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား ‌နောင်လာ‌နောက်သားများအတွက် ဦးစီး‌ရှေ့‌ဆောင်နှင့် သင်ခန်းစာဖြစ်‌စေ‌တော်မူခဲ့သည်။ ###၁၁

    [57] ထို့ပြင် မရ်ယမ်၏ သား(တမန်‌တော်အီစာ)သည် စံနမူနာအဖြစ် ပမာခိုင်းနှိုင်းတင်ပြခြင်းခံရသည့်အခါ၊ အသင်၏အမျိုးသားများသည် ထိုပမာ‌ကြောင့်ချက်ချင်းပင် (‌ပျော်ရွှင်မှုနှင့်)‌အော်ဟစ်ခဲ့ကြသည်။

    [58] ထို့ပြင် သူတို့က ကျွန်ုပ်တို့၏ ကိုးကွယ်ရာများကမြင့်မြတ်သ‌လော။ သို့မဟုတ် ထိုမရ်ယမ်၏သားက မြင့်မြတ်သ‌လောဟု ‌ပြောဆိုခဲ့ကြသည်။ သူတို့သည် ဤသည်ကို အသင်၏‌ရှေ့၌ အငြင်းအခုံပြုရန်အတွက်မှလွဲ၍ မည်သည့်အတွက်မျှ တင်ပြခဲ့သည်မဟုတ်‌ပေ။ အမှန်စင်စစ် သူတို့သည် အငြင်းအခုံပြု‌လေ့ရှိ‌သော အမျိုးသားများပင်ဖြစ်ကြသည်။ ###၁၂

    [59] ထိုမရ်ယမ်၏ သားသည် ကျွန်တစ်ပါးပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ၎င်း၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည့်အပြင် ၎င်းအားအစ္စရာအီလ်မျိုးနွယ်ဝင်များအတွက် စံနမူနာတစ်ခု ပြလုပ်‌တော်မူခဲ့သည်။

    [60] ထို့ပြင် အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့အစား ‌ကောင်းကင်တမန်များအား ဖန်ဆင်း‌တော်မူခဲ့မည် အမှန်ပင်ဖြစ်သည်။ ထိုသူများသည် ကမ္ဘာ‌မြေတွင် (အသင်တို့အစားအချင်းချင်း၏) အရိုက်အရာကို ဆက်ခံကြမည်ဖြစ်သည်။

    [61] ထို့ပြင် အမှန်စင်စစ် ၎င်း(တမန်‌တော်အီစာဆင်းသက်လာခြင်း)သည် ကိယာမသ်၏ အလာမသ်နိမိတ်လက္ခဏာအမှန်ပင်ဖြစ်သည်။ ###၁၃ သို့ဖြစ်ရာ အသင်တို့သည် ထို‌နေ့ကို လုံးဝသံသယမဖြစ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ငါ၏‌နောက်သို့ လိုက်ခဲ့ကြပါ။ ဤသည် ‌ဖြောင့်မတ်သည့် တရားလမ်းပင်ဖြစ်သည်။

    [62] ထို့ပြင် ရှိုင်သွာန်သည် အသင်တို့အား (လမ်းမှန်မှ)လုံးဝမတားဆီး‌စေရ‌ပေ။ အမှန်စင်စစ် သူသည်အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။

    [63] ထို့ပြင် (တမန်‌တော်)အီစာသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ လာခဲ့သည့်အခါ (ဤသို့)‌ပြောဆိုခဲ့သည်- အမှန်စင်စစ် ငါသည်အသင်တို့ထံသို့ ဉာဏ်ပညာကိုယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် ငါသည်အသင် တို့ကွဲလွဲကြ‌သော အချို့ကိစ္စများကို အသင်တို့အား ရှင်းလင်းပြသရန်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် ငါ၏စကားကို လိုက်နာကြပါ။

    [64] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါနှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤသည်‌ဖြောင့်မတ်‌သော တရားလမ်းပင်ဖြစ်သည်။

    [65] ထို့‌နောက် သူတို့သည် သူတို့အချင်းချင်းကြားတွင် အုပ်စုများကွဲခဲ့ကြသည်။ သို့ဖြစ်ရာ မတရားကျူးလွန်သူများတွင် အလွန်နာကျင်‌စေသည့်‌နေ့၏ပြစ်ဒဏ်‌ကြောင့် ပျက်စီးမှုရှိလိမ့်မည်။

    [66] သူတို့သည် သူတို့ထံသို့ ကိယာမသ်‌နေ့သည် သူတို့ မသိဘဲလျက်ရှိစဉ် ရုတ်တရက်‌ရောက်လာမည်ကိုပင် ‌စောင့်‌နေကြသည်ဖြစ်သည်။

    [67] ထို‌နေ့တွင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများမှလွဲ၍ အခြားမိတ်‌ဆွေများသည် အချို့က အချို့၏ ရန်သူများပင်ဖြစ်သွားကြလိမ့်မည်။

    [68] (‌ကောင်းမြတ်သည့်သူများကို အရှင်မြတ်က မိန့်ကြား‌တော်မူမည်) “အို-ငါအရှင်မြတ်၏ ကျွန်တို့၊ ယ‌နေ့မှာမူ အသင်တို့အ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမျှ မရှိ‌ပေ။ ထို့ပြင်အသင်တို့သည် ပူ‌ဆွေးစရာလည်း မရှိ‌ပေ။”

    [69] (ထိုသူများသည်) အကြင်သူများပင်ဖြစ်သည်၊ သူတို့သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသည်သာမက သူတို့သည် အမိန့်‌တော်ကို လိုက်နာသူများလည်းဖြစ်ခဲ့ကြသည်။

    [70] အသင်တို့နှင့် အသင်တို့၏ဇနီးများ ###၁၄ သည် ဂျန္နသ်သုခဘုံထဲသို့ ဂုဏ်ပြုခံရလျက်‌ပျော်ရွှင်စွာဝင်‌ရောက်ကြပါ။

    [71] သူတို့‌ရှေ့၌ ‌ရွှေပန်းကန်ပြားများနှင့် ‌သောက်‌ရေဖလားများသည် လည်ပတ်‌နေလိမ့်မည်။ ထို့ပြင် ထိုအထဲတွင် စိတ်အလိုဆန္ဒရှိသမျှနှင့် မျက်စိအရသာခံစားရမည့် အ‌ကြောင်းအရာများကို ရရှိကြမည်။ ထို့ပြင် အသင်တို့သည် ထိုအထဲတွင် အမြဲ‌နေကြရမည်ဖြစ်သည်။

    [72] ထို့ပြင်ဤသည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ‌ကြောင့် အ‌မွေအဖြစ်‌ပေးသနား‌တော်မူခြင်းခံရသည့် ဂျန္နသ်ဥယျာဉ်ဖြစ်သည်။

    [73] အသင်တို့အတွက် ထိုသုခဘုံတွင် သစ်သီးဝလံအ‌မြောက်အမြားရှိမည်။ ထိုသစ်သီးဝလံများထဲမှ အသင်တို့စားသုံးကြရမည်။

    [74] အမှန်စင်စစ် အပြစ်ကျူးလွန်သူများကမူ ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်တွင် အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။

    [75] ထိုပြစ်ဒဏ်သည် သူတို့ထံမှ ‌လျှော့‌ပေါ့‌စေခြင်းခံရမည်လည်းမဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ထိုအထဲ၌ပင်‌မျှော်လင့်ချက်ကင်းစွာဖြင့် ‌နေရ‌တော့မည်ဖြစ်သည်။ ###၁၅

    [76] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား မတရားနှိပ်စက်‌တော်မူခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်တိုင်ပင် မတရားသည့်သူများဖြစ်ခဲ့ကြသည်။ ###၁၆

    [77] ထို့ပြင် သူတို့သည် (ငရဲဘုံ‌စောင့်များအား)ဟစ်‌အော်ပြီး ‌ပြောဆိုကြမည်- “အို-မာလိက်၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်တို့အား (‌သေခြင်းတရား‌ပေးပြီး)အဆုံးစီရင်‌တော်မူပါ‌စေ”။ ထို မာလိက်က ပြန်‌ပြောမည်-“အမှန်စင်စစ် အသင်တို့သည် (ဤအတိုင်းပင်)အမြဲ(ရှင်လျက်)‌နေရမည့်သူများဖြစ်ကြသည်။

    [78] အမှန်စင်စစ် ငါအရှင်မြတ်သည် မှန်ကန်‌သောသာသနာကို အသင်တို့ထံသို့ ယူ‌ဆောင်လာခဲ့‌သော်လည်း အသင်တို့ထဲမှ အများစုသည် အမှန်ကိုပင်မလိုလားကြဘဲ စက်ဆုပ်ရွံ့ရှာကြသည်။

    [79] ထို့ပြင် သူတို့သည် အ‌ရေးကိစ္စတစ်စုံတစ်ခုကို စီမံထားကြသ‌လော၊ သို့ဖြစ်လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည်လည်း စီမံ‌တော်မူမည့်အရှင်ဖြစ်‌တော်မူသည်။

    [80] သို့မဟုတ် ငါအရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်များနှင့် သူတို့တိတ်ဆိတ်စွာ တိုင်ပင်ကြသည်များကို ကြား‌တော်မူမည်မဟုတ်‌ပေဟု ထင်မှတ်ကြသ‌လော။ အဘယ့်‌ကြောင့် မကြားရမည်နည်း၊ အမှန်စင်စစ်ပင် ကြား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်၏ ‌စေတမန်များသည်သူတို့ထံတွင် ‌ရေးမှတ်‌နေကြသည်ပင်။

    [81] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်တွင် သား‌တော်တစ်ပါးရှိခဲ့လျှင် ငါသည် ပထမဆုံးကိုးကွယ်သူဖြစ်မည်။

    [82] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင် ၊ အရ်ရှ်ပလ္လင်‌တော်ကိုလည်း ဖန်ဆင်း‌တော်မူ‌သောအရှင်သည် သူတို့‌ပြောဆိုစွပ်စွဲချက်များမှ သန့်ပြန့်စင်ကြယ်‌တော်မူသည်။

    [83] သို့ဖြစ်ရာ သူတို့သည် သူတို့ချိန်းဆိုခြင်းခံရသည့်‌နေ့နှင့် ‌တွေ့ဆုံရင်ဆိုင်ကြရသည်အထိ သူတို့အား အကျိုးမဲ့စကားများထဲတွင်နစ်မွန်း‌နေရန် ကစားခုန်စား ‌ပျော်ရွှင်မြူးတူး‌နေကြရန် အသင်(တမန်‌တော်)သည် စွန့်လွှတ်ထားလိုက်ပါ။

    [84] ထို့ပြင် အရှင်မြတ်ပင် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် ကိုးကွယ်ထိုက်သည့်အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [85] ထို့ပြင် အကြင်အရှင်မြတ်သည် ‌ကောင်းချီးမဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။ ထိုအရှင်မြတ်တွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှသာမက ထိုနှစ်ခုကြားတွင်ရှိသမျှ၏ စိုးမိုးအုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင် ကိယာမသ်‌နေ့၏အချိန်ကိုလည်း အရှင်မြတ်ပင်သိ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [86] ထို့ပြင် အရှင်မြတ်အားစွန့်ပြီး သူတို့ ဟစ်‌ခေါ်တသကြသည့်သူများတွင် ကြားဝင်အသနားခံ‌ပေးနိုင်ခွင့်မရှိ‌ပေ။ သို့ရာတွင် အမှန်တရားကို သိရှိကြလျက် (ကလိမဟ်ရှဟာဒသ်နှင့်)သက်‌သေထူခဲ့ကြသည့်သူများကမူ (အရှင်မြတ်၏ ခွင့်ပြုချက်နှင့် ကြားဝင်အသနားခံ‌ပေးနိုင်မည်ဖြစ်သည်)။

    [87] ထို့ပြင် အကယ်၍အသင်သည်သူတို့အား “အသင်တို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု ‌မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်”ဟု အမှန်စင်စစ်‌ဖြေကြားကြလိမ့်မည်။ ထို့‌နောက်လည်း သူတို့သည် အဘယ်သို့ပြန်လှည့်သွား‌နေကြသနည်း။

    [88] ထို့ပြင် အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်မှာ ဤအမျိုးသားများသည်အီမာန်မယုံကြည်ကြ‌သော အမျိုးသားများဖြစ်ကြပါသည်ဟု တမန်‌တော်၏‌လျှောက်ထားချက်ကိုလည်း (အရှင်မြတ်သိရှိ‌တော်မူသည်)။

    [89] သို့ဖြစ်ရာ အသင်သည် သူတို့ထံမှ မျက်နှာလွှဲ‌နေလိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အား စလာမ်ဆိုလိုက်ပါ။ ထို့‌နောက် မကြာမီ သူတို့သည် သိရှိကြမည်။

    Surah 44
    မီးခိုးလုံး

    [1] ဟာမီမ်။

    [2] (ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှား‌သောကျမ်း‌တော်ကို သက်‌သေထူ‌တော်မူသည်။

    [3] အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို ‌ကောင်းချီးမဂင်္လာနှင့် ပြည့်စုံ‌သော ညတစ်ညတွင် ချ‌ပေးသနား‌တော်မူခဲ့သည်။ ###၁ အမှန်စင်စစ် ငါအရှင်မြတ်သည် သတိ‌ပေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    [4] ထိုညတွင် နက်နဲသိမ်‌မွေ့‌သော အ‌ရေးကိစ်္စဟူသမျှသည် အ‌သေးစိတ် သတ်မှတ်အတည်ပြုခြင်းခံကြရသည်။

    [5] ငါအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်ဖြစ်လျက်၊ အမှန်စင်စစ် ငါအရှင်သည် (အသင့်အား တမန်‌တော်အဖြစ်)‌စေလွှတ်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [6] အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကရုဏာနှင့် (‌စေလွှတ်‌တော်မူခြင်းဖြစ်သည်)။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [7] အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြမည်ဆိုလျှင်၊ (အရှင်မြတ်သည်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီသာမက ထိုနှစ်ခုကြားရှိသမျှများကိုလည်း ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်သည်။

    [8] ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ။ ထိုအရှင်မြတ်သည် ရှင်‌စေ‌တော်မူသည်။ အရှင်မြတ်သည်ပင် ‌သေ‌စေ‌တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ဖြစ်သည့်အပြင်၊ ယခင်လူများဖြစ်‌သော အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်း ဖြစ်‌တော်မူသည်။

    [9] အမှန်စင်စစ်သူတို့သည် သံသယထဲ၌ပင် ကခုန်ကစားလျက်ပင်ရှိကြသည်။ ###၂

    [10] သို့ဖြစ်ရာ အသင်သည် မိုး‌ကောင်းကင်မှ ထင်ရှား‌သော အခိုးအ‌ငွေ့ဖြစ်‌ပေါ်လာမည့်‌နေ့ကိုပင် ‌စောင့်‌နေပါ။

    [11] ထိုအခိုးအ‌ငွေ့များသည် လူသားအားလုံးကို ဖုံးလွှမ်းသွားမည်။ ဤသည် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ပင်ဖြစ်မည်။

    [12] (သူတို့က ပန်ကြားကြလိမ့်မည်)။ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ဖယ်ရှား‌ပေးသနား‌တော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါ‌တော့မည်။ ###၃

    [13] သူတို့အတွက် အဘယ်မှာလျှင်သတိတရားရရှိခြင်းသည်ရှိ‌တော့မည်နည်း။ အမှန်စင်စစ် သူတို့ထံသို့ (အမှန်တရားကို ) ထင်ရှား‌အောင်ပြသ‌သော တမန်‌တော်သည် ‌ရောက်ရှိခဲ့ပြီးဖြစ်သည်။

    [14] ထို့‌နောက် သူတို့သည် ထိုတမန်‌တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်။ ထို့ပြင် သူတို့က (တမန်‌တော်သည် သူတစ်ပါး၏ )သင်ကြားပို့ချမှုကို ခံရသူ၊ ရူးသွပ်‌နေသူဟု စွပ်စွဲ‌ပြောဆိုခဲ့ကြသည်။

    [15] အမှန်စင်စစ် ငါအရှင်မြတ်သည် အချိန်အနည်းငယ်ပြစ်ဒဏ်ကို ဖယ်ရှား‌ပေး‌တော်မူမည်ဆိုလျှင်လည်း အမှန်စင်စစ် အသင်တို့သည် (မူလအ‌ခြေအ‌နေအတိုင်းပင်)ပြန်လာကြမည်ပင်ဖြစ်သည်။

    [16] ထို‌နေ့တွင် ငါအရှင်မြတ်သည် အကြီးအကျယ် ဖမ်းဆီးအ‌ရေးယူ‌တော်မူမည်ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် တန်ပြန်အ‌ရေးယူ‌တော်မူမည်ဖြစ်သည်။

    [17] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီ၊ ဖိရ်‌အောင်န်၏ အမျိုးသားများအား စမ်းသပ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထံသို့ မြင့်မြတ်‌သော တမန်‌တော်တစ်ပါးသည် ‌ရောက်ရှိလာခဲ့သည်။

    [18] အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျွန်များကို ငါ့အားအပ်နှံကြပါ၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် ယုံကြည်စိတ်ချရ‌သော တမန်‌တော်တစ်ပါးပင်ဖြစ်သည်။

    [19] အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး ဆိုးသွမ်း‌သောင်းကျန်းမှုကို မပြုလုပ်ကြနှင့်၊ အမှန်စင်စစ် ငါသည် အသင်တို့ထံသို့ ရှင်းလင်းထင်ရှား‌သော သက်‌သေသာဓကကို ယူ‌ဆောင်လာခဲ့သည်။

    [20] ထို့ပြင် အမှန်စင်စစ် ငါသည် အသင်တို့ ငါ့အား ‌ကျောက်ခဲများနှင့် ပစ်‌ပေါက်သတ်မည်ကို စိုးရိမ်သည့်အတွက် ငါနှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ခိုလှုံထားပြီးဖြစ်သည်။

    [21] ထို့ပြင် အကယ်၍ အသင်တို့သည် ငါ့အား မယုံကြည်ကြလျှင်လည်း ငါနှင့် ခွဲခွာ‌ရှောင်ကြဉ်၍‌နေကြပါ။

    [22] ထို့‌နောက် ၎င်း(တမန်‌တော်မူစာ)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အမှန်စင်စစ် ဤသူများသည် ပြစ်မှုကျူးလွန်‌သော အမျိုးသားများဖြစ်ကြပါသည်ဟု ‌လျှောက်ထားပန်ကြားခဲ့သည်။

    [23] ထိုသို့ ‌လျှောက်ထားပန်ကြားခြင်း‌ကြောင့် (အရှင်မြတ်က မိန့်ကြား‌တော်မူသည်) အသင်သည် ငါအရှင်မြတ်၏ ကျွန်များအား ညအချိန်တွင် ‌ခေါ်‌ဆောင်သွားပါ။ အမှန်စင်စစ် အသင်တို့သည် အသင်တို့၏‌နောက်မှ(ဖိရ်‌အောင်န်နှင့် သူ၏စစ်တပ်၏)လိုက်လံခြင်း ကိုခံကြရမည်ဖြစ်သည်။

    [24] ထို့ပြင် အသင်သည် ပင်လယ်ကို ရှိရင်းအတိုင်းပင် ငြိမ်သက်စွာပင် ထားခဲ့လိုက်ပါ။ အမှန်စင်စစ် သူတို့သည် နှစ်မြှုပ်ခြင်းခံကြရမည့် စစ်တပ်ပင်ဖြစ်ကြသည်။

    [25] ထို(ဖိရ်‌အောင်န်နှင့် သူ၏အ‌ပေါင်းအပါ)များသည် ဥယျာဉ်အ‌မြောက်အမြားနှင့် စမ်း‌ချောင်းများကို စွန့်ထားခဲ့ကြရသည်။

    [26] လယ်ယာများနှင့် ‌ကောင်းမွန်‌သော‌နေအိမ်များကိုလည်း(စွန့်ထားခဲ့ကြရသည်)။

    [27] ထို့ပြင် သူတို့‌မွေ့‌လျော်‌နေခဲ့ကြ‌သော စည်းစိမ်ချမ်းသာများကိုလည်းစွန့်ထားခဲ့ကြရသည်။

    [28] ထိုသို့ပင်ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုစည်းစိမ်များကို အခြားအမျိုးသားများအား အ‌မွေဆက်ခံ‌စေ‌တော်မူခဲ့သည်။

    [29] သို့ဖြစ်ရာ မိုး‌ကောင်းကင်သည်လည်း (ဝမ်းနည်း၍) မငိုခဲ့‌ပေ။ ‌မြေပထဝီကလည်းမငိုခဲ့‌ပေ။ ထို့ပြင် သူတို့သည် ဆိုင်းငံ့ခွင့်လည်း မရရှိခဲ့ကြ‌တော့‌ပေ။

    [30] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်မှ ကယ်တင်‌တော်မူခဲ့သည်။

    [31] ဖိရ်‌အောင်န်ထံမှ (ဖြစ်‌သောပြစ်ဒဏ်မှ ကယ်တင်‌တော်မူခဲ့ခြင်းဖြစ်သည်)။ အမှန်စင်စစ် သူသည်ဆိုးသွမ်း‌သောင်းကျန်းသူ၊ စည်းကမ်းကျူးလွန်သူတစ်ဦးဖြစ်ခဲ့သည်။

    [32] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သိ‌တော်မူသည့်အတိုင်း ထိုအစ္စရာအီလ် မျိုးနွယ်ဝင်များအား (သူတို့‌ခေတ်က)စကြဝဠာမှာ ‌ရွေးချယ်‌မြှောက်စား‌တော်မူခဲ့သည်။

    [33] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ထင်ရှား‌သောစမ်းသပ်မှုများပါရှိ‌သော သက်‌သေလက္ခဏာများကို ‌ပေးသနား‌တော်မူခဲ့သည်။

    [34] အမှန်စင်စစ် ဤသူများသည် အမှန်ပင် (ဤသို့)‌ပြောဆိုကြသည်။

    [35] ထို‌သေဆုံးခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ပထမ‌သေဆုံးခြင်းပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ရှင်ပြန်ထ‌စေခြင်းကိုခံကြရမည်မဟုတ်‌ပေ။

    [36] သို့ဖြစ်ရာ အကယ်၍အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ကြလျှင်‌သေဆုံးခဲ့ကြပြီးဖြစ်‌သော ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများကို(ရှင်‌အောင်လုပ်ပြီး)‌ခေါ်ခဲ့ကြပါ။

    [37] ထိုသူများသည် သုဗ်ဗအ်၏ အမျိုးသားများထက်သာမက သူတို့မတိုင်မီက ရှိခဲ့ကြသည့်သူများထက်ပင် ပို‌ကောင်းကြသ‌လော။###၄ ငါအရှင်မြတ်သည် အမှန်စင်စစ် ထိုသူများကို သူတို့သည် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြသည့်အတွက် ဖျက်ဆီး‌တော်မူခဲ့သည်။

    [38] ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများအား ကစားသည့်အ‌နေဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်မဟုတ်‌ပေ။ ###၅

    [39] ငါအရှင်မြတ်သည် ထိုမိုး‌ကောင်းကင်များနှင့် ‌မြေပထဝီနှစ်ခုစလုံးကို မှန်ကန်သည့်ရည်ရွယ်ချက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိကြ‌ပေ။

    [40] အမှန်စင်စစ် စီရင်ဆုံးဖြတ်မည့်‌နေ့သည် သူတို့အားလုံးအတွက် သတ်မှတ်ပြီး‌သော အချိန်ကာလဖြစ်သည်။

    [41] ထို‌နေ့တွင် မည်သည့်မိတ်‌ဆွေကမျှ မည်သည့်မိတ်‌ဆွေအတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်‌ပေ။

    [42] သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြု‌တော်မူ‌သောသူများပင်(ကြားဝင်အသနားခံ‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်)။ အမှန်စင်စစ် ငါအရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [43] အမှန်စင်စစ် ဇက္ကူမ်ရှား‌စောင်းကြီးပင်သည်၊

    [44] အလွန်အပြစ်ကျူးလွန်သူများ၏ အစားအစာဖြစ်သည်။ ###၆

    [45] ဆီ‌ချေးအနည်ကဲ့သို့ (‌ကြေးရည်ကဲ့သို့)၊ ဝမ်းဗိုက်ထဲတွင် ပွက်ပွက်ဆူ‌နေမည်။

    [46] ‌ရေ‌နွေးဆူသကဲ့သို့။

    [47] ထို့‌နောက် အသင်တို့သည် သူ့ကိုဖမ်းပြီး ဂျဟန္နမ်ငရဲဘုံ၏ အလယ်ထဲသို့ တရွတ်တိုက်ဆွဲချလိုက်ကြပါ။

    [48] ထို့‌နောက် အသင်တို့သည် သူ၏‌ခေါင်း‌ပေါ်တွင် ပွက်ပွက်ဆူ‌နေသည့်‌ရေ‌နွေးပူ၏ ပြစ်ဒဏ်ကို သွန်း‌လောင်းကြပါ။

    [49] (ထို့ပြင် သူသည် ဤသို့‌ပြောဆိုခံရမည်)၊ အသင်သည် မြည်းစမ်းလိုက်ပါ၊ အမှန်စင်စစ်အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်ရှိသူဖြစ်သည်။

    [50] အမှန်စင်စစ် ဤသည် အသင်တို့ သံသယဖြစ်‌နေခဲ့သည့်အရာပင်ဖြစ်သည်။

    [51] အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများမှာမူ ငြိမ်းချမ်းသာယာသည့်‌နေရာတွင် ရှိကြမည်။

    [52] ဥယျာဉ်များနှင့်၊ စမ်း‌ချောင်းများတွင်။

    [53] သူတို့သည် ပိုးထည်အပါးစားနှင့် အထူစားဝတ်ဆင်ပြီး မျက်နှာချင်းဆိုင်ထိုင်‌နေကြလိမ့်မည်။

    [54] ထိုအတိုင်းပင်ဖြစ်ပျက်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည်သူတို့အားဖြူ‌ချောပြီး မျက်ဝန်းကျယ်‌သောမိန်းမများနှင့် ထိမ်းမြား‌ပေး‌တော်မူမည်။

    [55] သူတို့သည် ထိုဥယျာဉ်များထဲတွင်သစ်သီးဝလံမျိုးစုံကို ‌အေးချမ်းစွာမှာယူကြမည်ဖြစ်သည်။

    [56] သူတို့သည် ပထမအကြိမ် ‌သေဆုံးခဲ့ကြသည်မှလွဲ၍ ထိုဥယျာဉ်များထဲတွင် ‌သေခြင်းကို မြည်းစမ်းရ‌တော့မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့အား အရှင်မြတ်က ငရဲမီးပြစ်ဒဏ်မှလွတ်ကင်း‌စေ‌တော်မူမည်။

    [57] (ဤအရာများသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ကျေးဇူး‌တော်‌ကြောင့်ဖြစ်သည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [58] ထို့ပြင် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ကို သူတို့ တရားရယူကြရန်အတွက် အသင်(တမန်‌တော်)၏ဘာသာစကားဖြင့်ပင် လွယ်ကူ‌အောင်ပြုလုပ်‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်။

    [59] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် ‌စောင့်‌နေပါ။ သူတို့လည်း ‌စောင့်‌နေ‌သောသူများပင် ဖြစ်ကြသည်။ ###၇

    Surah 45
    ဒူးထောက်ခြင်း

    [1] ဟာမီမ်။

    [2] (ဤသည်) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သော ကျမ်းဂန်ဖြစ်သည်။ ###၁

    [3] အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အီမာန်ယုံကြည်သူများအတွက် အမှန်ပင် သက်‌သေသာဓကများရှိသည်။

    [4] ထို့ပြင် အသင်တို့အား ဖန်ဆင်းခြင်းနှင့် အရှင်မြတ်ပျံ့နှံ့‌စေ‌တော်မူ‌သော တိရစာ္ဆန်များအားဖန်ဆင်းခြင်းတွင် ယုံကြည်သူများအတွက် သက်‌သေလက္ခဏာများရှိသည်။

    [5] ထို့ပြင် ညနှင့်‌နေ့တို့အား ‌ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်မှ (မိုးရွာ‌စေပြီး)စားနပ်ရိက္ခာကို ချ‌ပေး‌တော်မူခြင်း၊ ထိုမိုး‌ရေနှင့် ‌မြေပထဝီကို ‌ခြောက်‌သွေ့‌သေပြီး‌နောက် ရှင်သန်(စိမ်းလန်း)‌စေ‌တော်မူခြင်း၊ ‌လေများအား(ဦးတည်ရာများကို)‌ပြောင်းလဲတိုက်ခတ်‌စေခြင်းများထဲတွင် သိနားလည်ကြသူများအတွက် သက်‌သေလက္ခဏာများရှိသည်။

    [6] ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏သက်‌သေလက္ခဏာ‌တော်များပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသက်‌သေလက္ခဏာ‌တော်များကို အသင်၏‌ရှေ့၌ တိကျမှန်ကန်စွာ ဖတ်ကြားပြ‌တော်မူသည်။ သို့ဖြစ်ရာ သူတို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များ၏‌နောက်တွင် မည်သည့်စကားကို ယုံကြည်ကြဦးမည်နည်း။ ###၂

    [7] အလွန်လုပ်ကြံမုသား‌ပြောဆိုသူ၊ အလွန်အပြစ်ကျူးလွန်သူတိုင်းအတွက် အကြီးအကျယ်ပျက်စီးခြင်း ###၃ ရှိသည်။

    [8] သူသည် သူ၏‌ရှေ့၌ ဖတ်ကြားပြသ‌သော အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို နား‌ထောင်သည်။ ထို့‌နောက် သူသည် ထို အာယသ်‌တော်များကို မကြားသကဲ့သို့ပင် မာန‌ထောင်ပြီး ဆက်လက်တင်းမာ‌နေသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူ့အား အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ဖြင့် သတင်း‌ကောင်း‌ပြောလိုက်ပါ။

    [9] ထို့ပြင် သူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များထဲမှ တစ်စုံတစ်ခုသိသည့်အခါ သူသည် ထိုအာယသ်‌တော်ကိုပင်‌ပြောင်‌လှောင်စရာ ပြုလုပ်‌လေ့ရှိသည်။ ထိုသူများအတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ရှိမည်။

    [10] သူ့တို့၏ ‌ရှေ့‌မှောက်တွင် ငရဲဘုံသည် ရှိ‌နေသည်။ ထို့ပြင် သူတို့ ရှာ‌ဖွေဆည်းပူးခဲ့သမျှသည်လည်း‌ကောင်း၊ သူတို့က အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ပြီးစီး‌အောင်‌ဆောင်ရွက်‌ပေးသူများအဖြစ် ပြုလုပ်သတ်မှတ်ထားသည့်သူများသည်လည်း‌ကောင်း သူတို့အတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ကြီး‌လေး‌သောပြစ်ဒဏ်ရှိမည်။

    [11] ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် ###၄ တရားလမ်းညွှန်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ အာယသ်‌တော်များကိုငြင်းပယ်သူများအတွက် ပြင်းထန်‌သောအပြစ်ဒဏ်များထဲမှ အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်ရှိမည်။

    [12] အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်အားထိုအထဲတွင် သ‌ဘေင်္ာများသည် အရှင်မြတ်၏အမိန့်‌တော်နှင့် သွားလာလှုပ်ရှားရန်အတွက်၊ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ ‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေကြရန်အတွက်နှင့် အသင်တို့သည် ‌ကျေးဇူးတင်ကြရန်အတွက် အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။

    [13] ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့်၊ ‌မြေပထဝီတွင်ရှိသမျှအားလုံးကို အရှင်မြတ်ဘက်မှ အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။

    [14] (အို-တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူများအား သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (အပြစ်ဒဏ်များကျ‌ရောက်လာမည့်)‌နေ့ရက်များကို မယုံကြည်သူများအား ခွင့်လွှတ်ထားလိုက်ရန် ‌ပြောကြားလိုက်ပါ။ သို့မှသာ အရှင်မြတ်သည် လူမျိုးတစ်မျိုးအား သူတို့ရှာ‌ဖွေပြုလုပ်ခဲ့သည့်အရာများနှင့် ပတ်သက်၍ အစား‌ပေး‌တော်မူမည်ဖြစ်သည်။

    [15] မည်သူမဆို ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် သူ့အတွက်အကျိုးပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုပြုလုပ်ခဲ့လျှင် သူ၏အ‌ပေါ်၌ပင် သက်‌ရောက်မည်ဖြစ်သည်။ ထို့‌နောက် အသင်တို့အားလုံးသည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

    [16] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များအား ကျမ်းဂန်နှင့် စီရင်ဆုံးဖြတ်မှုအပြင် တမန်‌တော်ဖြစ်ခြင်းကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သန့်ပြန့်စင်ကြယ်‌သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား (ထို‌ခေတ်က) စကြဝဠာတွင်ရှိသူများထက် ထူးကဲ‌စေ‌တော်မူခဲ့သည်။

    [17] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သာသနာ့ကိစ်္စနှင့်ပတ်သက်၍ ထင်ရှား‌သော သက်‌သေသာဓကများကို‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ထံ အသိပညာ‌ရောက်လာပြီး‌နောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှု‌ကြောင့် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့ကြားတွင် ကိယာမသ်‌နေ့၌ သူတို့ကွဲပြား‌နေခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။

    [18] ထို့‌နောက် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား သာသနာ့အ‌ရေးနှင့်ပတ်သက်၍လမ်းစဉ်တစ်ခုအ‌ပေါ်တွင် ပြုလုပ်(ရပ်တည်‌စေ)‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် ထိုလမ်းစဉ်ကိုပင်လိုက်နာပါ။ ထို့ပြင် အသင်သည် အသိပညာမဲ့သူများ၏ အလိုဆန္ဒများကို မလိုက်‌လေနှင့်။ ###၅

    [19] အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး အသင့်အတွက် အနည်းငယ်မျှ လုံးဝအသုံးဝင်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ်မတရားသူများသည် သူတို့ထဲမှအချို့သည် အချို့၏မိတ်‌ဆွေများပင်ဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများ၏မိတ်‌ဆွေဖြစ်သည်။

    [20] ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် လူများအတွက် ထင်ရှား‌သော သက်‌သေသာဓကများလည်းဖြစ်သည်။ ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့်ကရုဏာလည်းဖြစ်သည်။

    [21] မ‌ကောင်းမှုများကို ကျူးလွန်သူများက ငါအရှင်မြတ်သည် သူတို့အား အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များပြုလုပ်ခဲ့ကြသည့်သူများကဲ့သို့ သူတို့၏ အသက်ရှင်ခြင်းနှင့် သူတို့၏ အသက်‌သေခြင်းကို တန်းတူပြုလုပ်‌တော်မူမည်ဟု ထင်မှတ်ကြသ‌လော။ သူတို့၏ ဆုံးဖြတ်ချက်သည် အလွန်ပင်ဆိုးရွားလှသည်။ ###၆

    [22] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို တိကျမှန်ကန်စွာ ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် လူတိုင်းသည် သူတို့ရှာ‌ဖွေဆည်းပူးခဲ့‌သော (‌ကောင်းသည့်လုပ်ရပ်သို့မဟုတ် မ‌ကောင်းသည့်လုပ်ရပ်)နှင့် ပတ်သက်၍ သူတို့သည် မတရားပြုလုပ်ခြင်းကိုမခံကြရဘဲလျက် အစား‌ပေးခြင်းခံရရန်အတွက် (ဖန်ဆင်း‌တော်မူခဲ့ခြင်း)ဖြစ်သည်။

    [23] မိမိ၏စိတ်အလိုဆန္ဒကိုမိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ထား‌သောသူကို အသင်မမြင်‌လေသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သိလျက်နှင့်ပင် သူ့အားလမ်းမှားတွင်(လွှတ်)ထား‌တော်မူလိုက်သည်။ ထို့ပြင်အရှင်မြတ်သည် သူ၏ နားနှင့် သူ၏ စိတ်နှလုံး‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူ၏ မျက်စိ‌ပေါ်တွင် အဖုံးအကာကိုပြုလုပ် ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူ့အား အလ္လာဟ်အရှင်မြတ်၏‌နောက်တွင် မည်သူလမ်းမှန် ညွှန်ကြားပြသဦးမည်နည်း။ ထို့‌နောက်လည်း အသင်တို့သည် တရားမရယူကြသ‌လော။

    [24] ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အသက်ရှင်ခြင်းသည် ဤဘဝတွင် ငါတို့၏ အသက်ရှင်ခြင်းအပြင် အခြားမရှိ‌တော့‌ပေ။ ကျွန်ုပ်တို့သည် (တစ်ခါသာ)အသက်‌သေကြ၍(တစ်ခါသာ)အသက်ရှင်ကြသည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့အား ‌ခေတ်ကာလကပင် ပျက်စီး‌စေခြင်းဖြစ်သည်။ ဤသည်နှင့် ပတ်သက်၍ သူတို့တွင် မည်သည့်အသိပညာမှမရှိဘဲလျက် သူတို့သည် ရမ်းဆ(‌ပြောဆို)‌နေကြသည်ပင်ဖြစ်သည်။

    [25] ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ ထင်ရှား‌သော အာယသ်‌တော်များ ဖတ်ကြားခြင်းခံရသည့်အခါ သူတို့က “အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(‌သေပြီးသည့်)အဘ၊ ဘိုး၊ ‌ဘေးများကို ‌ခေါ်ယူခဲ့ကြပါ”လို့ ‌ပြောဆိုသည်မှလွဲ၍ မည်သည့်အရာမျှ ‌စောဒကတက်နိုင်သည့်အ‌ထောက်အထားမရှိ‌တော့‌ပေ။

    [26] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ရှင်‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အသင်တို့အား ‌သေ‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား သံသယဖြစ်စရာမရှိ‌သော ကိယာမသ်‌နေ့တွင် စုရုံး‌စေ‌တော်မူမည်။ သို့ရာတွင် လူအများစုသည် မသိကြ‌ပေ။

    [27] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် ကိယာမသ်အချိန်‌ရောက်လာမည့်‌နေ့တွင် အမှားကိုလိုက်စားသူများသည် ပျက်စီးဆုံးရှုံးကြမည်ဖြစ်သည်။ ###၇

    [28] ထို့ပြင် အသင်(တမန်‌တော်)သည် (ကိယာမသ်ရှင်ထမည့်‌နေ့တွင်)သာသနာဝင်အုပ်စုတိုင်းကို ဒူး‌ထောက်လျက်ရှိကြမည်ကို ‌တွေ့မြင်ရမည်။ သာသနာဝင်အုပ်စုတိုင်းသည် သူတို့၏မှတ်တမ်းစာအုပ်ထံသို့ ဖိတ်‌ခေါ် ခြင်းခံကြရမည်။ “ယ‌နေ့မူ အသင်တို့သည် အသင်တို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အစား‌ပေးခြင်းကို ခံကြရမည်ဖြစ်သည်။”

    [29] ဤသည် အသင်တို့နှင့် ပတ်သက်၍တိကျမှန်ကန်စွာ ‌ပြောပြ‌နေ‌သော ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့သမျှကို ‌ရေးမှတ်‌စေလျက်ရှိ‌တော်မူခဲ့သည်။ ###၈

    [30] ထို့‌နောက် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအား သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူသည်။ ဤသည် ထင်ရှား‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။

    [31] ထို့ပြင် ငြင်းပယ်သည့်သူများကမူ (ဤသို့ ‌ပြောဆိုခြင်းခံကြရမည်)။ ငါအရှင်မြတ်၏ အာယသ်‌တော်များသည် အသင်တို့၏‌ရှေ့၌ ဖတ်ကြားခြင်းခံခဲ့ရသည်မဟုတ်‌လော။ ထို့‌နောက်လည်း အသင်တို့သည် မာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင်ဖြစ်ခဲ့ကြသည်။

    [32] ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ချိန်းဆိုချက်သည် မှန်ကန်သည်၊ ကိယာမသ်‌နေ့သည် သံသယဖြစ်စရာမရှိ‌ပေဟု ‌ပြောဆိုခြင်းခံခဲ့ရသည့်အခါ အသင်တို့က “ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် မည်သည့်အရာနည်းဆိုသည်ကို ကျွန်ုပ်တို့မသိကြ‌ပေ။ ကျွန်ုပ်တို့သည် ထင်မြင်ချက်တစ်ခုဟူ၍သာ မြင်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ယုံကြည်သူများ မဟုတ်ကြ‌ပေ”ဟု ‌ပြောဆိုခဲ့ကြသည်။

    [33] ထို့ပြင် (ထို‌နေ့တွင်)သူတို့၏‌ရှေ့၌ သူတို့ပြုလုပ်ခဲ့ကြ‌သော မ‌ကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ‌ပေါ်လွင်လာခဲ့မည်။ ထို့ပြင် သူတို့‌ပြောင်‌လှောင်ခဲ့သည့်အရာများသည်လည်း သူတို့အား ဝိုင်းဝန်းလျက်ရှိလိမ့်မည်။

    [34] ထို့ပြင် (သူတို့သည်ဤသို့) ‌ပြောဆိုခြင်းခံကြရမည်။ အသင်တို့သည် အသင်တို့၏ ဤ‌နေ့၏‌တွေ့ဆုံမှုကို ‌မေ့‌လျော့ခဲ့ကြသကဲ့သို့ ငါအရှင်မြတ်သည်လည်း ယ‌နေ့ အသင်တို့အား ‌မေ့‌လျော့‌တော်မူမည်။ ထို့ပြင် အသင်တို့၏ ခိုလှုံရာဌာနသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် အသင်တို့တွင် ကူညီမည့်သူလည်း မည်သူမျှ မရှိ‌တော့‌ပေ။

    [35] ထိုအရာသည် အသင်တို့က အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကို ‌ပြောင်‌လှောင်စရာအဖြစ်ပြုလုပ်ခဲ့ကြသည့်အတွက်နှင့် ‌လောကီဘဝက အသင်တို့အား လှည့်စားခဲ့သည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် ယ‌နေ့မူသူတို့သည် ထိုငရဲမီးမှထွက်‌စေခြင်းခံကြရမည် မဟုတ်‌တော့‌ပေ။ (အရှင်မြတ်ကို)‌ကျေနပ်‌အောင်ခွင့်လွှတ်‌တောင်းပန်မှုလုပ်ရန် ‌တောင်းဆိုခြင်းကိုလည်း ခံကြရမည်မဟုတ်‌ပေ။ ###၉

    [36] ထို့ပြင် ချီးမွမ်းခြင်းအ‌ပေါင်းသည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် စကြဝဠာအ‌ပေါင်းတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အတွက်ပင် ဖြစ်သည်။

    [37] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်မြင့်မြတ်ကြီးကဲမှုသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အရှင်မြတ်သည်ပင် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    Surah 46
    သဲသောင်ခုံများ

    [1] ဟာမီမ်။

    [2] (ဤသည်) တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ချ‌ပေးသနား‌တော်မူ‌သော ကျမ်းဂန်ဖြစ်သည်။

    [3] ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှတို့အား တိကျမှန်ကန်မှုဖြင့် ဖန်ဆင်း‌တော်မူခဲ့သည့်အပြင် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ငြင်းပယ်သည့်သူများသည် သူတို့ သတိ‌ပေးနှိုး‌ဆော်ခံကြရခြင်းများမှ မျက်နှာလွှဲ‌နေကြသည်။

    [4] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်တသကြသည့်အရာများနှင့်ပတ်သက်၍ အသင်တို့အ‌နေနှင့် စဉ်းစားကြည့်ကြ၏‌လော၊ ထိုအရာများသည် မည်သည့်‌မြေကို ဖန်ဆင်းခဲ့ကြသနည်းဆိုသည်ကို၊ သို့မဟုတ် မိုး‌ကောင်းကင်များတွင် (မည်သည့်‌နေရာတွင်)ဖက်စပ်ပါဝင်မှုရှိ‌နေသနည်းဆိုသည်ကို ငါ့အားပြကြပါ။ အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤကျမ်းမတိုင်မီ ကျ‌ရောက်ခဲ့‌သောကျမ်းဂန်တစ်စုံတစ်ခုကိုဖြစ်‌စေ၊ (အဆင့်ဆင့်‌ရောက်လာခဲ့သည့်)အသိပညာထဲမှ အ‌ထောက်အထားတစ်စုံတစ်ခုကိုဖြစ်‌စေ ငါ့ထံသို့ယူလာကြပါ။

    [5] ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများကို ဟစ်‌ခေါ်သူထက်ပို၍ လမ်းမှားသည့်သူ မည်သူရှိမည်နည်း။ ထို(ဟစ်‌ခေါ်ခြင်းခံရသည့်)သူများသည် သူ(၏ ဟစ်‌ခေါ်မှု)ကို ကိယာမသ်‌နေ့ထိ ‌ဖြေကြားကြမည်လည်း မဟုတ်သည့်အပြင် သူတို့သည် ထိုသူတို့၏ ဟစ်‌ခေါ်မှုကိုပင် သိလိုက်ကြမည်မဟုတ်‌ပေ။ ###၁

    [6] ထို့ပြင် လူများသည် စုရုံးခြင်းခံကြရ‌သောအခါ သူတို့(၏ကိုးကွယ်ရာများ)သည် သူတို့၏ ရန်သူများပင် ဖြစ်သွားကြလိမ့်မည်။ ထို့ပြင် ထို(ကိုးကွယ်ရာ)များသည် သူတို့၏ ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြလိမ့်မည်။

    [7] ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ ထင်ရှားလျက်ရှိသည့် အာယသ်‌တော်များကို ဖတ်ကြားခြင်းခံရသည့်အခါ ငြင်းပယ်သူများက အမှန်တရား(ဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်)နှင့် ပတ်သက်၍ ထိုအမှန်တရားသည် သူတို့ထံ ‌ရောက်လာသည့်အခါ “ဤသည် ထင်ရှား‌သော ‌မှော်အတတ်ပညာဖြစ်သည်”ဟု ‌ပြောဆိုကြသည်။

    [8] သူတို့က ၎င်း(တမန်‌တော်မုဟမ်္မဒ်(ဆွ))သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို လုပ်ကြံဖန်တီးထားသည်ဟု ‌ပြောဆိုကြသ‌လော။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ ငါသည် ထိုအရာကို လုပ်ကြံဖန်တီးထားလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား မည်သည့်အရာတစ်ခုမျှ မကယ်နိုင်‌ပေ။ ထိုအရာနှင့်ပတ်သက်၍ အသင်တို့ ‌ပြောဆိုထိုးနှက်‌နေကြသည်ကို အရှင်မြတ်သည် အသိဆုံးပင်ဖြစ်‌တော်မူသည်။ အရှင်မြတ်ပင် အသင်တို့နှင့် ငါ၏ အကြားတွင် သက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [9] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကျွန်ုပ်သည် တမန်‌တော်များထဲမှ အသစ်အဆန်းမဟုတ်‌ပေ။ ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်နှင့်ပတ်သက်၍‌သော်လည်း‌ကောင်း၊ အသင်တို့နှင့် ပတ်သက်၍‌သော်လည်း‌ကောင်း မည်သို့ပြုလုပ်ခြင်းခံရမည်ဆိုသည်ကို မသိ‌ပေ။ ကျွန်ုပ်သည် ကျွန်ုပ်၏ထံသို့ ထုတ်ပြန်ခြင်းခံရ‌သော ဝဟီအမိန့်‌တော်ကိုပင် လိုက်နာခြင်းဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် ရှင်းလင်းထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးမှလွဲ၍ အခြားမည်သည့်အရာမျှမဟုတ်‌ပေ။

    [10] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်အား‌ပြောပြကြပါ။ အကယ်၍ ဤကျမ်း‌တော်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ကျမ်းဂန်ဖြစ်‌နေပြီး အသင်တို့သည် ထိုကျမ်း‌တော်ကို ငြင်းပယ်လျက်ရှိ‌နေကြဦးမည်ဆိုလျှင် (အသင်တို့၏အ‌ခြေအ‌နေ မည်သို့ဖြစ်သွားမည်နည်း)။ ထို့ပြင် အစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ သက်‌သေခံသူတစ်ဦးက (‌သောင်ရာသ်ကျမ်းသည် အရှင်မြတ်ထံ‌တော်မှချ‌ပေး‌သော ကျမ်းဖြစ်ခဲ့သကဲ့သို့) ထိုသို့ကျမ်းမျိုးပင် (ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်လည်း အရှင်မြတ်ထံ‌တော်မှပင် ချ‌ပေးသည့်ကျမ်းဖြစ်သည်)ဟု သက်‌သေထူခဲ့သည်။ ###၂ ထို့‌နောက် သူသည် အီမာန်ယူခဲ့သည်။ ထို့ပြင် အသင်တို့ကမူ မာန‌ထောင်‌နေကြဆဲပင်ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မတရားသည့်အမျိုးသားများကို တရားလမ်းမှန်ကို ပို့‌တော်မမူ‌ပေ။

    [11] ထို့ပြင် ငြင်းပယ်သည့်သူများက ယုံကြည်သူများကို ‌ပြောဆိုကြသည်။ အကယ်၍ ၎င်းကုရ်အာန်သည် ‌ကောင်းမြတ်‌သောအရာတစ်စုံတစ်ခုဖြစ်ခဲ့လျှင် သူတို့သည် ငါတို့ထက်‌စောပြီး ထိုကုရ်အာန်ကို ယုုံကြည်နိုင်ကြမည်မဟုတ်‌ပေ။ ထို့‌နောက် သူတို့သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသည့်အခါ သူတို့က ဤသည် ‌ရှေး‌ဟောင်းမုသားအလိမ်အညာတစ်ခုပင်ဖြစ်သည်ဟု မကြာမီ‌ပြောဆိုကြလိမ့်မည်။

    [12] ထို့ပြင် ဤကုရ်အာန် ကျမ်း‌တော်မြတ် မတိုင်မီ (တမန်‌တော်)မူစာ၏ ကျမ်းဂန် (‌သောင်ရာသ်)သည် ‌ရှေ့‌ဆောင်လမ်းပြအဖြစ်နှင့် ကရုဏာအဖြစ်ရှိခဲ့သည်။ ထို့ပြင် ဤကျမ်းဂန်သည် (ထို‌သောင်ရာသ်ကျမ်းကို) ‌ထောက်ခံ‌သော ကျမ်းဂန်ဖြစ်ပြီး ###၃ မတရားကျူးလွန်သည့်သူများကို သတိ‌ပေးနှိုး‌ဆော်ရန်နှင့် ‌ကောင်းကျိုးပြုသူများအတွက် သတင်း‌ကောင်းဖြစ်ရန်(စာ‌ပေအဆင့်အတန်းမြင့်ပြီး စကားကြွယ်‌သော)အရဗီဘာသာစကားနှင့် ထုတ်ပြန်ထားသည်။

    [13] အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုကြပြီး‌နောက် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည့်သူများတွင် မည်သည့်စိုးရိမ်စရာမှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် မည်သည့်ပူ‌ဆွေးမှုမှလည်း ဖြစ်ကြရမည်မဟုတ်‌ပေ။

    [14] သူတို့သည် သူတို့ပြုလုပ်ခဲ့ကြသည့်အရာများ၏ အစားအဖြစ် ဂျန္နသ်သုခဘုံထဲတွင် အမြဲ‌နေရမည့် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။

    [15] ထို့ပြင် ငါအရှင်မြတ်သည် လူသားကို သူ၏ မိဘနှစ်ပါးနှင့် ပတ်သက်၍ ‌ကောင်းမွန်စွာပြုစုဆက်ဆံရန် ‌လေးနက်စွာအမိန့်‌ပေး‌တော်မူခဲ့သည်။ သူ၏ မိခင်သည် သူ့အားဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့် လွယ်ပိုက်ခဲ့သည်။ ထို့ပြင် ဒုက္ခပင်ပန်းမှုနှင့်သာ ‌မွေးဖွားခဲ့သည်။ ထို့ပြင် သူ့အား လွယ်ပိုက်ခြင်းနှင့် သူ့အားနို့ဖြတ်ခြင်းသည် လ‌ပေါင်းသုံးဆယ်ဖြစ်သည်။ ‌နောက်ဆုံးတွင် ထိုလူသားသည် သူ၏လူလား‌မြောက်သည့်အရွယ်‌ရောက်ရှိပြီး အသက်‌လေးဆယ်‌ရောက်သည့်အခါ (ဤသို့)‌လျှောက်ထားပန်ကြားသည်။ အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိဘနှစ်ပါးအ‌ပေါ်တွင် အရှင်မြတ်ပြု‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်နှင့် ပတ်သက်၍ ကျွန်ုပ်အား အမြဲ‌ကျေးဇူး သိတတ်‌စေခြင်း၏အသိတရားကို ထည့်‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ် နှစ်သက်‌တော်မူ‌သော ‌ကောင်းမှုများကို ကျွန်ုပ်အား အမြဲပြုလုပ်နိုင်‌သောအင်အား ‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ်၏သား‌မြေးများကိုလည်း ‌ကောင်းမွန်(သည့်အရည်အချင်းရှိ)‌အောင်ပြုပြင်‌ပေးသနား‌တော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ်ထံ‌တော်တွင် ဝန်ချ‌တောင်းပန်ပါသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် (အလ္လာဟ်အရှင်မြတ်၏)အမိန့်‌တော်ကို လိုက်နာသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ###၄

    [16] ထိုသူများသည် အကြင်သူများပင် ဖြစ်ကြသည်။ သူတို့ထံမှ သူတို့၏ ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ငါအရှင်မြတ်သည် သ‌ဘောတူလက်ခံ‌တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏အပြစ်များကို (အ‌ရေးမယူဘဲ)လျစ်လျူရှု‌တော်မူမည်။ (သူတို့သည်) ဂျန္နသ်သုခဘုံသားများထဲတွင် အပါအဝင်ဖြစ်ကြလိမ့်မည်။ (ဤသည်) သူတို့ ကတိ‌ပေးခြင်းခံကြရ‌သောမှန်ကန်သည့် ကတိပင်ဖြစ်သည်။

    [17] ထို့ပြင် အကြင်သူသည် သူ၏မိဘနှစ်ပါးကို ‌ပြောဆိုသည်-အသင်တို့နှစ်ဦးအတွက် ရှက်စရာပင်ဖြစ်သည်။ အသင်တို့နှစ်ဦးသည် ကျွန်ုပ်ကို (သချုႋင်းထဲမှ)ကျွန်ုပ်ပြန်ထွက်‌စေခြင်းကို ခံရမည်ဟု ခြိမ်း‌ခြောက်ကြသ‌လော။ ထို့ပြင် ကျွန်ုပ်မတိုင်မီ လူမျိုးဆက်များသည် အမှန်ပင်ကုန်လွန်ခဲ့ပြီဖြစ်သည်။ ###၅ ထို့‌နောက်လည်း ထိုမိဘနှစ်ပါးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဟစ်‌အော်ငို‌ကြွေး အကူအညီ‌တောင်းခံလျက်ရှိကြသည်။ ###၆ (၎င်း‌နောက် ထိုသားသမီးကို ‌ပြောဆိုသည်)။ အသင်သည် ပျက်စီးရ‌လေခြင်းပင်၊ အသင်သည် အီမာန်ယုံကြည်လိုက်ပါ။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်၏ချိန်းဆိုမှုကတိသည် မှန်ကန်သည်။ သူက‌ပြောဆိုသည်-ဤသည် ‌ရှေးလူ‌ဟောင်းများ၏ပုံပြင်များပင်ဖြစ်သည်။

    [18] ဤသူများသည် အကြင်သူများပင်ဖြစ်ကြသည်၊ ထိုသူများသည် ဂျင်န်များနှင့် လူများထဲမှစင်စစ်ကုန်လွန်ပြီးဖြစ်‌သော အမျိုးသားများနှင့် အတူ သူတို့နှင့် ပတ်သက်‌သော အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်သည် အမှန်ဖြစ်ခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ဆုံးရှုံးသူများပင်ဖြစ်ကြသည်။

    [19] ထို့ပြင် လူတိုင်းအတွက် သူတို့ပြုလုပ်ခဲ့ကြ‌သောလုပ်ရပ်များနှင့် အညီ အဆင့်အတန်းများရှိသည်။ ထို့ပြင် (အရှင်မြတ်၏ ဤသို့ အကျိုး‌ပေး‌တော်မူခဲ့ခြင်းမှာ)အရှင်မြတ်သည် သူတို့အား သူတို့၏ လုပ်ရပ်များအစား သူတို့သည် မတရားပြုလုပ်ခြင်းကို မခံကြရဘဲလျက် အပြည့်အဝ‌ပေး‌တော်မူရန်အတွက်ဖြစ်သည်။

    [20] ထို့ပြင် ငြင်းပယ်သည့်သူများသည် ငရဲမီး၏‌ရှေ့တွင် ယူ‌ဆောင်လာခြင်းခံကြရသည့်အခါ (ဤသို့မိန့်ကြားခံကြရမည်)၊ အသင်တို့သည် အသင်တို့၏ ‌လောကီဘဝ၌ပင် အသင်တို့၏ ‌ကောင်းမြတ်သည့်အရာ စည်းစိမ်ချမ်းသာမှုများကို ဖြုန်းတီးခဲ့ကြပြီးဖြစ်သည်။ ထိုအရာများနှင့် အကျိုးလည်းခံစားခဲ့ကြပြီးဖြစ်သည်။သို့ဖြစ်ရာ ယ‌နေ့မူ အသင်တို့သည် ‌မြေပထဝီတွင် အသင်တို့ မတရားမာန‌ထောင်ခဲ့ကြသည့်အတွက်နှင့်အမိန့်‌တော်ကို ‌သွေဖည်လျက်ရှိခဲ့ကြသည့်အတွက် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို အစား‌ပေးခြင်းခံကြရမည်ဖြစ်သည်။

    [21] ထို့ပြင် အသင်(တမန်‌တော်) သည် အာဒ်အမျိုးသားများ၏‌နောင်‌တော်(တမန်‌တော်ဟူဒ်)၏အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို အဟ်ကာဖ်ဆို‌သော သဲ‌တောင်ကုန်းများတွင် သတိ‌ပေးနှိုး‌ဆော်ခဲ့သည်။ (ဤဖြစ်စဉ်ကို အ‌ကြောင်းပြုပြီး ဤစူရဟ်ကို အဟ်ကာဖ် ဟုအမည်‌ပေးထားခြင်းဖြစ်သည်။) ထို့ပြင် ထို‌နောင်‌တော်၏ မတိုင်မီသာမက ၎င်း၏‌နောက်တွင်လည်း သတိ‌ပေးနှိုး‌ဆော်သူများသည် အမှန်ပင်လွန်ခဲ့ပြီးဖြစ်သည်။ (၎င်းက‌ပြောသည်)- အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမှ မကိုးကွယ်ကြနှင့်။ အမှန်စင်စစ် ငါသည် အသင်တို့နှင့် ပတ်သက်၍ ကြီးကျယ်သည့်‌နေ့၏ ပြစ်ဒဏ်ကို စိုးရိမ်သည်။

    [22] သူတို့က ‌ပြောဆိုကြသည်။ အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာများမှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံသို့လာခဲ့သ‌လော။ သို့ဖြစ်ရာ အသင်သည် မှန်ကန်သူတစ်ဦးဖြစ်ခဲ့လျှင်အသင် ကျွန်ုပ်တို့အား ကတိပြုခြိမ်း‌ခြောက်‌နေသည့်အရာ (ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံသို့ ယူ‌ဆောင်လာခဲ့ပါ။

    [23] ၎င်းက‌ပြောသည်-(အပြစ်ဒဏ်၏ )အသိပညာကမူ အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ထို့ပြင် ငါသည် အသင်တို့ထံသို့ ငါ‌စေလွှတ်ခြင်းခံရ‌သော အမိန့်‌တော်များကိုပင် ပို့‌ဆောင်ခြင်းဖြစ်သည်။ သို့ရာတွင် ငါသည်အသင်တို့အား အသိဉာဏ်မရှိသည့်သူများအဖြစ် ‌တွေ့မြင်ရသည်။

    [24] ထို့‌နောက် သူတို့သည် ထိုပြစ်ဒဏ်ကို သူတို့၏‌တောင်ကြားအရပ်များဘက် ဦးလှည့်လာသည့် မိုးတိမ်များအဖြစ် ‌တွေ့မြင်ကြရသည့်အခါ သူတို့က ဤသည် ကျွန်ုပ်တို့အ‌ပေါ်ရွာချမည့် မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ထိုအရာသည် အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုခဲ့ကြသည့်အရာ(ပြစ်ဒဏ်)ပင်ဖြစ်သည်။ (ထိုအရာသည်) သူ၏အထဲတွင် အလွန်နာကျင်‌စေ၍ ပြစ်ဒဏ်ပါရှိ‌သော ‌လေပြင်းမုန်တိုင်း တစ်ခုဖြစ်သည်။

    [25] ထို‌လေသည် သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်နှင့် အရာအားလုံးကို ဖျက်ဆီးသည်။ ထို့ပြင် သူတို့အိမ်များမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်ရသည့်အဖြစ်သို့ ‌ရောက်သွားခဲ့ကြသည်။ ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ဤသို့ပင် အစား‌ပေး‌တော်မူသည်။

    [26] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌ပေး‌တော်မမူခဲ့‌သော စွမ်းရည်သတ္တိကိုပင် သူတို့အား‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက်လည်း သူတို့၏ နားများ၊ သူတို့၏ မျက်စိများနှင့် သူတို့၏စိတ်နှလုံးများသည် မည်သည့်အရာမျှ အသုံးမဝင်ခဲ့ကြ‌ပေ။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို ငြင်းပယ်‌နေခဲ့ကြ‌သော‌ကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့ ‌ပြောင်‌လှောင်‌နေခဲ့ကြ‌သောပြစ်ဒဏ်သည် သူတို့အား ဝန်းရံခဲ့သည်။

    [27] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်တွင်ရှိခဲ့‌သော မြို့ရွာများကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့(၏တွဲဖက်ကိုးကွယ်မှုများကိုစွန့်ပြီး)ပြန်လှည့်လာကြရန်အတွက် သက်‌သေလက္ခဏာများကို အမျိုးမျိုး‌ပြောင်းလဲမိန့်ကြားပြသ‌တော်မူခဲ့သည်။

    [28] ထို့‌နောက် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး နီးကပ်မှုရှာ‌ဖွေရန်ကိုးကွယ်ရာများအဖြစ် သူတို့သတ်မှတ်ပြုလုပ်ခဲ့ကြ‌သော ကိုးကွယ်ရာများသည် သူတို့အား အဘယ့်‌ကြောင့် မကူညီခဲ့ကြသနည်း။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ထိုကိုးကွယ်ရာများသည် သူတို့ထံမှ ‌ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ထိုအရာများသည် သူတို့၏ လိမ်လည်မုသားနှင့် သူတို့လုပ်ကြံဖန်တီးထားခဲ့‌သော အရာများပင်ဖြစ်သည်။

    [29] ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ဂျင်န်အုပ်စုတစ်ခုကို ကုရ်အာန်နား‌ထောင်ကြရန်အတွက် အသင်(တမန်‌တော်)ရှိသည့်‌နေရာသို့ လှည့်‌ပေးလိုက်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ၎င်း(တမန်‌တော်မြတ်)ထံသို့ ‌ရောက်ရှိကြသည့်အခါ သူတို့က (သူတို့အချင်းချင်း) ဆိတ်ဆိတ်‌နေကြပါဟု ‌ပြောဆိုခဲ့ကြသည်။ ထို့‌နောက် ထိုကုရ်အာန်ကျမ်း‌တော်မြတ်(ဖတ်ရွတ်မှု)ပြီးဆုံးသွားသည့်အခါ သူတို့သည် သူတို့၏ အမျိုးသားများထံသို့ သတိ‌ပေးနှိုး‌ဆော်သူများအဖြစ် လှည့်ပြန်ခဲ့ကြသည်။ ###၇

    [30] သူတို့(ဂျင်န်များ)က ‌ပြောဆိုခဲ့ကြသည်-အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (တမန်‌တော်)မူစာ၏ ‌နောက်တွင် ချ‌ပေးခြင်းခံရ၍ ၎င်း၏မတိုင်မီမှ ကျမ်းများကို ‌ထောက်ခံလျက်ရှိ‌သော ကျမ်းတစ်‌စောင်ကို ကြားခဲ့ကြရသည်။ ထိုကျမ်းသည် အမှန်တရားနှင့် ‌ဖြောင့်မတ်မှန်ကန်သည့်လမ်းကို ညွှန်ကြားပြသသည်။

    [31] အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်‌ခေါ်‌သော ၎င်း၏ဖိတ်‌ခေါ် ချက်ကို လက်ခံလိုက်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုဖိတ်‌ခေါ်သူကို ယုံကြည်ကြပါ။ (သို့ဖြစ်လျှင်)အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ‌ပေးသနား‌တော်မူမည့်အပြင် အရှင်မြတ်သည် အသင်တို့အား နာကျင်‌စေ‌သောပြစ်ဒဏ်မှလည်းကာကွယ်‌စောင့်‌ရှောက်‌တော်မူမည်။

    [32] ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်သည့်သူ၏ ဖိတ်‌ခေါ်ချက်ကို လက်မခံခဲ့လျှင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား)ကမ္ဘာ‌မြေတွင် မစွမ်း‌ဆောင်နိုင်‌အောင် ပြုစွမ်းနိုင်သည့်သူမဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူ့အတွက် ကာကွယ်‌စောင့်‌ရှောက်မည့်သူများလည်း မည်သူမျှရှိမည်မဟုတ်‌ပေ။ ထိုသူများသည် ထင်ရှားသည့်လမ်းမှားမှု၌ပင် ရှိ‌နေကြသည်။

    [33] ထို့‌နောက် အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခဲ့ပြီး ထိုအရာများကို ဖန်ဆင်း‌တော်မူခြင်း‌ကြောင့် ‌မောပန်း‌တော်မူခြင်းမရှိခဲ့‌သော အလ္လာဟ်အရှင်မြတ်သည် ‌သေသူများအားရှင်‌စေခြင်းကို အလွန်စွမ်း‌ဆောင်နိုင်သည့်အရှင်ဖြစ်‌တော်မူ‌ကြောင်း သူတို့သည် မစဉ်းစားမ‌တွေ့မြင်ခဲ့ကြ‌လေသ‌လော။ အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [34] ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ငရဲမီး၏‌ရှေ့သို့ ယူ‌ဆောင်လာခြင်းခံကြရသည့်‌နေ့တွင် ဤသည် အမှန်ပင်မဟုတ်‌လေသ‌လော(ဟု‌မေးမြန်းခြင်းခံကြရမည်)။ သူတို့က ‌ပြောဆိုကြမည်- “ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကိုတိုင်တည်ပါသည်၊ ဟုတ်ပါသည်”။ အရှင်မြတ်က မိန့်‌တော်မူမည်- “သို့ဖြစ်လျှင် အသင်တို့သည် အသင်တို့ ငြင်းပယ်ခဲ့ခြင်း‌ကြောင့် ပြစ်ဒဏ်ကိုမြည်းစမ်းလိုက်ကြပါ”။

    [35] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် စိတ်ဓာတ်ကြံ့ခိုင်‌သော တမန်‌တော်များကဲ့သို့ပင် သည်းခံပါ။ ထို့ပြင် အသင်သည် သူတို့နှင့် ပတ်သက်၍ အလျင်စလိုမပြု‌လေနှင့်။ သူတို့သည် သူတို့ချိန်းဆိုခြင်းခံကြရ‌သော ပြစ်ဒဏ်ကို‌တွေ့မြင်ကြသည့်‌နေ့တွင် သူတို့သည် (‌လောကတွင်) ‌နေ့အချိန်၏ တစ်နာရီမျှအချိန်ထက် ပို‌နေခဲ့ကြသည်မဟုတ်သကဲ့သို့ (ထင်မှတ်ကြမည်)။ (ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အသင့်ထံသို့ အမိန့်‌တော်များ)ပို့‌ဆောင်ခြင်းပင်ဖြစ်သည်။ ထို့‌နောက် ငြင်းပယ်သူများပင် ဖျက်ဆီးခြင်းကိုခံကြရလိမ့်မည်။ ###၈

    Surah 47
    မုဟမ္မဒ်

    [1] အကြင်သူများသည် ‌သွေဖည်ငြင်းပယ်ခဲ့ကြပြီး သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်း‌တော်မှ ပိတ်ပင်တားဆီးခဲ့ကြသည်။ အရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို အလဟဿအကျိုးမဲ့ဖြစ်‌စေ‌တော်မူမည်။

    [2] ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြလုပ်ခဲ့ကြသည်။ ထို့ပြင်သူတို့သည်(တမန်‌တော်)မုဟမ္မဒ်၏အ‌ပေါ်တွင် ချ‌ပေး‌တော်မူခြင်းခံခဲ့ရသည့်အရာကို ထိုအရာသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေးခဲ့သည့် မှန်ကန်‌သောအရာအဖြစ်နှင့် ယုံကြည်ခဲ့ကြသည်။ အရှင်မြတ်သည် သူတို့၏ မ‌ကောင်းမှုများကို သူတို့မှ ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူတို့၏ အ‌ခြေအ‌နေကိုလည်း ‌ကောင်း‌အောင်ပြုပြင်‌ပေး‌တော်မူမည်ဖြစ်သည်။

    [3] ဤသို့ဖြစ်ရခြင်းကမူ အမှန်မှာကာဖိရ်များသည် အမှားကိုလိုက်နာခဲ့ကြသည့်အတွက်နှင့် အီမာန်ယုံကြည်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားကို အမှန်ပင် လိုက်နာခဲ့ကြသည့်အတွက် ဖြစ်သည်။ ဤအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် လူများအတွက် သူတို့၏အ‌ခြေအ‌နေများကို ခိုင်းနှိုင်းမိန့်ကြား‌တော်မူသည်။

    [4] ထို့‌နောက် အသင်တို့သည် ကာဖိရ်များနှင့် ရင်ဆိုင်‌တွေ့ကြသည့်အခါ လည်ကုပ်များကို ခုတ်ဖြတ်ကြပါ။ ‌နောက်ဆုံးတွင် အသင်တို့သည် သူတို့အား ‌ကောင်းစွာသတ်ဖြတ်ခဲ့ကြပြီးသည့်အခါ သုံ့ပန်းများကို ကြိုးများနှင့်‌သေချာတုပ်‌နှောင်ကြပါ။ ထို့‌နောက် (အသင်တို့သည်) ‌ကျေးဇူးပြုသည့်အ‌နေနှင့် (‌လျော်‌ကြေးမယူဘဲ)ပြန်လွှတ်သည်ပင်ဖြစ်‌စေ၊ ‌လျော်‌ကြေးယူ၍ (ပြန်လွှတ်သည်)ပင်ဖြစ်‌စေ (ပြုပိုင်ခွင့်ရှိသည်)။ စစ်မက် တိုက်ခိုက်မှုသည် လက်နက်ချသည်အထိ (သူတို့နှင့် ပတ်သက်‌သော အမိန့်‌တော်သည်)ဤအတိုင်းပင်ဖြစ်သည်။ ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် (စစ်တိုက်ရန် အမိန့်မထုတ်ဘဲ အရှင်မြတ်ကိုယ်‌တော်တိုင်) သူတို့အား တန်ပြန်အပြစ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် အသင်တို့ထဲမှ အချို့ကိုအချို့နှင့် စမ်းသပ်‌တော်မူရန်အတွက် (စစ်တိုက်အမိန့်ကို ထုတ်ပြန်‌တော်မူခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သတ်ဖြတ်ခြင်းခံခဲ့ကြရသည့်သူများ၏လုပ်ရပ်များကို အရှင်မြတ်သည် မည်သည့်အခါမှ အလဟဿ ဖြစ်‌စေ‌တော်မူမည်မဟုတ်‌ပေ။

    [5] အရှင်မြတ်သည် မကြာမီ သူတို့ကို လမ်းမှန်ပို့‌တော်မူမည့်အပြင် သူတို့၏ အ‌ခြေအ‌နေကိုလည်း ‌ကောင်းမွန်‌အောင် ပြုပြင်‌ပေး‌တော်မူမည်ဖြစ်သည်။

    [6] ထို့ပြင် အရှင်မြတ်သည် သူတို့အား (ဝဟီအမိန့်‌တော်နှင့်) အသိ‌ပေးခဲ့သည့် ဂျန္နသ်သုခဘုံသို့ဝင် ‌ရောက်‌စေ‌တော်မူမည်။ ###၁

    [7] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကူညီကြလျှင်အရှင်မြတ်ကလည်း အသင်တို့အား ကူညီ‌တော်မူမည်။###၂ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ‌ခြေများကို မြဲမြံကြံ့ခိုင်‌စေ‌တော်မူမည်။

    [8] ကာဖိရ်များအတွက်ကမူ ပျက်စီးခြင်းပင်ရှိမည်။ ထို့ပြင် သူတို့၏လုပ်ရပ်များကိုလည်း အရှင်မြတ်သည် အလဟဿအကျိုးမဲ့ဖြစ်‌စေ‌တော်မူမည်။

    [9] ဤသည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအရာ(အမိန့်‌တော်များ)ကို အမှန်စင်စစ် သူတို့သည် စက်ဆုပ်ခဲ့ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို အလဟဿအကျိုးမဲ့ဖြစ်‌စေ‌တော်မူခဲ့သည်။

    [10] သူတို့သည် ကမ္ဘာ‌မြေတွင် လှည့်လည်သွားလာမှုကိုမပြုခဲ့ကြသ‌လော။ ထိုသို့ပြုခဲ့လျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ဆိုသည်ကို မြင်ကြမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထို(ယခင်က)သူများကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် (ဤ)ကာဖိရ်များအတွက်လည်း ထိုသို့အဖြစ်အပျက်ပင်ဖြစ်‌ပေါ်လိမ့်မည်။

    [11] ထိုသို့ဖြစ်ရသည်မှာ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများ၏ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သောသခင်အစစ်အမှန်ဖြစ်သည့်အတွက်နှင့် အမှန်စင်စစ် ကာဖိရ်များတွင် ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော အရှင်သခင်မရှိခြင်း‌ကြောင့်ဖြစ်သည်။

    [12] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး‌နောက် ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအား ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများ စီးဆင်းလျက်ရှိမည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များ စား(‌သောက်)ကြသကဲ့သို့ (ဤ‌လောကတွင်)စည်းစိမ်ခံခြင်းနှင့် စား(‌သောက်‌နေထိုင်)ခြင်းကို ပြုလုပ်‌နေကြသည်။ ထို့ပြင် ငရဲမီးပင် သူတို့၏ ‌နေရာထိုင်ခင်းဖြစ်သည်။

    [13] ထို့ပြင် မြို့ရွာအ‌မြောက်အမြား(တွင်‌နေထိုင်သူများ)သည် အသင်(တမန်‌တော်)အား နှင်ထုတ်ခဲ့‌သော အသင်၏မြို့(တွင်‌နေထိုင်သူများ)ထက်ပင် အင်အားအ‌နေဖြင့် ပိုမိုပြင်းထန်ခဲ့ကြသည်။ ငါအရှင်မြတ်သည် ထိုမြို့ရွာသားများအားဖျက်ဆီး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့အား ကူညီမည့်သူ မည်သူမျှမရှိခဲ့‌ပေ။

    [14] ထို့‌နောက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာ‌ပေါ်တွင် ရပ်တည်‌နေကြသည့်သူများသည် အကြင်သူများကဲ့သို့ ဖြစ်ကြပါမည်‌လော။ ထိုသူများ၏ မ‌ကောင်းသည့်လုပ်ရပ်များသည် သူတို့အမြင်တွင် လှပတင့်တယ်‌အောင် ပြုလုပ်ခြင်းခံခဲ့ရသည့်အပြင် သူတို့သည် သူတို့၏ စိတ်အလိုဆန္ဒများ‌နောက်သို့ လိုက်ခဲ့ကြသည်။

    [15] မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအား ကတိ‌ပေးခြင်းခံကြရ‌သော ဂျန္နသ်သုခဘုံ၏ အ‌ခြေအ‌နေမှာ (ဤသို့ဖြစ်သည်)။ ထိုအထဲတွင် အနံ့အရသာမပျက်‌သော စမ်း‌ရေ‌ချောင်းများ၊ အရသာ‌ပြောင်းလဲမသွား‌သော နို့ရည်‌ချောင်းများ၊ ‌သောက်သုံးသူများအတွက် အနံ့အရသာ‌ကောင်း‌သော အရက်‌ချောင်းများ ###၃ နှင့် သန့်ပြန့်စင်ကြယ်‌သော ပျားရည်‌ချောင်းများရှိမည်။ ထို့ပြင် သူတို့အတွက် ထိုအထဲတွင် သစ်သီးဝလံများမျိုးစုံလည်းရှိမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်လည်းရှိမည်။ (ထိုသူများသည်)အကြင်သူများကဲ့သို့(ဖြစ်နိုင်ကြပါမည်‌လော)။ ထိုသူများသည် မီးထဲတွင် အမြဲ‌နေကြရမည့်သူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးကို တိုက်‌ကျွေးခြင်းခံကြရမည်ဖြစ်သည့်အတွက် ထို‌ရေ‌နွေးသည် သူတို့၏အူများကို အပိုင်းပိုင်းပြတ်‌တောက်‌စေလိမ့်မည်။

    [16] ထို့ပြင် သူတို့ထဲတွင် အသင် (တမန်‌တော်)၏ဘက်သို့ နားစွင့်‌နေကြသူများလည်း ရှိကြသည်။ ‌နောက်ဆုံးတွင် အသင်၏ထံမှထွက်သွားခဲ့ကြသည့်အခါ သူတို့သည် အသိပညာ‌ပေးခြင်းခံရသည့်သူများအား ၎င်း(တမန်‌တော်)သည် (ယခု)မည်သည့်စကား‌ပြောဆိုခဲ့သနည်းဟု ‌မေးမြန်းကြသည်။ ထိုသူများသည် အကြင်သူများပင်ဖြစ်ကြသည်၊ အလ္လာဟ်အရှင်မြတ်က သူတို့၏ စိတ်နှလုံးများ အ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်ထား‌တော်မူသည်။ ထို့ပြင် သူတို့သည် သူတို့၏ စိတ်အလိုဆန္ဒများကိုလိုက်ကြသည်။ ###၄

    [17] ထို့ပြင် တရားလမ်းမှန်ကို ရရှိခဲ့ကြသည့်သူများကိုမူ အရှင်မြတ်သည် ပိုပြီး တရားလမ်းမှန်ကို ပြ‌တော်မူသည်။ ထို့ပြင် သူတို့အား သက္ကဝါတရားကိုလည်း ‌ပေးသနား‌တော်မူသည်။ ###၅

    [18] ထို့‌နောက် သူတို့သည် ရုတ်တရက် သူတို့ထံသို့ ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ ဆိုက်‌ရောက်လာသည်ကိုပင် ‌စောင့်‌နေကြသည်။ ၎င်းပြင် အမှန်စင်စစ် ထို‌နေ့၏ နိမိတ်လက္ခဏာများသည် ‌ရောက်လာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ထို‌နေ့ သူတို့ထံသို့ ‌ရောက်လာသည့်အခါ သူတို့တွင် သတိတရားရခြင်းသည် သူတို့အတွက် မည်သို့အကျိုးရှိ‌တော့မည်နည်း။

    [19] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင်မရှိ‌ကြောင်း အသင်သိရှိယုံကြည်ထားပါ။ ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏‌လျော့နည်းမှုနှင့် ပတ်သက်၍လည်း‌ကောင်း၊ အီမာန်ယုံကြည်သူ ‌ယောက်ျား၊ မိန်းမများအတွက်လည်း‌ကောင်း လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံပါ။ ###၆ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ လှည့်လည်သွားလာမှုနှင့် အသင်တို့၏ ခိုလှုံရာကို သိရှိ‌တော်မူသည်။

    [20] ထို့ပြင် အီမာန်ယုံကြည်သူများက စူရဟ်ကဏ္ဍတစ်စုံတစ်ခု အဘယ့်‌ကြောင့် မကျ‌ရောက်ခဲ့သနည်းဟု ‌ပြောဆို(‌တောင့်တ)ခဲ့ကြသည်။ ထို့‌နောက် ရှင်းလင်းပြတ်သား‌သော စူရဟ် တစ်စုံ တစ်ခု ချ‌ပေးခြင်းခံရပြီး ထိုအထဲတွင် စစ်တိုက်ရန် အ‌ကြောင်း‌ဖော်ပြပါရှိသည့်အခါ စိတ်နှလုံးများတွင် ‌ရောဂါ‌ဝေဒနာရှိသည့် သူများသည် ‌သေခါနီးမျက်ဖြူဆိုက်‌နေသည့်သူများ၏ အကြည့်မျိုးဖြင့် အသင်၏ဘက်သို့ ကြည့်‌နေသည်ကို အသင်‌တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့အတွက် ပျက်စီးဆုံးရှုံးမှုရှိ‌ပေသည်။

    [21] (အရှင်မြတ်၏ ) အမိန့်‌တော်ကိုလိုက်နာမှုနှင့် (တမန်‌တော်မြတ်ကို)‌ကောင်းမွန်သည့်စကား‌ပြောဆိုခြင်းသည် (သူတို့အတွက် ပို‌ကောင်းသည်)။ ထို့‌နောက် အ‌ရေးကိစ္စ(စစ်တိုက်ခြင်း)သည် သတ်မှတ်ပြီးဖြစ်သည့်အခါ အကယ်၍သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မှန်ကန်စွာ ဆက်ဆံကြလျှင် သူတို့အတွက်အမှန်ပင် အ‌ကောင်းဆုံးဖြစ်ခဲ့လိမ့်မည်။ ###၇

    [22] ထို့‌နောက် အကယ်၍ အသင်တို့သည်(စစ်တိုက်ခြင်းမှ)မျက်နှာလွှဲခဲ့ကြလျှင် (အမိုက်‌ခေတ်ထံသို့ပင်ပြန်သွားပြီး)ကမ္ဘာ‌မြေတွင် ‌သောင်းကျန်းဖျက်ဆီးကြရန်နှင့် အသင်တို့အချင်းချင်း (သတ်ဖြတ်လျက်) သားချင်း‌တော်စပ်မှုကို ဖြတ်‌တောက်ကြရန်ပင် ‌မျှော်လင့်လိုလား‌နေကြသ‌လော။ ###၈ (တစ်နည်း)ထို့‌နောက် အကယ်၍ အသင်တို့သည် (အရှင်မြတ်၏ အမိန့်‌တော်များကို နာခံကျင့်သုံးသည့်သူများမဖြစ်ဘဲနှင့်)အုပ်ချုပ်မှုအာဏာလွှဲအပ်ခြင်းခံကြရလျှင် ကမ္ဘာ‌မြေတွင် ‌သောင်းကျန်းဖျက်ဆီးကြရန်နှင့် အသင်တို့အချင်းချင်း (သတ်ဖြတ်လျက်)သားချင်း‌တော်စပ်မှုကိုဖြတ်‌တောက်ကြရန်ပင် ‌မျှော်လင့်ရန်ရှိ‌တော့သည်မဟုတ်‌လော။

    [23] ထိုသူများသည် အကြင်သူများပင်ဖြစ်ကြသည်။ အလ္လာဟ် အရှင်မြတ်သည် သူတို့ကို ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ကို နားပင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့၏မျက်စိများကိုလည်း ကန်း‌စေ‌တော်မူခဲ့သည်။

    [24] ထို့‌နောက် သူတို့သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို စဉ်းစားဆင်ခြင်မှု မပြုကြ‌လေသ‌လော။ သို့မဟုတ် (သူတို့၏ )စိတ်နှလုံးများ‌ပေါ်တွင် ‌သော့ခ‌လောက်များ(ခတ်ထားလျက်)ရှိ‌နေသ‌လော။ ###၉

    [25] အမှန်စင်စစ် အကြင်သူများသည် သူတို့အတွက် လမ်းမှန်ထင်ရှားပြီးသည့်‌နောက်တွင်မှ ‌ကျောခိုင်း၍ ပြန်လှည့်သွားကြသည်။ သူတို့အား ရှိုင်သွာန်သည် ဖြား‌ယောင်းခဲ့သည့်အပြင် သူသည် သူတို့အား ‌မျှော်လင့်ချက်‌ပေးခဲ့သည်။

    [26] ထိုသို့ဖြစ်ရခြင်းမှာမူ သူတို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော အမိန့်‌တော်များကို မနှစ်မြို့ကြသည့်သူများအား အမှန်ပင် ကျွန်ုပ်တို့သည် အချို့ကိစ္စများတွင် မကြာမီ အသင်တို့၏ စကားကိုလိုက်နာကြမည်ဟု ‌ပြောဆိုခဲ့ကြသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ချက်ကို သိရှိ‌တော်မူသည်။

    [27] ‌ကောင်းကင်တမန်များသည် သူတို့၏ မျက်နှာများနှင့် သူတို့၏ ‌ကျောကုန်းများကို ရိုက်ကြလျက် သူတို့၏ အသက်ဝိညာဉ်ကို နှုတ်သိမ်းကြသည့်အခါ (သူတို့သည်) မည်သို့ဖြစ်‌နေကြမည်နည်း။

    [28] ထိုသို့ဖြစ်ရခြင်းမှာမူ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်မနှစ်မြို့သည်များကို လိုက်နာခဲ့ကြသည့်အတွက်‌ကြောင့်နှင့် အရှင်မြတ်၏ ‌ကျေနပ်မှုကို မနှစ်မြို့ခဲ့သည့်အတွက်‌ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏ လုပ်ရပ်များကို အလဟဿဖြစ်‌စေ‌တော်မူခဲ့ခြင်းဖြစ်သည်။

    [29] စိတ်နှလုံးများတွင် ‌ရောဂါ‌ဝေဒနာရှိသည့်သူများသည် သူတို့၏ ရန်ငြိုးထားမှုများကို ငါအရှင်မြတ်သည် လုံးဝထုတ်‌ဖော်‌တော်မူမည်မဟုတ်‌ပေဟု ထင်မှတ်‌နေကြသ‌လော။

    [30] ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)အား သူတို့ကို အမှန်ပင်ပြသ‌တော်မူမည်။ ထို့‌နောက် အသင်သည် အမှန်ပင် သူတို့အား သူတို့၏ ရုပ်ရည်အသွင်သဏ္ဍာန်နှင့် အတိအကျသိရှိရမည်။ ထို့ပြင် အသင်သည် သူတို့အား စကား‌ပြောဆိုပုံ စကားအသွားအလာနှင့်(ယခုလည်း)အမှန်ပင်သိမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏လုပ်ရပ်များကို သိရှိ‌တော်မူသည်။ ###၁၀

    [31] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ သက်စွန့်ကြိုးပမ်းသည့်သူများနှင့် သည်းခံသည့်သူများ(ထင်ရှား‌ပေါ်ထွက်လာသည်)ကိုသိရှိရန်နှင့် အသင်တို့၏ အ‌ခြေအ‌နေကို ဆန်းစစ်‌တော်မူရန်အတွက် အသင်တို့အား စမ်းသပ်‌တော်မူမည်ဖြစ်သည်။ ###၁၁

    [32] အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီးခဲ့ကြသည်။ ထို့ပြင် သူတို့သည် တမန်‌တော်မြတ်ကိုသူတို့အတွက် အမှန်တရားထင်ရှားပြီးသည့်‌နောက်မှပင် ဆန့်ကျင်ဘက်ပြုလုပ်ခဲ့ကြသည်၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှ လုံးဝနစ်နာ‌စေနိုင်မည်မဟုတ်‌ပေ။ ထို့ပြင် အရှင်မြတ်သည် မကြာမီ သူတို့၏လုပ်ရပ်များကို အလဟဿဖြစ်‌စေ‌တော်မူမည်ဖြစ်သည်။

    [33] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ကိုလိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်၏ အမိန့်‌တော်ကိုလည်းလို်က်နာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့၏လုပ်ရပ်များကို အလဟဿမဖြစ်‌စေကြနှင့်။

    [34] အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီးပိတ်ပင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ငြင်းပယ်သူများဖြစ်လျက် ‌သေဆုံးသွားခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးဝခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည်မဟုတ်‌ပေ။

    [35] သို့ဖြစ်ရာ အသင်တို့သည် ‌အောင်မြင်မည့်သူများဖြစ်ကြပါလျက် အသင်တို့သည် အားမ‌လျှော့ကြနှင့်၊ (သူတို့အား)စစ်‌ပြေငြိမ်း‌ရေးဘက်သို့လည်း မဖိတ်‌ခေါ်ကြနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အတူရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏လုပ်ရပ်များ(၏အကျိုး)ကို လုံးဝ ‌လျော့နည်း‌စေမည်မဟုတ်‌ပေ။ ###၁၂

    [36] ဤဘဝသည် ကစားပွဲ၊ ‌ပျော်ပွဲရွှင်ပွဲပင် ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်ကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြလျှင် အရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို ‌တောင်းဆိုမည်လည်းမဟုတ်‌ပေ။ ###၁၃

    [37] အကယ်၍ အရှင်မြတ်သည် အသင်တို့ထံမှ ထိုပစ္စည်းဥစ္စာများကို ‌တောင်းဆို‌တော်မူလျှင်၊ ထို့‌နောက်ထပ်ပြီး အရှင်မြတ်သည် အသင်တို့ထံမှ အဓမ္မ‌တောင်းဆိုလျှင်၊ အသင်တို့သည် ‌စေးနှဲတွန့်တိုကြမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်ကလည်း အသင်တို့၏ မနှစ်မြို့မှု(စက်ဆုပ်မှု)များကို ထုတ်‌ဖော်‌တော်မူမည်ဖြစ်သည်။

    [38] ကြည့်စမ်းပါ၊ အသင်တို့သည် ဤသို့‌သောသူများပင်၊ အသင်တို့အား အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသင်တို့သုံးစွဲလှူဒါန်းရန် ဖိတ်‌ခေါ်ခြင်းခံကြရသည့်အခါ အသင်တို့ထဲမှ အချို့သည် ‌စေးနှဲသူများဖြစ်ကြသည်။ ထို့ပြင် မည်သူမဆို ‌စေးနှဲလျှင် သူသည် သူ၏အတွက်ပင် ‌စေးနှဲခြင်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူ၍ အသင်တို့သည် လိုလား‌တောင့်တသူများပင် ဖြစ်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် အသင်တို့၏‌နေရာ၌ အခြားအမျိုးသားများနှင့် လဲလှယ်‌တော်မူမည်။ ထို့ပြင် ထိုအမျိုးသားများသည် အသင်တို့နှင့် တူကြမည်မဟုတ်‌ပေ။ ###၁၄

    Surah 48
    အောင်မြင်ခြင်း

    [1] အမှန်စင်စစ် ငါအရှင်မြတ်သည်အသင့်ကို ထင်ရှား‌သော ‌အောင်မြင်မှုတစ်ခု ချီးမြှင့်‌တော်မူလိုက်ပြီဖြစ်သည်။

    [2] (ထိုသို့ ‌အောင်မြင်မှု‌ပေးရခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အသင်၏‌နောက်ဖြစ်‌လျော့နည်းမှုများနှင့် အသင်၏ ‌ရှေ့ဖြစ်‌လျော့နည်းမှုများကို ခွင့်လွှတ်‌တော်မူရန်အတွက်၊ ထို့ပြင် အရှင်မြတ်၏‌ကျေးဇူး‌တော်ကို အသင်၏အ‌ပေါ်တွင် ပြည့်ဝ‌စေ‌တော်မူရန်အတွက်၊ ထို့ပြင် အသင့်အား‌ဖြောင့်မတ်‌သော တရားလမ်းကိုညွှန်ကြားပြသ‌တော်မူရန်အတွက်ဖြစ်သည်။

    [3] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အားလုံးအ‌ပေါ်တွင် လွှမ်းမိုး‌သော ကူညီမှုကို ချီးမြှင့်‌ပေးသနား‌တော်မူရန် အတွက်လည်းဖြစ်သည်။

    [4] အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများ၏ စိတ်နှလုံးများထဲတွင် သူတို့၏ အီမာန်များနှင့်တကွ အီမာန်ထပ်တိုး‌စေရန်အတွက် စိတ်တည်ငြိမ်မှုကို ချ‌ပေး‌တော်မူခဲ့သည်။ ###၁ ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော စစ်တပ်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်ပင်စိုးပိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ###၂

    [5] (ထိုသို့ ‌အောင်မြင်မှု‌ပေးရခြင်းမှာ) အရှင်မြတ်သည် အီမာန်ယုံကြည်သူ အမျိုးသားများနှင့် အမျိုးသမီးများကို အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ပြစ်မှုများကို ပ‌ပျောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်‌သော‌အောင်မြင်မှုပင်ဖြစ်သည်။ ###၃

    [6] ထို့ပြင် အရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မ‌ကောင်းထင်မြင်မှုကို ထင်မြင်ခဲ့ကြ‌သော မုနာဖိက်အ‌ယောင်‌ဆောင်‌ယောက်ျား၊ မိန်းမများနှင့် မုရှ်ရိက်‌ယောက်ျား၊ မိန်းမများကို ပြစ်ဒဏ်‌ပေး‌တော်မူရန်အတွက်ဖြစ်သည်။ သူတို့အ‌ပေါ်တွင် ဆိုးဝါး‌သော ဒုက္ခ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် အမျက်ထွက်‌တော်မူပြီး သူတို့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည့်အပြင် အရှင်မြတ်သည် သူတို့အတွက် ဂျဟန္နမ်ငရဲဘုံကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ ထို့ပြင် ထိုငရဲဘုံသည် အလွန်ဆိုးရွားလှ‌သော ‌နေရာထိုင်ခင်းဖြစ်သည်။

    [7] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သော စစ်တပ်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [8] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်‌သေအဖြစ်၊ သတင်း‌ကောင်း‌ပြောကြားသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။

    [9] (ထိုသို့‌စေလွှတ်‌တော်မူရခြင်းမှာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို အီမာန်ယုံကြည်ကြရန်အတွက်၊ အရှင်မြတ်(၏တမန်‌တော်) ကိုကူညီကြရန်အတွက်၊ အရှင်မြတ်(၏တမန်‌တော်)ကို ရို‌သေကိုင်းရှိုင်းဂုဏ်‌ပေးကြရန်အတွက်၊ အရှင်မြတ်စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း နံနက်နှင့် ည‌နေတွင် ရွတ်ဆိုကြရန်အတွက်ဖြစ်သည်။

    [10] အမှန်စင်စစ် အသင်(တမန်‌တော်)နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြ‌သောသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြသည်ပင်ဖြစ်သည်။ ###၄ အလ္လာဟ်အရှင်မြတ်၏လက်‌တော်သည် သူတို့၏ လက်များ‌ပေါ်တွင်ရှိသည်။ ထို့‌နောက် မည်သူမဆို သစ္စာ‌ဖောက်ခဲ့လျှင် ထိုသူသည် သူ၏ကိုယ်နှင့် ဆန့်ကျင်ပြီး သစ္စာ‌ဖောက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် သစ္စာဆိုခဲ့သည့်အချက်များကို ထိန်းသိမ်းခဲ့လျှင် အရှင်မြတ်သည် မကြာမီသူ့အား ကြီးကျယ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။

    [11] မကြာမီ၌ပင် ‌နောက်ကျန်‌နေခဲ့‌သော အရဗ်‌ကျေး‌တောသားများသည် အသင့်အား‌ပြောဆိုကြလိမ့်မည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများနှင့် ကျွန်ုပ်တို့ မိသားစုများက အလုပ်များ‌စေခဲ့ကြပါသည်။ သို့ဖြစ်ရာ အသင်တမန်‌တော်မြတ်သည် ကျွန်ုပ်တို့အတွက် (အရှင်မြတ်ထံ‌တော်တွင်)လွတ်ငြိမ်းချမ်းသာခွင့်ပန်ကြား‌ပေးပါ။ သူတို့သည် သူတို့၏စိတ်နှလုံးများထဲတွင် မရှိသည်ကို သူတို့၏နှုတ်လျှာများက ‌ပြောဆို‌နေကြခြင်းဖြစ်သည်။ ###၅ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏‌ရှေ့တွင် အကယ်၍ အရှင်မြတ်သည် အသင်တို့အ‌ပေါ် ဒုက္ခတစ်စုံတစ်ခုကျ‌ရောက်‌စေရန် ရည်ရွယ်‌တော်မူလျှင်၊ သို့မဟုတ် အရှင်မြတ်သည် အကျိုး‌ကျေးဇူးတစ်စုံတစ်ခုပြုရန် ရည်ရွယ်‌တော်မူလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်သနည်း။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [12] အမှန်စင်စစ် တမန်‌တော်နှင့် အီမာန်ယုံကြည်သူများသည် မည်သည့်အခါမှ သူတို့၏ အိမ်သူအိမ်သားများထံသို့ပြန်လာကြ‌တော့မည်မဟုတ်‌ပေဟု အသင်တို့ ထင်မှတ်‌နေခဲ့ကြသည်။ ထို့ပြင် ထိုထင်မြင်ယူဆချက်သည် အသင်တို့၏ စိတ်နှလုံးများထဲတွင် လှပ‌အောင် ဆင်မြန်းခြင်းခံခဲ့ရသည်။ ထို့ပြင် အသင်တို့သည် မ‌ကောင်းသည့်ထင်မြင်မှုကို ထင်မြင်ခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ပျက်စီးသည့်သူများပင်ဖြစ်ခဲ့ကြသည်။

    [13] ထို့ပြင် မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ယုံကြည်ခြင်းမရှိခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် မီး‌တောက်မီးလျှံ(ငရဲဘုံ)ကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။

    [14] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုု ပြစ်ဒဏ်‌ပေး‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [15] မကြာမီတွင် ‌နောက်ကျန်‌နေခဲ့သည့်သူများသည် လက်ရပစ္စည်းကိုရယူရန် အသင်တို့သွားကြသည့်အခါ “အသင်တို့သည် ကျွန်ုပ်တို့အား အသင်တို့နှင့်အတူ လိုက်ခွင့်ပြုပါ”ဟု ‌ပြောဆိုကြမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ စကား‌တော်ကို ‌ပြောင်းလဲချင်ကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ လုံးဝလိုက်၍မရ‌ပေ။ ဤအတိုင်းပင် ယခင်ကတည်းက အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားထား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့က “ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု ‌ပြောဆိုကြလိမ့်မည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် အနည်းငယ်သာ နားလည်ကြခြင်းဖြစ်သည်။ ###၆

    [16] (အို-တမန်‌တော်)အသင်သည် ‌နောက်ချန်‌နေခဲ့သည့် အရဗ်‌ကျေး‌တောသားများကို ‌ပြောလိုက်ပါ-“မကြာမီ အသင်တို့သည် အလွန်တိုက်ခိုက်‌သော အမျိုးသားများနှင့် တိုက်ခိုက်ရန် ဖိတ်‌ခေါ်ခံကြရမည်။ အသင်တို့သည် သူတို့နှင့် တိုက်ခိုက်ကြရမည်။ သို့မဟုတ် သူတို့သည် (အစ္စလာမ်၏ အမိန့်အတိုင်း)နာခံကြရမည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် အမိန့်ကို နာခံကြလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ‌ကောင်းကျိုး‌ပေးသနား‌တော်မူမည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ယခင်ကမျက်နှာလွှဲခဲ့ကြသကဲ့သို့ မျက်နှာလွှဲကြလျှင် အရှင်မြတ်သည် အသင်တို့ကို ပြင်းပြနာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ###၇

    [17] (သို့ရာတွင်)မျက်စိကွယ်သည့်သူ၊ ‌ခြေကျိုးသည့်သူနှင့် ‌ရောဂါ‌ဝေဒနာရှင်အ‌ပေါ်တွင် (စစ်ပွဲမလိုက်နိုင်ခြင်း‌ကြောင့်) မည်သည့်အပြစ်တစ်ခုမျှမရှိ‌ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာလျှင် အရှင်မြတ်က ထိုသူကို အကြင်ဥယျာဉ်များထဲသို့ဝင်‌ရောက်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ ထို့ပြင် မည်သူမဆို မျက်နှာလွှဲ‌ကျောခိုင်းသွားလျှင် အရှင်မြတ်သည် သူ့ကို အလွန်နာကျင်‌စေသည့်ပြစ်ဒဏ်ခတ်‌တော်မူမည်ဖြစ်သည်။

    [18] အီမာန် ယုံကြည်သည့်သူများသည် သစ်ပင်‌အောက်တွင် အသင်နှင့် ဗိုင်အသ်ပြု‌နေသည့်အခါတွင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ‌ကျေနပ်‌တော်မူခဲ့သည်။ ###၈ ထို့‌နောက် အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများထဲတွင်ရှိသည်ကို သိ‌တော်မူခဲ့သည်။ သို့ဖြစ်ရာအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် စိတ်တည်ငြိမ်မှု ချ‌ပေးသနား‌တော်မူခဲ့သည်။ ###၉ ထို့ပြင် သူတို့အား အရှင်မြတ်သည် နီးကပ်‌သော‌အောင်မြင်မှုကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။

    [19] ထို့ပြင် လက်ရပစ္စည်း အ‌မြောက်အမြားကိုလည်း (‌ပေးသနား‌တော်မူခဲ့သည့်အတွက်)သူတို့သည် ထိုလက်ရပစ္စည်းများကို ယူငင်လျက်ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [20] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားလက်ရပစ္စည်းများအ‌မြောက်အမြားကိုလည်း အသင်တို့ရယူကြဦးမည်ဖြစ်သည်ဟု ကတိ‌ပေး‌တော်မူခဲ့သည်။ ###၁ဝ သို့ဖြစ်ရာ အရှင်မြတ်သည် ဤ(‌အောင်မြင်မှု)ကို အသင်တို့အားမြန်ဆန်စွာ‌ပေး‌တော်မူလိုက်ခြင်းဖြစ်သည်။ ထို့ပြင်အရှင်မြတ်သည် လူများ၏လက်များကို အသင်တို့(အား ဒုက္ခ‌ပေးနိုင်ခြင်း)မှ တားဆီး‌တော်မူခဲ့သည်။ ###၁၁ ထို‌အောင်မြင်မှုသည် အီမာန်ယုံကြည်သူများအတွက် သာဓကတစ်ခုဖြစ်ရန်အတွက်နှင့်၊ အရှင်မြတ်သည် အသင်တို့အား ‌ဖြောင့်မတ်သည့်လမ်းကို ပြသ‌တော်မူရန်အတွက်ဖြစ်သည်။

    [21] ထို့ပြင် အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်အ‌နေနှင့် ဝန်းရံထား‌တော်မူ‌သောအသင်တို့ မတတ်စွမ်းနိုင်‌သေး‌သော အခြား‌အောင်မြင်မှုတစ်ခုလည်းရှိ‌သေးသည်။ ###၁၂ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [22] ထို့ပြင် အကယ်၍ ကာဖိရ်များသည် အသင်တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြလျှင် သူတို့သည် ‌ကျောခိုင်းထွက်‌ပြေးခဲ့ကြမည်ဖြစ်သည်။ ထို့‌နောက် သူတို့သည် မိတ်‌ဆွေလည်း မည်သူမျှရှိမည်မဟုတ်‌ပေ။ ကူညီမည့်သူလည်း မည်သူမျှရှိမည်မဟုတ်‌ပေ။

    [23] (ဤသည်)ယခင်က လွန်ခဲ့‌သော အလ္လာဟ်အရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းတွင် မည်သည့်‌ပြောင်းလဲမှုမျှ‌တွေ့ရမည်မဟုတ်‌ပေ။

    [24] ထို့ပြင် အရှင်မြတ်သည် ထို(ကာဖိရ်ငြင်းပယ်)သူများ၏လက်များကို အသင်တို့(အား အန္တရာယ်ပြုခြင်း)မှလည်း‌ကောင်း၊ အသင်တို့၏လက်များကို ထိုသူများ(အား အန္တရာယ်ပြုခြင်း)မှလည်း‌ကောင်း၊ မက္ကဟ် မြို့တွင်းတွင် အသင်တို့အား ထိုသူများအ‌ပေါ်၌ ‌အောင်မြင်‌စေ‌တော်မူပြီး‌နောက်မှပင် တားဆီးထား‌တော်မူခဲ့သည်။ ###၁၃ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူသမျှကို အကြွင်းမဲ့မြင်‌နေ‌တော်မူလျက်ရှိ‌တော်မူခဲ့သည်။

    [25] (ထိုသူများသည် ငြင်းပယ်သူများဖြစ်ကြပြီး အသင်တို့အားမြင့်မြတ်‌သော ဗလီဝတ်‌ကျောင်း‌တော်မှ တားဆီးပိတ်ပင်ခဲ့ကြသည်။ ထို့ပြင် ဟုဒိုင်ဗီယဟ် တွင်)တားဆီးခြင်းခံ‌နေခဲ့ရ‌သော ကုရ်ဗာနီသား‌ကောင်(များ)အားလည်း သူ၏ ‌ရောက်ရှိရမည့်‌နေရာသို့ မ‌ရောက်‌အောင် (တားဆီးခဲ့ကြသည်)။ ထို့ပြင် အကယ်၍ အသင်တို့ မသိခဲ့ကြ‌သော အီမာန်ယုံကြည်သူ ‌ယောက်ျား၊ မိန်းမများ (အများအပြား)ကို တက်နင်း(‌ချေမှုန်း)မိကြသည့်အတွက် သူတို့‌ကြောင့် အသင်တို့တွင် မသိဘဲနှင့် အပြစ်ကျ‌ရောက်မည်ကို မစိုးရိမ်ရလျှင် (အပြီးအဆုံးသတ်ခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင်ထိုသို့ မဖြစ်ခဲ့ခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူရန်ပင်ဖြစ်ခဲ့သည်။ ###၁၄ အကယ်၍ ထို(မွတ်စ်လင်မ်‌ယောက်ျားမိန်းမများသည် ကာဖိရ်များနှင့်)ခွဲခြား သိသာနိုင်ခဲ့ကြလျှင် ငါအရှင်မြတ်သည် သူတို့ထဲမှငြင်းပယ်သူများကို ပြင်းပြသည့်ပြစ်ဒဏ်အမှန်ပင်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။

    [26] တစ်ခါက ကာဖိရ်များသည် သူတို့၏ စိတ်နှလုံးများတွင် အမိုက်‌ခေတ်၏ အယူသည်းမှုကိုထားရှိခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော့်အ‌ပေါ်နှင့် အီမာန်ယုံကြည်သူများ၏အ‌ပေါ်တွင် အရှင်မြတ်ထံ‌တော်မှ စိတ်တည်ငြိမ်(သည်းခံ)မှုကို ချ‌ပေးသနား‌တော်မူခဲ့သည်။ ###၁၅ ထို့ပြင် အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် သက္ကဝါ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်မှု (အရှင်မြတ်နှင့် အရှင့်တမန်‌တော်၏ အမိန့်နာခံမှုဆိုသည့်)စကားအ‌ပေါ်တွင် တည်တံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ထိုစကားနှင့် ထိုက်တန်သူများနှင့် ကိုက်ညီသူများဖြစ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကိုအကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [27] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်၏ အိပ်မက်အတိုင်း မှန်ကန်‌အောင် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ###၁၆ (ထိုအိပ်မက်ကမူ) “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့သည် အသင်တို့၏ ဦး‌ခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက် စိုးရိမ်စရာမရှိကြ‌တော့ဘဲ ‌ဘေးကင်းစွာနှင့် မတ်စ်ဂျစ်ဒိဟရာမ် မြင့်မြတ်သည့်ဗလီဝတ်‌ကျောင်း‌တော်သို့ ဝင်‌ရောက်ရမည်ဖြစ်သည်”။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသည့်အရာကို သိရှိ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ထိုမက္ကဟ်မြို့‌တော်(မဝင်မီ)အလျင် နီးကပ်သည့်‌အောင်မြင်မှုတစ်ခုကို ‌ပေးသနား‌တော်မူခဲ့သည်။ ###၁၆

    [28] ထိုအရှင်မြတ်သည် သာသနာအားလုံးအ‌ပေါ်တွင် (အရှင်မြတ်၏ )သာသနာကို လွှမ်းမိုး‌စေရန်အတွက် အရှင်မြတ်၏ တမန်‌တော်ကို လမ်းမှန်ညွှန်ကြားပြသချက်နှင့် မှန်ကန်သည့် သာသနာဖြင့်‌စေလွှတ်‌တော်မူလိုက်‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မျက်မြင်သက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။

    [29] (တမန်‌တော်)မုဟမ်္မဒ် (ဆွ) ###၁၈ သည် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်ဖြစ်သည်။ ထို့ပြင် ၎င်းနှင့်အတူရှိကြသည့်သူများသည် ကာဖိရ်များနှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ပြီး သူတို့အချင်းချင်း(ဆက်ဆံရာတွင်) သနားကြင်နာသူများပင်ဖြစ်ကြသည်။ ###၁၉ အသင်(တမန်‌တော်)သည် သူတို့အား ရုကူအ်ဦးညွှတ်ကြလျက်၊ စဂျ်ဒဟ်ဦးချကြလျက်၊ အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် (အရှင်မြတ်၏) ‌ကျေနပ်နှစ်သက်မှုကို ရှာ‌ဖွေဆည်းပူးလျက်ရှိကြသည်ကို‌တွေ့မြင်ရမည်။ သူတို့၏ အမှတ်သ‌ကေင်္တသည် စဂျ်ဒဟ်ဦးချခြင်း‌ကြောင့် သူတို့၏ မျက်နှာများတွင် ထင်‌ပေါ်‌နေသည်။ ထိုအရာသည် ‌သောင်ရာသ်ကျမ်းတွင်လာ‌သော သူတို့၏သာဓကပင်ဖြစ်သည်။ ထို့ပြင် အင်ဂျီလ်ကျမ်းတွင်လာသည့်သာဓကကမူ- လယ်ယာတစ်ခုပမာဖြစ်သည်။ ထိုလယ်ယာသည် သူ(ထဲတွင်ရှိသည့်မျိုး‌စေ့များ)၏ အစို့အ‌ညှောက်ကို ထွက်‌စေခဲ့သည်။ ထို့‌နောက် သူ၏အညွန့်အ‌ညှောက်ကို သန်စွမ်း‌စေခဲ့သည်။ ထို့‌နောက် ထိုအညွန့် အ‌ညှောက်သည် တုတ်ခိုင်လာ၍ သူ၏ပင်စည်‌ပေါ်တွင် တည့်မတ်စွာ ‌ထောင်တက်လာခဲ့သည့်အတွက် လယ်သမားများကို အားရ‌ကျေနပ်‌စေခဲ့သည်။ (ထိုသို့ဖြစ်‌စေ‌တော်မူခြင်းမှာ) ထို(တမန်‌တော်မုဟမ္မဒ်(ဆွ)၏ အ‌ပေါင်းအ‌ဖော်)များ၏ အ‌ကြောင်းခံနှင့် ကာဖိရ်များကို အမျက်‌ဒေါသထွက်‌စေဖို့အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ သူတို့ထဲမှ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသူများအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမားသည့်အကျိုးကို ချီးမြှင့်‌တော်မူမည်ဟု ကတိပြု‌တော်မူခဲ့သည်။

    Surah 49
    အခန်းများ

    [1] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ရှေ့နှင့် တမန်‌တော်မြတ်၏ ‌ရှေ့သို့‌ကျော်မတက်ကြနှင့်။ ###၁ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ အသံများကို တမန်‌တော်၏အသံထက် မြှင့်မ‌ပြောကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကျယ်‌လောင်စွာ ဟစ်‌အော်‌ခေါ်‌ပြောသကဲ့သို့ တမန်‌တော်နှင့် ‌ပြောဆိုရာတွင် ဟစ်‌အော်မ‌ပြောကြနှင့်။ ထိုသို့‌ပြောခဲ့လျှင် အသင်တို့ပင်မသိလိုက်ကြရဘဲလျက် အသင်တို့၏လုပ်ရပ်များသည် အလဟဿအကျိုးမဲ့ဖြစ်သွားမည်။ ###၂

    [3] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်‌ရှေ့ှတွင် သူတို့၏ အသံများကို နှိမ့်ချကြသည့်သူများသည် အကြင်သူများပင်ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ၏ စိတ်နှလုံးများကို ပြစ်မှုများမှ ‌ရှောင်ကြဉ်ရန်အတွက် ‌ရွေးချယ်‌တော်မူခဲ့သည်။ သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးရှိသည်။

    [4] အမှန်စင်စစ် အသင့်အား အိမ်ခန်းများ၏ အပြင်ဘက်မှ ဟစ်‌ခေါ်ကြ‌သောသူများထဲမှ အများစုသည် မသိနားမလည်ကြ‌ပေ။

    [5] ထို့ပြင် အကယ်၍အမှန်စင်စစ် သူတို့သည် အသင်သူတို့ထံသို့ ထွက်လာသည်အထိ သည်းခံခဲ့လျှင် သူတို့အတွက် အမှန်ပင်အ‌ကောင်းဆုံးဖြစ်ခဲ့လိမ့်မည်။ ###၃ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [6] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍အကျင့်ပျက်သူတစ်စုံတစ်ဦးသည် အသင်တို့ထံသို့ သတင်းတစ်စုံတစ်ခု ယူ‌ဆောင်လာခဲ့လျှင် အသင်တို့သည် မသိဘဲနှင့် လူမျိုးတစ်မျိုးအား အန္တရာယ်မပြုမိကြရန်အတွက် (ထိုသတင်း)မှန်မမှန်ကို စစ်‌ဆေး‌လေ့လာကြပါ။ (ထိုသို့မဟုတ်လျှင်)အသင်တို့သည် အသင်တို့ပြုမိခဲ့ကြ‌သော လုပ်ရပ်‌ကြောင့် ဝမ်းနည်း‌ကြေကွဲကြရမည်ဖြစ်သည်။ ###၄

    [7] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် အသင်တို့ထဲတွင် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်ရှိ‌နေ‌တော်မူသည်ကို သိထားကြပါ။ အကယ်၍ ထိုတမန်‌တော်သည် အ‌ရေးကိစ္စအများအပြားတွင် အသင်တို့၏ ‌ပြောဆိုချက်ကို လိုက်နာလျှင် အမှန်စင်စစ် အသင်တို့ပင် ဒုက္ခ‌တွေ့ကြရမည်ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အီမာန်ယုံကြည်မှုကို နှစ်သက်မြတ်နိုး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့၏ စိတ်နှလုံးများတွင် ထိုအီမာန်ယုံကြည်မှုကို လှပတင့်တယ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ကုဖ်ရ်‌သွေဖည်ငြင်းပယ်မှုနှင့်၊ ပြစ်မှုကျူးလွန်မှုအပြင် အမိန့်မနာခံမှုကိုလည်း စက်ဆုပ်‌စေ‌တော်မူခဲ့သည်။ ထိုသူများပင် လမ်းမှန်ကိုရရှိသူများဖြစ်ကြသည်။

    [8] (ထိုအရာများသည်)အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်‌ကြောင့်နှင့် ဆုလာဘ်‌ပေး‌တော်မူခြင်း‌ကြောင့်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [9] ထို့ပြင် အကယ်၍ အီမာန်ယုံကြည်သူများထဲမှ အုပ်စုနှစ်စုသည် အချင်းချင်းစစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ထိုအုပ်စုနှစ်စုကြား၌ စစ်‌ပြေငြိမ်း‌အောင် ပြုလုပ်‌ဆောင်ရွက်ကြပါ။ ထို့‌နောက် အကယ်၍ ထိုအုပ်စုနှစ်စုထဲမှ အုပ်စုတစ်စုသည် (စစ်‌ပြေငြိမ်းမှုကိုလက်မခံဘဲဆက်ပြီး)အခြားအုပ်စုအ‌ပေါ်တွင် မတရားကျူး‌ကျော်လာခဲ့လျှင်အသင်တို့သည် ထိုကျူး‌ကျော်‌နေသည့် အုပ်စုကို သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ဘက်သို့ ပြန်လှည့်လာကြသည်အထိ တိုက်ခိုက်ကြပါ။ ထို့‌နောက် အကယ်၍ ထိုအုပ်စုသည် (အရှင်မြတ်၏ အမိန့်‌တော်ဘက်သို့)ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ထိုအုပ်စုနှစ်စုကြား၌ တရားမျှတမှုနှင့် စစ်‌ပြေငြိမ်း‌အောင် ‌ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် တရားမျှတကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသည့်သူများကို ချစ်ခင်မြတ်နိုး‌တော်မူသည်။ ###၅

    [10] အီမာန် ယုံကြည်သူများသည် (အချင်းချင်း) ညီအစ်ကိုများပင်ဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏ ညီအစ်ကိုနှစ်ဦး၏ကြား၌ ရန်ငြိမ်း‌အောင် (‌စေ့စပ်)‌ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် သနားကရုဏာပြု‌တော်မူခြင်းခံကြရရန်အတွက် အလ္လာဟ်အရှင်မြတ်ကို ‌ကြောက်ရွံ့ကြပါ။ ###၆

    [11] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အမျိုးသားများသည် (အခြား)အမျိုးသားများကို မ‌ပြောင်‌လှောင်ရ‌ပေ။ ထို(အ‌ပြောင်ခံရသည့်)အမျိုးသားများသည် ထို(‌ပြောင်‌လှောင်သည့်)အမျိုးသားများထက် ‌ကောင်းမြတ်သူများဖြစ်‌ကောင်းဖြစ်နိုင်သည်။ ထို့ပြင် အမျိုးသမီးများသည်လည်း (အခြား)အမျိုးသမီးများကို မ‌ပြောင်‌လှောင်ရ‌ပေ။ ထို(အ‌ပြောင်ခံရသည့်)အမျိုးသမီးများသည် ထို(‌ပြောင်‌လှောင်သည့်)အမျိုးသမီးများထက် ‌ကောင်းမြတ်သူမများ ဖြစ်‌ကောင်းဖြစ်နိုင်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ‌စောင်းချိတ်ကဲ့ရဲ့ခြင်းလည်းမပြုကြနှင့်။ ထို့ပြင် အသင်တို့သည် တစ်ဦးကိုတစ်ဦး အမည်ပျက်များနှင့်လည်း မ‌ခေါ်ကြနှင့်။ ###၇ အီမာန်ယုံကြည်ပြီး‌နောက် (ယခင်ကကျူးလွန်ခဲ့သည့်)ပြစ်မှု၏ အမည်နှင့် ‌ခေါ်‌ဝေါ်ခြင်းသည် အဘယ်မျှဆိုးရွားလိုက်သနည်း။ ###၈ ထို့‌နောက် မည်သူမဆို ဝန်ချ‌တောင်းပန်ခြင်းမပြုခဲ့လျှင် ထိုသူများပင်မတရားသူများဖြစ်ကြသည်။

    [12] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ထင်မြင်ယူဆချက်အ‌မြောက်အမြားမှ ‌ရှောင်ကြဉ်ကြပါ။ အမှန်စင်စစ် အချို့ထင်မြင်ယူဆချက်သည် အပြစ်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (သူတစ်ပါး၏ ချွတ်ယွင်းချက်များအား)စပ်စုခြင်း မပြုကြနှင့်။ ထို့ပြင် အသင်တို့ထဲမှတစ်ဦးသည် တစ်ဦး၏‌နောက်တွင် အတင်းမ‌ပြောရ‌ပေ။ ###၉ အသင်တို့ထဲမှ မည်သူမဆို မိမိညီအစ်ကို၏ အ‌သေသားကိုစားသုံးရန် နှစ်သက်သ‌လော။ ထို့ပြင် အသင်တို့သည် ထို(အ‌သေသားစားခြင်း)ကို စက်ဆုပ်ကြမည်ပင်ဖြစ်သည်။ ###၁ဝ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [13] အို-လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌ယောက်ျားတစ်‌ယောက်၊ မိန်းမတစ်‌ယောက်မှ (စတင်)ဖန်ဆင်း‌တော်မူခဲ့သည်။ ###၁၁ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦးခွဲခြားသိမြင် မှတ်မိကြရန်အတွက် လူမျိုးစုများ၊ မျိုးနွယ်များ ပြုလုပ်‌တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အသင်တို့ထဲမှ အမြတ်ဆုံးသူသည် အသင်တို့ထဲမှ အ‌ကြောက်ရွံ့ဆုံး အပြစ်အ‌ရှောင်ကြဉ်ဆုံးသူပင်ဖြစ်သည်။ ###၁၂ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [14] အရဗ်‌ကျေး‌တောသားများက “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ကြပြီဖြစ်ပါသည်” ဟု‌ပြောဆိုကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် (အမှန်စင်စစ်)ယုံကြည်ကြ‌သေးသည်မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့သည်“ကျွန်ုပ်တို့ အမိန့်နာခံကြပြီဖြစ်ပါသည်” ဟုပင်‌ပြောဆိုကြပါဦး။ ထို့ပြင် အီမာန်ယုံကြည်မှုသည် အသင်တို့၏ စိတ်နှလုံးများထဲတွင် ယခုအချိန်ထိမဝင်‌သေး‌ပေ။ ###၁၃ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာကြလျှင် အရှင်မြတ်သည် အသင်တို့၏လုပ်ရပ်များထဲမှ မည်သည့်အရာမျှ ‌လျော့နည်း‌စေ‌တော်မူမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [15] အကြင်သူများပင် အီမာန်ယုံကြည်သူများဖြစ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို (စိတ်ထဲမှလည်း)ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သံသယမဖြစ်ခဲ့ကြ‌ပေ။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများနှင့် အသက်ဝိညာဉ်များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် သက်စွန့်ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြသည်။ ထိုသူများပင် မှန်ကန်သူများဖြစ်ကြသည်။ ###၁၄

    [16] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို သိရှိ‌တော်မူပါလျက် အသင်တို့သည် အသင်တို့၏ ဒီန်သာသန(၏အ‌ခြေအ‌နေ)ကို အလ္လာဟ်အရှင်မြတ်အား အသိ‌ပေး(‌ပြောပြ‌နေ)ကြသ‌လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်လည်းဖြစ်‌တော်မူသည်။

    [17] သူတို့သည် (အမိန့်ကို)နာခံခဲ့ကြ‌ကြောင်း အသင်၏‌ရှေ့၌ ဂုဏ်‌ဖော်‌နေကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ငါ၏‌ရှေ့၌ အသင်တို့၏ အမိန့်နာခံမှုကို ဂုဏ်မ‌ဖော်ကြနှင့်။ အသင်တို့သည်(အသင်တို့‌ပြောသည့်အတိုင်း)မှန်ကန်သူများဖြစ်သည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အီမာန်ယုံကြည်ရန်လမ်းကိုပြသ‌တော်မူသည့်အတွက် အရှင်မြတ်သည်ပင် အသင်တို့အ‌ပေါ် ‌ကျေးဇူးပြုထား‌တော်မူခြင်းဖြစ်သည်။ ###၁၅

    [18] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှ လျှို့ဝှက်ချက်များကို သိရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကိုလည်း အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 50
    ကွာဖ်

    [1] ကာဖ်၊ (ငါအရှင်မြတ်သည်) မြင့်မြတ်သည့်(ဂုဏ်ထူးများနှင့် ပြည့်စုံသည့်)ကုရ်အာန်ကျမ်း‌တော်မြတ်ကို သက်‌သေထူ‌တော်မူသည်။ ###၁

    [2] အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ သူတို့ထဲမှပင် သတိ‌ပေးနှိုး‌ဆော်သူတစ်ဦး ‌ရောက်ရှိလာခဲ့သည်ကို အံ့ဩ‌နေကြသည်။ သို့ဖြစ်ရာကာဖိရ်များက ဤသည် အံ့ဩဖွယ်ရာကိစ္စပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [3] ကျွန်ုပ်တို့ ‌သေဆုံးခဲ့ကြပြီး‌နောက် ‌မြေကြီးဖြစ်သွားသည့်အခါ (ပြန်ရှင်ရဦးမည်‌လော)။ ဤသည် အလွန်‌ဝေးလံ‌သောပြန်လည်ခြင်းပင်။ (စဉ်းစား၍ဉဏ်မမီ‌ပေ)။

    [4] ‌မြေကြီးက သူတို့(၏ခန္ဓာကိုယ်များ)ထဲမှ(စားပြီး)‌လျော့နည်း‌စေမည့် အစိတ်အပိုင်းကို (‌ဆွေးမြည့်သွားသည့်အစိတ်အပိုင်းကို) အမှန်စင်စစ် ငါအရှင်မြတ်သိရှိ‌တော်မူသည်။ ထိုအရာပင်မက‌ပေ၊ ငါအရှင်မြတ်ထံ‌တော်တွင် ထိန်းသိမ်း‌စောင့်‌ရှောက်ထား‌သော မှတ်တမ်းစာအုပ်လည်း ရှိ‌နေ‌သေးသည်။ ###၂

    [5] အမှန်စင်စစ် သူတို့ထံသို့ အမှန်တရား‌ရောက်လာသည့်အခါတွင် ထိုအမှန်တရားကိုပင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် (‌မှော်ဆရာဟု‌ပြောလိုက်၊ ကဗျာဆရာဟု‌ပြောလိုက်၊ အရူးဟု‌ပြောလိုက်၊ လူလိမ်ဟု‌ပြောလိုက်နှင့်) မကိုက်ညီသည့်စကား (မတည်ငြိမ်သည့်အ‌ခြေအ‌နေ)များထဲ၌ပင် နစ်မွန်း‌နေကြသည်။

    [6] ထို့‌နောက် သူတို့သည် သူတို့အထက်မှမိုး‌ကောင်းကင်ကို ငါအရှင်မြတ်သည် ၎င်းကို မည်သို့ပြုလုပ်ထား‌တော်မူသနည်း၊ ထို့ပြင်ငါအရှင်မြတ်သည် ၎င်းကို မည်သို့လှပစွာ ဆင်ယင်ထား‌တော်မူသနည်းဆိုသည်ကို မကြည့်မြင်ခဲ့ကြသ‌လော။ ထို့ပြင် ၎င်းတွင် ကွဲအက်မှုမရှိသည်(ကိုလည်း မကြည့်မြင်ခဲ့ကြသ‌လော)။

    [7] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီကို ဖြန့်ခင်း‌တော်မူသည်။ ထို့ပြင် ထို‌မြေပထဝီတွင် ‌တောင်များကို စိုက်ထူထား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုအထဲတွင် လှပတင့်တယ်သည့်အရာမျိုးစုံကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [8] (ထိုအရာများသည် အလ္လာဟ်အရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသည့်ကျွန်တိုင်းအတွက် ဆင်ခြင်သုံးသပ်သည့်အရာနှင့် တရားရယူရသည့်အရာဖြစ်သည်။

    [9] ထို့‌နောက် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်မှ မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌သော (မိုး)‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ထို‌ရေနှင့်ငါအရှင်မြတ်သည် ဥယျာဉ်များနှင့် ရိတ်သိမ်းဖြတ်ယူရမည့် ‌ကောက်ပဲသီးနှံပင်များကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [10] ထို့ပြင် မြင့်မား‌သောစွန်ပလွံပင်များကို (လည်း ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည့်အတွက်)ထို စွန်ပလွံပင်များတွင် ပြွတ်သိပ်ပြီးသီး‌နေ‌သော အခိုင်များရှိ‌နေသည်။

    [11] ကျွန်များအတွက် စားနပ်ရိက္ခာအဖြစ်(‌ပေါက်‌ရောက်‌စေခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ရေနှင့် ‌သေ‌နေသည့်‌မြေကို ရှင်‌စေ‌တော်မူခဲ့သည်။ (လူများ သချုႋင်းထဲမှ ရှင်ပြီး)ပြန်ထွက်ခြင်းသည်လည်း ဤသို့ပင်ဖြစ်လိမ့်မည်။

    [12] သူတို့မတိုင်မီ (တမန်‌တော်)နူးဟ်၏ အမျိုးသားများ၊ ရတ်စ်တွင် ‌နေထိုင်သူများနှင့် ဆမူဒ် အမျိုးသားများသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [13] ထို့ပြင် အာဒ် အမျိုးသားများ၊ ဖိရ်‌အောင်န်နှင့် လူသွ်၏ ညီအစ်ကိုများ၊

    [14] ထို့ပြင် အိုင်ကဟ်‌တောအုပ်တွင် ‌နေထိုင်သူများ၊ သုဗ်ဗအ် အမျိုးသားများ၊ အားလုံးတို့သည် တမန်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ ချိန်းဆိုမှု (ပြစ်ဒဏ်)သည် (သူတို့အ‌ပေါ်တွင်)ကျ‌ရောက်ခဲ့သည်။ ###၃

    [15] ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်း‌တော်မူခဲ့သည့်အတွက်‌ကြောင့် ‌မောပန်းသွား‌တော်မူခဲ့ပြီ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည်အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ သံသယတွင် ရှိ‌နေကြခြင်းသာဖြစ်သည်။

    [16] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားများကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏အထဲတွင် သူ၏စိတ်က မသိမသာ‌ပေါ်‌ပေါက်လာ‌သောအရာ(စိတ်ကူး)ကိုလည်း သိ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏လည်‌ချောင်း‌သွေး‌ကြောထက်ပင်သူနှင့် ပို၍နီးသည်။

    [17] တစ်ချိန်က မှတ်သားသူနှစ်ဦးသည် (လူသား၏) လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ထိုင်၍မှတ်သား‌နေကြသည်။ ###၄

    [18] ထိုလူသားသည် မည်သည့်စကားပင် ‌ပြောသည်ဖြစ်‌စေ သူ၏အနီးတွင် ‌ချောင်း‌မြောင်း‌နေသူတစ်ဦးသည် (‌ရေးမှတ်ရန်)အသင့်ရှိ‌နေသည်။

    [19] ထို့ပြင် ‌သေခြင်း၏ စကရသ်‌မေ့‌မျောမှုသည် မှန်ကန်စွာ ‌ရောက်ရှိလာခဲ့သည်။ ###၅ ထိုအရာသည် အသင်(မ‌တွေ့လို၍) တိမ်း‌ရှောင်‌နေခဲ့သည့်အရာပင်ဖြစ်သည်။

    [20] ထို့‌နောက် တံပိုးခရာမှုတ်ခြင်းခံရမည်။ ထိုအရာသည် ချိန်းထားသည့်‌နေ့ပင်ဖြစ်သည်။ ###၆

    [21] ထို့ပြင် လူတိုင်းသည် (စုရုံးရာ‌နေရာဟရှရ်ကွင်းပြင်သို့) လာကြရမည်။ သူနှင့်အတူ ‌ရှေ့သို့သွားခိုင်း‌နေသူတစ်ဦးနှင့် သက်‌သေတစ်ဦးပါရှိမည်။

    [22] အမှန်စင်စစ် အသင်သည်ဤ‌နေ့နှင့် ပတ်သက်၍ ‌ပေါ့ဆမှုတွင် ရှိ‌နေခဲ့သည်။ သို့ဖြစ်ရာ (ယခုမူ)ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်မှ အဖုံးအကာအား ဖယ်ရှား‌တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ယ‌နေ့မူ အသင်သည် ထိုး‌ဖောက်မြင်နိုင်စွမ်းရှိသွားပြီဖြစ်သည်။

    [23] ထို့ပြင် သူ၏အ‌ဖော်(‌ကောင်းကင်တမန်)က‌ပြောဆိုမည်။ ဤသည် ကျွန်ုပ်ထံတွင် အဆင်သင့်ရှိသည့်အရာ (‌နေ့စဉ်မှတ်တမ်း)ဖြစ်သည်။

    [24] (အရှင်မြတ်က ‌ကောင်းကင်တမန်နှစ်ပါးကို မိန့်‌တော်မူမည်)။ အသင်တို့နှစ်ဦးသည် ‌ကျေးဇူးကန်း‌သောသူတိုင်း ‌ခေါင်းမာဆိုးသွမ်း‌သောသူတိုင်းကို ဂျဟန္နမ်ငရဲမီးထဲသို့ ပစ်ချကြပါ။

    [25] ‌ကောင်းမှု(ပြုလုပ်သည်များ)မှ အလွန်တားမြစ်‌သော၊ စည်းကမ်းကျူးလွန်‌သော၊ သံသယဖြစ်‌သော(သူတိုင်းကို ထိုအထဲပစ်ချကြပါ)။

    [26] (ထို့ပြင်) အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာတစ်ဦးကို တွဲဖက်ပြုလုပ်‌သောသူအားလည်း အသင်တို့နှစ်ဦးသည် ပြင်းထန်‌သော အပြစ်ဒဏ်ထဲသို့ ပစ်ချလိုက်ကြပါ။

    [27] သူ၏အ‌ဖော်(ရှိုင်သွာန်) က‌ပြောဆိုမည်-အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ကျွန်ုပ်သည် သူ့အား(လမ်းလွဲ‌အောင်လုပ်ပြီး)ဆိုးသွမ်း‌စေခဲ့သည်မဟုတ်ပါ။ သို့ရာတွင် သူကိုယ်တိုင်ပင် ‌ဝေးလံ‌သော လမ်းမှားတွင် ရှိ‌နေခဲ့ခြင်းဖြစ်ပါသည်။

    [28] အရှင်မြတ်သည် မိန့်ကြား‌တော်မူမည်-အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်တွင် အငြင်းအခုံလုပ်မ‌နေကြနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (ပြစ်ဒဏ်နှင့်ပတ်သက်သည့်)ချိန်းဆိုမှုကို အသင်တို့ထံ ကြိုတင်ပို့နှင့်‌တော်မူခဲ့ပြီး ဖြစ်သည်။

    [29] ငါအရှင်မြတ်ထံ‌တော်တွင် စကားသည် မ‌ပြောင်းလဲ‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ကျွန်များကို မတရားပြုလုပ်‌တော်မူ‌သောအရှင်လည်း မဟုတ်‌ပေ။ ###၇

    [30] ထို‌နေ့တွင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံအား အသင်သည်ပြည့်သွားပြီ‌လောဟု မိန့်ကြား‌တော်မူမည်။ ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံက “‌နောက်ထပ် ရှိပါ‌သေးသ‌လော”ဟု ‌ပြောဆို‌လျှောက်ထားမည်။ ###၈

    [31] ထို့ပြင် ဂျန္နသ်သုခဘုံသည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများ၏အနီးသို့ မ‌ဝေးသည့်‌နေရာတွင်ယူလာခြင်းခံရမည်။

    [32] ဤသည် အသင်တို့ ကတိ‌ပေးခြင်းခံရသည့်အရာပင်၊ (အရှင်မြတ်ဘက်သို့)လှည့်‌သောသူ (စည်းကမ်း)‌စောင့်ထိန်း‌သော သူတိုင်းအတွက်ဖြစ်သည်။

    [33] ထို့ပြင် ထိုသူသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ကို မမြင်ဘဲနှင့် ‌ကြောက်ရွံ့ခဲ့သည်။ ထို့ပြင် သူသည်(အရှင်မြတ်ဘက်သို့) ပြန်လှည့်‌သော စိတ်နှလုံးကို ယူ‌ဆောင်လာခဲ့သည်။

    [34] (ထိုသူများသည် ဤသို့ မိန့်ကြား‌တော်မူခြင်းခံကြရမည်။) အသင်တို့သည် ဂျန္နသ်သုခဘုံထဲသို့ ငြိမ်းချမ်းစွာဝင်‌ရောက်ကြပါ။ ဤသည် အမြဲ‌နေထိုင်ရမည့်‌နေ့ဖြစ်သည်။ ###၉

    [35] သူတို့အတွက် ထို ဂျန္နသ်သုခဘုံထဲတွင် သူတို့ အလိုရှိသမျှအရာများသာမက ငါအရှင်မြတ်ထံ‌တော်တွင် အပို‌ကျေးဇူးချီးမြှင့်မှုလည်းရှိဦးမည်ဖြစ်သည်။

    [36] ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီက လူမျိုးဆက်အ‌မြောက်အမြားကို ဖျက်ဆီး‌တော်မူခဲ့သည်။ ထိုသူများသည် ဤသူများထက် အင်အားကြီးမားပြင်းထန်သည့်သူများဖြစ်ခဲ့ကြသည်။ သူတို့သည် အမြို့မြို့အရွာရွာတွင် (စီးပွားရှာပြီး ‌သေမည်ကို‌ကြောက်၍)ခရီးထွက်‌နေခဲ့ကြသည်။ (ထိုသို့သွားလျက်လာလျက်နှင့် ‌နေရာများစွာ သိထားပြီးဖြစ်ကြပါလျက် သူတို့သည်)ထွက်‌ပြေးတိမ်း‌ရှောင်ရန်‌နေရာ ရှာ‌တွေ့ခဲ့ကြ၏‌လော။

    [37] အမှန်စင်စစ် ထိုအထဲတွင် စိတ်နှလုံးရှိသည့်သူအတွက် သို့မဟုတ် အသင့်‌ရောက်ရှိလျက် စိတ်ဝင်စားစွာ နားစိုက်‌ထောင်‌သောသူအတွက် အမှန်ပင် သင်ခန်းစာရှိသည်။

    [38] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင်ထိုနှစ်ခုကြားတွင် ရှိသမျှကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက်လည်း ငါအရှင်မြတ်တွင် ‌မောပန်းမှု လုံးဝမခံစားရ‌ပေ။

    [39] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့၏ ‌ပြောဆိုမှုများနှင့် ပတ်သက်၍ သည်းခံပါ။ ထို့ပြင် အသင်သည် ‌နေမထွက်မီနှင့် ‌နေမဝင်မီ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆို‌နေပါ။

    [40] ထို့ပြင် အသင်(တမန်‌တော်)သည် ညအချိန်နှင့် စွလာသ်ဝတ်ပြုမှုများ၏ ‌နောက်တွင် အရှင်မြတ်၏ စင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆိုပါ။ ###၁၀

    [41] ထို့ပြင် အသင် (တမန်‌တော်)နား‌ထောင်ပါ၊ အကြင်‌နေ့တွင် ဟစ်‌အော်သူ(တစ်ဦး)သည် အနီးမှ ဟစ်‌အော်လိမ့်မည်။

    [42] ထို‌နေ့တွင် ဟစ်‌အော်သံကို (အားလုံး) အမှန်ပင် ကြားကြမည်ဖြစ်သည်။ ထို‌နေ့သည် (သချုႋင်းများထဲမှ)ထွက်ကြရမည့်‌နေ့ပင်ဖြစ်သည်။ ###၁၁

    [43] အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ရှင်‌စေ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည်ပင် ‌သေ‌စေ‌တော်မူသည်။ ထို့‌နောက် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လာကြရမည်ဖြစ်သည်။

    [44] ထို‌နေ့တွင် ‌မြေကြီးသည် သူတို့၏အ‌ပေါ်မှ ပွင့်ထွက်သွားပြီး(သူတို့သည်သချုႋင်းထဲမှထွက်လျက် ဖိတ်‌ခေါ်သူ၏ဘက်သို့)လျင်မြန်စွာ ‌ပြေးလျက်သွားကြမည်။ ဤသည် ငါအရှင်မြတ်အတွက် လွယ်ကူ‌သော စုရုံးခြင်းပင် ဖြစ်သည်။

    [45] ငါအရှင်မြတ်သည် သူတို့‌ပြောသမျှကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် အတင်းအကျပ်‌စေခိုင်းသူ မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် (ငါအရှင်မြတ်၏)ချိန်းဆိုချက်ကို ‌ကြောက်ရွံ့သူအားကုရ်အာန်ကျမ်း‌တော်မြတ်ဖြင့် သတိ‌ပေး‌နေပါ။ ###၁၂

    Surah 51
    လေတိုက်ခတ်စေသောအရာ

    [1] (ငါအရှင်မြတ်သည်) ကစဉ့်ကလျားဖြစ်‌အောင် လွင့်ပါး‌စေ‌သော ‌လေများကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် (မိုး‌ရေ)ဝန်(ကို ထမ်းထား‌သောတိမ်)များကို သယ်‌ဆောင်ကြသည့် ‌လေများကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် ညင်သာစွာ တိုက်ခတ်သွားလာလှုပ်ရှားကြ‌သော ‌လေများကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင် အမိန့်‌တော်အရ (ထိုမိုး‌ရေများကို ‌မြေပြင်‌ပေါ်တွင် ရွာသွန်းချရန် သယ်‌ဆောင်သွားပြီး ) ခွဲ‌ဝေ (ချ)‌ပေးသည့် ‌လေများကို သက်‌သေထူ‌တော်မူသည်။ ###၁

    [5] အမှန်စင်စစ် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော ချိန်းဆိုချက်သည် အမှန်ပင် မှန်ကန်သည်။

    [6] ထို့ပြင် အမှန် စင်စစ် အစား‌ပေးမည့်‌နေ့သည် အမှန် ဆိုက်‌ရောက်လာမည်။

    [7] (ငါအရှင်မြတ်သည်) လှပသည့်လမ်း‌ကြောင်းများရှိ‌သော မိုး‌ကောင်းကင်ကို သက်‌သေထူ‌တော်မူသည်။ ### ၂

    [8] အမှန်စင်စစ် အသင်တို့သည် ကြွဲပားခြားနား‌သော ‌ပြောဆိုများတွင် ရှိ‌နေကြသည်။

    [9] ထို (ကုရ်အာန်နှင့် ရစူလ်ကို ယြုံကညြ်ခင်း ) မှ ‌သွေဖည်သူသည် (အိမာန်ယုံကြည်ခြင်းမှ) ‌သွေဖည်သူဖြစ်သည်။ ###၃

    [10] ရမ်းဆ‌ပြောဆိုကြသည့်သူများသည် ပျက်စီးကြရမည် ဖြစ်သည်။

    [11] အကြင်သူများသည် မသိမိုက်မဲမှုထဲတွင်‌မေ့‌လျော့လျက် ရှိ‌နေသူများဖြစ်ကြသည်။

    [12] ထိုသူများက အစား‌ပေးမည့်‌နေ့သည် မည်သည့်အခါ ‌ရောက်မည်နည်းဟု (‌ပြောင်‌လှောင်)‌မေးမြန်းကြသည်။

    [13] အကြင်‌နေ့တွင် သူတို့သည် မီးထဲတွင် ချခြင်းကို ခံကြရမည်။

    [14] အသင်တို့သည် အသင်တို့၏ ပြစ်ဒဏ်ကို မြည်းစမ်းကြပါ။ ဤသည် အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုခဲ့ကြသည့်အရာ(ပြစ်ဒဏ်)ပင် ဖြစ်သည်(ဟု သူတို့သည် ‌ပြောဆိုခြင်းခံကြရမည်)။

    [15] အမှန်စင်စစ်‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများကမူ ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင် ရှိ‌နေကြမည်။

    [16] (သူတို့သည်)သူတို့ အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား ‌ပေးသနားသည်များကို ယူငင်လျက် ရှိကြမည်။ အမှန်စင်စစ် သူတို့သည် ထို့ထက် ယခင် ကတည်းက ‌ကောင်းမှုပြုသူများပင်ဖြစ်ခဲ့ကြသည်။

    [17] သူတို့သည် ညတွင် အနည်းငယ်သာ အိပ်စက်ခဲ့ကြသည်။

    [18] ထို့ပြင် သူတို့သည် ည၏ ‌နောက်ဆုံးပိုင်းများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ‌လေ့ရှိခဲ့ကြသည်။

    [19] ထို့ပြင် သူတို့၏ ပစ္စည်းဥစ္စာများထဲတွင် (လှည့်လည်)‌တောင်း ရမ်း‌သော ဆင်းရဲသားများအတွက်နှင့် မ‌တောင်းရမ်း‌သော ဆင်းရဲသားများအတွက် ‌ဝေစု‌ဝေပုံ(အခွင့်အ‌ရေး)ရှိခဲ့သည်။ ###၄

    [20] ထို့ပြင် ယုံကြည်သူများအတွက် ‌မြေပထဝီတွင် သက်‌သေလက္ခဏာများ အ‌မြောက်အမြားရှိသည်။

    [21] ထို့ပြင် အသင်တို့၏ ကိုယ်ခန္ဓာများထဲတွင်လည်း (သက်‌သေ လက္ခဏာများ)ရှိကြသည်။ ထို့‌နောက်လည်း အသင်တို့သည် မမြင်ကြသ‌လော။

    [22] ထို့ပြင် မိုး‌ကောင်းကင်တွင် အသင်တို့၏ စားနပ်ရိက္ခာနှင့် အသင်တို့ ကတိ‌ပေးခြင်းခံရ‌သောအရာရှိသည်။ ###၅

    [23] သို့ဖြစ်ရာ မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်အား တိုင်တည် ‌ပြောဆိုမည်၊ ထို(ကိယာမသ် ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝတွင် အကျိုးခံစားရခြင်းတို့)သည် အသင်တို့ စကား‌ပြောဆိုကြသကဲ့သို့ပင် မှန်ကန်သည်။ ###၆

    [24] အသင်၏ထံသို့ (တမန်‌တော်)အိဗ်ရာဟီမ် ၏ ဂုဏ်ရှိ‌သော ဧည့်သည်များအ‌ကြောင်း ‌ရောက်ရှိခဲ့သ‌လော။

    [25] တစ်ခါက ထိုဧည့်သည်များသည် ြွ၏ထံသို့ ဝင်‌ရောက်ခဲ့ပြီး စလာမ် ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေဟု ဆိုခဲ့ကြသည်။ ၎င်းကလည်း စလာမ် ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေဟုပင် ပြန်ဆိုခဲ့သည်။ မသိသည့်သူစိမ်းများပင် (ဟု စိတ်ထဲတွင် ထင်မှတ်ခဲ့သည်)။

    [26] ထို့‌နောက် ၎င်းသည် ၎င်း၏ အိမ်သားများထံသို့ (တိတ်တဆိတ်)ဝင်၍(ကင်ထားသည့်)ဝဖြိုး‌သော နွားက‌လေးတစ်‌ကောင်ကို ယူလာခဲ့သည်။

    [27] ထို့ပြင် ၎င်းက ထိုဧည့်သည်များ ‌ရှေ့ ၌ တည်ခင်း (ဧည့်ခံ)ခဲ့သည်။ (သူတို့က မစားကြသည့်အခါ) အသင်တို့ မစားကြသ‌လောဟု ၎င်းက ‌ပြောခဲ့သည်။

    [28] ထို့‌နောက် ၎င်း၏စိတ်ထဲတွင် သူတို့အား စိုးရိမ်လာခဲ့သည်။ သူတို့က အသင် မစိုးရိမ်ပါနှင့်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ၎င်းကို အလွန်အသိပညာနှင့် ပြည့်စုံ‌သောသားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်း‌ကောင်း‌ပြောကြားခဲ့ကြသည်။

    [29] သို့ဖြစ်ရာ ၎င်း၏ဇနီးသည် ‌အော်ပြီး ‌ရှေ့သို့‌ရောက် လာသည်။ ထို့ပြင် သူမ၏မျက်နှာကို လက်ဝါးနှင့်ရိုက်ပြီး အိုမင်းရင့်‌ရော်‌နေ‌သော အမြုံတစ်ဦးပင် (သားဖွားဦးမည်‌လော)ဟု ‌ပြောဆိုခဲ့သည်။

    [30] ထိုဧည့်သည်များက ‌ပြောဆိုကြသည်- "အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ဤသို့ပင် မိန့်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။" ###၆

    [31] ၎င်း (တမန်‌တောအိဗ်ရာဟီမ် )က ‌ပြောဆိုသည်- အို-‌စေလွှတ်ခြင်းခံရသည့်သူအ‌ပေါင်း တို့၊ သို့ဖြစ်လျှင် အသင်တို့တွင် မည်သည့်ကိစ္စရှိပါသနည်း။

    [32] သူတို့က ‌ဖြေကြားခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြ‌သော အမျိုးသားများထံသို့ ‌စေလွှတ် ခြင်းခံခဲ့ကြရသည်။

    [33] ကျွန်ုပ်တို့သည် သူတို့အ‌ပေါ်တွင် ရွှံ‌စေးနှင့်ပြုလုပ်ထားသည့် ခဲများကို ရွာသွန်း‌စေရန် အတွက်ဖြစ်သည် ။

    [34] (ထို‌ကျောက်ခဲများသည်) စည်းကမ်းကျူးလွန်သည့်သူများအတွက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အမှတ်အသားပြုလုပ်ပြီးဖြစ်သည်။

    [35] ထို့‌နောက် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် ရှိကြ‌သော အီမာန် ယုံကြည်သူများကို ထွက်ခွာ‌စေပြီးလွတ်‌မြောက်‌စေ‌တော်မူခဲ့သည်။

    [36] ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် မွတ်စ်လင်မ် အိမ်တစ်အိမ်သာ ‌တွေ့ရှိ‌တော်မူခဲ့သည်။ ###၇

    [37] ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် နာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ကြောက်ရွံ့ စိုးရိမ်သူများအတွက် သက်‌သေလက္ခဏာတစ်ခု ကျန်ရစ်‌စေ‌တော်မူခဲ့သည်။

    [38] ထို့ပြင် (တမန်‌တော်) မူစာ (၏ အ‌ကြောင်း)တွင်လည်း (သာဓကများ)ရှိသည်။ တစ်ခါက ငါအရှင်မြတ်သည် (တမန်‌တော်)မူစာ ကို ဖိရ်‌အောင်န် ၏ ထံသို့ ထင်ရှား‌သောသက်‌သေသာဓကနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။

    [39] သို့ရာတွင် သူသည် သူ၏အင်အားကို အားကိုးပြီး မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူက(တမန်‌တော် မူစာ ကို) ‌မှော်ဆရာဟု‌ပြောလိုက်၊ အရူးဟု‌ပြောလိုက် (အမျိုးမျိုး)‌ပြောဆိုခဲ့သည်။

    [40] သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူနှင့်တကွ သူ၏ စစ်တပ်ကို ဖမ်းဆီးပြီး ငါအရှင်မြတ်သည် သူတို့အား ပင်လယ်ထဲ ပစ်ချ‌တော်မူခဲ့သည်။ ၎င်းပြင် သူသည် အလွန်ပြစ်တင် ရှုတ်ချခံထိုက်‌သောသူပင်ဖြစ်သည်။

    [41] ထိုပြင် အာဒ် အမျိုးသားများတွင်လည်း (သင်ခန်းစာ) ရှိသည်။ တစ်ခါက ငါအရှင်မြတ်သည် သူတို့ အ‌ပေါ်တွင် မဂင်္လာမရှိ‌သော ‌လေပြင်းမုန်တိုင်းကို ‌စေလွှတ်‌တော်မူခဲ့သည်။

    [42] ထို မုန်တိုင်းသည် မည်သည့်အ‌ပေါ် ၌ပင်ဖြစ်‌စေ ကျ‌ရောက်ခဲ့လျှင် ထိုအရာအား ‌ဆွေးမြည့် ‌နေသည့်အပိုင်းအစများကဲ့သို့ ပြုလုပ်ခဲ့သည်။

    [43] ထို့ပြင် ဆမူဒ် အမျိုးသားများတွင်လည်း (သင်ခန်းစာ)ရှိသည်။ တစ်ခါက သူတို့သည် ‌ပြောကြားခံခဲ့ရသည်။ အသင်တို့ သည် အချိန်ကာလတစ်ခုထိသာ အကျိုး ခံစားကြပါ။

    [44] ထို‌နောက် သူတို့သည် သူတို့အား ‌မွေးမြူဖန်ဆင်းသည် အရှင်မြတ်၏ အမိန့်‌တော်ကို ပုန်ကန်ခဲ့ကြသည့် အတွက် ကျယ်‌လောင်သည့်အသံ ပြစ်ဒဏ်သည် သူတို့အား သူတို့မြင်‌နေလျက်ရှိစဉ်၌ပင် ဖမ်းဆီးကွပ်မျက်ခဲ့သည်။

    [45] သို့ဖြစ်ရာ သူတို့သည် မတ်တတ်ပင် မရပ်နိုင်ကြ‌တော့‌ပေ။ ထို့ပြင် သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြသူများလည်း မဟုတ်‌ပေ။

    [46] ထို့ပြင် ယခင်က (တမန်‌တော်) နူးဟ် ၏ အမျိုးသားများကိုလည်း (ဖျက်ဆီး‌တော်မူခဲ့သည်) အမှန်စင်စစ် သူတို့သည် အမိန့်‌တော်ကို ‌ဖောက်ဖျက်ကျူးလွန်သာ အမျိုးသားများ ဖြစ်ခဲ့ကြသည်။

    [47] ် (၄၇) ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်ကို တန်ခိုး‌တော်နှင့် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကျယ်ဝန်း‌စေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈

    [48] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီကို ခင်းကျင်း‌တော် မူခဲ့သည်။ ထို့ပြင် (ငါအရှင်မြတ်သည်)အဘယ်မျှ‌ကောင်းစွာ ခင်းကျင်းသည့်အရှင်မြတ်ဖြစ်လိုက်သနည်း။

    [49] ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ တရားရယူကြရန်အတွက် အရာရာတိုင်းကို (ဖိုမ)စုံတွဲဖန်ဆင်း‌တော်မူခဲ့သည်။ ###၉

    [50] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံ ‌တော်သို့ ‌ပြေးလွှား၍သွားကြပါ။ အမှန်စင်စစ် ငါ(တမန်‌တော်)သည် အသင်တို့အတွက် အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူဖြစ်သည်။

    [51] ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာကို ဖက်စပ် မသတ်မှတ်ကြနှင့်။ အမှန်စင်စစ် ငါသည် အသင်တို့ အတွက် အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူပင်ဖြစ်သည်။

    [52] ထိုသို့ပင် သူတို့မတိုင်မီ ရှိခဲ့ကြ‌သော သူများထံသို့ တမန်‌တော် တစ်ပါးပါး ‌ရောက်လာခဲ့သည့်အခါတိုင်း သူတို့သည် ၎င်း(တမန်‌တော်)ကို ‌မှော်ဆရာ သို့မဟုတ် အရူးဟု‌ပြောဆိုခဲ့ကြသည်။

    [53] သူတို့သည် အချင်းချင်း ဤသို့‌ပြောဆိုကြရန် မှာကြားခဲ့ကြသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့(အားလုံး)သည် ဆိုးသွမ်းသူများပင် ဖြစ်ခဲ့ကြသည်။

    [54] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား လျစ်လျူရှုထားလိုက်ပါ။ သို့ဖြစ်ရာ အသင်သည် အပြစ်တင်ခြင်းခံရမည်မဟုတ်‌ပေ။

    [55] ထို့ပြင် အသင်(တမန်‌တော်)သည် သတိ‌ပေးဆုံးမ‌နေပါ။ အဘယ့်‌ကြောင့်ဆို‌သော် ဆုံးမဩဝါဒသည် အီမာန် ယုံကြည်သူများကို အကျိုးရှိ‌စေခြင်း ‌ကြောင့်ဖြစ်သည်။ ###၁၀

    [56] ထို့ပြင် ငါအရှင်မြတ်သည် ဂျင်န် သတ္တဝါနှင့် လူသားကို ငါအရှင်မြတ်အား ကိုးကွယ်ရန်အတွက်ပင် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ###၁၁

    [57] ငါအရှင်မြတ်သည် သူတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိ‌တော်မူသည်မဟုတ်‌ပေ။ ငါအရှင်မြတ်အား သူတို့ ‌ကျွေး‌မွေးကြရန်လည်း ငါအရှင်မြတ် အလိုရှိ‌တော်မူသည်မဟုတ်‌ပေ။

    [58] အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်ကိုယ်‌တော်တိုင်ကပင် စားနပ်ရိက္ခာ အလွန်ရက်‌ရောစွာ‌ပေး‌တော်မူ‌သောအရှင်၊ အင်အားကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ အလွန်ခိုင်မြဲ‌တောင့်တင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [59] ထို့ပြင် စင်စစ် ပြစ်မှုကျူးလွန်ခဲ့သည့်သူများအတွက် သူတို့အ‌ဖော်များ၏ ပြစ်ဒဏ်‌ဝေစုကဲ့သို့ သူတို့တွင်လည်း ပြစ်ဒဏ်‌ဝေစုရှိမည်။ သို့ဖြစ်ရာ သူတို့သည်ငါအရှင်မြတ်ထံ‌တော်တွင် ပြစ်ဒဏ်ကို ‌ဆောလျင်စွာ မ‌တောင်းဆိုရ‌ပေ။

    [60] ထို့ပြင် ကာဖိရ် များအတွက် သူတို့ ချိန်းဆိုခြင်းခံကြရသည့်‌နေ့တွင် ပျက်စီးခြင်း ရှိလိမ့်မည်။

    Surah 52
    တောင်

    [1] (ငါအရှင်မြတ်သည်) သွူရ် ‌တောင် ###၁ ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ‌ရေးသားပြီးဖြစ်‌သော ကျမ်း‌တော် ### ၂ ကို သက်‌သေထူ‌တော်မူသည်။

    [3] ဖြန့်ထား‌သော စာရွက်‌ပေါ်တွင်၊

    [4] ထို့ပြင် စည်ကား‌သော အိမ်‌တော် ဗိုင်သိ မအ်မူရ် ###၃ ကို သက်‌သေထူ‌တော်မူသည်။

    [5] ထို့ပြင် မြင့်မား‌သော အမိုးကို သက်‌သေထူ‌တော်မူသည်။

    [6] ထို့ပြင် လျှံတက်‌နေ‌သော ပင်လယ်ကို သက်‌သေထူ‌တော်မူသည်။

    [7] အမှန်စင်စစ် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အပြစ်ဒဏ်သည် အမှန်ပင် ကျ‌ရောက်မည်ဖြစ်သည်။

    [8] ထိုပြစ်ဒဏ်ကို ဖယ်ရှားမည့်သူဟူ၍ လုံးဝမရှိ‌ပေ။

    [9] ထို‌နေ့တွင် မိုး‌ကောင်းကင်သည် တုန်လှုပ်အက်ကွဲသွားမည်။

    [10] ထို့ပြင် ‌တောင်များသည် ‌ရွေ့ လျားသွားကြမည်။

    [11] ထို့ပြင် ထို‌နေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများတွင် ပျက်စီးခြင်းရှိမည်။

    [12] ထိုသူများသည် အလဟဿ‌ပြောဆိုမှုတွင် ‌မွေ့‌လျော်‌နေကြသည်။

    [13] ထို‌နေ့တွင် သူတို့သည် ဂျဟန္နမ် ငရဲမီးရှိရာသို့ တွန်းပို့ခြင်းခံကြရမည်။

    [14] ဤမီးသည် မဟုတ်မမှန်ဟု အသင်တို့ ငြင်းပယ်‌နေခဲ့ကြ‌သောငရဲမီးပင်ဖြစ်သည်။

    [15] ထို‌နောက် ဤသည်လည်း စုန်းပ‌ရောဂ ‌မှော်အတတ်ပင်‌လော၊ သို့မဟုတ် အသင်တို့သည် (ယခုထိ) မမြင်ကြ‌သေးသ‌လော၊

    [16] အသင်တို့သည် ထိုငရဲမီးထဲသို့ ဝင်‌ရောက်ကြပါ။ ထို့ပြင် အသင်တို့သည် သည်းခံသည်ပင်ဖြစ်‌စေ၊ သည်းမခံသည်ပင်ဖြစ်‌စေ အသင်တို့အတွက် အ‌ကြောင်းမထူး ‌တော့‌ပေ။ အတူတူပင်ဖြစ်သည်။ အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသည်များအတွက်ပင် အစား‌ပေးခြင်းခံကြရခြင်းဖြစ်သည်။

    [17] အမှန်စင်စစ် ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီ များကမူ ဥယျာဉ်များနှင့် စည်းစိမ်များတွင် ရှိကြမည်။

    [18] သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော စည်းစိမ်များ‌ကြောင့် ဝမ်း‌မြောက်‌ပျော်ရွှင်လျက်ရှိကြမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့ကို ‌တောက်‌လောင်‌နေသည့်ငရဲမီး၏ပြစ်ဒဏ်မှ လွတ်ကင်း‌စေ‌တော်မူမည်။

    [19] အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ၏အစား အရသာရှိစွာ စား‌သောက်ကြပါ။

    [20] (သူတို့သည်) စနစ်တကျ ခင်းကျင်းထား‌သော မြင့်မားသည့် ထိုင်ခုံများ‌ပေါ်တွင် မှီအုံးများနှင့် မှီ‌နေကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဖြူ‌ဖွေးပြီး အလွန်‌ချော‌မောလှပ‌သော၊ မျက်ဝန်းကျယ်‌သော မိန်းမများနှင့် ထိမ်းမြား‌ပေး‌တော်မူမည်။

    [21] ထို့ပြင် အကြင်သူများသည် အီမာန် ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့၏ သား ‌မြေးများလည်း အီမာန် ယုံကြည်မှုနှင့် တကွ သူတို့၏ ‌နောက်သို့ လိုက်ခဲ့ကြသည်။ ငါအရှင်မြတ်သည် သူတို့၏ သား‌မြေးများကို သူတို့နှင့်အတူ ပူး‌ပေါင်းထား‌ပေး‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏လုပ်ရပ်များထဲမှလည်း မည်သည့်အရာတစ်ခုမျှ ‌လျော့နည်း‌စေမည်မဟုတ်‌ပေ။ လူတိုင်းသည် သူရှာ‌ဖွေဆည်းပူးခဲ့‌သော အရာများ၏အစား အာမခံ အ‌ပေါင်ပစ္စည်းဖြစ်သည်။###၄

    [22] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့အလို ဆန္ဒရှိကြ‌သော အမျိုးအစားများထဲမှ သစ်သီးဝလံများနှင့် အသားများကို ထပ်ဖြည့်‌ပေး‌နေ‌တော်မူမည်ဖြစ်သည်။

    [23] သူတို့သည် ဂျန္နတ်သုခဘုံတွင် အရက်အပြည့်ရှိ‌နေသည့်ခွက်များကို (တစ်‌ယောက်ထံမှ တစ်‌ယောက် အ‌ပျော်သ‌ဘောနှင့်) လုယူကြမည်။ ထိုအရက်တွင် အလဟဿစကား‌ပြောဆိုမှုရှိမည်မဟုတ်‌ပေ။ အပြစ်ဖြစ်ရန်လည်းရှိမည်မဟုတ်‌ပေ။

    [24] ထို့ပြင် သူတို့ထံသို့ သူတို့ပိုင်ဆိုင်ကြ‌သော လူငယ်‌လေးများသည် လှည့်ပတ်သွားလာ‌နေကြမည်။ ထို(အခိုင်းအ‌စေ) လူငယ်‌လေးများသည် လုံခြုံစွာ ထားရှိ‌သော ပုလဲများကဲ့သို့ ရှိကြမည်။

    [25] ထို့ပြင် သူတို့ထဲမှ အချင်းချင်း တစ်ဦးဘက်တစ်ဦးလည့်ပြီး စုံစမ်း‌မေးမြန်းကြမည်။

    [26] သူတို့က ‌ပြောဆိုကြမည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က ကျွန်ုပ်တို့ အိမ်သူအိမ် သားများနှင့် ရှိခဲ့စဉ်က ‌ကြောက်ရွံ့ စိုးရိမ်သည့်သူများအဖြစ်နှင့် ရှိခဲ့ကြရသည်။

    [27] ထို့‌နောက် အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အပူရှိန်ပြင်း‌သော ငရဲမီး ပြစ်ဒဏ်မှလည်း ကင်းလွတ်‌စေ‌တော်မူခဲ့သည်။

    [28] အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်ကတည်းက အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းလျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [29] ထို့‌နောက် အသင်(တမန်‌တော်)သည် သတိ‌ပေးဆုံးမ၍ ‌နေပါ။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် နက္ခတ်‌ဗေဒင်ဆရာလည်းမဟုတ်‌ပေ၊ ရူးသွပ်သူလည်းမဟုတ်‌ပေ။

    [30] သို့မဟုတ် သူတို့က သူသည် ကဗျာဆရာတစ်ဦးသာဖြစ်သည်။ ကျွန်ုပ်တို့သည် သူနှင့်ပတ်သက်၍ ‌ခေတ်ကာလ၏ ဖြစ်ပျက်မှု ‌သေခြင်းတရား ဆိုက်‌ရောက်ရန်ပင် ‌စောင့်ဆိုင်း‌နေကြသည်ဟု ‌ပြောဆိုကြသ‌လော၊

    [31] (အို-တမန်‌တော်) အသင်‌ပြောလိုက်ပါ - အသင်တို့ ‌စောင့်ဆိုင်း‌နေကြပါ။ ထို့ပြင် အမှန်ပင် ငါလည်း အသင်တို့နှင့် အတူ ‌စောင့်ဆိုင်းသူများထဲမှပင် ဖြစ်သည်။

    [32] သို့မဟုတ် သူတို့၏ အသိဉာဏ်များက ဤသည်နှင့် ပတ်သက်၍ သူတို့အား အမိန့်‌ပေးပါသ‌လော၊ သို့မဟုတ် သူတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူမျး ဖြစ်ကြပါသ‌လော။

    [33] သို့မဟုတ် သူတို့က ၎င်း(တမန်‌တော်)သည် ဤ(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု ‌ပြောဆိုကြပါ သ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့ကိုယ်တိုင် ယုံကြည်ကြသည်မဟုတ်‌ပေ။

    [34] ထိုသို့(၎င်းလုပ်ကြံသည်)ဆိုလျှင် အကယ်၍ သူတို့သည်မှန်ကန်သည့်သူများဖြစ်ကြလျှင် ထို(ကုရ်အာန် ကျမ်း‌တော်မြတ်)ကဲ့သို့ အာယသ် တစ်စုံတစ်ခုကို သူတို့(လည်း လုပ်ကြံ)ယူ‌ဆောင်လာကြရမည်။

    [35] သို့မဟုတ် သူတို့သည် (ဖန်ဆင်းသည့်သူ)တစ်ဦးမှမရှိဘဲ မိမိအလို‌လျောက်ဖြစ်‌ပေါ်လာခဲ့ကြပါသ‌လော။ သို့မဟုတ် သူတို့ကိုယ်တိုင် ဖန်ဆင်း သူများဖြစ်ကြသ‌လော။

    [36] သို့မဟုတ် သူတို့သည် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို ဖန်ဆင်းခဲ့ကြပါသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်သူတို့ သည် ယုံကြည်ကြသည်မဟုတ်‌ပေ။

    [37] သို့မဟုတ် သူတို့ထံတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဘဏ္ဍာ‌တော်များ ရှိ‌နေ ပါသ‌လော။ သို့မဟုတ် သူတို့သည် ကြီးကြပ်အုပ်ချုပ်သူများဖြစ်ကြပါသ‌လော။

    [38] သို့မဟုတ် သူတို့တွင် ‌လှေကားတစ်စုံတစ်ခုရှိ‌နေ၍ သူတို့သည် ထို‌လှေကားဖြင့် (မိုး‌ကောင်းကင်မှ စကားများကို) နား‌ထောင်ကြပါသ‌လော။ ထိုသို့ဆိုလျှင် သူတို့ထဲမှ နား‌ထောင်သူသည် ထင်ရှား‌သော သက်‌သေ သာဓက ယူ‌ဆောင်လာရမည်။

    [39] သို့မဟုတ် အရှင်မြတ်တွင် သမီး မိန်းက‌လေးများရှိကြ၍၊ အသင်တို့၌မူ သား‌ယောကျာ်းက‌လေးများ ရှိကြပါ သ‌လော။

    [40] သို့မဟုတ် အသင်သည် သူတို့ထံတွင် (တရား‌ဟောသည့်အတွက်)အဖိုးအခ တစ်စုံတစ်ရာ‌တောင်းဆို‌သော‌ကြောင့် သူတို့သည်အ‌ကြွေး‌ပေးဆပ်ရန် တာဝန်ပိ‌နေကြပါသ‌လော။

    [41] သို့မဟုတ် သူတို့ထံတွင် အကွယ်ကအရာများကို (သိ၍) သူတို့သည် ‌ရေးမှတ်ထားကြပါ သ‌လော။

    [42] သို့မဟုတ် သူတို့သည် တစ်စုံတစ်ခု မ‌ကောင်းကြံစည်ရန် ရည်ရွယ်ကြပါသ‌လော။ ထိုသို့ဆိုလျှင် ကာဖိရ် များပင် မ‌ကောင်းသည့်အကြံအစည်ထဲတွင် မိ‌နေကြသည်။ ###၅

    [43] သို့မဟုတ် သူတို့တွင် အလ္လာဟ် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်တစ်ပါးပါးရှိ‌နေကြပါ သ‌လော။ အလ္လာဟ် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များမှ လုံးဝ စင်ကြယ်သန့်ရှင်း‌တော်မူသည်။

    [44] ထို့ပြင် အကယ်၍ သူတို့သည် မိုး‌ကောင်းကင်၏အစိတ်အပိုင်းတစ်စုံတစ်ခု ကျလာသည်ကို ‌တွေ့ မြင်ကြလျှင်ပင် (ဤသည်) အထပ်ထပ်ဆင့်‌နေ‌သော မိုးတိမ်ထုပင်ဖြစ်သည်ဟု ‌ပြောကြဦးမည် ဖြစ်သည်။

    [45] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား (ဤအတိုင်းပင်)လွှတ်ထားလိုက်ပါ။ ‌နောက်ဆုံးတွင်သူတို့သည် သူတို့ ၏‌နေ့ဖြစ်‌သော သတိလက်လွတ်ဆုံးရှုံးရမည့်‌နေ့နှင့် ကြုံ‌တွေ့ရမည် ဖြစ်သည်။

    [46] ထို‌နေ့တွင် သူတို့အတွက် သူတို့၏ အကြံအစည်သည် မည်သည့်အရာမျှအသုံးမဝင်မည့်အပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်‌ပေ။###၆

    [47] ထို့ပြင် မတရားကျူးလွန်ခဲ့ကြ သည့်သူများအတွက် ထို (ကိယာမသ် ပြစ်ဒဏ် )မတိုင်မီတွင်လည်း ပြစ်ဒဏ်ရှိဦးမည်ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိရှိကြ‌ပေ။

    [48] ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို သည်းခံပြီး ‌စောင့်ဆိုင်းပါ။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှု‌စောင့်‌ရှောက်မှု‌အောက်တွင် ရှိ‌နေ‌သော‌ကြောင့်ဖြစ်သည်။ ထို့ပြင် အသင်သည် မတ်တတ်ရပ်သည့်အခါ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့် တကွ (အရှင်မြတ်) စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

    [49] ထိုပြင် အသင်(တမန်‌တော်) သည် ညအခါနှင့် ကြယ်များ (‌ပျောက်ကွယ်ပြီး) ‌နောက်ပိုင်းတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

    Surah 53
    ကြယ်

    [1] (ငါအရှင်မြတ်သည်)ကြယ်တာရာကို သက်‌သေထူ‌တော်မူသည်။ တစ်ခါက ထိုကြယ်တာရာသည် ကွယ်‌ပျောက်သွားခဲ့သည်။

    [2] အသင်တို့၏အ‌ဖော်(တမန်‌တော် မုဟမ်္မဒ်(ဆွ)သည်လမ်းလွဲ‌နေသည်လည်းမဟုတ်‌ပေ။ လမ်းမှားကို လိုက်ခဲ့သည်လည်း မဟုတ်‌ပေ။

    [3] ထို့ပြင် ၎င်းသည် (၎င်း၏)စိတ်အလိုဆန္ဒအတိုင်း စကား‌ပြောသည်မဟုတ်‌ပေ။၁

    [4] ထို‌ပြောဆိုမှုသည် (အလ္လာဟ် အရှင်မြတ်ထံ‌တော်မှ)ထုတ်ပြန်ခြင်းခံရ‌သော ထုတ်ပြန်ချက်သာဖြစ်သည်။

    [5] ၎င်းကို အလွန်အင်အားကြီးမားသူ(‌ကောင်းကင်တမန်)ကသင်ကြားပို့ချ‌ပေးခဲ့သည်။

    [6] အင်အားပြည့်စုံသူဖြစ်သည်။ထို့ပြင်(ထို‌ကောင်းကင်တမန်)သည် ‌နေသားတကျ ရပ်တည်ခဲ့သည်။(မူလရုပ်သဏ္ဍာန်နှင့်ထင်ရှားခဲ့သည်)

    [7] သူသည်မြင့်မား‌သောမိုးကုပ်စက်ဝိုင်းထဲရှိ‌နေသည့်အ‌ခြေအ‌နေတွင်။

    [8] ထို့‌နောက် သူသည် နီးကပ်လာခဲ့သည်။ ထို့ပြင် ထပ်၍ နီးကပ်လာခဲ့သည်။

    [9] သူ(‌ကောင်းကင်တမန်၏နီးကပ်မှုသည် )‌လေးနှစ်ပြန်စာ‌လောက်ပင် ကွာ‌ဝေး‌တော့သည် ။ သိ ု့မဟုတ်ထိုထက်ပင်ပို၍နီးကပ်စွာရှိခဲ့သည်။

    [10] ထို့‌နောက်အရှင်မြတ်သည်အရှင်မြတ်၏ကျွန် (တမန်‌တော်မုဟမ်္မဒ်(ဆွ))ထံသို့ အရှင်မြတ် ထုတ်ပြန်မည့်ထုတ်ပြန်ချက်များကို ထုတ်ပြန်‌တော်မူခဲ့သည်။

    [11] (၎င်း၏)စိတ်နှလုံးက‌တွေ့မြင်ခဲ့‌သောအရာများနှင့်ပတ်သက်၍ လွဲမှားမှုမရှိခဲ့‌ပေ။၂

    [12] ထို့‌နောက်လည်း အသင်တို့သည် ၎င်း‌တွေ့မြင်ခဲ့သည့်အရာများတွင် အငြင်းအခုံပြု‌နေကြ‌သေးသ‌လော။

    [13] ထို့ပြင်၎င်း(တမန်‌တော်)သည် သူ(‌ကောင်းကင်တမန်)ကို ဒုတိယအကြိမ်ဆင်းသက်ရာတွင် အမှန်ပင်‌တွေ့မြင်ခဲ့ သည်။

    [14] စိဒ်ရသုလ်မွန်သဟာ နယ်စပ်၌ရှိသည့်ဆီးပင်၏အနီးတွင်၊၃

    [15] ထိုဆီးပင်အနီးတွင် ဂျန္နသုလ် မအ်ဝါ သုခဘုံရှိသည်။

    [16] တစ်ခါက ဆီးပင်ကို ဖုံးလွှမ်း‌နေသည့်အရာများသည် ဖုံးလွှမ်း‌နေသည်။၄

    [17] (၎င်း၏)မျက်စိသည် လွဲ‌ချော်ခဲ့သည်လည်းမရှိ‌ပေ။ ‌ကျော်လွန်သွားခဲ့သည်လည်းမရှိ‌ပေ။

    [18] ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကြီးကျယ်‌သော သက်‌သေလက္ခဏာများကို အမှန်ပင် ‌တွေ့မြင်ခဲ့သည်။

    [19] ထို့ပြင် အသင်တို့သည် လာသ်(ရုပ်တု)နှင့် အုဇ္ဇာ(ရုပ်တု)၊

    [20] ထို့ပြင် တတိယ‌မြောက်ဖြစ်‌သော မနာသ် (ရုပ်တု)တို့နှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ကြည့်ခဲ့ကြသ‌လော။

    [21] အသင်တို့တွင် သား‌ယောက်ျားက‌လေးများ ရှိကြ၍အရှင်မြတ်တွင် သမီးမိန်းက‌လေးများ ရှိကြသ‌လော။ ၅

    [22] ဤသည်မှာမူ မညီမျှ‌သောတစ်ဖက်‌စောင်းနင်းခွဲ‌ဝေမှုပင်ဖြစ်သည်။

    [23] ထို(ရုပ်တု)များသည် အသင်တို့ကိုယ်တိုင်နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများက မှည့်‌ခေါ်ထား‌သော အမည်များပင်ဖြစ်ကြသည် ။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍မည်သည့်အ‌ထောက်အထားမျှ ချ‌ပေးခဲ့ခြင်းမရှိ‌ပေ။ သူတို့သည် ရမ်းဆထင်မြင်မှုနှင့်စိတ်အလိုဆန္ဒများကိုပင် လိုက်နာ‌နေကြခြင်းဖြစ်သည်။ အမှန်စင်စစ်သူတို့ထံသို့ သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    [24] လူသားသည် သူလိုလားသမျှ ရရှိသ‌လော။

    [25] ထို့ပြင် တမလွန်ဘဝနှင့် ဤဘဝသည် အလ္လာဟ် အရှင်မြတ်၏ ပိုင်ဆိုင်မှု၌ပင်ရှိသည်။

    [26] ထို့ပြင် မိုး‌ကောင်းကင်များတွင် ‌ကောင်းကင်တမန်များ အ‌မြောက်အမြားရှိကြသည်။ သူတို့၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် အလ္လာဟ် အရှင်မြတ်က အရှင်မြတ်အလိုရှိ‌တော်မူပြီး ‌ကျေနပ်‌တော်မူသည့်သူအတွက် ခွင့်ပြု‌တော်မူပြီး ‌နောက်မှပင် အသုံးဝင်မည်ဖြစ်သည်။၆

    [27] အမှန်စင်စစ်အာခိရသ်တမလွန်ဘဝကို မယုံကြည်သူများသည် ‌ကောင်းကင်တမန်များကို မိန်းမများ၏အမည်များနှင့် အမှန်ပင်မှည့်‌ခေါ်ကြသည်။

    [28] ဤသည်နှင့် ပတ်သက်၍သူတို့တွင် မည်သည့်အ‌ထောက်အထားအသိပညာမျှမရှိဘဲလျက်သူတို့သည် ထင်မြင်ယူဆချက်ကို လိုက်နာကြခြင်းဖြစ်သည်။ အမှန်စင်စစ်ထင်မြင်ယူဆချက်သည်အမှန်တရား၏‌ရှေ့၌မည်သည့်အရာမျှ အသုံးမဝင်‌ပေ။

    [29] သို့ဖြစ်ရာ အသင်သည်အကြင်သူအား လျစ်လျူရှု‌နေပါ။ ထိုသူများသည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒမှ မျက်နှာလွှဲ‌နေခဲ့ကြသည်။ ထို့ပြင် သူသည် ဤဘဝမှလွဲ၍ အခြားမည်သည့်အရာမျှ မရည်ရွယ်‌ပေ။

    [30] ထိုအရာသည်သူတို့၏အမြင့်ဆုံးအသိပညာပင်ဖြစ်သည်။ အမှန်စင်စစ်အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်သူကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တရားလမ်းမှန်ရသည့်သူကိုလည်းအသိဆုံး ဖြစ်‌တော်မူသည်။

    [31] ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် မ‌ကောင်းမှုကျူးလွန်သည့်သူများကို သူတို့ပြုလုပ်သမျှ အစား‌ပေး‌တော်မူရန်နှင့် ‌ကောင်းမှုပြုလုပ်သည့်သူများကိုလည်း ‌ကောင်းသည့်အစား‌ပေး‌တော် မူရန်အတွက် (သူတို့ လမ်းမှားသည် လမ်းမှန်သည်ဆိုသည်ကို အရှင်မြတ် အသိဆုံး)ဖြစ်သည်။

    [32] (ထို ‌ကောင်းမှုပြုလုပ်သည့်) အကြင်သူများသည် အ‌သေးအဖွဲ ပြစ်မှုများကို ပြုမိကြ‌သော်လည်း ကြီး‌လေး‌သောပြစ်မှုများနှင့် ညစ်ညမ်းမှုများကို ‌ရှောင်ကြဉ်ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်ကျယ်ဝန်း‌သော လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့စဉ်ကနှင့် အသင်တို့သည် အသင်တို့၏ မိခင်ဝမ်းဗိုက်များထဲတွင် သ‌န္ဓေသားဘဝတွင် ရှိစဉ်ကလည်း အရှင်မြတ်ပင် အသင်တို့အား အသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ကိုယ်ကို အသင်တို့ မြင့်မြတ်သည်၊ စင်ကြယ်သည်ဟု မထင်ကြနှင့်၊ အရှင်မြတ်သာ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သည့်သူများကို အသိဆုံးဖြစ်‌တော်မူသည်။ ၇

    [33] အသင်(တမန်‌တော်)သည် အကြင်သူ့ကို မမြင်ခဲ့သ‌လော။ ထိုသူသည် မျက်နှာလွှဲသွားခဲ့သည်။

    [34] ထို့ပြင် သူသည် (ပစ္စည်း)အနည်းငယ်‌ပေးပြီး မ‌ပေးဘဲထားခဲ့သည်။ ၈

    [35] သူ၏ထံတွင် အကွယ်က အသိရှိ‌နေ၍သူသည် ‌တွေ့မြင်‌နေသ‌လော။

    [36] သူသည် (တမန်‌တော်)မူစာ၏ကျမ်းများတွင် လာရှိသည်ကိုလည်း‌ကောင်း၊

    [37] တာဝန်‌ကျေပွန်ခဲ့‌သော(တမန်‌တော်)အိဗ်ရာဟီမ်၏ကျမ်းများတွင် လာရှိသည်ကိုလည်း‌ကောင်း အသိ‌ပေးခြင်းမခံခဲ့ရသ‌လော။

    [38] မည်သည့်ထမ်းပိုးသူတစ်ဦးကမျှ သူတစ်ပါး၏ ဝန်ထုပ်ကို ထမ်းပိုးမည် မဟုတ်‌ပေဆိုသည်ကိုလည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊

    [39] ထို့ပြင် လူသားတွင် သူကြိုးစားသည်မှလွဲ၍ မည်သည့်အရာမျှမရှိ ဆိုသည်ကိုလည်း‌ကောင်း( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊

    [40] ထို့ပြင်သူ၏ကြိုးစားမှုကို မကြာမီ‌တွေ့မြင်ရမည်ဆိုသည်ကိုလည်း‌ကောင်း (အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)။

    [41] ထို့‌နောက် သူသည် (သူ၏ကြိုးစားမှုကို) ပြည့်ဝစွာ အစား‌ပေးခြင်းခံရမည်ဆိုသည်ကိုလည်း‌ကောင်း(အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)။

    [42] ထို့ပြင်လမ်းဆုံးသည် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာဖြစ်သည်ဆိုသည်ကိုလည်း‌ကောင်း။ ၉

    [43] ထို့ပြင် အရှင်မြတ်ပင်ရယ်‌စေ‌တော်မူသည်၊ ငို‌စေ‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊

    [44] ထို့ပြင် အရှင်မြတ်ပင် ‌သေ‌စေ‌တော်မူသည်၊ ရှင်‌စေ‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊

    [45] ထို့ပြင်အရှင်မြတ်ပင်ဖိုနှင့်မစုံတွဲကို ဖန်ဆင်း‌တော်မူခဲ့သည်ဆိုသည်ကိုလည်း‌ကောင်း၊

    [46] သုက်ရည်နှင့် ထိုသုက်ရည်သည် သွန်း‌လောင်းခြင်းခံရသည့်အခါ၌လည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊

    [47] ထို့ပြင် ‌နောက်တစ်ကြိမ်ဖန်ဆင်းမှုသည် အရှင်မြတ်အ‌ပေါ်တွင် တာဝန်ဖြစ်သည်ဆိုသည်ကိုလည်း‌ကောင်း၊

    [48] ထို့ပြင် အရှင်မြတ်ပင် လုံ‌လောက်‌အောင်‌ပေး‌တော်မူသည်၊ စု‌ဆောင်းပိုင်ဆိုင်နိုင်‌အောင်‌ပေး‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊ ၁၀

    [49] ထို့ပြင် အရှင်မြတ်ပင် ရှိအ်ရာ ကြယ်ကို ဖန်ဆင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်ဆိုသည်ကို၊ ၁၁ လည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊

    [50] ထို့ပြင် အရှင်မြတ်ပင် ပထမအာဒ်အမျိုးသားများကို ဖျက်ဆီး‌တော်မူခဲ့သည်ဆိုသည်ကိုလည်း‌ကောင်း (အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊

    [51] ထို့ပြင် ဆမူဒ်အမျိုးသားများကိုလည်း‌ကောင်း (ဖျက်ဆီး‌တော်မူခဲ့ခြင်းသည်)တစ်‌ယောက်မျှ မချန်ထားခဲ့‌ပေ။

    [52] ထို့ပြင် ယခင်က (တမန်‌တော်)နူးဟ်၏ အမျိုးသားများကိုလည်း‌ကောင်း (ဖျက်ဆီး‌တော်မူခဲ့သည်)။ အမှန်စင်စစ်ထိုသူများသည်ပိုပြီး မတရားကျူးလွန်သူများ၊ ပိုပြီးဆိုးသွမ်းသူများဖြစ်ခဲ့ကြသည် ။

    [53] ထို့ပြင် အရှင်မြတ်ကပင်အထက်‌အောက် ‌ပြောင်းပြန်လှန်ထားသည့်ရွာကို ကိုင်‌ပေါက်‌တော်မူခဲ့သည်။

    [54] ထို့ပြင် ထိုရွာကို ဝိုင်းဝန်း ဖုံးလွှမ်းခဲ့သည့်အရာသည် ဝိုင်းဝန်း ဖုံးလွှမ်းခဲ့သည်။

    [55] သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူးများနှင့် ပတ်သက်၍ သံသယ ဖြစ်‌နေသနည်း။

    [56] ၎င်း(တမန်‌တော်)သည် ပထမဆုံး သတိ‌ပေးနှိုး‌ဆော်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

    [57] နီးကပ်သည့်အရာသည် နီးကပ်လာခဲ့ပြီဖြစ်သည်။

    [58] ထိုနီးကပ်သည့်အရာကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဖယ်ရှားမည့်သူမရှိ‌ပေ။

    [59] အသင်တို့သည် အဘယ့်‌ကြောင့် ဤစကား(ကုရ်အာန်ကျမ်း)မှ အံ့ဩ‌နေကြသနည်း။

    [60] ထို့ပြင်အသင်တို့သည် မငိုသည့်အပြင် ရယ်‌နေကြသ‌လော။

    [61] အသင်တို့သည် ဂရုမစိုက်ဘဲ ကစား‌နေကြလျက်(ရယ်‌နေကြသ‌လော)။

    [62] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏‌ရှေ့‌တော်တွင် စဂျ်ဒဟ် ဦးချကြပါ။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်ကိုသာ)ကိုးကွယ်ကြပါ။ ၁၂

    Surah 54
    လ

    [1] ကိယာမသ် ရှင်ပြန်ထရမည့်အချိန်သည် နီးကပ်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် လသည်လည်း (နှစ်ခြမ်း)ကွဲခဲ့ပြီဖြစ်သည်။ ###၁

    [2] ထို့ပြင် သူတို့သည် သက်‌သေလက္ခဏာ တစ်စုံတစ်ရာကို ‌တွေ့မြင်ကြလျှင်လည်း ‌ကျောခိုင်းသွားသည့်အပြင် (ဤသည်)ယခင်ကတည်းက ဆင်းသက်လာ‌သော ‌မှော်အတတ် ပညာပင်ဖြစ်သည်ဟု ‌ပြောဆို‌နေကြသည်။

    [3] ထို့ပြင် သူတို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ၍ သူတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြသည်။ ထို့ပြင် အ‌ရေးကိစ္စတိုင်းသည် (အချိန်ကာလသတ်မှတ်)ဆုံးဖြတ်ပြီးဖြစ်သည်။

    [4] ထို့ပြင် အမှန်စင်စစ် သူတို့ထံသို့ သင်ခန်းစာ အလုံအ‌လောက်ပါရှိ‌သော သတင်းများ‌ရောက်ရှိခဲ့ပြီဖြစ်သည်။

    [5] (ဤကျမ်းသည်) ပြည့်စုံသည့် ဉာဏ်ပညာများဖြစ်သည်။ ထို့‌နောက်လည်း သတိ‌ပေးနှိုး‌ဆော်သည့်အရာများသည် (ထိုသူများကို)အကျိုးရှိ‌စေမည်မဟုတ်‌ပေ။ ###၂

    [6] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့ဘက်မှ မျက်နှာလွှဲ၍‌နေပါ။ ထို‌နေ့တွင် ဆင့်‌ခေါ်သူသည် မနှစ်မြို့ ဖွယ်ကိစ္စဘက်သို့ ဆင့်‌ခေါ်လိမ့်မည်။

    [7] (ထို‌နေ့တွင်) သူတို့၏မျက်စိများသည် ‌အောက်သို့ စိုက်‌နေလိမ့်မည်။ သူတို့သည် ပြန့်ကြဲ‌နေ‌သော ကျိုင်း‌ကောင်များကဲ့သို့ သချုႋင်းမှ ထွက်လာကြမည်။

    [8] ဆင့်‌ခေါ်သူ ဘက်သို့ ‌ပြေးလာ‌နေကြမည်။ ကာဖိရ် များကမူ “ဤ‌နေ့သည် အလွန်ခက်ခဲ‌သော‌နေ့ပင်”ဟု ‌ပြောဆို‌နေကြလိမ့်မည်။ ###၃

    [9] သူတို့မတိုင်မီ (တမန်‌တော်)နူးဟ်၏ အမျိုးသားများလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ ကျွန်(နူးဟ်)အားမဟုတ်မမှန်စွပ်စွဲငြင်းပယ်ပြီးအရူးဟု ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် ၎င်း(နူးဟ်)သည် ခြိမ်း‌ခြောက်မှုကိုလည်း ခံခဲ့ရသည်။

    [10] သို့ဖြစ်ရာ ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် “အမှန်စင်စစ် ကျွန်ုပ်သည် အ‌ရေးရှုံးနိမ့်‌နေပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည်တန်ပြန်အ‌ရေးယူ‌တော်မူပါ(လက်စား‌ချေ‌တော်မူပါ)”ဟု ပန်ကြားခဲ့သည်။

    [11] သို့ဖြစ်ရာ ငါအရှင်မြတ်သည် မိုး‌ကောင်းကင်၏ တံခါးများကို ဖွင့်ပြီး မိုးသည်းထန်စွာ ရွာသွန်း‌စေ‌တော်မူခဲ့သည်။

    [12] ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီမှစမ်း‌ရေများကို ပန်းထွက်‌စေ‌တော်မူခဲ့သည့်အတွက် (အ‌ပေါ်‌အောက်)‌ရေများသည် ကြိုတင်စီမံထား‌သော အ‌ရေးကိစ္စ(‌ဆောင်ရွက်ရန်)ပူး‌ပေါင်းသွားခဲ့သည်။

    [13] ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို ပျဉ်ချပ်များ၊ သံများဖြင့် ပြုလုပ်ထားသည့်အရာ(သ‌ဘေင်္ာ)‌ပေါ်သို့ စီးနင်း‌စေ‌တော်မူခဲ့သည်။

    [14] ထိုသ‌ဘေင်္ာသည် ငါအရှင်မြတ်၏ ‌စောင့်‌ရှောက်မှု‌အောက်တွင် သွားလာလှုပ်ရှား‌နေခဲ့သည် ။ (၎င်းသည်) ငြင်းပယ်ခြင်းခံရသည့်သူအတွက် တန်ပြန်အ‌ရေးယူ‌တော်မူခြင်းဖြစ်သည်။

    [15] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို (သင်ခန်းစာရယူနိုင်ရန်) သက်‌သေလက္ခဏာတစ်ခုအဖြစ် ချန်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာကျက်မှတ် တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။

    [16] ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကိုဆင်ခြင်သုံးသပ်ကြပါ)။

    [17] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။

    [18] အာဒ် အမျိုးသားများသည်လည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကိုဆင်ခြင်သုံးသပ်ကြပါ)။

    [19] အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ အ‌ပေါ်တွင် ရှည်လျား‌သောမဂင်္လာကင်းမဲ့သည့်‌နေ့တွင် ပြင်းထန်‌သော‌လေမုန်တိုင်းကို ‌စေလွှတ်‌တော်မူခဲ့သည်။

    [20] ထိုမုန်တိုင်းသည် လူများကို ဆွဲနှုတ်ခဲ့သည့်အတွက် သူတို့သည် အမြစ်မှပြုတ်ထွက်ပြိုလဲခဲ့‌သော စွန်ပလွံပင်၏ ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။

    [21] ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကို ဆင်ခြင်သုံးသပ်ကြပါ)။

    [22] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ် တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။

    [23] ဆမူဒ် အမျိုးသားများသည်လည်း သတိ‌ပေးနှိုး‌ဆော်သူများအား မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။

    [24] ထို့ပြင် သူတို့က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကဲ့သို့လူသားတစ်ဦး၏‌နောက်သို့ လိုက်ကြရမည်‌လော။ ထိုသို့ဆိုလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းလွဲမှုနှင့် ရူးသွပ်မှုတွင် ကျ‌ရောက်သွားကြမည်ဖြစ်သည်ဟု‌ပြောဆိုကြသည်။

    [25] ကျွန်ုပ်တို့ထဲမှ ၎င်း၏အ‌ပေါ်၌သာ ဝဟီအမိန့်‌တော်ကို ချ‌ပေးခြင်းခံရသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်၎င်းသည် အလွန်လိမ်လည်သူ၊ ဝင့်ကြွားသူဖြစ်သည်။

    [26] သူတို့အ‌နေနှင့် မည်သူသည် အလွန်လိမ်လည်သူ၊ အလွန်ဝင့်ကြွားသူဖြစ်‌ကြောင်းကို မကြာမီနက်ဖြန်၌ပင် သိရှိကြရမည်။

    [27] အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား စမ်းသပ်ရန် ကုလားအုတ်မကို ‌စေလွှတ်‌တော်မူမည်။ သို့ဖြစ်ရာ အသင်သည် သူတို့အားသည်းခံပြီး‌စောင့်ဆိုင်း‌နေပါ။

    [28] ထို့ပြင် အသင်သည် သူတို့အား သူတို့ (၏တိရစ္ဆာန်များနှင့် ကုလားအုတ်မ)၏အကြား၌ (အလှည့်ကျ‌သောက်သုံးရန်) ‌ရေခွဲ‌ဝေထားသည့်အ‌ကြောင်း၊ အလှည့်ကျ လာ‌ရောက်‌သောက်ကြရမည့်အ‌ကြောင်း သတင်း‌ပေးလိုက်ပါ။

    [29] ထို့‌နောက် သူတို့သည် သူတို့၏အ‌ဖော်ကို ဟစ်‌ခေါ်ခဲ့သည်။ ထို့ပြင် ထိုအ‌ဖော်သည် လာ‌ရောက်ပြီး ကုလားအုတ်မ၏‌ခြေများကိုဖြတ်‌တောက် (၍သတ်ဖြတ်)ခဲ့သည် ။

    [30] ထို့‌နောက် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကို ဆင်ခြင်သုံးသပ်ကြပါ)။

    [31] အမှန်စင်စစ်ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ပြင်းထန်‌သော) အသံတစ်ခုကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် ကျွဲ နွားတိရစ္ဆာန်များ‌နေထိုင်ရန် ခြံခတ်သူ၏‌သွေ့‌ခြောက်‌ကြေမွ‌နေ‌သော သစ်ကိုင်းသစ်ခက်များကဲ့သို့ ဖြစ်သွားခဲ့ကြသည်။

    [32] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင်လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရား ရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။

    [33] (တမန်‌တော်)လူသွ် ၏အမျိုးသားများသည်လည်း သတိ‌ပေးနှိုး‌ဆော်သူများအား မဟုတ်မမှန်ဟု စွပ်စွဲ‌ပြောဆိုငြင်းပယ်ခဲ့ကြသည်။

    [34] အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ခဲမိုးကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ သို့ရာတွင် (တမန်‌တော်)လူသွ်၏‌နောက်လိုက် တပည့်သား မျိုးနွယ်များကိုမူ ငါအရှင်မြတ်သည် ည၏ ‌နောက်ဆုံးပိုင်း၌ပင် ကယ်တင်‌တော်မူခဲ့သည်။

    [35] ငါအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူးပြု‌တော်မူသည့်အ‌နေနှင့် ‌ကျေးဇူးသိတတ်သူများအား ထိုသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [36] ထို့ပြင် အမှန်စင်စစ်ထို (တမန်‌တော်)လူသွ် က ငါအရှင်မြတ်ဖမ်းဆီးအ‌ရေးယူမည်ဆိုသည့်အ‌ကြောင်း သူတို့အား သတိ‌ပေးနှိုး‌ဆော်ခဲ့‌သော်လည်း သူတို့သည် (ထို) သတိ‌ပေးနှိုး‌ဆော်ချက်များနှင့်ပတ်သက်၍ အငြင်းအခုံပြုခဲ့ကြသည်။

    [37] ထို့ပြင် အမှန်စင်စစ် သူတို့သည် ၎င်း၏ဧည့်သည်များကို ၎င်း၏ထံတွင်(မ‌ကောင်းသည့်အကြံအစည်နှင့်)‌တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့၏ မျက်စိများအား ကန်း‌စေ‌တော်မူခဲ့သည်။ ###၄ ထို့ပြင် (သူတို့အား) အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်မှုများ၏အရသာကို မြည်းစမ်းကြပါ (ဟုမိန့်ကြား‌တော်မူခဲ့သည်)။

    [38] ထို့ပြင် အမှန်စင်စစ် အမြဲတည်မြဲ‌နေမည့်ပြစ်ဒဏ်သည် သူတို့တွင် နံနက်‌စော‌စောအချိန် သက်‌ရောက်ခဲ့သည်။

    [39] ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့်ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များ၏အရသာကို မြည်းစမ်းကြပါ(ဟုမိန့်ကြား‌တော်မူခဲ့သည်)။

    [40] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန် ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရား ရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။

    [41] ထို့ပြင် အမှန်စင်စစ် ဖိရ်‌အောင်န်၏ ‌ခြွေရံသင်းပင်းများထံသို့လည်း သတိ‌ပေးနှိုး‌ဆော်ချက်များ‌ရောက်ရှိလာခဲ့သည်။

    [42] သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက်္ခဏာအားလုံးကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်၏ ဖမ်းဆီးပုံမျိုးနှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [43] အသင်တို့‌ခေတ်က ကာဖိရ်များသည် သူတို့ထက် ပို‌ကောင်းကြသ‌လော၊ သို့မဟုတ် ကျမ်းဂန်များထဲတွင် အသင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရှိသည်ဟုပါရှိသ‌လော။

    [44] သို့မဟုတ် သူတို့က “ကျွန်ုပ်တို့အားလုံးသည် ‌အောင်နိုင်မှုရရှိမည့်အုပ်စုဖြစ်သည်”ဟု ‌ပြောဆိုကြသ‌လော။

    [45] ထိုအုပ်စုသည် မကြာမီ၌ပင် အ‌ရေးနိမ့်ပြီး ‌ကျောခိုင်းထွက်‌ပြေးကြရလိမ့်မည်။

    [46] အမှန်စင်စစ် ကိယာမသ်‌နေ့သည် သူတို့အား ချိန်းဆိုထားသည့်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် ကိယာမသ်‌နေ့သည် ပိုပြင်းထန်သည့်အပြင် ပို၍နာကြည်းဖွယ်ဖြစ်သည်။

    [47] အမှန်စင်စစ် အပြစ်ကျူးလွန်သူများသည် လမ်းလွဲမှုနှင့် ပင်ပန်း ဒုက္ခ‌ရောက်မှု(ပြစ်ဒဏ်ထဲ)တွင် ရှိ‌နေကြသည်။

    [48] သူတို့သည် ‌မှောက်လျက် ငရဲမီးထဲတွင် တရွတ်တိုက်ဆွဲချခြင်းခံကြရသည့်‌နေ့တွင် “အသင်တို့သည် ငရဲမီးထိ‌ရောက်ခြင်း၏ အရသာကို မြည်းစမ်းကြပါ” (ဟု မိန့်ကြားခြင်းခံကြရမည်)။ ###၅

    [49] အမှန်စင်စစ် ငါအရှင်မြတ်သည် အရာရာတိုင်းကို ချင့်ချိန်ပြီး ဖန်ဆင်း‌တော်မူခဲ့သည်။

    [50] ထို့ပြင် ငါအရှင်မြတ်၏ အမိန့်‌တော်သည် တစ်ကြိမ်တည်း အမိန့်‌ပေးလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်‌မြောက်သွားမည်။ ###၆

    [51] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှင့် အယူအဆတူ‌သောသူများကို ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ တရားရယူသူတစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ ###၇

    [52] ထို့ပြင်သူတို့ပြုလုပ်ခဲ့သမျှသည် မှတ်တမ်းများတွင်ရှိသည်။

    [53] ထို့ပြင် အကြီးအ‌သေးဟူသမျှသည် ‌ရေးမှတ်ထားပြီးဖြစ်သည်။

    [54] အမှန်စင်စစ် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင်ရှိကြမည်။

    [55] တန်ခိုး‌တော်နှင့်ပြည့်စုံ‌တော်မူ‌သောအရာရာကို စိုးပိုင်‌တော်မူ‌သော ရှင်ဘုရင်အစစ်အမှန်၏ထံတွင် မြင့်မြတ်မှန်ကန်သည့်‌နေရာတွင် ရှိကြမည်။

    Surah 55
    ကျေးဇူးပြုတော်မူသောအရှင်

    [1] ရဟ်မာန် အနန္တ ကရုဏာ‌တော်ရှင်ပင်၊ ###၁

    [2] ကုရ်အာန်ကျမ်း‌တော်မြတ်ကို သင်ကြားပို့ချ‌တော်မူခဲ့သည်။

    [3] အရှင်မြတ်သည် လူသားအား ဖန်ဆင်း‌တော်မူခဲ့သည်။

    [4] အရှင်မြတ်သည်ပင် လူသားအား စကားရှင်းလင်းစွာ‌ပြောဆိုမှုကို သင်‌ပေး‌တော်မူခဲ့သည်။ ###၂

    [5] ‌နေနှင့်လသည် အချိန်ဇယားနှင့် (သွားလာ‌နေကြသည်)ဖြစ်သည်။

    [6] ကြယ်များနှင့် သစ်ပင်များသည် အမိန့်နာခံ ဦးချလျက်ရှိကြသည်။

    [7] မိုး‌ကောင်းကင်ကို အရှင်မြတ်ကပင် အလွန်မြင့်မား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ကပင်(‌မြေပထဝီတွင် တရားမျှတသည့်)ချိန်ခွင်ကို တီထွင်စီစဉ်‌ပေး‌တော်မူခဲ့သည်။

    [8] အသင်တို့သည် ချိန်တွယ်ရာတွင် မတရားမပြုလုပ်ကြရန်အတွက်ဖြစ်သည်။

    [9] ထို့ပြင် အသင်တို့သည် မျှတစွာ ချိန်တွယ်မှုကို ‌ဆောင်ရွက်ကြပါ၊ ထို့ပြင် အ‌လေးချိန်တွင် မ‌လျှော့ကြ(မခိုးကြ)နှင့်။

    [10] ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို အဖန်ဆင်းခံများ၏ အကျိုးအတွက်ထားရှိ‌တော်မူခဲ့သည်။

    [11] ထို ‌မြေပထဝီတွင် သစ်သီးဝလံများ၊ အဖူး၊ အငုံ၊ အစွပ်များနှင့် အုပ်ထား‌သော စွန်ပလွံပင်များ၊

    [12] ဖွဲနုပါ‌သော ‌ကောက်ပဲသီးနှံများ၊ အရွက်ရှိ‌သောအ‌စေ့များ၊ ‌မွှေးကြိုင်သည့်ပန်းများရှိကြသည်။

    [13] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။ ###၃

    [14] အရှင်မြတ်သည် လူသားအား အိုးခြမ်းကွဲ(ပဲ့)ကဲ့သို့ အသံမြည်‌သော ရွှံ့‌ခြောက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [15] ထို့ပြင် အရှင်မြတ်သည် ဂျင်န်များအား မီးခိုးမရှိ‌သော မီး‌တောက်ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။

    [16] ထို့‌နောက် (အို-ဂျင်န် နှင့် လူသား အ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန် ဟု ငြင်းပယ်ကြဦးမည်နည်း။

    [17] (အရှင်မြတ်ကပင်)‌နေထွက်ရာအရပ်နှစ်ခုနှင့် ‌နေဝင်ရာအရပ်နှစ်ခုကို ဖန်ဆင်း‌တော်မူခဲ့သည် ။###၄

    [18] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန် ဟု ငြင်းပယ်ကြဦးမည်နည်း။

    [19] အရှင်မြတ်ကပင် အချင်းချင်းဆုံသွား‌သော ပင်လယ်နှစ်ခုကို လွှတ်‌တော်မူခဲ့သည်။

    [20] ထိုပင်လယ်နှစ်ခု၏ ကြား၌အကာအဆီးတစ်ခုရှိ‌နေသည့်အတွက် သူတို့နှစ်ခုလုံးသည် နယ်မ‌ကျော်ကြ‌ပေ။###၅

    [21] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [22] ထိုပင်လယ်နှစ်ခုမှ ပုလဲရတနာများနှင့်သန္တာများထွက်သည်။

    [23] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟုငြင်းပယ်ကြဦးမည်နည်း။

    [24] ပင်လယ်တွင် ‌တောင်များကဲ့သို့ရပ်တည်‌နေကြ‌သော အထင်အရှားဖြစ်‌နေကြ‌သော သ‌ဘေင်္ာများသည်လည်း အရှင်မြတ်၏ အုပ်ချုပ်မှုလက်‌အောက်၌ပင်ရှိကြသည်။

    [25] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏မည်သည့် ‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [26] ထို‌မြေပထဝီ‌ပေါ်တွင်ရှိသမျှသည် ပျက်စီးမည့်အရာများချည်းသာဖြစ်ကြသည် ။

    [27] ထို့‌နောက်အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ မြင့်မြတ်‌တော်မူ‌သောတန်ခိုး‌တော်ရှင်ဖြစ်ပြီး‌ကျေးဇူးများစွာပြု‌တော်မူ‌သောအရှင်မြတ်၏ မျက်နှာ‌တော်(အရှင်မြတ်) တစ်ပါးတည်းပင် ကျန်ရှိ‌တော်မူမည်ဖြစ်သည်။###၆

    [28] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [29] မိုး‌ကောင်းကင်များတွင် ရှိသူများနှင့် ‌မြေပထဝီတွင်ရှိသူများသည် အရှင်မြတ်ထံ‌တော်၌သာ (သူတို့လိုလားသည်များကို)‌တောင်းခံကြသည်။ အရှင်မြတ်သည် ‌နေ့စဉ်အ‌ရေး ကိစ္စတစ်စုံတစ်ခုကို‌ဆောင်ရွက်‌နေ‌တော်မူသည်။ ###၇

    [30] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [31] အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ မကြာမီ ငါအရှင်မြတ်သည် (အသင်တို့၏ လုပ်ရပ်များနှင့်အညီ အစား‌ပေးရန်) အသင်တို့ဘက်သို့ လှည့်‌တော်မူမည်။ ###၈

    [32] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [33] အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိုး‌ကောင်းကင်များနှင့် ကမ္ဘာ‌မြေ၏နယ်နိမိတ်များအတွင်းမှ ထွက်သွားနိုင်လျှင်ထွက်သွားကြပါ။ စွမ်းအားမရှိ ဘဲနှင့် အသင်တို့သည် ထွက်သွားနိုင်ကြမည်မဟုတ်‌ပေ။

    [34] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [35] အသင်တို့(အုပ်စု)နှစ်ခုအ‌ပေါ်တွင် မီးခိုးမပါ‌သော မီး‌တောက်နှင့် (မီး‌တောက်မပါသည့်) မီးခိုးများ‌စေလွှတ်ခြင်းခံရမည်။ သို့ဖြစ်ရာ အသင်တို့သည် ဖယ်ရှားနိုင်ကြမည်မဟုတ်‌ပေ။###၉

    [36] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [37] ထို့ပြင်တစ်ချိန်တွင် မိုး‌ကောင်းကင်သည် အက်ကွဲပြီးနီရဲ‌နေသည့် သား‌ရေကဲ့သို့ နီရဲလာမည် ။ ###၁၀

    [38] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [39] ထို့ပြင် ထို‌နေ့တွင် မည်သည့်လူဖြစ်‌စေ၊ မည်သည့်ဂျင်န် ဖြစ်‌စေ (သူကျူးလွန်ခဲ့‌သောအပြစ်များကို အရှင်မြတ်သိ‌တော်မူပြီးဖြစ်သည့်အတွက်) သူ၏အပြစ်များနှင့် ပတ်သက်၍ ‌မေးမြန်းခံရမည်မဟုတ်‌တော့‌ပေ။ ###၁၁

    [40] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟုငြင်းပယ်ကြဦးမည်နည်း။

    [41] အပြစ်ရှိသူများသည် သူတို့၏ ရုပ်ရည်သွင်ပြင်နှင့်သာ သိရှိခြင်းခံကြရမည်။ ထို့ပြင် သူတို့သည် ဦးထိပ်များနှင့် ‌ခြေများကို ဆွဲကိုင် ဖမ်းဆီးခြင်းကိုခံကြရမည်။

    [42] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [43] ဤသည် အပြစ်ရှိသူများက မဟုတ်မမှန်ဟု ငြင်းပယ်‌နေခဲ့ကြ‌သော ဂျဟန္နမ်ငရဲပင်ဖြစ်သည်။

    [44] ထိုအပြစ်ရှိသူများသည် ထို ဂျဟန္နမ်ငရဲနှင့် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူ၏ အကြားတွင် လှည့်ပတ်‌နေကြရမည်။

    [45] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [46] ထို့ပြင် မိမိအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ရှေ့‌တော်တွင်မတ်တတ်ရပ်ရန်စိုးရိမ်သည့်သူများအတွက်မူ ဥယျာဉ်နှစ်ခုရှိမည်။###၁၂

    [47] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [48] အကိုင်းအလက်များ ‌ပေါများ‌ဝေဆာ‌နေသည့်(ဥယျာဉ်နှစ်ခုဖြစ်သည်)။

    [49] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [50] ထိုဥယျာဉ်နှစ်ခုလုံးတွင် စမ်း‌ချောင်းနှစ်ခုသည် စီးဆင်း‌နေလိမ့်မည်။

    [51] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [52] ထိုဥယျာဉ်နှစ်ခုလုံးတွင် သစ်သီးတိုင်းသည် နှစ်မျိုးနှစ်စားစီရှိကြမည်။

    [53] ထို့‌နောက် (အို-ဂျင်န် နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [54] (သူတို့သည်) ‌ရွှေခြည်များနှင့် ပန်းထိုးထား‌သော ပိုးဖဲအတွင်းခံ ‌မွေ့ရာများ‌ပေါ်တွင်(ထိုင်ပြီး မှီအုံးများကို )မှီ‌နေကြမည်။ ထို့ပြင် ဥယျာဉ်နှစ်ခုလုံး၏ အသီးများသည်လည်း နီးကပ်စွာပင် ရှိကြမည်။ ###၁၃

    [55] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [56] ထိုအထဲတွင် မျက်စိကို ‌အောက်နှိမ့်ချ‌သော မိန်းမပျိုများလည်းရှိကြမည်။ သူတို့မတိုင်မီ မည်သည့်လူသားနှင့် ဂျင်န်ကမှ ထိ‌တွေ့ခဲ့ဖူးသည်မရှိ‌ပေ။

    [57] ထို့‌နောက် (အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [58] ထိုမိန်းမပျိုများသည် ပတ္တမြားကဲ့သို့(ကြည်ပြီး)၊ သန္တာ‌ကျောက်ကဲ့သို့(ဖြူ‌ဖွေးလှပ‌နေကြမည်)။

    [59] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [60] ‌ကောင်းကျိုးပြုခြင်း၏ အစားသည် ‌ကောင်းကျိုးပြုခြင်းမှလွဲ၍ အခြားမည်သည့်အရာ ရှိဦးမည်နည်း။###၁၄

    [61] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [62] ထို့ပြင် ဥယျာဉ်နှစ်ခုအပြင် ‌နောက်ထပ်ဥယျာဉ်နှစ်ခုရှိ‌သေးသည်။

    [63] ထို့‌နောက် (အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [64] ထို(ဥယျာဉ်)နှစ်ခုလုံးသည် အစိမ်းရင့်ပြီးအနက်ဘက်ယိမ်းသည့် အ‌ရောင်ဖြစ်သည်။

    [65] ထို့‌နောက်(အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [66] ထိုဥယျာဉ်နှစ်ခုတွင်ပန်းထွက်‌နေ‌သော စမ်း‌ချောင်းနှစ်ခုရှိလိမ့်မည်။

    [67] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [68] ထိုဥယျာဉ်နှစ်ခုတွင် သစ်သီးဝလံများ၊ စွန်ပလွံပင်များနှင့် သလဲသီးများ ရှိကြမည်။

    [69] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [70] ထိုအထဲတွင် စာရိတ္တ‌ကောင်း‌သော ရုပ်ရည်‌ချော‌မောလှပသည့်မိန်းမပျိုများရှိကြမည်။

    [71] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [72] မဏ္ဍပ်များထဲတွင် ထိန်းသိမ်းထား‌သော အလွန်ဖြူ‌ဖွေးပြီး လှပ‌သော မိန်းမပျိုများရှိကြမည်။

    [73] ထို့‌နောက် (အို-ဂျင်န်နှင့် လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [74] သူတို့မတိုင်မီ ထိုမိန်းမပျိုများအား မည်သည့် လူသားနှင့် ဂျင်န်ကမှ ထိ‌တွေ့ခဲ့ဖူးခြင်း မရှိ‌ပေ။

    [75] ထို့‌နောက် (အို-ဂျင်န်နှင့် လူသား အ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [76] (သူတို့သည်)အစိမ်း‌ရောင်‌ကော်‌ဇောများနှင့် အလွန်အံ့ဩဖွယ်‌ကောင်း‌သော အခင်းအကျင်းများ‌ပေါ်တွင် (မှီအုံးများနှင့်)မှီ‌နေကြမည်။

    [77] ထို့‌နောက်(အို-ဂျင်န်နှင့်လူသားအ‌ပေါင်းတို့)၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူး‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြဦးမည်နည်း။

    [78] အသင် (တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ မြင့်မြတ်‌တော်မူ‌သောတန်ခိုး‌တော်ရှင်ဖြစ်ပြီး‌ကျေးဇူးများစွာပြု‌တော်မူ‌သောအရှင်၏ နာမ‌တော်သည် မဂင်္လာ အ‌ပေါင်းနှင့် ပြည့်စုံလှ‌ပေသည်။###၁၅

    Surah 56
    မလွဲမသွေဖြစ်ပျက်မည့်အရာ

    [1] အဖြစ်အပျက်(ကိယာမသ်‌နေ့)သည် ဖြစ်ပျက်ခဲ့သည့်အခါတွင်။

    [2] ထိုအဖြစ်အပျက် ဖြစ်ပျက်မည့်အချိန်သည် လိမ်လည်မှု မဟုတ်‌ပေ။

    [3] (ထို ကိယာမသ်သည်အချို့ကို)နှိမ့်ချလိုက်လိမ့်မည်၊ (အချို့ကို) မြှင့်တင်လိုက်လိမ့်မည်။###၁

    [4] ကမ္ဘာ‌မြေသည် အပြင်းအထန်လှုပ်ခြင်းခံရသည့်အခါတွင်၊

    [5] ထို့ပြင် ‌တောင်များသည် ‌ကြေညက်‌အောင်‌ချေမွှခံကြရသည့်အခါတွင်၊

    [6] ထို‌တောင်များသည် ဖြန့်ကြဲထား‌သော မြူမှုန့်များဖြစ်သွားမည် ။

    [7] ထို့ပြင် အသင်တို့သည် အတန်းအစားသုံးမျိုးဖြစ်သွားကြမည်။###၂

    [8] မည်သို့ပင်ဖြစ်‌စေ၊ လက်ယာဘက်သားများကမူ၊ လက်ယာဘက်သားများဆိုသည်မှာ အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှမြင့်လိုက်မည်နည်း။)

    [9] ထို့ပြင် လက်ဝဲဘက်သားများကမူ၊ လက်ဝဲဘက်သားများဆိုသည်မှာ အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှ နိမ့်ကျလိုက်မည်နည်း။)

    [10] ထို့ပြင် ‌ရှေ့ဆုံး‌ရောက်သည့်သူများသည် ‌ရှေ့ဆုံးကပင်ဖြစ်ကြသည်။

    [11] ထိုသူများသည် (အရှင်မြတ်၏အပါး‌တော်တွင်) အနီးကပ်ဆုံးသူများပင်ဖြစ်ကြသည်။ ###၃

    [12] (သူတို့သည်)တည်မြဲသည့်စည်းစိမ်နှင့်ပြည့်စုံ‌သော ဥယျာဉ်များတွင် ရှိကြမည်။

    [13] (ထိုအထဲတွင်)ပထမလူများထဲမှ များပြားသည့်အုပ်စုကြီးတစ်ခုရှိမည်။

    [14] ထို့ပြင် ‌နောက်လူများထဲမှ အနည်းငယ်ရှိကြမည်။

    [15] (သူတို့သည်) ‌ကျောက်သံပတ္တမြား စီမြှုပ်ထား‌သော မြင့်မား‌သော ထိုင်ခုံများအ‌ပေါ်တွင်၊

    [16] (မှီအုံးများကို)မှီပြီး မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြမည်။

    [17] အသက်မ‌သေဘဲ အမြဲနု‌နေမည့် လူငယ်များသည် သူတို့ထံတွင် လှည့်ပတ်သွားလာ‌နေကြမည်။

    [18] ‌သောက်‌ရေဖလားများ၊ ‌ရေတ‌ကောင်းများနှင့် စီး‌တွေသည့် အရက်ပြည့်လျှံ‌နေ‌သောခွက်များကို ယူ‌ဆောင်ပြီး(‌ပေးကြမည်)။

    [19] သူတို့သည် ထိုအရက်‌ကြောင့် ‌ခေါင်းခဲမူး‌ဝေခြင်းလည်းခံစားရမည်မဟုတ်‌ပေ။ သတိလစ်ကြမည်လည်း မဟုတ်‌ပေ။###၄

    [20] ထို့ပြင် သူတို့နှစ်သက်‌သော သစ်သီးဝလံများကို (ယူ‌ဆောင်‌ပေးကြမည်)။

    [21] ထို့ပြင် သူတို့နှစ်သက်ကြ‌သော ငှက်သားများကို(လည်း ယူ‌ဆောင်‌ပေးကြမည်)။

    [22] ထို့ပြင် (သူတို့အတွက်) အလွန်ဖြူ‌ချောပြီး မျက်ဝန်းကျယ်‌သော မိန်းမပျိုများလည်းရှိကြမည်။

    [23] လျှို့ဝှက်သိမ်းဆည်းထား‌သော ပုလဲများကဲ့သို့ဖြစ်သည်။

    [24] (ဤသည်) သူတို့ပြုလုပ်ခဲ့ကြ‌သော (‌ကောင်းမြတ်သည့်)လုပ်ရပ်များ၏ အစား‌ပေး‌တော်မူခြင်းဖြစ်သည်။

    [25] သူတို့သည် ထိုဥယျာဉ်များတွင် အလဟဿ စကား‌ရော၊ အပြစ်ဖြစ်‌စေသည့်စကားပါ တစ်ခွန်းမျှ ကြားရမည်မဟုတ်‌ပေ။

    [26] စလာမ်စလာမ်ငြိမ်းချမ်းသာယာပါ‌စေ၊ ငြိမ်းချမ်းသာယာပါ‌စေ ဟု‌ပြောသည်ကိုသာ(ကြားကြရမည်ဖြစ်သည်)။

    [27] ထို့ပြင် လက်ယာဘက်သားများ၊ ထိုလက်ယာဘက်သားများသည် အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှမြင့်လိုက်မည်နည်း)။

    [28] (သူတို့သည်) ဆူးမရှိ‌သော ဆီးပင်အနီးတွင်ရှိကြမည်။

    [29] ထို့ပြင် အခိုင်လိုက်သီး‌သော ငှက်‌ပျောပင်များအနီးတွင်ရှိကြမည်။

    [30] ထို့ပြင် ကျယ်ဝန်း‌သောအရိပ်များတွင်ရှိကြမည်။

    [31] ထို့ပြင် အမြဲစီးဆင်း‌နေ‌သော ‌ရေအနီးတွင်ရှိကြမည်။

    [32] ထို့ပြင် သစ်သီးဝလံ အ‌မြောက်အမြားရှိသည့်‌နေရာတွင် ရှိကြလိမ့်မည်။

    [33] ကုန်ခန်းခြင်းလည်းမရှိဘဲ၊ ပိတ်ပင်တားမြစ်ခြင်းခံရမည့် သစ်သီးဝလံများလည်း မဟုတ်ကြ‌ပေ။

    [34] ထို့ပြင် (သူတို့သည်) မြင့်မား‌သော ထိုင်ခုံများ၊ အခင်းအကျင်းများ၊ ‌မွေ့ရာများ‌ပေါ်တွင် ရှိကြမည်။

    [35] အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုမိန်းမပျိုများကို အထူးဖန်ဆင်း‌တော်မူခဲ့သည်။

    [36] ထို့‌နောက် ငါအရှင်မြတ်သည် သူမတို့အား အပျိုစင်များအဖြစ်ပြုလုပ်ထား‌တော်မူခဲ့သည်။

    [37] (ခင်ပွန်းများကို) ချစ်ခင်ကြ‌သော သက်တူရွယ်တူများဖြစ်ကြသည်။

    [38] လက်ယာဘက်သားများအတွက်ဖြစ်သည်။###၅

    [39] (ထိုလက်ယာဘက်သားများထဲတွင်) ပထမလူများထဲမှ ကြီးကျယ်‌သော အုပ်စုကြီးတစ်ခုနှင့်၊

    [40] ‌နောက်လူများထဲမှ ကြီးကျယ်သည့်အုပ်စုကြီးတစ်ခုတို့ ပါဝင်ကြမည်။

    [41] ထို့ပြင် လက်ဝဲဘက်သားများ၊ လက်ဝဲဘက်သားများသည် အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှနိမ့်ကျလိုက်မည်နည်း။)

    [42] (သူတို့အတွက်)ခြစ်ခြစ်‌တောက်ပူ‌လောင်‌သော‌လေပူတွင် ၊ ပွက်ပွက်ဆူ‌နေ‌သော‌ရေ‌နွေးပူတွင်၊

    [43] အလွန်နက်‌မှောင်‌သောအခိုးအ‌ငွေ့၏အရိပ်တွင်ရှိကြမည်။

    [44] (ထိုအရိပ်သည်)‌အေးမြခြင်းလည်းမရှိဘဲ၊ ပြန်ပြီးလန်းဆန်း‌စေခြင်းလည်းမရှိ‌ပေ။

    [45] အမှန်စင်စစ် သူတို့သည် ထို့ထက်အလျင်က စည်းစိမ်ရှင်များပင် ဖြစ်ခဲ့ကြသည်။

    [46] ထို့ပြင် သူတို့သည် အလွန်ကြီး‌လေး‌သော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုးပြီး ကျူးလွန်လျက်ရှိခဲ့ကြသည်။

    [47] ထို့ပြင် သူတို့သည် (ဤသို့)‌ပြောဆိုခဲ့ကြသည်။ “ကျွန်ုပ်တို့သည် ‌သေပြီး‌နောက် အရိုးများဖြစ်ခဲ့ကြသည့်အခါ အမှန်စင်စစ်ရှင်ပြန်ထ‌စေခြင်းကို ခံကြရဦးမည်‌လော။”

    [48] “ထို့ပြင် ‌ရှေးကလူများဖြစ်ကြ‌သော ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများလည်း (ရှင်ပြန်ထရဦးမည်‌လော)။”

    [49] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ‌ရှေးကလူများသာမက၊ ‌နောက်လူများလည်း။

    [50] အမှန်ပင်သတ်မှတ်ပြီးဖြစ်သည့်‌နေ့ ဆိုက်‌ရောက်လာမည့်အချိန်တွင် စုရုံးခြင်းခံကြရမည်။

    [51] ထို့‌နောက် အို-လမ်းလွဲသူများ၊ မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်သူများ၊ အမှန်စင်စစ် အသင်တို့သည်၊

    [52] ဇက္ကူမ် ရှား‌စောင်းခါးပင်ကို အမှန်ပင်စားကြရမည့်သူများဖြစ်သည်။

    [53] ထို့ပြင် ထိုအရာ(ဇက္ကူမ်)နှင့်သာ ဝမ်းဗိုက်များကို ဖြည့်ကြရမည်ဖြစ်သည်။

    [54] ထို့ပြင် ထိုအရာ(ဇက္ကူမ်)စားပြီး‌နောက် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူကို‌သောက်ကြရမည်ဖြစ်သည်။

    [55] ထို့ပြင် (ထို‌ရေ‌နွေးပူကို) ‌ရေဆာ‌နေ‌သော ကုလားအုတ်များ‌သောက်သကဲ့သို့ (မနားဘဲဗိုက်အပြည့်)‌သောက်ကြရမည်ဖြစ်သည်။

    [56] ဤသည် သူတို့အား အစား‌ပေးမည့်‌နေ့တွင် ဧည့်ခံ‌ကျွေး‌မွေးခြင်းပင်ဖြစ်လိမ့်မည်။###၆

    [57] ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက်လည်း အသင်တို့သည် အဘယ့်‌ကြောင့် ဝန်မခံကြသနည်း။

    [58] အသင်တို့‌ပြောကြပါ။ အသင်တို့သည် အသင်တို့သုက်ရည်ကို(အမျိုးသမီး၏သားအိမ်ထဲတွင်)အစက်ချကြသည်ကို စဉ်းစားကြည့်မြင်ခဲ့ကြသ‌လော။

    [59] ထိုသုက်ရည်ကို အသင်တို့ကိုယ်တိုင်(လူဖြစ်‌အောင်)ဖန်ဆင်းကြသ‌လော။ သို့မဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်း‌တော်မူသ‌လော။ ###၇

    [60] ငါအရှင်မြတ်သည်ပင် အသင်တို့ကြားတွင် ‌သေဆုံးခြင်းကို စီမံ‌တော်မူခဲ့သည်။ ###၈ ထို့ပြင် ငါအရှင်မြတ်သည် မစွမ်းနိုင်‌တော်မူ‌သောအရှင်မဟုတ်‌ပေ။

    [61] ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သူများကို ‌ပြောင်းလဲ(ဖန်ဆင်း‌တော်မူ)ရန်အတွက်သာမက၊ အသင်တို့ကိုအသင်တို့ပင်မသိကြသည့် အ‌ခြေအ‌နေမျိုး၌ ဖန်ဆင်း‌တော်မူရန် အတွက်လည်းဖြစ်သည်။ ###၉ (မစွမ်း‌ဆောင်နိုင်သည့်အရှင်မဟုတ်‌ပေ)။

    [62] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ပထမအကြိမ် ဖန်ဆင်း‌တော်မူသည်ကို သိရှိပြီးဖြစ်ကြလျက်နှင့် အဘယ့်‌ကြောင့် နားမလည်ကြသနည်း။

    [63] ထို့ပြင် အသင်တို့သည် အသင်တို့ စိုက်ပျိုးကြသည်များကို စဉ်းစားကြည့်မြင်ခဲ့ကြသ‌လော။

    [64] ထိုမျိုး‌စေ့ကို အသင်တို့ကိုယ်တိုင် ‌ပေါက်‌ရောက်‌စေကြသ‌လော။ သို့မဟုတ် ငါအရှင်မြတ်သည်သာ ‌ပေါက်‌ရောက်‌စေ‌တော်မူ‌သော အရှင်မြတ် ဖြစ်‌တော်မူသ‌လော။

    [65] အကယ်၍ ငါအရှင်မြတ်သည် အလိုရှိ‌တော်မူလျှင် ထိုလယ်ယာကို စဉ်းထား‌သော ‌ကောက်ရိုးများ၊ မြက်‌ခြောက်များ ဖြစ်‌စေ‌တော်မူခဲ့မည်ပင်။ ထိုအခါ အသင်တို့သည် ‌တွေ‌ဝေ‌ငေးမှိုင်‌နေကြမည်။###၁၀

    [66] အမှန်စင်စစ် ကျွန်ုပ်တို့မှာမူ ‌ကြွေးဆပ်ခိုင်းခံကြရခြင်းပင်ဖြစ်သည်။

    [67] ထိုသို့မဟုတ် အမှန်စင်စစ်ကျွန်ုပ်တို့သည်လက်မဲ့ဖြစ်သွားကြပါပြီ (ဟု ‌ပြောဆိုညည်းညူကြမည်ဖြစ်သည်)။

    [68] ထို့ပြင် အသင်တို့သည် အသင်တို့‌သောက်သုံးကြသည့်‌ရေကိုမြင်ခဲ့ကြသ‌လော။

    [69] ထို‌ရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှရွာသွန်း‌စေကြသ‌လော၊ သို့မဟုတ် ငါအရှင်မြတ်သည်ပင် ရွာသွန်း‌စေသည့်အရှင်ဖြစ်‌တော်မူသ‌လော။

    [70] အကယ်၍ ငါအရှင်မြတ်သည်အလိုရှိ‌တော်မူလျှင် ထို‌ရေကို ခါးသည့်‌ရေ၊ ငံသည့်‌ရေအဖြစ် ပြုလုပ်‌တော်မူခဲ့မည်ပင်ဖြစ်သည်။ ထို့‌နောက်လည်း အသင်တို့သည် အဘယ့်‌ကြောင့် ‌ကျေးဇူးမတင်ကြသနည်း။ ###၁၁

    [71] ထို့ပြင် အသင်တို့သည် အသင်တို့‌မွှေးကြ‌သောမီးကို မြင်ခဲ့ကြသ‌လော။

    [72] ထိုမီးထွက်‌သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ‌ပေါက်‌ရောက်‌စေခဲ့ကြသ‌လော။ သို့မဟုတ် ငါအရှင်မြတ်ပင် ‌ပေါက်‌ရောက်‌စေ‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသ‌လော။

    [73] ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိတရားရ‌စေသည့်အရာအဖြစ်###၁၂ နှင့် ခရီးသည်များအတွက် အကျိုးရှိသည့်အရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။

    [74] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလွန်ကြီးကျယ်မြင့်မြတ်‌သော အရှင်မြတ်၏ နာမ‌တော်ဖြင့် စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။ ###၁၃

    [75] ထို့‌နောက် ငါအရှင်မြတ်သည် ကြယ်များဝင်သည့်‌နေရာ၊ စခန်းချသည့်‌နေရာများကို သက်‌သေထူ‌တော်မူသည်။ ###၁၄

    [76] ထို့ပြင် စင်စစ် ထိုသို့ သက်‌သေထူခြင်းသည် အကယ်၍ အသင်တို့ သိရှိကြလျှင် ကြီးကျယ်‌သော ကျိန်ဆိုမှုအမှန်ပင် ဖြစ်သည်။

    [77] အမှန်စင်စစ် ထိုအရာသည် ဂုဏ်ကျက်သ‌ရေနှင့် ပြည့်စုံ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ပင်ဖြစ်သည်။

    [78] မှတ်တမ်းစာအုပ်တစ်ခုတွင် ထိန်းသိမ်း‌စောင့်‌ရှောက်ထားရှိပြီးဖြစ်သည်။

    [79] ထိုမှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းသည့်သူများမှလွဲ၍ မည်သူမျှမထိ‌တွေ့ကြ‌ပေ။ ###၁၅

    [80] စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူခြင်းခံရခြင်းဖြစ်သည်။

    [81] ထို့‌နောက်လည်း အသင်တို့သည် ဤအာယသ်‌တော်များကို ဂရုမစိုက်ဘဲ လျစ်လျူရှု‌နေကြသ‌လော။

    [82] ထို့ပြင် အမှန်စင်စစ် အသင်တို့သည် မဟုတ်မမှန်ဟု ငြင်းပယ်မှုကိုပင် အသင်တို့၏ စားနပ်ရိက္ခာရှာ‌ဖွေ‌သော အလုပ်အကိုင်အဖြစ် ပြုလုပ်‌နေကြသ‌လော။###၁၆

    [83] သို့ဖြစ်လျှင် အသက်ဝိညာဉ်သည် လည်မျိုသို့‌ရောက်ရှိလာသည့်အခါ အသင်တို့သည် အဘယ့်‌ကြောင့်(မဟုတ်မမှန်ဟု ငြင်းပယ်ခြင်း)မပြုကြ‌တော့သနည်း။

    [84] ထိုအချိန်တွင် အသင်တို့သည်ကြည့်‌နေလျက်ရှိကြသည်။

    [85] ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထက်ပို၍ပင်ထိုသူနှင့် နီးကပ်လျက်ရှိ‌နေ‌တော်မူသည်။ သို့ရာတွင် အသင်တို့သည်မြင်ကြသည်မဟုတ်‌ပေ။

    [86] ထို့ပြင် အသင်တို့သည် အစား‌ပေးခြင်းခံရမည့်သူများမဟုတ်ကြလျှင်၊

    [87] အသင်တို့သည်အမှန်‌ပြောဆိုသူများဖြစ်ကြလျှင်၊ အဘယ့်‌ကြောင့် ထိုအသက်ဝိညာဉ်ကို ပြန်သွင်းမထားလိုက်ကြသနည်း။ (ပြန်လည်ယူမထားလိုက်ကြသနည်း။) ###၁၇

    [88] ထို့‌နောက် မည်သို့ပင်ဖြစ်‌စေ၊ အကယ်၍(‌သေဆုံး)သူသည် နီးကပ်သူများထဲမှဖြစ်ခဲ့လျှင်၊

    [89] သို့ဖြစ်လျှင်(သူ ့အတွက်) သက်သာအနားရမှု၊ အစားအစာနှင့် ‌ပျော်‌မွေ့ရာ‌နေရာဂျန်္နသ်ရှိလိမ့်မည်။

    [90] ထို့ပြင် အကယ်၍သူသည် လက်ယာဘက်သားများထဲမှ ဖြစ်ခဲ့လျှင်၊

    [91] သို့ဖြစ်လျှင်(အသင်သည်) လက်ယာဘက်သားများထဲမှဖြစ်၍ အသင့်အတွက် ငြိမ်းချမ်းသာယာမှုရှိမည် (ဟု သတင်း‌ပြောကြားခြင်းခံရမည်)။

    [92] ထို့ပြင် အကယ်၍ ထိုသူသည်လမ်းမှား‌သောသူ၊ မဟုတ်မမှန်ဟု ငြင်းပယ်ကြသူများထဲမှဖြစ်ခဲ့လျှင်မူ၊

    [93] ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူဖြင့် ဧည့်ခံမှုရှိမည်၊

    [94] ‌တောက်‌လောင်‌နေ‌သောမီးထဲသို့လည်း ဝင်‌ရောက်‌စေခြင်းရှိမည်။

    [95] အမှန်စင်စစ် ဤ(အ‌ကြောင်းအရာ)သည် ထင်ရှားလှ‌သော မှန်ကန်မှုပင်ဖြစ်သည်။

    [96] သို့ဖြစ်ရာ အသင် (တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလွန်ကြီးကျယ်မြင့်မြတ်‌သော အရှင်မြတ်၏ နာမ‌တော်ဖြင့် စင်ကြယ်‌တော်မူ‌ကြောင်းရွတ်ဆိုပါ။

    Surah 57
    သံ

    [1] မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ်သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုချီးမွမ်းကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာကို အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်ပင် အသက်ရှင် ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] အရှင်မြတ်ပင် အစအဦးဆုံး တည်ရှိ‌တော်မူ‌သောအရှင်၊ အဆုံးစွန်‌နောက်ဆုံးတိုင်တည်ရှိ‌တော်မူမည့်အရှင်၊ ထင်ရှားစွာ ရှိ‌နေ‌တော်မူ‌သောအရှင်၊ အကွယ်တွင် လျှို့ဝှက်စွာ တည်ရှိ‌နေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [4] အရှင်မြတ်ပင် မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ် ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။အရှင်မြတ်သည် ‌မြေပထဝီထဲ ဝင်သည့် အရာနှင့်‌မြေပထဝီမှ ထွက်သည့်အရာကို၊ ထို့ပြင် မိုး‌ကောင်းကင်မှ ဆင်းသက်လာ‌သောအရာနှင့် မိုး‌ကောင်းကင်သို့ တက်သည့်အရာကို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ရှိ‌နေကြသည့် မည်သည့်‌နေရာ၌မဆို အသင်တို့နှင့် အတူတကွရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။

    [5] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား စိုးမိုးအုပ်ချုပ်မှုအာဏာကို အရှင်မြတ်ပင်စိုးပိုင်‌တော်မူသည်။ ထို့ပြင် အ‌ရေးကိစ်္စဟူသမျှသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။

    [6] အရှင်မြတ်သည် ညကို ‌နေ့ထဲတွင် ထည့်သွင်း‌တော်မူသည်။(‌နေ့တာရှည်‌စေ‌တော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် ‌နေ့ကို ညထဲတွင်လည်း ထည့်သွင်း‌တော်မူသည်။ (ညတာ ရှည်‌စေ‌တော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် စိတ်နှလုံးများထဲ၌ရှိသည်များကိုလည်း အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁

    [7] အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို အီမာန်ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် အကြင်ဥစ္စာပစ္စည်းများထဲမှ သုံးစွဲလှူဒါန်းကြပါ။ အရှင်မြတ်သည် အသင်တို့အား ထိုပစ္စည်းများနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ ခန့်အပ်ထား‌တော်မူသည်။ ထို့ပြင် အသင်တို့ထဲမှ အကြင်သူများသည် အီမာန်ယုံကြည်ပြီး သုံးစွဲလှူဒါန်းခဲ့ကြသည်။ သူတို့အတွက် ကြီးကျယ်‌သောအကျိုးရှိမည်။ ###၂

    [8] ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကိုယုံကြည်ကြရန်အတွက် တမန်‌တော်သည် အသင်တို့အား ဖိတ်‌ခေါ်‌နေသည်။ ထို့ပြင် အမှန်စင်စစ်အရှင်မြတ်သည် အသင်တို့ထံမှ ကတိဝန်ခံချက်လည်း ယူထား‌တော်မူပြီးဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ယုံကြည်မည့်သူများဖြစ်ကြလျှင် အသင် တို့သည် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ရန် မည်သည့်အ‌ကြောင်းရှိကြသနည်း။ ###၃

    [9] ထိုအရှင်မြတ်ပင် အသင်တို့အား အ‌မှောင်ထုများမှ အလင်းကို ထွက်‌စေရန်အတွက် အရှင်မြတ်၏ကျွန်၏အ‌ပေါ်တွင် ထင်ရှား‌သောအာယသ်‌တော်များကို ချ‌ပေး‌တော်မူ ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [10] ထို့ပြင်(အသင်တို့မရှိ‌တော့သည့်‌နောက်လည်း)မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ကျန်ရှိမည့်အရာဟူသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါလျက် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သုံးစွဲလှူဒါန်းခြင်းမပြုကြရန် အသင်တို့တွင် မည်သည့်အ‌ကြောင်းရှိသနည်း။ အသင်တို့ထဲမှ (မက္ကဟ်မြို့ကို)မ‌အောင်နိုင်မီ သုံးစွဲ လှူဒါန်းခဲ့ကြ‌သော၊ ဂျိဟာဒ် တိုက်ခိုက်ခဲ့ကြ‌သောသူများသည် (မက္ကဟ်မြို့ကို ‌အောင်နိုင်ပြီး‌နောက်တွင် သုံးစွဲခြင်း၊ တိုက်ခိုက်ခြင်းပြုခဲ့ကြ‌သောသူများနှင့်)မတူကြ‌ပေ။ ထို(မ‌အောင်နိုင်မီ)လှူဒါန်းတိုက်ခိုက်ခဲ့ကြ‌သောသူများသည် ‌နောက်တွင် သုံးစွဲလှူဒါန်းခြင်း၊ တိုက်ခိုက်ခြင်းပြုခဲ့ကြ‌သောသူများထက် အဆင့်အတန်းမြင့်ကြသည်။###၄ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အားလုံးကို ‌ကောင်းကျိုး‌ပေး‌တော်မူရန် ကတိ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို သိမြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [11] အလ္လာဟ်အရှင်မြတ်ကို ‌ကောင်းမြတ်‌သော ‌ကြွေးမြီ‌ချေးငှားမည့်သူမည်သူရှိသနည်း။ ထိုသို့ ‌ချေးငှားခဲ့လျှင် အရှင်မြတ်သည် ထို‌ကြွေးမြီကို သူ့အတွက် ဆထက်ထမ်းပိုး တိုးပွား‌စေ‌တော်မူမည့်အပြင် သူ့အတွက် မြင့်မြတ်သည့်အကျိုးလည်းရှိမည်ဖြစ်သည်။ ###၅

    [12] ထို‌နေ့တွင် အသင် (တမန်‌တော်)သည် အီမာန် ယုံကြည်သူအမျိုးသား၊ အမျိုးသမီးများကို ‌တွေ့ မြင်ရမည်။ သူတို့၏ ‌ရောင်ခြည်သည် သူတို့၏‌ရှေ့နှင့် သူတို့၏ လက်ယာ ဘက်များတွင် ‌ပြေး‌နေလိမ့်မည်။ ###၆ (ဤသို့ ‌ပြောဆိုခြင်းလည်းခံကြရမည်)။ ယ‌နေ့ အသင်တို့အတွက် သတင်း‌ကောင်းပင်ဖြစ်သည်။ (အသင်တို့အတွက်) အကြင် ဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ ထိုအထဲတွင် အမြဲ‌နေကြရမည်။ ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။

    [13] ထို‌နေ့တွင်မုနာဖိက်အ‌ယောင်‌ဆောင် ‌ယောက်ျား၊ မိန်းမများသည် အီမာန်ယုံကြည်သူများကို (ဤသို့)‌ပြောဆိုကြမည်။ အသင်တို့၏ အလင်း‌ရောင်မှ (အနည်းငယ်မျှအလင်း) ရယူရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား ‌စောင့်ဆိုင်းကြပါဦး။ (ထိုအခါ) သူတို့သည်(ဤသို့)‌ပြောဆိုခြင်းခံကြရမည်။ အသင်တို့သည် ‌နောက်ကို သွားပြီး အလင်း‌ရောင်ရှာ‌ဖွေလိုက်ကြပါ။ ###၇ ထိုအချိ်န်၌ပင် သူတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်မည်ဖြစ်သည်။ ### ၈ ထိုတံတိုင်း၌ တံခါး တစ်ခုရှိမည်။ ထိုတံခါး၏ အတွင်းဘက်တွင်သနားကရုဏာရှိပြီး ထိုတံခါး၏ အပြင်ဘက်တွင် ပြစ်ဒဏ်ရှိမည်။

    [14] ထို မွတ်စ်လင်မ် အ‌ယောင်‌ဆောင်များသည် ထို အီမာန် ယုံကြည်သူများအား “ကျွန်ုပ်တို့သည် အသင်တို့နှင့် အတူရှိခဲ့ကြသည်မဟုတ်‌လော”ဟု ဟစ်‌အော်‌ပြောဆိုကြမည်။ အီမာန် ယုံကြည်သူများက ‌ပြောဆိုကြမည်- “အဘယ့်‌ကြောင့်မဟုတ်ရမည်နည်း။ အမှန်ပင် အတူရှိခဲ့ကြသည်။ သို့ရာတွင် အသင်တို့သည် အသင်တို့ ကိုယ်ကို အသင်တို့လှည့်စားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် (အစ္စလာမ်သာသနာပျက်စီးရန်) ‌စောင့်ဆိုင်း‌နေခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်နှင့် ပတ်သက်၍သံသယဖြစ်‌နေခဲ့ကြသည်။ အလဟဿ အကျိုးမဲ့‌မျှော်လင့်ချက်များသည်လည်း အသင်တို့အား လှည့်စားထားခဲ့သည်။ ‌နောက်ဆုံးတွင် အလ္လာဟ် အရှင်မြတ်၏အမိန့်‌တော် (‌သေခြင်းတရား)သည် ဆိုက်‌ရောက်လာခဲ့သည်။ ထို့ပြင် အလွန်လှည့်စားသူ (ရှိုင်သွာန် )သည် အသင်တို့အား အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍လှည့်စားထားခဲ့သည်။ ###၉

    [15] သို့ဖြစ်ရာ ယ‌နေ့မူ အသင်တို့ထံမှလည်း မည်သည့်‌လျော်‌ကြေးမှ လက်ခံမည်မဟုတ်‌ပေ။ ထို့ပြင် ကာဖိရ်များထံမှလည်း လက်ခံမည်မဟုတ်‌ပေ။ အသင်တို့၏‌နေရာထိုင်ခင်းသည် (ငရဲ)မီးပင်ဖြစ်သည်။ ထိုမီးပင် အသင်တို့၏ အ‌ဖော်ဖြစ်သည်။ ထို့ပြင် ထိုပြန်လည်ရာစခန်းသည် အဘယ်မျှ ဆိုးယုတ်လို်က်သနည်း။

    [16] အီမာန်ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ ဆုံးမဩဝါဒ သတိ‌ပေးနှိုး‌ဆော်ချက်နှင့် ကျ‌ရောက်ပြီးဖြစ်‌သော အမှန်တရား၏ ‌ရှေ့တွင် သူတို့၏ စိတ်နှလုံးများ ယိမ်းညွတ်ရန် အချိန်မတန်‌သေးသ‌လော။ ###၁ဝ ထို့ပြင် သူတို့သည် အကြင်သူများကဲ့သို့ မဖြစ်‌စေကြနှင့်။ ထိုသူများသည် ယခင်က ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခြင်းခံခဲ့ ကြရသည်။ ထို့‌နောက်သူတို့အ‌ပေါ်တွင် ကာလရှည်လျားလာသည့်အခါ သူတို့၏ စိတ်နှလုံးများသည် ခက်ထန်မာ‌ကျောလာခဲ့သည်။ ထို့ပြင် သူတို့ထဲတွင် အများအပြားသည် ‌သွေဖည်သူများပင် ဖြစ်ကြသည်။

    [17] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌မြေပထဝီကို ‌သွေ့‌ခြောက်(‌သေ)ပြီး‌နောက် ပြန်လည်ရှင်‌စေ‌တော်မူသည်ကို အသင်တို့သိရှိထားကြပါ။ အမှန်စင်စစ် ငါအရှင်မြတ် သည် အသင်တို့ သိနားလည်ကြရန်အတွက် သက်‌သေလက္ခဏာများကို ရှင်းလင်း‌ဖော်ပြ‌တော်မူခဲ့ပြီး ဖြစ်သည်။

    [18] အမှန်စင်စစ် လှူဒါန်းကြ‌သော အမျိုးသား၊ အမျိုးသမီးများသည် အလ္လာဟ် အရှင်မြတ်အား ‌ကောင်းမြတ်‌သော‌ကြွေးမြီ‌ချေးငှားခဲ့ကြသည်။ ထိုအလှူဒါနသည် သူတို့ အတွက် ဆထက်တိုး‌စေခြင်းခံရသည့်အပြင် သူတို့အတွက် မြင့်မြတ်‌သောအကျိုးလည်း ရှိမည်ဖြစ်သည်။

    [19] ထို့ပြင် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ယုံကြည်ကြသူများကမူ သူတို့ပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် မှန်ကန်‌သောသူများ၊ ရှဟီဒ် အလ္လာဟ် အရှင်မြတ်၏လမ်းတွင် အသက်စ‌တေးခဲ့ကြ‌သောသူများ ဖြစ်ကြသည်။ ###၁၁ သူတို့အတွက် သူတို့၏အကျိုးနှင့် သူတို့၏ ‌ရောင်ခြည် ရှိမည်။ ထို့ပြင် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက်္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် ဂျဟန်္နမ် ငရဲသား များပင် ဖြစ်ကြသည်။

    [20] အသင်တို့သည် သိထားကြပါ။ ‌လောကီဘဝသည် ကစားခုန်စားမှုသက်သက်၊ အလဟဿ အချိန်ဖြန်းတီးမှု၊ မျက်စိပသာဒအတွက် လှပတင့်တယ်မှု၊ အချင်းချင်းဝါကြွား ဂုဏ်ပြိုင်ခြင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီး‌ပေါများမှုတွင် ဂုဏ်ပြိုင်ခြင်းများပင်ဖြစ်သည်။ အကြင်မိုး‌ရေပမာပင်ဖြစ်သည်။ ထိုမိုး‌ရေ‌ကြောင့် ‌ပေါက်‌ရောက်‌သောအပင်များသည် ‌တောင်သူလယ်သမားများအား နှစ်သက်‌ပျော်ရွှင်‌စေသည်။ ထို့ပြင် ထိုအပင်များသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအပင်များအား ဝါ‌နေသည်ကို ‌တွေ့မြင်ရ သည်။ ထို့‌နောက် ထိုအပင်များသည် အစိတ်စိတ်အမြွွှာမြွှာ‌ကြေမွသွား‌တော့သည်။ ထို့ပြင် တမလွန်ဘဝ၌မူ ပြင်းထန်‌သော ပြစ်ဒဏ်လည်းရှိသည်။ အလ္လာဟ်အရှင်မြတ်ထံ ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သ‌ဘောတူ‌ကျေနပ်မှုလည်း ရှိသည်။ ထို့ပြင် ‌လောကီဘဝသည် လှည့်စား‌သော ပစ္စည်းများပင်ဖြစ်သည်။

    [21] အသင်တို့သည် အသင်တို့အားဖန် ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဘက်သို့သာမက မိုးနှင့် ‌မြေတမျှ ကျယ်ဝန်း‌သော ဂျန္နသ် သုခဘုံဘက်သို့ လည်းအပြိုင်အဆိုင်‌ပြေးကြပါ။ ထို ဂျန္နသ်သုခဘုံသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ယုံကြည်ကြသူများအတွက် အဆင်သင့်ပြုလုပ်ထားပြီးဖြစ်သည်။ ###၁၂ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထို‌ကျေးဇူး‌တော်ကို အရှင်မြတ်အလိုရှိသည့်သူကို ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ရှင်ဖြစ်‌တော်မူသည်။

    [22] ကမ္ဘာ‌မြေနှင့် အသင်တို့ကိုယ်တွင် မည်သည့်ဒုက္ခမျှကျ‌ရောက်မလာ‌ပေ၊ သို့ရာတွင် ငါအရှင်မြတ်သည် ထိုဒုက္ခကို ကမ္ဘာ‌မြေနှင့် အသင်တို့၏ အသက်များကို မဖန်ဆင်းမီ ကတည်းက မှတ်တမ်းစာအုပ်တွင်(‌ရေးသားထား‌တော်မူပြီးဖြစ်သည်)။ အမှန်စင်စစ် ဤသည် အလ္လာဟ် အရှင်မြတ်အ‌ပေါ်တွင် အလွန်လွယ်ကူသည်။

    [23] အသင်တို့သည် အသင်တို့ထံမှ လွတ်သွားသည့်အရာနှင့် ပတ်သက်၍ ပူ‌ဆွေးခြင်းမရှိကြရန်အတွက်နှင့် အသင်တို့အား အရှင်မြတ်က ‌ပေးသနား‌တော်မူ‌သောအရာနှင့် ပတ်သက်၍ ဂုဏ်ယူ‌မော်ကြွားခြင်းမပြုကြရန်အတွက်(အရှင်မြတ်သည် ဤသည်ကို အသိ‌ပေး‌တော်မူလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့် မာန ‌ထောင်သူ၊ ဂုဏ်‌မောက်သူကိုမျှ နှစ်သက်‌တော်မမူ‌ပေ။ ###၁၃

    [24] ထိုသူများသည် သူတို့ကိုယ်တိုင် ‌စေးနှဲကြသည်သာမက၊ သူတစ်ပါးအားလည်း ‌စေးနှဲကြဖို့ တိုက်တွန်းအမိန့်‌ပေးကြသည်။ ထို့ပြင် မည်သူမဆို (သုံးစွဲလှူဒါန်းခြင်းမပြုဘဲ) မျက်နှာလွှဲထွက်သွားလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။

    [25] အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ တမန်‌တော်များကို ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်‌တော်များနှင့် အတူ တရားမျှတမှုအ‌ပေါ်တွင် လူများရပ်တည်ကြရန်အတွက် ကျမ်းဂန်နှင့် မျှတမှုကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သံကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။ ထိုသံတွင် ကြီးကျယ် ပြင်းထန်‌သော စွမ်းအင်ရှိသည်။ လူသားများအတွက် အကျိုး‌ကျေးဇူးများလည်းရှိသည်။ ###၁၄ ထို့ပြင် မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သိ‌တော်မူရန်အတွက် (ချ‌ပေး‌တော်မူခြင်းလည်းဖြစ်သည်)။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [26] ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်နှင့် (တမန်‌တော်)အိဗ်ရာဟီမ်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ သား‌မြေးများထဲတွင် တမန်‌တော်ဖြစ်မှုနှင့် ကျမ်းဂန်ကို သတ်မှတ်‌ပေးသနား‌တော်မူခဲ့သည့်အတွက် သူတို့ထဲတွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် ‌သွေဖည်သူများလည်း ဖြစ်ခဲ့ကြသည်။

    [27] ထို့‌နောက် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် ငါအရှင်မြတ်၏တမန်‌တော်များကို ဆက်တိုက်‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် မရ်ယမ်၏ သား‌တော် (တမန်‌တော်)အီစာကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်)အီစာကို အင်ဂျီလ်ကျမ်း ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ် သည် ၎င်း၏‌နောက်လိုက်ခဲ့ကြသည့်သူများ၏ စိတ်နှလုံးများတွင် နူးညံ့သိမ်‌မွေ့မှုနှင့် သနားကြင်နာမှုကို ထည့်သွင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် (‌လောကီလုပ်ငန်းများ နှင့် အရသာများကို စွန့်လွှတ်ပြီး) ရဟန်းဝတ်သည့်လမ်းစဉ် (‌တောထွက်လမ်းစဉ်)ကို တီထွင်ခဲ့ကြသည်။ ထိုလမ်းစဉ်ကို ငါအရှင်မြတ်က ပြဋ္ဌာန်းခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် (သူတို့ကိုယ်တိုင်ပင်) အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရှာ‌ဖွေရန်အတွက်သာ (ထို‌တောထွက်လမ်းစဉ်ကိုတီထွင်ပြီး လိုက်နာကျင့်သုံးခဲ့ကြခြင်း)ဖြစ်သည်။ ထို့‌နောက် သူတို့သည် ထို‌တောထွက်လမ်းစဉ်ကို ‌စောင့်ထိန်းရမည့် ဝတ္တရားအတိုင်း ‌စောင့်ထိန်းနိုင်ကြခြင်းမရှိကြ‌ပေ။ ###၁၅ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ထဲမှ ယုံကြည်ခဲ့သည့်သူများကို သူတို့၏အကျိုး ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားကမူ ‌သွေဖည်သူများပင် ဖြစ်ခဲ့ကြသည်။

    [28] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ တမန်‌တော်ကိုလည်း ယုံကြည်ကြပါ။ အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏ကရုဏာ‌တော်မှ နှစ်ဆ‌ပေးသနား‌တော်မူမည့်အပြင်၊ အသင်တို့အတွက် အကြင်အလင်း‌ရောင်ကို ဖန်ဆင်း‌ပေးသနား‌တော်မူမည်။ အသင်တို့သည် ထိုအလင်း‌ရောင်နှင့် ‌လျှောက်သွားကြမည်။ ထို့ပြင် အသင်တို့အားလွတ်ငြိမ်းချမ်းသာခွင့်လည်း ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ###၁၆ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [29] (ထိုသို့‌ပေး‌တော်မူရသည့်အ‌ကြောင်းမှာ) ယခင်က ကျမ်းဂန်ရရှိသည့်သူများအ‌နေနှင့် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူးများထဲမှ အနည်းငယ်မျှ(ရယူ)နိုင်ကြသည်မဟုတ်‌ကြောင်းနှင့်၊ အမှန်စင်စစ် ‌ကျေးဇူး‌တော်သည် အလ္လာဟ်အရှင်မြတ်၏လက်ထဲ၌ပင်ရှိပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုသာ ထို‌ကျေးဇူး‌တော်ကို‌ပေးသနား‌တော်မူ‌ကြောင်းကို သိရှိကြရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ###၁၇

    Surah 58
    လျှောက်ထားသောအမျိုးသမီး

    [1] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အမျိုးသမီး၏ ‌ပြောဆိုမှုကို ကြား‌တော်မူခဲ့ပြီဖြစ်သည်။ သူမသည် သူမ၏လင်‌ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ‌ပြောဆို‌ဆွေး‌နွေးသည့်အပြင် (သူမ)မ‌ကျေနပ်‌ကြောင်းအလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ထုတ်‌ဖော်တိုင်တန်းသည်။ ###၁ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ‌ပြောဆိုကြသည်ကိုလည်း ကြား‌တော်မူသည်။ အမှန်စင်စစ်အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။###၂

    [2] အသင်တို့ထဲမှ အကြင်သူများသည် သူတို့၏ ဇနီးမိန်းမများကို (အသင်မသည် ကျွန်ုပ်၏ မိခင်ကဲ့သို့ ကျွန်ုပ်အ‌ပေါ်တွင် ဟရာမ် ဖြစ်သည်ဟု‌ပြောဆို) ဇွိဟာရ် ပြုလုပ်ကြ သည်။ ထိုဇနီးမိန်းမများသည် သူတို့၏မိခင်များ မဟုတ်‌ပေ။ သူတို့အား ‌မွေးဖွားခဲ့သည့်မိန်းမများပင် သူတို့၏ မိခင်များဖြစ်ကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် စက်ဆုပ် ဖွယ်ရာစကားနှင့် မုသားစကားကို ‌ပြောဆိုခဲ့ကြသည် အမှန်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] ထို့ပြင် အကြင်သူများသည် သူတို့၏ ဇနီးမိန်းမများနှင့် ဇွိဟာရ်ပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် သူတို့‌ပြောဆိုခဲ့သည်ကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ သို့ဖြစ်လျှင် သူတို့ သည် ဇနီးနှင့် ကာမမဆက်ဆံမီအလျင် ကျွန်တစ်ဦးကို သူ‌ကောင်းပြုရမည်။ ဤသည် အကြင်အရာပင်ဖြစ်သည်၊ ထိုအရာဖြင့် အသင်တို့သည် ဆုံးမခြင်းခံရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [4] ထို့‌နောက် မည်သူမဆို(ကျွန်ကို)မရခဲ့လျှင် သူတို့နှစ်ဦးကာမမဆက်ဆံမီအလျင် နှစ်လတိတိတစ်ဆက်တည်း စွိယာမ်ဥပုသ်‌စောင့်ထိန်းရမည်။ ထို့‌နောက် မည်သူမဆို ထိုအရာလည်း မတတ်စွမ်းနိုင်လျှင် ဆင်းရဲသား (၆၀)ကို ‌ကျွေး‌မွေးရမည်။ ###၃ ဤသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ယုံကြည် ရန်ဖြစ်သည်။ ထို့ပြင် ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ထား‌သော စည်းကမ်းဥပ‌ဒေ‌ဘောင်များဖြစ်သည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများတွင် အလွန်နာကျင် ‌စေသည့်ပြစ်ဒဏ်ရှိလိမ့်မည်။

    [5] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်သည့်သူများသည် သူတို့မတိုင်မီကသူများ ‌သေးသိမ်‌စေခြင်းခံခဲ့ရသကဲ့သို့ ‌သေးသိမ်‌စေခြင်းခံ ကြရမည်ဖြစ်သည်။ ထို့ပြင်အမှန်စင်စစ်ငါအရှင်မြတ်သည် ထင်ရှား‌သောသက်‌သေလက္ခဏာများကို ချ‌ပေး‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကာဖိရ်များအတွက် ‌သေးသိမ်‌စေသည့် ပြစ်ဒဏ်ရှိမည်။ ###၄

    [6] ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထ‌စေ‌တော်မူပြီး‌နောက် သူတို့ပြုလုပ်ခဲ့သမျှကို သူတို့အားအသိ‌ပေး‌တော်မူမည်။ အလ္လာဟ်အရှင်မြတ်ကမူ ထိုလုပ်ရပ်များကို ‌ရေတွက်မှတ်သားထား‌တော်မူ၍ သူတို့ကမူ ထိုအရာများကို‌မေ့လိုက်ကြပြီဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက် အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [7] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှကို သိရှိ‌တော်မူ‌ကြောင်း အသင်(တမန်‌တော်)သည် မစဉ်းစား မကြည့်မြင်ခဲ့ သ‌လော။ လူသုံးဦး လျှုို့ဝှက်‌ဆွေး‌နွေးလျှင် အရှင်မြတ်သည် စတုတ္ထအဖြစ်(ရှိ‌နေ)‌တော်မူသည်။ ထို့ပြင် လူငါးဦးဆိုလျှင်အရှင်မြတ်သည် ဆဋ္ဌမအဖြစ်(ရှိ‌နေ)‌တော်မူသည်။ ထို့ပြင် ထိုထက်‌လျော့သည်ဖြစ်‌စေ၊ ပိုသည်ဖြစ်‌စေ၊ သူတို့သည် မည်သည့်‌နေရာ၌ပင် ရှိ‌နေသည်ဖြစ်‌စေ၊ အရှင်မြတ်သည် သူတို့ နှင့်အတူ ရှိ‌နေ‌တော်မူသည်။ ###၅ ထို့‌နောက် အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ပြုလုပ်ခဲ့သည်များကို သူတို့အား အသိ‌ပေး‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [8] အသင်(တမန်‌တော်)သည်အကြင်သူများကို မမြင်ခဲ့သ‌လော။ သူတို့သည် လျှို့ဝှက်‌ဆွေး‌နွေးမှုမပြုရန် တားမြစ်ခြင်းကိုခံခဲ့ရသည်။ ထို့‌နောက် သူတို့ တားမြစ်ခံရ‌သော ကိစ္စကိုပင် ထပ်၍ပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် အပြစ်ကျူးလွန်ရန်၊ ရန်မူရန်နှင့် တမန်‌တော်၏ အမိန့်ကို ဆန့်ကျင်မှုပြုလုပ်ရန်များနှင့် ပတ်သက်၍ လျှို့ဝှက်‌ဆွေး‌နွေးကြသည်။ ထို့ပြင် သူတို့သည် အသင်၏ထံသို့ လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်က အသင့်အား နှုတ်ခွန်းဆက်‌တော်မမူခဲ့သည့် နည်းမျိုးနှင့်သူတို့သည် အသင့်အား နှုတ်ခွန်းဆက်ကြသည်။ ထို့ပြင် သူတို့သည် သူတို့စိတ်ထဲတွင် ‌ပြောဆိုကြသည်- “ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ ‌ပြောဆိုမှု‌ကြောင့် ကျွန်ုပ်တို့အား အဘယ့်‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မမူပါ သနည်း။” သူတို့အတွက် ဂျဟန္နမ်ငရဲမီးသည် လုံ‌လောက်သည်။ သူတို့သည် ထိုအထဲသို့ ဝင်‌ရောက်ကြရမည်ဖြစ်သည်။ ထို့ပြင် (ထိုအရာသည်) အဘယ်မျှ ဆိုးဝါး‌သော ပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။ ###၆

    [9] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် လျှို့ ဝှက်‌ဆွေး‌နွေးမှု ပြုလုပ်သည့်အခါ အပြစ်ကျူးလွန်ရန်၊ ရန်မူရန်နှင့် တမန်‌တော်၏အမိန့်ကို ဆန့်ကျင်မှု ပြုလုပ်ရန် များနှင့် ပတ်သက်၍ လျှို့ ဝှက်‌ဆွေး‌နွေးမှု မပြုလုပ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ‌ကောင်းမှုပြုလုပ်ရန် ၊ ပြစ်မှု‌ရှောင်ကြဉ်ရန်နှင့် ပတ်သက်၍ လျှို့ဝှက်‌ဆွေး‌နွေးကြပါ။ ထို့ပြင် အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထိုအရှင်မြတ်ထံ‌တော်သို့သာ အသင်တို့သည် ပြန်လည်စုရုံးခံကြရမည်ဖြစ်သည်။

    [10] (မ‌ကောင်းမှုကျူးလွန်ရန်) လျှို့ဝှက်‌ဆွေး‌နွေးမှုသည် ရှိုင်သွာန်ထံမှအီမာန် ယုံကြည်သူများကို စိတ်ဒုက္ခ‌ရောက်‌စေရန် အတွက်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ် အရှင်မြတ် အလိုရှိ‌တော်မမူဘဲ သူ(ရှိုင်သွာန်)သည် သူတို့အား အနည်းငယ်မျှနစ်နာ‌အောင် လုပ်နိုင်သည့်သူမဟုတ်‌ပေ။ ထို့ပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ထားရမည်ဖြစ်သည်။

    [11] အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ထိုင်ဝိုင်းများတွင်(ထိုင်‌နေ‌သောအခါ)“‌နေရာချဲ့‌ပေးကြပါ”ဟု ‌ပြောဆိုခြင်းခံကြရသည့်အခါ ‌နေရာချဲ့‌ပေးလိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ‌နေရာချဲ့‌ပေး‌တော်မူမည်။ ထို့ပြင် အသင်တို့သည် “မတ်တတ်ထကြပါ”ဟု ‌ပြောဆိုခြင်းခံကြရသည့်အခါ မတ်တတ်ထလိုက်ကြပါ။ အရှင်မြတ်သည် အသင်တို့ထဲမှ အီမာန်ယုံကြည်သူများနှင့် အသိပညာ‌ပေးသနား‌တော်မူခြင်းခံရသည့်သူများကို အဆင့်အတန်းများစွာ မြှင့်တင်‌ပေး‌တော်မူမည်။ ###၇ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [12] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် တမန်‌တော်နှင့် လျှို့ဝှက်‌ဆွေး‌နွေးတိုင်ပင်ကြသည့်အခါ မတိုင်ပင်မီအလှူဒါနတစ်စုံတစ်ခု ဦးစွာပြုလုပ်ကြပါ။ ဤသည် အသင်တို့အတွက် အ‌ကောင်းဆုံးလည်းဖြစ်သည်။ အသန့်ရှင်းဆုံးလည်း ဖြစ်သည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် (လှူဖွယ်ပစ္စည်းတစ်စုံတစ်ခု)မရခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈

    [13] အသင်တို့သည် အသင်တို့လျှို့ဝှက်‌ဆွေး‌နွေးမှုမပြုမီ အလှူဒါနများ‌ပေးရန် ‌ကြောက်ရွံ့‌နေခဲ့ကြသ‌လော။ သို့ဖြစ်လျှင် အသင်တို့သည် (ထိုသို့) မပြုလုပ်နိုင်ခဲ့ကြသည့်အတွက်၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာ‌တော်နှင့်လှည့်ပြီး ခွင့်လွှတ်‌တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် စွလာသ် ဝတ်ပြုမှုကို တည် ‌ဆောက်ကြပါ။ ထို့ပြင်အသင်တို့သည် ဇကာသ် (ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင် မြတ်၏ တမန်‌တော့်အမိန့်‌တော်ကို လိုက်နာကြပါ။ ###၉ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေကြသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [14] အသင်(တမန်‌တော်)သည် အကြင်(ယဟူဒီ )အမျိုးသားများကို မိတ်‌ဆွေဖွဲ့ခဲ့ကြ‌သောသူ(မုနာဖိက်)များကို မမြင်ခဲ့သ‌လော။ ထို(ယဟူဒီ )အမျိုးသားများအ‌ပေါ်တွင် အရှင်မြတ် သည် အမျက်ထွက်‌တော်မူခဲ့သည်။ ထိုသူ(မုနာဖိက် )များသည်အသင်တို့ထဲမှလည်းမဟုတ်ကြ‌ပေ။ သူတို့(ယဟူဒီ )များထဲမှလည်း မဟုတ်ကြ‌ပေ။ ###၁ဝ ထို(မုနာဖိက် )များ သည် (သူတို့၏ အ‌ယောင်‌ဆောင်မှုကို)သိ‌နေပါလျက်(ကျွန်ုပ်တို့သည် မွတ်စ်လင်မ် များဖြစ်ကြပါသည်ဟု)လိမ်ပြီး ကျိန်ဆိုကြသည်။

    [15] အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်‌သောပြစ်ဒဏ်ကိုသူတို့အတွက် အသင့်ပြုလုပ်ထား‌တော်မူသည်။ အမှန်စင်စစ် သူတို့ပြုလုပ်‌နေခဲ့သည်များသည် အလွန်ဆိုးယုတ်လှသည်။

    [16] သူတို့သည် သူတို့၏ကျိန်ဆိုချက်များကို အကာအကွယ်ဒိုင်းပြုလုပ်ခဲ့ကြ၍ (သူများကို) အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီးခဲ့ကြသည်။ သို့ဖြစ်ရာသူတို့အတွက်‌သေးသိမ် ‌စေ‌သော ပြစ်ဒဏ်ရှိမည်။

    [17] အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး သူတို့၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏ သားသမီးများသည်သူတို့အတွက် မည်သည့်အရာမျှ လုံးဝအသုံးမဝင်‌ပေ။ သူတို့သည် ငရဲသားများ ပင်ဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲတွင် အမြဲ‌နေကြရမည့်သူများပင်ဖြစ်ကြသည်။ ###၁၁

    [18] အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထ‌စေ‌တော်မူမည့်‌နေ့တွင် သူတို့သည် အသင်တို့‌ရှေ့ ၌ကျိန်ဆိုကြသကဲ့သို့အရှင်မြတ်၏ ‌ရှေ့‌မှောက်၌လည်း ကျိန်ဆိုကြ ဦးမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် အမှန်စင်စစ် သူတို့သည်(‌ကောင်းသည့်)အ‌ခြေအ‌နေတွင် ရှိ‌နေကြသည်ဟု ထင်မှတ်ကြမည်။ သတိထားကြပါ၊ သူတို့သည်အမှန်ပင်လိမ်သည့် သူများဖြစ်ကြသည်။ ###၁၂

    [19] ရှိုင်သွာန်သည် သူတို့အ‌ပေါ် လွှမ်းမိုးထားပြီးအလ္လာဟ်အရှင်မြတ်အား သတိရခြင်းမှ‌မေ့‌ပျောက်‌စေခဲ့သည်။ သူတို့သည်ရှိုင်သွာန်၏အုပ်စုပင်ဖြစ်ကြသည်။ သတိထားကြပါ၊ အမှန်စင်စစ် ရှိုင်သွာန်၏အုပ်စုသည် ပျက်စီးဆုံးရှုံးမည့်သူများပင် ဖြစ်ကြသည်။

    [20] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ဆန့်ကျင်မှု ပြုလုပ်ကြသည့်သူများသည် အယုတ်ညံ့ဆုံးသူများထဲတွင် အပါအဝင်ဖြစ်ကြမည်။ ###၁၃

    [21] ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏တမန်‌တော်များသည် အမှန်ပင်လွှမ်းမိုး‌အောင်နိုင်‌တော်မူမည်ဟု အလ္လာဟ်အရှင်မြတ်က‌ရေးသားထား‌တော်မူပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [22] အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကိုဆန့်ကျင်‌သောသူများအား ချစ်ခင်ကြသည်ကို အသင် (တမန်‌တော်)‌တွေ့ရမည်မဟုတ်‌ပေ။ ထိုဆန့်ကျင်‌သောသူများသည် သူတို့၏ဖခင်များပင်ဖြစ်‌စေ၊ သူတို့၏သားများပင်ဖြစ်‌စေ၊ သူတို့၏ ညီအစ်ကိုများပင်ဖြစ်‌စေ၊ သူတို့၏‌ဆွေမျိုး သားချင်းများပင်ဖြစ်‌စေ (ထိုသူများကို ချစ်ခင်ကြသည်ကိုအသင်‌တွေ့ရမည်မဟုတ်‌ပေ)။ ဤသူများသည် အကြင်သူများပင်ဖြစ်ကြသည်၊ အရှင်မြတ်သည် သူတို့၏ စိတ်နှလုံး များထဲတွင် အီမာန်ယုံကြည်မှုကို‌ရေးမှတ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်ထံ‌တော်မှဝိညာဉ်ဆိုင်ရာအင်အားနှင့် အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်ကအကြင်ဥယျာဉ်များကိုဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ ‌ချောင်းများစီးဆင်း‌နေကြလိမ့်မည်။ သူတို့သည် ထိုအထဲတွင် အမြဲ‌နေကြရမည်။ အရှင် မြတ်သည် သူတို့အား ‌ကျေနပ်‌တော်မူမည်။ သူတို့လည်း အရှင်မြတ်အား ‌ကျေနပ်ကြမည် ဖြစ်သည်။ ###၁၄ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင်ဖြစ်သည်။ သတိပြု ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အုပ်စုပင် ‌အောင်မြင်မည့်သူများဖြစ်ကြသည်။

    Surah 59
    ပြည်နှင်ဒဏ်

    [1] မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ်စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော် နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] အရှင်မြတ်သည် ယခင်က ကျမ်းရသူများထဲမှ ငြင်းပယ်ခဲ့ကြသည့်သူများကို ပထမအကြိမ် စုရုံးကြသည့်အခါ၌ပင် သူတို့၏ ‌နေအိမ်များမှ နှင်ထုတ်‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။ ###၁ အသင်တို့သည် သူတို့ထွက်သွားကြလိမ့်မည်ဟုပင် မထင်ခဲ့ကြ‌ပေ။ သူတို့ကိုယ်တိုင်လည်းအမှန်စင်စစ် သူတို့အ‌နေနှင့် သူတို့၏ ခံတပ်များသည် အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်လိမ့်မည်ဟု ထင်မှတ်‌နေခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ် အရှင်မြတ်(၏ ပြစ်ဒဏ်)သည် သူတို့ထံသို့ သူတို့ မထင်သည့်ဘက်မှ ‌ရောက်လာခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများတွင် ‌ကြောက်ရွံ့မှုကို ထည့်‌ပေး‌တော်မူခဲ့သည့်အတွက် သူတို့သည် သူတို့၏‌နေအိမ်များကို သူတို့၏လက် များဖြင့်သာမက မုအ်မင်န်များ၏ လက်များဖြင့်လည်း ဖျက်ဆီး‌နေကြသည်။ သို့ဖြစ်ရာ အို-ဉာဏ်ရှင်အ‌ပေါင်းတို့၊ အသင်တို့သည် သင်ခန်းစာယူကြပါ။

    [3] ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ပြည်နှင်ဒဏ်‌ပေးသည်ကို ‌ရေးမှတ်ပြဋ္ဌာန်း‌တော်မူခဲ့ခြင်းမရှိလျှင် အမှန်ပင် အရှင်မြတ်သည် ဤဘဝတွင် လည်းသူတို့အား (ကွပ်မျက်သတ်ဖြတ်ပြီး)ပြစ်ဒဏ်ခတ်‌တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝတွင်လည်း သူတို့အတွက် ငရဲမီး၏ ပြစ်ဒဏ်ရှိမည်ဖြစ်သည်။

    [4] ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်ကို ဆန့်ကျင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [5] စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်‌တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ထိုအရာများကို သူတို့၏ ‌အောက်‌ခြေအမြစ်များ‌ပေါ်တွင် ရပ်တည်လျက်ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်အတိုင်းပင်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည်အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား အရှက်တကွဲဖြစ်‌စေရန်အတွက်ဖြစ်သည်။

    [6] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်ကို သူတို့ထံမှ ဖိုင်အ် ###၂ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်‌စေ‌တော်မူခဲ့သည့်အရာများသည် အသင်တို့အ‌နေ နှင့် ထိုပစ္စည်းများနှင့်ပတ်သက်၍ မြင်းများဖြင့်စီးနင်း (တိုက်ခိုက်)ခဲ့ကြရခြင်းလည်းမဟုတ်‌ပေ၊ ကုလားအုတ်များဖြင့်စီးနင်း(တိုက်ခိုက်)ခဲ့ကြရခြင်းလည်း မဟုတ်‌ပေ။ (သို့ဖြစ်ရာထိုပစ္စည်းများသည် တမန်‌တော်အတွက် သီးသန့်ဖြစ်သည်။) သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်များအား အရှင်မြတ်အလိုရှိ‌သောသူများအ‌ပေါ် တွင် လွှမ်းမိုး‌စေ‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [7] အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော်ကို မြို့ရွာများတွင်‌နေထိုင်သည့် သူများထံမှ ဖိုင်အ်လက်ရပစ္စည်းအဖြစ် သိမ်းပိုက်‌စေသည့်အရာများသည် အလ္လာဟ် အရှင်မြတ်နှင့် သာသက်ဆိုင်သည်။ ထို့ပြင် တမန်‌တော်မြတ်နှင့် တမန်‌တော်မြတ်၏ ‌ဆွေမျိုးရင်းချာများ၊ အဘမဲ့က‌လေးများ၊ ဆင်းရဲသားများ၊ ခရီးသည်များနှင့် သက်ဆိုင်သည်။ (ထိုသို့ပြဋ္ဌာန်းရခြင်းမှာ) ထိုလက်ရပစ္စည်းများသည် အသင်တို့ထဲမှ ကြွယ်ဝချမ်းသာသူများ၏အကြား၌ပင်လည်ပတ်‌နေသည့် ပစ္စည်းများမဖြစ်‌စေရန် (ပြဋ္ဌာန်း‌တော်မူခြင်း)ပင်ဖြစ် သည် ။ ###၃ ထို့ပြင်အသင်တို့သည် အသင်တို့အား တမန်‌တော်‌ပေးသည်ကို ယူကြပါ။ ထို့ပြင် တမန်‌တော် တားမြစ်‌တော်မူသည်မှ ‌ရှောင်ကြဉ်ကြပါ။ ###၄ ထို့ပြင် အသင် တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်‌ပေး‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [8] ထိုဖိုင်အ် လက်ရပစ်္စည်းများသည်အကြင်မုဟာဂျိရီန် (‌ရွှေ့‌ပြောင်းခဲ့ကြ‌သော ဆင်းရဲသားများ)အတွက်လည်းဖြစ်သည်။ ထိုသူများသည် သူတို့၏ ‌နေအိမ်များနှင့် သူတို့၏ ပစ္စည်းဥစ္စာများကိုစွန့်ပြီး ထွက်ခဲ့ကြရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် ‌ကျေနပ်မှုကို ရှာ‌ဖွေဆည်းပူးလျက် ရှိကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ကူညီကြသည်။ သူတို့ပင် မှန်ကန်သည့်သူများဖြစ်ကြသည်။

    [9] ထို့ပြင်(ထိုဖိုင်အ်သည်)အကြင်သူများအတွက်လည်းဖြစ်သည်။ သူတို့သည် ထိုမုဟာဂျိရီန်များ(‌ရွှေ့‌ပြောင်းမလာမီ)ယခင်ကတည်းက အစ္စလာမ်၏ မြို့‌တော် (မဒီနဟ် )တွင် ‌နေထိုင်‌နေခဲ့ကြပြီး အီမာန် ယုံကြည်မှုတွင် ကြံ့ခိုင်မှုရှိခဲ့ကြသည်။ သူတို့သည် သူတို့ထံ‌ရွှေ့‌ပြောင်းလာခဲ့ကြသည့်သူများကို ချစ်မြတ်နိုးကြသည်။ ထို့ပြင် သူတို့သည် ထို မုဟာဂျိရီန် များရရှိကြ‌သော ပစ္စည်းများ‌ကြောင့် သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ရာ မ‌ကျေနပ်မှုကို ‌တွေ့ရှိခံစားကြရခြင်းမရှိသည့် ###၅ အပြင် သူတို့သည် သူတို့ကိုယ်တိုင် ငတ်မွတ်‌နေ ‌သော်လည်း(ထို မုဟာဂျိရီန်များကို) သူတို့ထက် ဦးစား‌ပေးကြသည်။ ထို့ပြင် မည်သူမဆို သူ၏‌စေးနှဲတွန့်တိုမှုမှ ကင်း‌ဝေး‌စေခြင်းခံရလျှင် ထိုသူများပင် ‌အောင်မြင်သည့်သူများ ဖြစ်ကြသည်။ ###၆

    [10] ထို့ပြင် (ထို ဖိုင်အ်သည်)သူတို့‌နောက်တွင်‌ရောက်လာကြသည့်သူများနှင့်လည်း သက်ဆိုင်သည်။ သူတို့သည် (ဤသို့)‌ပြောဆိုပန်ကြားကြသည် -အို-ကျွန်ုပ်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ကိုသာမက အီမာန်ယုံကြည်မူတွင်ကျွန်ုပ်တို့ထက်အလျင်ဦးခဲ့‌သော ကျွန်ုပ်တို့၏ညီ‌နောင်များကိုလည်း ခွင့်လွှတ်ချမ်း သာ‌ပေးသနား‌တော်မူပါ။ ထို့ပြင်အရှင်မြတ်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် အီမာန်ယုံကြည်သူများနှင့် ပတ်သက်၍ ရန်ငြိုးတစ်စုံတစ်ရာမဖြစ်‌ပေါ်ပါ‌စေနှင့်။ အို-ကျွန်ုပ်တို့အားဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်ကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [11] အသင်(တမန်‌တော်)သည် အကြင်အ‌ယောင်‌ဆောင်ခဲ့ကြ‌သောသူများ(၏အ‌ခြေအ‌နေ)ကို မမြင်ခဲ့‌လေသ‌လော။ ထိုသူတို့သည် သူတို့၏ ညီအစ်ကိုများ ဖြစ်ကြ‌သော ယခင်က ကျမ်းဂန်ရရှိသူများထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများအား(ဤသို့)‌ပြောဆို‌နေခဲ့ကြသည်။ အမှန်ပင် အကယ်၍ အသင်တို့သည် (မဒီနဟ်မြို့‌တော်မှ) နှင်ထုတ်ခြင်းကိုခံခဲ့ကြရလျှင် အမှန်စင်စစ် ကျွန်ုပ်တို့လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမှ မည်သူ့(စကား)ကိုမျှ လိုက်နာကြမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း အမှန်ပင် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ် သူတို့သည် အမှန်ပင် လိမ် လည်သူများဖြစ်‌ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်‌သေခံ‌တော်မူသည်။

    [12] အမှန်ပင် အကယ်၍ သူတို့သည်နှင်ထုတ်ခြင်းကိုခံခဲ့ကြရလျှင်လည်း သူတို့သည် ထိုသူများနှင့် အတူထွက်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အမှန်ပင် အကယ်၍ သူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း သူတို့သည် ထိုသူများကို ကူညီကြမည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ သူတို့သည် ထိုသူများကို ကူညီခဲ့ကြလျှင်လည်း အမှန်စင်စစ် သူတို့ သည် ‌ကျောခိုင်းထွက်‌ပြေးကြမည်ပင်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ကူညီမှုရရှိ‌တော့မည် မဟုတ်‌ပေ။

    [13] အမှန်ပင် အသင်တို့(မွတ်စ်လင်မ် )များသည် သူတို့၏ စိတ်ထဲတွင် အလ္လာဟ်အရှင်မြတ်ထက်ပင် ‌ကြောက်ရွံ့စိုးရိမ်ဖွယ်ဖြစ်‌နေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာမူ အမှန်စင်စစ် သူတို့သည် နားမလည်သူများဖြစ်ကြသည့်အတွက်ပင်ဖြစ်သည်။ ###၇

    [14] သူတို့သည် အသင်တို့ကို တစ်စည်းတစ်လုံးတည်းတိုက်ခိုက်ကြမည်မဟုတ်‌ပေ။ သို့ရာတွင် လုံခြုံသည့်မြို့ရွာများမှ၊ တံတိုင်းများ၏အကွယ်မှ တိုက်ခိုက်ကြလိမ့်မည်။ သူတို့ အချင်းချင်းတွင် ကြီးကျယ်‌သော ခိုက်ရန် ရှိ‌နေသည်။ အသင်သည် သူတို့အား တစ်စည်းတစ်လုံးတည်းဟု ထင်မှတ်‌နေ‌သော်လည်း သူတို့၏ စိတ်နှလုံးများသည် တကွဲတပြားစီ ဖြစ်‌နေကြသည်။ ထိုသို့ဖြစ်ရခြင်းကမူ အမှန်စင်စစ် သူတို့သည် အသိဉဏ်မရှိသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။

    [15] (သူတို့၏ ဥပမာမှာ) သူတို့နှင့် အချိန်ကာလအနည်းငယ် မတိုင်မီက သူတို့၏ လုပ်ရပ်များ၏ ပြစ်ဒဏ်ကိုမြည်းစမ်းသွားခဲ့ကြရသည့်သူများ၏ ပမာကဲ့သို့ဖြစ်သည်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝတွင်လည်း) နာကျင်‌စေ‌သော ပြစ်ဒဏ် ရှိဦးမည်ဖြစ်သည်။

    [16] (ထို့ပြင်သူတို့၏ ပမာမှာ) ရှိုင်သွာန်၏ပမာကဲ့သို့ ဖြစ်သည်။ တစ်ခါက သူသည် လူသားအား“အသင် ငြင်းပယ်လိုက်ပါ”ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက်လူသားသည် ငြင်းပယ် လိုက်သည့်အခါ ထိုရှိုင်သွာန်က‌ပြောသည်- “အမှန်စင်စစ်ငါသည် အသင်နှင့် မည်သည့်အရာမျှ မပတ်သက်‌တော့‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့သည်” (ဟုဆိုပြီး ‌နောက်ဆုတ်‌ပျောက်ကွယ်သွား‌တော့သည်)။

    [17] ထို့‌နောက် သူတို့(လူနှင့် ရှိုင်သွာန်)နှစ်ဦးစလုံး၏ ‌နောက်ဆုံးအကျိုးဆက်မှာ အမှန်စင်စစ် သူတို့နှစ်ဦးသည် အမြဲ‌နေထိုင်ရမည့်သူနှစ်ဦးအဖြစ် ငရဲထဲသို့ ‌ရောက်ရှိကြမည်။ ထို့ပြင် ဤသည်မတရားပြုလုပ်သည့်သူများ၏ အကျိုးပင်ဖြစ်သည်။

    [18] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် လူတိုင်းသည် နက်ဖြန်အတွက် မိမိကြိုတင်ပို့နှင့်ထားသည်ကို ကြည့်ရမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ ကြားသိ‌တော် မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈

    [19] ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား ‌မေ့ပစ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အား အရှင်မြတ်ကလည်း သူတို့ကိုယ် ကိုသူတို့ပင် ‌မေ့‌လျော့‌စေ‌တော်မူခဲ့သည်။ ထိုသူများကမူ သူတို့ပင် အမိန့်‌တော်ကို‌သွေဖည်သူများဖြစ်ကြသည်။

    [20] ဂျဟန္နမ်ငရဲဘုံသားများနှင့် ဂျန္နသ်သုခဘုံသားများသည် မတူကြ‌ပေ။ သုခဘုံသားများသည် ‌အောင်မြင်သူများပင် ဖြစ်ကြသည်။

    [21] အကယ်၍ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ကို ‌တောင်တစ်‌တောင်‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့လျှင် အသင်သည် ထို‌တောင်ကိုအလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ မှု‌ကြောင့်နိမ့်ကျလျက်၊ အပိုင်းပိုင်းဖြစ်လျက်ရှိသည်ကို အမှန်ပင် ‌တွေ့မြင်ရမည်ဖြစ်သည်။ ###၉ ထို့ပြင် ငါအရှင်မြတ်သည် လူများ စဉ်းစားဆင်ခြင်ကြရန်အတွက် ထို ပမာပုံ‌ဆောင်ချက်များကို ခိုင်းနှိုင်း‌ဖော်ပြ‌တော်မူသည်။

    [22] ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ။ (ထိုအရှင်မြတ်သည်)လျှို့ဝှက်သည့်အရာများနှင့် ထင်ရှားသည့် အရာများကို သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [23] ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရာရာကို စိုးပိုင်‌တော်မူ‌သောအရှင်၊ အလွန်သန့်စင်‌တော်မူ‌သော အရှင်၊ ချို့ယွင်းချက်ဟူသမျှမှ ကင်းစင်ပြီး မဂင်္လာနှင့်ပြည့်စုံ‌တော်မူ‌သောအရှင်၊ ငြိမ်းချမ်းလုံခြုံမှု‌ပေး‌တော်မူ‌သောအရှင်၊ ကာကွယ်‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အမိန့်အာဏာအလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်သည်များမှ သန့်ရှင်းစင်ကြယ်‌တော်မူသည်။

    [24] ထိုအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်၊(ထိုအရှင်မြတ်သည်)ဖန်ဆင်း‌တော်မူ‌သောအရှင်၊ အသက်ဝိညာဉ်များအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ (အရှင်မြတ်အလိုရှိ‌တော်မူသည့်အတိုင်း)ပုံ‌ဖော်ပြုလုပ်ဖန်ဆင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်တွင် ‌ကောင်းမြတ်သည့် နာမ‌တော်ဂုဏ်‌တော်များရှိသည်။ မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှတို့သည် အရှင်မြတ်သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၀

    Surah 60
    စစ်ဆေးရမည့် အမျိုးသမီး

    [1] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့ ၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏ လမ်း‌တော်တွင် ဂျိဟာဒ်ပြုလုပ်ရန်နှင့် ငါအရှင်မြတ်၏‌ကျေနပ်မှုကိုရှာ‌ဖွေရန်ထွက်ခဲ့ကြသည် ဆိုလျှင် အသင်တို့သည် ငါအရှင်မြတ်၏ရန်သူနှင့် အသင်တို့၏ရန်သူကို မိတ်‌ဆွေအဖြစ်မပြုလုပ်ကြနှင့်။ အသင်တို့သည် ချစ်ခင်မှု‌ကြောင့် သူတို့ထံသို့ လျှို့ဝှက်(သတင်းကို)ပို့ကြ သည်။ အမှန်စင်စစ်သူတို့သည် အသင်တို့ထံ‌ရောက်လာ‌သော အမှန်တရားကို ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် တမန်‌တော်ကိုလည်းနှင်ထုတ်ကြသည်။ ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အားယုံကြည်ခဲ့ကြသည့်အတွက် သူတို့သည် အသင်တို့အား နှင်ထုတ်ကြခြင်းဖြစ်သည်။ အသင်တို့သည် ချစ်ခင် မှု‌ကြောင့် သူတို့ထံသို့ လျှို့ဝှက်(သတင်းကို)ပို့‌ဆောင်ကြ‌သော်လည်း ငါအရှင်မြတ်ကမူ အသင်တို့လျှို့ဝှက်သမျှနှင့် အသင်တို့ ထင်ရှား‌စေကြသည်များကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ထိုလျှို့ဝှက်သတင်းပို့‌ဆောင်ခြင်းကို ကျူးလွန်လျှင် ထိုသူသည် အမှန်စင်စစ် ‌ဖြောင့်မတ်သည့်လမ်းစဉ်မှ လွဲ‌ချော်သွားခဲ့ပြီဖြစ်သည်။###၁

    [2] အကယ်၍ သူတို့သည် အသင်တို့အ‌ပေါ်တွင် အ‌ရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်‌ကြောင်းကိုပင် ‌ပေါ်လွင်‌စေကြမည့်အပြင် သူတို့၏လက်များနှင့် သူတို့၏နှုတ်များ ဖြင့် အသင်တို့အား ဒုက္ခ‌ပေးကြမည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် အသင်တို့ ကာဖိရ်ပြန်ဖြစ်ရန်ကိုပင် လိုလား‌တောင့်တကြသည်။

    [3] အသင်တို့၏ ‌ဆွေမျိုးနီးစပ်မှုများနှင့် အသင်တို့၏ သားသမီးများသည်ကိယာမသ်‌နေ့တွင် အသင်တို့အားလုံးဝ အကျိုး‌ပေးကြမည်မဟုတ်‌ပေ။ အရှင်မြတ်သည် အသင်တို့ အကြားတွင် စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [4] အမှန်စင်စစ်အသင်တို့အတွက် (တမန်‌တော်)အိဗ်ရာဟီမ်နှင့်တကွ ၎င်းနှင့် အတူရှိခဲ့သည့်သူများတွင် ‌ကောင်းမြတ်‌သော စံနမူနာများရှိသည်။ တစ်ခါက ၎င်းတို့သည် ၎င်းတို့၏ အမျိုးသားများအား (ဤသို့)‌ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့သာမက အလ္လာဟ် အရှင်မြတ်မှလွဲ၍ အသင်တို့ကိုးကွယ်ကြသည့်အရာများနှင့်လည်းမသက်ဆိုင်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီဖြစ်သည်။ အသင်တို့သည် တစ်ပါးတည်းဖြစ်‌သော အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သမျှကျွန်ုပ်တို့နှင့် အသင်တို့၏ အကြားတွင် ရန်ငြိုးနှင့် မုန်းတီးမှုသည် အမြဲမပြတ် ဖြစ်‌ပေါ်လျက်ရှိ‌နေမည်ဖြစ်သည်။ ###၂ သို့ရာတွင်(တမန်‌တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင်အား“အမှန်စင်စစ် ကျွန်ုပ်သည်အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ရှေ့တွင် အသင်နှင့် ပတ်သက်၍ ကျွန်ုပ်သည် မည်သည့်အရာတစ်ခုမျှ အခွင့်အာဏာမရှိ‌ပေ” ဟု (တမန်‌တော်)အိဗ်ရာဟီမ်၏ ‌ပြောဆို(ကတိပြု)ခြင်းမှလွဲ၍(စံနမူနာဖြစ်သည်)။ အို-ကျွန်ုပ်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ကျွန်ုပ်တို့သည် အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ကြပြီဖြစ်သည့်အပြင် ကျွန်ုပ်တို့သည် အရှင်မြတ်ဘက်သို့ပင် ပြန်လှည့်ကြပြီးဖြစ်ပါသည်။ ထို့ပြင် ‌နောက်ဆုံးပြန်လည်ရာစခန်းသည် အရှင်မြတ်ထံ‌တော်၌သာ ဖြစ်ပါသည်။

    [5] အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ် ငြင်းပယ်သူများ၏ ဖိစီးနှိပ်စက်မှုခံကြရသူများအဖြစ် ပြုလုပ်‌တော်မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူပါ။ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် အရှင်မြတ်ပင်တန်ခိုး‌တော် နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။###၃

    [6] အမှန်စင်စစ် အသင်တို့အတွက် ထိုသူများတွင် ‌ကောင်းမြတ်‌သော စံနမူနာရှိသည်။ အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်‌သောသူအတွက်လည်း (စံနမူနာရှိသည်)။ ထို့‌နောက် မည်သူမဆို မျက်နှာလွှဲပြီး ထွက်သွားလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ကမူ လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [7] အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ ရန်ဘက်များဖြစ်ကြသည့်သူများ၏ကြားတွင် မကြာမီ ချစ်ခင်မှုကို စီမံဖန်တီး‌ပေး‌တော်မူမည်ဖြစ်သည်။###၄ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူ‌သော အရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [8] အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သာသနာနှင့်ပတ်သက်၍ တိုက်ခိုက်ခြင်း မပြုလုပ်ကြသည့်အပြင် အသင်တို့ကို အသင်တို့၏ ‌နေအိမ်များမှ နှင်ထုတ်ခဲ့ခြင်းလည်း မရှိကြ‌သောသူများအား ‌ကျေးဇူးပြုခြင်း၊ မျှတစွာဆက်ဆံခြင်းများမှ မတားမြစ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတ‌သောသူများကို ချစ်ခင်နှစ်သက်‌တော်မူသည်။

    [9] (အမှန်စင်စစ်)အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဤသူများ(နှင့် မိတ်‌ဆွေဖွဲ့ခြင်း)မှ တားမြစ်‌တော်မူခြင်းဖြစ်သည်။ ဤသူများသည် သာသနာနှင့် ပတ်သက်၍ အသင် တို့အား တိုက်ခိုက်ခဲ့ကြသည့်အပြင်အသင်တို့အား အသင်တို့၏ ‌နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြသည်။ ထို့ပြင်အသင်တို့အား နှင်ထုတ်မှုနှင့်ပတ်သက်၍ (သူတစ်ပါးကိုလည်း) ရိုင်းပင်းကူညီခဲ့ကြသည်။ ထို့‌နောက် မည်သူမဆို သူတို့အား မိတ်‌ဆွေ ပြုလုပ်လျှင် ထိုသူများပင် မတရားသူများဖြစ်ကြသည်။###၅

    [10] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့ထံသို့ အီမာန်ယုံကြည်သူ အမျိုးသမီးများသည် ‌ရွှေ့‌ပြောင်းလာခဲ့ကြ‌သောအခါ အသင်တို့သည် သူမတို့အား စမ်းသပ်စစ်‌ဆေး ကြပါ။ ###၆ လ္လာဟ်အရှင်မြတ်သည် သူမတို့၏အီမာန်ယုံကြည်မှုကိုအသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာအကယ်၍အသင်တို့အ‌နေနှင့် သူမတို့သည် အီမာန်ယုံကြည်‌သောအမျိုးသမီးများဖြစ်သည် ဆိုသည်ကို သိရှိခဲ့ကြသည့်အခါ အသင်တို့သည် သူမတို့အား ကာဖိရ်များထံ ပြန်မပို့ကြနှင့်။ သူမတို့သည်လည်း ထိုကာဖိရ် များအတွက် တရားမဝင် ‌တော့‌ပေ။ ကာဖိရ်များကလည်း သူမတို့အတွက် တရားမဝင်‌တော့‌ပေ။ သို့ရာတွင် အသင်တို့သည် ထိုကာဖိရ်များကုန်ကျခံခဲ့သည်များကိုမူ ‌ပေးဆပ်လိုက်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် သူမတို့အား သူမတို့၏ (လက်ထပ်ရန်သ‌ဘောတူထား‌သော)မဟရ်ပစ္စည်းများကို ‌ပေးဆပ်ကြလျှင် သူမတို့နှင့် နိကာဟ် ထိမ်းမြားခြင်း၌ အသင်တို့အ‌ပေါ်မည်သည့်အပြစ်မျှမရှိ‌ပေ။ ###၇ ထို့ပြင် အသင်တို့သည် ကာဖိရ်မိန်းမများ၏ ဂုဏ်အသ‌ရေကို သိမ်းပိုက်မထားကြနှင့်။ ထို့ပြင် အသင်တို့သည်လည်း အသင်တို့ ကုန်ကျခံခဲ့ကြ သည်များကို (ထိုကာဖိရ်များထံမှ) ‌တောင်းယူကြပါ။ သူတို့သည်လည်း သူတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)‌တောင်းယူကြရမည်ဖြစ်သည်။ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့၏ ကြားတွင် စီရင်ပြဋ္ဌာန်း‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [11] ထို့ပြင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမများထဲမှ တစ်ဦးဦးသည် ကာဖိရ်များထံသို့ ထွက်သွားခဲ့ပြီး‌နောက် အသင်တို့အလှည့်‌ရောက်ခဲ့လျှင် (အသင်တို့တွင် စစ်တိုက်သည့် အခါ သုံ့ပန်းပစ္စည်းရခဲ့လျှင်၊ ထိုအထဲမှ) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသည့်သူများအား သူတို့အကုန်အကျခံခဲ့ကြသည့်(မဟရ်)နှင့်အညီအမျှ အသင်တို့ ‌ပေးဆပ်ကြပါ။###၈ ထို့ပြင် အသင်တို့ယုံကြည်ကြ‌သော အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။

    [12] အို-တမန်‌တော်၊ အီမာန် ယုံကြည်ကြ‌သော အမျိုးသမီးများသည် အသင်၏ထံလာပြီး ဤအချက်များအ‌ပေါ်တွင် ဗိုင်အသ်သစ္စာဆိုလျှင် အသင်သည် သူမတို့၏ဗိုင်အသ်ပြုမှု ကို လက်ခံအတည်ပြု‌ပေးလိုက်ပါ။ ထိုအရာများမှာ-သူမတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး မည်သူ့ကိုမျှ ကိုးကွယ်ကြမည်မဟုတ်ပါ၊ ခိုးဝှက်ကြမည်လည်းမဟုတ်ပါ၊ တရား မဝင်ကာမကျူးလွန်ကြမည်လည်းမဟုတ်ပါ၊ သူမတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည် မဟုတ်ပါ၊ သူမတို့၏ လက်များနှင့်‌ခြေများအကြားတွင် မုသားလိမ်လည်စွပ်စွဲမှုကို လုပ်ကြံဖန်တီးပြီး ယူ‌ဆောင်လာကြမည်လည်းမဟုတ်ပါ၊ ‌ကောင်းမြတ်‌သောအမှုကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အသင်(တမန်‌တော်)၏ အမိန့်ကို ဖီဆန်ကြမည်လည်း မဟုတ်ပါ (ဟု သူမတို့သည် သစ္စာဆိုကြ‌သောအခါ အသင်လက်ခံဗိုင်အသ်ပြုလုပ်လိုက်ပါ)။ ထို့ပြင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် သူမတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်းပန်ကြားပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၉

    [13] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်‌တော် ကျ‌ရောက်ခဲ့သည့်လူမျိုးအား မိတ်‌ဆွေမပြုလုပ်ကြနှင့်။###၁ဝ အမှန်စင်စစ်သူတို့သည် သချုႋင်းထဲတွင်ရှိကြသည့်သူ (ကာဖိရ်)များကဲ့သို့ (သချုႋင်းထဲ‌ရောက်သည့်အခါ ဒုက္ခကိုလက်‌တွေ့ခံစားရသည့်အခါ သူတို့အတွက် တမလွန်ဘဝ၏‌ဝေစုမရှိသည်ကိုသိပြီး ‌မျှော်လင့်ချက်ကုန်ခန်းသွားသကဲ့သို့) အာခိရသ်တမလွန်ဘဝ (၏အကျိုး‌ကျေးဇူးများ)ကို ‌မျှော်လင့်ချက်ကင်းမဲ့လျက်ရှိကြသည်။

    Surah 61
    အတန်းများ

    [1] မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အရှင်မြတ် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော် နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အဘယ့်‌ကြောင့် အသင်တို့မပြုလုပ်ကြသည့်အရာကို ‌ပြောဆိုကြသနည်း။

    [3] အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အသင်တို့ မပြုလုပ်သည့်အရာကို ‌ပြောဆိုခြင်းသည် အလွန်မုန်းတီးစက်ဆုပ်ဖွယ်ရာဖြစ်သည်။ ###၁

    [4] အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏လမ်း‌တော်တွင်စီတန်းပြီး အလွန်ခိုင်ခံ့‌သော အ‌ဆောက်အအုံကဲ့သို့ (ပင် စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်မှုဖြင့်)တိုက်ခိုက် ကြသည့်သူများအား နှစ်သက်‌တော်မူသည်။

    [5] ထို့ပြင် တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အမျို းသားများအား “အို-ငါ၏ အမျိုးသားတို့၊ ငါသည်အသင်တို့ထံသို့(‌စေလွှတ်ခံရသည့်)အလ္လာဟ်အရှင်မြတ်၏တမန်‌တော် အမှန်ဖြစ်‌ကြောင်း အမှန်ပင်အသင်တို့သိရှိပြီးဖြစ်ကြပါလျက်နှင့် အဘယ့်‌ကြောင့်အသင်တို့သည်ငါ့အား ဒုက္ခ‌ပေးကြသနည်း”ဟု‌ပြောကြားခဲ့သည်။###၂ ထို့‌နောက်သူတို့သည် လွဲ‌ချော်ခဲ့ကြ‌သောအခါ အလ္လာဟ်အရှင်မြတ်သည်သူတို့၏စိတ်နှလုံးများအား လွဲ‌ချော်‌မှောက်မှား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည် သည့်လူမျိုးများအား လမ်းမှန်ကို ‌ရောက်‌စေ‌တော်မမူ‌ပေ။

    [6] ထို့ပြင် တစ်ခါက မရ်ယမ်၏သား‌တော် (တမန်‌တော်)အီစာသည် (ဤသို့)‌ပြောဆိုခဲ့သည်-အို-အစ်္စရာအီလ် မျိုးနွယ်ဝင်အ‌ပေါင်းတို့၊ အမှန်စင်စစ် ငါသည် ငါ၏မတိုင်မီရှိ‌နေ‌သော ‌သောင်ရာသ်ကျမ်းကို မှန်ကန်‌ကြောင်း‌ထောက်ခံသူအဖြစ်နှင့် ငါ၏‌နောက်တွင် အဟ်မဒ်အမည်နှင့် ပွင့်‌ပေါ်မည့် တမန်‌တော်တစ်ပါးနှင့်ပတ်သက်၍ သတင်း‌ကောင်း‌ပြောကြားသူ အဖြစ် အသင်တို့ထံသို့ (‌စေလွှတ်ခံရ‌သော) အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်ဖြစ်သည်။ ###၃ ထို့‌နောက် ၎င်းသည် သက်‌သေလက္ခဏာများနှင့်တကွ သူတို့ထံသို့‌ရောက်ရှိ လာ‌သောအခါသူတို့ကဤသည် ထင်ရှား‌သော ‌မှော်အတတ်ပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။

    [7] ထို့ပြင် မိမိကိုယ်တိုင်အစ္စလာမ် ဘက်သို့ ဖိတ်‌ခေါ်ခြင်းခံရပါလျက်အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားလိမ်လည် စွပ်စွဲသူထက် ပိုမိုမတရားသူ မည်သူရှိ‌သေးသနည်း။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် မတရား‌သော လူမျိုးများအား တရားလမ်းမှန်သို့ ‌ရောက်‌စေ‌တော်မမူ‌ပေ။ ###၄

    [8] သူတို့သည် အလ္လာဟ်အရှင်မြတ်၏‌ရောင်ခြည်ကို သူတို့၏ ပါးစပ်များနှင့် ငြိမ်းသတ်လိုကြသည်။ သို့ရာတွင်ကာဖိရ်များမနှစ်မြို့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်ကမူအရှင် မြတ်၏ ‌ရောင်ခြည်ကို ပြည့်ဝစုံလင်‌အောင်ပြု‌တော်မူမည့် အရှင်ပင်ဖြစ်‌တော်မူသည်။ ###၅

    [9] ထိုအရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်ကို လမ်းမှန်ညွှန်ကြားပြသချက်နှင့် သာမက မှန်ကန်သည့် သာသနာနှင့် တကွ‌စေလွှတ်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူ သည်။ (‌စေလွှတ်ရသည့်အ‌ကြောင်းကမူ) မုရှ်ရိက်များမနှစ်မြို့ကြလျှင်လည်း (ထိုမှန်ကန်သည့်)သာသနာကို သာသနာအားလုံးအ‌ပေါ်တွင် လွှမ်းမိုးသွားရန်အတွက်ဖြစ်သည်။

    [10] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့ ၊ အသင်တို့အား အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်မှလွတ်‌မြောက်‌စေမည့် ‌ရောင်းဝယ်‌ဖောက်ကားမှုကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြ‌တော်မူရမည်‌လော။

    [11] အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ယုံကြည်ကြရမည့်အပြင် အသင်တို့သည် အသင်တို့၏ပစ္စည်းဥစ္စာများအပါအဝင် အသင်တို့၏ အသက်ဝိညာဉ်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သက်စွန့်ကြိုးပမ်းကြရမည်။ ဤသည် အကယ်၍အသင်တို့သိရှိကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ ###၆

    [12] အရှင်မြတ်သည် အသင်တို့၏ အပြစ်များကို ခွင့်လွှတ်‌တော်မူပြီး အရှင်မြတ်သည် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏ ‌အောက်မှ ‌ချောင်းများစီးဆင်း‌နေကြမည်။ ထို့ပြင် အမြဲ‌နေထိုင်ရမည့် ဥယျာဉ်များထဲတွင်ရှိ‌သော သန့်ပြန့်စင်ကြယ်သည့်အိမ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ဤသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင်ဖြစ်သည်။

    [13] ထို့ပြင် အသင်တို့နှစ်သက်ကြ‌သော အခြားတစ်ခုကိုလည်း (အရှင်မြတ်က အသင်တို့အား ချီးမြှင့်‌တော်မူမည်၊ ထိုအရာမှာ) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အကူအညီဖြင့် နီးကပ်‌သော ‌အောင်မြင်မှုဖြစ်သည်။ ထို့ပြင် အသင်သည် အီမာန် ယုံကြည်သူများအား သတင်း‌ကောင်း ‌ပြောကြားလိုက်ပါ။

    [14] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် မရ်ယမ်၏သား‌တော် (တမန်‌တော်)အီစာက ဟဝါရီ (အဝတ်‌လျှော်သူ)များအား ‌ပြောကြားခဲ့သကဲ့သို့ အလ္လာဟ်အရှင်မြတ် အား ကူညီသူများဖြစ်ကြပါ။ (မရ်ယမ်၏သားအီစာက ဟဝါရီများကို) အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ငါ့အားမည်သူကူညီမည်နည်း(ဟု ‌မေးခဲ့‌သောအခါ) ဟဝါရီများက ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကူညီမည့်သူများ ဖြစ်ကြပါသည်ဟု ‌ပြောဆိုခဲ့ကြသည်။ ###၇ ထို့‌နောက် အစ္စရာအီလ် မျိုးနွယ်ဝင်များထဲမှ လူတစ်စုသည် အီမာန် ယုံကြည်ခဲ့ကြပြီး လူတစ်စုသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယုံကြည်သူများအား သူတို့၏ ရန်သူများနှင့်ဆန့်ကျင်၍ ကူညီ‌တော်မူခဲ့သည့်အတွက် သူတို့သည် ‌အောင်နိုင်ခဲ့ကြသည်။ ###၈

    Surah 62
    သောကြာနေ့

    [1] မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းရွတ်ဆို‌နေကြသည်။ ထိုအရှင်မြတ်သည် အရာရာကို စိုးပိုင်‌တော်မူ‌သောအရှင်၊ အလွန်သန့်စင်‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [2] အရှင်မြတ်သည် စာမတတ်သူများထံသို့ သူတို့ထဲမှပင် တမန်‌တော်တစ်ပါးကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုတမန်‌တော်သည် သူတို့‌ရှေ့၌ အရှင်မြတ်၏ အာယသ်‌တော်များ ကိုဖတ်ကြား၍သူတို့အား စင်ကြယ်သန့်ရှင်း‌အောင် ပြုလုပ်‌ပေးသည်။၎င်းပြင် သူတို့အား ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင်များကို သင်ကြားပို့ချ‌ပေးသည်။ ထို့ပြင်သူတို့သည် ယခင်က ထင်ရှား‌သော လမ်းမှားမှု၌ အမှန်ပင်ရှိ‌နေခဲ့ကြသည်။

    [3] ထို့ပြင် (အရှင်မြတ်သည်) သူတို့ထဲမှ သူတို့နှင့် လာ‌ရောက်ပူး‌ပေါင်းခြင်းမရှိ‌သေးသည့်သူများအတွက်လည်း (တမန်‌တော်ကို ‌စေလွှတ်‌တော်မူလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [4] ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ထို‌ကျေးဇူး‌တော်ကို ချီးမြှင့်‌ပေးသနား‌တော်မူ သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [5] ‌သောင်ရာသ်ကျမ်း‌တော်မြတ်နှင့် ပတ်သက်၍ တာဝန်‌ပေးခြင်းခံခဲ့ကြရပြီး‌နောက် ထိုကျမ်း‌တော်မြတ်ကို (တာဝန်‌ကျေ‌အောင်)ထမ်း‌ဆောင်ခြင်း မရှိခဲ့ကြသည့်သူများ၏ ပမာ သည် ကျမ်းစာအုပ်များကို တင်‌ဆောင်လျက်ရှိ‌နေ‌သော မြည်းတိရစ္ဆာန်နှင့်တူသည်။ အလ္လာဟ်အရှင်မြတ်၏ အာယသ်‌တော်များကိုမဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်လူမျိုး ၏ပမာသည် အဘယ်မျှယုတ်ညံ့လိုက်သနည်း။ ###၁ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားသူများကို လမ်းမှန်သို့ ပို့‌ဆောင်‌ပေး‌တော်မမူ‌ပေ။

    [6] (အို-တမန်‌တော်)အသင်‌ပြောကြားလိုက်ပါ။ အို-ယဟူဒီ အ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည်အခြားသူများမှလွဲ၍ အမှန်စင်စစ် အသင်တို့ပင် အလ္လာဟ်အရှင်မြတ်၏ အချစ်‌တော်များဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် အမှန်‌ပြောဆိုသူများဖြစ်ကြလျှင်၊ အသင်တို့အ‌နေနှင့် ‌သေခြင်းကို ‌တောင့်တကြပါ။

    [7] ထို့ပြင် သူတို့သည် သူတို့၏လက်များက ကြိုတင်ပို့ထားခဲ့‌သောလုပ်ရပ်များ‌ကြောင့် ထို‌သေခြင်းကို မည်သည့်အခါမှ‌တောင့်တကြမည်မဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ် သည် မတရားသူများကို အလွန်သိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

    [8] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အမှန်စင်စစ် အသင်တို့အ‌နေနှင့် (‌သေခြင်းနှင့်မ‌တွေ့ဆုံလို၍)၎င်းထံမှ ထွက်‌ပြေး‌နေ‌သော ‌သေခြင်းသည် အမှန်ပင်အသင်တို့နှင့် ‌တွေ့ဆုံမည်ဖြစ်သည်။ ထို့‌နောက် အသင်တို့သည် လျှို့ဝှက်သည့်အရာနှင့် ထင်ရှားသည့်အရာကို သိ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်လည်‌ရောက်ရှိ‌စေခြင်းခံကြရမည်။ ထို့‌နောက်အရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသည်များကို အသိ‌ပေး‌တော်မူမည်ဖြစ်သည်။

    [9] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ ဂျုမုအဟ်‌သောကြာ‌နေ့တွင် စွလာသ်ဝတ်ပြုရန်အတွက်အဇာန်‌ပေးဖိတ်‌ခေါ်သည့်အခါ ‌ရောင်းဝယ်‌ဖောက်ကားမှုကို စွန့်လွှတ်၍ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်အား သတိရတသသည့်ဘက်သို့ ‌ဆောလျင်စွာသွားကြပါ။ အသင်တို့ သိရှိကြလျှင် ဤသည်အသင်တို့အတွက် အ‌ကောင်းဆုံးဖြစ်သည်။###၂

    [10] ထို့‌နောက် စွလာသ်ဝတ်ပြုမှု ပြီးဆုံးသွားသည့်အခါ အသင်တို့သည် ကမ္ဘာ‌မြေတွင် အနှံ့အပြားသွားလာကြပြီး အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်ရိက္ခာကို ရှာ‌ဖွေဆည်းပူး ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့‌အောင်မြင်ရန်အတွက်အလ္လာဟ် အရှင်မြတ်အား များစွာသတိရတသကြပါ။###၃

    [11] ထို့ပြင် သူတို့သည် ‌ရောင်းဝယ်‌ဖောက်ကားမှု သို့မဟုတ် ‌ပျော်ပွဲရွှင်ပွဲကို‌တွေ့မြင်ခဲ့ကြသည့်အခါ အသင့်အား မတ်တတ်ရပ်လျက်ထားခဲ့၍ ထိုဘက်သို့ အ‌ပြေးအလွှား သွားခဲ့ ကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှိသည့်အရာသည် ‌ပျော်ပွဲရွှင်ပွဲ ထက်သာမက အ‌ရောင်းအဝယ်ထက်လည်း ပို‌ကောင်းသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး ရိက္ခာချီးမြှင့်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၄

    Surah 63
    лицемерие

    [1] မုနာဖိက်အ‌ရေခြုံ အ‌ယောင်‌ဆောင် မွတ်စ်လင်မ်များသည် အသင့်ထံသို့ လာကြသည့်အခါ “အမှန်စင်စစ် အသင်သည် အလ္လာဟ် အရှင်မြတ်၏တမန်‌တော်ဖြစ်‌ကြောင်း ကျွန်ုပ်တို့ သက်‌သေခံကြပါသည်”ဟု ‌ပြောဆိုကြသည်။ ထို့ပြင် အသင်သည် အရှင်မြတ်၏ တမန်‌တော် အမှန်ပင်ဖြစ်‌ကြောင်းအလ္လာဟ်အရှင်မြတ်သည် သိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် မုနာဖိက်အ‌ယောင်‌ဆောင်များသည် လိမ်လည်သူများဖြစ်‌ကြောင်း သက်‌သေခံ‌တော်မူသည်။

    [2] သူတို့သည် သူတို့၏ ကျိန်ဆိုချက်များကို အကာအကွယ်ဒိုင်း(သဖွယ်)ပြုလုပ်ပြီး(သူများကို) အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးခဲ့ကြသည်။ အမှန်မှာ သူတို့၏ လုပ်ရပ်သည် အလွန်ဆိုးဝါးလှသည်။ ###၁

    [3] ထိုအရာကမူ အမှန်ပင် သူတို့သည်ယုံကြည်ခဲ့ကြပြီး‌နောက် ငြင်းပယ်ခဲ့ကြသည့်အတွက် သူတို့၏ စိတ်နှလုံးများအ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်ခြင်းခံရခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် နားမလည်ကြ‌တော့‌ပေ။

    [4] ထို့ပြင် အသင်(တမန်‌တော်)သည် (အ‌ယောင်‌ဆောင်)သူများကို ‌တွေ့မြင်သည့်အခါ သူတို့၏ ခန္ဓာကိုယ် အရပ်အ‌မောင်းများသည် အသင်၏အမြင်၌ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် စကားစမြည်‌ပြောဆိုကြလျှင် အသင်သည် သူတို့၏စကားကို (စိတ်ဝင်စားစွာ)နား‌ထောင်မည်။ သူတို့သည် မှီထား‌သော သစ်တုံးများကဲ့သို့ ဖြစ်ကြသည်။ ဟစ်‌အော်သံတိုင်းကို သူတို့နှင့် ဆန့်ကျင်(‌အော်)သည်ဟုထင်မှတ်ကြသည်။ သူတို့ပင် ရန်သူများဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့အား အသင်သတိထားပြီးကင်းရှင်း စွာ‌နေပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖျက်ဆီး‌တော်မူပါ‌စေ။ သူတို့သည် အဘယ်သို့ ပြန်လှည့်ပြီး ထွက်သွားကြသနည်း။

    [5] ထို့ပြင်သူတို့အား “အသင်တို့သည်လာကြပါ၊ အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်သည် အသင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား‌ပေးမည်”ဟု ‌ပြောဆိုသည့်အခါ သူတို့သည် သူတို့၏ ဦး‌ခေါင်းများကို လှုပ်ခါကြသည်။ ထို့ပြင် အသင်သည် သူတို့အား မာန‌ထောင်လျက်ပြန်လှည့်သွားကြသည်ကို ‌တွေ့မြင်ရမည်။

    [6] အသင်သည် သူတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသည်ပင်ဖြစ်‌စေ၊ မပန်ကြားသည်ပင်ဖြစ်‌စေ သူတို့အတွက် အတူတူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သူတို့အား မည်သည့်အခါမှ ခွင့်လွှတ်‌တော်မူမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား တရားလမ်းမှန်သို့ ပို့‌ဆောင်‌တော် မမူ‌ပေ။

    [7] သူတို့ကပင် ‌ပြောဆိုခဲ့ကြသည်-“အသင်တို့သည် တမန်‌တော်မြတ်အပါး၌ ရှိ‌သောသူများအ‌ပေါ်တွင် သူတို့သည်ဖရိုဖရဲဖြစ်ပြီး ပြိုကွဲသွားကြသည်အထိ သုံးစွဲခြင်းကိုမပြုကြနှင့်။” ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိ‌သောဘဏ္ဍာများသည် အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်‌သောဘဏ္ဍာ‌တော်များဖြစ်ကြသည်။ သို့ရာတွင် မုနာဖိက်အ‌ယောင်‌ဆောင် များသည် နားမလည်ကြ‌ပေ။ ###၂

    [8] သူတို့ကပင် ‌ပြောဆိုကြသည်-ကျွန်ုပ်တို့သည် မဒီနဟ်မြို့သို့ပြန်သွားခဲ့ကြလျှင်ဂုဏ်မြင့်သူများက ဂုဏ်နိမ့်သူများကို ထိုမြို့မှ အမှန်ပင်နှင်ထုတ်ကြမည်။”ထို့ပြင်ဂုဏ်သည်အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ တမန်‌တော်အတွက်နှင့် အီမာန်ယုံကြည်သူများအတွက်ပင်ဖြစ်သည်။ သို့ရာတွင် မုနာဖိက်အ‌ယောင်‌ဆောင်များသည် မသိရှိကြ‌ပေ။

    [9] အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အလ္လာဟ် အရှင်မြတ်အားသတိရတသခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် သားသမီးများက အသင်တို့အား ‌ပေါ့‌လျော့မှုဖြစ်‌အောင်မလုပ်ကြ‌စေနှင့်။ ထို့ပြင်မည်သူမဆိုထိုအရာကို ပြုလုပ်လျှင် ထိုသူများပင် ဆုံးရှုံးသူများ ဖြစ်ကြသည်။ ###၃

    [10] ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်ထံသို့ ‌သေခြင်း ဆိုက်‌ရောက်မလာမီ အသင်တို့သည် အသင်တို့အား ငါအရှင်မြတ်‌ပေးသနားထား‌တော်မူထားသည့် အထဲမှ သုံးစွဲလှူဒါန်းကြပါ။ ထိုအချိန်‌ရောက်သည့် အခါမှ သူသည် “အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်အား အချိန်အနည်းငယ် မျှ ဆိုင်းငံ့‌ပေး‌တော်မမူပါသနည်း။ ထိုသို့‌ပေးခဲ့လျှင် ကျွန်ုပ်သည် အလှူဒါနပြုလုပ်၍ ‌ကောင်းမြတ်‌သောသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါမည်”ဟု‌လျှောက်ထားလိမ့်မည်။###၄

    [11] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူ၏အချိန်ကျ‌ရောက်လာခဲ့လျှင် ဆိုင်းငံ့ခွင့်လုံးဝ‌ပေး‌တော်မမူ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 64
    အပြန်အလှန်အမှန်မထင်ခြင်း

    [1] မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်‌ကြောင်းရွတ်ဆို‌နေကြသည်။ စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်ပင် စိုးပိုင် ‌တော်မူသည်။ ချီးမွမ်းခြင်းအ‌ပေါင်းသည်လည်း အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ် ပင် ဖြစ်‌တော်မူသည်။

    [2] ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့‌နောက် အသင်တို့ထဲမှ အချို့သည်ငြင်းပယ်သူဖြစ်ပြီး အသင်တို့ထဲမှအချို့သည် ယုံကြည် သူဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [3] အရှင်မြတ်ပင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို အမှန်တရားဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်‌တော်မူခဲ့ပြီး အသင်တို့အား အ‌ကောင်းဆုံးပုံသဏ္ဍာန်ဖြစ်‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ်ထံ‌တော်သို့ပင် (အသင်တို့၏‌နောက်ဆုံး)ပြန်လည်ရာစခန်းဖြစ်သည်။

    [4] အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ပြုလုပ်သည့်အရာများနှင့် အသင်တို့ အထင်အရှားပြုလုပ်သည့်အရာများကို သိရှိ‌တော်မူသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှတို့ကိုလည်းအကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။###၁

    [5] အသင်တို့ထံသို့ ယခင်က ငြင်းပယ်ခဲ့သည့်သူများ၏ အ‌ကြောင်းသတင်း‌ရောက်မလာခဲ့သ‌လော။ ထိုသို့ ငြင်းပယ်ခဲ့ကြသည့်အတွက် သူတို့သည်သူတို့လုပ်ရပ်၏ပြစ်ဒဏ်ကိုမြည်းစမ်းခဲ့ကြရပြီဖြစ်သည့်အပြင် (တမလွန်ဘဝတွင်) သူတို့အတွက် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်လည်းရှိဦးမည်ဖြစ်သည်။

    [6] ထိုသို့ဖြစ်ရခြင်းမှာ သူတို့ထံသို့ တမန်‌တော်များသည် ထင်ရှား‌သောသက်‌သေသာဓကများနှင့် တကွလာ‌ရောက်ခဲ့ကြသည့်အခါသူတို့က လူသားများသည် ကျွန်ုပ်တို့အားတရားလမ်းမှန်ကိုပြသကြမည်‌လောဟု ‌ပြောဆိုခဲ့ကြသည့်အတွက်ဖြစ်သည်။ ထို့ပြင် သူတို့သည် ငြင်းပယ်ခဲ့ကြပြီး ‌ကျောခိုင်းသွားခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်လည်း သူတို့အားဂရုစိုက်‌တော်မမူခဲ့‌ပေ။ ###၂ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [7] ကာဖိရ်များက သူတို့သည် မည်သည့်အခါမှ ရှင်ပြန်ထကြရမည်မဟုတ်‌ပေဟု ထင်မြင်ယူဆ(၍အခိုင်အမာ)‌ပြောဆိုခဲ့ကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ။အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း။ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို တိုင်တည်ပြီး(‌ပြောမည်)၊ အမှန်ပင် အသင်တို့သည် ရှင်ပြန်ထကြရမည်ဖြစ်သည်။ ထို့‌နောက် အမှန်စင်စစ် အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သမျှတို့ကို အသိ‌ပေးခြင်းခံကြရမည်။ ထို့ပြင် ဤသည် အလ်္လာဟ် အရှင်မြတ်အတွက် အလွန်လွယ်ကူသည်။ ###၃

    [8] သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်အပြင် ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော အလင်း‌ရောင်ကိုလည်း ယုံကြည်ကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [9] အရှင်မြတ်သည် အသင်တို့အား စုရုံးမှု၏‌နေ့တွင် စုရုံး‌တော်မူမည်။ ထို‌နေ့သည် နှစ်ဖက်အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ‌ကောင်းမြတ်သည်ကို ပြုလုပ်လျှင် အရှင်မြတ်သည် သူ၏ မ‌ကောင်းမှုများကို ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူ့ကို အကြင်ဥယျာဉ်များထဲသို့ အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင် ဖြစ် သည်။

    [10] ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟုစွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ ထိုသူများသည် ငရဲမီးထဲတွင် အမြဲ‌နေရမည့်ငရဲသားများဖြစ်ကြသည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှယုတ်ညံ့‌သော ‌နောက်ဆုံးပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။

    [11] ဒုက္ခဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့်သာ ကျ‌ရောက်သည်။ ###၄ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်လျှင် အရှင်မြတ်သည် သူ၏ စိတ်နှလုံးကို တရားလမ်းမှန်ပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်သိရှိ‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။###၅

    [12] ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ကို လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်မြတ်၏ အမိန့်ကိုလည်းလိုက်နာကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် (မလိုက်နာဘဲ)မျက်နှာလွှဲသွားကြလျှင် ငါအရှင်မြတ်၏ တမန်‌တော်အ‌ပေါ်တွင် (အမိန့်‌တော်များကို)ရှင်းလင်းစွာပို့ချ‌ပေးရန်ပင် တာဝန်ရှိသည်။

    [13] အလ္လာဟ်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင်မရှိ‌ပေ။ သို့ဖြစ်ရာအလ္လာဟ် အရှင်မြတ်အ‌ပေါ်၌ပင် အီမာန်ယုံကြည်သူများသည် ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။

    [14] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့၏ ဇနီးမိန်းမများနှင့် အသင်တို့၏ သားသမီးများထဲတွင် အချို့သည် အသင်တို့၏ ရန်သူများဖြစ်ကြသည်။ ###၆ သို့ဖြစ်ရာ အသင်တို့သည် သူတို့အား သတိထားကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် (သူတို့ကို)ခွင့်လွှတ်ကြလျှင်၊ လျစ်လျူရှုကြလျှင်၊ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးကြလျှင်အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [15] အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် အသင်တို့၏ သားသမီးများသည် စမ်းသပ်မှုပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်‌သောအကျိုး‌ကျေးဇူးရှိသည်။

    [16] သို့ဖြစ်ရာ အသင်တို့သည် အသင်တို့တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပြီး အသင်တို့သည် နာခံကြပါ။ ထို့ပြင် လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်၏အမိန့်‌တော်နှင့် အညီ)သုံးစွဲလှူဒါန်းကြပါ၊ (ဤသည်) အသင်တို့အတွက် ‌ကောင်း‌ပေသည်။ ###၇ ထို့ပြင် မည်သူမဆို သူ၏ ‌စေးနှဲတွန့်တိုမှုမှ ကင်း‌ဝေး‌စေခြင်းခံရ လျှင် ထိုသူများပင် ‌အောင်မြင်‌သောသူများ ဖြစ်ကြသည်။

    [17] အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကောင်းမွန်‌သော ‌ချေးငှားခြင်းနှင့် ‌ချေးငှားကြလျှင် အရှင်မြတ်သည် အသင်တို့အတွက် ထို‌ချေးငှားခြင်းကို ဆထက်ထမ်း ပိုးတိုးပွား‌ပေး‌တော်မူမည်။ ထို့ပြင်အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အကျိုး‌ကျေးဇူးပြုအစား‌ပေး ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [18] လျှို့ဝှက်သည့်အရာနှင့် ထင်ရှားသည့်အရာကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန် ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 65
    ကွာရှင်းပြတ်စဲခြင်း

    [1] အို-တမန်‌တော်၊ (အသင်‌ပြောလိုက်ပါ)-အသင်တို့သည် ဇနီးမိန်းမများကို သွလာက်‌ပေးကွာရှင်းသည့်အခါ သူမတို့၏ အိဒ်ဒသ်ရက်များ (စ၍‌ရေတွက်နိုင်သည့်)အချိန်ကာလ တွင် သွလာက်‌ပေးကွာရှင်းကြပါ။ ###၁ ထို့ပြင် အသင်တို့သည် အိဒ်ဒသ်ရက်များကို ‌ရေတွက်ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထင်ရှား‌သောစက်ဆုပ်ဖွယ်ရာအမှုကို ထိုဇနီးမိန်းမများက ကျူးလွန်ကြသည်မှလွဲ၍ အသင်တို့သည် သူမတို့ကို သူမတို့၏ ‌နေအိမ်များမှ မထွက်ခိုင်းကြနှင့်။ သူမတို့ကိုယ်တိုင်လည်း မထွက်ကြရ‌ပေ။ ###၂ ထို့ပြင် ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ စည်းကမ်းချက်များပင်ဖြစ်သည်။ မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်‌ဖောက်ဖျက်လျှင် အမှန်စင်စစ် ထိုသူသည် သူ့ကိုယ်သူနှိပ်စက်ခဲ့ပြီဖြစ်သည်။ ထို(သွလာက်‌ပေးပြီး)‌နောက် အလ္လာဟ်အရှင်မြတ်သည် အ‌ကြောင်းကိစ္စတစ်စုံတစ်ခုကို အသစ်ဖန်တီး‌ပေး‌တော်မူ‌ကောင်း‌ပေး‌တော်မူမည်ကို အသင်မသိ‌ပေ။ ###၃

    [2] ထို့‌နောက် ထို(ကွာရှင်းခဲ့သည့်)ဇနီးမိ်န်းမများသည် သူမတို့၏ သတ်မှတ်သည့် အိဒ်ဒသ်ရက် ‌နောက်ဆုံးအချိန်ကို‌ရောက်ခါနီးတွင် အသင်တို့သည် သူမတို့အား စည်းကမ်းနှင့် အညီ ပြန်သိမ်းပိုက်ကြပါ။ သို့မဟုတ် အသင်တို့သည် စည်းကမ်းနှင့်အညီ သူမတို့နှင့် ခွဲခွာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ သစ္စာသမာဓိရှိသူနှစ်ဦးကို သက်‌သေထား ကြပါ။ ###၄ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်အတွက် ရည်ရွယ်ပြီး ‌ဖြောင့်မတ်စွာ သက်‌သေထွက်ဆိုကြပါ။ ဤသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများအား ဆုံးမဩဝါဒ‌ပေးခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင် အရှင်မြတ်သည် ထိုသူ့အတွက် ထွက်‌ပေါက်ဖန်တီး‌ပေး‌တော်မူမည်။

    [3] ထို့ပြင် အရှင်မြတ်သည် ထိုသူအား သူမထင်သည့်‌နေရာမှ စားနပ်ရိက္ခာကို ‌ပေးသနား‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်လျှင်အရှင်မြတ်သည် သူ့အတွက်လုံ‌လောက်‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အ‌ရေးကိစ္စကို ပြီး‌မြောက်‌အောင်ပြုလုပ်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအတွက် အချိန်အဆတစ်ခုပြုလုပ်ထား‌တော်မူသည်။

    [4] ထို့ပြင် အသင်တို့၏ (ကွာရှင်းပြီးဖြစ်သည့်)ဇနီးမိန်းမများထဲတွင် ဓမ္မတာလာခြင်းမှ ‌မျှော်လင့်ချက်မရှိ‌တော့‌သော မိန်းမများသည် အကယ်၍ (သူမတို့၏ အိဒ်ဒသ်နှင့်ပတ်သက် ၍) အသင်တို့သည် သံသယဖြစ်ခဲ့လျှင် သူမတို့၏ အိဒ်ဒသ်သည် သုံးလဖြစ်သည်။ ထို့ပြင် ဓမ္မတာမလာဖူး‌သေး‌သောမိန်းမများလည်း (သုံးလပင်ဖြစ်သည်)။ ထို့ပြင် ကိုယ်ဝန်ရှိ ‌သောမိန်းမများသည် သူမတို့၏ (အိဒ်ဒသ် )ကာလအပိုင်းအခြားသည် သူမတို့အ‌နေနှင့် သူမတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင် အရှင်မြတ်သည် သူ့အတွက် သူ၏အ‌ရေးကိစ္စကို လွယ်ကူ‌အောင် ပြုလုပ်‌ပေး‌တော်မူမည်ဖြစ်သည်။

    [5] ဤသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုအမိန့်‌တော်ကို အသင်တို့ထံချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင်အရှင်မြတ်သည်သူ၏ မ‌ကောင်းမှုများကို သူ၏ထံမှ ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူ၏ အကျိုးရလဒ်ကို ကြီးကျယ်‌စေ‌တော်မူမည်။

    [6] အသင်တို့သည် ထို(ကွာရှင်းပြီးဖြစ်ကြသည့်)မိန်းမများကို အသင်တို့‌နေထိုင်ရာတွင် အသင်တို့၏ ချမ်းသာမှုနှင့်အညီ (‌နေထိုင်ရန်) အိမ်‌ပေးကြပါ။ ထို့ပြင် အသင်တို့သည်သူမတို့အ‌ပေါ်တွင် ကျပ်တည်း‌စေရန်အတွက် ဒုက္ခမ‌ပေးကြနှင့်။ ထို့ပြင် အကယ်၍ သူမတို့သည် ကိုယ်ဝန်ရှိသူများဖြစ်ခဲ့ကြလျှင် အသင်တို့သည် သူမတို့အ‌ပေါ်တွင် သူမတို့အ‌နေနှင့် သူမတို့၏ကိုယ်ဝန်အား ‌မွေးဖွားကြသည်အထိ သုံးစွဲကြပါ။ ထို့‌နောက် အကယ်၍ သူမတို့သည် အသင်တို့အတွက် (အသင်တို့၏က‌လေးကို)နို့တိုက်‌ကျွေးခဲ့ကြလျှင်အသင်တို့သည် သူမတို့အား သူမတို့၏ အဖိုးအခများကို‌ပေးဆပ်ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း ‌ကောင်းမွန်သည့်နည်းနှင့် ‌ဆွေး‌နွေးတိုင်ပင်ကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် အချင်းချင်း မ‌ပြေလည်ခဲ့ကြလျှင် ထို(ဖခင်)အတွက် မကြာမီ အခြားမိန်းမတစ်ဦးက က‌လေးကို နို့တိုက်‌ကျွေး(ရန်ငှားရမ်း)ရမည်ဖြစ်သည်။

    [7] ချမ်းသာသူသည် သူ၏ချမ်းသာမှုနှင့် အညီသုံးစွဲရမည်။ ထို့ပြင်ကျပ်တည်းသူသည်လည်း သူ့ကို အလ္လာဟ်အရှင်မြတ်‌ပေးသနား‌တော်မူသည့်အထဲမှ သုံးစွဲရမည်။ အလ္လာဟ် အရှင်မြတ်သည် မည်သူ့ကိုမျှ အရှင်မြတ်‌ပေးသနား‌တော်မူသည်ထက် ပိုပြီးတာဝန်‌ပေးသည်မဟုတ်‌ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏ ‌နောက်တွင်မကြာမီ ‌ချောင်လည်မှု ဖန်တီး‌ပေးသနား‌တော်မူမည်ဖြစ်သည်။

    [8] ထို့ပြင် မြို့ရွာအ‌မြောက်အမြား(တွင်‌နေထိုင်သူများ)သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင့်တမန်‌တော်များ၏ အမိန့်ကို ဖီဆန် ‌တော်လှန်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် ထိုမြို့ရွာသားများကို ပြင်းထန်စွာ စစ်‌ဆေး‌တော်မူသည့်အပြင် သူတို့အား အလွန်ဆိုးရွားလှသည့်ပြစ်ဒဏ်ကိုလည်း‌ပေး‌တော်မူခဲ့သည်။

    [9] သို့ဖြစ်ရာ ထိုမြို့(သူ)ရွာ(သား)များသည် သူတို့၏ မ‌ကောင်း‌သောအမှုကိစ္စများနှင့် ပတ်သက်၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည့်အပြင် သူတို့၏ ‌နောက်ဆုံးအကျိုးဆက်သည်လည်း ဆုံးရှုံးမှုပင်ဖြစ်ခဲ့သည်။

    [10] အလ္လာဟ်အရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ အလွန်ပြင်းထန်သည့် ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ သို့ဖြစ်ရာ အို-ယုံကြည်‌သောဉာဏ်ရှင်အ‌ပေါင်းတို့၊အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံသို့ ဆုံးမဩဝါဒ(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို ချ‌ပေးသနား‌တော်မူခဲ့သည်။

    [11] (ထို့ပြင်)တမန်‌တော်တစ်ပါးကို(‌စေလွှတ်‌တော်မူခဲ့သည်၊) ထိုတမန်‌တော်သည် အသင်တို့‌ရှေ့၌ အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းထင်ရှား‌သော အာယသ်‌တော်များကိုဖတ်ကြားသည်။ (ထိုသို့ပြုလုပ်ရခြင်းကမူ) အရှင်မြတ်သည် ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များပြုလုပ်သည့်သူများကို အ‌မှောင်ထုများမှ အလင်းကို ထွက်‌စေ‌တော်မူရန် အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်လျှင် ###၆ အရှင်မြတ်သည် သူတို့အား အကြင်ဥယျာဉ်များတွင် အမြဲ‌နေရမည့်သူအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား မွန်မြတ်‌သော စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူလိုက်ခြင်းဖြစ်သည်။

    [12] အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ‌မြေကိုလည်း ထိုသို့ပင် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထိုမိုးနှင့် ‌မြေအကြားတွင် အမိန့်‌တော်များ ဆင်းသက်သည်။ (ထိုသို့ဖြစ်ရခြင်းမှာ)အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌ကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အသိပညာနှင့် အမှန်ပင် လွှမ်းခြုံထား‌တော်မူ‌ကြောင်းကို အသင်တို့ သိရှိကြရန်အတွက်ဖြစ်သည်။

    Surah 66
    တားမြစ်ချက်

    [1] အို-တမန်‌တော်၊ အသင်သည် အသင့်အတွက် အလ်္လာဟ် အရှင်မြတ်က (ဟလာလ် ) ခွင့်ပြု‌တော်မူခဲ့သည့်အရာအား အဘယ့်‌ကြောင့် အသင်၏ကြင်ရာများ၏ နှစ်သက်မှုကို လိုလားမှုအတွက်ဖြင့် (ဟရာမ် )တားမြစ်သည့်အရာအဖြစ် ပြုလုပ်လိုက်သနည်း။ ###၁ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင် နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ ကျိန်ဆိုချက်များကို ‌ဖြေနိုင်ရန် (နည်းလမ်း) သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကိစ္စများကို ‌ဆောင်ရွက်‌ပေး‌တော်မူသည့်အပြင် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [3] ထို့ပြင် တစ်ခါက တမန်‌တော်သည် ၎င်း၏ကြင်ရာ‌တော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ‌ပြောခဲ့သည်။ ထို့‌နောက် ထိုကြင်ရာ‌တော်က (အခြားကြင်ရာ‌တော်အား) ထိုစကားကို‌ပြောပြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ထိုအ‌ကြောင်း တမန်‌တော်ကို အသိ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် တမန်‌တော်သည် ထိုစကားထဲမှအချို့ကို အသိ‌ပေးခဲ့ပြီး အချို့ကိုမူ လျစ်လျူရှုထားခဲ့သည်။ ထို့ပြင် တမန်‌တော်သည် ထိုကြင်ရာ‌တော်ကို ထိုစကား‌ပြောပြခဲ့သည့် အခါထိုကြင်ရာ‌တော်က ဤသတင်းကို အသင့်အားမည်သူ‌ပြောပြသနည်းဟု ‌ပြောဆို‌မေးမြန်းခဲ့သည်။ တမန်‌တော်က ကျွန်ုပ်ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်က အသိ‌ပေး‌တော်မူခဲ့သည်ဟု ‌ဖြေကြားခဲ့သည်။

    [4] အကယ်၍ အသင်မတို့ (ကြင်ရာ‌တော်)နှစ်ပါးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဝန်ချ‌တောင်းပန်ခဲ့ကြလျှင် (အသင်မတို့အတွက်‌ကောင်းသည်၊ အဘယ့်‌ကြောင့်ဆို ‌သော်) အမှန်စင်စစ် အသင်မတို့၏ စိတ်နှလုံးများသည် (တမန်‌တော် မနှစ်သက်သည့်ဘက်သို့) ယိမ်းညွတ်‌နေခဲ့ကြသည်။ ထို့‌နောက် အကယ်၍ အသင်မတို့နှစ်ဦးသည် တမန်‌တော်နှင့် ဆန့်ကျင်၍ အချင်းချင်း ကူညီ‌နေကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်ကို ကာကွယ်‌တော်မူမည့် မိတ်‌ဆွေဖြစ်‌တော်မူသည်။ ထို့ပြင် ‌ကောင်းကင် တမန်ဂျိဗ်ရီလ်၊ ‌ကောင်းမြတ်‌သော ယုံကြည်သူများသည်လည်း (အကာအကွယ်‌ပေးမည့် မိတ်‌ဆွေများဖြစ်ကြသည်)၊ ၎င်းတို့‌နောက် ‌ကောင်းကင်တမန်များသည်လည်း ကူညီမည့်သူများပင်ဖြစ်ကြသည်။

    [5] အကယ်၍ တမန်‌တော်သည် အသင်မတို့အား ကွာရှင်းခဲ့လျှင် ထိုတမန်‌တော်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က အသင်မတို့အစား ထိုတမန်‌တော်ကို အသင်မတို့ ထက် ပိုထွတ်မြတ်‌သောမွတ်စ်လင်မ် မိန်းမများ၊ ယုံကြည်‌သောမိန်းမများ၊ အမိန့်နာခံ‌သောမိန်းမများ၊ ဝန်ချ‌တောင်းပန်‌သောမိန်းမများ၊ ဝတ်ပြု‌သောမိန်းမများ၊ စွိယာမ်ဥပုသ်‌စောင့်‌သောမိန်းမများ၊ အအိုများ၊ အပျိုများကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။

    [6] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ကိုယ်ကိုသာမက အသင်တို့၏ အိမ်သူအိမ်သားများကိုလည်း(ငရဲ)မီးမှ ကယ်တင်ကြပါ။ ထိုမီး၏ ‌လောင်စာသည်လူများနှင့် ‌ကျောက်တုံးများဖြစ်ကြသည်။ ထိုမီးသည် အကြင်နာကင်းမဲ့‌သော၊ စိတ်ဓာတ်ခက်ထန်‌သော၊ အလွန်ပြင်းထန်‌သော ‌ကောင်းကင်တမန်များ (‌စောင့်ကြပ်လျက်)ရှိ‌နေသည်။သူတို့သည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ်က သူတို့အား ‌ပေး‌တော်မူထားသည့်အမိန့်‌တော်နှင့် ပတ်သက်၍ မဖီဆန်ကြသည့်အပြင် သူတို့အား အမိန့်‌ပေးခြင်းခံကြရခြင်းကို (မဆိုင်းမတွ)ပြုလုပ်‌ဆောင်ရွက်ကြသည်။

    [7] အို-ကာဖိရ် အ‌ပေါင်းတို့၊ ယ‌နေ့ အသင်တို့သည် အ‌ကြောင်းမပြကြ‌လေနှင့်။ အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့ကြသည်များနှင့် ပတ်သက်၍ အစား‌ပေးခြင်းခံ‌နေကြရခြင်းပင်ဖြစ်သည်။

    [8] အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် စစ်မှန်‌သောဝန်ချ‌တောင်းပန်ခြင်းမျိုးနှင့် ဝန်ချ‌တောင်းပန်ကြပါ။ အသင်တို့အားဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏အပြစ်များကို အသင်တို့ထံမှ ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် အသင်တို့အားအကြင်ဥယျာဉ်များထဲသို့ အမှန်ပင် ဝင်‌ရောက်‌စေ ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ ‌ချောင်းများသည် စီးဆင်း‌နေမည်။ ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် တမန်‌တော်ကိုလည်း‌ကောင်း၊ တမန်‌တော်နှင့်အတူ ယုံကြည်ခဲ့ ကြသည့်သူများကိုလည်း‌ကောင်း အရှက်တကွဲဖြစ်‌စေ‌တော်မူမည်မဟုတ်‌ပေ။ သူတို့၏အလင်း‌ရောင်သည် သူတို့၏‌ရှေ့နှင့် လက်ယာဘက်များကြားတွင် ‌ပြေး‌နေလိမ့်မည်။ ###၂ သူတို့က ‌လျှောက်ထားကြမည်။ အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည်ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အလင်း‌ရောင်ကို (ဂျန္နသ်‌ရောက်သည့်တိုင်) အဆုံးထိထားရှိ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။

    [9] အို-တမန်‌တော်၊ အသင်သည် ကာဖိရ်ငြင်းပယ်ကြသည့်သူများနှင့် မုနာဖိက်အ‌ယောင်‌ဆောင်များကို သက်စွန့်ကြိုးပမ်းတိုက်ခိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် ကျပ်တည်း‌အောင် ပြုလုပ်ပါ။###၃ ထို့ပြင် သူတို့၏ ခိုလှုံရာဌာနသည် ဂျဟန္နမ်ငရဲပင် ဖြစ်သည်။ ထို့ပြင် ထို(ငရဲဘုံ)သည် အဘယ်မျှ ဆိုးရွားလှ‌သော စခန်းဖြစ်လိုက်သနည်း။

    [10] အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်ကြသည့်သူများအတွက်(တမန်‌တော်)နူးဟ်၏ ဇနီးကြင်ရာနှင့် (တမန်‌တော်)လူသွ်၏ဇနီးကြင်ရာကို ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူ သည်။ ထို ဇနီးကြင်ရာနှစ်ဦးသည် ငါအရှင်မြတ်၏ ကျွန်များထဲမှ ‌ကောင်းမြတ်‌သောကျွန်နှစ်ဦး၏ (ထိမ်းမြားမှု)‌အောက်တွင်ရှိခဲ့ကြသည်။ ထို့‌နောက်လည်း ထိုဇနီးကြင်ရာနှစ်ဦးသည် ထိုကျွန်နှစ်ဦးနှင့် ပတ်သက်၍ (သာသနာ‌ရေးရာတွင်)သစ္စာ‌ဖောက်ခဲ့သည့်အတွက် ထိုကျွန်နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ထိုကြင်ရာနှစ်ဦးအတွက် အနည်းငယ်မျှ အကျိုးမပြုနိုင်ခဲ့ကြ‌ပေ။ ထို့ပြင် “အသင်မတို့ နှစ်ဦးလည်း (အခြား)ဝင်‌ရောက်ကြသည့်သူများနှင့်အတူ မီးထဲသို့ ဝင်‌ရောက်ကြ‌ပေ‌တော့” ဟု အမိန့်‌ပေး‌တော်မူခြင်း ခံခဲ့ကြရသည်။ ###၄

    [11] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအတွက် ဖိရ်‌အောင်န်၏ ဇနီးကြင်ရာကို ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူသည်။ တစ်ခါက သူမသည် ‌လျှောက်ထားခဲ့ သည်။ အို-ကျွန်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်တွင် ဂျန္နသ်သုခဘုံ၌ ကျွန်မအတွက် ‌နေအိမ်တစ်လုံးကို ပြုလုပ်‌ပေးသနား‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်မကို ဖိရ်‌အောင်န်နှင့် သူ၏လုပ်ရပ်များမှ လွတ်‌မြောက်‌စေ‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်မကို မတရားသည့်အမျိုးသားများမှလည်းကယ်တင်‌တော်မူပါ။ ###၅

    [12] ထို့ပြင် အင်မ်ရာန်၏သမီး မရ်ယမ်ကို (ပမာခိုင်းနှိုင်းမိန့်ကြား‌တော်မူခဲ့သည်)၊ သူမသည် သူမ၏သိက္ခာကို ‌စောင့်ထိန်းခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူမထဲသို့ ငါအရှင်မြတ်ထံ‌တော်မှ ဝိညာဉ်မှုတ်ထည့်‌တော်မူခဲ့သည်။ ထို့ပြင် သူမသည် သူမအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ မိန့်ကြားချက်များနှင့် အရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည် ‌ထောက်ခံခဲ့သည့်အပြင် သူမသည် အမိန့်‌တော်ကို နာခံသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။ ###၆

    Surah 67
    အာဏာစက်

    [1] အကြင်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံမြင့်မြတ်‌တော်မူသည်။ ထိုအရှင်မြတ်၏ လက်ထဲတွင် အုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင်ထိုအရှင်မြတ်သည် အရာအားလုံး အ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [2] ထိုအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည်လုပ်ရပ်အ‌နေနှင့် အ‌ကောင်းဆုံးဖြစ်သည်ကို အသင်တို့အား စမ်းသပ်‌တော်မူရန်အတွက် ‌သေခြင်းနှင့် ရှင်ခြင်းကို ဖန်ဆင်း‌တော် မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [3] ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်ခုနစ်ထပ်ကို အဆင့်ဆင့် ဖန်ဆင်း‌တော်မူခဲ့သည်။ အသင်သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်၏ ဖန်ဆင်းမှုတွင် ကွာခြားမှု၊ မဆီ‌လျော်မှု ဟူ၍ လုံးဝ‌တွေ့ရှိရမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် မျက်စိကို ပြန်‌မော့ပြီးကြည့်ပါ၊ အသင်သည် အက်ကွဲမှု တစ်စုံတစ်ခု‌တွေ့ရ၏‌လော။

    [4] ထို့‌နောက် အသင်သည်မျက်စိကိုပြန်‌မော့ပြီး အကြိမ်ကြိမ်ပြန်ကြည့်ပါ၊ မျက်စိပင် အသင့်ထံသို့ အလိုမပြည့်ဘဲ အရှက်ရကာ ‌ညောင်းလျက်ပြန်လာမည်ဖြစ်သည်။

    [5] ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အနီးဆုံးမိုး‌ကောင်းကင်(‌အောက်ဆုံးအထပ်)ကို မီးအိမ်များဖြင့် လှပစွာ ဆင်ယင်ထား‌တော်မူပြီး ထိုမီးအိမ်များကို ရှိုင်သွာန်များအား ပစ်ခတ်ရန် လက်နက်အဖြစ် ###၁ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် ဂျဟန္နမ်ငရဲမီး၏ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ပြီးထား‌တော်မူသည်။

    [6] ထို့ပြင် သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ငြင်းပယ်သူများအတွက် ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်ရှိမည်။ ထို့ပြင် ထိုဂျဟန္နမ် ငရဲသည် အဘယ်မျှဆိုးရွားလှ‌သော စခန်းဖြစ်လိုက်သနည်း။

    [7] သူတို့အ‌နေနှင့် ဆူပွက်လျက်ရှိ‌သော ငရဲထဲတွင် ပစ်ချခြင်းခံခဲ့ကြရသည့်အခါ ထိုငရဲ၏ဟိန်းသံကိုကြားကြရမည်။ ထို့ပြင် ထိုငရဲသည် အဘယ်မျှ ဆူပွက်‌နေမည်နည်းဆိုလျှင်၊

    [8] အမျက်‌ဒေါသ‌ကြောင့် ‌ပေါက်ကွဲမည့်ဆဲဆဲဖြစ်‌နေမည်။ ထို ဂျဟန္နမ် ငရဲထဲသို့ အုပ်စုတစ်စု ပစ်ချခံရတိုင်း ထိုငရဲကို ‌စောင့်ကြပ်‌သော ‌ကောင်းကင်တမန်များက “အသင်တို့ထံ သတိ‌ပေးနှိုး‌ဆော်သူ မည်သူမျှ မလာခဲ့သ‌လော”ဟု သူတို့အား ‌မေးမြန်းကြမည်။

    [9] သူတို့က အဘယ့်‌ကြောင့် မလာရမည်နည်း၊ အမှန်ပင် သတိ‌ပေးနှိုး‌ဆော်သူသည် ကျွန်ုပ်တို့ထံသို့လာခဲ့သည်။ ထို့‌နောက်လည်း ကျွန်ုပ်တို့ကမဟုတ်မမှန်ဟုစွပ်စွဲငြင်းပယ်ခဲ့ကြ သည့်အပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့်အရာမျှ ချ‌ပေး‌တော်မူသည်မရှိ‌ပေ၊ အသင်တို့သည် ကြီးကျယ်‌သော လမ်းမှားတွင် ရှိ‌နေကြသည်ဟု ‌ပြောဆိုခဲ့ကြ‌ကြောင်း ‌ဖြေကြားကြမည်။

    [10] ထို့ပြင် သူတို့က အကယ်၍ ကျွန်ုပ်တို့သည် နား‌ထောင်ခဲ့ကြလျှင် သို့မဟုတ် နားလည်ခဲ့ကြလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်‌ပေဟု ‌ပြောဆိုကြမည်။

    [11] ထို့‌နောက် သူတို့သည် (ကိယာမသ်‌နေ့တွင်) သူတို့၏ အပြစ်ကျူးလွန်မှုကို ဝန်ခံကြလိမ့်မည်။ သို့ဖြစ်ရာ ဂျဟန္နမ်ငရဲသားများတွင် ကရုဏာမှကင်း‌ဝေးမှုရှိလိမ့်မည်။

    [12] အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကိုမမြင်ဘဲနှင့် ‌ကြောက်ရွံ့‌သောသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးမား‌သော အကျိုး‌ကျေးဇူးရှိသည်။

    [13] ထို့ပြင် အသင်တို့သည်အသင်တို့၏ စကားများကို လျှို့ဝှက်‌ပြောဆိုသည်ပင်ဖြစ်‌စေ၊ ကျယ်‌လောင်စွာ‌ပြောဆိုသည်ပင်ဖြစ်‌စေ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်ကိုပင် အကြွင်းမဲ့သိရှိ‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။

    [14] အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်း‌တော်မူခဲ့‌သော အဖန်ဆင်းခံများကို မသိဘဲ‌နေမည်‌လော။ ထို့ပြင် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ ကြားသိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [15] အရှင်မြတ်ပင် အသင်တို့အတွက် ‌မြေပထဝီကို လက်‌အောက်ခံပြုလုပ်‌ပေးထား‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထို‌မြေပထဝီ၏ သွားရာလမ်းများတွင် လှုပ်ရှားသွား လာကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်‌ပေးသနား‌တော်မူ‌သော ရိက္ခာမှစားသုံးကြပါ။ ထို့ပြင် (အသင်တို့သည်)ရှင်ပြန်ထ၍ အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြ ရမည်ဖြစ်သည်။

    [16] အသင်တို့သည် မိုး‌ကောင်းကင်တွင်ရှိ‌တော်မူ‌သောအရှင်မြတ်ကို ထိုအရှင်မြတ်သည်အသင်တို့အား ‌မြေမျို‌စေ‌တော်မူမည်မဟုတ်‌ပေဆိုပြီး စိုးရိမ်မှုကင်း‌နေကြသ‌လော။ ထိုသို့ (‌မြေမျို‌စေ‌တော်မူ‌သော)အခါ ထို‌မြေပထဝီသည် ပြင်းထန်စွာ တုန်လှုပ်‌နေလိမ့်မည်။

    [17] သို့မဟုတ် အသင်တို့သည် မိုး‌ကောင်းကင်တွင်ရှိ‌သော အရှင်မြတ်ကို ထိုအရှင်မြတ်သည် အသင်တို့ အ‌ပေါ်တွင်‌ကျောက်စရစ်မိုး ရွာသွန်း‌စေ ###၂ ‌တော်မူမည်မဟုတ် ‌ပေဟု စိုးရိမ်မှုကင်း‌နေကြသ‌လော။ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်မှုသည် မည်သို့ရှိခဲ့သည်ကို အသင်တို့ သိရှိကြလိမ့်မည်။

    [18] ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီ ရှိခဲ့ကြသည့်သူများလည်း မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။

    [19] သူတို့သည် သူတို့၏အထက်တွင် ငှက်များကို အ‌တောင်ပံများဖြန့်‌နေသည်ကိုလည်း‌ကောင်း၊ (ထိုအ‌တောင်ပံများကို) ရုပ်သိမ်း‌နေသည်ကိုလည်း‌ကောင်း မမြင်ခဲ့ကြသ‌လော။ ထိုငှက်များအားရဟ်မာန် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ မည်သူကမျှ ထိန်းသိမ်းမထား‌ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ် ‌တော်မူသည်။

    [20] ထို့ပြင် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ အသင်တို့၏ စစ်တပ်အဖြစ် အသင်တို့အား ကူညီမည့်သူ မည်သူရှိမည်နည်း။ ထို့ပြင် ကာဖိရ်များသည် လှည့်စားမှုထဲ၌ပင် ရှိ‌နေကြသည်။

    [21] ထို့ပြင် အကယ်၍ အရှင်မြတ်သည် အရှင်မြတ်၏ ရိက္ခာကို ပိတ်ပင်‌တော်မူခဲ့လျှင် အသင်တို့အား ရိက္ခာမည်သူ‌ပေးမည်နည်း။ ထို့ပြင် သူတို့သည် ဆိုးသွမ်းမှုနှင့် စက်ဆုပ် ရွံရှာမှုထဲတွင် စွဲမြဲစွာရှိ‌နေကြသည်။

    [22] သူ၏မျက်နှာ‌ပေါ်တွင် ‌မှောက်လျက်သွားသည့်သူသည် ပို၍လမ်းမှန်သူ‌လော၊ သို့မဟုတ်‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင် တည့်မတ်စွာ သွား‌နေသူသည် ပို၍လမ်းမှန်သူ‌လော။

    [23] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အသင်တို့အတွက်အရှင်မြတ်သည် နားများ၊ မျက်စိများနှင့် စိတ်နှလုံးများကို ပြုလုပ်‌ပေးသနား‌တော်မူခဲ့သည်။ အသင်တို့သည် အနည်းငယ်သာ ‌ကျေးဇူးသိတတ်ကြသည်။

    [24] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား ‌မြေပထဝီတွင် ပြန့်ပွား‌စေ‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ထံသို့ပင် အသင်တို့ စုရုံးကြရမည်။

    [25] ထို့ပြင် “အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ ဖြစ်မည်နည်း”ဟု သူတို့က ‌ပြောဆိုကြသည်။

    [26] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- “(ထို)အသိသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် ငါသည် ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။

    [27] ထို့‌နောက် သူတို့သည် ထို(ပြစ်ဒဏ်)ကို နီးကပ်စွာ ‌တွေ့မြင်ကြသည့်အခါ ကာဖိရ်များ၏မျက်နှာများသည် ပျက်သွားကြမည်။ ထို့ပြင် ဤသည်အသင်တို့ ‌တောင်းဆို‌နေ ခဲ့ကြသည့်အရာပင် ဖြစ်သည်ဟု‌ပြောဆိုခံကြရမည်။

    [28] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့ကိုသာမက ငါနှင့်အတူရှိသည့်သူများကိုလည်း ဖျက်ဆီး‌တော်မူခဲ့လျှင် ###၃ သို့မဟုတ် အရှင်မြတ်သည် ငါတို့ကို သနားကရုဏာ ပြု‌တော်မူခဲ့လျှင် ကာဖိရ် များအား နာကျင်‌စေသည့်ပြစ်ဒဏ်မှ မည်သူကာကွယ်မည်နည်းဆိုသည်ကို အသင်တို့ ‌ပြောပြကြပါ။

    [29] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အရှင်မြတ်ပင် ရဟ်မာန်ဆို‌သော အနန္တကရုဏာ‌တော်ရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်ကိုပင် ငါတို့သည် ယုံကြည်ခဲ့ကြသည်။ ထို့ပြင် အရှင်မြတ် အ‌ပေါ်၌ပင် ငါတို့သည် ယုံပုံလွှဲအပ်ခဲ့ကြသည်။ ထို့ပြင် မည်သူသည်ထင်ရှားသည့်လမ်းမှား‌ပေါ်တွင် ရှိ‌နေသည်ကို မကြာမီ အသင်တု့ိ သိကြရမည်။

    [30] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အကယ်၍ အသင်တို့၏ ‌ရေသည် (‌မြေကြီးထဲသို့)တိမ်မြုပ် (စိမ့်ဝင်)‌ပျောက်ကွယ်သွားခဲ့လျှင် အသင်တို့ထံသို့ ကြည်လင်စီး‌တွေသည့် ‌ရေကိုမည်သူယူလာဦးမည်နည်း။ ###၄

    Surah 68
    ဘောပင်

    [1] နူန် (ငါအရှင်မြတ်သည်) က‌လောင်နှင့် သူတို့(‌ကောင်းကင်တမန်များ)‌ရေးမှတ်‌နေကြသည်များကို သက်‌သေထူ‌တော်မူသည်။ ###၁

    [2] အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် ရူးသွပ်သူမဟုတ်‌ပေ။ ###၂

    [3] ထို့ပြင် အမှန်စင်စစ် အသင့်အတွက် မကုန်နိုင်‌သော အကျိုး‌ကျေးဇူးများရှိသည်။

    [4] ထို့ပြင် အမှန်စင်စစ် အသင်သည် ကြီးမားမြင့်မြတ်‌သော အကျင့်စာရိတ္တ‌ပေါ်တွင် ရှိ‌နေသည်။ ###၃

    [5] ထို့‌နောက် မကြာမီ အသင်သည်လည်း မြင်ရမည်၊ သူတို့သည်လည်း မြင်ကြရမည်။

    [6] အသင်တို့ထဲမှ မည်သူသည် အရူးဆိုသည်ကို၊

    [7] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏လမ်း‌တော်မှ လွဲမှားသွားသည့်သူများကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ် သည် တရားလမ်းမှန်ရရှိကြသည့်သူများကိုလည်း အသိဆုံးဖြစ်‌တော်မူသည်။

    [8] သို့ဖြစ်ရာ အသင်သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူများ၏ စကားကို နားမ‌ထောင်‌လေနှင့်။

    [9] သူတို့သည် အကယ်၍ အသင်အ‌လျှော့‌ပေးလိုက်‌လျောလျှင် သူတို့လည်းအ‌လျှော့‌ပေးလိုက်‌လျောချင်ကြသည်။

    [10] ထို့ပြင် အသင်သည် မည်သည့် အလွန်ကျိန်ဆိုသူ၏ စကားကိုမျှ နားမ‌ထောင်‌လေနှင့်၊ ထိုသူသည်အလွန်‌သေးသိမ်သူ၊

    [11] အလွန်‌စောင်းချိတ်ကဲ့ရဲ့သူ၊ အလွန်ကုန်း‌ချောသူ၊

    [12] ‌ကောင်းမှုကို အလွန်တားမြစ်သူ၊ စည်းကမ်းကျူးလွန်သူ၊ အလွန်အပြစ်ကျူးလွန်သူ၊

    [13] ထိုအရည်အချင်းများနှင့်အတူ အလွန်ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ မျိုးရိုးမစစ်သူဖြစ်သည်။

    [14] ထိုသူသည် ပစ္စည်းရှင်၊ သားသမီးရှင်ဖြစ်သည့်အတွက်‌ကြောင့်။ ###၄

    [15] သူ၏‌ရှေ့၌ ငါအရှင်မြတ်၏ အာယသ်‌တော်များကို ဖတ်ကြားခြင်းခံရသည့်အခါ သူက (ဤသည်)ယခင်ကလူများ၏ ပုံပြင်များပင် ဖြစ်သည်ဟု‌ပြောဆိုသည်။

    [16] မကြာမီ ငါအရှင်မြတ်သည် သူ၏နှာ‌ခေါင်း‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူမည်။ ###၅

    [17] အမှန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ပိုင်ရှင်များအား စမ်းသပ်‌တော်မူသကဲ့သို့ သူတို့အား စမ်းသပ်‌တော်မူခဲ့သည်။ တစ်ခါက ထိုဥယျာဉ်ခြံရှင်များက အမှန်စင်စစ် သူတို့သည် နံနက်‌စော‌စောသွားကြပြီး ထိုဥယျာဉ်ခြံ၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြသည်။

    [18] ထို့ပြင်သူတို့သည် (ထိုသို့ကျိ န်ဆိုရာတွင် အင်န်ရှာအလ္လာဟ် “အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင်”)ဟု ခြွင်းချက်မထားခဲ့ကြ‌ပေ။

    [19] သို့ဖြစ်ရာ သူတို့အိပ်‌ပျော်‌နေလျက်ရှိစဉ်၌ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ လှည့်ပတ်သည့်အရာ(မီး)သည် ထိုခြံ‌ပေါ်တွင်လှည့်ပတ်(‌လောင်ကျွမ်း)ခဲ့သည်။

    [20] ထို့‌နောက် နံနက်တွင် ထိုခြံသည် ဆွတ်ခူးရိတ်ဖြတ်ပြီး သကဲ့သို့ဖြစ်သွားခဲ့သည်။

    [21] ထို့ပြင် သူတို့သည် နံနက်‌စော‌စော ထကြ၍ အချင်းချင်း ဟစ်‌ခေါ်ခဲ့ကြသည်။

    [22] “အသင်တို့သည် အကယ်၍ အသီးများကို ဆွတ်ခူးလိုကြလျှင် အသင်တို့၏ လယ်ယာခြံသို့ ‌စော‌စောသွားကြပါ။”

    [23] ထို့‌နောက် သူတို့သည် သူတို့အချင်းချင်း တီးတိုးစကား‌ပြောလျက် ထွက်ခွာသွားကြသည်။

    [24] အသင်တို့ထံသို့ ထိုခြံတွင် ယ‌နေ့ မည်သည့်ဆင်းရဲသားမျှ လုံးဝမဝင်ရဟု (‌ပြောဆိုလျက်သွားကြသည်)။

    [25] ထို့ပြင် သူတို့သည် (မိမိဘာသာ မည်သူ့ကိုမျှ)မ‌ပေးဘဲ‌နေနိုင်လိမ့်မည်ဟု ထင်မှတ်၍ ‌စော‌စောသွားခဲ့ကြသည်။

    [26] ထို့‌နောက် သူတို့သည် ၎င်း(ခြံဥယျာဉ်)ကို မြင်‌တွေ့ ကြသည့်အခါ ‌ပြောဆိုကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြပြီဖြစ်သည်။

    [27] ထိုသို့မဟုတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် နဖူးစာဆိုးသူများ၊ လက်မဲ့ဖြစ်‌စေခြင်းခံရ‌သောသူများဖြစ်ကြရပြီဖြစ်သည်။

    [28] သူတို့ထဲမှ မျှတစွာရှိသူက “ကျွန်ုပ်အသင်တို့အား (ယခင်ကတည်းကသတိ‌ပေး)‌ပြောကြားခဲ့သည်မဟုတ်‌လော။ အသင်တို့သည် အဘယ့်‌ကြောင့် (အလ္လာဟ်အရှင်မြတ်)စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း မ‌ပြောဆိုကြသနည်း” ဟု ‌ပြောဆိုခဲ့သည်။

    [29] သူတို့က ‌ပြောကြသည်-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင်မတရားသူများဖြစ်ကြပါသည်။

    [30] ထို့‌နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး တစ်ဦးက တစ်ဦးကိုပြစ်တင်ရှုတ်ချခဲ့ကြသည်။

    [31] ထို့ပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်-‌ဪ-ကျွန်ုပ်တို့ ဖြစ်မှဖြစ်ရ‌လေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် ဆိုးသွမ်းသူများဖြစ်ခဲ့ကြသည်။

    [32] ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်တို့အား ြ(ွဥယျာဉ်ခြံ)ထက် ‌ကောင်းသည့်ဥယျာဉ်ခြံကို လဲလှယ်အစား‌ပေး‌တော်မူ‌ကောင်း ‌ပေး‌တော်မူမည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဘက်သို့ ပြန်လှည့်သူများဖြစ်ကြပါသည်။ ###၆

    [33] ပြစ်ဒဏ်သည် ထိုသို့ပင် ဖြစ်သည်။ ထို့‌နောက် အမှန်စင်စစ် တမလွန်ဘဝ၏ ပြစ်ဒဏ်သည် ပိုကြီးသည်။ (ထိုအရာကို) သူတို့သိကြလျှင်‌ကောင်းလိုက်မည်ပင်။

    [34] အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူမုသ်သကီများအတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်စည်းစိမ်ရှိ‌သောဥယျာဉ် များရှိကြမည်။

    [35] ထို့‌နောက်ငါအရှင်မြတ်သည် မွတ်စ်လင်မ်အမိန့်နာခံသူများကို အမိန့်ဖီဆန်သူများကဲ့သို့ ပြုလုပ်‌တော်မူမည်‌လော။

    [36] အသင်တို့ မည်သို့ ဖြစ်‌နေကြသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။

    [37] အသင်တို့တွင် ကျမ်းဂန်ရှိ‌နေ၍ အသင်တို့သည် ထိုကျမ်းဂန်ကို ဖတ်ရှုသင်ကြား‌လေ့လာ‌နေကြသ‌လော။

    [38] အမှန်စင်စစ် ထိုကျမ်းဂန်တွင် အသင်တို့ နှစ်သက်အလိုရှိသည့်အရာများ ပါရှိ‌နေသ‌လော၊

    [39] သို့မဟုတ် အသင်တို့အတွက် ကိယာမသ်‌နေ့ထိ ငါအရှင်မြတ်အ‌ပေါ်တွင် တာဝန်ရှိ‌သော ကျိန်ဆိုအာမခံချက်တစ်စုံတစ်ခုရှိ‌နေသ‌လော၊ (ထိုအာမခံချက်ထဲတွင်) အမှန်စင်စစ် အသင်တို့အတွက် အသင်တို့စီရင်ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရမည်(ဟု အာမခံထားသ‌လော)။

    [40] အသင်သည် သူတို့အား သူတို့ထဲမှ ထိုအရာကို အာမခံသည့်သူသည် မည်သူနည်းဟု ‌မေးမြန်းလိုက်ပါ။

    [41] သို့မဟုတ် သူတို့ထံတွင် တွဲဖက်ကိုးကွယ်ရာများရှိ ‌နေသ‌လော၊ ထိုသို့ရှိလျှင် သူတို့သည် မှန်ကန်သူများဖြစ်ကြလျှင်ထိုတွဲဖက်ကိုးကွယ်ရာများကို ‌ခေါ်‌ဆောင်လာခဲ့ရမည်ဖြစ်သည်။

    [42] ထို‌နေ့တွင် (အရှင်မြတ်၏ )‌ခြေသလုံး‌တော်ဖွင့်လှစ်ခြင်း ခံရမည်ဖြစ်ပြီး သူတို့သည် စဂျ်ဒဟ်ဦးချရန် ဖိတ်‌ခေါ်ခံကြရမည်။ ထို့‌နောက်လည်း သူတို့သည် (စဂျ်ဒဟ် )ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်‌တော့‌ပေ။ ###၇

    [43] သူတို့၏ မျက်စိများသည် ‌အောက်သို့စိုက်‌နေကြလိမ့်မည်။ သူတို့အ‌ပေါ် ‌သေးသိမ်မှုသည် ဖုံးလွှမ်း‌နေလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ပကတိကျန်းမာ‌ကောင်းမွန်‌နေလျက်ရှိစဉ်က စဂျ်ဒဟ်ဦးချရန် ဖိတ်‌ခေါ်ခြင်းကို ခံခဲ့ကြရပြီးဖြစ်သည်။

    [44] သို့ဖြစ်ရာ အသင်သည် ဤအာယသ်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူများအား ငါအရှင်မြတ်နှင့်သာ လွှတ်ထားလိုက်ပါ။ မကြာမီ ငါအရှင်မြတ်သည် သူတို့အား သူတို့မသိကြသည့်နည်းဖြင့် (ပြစ်ဒဏ်ခတ်ခံရသည်အထိ)အဆင့်ဆင့်ဆွဲ‌ခေါ်သွား‌တော်မူမည်။

    [45] ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဆိုင်းငံ့‌ပေးထား‌တော်မူသည်၊ အမှန်စင်စစ် ငါအရှင်မြတ်၏ အကြံအစည်သည် အလွန်ခိုင်မြဲ‌တောင့်တင်းသည်။

    [46] အသင်သည် သူတို့ထံ အကျိုး‌ကျေးဇူးတစ်စုံတစ်ခု‌တောင်းဆိုသည့်အတွက် သူတို့သည် ဒဏ်‌ဆောင်ရခြင်း‌ကြောင့် ဝန်ပိ‌နေကြသ‌လော။

    [47] သို့မဟုတ် သူတို့ထံတွင် အကွယ်ကအရာများကို (အသိ)ရှိ‌နေ၍ သူတို့သည် ‌ရေးမှတ်ထားကြသ‌လော။

    [48] သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ စီရင်ဆုံးဖြတ်မှုကို ‌စောင့်ဆိုင်းသည်းခံ‌နေပါ။ ထို့ပြင် အသင်သည် ငါးရှင်ကဲ့သို့မဖြစ်ပါနှင့်။ ###၈ တစ်ခါက သူသည် ဒုက္ခကို မျိုသိပ်ခံစားလျက် သူ၏ အရှင်မြတ်ကိုဟစ်‌ခေါ် (တမ်းတ)ခဲ့သည်။

    [49] အကယ်၍ ထိုငါးရှင်ကို သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်ကျ‌ရောက်လာခြင်းမရှိခဲ့လျှင် အမှန်ပင် ထိုငါးရှင်သည် အ‌ခြေမလှဖြစ်၍ လွင်တီး‌ခေါင်ပြင်တွင် အပြစ်တင်ခံရလျက် ပစ်ထားခြင်းကို ခံခဲ့ရမည်ဖြစ်သည်။ ###၉

    [50] ထို့‌နောက် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူ့ကို ‌ရွေးချယ်‌တော်မူပြီး ‌ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်‌စေ‌တော်မူခဲ့သည်။

    [51] ထို့ပြင် အမှန်စင်စစ် ကာဖိရ်များသည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို နား‌ထောင်ကြသည့်အခါ သူတို့၏ မျက်စိများနှင့် အသင့်အား ‌ချော်ကျ‌အောင် (မရပ်နိုင်‌လောက်‌အောင်) လုပ်မည့်ဆဲဆဲဖြစ်ကြသည်။ ###၁ဝ ထို့ပြင် သူတို့က အမှန်စင်စစ် ဤသူသည် အရူးဖြစ်သည်ဟု ‌ပြောဆိုကြသည်။

    [52] ထို ကုရ်အာန်ကျမ်း‌တော်မြတ်သည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒဖြစ်လျက်ရှိသည်မှလွဲ၍ အခြားမဟုတ်‌ပေ။

    Surah 69
    အမှန်တရား

    [1] အမှန်မုချဖြစ်မည့်အရာ။

    [2] ထိုအမှန်မုချဖြစ်မည့်အရာဆိုသည်မှာ မည်သည့်အရာနည်း။

    [3] ထို့ပြင် ထိုအမှန်မုချဖြစ်မည့်အရာသည် မည်သည့်အရာနည်းဆိုသည်ကို အသင်သိပါသ‌လော။ ###၁

    [4] ဆမူဒ် လူမျိုးများနှင့် အာဒ်လူမျိုးများသည် ဆိုက်‌ရောက်လာမည့်ဒုက္ခ(ကိယာမသ်)အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။

    [5] သို့ဖြစ်ရာ ဆမူဒ်လူမျိုးများသည် ပြင်းထန်‌သော အသံနှင့် ‌သေ‌ကြေပျက်စီး‌စေခြင်းကို ခံခဲ့ကြရသည်။

    [6] ထို့ပြင် အာဒ်လူမျိုးများကမူ ‌သောင်းကျန်း‌သော ပြင်းထန်သည့် ‌လေမုန်တိုင်းနှင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။

    [7] အရှင်မြတ်သည် ထို‌လေပြင်း မုန်တိုင်းအား ခုနစ်ညနှင့် ရှစ်ရက် တစ်ဆက်တည်း သူတို့အ‌ပေါ်တွင် ‌စေခိုင်း‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် ထိုလူမျိုးများအား ပြိုလဲ ‌နေ‌သောစွန်ပလွံသစ်‌ခေါင်းဖြတ်များကဲ့သို့ ထို‌လေမုန်တိုင်း‌အောက်တွင် လဲကျ‌သေ‌ကျေ‌နေကြသည်ကို ‌တွေ့မြင်ရမည်။

    [8] ထို့‌နောက် အသင်သည် သူတို့ထဲမှ (မ‌သေဘဲ)မည်သူကျန်‌နေသည်ကို ‌တွေ့ မြင်ရ‌သေး၏‌လော။

    [9] ထို့ပြင် ဖိရ်‌အောင်န်နှင့် သူ၏မတိုင်မီ ကသူများအပြင်၊ ထက်‌အောက်‌ပြောင်းပြန်လှန်ခံခဲ့ကြရ‌သော ရွာ(သူရွာသား)တို့လည်း ပြစ်မှုကျူးလွန်ခဲ့ကြသည်။

    [10] ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌စေလွှတ်‌တော်မူ‌သော တမန်‌တော်၏ အမိန့်ကို ဖီဆန်ခဲ့ကြသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့အား အလွန်တင်းကျပ်‌သော ဖမ်းဆီးအ‌ရေးယူမှုမျိုးနှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။

    [11] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌ရေများအလွန်အကျူး လွှမ်းမိုးလာသည့်အခါသ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်(ကယ်တင်)‌တော်မူခဲ့သည်။

    [12] ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို အသင်တို့အတွက် အမြဲ‌အောက်‌မေ့ဖွယ်ရာပြုလုပ်‌တော်မူရန်အတွက်နှင့် မှတ်သားထား‌သော နားများသည် မှတ်ထားကြရန် အတွက် ပြုလုပ်‌တော်မူခြင်းဖြစ်သည်။

    [13] ထို့‌နောက် တံပိုးခရာသည် တစ်ချက်မှုတ်လိုက်သည့်အခါတွင်၊

    [14] ထို့ပြင် ‌မြေပထဝီနှင့် ‌တောင်များသည် ပင့်‌မြှောက်ခြင်းကိုခံကြရ၍ တစ်ချက်တည်း ‌ကြေညက်‌အောင်ထု‌ထောင်းခြင်းကို ခံခဲ့ကြရသည့်အခါ၊

    [15] ထို့ပြင် ထို‌နေ့တွင် ကိယာမသ်သည် ဖြစ်ပျက်လာမည်။

    [16] ထို့ပြင် မိုး‌ကောင်းကင်သည် အက်ကွဲသွားပြီး ထို‌နေ့တွင် ချည့်နဲ့ယိုယွင်းပျက်စီးသွားလိမ့်မည်။

    [17] ထို့ပြင် ‌ကောင်းကင်တမန်များသည် ထိုမိုး‌ကောင်းကင်၏ ‌ဘေးဘက်များတွင် ရှိကြလိမ့်မည်။ ထို့ပြင် ထို‌နေ့တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အရ်ရှ် ပလ္လင်‌တော်ကို‌ကောင်းကင်တမန်ရှစ်ပါးတို့က သူတို့အ‌ပေါ်တွင် ထမ်းရွက်‌နေကြလိမ့်မည်။ ###၂

    [18] ထို‌နေ့တွင် အသင်တို့သည် ‌ရှေ့ ‌မှောက်သို့ ပို့‌ဆောင်ခြင်းခံကြရမည်။ ထို့ပြင် အသင်တို့၏ လျှို့ ဝှက်ချက်များအား တစ်ခုမျှ ဖုံးကွယ်ထား၍မရ‌တော့‌ပေ။

    [19] ထို့‌နောက် သူ၏မှတ်တမ်းစာအုပ်ကို သူ၏လက်ယာလက်၌ ‌ပေးအပ်ခြင်းခံရသူသည် (‌ပျော်ရွှင်လွန်း၍သူများကိုဤသို့)‌ပြောဆိုမည်-“ယူကြည့်ကြစမ်းပါ၊ ဖတ်ကြည့်ကြစမ်း ပါ၊ ကျွန်ုပ်စာအုပ်ကို။”

    [20] “အမှန်ပင်ကျွန်ုပ်သည် (‌လောကတွင်ရှိစဉ်က) အမှန်ပင်ကျွန်ုပ်သည် စာရင်းစစ် ‌ဆေး‌မေးမြန်းမှုနှင့် ‌တွေ့ဆုံရမည်ဟု ယုံကြည်ခဲ့သည်။”

    [21] ထို့‌နောက် သူသည် ‌ကျေနပ်‌သော စည်းစိမ်တွင် ‌နေရမည်။

    [22] မြင့်မြတ်‌သော သုခဘုံတွင်၊

    [23] ထို သုခဘုံ၏ သစ်သီးဝလံများသည် ညွတ်ကိုင်း‌နေလိမ့်မည်။

    [24] (ဤသို့‌ပြောခံရမည်) အသင်တို့သည် လွန်ခဲ့‌သော ‌နေ့ရက်များတွင် အသင်တို့ ကြိုတင်ပို့ထားခဲ့ကြ‌သောလုပ်ရပ်များ‌ကြောင့် အရသာရှိရှိ စား‌သောက်ကြပါ။

    [25] ထို့‌နောက် သူ၏လက်ဝဲလက်၌ သူ၏မှတ်တမ်းစာအုပ်‌ပေးခြင်းခံရသူကမူ ‌ပြောဆိုမည်-‌ဪ-ကျွန်ုပ်သည် ကျွန်ုပ်၏မှတ်တမ်းစာအုပ်‌ပေးခြင်းမခံရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။

    [26] ကျွန်ုပ်၏စာရင်းကိုလည်း မသိခဲ့ရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။

    [27] ‌သေခြင်းသည် အဆုံးစီရင်ခဲ့လိုက်လျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။

    [28] ကျွန်ုပ်၏ပစ္စည်းသည် ကျွန်ုပ်အတွက် မည်သည့်အရာမျှ အသုံးမဝင်ခဲ့‌တော့‌ပေ။

    [29] ကျွန်ုပ်၏ အာဏာ(အစွမ်းသတ္တိ)သည်လည်း ကျွန်ုပ်၏ထံမှ ကွယ်‌ပျောက်ပျက်စီးသွားပြီ။

    [30] (ငရဲဘုံ‌စောင့်များသည် ဤသို့ အမိန့်‌ပေးခြင်းခံကြရမည်။) အသင်တို့သည် သူ့အား ဖမ်းဆီးလိုက်ကြ၊ ထို့ပြင် သူ၏လည်ပင်းတွင် ကွင်းစွပ်လိုက်ကြ။

    [31] ထို့ပြင် အသင်တို့သည် သူ့အားဂျဟန္နမ်ငရဲဘုံထဲသို့ ပစ်ချလိုက်ကြ။

    [32] ထို့ပြင် အသင်တို့သည် သူ့အား အ‌တောင်ခုနစ်ဆယ်ရှိ‌သော သံကြိုးနှင့် တုပ်‌နှောင်လိုက်ကြ။

    [33] အမှန်စင်စစ် သူသည် အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့သည်မဟုတ်‌ပေ။

    [34] ဆင်းရဲသားများအား ‌ကျွေး‌မွေးခြင်းအ‌ပေါ် တိုက်တွန်း‌လေ့ရှိခဲ့သည်လည်းမဟုတ်‌ပေ။

    [35] သို့ဖြစ်ရာ ယ‌နေ့ ဤ‌နေရာတွင် သူ၏မိတ်‌ဆွေသည် တစ်ဦးမျှ မရှိ‌ပေ။

    [36] (သူ့အတွက်)အစားအစာဟူ၍ အနာများမှ ထွက်‌သော ‌သွေးပုပ်၊ ပြည်ပုပ် ###၃ မှလွဲ၍ အခြားမည်သည့်အရာမျှမရှိ‌ပေ။

    [37] ထို ‌ရေညစ်‌ရေပုပ်ကို အပြစ်ရှိသူမှလွဲ၍ မည်သူမျှ စားသုံးရမည်မဟုတ်‌ပေ။

    [38] ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ မြင်ကြရ‌သော အရာများကို သက်‌သေထူ‌တော်မူသည်။

    [39] ထို့ပြင် အသင်တို့ မမြင်ကြရ‌သော အရာများကိုလည်း (သက်‌သေထူ‌တော်မူသည်)။

    [40] အမှန်စင်စစ်ထို (ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မြင့်မြတ်‌သော‌စေတမန် (ယူ‌ဆောင်လာခဲ့‌သောအရှင်မြတ်)၏ စကား‌တော် အမှန်ပင်ဖြစ်သည်။

    [41] ထို့ပြင် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် မည်သည့်ကဗျာဆရာ၏ ‌ပြောဆိုချက်မျှ မဟုတ်‌ပေ။ အသင်တို့သည် အနည်းငယ်သာ ယုံကြည်ကြသည်။

    [42] ထို့ပြင် မည်သည့်နက္ခတ်‌ဗေဒင်ဆရာ၏ ‌ပြောဆိုချက်မျှလည်းမဟုတ်‌ပေ။ အသင်တို့သည် အနည်းငယ်သာ သတိတရားရကြသည်။

    [43] (ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည်) စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သောအရာ(အာယသ် ‌တော်များပင်)ဖြစ်သည်။

    [44] ထို့ပြင် အကယ်၍ ၎င်း(တမန်‌တော်)သည် ငါအရှင်မြတ်အ‌ပေါ်တွင် အချို့စကားများကို လုပ်ကြံ‌ပြောဆိုခဲ့လျှင်၊

    [45] အမှန်ပင် ငါအရှင်မြတ်သည် ၎င်းကို လက်ယာလက်(အင်အား)ဖြင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူမည်။

    [46] ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်း၏နှလုံး(‌သွေး)‌ကြောကို ဖြတ်‌တောက်‌တော်မူခဲ့မည် ဖြစ်သည်။

    [47] ထို့‌နောက် အသင်တို့ထဲမှ၎င်းအား (ထိုပြစ်ဒဏ်မှ လွတ်‌မြောက်‌အောင်) ကာကွယ်တားဆီးနိုင်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။

    [48] ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများအတွက် ဆုံးမဩဝါဒပင်ဖြစ်သည်။

    [49] ထို့ပြင် အမှန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့ထဲတွင် (ထိုကျမ်း)ကိုမဟုတ်မမှန်ဟုစွပ်စွဲငြင်းပယ်သူများလည်းရှိ‌နေသည်ကို အမှန်ပင်သိရှိ‌တော်မူသည်။

    [50] ထို့ပြင် အမှန်စင်စစ် ထိုကျမ်း‌တော်သည် ကာဖိရ်များအတွက် ဝမ်းနည်း‌ကြေကွဲဖွယ်ရာပင်ဖြစ်သည်။

    [51] ထို့ပြင် အမှန်စင်စစ်ထိုကျမ်း‌တော်သည် မလွဲမ‌သွေပင် အမှန်ဖြစ်သည်။

    [52] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်ကို စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

    Surah 70
    တက်လမ်းများ

    [1] ‌တောင်းဆိုသူတစ်ဦးသည် ကျ‌ရောက်မည့်ပြစ်ဒဏ်ကို ‌တောင်းဆိုသည်။

    [2] ကာဖိရ်များအ‌ပေါ်တွင် ထိုပြစ်ဒဏ်ကို တွန်းလှန်ဖယ်ရှားမည့်သူ မည်သူမျှမရှိ‌ပေ။

    [3] (ဝိညာဉ်များ၊ ‌ကောင်းမှုများနှင့် ‌ကောင်းကင်တမန်များ)တက်ရာလမ်းများကို စိုးပိုင်‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (ကျ‌ရောက်မည်) ဖြစ်သည်။

    [4] ‌ကောင်းကင်တမန်များနှင့် ဂျိဗ်ရီလ် သည် ‌နေ့တစ်‌နေ့တွင် အရှင်မြတ်ထံ‌တော်သို့ တက်‌ရောက်သွားကြသည်။ ထို‌နေ့၏ အတိုင်းအတာသည် ဤဘဝ၏ နှစ်‌ပေါင်းငါး‌သောင်း နှင့် ညီမျှသည်။

    [5] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် ‌ကောင်းစွာသည်းခံပါ။

    [6] အမှန်စင်စစ် သူတို့သည် ထိုပြစ်ဒဏ်(ကျ‌ရောက်မည့်‌နေ့)ကို ‌ဝေးသည်ဟု မြင်ကြသည်။

    [7] ငါအရှင်မြတ်ကမူ ထိုပြစ်ဒဏ်(ကျ‌ရောက်မည့်‌နေ့)ကို အနီး၌ပင် မြင်‌နေ‌တော်မူသည်။

    [8] ထို‌နေ့တွင် မိုး‌ကောင်းကင်သည် ဆီအနည်ကဲ့သို့ဖြစ်သွားမည်။

    [9] ထို့ပြင် ‌တောင်များသည် အ‌ရောင်ဆိုးထား‌သော သိုး‌မွေးများကဲ့သို့ ဖြစ်သွားမည်။

    [10] ထို့ပြင် မည်သည့်ရင်းနှီးသည့်မိတ်‌ဆွေကမျှ အခြား ရင်းနှီးသည့်မိတ်‌ဆွေကို ‌မေးမည်မဟုတ်‌ပေ။

    [11] သူတို့သည် အချင်းချင်း(မြင်‌အောင်)ပြသခြင်းကိုလည်း ခံကြရမည်။ (သို့ရာတွင် မိမိ၏အ‌ရေးကိစ္စမှလွဲ၍ မည်သူ့ကိုမျှ ဂရုစိုက်နိုင်မည်မဟုတ်‌ပေ)။အပြစ်ရှိသည့်သူများသည် ထို‌နေ့၏ ပြစ်ဒဏ်မှ(လွတ်‌မြောက်ရန်) သူ၏သားများကို အစားထိုး‌လျော်‌ကြေး‌ပေးပြီး လဲလှယ်၍ရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်းဟု ဆန္ဒဖြစ်လိမ့်မည်။

    [12] ထို့ပြင် (‌လျော်‌ကြေး‌ပေးပြီးလဲ၍ရမည်ဆိုလျှင်) သူ၏ ကြင်ရာကို‌သော်လည်း‌ကောင်း၊ သူ၏ ညီအစ်ကိုကို‌သော်လည်း‌ကောင်း၊

    [13] သူ့ကို ခိုလှုံခွင့်‌ပေးထား‌သော ‌ဆွေမျိုးသားချင်းများကို‌သော်လည်း‌ကောင်း၊

    [14] ‌မြေပထဝီတွင် ရှိသမျှသူအားလုံးကို‌သော်လည်း‌ကောင်း (‌လျော်‌ကြေးအဖြစ်‌ပေးပြီး ) သူ့ကိုယ်သူလွတ်‌မြောက်‌အောင်လုပ်ချင်သည်။

    [15] လုံးဝမဖြစ်နိုင်‌ပေ၊ အမှန်စင်စစ်ထို(ငရဲမီး)သည် ဟုန်းဟုန်း‌တောက်‌နေ‌သော၊

    [16] ဦး‌ခေါင်းအ‌ရေခွံကို ခွာပစ်မည့် မီး‌တောက်မီးလျှံပင်ဖြစ်သည်။

    [17] ထိုမီးသည် (အီမာန်မယူဘဲ)မျက်နှာလွှဲ ‌ကျောခိုင်းထွက်သွားခဲ့သူ၊

    [18] (ပစ္စည်းဥစ္စာ)စု‌ဆောင်းပြီး သိမ်းဆည်းထားခဲ့သူများကို ‌ခေါ်ယူလိမ့်မည်။ ###၁

    [19] အမှန်စင်စစ် လူသားသည် စိတ်‌လောသူအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသည်။

    [20] သူသည်ဒုက္ခ‌ရောက်လျှင် အလွန်သည်းမခံနိုင်သူဖြစ်သည်။

    [21] ထို့ပြင် သူသည်‌ကောင်းခြင်းများ‌ရောက်လာလျှင် အလွန်‌စေးနှဲတွန့်တိုသူဖြစ်သည်။ ###၂

    [22] သို့ရာတွင် စွလာသ်ဝတ်ပြုသူများကမူ (ထိုသို့မဟုတ်ကြ‌ပေ)။

    [23] ထိုသူများသည် သူတို့၏ စွလာသ် ‌ဆောက်တည်မှု‌ပေါ်တွင် စွဲမြဲစွာရှိကြသည်။

    [24] ထို့ပြင် ထိုသူများသည် သူတို့၏ပစ္စည်းဥစ္စာများထဲတွင် သိရှိသတ်မှတ်ထား‌သော အခွင့်အ‌ရေးရှိသည်။

    [25] ‌တောင်းစားသည့်သူအတွက်နှင့် မ‌တောင်းဘဲ(သိက္ခာ‌စောင့်စည်း)‌နေသူအတွက်။

    [26] ထို့ပြင် ထိုသူများသည် ‌ကောင်းကျိုးဆိုးကျိုးအစား‌ပေး‌တော်မူမည့်‌နေ့ကို ယုံကြည်‌ထောက်ခံကြသည်။

    [27] ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အပြစ်ဒဏ်ကို ‌ကြောက်ရွံ့စိုးရိမ်‌နေကြသည်။

    [28] အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ပြစ်ဒဏ်သည်မစိုးရိမ်ဘဲ‌နေ၍ရသည့် အရာမဟုတ်‌ပေ။

    [29] ထို့ပြင် ထိုသူများသည် သူတို့၏အရှက်အဂင်္ါများကိုလည်း ထိန်းသိမ်းကြသည်။

    [30] သူတို့၏ ဇနီးမိန်းမများမှလွဲ၍၊ သို့မဟုတ် သူတို့၏ လက်ယာလက်များကပိုင်ဆိုင်သည့်(တရားဝင်) ကျွန်မများမှလွဲ၍၊ ထို့ပြင်(ထိုဇနီးများ၊ ကျွန်မများနှင့်ကာမဆက်ဆံမည်ဆိုလျှင်မူ)အမှန်စင်စစ် သူတို့သည် ကဲ့ရဲ့ ပြစ်တင်ခြင်း ခံထိုက်သည့်သူများမဟုတ်‌ပေ။

    [31] ထို့‌နောက် သူတို့ (ဇနီးများနှင့် ကျွန်မများ)မှလွဲ၍ အခြားသူများအား ‌တောင့်တရှာ‌ဖွေကြသည့်သူများသည် စည်းကမ်း‌ဖောက်ဖျက်ကျူးလွန်သူများပင်ဖြစ်ကြသည်။

    [32] ထို့ပြင် ထို(စွလာသ်ဝတ်ပြု)သူများသည် သူတို့ ယုံကြည်လွှဲအပ်ခြင်းခံကြရခြင်းများနှင့်သူတို့၏ ကတိဝန်ခံချက်များကို ‌စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြသည်။

    [33] ထို့ပြင် ထိုသူများသည် သူတို့၏ သက်‌သေခံချက်များကို တိကျစွာထွက်ဆိုကြသည်။

    [34] ထို့ပြင် ထိုသူများသည် သူတို့၏ စွလာသ်ဝတ်ပြုမှုကို အမြဲမပြတ်‌စောင့်ထိန်းကြသည်။

    [35] ထိုသူများသည် ဂျန်္နသ်သုခဘုံတွင် ဂုဏ်ရှိရှိ စံစားကြရမည်။###၃

    [36] ထို့‌နောက် ကာဖိရ်များသည် အဘယ့်‌ကြောင့် အသင့်ဘက်သို့ အ‌ပြေးအလွှားလာ‌နေကြသနည်း။

    [37] လက်ယာဘက်နှင့် လက်ဝဲဘက်မှ အဖွဲ့လိုက်၊ အုပ်စုလိုက်။

    [38] သူတို့ထဲမှ လူတိုင်းသည် စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ‌သော သုခဘုံထဲသို့ ဝင်‌ရောက်လိုကြသ‌လော။ ###၄

    [39] လုံးဝမဖြစ်‌ပေ။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား သူတို့သိရှိကြသည့်အရာဖြင့်သာ ဖန်ဆင်း‌တော်မူခဲ့သည်။

    [40] ထို့‌နောက် ‌နေထွက်ရာအရပ်များနှင့် ‌နေဝင်ရာအရပ်များကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ကို တိုင်တည်‌တော်မူသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၅

    [41] သူတို့၏အစား သူတို့ထက်သာပို‌ကောင်း‌သောသူများနှင့် လဲလှယ်‌တော်မူခြင်းအ‌ပေါ်(တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်)။ ထို့ပြင် ငါအရှင်မြတ်သည် မစွမ်း‌ဆောင် နိုင်သည့်အရှင် မဟုတ်‌ပေ။

    [42] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား သူတို့ချိန်းဆိုခြင်းခံရသည့်‌နေ့နှင့် ‌တွေ့ဆုံကြသည်အထိ အလဟဿစကားများ ‌ပြောဆို‌နေကြရန်အတွက်နှင့် ကစားခုန်စား ‌နေကြရန်အတွက် လွှတ်ထားလိုက်ပါ။ ###၆

    [43] ထို‌နေ့တွင် သူတို့သည် (‌လောကတွင်) ကိုးကွယ်ရာများထံသို့ ‌ပြေး‌နေကြသည့်ပမာ သချုႋင်းများမှထွက်ပြီး အမြန်‌ပြေးကြမည်။

    [44] သူတို့၏ မျက်စိများသည် ငိုက်စိုက်ကျ‌နေကြမည်။ ‌သေးသိမ်မှုသည် သူတို့အ‌ပေါ်တွင် ဖုံးလွှမ်း‌နေလိမ့်မည်။ ထိုအရာသည် သူတို့ ချိန်းဆိုခြင်းခံခဲ့ရသည့်‌နေ့ပင်ဖြစ်သည်။

    Surah 71
    နူအာ

    [1] အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို အသင်သည် အသင်၏အမျိုးသားများအား သူတို့ထံ နာကျင်‌စေသည့်ပြစ်ဒဏ် ဆိုက်‌ရောက်မလာမီ သတိ‌ပေးလိုက်ပါဟု ‌ပြောဆိုမိန့်ကြား၍ ၎င်း၏အမျိုးသားများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။

    [2] ၎င်း(တမန်‌တော်နူးဟ်)က‌ပြောခဲ့သည်- အို-ငါ၏ အမျိုးသားတို့၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူဖြစ်သည်။

    [3] အ‌ကြောင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုပင် ကိုးကွယ်ကြပြီး အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် အသင်တို့သည် ငါ၏အမိန့်ကို နာခံကြပါ။

    [4] အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည့်အပြင် အရှင်မြတ်သည် အသင်တို့အား သတ်မှတ်ထားသည့်အချိန်ထိ ဆိုင်းငံ့ခွင့်‌ပေး‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသည့်အချိန်‌ရောက်လာလျှင် ဆိုင်းငံ့၍ရမည်မဟုတ်‌ပေ။ အကယ်၍ အသင်တို့သည် သိရှိခဲ့ကြလျှင် ‌ကောင်း‌လေစွ။

    [5] ၎င်း(တမန်‌တော်နူးဟ်)က‌လျှောက်ထားခဲ့သည်- အို-ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ်ကျွန်ုပ်သည် ကျွန်ုပ်၏အမျိုးသားများအား‌နေ့သာမက ည၌လည်းဖိတ်‌ခေါ်ခဲ့ပါသည်။

    [6] ထို့‌နောက်လည်းကျွန်‌တော်၏ဖိတ်‌ခေါ်မှုသည် သူတို့အား ထွက်‌ပြေးတိမ်း‌ရှောင်မှုကိုပင် တိုး‌စေခဲ့ပါသည်။

    [7] ထို့ပြင် အမှန်စင်စစ်ကျွန်ုပ်သည် အရှင်မြတ်က သူတို့အား ခွင့်လွှတ်‌တော်မူရန်အတွက် မည်သည့်အခါပင်ဖြစ်‌စေ ကျွန်ုပ်သည် သူတို့အား ဖိတ်‌ခေါ်ခဲ့တိုင်း သူတို့သည် သူတို့၏နားများကို သူတို့၏ လက်‌ချောင်းများနှင့် ပိတ်ဆို့ထားခဲ့ကြပါသည်။ ထို့ပြင် သူတို့သည် သူတို့၏ အဝတ်များကို (သူတို့၏ မျက်နှာနှင့် ကိုယ်‌ပေါ်တွင်)ဖုံးအုပ်ထားခဲ့ကြပါသည်။(သူတို့ကလည်း ကျွန်ုပ်အားမမြင်ရ‌အောင်၊ ကျွန်ုပ်လည်းသူတို့အား မမှတ်မိ‌အောင် အတွက်ဖြစ်သည်)။ ထို့ပြင် သူတို့သည် (ငြင်းပယ်မှုထဲ၌ပင်)ဇွတ်‌ပေ‌နေခဲ့ကြသည့်အပြင် မာနလည်း‌ထောင်‌နေခဲ့ကြပါသည်။

    [8] ထို့‌နောက် အမှန်ပင် ကျွန်ုပ်သည် သူတို့အား အသံကျယ်ကျယ်ဖြင့်လည်း ဖိတ်‌ခေါ်ခဲ့ပါသည်။

    [9] ထို့ပြင် အမှန်ပင် ကျွန်ုပ်သည် သူတို့အား ပွင့်လင်းစွာ ‌ကြေညာ၍လည်း ဖိတ်‌ခေါ်ခဲ့သည့်အပြင် ကျွန်ုပ်သည် သူတို့အား လျှို့ဝှက်စွာလည်း ဖိတ်‌ခေါ်မှုပြုခဲ့ပါသည်။

    [10] ထို့‌နောက် ကျွန်ုပ်က (သူတို့အား)‌ပြောပါသည်-အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံကြပါ။အမှန်စင်စစ် အရှင်မြတ်သည် အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။

    [11] အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ‌ကောင်းမွန်စွာ(များပြားစွာ)ရွာချသည့်မိုးကို‌စေလွှတ်‌တော်မူမည်ဖြစ်သည်။ ###၁

    [12] ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ပစ်္စည်းဥစ်္စာများ၊ သားသမီးများနှင့် ကူညီ‌တော်မူ(၍တိုးတက်‌စေ‌တော်မူ)မည်။ ထို့ပြင် အသင်တို့အတွက် ဥယျာဉ်များ ဖန်ဆင်း‌ပေး‌တော်မူမည့်အပြင် ‌ချောင်းများကိုလည်း စီးဆင်း‌စေ‌တော်မူမည်။

    [13] အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်မှုကို အဘယ့်‌ကြောင့် မ‌ကြောက်ကြသနည်း။ (ယုံကြည်မှုနှင့် အမိန့်နာခံမှုကို အဘယ့်‌ကြောင့် မပြုလုပ်ကြသနည်း)။

    [14] ထို့ပြင် အမှန်စင်စစ် ထိုအရှင်မြတ်သည် အသင်တို့ကို အဆင့်ဆင့်‌ပြောင်းလဲပြီးဖန်ဆင်း‌တော်မူခဲ့သည်။

    [15] အလ္လာဟ်အရှင်မြတ်သည် မိုးခုနစ်ခုကို မည်သို့အထပ်ထပ်ဖန်ဆင်း‌တော်မူခဲ့သည်ကို အသင်တို့သည် မမြင်ခဲ့ကြသ‌လော။

    [16] ထို့ပြင် အရှင်မြတ်သည် ထို‌ကောင်းကင်များတွင် လကို လင်း‌ရောင်ခြည်ဖြစ်‌စေ‌တော်မူခဲ့ပြီး ‌နေကို မီးရှူးမီးတိုင် ပြုလုပ်‌တော်မူခဲ့သည်။

    [17] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးမှ (အ‌ကောင်းဆုံးနည်းလမ်း‌ပေါ်တွင်)ဖန်ဆင်း‌တော်မူခဲ့သည်။

    [18] ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား ထို‌မြေပထဝီထဲသို့ပင် ပြန်‌ရောက်‌စေ‌တော်မူမည်။ ထို့‌နောက် အသင်တို့အား (ထို‌မြေထဲမှ) အပြင်သို့ထွက်‌စေ‌တော်မူမည်။

    [19] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်။

    [20] အသင်တို့သည် ထို‌မြေပထဝီ၏ လမ်းကျယ်များတွင် သွားလာနိုင်ကြရန်အတွက်ဖြစ်သည်။

    [21] (တမန်‌တော်)နူးဟ်က‌လျှောက်ထားခဲ့သည်-အို-ကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ်ထို အမျိုးသားများသည် ကျွန်ုပ်ကိုဖီဆန်ပြီး အကြင်(‌ခေါင်း‌ဆောင်) သူများ၏‌နောက်သို့လိုက်သွားခဲ့ကြပါသည်။ ထို(‌ခေါင်း‌ဆောင်)သူများ၏ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ထို(‌ခေါင်း‌ဆောင်)သူများအား(နှစ်ဘဝစလုံးတွင်)ပျက်စီးဆုံးရှုံးခြင်း မှလွဲ၍မည်သည့်အရာမျှ တိုးပွား‌စေခြင်းမရှိ‌ပေ။

    [22] ထို့ပြင် ထိုအမျိုးသားများသည်ကြီးကျယ်‌သော အကြံအစည်များကို ကြံစည်ခဲ့ကြပါသည်။

    [23] ထို့ပြင် သူတို့က (လက်‌အောက်ငယ်သားများကို)‌ပြောဆိုခဲ့ကြပါသည်။ အသင်တို့သည် အသင်တို့၏ ကိုးကွယ်ရာများကို လုံးဝမစွန့်လွှတ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ဝဒ်၊ စုဝါအ်၊ ယဂူဆ်၊ ယအူက်၊ နတ်စ်ရ်ရုပ်တုများကိုမစွန့်လွှတ်ကြနှင့်။ ###၂

    [24] ထို့ပြင်အမှန်စင်စစ်သူတို့သည် လူအ‌မြောက်အမြားကို လမ်းလွဲမှား‌စေခဲ့ကြပါသည်။ (သို့ဖြစ်ရာ)အရှင်မြတ်သည် မတရားသည့်သူများတွင် လမ်းလွဲမှုကိုပင် ပိုတိုး‌စေ‌တော်မူပါ။

    [25] သူတို့သည် သူတို့၏ပြစ်မှုများ‌ကြောင့်ပင် နစ်မြုပ်‌စေခြင်းကို ခံခဲ့ကြရသည်။ ထို့ပြင် သူတို့သည် ငရဲမီးထဲသို့လည်း ဝင်‌ရောက်‌စေခြင်းခံခဲ့ကြရသည်။ သို့ဖြစ်ရာ သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကူညီမည့်သူ မည်သူ့ကိုမျှ မ‌တွေ့ခဲ့ကြ‌ပေ။

    [26] ထို့ပြင် (တမန်‌တော်)နူးဟ်က ‌လျှောက်ထားခဲ့သည်-အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ‌မြေပထဝီတွင် ကာဖိရ်များထဲမှမည်သည့် ‌နေထိုင် သူတစ်ဦးကိုမျှ ချန်ထား‌တော်မမူပါနှင့်။

    [27] အမှန်ပင် အကယ်၍ အရှင်မြတ်သည် သူတို့အား ချန်ထား‌တော်မူခဲ့ပါလျှင် သူတို့သည် အရှင်မြတ်၏ကျွန်များကို လမ်းလွဲ‌စေကြမည့်အပြင် သူတို့သည် အလွန်‌ကျေးဇူးကန်း ငြင်းပယ်မည့်၊ အကျင့်စာရိတ္တ‌ဖောက်ပြန်မည့်သူများကိုသာ ‌မွေးဖွားကြမည်ပင် ဖြစ်ပါသည်။###၃

    [28] အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၊ ကျွန်ုပ်မိဘနှစ်ပါးနှင့် ကျွန်ုပ်အိမ်တွင် ယုံကြည်သူအဖြစ်နှင့် ဝင်‌ရောက်သူများအပြင်အီမာန် ယုံကြည်သူ‌ယောက်ျားမိန်းမများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူပါ။ ###၄ ထို့ပြင် အရှင်မြတ်သည် မတရား‌သောသူများကိုမူ ပျက်စီးမှုကိုပင် တိုးပွား‌စေ‌တော်မူပါ။

    Surah 72
    ဂျင်န်

    [1] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-ငါ၏ထံသို့ ဤသို့ဝဟီအမိန့်‌တော်ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန် ကျမ်း‌တော်မြတ်)ကို ကြားနာ ခဲ့ကြသည်။ ထို့‌နောက် သူတို့သည် (သူတို့ ဂျင်န်အမျိုးသားများထံ ပြန်သွား၍ ဤသို့)‌ပြောဆိုခဲ့ကြသည်-အမှန်စင်စစ် ကျွန်ုပ်တို့သည် အံ့ဩဖွယ်ရာ‌ကောင်း‌သော ကုရ်အာန်ကျမ်း ‌တော်မြတ်ကို ကြားနာခဲ့ကြသည်။ ###၁

    [2] ထို ကုရ်အာန်ကျမ်း‌တော်မြတ်သည် ‌ဖြောင့်မတ်‌သောတရားလမ်းကို ညွှန်ကြားပြသသည့်အတွက် ကျွန်ုပ်တို့သည် ထိုကျမ်း‌တော်ကို ယုံကြည်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ် တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝတွဲဖက်ကိုးကွယ်မည်မဟုတ်‌တော့‌ပေ။

    [3] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဂုဏ်သည် မြင့်မြတ်သည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ ကြင်ရာအဖြစ်ပြုလုပ်ခဲ့သည်လည်း မရှိ‌ပေ။ ထို့ပြင် သားသမီးအဖြစ်လည်း ပြုလုပ်‌တော်မူခဲ့သည်မရှိ‌ပေ။

    [4] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲမှ အသိဉာဏ်မဲ့သူသည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမတရားသည့်စကားကို ‌ပြောဆိုခဲ့ကြသည်။###၂

    [5] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့အ‌နေနှင့် လူသားများနှင့် ဂျင်န်များသည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမုသားစကား‌ပြောဆိုမည်မဟုတ်‌ပေဟု ထင်မှတ်‌နေခဲ့ကြသည်။

    [6] ထို့ပြင် လူသားအချို့သည် ဂျင်န်အချို့ထံတွင် ခိုလှုံ‌လေ့ရှိခဲ့ကြသည့်အတွက် ထိုလူသားများသည် ထိုဂျင်န်များ၏ဆိုးသွမ်းမှုကို ပိုတိုးပွား‌စေခဲ့ကြသည်။ ###၃

    [7] ထို့ပြင် အမှန်စင်စစ် ထိုဂျင်န်များသည် အသင်တို့ထင်မြင်ယူဆကြသကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်မည်သူ့ကိုမျှ (‌သေပြီး‌နောက်)လုံးဝရှင်ပြန်ထ‌စေမည်မဟုတ်‌ပေ (မည်သူ့ကိုမျှ တမန်‌တော်အဖြစ်‌စေလွှတ်‌တော်မူမည်မဟုတ်‌ပေ)ဟု ထင်မြင်ယူဆခဲ့ကြသည်။

    [8] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မိုး‌ကောင်းကင်ကို စူးစမ်းခဲ့ကြသည့်အခါ ထိုမိုး‌ကောင်းကင်ကို ပြင်းထန်‌သော အ‌စောင့်အကြပ်များနှင့်တကွ မီး‌တောက်မီးလျှံများနှင့် လည်းပြည့်နှက်‌နေသည်ကို ကျွုန်ုပ်တို့‌တွေ့ခဲ့ကြရသည်။

    [9] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထိုမိုး‌ကောင်းကင်မှ (သတင်းများ)နား‌ထောင်ရန် ထိုင်သည့်‌နေရာများတွင် ထိုင်‌လေ့ရှိခဲ့ကြသည်။ ယခုမူမည်သူမဆို (သွား‌ရောက်)နား‌ထောင်လျှင် မီးကျီမီးခဲတစ်ခုအား သူ့အတွက် အသင့်‌စောင့်‌နေသည်ကို ‌တွေ့ရမည်ဖြစ်သည်။

    [10] ထို့ပြင် အမှန်စင်စစ် ကမ္ဘာသူကမ္ဘာသားများနှင့် ပတ်သက်၍ အဆိုးကို ရည်ရွယ်ထားသ‌လော၊ သို့မဟုတ် သူတို့နှင့် ပတ်သက်၍ သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က တရားလမ်းမှန်ပြသရန်ရည်ရွယ်‌တော်မူသ‌လောဆိုသည်ကို ကျွန်ုပ်တို့ မသိကြ‌တော့‌ပေ။

    [11] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲတွင် အချို့သည် ‌ကောင်းမြတ်သည့်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့ထဲတွင် အချို့ကမူ ထိုအရာနှင့်ခြားနားသည်။ ကျွန်ုပ်တို့အုပ်စု(ဂိုဏ်းဂဏ)အသီးသီးသည်လမ်းစဉ်အမျိုးမျိုးဖြစ်ခဲ့ကြသည်။

    [12] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌မြေပထဝီ‌ပေါ်တွင်လည်း မစွမ်း‌ဆောင်နိုင်‌အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်‌ကြောင်းနှင့် ထွက်‌ပြေးတိမ်း‌ရှောင်ခြင်းအားဖြင့်လည်း အရှင်မြတ်ကို မစွမ်း‌ဆောင်နိုင်‌အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်‌ကြောင်းကို သိရှိခဲ့ပြီးဖြစ်သည်။

    [13] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှန်ညွှန်ကြားပြသချက်(ဖြစ်‌သောကျမ်း‌တော်မြတ်ကုရ်အာန်)ကို ကြားနာကြရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာကိုယုံကြည်လာခဲ့ ကြသည်။ ထို့ပြင် မည်သူမဆို သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ယုံကြည်လျှင် ထိုသူသည် မည်သည့်နစ်နာမှုကိုမျှ စိုးရိမ်ရမည်မဟုတ်‌ပေ၊ ထို့ပြင် မည်သည့်မတရားလုပ်မှုကိုမျှလည်း စိုးရိမ်ရမည်မဟုတ်‌ပေ။

    [14] ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲတွင် အချို့သည် မွတ်စ်လင်မ်များဖြစ်ကြသည်။ ထို့ပြင် ကျွုန်ုပ်တို့ထဲတွင် အချို့သည် မတရား(ယူကြည်ချက်‌ဖောက်ပြန်)သူများဖြစ်ကြသည်။ ထို့ပြင် အစ္စလာမ်သာသနာကို လက်ခံ‌သောသူများသည် လမ်းမှန်ကို ရှာ‌ဖွေ‌တွေ့ရှိသွား‌သောသူများပင် ဖြစ်ကြသည်။

    [15] ထို့ပြင် မတရား‌သောသူများသည် ဂျဟန္နမ်ငရဲမီး၏ ‌လောင်စာများပင်ဖြစ်ကြသည်။

    [16] ထို့ပြင် အကယ်၍ သူတို့သည် လမ်း(မှန်)‌ပေါ်တွင် စွဲမြဲစွာ ရပ်တည်ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ‌ရေကိုသူတို့အား ‌ပေါများစွာတိုက်‌ကျွေး‌တော်မူမည်ဖြစ်သည်။

    [17] ငါအရှင်မြတ်သည် သူတို့အား ထို‌ရေနှင့် ပတ်သက်၍ စမ်းသပ်‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား သတိ ရတသခြင်းမှ မျက်နှာလွှဲလျှင် အရှင်မြတ်သည် သူ့ကို ပြင်းထန်‌သော ပြစ်ဒဏ်ထဲတွင် ခံစား‌စေ‌တော်မူမည်။

    [18] ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်‌ကျောင်း‌တော်များသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်ခြင်း‌ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။

    [19] ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျွန် (တမန်‌တော်မုဟမ်္မဒ်(ဆွ))သည် အရှင်မြတ်အားဟစ်‌ခေါ်ဝတ်ပြုရန်ရပ်သည့်အခါ သူတို့သည် ၎င်း၏အ‌ပေါ်တွင် ဝိုင်းအုံမည့်ဆဲဆဲဖြစ်ခဲ့ကြသည်။ ###၄

    [20] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကိုပင် ကိုးကွယ်သည်။ ထို့ပြင် ငါသည် မည်သူ့ကိုမျှ အရှင်မြတ်နှင့် မတွဲဖက်‌ပေ။

    [21] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-အမှန်စင်စစ် ငါသည် အသင်တို့၏ဒုက်္ခ‌ရောက်‌စေခြင်းကိုလည်း‌ကောင်း၊ လမ်းမှန်‌ပေါ်‌ရောက်‌စေခြင်းကိုလည်း‌ကောင်း မည်သည့်အရာမျှတတ်စွမ်းနိုင်ခြင်းမရှိ‌ပေ။

    [22] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ်(ငါသည် အလ္လာဟ်အရှင်မြတ်အားဖီဆန်ခဲ့လျှင်) မည်သူမျှ ငါ့ကိုအလ္လာဟ်အရှင်မြတ်မှ ကာကွယ်နိုင်မည်မဟုတ်‌ပေ။ ထို့ပြင် ငါသည် အရှင်မြတ်ထံ‌တော်မှလွဲ၍ မည်သည့်ခိုလှုံရာ‌နေရာကိုမျှလည်း ‌တွေ့မည်မဟုတ်‌ပေ။

    [23] သို့ရာတွင် (ငါတတ်စွမ်းနိုင်သည်ကမူ အသင်တို့ထံ)အရှင်မြတ်ပို့ခိုင်းသည်များကို ပို့‌ဆောင်ခြင်းနှင့် (ငါ့ကို ‌စေလွှတ်ပြီးခိုင်းထားသည့်)အရှင်မြတ်၏မှာကြားချက်များ(ကို လိုက်နာ‌ဆောင်ရွက်ခြင်း)သာဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ဖီဆန်လျှင် အမှန်စင်စစ် ထိုသူ့အတွက် ဂျဟန္နမ်ငရဲမီးရှိသည်။ ထိုမီးထဲတွင် အမြဲ‌နေထိုင်သူများဖြစ်လိမ့်မည်။

    [24] ‌နောက်ဆုံးတွင် သူတို့သည် သူတို့ ခြိမ်း‌ခြောက်ခြင်းခံရ‌သော (ပြစ်ဒဏ်)ကို ‌တွေ့မြင်ကြသည့်အခါ မည်သူ၏ကူညီ‌စောင်မသူသည် အားနည်း‌ကြောင်းနှင့် အ‌ရေအတွက်နည်းပါး‌ကြောင်းကို မကြာမီ သိရှိကြလိမ့်မည်။

    [25] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော (ကိယာမသ်‌နေ့)သည် နီးကပ်စွာ ဖြစ်သ‌လော၊ သို့မဟုတ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ထို (ကိယာမသ်‌နေ့)ကို ‌ဝေးလံစွာ ပြုလုပ်ထားသ‌လောဆိုသည်ကို ငါမသိ‌ပေ။

    [26] (အရှင်မြတ်သည်) အကွယ်တွင် ရှိသည်များကို သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏အကွယ်မှ အသိပညာကို မည်သူ့ကိုမျှ ထုတ်‌ဖော် အသိ‌ပေး‌တော်မမူ‌ပေ။ ###၅

    [27] သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်‌ကျေနပ်နှစ်သက်‌တော်မူ‌သော တမန်‌တော်တစ်ပါးပါးအား (အကွယ်မှ အသိတစ်စုံတစ်ခု‌ပေးလို‌တော်မူသည့်အခါ) အမှန်စင်စစ် ထိုအရှင်မြတ်သည် ထိုတမန်‌တော်၏‌ရှေ့နှင့်‌နောက်မှ အ‌စောင့်အကြပ် (‌ကောင်းကင်တမန်)ကို ‌စေလွှတ်‌တော်မူသည်။ ###၆

    [28] ထိုသူများ (လူသားတမန်‌တော်များနှင့် ‌ကောင်းကင်တမန်များ)သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ အ‌ကြောင်းကြားချက်များအား ပို့‌ဆောင်ခဲ့ကြ သည်ကို အရှင်မြတ် သိ‌တော်မူရန်အတွက် (ထိုသို့ ပြုလုပ်ရခြင်း)ဖြစ်သည်။###၇ ထို့ပြင် အရှင်မြတ်သည် သူတို့၏ အ‌ခြေအ‌နေအားလုံးကို ဝန်းရံထား‌တော်မူသည်။ ထို့ပြင် အရာအားလုံး၏ အ‌ရေအတွက်ကိုလည်း ‌ရေတွက်မှတ်သားထား‌တော်မူပြီးဖြစ်သည်။

    Surah 73
    ခြုံလွှာနှင့်ပတ်ထားသောအရှင်

    [1] အို-အဝတ်ခြုံထားသူ။ ###၁

    [2] အသင်သည် ည၌ (စွလာသ်ဝတ်ပြုရန်)ထပါ၊ သို့ရာတွင် အနည်းငယ် (အိပ်ပါ)။

    [3] (သို့မဟုတ်) ညဝက်၊ သို့မဟုတ် ညဝက်ထက် အနည်းငယ်‌လျှော့၍(အိပ်ပါ)။

    [4] သို့မဟုတ် ညဝက်ထက်ပို၍(အိပ်ပါ)။ ###၂ ထို့ပြင် အသင်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို (သရ်သီလ်ဖြင့်)ဌာန်ကရိုဏ်းကျကျ ဖတ်ရွတ်ပါ။ ###၃

    [5] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ‌လေးလံ‌သော စကား‌တော်ကို မကြာမီချ‌ပေး‌တော်မူမည်။ ###၄

    [6] အမှန်စင်စစ် ည၌ထခြင်းသည် စိတ်နှလုံးကို ပိုမိုထိ‌ရောက်မှု (စိတ်ပါဝင်စားမှု)ဖြစ်‌စေသည်။ ထို့ပြင် စကားကိုလည်း ရှင်းလင်းပြတ်သား‌စေသည်။

    [7] အမှန်စင်စစ် ‌နေ့တွင် အသင့်အတွက် လုပ်ငန်း‌ဆောင်တာများ များပြားလှသည်။

    [8] ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နာမ‌တော်ကို ရွတ်ဆိုတသပါ။ ထို့ပြင် အသင်သည် (‌လောကီ‌ရေးရာ လုပ်ငန်း‌ဆောင်တာ) သံ‌ယောဇဉ် အတွယ်အတာများကို ဖြတ်‌တောက်ပြီး အရှင်မြတ်ဘက်သို့ပင် အာရုံစူးစိုက်လှည့်ပါ။

    [9] (အရှင်မြတ်သည်) ‌နေထွက်ရာအရပ်နှင့် ‌နေဝင်ရာအရပ်ကို ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်မြတ်ကိုပင် ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးသည့်အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်အဖြစ် ‌ရွေးချယ်ပြုလုပ်ပါ။

    [10] ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့၏ ‌ပြောဆိုချက်များအ‌ပေါ်တွင် သည်းခံပါ။ ထို့ပြင် အသင်သည် သူတို့အား လှပစွာခွဲခွာပြီး လွတ်ကင်းစွာ‌နေလိုက်ပါ။

    [11] ထို့ပြင် အသင်(တမန်‌တော်)သည် ငါအရှင်မြတ်နှင့် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်စည်းစိမ်ရှင်များကို လွှတ်ထားလိုက်ပါ။ ထို့ပြင်အသင်သည် သူတို့အား အနည်းငယ် ဆိုင်းငံ့ခွင့်‌ပေးလိုက်ပါ။ ###၅။

    [12] အမှန်စင်စစ် ငါအရှင်မြတ်ထံ‌တော်တွင် (‌ခြေထိတ်ခတ်သည့်) သံ‌ခြေချင်းများနှင့် ဂျဟန်္နမ်ငရဲအပြင်၊

    [13] လည်မျိုတွင် တစ်ဆို့‌နေမည့် အစားအစာများသာမက၊ နာကျင်‌စေသည့်ပြစ်ဒဏ်လည်းရှိသည်။

    [14] ထို‌နေ့တွင် ကမ္ဘာ‌မြေနှင့် ‌တောင်များသည် တုန်လှုပ်သွားကြမည်။ ထို့ပြင် ‌တောင်များသည် ‌ရွေ့လျားလွင့်ပါး‌နေ‌သော သဲ‌သောင်များကဲ့သို့ဖြစ်သွားကြမည်။

    [15] အမှန်စင်စစ် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်ထံသို့ တမန်‌တော်တစ်ပါး ‌စေလွှတ်‌တော်မူသကဲ့သို့ပင် အသင်တို့ထံသို့လည်း တမန်‌တော်တစ်ပါးကို အသင်တို့အ‌ပေါ်တွင်သက်‌သေအဖြစ် ‌စေလွှတ်‌တော်မူသည်။ ###၆

    [16] ထို့‌နောက် ဖိရ်‌အောင်န်သည် ထိုတမန်‌တော်ကို ဖီဆန်ခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူ့ကို ပြင်းထန်စွာ ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ ###၇

    [17] သို့ဖြစ်ရာ အသင်တို့သည် ငြင်းပယ်ခဲ့လျှင် အသင်တို့သည် ထို‌နေ့မှ မည်သို့လွတ်ကင်း‌အောင်‌ရှောင်ကြမည်နည်း။ ထို‌နေ့သည် က‌လေးငယ်များကိုပင် အဖိုးအိုများဖြစ်‌အောင် ပြုလုပ်လိမ့်မည်။

    [18] မိုး‌ကောင်းကင်သည်လည်း ထို‌နေ့(၏ ပြင်းထန်မှု)‌ကြောင့် အက်ကွဲသွားမည်။ အရှင်မြတ်၏ ချိန်းဆိုချက်ကမူ ‌ဆောင်ရွက်ပြီးစီးသွားသည်ချည်းသာဖြစ်သည်။

    [19] အမှန်စင်စစ် ဤသည် ဆုံးမဩဝါဒပင်ဖြစ်သည်။ သို့ဖြစ်ရာ အလိုရှိသူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ (သွားသည့်)လမ်းကိုပင် ‌ရွေးချယ်ရမည်ဖြစ်သည်။ ###၈

    [20] အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင့်အားသာမက အသင်နှင့်အတူရှိကြ‌သောသူများထဲမှ လူတစ်စုအား ည၏ သုံးပုံနှစ်ပုံနီးပါး၊ တစ်ခါ တစ်ရံ ညဝက်၊ တစ်ခါတစ်ရံ ည၏ သုံးပုံတစ်ပုံ (စွလာသ် ဝတ်ပြုရန်)ရပ်ကြသည်ကို သိရှိ‌တော်မူသည်။ ###၉ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ညနှင့်‌နေ့ကို တိုင်းတာသတ်မှတ်‌တော်မူသည်။ အမှန်စင်စစ် အသင်တို့သည် ထို(ည၏ အချိန်ပိုင်းများ)ကို လုံးဝ‌ရေတွက်မှတ်သား‌စောင့်စည်းနိုင်ကြမည်မဟုတ်သည်ကို အရှင် မြတ်သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာနှင့် လှည့်‌တော်မူ(၍‌လျှော့‌ပေါ့‌ပေး‌တော်မူ)ခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်အတွင်း၌) ကုရ်အာန်ကျမ်း‌တော်မြတ်ကို အလွယ်တကူ ရွတ်ဖတ်နိုင်သမျှကိုပင် ရွတ်ဖတ်ကြပါ။ ###၁ဝ အသင်တို့ထဲမှ အချို့သည် ‌ရောဂါသည်များဖြစ်ကြမည် ဖြစ်‌ကြောင်း၊ အခြားသူများ သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေရန် ကမ္ဘာ‌မြေတွင်ခရီးသွားလာကြမည်ဖြစ်‌ကြောင်းနှင့် အခြားသူများသည် အလ္လာဟ် အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ကြမည်ဖြစ်‌ကြောင်းကို သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်ဝတ်ပြုရာတွင်)၎င်းကုရ်အာန်ကျမ်း‌တော်မြတ်မှ လွယ်ကူစွာရွတ်ဖတ်နိုင်သမျှကိုသာရွတ်ဖတ်ကြပါ။ ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို (စွဲမြဲစွာ)‌ဆောက်တည်ကြပါ။ ထို့ပြင် ဇကာသ်ကိုလည်း ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ‌ကောင်းမြတ်‌သော (‌စေတနာ)နှင့် အ‌ကြွေး‌ချေးငှားကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့် ‌ကောင်းမှုကိုမဆို အသင်တို့အတွက် ကြိုတင်ပို့ကြလျှင် ထို‌ကောင်းမှုကို အလ္လာဟ် အရှင်မြတ်ထံ‌တော်တွင် ပို‌ကောင်းသည့်အဖြစ်နှင့်သာမက ပိုကြီးကျယ်‌သောအကျိုးကုသိုလ်အဖြစ်နှင့်လည်း အသင်တို့ ‌တွေ့ရှိကြရမည် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြပါ။ ###၁၁ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    Surah 74
    လွှမ်းခြုံထားသောအရှင်

    [1] အို-‌စောင်ခြုံထားသူ။ ###၁

    [2] အသင်သည် ထ၍သတိ‌ပေးနှိုး‌ဆော်ပါ။ ###၂

    [3] ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ် ကြီးကဲမြင့်မြတ်‌တော်မူ‌ကြောင်း ‌ပြောဆိုပါ။ ###၃

    [4] ထို့ပြင်အသင်သည် အသင်၏အဝတ်များကို သန့်ရှင်းစွာ ထားပါ။###၄

    [5] ထို့ပြင်အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာ‌နေပါ။

    [6] ထို့ပြင် အသင်သည် ပို၍များစွာရလိုသည့်အ‌နေနှင့် ‌ကျေးဇူးပြု ‌ပေးကမ်းမှုမပြုပါနှင့်။

    [7] ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အတွက် သည်းခံပါ။

    [8] ထို့ပြင် တံပိုးခရာမှုတ်သည့်အခါ။

    [9] ထိုအချိန်သည် ပြင်းထန်ခက်ခဲ‌သော‌နေ့ဖြစ်လိမ့်မည်။

    [10] ကာဖိရ်များအတွက် လွယ်ကူမှုမရှိသည့်(‌နေ့ပင်ဖြစ်သည်)။

    [11] အသင်(တမန်‌တော်)သည် ငါအရှင်မြတ်နှင့် ငါအရှင်မြတ်က တစ်ဦးတည်း ###၅ ဖန်ဆင်း‌တော်မူခဲ့‌သောသူကို လွှတ်ထားလိုက်ပါ။

    [12] ထို့ပြင် ငါအရှင်မြတ်သည် သူ့အား ပစ္စည်းဥစ္စာအ‌မြောက်အမြား‌ပေး‌တော်မူခဲ့သည်။

    [13] ထို့ပြင် ‌ရှေ့၌ အဆင်သင့်ရှိ‌နေကြ‌သော သား‌ယောက်ျားများကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။

    [14] ထို့ပြင် ငါအရှင်မြတ်သည် သူ့အား (အစစအရာရာ)အဆင်သင့် ပြုလုပ်‌ပေး‌တော်မူပြီး အဆင်‌ပြေ‌အောင်ပြုလုပ်‌ပေး‌တော်မူခဲ့သည်။

    [15] ထို့‌နောက်လည်း သူ့အားငါအရှင်မြတ်က ပို‌ပေး‌တော်မူရန် သူသည်လိုလား‌နေသည်။

    [16] လုံးဝ(‌ပေး‌တော်မူမည်)မဟုတ်‌တော့‌ပေ။###၆ အမှန်စင်စစ်သူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ဆန့်ကျင်သူဖြစ်သည်။

    [17] မကြာမီ ငါအရှင်မြတ်သည် သူ့အား (ငရဲ)‌တောင်‌ပေါ်သို့ အတင်းအကျပ်တက်ခိုင်း‌တော်မူမည်။

    [18] အမှန်စင်စစ် သူသည် စဉ်းစားပြီး ဆုံးဖြတ်ခဲ့သည်။

    [19] သို့ဖြစ်ရာ သူသည်ပျက်စီးပါ‌စေ၊ သူသည်မည်သို့(စဉ်းစားပြီး) ဆုံးဖြတ်လိုက်သနည်း။

    [20] သူသည် ထပ်၍ပျက်စီးပါ‌စေ၊ သူသည်မည်သို့(စဉ်းစားပြီး)ဆုံးဖြတ်လိုက်သနည်း။

    [21] ထို့ပြင် သူသည်(သူ၏လူများကို)ကြည့်ရှုပြီး (အာယသ်‌တော်များနှင့် ပတ်သက်၍ စဉ်းစားခဲ့သည်)။

    [22] ထို့‌နောက် သူသည် မျက်‌မှောင်ကြုတ်ခဲ့ပြီး ရှုံ့မဲ့ခဲ့သည်။

    [23] ထို့‌နောက် သူသည် ‌ကျောခိုင်းခဲ့သည်။ ထို့ပြင် မာန‌ထောင်ခဲ့သည်။

    [24] ထို့ပြင်သူက‌ပြောသည်- ဤသည် ‌ရှေး‌ခေတ်ကတည်းက အဆင့်ဆင့်‌ရောက်လာခဲ့‌သော ‌မှော်အတတ်မှလွဲ၍ အခြားမဟုတ်‌ပေ။ ###၇

    [25] ဤသည် လူသား၏‌ပြောဆိုချက်မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်‌ပေ။

    [26] မကြာမီ ငါအရှင်မြတ်သည် သူ့အား စကရ်ဆို‌သော ငရဲထဲသို့ ဝင်‌ရောက် ‌စေ‌တော်မူမည်။

    [27] ထို့ပြင် စကရ်ငရဲ ဟူသည် မည်သည့်အရာနည်း ဆိုသည်ကို အသင်(တမန်‌တော်)သိပါသ‌လော။

    [28] ထိုအရာသည် (မည်သည့်ကာဖိရ်ကိုမျှ မ‌လောင်ကျွမ်း‌စေဘဲ)ချန်ထားမည်မဟုတ်‌ပေ၊ ထို့ပြင်(မည်သည့်ကာဖိရ်ကိုမျှ ၎င်းထဲသို့မထည့်ဘဲ)လွှတ်ထားမည်လည်းမဟုတ်‌ပေ။

    [29] ၎င်းသည် လူသား၏ အသားအ‌ရေကို ‌လောင်ကျွမ်းပျက်စီး‌စေ‌သောအရာဖြစ်သည်။

    [30] ထို စကရ်ငရဲတွင်(‌ကောင်းကင်တမန်) ၁၉ပါးသည် (‌စောင့်ကြပ်လျက်)ရှိကြသည်။

    [31] ထို့ပြင် ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များကိုပင် ငရဲ‌စောင့်များအဖြစ် ခန့်အပ်ထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုအ‌စောင့်များ၏ အ‌ရေအတွက်ကိုကာဖိရ်များအတွက် စမ်းသပ်မှု ပြုလုပ်ထား‌တော်မူသည်။ (ထိုငရဲ‌စောင့်အ‌ရေအတွက်‌ပြောရခြင်းအ‌ကြောင်းမှာယခင်က) ကျမ်းရသူများသည် (သူတို့ကျမ်းများထဲတွင်လည်း ဤအ‌ရေအတွက်ပင်ပါရှိသည်ကိုသိပြီး ကုရ်အာန်မှန်ကန်‌ကြောင်း)ယုံကြည်လာကြရန်အတွက်နှင့် အီမာန်ယုံကြည်ပြီးသည့်သူများသည်လည်း အီမာန် ပိုတိုးလာ‌အောင်အတွက် ဖြစ်သည်။###၈ ထို့ပြင် ကျမ်းရသူများနှင့် အီမာန်ယုံကြည်သူများသည် သံသယမဖြစ်ကြ‌အောင်အတွက်လည်းဖြစ်သည်။ ၎င်းပြင် စိတ်နှလုံးထဲတွင် ‌ရောဂါရှိသည့်သူများနှင့် ကာဖိရ်များသည် ဤသို့‌သော(အံ့ဩဖွယ်ရာ)အ‌ကြောင်းအရာဖြင့် အလ္လာဟ်အရှင်မြတ်သည် မည်သည်ကို ရည်ရွယ်‌တော်မူပါသနည်းဟု ‌ပြောဆိုလာကြရန်အတွက်လည်းဖြစ်သည်။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှား၌ပင်ထား‌တော်မူပြီး အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှန်ညွှန်ကြား ပြသ‌တော်မူသည်။ ထို့ပြင် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ စစ်တပ်များကို အရှင်မြတ်မှလွဲ၍ မည်သူမျှမသိ‌ပေ။ ###၉ ထို့ပြင် ဤ(ငရဲမီး)သည် လူသားများ အတွက် သတိ‌ပေး ဆုံးမခြင်းပင်ဖြစ်သည်။

    [32] (ထိုငရဲ‌စောင့်၁၉ဦးမျှကိုမူ ငါတို့ ကာဖိရ်များ စု‌ပေါင်းပြီး အပြတ်ရှင်းလိုက်၍ရသည်ဟု မက္ကဟ်မြို့သားများက ‌ပြောဆိုကြသည်ကို အရှင်မြတ်ကမိန့်ကြား‌တော်မူသည်)-လုံးဝ မရ‌ပေ။ လကို သက်‌သေထူ‌တော်မူသည်။

    [33] ထို့ပြင် ဆုတ်ခွာသွားပြီဖြစ်‌သောညကို သက်‌သေထူ‌တော်မူသည်။

    [34] ထို့ပြင် လင်းလာပြီဖြစ်‌သော နံနက်ချိန်ကို သက်‌သေထူ‌တော်မူသည်။

    [35] အမှန်စင်စစ် ထိုစကရ်သည် (ဂျဟန်္နမ်ငရဲ၏ ) အကြီးအကျယ် ‌ကြောက်စရာ‌ကောင်း‌သော(အထပ်များ)ထဲမှ တစ်ခုဖြစ်သည်။

    [36] (ထိုစကရ်ငရဲသည်) လူသားကို သတိ‌ပေးနှိုး‌ဆော်လျက်ရှိသည်။

    [37] အသင်တို့ထဲမှ ‌ရှေ့သို့တိုးရန်လိုလားသည့်သူ၊ သို့မဟုတ် ‌နောက်သို့ ဆုတ်ရန်လိုလားသည့်သူကို (သတိ‌ပေးနှိုး‌ဆော်‌နေခြင်းဖြစ်သည်)။

    [38] လူတိုင်းသည် သူရှာ‌ဖွေဆည်းပူးခဲ့သည့်အရာများ၏အစား အ‌ပေါင်ခံပစ္စည်း(အာမခံထားသည့်ပစ္စည်းအဖြစ် ချုပ်‌နှောင်ထားပြီး)ဖြစ်သည်။ ###၁၀

    [39] သို့ရာတွင် လက်ယာဘက်သားများကမူ၊

    [40] ဥယျာဉ်များတွင် ရှိကြမည်။ သူတို့သည် ‌မေးမြန်းလျက်ရှိကြမည်။

    [41] အပြစ်ရှိသူများနှင့် ပတ်သက်၍၊

    [42] မည်သည့်အရာက အသင်တို့အား စကရ်ငရဲထဲ သွတ်သွင်းလိုက်သနည်း။

    [43] သူတို့က ‌ပြောဆိုကြမည်-ကျွန်ုပ်တို့သည် စွလာသ်ဝတ်ပြုသူများထဲတွင် မပါဝင်ခဲ့ကြ‌ပေ။

    [44] ထို့ပြင် ကျွန်ုပ်တို့သည် ဆင်းရဲသားများကိုလည်း ‌ကျွေး‌မွေး‌လေ့မရှိခဲ့ကြ‌ပေ။

    [45] ထို့ပြင် ကျွန်ုပ်တို့သည် အလဟဿကိစ္စများကို ပြုလုပ်သည့်သူများနှင့်အတူ အလဟဿကိစ္စများကိုပင် ပြုလုပ်‌နေခဲ့ကြသည်။

    [46] ထို့ပြင် ကျွန်ုပ်တို့သည် အစား‌ပေးမည့်‌နေ့ကိုလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်‌နေခဲ့ကြသည်။

    [47] ‌နောက်ဆုံး‌တော့ ‌သေခြင်းသည် ကျွန်ုပ်တို့ထံသို့ ဆိုက်‌ရောက်လာခဲ့သည်။

    [48] သို့ဖြစ်ရာ ကြားဝင်အသနားခံ ‌ပေးသူများ၏ ကြားဝင်အသနားခံ‌ပေးမှုသည် သူတို့အတွက် အကျိုး‌ပေးမည်မဟုတ်‌ပေ။

    [49] သူတို့သည် အဘယ့်‌ကြောင့် ဆုံးမဩဝါဒဘက်မှ မျက်နှာလွှဲ‌နေကြသနည်း။

    [50] သူတို့သည် ‌ကြောက်ကန်ကန်‌သော မြည်းရိုင်းသတ္တဝါများကဲ့သို့ပင် ဖြစ်ကြသည်။

    [51] ထိုမြည်းသတ်္တဝါများသည် ခြ‌သေင့်္တိရစာဩန်မှ(လွတ်ရန်) ထွက်‌ပြေး‌နေကြသည်။

    [52] ထို့ပြင် သူတို့ထဲမှ လူတိုင်းသည် ဖွင့်ထားသည့်ကျမ်းဂန်များကို ‌ပေးသနား‌တော်မူခြင်းကိုခံလိုကြသည်။

    [53] လုံးဝ (‌ပေးသနားခံရမည်)မဟုတ်‌ပေ။ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝကို ‌ကြောက်ရွံ့ စိုးရိမ်ကြသည်မဟုတ်‌ပေ။ ###၁၁

    [54] (ကုရ်အာန် သည် သူတို့‌ပြောကြသကဲ့သို့ ‌မှော်အတတ်ပညာ) လုံးဝမဟုတ်‌ပေ။ အမှန်စင်စစ် ကုရ်အာန်သည် ဆုံးမဩဝါဒအမှန်ပင် ဖြစ်သည်။

    [55] သို့ဖြစ်ရာ မည်သူမဆိုအလိုရှိခဲ့လျှင် ထိုဆုံးမဩဝါဒကို ‌လေ့လာကျက်မှတ် တရားရယူရမည်ဖြစ်သည်။ ###၁၂

    [56] ထို့ပြင် သူတို့သည် အလ်္လာဟ် အရှင်မြတ်အလိုရှိ‌တော်မူမှပင် ‌လေ့လာကျက်မှတ် တရားရယူနိုင်ကြမည်ဖြစ်သည်။ ###၁၃ ထိုအရှင်မြတ်ပင် ‌ကြောက်ရွံ့ ထိုက်‌သောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။

    Surah 75
    ရှင်ပြန်ထမြောက်ခြင်း

    [1] ငါအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့ကို သက်‌သေထူ ကျိန်ဆို‌တော်မူသည်။ ###၁

    [2] ထို့ပြင် ငါအရှင်မြတ်သည် (မိမိကိုယ်မိမိ)အလွန်ပြစ်တင်ဆုံးမတတ်သည့်စိတ်ကို သက်‌သေထူ ကျိန်ဆို‌တော်မူသည်။ ###၂

    [3] လူသားသည် သူ၏ အရိုးများကို ငါအရှင်မြတ်က လုံးဝစု‌ပေါင်း‌တော်မူမည်မဟုတ်‌ပေဟု ထင်မှတ်‌နေသ‌လော။

    [4] အဘယ့်‌ကြောင့် မစု‌ပေါင်းဘဲ ‌နေမည်နည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်‌ခြေဆစ်များကိုပင် မူလအ‌ခြေအ‌နေအတိုင်းပြန်ပြီး ‌နေသားတကျဖြစ်‌အောင် ဖန်ဆင်း ‌တော်မူခြင်းကို တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [5] အမှန်စင်စစ် လူသားသည် သူ၏ ‌ရှေ့ အနာဂတ်တွင် အမိန့်ဖီဆန်မှုများကိုပင် ကျူးလွန်လိုသည်။(ကိယာမသ်လာချင်လာစမ်းပါ‌စေ၊ မည်သည့်အရာဖြစ်မည်နည်း ကြည့်ကြ မည်ဆိုသည့်အ‌နေနှင့် ဆိုးသွမ်း‌နေခြင်းဖြစ်သည်)။

    [6] ထိုလူသားက ကိယာမသ် မည်သည့်အခါဖြစ်မည်နည်းဟု ‌မေးမြန်းသည်။

    [7] ထိုအခါတွင် မျက်စိများသည် (‌ကြောက်လန့်ပြီး) မျက်ဖြူဆိုက်(‌တွေ‌ဝေထိုင်းမှိုင်း)သွားမည်။

    [8] ထို့ပြင် လသည်လည်း အလင်း‌ရောင်ကင်းမဲ့သွားမည်။

    [9] ထို့ပြင် ‌နေနှင့်လတို့သည် (အလင်း‌ရောင်မဲ့ပြီး တစ်မျိုးတစ်စားတည်းဖြစ်ကာ)ပူး‌ပေါင်းခံကြရမည်။

    [10] ထို‌နေ့တွင် လူသားသည် ‌ပြေးစရာမည်သည့် ‌နေရာတွင်ရှိသနည်းဟု ‌မေးလိမ့်မည်။

    [11] လုံးဝမရှိ‌ပေ။ ခိုလှုံရာလုံးဝမရှိ‌ပေ။

    [12] ထို‌နေ့တွင် ‌နေထိုင်ရာဌာနသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာရှိမည်။ ###၃

    [13] ထို‌နေ့တွင် လူသားသည် သူကြိုတင်ပို့ခဲ့သည်များနှင့် သူချန်ထားခဲ့သည်များကို အသိ‌ပေးခြင်းခံရမည်။

    [14] အမှန်စင်စစ် လူသားသည် သူ့ကိုယ်သူ (မည်သည့်ပြစ်မှုများလုပ်ခဲ့သည်ကို) သိမြင်သူပင်ဖြစ်သည်။ (သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း သက်‌သေ အဖြစ်ရှိ‌နေကြမည်)။

    [15] ထို့ပြင် သူသည် သူ၏အ‌ကြောင်းပြချက်များကို (အဘယ်မျှပင်)တင်ပြ‌သော်လည်း (သူ့ကိုယ်သူမှာမူ သိပြီးဖြစ်သည်)။

    [16] အသင်(တမန်‌တော်)သည်(‌ကောင်းကင်တမန်က ကုရ်အာန်ကို ဖတ်ရွတ်ပြသည့်အခါ) အသင်၏ နှုတ်လျှာအားထို (ကုရ်အာန်)ကို လျင်မြန်စွာရရှိ‌အောင် (ကျက်မှတ်သကဲ့သို့) မလှုပ်ပါနှင့်။

    [17] အမှန်စင်စစ်ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို (စိတ်နှလုံးထဲ၌)စု‌ပေါင်း(ထိန်းသိမ်းထား‌ပေး)ခြင်းနှင့်(နှုတ်လျှာမှ)ဖတ်‌စေခြင်းသည် ငါအရှင်မြတ်၏တာဝန်ဖြစ်သည်။

    [18] ထို့‌နောက် ငါအရှင်မြတ်သည်ထို (ကုရ်အာန်ကျမ်း‌တော်မြတ်)ကိုဖတ်ကြား‌တော်မူသည့်အခါ အသင်သည် ထို(ကုရ်အာန် )ကို ‌နောက်လိုက်ပြီးနား‌ထောင်ပါ။

    [19] ထို့‌နောက် ထိုကုရ်အာန် ကျမ်း‌တော်မြတ်ကို ရှင်းပြရန်မှာလည်း အမှန်စင်စစ် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်သည်။###၄

    [20] (‌သေပြီး‌နောက် ရှင်ပြန်မထရဘူးဟု အသင်တို့‌ပြောသကဲ့သို့)လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် ‌လောကီဘဝကို နှစ်သက်‌နေကြခြင်းဖြစ်သည်။

    [21] ထို့ပြင် အသင်တို့သည် တမလွန်ဘဝကို စွန့်လွှတ်ထားကြခြင်းဖြစ်သည်။

    [22] ထို‌နေ့တွင် မျက်နှာအ‌မြောက်အမြားသည် ရွှင်လန်း‌နေကြမည်။

    [23] သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ဖူး‌မြော်‌နေကြမည်။ ###၅

    [24] ထို့ပြင် ထို‌နေ့တွင် မျက်နှာအ‌မြောက်အမြားကမူ ညှိုးနွမ်း‌နေကြမည်။

    [25] သူတို့သည် ခါးရိုးကျိုး‌စေမည့် ပြစ်ဒဏ်ကိုခံရမည်ကို သိ‌နေကြလိမ့်မည်။

    [26] (ပြစ်ဒဏ်ခံရမည်မဟုတ်‌ပေဟုအသင်တို့ ထင်သကဲ့သို့)လုံးဝမဟုတ်‌ပေ။ အမှန်စင်စစ် အသက်ဝိညာဉ်သည်(လည်ပင်းအနီးမှ)ညှပ်ရိုးကို‌ရောက်သွားသည့်အခါ။ ###၆

    [27] ထို့ပြင် (ထို‌သေမည့် လူနာအနီးမှ သူများက)မန်းမှုတ်မည့်သူရှိသ‌လောဟု ‌အော်ဟစ်ကြမည်။ ###၇

    [28] ထို့ပြင် အမှန်စင်စစ် ဤအချိန်သည် (ဤဘဝမှ) စွန့်ခွာရ‌တော့မည့်အချိန်ဖြစ်သည်ကို သူယုံကြည်လိုက်ပြီဖြစ်သည်။

    [29] ထို့ပြင်‌ခြေသလုံးသည် ‌ခြေသလုံးနှင့် ကပ်သွားမည်။ (ဒုက္ခ‌ပေါ် ဒုက္ခဆင့်သွားမည်)။###၈

    [30] ထို‌နေ့တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် တွန်းပို့ခံကြရမည်။

    [31] ထို့‌နောက် ထိုလူသားသည် ယုံကြည်‌ထောက်ခံမှုလည်းမပြုခဲ့‌ပေ။ စွလာသ်ဝတ်ပြုခဲ့ခြင်းလည်း မရှိ‌ပေ။

    [32] သို့ရာတွင် သူသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ပြီး မျက်နှာပင် လွှဲခဲ့သည်။

    [33] ထို့ပြင် သူသည် ‌မော်ကြွားပြီး သူ၏အိမ်သူအိမ်သားများထံသို့ သွားခဲ့သည်။

    [34] အသင့်အတွက် ပျက်စီးခြင်းအ‌ပေါ်တွင် ပျက်စီးခြင်းသာရှိမည်။

    [35] ထို့ပြင် ထပ်ပြီး အသင့်အတွက် ပျက်စီးခြင်းအ‌ပေါ်တွင် ပျက်စီးခြင်းသာရှိမည်။ ###၉

    [36] လူသားသည် သူ့အား ဤအတိုင်းပင် စွန့်လွှတ်ထားခြင်းခံ‌နေရမည်ဟု ထင်မှတ်‌နေသ‌လော။

    [37] သူသည်ထည့်သွင်းခြင်းခံရသည့်သုက်ရည်တစ်စက်ပင် ဖြစ်ခဲ့သည် မဟုတ်‌လော။

    [38] ထို့‌နောက် ထိုသုက်ရည်သည် ‌သွေးခဲဖြစ်ခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် (သူ့အား) ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် (သူ့အား)‌နေသားတကျဖြစ်‌အောင်ပြုပြင်‌တော်မူခဲ့သည်။

    [39] ထို့ပြင် အရှင်မြတ်သည် ထိုသုက်ရည်မှ ‌ယောက်ျားနှင့် မိန်းမအဖြစ် နှစ်မျိုးနှစ်စားပြုလုပ်‌တော်မူခဲ့သည်။

    [40] ထိုအရှင်မြတ်သည် ‌သေသူများကို ပြန်ရှင်‌စေ‌တော်မူရန် တတ်စွမ်းနိုင်‌သောအရှင် မဟုတ်‌လေသ‌လော။ ###၁၀

    Surah 76
    အချိန်ကာလ

    [1] လူသား၏အ‌ပေါ်တွင် ‌ခေတ်ကာလထဲမှ အချိန်တစ်ချိန်သည် အမှန်စင်စစ် ‌ရောက်ရှိခဲ့သည်။ ထိုလူသားသည် (ထိုအချိန်တွင်)‌ပြောပ‌လောက်‌သော အရာတစ်ခုပင် မဟုတ်ခဲ့‌ပေ။ ###၁

    [2] အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကိုစမ်းသပ်‌တော်မူရန်အတွက် ‌ရော‌နှော‌ပေါင်းစပ်ထား‌သော သုက်ရည်နှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ###၂ ထို့‌နောက် ငါအရှင်မြတ် သည် ကြား‌သောသူ၊ မြင်‌သောသူအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ###၃

    [3] အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့အားလမ်းမှန်ပြသ‌တော်မူခဲ့သည်။ (ထို့‌နောက်)သူသည် ‌ကျေးဇူးသိတတ်သူဖြစ်မည်၊ သို့မဟုတ် ‌ကျေးဇူးကန်းသူဖြစ်မည်။ ###၄

    [4] အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအတွက်သံကြိုးများ၊ လည်ကွင်းစွပ်များနှင့် ဟုန်းဟုန်း‌တောက်‌နေသည့်မီးကို အသင့်ပြုလုပ်ထား‌တော်မူသည်။

    [5] အမှန်စင်စစ် ‌ကောင်းမြတ်‌သောသူများသည် ပရုတ်‌ရောစပ်ထား‌သော အရက်အပြည့်အလျှံထည့်ထားသည့် ခွက်ထဲမှ ‌သောက်သုံးကြမည်။

    [6] စမ်း‌ချောင်းတစ်ခု၊ ထိုစမ်း‌ချောင်းမှ အလ္လာဟ်အရှင်မြတ်၏ (‌ကောင်းမြတ်‌သော) ကျွန်များသည် ‌သောက်သုံးကြမည်။ သူတို့သည် ထိုစမ်း‌ချောင်းကို (လိုလား‌သော‌နေရာသို့ )အလွယ်တကူစီးဆင်း‌စေကြမည်။

    [7] ထိုကျွန်များသည် တာဝန်များကို ‌ကျေပွန်‌အောင်‌ဆောင်ရွက်‌လေ့ရှိကြသည့်အပြင်၊ အကြင်‌နေ့ကိုလည်း စိုးရိမ်‌ကြောက်ရွံ့ ‌လေ့ရှိကြသည်။ ထို‌နေ့၏ ‌ဘေးအန္တရာယ်သည် (‌လေးဘက်‌လေးတန်)ပျံ့နှံ့လျက်ရှိမည်။

    [8] ထို့ပြင် ထိုသူများသည် အရှင်မြတ်ကို ချစ်မြတ်နိုးမှုအ‌ပေါ်တွင် (သို့မဟုတ်)အစားအစာကို မက်‌မောမှုအ‌ပေါ်တွင် ဆင်းရဲသားများ၊ အဘမဲ့က‌လေးများနှင့် သုံ့ပန်းများကို ‌ကျွေး‌မွေးကြသည်။

    [9] (သူတို့က ‌ပြောဆိုကြသည်) ကျွန်ုပ်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုအတွက်ပင် ‌ကျွေး‌မွေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အသင်တို့ထံမှ မည်သည့် အကျိုး‌ကျေးဇူးကိုမျှလည်း အလိုမရှိ‌ပေ၊ မည်သည့်‌ကျေးဇူးတင်ခြင်းကိုမျှလည်း မရည်ရွယ်‌ပေ။

    [10] အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ကြမ်းကြုတ်ခက်ထန်ပြီး အလွန်မျက်နှာပျက် ညှိုးနွမ်းရမည့်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်ကြသည် (ဟု‌ပြောဆိုကြသည်)။

    [11] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထို‌နေ့၏ ဒုက္ခများမှကယ်တင်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ရွှင်လန်းမှုနှင့် ဝမ်း‌မြောက်‌ပျော်ရွှင်မှုကို ‌တွေ့ကြုံ‌စေ‌တော်မူမည်။

    [12] ထို့ပြင် သူတို့အား အရှင်မြတ်သည် သူတို့သည်းခံခဲ့ကြ‌သော‌ကြောင့် ဂျန္နသ်သုခဘုံနှင့် ပိုးထည်များကို အစား‌ပေး‌တော်မူမည်ဖြစ်သည်။

    [13] (သူတို့သည်) ထို ဂျန္နသ်သုခဘုံတွင် မြင့်မား‌သော ထိုင်ခုံများ‌ပေါ်၌မှီပြီးထိုင်‌နေကြမည်။ သူတို့သည် ထိုအထဲတွင် ‌နေအပူဒဏ်နှင့်အ‌အေးဒဏ်ကို ‌တွေ့ရှိကြမည်မဟုတ်‌ပေ။

    [14] ထို့ပြင် ထိုအထဲမှ သစ်ပင်များသည် သူတို့အ‌ပေါ်တွင် ကိုင်းညွတ်‌နေကြမည်။ ထို့ပြင် ထိုအထဲတွင် အပြွတ်လိုက်သီး‌သော သစ်သီးဝလံများသည် ညွတ်ကျ‌နေကြမည်။

    [15] ထို့ပြင် သူတို့ထံသို့ ‌ငွေပန်းကန်များနှင့် ဖန်ခွက်များသည် လှည့်လည်‌ရောက် ရှိ‌နေလိမ့်မည်။

    [16] ‌ငွေနှင့်ပြုလုပ်ထား‌သော ‌ငွေခွက်များဖြစ်ကြမည်။ သူတို့သည် ထို ‌ငွေခွက်များကို (လိုသမျှ)ချိန်ဆဖြည့်ထည့်ထားကြမည်။

    [17] ထို့ပြင် သူတို့သည် ထိုဂျန္နသ် သုခဘုံထဲတွင် ချင်း(ဂျင်း)‌ရောထား‌သော အရက်ပြည့်လျှံစွာပါရှိ‌သော ခွက်များနှင့် တိုက်‌ကျွေးခြင်းခံကြရမည်။

    [18] ထိုသုခဘုံတွင်ရှိ‌သော စလ်စဗီလ် ဆို‌သော စမ်း‌ချောင်းမှ(‌သောက်သုံးကြမည်) ဖြစ်သည်။

    [19] ထို့ပြင် သူတို့ထံတွင် အသက်မ‌သေဘဲ အမြဲငယ်ရွယ်‌နေမည့် လူငယ်‌လေးများသည် လှည့်ပတ်သွားလာ(ပြုစု)‌နေကြမည်။ အသင်သည် သူတို့အား ‌တွေ့မြင်သည့်အခါ သူတို့သည် ဖြန့်ကြဲထား‌သော ပုလဲများဖြစ်သည်ဟုပင် ထင်မှတ်မိမည်။

    [20] ထို့ပြင် အသင်သည် မည်သည့်‌နေရာ၌ပင် ကြည့်သည်ဖြစ်‌စေ ကြီးကျယ်လှသည့်စည်းစိမ်နှင့် ကြီးကျယ်‌သော အုပ်ချုပ်မှုကို ‌တွေ့မြင်ရမည်။

    [21] သူတို့ (၏ခန္ဓာကိုယ်များ)‌ပေါ်တွင် အစိမ်း‌ရောင် ပိုးထည်အပါးစားနှင့် အထူစား၊ ‌ရွှေခြည်နှင့် ပန်းထိုးထား‌သော ပိုးထည်များရှိကြမည်။ ထို့ပြင် သူတို့သည်‌ငွေလက်‌ကောက်၊ လက်ပတ်များနှင့် တန်ဆာဆင်ယင်‌ပေးခြင်းကိုလည်း ခံကြရမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား အလွန်စင်ကြယ်သည့်အရက်ကို တိုက် ‌ကျွေး‌တော်မူမည်။###၅

    [22] အမှန်စင်စစ် ဤသည် အသင်တို့အတွက် အကျိုး‌ကျေးဇူးဖြစ်သည်။ ထို့ပြင် အသင်တို့၏ ကြိုးပမ်းမှုသည် ‌ကျေနပ်လက်ခံပြီးဖြစ်သည်။ ###၆

    [23] အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် အသင်(တမန်‌တော်)၏အ‌ပေါ်၌ ကုရ်အာန်ကျမ်း‌တော်မြတ်ကို တဖြည်းဖြည်းချ‌ပေး‌တော်မူခဲ့သည်။

    [24] သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်အ‌ပေါ်တွင် သည်းခံရပ်တည်‌နေပါ။ ထို့ပြင် အသင်သည် သူတို့ထဲမှ မည်သည့် အပြစ်ကျူးလွန်သူ၏ စကားကိုဖြစ်‌စေ၊ မည်သည့်ငြင်းပယ်သူ၏ စကားကိုဖြစ်‌စေ မလိုက်နာပါနှင့်။

    [25] ထို့ပြင် အသင်သည် နံနက်ခင်းနှင့် ည‌နေခင်းတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်ကို တသသတိရပါ။

    [26] ထို့‌နောက် အသင်သည် ညပိုင်းတွင်လည်း အရှင်မြတ်ကို စဂျ်ဒဟ် ဦးချရမည့်အပြင် အသင်သည် ည၏ ရှည်လျားသည့်အစိတ်အပိုင်းတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်းကို ရွတ်ဆိုပါ။

    [27] အမှန်စင်စစ် ဤသူများသည် ဤဘဝကိုပင် နှစ်သက်ကြသည်။ ထို့ပြင် သူတို့သည် ကြီး‌လေးလှ‌သော ‌နေ့ကိုမူ သူတို့၏ ‌နောက်တွင် စွန့်ပစ်ထားကြသည်။

    [28] ငါအရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အပြင် ငါအရှင်မြတ်သည်ပင် သူတို့၏ အဆစ်အမြစ်များ (အ‌ကြောများကြွက်သားများ)ကို ခိုင်ခံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူ‌သောအခါ သူတို့၏ အစားသူတို့ကဲ့သို့ လူများကို လဲလှယ်‌တော်မူမည်။

    [29] အမှန်စင်စစ် ဤသည် ဆုံးမဩဝါဒပင်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို အလိုရှိလျှင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ (သွားသည့်)လမ်းကို‌ရွေးချယ်ရမည် ဖြစ်သည်။

    [30] ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မမူဘဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [31] အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် မတရားသူများအတွက်ကမူ အရှင်မြတ်သည် အလွန်နာကျင်‌စေသည့်ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။

    Surah 77
    စေလွှတ်သောအရာ

    [1] ဆက်တိုက်‌စေလွှတ်ခြင်းခံရ‌သောအရာ(‌လေများ၊ တမန်‌တော်များ)ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ပြင်းထန်စွာ တိုက်ခတ်သည့်‌လေများကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် (တိမ်များကို)ပျံ့ နှံ့‌စေ‌သော ‌လေများကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင် အမှန်နှင့်အမှား ခွဲခြား‌ပေးသည့်အရာ(တမန်‌တော်များ၊ ‌ကောင်းကင်တမန်များ)ကိုသက်‌သေထူ‌တော်မူသည်။

    [5] ထို့ပြင် ဆုံးမဩဝါဒများ ချ‌ပေးသည့်သူ (‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [6] အ‌ကြောင်းပြ ‌စောဒကမတက်နိုင်‌အောင်နှင့် သတိ‌ပေးနှိုး‌ဆော်နိုင်‌အောင် အတွက်ဖြစ်သည်။

    [7] အမှန်စင်စစ် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သောအရာသည် အမှန်ပင် ဆိုက်‌ရောက်လာမည်ဖြစ်သည်။

    [8] ထို့‌နောက် ကြယ်များသည် ‌မှေးမှိန်သွားသည့်အခါ (ထိုအဖြစ်အပျက်ကြီးသည် ဖြစ်ပျက်လိမ့်မည်)။

    [9] ထို့ပြင် မိုး‌ကောင်းကင်သည် အက်ကွဲသွားသည့်အခါ။

    [10] ထို့ပြင် ‌တောင်များသည် လွင့်ပါးသွားသည့်အခါ။

    [11] ထို့ပြင် တမန်‌တော်များသည် သတ်မှတ်ချိန်တွင်စုရုံးခြင်းခံကြရသည့်အခါ။

    [12] (သူတို့အားလုံးကို) မည်သည့်‌နေ့အတွက် ‌ရွှေ့ဆိုင်းခြင်းခံခဲ့ရသနည်း။

    [13] စီရင်ဆုံးဖြတ်မည့်‌နေ့သို့(‌ရွှေ့ဆိုင်းခြင်း ခံခဲ့ရခြင်းဖြစ်သည်)။ ###၁

    [14] ထို့ပြင် စီရင်ဆုံးဖြတ်မည့်‌နေ့ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏‌လော။

    [15] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [16] ငါအရှင်မြတ်သည် ‌ရှေးကသူများကို ဖျက်ဆီး‌တော်မူခဲ့သည်မဟုတ်‌လော။

    [17] ထို့‌နောက် ထပ်ပြီး ‌နောက်ကသူများကို သူတို့‌နောက်သို့ လိုက်‌စေ‌တော်မူမည်ဖြစ်သည်။###၂

    [18] ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို ဤသို့ပင် ပြုလုပ်‌တော်မူ‌လေ့ရှိသည်။

    [19] ထို‌နေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [20] ငါအရှင်မြတ်သည် အသင်တို့အား ‌သေးသိမ်ယုတ်ညံ့‌သော‌ရေ (သုက်ရည်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်မဟုတ်‌လော။

    [21] ထို့ပြင် ငါအရှင်မြတ်သည် ထို‌ရေကို လုံခြုံသည့်‌နေရာ(သားအိမ်ထဲ)တွင်ထားရှိ‌တော်မူခဲ့သည်။

    [22] သတ်မှတ်ထားသည့်အချိန်ထိ။

    [23] ထို့ပြင် ငါအရှင်မြတ်သည် ချိန်ဆစီမံပြုလုပ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ (ငါအရှင်မြတ်သည်) အဘယ်မျှ‌ကောင်းမွန်စွာချိန်ဆစီမံပြုလုပ်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူလိုက်သနည်း။

    [24] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [25] ငါအရှင်မြတ်သည် ‌မြေပထဝီကို စု‌ပေါင်းထားသည့်‌နေရာအဖြစ် ပြုလုပ်‌တော်မူခဲ့သည်မဟုတ်‌လော။

    [26] ရှင်သူများနှင့် ‌သေသူများကို။

    [27] ထို့ပြင် ငါအရှင်မြတ်သည် ထို‌မြေပထဝီတွင် မြင့်မားသည့်‌တောင်များကို စိုက်ထူ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသည့်‌ရေကိုတိုက်‌ကျွေး‌တော်မူသည်။

    [28] ထို‌နေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [29] အသင်တို့သည်မဟုတ်မမှန်ဟု မိမိတို့စွပ်စွဲငြင်းပယ်ခဲ့ကြ‌သော (ပြစ်ဒဏ်)‌နေရာကို‌လျှောက်သွားကြပါ။

    [30] အသင်တို့သည် အကိုင်းသုံးကိုင်းခွဲထွက်‌သော အရိပ်ထံသို့ ‌လျှောက်သွားကြပါ။

    [31] (ထိုအရိပ်သည်) သက်သာမှုလည်းရှိမည်မဟုတ်‌ပေ။ မီး‌တောက်မီးလျှံမှ ကာကွယ်မည်လည်းမဟုတ်‌ပေ။

    [32] အမှန်စင်စစ် ထိုမီးသည် အ‌ဆောက်အအုံကြီးများကဲ့သို့ မီး‌တောက်မီးလျှံကြီးများ လွင့်စင်ထွက်‌စေလိမ့်မည်။

    [33] ထို မီး‌တောက်မီးလျှံများသည် အဝါ‌ရောင်ကုလားအုတ်များကဲ့သို့ ဖြစ်ကြမည်။

    [34] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [35] ဤ‌နေ့သည်သူတို့ စကားမ‌ပြောနိုင်သည့်‌နေ့ပင်ဖြစ်သည်။

    [36] သူတို့သည် အ‌ကြောင်းပြဆင်‌ခြေ‌ပေးနိုင်ရန် ခွင့်ပြုခံကြရမည်မဟုတ်‌ပေ။

    [37] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [38] ဤသည် စီရင်ဆုံးဖြတ်မည့်‌နေ့ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အသင်တို့နှင့် ‌ရှေးယခင်ကသူများကို စုရုံး‌တော်မူလိုက်ပြီဖြစ်သည်။

    [39] သို့ဖြစ်ရာ အကယ်၍ အသင်တို့တွင် အကြံအစည်တစ်စုံတစ်ခု ###၃ ရှိလျှင် ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်ပြီး ကြံစည်ကြပါ။

    [40] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [41] အမှန်စင်စစ် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည်အရိပ်များနှင့် စမ်း‌ချောင်းများတွင်။

    [42] သူတို့ လိုလား‌သော သစ်သီးဝလံများတွင် ရှိ‌နေကြမည်။

    [43] (သူတို့သည် ‌ပြောဆိုခြင်းခံကြရမည်) အသင်တို့သည်အသင်တို့ ပြုလုပ်ခဲ့ကြသည်များ‌ကြောင့် မြိန်‌ရေယှက်‌ရေ စား‌သောက်ကြပါ။

    [44] အမှန်စင်စစ် ငါအရှင်မြတ်သည် ‌ကောင်းကျိုးပြုလုပ်သူများကို ဤသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။

    [45] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [46] အသင်တို့သည် (ဤဘဝတွင် အချိန်)အနည်းငယ်ပင် စားသုံးခြင်းနှင့် အကျိုးခံစားခြင်းကို ပြုလုပ်ကြပါ။ ###၄ အမှန်စင်စစ် အသင်တို့သည် အပြစ်ရှိသူများပင်ဖြစ်ကြသည်။

    [47] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [48] ထို့ပြင် သူတို့အား “အသင်တို့သည်ရုကူအ် ဩတ်ကိုင်းကြပါ”ဟုအမိန့်‌ပေး‌တော်မူသည့်အခါ သူတို့သည် ရုကူအ်ညွတ်ကိုင်းခြင်းမပြုကြ‌ပေ။

    [49] ထို‌နေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။

    [50] သို့ဖြစ်ရာ သူတို့သည် ကုရ်အာန် ကျမ်း‌တော်မြတ်(ကျ‌ရောက်ခဲ့ပြီးသည့်)‌နောက်တွင် မည်သည့် စကားကို ယုံကြည်ကြဦးမည်နည်း။ ###၅

    Surah 78
    သတင်း

    [1] သူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍‌မေးမြန်း‌နေကြသနည်း။

    [2] သူတို့သည် ကြီးကျယ်‌သော (ကိယာမသ်)အ‌ကြောင်းသတင်းနှင့် ပတ်သက်၍(‌မေးမြန်း‌နေကြခြင်းဖြစ်သည်)။

    [3] သူတို့သည် ထိုအ‌ကြောင်းသတင်းနှင့် ပတ်သက်၍ ကွဲလွဲ‌နေသူများဖြစ်ကြသည်။

    [4] (သူတို့သည် ကိယာမသ်ဖြစ်မည်မဟုတ်‌ပေဟု ထင်မှတ်‌နေကြသည်။ ထိုသို့) လုံးဝမဟုတ်‌ပေ၊ သူတို့သည် မကြာမီ(ကိယာမသ် ‌ရောက်လာသည်ကို) သိရှိကြရမည်။ ###၁

    [5] ထို့‌နောက် (သူတို့သည် ကိယာမသ် ဖြစ်မည်မဟုတ်‌ပေဟု ထင်မှတ်‌နေကြသည်။ ထိုသို့) လုံးဝမဟုတ်‌ပေ၊ သူတို့သည် မကြာမီ(ကိယာမသ်‌ရောက်လာသည်ကို) သိရှိကြရမည်။

    [6] (ငါအရှင်မြတ်သည် အရှင်မြတ်၏တန်ခိုး‌တော်နှင့် အ‌မြောက်အမြားလုပ်ခဲ့ပြီဖြစ်သည်။ ကိယာမသ်မလုပ်နိုင်ရန်မည်သည့်အ‌ကြောင်းရှိမည်နည်း။)ငါအရှင်မြတ်ပင် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်မဟုတ်‌လော။

    [7] ထို့ပြင် (ငါအရှင်မြတ်ပင် ထို‌မြေပထဝီကို တည်ငြိမ်‌နေရန်) ‌တောင်များကို သပ်များငုတ်များအဖြစ်(စိုက်ထူခဲ့သည်မဟုတ်‌လော)။

    [8] ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့အား (ဖို၊ မ)စုံလိုက်ဖန်ဆင်း‌တော်မူခဲ့သည် (မဟုတ်‌လော)။

    [9] ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့၏ အိပ်စက်ခြင်းကို (အသင်တို့အတွက်)အပန်း‌ဖြေအနားယူမှုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [10] ထို့ပြင် ငါအရှင်မြတ်ပင် ညကို ဖုံးအုပ်‌သော အရာအဖြစ်ပြုလုပ်‌တော်မူခဲ့သည် (မဟုတ်‌လော)။

    [11] ထို့ပြင် ငါအရှင်မြတ်ပင် ‌နေ့ကို အသက်‌မွေးဝမ်း‌ကျောင်းပြုရန် အချိန်ပြုလုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [12] ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့အ‌ပေါ်တွင် အလွန်ခိုင်ခံ့‌သော မိုးခုနစ်ထပ်ကို ‌ဆောက်လုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [13] ထို့ပြင် ငါအရှင်မြတ်ပင် (ထို မိုး‌ကောင်းကင်တွင်) လင်းဝင်း‌တောက်ပ‌သော မီးတိုင်တစ်ခုကို ဖန်ဆင်း‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [14] ထို့ပြင် ငါအရှင်မြတ်ပင် ညှစ်ထုတ်သည့်တိမ်များမှ (မိုး)‌ရေကို သည်းထန်စွာဖြင့် ရွာသွန်း‌စေ‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [15] (ထိုသို့ ရွာသွန်း‌စေ‌တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုး‌ရေဖြင့် ‌ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို ‌ပေါက်‌ရောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်(မဟုတ်‌လော)။

    [16] ထို့ပြင် ထူထပ်‌သောဥယျာဉ်များ(‌ပေါက်‌ရောက်‌စေ‌တော်မူရန်အတွက်လည်း)ဖြစ်သည် (မဟုတ်‌လော)။

    [17] အမှန်စင်စစ်စီရင်ဆုံးဖြတ်မည့်‌နေ့သည် သတ်မှတ်ပြီးသည့်အချိန်ကာလတစ်ခုပင်ဖြစ်သည်။

    [18] ထို‌နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရသည့်အခါ အသင်တို့သည် အုုပ်စုလိုက်အုပ်စုလိုက်လာကြမည်။

    [19] ထို့ပြင် (ထို‌နေ့တွင်) မိုး‌ကောင်းကင်သည် ပွင့်သွားပြီး ထိုမိုး‌ကောင်းကင်သည် တံခါးများပင် ဖြစ်သွားကြမည်။

    [20] ထို့ပြင်(ထို‌နေ့တွင်) ‌တောင်များသည် ‌ရွေ့လျား‌စေခြင်းခံကြရပြီး ထို‌တောင်များသည် သဲ(‌သောင်ပြင်တွင်‌တွေ့ရ‌သော တံလျှပ်ကဲ့သို့)ဖြစ်သွားကြမည်။

    [21] အမှန်စင်စစ် ဂျဟန္နမ် ငရဲသည် (အပြစ်ကျူးလွန်သူများအတွက်) ‌ချောင်း‌မြောင်းရာဌာန ဖြစ်သည်။

    [22] အလွန်ဆိုးသွမ်း ကျူးလွန်သူများ၏ ပြန်လည်ရာစခန်း ဖြစ်သည်။

    [23] (သူတို့သည်)ထိုအထဲတွင် အဆုံးမရှိ‌သော ကာလထိ‌နေကြရမည်။

    [24] သူတို့သည် ထိုအထဲတွင် မည်သည့်အ‌အေးကိုမျှ မြည်းစမ်းကြရမည် မဟုတ်‌ပေ။ ထို့ပြင် မည်သည့်‌သောက်သုံးစရာကိုမျှလည်း မြည်းစမ်းကြရမည်မဟုတ်‌ပေ။

    [25] သို့ရာတွင် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူနှင့် ပြည်ပုပ်ကိုပင် (မြည်းစမ်းကြရမည်ဖြစ်သည်)။

    [26] (သူတို့၏ မ‌ကောင်းမှုလုပ်ရပ်များနှင့်)ကိုက်ညီ‌သော အစား‌ပေးခြင်းပင်ဖြစ်သည်။

    [27] အမှန်စင်စစ် သူတို့သည် မည်သည့်စစ်‌ဆေးမှုကိုမျှ ‌မျှော်လင့်စိုးရိမ်ခဲ့ကြသည်မဟုတ်‌ပေ။

    [28] ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ဇွတ်‌ပေငြင်းခဲ့ကြသည်။

    [29] ထို့ပြင် ငါအရှင်မြတ်သည် အရာရာတိုင်းကို ‌ရေးသားပြီး အ‌သေအချာ ‌ရေတွက်မှတ်သားထား‌တော်မူခဲ့သည်။

    [30] သို့ဖြစ်ရာ အသင်တို့သည် (ပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းကြပါ။ ထို့ပြင် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှလွဲ၍ အသင်တို့အ‌ပေါ် မည်သည့်အရာမျှ ပိုမိုပြုလုပ်‌တော်မူမည်မဟုတ်‌ပေ(ဟု မိန့်ကြား‌တော်မူမည်)။

    [31] အမှန်စင်စစ် မုသ်သကီ ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် ‌အောင်မြင်မှုရှိသည်။

    [32] ဥယျာဉ်များနှင့် စပျစ်သီးများ(ရှိကြမည်)။

    [33] ထို့ပြင် ရင်သားများမို့‌မောက်‌နေ‌သော သက်တူရွယ်တူ မိန်းမပျိုများ၊ ###၂

    [34] (အရက်နှင့်)ပြည့်လျှံ‌နေသည့်ခွက်များ၊ (ရှိကြမည်)။

    [35] သူတို့သည် ထိုအထဲတွင် မည်သည့်အလဟဿစကားနှင့် မည်သည့်မုသားစကားကိုမျှ ကြားကြရမည်မဟုတ်‌ပေ။

    [36] (ဤသည်) အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ လုံ‌လောက်စွာ ‌ပေးသနား‌တော်မူ‌သော အကျိုးဆုလာဘ်ပင် ဖြစ်သည်။

    [37] (ထိုအရှင်မြတ်သည်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင်ရှိသမျှကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ဖြစ်‌တော်မူသည်။ မည်သူမျှ ထိုအရှင်မြတ်နှင့်စကား‌ပြော‌ရေးဆိုခွင့်ရှိမည်မဟုတ်‌ပေ။

    [38] ထို‌နေ့တွင် သက်ရှိအားလုံး ###၃ နှင့် ‌ကောင်းကင်တမန်အားလုံးသည် (အရှင်မြတ်၏‌ရှေ့၌)စီတန်း မတ်တတ်ရပ်ကြမည်။ (ထို‌နေ့တွင် သူတို့ထဲမှ) ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်က ခွင့်ပြု‌တော်မူ‌သော၊ မှန်ကန်စွာ ‌ပြောဆိုမည့်သူမှလွဲ၍ မည်သူမျှ စကား‌ပြောဆိုနိုင်မည်မဟုတ်‌ပေ။

    [39] ထို (ကိယာမသ်‌နေ့)သည် အမှန်စင်စစ် ဆိုက်‌ရောက်မည့်‌နေ့ပင် ဖြစ်သည်။ သို့ဖြစ်ရာ အလိုရှိသည့်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် (သူ့အတွက်) ပြန်လည်ရာဌာန (အသင့်)ပြုလုပ်ထားရမည်ဖြစ်သည်။

    [40] အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ(‌ရောက်လာမည့်)ပြစ်ဒဏ်နှင့်ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်ခဲ့ပြီဖြစ်သည်။ ထို‌နေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဖက် နှင့်ကြိုတင်ပို့ထားခဲ့‌သော လုပ်ရပ်များကို ‌တွေ့မြင်ကြရမည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက “‌ဪ-ငါသည် ‌မြေကြီးဖြစ်ခဲ့လျှင် ‌ကောင်း‌လေစွ”ဟု ‌ပြောဆိုလိမ့်မည်။

    Surah 79
    ဆွဲထုတ်သူများ

    [1] (ကာဖိရ်များ၏ အသက်ဝိညာဉ်များကို) အပြင်းအထန်ဆွဲငင်ထုတ်နှုတ်ယူကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [2] (အီမာန် ယုံကြည်သူများ၏ အသက်ဝိညာဉ်များကို) အထုံးအဖွဲ့‌ဖြေ‌ပေးပြီး ညင်သာစွာ နှုတ်ယူကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် အမြန်ကူးခတ်သွားကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင်သူ့ထက် ငါအလျင်‌ပြေးကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [5] ထို့ပြင် အ‌ရေးကိစ္စများကို စီမံ‌နေရာချကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။

    [6] ထို‌နေ့တွင် တုန်လှုပ်‌စေ‌သောအရာ(ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း)သည် တုန်လှုပ်‌စေမည်ဖြစ်သည်။

    [7] ‌နောက်ကလိုက်‌သောအရာ(ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်း)သည် ထို(ပထမအကြိမ် တုန်လှုပ်‌စေ‌သော)အရာ‌နောက်မှ လိုက်လာမည်ဖြစ်သည်။

    [8] ထို‌နေ့တွင် စိတ်နှလုံးအ‌မြောက်အမြားသည် တုန်လှုပ်‌ချောက်ချား‌နေကြမည်။

    [9] ထိုသူများ၏ မျက်စိများသည် ‌အောက်သို့ စိုက်ကျ‌နေကြမည်။

    [10] သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် မူလအ‌ခြေအ‌နေကို တစ်ဖန်ပြန်ပြီး အမှန်ပင်‌ရောက်ကြမည်‌လော”။

    [11] “ကျွန်ုပ်တို့သည် ‌ဆွေးမြည့်သည့်အရိုးများပင်ကျန်ရှိသည့်အခါ (နဂိုအတိုင်း ပြန်ရှင်ကြရဦးမည်)‌လော။”

    [12] “ထိုသို့ဆိုလျှင်မူ ထို(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အတွက်) ဆုံးရှုံး‌သော ရှင်ပြန်ထခြင်းပင် ဖြစ်‌တော့မည်ပင်” ဟု ‌ပြောဆိုကြသည်။

    [13] ထို့ပြင် ထိုအရာသည် ပြင်းထန်‌သော တံပိုးမှုတ်သံတစ်ခုပင် ဖြစ်မည်။

    [14] ထိုအခါ လူသားအားလုံးသည် ‌မြေမျက်နှာပြင်‌ပေါ်သို့ ရုတ်တရက် ‌ရောက်ရှိလာကြမည်ဖြစ်သည်။ ###၁

    [15] အသင်၏ထံသို့ (တမန်‌တော်)မူစာ အ‌ကြောင်း ‌ရောက်လာခဲ့ပြီ‌လော။

    [16] တစ်ခါက(တမန်‌တော်)မူစာအား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်က ၎င်းကို သွုဝါဟူသည့် ထွတ်မြတ်‌သော ‌တောင်ကြားအရပ်တွင် ဟစ်‌ခေါ်ခဲ့သည်။

    [17] အသင်သည် ဖိရ်‌အောင်န်ထံသို့ သွားပါ။ အမှန်စင်စစ် သူသည် အလွန်ဆိုးသွမ်း‌သောင်းကျန်း(ရက်စက်ကြမ်းကြုတ်)‌နေပြီဖြစ်သည်။

    [18] ထို့‌နောက် (အို-တမန်‌တော်)အသင် ‌ပြောလိုက်ပါ- (အို-ဖိရ်‌အောင်န် )၊ အသင့်တွင် အသင် သန့်ရှင်းစင်ကြယ် အပြစ်ကင်းရန်အတွက်နှင့်၊

    [19] ကျွန်ုပ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ အသင့်အား လမ်းညွှန်‌ပေးရန်အတွက် ဆန္ဒရှိသ‌လော။ သို့ဖြစ်လျှင် အသင်သည် (အရှင်မြတ်အား)‌ကြောက်ရွံ့‌လေးစားသူဖြစ်လာမည်။

    [20] ထို့ပြင် ၎င်းသည်ဖိရ်‌အောင်န်ကို အကြီးကျယ်ဆုံး သက်‌သေလက္ခဏာ တန်ခိုး‌တော်ကို ပြသခဲ့သည်။

    [21] ထို့‌နောက်လည်း သူသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည့်အပြင် (၎င်း၏ မိန့်ကြားချက်များကိုလည်း)ဖီဆန်ခဲ့သည်။

    [22] ထို့‌နောက် သူသည် ‌ကျောခိုင်းပြီး (ဆူပူ‌သောင်းကျန်းရန်)ကြိုးပမ်း‌တော့သည်။

    [23] ၎င်းပြင် ထိုဖိရ်‌အောင်န်သည် (တိုင်းသူပြည်သားများအား)စုရုံးပြီးဟစ်‌အော်(‌ကြေညာ)ခဲ့သည်။

    [24] “ငါပင် အသင်တို့၏ အကြီးဆုံးအရှင်ဖြစ်သည်” ဟု ‌ပြောဆိုခဲ့သည်။

    [25] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူ့အား တမလွန်ဘဝ၏ပြစ်ဒဏ်နှင့် ဤဘဝ၏ပြစ်ဒဏ်ကို အ‌ရေးယူကွပ်မျက်‌တော်မူခဲ့သည်။ ###၂

    [26] အမှန်စင်စစ် ထိုအထဲတွင် (အရှင်မြတ်ကို)‌ကြောက်ရွံ့ ရို‌သေသူများအတွက် သင်ခန်းစာရယူစရာအမှန်ပင်ရှိသည်။

    [27] အသင်တို့အား ဖန်ဆင်း‌တော်မူခြင်းသည် ပိုခက်သ‌လော၊ သို့မဟုတ်မိုး‌ကောင်းကင်ကို ဖန်ဆင်းခြင်းသည်ပိုခက်သ‌လော။ အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်ကို ပြုလုပ်(ဖန်ဆင်း)‌တော်မူခဲ့သည်။

    [28] အရှင်မြတ်သည် ထို မိုး‌ကောင်းကင်၏မျက်နှာကြက်ကို မြင့်မားစွာ ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ထိုမိုး‌ကောင်းကင်ကို အပြစ်အနာအဆာ ကင်းမဲ့‌အောင် ‌နေသားတကျပြုလုပ်‌တော်မူခဲ့သည်။

    [29] ထို့ပြင် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်၏ညကို‌မှောင်မိုက်‌စေ‌တော်မူခဲ့ပြီး သူ၏‌နေ့ကိုမူ (လင်းဝင်း)ထင်ရှား‌စေ‌တော်မူခဲ့သည်။

    [30] ထို့ပြင် အရှင်မြတ်သည်ထို့‌နောက်တွင် ‌မြေပထဝီကို ဖြန့်ခင်း‌တော်မူခဲ့သည်။

    [31] အရှင်မြတ်သည် ထို‌မြေပထဝီမှ ‌ရေနှင့်အပင်များကိုထွက်‌စေ‌တော်မူခဲ့သည်။

    [32] ထို့ပြင် အရှင်မြတ်သည်‌တောင်များကို (ထို‌မြေတွင်)‌ကျောက်ဆူး(အဖြစ်)ချထား‌တော်မူသည်။

    [33] အသင်တို့နှင့် အသင်တို့၏ တိရစ္ဆာန်များ၏ အကျိုးအတွက်ဖြစ်သည်။

    [34] ထို့‌နောက် ထိုကြီးကျယ်‌သော ‌ဘေးဒုက္ခကြီးဆိုက်‌ရောက်လာခဲ့သည့်အခါ၊

    [35] ထို‌နေ့တွင် လူသားများသည် သူတို့ပြုလုပ်ခဲ့သမျှကို သတိရကြမည်ဖြစ်သည်။

    [36] ထို့ပြင် ဂျဟန္နမ်ငရဲသည် ကြည့်ရှုသည့်သူများ၏‌ရှေ့၌ ထင်ရှားစွာ‌ပေါ်လာ‌စေခြင်းခံရမည်။

    [37] ထို့ပြင် အကြင်သူသည် အလွန်‌သွေဖည်ခဲ့သည်။

    [38] ထို့ပြင် သူသည် ‌လောကီဘဝကို ဦးစား‌ပေးခဲ့သည်။

    [39] သို့ဖြစ်ရာ အမှန်စင်စစ် ဂျဟန္နမ် ငရဲမီးသည် (သူ့အတွက်)ခိုကိုးရာဌာန ဖြစ်လိမ့်မည်။

    [40] ထို့ပြင် အကြင်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့တွင် မတ်တတ်ရပ် (ပြီးအစစ်‌ဆေးခံ)ရမည်ကို ‌ကြောက်ရွံ့စိုးရိမ်ခဲ့သည်။ ထို့ပြင် သူသည်စိတ်ကိုလည်း (မ‌ကောင်းသည့်)အလိုဆန္ဒများမှတားမြစ်ခဲ့သည်။

    [41] သို့ဖြစ်ရာ အမှန်စင်စစ် ဂျန္နသ်သုခဘုံသည် (သူ၏)ခိုကိုးရာ‌နေရာဖြစ်လိမ့်မည်။

    [42] သူတို့သည် အသင့်အားကိယာမသ်‌နေ့နှင့် ပတ်သက်၍ ထို‌နေ့သည် မည်သည့်အခါ ဆိုက်‌ရောက်မည်နည်းဟု ‌မေးမြန်းကြသည်။

    [43] ထို‌နေ့ကို ထုတ်‌ဖော်‌ပြောပြရန်အသင်နှင့် မည်သို့ပတ်သက်သနည်း။

    [44] ထို‌နေ့၏ ဆုံးခန်းတိုင်ခြင်း(အသိ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာဖြစ်သည်။

    [45] အသင်သည် ထိုကိယာမသ်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်သည့်သူများကို သတိ‌ပေးနှိုး‌ဆော်သူသာဖြစ်သည်။

    [46] သူတို့သည်ထို ကိယာမသ်ကို‌တွေ့မြင်ကြသည့်‌နေ့တွင် သူတို့သည် (‌လောကတွင်)တစ်ည‌နေမျှ၊ သို့မဟုတ် ထို ည‌နေ၏ တစ်နံနက်ခင်းမျှသာ ‌နေထိုင်ခဲ့ကြသကဲ့သို့ ထင်မှတ်ကြလိမ့်မည်။

    Surah 80
    မျက်မှောင်ကြုတ်တော်မူသောအရှင်

    [1] ၎င်း(တမန်‌တော် )သည် မျက်‌မှောင်ကြုတ်ခဲ့သည့်အပြင် မျက်နှာလည်း လွှဲခဲ့သည်။

    [2] ၎င်း၏ထံသို့ မျက်မမြင်ဝင်‌ရောက်လာသည့်အတွက်‌ကြောင့် ဖြစ်သည်။

    [3] အသင်သိပါ၏‌လော၊ ထိုမျက်မမြင်သည် စင်ကြယ်သန့်ရှင်းသူ ဖြစ်‌ကောင်းဖြစ်သွားနိုင်သည်။

    [4] သို့မဟုတ် သူသည် တရားရသွားနိုင်သည်။ ထို့‌နောက် ဆုံးမဩဝါဒသည် သူ့အား အကျိုးဖြစ်ထွန်း‌စေနိုင်မည်။

    [5] မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် ဂရုမစိုက်ဘဲ လျစ်လျူရှု‌နေခဲ့သည်။

    [6] ထို့‌နောက်လည်း အသင်သည် ထိုသူ့ကိုမူ ဂရုစိုက်အ‌ရေး‌ပေး‌နေသည်။

    [7] ထိုသူ မစင်ကြယ်သည့်အတွက် အသင်၏အ‌ပေါ်တွင်လည်း တာဝန်မရှိပါဘဲလျက်။

    [8] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် အသင့်ထံသို့ ‌ပြေးလွှားလျက်‌ရောက်လာခဲ့သည်။

    [9] ထိုသူသည် (အရှင်မြတ်ကို)‌ကြောက်ရွံ့‌လေးစားသူလည်းဖြစ်လျက်။

    [10] ထိုသို့ဖြစ်ပါလျက်နှင့် အသင်သည်ထိုသူ့ကိုမူ အ‌ရေးမ‌ပေးဘဲ လျစ်လျူရှုခဲ့သည်။ ###၁

    [11] (အသင်သည် ) ဤသို့လုံးဝမလုပ်ပါနှင့်၊ ဤ(စူရဟ်ကဏ္ဍ)သည် ဆုံးမဩဝါဒပင်ဖြစ်သည်။

    [12] ထို့‌နောက် အလိုရှိသူသည် ထိုဆုံးမဩဝါဒကို ‌လေ့လာကျက်မှတ်လိမ့်မည်။

    [13] (ထိုဆုံးမဩဝါဒသည်) ဂုဏ်ကျက်သ‌ရေရှိ‌သော စာရွက်များ‌ပေါ်တွင် (‌ရေးထားခြင်း)ဖြစ်သည်။

    [14] မြင့်မြတ်‌သော ၊ စင်ကြယ်‌သော (စာရွက်များ) ဖြစ်သည်။

    [15] (ထိုစာရွက်များသည်) ‌ရေးသားကြ‌သော ‌ကောင်းကင်တမန်များ၏ လက်ထဲတွင် ရှိကြသည်။

    [16] (သူတို့သည်) ဂုဏ်ရှိ‌သောသူ၊ မြင့်မြတ်‌သောသူ(‌ကောင်းကင်တမန်)များဖြစ်ကြသည်။

    [17] လူသားသည် ပျက်စီးပါ‌စေ၊ သူသည် အဘယ်မျှ ‌ကျေးဇူးကန်းလိုက်သနည်း။

    [18] အရှင်မြတ်သည် သူ့အား မည်သည့်အရာမှ ဖန်ဆင်း‌တော်မူခဲ့သနည်း။

    [19] သုက်ရည်တစ်စက်မှ ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူ့အားစနစ်တကျချိန်ဆစီမံပြုလုပ်‌တော်မူသည်။

    [20] ထို့‌နောက် အရှင်မြတ်သည် သူ့အတွက်လမ်းကို လွယ်ကူ‌စေ‌တော်မူခဲ့သည်။

    [21] ထို့‌နောက် အရှင်မြတ်သည် သူ့ကို ‌သေဆုံး‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် သူ့ကို သချုႋင်းထဲသို့ မြှုပ်နှံ‌စေ‌တော်မူသည်။

    [22] ထို့‌နောက် အရှင်မြတ်သည် အလိုရှိ‌တော်မူသည့်အခါ သူ့ကို ရှင်ပြန်ထ‌စေ‌တော်မူမည်။

    [23] (ကာဖိရ် များ ‌ပြောကြသကဲ့သို့) လုံးဝမဟုတ်‌ပေ၊ လူသားသည် သူ့ကို အရှင်မြတ်က အမိန့်‌ပေး‌တော်မူသည်များကို ‌ကျေပွန်‌အောင် မထမ်း‌ဆောင်ရ‌သေး‌ပေ။ ###၁

    [24] ထို့ပြင် လူသားသည် သူ့အစားအစာကိုကြည့်ရှု စဉ်းစားသင့်သည်။

    [25] အမှန်စင်စစ် ငါအရှင်မြတ်သည် (မိုး)‌ရေကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။

    [26] ထို့ပြင် ငါအရှင်မြတ်သည်‌မြေပထဝီကို (အံ့ဩဖွယ်ရာကဲ့သို့)ခွဲ‌တော်မူခဲ့သည်။

    [27] ထို့ပြင် ငါအရှင်မြတ်သည် ထို ‌မြေပထဝီတွင် ‌ကောက်ပဲသီးနှံကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [28] စပျစ်ပင်၊ စိမ်းစို‌သောဟင်းသီးဟင်းရွက်ပင်၊

    [29] သံလွင်ပင်၊ စွန်ပလွံပင်၊

    [30] ထူထပ်‌သောဥယျာဉ်များ၊

    [31] သစ်သီးဝလံများ၊ ကျွဲနွားတိရစ္ဆာန်များ၏အစားအစာများ (ကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်)။

    [32] အသင်တို့နှင့် အသင်တို့၏ တိရစာဩန်များ၏ အကျိုးအတွက် ဖြစ်သည်။

    [33] ထို့‌နောက် နားပင်း‌စေသည့်အသံသည် (ထွက်‌ပေါ်)လာသည့်အခါ၊

    [34] ထို‌နေ့တွင် လူသားသည် ထွက်‌ပြေး(တိမ်း‌ရှောင်)မည်၊ သူ၏ညီအစ်ကိုထံမှလည်း‌ကောင်း၊

    [35] သူ၏ မိခင်နှင့် ဖခင်ထံမှလည်း‌ကောင်း၊

    [36] သူ၏ ဇနီးကြင်ရာထံမှလည်း‌ကောင်း၊ သူ၏ သားသမီးများထံမှလည်း‌ကောင်း၊ (ထွက်‌ပြေးတိမ်း‌ရှောင်‌နေလိမ့်မည်)။

    [37] ထို‌နေ့တွင် လူတိုင်း၌ (အခြားမည်သည့်အရာကိုမျှ)ဂရုမစိုက်ဘဲ လုံးပန်း‌နေ‌စေမည့် အ‌ရေးကိစ္စတစ်ခုစီရှိ‌နေမည်ဖြစ်သည်။

    [38] ထို‌နေ့တွင် မျက်နှာအ‌မြောက်အမြားသည် လင်းဝင်း‌တောက်ပ‌နေကြလိမ့်မည်။

    [39] ရယ်‌မောရွှင်မြူး‌နေကြမည်။

    [40] ထို့ပြင် ထို‌နေ့၌ မျက်နှာအ‌မြောက်အမြား၏ အ‌ပေါ်များတွင်မူ မြူမှုန်များရှိ‌နေမည်။

    [41] ထိုမျက်နှာများ‌ပေါ်တွင် အ‌မှောင်သည် ဖုံးလွှမ်း‌နေမည်။

    [42] ထိုသူများပင် ကာဖိရ်များ၊ ဆိုးသွမ်းသူများ ဖြစ်ကြသည်။

    Surah 81
    မှောက်လှန်ခြင်း

    [1] ‌နေသည် ‌ခေါက်လိပ်ခြင်းကို ခံရသည့်အခါ၊ (အလင်း‌ရောင်မဲ့သွားသည့်အခါ)၊

    [2] ထို့ပြင် ကြယ်များ ‌ကြွေကျကြသည့်အခါ၊

    [3] ထို့ပြင် ‌တောင်များသည် ‌ရွေ့လျား‌စေခြင်းကို ခံကြရသည့်အခါ၊

    [4] ထို့ပြင် ဆယ်လ‌စေ့‌နေ‌သော ကိုယ်ဝန်‌ဆောင် ကုလားအုတ်မများသည် (‌ကျောင်းသူမဲ့)စွန့်လွှတ်ထားခြင်းကိုခံကြရသည့်အခါ၊

    [5] ထို့ပြင် ‌တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသည့်အခါ၊

    [6] ထို့ပြင် ပင်လယ်များသည်ဆူပွက်‌ခြောက်ခန်း‌စေခြင်းကို ခံကြရသည့်အခါ၊

    [7] ထို့ပြင် အသက်ဝိညာဉ်များသည် စုံဖက်စု‌ပေါင်း‌စေခြင်းကို ခံကြရသည့်အခါ၊

    [8] ထို့ပြင် အရှင်လတ်လတ်မြှုပ်နှံခြင်းကိုခံခဲ့ရ‌သော သမီးမိန်းက‌လေးသည် ‌မေးမြန်းခြင်းကို ခံရသည့်အခါ၊

    [9] မည်သည့်အပြစ်‌ကြောင့် အသတ်ခံခဲ့ရသနည်း(ဟူ၍)၊

    [10] ထို့ပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသည့်အခါ၊

    [11] ထို့ပြင် မိုး‌ကောင်းကင်သည် ဖယ်ရှားခြင်းကို ခံရသည့်အခါ၊ (အဖွင့်ခံရသည့်အခါ)၊

    [12] ထို့ပြင် ဂျဟန္နမ်ငရဲသည် မီး‌မွှေးခြင်းကို ခံရသည့်အခါ၊

    [13] ထို့ပြင် ဂျန္နသ်သုခဘုံသည် အနီးသို့ယူ‌ဆောင်လာခြင်းကိုခံရသည့်အခါ၊

    [14] လူတိုင်းသည် သူတို့ယူ‌ဆောင်လာခဲ့ကြသည့်အရာ(‌ကောင်းမှု၊ မ‌ကောင်းမှု)များကိုသိသွားကြလိမ့်မည်။

    [15] ထို့ပြင် ငါအရှင်မြတ်သည် အကြင်‌နောက်ဆုတ်တတ်‌သောကြယ်များကို သက်‌သေထူ‌တော်မူသည်။

    [16] ထိုကြယ်များသည် ‌ဖြောင့်မတ်စွာသွားတတ်‌သော ကွယ်‌ပျောက်သွားတတ်‌သောကြယ်များဖြစ်ကြသည်။

    [17] ထို့ပြင် ညကို သက်‌သေထူ‌တော်မူသည်။ ထိုညသည် ‌ရောက်လာခဲ့သည့်အခါ။

    [18] ထို့ပြင် နံနက်ကို သက်‌သေထူ‌တော်မူသည်။ ထိုနံနက်သည်လင်းလာခဲ့သည့်အခါ။

    [19] အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မြင့်မြတ်‌သော ‌စေတမန်တစ်ပါး၏ (ယူ‌ဆောင်မှုနှင့်‌ရောက်လာ‌သော အရှင်မြတ်၏ )စကား‌တော်ဖြစ်သည်။

    [20] (ထို‌စေတမန်သည်) အင်အားကြီးမားသူ၊ အရ်ရှ်ပလ်္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ဂုဏ်ရှိသူဖြစ်သည်။

    [21] ထို(မိုး‌ကောင်းကင်များ)တွင် ဩဇာ‌ညောင်းသူ၊ ယုံကြည်စိတ်ချရသူ (လည်းဖြစ်သည်)။ ###၁

    [22] ထို့ပြင် အသင်တို့၏ (ဤ)အ‌ဖော်သည်လည်း ရူးသွပ်သူမဟုတ်‌ပေ။

    [23] ထို့ပြင် အမှန်စင်စစ် ထို အသင်တို့၏အ‌ဖော်သည် ရှင်းလင်း‌သော မိုးကုပ်စက်ဝိုင်း၌ ထို‌စေတမန်ကို ‌တွေ့မြင်ခဲ့ဖူးသည်။

    [24] ထို့ပြင် ထိုအသင်တို့၏အ‌ဖော်သည် အကွယ်မှအရာများ(ထဲမှ အရှင်မြတ်အသိ‌ပေးသည့်အရာများ)နှင့်ပတ်သက်၍ ‌စေးနှဲတွန့်တိုသူလည်း မဟုတ်‌ပေ။ ###၂

    [25] ထို့ပြင် ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မည်သည့်နှင်ထုတ်ခြင်းခံရ‌သော ရှိုင်သွာန်၏ ‌ပြောဆိုချက်မျှ မဟုတ်‌ပေ။

    [26] ထို့‌နောက် အသင်တို့သည်အဘယ်သို့ သွား‌နေကြသနည်း။

    [27] ထို(ကုရ်အာန် )သည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒပင် ဖြစ်သည်။

    [28] (အထူးသဖြင့်)အသင်တို့ထဲမှ ‌ဖြောင့်မတ်စွာ သွားလိုသည့်သူများအတွက်ဖြစ်သည်။

    [29] ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ်္လာဟ် အရှင်မြတ်အလိုရှိ‌တော်မူမှပင် အသင်တို့သည် အလိုရှိနိုင်ကြမည်ဖြစ်သည်။

    Surah 82
    ကွဲထွက်ခြင်း

    [1] မိုး‌ကောင်းကင်သည် အက်ကွဲစုတ်ပြဲသည့်အခါ၊

    [2] ထို့ပြင် ကြယ်များသည် ‌ကြွေကျကြသည့်အခါ၊

    [3] ထို့ပြင် ပင်လယ်များသည် ဆူပွက်စီးထွက်‌စေခြင်းကိုခံကြရသည့်အခါ၊

    [4] ထို့ပြင် သချုႋင်းများသည် အထက်‌အောက်‌မှောက်လှန် ဖရိုဖရဲ ဖြစ်‌စေခြင်းကို ခံကြရသည့်အခါ၊

    [5] လူတိုင်းသည် သူတို့ ကြိုတင်ပို့ခဲ့ကြသည်များနှင့် သူတို့ ‌နောက်တွင် ချန်ခဲ့ကြသည်များကို သိသွားခဲ့ကြမည်။

    [6] အို-လူသား၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ‌ကျေးဇူးရှင်နှင့် ပတ်သက်၍ မည်သည့်အရာက အသင့်အား လှည့်စားခဲ့သနည်း။

    [7] ထိုအရှင်သည် အသင့်အား ဖန်ဆင်း‌တော်မူခဲ့သည့်အပြင် အသင့်အား ပုံစံတကျ ဖြစ်‌အောင်လည်း ပြုပြင်‌တော်မူခဲ့သည်။ ထို့ပြင် အသင့်အား အချိုးအစားကျ‌အောင်လည်းစီမံ‌တော်မူခဲ့သည်။

    [8] အရှင်မြတ် အလိုရှိ‌တော်မူ‌သော ပုံသဏ္ဍာန်တွင် အသင့်အား စီစဉ်ပြုလုပ်‌တော်မူခဲ့သည်။

    [9] (မည်သည့် အ‌ကြောင်းမျှ)လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် အစား‌ပေး(စာရင်းစစ်‌ဆေးခြင်း) ကိုပင် မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ကြခြင်းဖြစ်သည်။

    [10] ထို့ပြင် အမှန်စင်စစ် အသင်တို့ အ‌ပေါ်တွင် ကိုယ်‌စောင့်များရှိကြသည်။

    [11] မြင့်မြတ်သူများဖြစ်ပြီး ‌ရေးမှတ်သူများ ဖြစ်ကြသည်။

    [12] သူတို့သည် အသင်တို့ပြုလုပ်သမျှကို သိရှိကြသည်။

    [13] အမှန်စင်စစ်‌ကောင်းမြတ်သည့် သူများသည် အစဉ်အမြဲသုခဘုံမှာရှိကြမည်။

    [14] ထို့ပြင် ဆိုးသွမ်းသူများသည် အမှန်စင်စစ် ဂျဟန္နမ် ငရဲထဲ၌ပင် ရှိကြမည်။

    [15] သူတို့သည် ၎င်းထဲသို့ အစား‌ပေးမည့်(ကိယာမသ် )‌နေ့တွင်ဝင်ကြရမည်ဖြစ်သည်။

    [16] ထို့ပြင် သူတို့သည် ၎င်းငရဲမှ ခွဲခွာရမည့်သူများ မဟုတ်‌ပေ။

    [17] ထို့ပြင် ‌ကောင်းကျိုးဆိုးကျိုး အစား‌ပေး‌တော်မူမည့်‌နေ့ဆိုသည်မှာ အဘယ်နည်းဟုအသင်(တမန်‌တော်)ကို မည်သည့်အရာက အသိ‌ပေးပါသနည်း။

    [18] ၎င်း‌နောက် ‌ကောင်းကျိုးဆိုးကျိုးအစား‌ပေး‌တော်မူမည့်‌နေ့ဆိုသည်မှာ အဘယ်နည်းဟု အသင်(တမန်‌တော်)ကို မည်သည့်အရာက အသိ‌ပေးပါသနည်း။

    [19] ထို‌နေ့တွင်အသက်ဝိညာဉ်တစ်ခု(လူတစ်ဦး)သည် အခြားအသက်ဝိညာဉ်(လူတစ်ဦး)အတွက် မည်သည့်အရာတစ်ခုမျှ အကျိုးပြုပိုင်ခွင့်မရှိ‌ပေ။၎င်းပြင်ထို‌နေ့တွင် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူမည်ဖြစ်သည်။

    Surah 83
    လိမ်လည်ခြင်း

    [1] အ‌လေး၊ တင်း‌တောင်း၊ ခြင်ခွက်စသည်များတွင် ခိုးပြီး‌လျှော့‌ပေးသည့်သူများသည် ပျက်စီးကြရမည် ဖြစ်သည်။

    [2] အကြင်သူများသည် လူများထံမှ ခြင်တွယ်ပြီးယူကြသည့်အခါတွင်မူ အပြည့်(ခြင်တွယ်ပြီး)ရယူကြသည်။

    [3] ထို့ပြင် သူတို့သည် သူတစ်ပါးအား ခြင်တွယ်‌ပေးသည့်အခါနှင့် ချိန်တွယ်‌ပေးသည့်အခါတွင်မူ ‌လျှော့ပြီး‌ပေးကြသည်။ (အ‌လေးခိုးကြသည်)။

    [4] အမှန်စင်စစ် သူတို့သည် ရှင်ပြန်ထရမည့်သူများဖြစ်သည်ကို သူတို့မယုံကြသ‌လော။

    [5] ကြီးကျယ်သည့်‌နေ့အတွက်။

    [6] ထို‌နေ့တွင်လူအားလုံးသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ ‌ရှေ့၌ရပ်ကြရမည်ဖြစ်သည်။ ###၁

    [7] (ရှင်ပြန်ထရမည်မဟုတ်ဟု ကာဖိရ် များ‌ပြောသကဲ့သို့) လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် မ‌ကောင်းမှုကျူးလွန်သူများ၏ မှတ်တမ်းသည် အမှန်ပင် စိဂျ်ဂျီန်တွင်ရှိသည်။

    [8] စိဂျ်ဂျီန်ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏‌လော။

    [9] (ထိုအရာသည် ) ‌ရေးသားပြီးဖြစ်‌သော မှတ်တမ်းစာအုပ်တစ်အုပ်ပင်ဖြစ်သည်။ ###၂

    [10] ထို‌နေ့တွင် မဟုတ်မမှန်ဟု ငြင်းပယ်ကြသည့်သူများသည် ပျက်စီးကြရမည်။

    [11] ထိုသူများသည် အစား‌ပေးမည့်‌နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။

    [12] ထို့ပြင် ထို‌နေ့ကို ကျူး‌ကျော်သူ၊ အလွန်အပြစ်ကျူးလွန်သူသာမဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။

    [13] သူ၏‌ရှေ့၌ ငါအရှင်မြတ်၏ အာယသ်‌တော်များကို ဖတ်ကြားသည့်အခါ “ဤသည်‌ရှေးလူများ၏ ပုံပြင်များပင် ဖြစ်ကြသည်”ဟု သူက ‌ပြောဆိုသည်။

    [14] (ပုံပြင်) လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့ဆည်းပူး‌နေခဲ့ကြသည့်အရာ(ပြစ်မှု)များသည် သူတို့၏ စိတ်နှလုံးများ‌ပေါ်တွင် ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

    [15] (အရှင်မြတ်အနီးတွင် ‌နေရမည်ဟု ကာဖိရ်များ‌ပြောကြခြင်းသည်)လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် ထို‌နေ့တွင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်(အားဖူး‌မြော်ခြင်း)မှ အမှန်ပင်တားမြစ်(ကာကွယ်)ခြင်းခံကြရမည့်သူများပင်ဖြစ်သည်။

    [16] ထို့‌နောက် အမှန်စင်စစ် သူတို့သည် ငရဲထဲသို့ ဝင်‌ရောက်ကြရမည်။

    [17] ထို့‌နောက် (သူတို့အား) “ဤသည် အသင်တို့က မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြသည့်အရာပင်ဖြစ်သည်”ဟု အ‌ပြောခံကြရမည်။

    [18] (ကာဖိရ်များထင်သကဲ့သို့)လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ်သူ‌တော်‌ကောင်းများ၏ မှတ်တမ်းသည် အိလ္လီယီန် ###၃ တွင်ရှိသည်။

    [19] အိလ္လီယီန်ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏‌လော။

    [20] ထိုအရာသည် ‌ရေးသားပြီးဖြစ်‌သော မှတ်တမ်းစာအုပ် တစ်အုပ်ပင်ဖြစ်သည်။

    [21] ထို မှတ်တမ်းစာအုပ်ကို (အရှင်မြတ်နှင့်)နီးကပ်‌သော ‌ကောင်းကင်တမန်များသည် ကြည့်ရှုကြမည်။

    [22] အမှန်စင်စစ် ‌ကောင်းမြတ်သည့်သူများသည် အမြဲတမ်းသုခတွင် ရှိကြမည်။

    [23] သူတို့သည် မြင့်မား‌သော ထိုင်ခုံများတွင် စံမြန်းပြီး ကြည့်ရှု‌နေကြမည်။

    [24] အသင်(တမန်‌တော်)သည် သူတို့၏ မျက်နှာများတွင် စည်းစိမ်သုခချမ်းသာနှင့် စိုပြည်သည်ကို (မြင်သည့်အခါခွဲခြားပြီး) သိနိုင်မည်။

    [25] သူတို့သည် တံဆိပ်ခတ်ထား‌သော (ကြည်လင်သန့်ရှင်းသည့်)အရက်အစစ် ###၄ ကိုတိုက်‌ကျွေးခြင်း ခံကြရမည်။

    [26] ထိုအရက်၏(အပိတ်)တံဆိပ်သည် ကတိုးဖြစ်သည်။ ထို့ပြင် ပြိုင်ဆိုင်(ရယူလိုသည့်)သူများသည် ဤသည်ကိုပင် အပြိုင်အဆိုင်ရယူထိုက်ကြသည်။

    [27] ထိုအရက်၏ ‌ရောစပ်မှုသည် သတ်စ်နီမ် မှဖြစ်သည်။

    [28] (ထိုအရာသည်) စမ်း‌ချောင်းတစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်သူများသည် ထိုသတ်စ်နီမ်မှ ‌သောက်သုံးကြသည်။

    [29] အမှန်စင်စစ် အပြစ်ကျူးလွန်ခဲ့ကြသူများသည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် ရယ်‌မော‌လေ့ရှိခဲ့ကြသည်။

    [30] ထို့ပြင် ထိုယုံကြည်သူများသည် သူတို့အနီးမှ ဖြတ်‌လျှောက်သွားကြသည့်အခါ သူတို့သည် မျက်ရိပ်ပြ(၍ ‌ပြောင်‌လှောင်)‌လေ့ရှိခဲ့ကြသည်။

    [31] ထို့ပြင် သူတို့သည် သူတို့၏အိမ်သူအိမ်သားများထံ ပြန်ကြသည့်အခါ (ထို ယုံကြည်သူများအ‌ကြောင်း‌ပြောပြ၍) ဝမ်းသာ‌ပျော်မြူးကြသည်။

    [32] ထို့ပြင် သူတို့သည် ယုံကြည်သူများအား ‌တွေ့ မြင်ကြသည့်အခါ “အမှန်စင်စစ် ဤသူများသည် အမှန်ပင်လမ်းလွဲသူများ ဖြစ်ကြသည်”ဟု ‌ပြောဆိုကြသည်။

    [33] သူတို့သည် ထိုယုံကြည်သူများအ‌ပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူများအဖြစ် ‌စေလွှတ်ခြင်းခံခဲ့ကြရခြင်း မဟုတ်ဘဲလျက်(‌ပြောဆိုကြသည်)။

    [34] သို့ဖြစ်ရာ ယ‌နေ့မူ အီမာန် ယုံကြည်သူများသည် ကာဖိရ် ငြင်းပယ်သူများအ‌ပေါ်တွင် ရယ်‌မောကြမည်။

    [35] ထိုယုံကြည်သူများသည် မြင့်မားသည့်ထိုင်ခုံများ‌ပေါ်တွင် စံမြန်းပြီး ကြည့်ရှု‌နေကြမည်။

    [36] ကာဖိရ်များသည် သူတို့ ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ၏အကျိုး‌ပေးဆပ်ခြင်းကိုခံကြရပြီမဟုတ်‌လော။

    Surah 84
    ကွဲအက်ခြင်း

    [1] မိုး‌ကောင်းကင်သည် အက်ကွဲသွားသည့်အခါ၊

    [2] ထို့ပြင် ထိုမိုး‌ကောင်းကင်သည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်ကိုနား‌ထောင်(နာခံ)မည်။ ၎င်းပြင် သူသည် (ထိုသို့နာခံရန်သာ)ထိုက်သည်။ ###၁

    [3] ထို့ပြင် ‌မြေပထဝီသည် ဆွဲဖြန့်ခြင်းခံရသည့်အခါ၊

    [4] ထို့ပြင် ထို‌မြေပထဝီသည် သူ့အတွင်း၌ ရှိ‌သော အရာဝတ်္ထုများကို ထုတ်ပြီးလျှင် ဗလာချည်းဖြစ်သွားမည်။ ###၂

    [5] ထို့ပြင် ထို‌မြေပထဝီသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်ကို နား‌ထောင်(နာခံ)မည်။ ထို့ပြင် ထို‌မြေပထဝီသည်(ထိုသို့နာခံရန်သာ)ထိုက်သည်။

    [6] အို-လူသား၊ အမှန်စင်စစ် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ‌ရောက်ရှိသည်အထိ(‌သေသည်အထိ) ပင်ပန်းစွာ ကြိုးပမ်း‌ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင်(အသင်သည်) ထိုကြိုးပမ်းမှု(၏ရလဒ်အကျိုး)ကို ‌တွေ့ရှိရမည်ဖြစ်သည်။

    [7] မည်သို့ပင်ဖြစ်‌စေ၊ ထိုအခါတွင် မိမိ၏မှတ်တမ်းကို မိမိ၏လက်ယာဘက်လက်ထဲတွင်‌ပေးခြင်းကိုခံရသူသည်၊

    [8] လွယ်ကူသည့်စစ်‌ဆေးမှုကို မကြာမီစစ်‌ဆေးခြင်းခံရမည်ဖြစ်သည်။

    [9] ထို့ပြင် သူသည်သူ၏အိမ်သူအိမ်သားများထံသို့ ဝမ်း‌မြောက်‌ပျော်ရွှင်စွာဖြင့် ပြန်လာမည်။

    [10] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ မိမိ၏မှတ်တမ်းကို မိမိ၏‌နောက်‌ကျောဘက်မှ‌ပေးခြင်းခံရသူကမူ၊

    [11] သို့ဖြစ်ရာ သူသည်မကြာမီ‌သေခြင်းကိုဟစ်‌ခေါ်မည်။

    [12] ထို့ပြင် သူသည်မီး‌တောက်မီးလျှံထဲသို့ဝင်ရမည်။

    [13] အမှန်စင်စစ် သူသည် သူ၏အိမ်သူ အိမ်သားများထဲတွင် (ဤဘဝတွင်)‌ပျော်ရွှင်စွာ ရှိခဲ့သည်။

    [14] အမှန်စင်စစ် သူသည် (သူ၏အရှင်မြတ်ထံ‌တော်သို့)လုံးဝ ပြန်သွားရမည်မဟုတ်‌ပေဟု ထင်မှတ်ခဲ့သည်။

    [15] အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း၊ အမှန်ပင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူ့ကို မြင်‌နေ‌တော်မူသည်။

    [16] ထို့‌နောက် ငါအရှင်မြတ်သည် ‌နေဝင်ပြီး ‌ရောင်နီကိုသက်‌သေထူ‌တော်မူသည်။

    [17] ထို့ပြင် ညနှင့် ထိုညက ဖုံးလွှမ်းသည့်အရာကို(သက်‌သေထူ‌တော်မူသည်)။

    [18] ထို့ပြင် လပြည့်လာသည့်အခါထိုလကို (သက်‌သေထူ‌တော်မူသည်)။

    [19] အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရမည်ဖြစ်သည်။

    [20] ထို့‌နောက်လည်း သူတို့သည် အဘယ့်‌ကြောင့်မယုံကြသနည်း။

    [21] ထို့ပြင် သူတို့‌ရှေ့၌ ကုရ်အာန်ကျမ်း‌တော်မြတ်ဖတ်ကြားသည့်အခါ သူတို့သည် စဂျ်ဒဟ်ဦးချခြင်းမပြုကြ‌ပေ။

    [22] ဤမျှသာမက အမှန်စင်စစ် မယုံကြည်ကြသည့် သူများသည်မဟုတ်မမှန်ဟု ပင်ငြင်းပယ်ကြ‌သေးသည်။

    [23] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်မျိုသိပ်ထားသည်များကို အသိဆုံးအရှင် ဖြစ်‌တော်မူသည်။

    [24] သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အားအလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်နှင့် သတင်း‌ကောင်း ‌ပေးလိုက်ပါ။

    [25] သို့ရာတွင် အီမာန် ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအတွက်ကမူ အဆုံးမရှိ‌သော အကျိုး‌ကျေးဇူးရှိသည်။

    Surah 85
    ကြယ်စုများ

    [1] (ငါအရှင်မြတ်သည်) ဗုရူဂျ်များ ###၁ ရှိ‌သော မိုး‌ကောင်းကင်ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ချိန်းဆိုထားသည့်‌နေ့ကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် အသင့်‌ရောက်ရှိသည့်သူနှင့် အသင့်‌ရောက်ရှိခြင်းခံရမည့်သူကို သက်‌သေထူ‌တော်မူသည်။ ###၂

    [4] တူးထားသည့်တွင်းများ၏ ပိုင်ရှင် ###၃ သည် ပျက်စီးခဲ့ကြရသည်။

    [5] ထင်းများ(ဖြင့်ရှို့ပြီးထား)ရှိ‌သော မီး(တွင်းများ)ဖြစ်သည်။

    [6] တစ်ခါက သူတို့သည် ထိုမီးတွင်း၏အနီး၌ ထိုင်‌နေခဲ့ကြသည်။

    [7] ထို့ပြင် သူတို့သည် အီမာန် ယုံကြည်သူများအား သူတို့ (နှိပ်စက်မှု) ပြုလုပ်‌နေသည့်အမှုကိစ်္စကို ကြည့်ရှု‌နေခဲ့ကြသည်။ ###၄

    [8] ထို့ပြင် သူတို့သည် ထိုအီမာန်ယုံကြည်သူများတွင် သူတို့အ‌နေနှင့် အလ္လာဟ်အရှင်မြတ်ကိုပင် အီမာန်ယုံကြည်ကြသည်မှလွဲ၍ မည်သည့်အရာမျှ (အ‌ရေးယူရန်)အ‌ကြောင်း ရှာ၍ မ‌တွေ့ခဲ့ကြ‌ပေ။ ထိုအရှင်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [9] မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    [10] အမှန်ပင် အကြင်သူများသည် အီမာန် ယုံကြည် သူ‌ယောက်ျား၊ မိန်းမများအား နှိပ်စက်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ဝန်ချ‌တောင်းပန်ခြင်းလည်း မပြုခဲ့ကြ‌ပေ။ ထိုသူများ အတွက် ဂျဟန္နမ်၏ပြစ်ဒဏ်နှင့် မီး‌လောင်ကျွမ်းခြင်း၏ ပြစ်ဒဏ်ရှိမည်။

    [11] အမှန်စင်စစ် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်သည့်သူများအတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များ၏ ‌အောက်မှ စမ်း‌ချောင်းများ စီးဆင်း‌နေမည်။ ဤသည် ကြီးကျယ်‌သော‌အောင်မြင်မှုပင် ဖြစ်သည်။

    [12] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဖမ်းဆီး(အ‌ရေးယူ)မှုသည် အမှန်ပင် ပြင်းထန်သည်။

    [13] အမှန်စင်စစ် အရှင်မြတ်သည်ပင် (ပထမအကြိမ်)စတင်ဖန်ဆင်း‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် (‌နောက်တစ်ကြိမ်)ပြန်လည်ဖန်ဆင်း‌တော်မူမည်။

    [14] ထို့ပြင် အရှင်မြတ်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်ချစ်ခင်မြတ်နိုး‌တော်မူ‌သောအရှင်၊

    [15] အရ်ရှ်ပလ္လင်‌တော်ကို စိုးပိုင်‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင်၊

    [16] အရှင်မြတ်ရည်ရွယ်‌တော်မူ‌သောကိစ္စကို ပြီး‌မြောက်‌အောင်‌ဆောင်ရွက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

    [17] အသင်၏ထံသို့ ထို (တမန်‌တော်များကိုငြင်းပယ်သည့်)အုပ်စုများ၏ အ‌ကြောင်း ‌ရောက်ရှိခဲ့ပြီ‌လော။

    [18] ဖိရ်‌အောင်န်၏တပ်သားများအ‌ကြောင်းနှင့် ဆမူဒ်အမျိုးသားများ၏အ‌ကြောင်းဖြစ်သည်။

    [19] (သူတို့၏ နိဂုံးများကိုသိပါလျက်နှင့်) အမှန်ပင် ကာဖိရ်များသည် (အီမာန်မယူဘဲ)မဟုတ်မမှန်ဟု ‌ပြောဆိုငြင်းပယ်‌နေကြခြင်းပင်ဖြစ်သည်။

    [20] ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ‌နောက်ဘက်မှ တန်ခိုး‌တော်နှင့်ဝန်းရံထား‌တော်မူသည်။(သူတို့လုပ်ရပ် အားလုံးကို ခြုံငုံသိ‌တော်မူသည်)။

    [21] (သူတို့ ငြင်းပယ်‌သော‌ကြောင့် ကုရ်အာန်တွင် မည်သည့်အရာမျှ ထိခိုက်သွားမည်) မဟုတ်‌ပေ၊ အမှန်စင်စစ် ဤသည် အလွန်မြင့်မြတ်‌သော ကုရ်အာန်ကျမ်း‌တော်ဖြစ်သည်။

    [22] လုံခြုံစွာ ထိန်းသိမ်းထား‌သော သင်ပုန်းတွင် (‌ရေးမှတ်ထားပြီးဖြစ်သည်)။

    Surah 86
    နံနက်ကြယ်

    [1] (ငါအရှင်မြတ်သည်) မိုး‌ကောင်းကင်နှင့် ညအချိန်တွင် ‌ပေါ်လာသည့်အရာကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ညအချိန်တွင်‌ပေါ်လာသည့်အရာသည် မည်သည့်အရာဆိုသည်ကို အသင်(တမန်‌တော်)သိပါ၏‌လော။

    [3] (ထိုအရာသည်) လင်းဝင်း‌တောက်ပ‌သော ကြယ်ဖြစ်သည်။

    [4] လူတိုင်း တွင် ထိန်းသိမ်း‌စောင့်‌ရှောက်သူ (‌ကောင်းကင်တမန်) တစ်ဦးစီရှိသည်။ ###၁

    [5] သို့ဖြစ်ရာ လူသားသည် သူမည်သည့်အရာမှ ဖန်ဆင်းခြင်းခံရသည်ဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။

    [6] ထိုလူသားသည် ပန်းထွက်သည့်အရည်မှ ဖန်ဆင်းခြင်းခံခဲ့ရသည်။

    [7] ထိုအရည်သည် ‌ကျောရိုးနှင့် နံရိုးများ၏ အကြားမှ ထွက်သည်။

    [8] အမှန်စင်စစ် အရှင်မြတ်သည် ထိုလူသားကို အမှန်ပင် ရှင်ပြန်ထ‌စေနိုင်‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    [9] လျှို့ဝှက်ချက်များ စစ်‌ဆေးခြင်း‌ဖော်ထုတ်ခြင်းခံရမည့်‌နေ့တွင်၊

    [10] ထိုလူသားတွင် မည်သည့်အင်အားမျှ ရှိမည်မဟုတ်သည့်အပြင် မည်သည့်ကူညီမည့်သူမျှလည်းရှိမည်မဟုတ်‌ပေ။

    [11] (ငါအရှင်မြတ်သည်) မိုးရွာသွန်း‌သော မိုး‌ကောင်းကင်ကိုသက်‌သေထူ‌တော်မူသည်။

    [12] ထို့ပြင် (အပင်‌ပေါက်သည့်အခါ၊ ‌ရေထွက်သည့်အခါ၊ လူများရှင်ပြန်ထသည့်အခါ) အက်ကွဲ‌သော ‌မြေပထဝီကိုသက်‌သေထူ‌တော်မူသည်။

    [13] အမှန်စင်စစ် ဤ(ကုရ်အာန်)သည် ပြတ်သား‌သော အဆုံးအဖြတ်စကားဖြစ်သည်။

    [14] ထို့ပြင် ထိုစကား(ကုရ်အာန်)သည် ရယ်စရာအကျိုးမဲ့စကားမဟုတ်‌ပေ။

    [15] အမှန်စင်စစ် ထိုသူ(ကာဖိရ်)များသည် အကြံအစည်များကို ကြံစည်‌နေကြသည်။

    [16] ငါအရှင်မြတ်လည်း အကြံအစည်များကို ကြံစည်‌နေ‌တော်မူသည်။

    [17] သို့ဖြစ်ရာ အသင်သည် ထို ကာဖိရ် များကို ဆိုင်းငံ့ခွင့်‌ပေးလိုက်ပါ။ အသင်သည် သူတို့အား အနည်းငယ် အချိန်ဆွဲ လွှတ်ထားလိုက်ပါ။

    Surah 87
    အမြင့်မြတ်ဆုံးအရှင်

    [1] အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ အမြင့်မားဆုံးဖြစ်‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်သန့်ရှင်းစင်ကြယ်‌ကြောင်း ရွတ်ဆိုပါ။

    [2] ထိုအရှင်မြတ်သည် (အရာရာကို)ဖန်ဆင်း‌တော်မူပြီး‌နောက် အ‌နေအထားမှန်ကန်စွာ ဖြစ်‌အောင်လည်း ပြုလုပ်‌တော်မူခဲ့သည်။

    [3] ထို့ပြင် အရှင်မြတ်သည် ကြိုတင်စီမံခန့်ခွဲ‌တော်မူပြီး‌နောက် လမ်းဩန်‌တော်မူခဲ့သည်။

    [4] ထို့ပြင် အရှင်မြတ်သည် မြက်ပင် (‌ကောက်ပဲသီးနှံပင်၊ စားကျက်)ကို ‌ပေါက်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [5] ထို့ပြင် အရှင်မြတ်သည် ထိုမြက်ပင်များကို မည်းနက်‌သော မြက်‌ခြောက်ဖြစ်‌စေ‌တော်မူခဲ့သည်။

    [6] မကြာမီ ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်‌စေ‌တော်မူမည်၊ ထို့‌နောက် အသင်သည် ‌မေ့‌လျော့မည် မဟုတ်‌တော့‌ပေ။ ###၁

    [7] အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာမှလွဲ၍ အခြားကို(‌မေ့‌လျော့‌တော့မည်မဟုတ်‌ပေ)။ အမှန်စင်စစ် အရှင်မြတ်သည် ‌ပေါ်လွင်ထင်ရှားသည့်အရာနှင့် ဖုံးကွယ်‌နေသည့်အရာများကို သိရှိ‌တော်မူသည်။

    [8] ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုဖြစ်‌အောင် ပြုလုပ်‌ပေး‌တော်မူမည်။ ###၂

    [9] သို့ဖြစ်ရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်‌စေလျှင် အသင်သည် ဆုံးမပါ။

    [10] (အရှင်မြတ်ကို)‌ကြောက်ရွံ့သည့်သူသည် မကြာမီတရားရမည်။

    [11] ထို့ပြင် (အ‌ကြောင်းမလှ)နဖူးစာဆိုးသူကမူ ထို ဆုံးမဩဝါဒမှ ‌သွေဖည်‌နေလိမ့်မည်။

    [12] ထိုနဖူးစာဆိုးသူသည် အလွန်ကြီးကျယ်‌သော မီးထဲသို့ ဝင်‌ရောက်ရမည်။

    [13] ထို့ပြင် ထိုသူသည် ထိုမီးထဲတွင် ‌သေဆုံးမည်လည်း မဟုတ်‌ပေ၊ အသက်ရှင်‌နေမည်လည်းမဟုတ်‌ပေ။

    [14] အမှန်စင်စစ် အကြင်သူသည် ‌အောင်မြင်ခဲ့ပြီဖြစ်သည်။ ထိုသူသည်(ကုဖ်ရ်၊ ရှိရ်က်များကို‌ရှောင်ပြီး )စင်ကြယ်သန့်ရှင်းခဲ့သည်။

    [15] ထို့ပြင် ထိုသူသည် သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နာမ‌တော်ကိုတသပြီး‌နောက် စွလာသ်ဝတ်ပြုခဲ့သည်။

    [16] အမှန်စင်စစ်အသင်တို့သည် ‌လောကီဘဝကို ဦးစား‌ပေး‌နေကြသည်။

    [17] ထို့ပြင် တမလွန်ဘဝသည် ပို‌ကောင်းသည့်အပြင် ပိုလည်းတည်မြဲသည်။

    [18] အမှန်စင်စစ် ဤသည် ပထမပိုင်းက ကျမ်းများတွင်လည်း လာရှိခဲ့ပြီးဖြစ်သည်။

    [19] (တမန်‌တော်)အိဗ်ရာဟီမ်၏(အ‌ပေါ်တွင်ကျခဲ့သည့်)ကျမ်းများနှင့် (တမန်‌တော်) မူစာ၏ (အ‌ပေါ်တွင်ကျခဲ့သည့်)ကျမ်းများတွင်(လာရှိခဲ့သည်)။

    Surah 88
    လွှမ်းမိုးသောအရာ

    [1] ထို လွှမ်းမိုးဖုံးအုပ်မည့်အရာအ‌ကြောင်းသတင်းသည် အသင်(တမန်‌တော်)၏ထံသို့ ‌ရောက်ရှိခဲ့ပြီ‌လော။ ###၁

    [2] ထို‌နေ့တွင် မျက်နှာ အ‌မြောက်အမြားသည် ညှိုးငယ်‌နေကြမည်။

    [3] ပင်ပန်းတကြီး လုပ်ကိုင်(မှု‌ကြောင့်) ‌မောပန်း‌နေကြမည်။

    [4] သူတို့သည် ဟုန်းဟုန်း‌တောက်‌နေ‌သော မီးထဲသို့ ဝင်‌ရောက်ကြရမည်။

    [5] သူတို့သည် ပွက်ပွက်ဆူ‌နေ‌သော စမ်း‌ချောင်းတစ်ခုက (‌ရေပူကို) တိုက်‌ကျွေးခြင်းခံကြရမည်။

    [6] သူတို့အတွက် ဿွရီအ် ဆို‌သော ဆူးပင်မှလွဲ၍ အခြား အစားအစာ ရှိမည်မဟုတ်‌ပေ။

    [7] ထိုဆူးပင်သည် (သူတို့အား)ဝဖြိုး‌စေမည်လည်း မဟုတ်‌ပေ။ ဆာ‌လောင်ခြင်းမှ အဆာ‌ပြေ ‌စေမည်လည်း မဟုတ်‌ပေ။

    [8] မျက်နှာ အ‌မြောက်အမြားကမူ ထို‌နေ့တွင် စိုပြည်ရွှင်လန်း‌နေကြမည်။

    [9] (သူတို့သည်) သူတို့၏ ကြိုးပမ်း‌ဆောင်ရွက်မှုများနှင့် ပတ်သက်၍နှစ်သက်‌ကျေနပ်‌နေကြမည်။

    [10] မြင့်မား‌သော ဂျန္နသ်သုခဘုံတွင် ရှိကြမည်။

    [11] သူတို့သည် ထိုအထဲတွင် အလဟဿ အကျိုးမဲ့စကားကိုကြားကြရမည်မဟုတ်‌ပေ။

    [12] ထိုအထဲတွင် စီးဆင်း‌နေ‌သော စမ်း‌ချောင်းတစ်ခုရှိသည်။

    [13] ထိုအထဲတွင် မြင့်မား‌သော ထိုင်ခုံများရှိသည်။

    [14] ထို့ပြင် စီထား‌သော ‌သောက်‌ရေဖလားများလည်းရှိကြသည်။

    [15] ထို့ပြင် အတန်းလိုက်စီခင်းထား‌သော မှီအုံးများသည်လည်း ရှိကြသည်။

    [16] ထို့ပြင် စနစ်တကျ ခင်းကျင်းထား‌သော ‌ကော်‌ဇောများသည်လည်း ရှိကြသည်။

    [17] ကုလားအုတ်များသည် မည်သို့ ဖန်ဆင်းခြင်းခံခဲ့ကြရသည်ကို သူတို့သည် ကြည့်ရှု စဉ်းစားခြင်း မပြုကြသ‌လော။

    [18] ထို့ပြင် မိုး‌ကောင်းကင်သည် မည်သို့ မြင့်မား‌စေခြင်း ခံခဲ့ရသည်ကိုလည်း‌ကောင်း၊

    [19] ထို့ပြင် ‌တောင်များသည်မည်သို့စိုက်ထူခြင်းခံခဲ့ကြရသည်ကိုလည်း‌ကောင်း၊

    [20] ထို့ပြင် ‌မြေပထဝီသည်မည်သို့ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်း‌ကောင်း (ကြည့်ရှု စဉ်းစားခြင်းမပြုကြသ‌လော)။

    [21] သို့ဖြစ်ရာ အသင်သည် ဆုံးမ‌နေပါ။ အသင်သည် ဆုံးမသူတစ်ဦးပင် ဖြစ်သည်။

    [22] အသင်သည် သူတို့အ‌ပေါ်တွင် ‌စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်‌ပေ။

    [23] သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်၊ ထို့ပြင် ‌သွေဖည်ငြင်းပယ်ခဲ့လျှင်၊

    [24] အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြီး‌သောပြစ်ဒဏ်ကို ‌ပေး‌တော်မူမည် ဖြစ်သည်။

    [25] အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။

    [26] ထို့‌နောက် သူတို့အား စစ်‌ဆေး‌မေးမြန်းခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်။

    Surah 89
    အရုဏ်

    [1] (ငါအရှင်မြတ်သည်) နံနက်မိုး‌သောက်ချိန်ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ညဆယ်ညကို သက်‌သေထူ‌တော်မူသည်။ ###၁

    [3] ထို့ပြင် စုံနှင့်မကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင် ညသည် (ကုန်လွန်)သွားသည့်အခါ ထိုညကို သက်‌သေထူ‌တော်မူသည်။ ###၂

    [5] ဤအရာများတွင် ဉာဏ်အ‌မြော်အမြင်ရှိသည့်သူများအတွက် လုံ‌လောက်‌သော ကျိန်ဆိုချက်မဟုတ်‌လော။

    [6] အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အာဒ် အမျိုးသားများအား မည်သို့ ပြုလုပ်‌တော်မူခဲ့သည်ကို အသင် မသိမြင်ခဲ့သ‌လော။

    [7] အရပ်အ‌မောင်းထွားကြိုင်း‌သော၊ တိုင်ရှည် ကြီးများ၏ ပိုင်ရှင်ဖြစ်‌သော “အိရမ် ”(၏ အဆက်အနွှယ်)ကို။

    [8] မြို့ရွာများတွင် သူတို့ကဲ့သို့ မည်သူမျှ ဖန်ဆင်းခြင်း မခံခဲ့ရ‌ပေ။

    [9] ဝါဒိလ် ကုရာအရပ်တွင် ‌ကျောက်‌ဆောင် (‌ကျောက်‌တောင်ကမ်းပါးယံ)များကို ထွင်းခဲ့ကြ‌သော ဆမူဒ်အမျိုးသားများကို။

    [10] ငုတ်များ၏ ပိုင်ရှင်ဖြစ်‌သော ဖိရ်‌အောင်န်ကို (မည်သို့ ပြုလုပ်‌တော်မူခဲ့သည်ကို အသင်မသိမြင်ခဲ့သ‌လော)။

    [11] ထိုသူများသည် တိုင်းပြည်များတွင် ဆိုးသွမ်းခဲ့ကြသည်။

    [12] ထို့‌နောက် သူတို့သည် ထိုတိုင်းပြည်များတွင် ပျက်စီးရာ ပျက်စီး‌ကြောင်းများကို များစွာ ပြုလုပ်ခဲ့ကြသည်။

    [13] သို့ဖြစ်ရာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ကြာပွတ်ပြစ်ဒဏ်(၏ရိုက်နှက်မှု)၊ ပြစ်ဒဏ် တစ်မျိုးကို သွန်းချ‌တော်မူခဲ့သည်။

    [14] အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကွယ်မှ(‌ချောင်း‌မြောင်းပြီး) ‌စောင့်ကြည့်‌နေ‌တော်မူသည်။

    [15] ထို့‌နောက်မည်သို့ပင်ဖြစ်‌စေ၊ လူသားသည်သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူ့ကိုစမ်းသပ်‌တော်မူသည့်အခါ အရှင်မြတ်သည် သူ့ကိုဂုဏ်‌ပေးသနား‌တော်မူသည်။ ထို့ပြင် သူ့ကို‌ကျေးဇူးပြု‌တော်မူသည်။ သို့ဖြစ်ရာ သူကကျွန်ုပ်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်ကို ဂုဏ်‌ပေး‌တော်မူခဲ့သည်ဟု ‌ပြောဆိုသည်။

    [16] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ အရှင်မြတ်က သူ့ကို(‌နောက်တစ်မျိုးဖြင့်) စမ်းသပ်‌တော်မူသည့်အခါ သူ့အ‌ပေါ်တွင် သူ၏ စားနပ်ရိက်္ခာကို ကျပ်တည်း‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သူက ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်ကို ‌သေးသိမ်‌အောင်ပြုလုပ်ခဲ့လိုက်ပြီဖြစ်သည်ဟု ‌ပြောဆိုသည်။

    [17] ထိုသို့ လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် အဘမဲ့က‌လေးများကို ဂုဏ်မ‌ပေးကြ‌ပေ။

    [18] ထို့ပြင် အသင်တို့သည် ဆင်းရဲသားများကို ‌ကျွေး‌မွေးရန် တိုက်တွန်းနှိုး‌ဆော်ကြခြင်းလည်းမရှိ‌ပေ။

    [19] ထို့ပြင် အသင်တို့သည် အ‌မွေပစ်္စည်းများကိုလည်း (အ‌မွေဆိုင်များအား အချိုးကျခွဲမ‌ပေးဘဲ)သိမ်းကျုံးစားသုံးကြသည်။

    [20] ထို့ပြင် အသင်တို့သည် ပစ်္စည်းဥစ်္စာကိုလည်း အလွန်ချစ်ကြသည်။

    [21] လုံးဝမဟုတ်‌ပေ၊ ‌မြေပထဝီသည် ‌ကြေညက်‌အောင် ထု‌ထောင်း(၍ ညီညာ‌အောင်လုပ်)ခြင်းခံရသည့်အခါ၊

    [22] ထို့ပြင် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကြွလာ‌တော်မူသည့်အခါ၊ ထို့ပြင်‌ကောင်းကင်တမန်များသည် စီတန်း(ပြီးလာ)သည့်အခါ၊

    [23] ထို့ပြင် ထို‌နေ့တွင် ဂျဟန္နမ်ငရဲသည် ယူ‌ဆောင်လာခြင်းကို ခံရသည့်အခါ၊ ထို‌နေ့တွင် လူသားသည်သတိတရားရလာလိမ့်မည်။ ထို့‌နောက် သတိတရားရခြင်းသည် အဘယ်မှ သူ့အား အကျိုးရှိ‌စေ‌တော့မည်နည်း။

    [24] လူသားက ‌ပြောဆိုမည်-‌ဪ-ကျွန်ုပ်သည် (တမလွန်ဘဝတွင်)ကျွန်ုပ်၏အသက်ရှင်‌ရေးအတွက် (‌ကောင်းမှုများ)ကြိုတင်ပို့ခဲ့လိုက်လျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။

    [25] ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်၏ အပြစ်ဒဏ်စီရင်ခြင်းမျိုးကို မည်သူမျှ ပြစ်ဒဏ်စီရင်မည်မဟုတ်‌ပေ။

    [26] ထို့ပြင် အရှင်မြတ်၏ ဖမ်းဆီးချုပ်‌နှောင်ခြင်းမျိုးကိုလည်း မည်သူမျှ ဖမ်းဆီးချုပ်‌နှောင်မည်မဟုတ်‌ပေ။

    [27] အို-တည်ငြိမ်‌နေ‌သော အသက်ဝိညာဉ်။ ###၃

    [28] အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ ‌ကျေနပ်စွာဖြင့် (အရှင်မြတ်၏)‌ကျေနပ်မှုခံယူ၍ ပြန်သွားပါ။

    [29] ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ ကျွန်များထဲတွင် ပါဝင်လိုက်ပါ။

    [30] ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ ဂျန္နသ်သုခဘုံထဲတွင် ဝင်လိုက်ပါ။

    Surah 90
    မြို့

    [1] ငါအရှင်မြတ်သည် ဤ(မက္ကဟ်)မြို့‌တော်ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် အသင်သည် ဤမြို့‌တော်တွင် ဝင်ခွင့်ပြုခြင်းခံရမည်ဖြစ်သည်။ ###၁

    [3] ထို့ပြင် ဖခင်နှင့် ထိုဖခင်က‌မွေးဖွား‌သော (သားသမီးများ)ကိုသက်‌သေထူ‌တော်မူသည်။

    [4] အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို ပင်ပန်းမှုထဲတွင် ဖန်ဆင်း‌တော်မူခဲ့သည်။ ###၂

    [5] ထိုလူသားသည် သူ့အ‌ပေါ်တွင် မည်သူမျှ တတ်စွမ်းနိုင်မည်မဟုတ်‌ပေဟု ထင်မှတ်သ‌လော။ ###၃

    [6] သူက ကျွန်ုပ်သည် ပစ္စည်းဥစ္စာအ‌မြောက်အမြားကိုသုံးဖြုန်းခဲ့သည်ဟု (ကြွား၍)‌ပြောဆိုသည်။

    [7] သူသည် သူ့အားမည်သူမျှမမြင်ခဲ့‌ပေဟု ထင်မှတ်သ‌လော။ ###၄

    [8] ငါအရှင်မြတ်သည် သူ့အားမျက်စိနှစ်လုံးကိုပြုလုပ်‌ပေးသနား‌တော်မမူခဲ့သ‌လော။

    [9] ထို့ပြင် လျှာတစ်ခုနှင့် နှုတ်ခမ်းနှစ်ခုကို(ပြုလုပ်‌ပေးသနား‌တော်မမူခဲ့သ‌လော)။

    [10] ထို့ပြင် ငါအရှင်မြတ်သည် သူ့အား(အ‌ကောင်းအဆိုး)လမ်းနှစ်လမ်းကို ညွှန်ကြားပြသ‌တော်မူခဲ့သည်မဟုတ်‌လော။ ###၅

    [11] ထို့‌နောက် သူသည် (သူ၏ပစ္စည်းဥစ္စာကိုသုံးပြီး)မတ်‌စောက်‌သော‌တောင်ကြားလမ်း (တမလွန်ဘဝ၏ခက်ခဲမှု)ကိုအဘယ့်‌ကြောင့်မဖြတ်ကူးခဲ့သနည်း။

    [12] ထို့ပြင် ‌တောင်ကြားလမ်းသည်အဘယ်အရာနည်းဆိုသည်ကို အသင်သိပါ၏‌လော။

    [13] ကျွန်တစ်ဦးကို သူ‌ကောင်းပြုခြင်းဖြစ်သည်။

    [14] သို့မဟုတ် ငတ်မွတ်သည့်‌နေ့တွင် ‌ကျွေး‌မွေးခြင်းပင် ဖြစ်သည်။

    [15] ‌ဆွေးမျိုးနီးစပ်‌သောအဘမဲ့က‌လေးတစ်ဦးဦး၊

    [16] ‌မြေကြီး‌ပေါ်လူးလိမ့်‌နေ‌သော ဒုက္ခသည်တစ်ဦးဦး (တို့အား ကူညီ‌ထောက်ပံ့ ‌ကျွေး‌မွေးခြင်းဖြစ်သည်)။

    [17] ထို့ပြင် အကြင်သူများထဲတွင် ပါဝင်ခြင်းဖြစ်သည်။ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အချင်းချင်း သည်းခံကြရန် တိုက်တွန်းဆုံးမခဲ့ကြသည်။ ထို့ပြင် အချင်းချင်း သနားကြင်နာကြရန်လည်း တိုက်တွန်းဆုံးမခဲ့ကြသည်။

    [18] ထိုသူများသည် လက်ယာဘက်သားများပင် ဖြစ်ကြသည်။

    [19] ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့ကြသည့်သူများသည် လက်ဝဲဘက်သားများပင် ဖြစ်ကြသည်။

    [20] သူတို့အ‌ပေါ်တွင်(‌လေးဘက်‌လေးတန်မှ) ပိတ်ဆို့ လွှမ်းခြုံထား‌သော မီးရှိမည်။

    Surah 91
    နေ

    [1] (ငါအရှင်မြတ်သည်)‌နေနှင့် ထို‌နေ၏ အလင်း‌ရောင် အပူရှိန်ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ထို‌နေ၏ ‌နောက်မှ လသည် လိုက်သည့်အခါ ထိုလကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် ‌နေ့သည် ‌နေကို ‌တောက်ပ‌စေသည့်အခါ ထို‌နေ့ကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင် ညသည် ‌နေကို ဖုံးလွှမ်းသည့်အခါ ထိုညကို သက်‌သေထူ‌တော်မူသည်။

    [5] ထို့ပြင် မိုး‌ကောင်းကင်နှင့် ထိုမိုး‌ကောင်းကင်ကို ပြုလုပ်ဖန်ဆင်း‌တော်မူ‌သောအရှင်ကိုပါ သက်‌သေထူ‌တော်မူသည်။

    [6] ထို့ပြင် (ငါအရှင်မြတ်သည်) ‌မြေပထဝီနှင့် ထို‌မြေပထဝီကိုဖြန့်ခင်း‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။

    [7] ထို့ပြင် အသက်ဝိညာဉ်နှင့် ထိုအသက်ဝိညာဉ်ကိုစုံလင်‌အောင်ပြုလုပ်‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။

    [8] ထို့‌နောက် အရှင်မြတ်သည် ထိုအသက်ဝိညာဉ်ထဲသို့ ထိုအသက်ဝိညာဉ်၏ မ‌ကောင်းမှု(၏အသိစိတ်)နှင့် ‌ကောင်းမှု(၏အသိစိတ်)ကို ထည့်သွင်း‌တော်မူခဲ့သည်။ ###၁

    [9] အမှန်စင်စစ် ထိုအသက်ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်‌အောင်လုပ်ခဲ့သူသည် ‌အောင်မြင်ခဲ့ပြီဖြစ်သည်။

    [10] ထို့ပြင် ထိုအသက်ဝိညာဉ်ကို (မ‌ကောင်းမှုများထဲတွင်)နစ်မွန်း‌စေခဲ့သည့်သူသည် ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်သည်။

    [11] ဆမူဒ်အမျိုးသားတို့သည် သူတို့၏ဆိုးသွမ်းမှုနှင့် (တမန်‌တော်စွာ‌လေ့ဟ်ကို)မဟုတ်မမှန်ငြင်းပယ်ခဲ့ကြသည်။

    [12] တစ်ခါက သူတို့ထဲမှ နဖူးစာအဆိုးဆုံးသူသည် တရှိန်ထိုးထွက်‌ပေါ်လာခဲ့သည်။

    [13] သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်က သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မကို(သတ်ဖြတ်ခြင်းမှ)သာမကသူ‌ရေ‌သောက်ခြင်းကို(တားမြစ်ခြင်းမှ)လည်း(‌ရှောင်ကြဉ်ကြပါ”ဟု)‌ပြောဆိုခဲ့သည်။

    [14] ထို့‌နောက် သူတို့သည် ၎င်း(တမန်‌တော်)ကို မဟုတ်မမှန်ဟု ငြင်းပယ်၍ ထိုကုလားအုတ်မ၏ ‌ခြေများကို ဖြတ်‌တောက်(၍သတ်ဖြတ်)ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က သူတို့အ‌ပေါ်တွင် သူတို့၏ ပြစ်မှုများ‌ကြောင့် ပြစ်ဒဏ်ကိုချမှတ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးအ‌ပေါ်တညီတညာတည်း ပြုလုပ်ချ‌ပေး‌တော်မူလိုက်သည်။

    [15] ထို့ပြင် အရှင်မြတ်သည် ထိုပြစ်ဒဏ်၏ ‌နောက်ဆက်တွဲ (ဖြစ်‌ပေါ်လာမည့် တုံ့ပြန်မှု)ကို လုံးဝ စိုးရိမ်‌တော်မမူ‌ပေ။

    Surah 92
    ည

    [1] (ငါအရှင်မြတ်အ‌နေနှင့်) ညသည် လွှမ်းမိုးသည့်အခါတွင် ထိုညကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ‌နေ့သည် လင်းဝင်းသည့်အခါ ထို‌နေ့ကိုသက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် ဖိုနှင့်မကို ဖန်ဆင်း‌တော်မူ‌သောအရှင်ကို သက်‌သေထူ‌တော်မူသည်။

    [4] အမှန်စင်စစ် အသင်တို့၏ကြိုးပမ်းမှုများသည် အမျိုးမျိုးဖြစ်သည်။

    [5] သို့ဖြစ်ရာ မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် ‌ပေးကမ်းလှူဒါန်းသည်။ ထို့ပြင် သူသည်(အလ္လာဟ်အရှင်မြတ်အား) ‌ကြောက်ရွံ့သည်။

    [6] ထို့ပြင် သူသည် ‌ကောင်းသည် ###၁ ကို ဟုတ်မှန်‌ကြောင်း‌ထောက်ခံယုံကြည်သည်။

    [7] သို့ဖြစ်ရာ မကြာမီ ငါအရှင်မြတ်သည် သူ့အား လွယ်ကူမှုထံသို့ ပို့‌ဆောင်‌တော်မူမည်။

    [8] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ၊ အကြင်သူသည် ‌စေးနှဲတွန့်တိုသည်။ ထို့ပြင် သူသည် (သူ၏ကိုယ်ကို)လိုလား‌တောင့်တစရာမလိုဟု ထင်မှတ်သည်။

    [9] ထို့ပြင် သူသည် ‌ကောင်းသည်ကိုမဟုတ်မမှန်ဟု ငြင်းဆိုသည်။

    [10] သို့ဖြစ်ရာ မကြာမီ ငါအရှင်မြတ်သည် ထိုသူကို ခက်ခဲမှုထံသို့ ပို့‌ဆောင်‌တော်မူမည်။

    [11] ထို့ပြင် သူသည် (ငရဲတွင်းထဲသို့)ကျသည့်အခါ သူ(‌စေးနှဲခဲ့သည့်)ပစ္စည်းဥစ္စာများသည် သူ့အတွက် မည်သည့်အရာမျှ အသုံးဝင်မည်မဟုတ်‌ပေ။

    [12] အမှန်စင်စစ် လမ်းမှန် ညွှန်ကြားပြသခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင်ဖြစ်သည်။

    [13] ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝနှင့် ဤဘဝကို ငါအရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။

    [14] သို့ဖြစ်ရာ ငါအရှင်မြတ်သည်အသင်တို့အား ဟုန်းဟုန်း‌တောက်‌နေ‌သော မီးနှင့် ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်ခဲ့ပြီးဖြစ်သည်။

    [15] ထို ငရဲမီးထဲသို့ နဖူးစာအလွန်ဆိုးသူပင်ကျမည်။

    [16] ထိုသူသည် မဟုတ်မမှန်ငြင်းပယ်ခဲ့ပြီး မျက်နှာလွှဲခဲ့သည်။

    [17] ထို့ပြင် (အလ္လာဟ်အရှင်မြတ်အား)အလွန်‌ကြောက်ရွံ့သူကမူ မကြာမီ ထိုငရဲမီးမှ ကယ်တင်ခြင်း (ကင်း‌ဝေး‌စေခြင်း) ခံရမည်ဖြစ်သည်။

    [18] ထိုသူသည် သူသန့်ရှင်းစင်ကြယ်ရန် သူ၏ဥစ္စာပစ္စည်းကို ‌ပေးကမ်းလှူဒါန်းသည်။

    [19] သူ့အ‌ပေါ်တွင် ပြန်လည်‌ပေးဆပ်ရန် တစ်ဦးတစ်‌ယောက်၏ မည်သည့်‌ကျေးဇူးမျှမရှိ‌ပေ။

    [20] သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော၊ အလွန်မြင့်မား‌တော်မူ‌သော အရှင်မြတ်၏ နှစ်သက်‌ကျေနပ်မှုကို ရှာ‌ဖွေ ရယူရန်အတွက်ပင် (လှူဒါန်းခြင်း)ဖြစ်သည်။

    [21] ထို့ပြင် သူသည် မကြာမီ အမှန်ပင်‌ကျေနပ်သွားမည်ဖြစ်သည်။

    Surah 93
    နံနက်ခင်းအချိန်နာရီများ

    [1] (ငါအရှင်မြတ်သည်) ‌နေတက်ချိန်(‌နေ‌ရောင်)ကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် ညသည် လွှမ်းမိုးသည့်အခါ ထိုညကို သက်‌သေထူ‌တော်မူသည်။

    [3] အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင့်အား စွန့်ပစ်ထား‌တော်မူသည်လည်းမဟုတ်‌ပေ၊(အသင့်အား) စိတ်ဆိုး‌တော်မူသည်လည်းမဟုတ်‌ပေ။ ###၁

    [4] ထို့ပြင် အမှန်စင်စစ် အသင့်အတွက် တမလွန်ဘဝသည် ဤဘဝထက် ပို‌ကောင်းသည်။###၂

    [5] ထို့ပြင် မကြာမီ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်‌ကျေနပ်‌အောင်ထိ အသင့်အား အမှန်ပင် ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ###၃

    [6] ထို့ပြင် အရှင်မြတ်သည် အသင့်အားအဘမဲ့အဖြစ်‌တွေ့ရှိ‌တော်မူခဲ့၍ ခိုကိုးရာ‌ပေး‌တော်မူခဲ့သည်မဟုတ်‌လော။ ###၄

    [7] ထို့ပြင် အရှင်မြတ်သည် အသင့်အား လမ်းမ‌တွေ့သူအဖြစ် ‌တွေ့ရှိ‌တော်မူခဲ့၍ လမ်းမှန် ဩန်ကြားပြသ‌တော်မူခဲ့သည်မဟုတ်‌လော။###၅

    [8] ထို့ပြင် အရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ်‌တွေ့ရှိ‌တော်မူခဲ့၍ ပစ္စည်းဥစ္စာကြွယ်ဝ‌စေ‌တော်မူခဲ့သည်မဟုတ်‌လော။

    [9] သို့ဖြစ်ရာ မည်သို့ပင်ဖြစ်‌စေ အသင်သည် အဘမဲ့က‌လေးများကို ဖိနှိပ် (ကြိမ်း‌မောင်း)ခြင်းကို မပြုပါနှင့်။

    [10] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ အသင်သည် ‌တောင်းရမ်းစား‌သောက်သူကို‌ငေါက်ငမ်းနှင်ထုတ်ခြင်း မပြုပါနှင့်။

    [11] ထို့ပြင် မည်သို့ပင်ဖြစ်‌စေ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်ကိုထုတ်‌ဖော်‌ပြောကြား၍‌နေပါ။

    Surah 94
    သက်သာရာရခြင်း

    [1] ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏ ရင်ကို ဖွင့်‌ပေး‌တော်မူခဲ့သည်မဟုတ်‌လော။###၁

    [2] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏အ‌ပေါ်မှအသင်၏ဝန်ထုပ်ကို ချ‌ပေး‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [3] ထိုဝန်ထုပ်သည် အသင်၏‌ကျော(ခါး)ကို ချိုးထားခဲ့သည်။###၂

    [4] ထို့ပြင် ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ‌ကျော်ကြား‌စေ‌တော်မူခဲ့သည်(မဟုတ်‌လော)။

    [5] ထို့‌နောက် အမှန်စင်စစ် ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။

    [6] အမှန်စင်စစ် ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။

    [7] သို့ဖြစ်ရာ အသင်သည် အားလပ်သည့်အခါ (ဝတ်ပြုမှုတွင်) ကြိုးပမ်းအားထုတ်ပါ။

    [8] ထို့ပြင်အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဘက်သို့ (စိတ်ပါလက်ပါ)လှည့်ထားပါ။###၃

    Surah 95
    သင်္ဘောသဖန်းသီး

    [1] (ငါအရှင်မြတ်သည်) သဖန်းပင်နှင့် သံလွင်ပင်ကိုသက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် သွူရ်‌တောင်ကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် ဤ‌ဘေးရန်ကင်း‌သောမြို့ ကို သက်‌သေထူ‌တော်မူသည်။ ###၁

    [4] အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို အ‌ကောင်းဆုံး ပုံသဏ္ဍာန်နှင့်ဖန်ဆင်း‌တော်မူခဲ့သည်။

    [5] ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား ညံ့ဖျင်းသူများထက် အညံ့ဖျင်းဆုံးအ‌ခြေအ‌နေသို့ ပြန်‌ရောက်‌စေ‌တော်မူခဲ့သည်။

    [6] သို့ရာတွင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့သည့်သူများအတွက်ကမူ မကုန်ဆုံးနိုင်‌သော အကျိုး‌ကျေးဇူးများရှိသည်။

    [7] ထို(အရာများကို သိရှိပြီးသည့်)‌နောက် အစား‌ပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သူကလှုံ့‌ဆော်သနည်း။

    [8] အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအားလုံးထက် အ‌ကောင်းဆုံးတရားစီရင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်မဟုတ်‌လော။

    Surah 96
    သွေးခဲ

    [1] အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နာမ‌တော်ဖြင့်(အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် (အရာရာကို) ဖန်ဆင်း‌တော်မူခဲ့သည်။

    [2] ထိုအရှင်မြတ်သည် လူသားကို ‌သွေးခဲမှ ဖန်ဆင်း‌တော်မူခဲ့သည်။ ###၁

    [3] အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်အရက်‌ရောဆုံး ‌ပေးကမ်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။

    [4] ထိုအရှင်မြတ်သည် က‌လောင်ဖြင့် (စာ‌ရေးနည်းကို)သင်ကြား‌ပေး‌တော်မူခဲ့သည်။

    [5] အရှင်မြတ်သည် လူသားကို သူမသိခဲ့သည့်အရာများ(ဖြစ်‌သော စာ‌ရေး၊ စာဖတ်၊ လက်မှုပညာ အရပ်ရပ်နှင့် အခြားပညာရပ်များ)ကို သင်ကြား‌ပေး‌တော်မူခဲ့သည်။

    [6] အမှန်ပင်၊ မုချလူသားသည် ဆိုးသွမ်းပုန်ကန်‌လေ့ရှိသည်။

    [7] သူသည် မိမိကိုယ်ကို မည်သည့်အရာမျှမလိုဟု ထင်သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။

    [8] အမှန်စင်စစ် ပြန်လည်‌ရောက်ရှိခြင်းသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။

    [9] အသင်သည် တားမြစ်‌နေ‌သောသူကိုမြင်ခဲ့ပါ၏‌လော၊

    [10] ကျွန်တစ်ဦး(တမန်‌တော်မုဟမ်္မဒ်(ဆွ))ကို၊ ထိုကျွန်သည် စွလာသ် ဝတ်ပြုသည့်အခါ။

    [11] အသင်မည်သို့ယူဆသနည်း၊ အကယ်၍ ထို(တားမြစ်ခံရ)သူသည် တရားလမ်းမှန်‌ပေါ်တွင်ရှိခဲ့လျှင်၊

    [12] သို့မဟုတ်ထို (တားမြစ်ခံရ)သူသည် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်ရန်အမိန့်‌ပေးခဲ့လျှင်၊(ထိုမျှ‌ကောင်းမှုလုပ်သည်ကို တား‌သောသူသည် ပျက်စီးမည့်သူပင်မဟုတ်သ‌လော)။

    [13] အသင်မည်သို့ယူဆသနည်း၊ ထို(တားမြစ် )သူသည် (တမန်‌တော်ကို)မဟုတ်မမှန်ငြင်းပယ်ပြီး (အီမာန်ယုံကြည်မှုမှ) မျက်နှာလွှဲခဲ့လျှင်(မည်သူဆုံးရှုံးမည်နည်း)။

    [14] အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ် (စွလာသ်ဝတ်ပြုခြင်းမှ တားမြစ်သည်ကို)မြင်‌နေ‌တော်မူသည်ဆိုသည်ကို ထို(တားမြစ်)သူသည် မသိခဲ့သ‌လော။

    [15] အဗူဂျဟလ်သည် တမန်‌တော်မြတ်(ဆွ) စွလာသ်ဝတ်ပြုသည့်အခါ လည်ပင်းကိုညှစ်သတ်မည်ဟု‌ပြောသည့်အတိုင်းသူဟာ)လုံးဝမသတ်နိုင်ခဲ့‌ပေ၊ အကယ်၍သူသည်(သူ၏လုပ်ရပ်ကို)မရပ်စဲခဲ့လျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် (သူ၏ )ဦးစွန်း(သက်ဦးဆံပိုင်)ကို ကိုင်ပြီး ဆွဲ‌တော်မူမည်။

    [16] မုသား‌ပြောဆို‌လေ့ရှိ‌သော၊ ပြစ်မှုကျူးလွန်‌လေ့ရှိ‌သော ဦးစွန်းကို။

    [17] သို့ဖြစ်ရာ သူသည် သူ၏အ‌ခြွေအရံများကို ‌ခေါ်ပါ‌စေ။

    [18] ငါအရှင်မြတ်လည်း မကြာမီငရဲ‌စောင့် ‌ကောင်းကင်တမန်များကို ‌ခေါ်ယူ‌တော်မူမည်။

    [19] (အဗူဂျဟလ်ထင်သကဲ့သို့)လုံးဝမဟုတ်‌ပေ၊ အသင်သည် သူ၏စကားကို မလိုက်နာပါနှင့်၊ ထို့ပြင် အသင်သည် စဂျ်ဒဟ် ဦးချပါ။ ထို့ပြင်အသင်သည် (ဝတ်ပြုပြီး အရှင်မြတ်အပါး‌တော်သို့) နီးကပ်‌အောင်ပြုလုပ်ပါ။ ###၂

    Surah 97
    တန်ခိုး

    [1] အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို မြင့်မြတ်သည့်ည လိုင်လသုလ်ကဒရ် ###၁ မှာ ချ‌ပေး‌တော်မူခဲ့သည်။

    [2] ထို့ပြင် မြင့်မြတ်သည့်ည လိုင်လသုလ်ကဒရ်သည် အဘယ်နည်းဆိုသည်ကို အသင်သိပါ၏‌လော။

    [3] ထိုလိုင်လသုလ်ကဒရ် ညသည် လ‌ပေါင်းတစ်‌ထောင်ထက်ပိုမြတ်သည်။ ###၂

    [4] ထိုညတွင် ‌ကောင်းကင်တမန်များနှင့် ဂျိဗ်ရီလ် တမန်သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်နှင့် အ‌ရေးကိစ်္စတိုင်းကို (တာဝန်ထမ်း‌ဆောင်ရန်)ယူ‌ဆောင်ဆင်းသက်လာကြသည်။

    [5] ထိုညသည် နံနက်မိုး‌သောက်ချိန်ထိ ငြိမ်းချမ်းသာယာမှုရှိသည်။

    Surah 98
    ထင်ရှားသောသက်သေ

    [1] ယခင်ကကျမ်းရရှိခဲ့ကြ‌သောသူများထဲမှနှင့်၊ မုရှ်ရိက် များထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေသာဓက‌ရောက်ရှိမလာသမျှ (သူတို့၏အမှားအယူအဆများမှ)စွန့်ခွာကြမည့်သူများမဟုတ်ခဲ့ကြ‌ပေ။

    [2] (ထို သက်‌သေသာဓက ကမူသူတို့‌ရှေ့၌) သန့်ရှင်း‌သော ကျမ်းစာများကို ဖတ်ကြားမည့် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်တစ်ပါးပင်ဖြစ်သည်။

    [3] ထိုကျမ်းစာသည် မှန်ကန်‌သော အ‌ကြောင်းအရာများ ‌ရေးသားပါရှိ‌သော ကျမ်းစာများပင်ဖြစ်သည်။

    [4] ထို့ပြင် ယခင်ကကျမ်းရရှိသည့်သူများသည် သူတို့ထံသို့ထင်ရှား‌သော သက်‌သေသာဓက‌ရောက်ရှိလာပြီး‌နောက်မှပင် ကွဲလွဲခဲ့ကြသည်။

    [5] ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက်သက်သက်ဖြစ်‌စေလျက် အာရုံစူးစိုက်ပြီးကိုးကွယ်ကြရန်၊ စွလာသ်ဝတ်ပြုမှုတည်‌ဆောက်ကြရန်နှင့် ဇကာသ်‌ပေး‌ဆောင်ကြရန် အမိန့်‌ပေး‌တော်မူခြင်းကိုခံခဲ့ကြရသည်မှလွဲ၍ အခြားမည်သည့်အရာမျှ အမိန့်‌ပေးခြင်းခံခဲ့ကြရသည်မဟုတ်‌ပေ။ ထို့ပြင် ထိုအရာပင် မှန်ကန်‌သော သာသနာ့လမ်းစဉ်ဖြစ်သည်။

    [6] အမှန်စင်စစ် ယခင်ကကျမ်းရရှိသူများထဲမှငြင်းပယ်ခဲ့ကြသူများနှင့်၊ မုရှ်ရိက်များသည် ဂျဟန္နမ်ငရဲမီးထဲသို့ အမြဲ‌နေရမည့်သူများအဖြစ်ဝင်ကြရမည်။ သူတို့သည် အဖန်ဆင်းခံများထဲတွင် အဆိုးဆုံးသူများပင် ဖြစ်ကြသည်။

    [7] အမှန်စင်စစ် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သောသူများကမူ အဖန်ဆင်းခံများထဲတွင် အ‌ကောင်းဆုံးသူများပင်ဖြစ်ကြသည်။

    [8] သူတို့၏ အကျိုးကမူ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အမြဲ‌နေကြရမည့် ဥယျာဉ်များပင်ဖြစ်ကြသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ (သူတို့သည်)ထိုဥယျာဉ်များထဲတွင် အမြဲ‌နေကြရမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့အား ‌ကျေနပ်‌တော်မူမည်။ သူတို့သည်လည်း အရှင်မြတ်အား ‌ကျေနပ်ကြမည်။ ဤသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ‌ကြောက်ရွံ့‌သောသူအတွက်ဖြစ်သည်။###၁

    Surah 99
    မြေငလျင်

    [1] ‌မြေပထဝီသည် ၎င်းကို သွက်သွက်ခါ တုန်လှုပ်‌စေခြင်းနှင့် တုန်လှုပ်‌စေခြင်းခံရ‌သောအခါ၊ ###၁

    [2] ထို့ပြင် ‌မြေပထဝီသည် ၎င်းထဲမှ ဝန်ထုပ်များ (‌သေသူများ)ကို အပြင်ထုတ်သည့်အခါ၊ ###၂

    [3] ထို့ပြင် လူသားက ဒီ‌မြေပထဝီသည် မည်သို့ဖြစ်သနည်းဟု ‌ပြောဆိုသည့်အခါ၊ ###၃

    [4] ထို‌နေ့တွင် ထို‌မြေသည် သူ၏သတင်းစကားကို ‌ပြောပြမည်။ ###၄

    [5] အ‌ကြောင်းကမူ အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ၎င်းအား(ထိုသို့‌ပြောပြရန်)အမိန့်ထုတ်ခဲ့ခြင်း‌ကြောင့်ဖြစ်သည်။

    [6] ထို‌နေ့တွင် လူများသည် အုပ်စုအမျိုးမျိုးကွဲပြီး သူတို့၏ လုပ်ရပ်များကို ပြသခြင်းခံကြရရန်အတွက်ထွက်‌ပေါ်လာကြမည်။

    [7] သို့ဖြစ်ရာ မည်သူမဆို အဏုမြူမှုန်မျှ ‌ကောင်းမှုတစ်စုံတစ်ခု ပြုလုပ်ခဲ့လျှင်လည်း ထိုသူသည် ထို‌ကောင်းမှုကို ‌တွေ့မြင်ရမည်။

    [8] ထို့ပြင် မည်သူမဆို အဏုမြူမှုန်မျှ မ‌ကောင်းမှုတစ်စုံတစ်ခု ပြုလုပ်ခဲ့လျှင်လည်း သူသည် ထိုမ‌ကောင်းမှုကို ‌တွေ့ မြင်ရမည်ဖြစ်သည်။

    Surah 100
    မြင်းများ

    [1] (ငါအရှင်မြတ်သည်) ‌မောဟိုက်သံနှင့်အမြန်‌ပြေး‌သော တိုက်မြင်းများကို သက်‌သေထူ‌တော်မူသည်။

    [2] ထို့ပြင် (သူတို့၏ခွာများကို ‌ကျောက်ခဲများနှင့်)ရိုက်ခတ်ပြီး မီးပွားများထွက်‌စေကြ‌သောမြင်းများကို သက်‌သေထူ‌တော်မူသည်။

    [3] ထို့ပြင် နံနက်မိုး‌သောက်ချိန်တွင် ဝင်‌ရောက်တိုက်ခိုက်ကြ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။

    [4] ထို့ပြင် နံနက်မိုး‌သောက်ချိန်တွင် ‌ပြေးခြင်းနှင့် ဖုံများ ‌ထောင်း‌ထောင်းထ‌စေ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။ ###၁

    [5] ထို့ပြင် ရန်သူများ၏ အုပ်စုအလယ်ကို တဟုန်ထိုး ထိုး‌ဖောက်ဝင်‌ရောက်ကြ‌သော မြင်းများကို သက်‌သေထူ‌တော်မူသည်။

    [6] အမှန်စင်စစ် လူသားသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား အလွန်‌ကျေးဇူးကန်းသူဖြစ်သည်။

    [7] ထို့ပြင် အမှန်စင်စစ် ထိုလူသားသည် ‌ကျေးဇူးကန်းမှုနှင့်ပတ်သက်၍ သူကိုယ်တိုင်ပင်သက်‌သေဖြစ်သည်။ ###၂

    [8] ထို့ပြင် အမှန်စင်စစ် သူသည် ပစ္စည်းဥစ္စာကို မက်‌မောရာတွင် အလွန်ပြင်းထန်သည်။

    [9] ထိုသူသည် သချုႋင်းထဲတွင်ရှိသည့်သူများကို ထုတ်‌ဖော်ခြင်းခံကြရမည့်အခါကို မသိသ‌လော။

    [10] ထို့ပြင် စိတ်နှလုံးထဲမှ လျှို့ ဝှက်ချက်များသည် ထင်ရှား‌စေခြင်း ခံရမည်ကိုလည်း မသိသ‌လော။

    [11] အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ထို‌နေ့တွင် သူတို့နှင့် ပတ်သက်၍ အားလုံးကို မုချအကြွင်းမဲ့သိမြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

    Surah 101
    ဘေးဥပဒ်

    [1] တီး‌ခေါက်သတိ‌ပေးသည့်အရာ၊ ###၁

    [2] ထိုတီး‌ခေါက်သတိ‌ပေးသည့်အရာသည် မည်သည့်အရာနည်း။

    [3] ထို့ပြင် ထိုတီး‌ခေါက်သည့်အရာသည် အဘယ်နည်းဆိုသည်ကို အသင် (တမန်‌တော်)သိပါ၏‌လော။

    [4] ထို‌နေ့တွင် လူများသည်ပြန့်ကြဲ‌နေ‌သော ပိုးဖလံများကဲ့သို့ဖြစ်ကြမည်။

    [5] ထို့ပြင် ‌တောင်များသည် ဖတ်ပြီး အ‌ရောင်ဆိုးထား‌သော သိုး‌မွေးကဲ့သို့ ဖြစ်ကြမည်။

    [6] ထို့ပြင်အကြင်သူ၏ ချိန်စက်ခြင်းခံရသည့်အရာ(‌ကောင်းမှု)များသည် (မ‌ကောင်းမှုများထက်)အချိန်စီးခဲ့လျှင်။

    [7] ထိုသူသည် စိတ်တိုင်းကျ စည်းစိမ်ထဲတွင် ရှိမည်။

    [8] ထို့ပြင် အကြင်သူ၏ ချိန်စက်ခြင်းခံရ‌သောအရာ(‌ကောင်းမှု)များသည် ‌ပေါ့‌နေခဲ့လျှင်။

    [9] သူ၏‌နေထိုင်ရာဌာနသည်“ဟာဝိယဟ်”ပင်ဖြစ်မည်။

    [10] ထို့ပြင် ထို“ဟာဝိယဟ်”သည် မည်သည့်အရာနည်းဆိုသည်ကို အသင်သိပါ၏‌လော။

    [11] (ထိုအရာသည်) အလွန်ပူပြင်း ဟုန်းဟုန်း‌တောက်‌နေ‌သော မီးပင်ဖြစ်သည်။

    Surah 102
    လောကစည်းစိမ်၌ပြိုင်ဆိုင်ခြင်း

    [1] သူ့ထက်ငါပြိုင်ဆိုင်ကြွယ်ဝလိုမှုက ###၁ အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုနာခံခြင်းမှ) ‌မေ့‌လျော့‌စေခဲ့သည်။

    [2] ‌နောက်ဆုံးတွင် အသင်တို့သည် သချုႋင်းများကို‌တွေ့မြင်ခဲ့ကြရ‌တော့သည်။ ###၂

    [3] (အသင်တို့သည် ထိုသို့ကြွယ်ဝမှု‌လောဘတက်ရန်)လုံးဝမဟုတ်‌ပေ၊ အသင်တို့သည် မကြာမီပင်သိရလိမ့်မည်။

    [4] ထို့ပြင် (သို့ဖြစ်ရာ)လုံးဝမဟုတ်‌ပေ၊ အသင်တို့သည် မကြာမီပင်သိရလိမ့်မည်။

    [5] အကယ်၍ အသင်တို့သည် လက်‌တွေ့မြင်‌တွေ့ရ‌သောအသိမျိုးဖြင့် သိရှိကြမည်ဆိုလျှင် လုံးဝ(အလ္လာ့ဟ်ကို‌မေ့‌လျော့ကြမည်)မဟုတ်‌ပေ။

    [6] အမှန်စင်စစ် အသင်တို့သည် ဂျဟန္နမ်ငရဲကိုမြင်ကြရမည်ဖြစ်သည်။

    [7] ထို့‌နောက် အမှန်ပင်အသင်တို့သည် ထိုဂျဟန္နမ်ငရဲကိုလက်‌တွေ့မြင်‌တွေ့ကြရမည်ဖြစ်သည်။

    [8] ထို့‌နောက် အသင်တို့သည် စည်းစိမ်များနှင့် ပတ်သက်၍ အမှန်ပင် စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။ ###၃

    Surah 103
    ယိမ်းယိုင်သောနေ့

    [1] (ငါအရှင်မြတ်သည်) ‌ခေတ်ကာလ(အစွရ် အချိန်၊ အစွရ်စွလာသ်)ကို သက်‌သေထူ‌တော်မူသည်။

    [2] အမှန်စင်စစ် လူသားသည် အမှန်ပင်ဆုံးရှုံးမှုထဲတွင်ရှိသည်။ ###၁

    [3] အကြင်သူများမှလွဲ၍ ၊ ထိုသူများသည် အီမာန် ယုံကြည်ခဲ့ကြပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အမှန်တရားအ‌ပေါ်တွင် ရပ်တည်ကြရန်အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ ထို့ပြင် သူတို့သည် သည်းခံကြရန်လည်း အချင်းချင်း တိုက်တွန်းဆုံးမကြသည်။ ###၂

    Surah 104
    ကဲ့ရဲ့ရှုတ်ချသူ

    [1] ‌နောက်ကွယ်အတင်း‌ပြောသူတိုင်း၊ ‌ရှေ့တွင် ‌စောင်းချိတ်ရှုတ်ချသူ အပြစ် ‌ပြောသူတိုင်းအတွက် ပျက်စီးမှု(ငရဲဘုံထဲမှ လျှိုတစ်ခု) ရှိသည်။

    [2] ထိုသူသည် ပစ္စည်းဥစ္စာကို စု‌ဆောင်းပြီး ထိုပစ္စည်းကို အကြိမ်ကြိမ် ‌ရေတွက်လျက်ရှိသည်။

    [3] ထိုသူသည် သူ့အား အမှန်စင်စစ် သူ၏ပစ္စည်းဥစ္စာက အမြဲရှင်‌အောင်လုပ်‌ပေးလိမ့်မည်ဟု ထင်မှတ်‌နေသည်။ ###၁

    [4] လုံးဝမဟုတ်‌ပေ၊ အမှန်စင်စစ် သူသည် ‌ကြေမွ‌အောင်‌ပေါက်ခွဲ(အပိုင်း ပိုင်းအစစလုပ်)မည့်အရာ(ငရဲ)ထဲတွင် ပစ်ချခြင်းကိုခံရမည်။

    [5] ထို့ပြင် ထို‌ကြေမွ‌အောင် ‌ပေါက်ခွဲမည့်အရာသည် မည်သည့်အရာနည်းဆိုသည်ကို အသင်သိပါ၏‌လော။

    [6] ‌မွှေးထားပြီးဖြစ်‌သော အလ္လာဟ်အရှင်မြတ်၏ ငရဲမီးပင်ဖြစ်သည်။

    [7] ထိုမီးသည် စိတ်နှလုံးများထိ ထိုး‌ဖောက်ဝင်‌ရောက်သည်။

    [8] အမှန်စင်စစ် ထိုမီးသည် သူတို့အ‌ပေါ်တွင် ပိတ်ဆို့ထားလိမ့်မည်။

    [9] ရှည်လျား‌သောတိုင်များတွင်(တုပ်‌နှောင်လျက်)။

    Surah 105
    ဆင်

    [1] အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ဆင်ပိုင်ရှင်များအား မည်သို့ ပြုလုပ်‌တော်မူခဲ့သည်ကို အသင်သည် မသိမြင်ခဲ့‌လေသ‌လော။ ###၄

    [2] အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ကြံစည်မှုကို ပျက်ပြား‌စေ‌တော်မူခဲ့သည်မဟုတ်‌လော။

    [3] ထို့ပြင် အရှင်မြတ်သည် သူတို့၏အ‌ပေါ်တွင် (အဗာဗီးလ် အနက်‌ရောင်ရှိ ပျံလွှားငှက်များနှင့်တူသည့်)ငှက်များကို အုပ်စုလိုက် ‌စေလွှတ်‌တော်မူခဲ့သည် မဟုတ်‌လော။

    [4] ထိုငှက်များသည် သူတို့အား ရွှံ့‌စေးဖြင့် ပြုလုပ်ထား‌သော ‌ကျောက်ခဲများနှင့် ပစ်ခတ်လျက်ရှိခဲ့ကြသည်။

    [5] ထို့‌နောက် အရှင်မြတ်သည် သူတို့အား စားထားပြီးဖြစ်‌သော ‌ကောက်ရိုးဖတ်များကဲ့သို့ ပြုလုပ်‌တော်မူခဲ့သည်

    Surah 106
    ကုရိုက်ရ်ှ

    [1] ကုရိုင်းရှ်အမျုိုးသားများ၏ အ‌လေ့အထရှိကြသည့်အတွက်၊

    [2] ထိုကုရိုင်းရှ် အမျိုးသားများသည် ‌ဆောင်းရာသီနှင့် ‌နွေရာသီတွင်ခရီးထွက်‌လေ့ရှိကြသည့်အတွက် (ငါအရှင်မြတ်သည်၎င်းတို့၏ခရီးစဉ်ကို အစစအရာရာ အဆင်‌ပြေ‌ချော‌မွေ့‌အောင်ပြုလုပ်‌ပေးလျက်‌ကျေးဇူးပြု‌တော်မူခဲ့သည်)။

    [3] သို့ဖြစ်ရာ သူတို့သည် ဤအိမ်‌တော်(ကအ်ဗဟ်‌ကျောင်း‌တော်)၏ အရှင်ကိုကိုးကွယ်ကြရမည်ဖြစ်သည်။

    [4] အရှင်မြတ်သည်သူတို့အား ဆာ‌လောင်မွတ်သိပ်ခြင်းမှ ကင်းလွတ်ရန်‌ကျွေး‌မွေး‌တော်မူခဲ့သည့်အပြင် သူတို့အားစိုးရိမ်မှုမှလည်း ‌ဘေးရန်ကင်းငြိမ်း‌စေ‌တော်မူခဲ့သည်။

    Surah 107
    အနည်းငယ်သောကျေးဇူးပြုခြင်း

    [1] အသင်(တမန်‌တော်)သည် အစား‌ပေးခြင်း(၏‌နေ့)ကို မဟုတ်မမှန်ဟု ငြင်းပယ်သည့်သူကို မမြင်ခဲ့သ‌လော။

    [2] ထိုသူပင် အဘမဲ့က‌လေးသူငယ်ကို တွန်းထုတ်‌သောသူဖြစ်သည်။

    [3] ထို့ပြင် ထိုသူသည် သူဆင်းရဲများကို အစားအစာ‌ကျွေး‌မွေးရန် တိုက်တွန်းနှိုး‌ဆော်မှုလည်းမပြု‌ပေ။

    [4] သို့ဖြစ်ရာ အကြင်စွလာသ်ဝတ်ပြုသူများတွင် အကြီးအကျယ်ပျက်စီးခြင်းရှိသည်။

    [5] ထိုသူများသည် သူတို့၏ စွလာသ်ဝတ်ပြုမှု(တာဝန်)ကိုပင်‌မေ့‌လျော့ထားကြသည်။

    [6] ထိုသူများသည်(သူတို့၏ စွလာသ် ဝတ်ပြုမှု စသည့်‌ကောင်းမှုများကို) ပြစားကြသည်။

    [7] ထို့ပြင် သူတို့သည် အ‌သေးအဖွဲ အသုံးအ‌ဆောင်ပစ်္စည်းများကိုပင်(သူတစ်ပါးကိုငှားရမ်းခြင်းမပြုရန်) ပိတ်ပင်တားမြစ်ကြသည်။

    Surah 108
    ပေါများခြင်း

    [1] အမှန်စင်စစ် ငါအရှင်မြတ်သည်အသင်(တမန်‌တော်)အား များပြားလှ‌သော ‌ကောင်းခြင်းများ(‌ကောင်ဆရ် ကန်‌တော်)ကို ‌ပေးသနား‌တော်မူခဲ့သည်။

    [2] သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အတွက်ရည်ရွယ်ပြီး စွလာသ် ဝတ်ပြုပါ။ ထို့ပြင် အသင်သည်(အရှင်မြတ်အား ရည်ရွယ်ပြီးသား‌ကောင်ကို လှီးဖြတ်စွန့်လှူ)ကုရ်ဗာနီပြုပါ။

    [3] အမှန်စင်စစ် အသင်၏ရန်သူပင် အညွန့်တုံးသူ ဖြစ်သည်။ ###၁

    Surah 109
    ငြင်းပယ်သူများ

    [1] (အို-တမန်‌တော်)အသင်‌ပြောပါ၊ အို-ကာဖစ်ရ် ငြင်းပယ်သူအ‌ပေါင်းတို့။

    [2] ငါသည် အသင်တို့ကိုးကွယ်‌နေကြ‌သောကိုးကွယ်ရာများကို ကိုးကွယ်သည်မဟုတ်‌ပေ။

    [3] ထို့ပြင် အသင်တို့သည်လည်း ငါကိုးကွယ်‌နေ‌သော ကိုးကွယ်ရာကို ကိုးကွယ်ကြသူများ မဟုတ်ကြ‌ပေ။

    [4] ထို့ပြင် ငါသည် အသင်တို့ကိုးကွယ်ကြ‌သော ကိုးကွယ်ရာများကို ကိုးကွယ်မည့်သူ မဟုတ်‌ပေ။

    [5] အသင်တို့သည်လည်း ငါကိုးကွယ်‌နေ‌သော ကိုးကွယ်ရာကို ကိုးကွယ်ကြမည့်သူများမဟုတ်ကြ‌ပေ။

    [6] အသင်တို့အတွက် အသင်တို့၏ သာသနာဖြစ်၍ ငါ့အတွက် ငါ၏သာသာနာပင်ဖြစ်သည်။

    Surah 110
    အကူအညီ

    [1] အလ္လာဟ်အရှင်မြတ်၏အကူအညီနှင့်‌အောင်နိုင်မှု ###၁ ‌ရောက်ရှိလာခဲ့သည့်အခါ။

    [2] ထို့ပြင် အသင်(တမန်‌တော်)သည် လူများအား အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာ‌တော်တွင် အသင်းလိုက်အဖွဲ့လိုက် ဝင်‌ရောက်‌နေသည်ကို ‌တွေ့မြင်သည့်အခါ

    [3] အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ချီးမွမ်း‌ထောမနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်းရွတ်ဆိုပါ။ ထို့ပြင်အသင်သည် အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံပါ။ အမှန်စင်စစ် အရှင်မြတ်သည် ဝန်ချ‌တောင်းပန်မှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

    Surah 111
    မီးလျှံ

    [1] အဗူလဟဗ်၏ လက်နှစ်ဖက်သည် ကျိုးပဲ့ပျက်စီးပါ‌စေ၊ ထို့ပြင် သူကိုယ်တိုင်လည်း ပျက်စီးပါ‌စေ။

    [2] သူ၏ ပစ္စည်းဥစ္စာနှင့် သူရှာ‌ဖွေခဲ့‌သော (ဥစ္စာ၊ သားသမီး)သည်လည်း အသုံးမဝင်ခဲ့‌ပေ။

    [3] မကြာမီ သူကိုယ်တိုင်လည်း ဟုန်းဟုန်း‌တောက်‌နေသည့်မီးထဲသို့ ဝင်‌ရောက်ရမည်။

    [4] ထင်းစည်းကို ထမ်းထား‌သော သူ၏ဇနီးသည်လည်း(ငရဲမီးထဲဝင်ရမည်)။

    [5] သူမ၏ လည်ကုပ်တွင် စွန်ပလွံ‌လျှော်ကို ကျစ်ထား‌သော ကြိုးတစ်‌ချောင်းလည်းရှိသည်။

    Surah 112
    စစ်မှန်ခြင်း

    [1] (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းဖြစ်‌တော်မူသည်။

    [2] အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းဟူသမျှမှကင်း‌တော်မူ‌သောအရှင်(သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ အမြဲထာဝရအရှင်)ဖြစ်‌တော်မူသည်။

    [3] အရှင်မြတ်သည် မည်သူတစ်ဦးတစ်‌ယောက်ကိုမှ ‌မွေးဖွား‌တော်မူခဲ့သည်မဟုတ်‌ပေ။ မည်သူ တစ်ဦးတစ်‌ယောက်၏ ‌မွေးဖွားခြင်းကိုမှလည်း ခံခဲ့ရ‌တော်မမူ‌ပေ။

    [4] ထို့ပြင် အရှင်မြတ်တွင် ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်‌ယောက်မျှ မရှိ‌ပေ။

    Surah 113
    အရုဏ်

    [1] (အို-တမန်‌တော်)အသင်‌ပြောဆိုပါ၊ ကျွန်ုပ်သည် နံနက်မိုး‌သောက်ချိန်ကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ခိုလှုံပါသည်။ ###၁

    [2] အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သော အဖန်ဆင်းခံများ၏‌ဘေးအန္တရာယ်များမှ။

    [3] ထို့ပြင် အ‌မှောင်အတိဖြစ်လာသည့်အခါ ထိုအ‌မှောင်၏‌ဘေးအန္တရာယ်များမှ။

    [4] အထုံးအဖွဲ့များတွင်မန်းမှုတ်‌သောမိန်းမများ၏ ‌ဘေးအန္တရာယ်များမှ။

    [5] မနာလိုငြူစူသူသည် မနာလိုငြူစူသည့်အခါ သူ၏‌ဘေးအန္တရာယ်များမှ (လွတ်‌မြောက်ရန် အရှင်မြတ်ထံ‌တော်တွင်ခိုလှုံပါသည်)။

    Surah 114
    လူသားမျိုးနွယ်

    [1] (အို-တမန်‌တော်)အသင်‌ပြောဆိုပါ၊ လူသားများအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ကျွန်ုပ် ခိုလှုံပါသည်။

    [2] လူသားများ၏အရာရာကို စိုးပိုင်‌တော်မူသည့် ဘုရင်မင်းမြတ်ဖြစ်‌တော်မူ‌သော (အရှင်မြတ်ထံ‌တော်တွင်)။

    [3] လူသားများ၏ကိုးကွယ်ရာဖြစ်‌တော်မူ‌သော (အရှင်မြတ်ထံ‌တော်တွင်)။

    [4] မ‌ကောင်းအကြံအစည်များကို ထည့်သွင်းတတ်‌သော၊ ‌နောက်ဆုတ်တတ်‌သော(ရှိုင်သွာန်၏)အန္တရာယ်မှ။

    [5] ထို(ရှိုင်သွာန်)သည် လူများ၏ စိတ်နှလုံးများထဲသို့ မ‌ကောင်းအကြံအစည်များထည့်သွင်း‌လေ့ရှိသည်။

    [6] ထို(ရှိုင်သွာန်)သည် ဂျင်န်သတ္တဝါများထဲမှဖြစ်‌စေ၊ လူများထဲမှဖြစ်‌စေ။ (အရှင်မြတ်ထံ‌တော်တွင် ကျွန်ုပ်ခိုလှုံပါသည်)။