Verse 13 — Surah Yunus 10:13

ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ မျိုးဆက်ပေါင်းများစွာကို သူတို့က အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန် ပြုလုပ်ခဲ့ကြစဉ် ပျက်စီးတိမ်ကောစေတော်မူခဲ့၏။ သူတို့အနက်မှဖြစ်သော ရစူလ်တမန်တော်များသည် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များ ပါဝင်သည့် ရှင်းလင်းချက်များနှင့်အတူ သူတို့ထံ ရောက်ရှိလာခဲ့ကြသော်လည်း သူတို့မူကား သက်ဝင်ယုံကြည်ခြင်း အလျှင်း မရှိကြပေ။ ငါအရှင်မြတ်သည် ရာဇဝတ်မှုကျူးလွန်သောလူမျိုးတို့အား ထိုသို့ပင် အစားပေးတော်မူ၏။