Verse 51 — Surah Yunus 10:51

အဘယ်သို့နည်း။ ထိုပြစ်ဒဏ် (အရေးယူမှုကို အကောင်အထည်ဖော်လျက်) ဖြစ်ပေါ်စေတော်မူပြီးမှသာလျှင် အသင်တို့သည် ယင်းနှင့်ပတ်သက်၍ ယုံကြည်ကြမည်လော။ (နဖူးတွေ့ဒူးတွေ့ကြုံပြီး) ယခုအချိန် ၌သာ ယုံကြည်နေပြီလော့။ သင်တို့သည် ယင်းနှင့်စပ်လျဉ်း၍ (ယခင်က အထင်သေး၍ မထီမဲ့မြင်ပြုလျက် မယုံကြည်ဖီဆန်ကာ) စိတ်စောစွာဖြင့် (အလျှင်အမြန်) ရောက်စေလိုခဲ့ကြပြီ မဟုတ်လော။