Verse 23 — Surah Yunus 10:23

သို့ရာတွင် ငါအရှင်မြတ်က သူတို့ကို (ဒုက္ခအခက်အခဲများမှ လွတ်မြောက်စေတော်မူ၍) ကယ်တင်တော်မူသောအခါ သူတို့သည် ကမ္ဘာဂြိုဟ်၌ အမှန်တရားသစ္စာနှင့်ဆန့်ကျင်၍ (လူတို့၏အခွင့်အရေးများကို ချိုးဖောက်လျက် အရှင့်စည်းမျဉ်းတော်များကို သစ္စာမဲ့စွာဖြင့်) ပြောင်ပြောင်တင်းတင်း အာခံဖီဆန်ကြ၏။ အို၊ လူသားအပေါင်းတို့၊ သင်တို့၏အာခံဖီဆန်မှုများသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များအား အရှင့် စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍ (သင်တို့ကိုယ်တိုင်) လောကီဘဝသက်တမ်း၏စိတ်ဖြေစရာ အကျိုးခံစားမှုအတွက် သာ ကန့်သတ်ချုပ်ချယ်လိုက်ခြင်းပင် ဖြစ်၏။ ထို့နောက် သင်တို့သည် ငါအရှင်မြတ်ထံတော်သို့သာလျှင် လှည့်ပြန် ကြရမည်ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကြောင်းကြားစေတော် (မူလျက် စာရင်းရှင်းအရေးယူတော်) မူလိမ့်မည်။