Verse 104 — Surah Yunus 10:104

ဟောကြားလော့။ အို၊ လူသားအပေါင်းတို့၊ အကယ်၍ သင်တို့သည် ကျွန်ုပ်၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်ပတ်သက်၍ ဒွိဟသံသယ၌ ရှိကြလျှင် (သင်တို့နှလုံးသွင်းသိသင့်သည်မှာ) ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ကိုးကွယ်ဆည်း ကပ်နေကြသောအရာများကို နာခံကိုးကွယ်နေခြင်း အလျှင်း မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်သည် သင်တို့၏သေ ခြင်းတရားကို ဖြစ်ပေါ်စေတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ပြီး (စကြဝဠာ၌ တွေ့မြင်ရသည့် နိယာမတရားများကို တစ်ပါးတည်းသော အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်းကို ယုံကြည်သည့်) ယုံကြည်သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်ပေး ညွှန်ကြားခြင်းခံခဲ့ရပြီ ဖြစ်၏။