Verse 61 — Surah Yunus 10:61

(အို၊ ရစူလ်တမန်တော်) အသင်သည် (စိတ်စွဲလမ်းမှုကို) မည်သည့် အခြေအနေမျိုး၌ (ထား) ရှိသည်ဖြစ်စေ၊ ကျမ်းတော်မြတ်ကုရ်အာန်မှ မည်သည့်အာယာသ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် (၍ အလေးအနက်ဟောပြော) သည်ဖြစ်စေ၊ ယင်း၌ အာရုံစိုက်၍ နစ်မွန်းသောအခါ ငါအရှင်မြတ်သည် သင်တို့အပေါ် သက်သေများကို မုချ ထားရှိတော်မူခြင်းမှအပ သင်တို့သည် မည်သည့်ပြုမူကျင့်ကြံမှုကိုမျှ ပြုမူဆောင်ရွက်နိုင်ကြမည် မဟုတ်ချေ။ ထိုကဲ့ သို့ပင် ကမ္ဘာဂြိုဟ်နှင့်မိုးကောင်းကင်များအတွင်း၌ရှိ အဏုမြူ (ဒြပ်မှုန်) ပမာဏရှိသောအရာဖြစ်စေ၊ ထိုထက်သေး သောအရာဖြစ်စေ၊ ထိုထက်ကြီးမားသောအရာဖြစ်စေ၊ အရှင့်ထင်ရှားသော မှတ်တမ်းကျမ်းတွင် မှတ်တမ်းတင် ထားခြင်းမှအပ သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (ဉာဏ်တော် အနန္တ) မှ (မည်သည့်အရာမျှ) အလျှင်း ဖုံးကွယ်လွတ်မြောက်နိုင်မည် မဟုတ်ချေ။