Verse 55 — Surah Yunus 10:55

သတိပြုမှတ်သားကြလော့။ ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း ရှိသမျှအရာအားလုံးကို (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာ၌ရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူ၏။ နှလုံးသွင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားသစ္စာ တစ်ရပ်ဖြစ်သော်လည်း သူတို့အများစုသည် မသိနားမလည်ကြချေ။