Verse 37 — Surah Yunus 10:37

ဤကျမ်းတော်မြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ) လုပ်ကြံဖန်တီးနိုင်သော ကျမ်းမဟုတ်သည့်အပြင် ယခင် (ချမှတ်ပေးအပ်တော်မူသည့်) ကျမ်းများလက်ဝယ်ပိုင်ဆိုင်ထားသူများနှင့်ထိုကျမ်းကြားတွင် (မည်သည့်အချက်က မှန်ကန်၍ မည်သည့်အချက်က မှားနေကြောင်းကို ထောက်ပြလျက်) ဖြောင့်မတ်မှန်ကန်စေပြီး ယင်းတွင် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံတော်မှ ဒွိဟသံသယဖြစ်ဖွယ်ရာ အလျှင်း မရှိသော အသေးစိတ် ရှင်းလင်းချက်များ ဖော်ပြပါရှိသည့် ကျမ်းတော်ဖြစ်သည်။