Verse 53 — Surah Yunus 10:53

သူတို့သည် အသင် (တမန်တော်) အား “ယင်း (ဒဏ်ခတ်အရေးယူမည့်ကိစ္စ) သည် တိကျမှန်ကန် မှုရှိသလော။” ဟု မေးမြန်းစုံစမ်းကြ၏။ (အသင်သည် သူတို့အား) မုချပင်၊ စင်စစ် ထိုကိစ္စနှင့်ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အမှန်ပင် လုံးဝ တိကျမှန်ကန် ပြတ်သားသော အမှန်တရားသစ္စာပင် ဖြစ်ပြီး သင်တို့သည် (အရှင်မြတ်နှင့်အရှင့်ပြစ်ဒဏ်မှ) ရှောင်ပြေးလွတ်မြောက်နိုင်ကြမည် မဟုတ်ချေ။