Verse 31 — Surah Yunus 10:31

“သင်တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်မှ စားနပ်ရိက္ခာ (နှင့်အခြားလိုအပ်ချက်များကို) မည်သူက ထောက်ပံ့ (ဖြည့်ဆည်း) ပေးနေသနည်း။ သို့မဟုတ် အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည် တို့ကို မည်သူ စိုးပိုင်သနည်း။ ထို့ပြင် သက်မဲ့မှ သက်ရှိဖြစ်ပေါ်ပေါ်ထွန်းစေခြင်းကိုလည်းကောင်း သက်ရှိမှသက် မဲ့ဖြစ်စေခြင်းကိုလည်းကောင်း၊ မည်သူက ထိန်းချုပ်ထားသနည်း။ (စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများ လှည့်ပတ်သွားလာလှုပ်ရှားခြင်း၊ လေဖိအား၊ အပူ၊ အအေး၊ နေ့၊ ည၊ သိပ်သည်းမှု၊ ဆွဲငင်မှု၊ တွန်းကန်မှု စသည့်) အကြောင်းကိစ္စရပ်ဟူသမျှကို မည်သူက (စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍) ထိန်းချုပ်စိုးပိုင်သနည်း။” ဟု မေးမြန်းလော့။ ထိုအခါ သူတို့က “(အရာရာကို စီစဉ်ကျနစွာဖြင့် စီမံခန့်ခွဲ၍ ထိန်းချုပ်စိုးပိုင်ထားသူမှာ) အလ္လာဟ်အရှင် မြတ်ပင် ဖြစ်ပါသည်။” ဟု ဖြေဆိုကြလိမ့် မည်။ သို့ဖြစ်ပေရာ (သူတို့အား) “သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြမည်လော” ဟု မေးမြန်းလော့။