Verse 19 — Surah Yunus 10:19

(မူလအစတွင်) လူသားသည် တစ်ခုတည်းသော လမ်းစဉ်ကို လိုက်နာ (ပြီး ဘာသာအယူဝါဒတူညီ) သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုအဖြစ်သာ ရှိခဲ့သော်လည်း (နောက်ပိုင်းတွင်မူ) ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်နာကြ (လျက် သဘောထားကွဲလွဲသော လူ့အဖွဲ့အစည်းများအဖြစ် ပေါ်ပေါက်လာ) လေ၏။ (အို၊ တမန်တော်) အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က (ရှေးဦးကာလကပင် လူသားတို့အား သူတို့၏လွတ်လပ်သောဆန္ဒဖြင့် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကို ပိတ်ပင်သည့်) ဗျာဒိတ်အမိန့်တော်တစ်ခုကို ပဏာမ ထုတ်ပြန်တော်မူခဲ့လျှင် လောကီကမ္ဘာ၌ သူတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲနေကြသည့် အရာဟူသမျှနှင့်ပတ်သက်၍ မုချပင် အပြီးသတ် စီရင်ဆုံးဖြတ်တော်မူခဲ့ပြီး ဖြစ်လိမ့်မည်။