Verse 64 — Surah Yunus 10:64

“သူတို့အတွက် လောကီဘဝသက်တမ်းနှင့်နောင်တမလွန်ဘဝတို့တွင် (ပေါက်မြောက်အောင်မြင်မှုဆိုင်ရာ) သတင်းကောင်းများ ရှိ၏။” (ဟူသော အချက်သည် မည်သည့်အချိန်၊ မည်သည့်အခြေအနေ၌ပင် ဖြစ်စေ) အလျှင်း ပြောင်းလဲမည် မဟုတ်သော၊ အလ္လာဟ်အရှင်မြတ်၏အမိန့်ဗျာဒိတ်တော် မုချပင် ဖြစ်တော်မူ၏။ ထိုအချက်သည်ပင် ကြီးကျယ်မြင့်မြတ်သော မဟာအောင်မြင်မှုပင် ဖြစ်၏။