Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 108 — Surah Yunus 10:108
ဟောပြောလော့။ အို၊ လူသားအပေါင်းတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ အမှန်တရားသစ္စာသည် သင်တို့ထံ ရောက်ရှိလာခဲ့ပြီးဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆို (မိစ္ဆာဒိဌိကို ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လမ်းမှားကို လိုက်နာလျှင် ယင်း (နဖ်စ်) အပေါ်၌သာ တာဝန်ရှိ၏။ ကျွန်ုပ်သည် (သင်တို့၏တာဝန်ဝတ္တရားများအတွက် တာဝန်ယူရန်) သင်တို့အပေါ်တွင် အုပ်ထိန်းစောင့်ကြပ်သူ (အဖြစ် ခန့်အပ်ခြင်းခံရသူ) မဟုတ်ချေ။