Verse 12 — Surah Yunus 10:12

ဘေးဒုက္ခဝေဒနာတစ်ခုခုသည် လူသားတစ်ဦးကို ထိတွေ့ (၍ ထိခိုက်နစ်နာစေ) သည့်အခါ သူသည် လဲလျောင်း၍ ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ မတ်တပ်ရပ်လျက်ဖြစ်စေ၊ ငါအရှင်မြတ်ကို ဟစ်ခေါ်၍ ဆုတောင်းပန်ကြား၏။ သို့ရာတွင် ငါအရှင်မြတ်က သူ၏ဘေးဒုက္ခဝေဒနာကို သူ့ထံမှ ဖယ်ရှားပေးတော်မူသောအခါ သူ့ကို လာထိခဲ့သော ဘေးဒုက္ခဝေဒနာအတွက် ငါအရှင်မြတ်အား မည်သည့်အခါမျှဟစ် ခေါ်ပန်ကြားခဲ့ခြင်း မရှိသကဲ့သို့ပင် (သွားမြဲလမ်းအတိုင်း) ဆက်သွားလေ၏။ ထိုကဲ့သို့ပင် (စည်းမျဉ်းတော်များကို ဖောက်ဖျက်၍) အလွဲသုံး စားပြု သူတို့အတွက် သူတို့ပြုမူကျင့်ကြံသမျှကို (သာယာဖွယ်ရာ၊ ဆွဲဆောင်ဖွယ်ရာအဖြစ်) တန်ဆာဆင်တော်မူ၏။