Verse 17 — Surah Yunus 10:17

အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများကို လုပ်ကြံလီဆယ်လျက် အရှင့်အပေါ်စွပ်စွဲသူ သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် စွပ်စွဲ၍ ငြင်းပယ်သူထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ဧကန်ပင်၊ ရာဇဝတ်မှု ကျူးလွန်သူများသည် အလျှင်း ပေါက်မြောက်အောင်မြင်ကြလိမ့်မည် မဟုတ်ချေ။