Verse 30 — Surah Yunus 10:30

ထိုနေရာတွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အ သွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အ လိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တိုင်းက (ယခင်လောကီဘဝ၌) ယင်းတို့ပြုမူကျင့် ကြံခဲ့သမျှ (ကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားစေလျက်) တရားစီရင်ခြင်းခံရမည်ဖြစ်၍ သူတို့၏စစ်မှန်သော အရှင်သခင်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်ပို့ခြင်းခံကြရပေမည်။ ထိုစဉ် (လောကီဘဝ၌ ကိုးကွယ်ရာအဖြစ်) သူတို့လုပ်ကြံဖန်တီးခဲ့ကြသော ကိုးကွယ်ရာများသည် (သူတို့ကို စွန့်ပစ်၍) သူတို့နှင့်ကင်းကွာ သွားကြပေလိမ့်မည်။