Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 107 — Surah Yunus 10:107
ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင့်ကို ဘေးဆိုးဒုက္ခအခက်အခဲတစ် စုံတစ်ခုနှင့်ထိတွေ့ စေတော်မူလျှင် ထိုအရှင်မြတ်မှအပ ယင်းကို (သင့်ထံမှ) ဖယ်ရှားပေးနိုင်သူ အလျှင်း မရှိပေ။ တစ်ဖန် အကယ်၍ အရှင်မြတ်သည် ကောင်းမြတ်မှုတစ်ခုခုဖြင့် သင့်ကို (အကျိုးပြုရန်) ရည်ရွယ်တော်မူလျှင် အရှင့်ရက်ရောသော ကျေးဇူးတော် (မှဖြစ်သည့်အတွက် ယင်း) ကို မည်သူမျှ ချုပ်တည်း မထားနိုင်ပေ။ အရှင့်အစေခံ (လူသားများ) အနက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ၌ ယင်း (ကျေးဇူးတော်) အား ဆိုက် ရောက်စေတော်မူ၏။ ထိုအရှင်မြတ် (လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေး တော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော ကရုဏာရှင် ဖြစ်တော်မူ၏။