Verse 20 — Surah Yunus 10:20

ထို့ပြင် သူတို့က (အချင်းချင်း) “တမန်တော်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သူ့ပေါ်တွင် အံ့ဖွယ်သက်သေလက္ခဏာတော်တစ်ခုကို အဘယ်ကြောင့် ချမှတ်ပေး အပ်တော်မမူသနည်း။” ဟု မေးမြန်းပြောဆိုနေကြ၏။ သို့ဖြစ်ပေရာ (သူတို့အား) မျက်ကွယ်ရာအလုံးစုံကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောကြောင့် (အနာဂတ်၌ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို ဖြစ်စေတော်မူရန် မျှော်ကိုး၍) စောင့်မျှော်နေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူပင် ဖြစ်၏။” ဟု ဖြေဆိုဟောကြားလော့။