Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 45 — Surah Yunus 10:45
(တမလွန်တရားစီရင်မည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူစဉ် သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး မှတ်မိနေကြလျက် (လောကီဘဝသက်တမ်း၌) နေ့၏တစ်နာရီခန့်မျှပင် မကြန့်ကြာ (ဘဲ ရောက်လာကြ) သကဲ့သို့ ခံစားကြလိမ့်မည်။ ဧကန်ပင်၊ (လောကီဘဝ၌ ပြုခဲ့သမျှ၏ အကျိုးခံစားခွင့်နှင့်ပေး ဆပ်မှုအတွက်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဖြစ်ကြောင်းကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ် ခဲ့ကြသူတို့သည် (သူတို့၏လောကီလောကုတ္တရာနှစ်ဌာနစလုံးကို သူတို့ကိုယ်တိုင်) ပျက်စီးဆုံးရှုံးစေလိမ့်မည် ဖြစ်ပြီး မည်သည့်အခါမျှ လမ်းညွှန်ခြင်းခံကြရလိမ့်မည် မဟုတ်ပေ။