Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 22 — Surah Yunus 10:22
ထိုအရှင်မြတ်သည်ပင် သင်တို့အား ကုန်းကြောင်းနှင့်ပင်လယ်ရေကြောင်းခရီး၌ (သွားလာလှုပ်ရှားလျက်) သယ်ယူပို့ဆောင်စေတော်မူ၏။ (သို့ဖြစ်ပေရာ လှေသင်္ဘောများကို တီထွင်လာသည်အထိ ဖွံ့ဖြိုးလာ၏။) သင်တို့ သည် လှေသင်္ဘောများပေါ်တွင် ရှိနေကြပြီး သင့်တော်ကောင်းမွန်သည့် လေပြည်လေညှင်းဖြင့် ယင်းတို့ကို စီးနင်းခုတ်မောင်း၍ ခရီးထွက်သောအခါ ထိုထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၏။ သို့သော် လေပြင်းမုန်တိုင်း ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်လည်း ထိုလှေသင်္ဘောများအား နေရာတိုင်း (အဘက်ဘက်) မှ ရိုက်ခတ် လွှမ်းမိုးလာပြီး သူတို့က ဝိုင်းရံလွှမ်းခြုံထားခြင်းခံရ (ကာ မကြာမီ သေရမည်ဖြစ်) ကြောင်း အလွန်ပင် ထင်မှတ်ကြသောအခါ သူတို့သည် အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်လျက် “အကယ်၍ အသင်အရှင်မြတ်က ကျွန်ုပ်တို့အား ဤအခြေအနေမှ ကယ်တင်တော်မူပါလျှင် ကျွန်ုပ်တို့သည် ဧကန်မလွဲ၊ ကျေးဇူးသိတတ် သူတို့ အနက်မှ ဖြစ်ကြပါလိမ့်မည်။” ဟု အလ္လာဟ်အရှင်မြတ်ကို ဟစ်ခေါ်ပန်ကြားကြ၏။