Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 49 — Surah Yunus 10:49
“အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူ၍ ဖြည့်ဆည်းပေးတော်မူခြင်းမှအပ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင် ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)အတွက်ပင် မည်သည့် ဆိုးကျိုးကိုသော် လည်းကောင်းကောင်းကျိုးကိုသော်လည်း ပြုနိုင်စွမ်းမရှိပေ။ လူ့အသိုင်းအဝိုင်းအတွက် ယင်း၏သတ်မှတ်ချိန် သည် ရှိနေ၏။ သူတို့အတွက် သတ်မှတ်တော်မူသည့် (နောက်ဆုံး)အချိန်ကာလရောက်ရှိလာသောအခါ သူတို့ သည် ယင်းကို တစ်နာရီမျှပင် နောက်ဆုတ်(၍ ရွှေ့ဆိုင်း)နိုင်ကြမည်မဟုတ်၊ စောလျှင်စွာ ပြီးစီးရန် ကြိုတင်အဆုံး သတ်နိုင်ကြမည်လည်း မဟုတ်ပေ။” ဟု ဖြေဆိုဟောကြားလော့။