Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 35 — Surah Yunus 10:35
အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်နေကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ အမှန်တရားသစ္စာဘက်သို့ လမ်းညွှန်မည့်သူ တစ်စုံတစ်ဦးမျှ ရှိလေသလော။” ဟု မေးမြန်းလော့။ အလ္လာဟ်အရှင်မြတ်သာလျှင် အမှန်တရားသစ္စာဘက်သို့ လမ်းညွှန်တော်မူ၏။” ဟု ဖြေဆိုဟောကြားလော့။ သို့ဖြစ်ပေရာ အမှန်တရား သစ္စာဘက်သို့ လမ်းညွှန်တော်မူသောအရှင်မြတ်နှင့်လမ်းညွှန်ခံရ (မှသာလျှင် သူကိုယ် တိုင် တရားလမ်းမှန် ရှာတွေ့ နိုင်) ခြင်းမှအပ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) တရားလမ်းမှန် မညွှန်ပြနိုင်သောသူ (တို့အနက်) မည်သူ့ကို နာခံလိုက်နာရန် အထိုက်တန်ဆုံး၊ အမှန်ကန်ဆုံးနှင့်တာဝန်အရှိဆုံး ဖြစ်မည်နည်း။ သို့ဖြစ်ရာ သင်တို့ (၏အကျိုး) အတွက် သင်တို့ မည်သို့ ယတိပြတ် ဆုံးဖြတ်ကြမည်ဟူသည် သင်တို့၏တာဝန်သာ ဖြစ်၏။