Verse 100 — Surah Yunus 10:100

(အရှင်မြတ်ပြဋ္ဌာန်းထားသည့် တရားတော်နှင့်အညီ) အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မှအပ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တစ်ခုအတွက် ယုံကြည်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ဆင်ခြင်တုံတရားသုံး၍ တွေးခေါ် ဆင်ခြင်ခြင်းမရှိသူတို့ (၏ခေါင်း) ပေါ်တွင် (မယုံကြည်မှုဆိုင်ရာ) စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ညစ်ညမ်းမှုကို ဖြစ်ပေါ်ထားရှိတော်မူ၏။