Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 54 — Surah Yunus 10:54
ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအ တိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (အတွက် လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင် ခွင့်ရှိပြီး) အကယ်၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလျှင် (ယင်းနှင့်ပတ်သက်၍ ပေးခံရမည့် ပြစ်ဒဏ်မှ လွတ်မြောက်နိုင်ရန်အလို့ငှာ) သူတို့သည် ကမ္ဘာပေါ်၌ ပိုင်ဆိုင်ထားသမျှ အရာအား လုံးကိုပင် လျော်ကြေးအဖြစ် (ပေး၍ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရရန်) ကမ်း လှမ်းလိုကြလိမ့်မည်။ ထို့ပြင် ပြစ်ဒဏ်ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ကြသည့်အခါ နောင်တကြီးစွာရ၍ (စိတ်နှလုံး၌ ခံစားနေမှုကို မထုတ်ဖော် နိုင်လောက်အောင်ပင်) မလုံမလဲ ဖြစ်ကြလိမ့်မည်။ သူတို့အချင်း ချင်းကြားတွင် (မည်သို့မျှ ဘက်လိုက်ခြင်းမရှိဘဲ တရား တော်နှင့်အညီ) တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ခြင်းခံကြရမည် ဖြစ်ပြီး သူတို့သည် မတော်မတရား ပြုခြင်းခံကြရခြင်း အလျှင်း ရှိမည်မဟုတ်ပေ။