Verse 14 — Surah Yunus 10:14

ထို့နောက် ငါအရှင်မြတ်သည် သူတို့နောက်တွင် မြေကမ္ဘာ၌ သင်တို့က မည်သို့ ပြုမူကျင့်ကြံမည်ကို ရှုမြင်စီစစ်တော်မူရန် သင်တို့အား (သူတို့၏နေရာတွင်) ဆက်ခံသော နောက်မျိုးဆက်အဖြစ် ဖြစ်ပေါ်စေတော်မူခဲ့၏။