Verse 69 — Surah Yunus 10:69

ဟောကြားလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်(နှင့် ဆန့်ကျင်၍ မုသားများကို လုပ်ကြံဖန်တီးလျက် အရှင့်ဂုဏ်တော်) အပေါ် လီဆယ်စွပ်စွဲကြသူတို့သည် အလျှင်း ပေါက်မြောက်အောင်မြင်ကြမည် မဟုတ်ချေ။