Verse 39 — Surah Yunus 10:39

အမှန်မျာ (သူတို့၏သံသယနှင့်ကြွေးကြော်မှုများ မမှန်ကန်ကြောင်းကို သူတို့ကိုယ်တိုင် သိသော်ငြားလည်း) သူတို့သည် ယင်း၏ (ဉာဏ်တော်အနန္တမှဖြစ်သော) ပညာနှင့်ပတ်သက်၍ ကျိုးကြောင်း ခြုံငုံသုံးသပ်နိုင်ကြသည် မဟုတ်သည့်အပြင် ယင်း၏ထင်သာမြင်သာရှိသော (အရှင့်ကတိတော်နှင့်သတိပေးနှိုးဆော်မှုဆိုင်ရာ) အဓိပ္ပါယ် ဖွင့်ဆိုချက်များအား (အမိအရ သိနားလည်နိုင်အောင်လည်းသူတို့၏ စိတ်နှလုံးထဲသို့) မရောက်ရှိခဲ့သောကြောင့် (မဟုတ်မတရား လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြ၏။ ထိုကဲ့သို့ပင် သူတို့မတိုင်မီ ရှိခဲ့ကြသူတို့လည်း (မဟုတ် မတရား လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်ကြသူ၏အပြီးသတ် အကျိုးဆက် (ဇာတ်သိမ်းခန်း) မည်သို့ ရှိခဲ့သည်ကို စူးစမ်းလေ့ လာ၍ တွေးမြင်သုံးသပ်ကြလော့။