Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 24 — Surah Yunus 10:24
ဤလောကီဘဝသက်တမ်း၏ဥပမာသည်ကား “မိုးကောင်းကင်မှ ငါအရှင်မြတ်က ရွာသွန်းစေတော်မူသည့် မိုးရေကို ကမ္ဘာမြေကြီးအား စုပ်ယူစေတော်မူသောကြောင့် သစ်ပင်မျိုးစုံ ရှင်သန်ပေါက်ဖွားလာကာ မြေကမ္ဘာက ယင်း၏အဆင်တန်ဆာနှင့်အလှဆင်မှု (များဖြစ်သော သီးနှံမျိုးစုံ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကျွဲ နွားတိရိစ္ဆာန်မျိုးစုံစသော စားစရာ၊ သောက်စရာများနှင့် ပန်းမန်မျိုးစုံရှင်သန်ပေါက်ဖွားလာပြီး သာယာကြည်နူး ဖွယ်ကောင်းအောင် စိမ်းလန်းစိုပြေမှု) ဖြင့် အလှတန်ဆာဆင်ထားသည်အထိ လူသားနှင့်တိရိစ္ဆာန်မျိုးစုံက စား သောက်ကြပြီး” ကမ္ဘာဂြိုဟ်၌ မှီတင်းနေထိုင်ကြသူတို့က “ဧကန်ပင်၊ သူတို့သည် ကမ္ဘာဂြိုဟ်ပေါ်တွင် အရာရာကို ဆန္ဒအလျောက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရလျက် စွမ်းဆောင်ရည် ရှိကြသည်။"" ဟု ထင်မြင်ယူဆနေကြစဉ် ငါအရှင် မြတ်၏စီမံချက် အမိန့်တော်သည် ယင်းကမ္ဘာဂြိုဟ်ပေါ်ကို ညအချိန် သို့မဟုတ် နေ့အချိန်ရောက်လာသော ကြောင့် ယမန်နေ့ကပင် စိမ်းလန်းစိုပြေမှုနှင့်စည်ပင်သာယာမှု လုံးဝ ကင်းမဲ့သကဲ့သို့ လယ်ယာဥယျာဉ်များ ရိတ် သိမ်းပြီးသားဖြစ်လျက် မျိုးတုံးသွားစေတော်မူသည့် (အဖြစ်အပျက်၌ ဖေါ်ပြပါရှိသည့်) မိုးရေကဲ့သို့ပင် ဖြစ်၏။ ထိုသို့ပင် ငါအရှင်မြတ်သည် အလေးအနက် တွေးခေါ်ဆင်ခြင်သော လူမျိုးများအတွက် အာယာသ်သက်သေလက္ခဏာတော်များ (ကျမ်းတော်မြတ်ကုရ်အာန်ပါ အမိန့်ပညတ်ချက်များနှင့်လမ်းညွှန်တော်များ) ကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။”