Verse 25 — Surah Yunus 10:25

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူသားအား၊ အတိသုခ၊ စိတ်ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုများရှိပြီး ပြီးပြည့်စုံသော စိတ်ချမ်းသာမှုကို ခံစားနိုင်မည့်) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူကာ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။