Verse 105 — Surah Yunus 10:105

(နောက်ထပ် အမိန့်ပေးညွှန်ကြားခြင်းခံရသည်မှာ ကိုယ်စိတ်နှလုံးကို သီးသန့်ဦးတည်ချက်ဖြစ်သော အရှင် မြတ်၏နှစ်မြို့မှုရရှိရန်) သင်၏မျက်နှာကို (မယုံကြည်မှုနှင့် သီလကြောင်မှု လုံးဝ ကင်းရှင်းစေလျက်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် ဖြောင့်မတ်တည်ကြည်မှုမြဲမြံစွာဖြင့် ဦးတည်ရပ်တည်ရန်၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသောအရာများ ကို ကိုးကွယ်သူတို့တွင် အပါအဝင် မဖြစ်ရန်တို့ ဖြစ်သည်။