Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 15 — Surah Yunus 10:15
သူတို့ရှေ့ဝယ် မြင်သာထင်ရှားသော ရှင်းလင်းချက်များပါရှိသည့် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြသောအခါ ငါအရှင်မြတ်နှင့်တွေ့ဆုံ (၍ လုပ်ရပ်တိုင်းအတွက် စာရင်းရှင်းခံရ) ရန် မမျှော်ကိုးကြသော သူတို့က “ဤကျမ်းတော်အား ကုရ်အာန်မဟုတ်သော (အခြားတစ်ခု) ဖြင့် ကျွန်ုပ်တို့ထံ အစားထိုး ယူဆောင်လာခဲ့လော့။ သို့တည်းမဟုတ် ထိုကျမ်းတော်ကို ပြောင်းလဲပေးလော့။” ဟု ပြောဆိုတောင်း ဆိုခဲ့ကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား ကျွန်ုပ်၏အလိုဆန္ဒနောက်လိုက်စေ၍ ထိုကျမ်းတော်ကို ပြောင်းလဲရန် ကျွန်ုပ်အတွက် (အခွင့်အာဏာပေးထားခြင်း) အလျှင်း မရှိပေ။ ကျွန်ုပ်အပေါ် အမိန့်တော်ထုတ်ပြန်ပို့ချသမျှကိုသာလျှင် တစ်သဝေမတိမ်းနာခံလိုက်နာရန် တာဝန်ရှိ၏။ အကယ်၍ ကျွန်ုပ်သည် အရှင့်အမိန့်တော်များကို ဖီဆန်မိသော် အလွန်ကြီးကျယ်သော (တမလွန်တရားစီရင်မည့်) နေ့တွင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်ပေးခံရမည်ကို အမှန်ပင် ကြောက်ရွံ့နေရပါ၏။” ဟု ဟောပြောလော့။