Verse 47 — Surah Yunus 10:47

အမှန်မှာ လူ့အသိုင်းအဝိုင်းတိုင်းအတွက် ရစူလ်တမန်တော်တစ်ပါးစီ ရှိ၏။ သို့ဖြစ်ပေရာ သူတို့ထံ ရစူလ်တမန်တော်များ ရောက်ရှိလာသည့်အခါတိုင်း (သူတို့အနက်မှ အချို့က ယုံကြည်လက်ခံပြီး အချို့က မယုံကြည်ကြသော်လည်း ထိုရစူလ်တမန်တော်များက) သူတို့အချင်းချင်းကြားတွင် (မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ တရားတော်နှင့်အညီ) တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ခြင်း ခံကြရမည်ဖြစ်ပြီး သူတို့သည် မတော်မတရားပြု ခြင်းခံကြရခြင်း အလျှင်း ရှိမည်မဟုတ်ပေ။