Verse 11 — Surah Yunus 10:11

အလ္လာဟ်အရှင်မြတ်သည် အကယ်၍ လူသားတို့အတွက် (ကောင်းမှု၏) အကျိုးအမြတ်နှင့်ပတ်သက်၍ သူတို့အား အလျှင်စလို လုပ်စေတော်မူသကဲ့သို့ မကောင်းမှုကိုလည်း အလျှင်စလို အရေးယူစေတော်မူလျှင် (နောင်တသံဝေဂရ၍ အမှန်တရားကို လက်ခံလျက် ပြုပြင်နိုင်မည့် အခွင့်အလမ်းအတွက်) သူတို့၏ ရွှေ့ဆိုင်းကာလကို သူတို့အပေါ် မုချပင် အပြီးသတ် စီရင်ပြဋ္ဌာန်းတော်မူခဲ့လိမ့်မည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင် မြတ်နှင့်တွေ့ဆုံ (၍ လုပ်ရပ်တိုင်းအတွက် စာရင်းရှင်းခံရ) ရန် မမျှော်ကိုးကြသောသူတို့အား သူတို့၏ဖီဆန်ကျူး လွန်မှု၌ပင် (အကန်းလမ်းပျောက်ပမာ) တဝဲလည်လည်ဖြစ်ကြရန် ချန်ထားတော်မူမည်။