Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 18 — Surah Yunus 10:18
အလ္လာဟ်အရှင်မြတ်မှအပ သူတို့ယုံကြည်ကိုးကွယ်နေကြသည့် (အခြားသက်ရှိသက်မဲ့စသော) အရာများသည် သူတို့အား မည်သည့်အကျိုးယုတ်မှုနှင့်အကျိုးပြုမှုကိုမျှ မပြုနိုင်ကြသော်လည်း သူတို့က “ဤသည်တို့မူကား အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံမည့်အရာများ ဖြစ်ကြသည်။” ဟု ပြောဆိုကြ၏။ (သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ အရှင်မြတ်က မသိသောအရာများရှိဟန်ဖြင့် သတင်းပေး ဆင့်ပြန်လိုကြသလော။” ဟု မေးမြန်းလော့။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူပြီး လူသားတို့က ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက် သန့်ရှင်းစင်ကြယ်တော်သည့်အပြင် သူတို့က တွဲဖက်တုပြိုင်၍ ကိုးကွယ်နေကြသောအရအား လုံးထက် မြင့်မြတ်တော်မူ၏။ ဟု ဟောလော့။