Verse 21 — Surah Yunus 10:21

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူတို့ဘေးဒုက္ခဝေဒနာများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီးနောက်တွင် အရှင့်ကရုဏာတော်တစ်ခုခုအား မြည်းစမ်းစေတော်မူသောအခါ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်မှုအတွက် အမှန်ပင် ကြံစည်ကြ၏။ ဟောကြားလော့။ အလ္လာဟ်အရှင် မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင်) အကြံအစည်တစ်ခုကို ပိုမို၍ပင် အလျှင်အမြန်ဆုံး ပြဋ္ဌာန်းတော်မူနိုင်၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏ကောင်းကင်စေတမန်များသည် သူတို့ ကြံစည်ဖန်တီးသမျှနှင့်ပတ်သက်၍ (အသေးစိတ်ကို) မှတ်တမ်းတင်နေကြ၏။