Verse 27 — Surah Yunus 10:27

မကောင်းမှုဒုစရိုက်များကို ရှာဖွေဆည်းပူးကြသူတို့သည်ကား (သူတို့ပြုမူကျင့်ကြံသော) မကောင်းမှုအကုသိုလ်နှင့်ထပ်တူထပ်မျှ (ညီမျှသော ပြစ်ဒဏ်ကို အကျိုးဆက်အဖြစ်) ပေးဆပ်ရမည်ဖြစ်ပြီး လူဘုံအလယ်တွင်လည်း အရှက်ကွဲခံရမည် ဖြစ်သောကြောင့် သူတို့၏မျက်နှာများကို (လူတို့မှ ရှောင်ကြဉ်ရန်) ဖုံးကွယ်ကြလိမ့် မည်။ သူတို့အား အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ ကာကွယ်နိုင်မည့်သူဟူ၍လည်း မည်သူ တစ်ဦး တစ်ယောက်မျှ မရှိချေ။ သူတို့၏မျက်နှာများသည် (မကောင်းမှုဒုစရိုက်များလုပ်ခြင်းကြောင့် မလုံမလဲဖြစ်လျက်) မည်းမှောင်နေသော ညမှ အမည်းစက်၊ အမည်းပြောက်များကဲ့သို့ပင် ဖုံးကွယ်ထားခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြပြီး ထို (ငရဲဘုံ) ထဲ၌ပင် အစဉ်ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားရလိမ့်မည်။