Verse 41 — Surah Yunus 10:41

အကယ်၍ သူတို့သည် အသင် (တမန်တော်) အား (မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍) ငြင်းပယ်ကြလျှင် (သူတို့အား) “ကျွန်ုပ်သည် ကျွန်ုပ်၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း၊ သင်တို့သည် သင်တို့၏ပြုမူလုပ်ဆောင်ချက်အတွက်လည်းကောင်း (တာဝန်ရှိပြီး) သင်တို့သည် ကျွန်ုပ်ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ ကျွန်ုပ်သည် သင်တို့ပြုမူလုပ်ဆောင်သမျှမှလည်းကောင်း၊ (မည်သို့မျှ မသက်ဆိုင်ဘဲ) လုံးဝ ကင်းလွတ်၏။”