Verse 71 — Surah Yunus 10:71

(စံနမူနာယူဖွယ်ကောင်းသော တမန်တော်) နူးဟ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့်သမိုင်း ကြောင်းကို သူတို့အား ရှင်းလင်းပြောကြားလော့။ တမန်တော်နူးဟ်က သူ့လူမျိုးတို့အား ပြောခဲ့သည်မှာ “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အကယ်၍ ကျွန်ုပ်၏ရပ်တည်မှု (နှင့်သင်တို့ကြားတွင် တည်ရှိနေမှု) သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များဖြင့် သတိပေးနှိုးဆော်ခြင်းသည်လည်းကောင်း၊ သင်တို့အပေါ်၌ (ကသိကအောက်ဖြစ်စေ၍) ဝန်လေးနေလျှင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ပေါ်၌သာ ယုံကြည် ကိုးစား၍ လွှဲအပ်ပြီးဖြစ်ရာ သင်တို့၏ကြံစည်စီမံချက်များ၊ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်နေသည့် ကိုးကွယ်ရာများကိုပါ အတူတကွ ပူးပေါင်းပါဝင်စေလျက် ဆုံးဖြတ်စေပြီးနောက် သင်တို့၏အဆိုပါ ကြံစည်စီမံ မှုများအား သင်တို့အပေါ်၌ မည်သည့်စိုးရိမ်ဖွယ်ရာသံသယမျှမရှိစေဘဲ ကျွန်ုပ်နှင့်ဆန့်ကျင်၍ ဆက်လက်လုပ် ဆောင်ခြင်းဖြင့် (သင်တို့ဆုံးဖြတ်သမျှကို အကောင်အထည်ဖော်ရာတွင်) သင်တို့သည် ကျွန်ုပ်အား ရွှေ့ဆိုင်းခွင့် (နားခွင့်) ပင် မပေးကြလေနှင့်။”