Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 60 — Surah Yunus 10:60
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မုသားများ (ဖြစ်သော သူတို့၏အတွေးအခေါ်၊ အယူအဆများ နှင့်စွပ်စွဲမှုများကို သိပ္ပံနှင့်ဘာသာတရား၏သွန်သင်မှုအဖြစ်) လုပ်ကြံဖန်တီးကြသူတို့၏တမလွန်ရှင်ပြန်ထမြောက်မည့်နေ့ (၌ လူတို့ရင်ဆိုင်ရမည့်အခြေအနေ) နှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်သည် မည်သို့ ရှိသနည်း။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် အရှင့်(မြေပေါ် မြေအောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်၊ နိယာမတရားနှင့်လမ်းညွှန်များစသော) ရက်ရောပြည့်စုံသော ကျေးဇူးတော်ကို ချီးမြှင့်ပေးအပ်တော်မူသော်လည်း သူတို့အနက် အများစုမှာ ကျေးဇူးမသိတတ်ကြချေ။