Verse 5 — Surah Yunus 10:5

ထိုအရှင်မြတ်သည်ပင် နေမင်းကို ထွန်းလင်းတောက်ပ၍ အပူဓါတ်ဖြာထွက်လျက် အလင်းပေးသောအရာ အဖြစ်လည်းကောင်း၊ လစန္ဒာကို အလင်းပြန်သောအရာအဖြစ်လည်းကောင်း၊ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူပြီး သင်တို့က ခုနှစ်များ၏အရေအတွက်နှင့်အချိန်ကာလအား တိုင်းတာ တွက်ချက်ခြင်းကို သိနားလည်ကြရန်အလို့ငှာ ယင်း (လ) ၏ (လှည့်ပတ်သွားလာလှုပ်ရှားမှုဆိုင်ရာအဆင့်များ) စခန်းများကို အတိအကျ ပြဋ္ဌာန်းသတ်မှတ်တော် မူ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ဖွဲ့စည်းဖြစ်တည်တော်မူခြင်း (တိကျမှန်ကန်သော နိယာမတရားနှင့်) အမှန် တရားအားဖြင့် ဖွဲ့စည်းစေတော်မူခြင်းမှအပ အခြား (မည်သည့်အရာပေါ်မျှ အခြေခံခြင်း) မရှိချေ။ ထိုအရှင်မြတ်သည် အသိပညာရှိသော လူမျိုးများအတွက် အာယာသ်သက်သေလက္ခဏာတော်များကို (ထိုသို့ပင်) အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။