Verse 40 — Surah Yunus 10:40

သူတို့အနက်မှ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) အပေါ်၌ ယုံကြည်သူများနှင့်ယုံကြည်မည့်သူများ ရှိကြသည့်အပြင် ယင်းအပေါ်၌ မယုံကြည်ကြသူများလည်း ရှိကြ၏။ ထို့ပြင် အသင် (တမန်တော်) အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များ ကျူးလွန်ဖောက်ဖျက်၍ အာခံဖီဆန်ကြသူတို့နှင့်ပတ်သက်၍ (သူတို့လှုပ်ရှားမှုအလုံးစုံကို) အသိတော်မူဆုံး ဖြစ်တော်မူ၏။