Verse 26 — Surah Yunus 10:26

ကောင်းမှုကုသိုလ်ဖြင့် ပြုမူကျင့်ကြံကြသူတို့ (သည် အရှင်မြတ်မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက် လုပ်ဆောင်ကြသည့်) အတွက် အကောင်းမြတ်ဆုံး ဆုလဒ်ချီး မြှင့်တော်မူရုံသာမက ပိုမို၍ပင် တိုးပွားစေတော်မူမည်။ ထို့ပြင် (ကောင်းမှုလုပ်ခြင်းကြောင့်) အမည်းစက် မရှိသည့်အပြင် လူဘုံအလယ်မှာလည်း အရှက်ရစရာ မရှိသဖြင့် (ရဲဝံ့စွာ ပြုမူပြောဆိုနိုင်ကြပြီး) သူတို့၏မျက်နှာများကို ဖုံးကွယ်ကြလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် သုခဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထို (သုခဥယျာဉ်) ထဲ၌ပင် အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းကြ လိမ့်မည်။