Verse 102 — Surah Yunus 10:102

သို့ပါလျက် သူတို့သည် သူတို့မတိုင်မီ လွန်လေပြီးခဲ့သော ခေတ်ကာလများကဲ့သို့ပင် (အရှင့်သက်သေလက္ခဏာတော်များကို ငြင်းဆန်၍ ဘေးဒုက္ခပြစ်ဒဏ်များ ဆိုက်ရောက်လာခြင်းကို) စောင့်မျှော်နေကြသလော။ သို့ဖြစ်ပေရာ သင်တို့ စောင့်ကြည့်နေကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူများထဲတွင် မုချ ပါဝင်၏။”ဟု ဟောပြောလော့။