Verse 66 — Surah Yunus 10:66

(သတိပြုမှတ်သားကြလော့။) ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ (သက်ရှိများနှင့် အရှင့်အစေ ခံများစသည့် မှီတင်းနေထိုင်လျက်) ရှိသူတို့သည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်များကို နာခံလိုက်နာရန် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိများဖြစ်သည့်အတွက် (ယင်းတို့ကို) အရှင်မြတ်သာ စိုးပိုင်တော်မူ၏။ သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားသောကိုးကွယ်ရာများကို) အရှင့်တွဲဖက် ပြိုင်ဘက်အဖြစ် ဟစ်ခေါ်ကိုးကွယ်ကြသူတို့သည် ထင်မြင်ယူဆချက်ကို လိုက်နာနေခြင်းမှအပ အခြား မည်သူ့ကိုမျှ နာခံ လိုက်နာနေကြသည် အလျှင်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် စိတ်မှန်းအထင် သက်သက်ကိုသာလျှင် ဟုတ်မှန်သည်ဟု ထင်မြင်မှတ်ယူနေကြခြင်းသာ ဖြစ်၏။