Verse 109 — Surah Yunus 10:109

အသင့်ထံသို့ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချခြင်းခံရသမျှကို လိုက်နာလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်တော်မူသည်အထိ ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထိုအရှင်မြတ်သည် တရားစီရင်ဆုံးဖြတ်ရာတွင် အကောင်းမြတ်ဆုံးပင် ဖြစ်တော်မူ၏။