Verse 38 — Surah Yunus 10:38

သို့တည်းမဟုတ် ထိုသူ (တမန်တော်မုဟမ္မဒ်) သည် ယင်းကို လုပ်ကြံဖန်တီးခဲ့၏။” ဟု ပြောဆိုကြလေသ ၏လော။ (အို၊ ရစူလ်တမန်တော် သူတို့အား သူတို့၏သံသယနှင့်ယင်းအပေါ်အခြေခံသော ကြွေးကြော်မှုများကို) အကယ်၍ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုကြသူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (သင်တို့အား ကူညီရန်) တတ်စွမ်းနိုင်သူများကိုပါ ဖိတ်ခေါ်လျက် ယင်း (ကျမ်းတော်၏ ကဏ္ဍ) နှင့်တူသော စူရဟ်ကဏ္ဍတစ်ခုကို (စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလော့။” ဟု တောင်းဆိုဟောကြားလော့။