Verse 34 — Surah Yunus 10:34

“အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့၏) မူလဇစ်မြစ်ကို အဦးဆုံး စတင်ဖွဲ့စည်းဖြစ်တည်စေပြီးနောက် ယင်းကို ထပ်ဆင့်တိုးပွားစေနိုင်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” ဟု မေးမြန်းလော့၊ အလ္လာဟ်အရှင်မြတ်သာလျှင် မူလဇစ်မြစ်ကို စတင် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်းကို ထပ်မံတိုးပွားဖြစ်ပေါ်စေတော်မူ (လူ သားတို့အမည်ထားသော သဘာဝနိယာမတရားခေါ် အရှင့်နိယာမတရားများ၌ သင်တို့ စူးစမ်းတွေ့ရှိနိုင်) ၏။ သို့ပါလျက် သင်တို့သည် (အဘယ်ကြောင့် သဘာဝတရား သို့မဟုတ် အလိုအလျောက်ဖြစ်သောအရာဟူ၍ မှားယွင်းစွာ ကြွေးကြော်လျက် အမှန်တရားမှ သွေဖည်၍) မည်သို့ လှည့်စားခြင်းခံရသနည်း။” ဟု ဖြေကြားလော့။