Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 59 — Surah Yunus 10:59
အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ချမှတ်ပေးအပ်တော်မူသည့် စားနပ်ရိက္ခာနှင့်လိုအပ်ချက်များ အနက်မှ မည်သည်ကို (စားသုံးခွင့်မရှိသော) တရားမဝင်သောအရာအဖြစ်လည်းကောင်း၊ မည်သည်ကို (စားသုံး ခွင့်ရှိသော) တရားဝင်သောအရာအဖြစ်လည်းကောင်း၊ (သင်တို့အကျိုးငှာ) သတ်မှတ်၍ဖြစ်စေတော်မူကြောင်း (အရှင့်သတ်မှတ်ချက်များသည် သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်ထက် ပိုကောင်းကြောင်း) ကို သင်တို့ (စေ့စေ့စပ်စပ် စဉ်းစား) ဆင်ခြင်၍ စီစစ်သုံးသပ်ကြည့်ကြပြီးပြီလော့။” ဟု မေးမြန်းလော့။ အလ္လာဟ်အရှင်မြတ်က သင်တို့ အတွက် (သင်တို့စားသုံးနေသော အရာများကို) ခွင့်ပြုပြီးပြီလော့။ သို့မဟုတ် (သင်တို့၏စိတ်ကူးယဉ် အတွေးအမြင်အပေါ်အခြေခံ၍ စားသုံးခြင်းဖြင့် ယင်းတို့ကို အရှင်မြတ်ခွင့်ပြုထားသည်ဟု) အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မတရား၊ မမှန်မကန် လိမ်လည်စွပ်စွဲ၍ (အလွဲသုံးစားပြုရန်) လုပ်ကြံဖန်တီးနေခြင်းလော့။” ဟု မေးမြန်းလော့။