Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 68 — Surah Yunus 10:68
(ရုပ်တုကိုးကွယ်သူများဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်သည် (အရှင့်အတွက်) သားတော် တစ် ပါးကို ယူထား၏။” ဟု အခိုင်အမာ စွပ်စွဲပြောဆိုကြ၏။ ထိုအရှင်မြတ်သည် (ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသောအရှင်) အနှိုင်းမဲ့၊ အတုမဲ့ တစ်ပါးတည်း တည်ရှိနေတော်မူသောအရှင် ဖြစ်တော်မူ၍ သူတို့၏ ပြောဆိုစွပ်စွဲချက်များမှ ကင်းရှင်းစင်ကြယ်တော်မူ၏။ လိုလားတောင့်တမှု လုံးဝ ကင်းလျက် ကုံလုံပြည့်စုံဆုံး ဖြစ်တော်မူ၏။ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာအားလုံးသည် (အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင့်အချုပ်အခြာ၌ ရှိလျက်) အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြ၏။ (အရှင့်နိယာမတရားများကို လိုက်နာနေရခြင်းမှအပ) သင်တို့၌ အဆိုပါ စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မည်သည့် အထောက်အထားနှင့်အခွင့်အာဏာမျှ အလျှင်း မရှိပေ။ အသင်တို့ မသိနားမလည်သော အရာများကို အလ္လာဟ်အရှင်မြတ် (နှင့်ပတ်သက်သကဲ့သို့ လုပ် ကြံဖန်တီး၍ အရှင့်) အပေါ် စွပ်စွဲပြောကြသလော။