Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 28 — Surah Yunus 10:28
(တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ယုံကြည်ကိုးကွယ်ကြသူတို့အား “သင်တို့နှင့် သင်တို့က တုပြိုင်တွဲဖက်၍ ကိုးကွယ်ခံရသော အရာများသည် သင်တို့၏အခြေအနေနှင့်အနေအထိုင်အတိုင်း သင်တို့နေကြလော့။” ဟု မိန့်တော်မူမည်။ ထို့နောက် သူတို့အား သီးခြားစီခွဲထားတော်မူမည်။ (ထိုစဉ်) တုပြိုင်တွဲဖက်၍ ကိုးကွယ်ခြင်းခံရသောအရာများက (လောကီဘဝ၌ ယင်းတို့ကို ယုံကြည်ကိုးကွယ်ခဲ့ကြသူတို့အား) “သင်တို့သည် ကျွန်ုပ်တို့ကိုသာလျှင် ကိုးကွယ်ခဲ့ကြသည် မဟုတ်ပေ။” ဟု ပြောဆိုကြလိမ့်မည်။